0

ကျောက်ကွင်းဝါဒပြိုင်ပွဲ အနှစ်ချုပ် Reshare #9Dan Unicode & Zawgyi

 
ကျောက်ကွင်းဝါဒပြိုင်ပွဲ အနှစ်ချုပ်

Reshare #9Dan Unicode & Zawgyi
ကျောက်ကွင်းဝါဒပြိုင်ပွဲ အကြောင်း အနှစ်ချုပ်ဖေါ်ပြလိုပါသည်။ အကြောင်းမှာ အလင်းကိုဆောင့်မည့် မေးခွန်းများ ၂၅ ချက်သည် ကျောက်ကွင်းဝါဒပြိုင်ပွဲပါ ကြောင်းအရာများသာဖြစ်ပါသည်။

ကျောက်ကွင်းဝါဒပြိုင်ပွဲပါ အကြောင်းအရာ အနှစ်ချုပ်ကို ဖေါ်ပြပေးရပါက ကျောက်ကွင်း ရွာလေးတွင် ရွာလူကြီးသည် ဗုဒ္ဓဘာသာ၀င်ဖြစ်ပြီး ဇနီးဖြစ်သူမှာ ခရစ်ယာန် ဘာသာ၀င်ဖြစ်ပါသည်။ တစ်နေ့ လင်မယားခြင်း ဘာသာရေးဆွေးနွေးရမှ အဖြေမရ နိုင်ပဲ ရွာတွင်းရှိ ဘုန်းကြီးနှင့် သင်းအုပ်ဆရာအထိ ဆွေးနွေးဖို့ ဖြစ်လာသည်။ ထို့နောက် ရွာတွင်းရှိ ခရစ်ယာန်များက မိမိပြည်တွင်းရှိ အကောင်းဆုံး ဆရာကို ခေါ်ယူ ဆွေးနွေးစေရန်နှင့် ဗုဒ္ဓဘာသာဘက်မှလည်း အတော်ဆုံး ဘုန်းကြီး တစ်ပါးပါးကို ပင့်ဖိတ်ဆွေးနွေးစေဖို့ သဘောတူခဲ့သည်။ ထိုအတိုင်း ခရစ်ယာန်ဘက်မှ ဦးသာဒင်၊ ဗုဒ္ဓဘာသာဘက်မှ သျှင်ဥက္ကဌက ဆွေးနွေးခဲ့ကြပါသည်။ ၁၉၃၆ ခုနှစ်တွင် အမှန်တကယ်အကြီးအကြယ်ဖြစ်ခဲ့ပြီး အပြုသဘော နှင့် ဆွေးနွေးလျက် ပြီးဆုံးခဲ့ခြင်းသာလျှင်ဖြစ်ပါသည်။ ၁၉၆၀ ခန့်မှ သခင်မြတ်ဆိုင်က ထိုအကြောင်းအရာကို ပြန်လည်ရေးသားစာအုပ်ထုတ်ခဲ့ပြီး ၄င်းစာအုပ်ပါအတိုင်း ဘာသာကူးပြောင်းသွားကြသည် ဆိုသည့်တိုင် မဖြစ်ခဲ့ပါ။

၂။ (ခ) ကျောက်ကွင်းဝါဒပြိုင်ပွဲအား ပြန်လည်သုံးသပ်ခြင်း

ရှင်ဥက္ကဌဝါဒသည် ယနေ့ထေရဝါဒ မြန်မာနိုင်ငံတော်တွင် တရားဝင် ငြင်းပယ်ခြင်း ခံရပြီးဖြစ်သကဲ့သို့ ရှင်ဥက္ကဌကိုလည်း လူလိမ်စာရင်းသွင်းထားပြီး ဖြစ်သည်ကို ဦးစွာဖေါ်ပြလိုပါသည်။ သို့သော် ၄င်း၏ လုပ်ကြံ ဖေါ်ပြရေးသားမှုတို့ကို လေ့လာနိုင်ရန်အတွက် အနှစ်ချုပ်ဖြေရှင်းချက်ကို ဖေါ်ပြပေးလိုပါသည်။ အဘယ်ကြောင့် ဆိုသော် ခရစ်ယာန်တို့ ရှုံးနိမ့်သွားသည် ဆိုသည့် ကျောက်ကွင်းဝါဒပြိုင်ပွဲ စာအုပ်မှာ ယနေ့ လူတို့လက်ထဲ အတော်ရောက်ရှိနေပြီး အင်တာနက် စာမျက်နှာများတွင်လည်း ပြည့်နှက် နေသောကြောင့် ယနေ့ ယုံကြည် သူများ သိထားဖို့ရန် လိုအပ်ပါသည်။
ထိုဝါဒ ပြိုင်ပွဲမှာ ဖြစ်ခဲ့သည်မှန်သော်လည်း အပြုသဘောဖြင့် အပြန်အလှန်ဆွေးနွေးလျက် ပြီးဆုံး ခဲ့ခြင်း သာလျှင်ဖြစ်ကြောင်း သိရပါသည်။ ဘာသာပြောင်းသွားကြသည် ဆိုသည့်တိုင် မကြီးကျယ်ခဲ့ပါ။ ထိုဝါဒပြိုင်ပွဲကို အစပြုဖြစ်ပေါ်စေခဲ့သော ရွာသူကြီးဦးလှောင်၏ မြစ်ဖြစ်သူ ဆရာကျော်ကျော်မိုးမှာ ယနေ့ ခရစ်ယာန် စာဟောဆရာတော်ကြီးတစ်ပါးအဖြစ် အောင်ပင်လယ်သာသနာနယ်တွင် အမှုတော်ဆောင်လျက် ရှိနေပါသည်။

ထိုစာအုပ်ပါအကြောင်းအရာတို့ကို သုံးသပ်ကြည့်ပါက -
၁) ၄င်းဆွေးနွေးပွဲတွင် အပြန်အလှန်ဆွေးနွေးရန် စည်းကမ်းချက်ရှိသော်လည်း ညနေပိုင်းတွင် တစ်ဖက်တည်းမှ ဆွေးနွေးချက်များကိုသာဖေါ်ပြထားကာ အချိန်မရှိတော့ကြောင်းကို အကြောင်းပြလျက် ချေပမှု မပါရှိသော တစ်ဖက်သတ် ဆွေးနွေးထားသည့် မမျှတမှု၊
၂) သမ္မာကျမ်းစာကို ခေတ်အဆက်ဆက်ပြုပြင်ရေးသားထားသည်ဟု မဟုတ်မမှန် ဝေဖန်ရိုးစွပ်ထားမှု၊
၃) ဘုရားသည် ရက်စက်သောဘုရား၊ ချစ်ခြင်းမေတ္တာကင်းမဲ့သောဘုရား ဖြစ်ကြောင်း သမ္မာကျမ်းစာပါ ဘုရား၏ စီရင်ခြင်းများတို့ကို ဖေါ်ပြပြီး ဝေဖန်ခဲ့ရုံမျှမက ဘုရားကရက်စက်သည့်အတွက် ခရစ်ယာန်များလည်း ရက်စက်ကြောင်း မကောင်းသည့် ခရစ်ယာန်များတို့၏သမိုင်းအချို့တို့ကို ထောက်ပြကာ ဝေဖန်ထားသည့် သဘောထား သေးသိမ်မှု၊
၄) ကမ္ဘာကိုကြေညာမည့် ဘာသာကြီးတစ်ခုလုံးနှင့် ဆိုင်သော ဝေဖန်မှုကို ပြုလုပ်လိုသော်လည်း အရေးကြီးသည့် ကျမ်းစာကို ဖေါ်ပြရာတွင် ကြီးမားသောလွဲမှားမှု ဖြင့် အစပြုခဲ့ပါသည်။ အစအဦး၌ဘုရားက ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်း တော်မူပြီး ပထမနေ့မှာ အလင်းနှင့်အမှောင်ကို ဖန်ဆင်းထားသည်ဟု ကျမ်းစာ၌ ဖေါ်ပြထား သော်လည်း ပထမနေ့တွင် ဘုရားက ကောင်းကင်နှင့် မြေကြီးကိုဖန်ဆင်းသည်ဟု ဖေါ်ပြထားမှု၊
၅) သမ္မာကျမ်းစာ တော်မြတ်တွင် ကမ္ဘာအဆက်ဆက်၏ ဘုရားဟု ဖေါ်ပြထားသလို၊ မူလကမ္ဘာ၊ စာတန်ကြောင့် ပျက်စီးသွားသောကမ္ဘာနှင့် ပြန်လည်ပြုပြင် ဖန်ဆင်းထားသော ကမ္ဘာအဖြစ် ဖေါ်ပြထား သော်လည်း ၊ ကျမ်းစာအရ ကမ္ဘာကြီး၏သက်တမ်းမှာ နှစ်ပေါင်း ၆၀ဝ၀ ခန့်သာ ရှိသေးသည်ဟု ကျမ်းစာကို နားမလည်သော ဗဟုသုတအားနည်းမှု၊
၆) ဗျာဒိတ်ကျမ်းရှိကျမ်းပိုဒ် (၁း၁၄-၁၆) အထိဖေါ်ပြပြီး ဘုရား၏ပုံသဏ္ဍာန်ကို ကြောက်မက်ဖွယ် ကောင်းကြောင်း ကဲ့ရဲ့ကာ ထိုကျမ်းကို တဆက်တည်း အနက်ဖွင့်ထားသည့် မီးခွက်ခုနှစ်လုံးသည် အသင်းတော် ခုနှစ်ပါးဖြစ်၏ ဆိုသည့် အခန်းငယ် (၁၇-၂၀) ကို ဆက်လက်ဖေါ်မပြပဲ ချန်လှပ်ထားခဲ့သည့် မရိုးသားမှု၊
ရ) လူပုဂ္ဂိုလ်တစ်ဦး၏ ပြုခဲ့သောအမှုနှင့် အဆိုအမိန့်တို့ထက် မွေးနေ့ကို အတိအကျသိပါမှ အသိအမှတ် ပြုနိုင်မည်ဟူသော အမြင်ကျဉ်းမြောင်းမှုတို့ဖြစ်ပါသည်။ ယေရှု၏ မွေးနေ့နှင့်ပတ်သက်ပြီး အင်တာနက်တွင် အပြန်အလှန် ဆွေးနွေးထားမှုကို ဆက်လက်ဖေါ်ပြလိုပါသည်။

ယေရှု၏ မွေးနေ့-
ယေရှုသည် အေဒီနှင့် ဘီစီ တည်းဟူသောရာစုနှစ်ခုကို ပိုင်းခြားပေးခဲ့သည့် ပုဂ္ဂိုလ်ထူး ဖြစ်ပါသည်။ အမှန်သိလိုက အေဒီနှင့် ဘီစီ ကူးပြောင်း အချိန်ကာလကို တွက်ချက်ကြည့်လို့ရပါသည်။ လူတစ်ဦး၏ မွေးနေ့ကိုသိမှ အသိအမှတ်ပြုမည် ဆိုခြင်းထက် လူတစ်ဦး၏ ပြုခဲ့သော အမှုနှင့် အဆိုအမိန့်က အဓိကကျပါသည်။ ယေရှု၏မွေးနေ့ပွဲတော်တည်း ဟူသော ခရစ္စမတ်နေ့ကိုလည်း လူတို့ကျင်းပဖို့ ယေရှုကပညတ်ထားခြင်း မဟုတ်ပါ။ လူတို့ကသာ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုသည့်အနေဖြင့် ကျင်းပပြုလုပ် ကိုးကွယ် ကြခြင်းဖြစ်ပါသည်။ ရာသီဥတု အလွန်ချမ်းအေး သော အချိန်တွင် ယေရှုဖွါးမြင်သည်ကိုအစွဲပြုလျက် နိုင်ငံအလိုက် အချမ်း အေးဆုံးသော လကိုရွေးပြီး မွေးနေ့ပွဲတော်ကိုကျင်းပကြလို့ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကျင်းပပြုလုပ်သော လလည်းမတူညီကြပါ။
နောက်တစ်ချက်အနေနှင့် ဥပမာပေးရပါက ကျွန်တော့်အဖိုးသည် ရပ်ရွာအရေးတွင် ဦးဆောင်သူ ဖြစ်ကာ လူတိုင်း၏ကြည်ညို လေးစားခြင်း ခံရသော သူဖြစ်သကဲ့သို့ အဘိုးကောင်း ဖခင်ကောင်းလည်း ပီသသည့်အတွက် သားသမီးမြေးတိုင်းကလည်း အဖိုးကို ချစ်ကြပါသည်။ သို့သော် ကျွန်တော့အဖိုးသည် မွေးနေ့မပြောနှင့် သူ့မိဘကိုပင် သိခွင့်မရ လိုက်သော မိဘမဲ့တစ်ဦး ဖြစ်ပါသည်။ သေချာတာတစ်ခုက အဖိုးသည် လူ့လောကတွင် သက်ရှိထင်ရှားရှိကာ အများအကျိုးသယ်ပိုးခဲ့သူ တစ်ဦးလည်းဖြစ်ပါသည်။ ထိုအထဲမှ မြေးဖြစ်သည့် ကျွန်တော်က အဖိုးထံသွားပြီး အဖိုးရဲ့မွေးနေ့ကို ပြောပြပါ၊ ပြောမပြနိုင်လျှင် လူတို့အဘယ်မျှလောက်ပင် အသိအမှတ်ပြု လေးစားကြပါ လေစေ ကျွန်တော်ကတော့ အဖိုးဟု အသိအမှတ် မပြုနိုင်ဘူးဟုဆိုပါက ကျွန်တော် သည် အဘယ်ကဲ့သို့သောသူ ဖြစ်သွားမည်နည်း။
ထိုသို့ရှင်းပြသော်လည်း လက်မခံပါဘဲ မွေးနေ့အတိအကျကိုသာ သိရန်ထပ်မံတောင်းဆို လာသောကြောင့် ယေရှုသည် အေဒီ နှင့်ဘီစီ ကူးပြောင်း ကာလတွင် ဖွားမြင်ခဲ့ပါသည်။ သို့သော် ပညာရှင်များ၏ တွက်ချက်မှုမှာ လေးနှစ်တိမ်းစောင်း သွားလို့ ဘီစီလေး တွင် ယေရှု ဖွားမြင်ခဲ့ပါသည်။ ထိုအခါသူတို့က ဒါဟာလည်းမှန်းပြီး တွက်ချက်ထားခြင်း ဖြစ်လို့ ယေရှုရဲ့မွေးနေ့ မှန်ကန်ကြောင်း ပြောနိုင်ပါသလားဟု ထပ်မံမေးလာပြန်ပါသည်။ ထိုနေ့ရက် မမှန်ကန်ပါက ယနေ့ ကျွန်တော်တို့ လူသားတိုင်းတို့၏ မွေးနေ့လည်း မမှန်ကန်ကာ ပြက္ခဒိန်လည်း မမှန်ကန်တော့ ကြောင်း ထပ်မံ ရှင်းပြခဲ့ရပါသည်။
အမှန်ပြောရလျှင် ယေရှု၏မွေးနေ့ကို အဘယ်သူမျှ အတိအကျမသိကြပါ။ အေဒီ ၅၀ဝ ခန့်မှ ရောမဘုရင်၏ အမိန့်တော် အတိုင်း ရောမဘုန်းကြီးတစ်ပါးက ယေရှု ဖွားမြင်ချိန်ကို ခန့်မှန်း တွက်ချက်ပြီး စတင်အသုံးပြုလာခဲ့ခြင်း ဖြစ်ပါသည်။ ယေရှုသည် မွေးနေ့မပြောနှင့် မွေးဖွါးစဉ်အခါ ဖွါးမြင်ဖို့ပင်နေရာ မရှိသည့်အတွက် နွားတင်းကုတ်တွင် သွားရောက် မွေးဖွါးခဲ့ရပါသည်။ နောက်ဆုံးသေသော အခါတွင်လည်း သဂြိုဟ်ရန် သချိုင်းဂူမရှိသည့်အတွက် သူဌေးတစ်ဦး၏ ဂူတွင် သဂြိုဟ်ခံ ခဲ့ရသူ ဖြစ်ပါသည်။ သို့သော် ယနေ့လောကကြီးတွင် နေရာအရဆုံး ပုဂ္ဂိုလ်ဖြစ်နေသည်ကိုတော့ မည်သူမျှ ငြင်းနိုင်မည်မဟုတ်ပါ။
ဒါကိုလည်းသူတို့က လက်မခံဖြစ်ကာ သူတို့ကိုးကွယ်သည့် အရှင်သည် မွေးနေ့ရက်မြတ်ကို အတိအကျသိကြောင်း ဆိုပြီး ယေရှု၏ မွေးနေ့ကို ထပ်မံတောင်းဆိုလာပြန်ပါသည်။ ထို့ကြောင့် ကျွန်တော် ကလည်း ထိုနေ့ရက်တို့သည် ထိုအရှင်၏မွေးနေ့ အတိအကျ မှန်ကန်ကြောင်း အဘယ့်ကြောင့် ဆိုနိုင်ပါ သနည်း။ အဘယ့်ကြောင့်ဆိုသော ထိုအရှင်သည် မည်သည့်စာပေကျန်းဂန်တို့ကိုမျှ မထားခဲ့ပါ။ ထိုအရှင်၏ နောက်ပိုင်း ၄၅၈ နှစ်လွန်မှ ပြန်လည်ပြုစုရေးသားသော ကျမ်းတွင် မှတ်တမ်းတင်ထားသော နေ့ရက်များ ဖြစ်သည့်အတွက် ထိုအရှင်၏ မွေးနေ့အမှန်ဟု အတတ်ပြောနိုင်ပါတော့မည်လား။
ထို့ထက် မွေးမွေးခြင်း လမ်းလျှောက် စကားပြောကာ ငါသည် အကြီးမြတ်ဆုံး အဦးဆုံးဟု ကြွေးကြော်ခဲ့သည့် ယေရှုထက် သာလွန်သော အရှင်အား စံထားလျက် အေဒီနှင့်ဘီစီကို လူတို့က အဘယ့်ကြောင့် မပိုင်းခြားခဲ့ကြရပါသလဲဟု ပြန်လည်မေးခွန်း ထုတ်ခဲ့ရပါသည်။ ထိုအရှင်ကို စံထားလျက် တွက်လို့ရသည်ထား၊ ရကြောင်းကို အကြောင်းအကျိုးနှင့် ပြန်လည်ဆွေးနွေးပေးဖို့ မေးကြည့်သောအခါ အဖြေမပေးပါ။ ပုံပြင်ဘုရားနှင့် သမိုင်းဝင်ဘုရား မဟုတ်ပါလား။
သူတို့က ထိုအချိန်အခါသည် ကိုလိုနီခေတ်ရဲ့ ဆိုးကျိုးကြောင့် ခရစ်သက္ကရာဇ်ကို လူတို့ သုံးကြ ရခြင်းဟု ဆိုပြန်ပါသည်။ ယခုအခါ ကိုလိုနီခေတ်မဟုတ်တော့သလို ဂျပန်ခေတ်၊ နာဇီခေတ်လည်း မဟုတ်တော့ပါ။ သို့သော်သေချာတာ တစ်ခုက ခရစ်သက္ကရာဇ်ကိုသာ လူတို့သည် ကမ္ဘာကုန်ဆုံးသည့်တိုင် အသုံးပြုနေကြရအုံး မည်သာတည်း။
ကျမ်းစာက - ယေရှုသည် အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား အံ့ဩဖွယ်တိုင်ပင်ဖက် တန်ခိုးကြီးသောဘုရား ထာဝရအဘ ငြိမ်သက်ခြင်း အရှင်ဟုခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည်။ (ဟေရှာယ ၉း၆)
ဆွေးနွေးပွဲပါ အမှားများတို့ကို ကျွန်တော်မှ ဖေါ်ပြပြီး အဘယ့်ကြောင့် ထိုသို့ မဟုတ်မမှန် ယိုးစွပ်ရသနည်းဟု အင်တာနက်တွင် ပြန်လည် ပြောဆို ဆွေးနွေးသည့်အခါ ဝါဒပြိုင်တယ်ဆိုတာ အနိုင်ရဖို့က အဓိက ဟုသာ ကျွန်တော့ကိုပြန်လည် ရှင်းလင်းခဲ့ပါသည်။ တစ်ဆက်တည်း ထိုဝါဒပြိုင်ပွဲပါကျန်သော အချက်များကို ဆက်လက်ဖေါ်ပြပေးရပါက -

ယေရှုက ဓားကိုစေလွှတ်အံ့သောငှါ ငါလာသတည်း။ (မ ၁၀း၃၄)
အထက်ပါ ကျမ်းပိုဒ်ကို အစွဲပြုလျက် ယေရှုသည် လူသားတို့၏ ငြိမ်းချမ်းနေသော ကမ္ဘာလောကကို ဖျက်ဆီးဖို့ရန် ကြွလာကြောင်း အနက် ဖွင့်လျက် ယေရှုသည် စစ်ဖြင့် နယ်ချဲ့ဘာသာကို တည်ထောင်စေသော ပုဂ္ဂိုလ်တစ်ပါးအဖြစ် သွန်သင်လျက် ရှိနေကြပါသည်။ ထိုသူတို့ကပင် ဥပမာအနေဖြင့် ဆရာယုဒသန်၏ နောက်မှ စစ်တပ်များပါလာပြီး နယ်ချဲ့သွားကြောင်းကို သက်သေအနေဖြင့် သွန်သင်နေကြပါသည်။ အမှန်တော့ ဆရာယုဒသန်က အမေရိကန်ကပါ၊ နယ်ချဲ့သွားသည်က အင်္ဂလန်နိုင်ငံကသာလျှင်ဖြစ်ပါသည်။

ယေရှုသည် ငြိမ်သက်ခြင်း၏ အရှင် ငြိမ်းချမ်းရေး၏ အရှင်သခင် လည်းဖြစ်ပါသည်။ သို့ဆိုက အထက်မှာ ဝေဖန်ထားသကဲ့သို့ ယေရှုပြောသော ဓား ဆိုသည်မှာ ဘာကိုဆိုလိုသနည်းဟု သိဖို့ လိုအပ်ပါသည်။
ယေရှု၏ နောက်ဆုံးညစာစားပွဲတွင် တပည့်တော်တို့အား ဓားမရှိသောသူသည် အဝတ်ကိုရောင်း၍ ဓားကိုဝယ်စေဟူ၍ အမိန့် ပေးခဲ့ပါသေးသည်။ ထိုနေ့ည ယေရှုကိုဖမ်းဖို့ ရန်သူများ လာကြ ပါတော့မည်။ ထိုရန်သူများကို ခုခံဖို့နှင့် လက်နက်ဖြင့် သာသနာပြုကြဖို့ရန် ဆိုသည့် သဘောကိုဆိုခြင်းဖြစ်ပါသလား?
ထိုအခါ တမန်တော်များက ဓားနှစ်စင်းရှိ၏ ဟုလျှောက်သောအခါ ယေရှုက တန်ပြီ၊ လုံလောက်ပြီ ဟု ပြောခဲ့ပါသည်။ ယေရှုကို ဖမ်းစီးဖို့ရန်လာသော ရောမစစ်တပ်အား ထိုဓားနှစ်လက်ဖြင့် ခုခံဖို့ရန် လုံးဝမဖြစ် နိုင်ပါ။
ယေရှုဘုရား ကားတိုင်မတက်မီထိုနေ့ညမှာပင် ဂေသရှေမန်ဥယျဉ် အတွင်း ပေတရုက ယဇ်ပရောဟိတ်၏ ကျွန် မာလခုအား ဓားဖြင့်ခုတ်သဖြင့် နားရွက် ပြတ်သွားပါသည်။ ထိုနားရွက် ပြတ်သွားသော လူနာကို ယေရှုက ကုသပေးပြီး ]]ဓားကိုကိုင်သူရှိသမျှတို့သည် ဓားဖြင့် ဆုံးခြင်းသို့ ရောက်ကြ လိမ့်မည်}} ဟူသောစကားကို ပြောခဲ့ပါသည်။ ယေရှုက ဓားလက်နက် ဖြင့် ရန်သူကိုခုခံဖို့မသွန်သင်သကဲ့သို့ လက်နက်ဖြင့် သာသနာ ပြုဖို့ရန် လည်းမသွန်သင်ပါ။
ယေရှု ဒေသစာရီလှည့်လည်စဉ် ယေရှုကို လက်မခံသည့် ရှမာရိရွာအပေါ် တပည့်တော်များက အမျက်ဖြစ်လျက် ကောင်းကင်မှ မီးကျ၍ လောင်ကျွမ်း ဖျက်စီးပါရန် တပည့်တော်များက လျှောက်ထား ကြလျှင် ယေရှုက ငါသည် လူတို့အသက်ကို သတ်အံ့သောငှါ ကြွလာ သည်မဟုတ်၊ ကယ်တင် အံ့သောငှါကြွလာသည် ဟု ဆုံးမခဲ့ပါသေးသည်။ သင်တို့၏ ပါးတစ်ဘက် ကိုရိုက်လျှင် နောက်ပါးတစ်ဘက်ကို လှည့်ပေးဦး လော့၊ ရန်သူကိုချစ်လော့ ဟုလည်း ပညတ်ခဲ့ပါသည်။
ယေရှုပြောသော ဓား ဆိုသည်မှာ နှုတ်ကပတ်တော်တည်း ဟူသော ထာဝရ ဘုရား၏ သမ္မာတရားကို ဆောင်ထားကြဖို့ ဆိုခြင်း ဖြစ်ပါသည်။ မကြာမီ ယေရှုကို ဖမ်းဆီးလျက် သတ်ကြပါတော့မည်။ ယေရှုသည် တပည့်တော်များနှင့် ခွဲခွါရပါတော့မည်။ တပည့်တော်များလည်း အန္တရာယ် နှင့် ကြုံတွေ့ကြရပါတော့မည်၊ သူတို့နှင့်အတူ ယေရှုမရှိပေမည့် ယေရှု၏ တရားတော်တည်းဟူသော နှုတ်ကပတ်တော်ကတော့ ရှိနေလျက် သူတို့ကို ခွင့်လွှတ်သည်းခံခြင်းနှင့် ရန်သူတို့ကို မေတ္တာလက်နက်ဖြင့် ပြန်လည် တိုက်ခိုက်နိုင်ကြဖို့ ရန်အတွက်ဖြစ်ပါသည်။
ဘုရားသခင်၏ နှုတ်ကပတ်တည်းဟူသော ဝိညာဉ်တော်၏ ဓားကို၄င်း ယူကြလော့။ (ဧ ၆း၁၇) ဘုရားသခင်၏ နှုတ်ကပတ် တရားတော်သည် အသက်ရှင်ခြင်း တန်ခိုးနှင့်ပြုပြင်ခြင်း၊ သန်လျက်တကာ တို့ထက် ထက်ခြင်းနှင့်ပြည့်စုံသည်ဖြစ်၍ အသက်နှင့်စိတ်ဝိညာဉ်ကို၄င်း၊ အရိုးဆစ်နှင့်ခြင်ဆီကို၄င်း ပိုင်းခြား၍ ထုတ်ခြင်းခွင်း တတ်၏၊ စိတ်နှလုံးအကြံအစည်များကိုလည်း သိမြင်တတ်၏။ (ဟေဗြဲ ၄း၁၂)
မှန်ပါသည် ယေရှုနှင့် တမန်တော်များ၏ သာသနာပြုရာတွင် အသုံးပြုသော လက်နက်နှင့် ၄င်းတို့၏ သာသနာကို အောင်မြင်စေခဲ့သော လက်နက်မှာ သံလျက် တကာ တို့ထက် ထက်သော ဘုရား၏ နှုတ်ကပတ် တော်ဖြစ်သည့် ဓား ကြောင့်သာလျှင် ဖြစ်ပါသည်။ ယနေ့ ကျွန်ုပ် တို့ လူသားတိုင်း၏ ဘဝ အောင်မြင်ရေး အတွက် ထာဝရ ဘုရား၏ နှုတ်ကပတ်တော် ဖြစ်သည့် ဓား တည်းဟူသော သမ္မာကျမ်းစာတော်မြတ် ကို ဖတ်ရှုဆင်ခြင်လျက် လိုက်လျှောက် အသက်ရှင်ကြဖို့ ဘုရားက မှာကြားခဲ့ခြင်းသာလျှင် ဖြစ်ပါသည်။

ယေရှုက အချင်းချင်းကွဲပြားခြင်းငှါ ငါလာသတည်း - (မ ၁၀း၃၅)
အထက်ပါစကားတော်ကိုလည်း သာမန်အားဖြင့် နားမလည်နိုင်ပါ။ သမ္မာကျမ်းစာကို ဖတ်လျှင် ထိုခေတ်အချိန်အခါ၏ သမိုင်းကြောင်း ပထဝီ အနေအထား ဘာသာရေး ထုံးတမ်းစဉ်လာများကိုလည်း သိဖို့ လိုအပ် ပါသည်။
ထိုစကား၏ အဓိပ္ပါယ်မှာ ယေရှုသည် ဂျူးတို့စောင့်မျှော် နေသော မေရှိယ ဘုရားဖြစ်ကြောင်းကို ကြေညာလိုက်ခြင်းပင်ဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် ဂျူးများက ၄င်းတို့စောင့်မျှော်နေသော မေရှိယ ဘုရားကြွလာလျှင် ထိုဘုရား အား လက်ခံသူနှင့် လက်မခံသူဟူ၍ ၄င်းတို့ အချင်းချင်းငြင်းခုံ ကွဲပြားကြမည့် အကြောင်းကို သမ္မာကျမ်းစာတွင် ပရောဖက်ပြုထားသည့်အတွက် ၄င်းတို့ကိုယ်တိုင်က ကြိုတင်၍ သိထား ကြပါသည်။ (မိက္ခာ ၇း၆)
ထို့ကဲ့သို့ပင် ယေရှုအားဖြင့် ဂျူးတို့က ၄င်းတို့စောင့်မျှော်နေသော မေရှိယဘုရား ဟုတ်ခြင်း မဟုတ်ခြင်းနှင့် ပတ်သက်ပြီး ကွဲပြားနေကြသည့်အတွက် ယေရှုက ၄င်းတို့ စောင့်မျှော်နေသော မေရှိယဘုရားစစ် ဖြစ်ကြောင်းကို ဝန်ခံလိုက်ခြင်းပင်ဖြစ်ပါသည်။
ထို့ကြောင့် ယေရှုပြောသည့် စကား၏ အဓိပ္ပါယ်မှာ ယနေ့ တိုင်းရင်းသားများ ကွဲပြားဖို့ကို ဆိုလိုခြင်း မဟုတ်ဘဲ ထိုခေတ်ထိုအချိန်အခါရှိ ဂျူးတို့ကို ဆိုခြင်း ဖြစ်သကဲ့သို့ ယနေ့လူသားအားလုံး တို့အား လည်း ၄င်းသည် လူတို့စောင့်မျှော်နေသော ကယ်တင်ရှင်ဘုရား ဖြစ်ကြောင်းကို ဆိုနေခြင်းဖြစ်ပါသည်။

ယဇ်ပူဇော်တာ ဘုရားက အသွေးနဲ့ အသက်ကိုကြိုက်လို့လား၊ ထိုရက်စက် သောဘုရား ကိုကိုးကွယ်ထိုက် ပါရဲ့လား ?
ဘရားကလူကိုဖန်ဆင်းပြီး တိရိစ္ဆာန်နှင့်မတူသည့် ထိုအပင်၏ အသီးကို မစားရ ဟူသော ပညတ်တစ်ခုကို စောင့်ထိန်းဖို့ ပေးခဲ့ပါသည်။ ထိုပညတ်ကို ချိုးဖောက်ခဲ့သူက လူသားဖြစ်ပါသည်။ ဘုရားမဟုတ်ပါ။ စားသောနေ့တွင် သေရမည်ဟုလည်း လူကိုဘဲ ပညတ်ခဲ့ပါသည်။ သေရမည်ဆိုသည့် ခပ်သိမ်း သော ခန္ဓာတို့၏အသက်သည် အသွေး၌ တည်ပါသည်။ (ဝတ် ၁၈)
သင်သည်ယခု အသက်ရှင်ကျန်းမာနေပေမယ့် သင့်သွေးများကို ဖောက်ထုတ် လိုက်ပါက မည်သည့်ရောဂါမျှ မရှိပေမယ့် သေသွားပါ လိမ့်မည်။ အပြစ်ကို ဆေးကြော ပေးသော အရာမှာလည်း အသွေးအားဖြင့် သာလျှင်ဖြစ်ပါသည်။ အကြောင်းမှာ အပြစ်တရား၏အခ သေခြင်းဖြစ်လို့ ထိုသေခြင်းတည်းဟူသောအပြစ်ကို အသက် တည်ရာ အသွေးအားဖြင့်သာ ဆေးကြောနိုင်ပါသည်။ လူသည်မိမိကိုယ်ကို မကယ်တင်နိုင်သကဲ့သို့ သူတစ်ပါးအတွက်လည်း အသွေးဖြင့် အသက်ပေးလျက် ကယ်တင်နိုင်ခြင်း ငှါ မတတ်စွမ်းနိုင်ကြပါ။ လူတိုင်း အပြစ်သားများသာ ဖြစ်ကြသည့် အတွက်ကြောင့် ဖြစ်ပါသည်။
ဥပမာ အချုပ်သားအချင်းချင်း အာမခံပေးလို့မရပါ၊ အချုပ်ခန်း၏ ပြင်ပမှ ဥပဒေနှင့်လွတ်ကင်းသည့် အပြစ်မရှိ သူမှသာလျှင် အာမခံပေးလို့ ရပါသည်။ ထိုနည်း၄င်း လူသားများကိုကယ်တင်ဖို့ ဤအပြစ်သား တို့၏ လောကကမ္ဘာပြင်ပမှ အပြစ်ကင်းစင်သူယေရှုက လူ့ဇာတိခံယူ ခဲ့ပြီး လူသား အားလုံး အပြစ်ရဲ့ကိုယ်စား အသွေးသွန်းလျက် အသေခံခဲ့ခြင်းဖြစ် ပါသည်။ ကျွန်တော်တို့ နားလည်နိုင်သော စကားလုံးနှင့် သုံးနှုန်းရပါက ယတြာချေပေးခဲ့သည် ဟုလည်းဆိုနိုင်ပါသည်။
ယခုအခါယဇ်ပရောဟိတ်မှာ ယေရှုကိုယ်တိုင် ဖြစ်ပြီး ယဇ်ကောင်မှာလည်း ယေရှု ကိုယ်တော်တိုင်ပဲ ဖြစ်ပါသည်။ စစ်မှန်သော ယုံကြည်သူတို့အတွက် အပြစ်ခွင့်လွှတ်ခြင်းကာလမှာ ထာဝရဖြစ်ပါသည်။ ယေရှုဘုရား လောကသို့ကြွဆင်းမလာမီ ပညတ်တို့ကို ကျင့်စောင့်ရပြီး ယဇ်ပူဇော်ခြင်းအမှုကိုလည်း ပြုရပါသည်။ အပြစ် အနာအဆာကင်းသော တိရိစ္ဆာန်အပေါ် မိမိလက်ကိုတင်ပြီး အပြစ်ရှိသမျှတို့ကို ယဇ်ပရောဟိတ် ရှေ့မှောက်တွင် ဖေါ်ပြဝန်ချကာ မိမိအပြစ်ကိုယ်စား ထိုတိရိစ္ဆာန်က အသွေးသွန်း အသေခံပေးရပါသည်။ ထိုအချိန် အခါ ယဇ်ပရောဟိတ်မှာလူဖြစ်ပြီး ယဇ်ကောင်မှာ တိရိစ္ဆာန်ဖြစ်ပါသည်။ အပြစ် ခွင့်လွှတ်ခြင်း ကာလမှာ တစ်နှစ်ဖြစ်ပြီး ပညတ်တော်တို့ကို ကျူးလွန် မိသည့် အခါ အခါတိုင်းလည်း ယဇ်ပူဇော်ခြင်းအမှုကို ပြုလုပ်ရပါသည်။

ယေရှုကို ယုံကြည်သူသည် ထာဝရအပြစ်ခွင့်လွှတ်ခြင်းကို ခံရပြီဆိုလျှင် ဘုရားကို အဘယ့်ကြောင့် နေ့စဉ်အပြစ် ဝန်ချ တောင်းပန် နေရပါသေး သနည်း ?
ဘုရားကို နေ့စဉ်အပြစ်ဝန်ချတောင်းပန်ရခြင်း အကြောင်းမှာ ငရဲသို့မကျဖို့ တောင်းပန်ရခြင်းမျိုး မဟုတ်ပါဘဲ သားသမီးက မိဘကို တောင်းပန်သည့် သဘောမျိုးဖြင့် ဝန်ချတောင်းပန်ခြင်း ဖြစ်ပါသည်။ ဘုရားသားသမီးတို့သည် အပြစ်ကိုမပြုမိရန် အရေးကြီးပါသည်။ အပြစ် ပြုမိပါက ဘုရား၏ ပြစ်ဒဏ် ပေးခြင်းကို ခံရပါလိမ့်မည်။
ထိုကဲ့သို့ပြစ်ဒဏ် ပေးခြင်း ခံရခြင်းသည်ပင် မင်္ဂလာဟု ခံယူနိုင်ပါသည်၊ အကြောင်းမှာ အပြစ်ပြုပါလျက် ပြစ်ဒဏ်ပေးခြင်းမခံရသော သားသည် မင်းဦးမင်းလွင် ရသော သားဟု ကျမ်းစာက ဆိုထားပါသည်။ မင်းဦးမင်းလွင်သားတည်း ဟူသော သားစစ်မဟုတ်သူသည် ကောင်းကင်ဘုံသို့မရောက်ပါ။ အပြစ် ပြုမိပါက ဘုရား၏ ပြစ်ဒါဏ်ပေးခြင်းမှ လွတ်မြောက်ရန် မိမိအပြစ်ကို ဘုရားရှေ့တွင် ချက်ခြင်း ဖေါ်ပြ၊ ဝန်ချ၊ နောင်တရလျက် စွန့်ပစ် ရမည်ဖြစ်ပါသည်။ ထိုအခါသခင်ဘုရား၏ သနားခြင်းဂရုဏာဖြင့် အပြစ် ခွင့်လွှတ်ခြင်းကိုခံရပါလိမ့်မည်။

ဘုရားကို ကိုးကွယ်မှုပုံစံ။
ဖန်ဆင်းစက ဘုရားနှင့်လူ တိုက်ရိုက် ကိုးကွယ်မိဿဟာယဖွဲ့နိုင်ခဲ့ သော်လည်း အပြစ်တရား ဝင်လာပြီးနောက် အပြစ်သားနှင့် သန့်ရှင်းသော ဘုရားကြား အပြစ်ဖြေရာ ယဇ်ပလ္လင်ဖြင့်တဆင့်ခံ ကိုးကွယ်ရပါသည်။ ထိုမှတဆင့် ဘီစီ ၁၅၀ဝ ခန့်မောရှေလက်ထက်တွင် တဲတော်ဖြင့်၄င်း၊ ဘီစီ ၁၀ဝ၀ ခန့် ရှောလမုန်မင်းကြီးလက်ထက်တွင် ဗိမာန်တော်အားဖြင့်၄င်း ကိုးကွယ်လာခဲ့ ကြပါသည်။ ယခုအခါ ယေရှုအားဖြင့် ဘုရားနှင့် တိုက်ရိုက် ကိုးကွယ်ခွင့် ရကြပြီဖြစ်ပြီး ယုံကြည်သူတိုင်းတို့၏ နှလုံးသားအတွင်း၌ ဘုရားက ဝိညာဉ်တော် အားဖြင့် ကျိန်းဝပ်ပါသည်။ (၁ကော ၃း၁၆)
ယေရှုဘုရား လောကသို့ ပထမအကြိမ် ကြွဆင်းမလာမှီ အထူးရွေးချယ်ခံရ သူများအပေါ် သန့်ရှင်းသောဝိညာဉ်သွန်းလောင်းပြီး ထိုသူတို့မှတဆင့် ဘုရားက အလုပ်လုပ်ခဲ့ သော်လည်း ယခုအခါ ယေရှုကို မှန်ကန်စွာ ယုံကြည် သူတိုင်း သန့်ရှင်းသော ဝိညာဉ်တော်ကို ခံယူနိုင်ကြပြီဖြစ်ပါသည်။ ထိုသူ၏ ခန္ဓာကိုယ်ကို ဘုရားက ဗိမာန်တော်အဖြစ် အသုံးပြုလျက် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ကျိန်းဝပ် တော်မူ၏။ ထို့ကြောင့် ယုံကြည်သူသည် ဘုရားနှင့် ဘုရား၏ တန်ခိုးတော် တို့ကို၄င်း ၊ ဘုရား၏ ကောင်းမြတ်ခြင်းနှင့် ကယ်တင်ခြင်း တရားတော်တို့ကို ၄င်း သယ်ဆောင်သူ ဘုရား၏ သက်သေများ ဖြစ်ကြပါသည်။

ကျောက်ကွင်းဝါဒပြိုင်ပွဲတွင် ပါရှိသော မေးခွန်းနှင့် ဆွေးနွေးချက်များအတွက် အဖြေများတို့ကို ခရစ်ယာန် ဘာသာဝင်တို့အတွက် အမြင်မရှင်းသည့် မေးခွန်း ၂၅ ချက်ပါ အကြောင်းအရာများသာဖြစ်ပါသည်

Shwe Pay

ေက်ာက္ကြင္းဝါဒၿပိဳင္ပြဲ အႏွစ္ခ်ဳပ္

Reshare #9Dan Unicode & Zawgyi
ေက်ာက္ကြင္းဝါဒၿပိဳင္ပြဲ အေၾကာင္း အႏွစ္ခ်ဳပ္ေဖၚျပလိုပါသည္။ အေၾကာင္းမွာ အလင္းကိုေဆာင့္မည့္ ေမးခြန္းမ်ား ၂၅ ခ်က္သည္ ေက်ာက္ကြင္းဝါဒၿပိဳင္ပြဲပါ ေၾကာင္းအရာမ်ားသာျဖစ္ပါသည္။

ေက်ာက္ကြင္းဝါဒၿပိဳင္ပြဲပါ အေၾကာင္းအရာ အႏွစ္ခ်ဳပ္ကို ေဖၚျပေပးရပါက ေက်ာက္ကြင္း ႐ြာေလးတြင္ ႐ြာလူႀကီးသည္ ဗုဒၶဘာသာ၀င္ျဖစ္ၿပီး ဇနီးျဖစ္သူမွာ ခရစ္ယာန္ ဘာသာ၀င္ျဖစ္ပါသည္။ တစ္ေန႔ လင္မယားျခင္း ဘာသာေရးေဆြးေႏြးရမွ အေျဖမရ ႏိုင္ပဲ ႐ြာတြင္းရွိ ဘုန္းႀကီးႏွင့္ သင္းအုပ္ဆရာအထိ ေဆြးေႏြးဖို႔ ျဖစ္လာသည္။ ထို႔ေနာက္ ႐ြာတြင္းရွိ ခရစ္ယာန္မ်ားက မိမိျပည္တြင္းရွိ အေကာင္းဆုံး ဆရာကို ေခၚယူ ေဆြးေႏြးေစရန္ႏွင့္ ဗုဒၶဘာသာဘက္မွလည္း အေတာ္ဆုံး ဘုန္းႀကီး တစ္ပါးပါးကို ပင့္ဖိတ္ေဆြးေႏြးေစဖို႔ သေဘာတူခဲ့သည္။ ထိုအတိုင္း ခရစ္ယာန္ဘက္မွ ဦးသာဒင္၊ ဗုဒၶဘာသာဘက္မွ သွ်င္ဥကၠဌက ေဆြးေႏြးခဲ့ၾကပါသည္။ ၁၉၃၆ ခုႏွစ္တြင္ အမွန္တကယ္အႀကီးအၾကယ္ျဖစ္ခဲ့ၿပီး အျပဳသေဘာ ႏွင့္ ေဆြးေႏြးလ်က္ ၿပီးဆုံးခဲ့ျခင္းသာလွ်င္ျဖစ္ပါသည္။ ၁၉၆၀ ခန္႔မွ သခင္ျမတ္ဆိုင္က ထိုအေၾကာင္းအရာကို ျပန္လည္ေရးသားစာအုပ္ထုတ္ခဲ့ၿပီး ၄င္းစာအုပ္ပါအတိုင္း ဘာသာကူးေျပာင္းသြားၾကသည္ ဆိုသည့္တိုင္ မျဖစ္ခဲ့ပါ။

၂။ (ခ) ေက်ာက္ကြင္းဝါဒၿပိဳင္ပြဲအား ျပန္လည္သုံးသပ္ျခင္း

ရွင္ဥကၠဌဝါဒသည္ ယေန႔ေထရဝါဒ ျမန္မာႏိုင္ငံေတာ္တြင္ တရားဝင္ ျငင္းပယ္ျခင္း ခံရၿပီးျဖစ္သကဲ့သို႔ ရွင္ဥကၠဌကိုလည္း လူလိမ္စာရင္းသြင္းထားၿပီး ျဖစ္သည္ကို ဦးစြာေဖၚျပလိုပါသည္။ သို႔ေသာ္ ၄င္း၏ လုပ္ႀကံ ေဖၚျပေရးသားမႈတို႔ကို ေလ့လာႏိုင္ရန္အတြက္ အႏွစ္ခ်ဳပ္ေျဖရွင္းခ်က္ကို ေဖၚျပေပးလိုပါသည္။ အဘယ္ေၾကာင့္ ဆိုေသာ္ ခရစ္ယာန္တို႔ ရႈံးနိမ့္သြားသည္ ဆိုသည့္ ေက်ာက္ကြင္းဝါဒၿပိဳင္ပြဲ စာအုပ္မွာ ယေန႔ လူတို႔လက္ထဲ အေတာ္ေရာက္ရွိေနၿပီး အင္တာနက္ စာမ်က္ႏွာမ်ားတြင္လည္း ျပည့္ႏွက္ ေနေသာေၾကာင့္ ယေန႔ ယုံၾကည္ သူမ်ား သိထားဖို႔ရန္ လိုအပ္ပါသည္။
ထိုဝါဒ ၿပိဳင္ပြဲမွာ ျဖစ္ခဲ့သည္မွန္ေသာ္လည္း အျပဳသေဘာျဖင့္ အျပန္အလွန္ေဆြးေႏြးလ်က္ ၿပီးဆုံး ခဲ့ျခင္း သာလွ်င္ျဖစ္ေၾကာင္း သိရပါသည္။ ဘာသာေျပာင္းသြားၾကသည္ ဆိုသည့္တိုင္ မႀကီးက်ယ္ခဲ့ပါ။ ထိုဝါဒၿပိဳင္ပြဲကို အစျပဳျဖစ္ေပၚေစခဲ့ေသာ ႐ြာသူႀကီးဦးေလွာင္၏ ျမစ္ျဖစ္သူ ဆရာေက်ာ္ေက်ာ္မိုးမွာ ယေန႔ ခရစ္ယာန္ စာေဟာဆရာေတာ္ႀကီးတစ္ပါးအျဖစ္ ေအာင္ပင္လယ္သာသနာနယ္တြင္ အမႈေတာ္ေဆာင္လ်က္ ရွိေနပါသည္။

ထိုစာအုပ္ပါအေၾကာင္းအရာတို႔ကို သုံးသပ္ၾကည့္ပါက -
၁) ၄င္းေဆြးေႏြးပြဲတြင္ အျပန္အလွန္ေဆြးေႏြးရန္ စည္းကမ္းခ်က္ရွိေသာ္လည္း ညေနပိုင္းတြင္ တစ္ဖက္တည္းမွ ေဆြးေႏြးခ်က္မ်ားကိုသာေဖၚျပထားကာ အခ်ိန္မရွိေတာ့ေၾကာင္းကို အေၾကာင္းျပလ်က္ ေခ်ပမႈ မပါရွိေသာ တစ္ဖက္သတ္ ေဆြးေႏြးထားသည့္ မမွ်တမႈ၊
၂) သမၼာက်မ္းစာကို ေခတ္အဆက္ဆက္ျပဳျပင္ေရးသားထားသည္ဟု မဟုတ္မမွန္ ေဝဖန္႐ိုးစြပ္ထားမႈ၊
၃) ဘုရားသည္ ရက္စက္ေသာဘုရား၊ ခ်စ္ျခင္းေမတၱာကင္းမဲ့ေသာဘုရား ျဖစ္ေၾကာင္း သမၼာက်မ္းစာပါ ဘုရား၏ စီရင္ျခင္းမ်ားတို႔ကို ေဖၚျပၿပီး ေဝဖန္ခဲ့႐ုံမွ်မက ဘုရားကရက္စက္သည့္အတြက္ ခရစ္ယာန္မ်ားလည္း ရက္စက္ေၾကာင္း မေကာင္းသည့္ ခရစ္ယာန္မ်ားတို႔၏သမိုင္းအခ်ိဳ႕တို႔ကို ေထာက္ျပကာ ေဝဖန္ထားသည့္ သေဘာထား ေသးသိမ္မႈ၊
၄) ကမာၻကိုေၾကညာမည့္ ဘာသာႀကီးတစ္ခုလုံးႏွင့္ ဆိုင္ေသာ ေဝဖန္မႈကို ျပဳလုပ္လိုေသာ္လည္း အေရးႀကီးသည့္ က်မ္းစာကို ေဖၚျပရာတြင္ ႀကီးမားေသာလြဲမွားမႈ ျဖင့္ အစျပဳခဲ့ပါသည္။ အစအဦး၌ဘုရားက ေကာင္းကင္ႏွင့္ ေျမႀကီးကို ဖန္ဆင္း ေတာ္မူၿပီး ပထမေန႔မွာ အလင္းႏွင့္အေမွာင္ကို ဖန္ဆင္းထားသည္ဟု က်မ္းစာ၌ ေဖၚျပထား ေသာ္လည္း ပထမေန႔တြင္ ဘုရားက ေကာင္းကင္ႏွင့္ ေျမႀကီးကိုဖန္ဆင္းသည္ဟု ေဖၚျပထားမႈ၊
၅) သမၼာက်မ္းစာ ေတာ္ျမတ္တြင္ ကမာၻအဆက္ဆက္၏ ဘုရားဟု ေဖၚျပထားသလို၊ မူလကမာၻ၊ စာတန္ေၾကာင့္ ပ်က္စီးသြားေသာကမာၻႏွင့္ ျပန္လည္ျပဳျပင္ ဖန္ဆင္းထားေသာ ကမာၻအျဖစ္ ေဖၚျပထား ေသာ္လည္း ၊ က်မ္းစာအရ ကမာၻႀကီး၏သက္တမ္းမွာ ႏွစ္ေပါင္း ၆၀ဝ၀ ခန္႔သာ ရွိေသးသည္ဟု က်မ္းစာကို နားမလည္ေသာ ဗဟုသုတအားနည္းမႈ၊
၆) ဗ်ာဒိတ္က်မ္းရွိက်မ္းပိုဒ္ (၁း၁၄-၁၆) အထိေဖၚျပၿပီး ဘုရား၏ပုံသ႑ာန္ကို ေၾကာက္မက္ဖြယ္ ေကာင္းေၾကာင္း ကဲ့ရဲ႕ကာ ထိုက်မ္းကို တဆက္တည္း အနက္ဖြင့္ထားသည့္ မီးခြက္ခုႏွစ္လုံးသည္ အသင္းေတာ္ ခုႏွစ္ပါးျဖစ္၏ ဆိုသည့္ အခန္းငယ္ (၁၇-၂၀) ကို ဆက္လက္ေဖၚမျပပဲ ခ်န္လွပ္ထားခဲ့သည့္ မ႐ိုးသားမႈ၊
ရ) လူပုဂၢိဳလ္တစ္ဦး၏ ျပဳခဲ့ေသာအမႈႏွင့္ အဆိုအမိန္႔တို႔ထက္ ေမြးေန႔ကို အတိအက်သိပါမွ အသိအမွတ္ ျပဳႏိုင္မည္ဟူေသာ အျမင္က်ဥ္းေျမာင္းမႈတို႔ျဖစ္ပါသည္။ ေယရႈ၏ ေမြးေန႔ႏွင့္ပတ္သက္ၿပီး အင္တာနက္တြင္ အျပန္အလွန္ ေဆြးေႏြးထားမႈကို ဆက္လက္ေဖၚျပလိုပါသည္။

ေယရႈ၏ ေမြးေန႔-
ေယရႈသည္ ေအဒီႏွင့္ ဘီစီ တည္းဟူေသာရာစုႏွစ္ခုကို ပိုင္းျခားေပးခဲ့သည့္ ပုဂၢိဳလ္ထူး ျဖစ္ပါသည္။ အမွန္သိလိုက ေအဒီႏွင့္ ဘီစီ ကူးေျပာင္း အခ်ိန္ကာလကို တြက္ခ်က္ၾကည့္လို႔ရပါသည္။ လူတစ္ဦး၏ ေမြးေန႔ကိုသိမွ အသိအမွတ္ျပဳမည္ ဆိုျခင္းထက္ လူတစ္ဦး၏ ျပဳခဲ့ေသာ အမႈႏွင့္ အဆိုအမိန္႔က အဓိကက်ပါသည္။ ေယရႈ၏ေမြးေန႔ပြဲေတာ္တည္း ဟူေသာ ခရစၥမတ္ေန႔ကိုလည္း လူတို႔က်င္းပဖို႔ ေယရႈကပညတ္ထားျခင္း မဟုတ္ပါ။ လူတို႔ကသာ ဂုဏ္ျပဳထိုက္သူကို ဂုဏ္ျပဳသည့္အေနျဖင့္ က်င္းပျပဳလုပ္ ကိုးကြယ္ ၾကျခင္းျဖစ္ပါသည္။ ရာသီဥတု အလြန္ခ်မ္းေအး ေသာ အခ်ိန္တြင္ ေယရႈဖြါးျမင္သည္ကိုအစြဲျပဳလ်က္ ႏိုင္ငံအလိုက္ အခ်မ္း ေအးဆုံးေသာ လကိုေ႐ြးၿပီး ေမြးေန႔ပြဲေတာ္ကိုက်င္းပၾကလို႔ တစ္ႏိုင္ငံႏွင့္ တစ္ႏိုင္ငံ က်င္းပျပဳလုပ္ေသာ လလည္းမတူညီၾကပါ။
ေနာက္တစ္ခ်က္အေနႏွင့္ ဥပမာေပးရပါက ကြၽန္ေတာ့္အဖိုးသည္ ရပ္႐ြာအေရးတြင္ ဦးေဆာင္သူ ျဖစ္ကာ လူတိုင္း၏ၾကည္ညိဳ ေလးစားျခင္း ခံရေသာ သူျဖစ္သကဲ့သို႔ အဘိုးေကာင္း ဖခင္ေကာင္းလည္း ပီသသည့္အတြက္ သားသမီးေျမးတိုင္းကလည္း အဖိုးကို ခ်စ္ၾကပါသည္။ သို႔ေသာ္ ကြၽန္ေတာ့အဖိုးသည္ ေမြးေန႔မေျပာႏွင့္ သူ႔မိဘကိုပင္ သိခြင့္မရ လိုက္ေသာ မိဘမဲ့တစ္ဦး ျဖစ္ပါသည္။ ေသခ်ာတာတစ္ခုက အဖိုးသည္ လူ႔ေလာကတြင္ သက္ရွိထင္ရွားရွိကာ အမ်ားအက်ိဳးသယ္ပိုးခဲ့သူ တစ္ဦးလည္းျဖစ္ပါသည္။ ထိုအထဲမွ ေျမးျဖစ္သည့္ ကြၽန္ေတာ္က အဖိုးထံသြားၿပီး အဖိုးရဲ႕ေမြးေန႔ကို ေျပာျပပါ၊ ေျပာမျပႏိုင္လွ်င္ လူတို႔အဘယ္မွ်ေလာက္ပင္ အသိအမွတ္ျပဳ ေလးစားၾကပါ ေလေစ ကြၽန္ေတာ္ကေတာ့ အဖိုးဟု အသိအမွတ္ မျပဳႏိုင္ဘူးဟုဆိုပါက ကြၽန္ေတာ္ သည္ အဘယ္ကဲ့သို႔ေသာသူ ျဖစ္သြားမည္နည္း။
ထိုသို႔ရွင္းျပေသာ္လည္း လက္မခံပါဘဲ ေမြးေန႔အတိအက်ကိုသာ သိရန္ထပ္မံေတာင္းဆို လာေသာေၾကာင့္ ေယရႈသည္ ေအဒီ ႏွင့္ဘီစီ ကူးေျပာင္း ကာလတြင္ ဖြားျမင္ခဲ့ပါသည္။ သို႔ေသာ္ ပညာရွင္မ်ား၏ တြက္ခ်က္မႈမွာ ေလးႏွစ္တိမ္းေစာင္း သြားလို႔ ဘီစီေလး တြင္ ေယရႈ ဖြားျမင္ခဲ့ပါသည္။ ထိုအခါသူတို႔က ဒါဟာလည္းမွန္းၿပီး တြက္ခ်က္ထားျခင္း ျဖစ္လို႔ ေယရႈရဲ႕ေမြးေန႔ မွန္ကန္ေၾကာင္း ေျပာႏိုင္ပါသလားဟု ထပ္မံေမးလာျပန္ပါသည္။ ထိုေန႔ရက္ မမွန္ကန္ပါက ယေန႔ ကြၽန္ေတာ္တို႔ လူသားတိုင္းတို႔၏ ေမြးေန႔လည္း မမွန္ကန္ကာ ျပကၡဒိန္လည္း မမွန္ကန္ေတာ့ ေၾကာင္း ထပ္မံ ရွင္းျပခဲ့ရပါသည္။
အမွန္ေျပာရလွ်င္ ေယရႈ၏ေမြးေန႔ကို အဘယ္သူမွ် အတိအက်မသိၾကပါ။ ေအဒီ ၅၀ဝ ခန္႔မွ ေရာမဘုရင္၏ အမိန္႔ေတာ္ အတိုင္း ေရာမဘုန္းႀကီးတစ္ပါးက ေယရႈ ဖြားျမင္ခ်ိန္ကို ခန္႔မွန္း တြက္ခ်က္ၿပီး စတင္အသုံးျပဳလာခဲ့ျခင္း ျဖစ္ပါသည္။ ေယရႈသည္ ေမြးေန႔မေျပာႏွင့္ ေမြးဖြါးစဥ္အခါ ဖြါးျမင္ဖို႔ပင္ေနရာ မရွိသည့္အတြက္ ႏြားတင္းကုတ္တြင္ သြားေရာက္ ေမြးဖြါးခဲ့ရပါသည္။ ေနာက္ဆုံးေသေသာ အခါတြင္လည္း သၿဂိဳဟ္ရန္ သခ်ိဳင္းဂူမရွိသည့္အတြက္ သူေဌးတစ္ဦး၏ ဂူတြင္ သၿဂိဳဟ္ခံ ခဲ့ရသူ ျဖစ္ပါသည္။ သို႔ေသာ္ ယေန႔ေလာကႀကီးတြင္ ေနရာအရဆုံး ပုဂၢိဳလ္ျဖစ္ေနသည္ကိုေတာ့ မည္သူမွ် ျငင္းႏိုင္မည္မဟုတ္ပါ။
ဒါကိုလည္းသူတို႔က လက္မခံျဖစ္ကာ သူတို႔ကိုးကြယ္သည့္ အရွင္သည္ ေမြးေန႔ရက္ျမတ္ကို အတိအက်သိေၾကာင္း ဆိုၿပီး ေယရႈ၏ ေမြးေန႔ကို ထပ္မံေတာင္းဆိုလာျပန္ပါသည္။ ထို႔ေၾကာင့္ ကြၽန္ေတာ္ ကလည္း ထိုေန႔ရက္တို႔သည္ ထိုအရွင္၏ေမြးေန႔ အတိအက် မွန္ကန္ေၾကာင္း အဘယ့္ေၾကာင့္ ဆိုႏိုင္ပါ သနည္း။ အဘယ့္ေၾကာင့္ဆိုေသာ ထိုအရွင္သည္ မည္သည့္စာေပက်န္းဂန္တို႔ကိုမွ် မထားခဲ့ပါ။ ထိုအရွင္၏ ေနာက္ပိုင္း ၄၅၈ ႏွစ္လြန္မွ ျပန္လည္ျပဳစုေရးသားေသာ က်မ္းတြင္ မွတ္တမ္းတင္ထားေသာ ေန႔ရက္မ်ား ျဖစ္သည့္အတြက္ ထိုအရွင္၏ ေမြးေန႔အမွန္ဟု အတတ္ေျပာႏိုင္ပါေတာ့မည္လား။
ထို႔ထက္ ေမြးေမြးျခင္း လမ္းေလွ်ာက္ စကားေျပာကာ ငါသည္ အႀကီးျမတ္ဆုံး အဦးဆုံးဟု ေႂကြးေၾကာ္ခဲ့သည့္ ေယရႈထက္ သာလြန္ေသာ အရွင္အား စံထားလ်က္ ေအဒီႏွင့္ဘီစီကို လူတို႔က အဘယ့္ေၾကာင့္ မပိုင္းျခားခဲ့ၾကရပါသလဲဟု ျပန္လည္ေမးခြန္း ထုတ္ခဲ့ရပါသည္။ ထိုအရွင္ကို စံထားလ်က္ တြက္လို႔ရသည္ထား၊ ရေၾကာင္းကို အေၾကာင္းအက်ိဳးႏွင့္ ျပန္လည္ေဆြးေႏြးေပးဖို႔ ေမးၾကည့္ေသာအခါ အေျဖမေပးပါ။ ပုံျပင္ဘုရားႏွင့္ သမိုင္းဝင္ဘုရား မဟုတ္ပါလား။
သူတို႔က ထိုအခ်ိန္အခါသည္ ကိုလိုနီေခတ္ရဲ႕ ဆိုးက်ိဳးေၾကာင့္ ခရစ္သကၠရာဇ္ကို လူတို႔ သုံးၾက ရျခင္းဟု ဆိုျပန္ပါသည္။ ယခုအခါ ကိုလိုနီေခတ္မဟုတ္ေတာ့သလို ဂ်ပန္ေခတ္၊ နာဇီေခတ္လည္း မဟုတ္ေတာ့ပါ။ သို႔ေသာ္ေသခ်ာတာ တစ္ခုက ခရစ္သကၠရာဇ္ကိုသာ လူတို႔သည္ ကမာၻကုန္ဆုံးသည့္တိုင္ အသုံးျပဳေနၾကရအုံး မည္သာတည္း။
က်မ္းစာက - ေယရႈသည္ အုပ္စိုးျခင္းအာဏာစက္ရွိလိမ့္မည္။ နာမေတာ္မူကား အံ့ဩဖြယ္တိုင္ပင္ဖက္ တန္ခိုးႀကီးေသာဘုရား ထာဝရအဘ ၿငိမ္သက္ျခင္း အရွင္ဟုေခၚေဝၚသမုတ္ျခင္းကို ခံေတာ္မူလိမ့္မည္။ (ေဟရွာယ ၉း၆)
ေဆြးေႏြးပြဲပါ အမွားမ်ားတို႔ကို ကြၽန္ေတာ္မွ ေဖၚျပၿပီး အဘယ့္ေၾကာင့္ ထိုသို႔ မဟုတ္မမွန္ ယိုးစြပ္ရသနည္းဟု အင္တာနက္တြင္ ျပန္လည္ ေျပာဆို ေဆြးေႏြးသည့္အခါ ဝါဒၿပိဳင္တယ္ဆိုတာ အႏိုင္ရဖို႔က အဓိက ဟုသာ ကြၽန္ေတာ့ကိုျပန္လည္ ရွင္းလင္းခဲ့ပါသည္။ တစ္ဆက္တည္း ထိုဝါဒၿပိဳင္ပြဲပါက်န္ေသာ အခ်က္မ်ားကို ဆက္လက္ေဖၚျပေပးရပါက -

ေယရႈက ဓားကိုေစလႊတ္အံ့ေသာငွါ ငါလာသတည္း။ (မ ၁၀း၃၄)
အထက္ပါ က်မ္းပိုဒ္ကို အစြဲျပဳလ်က္ ေယရႈသည္ လူသားတို႔၏ ၿငိမ္းခ်မ္းေနေသာ ကမာၻေလာကကို ဖ်က္ဆီးဖို႔ရန္ ႂကြလာေၾကာင္း အနက္ ဖြင့္လ်က္ ေယရႈသည္ စစ္ျဖင့္ နယ္ခ်ဲ႕ဘာသာကို တည္ေထာင္ေစေသာ ပုဂၢိဳလ္တစ္ပါးအျဖစ္ သြန္သင္လ်က္ ရွိေနၾကပါသည္။ ထိုသူတို႔ကပင္ ဥပမာအေနျဖင့္ ဆရာယုဒသန္၏ ေနာက္မွ စစ္တပ္မ်ားပါလာၿပီး နယ္ခ်ဲ႕သြားေၾကာင္းကို သက္ေသအေနျဖင့္ သြန္သင္ေနၾကပါသည္။ အမွန္ေတာ့ ဆရာယုဒသန္က အေမရိကန္ကပါ၊ နယ္ခ်ဲ႕သြားသည္က အဂၤလန္ႏိုင္ငံကသာလွ်င္ျဖစ္ပါသည္။

ေယရႈသည္ ၿငိမ္သက္ျခင္း၏ အရွင္ ၿငိမ္းခ်မ္းေရး၏ အရွင္သခင္ လည္းျဖစ္ပါသည္။ သို႔ဆိုက အထက္မွာ ေဝဖန္ထားသကဲ့သို႔ ေယရႈေျပာေသာ ဓား ဆိုသည္မွာ ဘာကိုဆိုလိုသနည္းဟု သိဖို႔ လိုအပ္ပါသည္။
ေယရႈ၏ ေနာက္ဆုံးညစာစားပြဲတြင္ တပည့္ေတာ္တို႔အား ဓားမရွိေသာသူသည္ အဝတ္ကိုေရာင္း၍ ဓားကိုဝယ္ေစဟူ၍ အမိန္႔ ေပးခဲ့ပါေသးသည္။ ထိုေန႔ည ေယရႈကိုဖမ္းဖို႔ ရန္သူမ်ား လာၾက ပါေတာ့မည္။ ထိုရန္သူမ်ားကို ခုခံဖို႔ႏွင့္ လက္နက္ျဖင့္ သာသနာျပဳၾကဖို႔ရန္ ဆိုသည့္ သေဘာကိုဆိုျခင္းျဖစ္ပါသလား?
ထိုအခါ တမန္ေတာ္မ်ားက ဓားႏွစ္စင္းရွိ၏ ဟုေလွ်ာက္ေသာအခါ ေယရႈက တန္ၿပီ၊ လုံေလာက္ၿပီ ဟု ေျပာခဲ့ပါသည္။ ေယရႈကို ဖမ္းစီးဖို႔ရန္လာေသာ ေရာမစစ္တပ္အား ထိုဓားႏွစ္လက္ျဖင့္ ခုခံဖို႔ရန္ လုံးဝမျဖစ္ ႏိုင္ပါ။
ေယရႈဘုရား ကားတိုင္မတက္မီထိုေန႔ညမွာပင္ ေဂသေရွမန္ဥယ်ဥ္ အတြင္း ေပတ႐ုက ယဇ္ပေရာဟိတ္၏ ကြၽန္ မာလခုအား ဓားျဖင့္ခုတ္သျဖင့္ နား႐ြက္ ျပတ္သြားပါသည္။ ထိုနား႐ြက္ ျပတ္သြားေသာ လူနာကို ေယရႈက ကုသေပးၿပီး ]]ဓားကိုကိုင္သူရွိသမွ်တို႔သည္ ဓားျဖင့္ ဆုံးျခင္းသို႔ ေရာက္ၾက လိမ့္မည္}} ဟူေသာစကားကို ေျပာခဲ့ပါသည္။ ေယရႈက ဓားလက္နက္ ျဖင့္ ရန္သူကိုခုခံဖို႔မသြန္သင္သကဲ့သို႔ လက္နက္ျဖင့္ သာသနာ ျပဳဖို႔ရန္ လည္းမသြန္သင္ပါ။
ေယရႈ ေဒသစာရီလွည့္လည္စဥ္ ေယရႈကို လက္မခံသည့္ ရွမာရိ႐ြာအေပၚ တပည့္ေတာ္မ်ားက အမ်က္ျဖစ္လ်က္ ေကာင္းကင္မွ မီးက်၍ ေလာင္ကြၽမ္း ဖ်က္စီးပါရန္ တပည့္ေတာ္မ်ားက ေလွ်ာက္ထား ၾကလွ်င္ ေယရႈက ငါသည္ လူတို႔အသက္ကို သတ္အံ့ေသာငွါ ႂကြလာ သည္မဟုတ္၊ ကယ္တင္ အံ့ေသာငွါႂကြလာသည္ ဟု ဆုံးမခဲ့ပါေသးသည္။ သင္တို႔၏ ပါးတစ္ဘက္ ကို႐ိုက္လွ်င္ ေနာက္ပါးတစ္ဘက္ကို လွည့္ေပးဦး ေလာ့၊ ရန္သူကိုခ်စ္ေလာ့ ဟုလည္း ပညတ္ခဲ့ပါသည္။
ေယရႈေျပာေသာ ဓား ဆိုသည္မွာ ႏႈတ္ကပတ္ေတာ္တည္း ဟူေသာ ထာဝရ ဘုရား၏ သမၼာတရားကို ေဆာင္ထားၾကဖို႔ ဆိုျခင္း ျဖစ္ပါသည္။ မၾကာမီ ေယရႈကို ဖမ္းဆီးလ်က္ သတ္ၾကပါေတာ့မည္။ ေယရႈသည္ တပည့္ေတာ္မ်ားႏွင့္ ခြဲခြါရပါေတာ့မည္။ တပည့္ေတာ္မ်ားလည္း အႏၲရာယ္ ႏွင့္ ႀကဳံေတြ႕ၾကရပါေတာ့မည္၊ သူတို႔ႏွင့္အတူ ေယရႈမရွိေပမည့္ ေယရႈ၏ တရားေတာ္တည္းဟူေသာ ႏႈတ္ကပတ္ေတာ္ကေတာ့ ရွိေနလ်က္ သူတို႔ကို ခြင့္လႊတ္သည္းခံျခင္းႏွင့္ ရန္သူတို႔ကို ေမတၱာလက္နက္ျဖင့္ ျပန္လည္ တိုက္ခိုက္ႏိုင္ၾကဖို႔ ရန္အတြက္ျဖစ္ပါသည္။
ဘုရားသခင္၏ ႏႈတ္ကပတ္တည္းဟူေသာ ဝိညာဥ္ေတာ္၏ ဓားကို၄င္း ယူၾကေလာ့။ (ဧ ၆း၁၇) ဘုရားသခင္၏ ႏႈတ္ကပတ္ တရားေတာ္သည္ အသက္ရွင္ျခင္း တန္ခိုးႏွင့္ျပဳျပင္ျခင္း၊ သန္လ်က္တကာ တို႔ထက္ ထက္ျခင္းႏွင့္ျပည့္စုံသည္ျဖစ္၍ အသက္ႏွင့္စိတ္ဝိညာဥ္ကို၄င္း၊ အ႐ိုးဆစ္ႏွင့္ျခင္ဆီကို၄င္း ပိုင္းျခား၍ ထုတ္ျခင္းခြင္း တတ္၏၊ စိတ္ႏွလုံးအႀကံအစည္မ်ားကိုလည္း သိျမင္တတ္၏။ (ေဟၿဗဲ ၄း၁၂)
မွန္ပါသည္ ေယရႈႏွင့္ တမန္ေတာ္မ်ား၏ သာသနာျပဳရာတြင္ အသုံးျပဳေသာ လက္နက္ႏွင့္ ၄င္းတို႔၏ သာသနာကို ေအာင္ျမင္ေစခဲ့ေသာ လက္နက္မွာ သံလ်က္ တကာ တို႔ထက္ ထက္ေသာ ဘုရား၏ ႏႈတ္ကပတ္ ေတာ္ျဖစ္သည့္ ဓား ေၾကာင့္သာလွ်င္ ျဖစ္ပါသည္။ ယေန႔ ကြၽႏ္ုပ္ တို႔ လူသားတိုင္း၏ ဘဝ ေအာင္ျမင္ေရး အတြက္ ထာဝရ ဘုရား၏ ႏႈတ္ကပတ္ေတာ္ ျဖစ္သည့္ ဓား တည္းဟူေသာ သမၼာက်မ္းစာေတာ္ျမတ္ ကို ဖတ္ရႈဆင္ျခင္လ်က္ လိုက္ေလွ်ာက္ အသက္ရွင္ၾကဖို႔ ဘုရားက မွာၾကားခဲ့ျခင္းသာလွ်င္ ျဖစ္ပါသည္။

ေယရႈက အခ်င္းခ်င္းကြဲျပားျခင္းငွါ ငါလာသတည္း - (မ ၁၀း၃၅)
အထက္ပါစကားေတာ္ကိုလည္း သာမန္အားျဖင့္ နားမလည္ႏိုင္ပါ။ သမၼာက်မ္းစာကို ဖတ္လွ်င္ ထိုေခတ္အခ်ိန္အခါ၏ သမိုင္းေၾကာင္း ပထဝီ အေနအထား ဘာသာေရး ထုံးတမ္းစဥ္လာမ်ားကိုလည္း သိဖို႔ လိုအပ္ ပါသည္။
ထိုစကား၏ အဓိပၸါယ္မွာ ေယရႈသည္ ဂ်ဴးတို႔ေစာင့္ေမွ်ာ္ ေနေသာ ေမရွိယ ဘုရားျဖစ္ေၾကာင္းကို ေၾကညာလိုက္ျခင္းပင္ျဖစ္ပါသည္။ အဘယ္ေၾကာင့္ ဆိုေသာ္ ဂ်ဴးမ်ားက ၄င္းတို႔ေစာင့္ေမွ်ာ္ေနေသာ ေမရွိယ ဘုရားႂကြလာလွ်င္ ထိုဘုရား အား လက္ခံသူႏွင့္ လက္မခံသူဟူ၍ ၄င္းတို႔ အခ်င္းခ်င္းျငင္းခုံ ကြဲျပားၾကမည့္ အေၾကာင္းကို သမၼာက်မ္းစာတြင္ ပေရာဖက္ျပဳထားသည့္အတြက္ ၄င္းတို႔ကိုယ္တိုင္က ႀကိဳတင္၍ သိထား ၾကပါသည္။ (မိကၡာ ရး၆)
ထို႔ကဲ့သို႔ပင္ ေယရႈအားျဖင့္ ဂ်ဴးတို႔က ၄င္းတို႔ေစာင့္ေမွ်ာ္ေနေသာ ေမရွိယဘုရား ဟုတ္ျခင္း မဟုတ္ျခင္းႏွင့္ ပတ္သက္ၿပီး ကြဲျပားေနၾကသည့္အတြက္ ေယရႈက ၄င္းတို႔ ေစာင့္ေမွ်ာ္ေနေသာ ေမရွိယဘုရားစစ္ ျဖစ္ေၾကာင္းကို ဝန္ခံလိုက္ျခင္းပင္ျဖစ္ပါသည္။
ထို႔ေၾကာင့္ ေယရႈေျပာသည့္ စကား၏ အဓိပၸါယ္မွာ ယေန႔ တိုင္းရင္းသားမ်ား ကြဲျပားဖို႔ကို ဆိုလိုျခင္း မဟုတ္ဘဲ ထိုေခတ္ထိုအခ်ိန္အခါရွိ ဂ်ဴးတို႔ကို ဆိုျခင္း ျဖစ္သကဲ့သို႔ ယေန႔လူသားအားလုံး တို႔အား လည္း ၄င္းသည္ လူတို႔ေစာင့္ေမွ်ာ္ေနေသာ ကယ္တင္ရွင္ဘုရား ျဖစ္ေၾကာင္းကို ဆိုေနျခင္းျဖစ္ပါသည္။

ယဇ္ပူေဇာ္တာ ဘုရားက အေသြးနဲ႔ အသက္ကိုႀကိဳက္လို႔လား၊ ထိုရက္စက္ ေသာဘုရား ကိုကိုးကြယ္ထိုက္ ပါရဲ႕လား ?
ဘရားကလူကိုဖန္ဆင္းၿပီး တိရိစာၦန္ႏွင့္မတူသည့္ ထိုအပင္၏ အသီးကို မစားရ ဟူေသာ ပညတ္တစ္ခုကို ေစာင့္ထိန္းဖို႔ ေပးခဲ့ပါသည္။ ထိုပညတ္ကို ခ်ိဳးေဖာက္ခဲ့သူက လူသားျဖစ္ပါသည္။ ဘုရားမဟုတ္ပါ။ စားေသာေန႔တြင္ ေသရမည္ဟုလည္း လူကိုဘဲ ပညတ္ခဲ့ပါသည္။ ေသရမည္ဆိုသည့္ ခပ္သိမ္း ေသာ ခႏၶာတို႔၏အသက္သည္ အေသြး၌ တည္ပါသည္။ (ဝတ္ ၁၈)
သင္သည္ယခု အသက္ရွင္က်န္းမာေနေပမယ့္ သင့္ေသြးမ်ားကို ေဖာက္ထုတ္ လိုက္ပါက မည္သည့္ေရာဂါမွ် မရွိေပမယ့္ ေသသြားပါ လိမ့္မည္။ အျပစ္ကို ေဆးေၾကာ ေပးေသာ အရာမွာလည္း အေသြးအားျဖင့္ သာလွ်င္ျဖစ္ပါသည္။ အေၾကာင္းမွာ အျပစ္တရား၏အခ ေသျခင္းျဖစ္လို႔ ထိုေသျခင္းတည္းဟူေသာအျပစ္ကို အသက္ တည္ရာ အေသြးအားျဖင့္သာ ေဆးေၾကာႏိုင္ပါသည္။ လူသည္မိမိကိုယ္ကို မကယ္တင္ႏိုင္သကဲ့သို႔ သူတစ္ပါးအတြက္လည္း အေသြးျဖင့္ အသက္ေပးလ်က္ ကယ္တင္ႏိုင္ျခင္း ငွါ မတတ္စြမ္းႏိုင္ၾကပါ။ လူတိုင္း အျပစ္သားမ်ားသာ ျဖစ္ၾကသည့္ အတြက္ေၾကာင့္ ျဖစ္ပါသည္။
ဥပမာ အခ်ဳပ္သားအခ်င္းခ်င္း အာမခံေပးလို႔မရပါ၊ အခ်ဳပ္ခန္း၏ ျပင္ပမွ ဥပေဒႏွင့္လြတ္ကင္းသည့္ အျပစ္မရွိ သူမွသာလွ်င္ အာမခံေပးလို႔ ရပါသည္။ ထိုနည္း၄င္း လူသားမ်ားကိုကယ္တင္ဖို႔ ဤအျပစ္သား တို႔၏ ေလာကကမာၻျပင္ပမွ အျပစ္ကင္းစင္သူေယရႈက လူ႔ဇာတိခံယူ ခဲ့ၿပီး လူသား အားလုံး အျပစ္ရဲ႕ကိုယ္စား အေသြးသြန္းလ်က္ အေသခံခဲ့ျခင္းျဖစ္ ပါသည္။ ကြၽန္ေတာ္တို႔ နားလည္ႏိုင္ေသာ စကားလုံးႏွင့္ သုံးႏႈန္းရပါက ယၾတာေခ်ေပးခဲ့သည္ ဟုလည္းဆိုႏိုင္ပါသည္။
ယခုအခါယဇ္ပေရာဟိတ္မွာ ေယရႈကိုယ္တိုင္ ျဖစ္ၿပီး ယဇ္ေကာင္မွာလည္း ေယရႈ ကိုယ္ေတာ္တိုင္ပဲ ျဖစ္ပါသည္။ စစ္မွန္ေသာ ယုံၾကည္သူတို႔အတြက္ အျပစ္ခြင့္လႊတ္ျခင္းကာလမွာ ထာဝရျဖစ္ပါသည္။ ေယရႈဘုရား ေလာကသို႔ႂကြဆင္းမလာမီ ပညတ္တို႔ကို က်င့္ေစာင့္ရၿပီး ယဇ္ပူေဇာ္ျခင္းအမႈကိုလည္း ျပဳရပါသည္။ အျပစ္ အနာအဆာကင္းေသာ တိရိစာၦန္အေပၚ မိမိလက္ကိုတင္ၿပီး အျပစ္ရွိသမွ်တို႔ကို ယဇ္ပေရာဟိတ္ ေရွ႕ေမွာက္တြင္ ေဖၚျပဝန္ခ်ကာ မိမိအျပစ္ကိုယ္စား ထိုတိရိစာၦန္က အေသြးသြန္း အေသခံေပးရပါသည္။ ထိုအခ်ိန္ အခါ ယဇ္ပေရာဟိတ္မွာလူျဖစ္ၿပီး ယဇ္ေကာင္မွာ တိရိစာၦန္ျဖစ္ပါသည္။ အျပစ္ ခြင့္လႊတ္ျခင္း ကာလမွာ တစ္ႏွစ္ျဖစ္ၿပီး ပညတ္ေတာ္တို႔ကို က်ဴးလြန္ မိသည့္ အခါ အခါတိုင္းလည္း ယဇ္ပူေဇာ္ျခင္းအမႈကို ျပဳလုပ္ရပါသည္။

ေယရႈကို ယုံၾကည္သူသည္ ထာဝရအျပစ္ခြင့္လႊတ္ျခင္းကို ခံရၿပီဆိုလွ်င္ ဘုရားကို အဘယ့္ေၾကာင့္ ေန႔စဥ္အျပစ္ ဝန္ခ် ေတာင္းပန္ ေနရပါေသး သနည္း ?
ဘုရားကို ေန႔စဥ္အျပစ္ဝန္ခ်ေတာင္းပန္ရျခင္း အေၾကာင္းမွာ ငရဲသို႔မက်ဖို႔ ေတာင္းပန္ရျခင္းမ်ိဳး မဟုတ္ပါဘဲ သားသမီးက မိဘကို ေတာင္းပန္သည့္ သေဘာမ်ိဳးျဖင့္ ဝန္ခ်ေတာင္းပန္ျခင္း ျဖစ္ပါသည္။ ဘုရားသားသမီးတို႔သည္ အျပစ္ကိုမျပဳမိရန္ အေရးႀကီးပါသည္။ အျပစ္ ျပဳမိပါက ဘုရား၏ ျပစ္ဒဏ္ ေပးျခင္းကို ခံရပါလိမ့္မည္။
ထိုကဲ့သို႔ျပစ္ဒဏ္ ေပးျခင္း ခံရျခင္းသည္ပင္ မဂၤလာဟု ခံယူႏိုင္ပါသည္၊ အေၾကာင္းမွာ အျပစ္ျပဳပါလ်က္ ျပစ္ဒဏ္ေပးျခင္းမခံရေသာ သားသည္ မင္းဦးမင္းလြင္ ရေသာ သားဟု က်မ္းစာက ဆိုထားပါသည္။ မင္းဦးမင္းလြင္သားတည္း ဟူေသာ သားစစ္မဟုတ္သူသည္ ေကာင္းကင္ဘုံသို႔မေရာက္ပါ။ အျပစ္ ျပဳမိပါက ဘုရား၏ ျပစ္ဒါဏ္ေပးျခင္းမွ လြတ္ေျမာက္ရန္ မိမိအျပစ္ကို ဘုရားေရွ႕တြင္ ခ်က္ျခင္း ေဖၚျပ၊ ဝန္ခ်၊ ေနာင္တရလ်က္ စြန္႔ပစ္ ရမည္ျဖစ္ပါသည္။ ထိုအခါသခင္ဘုရား၏ သနားျခင္းဂ႐ုဏာျဖင့္ အျပစ္ ခြင့္လႊတ္ျခင္းကိုခံရပါလိမ့္မည္။

ဘုရားကို ကိုးကြယ္မႈပုံစံ။
ဖန္ဆင္းစက ဘုရားႏွင့္လူ တိုက္႐ိုက္ ကိုးကြယ္မိႆဟာယဖြဲ႕ႏိုင္ခဲ့ ေသာ္လည္း အျပစ္တရား ဝင္လာၿပီးေနာက္ အျပစ္သားႏွင့္ သန္႔ရွင္းေသာ ဘုရားၾကား အျပစ္ေျဖရာ ယဇ္ပလႅင္ျဖင့္တဆင့္ခံ ကိုးကြယ္ရပါသည္။ ထိုမွတဆင့္ ဘီစီ ၁၅၀ဝ ခန္႔ေမာေရွလက္ထက္တြင္ တဲေတာ္ျဖင့္၄င္း၊ ဘီစီ ၁၀ဝ၀ ခန္႔ ေရွာလမုန္မင္းႀကီးလက္ထက္တြင္ ဗိမာန္ေတာ္အားျဖင့္၄င္း ကိုးကြယ္လာခဲ့ ၾကပါသည္။ ယခုအခါ ေယရႈအားျဖင့္ ဘုရားႏွင့္ တိုက္႐ိုက္ ကိုးကြယ္ခြင့္ ရၾကၿပီျဖစ္ၿပီး ယုံၾကည္သူတိုင္းတို႔၏ ႏွလုံးသားအတြင္း၌ ဘုရားက ဝိညာဥ္ေတာ္ အားျဖင့္ က်ိန္းဝပ္ပါသည္။ (၁ေကာ ၃း၁၆)
ေယရႈဘုရား ေလာကသို႔ ပထမအႀကိမ္ ႂကြဆင္းမလာမွီ အထူးေ႐ြးခ်ယ္ခံရ သူမ်ားအေပၚ သန္႔ရွင္းေသာဝိညာဥ္သြန္းေလာင္းၿပီး ထိုသူတို႔မွတဆင့္ ဘုရားက အလုပ္လုပ္ခဲ့ ေသာ္လည္း ယခုအခါ ေယရႈကို မွန္ကန္စြာ ယုံၾကည္ သူတိုင္း သန္႔ရွင္းေသာ ဝိညာဥ္ေတာ္ကို ခံယူႏိုင္ၾကၿပီျဖစ္ပါသည္။ ထိုသူ၏ ခႏၶာကိုယ္ကို ဘုရားက ဗိမာန္ေတာ္အျဖစ္ အသုံးျပဳလ်က္ သန္႔ရွင္းေသာ ဝိညာဥ္ေတာ္အားျဖင့္ က်ိန္းဝပ္ ေတာ္မူ၏။ ထို႔ေၾကာင့္ ယုံၾကည္သူသည္ ဘုရားႏွင့္ ဘုရား၏ တန္ခိုးေတာ္ တို႔ကို၄င္း ၊ ဘုရား၏ ေကာင္းျမတ္ျခင္းႏွင့္ ကယ္တင္ျခင္း တရားေတာ္တို႔ကို ၄င္း သယ္ေဆာင္သူ ဘုရား၏ သက္ေသမ်ား ျဖစ္ၾကပါသည္။

ေက်ာက္ကြင္းဝါဒၿပိဳင္ပြဲတြင္ ပါရွိေသာ ေမးခြန္းႏွင့္ ေဆြးေႏြးခ်က္မ်ားအတြက္ အေျဖမ်ားတို႔ကို ခရစ္ယာန္ ဘာသာဝင္တို႔အတြက္ အျမင္မရွင္းသည့္ ေမးခြန္း ၂၅ ခ်က္ပါ အေၾကာင္းအရာမ်ားသာျဖစ္ပါသည္

Shwe Pay

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...