0

အိန္ဒိယပြည်၏ တမန်တော် ဆန္ဒာဆင်း (Sundar Singh) (၁၈၈၉ - ၁၉၂၉)

 
အိန္ဒိယပြည်၏ တမန်တော်

Unicode & Zawgyi
ဆန္ဒာဆင်း (Sundar Singh) (၁၈၈၉ - ၁၉၂၉)
အအေးဓါတ်ကသူ၏ ပါးလွှွာသော အဝတ် ကိုဖြတ်ကျော်စူး ဝင်လာသည်။ ဆူးညှောက် ခလုတ်များနှင့် ကျောက်ခဲ တုံးများက ဖိနပ်မပါသော သူ၏ခြေထောက် ကိုပွန်းပဲ့ထိ ခိုက်စေသည်။ သို့သော်လည်း သူသည်ဆီးနှင်း များဖုံးလွမ်း လျက် ရှိသောတောင် တန်းများ ကိုဖြတ်ကျော်လျှောက် လှမ်းခဲ့သည်။ ဖြူဖွေးနေသော ဆီးနှင်းများပေါ် တွင်သူ ၏ခြေ ထောက်မှထွက် ကျခဲ့သော သွေးများကျ ကျန်ရစ်ခဲ့သည်။ ပတ်တီး စည်းရန်သူထိုင်ချ လိုက်သည်။ သူ့အနောက်မှ လိုက်လာ ခဲ့သော အခြားလူတစ်ယောက်က သူ့အနားချဉ်းကပ်
လာပြီးစကားစမြည်ပြော လိုက်သည်။ “ခင်ဗျား ဘယ်လို ခံစားရလဲ။” “ကျွန်တော့်ရဲ့အံ့သြဘွယ် ကယ်တင်ရှင်ခရစ်တော်၌ ကျွန်တော်ဝမ်းမြောက် လျက်ရှိပါတယ်” ဟူ၍ဆန္ဒာဆင်း ကပြန်ဖြေ လိုက်သည်။
“ဘာကြောင့်ဖိနပ်မပါပဲ သွေးယိုစီးနေတဲ့ခြေထောက်နဲ့ဒီတောင်တန်းများ
ကို ဖြတ်ကျော်ပြီးခရီးသွားနေ သလဲ”
“ကရာနီကုန်းပေါ်မှာခြေထောက်ကသွေးယိုစီးခဲ့ရတဲ့သူကိုလူတွေသိမြင်စေရန် ညွှန်ပြချင်လို့ပဲ” လက်ဝါး ကပ်တိုင်၌အသေသတ်ခြင်းခံသော ကယ်တင်ရှင်က တန်ခိုးတော်ဖြင့်ခေါ်တော် မူခဲ့ခြင်းမှာကယ်တင်ရှင်အတွက် ဒုက္ခဆင်းရဲခံရန်နှင့် တိဗက်ပြည်ကဲ့သို့ ခရစ်တော်အကြောင်းမကြား ဘူးသေးသော တိုင်းပြည်များသို့ဧဝံဂေလိ တရားတော်ကိုပို့ဆောင်ရန်ဖြစ်ကြောင်း ဆန္ဒာဆင်းယုံကြည်ခဲ့ပေသည်။ (ထိုအချိန်ကတိဗက်ပြည်သည် ဧဝံဂေလိ တရားတစ်ခါမျှမကြားဘူးသေးချေ။)

ကလေးဘဝ
ဆာဒူးဆန္ဒာဆင်းဟု သာမန်အားဖြင့်သိသောဆန္ဒာဆင်းသည် (၁၈၈၉)ခု၊ စက်တင်ဘာလ(၃)ရက်နေ့ တွင်ပန်ဂျပ်ပြည်နယ် ရမ်ပူ(Rampur)အရပ်တွင်ဖွားမြင်ခဲ့သည်။ သူ၏မိဘများသည် ဆစ်(ခ်)ဘာသာဝင်များဖြစ် ကြပြီး မိခင်ဖြစ်သူမှာဘာသာတရားကိုကြည်ညိုလေးစားသက်ဝင် ယုံကြည်သူဖြစ်သည်။ အိပ်ယာမှနိုးလျှင်နိုးချင်း ပထမဆန္ဒားအားဝိညာဉ်ရေးရာအစာနှင့် ကောင်းကြီး များအတွက်ဆုတောင်းရန်မိခင်ဖြစ်သူကတိုက်တွန်းနှိုဆော် ခဲ့ပြီး ထို့နောက်မှသာလျှင်နံနက်စာကို စားသောက်ခဲ့၏။ သူမသည် ဆန္ဒာဆင်းကိုအလွန်ချစ်မြတ်နိုးခဲ့ပြီး၊ သူသည် ဘာသာတရားကိုချစ်ရန်နှင့် သန့်ရှင်းသောဆဒူး(ဘာသာရေးခေါင်းဆောင်) တစ်ဦးဖြစ်လာရန်အလိုရှိခဲ့သည်။

အသက်အလွန်ပျိုစဉ်ကပင်ဆန္ဒာဆင်းသည် ဟိန္ဒူဘာသာတရား၏သန့်ရှင်းသောကျမ်းဖြစ်သည့် ဘာဂဗက်ဂီတာ (Bhagavadgita) ကိုစတင်ဖတ်ခဲ့ပြီးအသက်(၇)နှစ်သားအရွယ်၌ ထိုကျမ်းကိုအလွတ်အာဂုံဆောင်ကျက်မှတ်ခဲ့ သည်။အခြားသူများအိပ်နေသောအချိန်တွင် သူသည်ဆစ်(ခ်)ဘာသာကျမ်း ဂရန့်သ်(Granth)၊ ဟိန္ဒူဘာသာရေး ကျမ်းဗေဒါ(စ်) (Vedas) သို့မဟုတ် မူစလင်ဘာသာရေးကျမ်း ကိုရမ်(Koran) တို့ကိုစိတ်အားထက်သန်စွာလေ့ လာနေသည်ကိုမကြာ ခဏတွေ့ရပေသည်။

အသက်ရှင်သောခရစ်တော်နှင့်တွေ့ဆုံခြင်း
ခရစ်ယာန်ဘာသာနှင့်ပထမဆုံးတွေ့ဆုံမှုမှာ ဆန္ဒာဆင်း၏ရွာရှိသူတက်ခဲ့သောသာသနာစာသင်ကျောင်း တွင်ဖြစ်၏။ ကျောင်း၌သမ္မာကျမ်းကိုလေ့လာရန်ပြောဆိုခံရသောအခါသူ့နှလုံး၌မကျေမနပ်ဖြစ်ပေါ်ခဲ့သည်။ သူ သည်ဓမ္မသစ်ကျမ်းစာမျက်နှများကိုထင်ရှားစွာဆုတ်ဖြဲခဲ့ပြီး ခရစ်ယာန်ဘာသာကိုဆန့်ကျင်သောကျောင်းသား များ၏ခေါင်းဆောင်ဖြစ်ခဲ့သည်။ သာသနာစာသင်ကျောင်းမှထွက်ပြီး အစိုးရစာသင်ကျောင်းတစ်ခုသို့ပြောင်းကာ ခရစ်ယာန်ယုံကြည်ချက်ကိုပြောင်လှောင်သရော်ခဲ့၏။

လူအုပ်ကြီးအားတရားဟောပြောသောသာသနာပြုဆရာ များကိုကျောက်ခဲ၊ ရွှံ့တုံးများဖြင့်ပစ်ရန်လူဆိုးလူေတေများကိုမကြာခဏအားပေးအားမြှောက်တိုက်တွန်းခဲ့၏။ လူပရိပ်သတ်ရှေ့တွင်ဓမ္မသစ်ကျမ်းတစ်အုပ်လုံးကိုပင်မီးရှို့ခဲ့၏။ သို့သော်လည်းခရစ်တော်ကိုပြင်းထန်စွာဆန့် ကျင်လေ သူ့စိတ်နှလုံးထဲ၌ပို၍မချမ်းမြေ့လေဖြစ်ကာနောက်ဆုံး၌ကျမ်းစာကိုစတင်လေံလာဖတ်ရှုခဲ့၏။

တစ်နေ့သောနံနက်(၃)နာရီခန့်တွင်ငြိမ်သက်ခြင်းရရန်မိမိအိမ်အနာ၌ရှိသောရထားလမ်းပေါ်တွင် အသေခံရန်ဆုံးဖြတ်ချက်ဖြင့်အိပ်ရာမှထ၏။ ရေချိုးပြီးနောက် “အို-ဘုရားသခင်၊ အကာ်၍ဘုရားသခင်ရှိလျှင်ကျွနု်ပ်ကို ထင်ရှားပြတော်မူပါ။ ကယ်တင်ရာလမ်းကိုပြညွန်၍ငြိမ်သက်ြခ်ငးကိုပေးတော်မူပါ”ဟုဆုတောင်း၏။ အခန်းတွင်း ၌အလင်းတန်းတစ်ခုရုတ်တရက်မြင်လိုက်ပြီး အလင်းရောင်ထဲ၌သူမုန်းတီးသည့် အသက်ရှင်သော ခရစ်တော် ဘုရားကိုတွေ့ခဲ့၏။

ခရစ်တော်ဘုရားကလက်ဝါးကပ်တိုင်ပေါ်တွင်သံမှိုဖြင့်ရိုက်နှက်ခံခဲ့သောလက်ဖဝါးများကိုပြ လျက် “ငါ့ကို သင်အဘယ်ကြောင့်နှိပ်စက်ညှင်းပန်းသနည်း။ သါသည်သင်၏ကယ်တင်ရှင်ဖြစ်သည်။” ဟုမိန့် တော်မူ၏။ ဆန္ဒာဆင်း၏စိတ်နှလုံးတွင်ဝမ်းမြောက်စိတ်ဖြင့်ပြည့်လျှံသွားပြီး ဝိညာဉ်ရေးရာဆာငတ်မှုလည်းကျေ နပ်အားရမှုရှိခဲ့ကြောင်းသူသိခဲ့၏။ သူ၏အသက်တာတစ်ခုလုံးပြောင်းလဲသွားခဲ့ပြီး ဤဘုန်းအသရေကြီးမြတ် သောအတွေ့အကြုံကိုသံသယဖြစ်အောင်မည်သူကမျှမပြုလုပ်နိုင်ခဲ့ချေ။

ဒုက္ခဆင်းရဲခံရန်ခေါ်တော်မူခြင်း ခရစ်တော်နှင့်တွေ့ဆုံပြီးနောက်ဖခင်ကြီးထံတော်သို့ချက်ခြင်းသွားရောက်ကာ၊သူသည်ခရစ်ယာန်တစ်ဦး
ဖြစ်ကြောင်းဝန်ခံခဲ့၏။အစပထမတွင် သူ၏ဖခင်ကမယုံကြည်ခဲ့ချေ။ သို့သော်လည်းမကြာမီပင်သူ၏မိသားစုအား လုံးကခရစ်ယာန်အဖြစ်ခံယူသောသူ၏ဆုံးဖြတ်ချက်အပေါ်ထိတ်လန့်တုန်လှုပ်ခဲ့၏။ မိခင်ကသူ၏ဘာသာတရား တရားကိုမစွန့်ပယ်ရန်နှင့် မိသားစုအားလုံးအရှက်တကွဲဖြစ်ရန်မပြုမူဖို့ဖခင်ကတောင်းပန်ခဲ့၏။

အလွန်ချမ်းသာ ကြွယ်ဝသောသူ၏ဦးလေးက ကြီးကျယ်ခန်းနားသောသူ၏အိမ်သို့ခေါ်ဆောင်သွားပြီးအလွန်များပြားသောအဘိုး ထိုက်တန်သည့် ကျောက်မြတ်ရတနာများနှင့်ရွှေငွေအပုံလိုက်ပြလျှက်ဆန္ဒာဆင်းအားယုံကြည်ချက်အသစ်ကို စွန့်ပယ်လျှင် ဤအရာအားလုံးပေးမည်မည်ဟုပြောခဲ့၏။ သို့သော် ခရစ်တော်ကိုချစ်သောစိတ်ကြီးမားသော ကြောင့် ခရစ်တော်ကိုငြင်းပယ်ခြင်းမပြုခဲ့ချေ။ သူ့အားအိမ်မှနှင်ထုတ်ခဲ့၏။ စားစရာ၊ နေစရာမရှိပဲအေးချမ်းသော ညတွင်သစ်ပင်တစ်ပင်အောက်၌သူအိပ်ခဲ့ရ၏။

သို့သော်လည်းအဆင့်အတန်းနိမ့်သောအစေခံများကဲ့သို့အိမ်အ ပြင်တွင် အစာစားစေပြီး အစေခံများနှင့်အိပ်စေခဲ့၏။ဤကဲ့သောဒုက္ခဆင်းရဲခြင်းများကိုသခင်ခရစ်တော်အတွက် ဝမ်းမြောက်စွာခံယူခဲ့၏။ ဤအရာမှာ သူ၏သခင်အတွက်သူအဆက်မပြတ်ထမ်းရွက် မည့်လက်ဝါးကပ်တိုင်၏အ စဦးပင်ဖြစ်အေသည်။ နောက်ဆုံးအစာတွင် အဆိပ်ခတ်ကျွေးကာသူ့ အားအိမ်နှင်ထုတ်ခဲ့၏။ သူသည်အကြီးအ ကျယ်ဖျားနာကာ သေလုမတတ်ဖြစ်ခဲ့၏။ သို့သော်လည်းဘုရာသခင်သည်သူ၏မဟာအကြံအစည်ပြည့်စုံစေရန် ဆန္ဒာဆင်းအား အသက်သေခြင်းဘေးမှကယ်နှုတ်ခဲ့ပေသည်။

ဖျားနာရာမှပြန်လည်ကျန်းမာလာသောအခါ သာသနာပြုဆရာအချို့နှင့်အတူနေကာ ကျမ်းစာလေ့လာခဲ့ ဘူးသောအရပ်ဖြစ်သည့် လူဒီရာနာ (Ludhians) အရပ်သို့သွားခဲ့၏။ ထို့နောက်ဆင်မလာ (Simla) အရပ်၌အ သက်(၁၆)နှစ်မြောက်သူ၏မွေးနေ့တွင်ဗတ္တိဇံမင်္ဂလာခံယူခဲ့သည်။ များစွာစဉ်းစားဆုတောင်းခဲ့ပြီးနော်ခရစ်တော် အားနာခံသော အသက်တာ အဖြစ်မိမိကိုယ်ကိုလုံးဝဆက်ကပ်အပ်နှံကာ ခရစ်ယာန်ဆာဒူး(ဘာသာရေးကိုင်းရှိုင်း ကြည်ညိုသည့်သူတော်စဉ်) တစ်ဦးဖြစ်ခဲ့ပေသည်။

သူ၏စာအုပ်များနှင့်ပိုင်ဆိုင်သောပစ္စည်းများကိုအခြားသူများ အားပေးကမ်းလိုက်ပြီး သင်္ကန်းဝတ်ရုံတစ်ထည်ကိုသာဝတ်ဆင်ခဲ့၏။ ဖိနပ်မပါ၊ မည်သူ၏အထောက်အပံ့မရှိဘဲ လက်ထဲတွင်ဓမ္မသစ်ကျမ်းကိုကိုင်လျက်သူ၏သခင်အတွက်အစေခံရန်ခရီးထွက်ခဲ့၏။သူ၏ဆောင်ပုဒ်မှာ “ငါဖြစ် လျှင်ငါတို့သခင်ယေရှုခရစ်၏လက်ဝါးကပ်တိုင်တော်မှတပါးအဘယ်အရာမျှဝါကြွားခြင်းမရှိပါစေနှင့်။ ထိုလက်ဝါးကပ်တိုင်တော်မှာဤလောကအဘို့ရိုက်ထားခြင်းကိုခံလျက်ရှိ၏။” (ဂလ၊ ၆: ၁၄)“ခရစ်တော်သည်ငါ့ ကိုချစ်၍မိမိကိုယ်ကိုဆက်ကပ်ပူဇော်ခဲ့သလိုငါသည်လည်း ခရစ်တော်ကိုချစ်လျက်ငါ့အသက်တာကို ခရစ်တော် အတွက်ဆက်ကပ်ပူဇော်ရမယ်” ဟူ၍ပြောလေ့ရှိ၏။

သူတော်စင်တစ်ဦးဘဝ
သူသည်ကလေးငယ်တစ်ဦးသာသာဖြစ်လင့်ကစား၊ သူ၏သခင်အတွက်ငတ်မွတ်ခြင်း အအေးဒဏ်များ၊ ဖျားနာဒုက္ခဝေဒနာများသာမက ထောင်ချခြင်းကိုပင်ခံစားခဲ့ရ၏။ တစ်နှစ်ပြီးတစ်နှစ် ပန်ဂျပ်၊ ကက်ရှမီးယား၊ အာဖဂန်နစ်စတန်၊ နီပေါ နှင့်တိဗက်ပြည်ရှိတောင်ကုန်းတောင်တန်းများကိုဖြတ်ကျော်ကာ သခင်၏မေတ္တာတော် ကိုမကြားသိသေးသူများကိုကြားပြောရန်ခရီးထွက်ခဲ့၏။ မကြာခဏဆိုသလိုပင် နှောင့်ယှက်ဆီးတားမှု၊မုန်းတီးမှု များကိုကြုံတွေ့ခံစားခဲ့ရ၏။

မကြာခဏဆိုသလို နှင်ထုတ်ခံခဲ့ရပြီးတောထဲ၌ဆာလောင်ငတ်မွတ်လျက်ညတာ အချိန်ကုန်လွန်ခဲ့ရ၏။ အေးချမ်းသောလေနှင့်မိုးဒဏ်မှအကာအကွယ်ရစေရန်လိုဏ်ဂူများ၊မြေတွင်းများ၌ ခိုလှုံခဲ့ရ ၏။ တခါတရံတောသားရဲကောင်များနှင့်ဂူတွင်း၌အတူအိပ်ခဲ့ရ၏။ တစ်ခုသောနံနက်ခင်၌ကျားသစ်တစ်ကောင် အိပ်ပျော်နေသည်ကိုသူတွေ့ခဲ့ရ၏။ တစ်ချိန်တွင်သူ့အနားတွင်ကျားသစ်နက်တစ်ကောင်တွေ့ခဲ့၏။

တစ်နေ့နံနက် စောစောတွင်သူ၏စောင်ထဲ၌တစ်စုံတစ်ခုရှိကြောင်းခံစားမိပြီးကြည့်လိုက်ရာမြွေဟောက် တစ်ကောင်သည်ခိုလှုံ ရာနှင့်နွေးထွေးမှုရရန်သူ၏နံဘေးတွင်နေခဲ့ကြောင်းတွေ့ခဲ့ရ၏။ ဟိမဝန္တာတောင်တန်းလမ်းခရီးများကိုဖြတ်ကျော် ရာ၌ပင်သူသည်ဖိနပ်မပါဘဲ သွားလာခဲ့ရာမကြာခဏဆိုသလိုပင်ကျောက်ခဲများ၊ ရေခဲတုံးများနှင့်ထိခိုက်ပွန်းရိ ကာသူ၏ခြေမှသွေးများယိုစီးကျဆင်းခဲ့ပေ၏။ ဤသို့ဖြင့်သူ့အား“ခြေထောက်၌သွေးယိုစီးသောတမန်တော် ” အဖြစ်သိရှိလာခဲ့ကြ၏။

မကြာခဏနှိပ်စက်ညှင်းပန်းခံရသည့်ကြားမှပင်သူ၏သည်းခံခြင်းနှင့်ဝမ်းမြောက်ခြင်းကို တွေ့ရသောကြောင့် လူတို့သည်သူ၏သတင်းစကားကိုလက်ခံချင်စိတ်ဖြစ်လာ၏။ သူသည်ရွာတစ်ရွာသိုသွား ရောက်ကာသစ်တုံးတစ်တုံးပေါ်၌ထိုင်ပြီးသီချင်းစတင်သီဆိုကျူးဧတော့၏။ မကြာမီပင်လူအများစုဝေးရောက် လာပြီးသခင်ယေရှုအါကြောင်းသူစတင်ပြောသောအ ခါဒေါသအမျက်ထွက်ခဲ့ကြ၏။

ကရုပီရမ်(Krupe Ram) ဆို သူကဆန္ဒာဆင်းကိုရုတ် တရက်ပြင်းထန်စွာထိုးကြိတ်လိုက်ရာဆန္ဒာဆင်းသည်မြေသို့လဲခွေကျသွား၏။ သူ့လက် ဖျားနှင့် မျက်နှာကိုကျောက်တုံး များနှင့်ဆွဲခြစ်ခဲ့၏။ ဆန္ဒာဆင်းသည်မျက်နှာမှသွေးယိုစီးကျနေသည့်ကြားမှပင် ငြိမ်သက်စွာမတ်တတ်ရပ်ကာသူ၏ရန်သူများအတွက်ဆုတောင်းပေးပြီးခရစ်တော်၏မေတ္တာတော်အကြောင်း ကိုသူတို့အားပြောဆိုခဲ့၏။ နောင်အခါ ကရူပီရမ်လည်းစိတ်နှလုံးပြောင်းလဲပြီးယုံကြည်သူတစ်ဦးဖြစ်လာ၏။

တစ်ချိန်တွင်ဓားပြများတိုက်ခိုက်လုယက်ခြင်းကြောင့်နာမည်ကြီးသောတောအုပ်တစ်ခုအတွင်း ဆန္ဒာဆင်းဖြတ်ကျော်သွားစဉ်ဓားပြ(၄)ဦးရုတ်တရက်ပေါ်လာပြီးတစ်ယောက်ကဓားတစ်လက်ဖြင့်သူ့အား သတ် ရန်ပြေးလာ၏။ဆန္ဒာဆင်းလည်းမကြာမီအသက်ဆုံးတော့မည်ကိုတွေးမိပြီးစတင်ဆုတောင်းတော့၏။ ထိုဓားပြ လည်းရုတ်တရက်အံ့အားသင့်သွားပြီးသင်ဘယ်သူလဲဟုမေးမြန်းစုံစမ်းတော့၏။ ဆန္ဒာဆင်းကသူသည် ခရစ်ယာန်ဆာဒူး (ဘုရားတရားကိုင်းရှိုင်းသူ)ဖြစ်ကြောင်းပြော ကာဓမ္မသစ်ကျမ်းမှ“သူဌေးကြီးနှင့် ဆင်းရဲစား လာဇရု”အကြောင်းဖတ်ပြလိုက်ရာ ထိုသူသည်သူ့အပြစ်ကိုသူပြန်မြင်လာ၏။ သူသည်ဆန္ဒာဆင်းကိုဂူတစ်ဂူသို့ ခေါ်ဆောင်သါားပြီးလူ့အရိုးပုံကြီးကိုညွှန်ပြလျက်ထိုအသတ်ခံရသူးများ အားလုံးအတွက်သူ၌အပြစ်ရှိကြောင်းပြောပြ၏။ ဆန္ဒာဆင်းလည်းသူ့အားခရစ်တော်ထံမှအပြစ်လွှတ်ငြိမ်းချမ်းသာခြင်းခွင့်ကိုလက်ခံရန်လမ်းပြပို့ဆောင်ခဲ့ ၏။

တိဗက်ပြည်၌
ဆန္ဒာဆင်းသည် ခရစ်တော်အကြောင်းတစ်ခါမျှမကြားဘူးသေးသည့်ခက်ခဲကြမ်းတမ်း၍ အန္တရာယ်များ သောအရပ်ဒေသများကိုတမင်သက်သက်ရွေးချယ်ကာ ခရီးသွားခဲ့၏။သူ့စိတ်နှလုံး၌အထူးသဖြင့် တိဗက်ပြည်အ တွက်တမ်းတပူပန်ခဲ့၏။ တိဗက်ပြည်သည်အယူသည်းခြင်း၊ စုန်းကဝေအတတ်နှင့်နတ်ဆိုးကိုကြောက်ရွံ့ခြင်း၌ နစ်မြှုပ်နေခဲ့၏။ လားမားခေါ် ဘာသာရေးခေါင်းဆောင်များ၏ဖိနှိပ်ခြင်းကိုဆင်းရဲသားများခံစားခဲ့ရ၏။

ထိုပြည်ရှိ လူများမှာအခြားဘာသာဝင်များဖြစ်ပြီး ဘီးများကိုလည်စေပြီးဘီးပေါ်တွင်ရေးထားသောဆုတောင်းချက်များအ တိုင်းဆုတောင်းရန်(သို့)အလံများပေါ်တွင်ဆုတောင်းချက်များရေးထားပြီးလေထဲတွင်မြောက်နေသော အလံများ ပေါ်ရှိဆုတောင်းချက်အတိုင်းသာဆုတောင်းရန်ယုံကြည်လျက်ပြုလုပ်ကြ၏။ ထိုသူများသည် ခရစ်တော်အ ကြောင်းတစ်ခါမျှမကြားဘူးခဲ့ချေ။

ဆန္ဒာဆင်းသည်တိဗက်ပြည်သို့ကြိမ်ဖန်များစွာသွားရောက်ခဲ့၏။ တစ်ချိန်တွင် (၁၆၀၀၀)ပေမြင့်ပြီးအအေးဓါတ်လွန်ကဲနေသောအရပ်၌မြေကြီးပေါ်၌သာဆန္ဒာဆင်းအိပ်စက်ခဲ့ရဖူး၏။
မြို့တစ်မြို့၌သူတရားဟောနေစဉ်သူ့အားနိုင်ငံခြားဘာသာဟောပြောခြင်းအတွက် ဖမ်းဆီးချုပ်နှောင်ခဲ့ ၏။သူ့အဝတ်အင်္ကျီများကိုဆုတ်ဖြဲပစ်ပြီး နက်ရှိုင်းခြောက်သွေ့သောရေတွင်းတစ်ခုထဲသို့သူ့အားပစ်ချလိုက်၏။ အခြားလူများစွာကိုပစ်ချခဲ့သောရေတွင်းဖြစ်သောကြောင့် လူသေကောင်အရိုးခွံများစုပုံနေပြီးပုပ်သိုးဆွေးမြေ့နံ စော်နေသောအသားများပေါ်သို့ကျသွားခဲ့၏။

အနံ့အသက်အလွန်ပုပ်သိုးနံစော်နေပြီးပစ်ချခံရခြင်းကြောင့်လက် မောင်းဒဏ်ရာရခဲ့ပြီးပြင်းထန်စွာ နာကျင်ဝေဒနာလည်းခံစားခဲ့ရ၏။ အစာမရှိ၊ ရေမရှိ၊အိပ်၍မရဘဲ ထိုမှောင်မိုက် နေသောတွင်းနက်ကြီးထဲတွင် (၃)ရက်မျှဒုက္ခဝေဒနာခံစားခဲ့ရ၏။ တတိယညတွင်ဘုရားသခင်ထံသူဆုတောင်း နေစဉ်သူ့ခေါင်းပေါ်မှ စူးရှသောအသံတစ်သံကြားလိုက်ရပြီးရေတွင်းအဖုံးတံခါးပွင့်ကာအောက်သို့လျော့ကျထား သောကြိုးကို ကိုင်တွယ်ရန်ပြောသံကြားလိုက်ရ၏။ သူသည်ကြားရသောအသံအတိုင်းပြုခဲ့ပြီးမကြာမီရေတွင်းပြင် သို့ရောက်ရှိခဲ့၏။

သူ့အားကူညီသောလူစိမ်းသည်ရေတွင်းအဖုံးကိုပိတ်လိုက်ပြီးနောက်အမှောင်ထဲဝင်ရောက် ပျောက်ကွယ် သွား၏။ သူ့အားဘုရားသခင်ကယ်တင်လိုက်ကြောင်းသိလိုက်၏။ သူ၌လုံလောက်သောခွန်အားရှိ လျှင်ရှိချင်း၊ ဆက်လက်၍တရားဟောပြောခဲ့ရာဝိညာဉ်ရေးရာဆာငတ်နေသည့် များစွာသောလူများ ကယ်တင် ခြင်းကျေးဇူး ခံစားခဲ့ရ၏။

နီပေါပြည်၌
နီပေ ါပြည်သည်အိန္ဒိယပြည်၏မြောက်ဖက်တွင်ရှိပြီးဆန္ဒာဆင်းခေတ်အချိန်ကာလတွင် ဧဝံဂေလိတရား တစ်ခါမျှဟောပြောခဲ့ဖူးခြင်းမရှိသေးချေ။ ဧဝံဂေလိတရားဟောပြောခြင်းကိုထိုပြည်၌တားမြစ်ပိတ်ပင်ခဲ့၏။ ဆန္ဒာဆင်းသည်နီပေါပြည်သို့သွားရောက်ကာဧဝံဂေလိတရားဟောပြောခဲ့၏။သူသည်ဖမ်းဆီးထောင် ချခံခဲ့ရ၏။ ထောင်အတွင်း၌အခြားအကျဥ်းခံနေရသောထောင်သားများကိုခရစ်တော်အကြာင်းပြောပြခဲ့၏။ ထို့ကြောင့်သူ့ အားမြေတိုက်ခန်းထဲ၌ပိတ်လှောင်ထားခဲ့၏။

ထိုအခန်း၌သူ့အင်္ကျီအဝတ်အစားများကိုချွတ်ပြီးတိုင်တစ်တိုင်တွင် သူ့ခြေလက်များကိုချည်နှောင်ထား၏။ အလွန်ဆိုးရွားသောအနံ့အသက်များရှိသောနေရာဖြစ်၏။ စုထားသော ကျွတ်ကောင်များသည်သူ့သွေးများကို စတင်စုပ်ယူတော့၏။ ဤကဲ့သို့ဒုက္ခဝေဒနာပြင်းထန်စွာခံစားရသည့်ကြား မှဆန္ဒာဆင်းသည်ဘုရားသခင်ထံဆုတောင်းခဲ့ပြီးချီးမွမ်းသီချင်းများကိုသီဆိုခဲ့၏။ အာဏာပိုင်များကရူးသွားပြီဟု ထင်ကာသူ့ကိုလွှတ်လိုက်၏။

ကျွတ်ကောင်များ၏သွေးစုပ်ခြင်ဒဏ်ကြောင့် သူအားနည်းသွားသော်လည်း မြို့ထဲ သို့ချက်ခြင်းသွားကာ စတင်တရားဟောခဲ့၏။
ခပ်သိမ်းသောဒုက္ခဆင်းရဲခြင်းများကြားမှပင်“ကျွန်တော့်ကယ်တင်ရှင်အတွက်ဒုက္ခခံရတာကျွန်တော်ဝမ်း မိပါတယ်” ဟုဆန္ဒာဆင်းပြောခဲ့၏။ ဝမ်းမြောက်ခြင်းရဲ့လျှိုဝှက်ချက်ဟာဘာလဲ။“ကျွန်ုပ်တွေ့ကြုံရသောဒုက္ခဆင်း ရဲမှုများနှင့်ပျောက်ဆုံးဝိညာဉ်များအတွက်လုပ်ဆောင်မှုများကြား၌ခရစ်တော်၏လက်ဝါးကပ်တိုင်သည် ကျွနု်ပ်၏ နှစ်သိမ့်စရာအကြောင်း၊ မြှော်လင့်စရာအကြောင်း၊ ဝိညာဉ်ရေးရာအားသစ်လောင်း ရာအကြောင်းဖြစ်၏။” ခရစ်တော်သည် ကျွနု်ပ်အတွက်ကောင်းကင်ဘုံကိုစွန့်လွှတ်ပြီး လက်ဝါးကပ်တိုင်၏ဝန်ထုပ်ကိုယူဆောင်ခဲ့လျှင် ကျွနု်ပ်သည် ကိုယ့်လက်ဝါးကပ်တိုင်ကိုထမ်းကာကိုယ်တော့် အတွက်ပျောက်ဆုံးသောဝိညာဉ်များရရှိစေရန်လုပ် ဆောင်ခြင်း မှတပါးသာ၍ကြီးမြတ်သော အလုပ်မရှိတော့ပြီ”ဟု သူပြောခဲ့၏။
နီပေါပြည်၌ထောင်ချခံရသောအတွေ့ အကြုံကိုသူပြောရာ “ခရစ်တော်နှင့်အတူမျက်မှောက်တော်၌ အတူရှိနေခြင်းကကျွန်ုပ်၏ထောင်ကို မင်္ဂလာရှိသော ကောင်းကင် အဖြစ်သို့ပြောင်းလဲစေခဲ့၏” ဟုဝန်ခံခဲ့၏။

လောကကိုစိမ်ခေါ်ခြင်း
မကြာမီအချိန်အတွင်းသူ၏ဒုက္ခဆင်းရဲခြင်းများနှင့်ထူးခြားသောအတွေ့အကြုံများနေရာအနှံ့ပြန့်နှံ့သွား ကာတစ်ကမ္ဘာလုံးရှိခရစ်ယာန်များကအိန္ဒိယပြည်၏တမန်တော်ကိုစတင်ဂရုစိုက်စိတ်ဝင်းစားခဲ့ကြ၏။ အိန္ဒိယ ပြည်အရပ်ရပ်မှခရစ်ယာန်များနှင့်ပြည်သူပြည်သားများကလူထုကြီးအားတရားဟောပြောရန် သူ့အားဖိတ်ခေါ် ခဲ့ကြ၏။ သူသွားခဲ့လေရာရာတိုင်း၌ခရစ်ယာ် များအားမိမိအလိုဆန ္ဒကိုငြင်းပယ်ကာလက်ဝါးကပ်တိုင်ထမ်း၍ သခင် ခရစ်တော်နောက်လိုက်ကြရန်စိမ်ခေါ်ခဲ့၏။

သူ၏သာသနာပြုစိမ်ခေါ်ချက်များကမြောက်မြားစွာသောသူများအား ဆုတောင်းခြင်းနှင့်ဆက်ကပ်လုပ်ဆောင်ခြင်းပြုရန် နိုးဆော်နိုင်ခဲ့၏။သူသည်သီရိလင်္ကာနိုင်ငံ၊ မြန်မာပြည်၊ မလေးရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံများသို့သာသနာခရီးပြုခဲ့၏။ အနောက်ဥရောပနိုင်ငံများနှင့် အင်္ဂလန် နိုင်ငံ၊ အမေရိကန်နိုင်ငံ၊ သြစတေးလျနိုင်ငံများသို့လည်းသွားရောက်ခဲ့။

သူသွားလေရာရာ၌ခရစ်တော်ကဲ့သို့သောအသက်တာဖြင့်ပုံသက်သေပြရာလူတို့ကအသိအမှတ်ပြုခဲ့ကြ ၏။အစည်းဝေးတစ်ခု၌ ဆန္ဒာဆင်းအားရည်ညွန်းလျက် သမီးငယ်လေးတစ်ဦးက“သူဟာခရစ်တော်လား”ဟူ၍ မေးမြန်းခဲ့ဖူး၏။ပျောက်ဆုံးဝိညာဉ်များကို ချစ်သောမေတ္တာနှင့်သန့်ရှင်းသောအသက်တာကြောင့်ဆန္ဒာဆင်းသည် အမှန်တကယ်သူ၏သခင်နှင့်တူခဲ့ခြင်းဖြစ်ပေသည်။

နောက်ဆုံးစကား
(၁၉၂၉)ခု၊ ဧပြီလ (၁၈)ရက်နေ့တွင်“ကျွန်တော်တိဗက်ပြည်ဒီနေ့သွားတော့မယ်။ ဘေးအန္တရာယ်
နဲ့ခက်ခဲမှုများစွာရှိတဲ့ခရီးစဉ်ဖြစ်ပေမဲ့၊ ကျွန်တော့်တာဝန်ကိုကျေပြွန်ရန်ကျွန်တော်အကောင်းဆုံး လုပ်ဆောင်ရမယ်”ဟူ၍မိတ်ဆွေတစ်ဦးထံစာရေးခဲ့၏။ နေ့ရက်များစွာကြာ ညောင်းသွားပြီး သူပြန်လာသင့်သော အချိန်ဖြစ်သော်လည်းသူပြန်လာခြင်းမရှိချေ။ သူ့ထံမှသတင်းစ ကားတစ်ခုမျှမရခဲ့ချေ။ တိဗက်ပြည်၌မာတုရ(အာဇာနည်)အဖြစ် အသက်ဆုံးခဲ့ခြင်းဖြစ်သော် လည်းကောင်း၊ တောင်တန်းများဖြတ်ကျော်စဉ်ချောက်ကမ်းပါးပေးပြုတ် ကျသေဆုံး ခြင်းသော်လည်းကောင်း၊ သူ့ကိုယ်ခန္ဓာကိုကျွဲသားရေ အစိုဖြင့်ပတ်ကာနေပူ ထဲတွင်ထားပြီးသားရေတွန့်လိမ်ကာ အရိုးကြေမွစေသော နည်းဖြင့်အသတ် ခံရခြင်းသော်လည်းကောင်း ဖြစ်ခဲ့ပေမည်။ သူ၏နိဂုံးသည်မည်သို့ပင်ဖြစ် စေကာမူ၊ အိန္ဒိယပြည်၏တမန်တော်ဖြစ်သောဆာဒူးဆန္ဒာဆင်းသည်သူ၏ သရဖူကိုရရှိခဲ့ပြီဖြစ်ကြောင်း ကျွန်ုပ် တို့ယုံကြည်စိတ်ချလျက်ရှိပေသည်။
blog.shwecanaan.com

အိႏိၵယျပည္၏ တမန္ေတာ္

ဆႏၵာဆင္း (Sundar Singh) (၁၈၈၉ - ၁၉၂၉)
အေအးဓါတ္ကသူ၏ ပါးလႊြာေသာ အ၀တ္ ကိုျဖတ္ေက်ာ္စူး ၀င္လာသည္။ ဆူးေၫွာက္ ခလုတ္မ်ားႏွင့္ ေက်ာက္ခဲ တုံးမ်ားက ဖိနပ္မပါေသာ သူ၏ေျခေထာက္ ကိုပြန္းပဲ့ထိ ခိုက္ေစသည္။ သို႔ေသာ္လည္း သူသည္ဆီးႏွင္း မ်ားဖုံးလြမ္း လ်က္ ရွိေသာေတာင္ တန္းမ်ား ကုိျဖတ္ေက်ာ္ေလွ်ာက္ လွမ္းခဲ့သည္။ ျဖဴေဖြးေနေသာ ဆီးႏွင္းမ်ားေပၚ တြင္သူ ၏ေျခ ေထာက္မွထြက္ က်ခဲ့ေသာ ေသြးမ်ားက် က်န္ရစ္ခဲ့သည္။ ပတ္တီး စည္းရန္သူထိုင္ခ် လိုက္သည္။ သူ႔အေနာက္မွ လိုက္လာ ခဲ့ေသာ အျခားလူတစ္ေယာက္က သူ႔အနားခ်ဥ္းကပ္
လာၿပီးစကားစျမည္ေျပာ လုိက္သည္။ “ခင္ဗ်ား ဘယ္လို ခံစားရလဲ။” “ကၽြန္ေတာ့္ရဲ႕အံ့ၾသဘြယ္ ကယ္တင္ရွင္ခရစ္ေတာ္၌ ကၽြန္ေတာ္၀မ္းေျမာက္ လ်က္ရွိပါတယ္” ဟူ၍ဆႏၵာဆင္း ကျပန္ေျဖ လုိက္သည္။
“ဘာေၾကာင့္ဖိနပ္မပါပဲ ေသြးယိုစီးေနတဲ့ေျခေထာက္နဲ႔ဒီေတာင္တန္းမ်ား
ကို ျဖတ္ေက်ာ္ၿပီးခရီးသြားေန သလဲ”
“ကရာနီကုန္းေပၚမွာေျခေထာက္ကေသြးယိုစီးခဲ့ရတ့ဲသူကိုလူေတြသိျမင္ေစရန္ ၫႊန္ျပခ်င္လို႔ပဲ” လက္၀ါး ကပ္တိုင္၌အေသသတ္ျခင္းခံေသာ ကယ္တင္ရွင္က တန္ခိုးေတာ္ျဖင့္ေခၚေတာ္ မူခဲ့ျခင္းမွာကယ္တင္ရွင္အတြက္ ဒုကၡဆင္းရဲခံရန္ႏွင့္ တိဗက္ျပည္ကဲ့သုိ႔ ခရစ္ေတာ္အေၾကာင္းမၾကား ဘူးေသးေသာ တိုင္းျပည္မ်ားသုိ႔ဧ၀ံေဂလိ တရားေတာ္ကုိပို႔ေဆာင္ရန္ျဖစ္ေၾကာင္း ဆႏၵာဆင္းယံုၾကည္ခဲ့ေပသည္။ (ထုိအခ်ိန္ကတိဗက္ျပည္သည္ ဧ၀ံေဂလိ တရားတစ္ခါမွ်မၾကားဘူးေသးေခ်။)

ကေလးဘ၀
ဆာဒူးဆႏၵာဆင္းဟု သာမန္အားျဖင့္သိေသာဆႏၵာဆင္းသည္ (၁၈၈၉)ခု၊ စက္တင္ဘာလ(၃)ရက္ေန႔ တြင္ပန္ဂ်ပ္ျပည္နယ္ ရမ္ပူ(Rampur)အရပ္တြင္ဖြားျမင္ခဲ့သည္။ သူ၏မိဘမ်ားသည္ ဆစ္(ခ္)ဘာသာ၀င္မ်ားျဖစ္ ၾကၿပီး မိခင္ျဖစ္သူမွာဘာသာတရားကုိၾကည္ညိဳေလးစားသက္၀င္ ယုံၾကည္သူျဖစ္သည္။ အိပ္ယာမွႏိုးလွ်င္ႏိုးခ်င္း ပထမဆႏၵားအား၀ိညာဥ္ေရးရာအစာႏွင့္ ေကာင္းႀကီး မ်ားအတြက္ဆုေတာင္းရန္မိခင္ျဖစ္သူကတိုက္တြန္းႏႈိေဆာ္ ခဲ့ၿပီး ထို႔ေနာက္မွသာလွ်င္နံနက္စာကို စားေသာက္ခဲ့၏။ သူမသည္ ဆႏၵာဆင္းကိုအလြန္ခ်စ္ျမတ္ႏိုးခဲ့ၿပီး၊ သူသည္ ဘာသာတရားကို္ခ်စ္ရန္ႏွင့္ သန္႔ရွင္းေသာဆဒူး(ဘာသာေရးေခါင္းေဆာင္) တစ္ဦးျဖစ္လာရန္အလိုရွိခဲ့သည္။

အသက္အလြန္ပ်ဳိစဥ္ကပင္ဆႏၵာဆင္းသည္ ဟိႏၵဴဘာသာတရား၏သန္႔ရွင္းေသာက်မ္းျဖစ္သည့္ ဘာဂဗက္ဂီတာ (Bhagavadgita) ကုိစတင္ဖတ္ခဲ့ၿပီးအသက္(၇)ႏွစ္သားအရြယ္၌ ထိုက်မ္းကိုအလြတ္အာဂုံေဆာင္က်က္မွတ္ခဲ့ သည္။အျခားသူမ်ားအိပ္ေနေသာအခ်ိန္တြင္ သူသည္ဆစ္(ခ္)ဘာသာက်မ္း ဂရန္႔သ္(Granth)၊ ဟိႏၵဴဘာသာေရး က်မ္းေဗဒါ(စ္) (Vedas) သို႔မဟုတ္ မူစလင္ဘာသာေရးက်မ္း ကိုရမ္(Koran) တို႔ကိုစိတ္အားထက္သန္စြာေလ့ လာေနသည္ကိုမၾကာ ခဏေတြ႔ရေပသည္။

အသက္ရွင္ေသာခရစ္ေတာ္ႏွင့္ေတြ႔ဆံုျခင္း
ခရစ္ယာန္ဘာသာႏွင့္ပထမဆုံးေတြ႔ဆုံမႈမွာ ဆႏၵာဆင္း၏ရြာရွိသူတက္ခဲ့ေသာသာသနာစာသင္ေက်ာင္း တြင္ျဖစ္၏။ ေက်ာင္း၌သမၼာက်မ္းကိုေလ့လာရန္ေျပာဆိုခံရေသာအခါသူ႔ႏွလုံး၌မေက်မနပ္ျဖစ္ေပၚခဲ့သည္။ သူ သည္ဓမၼသစ္က်မ္းစာမ်က္ႏွမ်ားကိုထင္ရွားစြာဆုတ္ၿဖဲခဲ့ၿပီး ခရစ္ယာန္ဘာသာကိုဆန္႔က်င္ေသာေက်ာင္းသား မ်ား၏ေခါင္းေဆာင္ျဖစ္ခဲ့သည္။ သာသနာစာသင္ေက်ာင္းမွထြက္ၿပီး အစုိးရစာသင္ေက်ာင္းတစ္ခုသို႔ေျပာင္းကာ ခရစ္ယာန္ယုံၾကည္ခ်က္ကိုေျပာင္ေလွာင္သေရာ္ခဲ့၏။

လူအုပ္ႀကီးအားတရားေဟာေျပာေသာသာသနာျပဳဆရာ မ်ားကိုေက်ာက္ခဲ၊ ႐ႊံ႕တုံးမ်ားျဖင့္ပစ္ရန္လူဆိုးလူေေတမ်ားကိုမၾကာခဏအားေပးအားေၿမွာက္တိုက္တြန္းခဲ့၏။ လူပရိပ္သတ္ေရွ႕တြင္ဓမၼသစ္က်မ္းတစ္အုပ္လုံးကိုပင္မီး႐ိႈ႕ခဲ့၏။ သို႔ေသာ္လည္းခရစ္ေတာ္ကိုျပင္းထန္စြာဆန္႔ က်င္ေလ သူ႔စိတ္ႏွလံုးထဲ၌ပို၍မခ်မ္းေျမ႕ေလျဖစ္ကာေနာက္ဆုံး၌က်မ္းစာကိုစတင္ေလံလာဖတ္႐ႈခဲ့၏။

တစ္ေန႕ေသာနံနက္(၃)နာရီခန္႔တြင္ၿငိမ္သက္ျခင္းရရန္မိမိအိမ္အနာ၌ရွိေသာရထားလမ္းေပၚတြင္ အေသခံရန္ဆုံးျဖတ္ခ်က္ျဖင့္အိပ္ရာမွထ၏။ ေရခ်ိဳးၿပီးေနာက္ “အို-ဘုရားသခင္၊ အကာ္၍ဘုရားသခင္ရွိလွ်င္ကၽြႏု္ပ္ကုိ ထင္ရွားျပေတာ္မူပါ။ ကယ္တင္ရာလမ္းကိုျပၫြန္၍ၿငိမ္သက္ျခ္ငးကိုေပးေတာ္မူပါ”ဟုဆုေတာင္း၏။ အခန္းတြင္း ၌အလင္းတန္းတစ္ခု႐ုတ္တရက္ျမင္လိုက္ၿပီး အလင္းေရာင္ထဲ၌သူမုန္းတီးသည့္ အသက္ရွင္ေသာ ခရစ္ေတာ္ ဘုရားကုိေတြ႔ခဲ့၏။

ခရစ္ေတာ္ဘုရားကလက္၀ါးကပ္တိုင္ေပၚတြင္သံမႈိျဖင့္႐ုိက္ႏွက္ခံခဲ့ေသာလက္ဖ၀ါးမ်ားကိုျပ လ်က္ “ငါ့ကုိ သင္အဘယ္ေၾကာင့္ႏွိပ္စက္ညွင္းပန္းသနည္း။ သါသည္သင္၏ကယ္တင္ရွင္ျဖစ္သည္။” ဟုမ္ိန္႔ ေတာ္မူ၏။ ဆႏၵာဆင္း၏စိတ္ႏွလံုးတြင္၀မး္ေျမာက္စိတ္ျဖင့္ျပည့္လွ်ံသြားၿပီး ၀ိညာဥ္ေရးရာဆာငတ္မႈလည္းေက် နပ္အားရမႈရွိခဲ့ေၾကာင္းသူသိခဲ့၏။ သူ၏အသက္တာတစ္ခုလံုးေျပာင္းလဲသြားခဲ့ၿပီး ဤဘုန္းအသေရႀကီးျမတ္ ေသာအေတြ႔အႀကဳံကိုသံသယျဖစ္ေအာင္မည္သူကမွ်မျပဳလုပ္ႏို္င္ခဲ့ေခ်။

ဒုကၡဆင္းရဲခံရန္ေခၚေတာ္မူျခင္း ခရစ္ေတာ္ႏွင့္ေတြ႔ဆုံၿပီးေနာက္ဖခင္ႀကီးထံေတာ္သို႔ခ်က္ျခင္းသြားေရာက္ကာ၊သူသည္ခရစ္ယာန္တစ္ဦး
ျဖစ္ေၾကာင္း၀န္ခံခဲ့၏။အစပထမတြင္ သူ၏ဖခင္ကမယုံၾကည္ခဲ့ေခ်။ သုိ႔ေသာ္လည္းမၾကာမီပင္သူ၏မိသားစုုအား လုံးကခရစ္ယာန္အျဖစ္ခံယူေသာသူ၏ဆုံးျဖတ္ခ်က္အေပၚထိတ္လန္႔တုန္လႈပ္ခဲ့၏။ မိခင္ကသူ၏ဘာသာတရား တရားကုိမစြန္႔ပယ္ရန္ႏွင့္ မိသားစုအားလုံးအရွက္တကြဲျဖစ္ရန္မျပဳမူဖ္ို႔ဖခင္ကေတာင္းပန္ခဲ့၏။

အလြန္ခ်မ္းသာ ၾကြယ္၀ေသာသူ၏ဦးေလးက ႀကီးက်ယ္ခန္းနားေသာသူ၏အိမ္သို႔ေခၚေဆာင္သြားၿပီးအလြန္မ်ားျပားေသာအဘိုး ထုိက္တန္သည့္ ေက်ာက္ျမတ္ရတနာမ်ားႏွင့္ေရႊေငြအပုံလိုက္ျပလွ်က္ဆႏၵာဆင္းအားယုံၾကည္ခ်က္အသစ္ကို စြန္႔ပယ္လွ်င္ ဤအရာအားလံုးေပးမည္မည္ဟုေျပာခဲ့၏။ သို႔ေသာ္ ခရစ္ေတာ္ကိုခ်စ္ေသာစိတ္ႀကီးမားေသာ ေၾကာင့္ ခရစ္ေတာ္ကိုျငင္းပယ္ျခင္းမျပဳခဲ့ေခ်။ သူ႔အားအိမ္မွႏွင္ထုတ္ခဲ့၏။ စားစရာ၊ ေနစရာမရွိပဲေအးခ်မ္းေသာ ညတြင္သစ္ပင္တစ္ပင္ေအာက္၌သူအိပ္ခဲ့ရ၏။

သို႔ေသာ္လည္းအဆင့္အတန္းနိမ့္ေသာအေစခံမ်ားကဲ့သုိ႔အိမ္အ ျပင္တြင္ အစာစားေစၿပီး အေစခံမ်ားႏွင့္အိပ္ေစခဲ့၏။ဤကဲ့ေသာဒုကၡဆင္းရဲျခင္းမ်ားကိုသခင္ခရစ္ေတာ္အတြက္ ၀မ္းေျမာက္စြာခံယူခဲ့၏။ ဤအရာမွာ သူ၏သခင္အတြက္သူအဆက္မျပတ္ထမ္းရြက္ မည့္လက္၀ါးကပ္တိုင္၏အ စဦးပင္ျဖစ္ေအသည္။ ေနာက္ဆုံးအစာတြင္ အဆိပ္ခတ္ေကၽြးကာသူ႔ အားအိမ္ႏွင္ထုတ္ခဲ့၏။ သူသည္အႀကီးအ က်ယ္ဖ်ားနာကာ ေသလုမတတ္ျဖစ္ခဲ့၏။ သို႔ေသာ္လည္းဘုရာသခင္သည္သူ၏မဟာအႀကံအစည္ျပည့္စံုေစရန္ ဆႏၵာဆင္းအား အသက္ေသျခင္းေဘးမွကယ္ႏႈတ္ခဲ့ေပသည္။

ဖ်ားနာရာမွျပန္လည္က်န္းမာလာေသာအခါ သာသနာျပဳဆရာအခ်ဳိ႕ႏွင့္အတူေနကာ က်မ္းစာေလ့လာခဲ့ ဘူးေသာအရပ္ျဖစ္သည့္ လူဒီရာနာ (Ludhians) အရပ္သုိ႔သြားခဲ့၏။ ထို႔ေနာက္ဆင္မလာ (Simla) အရပ္၌အ သက္(၁၆)ႏွစ္ေျမာက္သူ၏ေမြးေန႔တြင္ဗတိၱဇံမဂၤလာခံယူခဲ့သည္။ မ်ားစြာစဥ္းစားဆုေတာင္းခဲ့ၿပီးေနာ္ခရစ္ေတာ္ အားနာခံေသာ အသက္တာ အျဖစ္မိမိကိုယ္ကိုလုံး၀ဆက္ကပ္အပ္ႏွံကာ ခရစ္ယာန္ဆာဒူး(ဘာသာေရးကိုင္း႐ႈိင္း ၾကည္ညိဳသည့္သူေတာ္စဥ္) တစ္ဦးျဖစ္ခဲ့ေပသည္။

သူ၏စာအုပ္မ်ားႏွင့္ပိုင္ဆုိင္ေသာပစၥည္းမ်ားကိုအျခားသူမ်ား အားေပးကမ္းလုိက္ၿပီး သကၤန္း၀တ္႐ုံတစ္ထည္ကိုသာ၀တ္ဆင္ခဲ့၏။ ဖိနပ္မပါ၊ မည္သူ၏အေထာက္အပံ့မရွိဘဲ လက္ထဲတြင္ဓမၼသစ္က်မ္းကိုကိုင္လ်က္သူ၏သခင္အတြက္အေစခံရန္ခရီးထြက္ခဲ့၏။သူ၏ေဆာင္ပုဒ္မွာ “ငါျဖစ္ လွ်င္ငါတို႔သခင္ေယ႐ႈခရစ္၏လက္၀ါးကပ္တိုင္ေတာ္မွတပါးအဘယ္အရာမွ်၀ါႁကြားျခင္းမရွိပါေစႏွင့္။ ထုိလက္၀ါးကပ္တိုင္ေတာ္မွာဤေလာကအဘုိ႔႐ုိက္ထားျခင္းကိုခံလ်က္ရွိ၏။” (ဂလ၊ ၆: ၁၄)“ခရစ္ေတာ္သည္ငါ့ ကိုခ်စ္၍မိမိကိုယ္ကိုဆက္ကပ္ပူေဇာ္ခဲ့သလိုငါသည္လည္း ခရစ္ေတာ္ကိုခ်စ္လ်က္ငါ့အသက္တာကို ခရစ္ေတာ္ အတြက္ဆက္ကပ္ပူေဇာ္ရမယ္” ဟူ၍ေျပာေလ့ရွိ၏။

သူေတာ္စင္တစ္ဦးဘ၀
သူသည္ကေလးငယ္တစ္ဦးသာသာျဖစ္လင့္ကစား၊ သူ၏သခင္အတြက္ငတ္မြတ္ျခင္း အေအးဒဏ္မ်ား၊ ဖ်ားနာဒုကၡေ၀ဒနာမ်ားသာမက ေထာင္ခ်ျခင္းကိုပင္ခံစားခဲ့ရ၏။ တစ္ႏွစ္ၿပီးတစ္ႏွစ္ ပန္ဂ်ပ္၊ ကက္ရွမီးယား၊ အာဖဂန္နစ္စတန္၊ နီေပါ ႏွင့္တိဗက္ျပည္ရွိေတာင္ကုန္းေတာင္တန္းမ်ားကိုျဖတ္ေက်ာ္ကာ သခင္၏ေမတၱာေတာ္ ကိုမၾကားသိေသးသူမ်ားကိုၾကားေျပာရန္ခရီးထြက္ခဲ့၏။ မၾကာခဏဆိုသလိုပင္ ေႏွာင့္ယွက္ဆီးတားမႈ၊မုန္းတီးမႈ မ်ားကိုႀကံဳေတြ႔ခံစားခဲ့ရ၏။

မၾကာခဏဆုိသလို ႏွင္ထုတ္ခံခဲ့ရၿပီးေတာထဲ၌ဆာေလာင္ငတ္မြတ္လ်က္ညတာ အခ်ိန္ကုန္လြန္ခဲ့ရ၏။ ေအးခ်မ္းေသာေလႏွင့္မိုးဒဏ္မွအကာအကြယ္ရေစရန္လိုဏ္ဂူမ်ား၊ေျမတြင္းမ်ား၌ ခိုလႈံခဲ့ရ ၏။ တခါတရံေတာသားရဲေကာင္မ်ားႏွင့္ဂူတြင္း၌အတူအိပ္ခဲ့ရ၏။ တစ္ခုေသာနံနက္ခင္၌က်ားသစ္တစ္ေကာင္ အိပ္ေပ်ာ္ေနသည္ကုိသူေတြ႔ခဲ့ရ၏။ တစ္ခ်ိန္တြင္သူ႔အနားတြင္က်ားသစ္နက္တစ္ေကာင္ေတြ႔ခဲ့၏။

တစ္ေန႔နံနက္ ေစာေစာတြင္သူ၏ေစာင္ထဲ၌တစ္စုံတစ္ခုရွိေၾကာင္းခံစားမိၿပီးၾကည့္လိုက္ရာေႃမြေဟာက္ တစ္ေကာင္သည္ခိုလႈံ ရာႏွင့္ေႏြးေထြးမႈရရန္သူ၏နံေဘးတြင္ေနခဲ့ေၾကာင္းေတြ႔ခဲ့ရ၏။ ဟိမ၀ႏၱာေတာင္တန္းလမ္းခရီးမ်ားကိုျဖတ္ေက်ာ္ ရာ၌ပင္သူသည္ဖိနပ္မပါဘဲ သြားလာခဲ့ရာမၾကာခဏဆိုသလိုပင္ေက်ာက္ခဲမ်ား၊ ေရခဲတုံးမ်ားႏွင့္ထိခိုက္ပြန္းရိ ကာသူ၏ေျခမွေသြးမ်ားယုိစီးက်ဆင္းခဲ့ေပ၏။ ဤသုိ႔ျဖင့္သူ႔အား“ေျခေထာက္၌ေသြးယိုစီးေသာတမန္ေတာ္ ” အျဖစ္သိရွိလာခဲ့ၾက၏။

မၾကာခဏႏွိပ္စက္ညွင္းပန္းခံရသည့္ၾကားမွပင္သူ၏သည္းခံျခင္းႏွင့္၀မ္းေျမာက္ျခင္းကို ေတြ႔ရေသာေၾကာင့္ လူတုိ႔သည္သူ၏သတင္းစကားကိုလက္ခံခ်င္စိတ္ျဖစ္လာ၏။ သူသည္ရြာတစ္ရြာသိုသြား ေရာက္ကာသစ္တုံးတစ္တုံးေပၚ၌ထုိင္ၿပီးသီခ်င္းစတင္သီဆုိက်ဴးဧေတာ့၏။ မၾကာမီပင္လူအမ်ားစုေ၀းေရာက္ လာၿပီးသခင္ေယ႐ႈအါေၾကာင္းသူစတင္ေျပာေသာအ ခါေဒါသအမ်က္ထြက္ခဲ့ၾက၏။

က႐ုပီရမ္(Krupe Ram) ဆို သူကဆႏၵာဆင္းကိုရုတ္ တရက္ျပင္းထန္စြာထိုးႀကိတ္လိုက္ရာဆႏၵာဆင္းသည္ေျမသို႔လဲေခြက်သြား၏။ သူ႔လက္ ဖ်ားႏွင့္ မ်က္ႏွာကိုေက်ာက္တုံး မ်ားႏွင့္ဆြဲျခစ္ခဲ့၏။ ဆႏၵာဆင္းသည္မ်က္ႏွာမွေသြးယိုစီးက်ေနသည့္ၾကားမွပင္ ၿငိမ္သက္စြာမတ္တတ္ရပ္ကာသူ၏ရန္သူမ်ားအတြက္ဆုေတာင္းေပးၿပီးခရစ္ေတာ္၏ေမတၱာေတာ္အေၾကာင္း ကိုသူတို႔အားေျပာဆုိခဲ့၏။ ေနာင္အခါ က႐ူပီရမ္လည္းစိတ္ႏွလုံးေျပာင္းလဲၿပီးယုံၾကည္သူတစ္ဦးျဖစ္လာ၏။

တစ္ခ်ိန္တြင္ဓားျပမ်ားတိုက္ခုိ္က္လုယက္ျခင္းေၾကာင့္နာမည္ႀကီးေသာေတာအုပ္တစ္ခုအတြင္း ဆႏၵာဆင္းျဖတ္ေက်ာ္သြားစဥ္ဓားျပ(၄)ဦးရုတ္တရက္ေပၚလာၿပီးတစ္ေယာက္ကဓားတစ္လက္ျဖင့့္သူ႔အား သတ္ ရန္ေျပးလာ၏။ဆႏၵာဆင္းလည္းမၾကာမီအသက္ဆုံးေတာ့မည္ကုိေတြးမိၿပီးစတင္ဆုေတာင္းေတာ့၏။ ထိုဓားျပ လည္းရုတ္တရက္အံ့အားသင့္သြားၿပီးသင္ဘယ္သူလဲဟုေမးျမန္းစုံစမ္းေတာ့၏။ ဆႏၵာဆင္းကသူသည္ ခရစ္ယာန္ဆာဒူး (ဘုရားတရားကိုင္း႐ႈိင္းသူ)ျဖစ္ေၾကာင္းေျပာ ကာဓမၼသစ္က်မ္းမွ“သူေဌးႀကီးႏွင့္ ဆင္းရဲစား လာဇရု”အေၾကာင္းဖတ္ျပလိုက္ရာ ထိုသူသည္သူ႔အျပစ္ကိုသူျပန္ျမင္လာ၏။ သူသည္ဆႏၵာဆင္းကိုဂူတစ္ဂူသို႔ ေခၚေဆာင္သါားၿပီးလူ႔အရုိးပုံႀကီးကိုညႊန္ျပလ်က္ထိုအသတ္ခံရသူးမ်ား အားလုံးအတြက္သူ၌အျပစ္ရွိေၾကာင္းေျပာျပ၏။ ဆႏၵာဆင္းလည္းသူ႔အားခရစ္ေတာ္ထံမွအျပစ္လႊတ္ၿငိမ္းခ်မ္းသာျခင္းခြင့္ကိုလက္ခံရန္လမ္းျပပို႔ေဆာင္ခဲ့ ၏။

တိဗက္ျပည္၌
ဆႏၵာဆင္းသည္ ခရစ္ေတာ္အေၾကာင္းတစ္ခါမွ်မၾကားဘူးေသးသည့္ခက္ခဲၾကမ္းတမ္း၍ အႏၱရာယ္မ်ား ေသာအရပ္ေဒသမ်ားကိုတမင္သက္သက္ေရြးခ်ယ္ကာ ခရီးသြားခဲ့၏။သူ႔စိတ္ႏွလုံး၌အထူးသျဖင့္ တိဗက္ျပည္အ တြက္တမ္းတပူပန္ခဲ့၏။ တိဗက္ျပည္သည္အယူသည္းျခင္း၊ စုန္းကေ၀အတတ္ႏွင့္နတ္ဆုိးကိုေၾကာက္ရြံ႕ျခင္း၌ နစ္ျမွဳပ္ေနခဲ့၏။ လားမားေခၚ ဘာသာေရးေခါင္းေဆာင္မ်ား၏ဖိႏွိပ္ျခင္းကိုဆင္းရဲသားမ်ားခံစားခဲ့ရ၏။

ထိုျပည္ရွိ လူမ်ားမွာအျခားဘာသာ၀င္မ်ားျဖစ္ၿပီး ဘီးမ်ားကိုလည္ေစၿပီးဘီးေပၚတြင္ေရးထားေသာဆုေတာင္းခ်က္မ်ားအ တုိင္းဆုေတာင္းရန္(သုိ႔)အလံမ်ားေပၚတြင္ဆုေတာင္းခ်က္မ်ားေရးထားၿပီးေလထဲတြင္ေျမာက္ေနေသာ အလံမ်ား ေပၚရွိဆုေတာင္းခ်က္အတိုင္းသာဆုေတာင္းရန္ယုံၾကည္လ်က္ျပဳလုပ္ၾက၏။ ထိုသူမ်ားသည္ ခရစ္ေတာ္အ ေၾကာင္းတစ္ခါမွ်မၾကားဘူးခဲ့ေခ်။

ဆႏၵာဆင္းသည္တိဗက္ျပည္သို႔ႀကိမ္ဖန္မ်ားစြာသြားေရာက္ခဲ့၏။ တစ္ခ်ိန္တြင္ (၁၆၀၀၀)ေပျမင့္ၿပီးအေအးဓါတ္လြန္ကဲေနေသာအရပ္၌ေျမႀကီးေပၚ၌သာဆႏၵာဆင္းအိပ္စက္ခဲ့ရဖူး၏
ၿမိဳ႕တစ္ၿမိဳ႕၌သူတရားေဟာေနစဥ္သူ႔အားႏိုင္ငံျခားဘာသာေဟာေျပာျခင္းအတြက္ ဖမ္းဆီးခ်ဳပ္ေႏွာင္ခဲ့ ၏။သူ႔အ၀တ္အကႌ်မ်ားကုိဆုတ္ၿဖဲပစ္ၿပီး နက္႐ွဳိင္းေျခာက္ေသြ႔ေသာေရတြင္းတစ္ခုထဲသုိ႔သူ႔အားပစ္ခ်လိုက္၏။ အျခားလူမ်ားစြာကိုပစ္ခ်ခဲ့ေသာေရတြင္းျဖစ္ေသာေၾကာင့္ လူေသေကာင္အရုိုးခြံမ်ားစုပုံေနၿပီးပုပ္သိုးေဆြးေျမ႕နံ ေစာ္ေနေသာအသားမ်ားေပၚသို႔က်သြားခဲ့၏။

အနံ႔အသက္အလြန္ပုပ္သုိးနံေစာ္ေနၿပီးပစ္ခ်ခံရျခင္းေၾကာင့္လက္ ေမာင္းဒဏ္ရာရခဲ့ၿပီးျပင္းထန္စြာ နာက်င္ေ၀ဒနာလည္းခံစားခဲ့ရ၏။ အစာမရွိ၊ ေရမရွိ၊အိပ္၍မရဘဲ ထုိ္ေမွာင္မိုက္ ေနေသာတြင္းနက္ႀကီးထဲတြင္ (၃)ရက္မွ်ဒုကၡေ၀ဒနာခံစားခဲ့ရ၏။ တတိယညတြင္ဘုရားသခင္ထံသူဆုေတာင္း ေနစဥ္သူ႔ေခါင္းေပၚမွ စူးရွေသာအသံတစ္သံၾကားလုိက္ရၿပီးေရတြင္းအဖုံးတံခါးပြင့္ကာေအာက္သုိ႔ေလ်ာ့က်ထား ေသာႀကိဳးကို ကုိင္တြယ္ရန္ေျပာသံၾကားလုိက္ရ၏။ သူသည္ၾကားရေသာအသံအတုိင္းျပဳခဲ့ၿပီးမၾကာမီေရတြင္းျပင္ သို႔ေရာက္ရွိခဲ့၏။

သူ႔အားကူညီေသာလူစိမ္းသည္ေရတြင္းအဖုံးကိုပိတ္လိုက္ၿပီးေနာက္အေမွာင္ထဲ၀င္ေရာက္ ေပ်ာက္ကြယ္ သြား၏။ သူ႔အားဘုရားသခင္ကယ္တင္လိုက္ေၾကာင္းသိလိုက္၏။ သူ၌လုံေလာက္ေသာခြန္အားရွိ လွ်င္ရွိခ်င္း၊ ဆက္လက္၍တရားေဟာေျပာခဲ့ရာ၀ိညာဥ္ေရးရာဆာငတ္ေနသည့္ မ်ားစြာေသာလူမ်ား ကယ္တင္ ျခင္းေက်းဇူး ခံစားခဲ့ရ၏။

နီေပါျပည္၌
နီေပ ါျပည္သည္အိႏၵိယျပည္၏ေျမာက္ဖက္တြင္ရွိၿပီးဆႏၵာဆင္းေခတ္အခ်ိန္ကာလတြင္ ဧ၀ံေဂလိတရား တစ္ခါမွ်ေဟာေျပာခဲ့ဖူးျခင္းမရွိေသးေခ်။ ဧ၀ံေဂလိတရားေဟာေျပာျခင္းကိုထိုျပည္၌တားျမစ္ပိတ္ပင္ခဲ့၏။ ဆႏၵာဆင္းသည္နီေပါျပည္သို႔သြားေရာက္ကာဧ၀ံေဂလိတရားေဟာေျပာခဲ့၏။သူသည္ဖမ္းဆီးေထာင္ ခ်ခံခဲ့ရ၏။ ေထာင္အတြင္း၌အျခားအက်ဥး္ခံေနရေသာေထာင္သားမ်ားကိုခရစ္ေတာ္အၾကာင္းေျပာျပခဲ့၏။ ထို႔ေၾကာင့္သူ႔ အားေျမတုိက္ခန္းထဲ၌ပိတ္ေလွာင္ထားခဲ့၏။

ထိုအခန္း၌သူ႔အကႌ်အ၀တ္အစားမ်ားက္ိုခၽြတ္ၿပီးတိုင္တစ္တုိင္တြင္ သူ႔ေျခလက္မ်ားကိုခ်ည္ေႏွာင္ထား၏။ အလြန္ဆိုးရြြားေသာအနံ႔အသက္မ်ားရွိေသာေနရာျဖစ္၏။ စုထားေသာ ကၽြတ္ေကာင္မ်ားသည္သူ ႔ေသြးမ်ားကို စတင္စုပ္ယူေတာ့၏။ ဤကဲ့သုိ႔ဒုကၡေ၀ဒနာျပင္းထန္စြာခံစားရသည့္ၾကား မွဆႏၵာဆင္းသည္ဘုရားသခင္ထံဆုေတာင္းခဲ့ၿပီးခ်ီးမြမ္းသီခ်င္းမ်ားကိုသီဆိုခဲ့၏။ အာဏာပုိင္မ်ားက႐ူးသြားၿပီဟု ထင္ကာသူ႔ကိုလႊတ္လိုက္၏။

ကၽြတ္ေကာင္မ်ား၏ေသြးစုပ္ျခင္ဒဏ္ေၾကာင့္ သူအားနည္းသြားေသာ္လညး္ ၿမိဳ႕ထဲ သုိ႔ခ်က္ျခင္းသြားကာ စတင္တရားေဟာခဲ့၏။
ခပ္သိမ္းေသာဒုကၡဆင္းရဲျခင္းမ်ားၾကားမွပင္“ကၽြန္ေတာ့္ကယ္တင္ရွင္အတြက္ဒုကၡခံရတာကၽြန္ေတာ္၀မ္း မိပါတယ္” ဟုဆႏၵာဆင္းေျပာခဲ့၏။ ၀မ္းေျမာက္ျခင္းရဲ႕လွ်ဳိ၀ွက္ခ်က္ဟာဘာလဲ။“ကၽြႏ္ုပ္ေတြ႔ႀကဳံရေသာဒုကၡဆင္း ရဲမႈမ်ားႏွင့္ေပ်ာက္ဆုံး၀ိညာဥ္မ်ားအတြက္လုပ္ေဆာင္မႈမ်ားၾကား၌ခရစ္ေတာ္၏လက္၀ါးကပ္တိုင္သည္ ကၽြႏု္ပ္၏ ႏွစ္သိမ့္စရာအေၾကာင္း၊ ေျမွာ္လင့္စရာအေၾကာင္း၊ ၀ိညာဥ္္ေရးရာအားသစ္ေလာင္း ရာအေၾကာငး္ျဖစ္၏။” ခရစ္ေတာ္သည္ ကၽြႏု္ပ္အတြက္ေကာင္းကင္ဘုံကုိစြန္႔လႊတ္ၿပီး လက္၀ါးကပ္တုိင္၏၀န္ထုပ္ကုိယူေဆာင္ခဲ့လွ်င္ ကၽြႏု္ပ္သည္ ကုိယ့္လက္၀ါးကပ္တိုင္ကုိထမ္းကာကိုယ္ေတာ့္ အတြက္ေပ်ာက္ဆုံးေသာ၀ိညာဥ္မ်ားရရွိေစရန္လုပ္ ေဆာင္ျခင္း မွတပါးသာ၍ႀကီးျမတ္ေသာ အလုပ္မရွိေတာ့ၿပီ”ဟု သူေျပာခဲ့၏။
နီေပါျပည္၌ေထာင္ခ်ခံရေသာအေတြ႔ အႀကဳံကိုသူေျပာရာ “ခရစ္ေတာ္ႏွင့္အတူမ်က္ေမွာက္ေတာ္၌ အတူရွိေနျခင္းကကၽြႏ္ုပ္၏ေထာင္ကို မဂၤလာရွိ္ေသာ ေကာင္းကင္ အျဖစ္သုိ႔ေျပာင္းလဲေစခဲ့၏” ဟု၀န္ခံခဲ့၏။

ေလာကကိုစိမ္ေခၚျခင္း
မၾကာမီအခ်ိန္အတြင္းသူ၏ဒုကၡဆင္းရဲျခင္းမ်ားႏွင့္ထူးျခားေသာအေတြ႔အႀကဳံမ်ားေနရာအႏွံ႔ျပန္႔ႏွံ႔သြား ကာတစ္ကမၻာလုံးရွိခရစ္ယာန္မ်ားကအိႏၵိယျပည္၏တမန္ေတာ္ကိုစတင္ဂ႐ုစိုက္စိတ္၀င္းစားခဲ့ၾက၏။ အိႏၵိယ ျပည္အရပ္ရပ္မွခရစ္ယာန္မ်ားႏွင့္ျပည္သူျပည္သားမ်ားကလူထုၾကီးအားတရားေဟာေျပာရန္ သူ႔အားဖိတ္ေခၚ ခဲ့ၾက၏။ သူသြားခဲ့ေလရာရာတုိင္း၌ခရစ္ယာ္ မ်ားအားမိမိအလိုဆႏ ၵကိုျငင္းပယ္ကာလက္၀ါးကပ္တိုင္ထမ္း၍ သခင္ ခရစ္ေတာ္ေနာက္လိုက္ၾကရန္စိမ္ေခၚခဲ့၏။

သူ၏သာသနာျပဳစိမ္ေခၚခ်က္မ်ားကေျမာက္ျမားစြာေသာသူမ်ားအား ဆုေတာင္းျခင္းႏွင့္ဆက္ကပ္လုပ္ေဆာင္ျခင္းျပဳရန္ ႏိုးေဆာ္ႏိုင္ခဲ့၏။သူသည္သီရိလကၤာႏိုင္ငံ၊ ျမန္မာျပည္၊ မေလးရွားႏိုင္ငံ၊ တ႐ုတ္ႏိုင္ငံ၊ ဂ်ပန္ႏိုင္ငံမ်ားသို႔သာသနာခရီးျပဳခဲ့၏။ အေနာက္ဥေရာပႏိုင္ငံမ်ားႏွင့္ အဂၤလန္ ႏိုင္ငံ၊ အေမရိကန္ႏိုင္ငံ၊ ၾသစေတးလ်ႏိုင္ငံမ်ားသုိ႔လည္းသြားေရာက္ခဲ့။

သူသြားေလရာရာ၌ခရစ္ေတာ္ကဲ့သို႔ေသာအသက္တာျဖင့္ပုံသက္ေသျပရာလူတို႔ကအသိအမွတ္ျပဳခဲ့ၾက ၏။အစည္းေ၀းတစ္ခု၌ ဆႏၵာဆင္းအားရည္ညြန္းလ်က္ သမီးငယ္ေလးတစ္ဦးက“သူဟာခရစ္ေတာ္လား”ဟူ၍ ေမးျမန္းခဲ့ဖူး၏။ေပ်ာက္ဆုံး၀ိညာဥ္မ်ားကုိ ခ်စ္ေသာေမတၱာႏွင့္သန္႔ရွင္းေသာအသက္တာေၾကာင့္ဆႏၵာဆင္းသည္ အမွန္တကယ္သူ၏သခင္ႏွင့္တူခဲ့ျခင္းျဖစ္ေပသည္။

ေနာက္ဆုံးစကား
(၁၉၂၉)ခု၊ ဧၿပီလ (၁၈)ရက္ေန႔တြင္“ကၽြန္ေတာ္တိဗက္ျပည္ဒီေန႔သြားေတာ့မယ္။ ေဘးအႏၱရာယ္
နဲ႔ခက္ခဲမႈမ်ားစြာရွိတဲ့ခရီးစဥ္ျဖစ္ေပမဲ့၊ ကၽြန္ေတာ့္တာ၀န္ကိုေက်ႃပြန္ရန္ကၽြန္ေတာ္အေကာင္းဆုံး လုပ္ေဆာင္ရမယ္”ဟူ၍မိတ္ေဆြတစ္ဦးထံစာေရးခဲ့၏။ ေန႔ရက္မ်ားစြာၾကာ ေညာင္းသြားၿပီး သူျပန္လာသင့္ေသာ အခ်ိန္ျဖစ္ေသာ္လည္းသူျပန္လာျခင္းမရွိေခ်။ သူ႔ထံမွသတင္းစ ကားတစ္ခုမွ်မရခဲ့ေခ်။ တိဗက္ျပည္၌မာတုရ(အာဇာနည္)အျဖစ္ အသက္ဆုံးခဲ့ျခင္းျဖစ္ေသာ္ လည္းေကာင္း၊ ေတာင္တန္းမ်ားျဖတ္ေက်ာ္စဥ္ေခ်ာက္ကမ္းပါးေပးျပဳတ္ က်ေသဆံုး ျခင္းေသာ္လည္းေကာင္း၊ သူ႔ကိုယ္ခႏၶာကုိကၽြဲသားေရ အစိုျဖင့္ပတ္ကာေနပူ ထဲတြင္ထားၿပီးသားေရတြန္႔လိမ္ကာ အ႐ုိးေၾကမြေစေသာ နည္းျဖင့္အသတ္ ခံရျခင္းေသာ္လည္းေကာင္း ျဖစ္ခဲ့ေပမည္။ သူ၏နိဂုံးသည္မည္သို႔ပင္ျဖစ္ ေစကာမူ၊ အိႏိၵယျပည္၏တမန္ေတာ္ျဖစ္ေသာဆာဒူးဆႏၵာဆင္းသည္သူ၏ သရဖူကိုရရွိခဲ့ၿပီျဖစ္ေၾကာင္း ကၽြႏ္ုပ္ တုိ႔ယုံၾကည္စိတ္ခ်လ်က္ရွိေပသည္။
blog.shwecanaan.com

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...