0

ဘီလီဂရေဟမ် တရားဟောချက်များ (၃၀)ခု။

 
ဘီလီဂရေဟမ် တရားဟောချက်များ (၃၀)ခု။
===========================
.Reshare #9Dan Unicode & Zawgyi
၁။ ကယ်တင်ခြင်း
အဓိကအချက်။ ကျေးဇူးတော်ကြောင့် ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရသည်။
.
နိဒါန်း။ ။ ယုံကြည်သူတိုင်း ကယ်တင်ခြင်းအဓိပ္ပါယ် နားလည်ရမည်။ အသက်ရှင်ရမည်၊ သူ့တပါးကို ဝေငှရမည်။ ခရစ်တော်အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်း မှ ကယ်တင်ခြင်း ဆုကျေးဖူးကို ကျွန်ုပ်တို့အား ပေးသည်။ သို့မှသာ ကျွန်ုပ်တို့သည် မည်သည့်အရပ်မှာလာသည်။ မည်သည့်အရပ်ကို သွားနေသည်ကို သိရှိပါမည်။
.
၁။ ကယ်တင်ခြင်းအဖိုးအခ
အခမဲ့ဖြစ်သည်။ သို့ရာတွင် စျေးမပေါ။ စဉ်စားမရနိုင်သော သခင်ဘုရား၏ အသွေးတော်များ၊ လက်ဝါးကပ်တိုင်ပေါ်တွင် ခရစ်တော်၏စွန့်လွှတ်အသေခံခြင်းသည် လျှို့ဝှက်ချက်ဖြစ်သည်။ ထိုအချက်ဖြင့် အနာဂါတ် မျော်လင့်ခြင်းကို ရှင်သန်စေသည်။
.
" ထိုသခင်သည် ဘုရားသခင်၏သဏ္ဌာန်တော်နှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ ဘုရားသခင်နှင့် ပြိုင်သောအမှုကို လုယူခြင်း အမှုဟူ၍ မထင်မမှတ်လျက်ပင်၊ မိမိအသရေကိုစွန့်၍ အစေခံကျွန်၏ သဏ္ဌာန်ကိုယူဆောင်လျက်၊ လူကဲ့သို့သောအဖြစ်၌ ဘွားမြင်ခြင်းကို ခံတော်မူ၏။ ထိုသို့လူ၏ ဂုဏ်အင်္ဂါလက္ခဏာနှင့် ပြည့်စုံလျက်၊ အသခံခြင်းသာမဟုတ်၊ လက်ဝါးကပ်တိုင်မှာ အသေခံခြင်းတိုင်အောင် အစေကျွန်ခံ၍ ကိုယ်ကိုကိုယ်နှိမ့်ချတော်မူ၏။"
ဖိလိ ၂း၆-၈
.
.
၂။ ကယ်တင်ခြင်းနယ်ပယ် အတိုင်းအတာ
ဘုရားသခင်ရဲ့ မေတ္တာတော်သည် အတိုင်းအဆမဲ့ ဖြစ်သည်။ ကျွန်ုပ်တို့သည် ဒုစရိုက်၌ နစ်မွန်းနေသော်လည်းကိုယ်တော်၏မေတ္တာ ဖော်ပြနေသည်။ ခရစ်တော်သည် လူသားများအတွက် အသေခံတော်မူသည်။
.
" ငါတို့သည် အပြစ်ရှိစဉ်ပင်၊ ခရစ်တော်သည် ငါတို့အတွက်ကြောင့် အသေခံတော်မူသည်ဖြစ်၍၊ ဘုရား သခင်သည် ငါတို့ကို အဘယ်မျှ လောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာပြတော်မူ၏။"
ရောမ ၅း၈
.
.
၃။ ကယ်တင်ခြင်း၏အောင်ပွဲ
အသေခံပြီးနောက် ရှင်ပြန်ထမြောက်တော်မူခြင်းသည သေခြင်းကို အောင်မြင်သော ဘုရားသခင်၏ အံ့သြဘွယ် ဘုန်းတန်ခိုးဖြစ်သည်။
.
" ငါသည် ကိုယ်တိုင်ခံယူသည်အတိုင်း သင်တို့အား ရှေ့ဦးစွာအပ်ပေးသော အကြောင်းအရာဟူမူကား၊ ခရစ်တော်သည် ကျမ်းစာလာသည်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။ သင်္ဂြိုဟ်ပြီးမှ၊ ကျမ်းစာလာသည်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏။"
၁ ကော ၁၅း၃-၄
.
.
၄။ ကယ်တင်ခြင်းရရန် နည်းလမ်းများ
အခြားဘာသာရပ်များနှင့် မတူပါ။ ခကာင်းမှုကုသိုလ်ဖြင့် ရနိုင်သည်ဟု ဘာသာများစွာက သွန်သင်သည်။ သမ္မာကျမ်းစာက ယေရှုခရစ်တော်ကို ယုံကြည်ခြင်းဖြင့်သာ ရမည် ဟု သွန်သင်ပါသည်။ သို့ပါသော်လည်း ဘုရားသားသမီးများသည် ကောင်းမှုကုသိုလ် ပြုရမည်ဖြစ်သည်။ ကယ်တင်ခြင်းရသောကြောင့် ကောင်းမှုကုသိုလ်ပြုရသည်။ ကောင်းကင်လမ်းကို ကြိုးစားလျှောက်မည် .. သီချင်းမှာ ကယ်တင်ခြင်းရပြီးသူများ သီဆိုသော သီချင်းဖြစ်သည်။
..
" ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏။ ကိုယ်အလို အလျာက်ရောက်သည်မဟုတ်။ ဘုရားသခင် သနားတော်မူရာ ဖြစ်သတည်း။ ကိုယ်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ ရောက်သည်မဟုတ်။ သို့ဖြစ်၍ အဘယ်သူမျှ ဝါကြွားစရာအခွင့်မရှိ။ "
ဧဖကျ ၂း၈-၉
.
.
၅။ ကယ်တင်ခြင်း၏အကျိုးကျေးဇူး
အကြီးမားဆုံးတစ်ခုမှာ ဘုရားသခင်၏ သားသမီးများဖြစ်ခွင့် ရခြင်းဖြစ်သည်။
..

" ထိုသူကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်ကိုယုံကြည်သောသူတို့အား၊ ဘုရားသခင်၏ သားဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။ ထိုသားတို့မူကား၊ လူမျိုးနှင့်စပ်ဆိုင်၍ ဘွားသော သားမဟုတ်။ မေထုန်သံဝါသအားဖြင့် ဘွားသောသားမဟုတ်။ လူအလိုအလျောက်ဘွားသောသားမဟုတ်။ ဘုရားသခင် ဘွားတော်မူသောသားဖြစ်သတည်း။"
ယောဟန် ၁း၁၂-၁၃
.
.
၆။ ကယ်တင်တော်မူသည့် ရည်ရွယ်ချက်
ဘုရားသခင်ပြုတော်မှုသမျှ အရာခပ်သိမ်း ပြီးပြည့်စုံသော ရည်ရွယ်ချက်များ ရှိပါသည်။ ဘုရားသခင်၏ သားသမီးအဖြစ် အပြစ်စီရင်ခြင်းမျ လွတ်ကင်းခါင့် ရရုံသာမက၊ ဖန်ဆင်းရှင် ဘုရားသခင်နှင့်အတူ ထာ၀ရအသက်ကို ခံစားရန် ခေါ်တော်မူခြင်း ခံရပါသည်။
.
" ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူ အပေါင်း တို့သည် ပျက်ဆီးခြင်းသို့မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှါ၊ ဘုရားသခင်သည် မိမိ၌တပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။"
ယောဟန် ၃း၁၆
.
.
နိဂုံး ....။
ကယ်တင်ခြင်းတရားနှင့် နှီးနွယ်နေသည့် အကြောင်းအရာ အားလုံးကို ဆက်စပ် သိခြင်းသည် ကျွန်ုပ်တို့၏ ဖန်ဆင်းရှင် နှင့် ချွင်းချက်မရှိ မိတ်သဟာရ ဖွဲ့ကာ၊ အသက်ရှင်ခြင်းတွင် အထောက်အကူပြုပါလိမ့်မည်။ ဘုရားသခင်၏ သားတော် ယေရှုခရစ်တော်မှတဆင့် ဖော်ပြတော်မူသော မေတ္တာတော်အတွက် ကျေးဇူးတင်ရပါမည်။ ပျောက်ဆုံးသေသူအားလုံး ထံသို့လည်း ဘုရားသခင် ပေးတော်မူသည့် ကယ်တင်ခြင်းအကြောင်း ပြောကြားရပါမည်။
.
.

ဘီလီဂရေဟမ် တရားဟောချက်များ (၃၀)ခု။
၁။ ကယ်တင်ခြင်း
၂။ ကယ်တင်ခြင်းစိတ်ချမှု
၃။ သခင်ဖြစ်တော်မူသော ခရစ်တော်
၄။ သမ္မာကျမ်းစာ
၅။ ဆုတောင်းခြင်း
၆။ သန့်ရှင်းသောဝိညာဉ်တော်
၇။ ခရစ်ယန် သက်သေခံခြင်း
၈။ ယေရှုခရစ်သည် ပုဂ္ဂိုလ်ဖြစ်ခြင်းနှင့် ကိုယ်တော်လုပ်ငန်းတော်
၉။ ဘုရားသခင်ကို ကိုးစားခြင်း
၁၀။ တပည့်တော်ဖြစ်ခြင်း
၁၁။ နာခံခြင်း
၁၂။ အသင်းတော်
၁၃။ စာတန်၊ စုံစမ်းနှောက်ရှက်သူ
၁၄။ စုံစမ်းနှောက်ရှက်ခြင်းကို အောင်နိုင်ခြင်း
၁၅။ ဘုရားသခင်၏ ခွင့်လွှတ်တော်မူခြင်း
၁၆။ ဆုတောင်းခြင်းကို တားဆီးသောအရာများ
၁၇။ ဂုဏ်တော်ချီးမွမ်းခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်း
၁၈။ ဘုရားသခင်၏လမ်းပြညွန်ကြားခြင်း
၁၉။ အခက်အခဲ၊ ဘေးဒုက္ခ (ကိုယ်စိတ်ဝိညာဉ် နာကျင်ခြင်း)
၂၀။ စစ်ဆေးခြင်း၊ ဆုံးမပဲ့ပြင်ခြင်း (မိမိပြုသောအပြစ်များအတွက်)
၂၁။ မိမိကိုယ်ကို ငြင်းပယ်ခြင်း (ဘုရားမကြေိုက်သည့်အရာများ)
၂၂။ ရက်ရောစွာ ပေးလှုခြင်း (ခက်ခဲသောကဏ္ဍ)
၂၃။ ဘုရားသခင်၏ စောင့်ရှောက်မှု
၂၄။ ချစ်ခြင်းမေတ္တာ
၂၅။ နှိမ့်ချခြင်း
၂၆။ ရိုးသားခြင်း (ဖြောင့်မတ်ခြင်း)
၂၇။ စိတ်နှလုံး
၂၈။ လျှာ (နှုတ်ဖြင့်၊ စကားပြောဆိုခြင်း)
၂၉။ သူ့တစ်ပါးကို ခွင့်လွှတ်ခြင်း
၃၀။ မှန်ကန်သော ရှုမြင်မှု
.
ဆရာဦးအောင်သက်ညွန့်က ဘာသာပြန်ပြီး စာအုပ်မှ ကူးယူဖော်ပြပါသည်။
.
ဆက်လက်ဖော်ပြပေးပါမည်။
.
.
မှတ်ချက်။

ဘီလီဂရေဟန် ဆိုတာ လွန်ခဲ့တဲ့ နှစ်100 မှာ အကြီးကျယ်ဆုံး ဧဝံဂေလိ (စံပြ) တရားဟောဆရာဖြစ်ပါတယ်။ သူအကြောင်း ဖတ်ပြီး ခွန်အားယူရပါတယ်။ 2018 အသက် ၉၉နှစ် ခရစ်တော်၌ အိပ်ပျော်ပါတယ်။ လူသန်းချီ လာရောက်တဲ့ ဧဝံဂေလိတရားဟောအပြီး လေမှာပျံဝဲသလို ကျေနပ်ဝမ်းမြောက်နေချိန် ဘုရားသခင်ထံမှ စကားကြားရလို အံသြတုံလှုပ်ခဲ့တယ်။ အသံတော်ရဲ အဓိပါယ်က.. ဘီလီဂရေဟန်၊ လူများစွာ ပြောင်းလဲနိုင်လို့ ကျေနပ်ဝမ်းမြောက်နေပေမဲ့ မင်းရဲ့ သား (ဆိုးပေနေတဲ့ ဖရန်ကရင်ဂရေဟန်) ကို မပြောင်းလဲနိုင်ရင် ဘုန်းမထင်ရှားဘူး".. လို့ ဆိုပါတယ်။ ဘီလီဂရေဟန် နောင်တရပါတယ်။ သူ့သားအတွက် အချိန်များစွာ ပေးပြီး မျက်ရည်နဲ့ ဆုတောင်း လုပ်ဆောင်မှု စတင်ခဲ့ပါတယ်။ နောက်ဆုံး ဘီလီဂရေဟန် တကယ်အောင်မြင်ပါတယ်။ သားဖြစ်သူ ဖရန်ကလင်ဂရေဟန် ပြောင်းလဲပီး တကမ္ဘာလုံး ဧဝံဂေလိတရား ဟောပါတယ်။ မြန်မာပြည်ကိုလည်း ၂၀၁၇ ရောက်ရှိပြီး ၃ရက် ဧဝံဂေလိ တရားဟောခဲ့ပါတယ်။

ဘီလီဂရေဟန် https://en.m.wikipedia.org/wiki/Billy_Graham
.
Murann Ezine
21-5-2020

ဘီလီဂေရဟမ္ တရားေဟာခ်က္မ်ား (၃၀)ခု။
===========================
.
၁။ ကယ္တင္ျခင္း
အဓိကအခ်က္။ ေက်းဇူးေတာ္ေၾကာင့္ ေယရႈခရစ္ေတာ္ကို ယုံၾကည္ျခင္းအားျဖင့္ ကယ္တင္ျခင္းရသည္။
.
နိဒါန္း။ ။ ယုံၾကည္သူတိုင္း ကယ္တင္ျခင္းအဓိပၸါယ္ နားလည္ရမည္။ အသက္ရွင္ရမည္၊ သူ႔တပါးကို ေဝငွရမည္။ ခရစ္ေတာ္အေသခံျခင္း၊ ရွင္ျပန္ထေျမာက္ျခင္း မွ ကယ္တင္ျခင္း ဆုေက်းဖူးကို ကြၽႏ္ုပ္တို႔အား ေပးသည္။ သို႔မွသာ ကြၽႏ္ုပ္တို႔သည္ မည္သည့္အရပ္မွာလာသည္။ မည္သည့္အရပ္ကို သြားေနသည္ကို သိရွိပါမည္။
.
၁။ ကယ္တင္ျခင္းအဖိုးအခ
အခမဲ့ျဖစ္သည္။ သို႔ရာတြင္ ေစ်းမေပါ။ စဥ္စားမရႏိုင္ေသာ သခင္ဘုရား၏ အေသြးေတာ္မ်ား၊ လက္ဝါးကပ္တိုင္ေပၚတြင္ ခရစ္ေတာ္၏စြန္႔လႊတ္အေသခံျခင္းသည္ လွ်ိဳ႕ဝွက္ခ်က္ျဖစ္သည္။ ထိုအခ်က္ျဖင့္ အနာဂါတ္ ေမ်ာ္လင့္ျခင္းကို ရွင္သန္ေစသည္။
.
" ထိုသခင္သည္ ဘုရားသခင္၏သဏၭာန္ေတာ္ႏွင့္ ျပည့္စုံေတာ္မူသည္ျဖစ္၍၊ ဘုရားသခင္ႏွင့္ ၿပိဳင္ေသာအမႈကို လုယူျခင္း အမႈဟူ၍ မထင္မမွတ္လ်က္ပင္၊ မိမိအသေရကိုစြန္႔၍ အေစခံကြၽန္၏ သဏၭာန္ကိုယူေဆာင္လ်က္၊ လူကဲ့သို႔ေသာအျဖစ္၌ ဘြားျမင္ျခင္းကို ခံေတာ္မူ၏။ ထိုသို႔လူ၏ ဂုဏ္အဂၤါလကၡဏာႏွင့္ ျပည့္စုံလ်က္၊ အသခံျခင္းသာမဟုတ္၊ လက္ဝါးကပ္တိုင္မွာ အေသခံျခင္းတိုင္ေအာင္ အေစကြၽန္ခံ၍ ကိုယ္ကိုကိုယ္ႏွိမ့္ခ်ေတာ္မူ၏။"
ဖိလိ ၂း၆-၈
.
.
၂။ ကယ္တင္ျခင္းနယ္ပယ္ အတိုင္းအတာ
ဘုရားသခင္ရဲ႕ ေမတၱာေတာ္သည္ အတိုင္းအဆမဲ့ ျဖစ္သည္။ ကြၽႏ္ုပ္တို႔သည္ ဒုစ႐ိုက္၌ နစ္မြန္းေနေသာ္လည္းကိုယ္ေတာ္၏ေမတၱာ ေဖာ္ျပေနသည္။ ခရစ္ေတာ္သည္ လူသားမ်ားအတြက္ အေသခံေတာ္မူသည္။
.
" ငါတို႔သည္ အျပစ္ရွိစဥ္ပင္၊ ခရစ္ေတာ္သည္ ငါတို႔အတြက္ေၾကာင့္ အေသခံေတာ္မူသည္ျဖစ္၍၊ ဘုရား သခင္သည္ ငါတို႔ကို အဘယ္မွ် ေလာက္ခ်စ္ေတာ္မူသည္ကို ငါတို႔အား ထင္ရွားစြာျပေတာ္မူ၏။"
ေရာမ ၅း၈
.
.
၃။ ကယ္တင္ျခင္း၏ေအာင္ပြဲ
အေသခံၿပီးေနာက္ ရွင္ျပန္ထေျမာက္ေတာ္မူျခင္းသည ေသျခင္းကို ေအာင္ျမင္ေသာ ဘုရားသခင္၏ အံ့ၾသဘြယ္ ဘုန္းတန္ခိုးျဖစ္သည္။
.
" ငါသည္ ကိုယ္တိုင္ခံယူသည္အတိုင္း သင္တို႔အား ေရွ႕ဦးစြာအပ္ေပးေသာ အေၾကာင္းအရာဟူမူကား၊ ခရစ္ေတာ္သည္ က်မ္းစာလာသည္အတိုင္း ငါတို႔အျပစ္ေၾကာင့္ အေသခံေတာ္မူ၏။ သၿဂႋဳဟ္ၿပီးမွ၊ က်မ္းစာလာသည္အတိုင္း သုံးရက္ေျမာက္ေသာေန႔၌ ထေျမာက္ေတာ္မူ၏။"
၁ ေကာ ၁၅း၃-၄
.
.
၄။ ကယ္တင္ျခင္းရရန္ နည္းလမ္းမ်ား
အျခားဘာသာရပ္မ်ားႏွင့္ မတူပါ။ ခကာင္းမႈကုသိုလ္ျဖင့္ ရႏိုင္သည္ဟု ဘာသာမ်ားစြာက သြန္သင္သည္။ သမၼာက်မ္းစာက ေယရႈခရစ္ေတာ္ကို ယုံၾကည္ျခင္းျဖင့္သာ ရမည္ ဟု သြန္သင္ပါသည္။ သို႔ပါေသာ္လည္း ဘုရားသားသမီးမ်ားသည္ ေကာင္းမႈကုသိုလ္ ျပဳရမည္ျဖစ္သည္။ ကယ္တင္ျခင္းရေသာေၾကာင့္ ေကာင္းမႈကုသိုလ္ျပဳရသည္။ ေကာင္းကင္လမ္းကို ႀကိဳးစားေလွ်ာက္မည္ .. သီခ်င္းမွာ ကယ္တင္ျခင္းရၿပီးသူမ်ား သီဆိုေသာ သီခ်င္းျဖစ္သည္။
..
" ယုံၾကည္ေသာအားျဖင့္ ေက်းဇူးေတာ္ေၾကာင့္ ကယ္တင္ျခင္းသို႔ ေရာက္ရ၏။ ကိုယ္အလို အလ်ာက္ေရာက္သည္မဟုတ္။ ဘုရားသခင္ သနားေတာ္မူရာ ျဖစ္သတည္း။ ကိုယ္ကုသိုလ္ေၾကာင့္ ကယ္တင္ေတာ္မူျခင္းသို႔ ေရာက္သည္မဟုတ္။ သို႔ျဖစ္၍ အဘယ္သူမွ် ဝါႂကြားစရာအခြင့္မရွိ။ "
ဧဖက် ၂း၈-၉
.
.
၅။ ကယ္တင္ျခင္း၏အက်ိဳးေက်းဇူး
အႀကီးမားဆုံးတစ္ခုမွာ ဘုရားသခင္၏ သားသမီးမ်ားျဖစ္ခြင့္ ရျခင္းျဖစ္သည္။
..

" ထိုသူကိုလက္ခံသမွ်ေသာသူတည္းဟူေသာ ကိုယ္ေတာ္ကိုယုံၾကည္ေသာသူတို႔အား၊ ဘုရားသခင္၏ သားျဖစ္ရေသာအခြင့္ကို ေပးေတာ္မူ၏။ ထိုသားတို႔မူကား၊ လူမ်ိဳးႏွင့္စပ္ဆိုင္၍ ဘြားေသာ သားမဟုတ္။ ေမထုန္သံဝါသအားျဖင့္ ဘြားေသာသားမဟုတ္။ လူအလိုအေလ်ာက္ဘြားေသာသားမဟုတ္။ ဘုရားသခင္ ဘြားေတာ္မူေသာသားျဖစ္သတည္း။"
ေယာဟန္ ၁း၁၂-၁၃
.
.
၆။ ကယ္တင္ေတာ္မူသည့္ ရည္႐ြယ္ခ်က္
ဘုရားသခင္ျပဳေတာ္မႈသမွ် အရာခပ္သိမ္း ၿပီးျပည့္စုံေသာ ရည္႐ြယ္ခ်က္မ်ား ရွိပါသည္။ ဘုရားသခင္၏ သားသမီးအျဖစ္ အျပစ္စီရင္ျခင္းမ် လြတ္ကင္းခါင့္ ရ႐ုံသာမက၊ ဖန္ဆင္းရွင္ ဘုရားသခင္ႏွင့္အတူ ထာ၀ရအသက္ကို ခံစားရန္ ေခၚေတာ္မူျခင္း ခံရပါသည္။
.
" ဘုရားသခင္၏သားေတာ္ကို ယုံၾကည္ေသာသူ အေပါင္း တို႔သည္ ပ်က္ဆီးျခင္းသို႔မေရာက္၊ ထာဝရအသက္ကို ရေစျခင္းငွါ၊ ဘုရားသခင္သည္ မိမိ၌တပါးတည္းေသာ သားေတာ္ကို စြန္႔ေတာ္မူသည္တိုင္ေအာင္ ေလာကီသားတို႔ကို ခ်စ္ေတာ္မူ၏။"
ေယာဟန္ ၃း၁၆
.
.
နိဂုံး ....။
ကယ္တင္ျခင္းတရားႏွင့္ ႏွီးႏြယ္ေနသည့္ အေၾကာင္းအရာ အားလုံးကို ဆက္စပ္ သိျခင္းသည္ ကြၽႏ္ုပ္တို႔၏ ဖန္ဆင္းရွင္ ႏွင့္ ခြၽင္းခ်က္မရွိ မိတ္သဟာရ ဖြဲ႕ကာ၊ အသက္ရွင္ျခင္းတြင္ အေထာက္အကူျပဳပါလိမ့္မည္။ ဘုရားသခင္၏ သားေတာ္ ေယရႈခရစ္ေတာ္မွတဆင့္ ေဖာ္ျပေတာ္မူေသာ ေမတၱာေတာ္အတြက္ ေက်းဇူးတင္ရပါမည္။ ေပ်ာက္ဆုံးေသသူအားလုံး ထံသို႔လည္း ဘုရားသခင္ ေပးေတာ္မူသည့္ ကယ္တင္ျခင္းအေၾကာင္း ေျပာၾကားရပါမည္။
.
.

ဘီလီဂေရဟမ္ တရားေဟာခ်က္မ်ား (၃၀)ခု။
၁။ ကယ္တင္ျခင္း
၂။ ကယ္တင္ျခင္းစိတ္ခ်မႈ
၃။ သခင္ျဖစ္ေတာ္မူေသာ ခရစ္ေတာ္
၄။ သမၼာက်မ္းစာ
၅။ ဆုေတာင္းျခင္း
၆။ သန္႔ရွင္းေသာဝိညာဥ္ေတာ္
၇။ ခရစ္ယန္ သက္ေသခံျခင္း
၈။ ေယရႈခရစ္သည္ ပုဂၢိဳလ္ျဖစ္ျခင္းႏွင့္ ကိုယ္ေတာ္လုပ္ငန္းေတာ္
၉။ ဘုရားသခင္ကို ကိုးစားျခင္း
၁၀။ တပည့္ေတာ္ျဖစ္ျခင္း
၁၁။ နာခံျခင္း
၁၂။ အသင္းေတာ္
၁၃။ စာတန္၊ စုံစမ္းေႏွာက္ရွက္သူ
၁၄။ စုံစမ္းေႏွာက္ရွက္ျခင္းကို ေအာင္ႏိုင္ျခင္း
၁၅။ ဘုရားသခင္၏ ခြင့္လႊတ္ေတာ္မူျခင္း
၁၆။ ဆုေတာင္းျခင္းကို တားဆီးေသာအရာမ်ား
၁၇။ ဂုဏ္ေတာ္ခ်ီးမြမ္းျခင္းႏွင့္ ေက်းဇူးေတာ္ခ်ီးမြမ္းျခင္း
၁၈။ ဘုရားသခင္၏လမ္းျပၫြန္ၾကားျခင္း
၁၉။ အခက္အခဲ၊ ေဘးဒုကၡ (ကိုယ္စိတ္ဝိညာဥ္ နာက်င္ျခင္း)
၂၀။ စစ္ေဆးျခင္း၊ ဆုံးမပဲ့ျပင္ျခင္း (မိမိျပဳေသာအျပစ္မ်ားအတြက္)
၂၁။ မိမိကိုယ္ကို ျငင္းပယ္ျခင္း (ဘုရားမေႀကိဳက္သည့္အရာမ်ား)
၂၂။ ရက္ေရာစြာ ေပးလႈျခင္း (ခက္ခဲေသာက႑)
၂၃။ ဘုရားသခင္၏ ေစာင့္ေရွာက္မႈ
၂၄။ ခ်စ္ျခင္းေမတၱာ
၂၅။ ႏွိမ့္ခ်ျခင္း
၂၆။ ႐ိုးသားျခင္း (ေျဖာင့္မတ္ျခင္း)
၂၇။ စိတ္ႏွလုံး
၂၈။ လွ်ာ (ႏႈတ္ျဖင့္၊ စကားေျပာဆိုျခင္း)
၂၉။ သူ႔တစ္ပါးကို ခြင့္လႊတ္ျခင္း
၃၀။ မွန္ကန္ေသာ ရႈျမင္မႈ
.
ဆရာဦးေအာင္သက္ၫြန္႔က ဘာသာျပန္ၿပီး စာအုပ္မွ ကူးယူေဖာ္ျပပါသည္။
.
ဆက္လက္ေဖာ္ျပေပးပါမည္။
.
.
မွတ္ခ်က္။

ဘီလီဂေရဟန္ ဆိုတာ လြန္ခဲ့တဲ့ ႏွစ္100 မွာ အႀကီးက်ယ္ဆုံး ဧဝံေဂလိ (စံျပ) တရားေဟာဆရာျဖစ္ပါတယ္။ သူအေၾကာင္း ဖတ္ၿပီး ခြန္အားယူရပါတယ္။ 2018 အသက္ ၉၉ႏွစ္ ခရစ္ေတာ္၌ အိပ္ေပ်ာ္ပါတယ္။ လူသန္းခ်ီ လာေရာက္တဲ့ ဧဝံေဂလိတရားေဟာအၿပီး ေလမွာပ်ံဝဲသလို ေက်နပ္ဝမ္းေျမာက္ေနခ်ိန္ ဘုရားသခင္ထံမွ စကားၾကားရလို အံၾသတုံလႈပ္ခဲ့တယ္။ အသံေတာ္ရဲ အဓိပါယ္က.. ဘီလီဂေရဟန္၊ လူမ်ားစြာ ေျပာင္းလဲႏိုင္လို႔ ေက်နပ္ဝမ္းေျမာက္ေနေပမဲ့ မင္းရဲ႕ သား (ဆိုးေပေနတဲ့ ဖရန္ကရင္ဂေရဟန္) ကို မေျပာင္းလဲႏိုင္ရင္ ဘုန္းမထင္ရွားဘူး".. လို႔ ဆိုပါတယ္။ ဘီလီဂေရဟန္ ေနာင္တရပါတယ္။ သူ႔သားအတြက္ အခ်ိန္မ်ားစြာ ေပးၿပီး မ်က္ရည္နဲ႔ ဆုေတာင္း လုပ္ေဆာင္မႈ စတင္ခဲ့ပါတယ္။ ေနာက္ဆုံး ဘီလီဂေရဟန္ တကယ္ေအာင္ျမင္ပါတယ္။ သားျဖစ္သူ ဖရန္ကလင္ဂေရဟန္ ေျပာင္းလဲပီး တကမာၻလုံး ဧဝံေဂလိတရား ေဟာပါတယ္။ ျမန္မာျပည္ကိုလည္း ၂၀၁၇ ေရာက္ရွိၿပီး ၃ရက္ ဧဝံေဂလိ တရားေဟာခဲ့ပါတယ္။

ဘီလီဂေရဟန္ https://en.m.wikipedia.org/wiki/Billy_Graham
.
Murann Ezine
21-5-2020

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...