0

အသွေးတော်၏ တန်ခိုး

 
အသွေးတော်၏ တန်ခိုး

Unicode & Zawgyi Reshare-#9Dan
ဘုရားသခင်၏ကျမ်းစာ
Options for this story
အသွေးတော်၏ တန်ခိုး
အကြောင်းမူကား၊ ကိုယ်ခန္ဓွာ အသက်သည် အသွေး၌တည်၏။ သင် တို့ပြု သော အပြစ်ကိုဖြေစေခြင်းငှါ၊ ထို အသွေးကို သင်တို့အားယဇ် ပလ္လင်ပေါ် မှာ ပါပေးပြီ။ လူအပြစ်ကို ဖြေသောအရာကား၊ အသွေးဖြစ်သ တည်း။ (ဝတ်ပြုရာ ၁ရး၁၁)
အသွေးတော်၏ တန်ခိုးနှင့် ပတ်သတ်ပြီး အကျယ်တဝင့် ရေးသားစရာ အများရှိသော်လည်း အတိုချုပ် ကျမ်းပိုဒ် အချို့သာ နားလည်လွယ်စေ ရန် ရေးသားပေးလိုက်ပါသည်။ အသွေးတော်သည် လူတို့၏ အပြစ်များနှင့် ပတ် သတ်ပြီး လုပ်ဆောင်ပေးသော အချက် (၆)ချက် ရှိပါသည်။

၁။ ယေရှုခရစ်တော်၏ အသွေးတော်၌သာ လူတို့၏ဝိညာဉ်အတွက် ကျေနပ် မှု ဖြစ်စေသည်။
Webster အဘိဓါန်တွင် Atonement နှင့် ပတ်သတ်ပြီး “ယေရှုခရစ်တော်၏ အသေခံ ယဇ်ပူဇော်ခံခြင်းအားဖြင့် ဘုရားသခင်နှင့် လူတို့အကြား တွင် ပြန်လည်သင့်မြတ်မှု ဖြစ်စေသည်” ဟု ဥပမာပေး ရှင်းလင်းဖော်ပြမှု တစ်ခု ရှိခဲ့ဘူးပါသည်။
“ထို အသွေးကို သင်တို့အားယဇ်ပလ္လင်ပေါ်မှာ ပါပေးပြီ” ဟူသော ဤ ကျမ်းပိုဒ်သည် ခရစ်တော် ဗတ်လင်မြို့ တွင် မမွေးဖွားခင် မပေါ်မီ နှစ်ပေါင်း (၁၄၀၀) ကျော်က ရေးသားထားခဲ့သည်။ ထိုကျမ်းပိုဒ်သည် ဗျာဒိတ် ၁၃း၈ တွင် ဖော်ပြထားသော “ကွက်မျက်သော သိုးသူငယ်” ဆိုသော ကျမ်းပိုဒ်ကို ပိုမို နားလည်စေခဲ့သည်။
၂။ ယေရှုခရစ်တော်၏ အသွေးတော် တန်ခိုးကသာ လူတို့၏ အပြစ် ကို ရွေးနှုတ်နိုင်သည်။
နောက်တဖန် Webster အဘိဓါန်တွင် ရွေးနှုတ်ခြင်း redeem ဟူသော စကားလုံးနှင့် ပတ်သတ်ပြီး “ပြန်လည် ဝယ်ယူခြင်း” ဟု ဖေါ်ပြထားပါသည်။
ဗျာဒိတ် ၅း၉ တွင် “ကိုယ်တော်သည် အသေသတ်ခြင်းကို ခံတော်မူသော အားဖြင့်၊ အသီးအသီး ဘာသာ စကားကိုပြောသော လူအမျိုး အနွှယ်ခပ် သိမ်း တို့အထဲမှ အကျွန်ုပ်တို့ကိုယူ၍၊ အသွေးတော်နှင့် ဘုရားသခင် အဘို့ ရွေးနှုတ်တော်မူ၏။” ဟူ၍ ဖေါ်ပြထားပါသည်။
တမန်တော် ၂၀း၂၈ တွင်လည်း “မိမိအသွေးတော်နှင့် ဝယ်ယူတော်မူသော အသင်းတော်” ဟု ဖေါ်ပြထားပြန်ပါသည်။ ၁ကော ရး၂၃ တွင်လည်း “သင်တို့သည် အဘိုးနှင့် ဝယ်တော်မူသောသူ” ဟု ဖေါ်ပြပြန်ပါသည်။
၃။ ယေရှု၏ အသွေးတော်သည်သာလျှင် လူတို့၏ အပြစ်ကို ဆေးကြောနိုင် သည်။
၁ယော ၁း၇ တွင် “ဘုရားသခင်၏သားတော် ယေရှုခရစ်၏ အသွေးတော် သည်၊ ငါတို့အပြစ်ရှိသမျှကို ဆေးကြော တော်မူ၏။” ဟုဖေါ်ပြထားပါသည်။
၄။ ယေရှုခရစ်တော်၏ အသွေးတော်ကသာလျှင် လူတို့ကို ဖြောင့်မတ်စေနိုင် သည်။
ရောမ ၅း၉ တွင် “ယခုတွင် အသွေး တော်အားဖြင့် ဖြောင့်မတ်ရာ သို့ ရောက်ပြီ၊” ဟု ဖေါ်ပြထားပါသည်။
၅။ ယေရှုခရစ်တော်၏ အသွေးတော်ကသာလျှင် လူတို့၏ ဝိညာဉ်ကို သန့်ရှင်းစေနိုင်သည်။
ထိုသို့နှင့်အညီ၊ ယေရှုသည် မိမိအသွေးအားဖြင့် လူများကို စင်ကြယ်စေခြင်း ငှါ၊ မြို့တံခါးပြင်၌ အသေခံတော်မူ၏ (ဟေဗြဲ ၁၃း၁၂)
၆။ ယေရှုခရစ်တော်၏ အသွေးတော်ကသာလျှင် စုံလင်သော ရန်ငြိမ်းမှု ကို ဖြစ်စေသည်။
လက်ဝါး ကပ်တိုင်မှာ သွန်းသောအသွေးတော်အားဖြင့် ရန်ကိုငြိမ်းစေ ၍၊ ကောင်းကင် အရာဖြစ်စေ၊ မြေကြီးအရာဖြစ်စေ၊ ခပ်သိမ်းသော အရာတို့ကို သားတော်အားဖြင့် ဘုရားသခင်နှင့် မိဿဟာယဖွဲ့စေခြင်းငှါ၎င်း အလိုရှိတော်မူ၏။ (ကောလောသဲ ၁း၂၀)
အသွေးတော်၏ တန်ခိုးတော်သည် အပြစ်ရှိသော လူသားတိုင်း အတွက် ကောင်းကြီး မင်္ဂလာနှင့် ဝမ်းမြောက်ခြင်း ဖြစ်ပါစေ။

အေသြးေတာ္၏ တန္ခိုး

Unicode & Zawgyi Reshare-#9Dan
ဘုရားသခင္၏က်မ္းစာ
Options for this story
အေသြးေတာ္၏ တန္ခိုး
အေၾကာင္းမူကား၊ ကိုယ္ခႏၶြာ အသက္သည္ အေသြး၌တည္၏။ သင္ တို႔ျပဳ ေသာ အျပစ္ကိုေျဖေစျခင္းငွါ၊ ထို အေသြးကို သင္တို႔အားယဇ္ ပလႅင္ေပၚ မွာ ပါေပးၿပီ။ လူအျပစ္ကို ေျဖေသာအရာကား၊ အေသြးျဖစ္သ တည္း။ (၀တ္ျပဳရာ ၁၇း၁၁)
အေသြးေတာ္၏ တန္ခိုးႏွင့္ ပတ္သတ္ျပီး အက်ယ္တ၀င့္ ေရးသားစရာ အမ်ားရွိေသာ္လည္း အတိုခ်ဳပ္ က်မ္းပုိဒ္ အခ်ိဳ႕သာ နားလည္လြယ္ေစ ရန္ ေရးသားေပးလိုက္ပါသည္။ အေသြးေတာ္သည္ လူတို႔၏ အျပစ္မ်ားႏွင့္ ပတ္ သတ္ျပီး လုပ္ေဆာင္ေပးေသာ အခ်က္ (၆)ခ်က္ ရွိပါသည္။

၁။ ေယရႈခရစ္ေတာ္၏ အေသြးေတာ္၌သာ လူတို႔၏၀ိညာဥ္အတြက္ ေက်နပ္ မႈ ျဖစ္ေစသည္။
Webster အဘိဓါန္တြင္ Atonement ႏွင့္ ပတ္သတ္ျပီး “ေယရႈခရစ္ေတာ္၏ အေသခံ ယဇ္ပူေဇာ္ခံျခင္းအားျဖင့္ ဘုရားသခင္ႏွင့္ လူတုိ႔အၾကား တြင္ ျပန္လည္သင့္ျမတ္မႈ ျဖစ္ေစသည္” ဟု ဥပမာေပး ရွင္းလင္းေဖာ္ျပမႈ တစ္ခု ရွိခဲ့ဘူးပါသည္။
“ထို အေသြးကို သင္တို႔အားယဇ္ပလႅင္ေပၚမွာ ပါေပးၿပီ” ဟူေသာ ဤ က်မ္းပိုဒ္သည္ ခရစ္ေတာ္ ဗတ္လင္ျမိဳ႕ တြင္ မေမြးဖြားခင္ မေပၚမီ ႏွစ္ေပါင္း (၁၄၀၀) ေက်ာ္က ေရးသားထားခဲ့သည္။ ထိုက်မ္းပုိဒ္သည္ ဗ်ာဒိတ္ ၁၃း၈ တြင္ ေဖာ္ျပထားေသာ “ကြက္မ်က္ေသာ သိုးသူငယ္” ဆိုေသာ က်မ္းပုိဒ္ကို ပိုမို နားလည္ေစခဲ့သည္။
၂။ ေယရႈခရစ္ေတာ္၏ အေသြးေတာ္ တန္ခိုးကသာ လူတို႔၏ အျပစ္ ကို ေရြးႏႈတ္ႏုိင္သည္။
ေနာက္တဖန္ Webster အဘိဓါန္တြင္ ေရြးႏႈတ္ျခင္း redeem ဟူေသာ စကားလံုးႏွင့္ ပတ္သတ္ျပီး “ျပန္လည္ ၀ယ္ယူျခင္း” ဟု ေဖၚျပထားပါသည္။
ဗ်ာဒိတ္ ၅း၉ တြင္ “ကိုယ္ေတာ္သည္ အေသသတ္ျခင္းကို ခံေတာ္မူေသာ အားျဖင့္၊ အသီးအသီး ဘာသာ စကားကိုေျပာေသာ လူအမ်ိဳး အႏႊယ္ခပ္ သိမ္း တို႔အထဲမွ အကြၽႏ္ုပ္တို႔ကိုယူ၍၊ အေသြးေတာ္ႏွင့္ ဘုရားသခင္ အဘို႔ ေရြးႏႈတ္ေတာ္မူ၏။” ဟူ၍ ေဖၚျပထားပါသည္။
တမန္ေတာ္ ၂၀း၂၈ တြင္လည္း “မိမိအေသြးေတာ္ႏွင့္ ၀ယ္ယူေတာ္မူေသာ အသင္းေတာ္” ဟု ေဖၚျပထားျပန္ပါသည္။ ၁ေကာ ၇း၂၃ တြင္လည္း “သင္တို႔သည္ အဘိုးႏွင့္ ၀ယ္ေတာ္မူေသာသူ” ဟု ေဖၚျပျပန္ပါသည္။
၃။ ေယရႈ၏ အေသြးေတာ္သည္သာလွ်င္ လူတို႔၏ အျပစ္ကို ေဆးေၾကာႏုိင္ သည္။
၁ေယာ ၁း၇ တြင္ “ဘုရားသခင္၏သားေတာ္ ေယရႈခရစ္၏ အေသြးေတာ္ သည္၊ ငါတို႔အျပစ္ရွိသမွ်ကို ေဆးေၾကာ ေတာ္မူ၏။” ဟုေဖၚျပထားပါသည္။
၄။ ေယရႈခရစ္ေတာ္၏ အေသြးေတာ္ကသာလွ်င္ လူတုိ႔ကို ေျဖာင့္မတ္ေစႏုိင္ သည္။
ေရာမ ၅း၉ တြင္ “ယခုတြင္ အေသြး ေတာ္အားျဖင့္ ေျဖာင့္မတ္ရာ သို႔ ေရာက္ၿပီ၊” ဟု ေဖၚျပထားပါသည္။
၅။ ေယရႈခရစ္ေတာ္၏ အေသြးေတာ္ကသာလွ်င္ လူတို႔၏ ၀ိညာဥ္ကို သန္႔ရွင္းေစႏုိင္သည္။
ထိုသို႔ႏွင့္အညီ၊ ေယရႈသည္ မိမိအေသြးအားျဖင့္ လူမ်ားကို စင္ၾကယ္ေစျခင္း ငွါ၊ ၿမိဳ႔တံခါးျပင္၌ အေသခံေတာ္မူ၏ (ေဟျဗဲ ၁၃း၁၂)
၆။ ေယရႈခရစ္ေတာ္၏ အေသြးေတာ္ကသာလွ်င္ စုံလင္ေသာ ရန္ျငိမ္းမႈ ကို ျဖစ္ေစသည္။
လက္ဝါး ကပ္တိုင္မွာ သြန္းေသာအေသြးေတာ္အားျဖင့္ ရန္ကုိၿငိမ္းေစ ၍၊ ေကာင္းကင္ အရာျဖစ္ေစ၊ ေျမႀကီးအရာျဖစ္ေစ၊ ခပ္သိမ္းေသာ အရာတို႔ကို သားေတာ္အားျဖင့္ ဘုရားသခင္ႏွင့္ မိႆဟာယဖြဲ႔ေစျခင္းငွါ၄င္း အလိုရွိေတာ္မူ၏။ (ေကာေလာသဲ ၁း၂၀)
အေသြးေတာ္၏ တန္ခိုးေတာ္သည္ အျပစ္ရွိေသာ လူသားတုိင္း အတြက္ ေကာင္းၾကီး မဂၤလာႏွင့္ ၀မ္းေျမာက္ျခင္း ျဖစ္ပါေစ။

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...