သင်ခန်းစာ (၃၅) ခရစ်တော် ဒုတိယအကြိမ် ကြွလာခြင်း
နမိတ်လက္ခဏာ၊ ဘုန်းကျက်သရေ၊ တန်ခိုး၊ အံ့ဘွယ်သောအနှစ်တစ်ထောင်စိုးစံခြင်း။
Unicode & Zawgyi Reshare-#9Dan
နိဒါန်း။
သင်သည် ဤသင်ခန်းစာ၊ စာစဉ်များကို အစဉ်အတိုင်း လေ့ကျင့်ခဲ့ပြီး ဤသင်ခန်းစာသို့ ရောက်ရှိ လာသည်ဆိုပါက သင်၏ မှတ်သားဘွယ်ရာ အောင်မြင်မှုအတွက် သင့်အား ဂုဏ်ပြုရမည်ဖြစ်ပါသည်။ သင်သည် သင်ခန်းစာပေါင်းသုံးဆယ်ငါးခုကို လေ့လာခဲ့ပြီးဖြစ်၍ သမ္မာကျမ်းစာတွင်ပါရှိ သော အမှန်တရားများနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိလာပြီး ဖြစ်ပါသည်။
ခရစ်တော်သည် ဘုန်းတန်ခိုးအာနုဘော်တော်ကို ဆောင်လျက်ကြွလာတော်မူမည့်အကြောင်း အရာ ကဲ့သို့ နောက်ဆုံးလေ့လာရန် သင့်တော်သော သင်ခန်းစာမရှိတော့ဟု ယူဆမိပါသည်။ သင်ခန်းစာ (၃၄) တွင် ခရစ် တော်ဒုတိယအကြိမ်ကြွလာတော်မူခြင်းနှင့် ချီဆောင်ခြင်းတို့၏ ခြားနားချက် (၁၂) ချက်ဖြင့် လေ့လာပြီးပါသည်။ ပြန် ကြည့်လိုမည်ဟု ယူဆပါသည်။
သင်ခန်းစာ (၃၂)တွင် ခရစ်တော်ကြွလာတော်မူမီ နောက်ဆုံးဖြစ်မည့် အကြောင်းအရာများကို လေ့ လာပြီး ဖြစ်ပါသည်။ ဤလောကတွင် ဘုရားတကာတို့၏ ဘုရင်၊ အရှင်တကာတို့၏ အရှင်အဖြစ် စိုးစံရန်တဖန်ကြွလာ တော်မူမည့် နမိတ်လက္ခာများကို ရေတွက်ပြီး အနှစ်တစ်ထောင်စိုးစံသည့် ကာလနှင့် ပတ်သက်သည့် အံ့သြဖွယ်နက်နဲ သော အရာများ အချို့ကို လေ့လာကြရမည်ဖြစ်ပါသည်။
ဤသင်ခန်းစာအရေးကြီးပုံ
ဘုရားသခင်သည် မိမိ၏ ထာဝရအကြံတော်နှင့်အညီ ဆောင်ရွက်တော်မူကြောင်းကို သမ္မာကျမ်းစာ က ဖော်ပြထားပါသည်။ ကိုယ်တော်တွင် တစ်ကမ္ဘာလုံးအတွက် ခရစ်တော်ဒုတိယအကြိမ်ကြွလာခြင်းသည် ဘုရားသ ခင်၏ အဓိကအကြံတော်ထဲအပါအဝင်ဖြစ်ပါသည်။ ခရစ်တော်သည် ဘုရားသခင်ကတိပေးထားသော အါဗြံဟံပဋိ ညာဉ်၊ပါလာတိနပဋိညာဉ်၊ ဒါဝိဒ်ပဋိညာဉ်နှင့် ပဋိညာဉ်သစ်တို့ကို ပြည့်စုံစေခြင်ငှာ ကြွလာတော်မူကြောင်းကို လေ့လာ ရမည် ဖြစ်ပါ သည်။
ဤအကြောင်းကို ကျွနု်ပ်တို့သည် နုတ်ကပတ်တော်အနေဖြင့်လည်းကောင်း၊ ယုံကြည်ခြင်းအနေဖြင့် လည်းကောင်းသိရှိထားရန် အရေးကြီးလှပါသည်။ သမ္မာကျမ်းစာသည် မျက်မြင်ဘဝတွင် အမှန်ဖြစ်သော စာအုပ်ဖြစ် ကြောင်း ယုံကြည်ရန်နှင့်သိထားရန် အရေးကြီးပါသည်။ ခရစ်တော်သည် လက်တွေ့မျက်မြင်တဖန်ကြွလာတော်မူမည်။ အဖဒါဝိဒ်၏ ရာဇပလ္လင်ပေါ်တွင် ထိုင်၍ ဤကမ္ဘာတွင် အနှစ်တစ်ထောင်မျက်မြင်စိုးစံတော်မူမည်ဖြစ်သည်။
ခရစ်တော်တဖန်ကြွတော်မူခြင်းနှင့် တွဲလာသောနိမိတ်လက္ခဏာ အမြောက်အများရှိပါသည်။ ထိုအ ရာများကိုလည်း သိထားရန် အရေးကြီးပါသည်။ ဤနမိတ်လက္ခဏာများသည် ယခုတွင်ပင် ရှိနေပြီးကြောင်းကို ထောက်လျှင် အသင်းတော်အား ချီဆောင်မည့်ကာလသည် အမှန်ပင် အလွန်နီးကပ်နေပြီးဖြစ်ကြောင်း သိရှိနိုင်ပါ သည်။ ဤကဲ့သို့ အစဉ်အလိုက်ဖြစ်ပေါ်နေသော ဖြစ်စဉ်တွင် အသင်းတော်သည် မည်သည့်နေရာမှ ဝင်ရမည် ဖြစ်ကြောင်းကို သိထားရန်မှာလည်း အရေးကြီးလှပါသည်။
၁။ ခရစ်တော်တဖန်ကြွလာမည့်လက္ခဏာများ
အသင်းတော်အားချီဆောင်ခြင်းအတွက် နိမိတ်လက္ခဏာတစ်စုံတစ်ရာမျှ ပေးထားခြင်းမရှိသော် လည်း ခရစ်တော်တဖန်ကြွလာတော် မမူခင်ဖြစ်ပေါ်လာမည့် နိမိတ်လက္ခာအမြောက်အများကို သမ္မာကျမ်းစာတွင် ဖော် ပြထားပါသည်။
ဤလက္ခဏာများနှင့်ပတ်သက်၍ (လု ၂၀း၂၅-၂၈) သခင်ယေရှုက “ထိုအမူအရာတို့သည် ဖြစ်စရှိ သော အချိန်ကာလရောက်လုနီးသည်ကို ထောက်သဖြင့် မျှော်ကြည့်၍ ခေါင်းကိုကြွကြလော့”ဟု မိန့်တော်မူ၏။ “ဤစ ကားများသည် ဣသရေလလူတို့အား မူလအားဖြင့် ပြောသောစကားများဖြစ်သော်လည်း ယခုအခါထိုနိမိတ်လက္ခဏာ များသည် စတင်၍ ပြည့်စုံပြီးဖြစ်ကြောင်းမြင်တွေ့နေရပါပြီး ဖြစ်ပါသည်။
က။ ဣသရေလနိုင်ငံပြန်လည်ထူထောင်ခြင်း၊ နိုင်ငံတစ်နိုင်ငံအဖြစ်ပြန်လည် တည်ထောင်ခြင်း၊ ယေရုရှလင်မြို့ကို ပြန် လည်သိမ်းပိုက်ခြင်း။
ယေဇကျေလ ၃၆း၈-၁၀၊ ၂၄၊ ၂၈။ ၃ရး၂၁-၂၂။ လု ၂၁း၂၄။
(၁) ၁၉၁၇ ခုနှစ်တွင် အင်္ဂလန်ပြည်မှ ထုတ်ပြန်သော Balfour Declaration အရ ယုဒလူမျိုးများအား ပါလက်စတိုင်းတွင် အတည်တကျနေထိုင်ခွင့်ပြုကြောင်းပါရှိပါသည်။ (ဘုရားသခင်တွင် ဤအမှုကို ကြာမြင့်စွာ ကပင် ဆောင်ရွက်ထားပြီ ဖြစ်ပါသည်)။
(၂) ၁၉၄၈ ခု မေလ ၁၄ ရက်နေ့တွင် ဣသရေလလူတို့သည် အစ္စရေးနိုင်ငံအဖြစ် နိုင်ငံပြန်လည် ထူထောင်နိုင်ခဲ့ပါ သည်။
(၃) ၁၉၆၇ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် ယေရုရှလင်မြို့ဟောင်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ပါသည်။ ယခုထိုမြို့ သည် ယုဒလူမျိုးတို့၏ လက်ထဲတွင်ရှိလျက် အစ္စရေးနိုင်ငံ၏ မြို့တော်ပြန်ဖြစ်နေပြီး ဖြစ်ပါသည်။
မှတ်ချက်။ တစ်ပါးအမျိုးသားကာလသည် ဘီစီ ၆၀၄ တွင် နေဗုခဒ်နေဇာမင်းကြီးသည် ယေရုရှလင်မြို့တော်ကို စတင်သိမ်းပိုက်သည်မှ အစပြုခဲ့ပါသည်။ တစ်ပါးအမျိုးသားတို့၏ လက်ထဲတွင် ဤ “ကာလ” များမပြည့်စုံမီ ဆက်လက် တည်ရှိမည်ဖြစ်ပါသည်။ ယနေ့နှစ်ပေါင်း ၂၅၀၀ အတွင်ပထမဆုံးအဖြစ် ယေရုရှလင်မြို့သည် ဂျူးလူမျိုးတို့လက်ထဲ ရောက်ရှိလာခြင်းဖြစ်ပါသည်။ အနာဂတ္တိဟောပြောချက်များဆိုင်ရာဘီးသည် နှေးကွေးစွာလည်ပတ်နေသည်ဟု ယူဆရ သော်လည်း ယခုအခါ “တစ်ပါးအမျိုးသားများ၏ ကာလ”သည် ပြီးပြည့်စုံနေပြီးဟု ယူဆဘွယ်ဖြစ်ပါသည်။
ခ။ ကမ္ဘာ့စစ်ကြီးနှင့် လက်ရှိလက်နက်တပ်ဆင်မှု
(၁) စစ်မက်ဖြစ်ပွားခြင်းသည် ကမ္ဘာဦးကပင်ဤကမ္ဘာလောကကြီး၏ လက္ခဏာတစ်ခုကဲ့သို့ဖြစ်နေသော်လည်း နောက် ဆုံးနေ့ရက်သည် ကမ္ဘာလုံးဆိုင်ရာစစ်ပွဲကြီးဖြင့် လက္ခဏာပြုထားပါသည်။ မ ၂၄း၆-၇ ကိုဖတ်ပါ။
(၂) ယောလ ၃း၉-၁၂ တွင်မိုက်မဲစွာ လက်နက်အပြိုင်အဆိုင်တပ်ဆင်ကြမည့်အကြောင်းကို နောက်ဆုံးသော ကာလ၏ သဘောသဘာဝအဖြစ် အနာဂတ္တိပြုထားပါသည်။ ယနေ့ကမ္ဘာ့နိုင်ငံများသည် နှစ်စဉ် ဒေါ်လာ သန်း ခြောက်သိန်းကျော်ကို စစ်ပြင် ဆင်ခြင်းအတွက် အသုံးပြုလျက်ရှိနေကြပါသည်။ (တစ်မိနစ်လျှင် ၁.၃ သန်း) ယခု ကျွန်ုပ်တို့ဘဝသက်တန်း၌ ပင်ဗျာ ဒိတ်ကျမ်းတွင် ဖော်ပြထားသော ပျက်စီးခြင်းမျိုးကို ဖြစ်စေနိုင်သော နျူက လီးယားလက်နက်များ ပိုင်ဆိုင်လာပြီး ဖြစ်ပါ သည်။
ဂ။ မြေငလျင်လှုပ်ခြင်း မ ၂၄း၇
ကမ္ဘာ့လူသားတို့၏ မှတ်တမ်းတင်ပြီးသော သမိုင်းစဉ်တလျှောက်ထက်ခုရာစုတွင် မြေငလျင်ပိုမိုလှုပ် ခဲ့ကြောင်းသိရှိရပါသည်။ မြေငလျင်ဆက်လက်လှုပ်မည်ဖြစ်ပြီး တိုးတက်လာလျက်နောက်ဆုံးအလွန်ပြင်း ထန်သော မြေကြီးလှုပ်ရှင်ခြင်းမှာ မလွဲမရှောင်သာကြုံတွေ့ရမည်ဟု သိပ္ပံပညာရှင်များက သဘောတူညီ ထားကြပါသည်။ ကမ္ဘာတွင် ကြုံတွေ့ဘူးသောသမျှ မြေငလျင်လှုပ်ခြင်းများအနက် အပြင်းထန်ဆုံးသော မြေ ငလျင်လှုပ်ခြင်းကို ကြုံတွေ့ပြီးနောက် ခရစ်တော်တဖန်ကြွလာလာခြင်းသို့ ရောက်မည်ဖြစ်ပါသည်။ ဗျာ ၁၆း ၁၇၊ ၁၈။ ဇာ ၁၄း၄-၅။
ဃ။ ငတ်မွတ်ခေါင်းပါးခြင်း။ မ ၂၄း၇။
ဗျာဒိတ် ၆း၅၊ ၆ တွင်ငတ်မွတ်ခေါင်းပါးခြင်းတည်းဟူသော မြင်းနက်သည် မြင်းဖြူတည်းဟူသော အာဏာရှင်စနစ်နှင့် မြင်းနီတည်းဟူသော စစ်ပွဲနောက်မှ ပေါ်ထွက်လာပါသည်။ World Church Service Reports အရ လူဦးရေ ၁၀၀၀ သန်းခန့်သည် အစာအဟာရပြည့်ဝစွာ စားသုံးခြင်းမပြုရဘဲ ငတ်မွန်းခေါင်းပါး နေရသည်။ နေ့စဉ်လူသုံးသောင်းသည် အစာအဟာရပြတ်လတ်၍ သေကြရသည်။ လာမည့်ဆယ်နှစ်အတွင်း လူသန်းတစ်ထောင်သည် အစာအဟာရပြတ်လတ်၍ သေကြမည်ဖြစ်ပါသည်။ ငတ်မွတ်ခေါင်းပါးခြင်းကာလ သည် ယခုပင်ရောက်ရှိနေပြီး ဖြစ်ပါသည်။
င။ စာရိတ္တပျက်ပြားခြင်းနှင့် ရာဇဝတ်မှုတိုးတက်ခြင်း။
က ၆း၅၊ ၁၁၊ ၁၂။ ၂ တိ ၃း၁-၅။ လု ၁ရး၂၆-၃၀။
အမေရိကန်ပြည်ထောင်စုတွင် လူဦးရေတိုးပွားနှုန်းထက် ရာဇဝတ်မှုသည် အဆ (၁၁) ဆမြန်ဆန် စွာ တိုးတက်ဖြစ်ပွားနေပါသည်။ အေပီသတင်းဌာန၏ သတင်းပေးပို့ချက်အရ နေ့စဉ် လူသတ်မှုပေါင်း ၇၀ ကျော်၊ မုဒိန်း မှုပေါင်း ၂၄၀ ကျော်၊ လက်နက်ကိုင်လုယက်မှုပေါင်း ၄၅၀ ကျော်ဖြစ်ပွားနေကြောင်း၊ လိမ်လည်မှု၊ လှည့်ဖျားမှု၊ ခိုးမှုတို့ သည်။ နေရာတိုင်းတွင်ဖြစ်ပွားနေကြောင်းသိရှိရပါသည်။
ညစ်ညမ်းသော ရုပ်ပုံထုတ်လုပ်မှုသည် အလွန်ဖြစ်ထွန်းသော လုပ်ငန်းဖြစ်လျက်နှစ်စဉ်ဒေါ်လာသန်း ငါး ထောင် ကျော်ဘိုးလုပ်ကိုင်ရသည်။ ဘုရားသခင်နှင့်တရားဥပဒေကို ပမာဏမပြုဘဲ လိင်တူဆက်ဆံသူ ၂၅ သန်း ကျော်တို့သည် ဆန္ဒပြကြသည်။ စိတ်ပညာရှင်တစ်ဦး၏ အဆိုအရ “မုဒိန်းမှုကျူးလွန်မှုသည် ကြောက် မက်ဖွယ်ဖြစ်သော် လည်း ယနေ့ကျွနု်ပ်တို့ခေတ်၏ စိတ်နေသဘောထားကို ဖော်ပြခြင်းသာဖြစ်သည်”။
ပေါလုသည် “နောက်ဆုးသောကာလ” ၏ လက္ခဏာများအဖြစ် ဆိုးရွားလှသောအရာများကို စာရင်း ပြုထားရာ။ ယခုထိုအရာများကိုပင် ကျွနု်ပ်တို့သည် နေ့စဉ်မြင်တွေ့နေကြရပါသည်။
ခရစ်တော်တဖန်ကြွလာတော်မမူမီ ကမ္ဘာကြီးသည် နောဧလက်ထက်၌ကဲ့သို့ ပြန်လည်ဆုတ်ယုတ် သွားမည် ဖြစ်သည်။ ဤအချိန်သည် ကြမ်းတမ်းခြင်း၊ လုယက်တိုက်ခိုက်ခြင်း၊ အကျင့်ပျက်ခြင်းနှင့် ဥပဒေမဲ့နေထိုင်ခြင်း ခေတ်ကာလဖြစ်နေပါသည်။
စ။ မိစ္ဆာပရောဖက်များ၊ အတုအယောင်ဆရာများ
၁ တိ ၄း၈၊ ၂ ပေ ၂း၁။
အမေရိကန်ပြည်ထောင်စုတွင် အနည်းဆုံးအယူမှားသော အုပ်စု CULT ငါးထောင်ခန့်လှုပ်ရှားလျက် ရှိနေပါသည်။ ထိုအရာအားလုံးတိုသည် အမှန်တရားကို လှည့်ဖျားခြင်းသာဖြစ်ပါသည်။ မကြာသေးမီက ကောက်ယူရရှိ သော စာရင်းများအရ ဓမ္မတက္ကသိုလ်မှ အောင်မြင်လာ၍ လုပ်ငန်းခွင် ဝင်တော့မည့် ကျမ်းစာကျောင်းသားများ၏ ၅၆ ရာခိုင်နှုန်းကျော်သည်။ ခရစ်တော်အပျိုကညာမှ မွေးဖွားခြင်းကို မယုံကြည်တော့ကြောင်း၊ ၇၀ ရာခိုင်နှုန်းတို့သည် တမ လွန်ဘဝ၌ အသက်ရှင်ခြင်းမယုံကြည်ကြောင်း၊ ၉၈ ရာခိုင်နှုန်းတို့သည် ခရစ်တော်လောကသို့ မျက်မြင်တဖန်ကြွလာ မည်ကို မယုံကြည်ကြောင်း တွေ့ရှိရပါသည်။ ဘာသာရေးတွင် မှားယွင်းသော သွန်သင်ချက်၏ လက္ခဏာကို နေရာ တိုင်းတွင် တွေ့ရှိရပါသည်။
ဆ။ အခြားထင်ရှားသော လက္ခဏာများ။
(၁) လူမျိုးတို့သည် မငြိမ်မသက်ဖြစ်ခြင်း၊ လု ၂၁း၂၅ ယနေ့ကမ္ဘာတွင်ဖြစ်ပေါ်သော မငြိမ်မသက်မှုများကို သတိပြုပါ။
(၂) ရုရှားသည် စစ်အင်အားကြီးနိုင်ငံအဖြစ်သို့ ရောက်ရှိလာခြင်းနှင့် နောင်တွင် အစ္စရေးနိုင်ငံအား ချေဖျက်မည့်သ ဘောများး။ ယေဇ ၃၈နှင့် ၃၉။
(၃) ရောမအင်ပါယာပြန်လည်အသက်ဝင်ခြင်း။ ဒံ ၂း၄၃-၄၅။ ရး၂၃၊ ၂၄ နှင့်ဗျာ ၁၃း၁၊ ၁ရး၁၂ တို့ကို သေခြာစွာဖတ်ပါ။ သားရဲသည် နိုင်ငံဆယ်နိုင်ငံကို ဦးဆောင်မည်။ ဥရောပဘုံဈေးတွင် နိုင်ငံ ၁၀ နိုင်ငံပါဝင်ပါသည်။ ရောမအင်ပါယာတွင် ပါဝင်ခဲ့သော နိုင်ငံများပင်ဖြစ်ပါသည်။
(၄) အသိပညာနှင့် ခရီးသွားလာမှုတိုးတက်ခြင်း။ ဒံ ၁၂း၄။
မှတ်ချက်။ အခြားနိမိတ်လက္ခဏာများလည်းရှိနေပါသေးးသည်။ ထိုအရာများကို ပိုင်နိုင်အောင် လေ့လာထားပါ။ ကျွန်ုပ်တို့သည် ခေတ်ကာလ၏ အဆုံးပိုင်းသို့ လျင်မြန်စွာချီတက်သွားလျက်၊ ခရစ်တော်သည် ဘုန်းတန်ခိုးဘာနုဘော် တော်ဖြင့် တဖန်ကြွလာတော်မူမည့်အချိန်ရောက်လုကြောင်းကို ဤနမိတ်လက္ခဏာများဖြင့် သိသာလောက်ပြီးဟု ယူ ဆ ပါသည်။
၂။ ခရစ်တော်တဖန်ကြွလာတော်မူခြင်း၏ ဘုန်းတန်ခိုး။
၁ ပေး ၁း၁၁ တွင် ဓမ္မဟောင်းပရောဖက်များသည် ခရစ်တော်ခံစားရမည့် ဝေဒနာကို ကြိုတင်မြင် ထားကြောင်း။ “ဆင်းရဲခံပြီးမှ ဝင်စားတော်မူရသော ဘုန်းစည်းစိမ် ”ကိုမြင်ခဲ့ရကြောင်း ဖော်ပြထားပါသည်။ အသင်း တော်အားချီဆောင်ခြင်းကို မြင်တွေ့ရခြင်းမရှိပါ။ ဘုန်းတန်ခိုးတော်ဖြင့် တဖန်ကြွလာ တော်မူ မည်ဖြစ်ကြောင်းကို မြင်ခဲ့ကြပါသည်။
က။ ဘုန်းတော်
(၁) ခရစ်တော်တဖန်ကြွလာတော်မူသော အခါမြင်တွေ့ကြားနာရမည့်အရာများကို ကြည့်ခြင်းအာဖြင့် ခရစ်တော်၏ ဘုန်းတော်ကို မြင်တွေ့နိုင်မည်ဖြစ်ပါသည်။
(က) မ ၂၄း၂၇-၃၁။
လျှပ်စစ်သည်အရှေ့မှ ပြက်၍ အနောက်တိုင်အောင်ထွန်းလင်းခြင်း။ နေနှင့်လတို့သည် အလင်း ရောင်ကိုမပေး။ ကောင်းကင်တမန်တို့သည် တံပိုးခရာကို ပြင်းစွာမှုတ်ကြမည်။ ကြီးစွာသော ဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက်မိုးတိမ်ကိုစီး၍ ကြွလာတော်မူမည်။
(ခ) ၂ သက် ၁း၇-၁၀။
သန်ရှင်းသော ကောင်းကင်တမန်များခြံရဲလျက်ပေါ်လာမည်။ မ ၂၅း၃၁။
မီးလျှံအားဖြင့် ကြွလာတော်မူမည်။ အပြစ်သားတို့အား ထာဝရပျက်စီးခြင်းတည်းဟူသော အပြစ်ဒဏ်ကို စီရင်တော်မူ မည်။ တန်ခိုးရှိသောဘုန်းတော်နှင့်တကွကြွလာတော်မူမည်။
(ဂ) ဗျာ ၁၉း၁၁-၁၅။
ကောင်းကင်ဘုံဖွင့်လှစ်လျက်ရှိမည်။ တရားသဖြင့်စစ်ရင်ခြင်းနှင့် စစ်တိုက်ခြင်းငှာ မြင်းဖြူစီလျက်ကြွ လာတော်မူမည်။ သူ၏ အမည်ကားသစ္စာနှင့်သမ္မာဖြစ်၏။ မျက်စိတော် သည် မီးလျှံကဲ့သို့ဖြစ်၏။ ခေါင်းတော်ပေါ်၌ သရ ဖူများစွာ ဆောင်းထား၏။ အသွေး၌ နှစ်ပြီးသော အဝတ်ကို ဝတ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်ဟူသော အမည်ရှိ၏။ ကောင်းကင်တပ်မတော်သည် မြင်ဖြူကိုစီလျက်နောက်တော်သို့ လိုက်ကြ၏။ လူမျိုးတို့ကို ဒဏ်ခတ်စရာဘို့၊ ထက်သောသန်လျက်သည် ခံတွင်းထဲကထွေက်၏ ဘုရင်တို့၏ ဘုရင်၊ သခင်တို့၏ သခင်ဟူသော ဘွဲ့အမည်နာမရှိ၏။
(၂) ခရစ်တော်အား “ဘုန်းကြီးသောရှင်ဘုရင်”ဟု ခေါ်ထားပါသည်။ ဆာ ၂၄း၇-၁၀။
(၃) ခရစ်တော်သည် ခမည်းတော်၏ ဘုန်းကိုဆောင်လျက်ကြွလာတော်မူမည်။ မာ ၈း၃၈။
(၄) ခရစ်တော်သည် ဘုန်းတန်ခိုးအာနုဘော်ကို ဆောင်လျက်ကြွလာတော်မူသည်ကို လူသားအပေါင်း တို့သည် မြင်ရ ကြမည်။
(၅) ခရစ်တော်သည် မိမိသန့်ရှင်းသူတို့၌ ဘုန်းတော်ထင်ရှားရန်ကြွလာတော်မူပါသည်။ ၂ သက် ၁း၁၀။ ကော ၃း၄။ ယုဒ ၁၅။
(၆) ခရစ်တော်သည် ဂုဏ်သရေနှင့်ဘုန်းအာနုဘော်တော်ကို ခံထိုက်၏။ ဗျာ ၄း၁၁။ ၅း၁၂။
မှတ်ချက်။ ခရစ်တော်၏ ဘုန်းအသရေဆိုသည်မှာ ကိုယ်တော်ဖြစ်တော်မူသည့်အတိုင်း ပိုင်ဆိုင်သမျှတို့ကို ဖော်ပြခြင်း ဖြစ်ပါသည်။ ခမည်တော်ဘုရားသခင်သည် သူ၌ ဘုန်းထင်ရှားလျက်ရှိသည်။ ယော ၁၃း၃၁။ ၁၄း၁၃။
ခ။ တဖန်ကြွလာတော်မူခြင်း၏ တန်ခိုးတော်။
(၁) အသင်းတော်ကို ချီဆောင်ခြင်း၌ ခရစ်တော်သည် ကျွနု်ပ်တို့အတွက် ကြွလာတော်မူသော အခါသူ၏ တတ်စွမ်းနိုင် မှုများအားဖြင့် သူ၏ တန်ခိုးတော်ထင်ရှားပေါ်လွင်မည်ဖြစ်သည်။
(က) သေမင်းကို အောင်၍ ကျွနု်ုပ်တို့၌ သက်ရောက်သော သေမင်း၏ အဆိပ်အတောက်များကို ဖြတ်တော်ရန်။ ၁ သက် ၄း၁၅-၁၄။ ၁ ကော ၁၅း၅၀-၅၁။ ယော ၅း၂၅။
(ခ) ပုပ်ပျက်ခြင်းနိယာမကို ဖျက်ဆီး၍ ကျွနု်ပ်တို့အား အသစ်သော ခန္ဓာကိုယ်ကို ပေးသော အခါ ။ ဖိ ၃း၂၀-၂၁။ ၁ ကော ၁၅း၅၁။ ၁ ယော ၃း၂။
(ဂ) မြေကြီး၏ ဆွဲငင်ခြင်းနိယာမကို ဘေးဖယ်၍ ကျွနု်ပ်တို့သည် ကိုယ်ခန္ဓာအားဖြင့် ကောင်းကင်ဘုံသို့ တက်ကြွစေသောအခါ ၁ သက် ၄း၁၅-၁၇။ ယော ၁၄း၃။
(ဃ) သင်္ချိုင်းကို အောင်မြင်လျက်ချည်နှောင်ခြင်းခံရသော သန်းပေါင်းများစွာတို့ကို တချိန် တည်း ထမြောက်စေသောအခါ ခရစ်တော်၌ သေလွန်သောသူတို့သည်အဦးထမြောက် ကြလိမ့်မည်။ ၁ သက် ၄း၁၆။
(၂) ကမ္ဘာမြေပေါ်သို့တဖန်ကြွလာတော်မူသောအခါ ကိုယ်တော်၏ တန်ခိုးတော်သည် အံ့သြဖွယ်ဖြစ် လျက်။ နှိုင်းဆနိုင် ဘွယ်ရာမရှိပါ။ တန်ခိုးတော်နှင့်ပြည့်စုံ၍ အထွဋ်အထိပ်ဖြစ်ပါသည်။
(က) ကိုယ်တော်အားစစ်တိုက်ရန် စုရုံးနေကြသော တိုင်းနိုင်ငံများ၏ တပ်မတော်များကို ချေဖျက်နိုင်သော တန်ခိုးတော်။ ဗျာ ၁၉း၁၅-၁၉။
မှတ်ချက်။ ဒံယေလ ၂း၃၄-၃၆ ပါချေဖျက်သော ကျောက်တုံးသည် ခရစ်တော်ဖြစ်ပါသည်။ ဇာခရိ ၁၂း၉ နှင့် ၁၄း၂ ကိုလည်းဖတ်ပါ။ ဤတန်ခိုးတော်ဖြင့် တပါးအမျိုးသားတို့၏ ကမ္ဘာတန် ခိုးအင်အားများကို ချေဖျက်၍ အဆုံးသတ် စေသည်။ ဆာ ၂း၈-၉။
(ခ) အန္တိခရစ်သို့မဟုတ် သားရဲနှင့်သူ၏ မိစ္ဆာပရောဖက်တို့အောင်၍ သူတို့နှစ်ဦးစလုံးအား မီးအိုင် ထဲသို့ပစ်ချနိုင်သော တန်ခိုးတော်။ ဗျာ ၁၉-၁၉-၂၀။
မှတ်ချက်။ ဤအကြိမ်တွင် စာတန်အားချည်နှောင်လျက်အနက်ဆုံးသောတွင်းထဲ၌ အနှစ်တစ်ထောင် ချ ထားသည်။ ဗျာ ၂၀း၁-၃။
(ဂ) ဣသရေလလူတို့အား ကမ္ဘာအရပ်ရပ်မှ စုရုံးလျက်။ နိုင်ငံတော် နိုင်ငံအဖြစ် ပြန်လည်ထူ ထောင်ကာကွယ်တော်မူ သော တန်ခိုး။ မ ၂၄း၃၁။ ၉၁း။ ၁၃း၁။ တရား ၃၀း၅-၆။ ရော ၁၁း၂၅-၂၇။ ယေ ၂း၃-၆။
(ဃ) ဒါဝိဒ်ပလ္လင်၌ ဘုရင်အဖြစ်အုပ်ချုပ်မှုတည်ဆောင်မည်။ လု ၁း၃၂-၃၃။ တ ၁၅း၁၄-၁၆။ အာစရိ ၁၄း၉၊ ဗျာ ၁၉း၁၅၊ ယော ၂၃း၅-၆၊ ၃၃း၁၄-၁၇။
(င) ခေတ်အဆက်ဆက်က သစ္စာရှိ သန့်ရှင်သူများအား သူနှင့်အတူ ဤလောက၌ စိုးစံရန် အ တွက် ခေါ်ဆောင်နိုင် သော တန်ခိုးတော်။ ဗျာ ၁၉း၁၄။ ၅း၁၀။ ယုဒ ၁၄။ ဗျာ ၂၀း၅-၆။ မကြာမီကချီဆောင်ခြင်းခံသောအသင်းတော်လည်ပါ ဝင်ပါအသည်။
ကိုယ်တော်တန်းခိုးတော်သည် ကမ္ဘာမျက်နှာပြင်တစ်ခုလုံးသို့ မှီလိမ့်မည်။ ကမ္ဘာပေါ်တွင် ဖြောင့်မတ် ခြင်း၊ ငြိမ်သက်ခြင်းဖြင့်အုပ်စိုးသော နိုင်ငံတော်ကို ထူထောင်မည်။ ဇာ ၁၄း၉-၇။ ခရစ်တော်သည် နိုင်ငံအားလုံးကို အုပ် ချုပ်တော်မူမည်။ ဗျာ ၁၉း၁၅။
၃။ ခရစ်တော်၏ အနှစ်တစ်ထောင်အုပ်စိုးခြင်း။
ဒါဝိဒ်ပဋိညာဉ်၊ မကြာသေးမီက လေ့လာခဲ့သော ပဋိညာဉ်တွင် ဒါဝိဒ်၏ ရာဇပလ္လင်၌ လည်းကောင်း၊ သားစဉ်မြေးဆက်၌ လည်းကောင်း အဆက်မပြတ်စေခြင်းငှာ ကတိထားတော်မူပါသည်။ ခရစ်တော်သည် ဘုရားသခင်က ဒါဝိဒ်၌ ပြုတော်မူသော ပဋိညာဉ်ကို ပြည်စုံစေလျက်၊ ဒါဝိဒ်၏ ဖြောင့်မတ်သော အတတ်အဖြစ် ဒါဝိဒ်၏ ရာဇပလ္လင်ပေါ် တွင် ထိုင်လျက် ဣသရေလနိုင်ငံတစ်ခုလုံးနှင့် ကမ္ဘာကိုအုပ်စိုးကာ၊ ယေရုရှလင်မြို့၌ အနှစ်တစ်ထောင်စိုးစံတော်မူမည် ဟု သမ္မာကျမ်းစာက ရှင်းလင်းစွာ ဖော်ပြထားပါသည်။ တမန် ၁၅း၁၆။ လု ၁း၃၂-၃၃။ ယေ ၂၃း၅။ ၃၃း၁၅-၁၇။
မှတ်ချက်။ သမ္မာကျမ်းစာတွင်ဖော်ပြထားသော ကျမ်းချက်များကို အရှိအရှိအတိုင်း ရှင်းလင်းစွာ ရေးသား သည်နှင့်အညီ လက်ခံပါက ခရစ်တော်သည် အနှစ်တစ်ထောင်စိုးစံမည်ဖြစ်ကြောင်း လက်ခံ မည်ဖြစ်သည်။
က။ အနှစ်တစ်ထောင်ကာလ၏ အချက်အလက်များ။
(၁) ဗျာ ၂၀း၁-၁၀ ကိုဖတ်ပါ။
(၂) စာတန်အား သံကြိုးကြီးဖြင့် ချည်နှောင်၍ အနက်ဆုံးသောတွင်းထဲ၌ အနှစ်တစ်ထောင် လှောင်ထားမည်ဖြစ်ပါသည်။ သန့်ရှင်းသူများအား နောက်ထပ်မလှည့်စားနိုင်မည့်အ ကြောင်း အလုံပိတ်၍ တံဆိပ်ခတ်ထားမည်ဖြစ်ပါသည်။
(၃) သန့်ရှင်းသူများသည် ခရစ်တော်နှင့်အတူ အနှစ်တစ်ထောင် စိုးစံမည်ဖြစ်ပါသည်။ (အငယ် ၄-၆) နှင့် ဗျာ ၅း၁၀။
မှတ်ချက်။ အသင်းတော်သည် မကြာသေးမီက ကောင်းကင်သို့ ချီဆောင်ထားခြင်းခံရပြီးဖြစ်၍ ၁ သက် ၄း၁၅-၁၈။ ဘုန်းကြီးသော ကိုယ်ခန္ဓာရရှိလျက်၊ ခရစ်တော်နှင့်အတူ ကမ္ဘာကို အုပ်စိုးရန်လောကသို့ ဆင်းသက်လာသည်မှာ ယုံများဘွယ်ရာမရှိပါ။ ယုဒ ၁၄။ ဗျာ ၁၉း၁၄။ ၂၀း၄။
(၄) ပဌမထမြောက်ခြင်း၌ ပါဝင်ခဲ့သောသူများ၊ ချီဆောင်ခြင်းခံရသောအသင်းတော်၊ ဘေးဒဏ်ကြီးကာလ၌ သားရဲ၏ အမှတ်တံဆိပ်ကို လက်မခံ၊ သားရဲကိုကိုးကွယ်ခြင်းမပြုသောကြောင့် ခေါင်းဖြတ်ခံရသောသာသနာ အာဇာနည်များတို့ သည် ခရစ်တော်နှင့်အတူ အနှစ်တစ်ထောင်ကာလစိုးစံကြမည်ဖြစ်ပါသည်။ ဗျာ ၂၀း၄-၆။
ဓမ္မဟောင်းခေတ်ကာလသန့်ရှင်းသူများအားလည်း ဘေးဒဏ်ကြီးကာမတိုင်မီသေခြင်းမှ ထမြောက်စေပြီး ဖြစ်ပါသည်။ ဒံ ၁၂း၁-၃။
(၅) အနှစ်တစ်ထောင်လွန်သောအခါ စာတန်ကိုသူ၏ ချုပ်နှောင်ရာထဲမှ လွှတ်လိုက်၍ တိုင်းနိုင်ငံများအား လှည့်ဖျားရန် ရှာရန်ကြံလိမ့်မည်။ (အငယ်ရ) လူအများတို့သည် စာတန်၏ နောက်သို့လိုက်မည်ဟုဆိုခြင်းကြောင့် အနှစ်တစ်ထောင် ကာလ၌ အုပ်ချုပ်ခံရန် ဆန္ဒအပြည့်မရှိကြောင်း ထင်ရှားပါသည်။ ခရစ်တော်သည် “သံလှံတံ” နှင့်အုပ်ချုပ်လိမ့်မည်။
ဗျာ ၁၉း၁၅။
(၆) သူပုန်များကို မီးလောင်ကျွမ်းလျက်၊ စာတန်အားလည်း မီးအိုင်ထဲသို့ပစ်ချပါသည်။ အငယ် ၉း၁၀
ခ။ အနှစ်တစ်ထောင်၏ အကျယ်အဝန်း။
(၁) ဣသရေလသည် ကမ္ဘာ့နိုင်ငံအသီးသီးအတွက်ထို အနှစ်တစ်ထောင်ကာလ၌ ကောင်းကြီးမင်္ဂလာဖြစ်လိမ့်မည်။
ဇာ ၈း၁၃။ ၂၁-၂၃။
(၂) ခရစ်တော်၏ နိုင်ငံတော်သည် တစ်ကမ္ဘာလုံးဖြစ်လိမ့်မည်။ ဇာ ၁၄း၉။ ဒံ ၂း၃၅ (ထိခိုက်သော ကျောက်သည် မြေကြီး တပြင်လုံးကို ဖုံးလွမ်းလိမ့်မည်။) ဟေရှား ၁၁း၉ ကိုလည်းဖတ်ပါ။
(၃) ဓမ္မဟောင်းခေတ် သန့်ရှင်းသူများ။ ဒံ ၁၂း၁-၃။
(၄) ဘေးဒဏ်ကြီးကာလအတွင်း ထွက်လာကြသော သန်းပေါင်းများစွာသော သူများ။ ဗျာ ရး၉၊ ၁၃-၁၄။ ၂၀း၄။ (ခေါင်းဖြတ်ခံ၍)
(၅) သားရဲ၏ အမှတ်လက္ခဏာကို ငြင်းပယ်သောသူများ။ ဗျာ ၂၀း၄
(၆) ဣသရေလတို့အား ယုံကြည်စိတ်ချလျက် ဖြောင့်မတ်စွာဆက်ဆံသော သူများ။ ဗျာဒိတ် ၂၀း၄။
မှတ်ချက်။ ခရစ်တော်သည် “သံလှံတံ” အားဖြင့် အုပ်စိုးနေရခြင်း၊ အနှစ်တစ်ထောင်ကုန်ခါနီးတွင် ခရစ်တော် ၏ အုပ်စိုးခြင်းကို မခံလိုသောသူသန်းချီ၍ ရှိနေခြင်းများကို ကြည့်လျှင်။ အါမဂေဒုန်စစ်ပွဲကြီးကိုလည်းကောင်း၊ ဘေးဒဏ်ကြိးကာလ၌ လည်းကောင်း အသေမခံရဘဲ လွတ်မြောက်သောသူများရှိသေးကြောင်း ပေါ်လွင်ပါသည်။
ဃ။ အနှစ်တစ်ထောင် ကာလ၏ သဘောသဘာဝ။
(၁) ထိုကာလသည် အာဏာအားဖြင့် ကျရောက်မည်။ ဗျာ ၁၉း၁၅။
(၂) မျက်မြင်နိုင်ငံတော်အစိုးရတစ်ဖွဲ့ထူထောင်မည်။ ဟေရှာ ၉း၆။
(က) ခရစ်တော်အုပ်စိုးမည်။ ဟေရှာ ၉း၇။
(ခ) ယေရုရှလင်မြို့တော်မှ။ ဟေရှာ ၂း၃။ မာလခိ ၃း၁-၄။
(ဂ) ယုဒလူတို့သည် ဝင်ရောက်ကူညီမည်။ ဟေရှာ ၃၂း၁။ ၄၀း၁၀။
(ဃ) တမန်တော် ဆယ်နှစ်ပါးတို့သည် ဣသရေလပြည်တွင် တရားသူကြီးအဖြစ်တာဝန်ယူမည်။ မ ၁၉း၂၈။
(င) သန့်ရှင်းသူများ (အသင်းတော်) သည် ကိုယ်တော်နှင့်အတူ စိုးစံမည်။ ဗျာ ၅း၉-၁၀။
(၃) အောက်ပါကျမ်းချက်များကို မှတ်သားပြီး မည်သို့သွန်သင်ထားသည်ကို သတိပြုပါ။
(က) ဟေရှား ၂း၁-၄။ လမ်းခရီးတော်တို့ကို ညွှန်ပြသွန်သင်ကြမည်။ ခရစ်တော်သည် သူတို့၏ တရားသူကြီးဖြစ်မည်။ စစ်မက်နောက်ထပ်မဖြစ်ရ။ ယေရုရှလင်မြို့မှ ဥပဒေနှင့် နှုတ်ကပတ်တော်ထွက်မည်။
(ခ) ဟေရှာ ၉း၆-၇။ အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ အစိုးရသည် တန်ခိုးကြီးလိမ့်မည်။ ငြိမ်သက်ခြင်းသည် မပျက်ပြားရ။ ဖြောင့်မတ်ခြင်း၊ တရားမျှတခြင်းဖြင့် အစိုးရကို အမိန့်ပေးမည်။
(ဂ) ဟေရှား ၁၁း၁-၁၀။ ဆင်းရဲသားနှင့် နှိမ့်ချသောသူများအတွက် မျှတမှုရှိမည်။ ငယ်-၄၊ သားရဲတို့၏ ကြောက်မက် ဘွယ်ရာများမရှိ ငယ်-၆၊ မြွေဆိုးသည် မကိုက်တော့၊ ငယ် - ၈၊ အချင်းချင်းညှင်ဆဲဖျက်ဆီးခြင်းမရှိ၊ ငယ် - ၉ ထာဝရဘု ရားကို သိကျွမ်းခြင်းပညာလွမ်းမိုးပြည့်စုံမည်။ ငယ်-၉
(ဃ) ဟေရှာ။ ၆၅း၁၈-၂၅။ ရေရုရှလင်မြို့၌ ငိုကြွေးသံ အော်ဟစ်သံနောက်တဖန်မကြားရ၊ ငယ် ၁၈-၁၉။ သေတတ် သောသူများဖြစ်ပါလျက်၊ အသက်ရှည်စွာနေရမည်။ ငယ်-၂၀။
လှည့်ဖျားခြင်း၊ ခိုးယူခြင်း၊ မရိုးသားခြင်းမရှိ။ ငယ် ၂၂-၂၃။
တောခွေး၊ ခြင်္သေတိုသ့ည် သိုးငယ်နှင့်အတူနေမည်။
(င) ဟေရှာ ၆၆း၁၂-၁၄။
ဣသရေလသည် ငြိမ်သက်လျက်သက်သာလျက်ရှိမည်။
(စ) ရော ၈း၁၉-၂၂။
မြေကြီးမှ ကျိန်းခြင်း အမင်္ဂလာကို ပယ်ရှားမည်။
(စ) ဗျာ ၂၀း၃။
စာတန်ကိုဖယ်ရှားပြီးဖြစ်၍ လှည့်စားခြင်း၊ သွေးဆောင်ခြင်း၊ စုံစမ်းခြင်းမရှိ။
(ဇ) ဇေဖနိ ၃း၉။
သန့်ရှင်းသော ဘာသာစကားတစ်မျိုးတည်းသာ သုံးရမည်။
(င) နိဂုံးချုပ်စဉ်းစားခြင်း။
(၁) အနှစ်တစ်ထောင်ကာလ၏ အဆုံး၌ ပလ္လင်ဖြူကြီးတရားပုလ္လင်သည် ပေါ်လာလျက် ကမ္ဘာဦးမှစ၍ ရှိခဲ့သော အပြစ် သားများ၏ အပြစ်ကို တရားစီရင်မည်ဖြစ်ပါသည်။ ဗျာ ၂၀း၁၁-၁၅။
(၂) ဤကမ္ဘာကိုဖျက်ဆီးလျက်။ ကောင်းကင်သစ်နှင့်မြေကြီးသစ်ပေါ်လာမည်ဖြစ်ပါသည်။ ၂ ပေ ၃း၁၀-၁၄။ ဗျာ ၂၁း၁။
(၃) အနှစ်တစ်ထောင်ကာလသည် တရားစီရင်ခြင်းဖြင့် အစပြုလျက်တရားစီရင်ခြင်းဖြင့် အဆုံးသတ်ကြောင်းကို သတိပြုရပါမည်။
(က) အနှစ်တစ်ထောင်ကာလတွင် ပြုလပ်ခဲ့သောတရားစီရင်ခြင်းသည် လူမျိုးတို့အား တရားစီရင်ခြင်းဖြစ်ပါသည်။
မ ၂၅း၃၁-၄၆။
(ခ) အဆုံး၌ တရားစီရင်ခြင်းသည် ပလ္လင်ဖြူကြီး၌ အပြစ်သားများကိုသာ တရားစီရင်ခြင်းဖြစ်ပါသည်။ ဗျာ ၂၀း၁၁-၁၅။
မှတ်ချက်။ သေချာရေရာစွာ ရေးသားထားသည့် အထောက်အထားများမရှိလျင် ရဲရင့်စွာ ဟောပြောခြင်းမပြုရန် ခံယူထားပြီးဖြစ်ပါသည်။ လျှိုဝှက်နက်နဲသော အရာများရှိပါသည်။ ရေးထားပြီးသောအရာများ သင်သိထားပြီးသောအ ရာများ၌သာဝမ်းမြောက်ရန် အကြံပြုပါသည်။ မထင်ရှားသောအရာ၌ တိကျစွာမပြောပါနှင့်။
သင်ခန်းစာများကို မှန်မှန်ပြုလုပ်ခဲ့၍ အောင်လက်မှတ်များရရှိမည်ဖြစ်သောကြောင့် ကျေနပ်မိပါ သည်။ ဤနောက်ဆုံးသင်ခန်းစာသည် သင့်အား ခွန်အားဖြစ်စေလျက်၊ ကြွယ်ဝစေမည်ဟု မျှော်လင့်ပါသည်။ မျှော် ကြည့်ပါ။ သင်၏ ကယ်တင်ခြင်းသည် မဝေးတော့ပါ။
မေးခွန်းများ
၁။ သမ္မာကျမ်းစာ၌ သွန်သင်ထားသော နောက်ဆုံးနေ့ရက်များနှင့်ပတ်သက်၍ သိရှိထားရန်နှင့် ယုံကြည်လက်ခံရန် အ ဘယ်ကြောင့်အရေးကြီးပါသနည်း။
၂။ သင်ခန်းစာ (၃၄) တွင် အသင်းတော်အားချီဆောင်ခြင်းနှင့် ခရစ်တော်၏ ဒုတိယအကြိမ်ကြွလာခြင်းတို့၏ ခြားနားချက် (၁၂) ချက်ဖော်ပြထားပါသည်။ ၎င်းတို့ကို ပြန်လည်လေ့လာပြီး နောက်အရေးကြီးသောအချက် ၆ ချက်အနည်းဆုံး ဖော်ပြပါ။
(၁)
(၂)
(၃)
(၄)
(၅)
(၆)
၃။ ခရစ်တော်သည် ဘုန်းတန်ခိုးအာနုဘော်တော်ကို ဆောင်လျက်ကြွလာတော်မမူမီဖြစ်မည့် နိမိတ်လက္ခာဏာ ၁၀ ခုကို ဤသင်ခန်းစာတွင် ဖော်ပြထားပါသည်။ ၎င်းတို့အထဲမှ အရေးကြီးဆုံးဟု သင်ယူဆထားသော နိမိတ် ၆ ခုကို ရေးပြပါ။ ကျမ်းညွှန်းတစ်ခုစီထည့်ပေးပါ။
(၁)
(၂)
(၃)
(၄)
(၅)
(၆)
၄။ ၁၉၆၇ ခု ဇွန်လ ၈ ရက်နေ့တွင် အစ္စရေးတို့သည် ယေရုရှလင်မြို့ဟောင်းကို ပြန်လည်သိမ်းပိုက်ထားပါသည်။ ထို သိမ်းပိုက်ခြင်းနှင့် ပတ်သက်၍ မည်သို့အရေးပါအရာရောက်သနည်း။
၅။ ယနေ့ခေတ်တိုင်းနိုင်ငံများသည် ရှေးယခင်က မပိုင်ဆိုင်ခဲ့ဘူးသော အရာများထဲမှ မည်သည့်အရာကို ပိုင်ဆိုင်ထား ပါသနည်။
နောဧလက်လက်၏ လက္ခဏာ (၄) ခုကိုရေးပြပါ။
(၁)
(၂)
(၃)
(၄)
၇။ ဓမ္မဟောင်းကျမ်းပရောဖက်များနှင့်ပတ်သက်၍ ၁ ပေ ၁း၁၀ အရ မည်သို့ သိရှိရပါသနည်း။
၈။ “ခရစ်တော်၏ ဘုန်းတန်ခိုးအာနုဘော်” ဟုဆိုရာ၌ မည်သို့ဆိုလိုပါသနည်း။
၉။ ဆာလံ ၂၄း၇-၁၀ တွင် ခရစ်တော်အားမည်သူ့ခေါ်ပါသနည်း။
၁၀။ ဗျာ ၁၉း၁၁-၁၅ ကိုဖတ်ပြီးနောက် ခရစ်တော်တဖန်ကြွလာတော်မည့် ဘုန်းတော်ခြောက်ခုကို ဖော်ပြပါ။
(၁)
(၂)
(၃)
(၄)
(၅)
(၆)
၁၂။ ဒါဝိဒ်ပဋိညာဉ် မည်ကဲ့သို့ အာမခံထား၍ ခရစ်တော်သည် ထိုကတိတော်များကို မည်ကဲ့သို့ ပြည့်စုံစေပါသနည်။
၁၃။ ဒုတိယအကြိမ်ခရစ်တော်ကြွလာခြင်း၌ အသင်းတော်သည် မည်ကဲ့သို့ပါဝင်ပါသနည်း။
၁၄။ ပထမထမြောက်ခြင်း၌ ပါဝင်သူများသည် မည်သူများနည်း။
၁၅။ အနှစ်တစ်ထောင်ကာလ၏ မြင်ကွင်းသည် မည်မျှကျယ်ဝန်းပါသနည်း။ ကျမ်းညွှန်းဖြင့်ပြပါ။
၁၆။ ခရစ်တော်သည် “သံလှံတံ” ဖြင့်အနှစ်တစ်ထောင်ကာလကို အုပ်စိုးခဲ့ရကြောင်းပေါ်လွင်စေရန် အနှစ် တစ်ထောင် ကာလလွန်သောအခါ မည်သို့ဖြစ်လာပါသနည်း။
၁၇။ ဟေရှာ ၁၁း၁-၁၀ ဖတ်ပြီးနောက် အနှစ်တစ်ထောင်ကာလ၏ လက္ခဏာ (၅) ခုကို စာရင်ပြုပါ။
(၁)
(၂)
(၃)
(၄)
(၅)
၁၈။ အနှစ်တစ်ထောင်လာကသည် တရားစီရင်ခြင်းဖြင့် အစပြုလျက်တရားစီရင်ခြင်းဖြင့်ပင် အဆုံးသတ်ခဲ့ပါသည်။ တရားစီရင်ခြင်းတို့၏ အမည်ကို ဖော်ပြလျက်ကျမ်းစာတွင် မည်သည့်နေရာ၌ ဖော်ပြထားကြောင်းကို ဖော်ပြပါ။
၁၉။ ပေါ်လွင်ထင်ရှားခြင်းမရှိသေးသောအရာမှားနှင့်ပတ်သက်၍ မည်သို့ ပြုလုပ်ရမည်နည်း။
၂၀။ ဤသင်ခန်းစာကို လေ့လာခြင်းအားဖြင့် သင့်တွင် လက်တွေ့သဘောအားဖြင့် မည်သု့ိတန်ဘိုးရှိပါသနည်း။
အမည်၊ ____________________________ ရက်စွဲ၊ ___________________________
လိပ်စာ၊ ____________________________
____________________________
____________________________
LESSONS FROM ROGMA INTERNATIONAL FREE BIBLE CORRESPONDENCE SCHOOL
Prepared by William S. H. Piper (D.D)
http://www.murann.com/ezine/index.php?option=com_content&view=article&id=1616:2013-02-19-13-48-46&catid=9:bible-study&Itemid=10
သင္ခန္းစာ (၃၅) ခရစ္ေတာ္ ဒုတိယအႀကိမ္ ႂကြလာျခင္း
နမိတ္လကၡဏာ၊ ဘုန္းက်က္သေရ၊ တန္ခုိး၊ အံ့ဘြယ္ေသာအႏွစ္တစ္ေထာင္စုိးစံျခင္း။
Unicode & Zawgyi Reshare-#9Dan
နိဒါန္း။
သင္သည္ ဤသင္ခန္းစာ၊ စာစဥ္မ်ားကုိ အစဥ္အတုိင္း ေလ့က်င့္ခဲ့ၿပီး ဤသင္ခန္းစာသုိ႔ ေရာက္ရွိ လာသည္ဆုိပါက သင္၏ မွတ္သားဘြယ္ရာ ေအာင္ျမင္မႈအတြက္ သင့္အား ဂုဏ္ျပဳရမည္ျဖစ္ပါသည္။ သင္သည္ သင္ခန္းစာေပါင္းသံုးဆယ္ငါးခုကုိ ေလ့လာခဲ့ၿပီးျဖစ္၍ သမၼာက်မ္းစာတြင္ပါရွိ ေသာ အမွန္တရားမ်ားႏွင့္ပတ္သက္၍ က်ယ္က်ယ္ျပန္႔ျပန္႔သိရွိလာၿပီး ျဖစ္ပါသည္။
ခရစ္ေတာ္သည္ ဘုန္းတန္ခုိးအာႏုေဘာ္ေတာ္ကို ေဆာင္လ်က္ႂကြလာေတာ္မူမည့္အေၾကာင္း အရာ ကဲ့သုိ႔ ေနာက္ဆံုးေလ့လာရန္ သင့္ေတာ္ေသာ သင္ခန္းစာမရွိေတာ့ဟု ယူဆမိပါသည္။ သင္ခန္းစာ (၃၄) တြင္ ခရစ္ ေတာ္ဒုတိယအႀကိမ္ႂကြလာေတာ္မူျခင္းႏွင့္ ခ်ီေဆာင္ျခင္းတုိ႔၏ ျခားနားခ်က္ (၁၂) ခ်က္ျဖင့္ ေလ့လာၿပီးပါသည္။ ျပန္ ၾကည့္လုိမည္ဟု ယူဆပါသည္။
သင္ခန္းစာ (၃၂)တြင္ ခရစ္ေတာ္ႂကြလာေတာ္မူမီ ေနာက္ဆံုးျဖစ္မည့္ အေၾကာင္းအရာမ်ားကုိ ေလ့ လာၿပီး ျဖစ္ပါသည္။ ဤေလာကတြင္ ဘုရားတကာတုိ႔၏ ဘုရင္၊ အရွင္တကာတုိ႔၏ အရွင္အျဖစ္ စုိးစံရန္တဖန္ႂကြလာ ေတာ္မူမည့္ နမိတ္လကၡာမ်ားကုိ ေရတြက္ၿပီး အႏွစ္တစ္ေထာင္စုိးစံသည့္ ကာလႏွင့္ ပတ္သက္သည့္ အံ့ၾသဖြယ္နက္နဲ ေသာ အရာမ်ား အခ်ဳိ႕ကုိ ေလ့လာၾကရမည္ျဖစ္ပါသည္။
ဤသင္ခန္းစာအေရးႀကီးပံု
ဘုရားသခင္သည္ မိမိ၏ ထာ၀ရအႀကံေတာ္ႏွင့္အညီ ေဆာင္ရြက္ေတာ္မူေၾကာင္းကုိ သမၼာက်မ္းစာ က ေဖာ္ျပထားပါသည္။ ကုိယ္ေတာ္တြင္ တစ္ကမၻာလံုးအတြက္ ခရစ္ေတာ္ဒုတိယအႀကိမ္ႂကြလာျခင္းသည္ ဘုရားသ ခင္၏ အဓိကအႀကံေတာ္ထဲအပါအ၀င္ျဖစ္ပါသည္။ ခရစ္ေတာ္သည္ ဘုရားသခင္ကတိေပးထားေသာ အါၿဗံဟံပဋိ ညာဥ္၊ပါလာတိနပဋိညာဥ္၊ ဒါ၀ိဒ္ပဋိညာဥ္ႏွင့္ ပဋိညာဥ္သစ္တုိ႔ကုိ ျပည့္စံုေစျခင္ငွာ ႂကြလာေတာ္မူေၾကာင္းကုိ ေလ့လာ ရမည္ ျဖစ္ပါ သည္။
ဤအေၾကာင္းကုိ ကၽြႏု္ပ္တုိ႔သည္ ႏုတ္ကပတ္ေတာ္အေနျဖင့္လည္းေကာင္း၊ ယံုၾကည္ျခင္းအေနျဖင့္ လည္းေကာင္းသိရွိထားရန္ အေရးႀကီးလွပါသည္။ သမၼာက်မ္းစာသည္ မ်က္ျမင္ဘ၀တြင္ အမွန္ျဖစ္ေသာ စာအုပ္ျဖစ္ ေၾကာင္း ယံုၾကည္ရန္ႏွင့္သိထားရန္ အေရးႀကီးပါသည္။ ခရစ္ေတာ္သည္ လက္ေတြ႕မ်က္ျမင္တဖန္ႂကြလာေတာ္မူမည္။ အဖဒါ၀ိဒ္၏ ရာဇပလႅင္ေပၚတြင္ ထုိင္၍ ဤကမၻာတြင္ အႏွစ္တစ္ေထာင္မ်က္ျမင္စုိးစံေတာ္မူမည္ျဖစ္သည္။
ခရစ္ေတာ္တဖန္ႂကြေတာ္မူျခင္းႏွင့္ တြဲလာေသာနိမိတ္လကၡဏာ အေျမာက္အမ်ားရွိပါသည္။ ထုိအ ရာမ်ားကိုလည္း သိထားရန္ အေရးႀကီးပါသည္။ ဤနမိတ္လကၡဏာမ်ားသည္ ယခုတြင္ပင္ ရွိေနၿပီးေၾကာင္းကုိ ေထာက္လွ်င္ အသင္းေတာ္အား ခ်ီေဆာင္မည့္ကာလသည္ အမွန္ပင္ အလြန္နီးကပ္ေနၿပီးျဖစ္ေၾကာင္း သိရွိႏုိင္ပါ သည္။ ဤကဲ့သို႔ အစဥ္အလုိက္ျဖစ္ေပၚေနေသာ ျဖစ္စဥ္တြင္ အသင္းေတာ္သည္ မည္သည့္ေနရာမွ ၀င္ရမည္ ျဖစ္ေၾကာင္းကုိ သိထားရန္မွာလည္း အေရးႀကီးလွပါသည္။
၁။ ခရစ္ေတာ္တဖန္ႂကြလာမည့္လကၡဏာမ်ား
အသင္းေတာ္အားခ်ီေဆာင္ျခင္းအတြက္ နိမိတ္လကၡဏာတစ္စံုတစ္ရာမွ် ေပးထားျခင္းမရွိေသာ္ လည္း ခရစ္ေတာ္တဖန္ႂကြလာေတာ္ မမူခင္ျဖစ္ေပၚလာမည့္ နိမိတ္လကၡာအေျမာက္အမ်ားကုိ သမၼာက်မ္းစာတြင္ ေဖာ္ ျပထားပါသည္။
ဤလကၡဏာမ်ားႏွင့္ပတ္သက္၍ (လု ၂၀း၂၅-၂၈) သခင္ေယ႐ႈက “ထုိအမူအရာတုိ႔သည္ ျဖစ္စရွိ ေသာ အခ်ိန္ကာလေရာက္လုနီးသည္ကုိ ေထာက္သျဖင့္ ေမွ်ာ္ၾကည့္၍ ေခါင္းကုိႂကြၾကေလာ့”ဟု မိန္႔ေတာ္မူ၏။ “ဤစ ကားမ်ားသည္ ဣသေရလလူတုိ႔အား မူလအားျဖင့္ ေျပာေသာစကားမ်ားျဖစ္ေသာ္လည္း ယခုအခါထုိနိမိတ္လကၡဏာ မ်ားသည္ စတင္၍ ျပည့္စံုၿပီးျဖစ္ေၾကာင္းျမင္ေတြ႕ေနရပါၿပီး ျဖစ္ပါသည္။
က။ ဣသေရလႏုိင္ငံျပန္လည္ထူေထာင္ျခင္း၊ ႏုိင္ငံတစ္ႏုိင္ငံအျဖစ္ျပန္လည္ တည္ေထာင္ျခင္း၊ ေယ႐ုရွလင္ၿမိဳ႕ကုိ ျပန္ လည္သိမ္းပိုက္ျခင္း။
ေယဇေက်လ ၃၆း၈-၁၀၊ ၂၄၊ ၂၈။ ၃၇း၂၁-၂၂။ လု ၂၁း၂၄။
(၁) ၁၉၁၇ ခုႏွစ္တြင္ အဂၤလန္ျပည္မွ ထုတ္ျပန္ေသာ Balfour Declaration အရ ယုဒလူမ်ဳိးမ်ားအား ပါလက္စတုိင္းတြင္ အတည္တက်ေနထိုင္ခြင့္ျပဳေၾကာင္းပါရွိပါသည္။ (ဘုရားသခင္တြင္ ဤအမႈကို ၾကာျမင့္စြာ ကပင္ ေဆာင္႐ြက္ထားျပီ ျဖစ္ပါသည္)။
(၂) ၁၉၄၈ ခု ေမလ ၁၄ ရက္ေန႔တြင္ ဣသေရလလူတုိ႔သည္ အစၥေရးႏုိင္ငံအျဖစ္ ႏုိင္ငံျပန္လည္ ထူေထာင္ႏုိ္င္ခဲ့ပါ သည္။
(၃) ၁၉၆၇ ခုႏွစ္ ဇြန္လ ၈ ရက္ေန႔တြင္ ေယ႐ုရွလင္ၿမိဳ႕ေဟာင္းကုိ ျပန္လည္သိမ္းပုိက္ႏုိင္ခဲ့ၿပီးျဖစ္ပါသည္။ ယခုထုိၿမိဳ႕ သည္ ယုဒလူမ်ဳိးတုိ႔၏ လက္ထဲတြင္ရွိလ်က္ အစၥေရးႏုိင္ငံ၏ ၿမိဳ႕ေတာ္ျပန္ျဖစ္ေနၿပီး ျဖစ္ပါသည္။
မွတ္ခ်က္။ တစ္ပါးအမ်ဳိးသားကာလသည္ ဘီစီ ၆၀၄ တြင္ ေနဗုခဒ္ေနဇာမင္းႀကီးသည္ ေယ႐ုရွလင္ၿမိဳ႕ေတာ္ကုိ စတင္သိမ္းပုိက္သည္မွ အစျပဳခဲ့ပါသည္။ တစ္ပါးအမ်ဳိးသားတုိ႔၏ လက္ထဲတြင္ ဤ “ကာလ” မ်ားမျပည့္စံုမီ ဆက္လက္ တည္ရွိမည္ျဖစ္ပါသည္။ ယေန႔ႏွစ္ေပါင္း ၂၅၀၀ အတြင္ပထမဆံုးအျဖစ္ ေယ႐ုရွလင္ၿမိဳ႕သည္ ဂ်ဴးလူမ်ဳိးတုိ႔လက္ထဲ ေရာက္ရွိလာျခင္းျဖစ္ပါသည္။ အနာဂတၱိေဟာေျပာခ်က္မ်ားဆုိင္ရာဘီးသည္ ေႏွးေကြးစြာလည္ပတ္ေနသည္ဟု ယူဆရ ေသာ္လည္း ယခုအခါ “တစ္ပါးအမ်ဳိးသားမ်ား၏ ကာလ”သည္ ၿပီးျပည့္စံုေနၿပီးဟု ယူဆဘြယ္ျဖစ္ပါသည္။
ခ။ ကမၻာ့စစ္ႀကီးႏွင့္ လက္ရွိလက္နက္တပ္ဆင္မႈ
(၁) စစ္မက္ျဖစ္ပြားျခင္းသည္ ကမာၻဦးကပင္ဤကမၻာေလာကႀကီး၏ လကၡဏာတစ္ခုကဲ့သုိ႔ျဖစ္ေနေသာ္လည္း ေနာက္ ဆံုးေန႔ရက္သည္ ကမာၻလံုးဆုိင္ရာစစ္ပြဲႀကီးျဖင့္ လကၡဏာျပဳထားပါသည္။ မ ၂၄း၆-၇ ကုိဖတ္ပါ။
(၂) ေယာလ ၃း၉-၁၂ တြင္မုိက္မဲစြာ လက္နက္အၿပိဳင္အဆုိင္တပ္ဆင္ၾကမည့္အေၾကာင္းကုိ ေနာက္ဆံုးေသာ ကာလ၏ သေဘာသဘာ၀အျဖစ္ အနာဂတၱိျပဳထားပါသည္။ ယေန႔ကမၻာ့ႏုိင္ငံမ်ားသည္ ႏွစ္စဥ္ ေဒၚလာ သန္း ေျခာက္သိန္းေက်ာ္ကုိ စစ္ျပင္ ဆင္ျခင္းအတြက္ အသံုးျပဳလ်က္ရွိေနၾကပါသည္။ (တစ္မိနစ္လွ်င္ ၁.၃ သန္း) ယခု ကၽြႏ္ုပ္တုိ႔ဘ၀သက္တန္း၌ ပင္ဗ်ာ ဒိတ္က်မ္းတြင္ ေဖာ္ျပထားေသာ ပ်က္စီးျခင္းမ်ဳိးကုိ ျဖစ္ေစႏုိင္ေသာ ႏ်ဴက လီးယားလက္နက္မ်ား ပုိင္ဆုိင္လာၿပီး ျဖစ္ပါ သည္။
ဂ။ ေျမငလ်င္လႈပ္ျခင္း မ ၂၄း၇
ကမၻာ့လူသားတုိ႔၏ မွတ္တမ္းတင္ၿပီးေသာ သမုိင္းစဥ္တေလွ်ာက္ထက္ခုရာစုတြင္ ေျမငလ်င္ပုိမုိလႈပ္ ခဲ့ေၾကာင္းသိရွိရပါသည္။ ေျမငလ်င္ဆက္လက္လႈပ္မည္ျဖစ္ၿပီး တုိးတက္လာလ်က္ေနာက္ဆံုးအလြန္ျပင္း ထန္ေသာ ေျမႀကီးလႈပ္ရွင္ျခင္းမွာ မလြဲမေရွာင္သာႀကံဳေတြ႕ရမည္ဟု သိပၸံပညာရွင္မ်ားက သေဘာတူညီ ထားၾကပါသည္။ ကမၻာတြင္ ႀကံဳေတြ႕ဘူးေသာသမွ် ေျမငလ်င္လႈပ္ျခင္းမ်ားအနက္ အျပင္းထန္ဆံုးေသာ ေျမ ငလ်င္လႈပ္ျခင္းကုိ ႀကံဳေတြ႕ၿပီးေနာက္ ခရစ္ေတာ္တဖန္ႂကြလာလာျခင္းသုိ႔ ေရာက္မည္ျဖစ္ပါသည္။ ဗ်ာ ၁၆း ၁၇၊ ၁၈။ ဇာ ၁၄း၄-၅။
ဃ။ ငတ္မြတ္ေခါင္းပါးျခင္း။ မ ၂၄း၇။
ဗ်ာဒိတ္ ၆း၅၊ ၆ တြင္ငတ္မြတ္ေခါင္းပါးျခင္းတည္းဟူေသာ ျမင္းနက္သည္ ျမင္းျဖဴတည္းဟူေသာ အာဏာရွင္စနစ္ႏွင့္ ျမင္းနီတည္းဟူေသာ စစ္ပြဲေနာက္မွ ေပၚထြက္လာပါသည္။ World Church Service Reports အရ လူဦးေရ ၁၀၀၀ သန္းခန္႔သည္ အစာအဟာရျပည့္၀စြာ စားသံုးျခင္းမျပဳရဘဲ ငတ္မြန္းေခါင္းပါး ေနရသည္။ ေန႔စဥ္လူသံုးေသာင္းသည္ အစာအဟာရျပတ္လတ္၍ ေသၾကရသည္။ လာမည့္ဆယ္ႏွစ္အတြင္း လူသန္းတစ္ေထာင္သည္ အစာအဟာရျပတ္လတ္၍ ေသၾကမည္ျဖစ္ပါသည္။ ငတ္မြတ္ေခါင္းပါးျခင္းကာလ သည္ ယခုပင္ေရာက္ရွိေနၿပီး ျဖစ္ပါသည္။
င။ စာရိတၱပ်က္ျပားျခင္းႏွင့္ ရာဇ၀တ္မႈတုိးတက္ျခင္း။
က ၆း၅၊ ၁၁၊ ၁၂။ ၂ တိ ၃း၁-၅။ လု ၁၇း၂၆-၃၀။
အေမရိကန္ျပည္ေထာင္စုတြင္ လူဦးေရတုိးပြားနႈန္းထက္ ရာဇ၀တ္မႈသည္ အဆ (၁၁) ဆျမန္ဆန္ စြာ တုိးတက္ျဖစ္ပြားေနပါသည္။ ေအပီသတင္းဌာန၏ သတင္းေပးပုိ႔ခ်က္အရ ေန႔စဥ္ လူသတ္မႈေပါင္း ၇၀ ေက်ာ္၊ မုဒိန္း မႈေပါင္း ၂၄၀ ေက်ာ္၊ လက္နက္ကိုင္လုယက္မႈေပါင္း ၄၅၀ ေက်ာ္ျဖစ္ပြားေနေၾကာင္း၊ လိမ္လည္မႈ၊ လွည့္ဖ်ားမႈ၊ ခုိးမႈတုိ႔ သည္။ ေနရာတုိင္းတြင္ျဖစ္ပြားေနေၾကာင္းသိရွိရပါသည္။
ညစ္ညမ္းေသာ ႐ုပ္ပံုထုတ္လုပ္မႈသည္ အလြန္ျဖစ္ထြန္းေသာ လုပ္ငန္းျဖစ္လ်က္ႏွစ္စဥ္ေဒၚလာသန္း ငါး ေထာင္ ေက်ာ္ဘုိးလုပ္ကိုင္ရသည္။ ဘုရားသခင္ႏွင့္တရားဥပေဒကုိ ပမာဏမျပဳဘဲ လိင္တူဆက္ဆံသူ ၂၅ သန္း ေက်ာ္တုိ႔သည္ ဆႏၵျပၾကသည္။ စိတ္ပညာရွင္တစ္ဦး၏ အဆုိအရ “မုဒိန္းမႈက်ဴးလြန္မႈသည္ ေၾကာက္ မက္ဖြယ္ျဖစ္ေသာ္ လည္း ယေန႔ကၽြႏု္ပ္တုိ႔ေခတ္၏ စိတ္ေနသေဘာထားကုိ ေဖာ္ျပျခင္းသာျဖစ္သည္”။
ေပါလုသည္ “ေနာက္ဆုးေသာကာလ” ၏ လကၡဏာမ်ားအျဖစ္ ဆုိးရြားလွေသာအရာမ်ားကုိ စာရင္း ျပဳထားရာ။ ယခုထုိအရာမ်ားကုိပင္ ကၽြႏု္ပ္တုိ႔သည္ ေန႔စဥ္ျမင္ေတြ႕ေနၾကရပါသည္။
ခရစ္ေတာ္တဖန္ႂကြလာေတာ္မမူမီ ကမၻာႀကီးသည္ ေနာဧလက္ထက္၌ကဲ့သုိ႔ ျပန္လည္ဆုတ္ယုတ္ သြားမည္ ျဖစ္သည္။ ဤအခ်ိန္သည္ ၾကမ္းတမ္းျခင္း၊ လုယက္တုိက္ခုိက္ျခင္း၊ အက်င့္ပ်က္ျခင္းႏွင့္ ဥပေဒမဲ့ေနထုိင္ျခင္း ေခတ္ကာလျဖစ္ေနပါသည္။
စ။ မိစာၦပေရာဖက္မ်ား၊ အတုအေယာင္ဆရာမ်ား
၁ တိ ၄း၈၊ ၂ ေပ ၂း၁။
အေမရိကန္ျပည္ေထာင္စုတြင္ အနည္းဆံုးအယူမွားေသာ အုပ္စု CULT ငါးေထာင္ခန္႔လႈပ္ရွားလ်က္ ရွိေနပါသည္။ ထုိအရာအားလံုးတုိသည္ အမွန္တရားကုိ လွည့္ဖ်ားျခင္းသာျဖစ္ပါသည္။ မၾကာေသးမီက ေကာက္ယူရရွိ ေသာ စာရင္းမ်ားအရ ဓမၼတကၠသုိလ္မွ ေအာင္ျမင္လာ၍ လုပ္ငန္းခြင္ ၀င္ေတာ့မည့္ က်မ္းစာေက်ာင္းသားမ်ား၏ ၅၆ ရာခုိင္ႏႈန္းေက်ာ္သည္။ ခရစ္ေတာ္အပ်ဳိကညာမွ ေမြးဖြားျခင္းကို မယံုၾကည္ေတာ့ေၾကာင္း၊ ၇၀ ရာခုိင္ႏႈန္းတုိ႔သည္ တမ လြန္ဘ၀၌ အသက္ရွင္ျခင္းမယံုၾကည္ေၾကာင္း၊ ၉၈ ရာခုိင္ႏႈန္းတုိ႔သည္ ခရစ္ေတာ္ေလာကသုိ႔ မ်က္ျမင္တဖန္ႂကြလာ မည္ကုိ မယံုၾကည္ေၾကာင္း ေတြ႕ရွိရပါသည္။ ဘာသာေရးတြင္ မွားယြင္းေသာ သြန္သင္ခ်က္၏ လကၡဏာကုိ ေနရာ တုိင္းတြင္ ေတြ႕ရွိရပါသည္။
ဆ။ အျခားထင္ရွားေသာ လကၡဏာမ်ား။
(၁) လူမ်ဳိးတုိ႔သည္ မၿငိမ္မသက္ျဖစ္ျခင္း၊ လု ၂၁း၂၅ ယေန႔ကမာၻတြင္ျဖစ္ေပၚေသာ မၿငိမ္မသက္မႈမ်ားကုိ သတိျပဳပါ။
(၂) ႐ုရွားသည္ စစ္အင္အားႀကီးႏုိင္ငံအျဖစ္သို႔ ေရာက္ရွိလာျခင္းႏွင့္ ေနာင္တြင္ အစၥေရးႏုိင္ငံအား ေခ်ဖ်က္မည့္သ ေဘာမ်ားး။ ေယဇ ၃၈ႏွင့္ ၃၉။
(၃) ေရာမအင္ပါယာျပန္လည္အသက္၀င္ျခင္း။ ဒံ ၂း၄၃-၄၅။ ၇း၂၃၊ ၂၄ ႏွင့္ဗ်ာ ၁၃း၁၊ ၁၇း၁၂ တုိ႔ကုိ ေသျခာစြာဖတ္ပါ။ သားရဲသည္ ႏုိင္ငံဆယ္ႏုိင္ငံကုိ ဦးေဆာင္မည္။ ဥေရာပဘံုေစ်းတြင္ ႏုိင္ငံ ၁၀ ႏုိင္ငံပါ၀င္ပါသည္။ ေရာမအင္ပါယာတြင္ ပါ၀င္ခဲ့ေသာ ႏုိင္ငံမ်ားပင္ျဖစ္ပါသည္။
(၄) အသိပညာႏွင့္ ခရီးသြားလာမႈတုိးတက္ျခင္း။ ဒံ ၁၂း၄။
မွတ္ခ်က္။ အျခားနိမိတ္လကၡဏာမ်ားလည္းရွိေနပါေသးးသည္။ ထုိအရာမ်ားကုိ ပုိင္ႏုိင္ေအာင္ ေလ့လာထားပါ။ ကၽြႏ္ုပ္တုိ႔သည္ ေခတ္ကာလ၏ အဆံုးပိုင္းသို႔ လ်င္ျမန္စြာခ်ီတက္သြားလ်က္၊ ခရစ္ေတာ္သည္ ဘုန္းတန္ခုိးဘာႏုေဘာ္ ေတာ္ျဖင့္ တဖန္ႂကြလာေတာ္မူမည့္အခ်ိန္ေရာက္လုေၾကာင္းကုိ ဤနမိတ္လကၡဏာမ်ားျဖင့္ သိသာေလာက္ၿပီးဟု ယူ ဆ ပါသည္။
၂။ ခရစ္ေတာ္တဖန္ႂကြလာေတာ္မူျခင္း၏ ဘုန္းတန္ခုိး။
၁ ေပး ၁း၁၁ တြင္ ဓမၼေဟာင္းပေရာဖက္မ်ားသည္ ခရစ္ေတာ္ခံစားရမည့္ ေ၀ဒနာကုိ ႀကိဳတင္ျမင္ ထားေၾကာင္း။ “ဆင္းရဲခံၿပီးမွ ၀င္စားေတာ္မူရေသာ ဘုန္းစည္းစိမ္ ”ကိုျမင္ခဲ့ရေၾကာင္း ေဖာ္ျပထားပါသည္။ အသင္း ေတာ္အားခ်ီေဆာင္ျခင္းကုိ ျမင္ေတြ႕ရျခင္းမရွိပါ။ ဘုန္းတန္ခုိးေတာ္ျဖင့္ တဖန္ႂကြလာ ေတာ္မူ မည္ျဖစ္ေၾကာင္းကုိ ျမင္ခဲ့ၾကပါသည္။
က။ ဘုန္းေတာ္
(၁) ခရစ္ေတာ္တဖန္ႂကြလာေတာ္မူေသာ အခါျမင္ေတြ႕ၾကားနာရမည့္အရာမ်ားကုိ ၾကည့္ျခင္းအာျဖင့္ ခရစ္ေတာ္၏ ဘုန္းေတာ္ကို ျမင္ေတြ႕ႏုိင္မည္ျဖစ္ပါသည္။
(က) မ ၂၄း၂၇-၃၁။
လွ်ပ္စစ္သည္အေရွ႕မွ ျပက္၍ အေနာက္တုိင္ေအာင္ထြန္းလင္းျခင္း။ ေနႏွင့္လတုိ႔သည္ အလင္း ေရာင္ကုိမေပး။ ေကာင္းကင္တမန္တုိ႔သည္ တံပုိးခရာကုိ ျပင္းစြာမႈတ္ၾကမည္။ ႀကီးစြာေသာ ဘုန္းတန္ခုိးအာႏုေဘာ္ကုိ ေဆာင္လ်က္မုိးတိမ္ကုိစီး၍ ႂကြလာေတာ္မူမည္။
(ခ) ၂ သက္ ၁း၇-၁၀။
သန္ရွင္းေသာ ေကာင္းကင္တမန္မ်ားၿခံရဲလ်က္ေပၚလာမည္။ မ ၂၅း၃၁။
မီးလွ်ံအားျဖင့္ ႂကြလာေတာ္မူမည္။ အျပစ္သားတုိ႔အား ထာ၀ရပ်က္စီးျခင္းတည္းဟူေသာ အျပစ္ဒဏ္ကုိ စီရင္ေတာ္မူ မည္။ တန္ခိုးရွိေသာဘုန္းေတာ္ႏွင့္တကြႂကြလာေတာ္မူမည္။
(ဂ) ဗ်ာ ၁၉း၁၁-၁၅။
ေကာင္းကင္ဘံုဖြင့္လွစ္လ်က္ရွိမည္။ တရားသျဖင့္စစ္ရင္ျခင္းႏွင့္ စစ္တုိက္ျခင္းငွာ ျမင္းျဖဴစီလ်က္ႂကြ လာေတာ္မူမည္။ သူ၏ အမည္ကားသစၥာႏွင့္သမၼာျဖစ္၏။ မ်က္စိေတာ္ သည္ မီးလွ်ံကဲ့သုိ႔ျဖစ္၏။ ေခါင္းေတာ္ေပၚ၌ သရ ဖူမ်ားစြာ ေဆာင္းထား၏။ အေသြး၌ ႏွစ္ၿပီးေသာ အ၀တ္ကုိ ၀တ္၏။ ဘုရားသခင္၏ ႏႈတ္ကပတ္ေတာ္ဟူေသာ အမည္ရွိ၏။ ေကာင္းကင္တပ္မေတာ္သည္ ျမင္ျဖဴကုိစီလ်က္ေနာက္ေတာ္သုိ႔ လုိက္ၾက၏။ လူမ်ဳိးတုိ႔ကုိ ဒဏ္ခတ္စရာဘုိ႔၊ ထက္ေသာသန္လ်က္သည္ ခံတြင္းထဲကေထြက္၏ ဘုရင္တုိ႔၏ ဘုရင္၊ သခင္တုိ႔၏ သခင္ဟူေသာ ဘြဲ႕အမည္နာမရွိ၏။
(၂) ခရစ္ေတာ္အား “ဘုန္းႀကီးေသာရွင္ဘုရင္”ဟု ေခၚထားပါသည္။ ဆာ ၂၄း၇-၁၀။
(၃) ခရစ္ေတာ္သည္ ခမည္းေတာ္၏ ဘုန္းကုိေဆာင္လ်က္ႂကြလာေတာ္မူမည္။ မာ ၈း၃၈။
(၄) ခရစ္ေတာ္သည္ ဘုန္းတန္ခုိးအာႏုေဘာ္ကုိ ေဆာင္လ်က္ႂကြလာေတာ္မူသည္ကုိ လူသားအေပါင္း တုိ႔သည္ ျမင္ရ ၾကမည္။
(၅) ခရစ္ေတာ္သည္ မိမိသန္႔ရွင္းသူတုိ႔၌ ဘုန္းေတာ္ထင္ရွားရန္ႂကြလာေတာ္မူပါသည္။ ၂ သက္ ၁း၁၀။ ေကာ ၃း၄။ ယုဒ ၁၅။
(၆) ခရစ္ေတာ္သည္ ဂုဏ္သေရႏွင့္ဘုန္းအာႏုေဘာ္ေတာ္ကုိ ခံထုိက္၏။ ဗ်ာ ၄း၁၁။ ၅း၁၂။
မွတ္ခ်က္။ ခရစ္ေတာ္၏ ဘုန္းအသေရဆုိသည္မွာ ကုိယ္ေတာ္ျဖစ္ေတာ္မူသည့္အတုိင္း ပုိင္ဆုိင္သမွ်တုိ႔ကုိ ေဖာ္ျပျခင္း ျဖစ္ပါသည္။ ခမည္ေတာ္ဘုရားသခင္သည္ သူ၌ ဘုန္းထင္ရွားလ်က္ရွိသည္။ ေယာ ၁၃း၃၁။ ၁၄း၁၃။
ခ။ တဖန္ႂကြလာေတာ္မူျခင္း၏ တန္ခုိးေတာ္။
(၁) အသင္းေတာ္ကုိ ခ်ီေဆာင္ျခင္း၌ ခရစ္ေတာ္သည္ ကၽြႏု္ပ္တုိ႔အတြက္ ႂကြလာေတာ္မူေသာ အခါသူ၏ တတ္စြမ္းႏုိင္ မႈမ်ားအားျဖင့္ သူ၏ တန္ခုိးေတာ္ထင္ရွားေပၚလြင္မည္ျဖစ္သည္။
(က) ေသမင္းကုိ ေအာင္၍ ကၽြႏု္ုပ္တုိ႔၌ သက္ေရာက္ေသာ ေသမင္း၏ အဆိပ္အေတာက္မ်ားကုိ ျဖတ္ေတာ္ရန္။ ၁ သက္ ၄း၁၅-၁၄။ ၁ ေကာ ၁၅း၅၀-၅၁။ ေယာ ၅း၂၅။
(ခ) ပုပ္ပ်က္ျခင္းနိယာမကုိ ဖ်က္ဆီး၍ ကၽြႏု္ပ္တုိ႔အား အသစ္ေသာ ခႏၶာကိုယ္ကို ေပးေသာ အခါ ။ ဖိ ၃း၂၀-၂၁။ ၁ ေကာ ၁၅း၅၁။ ၁ ေယာ ၃း၂။
(ဂ) ေျမႀကီး၏ ဆြဲငင္ျခင္းနိယာမကုိ ေဘးဖယ္၍ ကၽြႏု္ပ္တုိ႔သည္ ကုိ္ယ္ခႏၶာအားျဖင့္ ေကာင္းကင္ဘံုသုိ႔ တက္ႂကြေစေသာအခါ ၁ သက္ ၄း၁၅-၁၇။ ေယာ ၁၄း၃။
(ဃ) သခ်ၤဳိင္းကုိ ေအာင္ျမင္လ်က္ခ်ည္ေႏွာင္ျခင္းခံရေသာ သန္းေပါင္းမ်ားစြာတုိ႔ကုိ တခ်ိန္ တည္း ထေျမာက္ေစေသာအခါ ခရစ္ေတာ္၌ ေသလြန္ေသာသူတုိ႔သည္အဦးထေျမာက္ ၾကလိမ့္မည္။ ၁ သက္ ၄း၁၆။
(၂) ကမာၻေျမေပၚသုိ႔တဖန္ႂကြလာေတာ္မူေသာအခါ ကိုယ္ေတာ္၏ တန္ခုိးေတာ္သည္ အ့ံၾသဖြယ္ျဖစ္ လ်က္။ ႏႈိင္းဆႏုိင္ ဘြယ္ရာမရွိပါ။ တန္ခုိးေတာ္ႏွင့္ျပည့္စံု၍ အထြဋ္အထိပ္ျဖစ္ပါသည္။
(က) ကုိယ္ေတာ္အားစစ္တုိက္ရန္ စု႐ံုးေနၾကေသာ တုိင္းႏုိင္ငံမ်ား၏ တပ္မေတာ္မ်ားကုိ ေခ်ဖ်က္ႏုိင္ေသာ တန္ခုိးေတာ္။ ဗ်ာ ၁၉း၁၅-၁၉။
မွတ္ခ်က္။ ဒံေယလ ၂း၃၄-၃၆ ပါေခ်ဖ်က္ေသာ ေက်ာက္တံုးသည္ ခရစ္ေတာ္ျဖစ္ပါသည္။ ဇာခရိ ၁၂း၉ ႏွင့္ ၁၄း၂ ကိုလည္းဖတ္ပါ။ ဤတန္ခုိးေတာ္ျဖင့္ တပါးအမ်ဳိးသားတုိ႔၏ ကမာၻတန္ ခုိးအင္အားမ်ားကုိ ေခ်ဖ်က္၍ အဆံုးသတ္ ေစသည္။ ဆာ ၂း၈-၉။
(ခ) အႏၱိခရစ္သုိ႔မဟုတ္ သားရဲႏွင့္သူ၏ မိစၦာပေရာဖက္တုိ႔ေအာင္၍ သူတုိ႔ႏွစ္ဦးစလံုးအား မီးအုိင္ ထဲသုိ႔ပစ္ခ်ႏုိင္ေသာ တန္ခုိးေတာ္။ ဗ်ာ ၁၉-၁၉-၂၀။
မွတ္ခ်က္။ ဤအႀကိ္မ္တြင္ စာတန္အားခ်ည္ေႏွာင္လ်က္အနက္ဆံုးေသာတြင္းထဲ၌ အႏွစ္တစ္ေထာင္ ခ် ထားသည္။ ဗ်ာ ၂၀း၁-၃။
(ဂ) ဣသေရလလူတုိ႔အား ကမၻာအရပ္ရပ္မွ စု႐ံုးလ်က္။ ႏုိင္ငံေတာ္ ႏုိင္ငံအျဖစ္ ျပန္လည္ထူ ေထာင္ကာကြယ္ေတာ္မူ ေသာ တန္ခုိး။ မ ၂၄း၃၁။ ၉၁း။ ၁၃း၁။ တရား ၃၀း၅-၆။ ေရာ ၁၁း၂၅-၂၇။ ေယ ၂း၃-၆။
(ဃ) ဒါ၀ိဒ္ပလႅင္၌ ဘုရင္အျဖစ္အုပ္ခ်ဳပ္မႈတည္ေဆာင္မည္။ လု ၁း၃၂-၃၃။ တ ၁၅း၁၄-၁၆။ အာစရိ ၁၄း၉၊ ဗ်ာ ၁၉း၁၅၊ ေယာ ၂၃း၅-၆၊ ၃၃း၁၄-၁၇။
(င) ေခတ္အဆက္ဆက္က သစၥာရွိ သန္႔ရွင္သူမ်ားအား သူႏွင့္အတူ ဤေလာက၌ စုိးစံရန္ အ တြက္ ေခၚေဆာင္ႏုိင္ ေသာ တန္ခုိးေတာ္။ ဗ်ာ ၁၉း၁၄။ ၅း၁၀။ ယုဒ ၁၄။ ဗ်ာ ၂၀း၅-၆။ မၾကာမီကခ်ီေဆာင္ျခင္းခံေသာအသင္းေတာ္လည္ပါ ၀င္ပါအသည္။
ကိုယ္ေတာ္တန္းခုိးေတာ္သည္ ကမၻာမ်က္ႏွာျပင္တစ္ခုလံုးသို႔ မွီလိမ့္မည္။ ကမၻာေပၚတြင္ ေျဖာင့္မတ္ ျခင္း၊ ၿငိမ္သက္ျခင္းျဖင့္အုပ္စိုးေသာ ႏုိင္ငံေတာ္ကုိ ထူေထာင္မည္။ ဇာ ၁၄း၉-၇။ ခရစ္ေတာ္သည္ ႏုိင္ငံအားလံုးကုိ အုပ္ ခ်ဳပ္ေတာ္မူမည္။ ဗ်ာ ၁၉း၁၅။
၃။ ခရစ္ေတာ္၏ အႏွစ္တစ္ေထာင္အုပ္စိုးျခင္း။
ဒါ၀ိဒ္ပဋိညာဥ္၊ မၾကာေသးမီက ေလ့လာခဲ့ေသာ ပဋိညာဥ္တြင္ ဒါ၀ိဒ္၏ ရာဇပလႅင္၌ လည္းေကာင္း၊ သားစဥ္ေျမးဆက္၌ လည္းေကာင္း အဆက္မျပတ္ေစျခင္းငွာ ကတိထားေတာ္မူပါသည္။ ခရစ္ေတာ္သည္ ဘုရားသခင္က ဒါ၀ိဒ္၌ ျပဳေတာ္မူေသာ ပဋိညာဥ္ကုိ ျပည္စံုေစလ်က္၊ ဒါ၀ိဒ္၏ ေျဖာင့္မတ္ေသာ အတတ္အျဖစ္ ဒါ၀ိဒ္၏ ရာဇပလႅင္ေပၚ တြင္ ထုိင္လ်က္ ဣသေရလႏုိင္ငံတစ္ခုလံုးႏွင့္ ကမၻာကုိအုပ္စုိးကာ၊ ေယ႐ုရွလင္ၿမိဳ႕၌ အႏွစ္တစ္ေထာင္စုိးစံေတာ္မူမည္ ဟု သမၼာက်မ္းစာက ရွင္းလင္းစြာ ေဖာ္ျပထားပါသည္။ တမန္ ၁၅း၁၆။ လု ၁း၃၂-၃၃။ ေယ ၂၃း၅။ ၃၃း၁၅-၁၇။
မွတ္ခ်က္။ သမၼာက်မ္းစာတြင္ေဖာ္ျပထားေသာ က်မ္းခ်က္မ်ားကုိ အရွိအရွိအတုိင္း ရွင္းလင္းစြာ ေရးသား သည္ႏွင့္အညီ လက္ခံပါက ခရစ္ေတာ္သည္ အႏွစ္တစ္ေထာင္စုိးစံမည္ျဖစ္ေၾကာင္း လက္ခံ မည္ျဖစ္သည္။
က။ အႏွစ္တစ္ေထာင္ကာလ၏ အခ်က္အလက္မ်ား။
(၁) ဗ်ာ ၂၀း၁-၁၀ ကုိဖတ္ပါ။
(၂) စာတန္အား သံႀကိဳးႀကီးျဖင့္ ခ်ည္ေႏွာင္၍ အနက္ဆံုးေသာတြင္းထဲ၌ အႏွစ္တစ္ေထာင္ ေလွာင္ထားမည္ျဖစ္ပါသည္။ သန္႔ရွင္းသူမ်ားအား ေနာက္ထပ္မလွည့္စားႏုိင္မည့္အ ေၾကာင္း အလံုပိတ္၍ တံဆိပ္ခတ္ထားမည္ျဖစ္ပါသည္။
(၃) သန္႔ရွင္းသူမ်ားသည္ ခရစ္ေတာ္ႏွင့္အတူ အႏွစ္တစ္ေထာင္ စုိးစံမည္ျဖစ္ပါသည္။ (အငယ္ ၄-၆) ႏွင့္ ဗ်ာ ၅း၁၀။
မွတ္ခ်က္။ အသင္းေတာ္သည္ မၾကာေသးမီက ေကာင္းကင္သုိ႔ ခ်ီေဆာင္ထားျခင္းခံရၿပီးျဖစ္၍ ၁ သက္ ၄း၁၅-၁၈။ ဘုန္းႀကီးေသာ ကုိယ္ခႏၶာရရွိလ်က္၊ ခရစ္ေတာ္ႏွင့္အတူ ကမၻာကုိ အုပ္စိုးရန္ေလာကသုိ႔ ဆင္းသက္လာသည္မွာ ယံုမ်ားဘြယ္ရာမရွိပါ။ ယုဒ ၁၄။ ဗ်ာ ၁၉း၁၄။ ၂၀း၄။
(၄) ပဌမထေျမာက္ျခင္း၌ ပါ၀င္ခဲ့ေသာသူမ်ား၊ ခ်ီေဆာင္ျခင္းခံရေသာအသင္းေတာ္၊ ေဘးဒဏ္ႀကီးကာလ၌ သားရဲ၏ အမွတ္တံဆိပ္ကုိ လက္မခံ၊ သားရဲကုိကုိးကြယ္ျခင္းမျပဳေသာေၾကာင့္ ေခါင္းျဖတ္ခံရေသာသာသနာ အာဇာနည္မ်ားတုိ႔ သည္ ခရစ္ေတာ္ႏွင့္အတူ အႏွစ္တစ္ေထာင္ကာလစုိးစံၾကမည္ျဖစ္ပါသည္။ ဗ်ာ ၂၀း၄-၆။
ဓမၼေဟာင္းေခတ္ကာလသန္႔ရွင္းသူမ်ားအားလည္း ေဘးဒဏ္ႀကီးကာမတုိင္မီေသျခင္းမွ ထေျမာက္ေစၿပီး ျဖစ္ပါသည္။ ဒံ ၁၂း၁-၃။
(၅) အႏွစ္တစ္ေထာင္လြန္ေသာအခါ စာတန္ကုိသူ၏ ခ်ဳပ္ေႏွာင္ရာထဲမွ လႊတ္လုိက္၍ တုိင္းႏုိင္ငံမ်ားအား လွည့္ဖ်ားရန္ ရွာရန္ႀကံလိမ့္မည္။ (အငယ္ရ) လူအမ်ားတုိ႔သည္ စာတန္၏ ေနာက္သုိ႔လုိက္မည္ဟုဆိုျခင္းေၾကာင့္ အႏွစ္တစ္ေထာင္ ကာလ၌ အုပ္ခ်ဳပ္ခံရန္ ဆႏၵအျပည့္မရွိေၾကာင္း ထင္ရွားပါသည္။ ခရစ္ေတာ္သည္ “သံလွံတံ” ႏွင့္အုပ္ခ်ဳပ္လိမ့္မည္။
ဗ်ာ ၁၉း၁၅။
(၆) သူပုန္မ်ားကုိ မီးေလာင္ကၽြမ္းလ်က္၊ စာတန္အားလည္း မီးအုိင္ထဲသုိ႔ပစ္ခ်ပါသည္။ အငယ္ ၉း၁၀
ခ။ အႏွစ္တစ္ေထာင္၏ အက်ယ္အ၀န္း။
(၁) ဣသေရလသည္ ကမၻာ့ႏုိင္ငံအသီးသီးအတြက္ထုိ အႏွစ္တစ္ေထာင္ကာလ၌ ေကာင္းႀကီးမဂၤလာျဖစ္လိမ့္မည္။
ဇာ ၈း၁၃။ ၂၁-၂၃။
(၂) ခရစ္ေတာ္၏ ႏုိင္ငံေတာ္သည္ တစ္ကမၻာလံုးျဖစ္လိမ့္မည္။ ဇာ ၁၄း၉။ ဒံ ၂း၃၅ (ထိခုိက္ေသာ ေက်ာက္သည္ ေျမႀကီး တျပင္လံုးကုိ ဖံုးလြမ္းလိမ့္မည္။) ေဟရွား ၁၁း၉ ကိုလည္းဖတ္ပါ။
(၃) ဓမၼေဟာင္းေခတ္ သန္႔ရွင္းသူမ်ား။ ဒံ ၁၂း၁-၃။
(၄) ေဘးဒဏ္ႀကီးကာလအတြင္း ထြက္လာၾကေသာ သန္းေပါင္းမ်ားစြာေသာ သူမ်ား။ ဗ်ာ ၇း၉၊ ၁၃-၁၄။ ၂၀း၄။ (ေခါင္းျဖတ္ခံ၍)
(၅) သားရဲ၏ အမွတ္လကၡဏာကုိ ျငင္းပယ္ေသာသူမ်ား။ ဗ်ာ ၂၀း၄
(၆) ဣသေရလတုိ႔အား ယံုၾကည္စိတ္ခ်လ်က္ ေျဖာင့္မတ္စြာဆက္ဆံေသာ သူမ်ား။ ဗ်ာဒိတ္ ၂၀း၄။
မွတ္ခ်က္။ ခရစ္ေတာ္သည္ “သံလွံတံ” အားျဖင့္ အုပ္စုိးေနရျခင္း၊ အႏွစ္တစ္ေထာင္ကုန္ခါနီးတြင္ ခရစ္ေတာ္ ၏ အုပ္စိုးျခင္းကို မခံလုိေသာသူသန္းခ်ီ၍ ရွိေနျခင္းမ်ားကုိ ၾကည့္လွ်င္။ အါမေဂဒုန္စစ္ပြဲႀကီးကုိလည္းေကာင္း၊ ေဘးဒဏ္ႀကိးကာလ၌ လည္းေကာင္း အေသမခံရဘဲ လြတ္ေျမာက္ေသာသူမ်ားရွိေသးေၾကာင္း ေပၚလြင္ပါသည္။
ဃ။ အႏွစ္တစ္ေထာင္ ကာလ၏ သေဘာသဘာ၀။
(၁) ထုိကာလသည္ အာဏာအားျဖင့္ က်ေရာက္မည္။ ဗ်ာ ၁၉း၁၅။
(၂) မ်က္ျမင္ႏုိင္ငံေတာ္အစုိးရတစ္ဖြဲ႕ထူေထာင္မည္။ ေဟရွာ ၉း၆။
(က) ခရစ္ေတာ္အုပ္စုိးမည္။ ေဟရွာ ၉း၇။
(ခ) ေယ႐ုရွလင္ၿမိဳ႕ေတာ္မွ။ ေဟရွာ ၂း၃။ မာလခိ ၃း၁-၄။
(ဂ) ယုဒလူတုိ႔သည္ ၀င္ေရာက္ကူညီမည္။ ေဟရွာ ၃၂း၁။ ၄၀း၁၀။
(ဃ) တမန္ေတာ္ ဆယ္ႏွစ္ပါးတုိ႔သည္ ဣသေရလျပည္တြင္ တရားသူႀကီးအျဖစ္တာ၀န္ယူမည္။ မ ၁၉း၂၈။
(င) သန္႔ရွင္းသူမ်ား (အသင္းေတာ္) သည္ ကုိယ္ေတာ္ႏွင့္အတူ စုိးစံမည္။ ဗ်ာ ၅း၉-၁၀။
(၃) ေအာက္ပါက်မ္းခ်က္မ်ားကုိ မွတ္သားၿပီး မည္သုိ႔သြန္သင္ထားသည္ကုိ သတိျပဳပါ။
(က) ေဟရွား ၂း၁-၄။ လမ္းခရီးေတာ္တုိ႔ကုိ ၫႊန္ျပသြန္သင္ၾကမည္။ ခရစ္ေတာ္သည္ သူတုိ႔၏ တရားသူႀကီးျဖစ္မည္။ စစ္မက္ေနာက္ထပ္မျဖစ္ရ။ ေယ႐ုရွလင္ၿမိဳ႕မွ ဥပေဒႏွင့္ ႏႈတ္ကပတ္ေတာ္ထြက္မည္။
(ခ) ေဟရွာ ၉း၆-၇။ အုပ္စုိးျခင္းအာဏာစက္ရွိလိမ့္မည္။ အစုိးရသည္ တန္ခုိးႀကီးလိမ့္မည္။ ၿငိမ္သက္ျခင္းသည္ မပ်က္ျပားရ။ ေျဖာင့္မတ္ျခင္း၊ တရားမွ်တျခင္းျဖင့္ အစုိးရကုိ အမိန္႔ေပးမည္။
(ဂ) ေဟရွား ၁၁း၁-၁၀။ ဆင္းရဲသားႏွင့္ ႏွိမ့္ခ်ေသာသူမ်ားအတြက္ မွ်တမႈရွိမည္။ ငယ္-၄၊ သားရဲတုိ႔၏ ေၾကာက္မက္ ဘြယ္ရာမ်ားမရွိ ငယ္-၆၊ ေႁမြဆုိးသည္ မကိုက္ေတာ့၊ ငယ္ - ၈၊ အခ်င္းခ်င္းၫွင္ဆဲဖ်က္ဆီးျခင္းမရွိ၊ ငယ္ - ၉ ထာ၀ရဘု ရားကုိ သိကၽြမ္းျခင္းပညာလြမ္းမုိးျပည့္စံုမည္။ ငယ္-၉
(ဃ) ေဟရွာ။ ၆၅း၁၈-၂၅။ ေရ႐ုရွလင္ၿမိဳ႕၌ ငိုေႂကြးသံ ေအာ္ဟစ္သံေနာက္တဖန္မၾကားရ၊ ငယ္ ၁၈-၁၉။ ေသတတ္ ေသာသူမ်ားျဖစ္ပါလ်က္၊ အသက္ရွည္စြာေနရမည္။ ငယ္-၂၀။
လွည့္ဖ်ားျခင္း၊ ခုိးယူျခင္း၊ မ႐ုိးသားျခင္းမရွိ။ ငယ္ ၂၂-၂၃။
ေတာေခြး၊ ျခေသၤတုိသ့ည္ သုိးငယ္ႏွင့္အတူေနမည္။
(င) ေဟရွာ ၆၆း၁၂-၁၄။
ဣသေရလသည္ ၿငိမ္သက္လ်က္သက္သာလ်က္ရွိမည္။
(စ) ေရာ ၈း၁၉-၂၂။
ေျမႀကီးမွ က်ိန္းျခင္း အမဂၤလာကုိ ပယ္ရွားမည္။
(စ) ဗ်ာ ၂၀း၃။
စာတန္ကုိဖယ္ရွားၿပီးျဖစ္၍ လွည့္စားျခင္း၊ ေသြးေဆာင္ျခင္း၊ စံုစမ္းျခင္းမရွိ။
(ဇ) ေဇဖနိ ၃း၉။
သန္႔ရွင္းေသာ ဘာသာစကားတစ္မ်ဳိးတည္းသာ သံုးရမည္။
(င) နိဂံုးခ်ဳပ္စဥ္းစားျခင္း။
(၁) အႏွစ္တစ္ေထာင္ကာလ၏ အဆံုး၌ ပလႅင္ျဖဴႀကီးတရားပုလႅင္သည္ ေပၚလာလ်က္ ကမၻာဦးမွစ၍ ရွိခဲ့ေသာ အျပစ္ သားမ်ား၏ အျပစ္ကုိ တရားစီရင္မည္ျဖစ္ပါသည္။ ဗ်ာ ၂၀း၁၁-၁၅။
(၂) ဤကမၻာကုိဖ်က္ဆီးလ်က္။ ေကာင္းကင္သစ္ႏွင့္ေျမႀကီးသစ္ေပၚလာမည္ျဖစ္ပါသည္။ ၂ ေပ ၃း၁၀-၁၄။ ဗ်ာ ၂၁း၁။
(၃) အႏွစ္တစ္ေထာင္ကာလသည္ တရားစီရင္ျခင္းျဖင့္ အစျပဳလ်က္တရားစီရင္ျခင္းျဖင့္ အဆံုးသတ္ေၾကာင္းကုိ သတိျပဳရပါမည္။
(က) အႏွစ္တစ္ေထာင္ကာလတြင္ ျပဳလပ္ခဲ့ေသာတရားစီရင္ျခင္းသည္ လူမ်ဳိးတုိ႔အား တရားစီရင္ျခင္းျဖစ္ပါသည္။
မ ၂၅း၃၁-၄၆။
(ခ) အဆံုး၌ တရားစီရင္ျခင္းသည္ ပလႅင္ျဖဴႀကီး၌ အျပစ္သားမ်ားကုိသာ တရားစီရင္ျခင္းျဖစ္ပါသည္။ ဗ်ာ ၂၀း၁၁-၁၅။
မွတ္ခ်က္။ ေသခ်ာေရရာစြာ ေရးသားထားသည့္ အေထာက္အထားမ်ားမရွိလ်င္ ရဲရင့္စြာ ေဟာေျပာျခင္းမျပဳရန္ ခံယူထားၿပီးျဖစ္ပါသည္။ လွ်ိဳ၀ွက္နက္နဲေသာ အရာမ်ားရွိပါသည္။ ေရးထားၿပီးေသာအရာမ်ား သင္သိထားၿပီးေသာအ ရာမ်ား၌သာ၀မ္းေျမာက္ရန္ အႀကံျပဳပါသည္။ မထင္ရွားေသာအရာ၌ တိက်စြာမေျပာပါႏွင့္။
သင္ခန္းစာမ်ားကုိ မွန္မွန္ျပဳလုပ္ခဲ့၍ ေအာင္လက္မွတ္မ်ားရရွိမည္ျဖစ္ေသာေၾကာင့္ ေက်နပ္မိပါ သည္။ ဤေနာက္ဆံုးသင္ခန္းစာသည္ သင့္အား ခြန္အားျဖစ္ေစလ်က္၊ ႂကြယ္၀ေစမည္ဟု ေမွ်ာ္လင့္ပါသည္။ ေမွ်ာ္ ၾကည့္ပါ။ သင္၏ ကယ္တင္ျခင္းသည္ မေ၀းေတာ့ပါ။
ေမးခြန္းမ်ား
၁။ သမၼာက်မ္းစာ၌ သြန္သင္ထားေသာ ေနာက္ဆံုးေန႔ရက္မ်ားႏွင့္ပတ္သက္၍ သိရွိထားရန္ႏွင့္ ယံုၾကည္လက္ခံရန္ အ ဘယ္ေၾကာင့္အေရးႀကီးပါသနည္း။
၂။ သင္ခန္းစာ (၃၄) တြင္ အသင္းေတာ္အားခ်ီေဆာင္ျခင္းႏွင့္ ခရစ္ေတာ္၏ ဒုတိယအႀကိမ္ႂကြလာျခင္းတုိ႔၏ ျခားနားခ်က္ (၁၂) ခ်က္ေဖာ္ျပထားပါသည္။ ၄င္းတုိ႔ကုိ ျပန္လည္ေလ့လာၿပီး ေနာက္အေရးႀကီးေသာအခ်က္ ၆ ခ်က္အနည္းဆံုး ေဖာ္ျပပါ။
(၁)
(၂)
(၃)
(၄)
(၅)
(၆)
၃။ ခရစ္ေတာ္သည္ ဘုန္းတန္ခုိးအာႏုေဘာ္ေတာ္ကို ေဆာင္လ်က္ႂကြလာေတာ္မမူမီျဖစ္မည့္ နိမိတ္လကၡာဏာ ၁၀ ခုကို ဤသင္ခန္းစာတြင္ ေဖာ္ျပထားပါသည္။ ၄င္းတုိ႔အထဲမွ အေရးႀကီးဆံုးဟု သင္ယူဆထားေသာ နိမိတ္ ၆ ခုကုိ ေရးျပပါ။ က်မ္းၫႊန္းတစ္ခုစီထည့္ေပးပါ။
(၁)
(၂)
(၃)
(၄)
(၅)
(၆)
၄။ ၁၉၆၇ ခု ဇြန္လ ၈ ရက္ေန႔တြင္ အစၥေရးတုိ႔သည္ ေယ႐ုရွလင္ၿမိဳ႕ေဟာင္းကုိ ျပန္လည္သိမ္းပိုက္ထားပါသည္။ ထုိ သိမ္းပုိက္ျခင္းႏွင့္ ပတ္သက္၍ မည္သုိ႔အေရးပါအရာေရာက္သနည္း။
၅။ ယေန႔ေခတ္တုိင္းႏုိင္ငံမ်ားသည္ ေရွးယခင္က မပုိင္ဆုိုင္ခဲ့ဘူးေသာ အရာမ်ားထဲမွ မည္သည့္အရာကုိ ပုိင္ဆုိင္ထား ပါသနည္။
ေနာဧလက္လက္၏ လကၡဏာ (၄) ခုကိုေရးျပပါ။
(၁)
(၂)
(၃)
(၄)
၇။ ဓမၼေဟာင္းက်မ္းပေရာဖက္မ်ားႏွင့္ပတ္သက္၍ ၁ ေပ ၁း၁၀ အရ မည္သို႔ သိရွိရပါသနည္း။
၈။ “ခရစ္ေတာ္၏ ဘုန္းတန္ခုိးအာႏုေဘာ္” ဟုဆုိရာ၌ မည္သုိ႔ဆုိလုိပါသနည္း။
၉။ ဆာလံ ၂၄း၇-၁၀ တြင္ ခရစ္ေတာ္အားမည္သူ႔ေခၚပါသနည္း။
၁၀။ ဗ်ာ ၁၉း၁၁-၁၅ ကိုဖတ္ၿပီးေနာက္ ခရစ္ေတာ္တဖန္ႂကြလာေတာ္မည့္ ဘုန္းေတာ္ေျခာက္ခုကုိ ေဖာ္ျပပါ။
(၁)
(၂)
(၃)
(၄)
(၅)
(၆)
၁၂။ ဒါ၀ိဒ္ပဋိညာဥ္ မည္ကဲ့သို႔ အာမခံထား၍ ခရစ္ေတာ္သည္ ထုိကတိေတာ္မ်ားကုိ မည္ကဲ့သုိ႔ ျပည့္စံုေစပါသနည္။
၁၃။ ဒုတိယအႀကိမ္ခရစ္ေတာ္ႂကြလာျခင္း၌ အသင္းေတာ္သည္ မည္ကဲ့သုိ႔ပါ၀င္ပါသနည္း။
၁၄။ ပထမထေျမာက္ျခင္း၌ ပါ၀င္သူမ်ားသည္ မည္သူမ်ားနည္း။
၁၅။ အႏွစ္တစ္ေထာင္ကာလ၏ ျမင္ကြင္းသည္ မည္မွ်က်ယ္၀န္းပါသနည္း။ က်မ္းၫႊန္းျဖင့္ျပပါ။
၁၆။ ခရစ္ေတာ္သည္ “သံလွံတံ” ျဖင့္အႏွစ္တစ္ေထာင္ကာလကုိ အုပ္စိုးခဲ့ရေၾကာင္းေပၚလြင္ေစရန္ အႏွစ္ တစ္ေထာင္ ကာလလြန္ေသာအခါ မည္သုိ႔ျဖစ္လာပါသနည္း။
၁၇။ ေဟရွာ ၁၁း၁-၁၀ ဖတ္ၿပီးေနာက္ အႏွစ္တစ္ေထာင္ကာလ၏ လကၡဏာ (၅) ခုကို စာရင္ျပဳပါ။
(၁)
(၂)
(၃)
(၄)
(၅)
၁၈။ အႏွစ္တစ္ေထာင္လာကသည္ တရားစီရင္ျခင္းျဖင့္ အစျပဳလ်က္တရားစီရင္ျခင္းျဖင့္ပင္ အဆံုးသတ္ခဲ့ပါသည္။ တရားစီရင္ျခင္းတုိ႔၏ အမည္ကုိ ေဖာ္ျပလ်က္က်မ္းစာတြင္ မည္သည့္ေနရာ၌ ေဖာ္ျပထားေၾကာင္းကုိ ေဖာ္ျပပါ။
၁၉။ ေပၚလြင္ထင္ရွားျခင္းမရွိေသးေသာအရာမွားႏွင့္ပတ္သက္၍ မည္သုိ႔ ျပဳလုပ္ရမည္နည္း။
၂၀။ ဤသင္ခန္းစာကုိ ေလ့လာျခင္းအားျဖင့္ သင့္တြင္ လက္ေတြ႕သေဘာအားျဖင့္ မည္သု႔ိတန္ဘုိးရွိပါသနည္း။
အမည္၊ ____________________________ ရက္စြဲ၊ ___________________________
လိပ္စာ၊ ____________________________
____________________________
____________________________
LESSONS FROM ROGMA INTERNATIONAL FREE BIBLE CORRESPONDENCE SCHOOL
Prepared by William S. H. Piper (D.D)
http://www.murann.com/ezine/index.php?option=com_content&view=article&id=1616:2013-02-19-13-48-46&catid=9:bible-study&Itemid=10
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment