0

- ဓမ္မဆရာတွေကို ဝေဖန်ခြင်းက အပြစ်လား ? Unicode & Zawgyi Reshare-#9Dan

 
- ဓမ္မဆရာတွေကို ဝေဖန်ခြင်းက အပြစ်လား ?
================================
Unicode & Zawgyi Reshare-#9Dan
- ကျွန်တော်တို့ ကမ္ဘာကြီးက Postmodernism လို့ခေါ်ကြတဲ့ ခေတ်ရေစီးကြောင်း တော်လှန်မှု
အယူဝါဒတွေ အောက်မှာသွားနေရတဲ့ ခေတ်ကို ရောက်နေပါပြီ။ ဒါကြောင့် ဒီခေတ်မှာ အမှန်တ
ရားပါဆိုပြီး ဝေဖန်သုံးသပ်မှုတွေ ဆန့်ကျင်လာတဲ့သူ များလာပြီး အမှန်တရား သိပ်မထွန်းကား
တော့ပါဘူး။ နားလည်အောင် အရပ်စကားဖြင့်
ပြောရင် "လုံးဝမှန်ပါတယ် (Absolutely Truth) ဆိုတာ မရှိဘူး၊ မင်းအမြင်အရ မင်းမှန်တယ်၊ သူလည်း သူ့အမြင်အရတော့ သူမှန်ပါတယ်၊ဒါကြောင့် ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာကို
ဝေဖန်ပြောနေစရာ မလိုဘူး။" စတဲ့ အန္တရာယ်များတဲ့ တွေးခေါ်မှုတွေ လွှမ်းမိုးနေတဲ့ခေတ်ပါ။
ဒါကြောင့် ဒီခေတ်က ကိုယ်စီးတဲ့ မြင်းကအထီးလား၊ အမလားဆိုတာ မသိကြတော့သလိုပါပဲ အမှား၊အမှန် မခွဲခြားနိုင်ကြတဲ့ ခေတ်လိုဖြစ်နေပါတယ်။

- များစွာသော ခရစ်ယာန်တွေလည်း ဒီခေတ်ရဲ့
လွှမ်းမိုးမှုနဲ့ မကင်းနိုင်ကြပါဘူး။ သမ္မာတရား
ဆိုတာ ခရစ်ယာန်တွေအတွက် လုံးဝမှန်ကန်တဲ့ အမှန်တရား ( Absolute Truth) ဖြစ်ပေမယ့်လို့
စိတ်မကောင်းစွာ သမ္မာတရားဘက်မှ ရပ်တည်
သူနည်းလာပါတယ်။ တရားနာရင်တောင် ငါလူ မျိုး၊ အမျိုးတော်လို့၊နာမည်ကြီးလို့ စသည်အား
ဖြင့် လူ‌တွေကိုသာ အခြေခံပြီး ခွန်းအားယူတတ်ကြပါတယ်။ ဒါကြောင့်လည်း စင်ပေါ်မှာ တရား ဟောတဲ့ ဆရာ၊ဆရာမ တွေကို Myanmar Idol ပြိုင်ပွဲလို သူ့ပရိတ်သတ်၊ ကိုယ့်ပရိသတ်ဆိုပြီး အားပေးလာကြတာ တွေ့ရပါတယ်။ ချောလို့ပါ၊ ခန့်လို့၊ My Crush၊ My Idol ဆိုပြီး တရားနာတဲ့လူတွေကလည်း ရှိသေး။ ဒါကြောင့် သူတို့အား ပေး‌နေတဲ့ ဆရာ၊ ဆရာမဟောတဲ့ အမှားတွေကိုထောက်ပြ၊ ဝေဖန်လိုက်ရင် အနာပေါ်တုတ်ကျဆိုသလို့ အမျိုးသားရေးလို ပြင်းထန်စွာ အဖြူအမဲ မခွဲခြားနိုင်အောင် ရပ်တည် ကာကွယ်ပေးတတ်ကြပါတယ်။ ဒါကြောင့် သမ္မာတရားအရ လွဲမှား‌နေတာတွေကို ထောက်ပြဝေဖန်တဲ့အခါ ကျွန်တော့ကို အမင်္ဂလာဖြစ်မယ်ဆိုပြီး မေတ္တာပို့တဲ့သူတွေ လည်းရှိပါတယ်။ အပြစ်တစ်ခု လို့ မြင်တတ်ကြ ပါတယ်။ အပြစ်ပါဆိုပြီး ဟောနေတဲ့သူတွေကလည်း အများကြီးရှိ‌နေပါတယ်။ ဒါကြောင့် ဒီမေးခွန်းကို မေးလာကြတဲ့ သူတွေအ တွက်ကော၊ အားလုံးအတွက် အချက်(၃) ချက်ဖြင့် အဖြေပေးပါရစေ။

(၁) ဒဿနိကဗေဒ (Philosophy) ဆိုင်ရာအရ

- ပထမဦးဆုံး ဒဿနိကဗေဒကို ဘာသာအရပ်
အနေဖြင့် နက်နက်နဲနဲ မသင်ယူဖြစ်ရင်တောင်မှ အခြေခံလေးတော့ သိဖို့လိုပါတယ်။ မြန်မာဇတ်ကားတွေလိုတော့ ဒဿနိကဗေဒကို ပေါက်ကရ
တွေးခေါ်နေသလိုတော့ မယူဆလိုက်ပါနဲ့။အမှန်
က ဒဿနိကဗေဒဆိုတာက စနစ်တကျ မှန်ကန်
စွာ တွေးခေါ်ခြင်းပါ။ ဒါကြောင့် ကိုယ်အတွေးတွေကို ယုတ္တိဗေဒ(Logic) အရ မှန်ကန်မှုရှိလားဆိုတာ စစ်ဆေးတတ်ဖို့ လိုပါတယ်။

- သူတစ်ပါးကို မဝေဖန်နဲ့၊ တရားမစီရင်ပါနဲ့ ဆိုတာက ဒဿနိကဗေဒဆိုင်ရာအရတော့ လွဲမှားတဲ့ ခံယူချက်သာ ဖြစ်ပါတယ်။ ဝေဖန်မှုမရှိဘဲ
အမှား၊အမှန် ခွဲခြားလို့မရလို တရားစီရင်မှုမရှိရင် မျှတမှုဆိုတာ မရှိနိုင်ပါဘူး။ သေချာတာ တစ်ခုကတော့ လူသားတွေက ဝေဖန်မှုတွေ နဲ့ တရားစီရင်ခြင်းတွေကနေ ကင်းလွှတ်တဲ့ လူဆိုတာတော့ မရှိပါဘူး။

-"သူတစ်ပါးကို မဝေဖန်ပါနဲ့၊ တရားမစီရင်နဲ့” လို့
ပြောနေတဲ့သူက အမှန်တစ်ကယ်တော့ သူကိုယ် တိုင် ဝေဖန်ပြီးတရားစီရင် နေတာပါ။ အမှန်က "မဝေဖန်ပါနဲ့၊တရားမစီရင်နဲ့" ဆိုတဲ့စကားကိုယ် ၌က ဝေဖန်ခြင်း၊ တရားစီရင်နေခြင်းသာ ဖြစ်ပါတယ်။ စနစ် တကျ သေချာစဉ်းစားကြည့်ပါ လူတစ်‌ယောက်က ဝေဖန်လို့၊ တရားစီရင်လို့ ဒါကိုသွားပြီး မဝေဖန်ဖို့၊ တရားမစီရင်ဖို့ပြောခြင်းကို က အဲဒီလူရဲ့ဝေဖန်မှု၊ တရားစီရင်မှုကို ပြန်ပြီး ဝေဖန်၊ တရားစီရင်နေခြင်း မဟုတ်ဘူးလား။ အလွယ် ပြောရရင် လူတစ်ဦးက ဝေဖန်နေလို့၊ တရားစီရင်နေလို့ မဝေဖန်နဲ့၊ မစီရင်နဲ့လို့ပြန်ပြီး ဝေဖန်၊ တရားစီရင်ခြင်းသာ ဖြစ်ပါတယ်။

- ဒါကြောင့် မဝေဖန်နဲ့ ဆိုတဲ့စကားက ဝေဖန်မှုတစ်ခုကို မဝေဖန်ဖို့ ပြန်လည် ဝေဖန်ခြင်းသာ ဖြစ်လို့ ဒါကို ယုတ္တိမရှိသော (သို့) အဓိပ္ပာယ်မရှိသော ပြောဆိုမှု ( Illogical Statement) လို့ခေါ်ပါတယ်။ ဒါကြောင့် ယုတ္တိဗေဒ (Logic) အရ သူ တစ်ပါးကို မ‌ဝေဖန်နဲ့ (Don't Criticize)၊ တရားမစီရင်နဲ့ (Don’t Judge) ဆိုတာ ရှေ့နောက် မညီ ညွတ်တဲ့( Self Defeating Statement) စကားသာဖြစ်ပါတယ်။

- နောက်တစ်ခု အဓိက ဓမ္မဆရာ၊ ဆရာမတွေ
ဟောတတ်ကြတဲ့ ရှေ့နောက် ညီညွတ်မှု မရှိတဲ့ ( Self Defeating Statement) ကတော့ မပြည်စုံခြင်းကို အခြေခံခြင်းပါ။"ဓမ္မဆရာ၊ ဆရာမတွေ
ဆိုတာက လူပဲပြည့်စုံတာမဟုတ်ဘူး မဝေဖန်ပါနဲ့ ဘုရားသခင်က ဆုံးမလိမ့်မယ်၊ တရားစီရင်ပါ
လိမ့်မယ်" ဆို‌ပြီးတော့ ပြောတတ်ကြပါတယ်။ သေချာစွာ စဉ်းစားကြည့်ရင် ယုံကြည်သူတွေလည်း ပြည့်စုံ‌နေလို့ ယုံကြည်သူ‌ ဖြစ်‌နေတာ မ ဟုတ်ပါဘူး။ အဲတော့ သူတို့တွေအသုံးပြုတဲ့ Logic အရ သူတို့လည်း ဆရာလုပ်ပြီး ဆုံးမသွန်ခြင်း၊ စီရင်ခြင်းလည်း လုပ်ဖို့လိုလို့လား။(?) ဘုရား ကိုယ်တိုင် ဆုံးမမှာပေါ့။ ဒါဆိုရင် သူတို့
စကားနဲ့ သူတို့ ပြဿနာတက်မှာပါ။ အမှန်က တော့ ပြည့်စုံနေရင်တော့ ဝေဖန်ထောက်ပြဖို့လည်း မလိုအပ်တော့ပါဘူး။ ဒါကြောင့် မပြည့် စုံခြင်းကိုက ဝေဖန်၊ ထောက်ပြမှုတွေ လိုအပ်နေကြောင်း အဓိက သက်သေပါ။

- သူတို့အသုံးပြုနေကြတဲ့ အတွေးတွေက ဘာနဲ့သွားတူလည်း ဆိုရင်တော့ ဘိန်းစားက ဘိန်းမစားဖို့ ပြောတာနဲ့ တူပါတယ်။ ဒါကြောင့် ကျေး ဇူးပြုပြီး သူတော်ကောင်းလို မဝေဖန်နဲ့ တရားမစီရင်နဲ့လို့ပြောနေခြင်းကိုက ဝေဖန်၊တရားစီရင်ခြင်းသာ ဖြစ်တယ်ဆိုတာကို နားလည်‌စေချင်ပါ
တယ်။ ဒါကြောင့် ဒဿနိကဗေဒဆိုင်ရာ အရ မဝေဖန်ရဘူး၊ တရားမစီရင်ရဘူး ဆိုတာမရှိပါဘူး။ ဘယ်လိုမှန်ကန်စွာ ဝေဖန်ရမယ်၊ မျှတစွာ ဘယ်လို တရားစီရင်ရမယ် ဆိုတာတွေ ကိုသာ စနစ်တကျ သင်ယူရတာပါ။ ဘာမဆို အမှား၊ အမှန် ခွဲခြားနိုင်ဖို့ရန်အတွက် ဝေဖန်ခြင်း၊တရား စီရင်ခြင်းကို မှန်ကန်စွာ ကျင့်သုံးဖို့ ‌အရေးကြီး ပါတယ်။

(၂) သမ္မာကျမ်းစာ (Biblical) ဆိုင်ရာအရ

- ခရစ်ယာန်ဘာသာက လူကိုကိုးကွယ်တဲ့ ဘာ သာတရား မဟုတ်ဘူးဆိုတာကတော့ ခြွင်းချက်မရှိ အားလုံးသဘောတူ လက်ခံကြမှာပါ။ ယနေ့
အသင်းတော် ဦးဆောင်တဲ့ ခေါင်းဆောင်တွေ၊ ဓမ္မဆရာနဲ့ ဆရာမတွေကို သစ္စာရှိပြီး၊ ရိုသေလေးစားခြင်းဆိုတာ မွန်မြတ်တဲ့ အလုပ်၊ ဘုရား သခင်အလိုတော်ရှိတဲ့ အရာလည်းဖြစ်ပါတယ်။
(မာကု ၁၂:၂၉-၃၁ ၊ ယောဟန် ၁၅:၁၃ ၊ ၁ ယော ၃:၁၆)

- ဒါပေမယ့် သူတို့အမှားတွေကို ဝေဖန်ခွင့်၊ စီရင်
ပိုင်ခွင့် ဘယ်သူမှ မရှိဘူးဆိုတာ ဘယ်နေရမှာမှ
ကျမ်းစာက မဖော်ပြထားပါဘူး။ အသင်းတော်သမိုင်းလေ့လာရင် လွဲမှားတဲ့ အယူဝါဒစွဲကိုင်တဲ့
အဖွဲ့တိုင်းကို လေ့လာကြည့်ပါ သူတို့ရဲ့ အဖွဲ့ဝင်
အတွင်းမှာ ဝေဖန်ထောက်ပြခွင့်တွေ လုံးဝ ပိတ်ပင်ထားဒါတွေ တွေ့ရမှာပါ။ ဒီလိုပါပဲ ဒီခေတ်ရဲ့
ခေတ်အစားဆုံးဖြစ်တဲ့ ကျန်းမာ၊ ချမ်းသာခြင်း သတင်းကောင်း( Properity Gospel) ဟောတဲ့
ဓမ္မဆရာ၊ ဆရာမတို့ကလည်း ကျမ်းစာ အသုံး
ပြုပြီး သူတို့ကို မဝေဖန်အောင် ကျမ်းချက်လိုရာစွဲ ယုံကြည်သူများကို ခြိမ်းခြောက်တတ်ကြတာ တွေ့ပါတယ်။ ယနေ့ကမ္ဘာကျော်တဲ့ Benny
Hinn နဲ့ Kenneth Copeland တို့က သူတို့ဟာ
ဘုရားသခင် ဘိတ်သိတ်ခံများဖြစ်ပြီး သူတို့ကို
ဝေဖန်တဲ့သူတွေ ကျိန်ခြင်းအမင်္ဂလာကို ခံစားရမည်ဟု အကြိမ်ကြိမ်ဟောပြောခဲ့ကြပါတယ်။
ဆရာဒေးဗစ်လာကလည်း " ကျွန်တော်မှားရင်
ဘုရားသခင်နဲ့ရှင်းမယ် မ‌ပြောပါနဲ့၊ ဝေဖန်စရာမလိုဘူး။ ဝေဖန်ရင် မအောင်မြင်စေရဘူး။ အာ မခံတယ်။ သားစဉ်မြေးဆက် အမင်္ဂလာခံ စားရမယ်" ဆိုပြီး ဟောပြောခဲ့ကြပါတယ်။ ဒါကိုဇတ်လမ်းလုပ်ပြောနေတာ မဟုတ်ပါဘူး။ လိုချင်ရင်
ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးသူတို့အားလုံး
ဟောပြောတဲ့ သက်သေ ဗီဒီယို(Video) တွေရှိပါ
တယ် လိုအပ်ရင်တောင်းလို့ရပါတယ်။ ‌အဲတော့
သူတို့အတွက် ဝေဖန်ခြင်းက အပြစ်ဖြစ်နေတဲ့
အပြင် အမင်္ဂလာခံစားရမှာပါ။ ဘယ်သူကမှန်လဲ မှားလဲဆိုတာကို သမ္မာကျမ်းစာကိုကြည့်ပြီး
ဆုံးဖြတ်ကြရအောင်။ ဒီအကြောင်းအရာနဲ့ ပတ်
သက်ပြီး လွဲမှားစွာ ခံယူကြတဲ့ ကျမ်းချက်သုံးခု
ရှိပါတယ်။

- ပထမကတော့
✝️ ငါ့ထံ၌ ဘိတ်သိတ်ခံသော သူတို့ကို မထိမခိုက်နှင့်။ ငါ၏ပရောဖတ်တို့ကို အပြစ်မပြုနှင့်ဟု မိန့်တော်မူ၏။ (Psa 105:15)

- ဒီကျမ်းချက်က ဒါဝိဒ်မင်းကြီးက အာဗြဟံနဲ့
သူ့လူတွေကို ဘုရားသခင်ထားခဲ့တဲ့ ဂတိတော်ကို ပြန်လည်အောက်မေ့ သတိရပြီး ရေးသားထားခြင်းဖြစ်ပါတယ်။ ကတိတော်အတိုင်းကို ပြည်စုံ စေခဲ့တယ်။ သူရဲ့ လူမျိုးတွေကို ကယ် တင်ခဲ့တယ်၊ ရန်သူ့လက်မှ ကာကွယ်ပေးခဲ့တယ် စသည့်အားဖြင့် ဘုရားရဲ့ကောင်းမြတ်ခြင်းကို
ချီးမွမ်းပြောဆိုနေတဲ့‌ အခြေအနေ (Context)
ဖြစ်ပါတယ်။ (Psa 105:14) ကိုကြည့်ရင် တော့
"သူတို့ကို ညှင်းဆဲစေခြင်းငှါ အဘယ်သူအားမျှ အခွင့်ပေးတော်မမူ၊ သူတို့အတွက်လည်း ရှင် ဘုရင်ကို ဆုံးမလျက်" ဆိုပြီးမှ "ငါ့ထံ၌ ဘိတ်သိတ်ခံသောသူတို့ကို မထိမခိုက်နှင့်။ ငါ၏ပရောဖတ်တို့ကို အပြစ်မပြုနှင့်ဟု မိန့်တော်မှု၏။ " လို့
အဆုံးသတ်ထားပါတယ်။ ဒီကျမ်းချက်က သူ
ဘိတ်သိပ်ပေးတဲ့ သူ့လူမျိုးနဲ့ ဦးဆောင်သူတွေကို မတိုက်ခိုက်ဖို့ ဘုရင်တွေကို သတိပေးခြင်းဖြစ်ပါတယ်။ တစ်ဦးတစ်ယောက် ဒါမှမဟုတ် ဒီခေတ် ဓမ္မဆရာ၊ဆရာမတွေကို ဆိုလိုခြင်းတော့ လုံးဝ မဟုတ်ဘူးဆိုတာက Context ကိုကြည့်ရင် ရှင်းပါတယ်။

- ဒုတိယ တစ်ခုက
✝️ ငါ့ထံ၌ ဘိတ်သိက်ခံသောသူတို့ကို မထိမခိုက်နှင့်။ ငါ့ပရောဖက်တို့ကို အပြစ်မပြုနှင့်ဟု မိန့်တော်မူ၏။ (1Chr 16:22)

- ဒီကျမ်းချက်က ဆာလံကျမ်းမှာ ဒါဝိဒ်မင်းကြီးကပြန်လည် အသုံးပြုခြင်းဖြစ်ပါတယ်။ သူတို့ Context တူနေလို့ အများကြီး ပြန်မရှင်းတော့
ပါဘူး။ မှတ်ထားဖို့လိုတာက သူရဲ့လူမျိုးတွေကို သတ်ဖို့ကြံစည်တဲ့ ရှင်ဘုရင်တွေကို ဘုရား သခင်က သတိပေးခြင်းဖြစ်လို့ ဒီနေရာမှာ ဝေ ဖန်၊ထောက်ပြခြင်းကို ဆိုလိုခြင်း မဟုတ်ဘဲနဲ့ခန္ဓာကိုယ် အသေသတ်ခြင်းကို ဆိုလိုခြင်းသာဖြစ်ပါတယ်။ ဒါကြောင့် ရှောလုမင်းကြီးကို မသတ်ပဲ ဒါဝဒ်က ဘိသိက်ခံသောသူတို့ကို မထိ ခိုက်ဖို့ပြောခြင်းက မဝေဖန်ဖို့ ပြောဆိုခြင်းမ ဟုတ်ပါဘူး။ သူကိုယ်တိုင် ရှောလုမင်းကြီးရဲ့
အသက်ကို မနုတ်ယူလိုခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ဒါဝဒ်က ရှောလုမင်းကြီးကို နှုက်အား ဖြင့် ဝေဖန်ထောက်ပြမှုများစွာကို ပြုလုပ်ခဲ့ပါတယ်။ ( ၁ ဓမ္မရာဇဝင် ၂၄:၁၀)။ ဒါအပြင် ဒါဝဒ်ရှင်ဘုရင်ဖြစ်လာတဲ့ အခါ သူအမှားကို ပရောဖက် နာသန်က ပြင်းပြင်းထန်ထန် အပြစ်တင်ဆုံးမဝေဖန်တာ တွေ့ရပါတယ်။ ဒါပေမယ့်လို့ အံ့ဩစရာကောင်းတာက ဒါဝဒ်က ဘယ်နေရာမှာမှ ဘုရားဘိတ်သိက်ကို မထိနဲ့လို့ ပြန်မပြောပါဘူး။ သူတို့ကိုယ်သူတို့ ဝေဖန်ခြင်းမှာ ကာကွယ်ဖို့အတွက် ဘုရားဘိတ်သိတ်တွေကို မထိနဲ့လို့ ဘယ်တမန်တော်တွေကမှ ဓမ္မသစ်ကျမ်းမှာ မသုံးခဲ့ကြပါဘူး။ ပြီးတော့ ဓမ္မသစ်ကျမ်းမှာ ယုံကြည်သူတိုင်းက ဘိတ်သိက်ခံသူများဖြစ် ကြောင်းကို တွေ့ရှိရပါတယ်။ (၁ ယော၂:၂၀၊ ၂ ကော ၁:၂၁-၂၂)

- နောက်ဆုံး ကျမ်းချက်က
✝️သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်း နှင့်ကင်းလွတ်ရမည်အကြောင်း သူတပါး၏အမှု၌ စစ်ကြော ဆုံးဖြတ်ခြင်းကိုမပြုကြနှင့်။ (Mat 7:1)

- အထက်က ကျမ်းချက်တွေကို မိမိကိုယ်ကိုမိမိ ဘုရားသခင် ဘိတ်သိတ်ခံဖြစ်ကြောင်း ခံယူပြီး
သူတို့အမှားတွေကို ဝေဖန်၊ ထောက်ပြခြင်းမှ
ကင်းဝေးဖို့ အသုံးပြုတတ်ကြပါတယ်။ တရား မစီရင်နဲ့ မဝေဖန်နဲ့လို့ ပြောတတ်ကြတဲ့ ကျမ်းချက်ကို လေ့လာကြည့်ရအောင်။

- တရားစီရင်ခြင်းဆိုတာ ကျမ်းစာတစ်ခုလုံးရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်ပါတယ်။ အာဒံ နှင့် ဧဝက စပြီး ဘုရားသခင် တရားစီရင်ခဲ့ပါတယ်။ တိုင်းနိုင်ငံတွေကို အုပ်ချုပ်ဖို့ ဘုရင်တွေ၊ တရား သူကြီးများ နှင့် ပရောဖက်တို့ကို ဘုရားကိုယ် တိုင်ရွေးချယ်ခွဲခန့်ပြီး တရားစီရင်စေခဲ့ပါတယ်။ (တရားသူကြီးမှတ်စာ ၂: ၁၈ ၊ ရောမသြဝါဒစာ ၁၃: ၁)ယေရူခရစ်တော်က “မျက်စိမမြင်သော သူသည် မြင်စေခြင်းငှါလည်းကောင်း၊ မြင်သောသူ ကန်းစေခြင်းငှါ လည်းကောင်း ငါသည် တရားစီရင်၍ ဤလောကသို့ ရောက်လာပြီ” မိန့်ဆိုခဲ့ပါတယ်။ (ရှင်ယောဟန် ခရစ်ဝင်ကျမ်း ၉: ၃၉)။ ယေရူခရစ်တော် ကိုယ်တိုင် အမှား၊ အမှန်အတွက်၊ အပြစ်တွေအတွက် တရားစီရင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေက မခံမရပ်တွေဖြစ်ပြီး အပြစ်ရှာ သေဒဏ်စီရင်ဖို့ ကြီုးစားခဲ့ကြတာပါ။ ဗိမာန်တော်ထဲမှာ ယေရူခရစ်တော်က “တရားသဖြင့် စီရင်ကြလော့” လို့ ဆုံးမသြဝါဒ ပေးခဲ့ပါတယ်။ (ရှင်ယောဟန် ၇:၂၄) တစ်နေ့ ယုံကြည်သူများက ခရစ်တော်နဲ့ အတူ တရားစီရင်ခွင့်ရမယ်ဆိုတာ ကျမ်းစာမှာ သွန်သင်ထားပါတယ်။(ရှင်မဿဲ ၁၉ : ၂၈)

- တမန်တော်တွေနဲ့ အသင်းတော် ဦးဆောင်ခဲ့တဲ့ ဖခင်တွေက ဝေဖန်သုံးသပ် တရားစီရင်ခဲ့ကြတယ်ဆိုတာ ခရစ်ယာန်သမိုင်းမှာ ထင်ရှားစွာတွေ့ရပါတယ်။ ဒါကြောင့် ဘယ်သူက မိစ္ဆာဒိဌိ (Heresy) ၊ ဘယ်သူက မှားယွင်းစွာ သွန်သင်လဲဆိုတာ ခွဲခြားသိမြင်ခဲ့ကြတာပါ။ မစီရင်ခဲ့ကြရင် ယုံကြည်ခြင်းဆိုင်ရာ အမှား၊ အမှန် ခွဲခြားလို့မရပါဘူး။ ရှင်ပေါလုက နှုတ်ကပတ်တော် ဟောပါ၊ အပြစ်ကို ဖော်ပြပါ လို့ သွန်သင်ခဲ့ပါတယ်။ (၂ တိမောသေ ၄ : ၂) ။ နောက်ပြီးတော့ “ဤတရားစကားကို ဟောပြောခြင်း၊ တိုက်တွန်းသွေးဆောင်ခြင်း၊ ဆုံးမ ပြစ်တင်ခြင်းတို့ကို ခပ်သိမ်းသော အာဏာနဲ့ တကွပြုလော့” လို့ ရှင်းရှင်းလင်းလင်း သွန်သင် ထားပါတယ်။ ( တိတု ၂ : ၁၅) ဝိညာဉ်လူဆိုတာ အရာအားလုံးကို ပိုင်ခြားနိုင်တယ် (သို့) တရားစီရင်နိုင်တယ်လို့ ကောရိန်သုဩဝါဒစာ ပဌမစောင် ၂ : ၁၅ သွန်သင်ထားပါတယ်။ သူများအမှားကို ပြောစရာမလိုဘူး၊ ဝေဖန်စရာမလိုဘူး ၊ တရား စီရင်ဖို့ မလိုဘူးလို့ ပြောတဲ့၊ ဟောတဲ့ သူတွေက သေသေချာချာ ကျမ်းစာဖတ်ပြီး မလေ့လာကြလို့ပါ ဆိုပြီး စီရင်ပါရစေ။ နေပါဦး … သမ္မာ ကျမ်းစာက မစီရင်နဲ့လို့ပြောတဲ့ နေရာရှိတယ်ဆိုပြီး စောဒကတွေ တတ်နေကြဦးမယ်။ တရားမစီရင်နဲ့ (Don’t Judge) ဆိုတဲ့ကျမ်းကိုနောက်ဆုံး လေ့လာရအောင်။

- ကျမ်းစာတစ်ခုလုံးမှာ “သူတစ်ပါးရဲ့အမှု၌ စီ ရင်ခြင်းကို မပြုကြနှင့်။” (ရှင်မဿဲခရစ်ဝင်ကျမ်း ၇ : ၁) ဆိုတဲ့ကျမ်းချက်က ကြာဖူးသမျှကျမ်းထဲမှာ တရားဟောဆရာတွေ အနက်ပြန်လွဲတာ အများဆုံးကျမ်းဖြစ်ပါတယ်။အထူး သဖြင့် အမှုတော်ဆောင် ဆရာ၊ ဆရာမတွေ အဝေဖန်ခံရပြီဆိုရင် သူတို့ရဲ့ လက်ကိုင်တုတ် ကျမ်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီလို မိမိအမှားကို ကာကွယ်ဖို့ ကျမ်းချက်တွေ အသုံးပြုခြင်းက အရမ်းကို အန္တရာယ်များတဲ့အပြင် ဘုရားကို လူမိုက် အားပေးစေရာ ရောက်တယ်ဆိုတာ သတိထားဖို့ လိုအပ် ပါတယ်။ လိုချင်တဲ့ အချက်လေးတွေကိုပဲ ဆွဲယူလို့မရပါဘူး။ ယေရူ ခရစ်တော်က တရားမစီရင်နဲ့ ဆိုတဲ့ နောက်မှာ ဘာပြောလဲဆိုတာ ဆက်ပြီး လေ့လာဖို့လိုသလို ကျမ်းရဲ့ ဆက်စပ်စဉ်းစားရမယ့် အကြောင်းအရာ (သို့) အခြေအနေ (Context) ကိုလည်း ဆက်လေ့လာဖို့လို့ပါတယ်။ ဒါမှကျမ်း ချက်က ဘာကိုဆိုလိုတာလဲ ဆိုတာ မှန် ကန်စွာ သိနိုင်မှာပါ။ ဒီကျမ်းချက်က တရား စီ ရင်ဖို့ တားမြစ်တဲ့ ကျမ်းမဟုတ်ပါဘူး။ ဘယ် လို မှန်ကန်စွာ စီရင်မလဲဆိုတာကို သွန်သင်ခြင်းသာ ဖြစ်ပါတယ်။ အခန်းငယ် ၂ ကနေ ၅ ထိကြည့်ရင် ဟန်ဆောင်ပြီး တရားမစီရင်ဖို့၊ ကိုယ့်အားနည်းချက်တွေ မသိဘဲ မစီရင်ဖို့၊ ကိုယ့်မျက်စိမှာ ရှိတဲ့ အမှိုက်ကို အရင်ထုတ်ပြီးမှ ညီအစ်ကို မျက်စိမှာရှိတဲ့ အမှိုက်ကို ထုတ်ဖို့ သွန်သင်ခြင်းဖြစ်ပါတယ်။ ပြောချင်တာကကိုယ် တိုင် အမှန်တရား လမ်းသွားပြီးမှ သူတစ် ပါးကို လမ်းမှန်ပို့စေခြင်းပါ။ မျက်ကန်းက မျက် ကန်း လမ်းပြရင် ချောက်ထဲကျဖို့ပဲ ရှိတယ်လေ။ သူတော်ကောင်း ယောင်ဆောင်ခြင်း (ကြောင်သူတော်) ကို အဓိက ကျမ်းစာက ဆန့်ကျင်ခြင်း သာဖြစ်ပါတယ်။ အခန်းငယ် ၆ မှာ ဖြူစင်တဲ့ အရာကို ခွေးမပေးနဲ့၊ ပုလဲရတနာတို့ကို ဝက်တို့ရှေ့မှာ မချနဲ့လို့ ပိုင်းခြားစီရင်စေပါတယ်။ အခန်းငယ် ၁၅ မှာ မိစ္ဆာပရောဖက်တို့ကို သတိထား ပိုင်ခြားစီရင်ခိုင်းတာတွေ့ရပါတယ်။ ဒါကြောင့် မစီရင်ခိုင်းခြင်းမဟုတ်ဘဲ့
တရားမျှတမှုနဲ့ မှန်ကန်စွာ ဝေဖန်ပိုင်းခြား စီရင်ဖို့သာ လိုအပ်ပါတယ်။

- အရေးကြီးဆုံးက တရားမစီရင်ဖို့ မဟုတ်ဘဲ မှန်ကန်စွာ တရားစီရင်ဖို့သာ လိုအပ်ပါတယ်။ ဘုရားသခင်က တရားမျှတတဲ့ ဘုရားဖြစ်သလို တရားမျှတမှုကို လိုလားတဲ့ဘုရားဖြစ်ပါတယ်။ တရားစီရင်တဲ့အခါ၊ ဝေဖန်တဲ့အခါ ခွင့်လွတ်တဲ့စိတ်၊ နူးညံ့သိမ်မွေ့တဲ့ စိတ်သဘောထား၊ အမှန်သိစေလိုတဲ့ စိတ်သဘောထား၊ ကိုယ်ချင်းစာနာတတ်တဲ့ နှလုံးသား၊ နှိမ့်ချတဲ့ စိတ်သဘောထား ရှိဖို့သာအရေးကြီးပါတယ်။( တိတု ၃ : ၂၊ ရှင်မဿဲ ၅ : ၇၊ ရှင်မဿဲ ၇ : ၂) ကျွန်တော်တို့ရဲ့ ဝေဖန်သုံးသပ်စီရင်ခြင်းက ကဲ့ရဲ့ဖို့မဟုတ်ဘဲ အမှန်တရားနဲ့ တရားမျှတမှုရှိစေလိုတဲ့ စိတ်ဆန္ဒသာ ရှိဖို့လိုအပ်ပါတယ်။ ချစ်ခြင်းမေတ္တာ၊ အမှန်တရားနဲ့ တရားမျှတမှု ဒီကမ္ဘာမှာ ဆက် လက်ရှင်သန်ဖို့ သမ္မာတရား စွဲကိုင်ပြီး ဝေဖန်သုံးသပ် တရားစီနိုင်ဖို့ လိုပါတယ်။ ချစ်ခြင်းမေတ္တာတရားပြောပြီး အမှန်တရား ဂရုမစိုက်ခြင်းက စစ်မှန်တဲ့ အချစ်မဟုတ်ပါဘူး။ အမှန်တရားမပါတဲ့ ချစ်ခြင်းမေတ္တာကယုဒရှကာရုတ် သစ္စာဖောက်ဖို့ ချွေခဲ့တဲ့ အနမ်းလိုပါပဲ။

(၃) လူ့ကျင့်ဝတ် (Ethical) ဆိုင်ရာအရ

- လူရယ်လို့ ဖြစ်လာပြီ ဆိုရင် လူ့ကျင့်ဝတ်ဆိုင် ရာကို မလိုက်နာလို့မရပါဘူး။ ခရစ်ယန်တွေ
မှာလည်း ခရစ်ယာန် ကျင့်ဝတ်(Christan Ethic)
ဆိုတာ ရှိပါတယ်။ ဥပမာ – အိမ်ထောင်ရေး ဖောက်ပြန်တာကို လူ့ကျင့်ဝတ်ဆိုင်ရာအရ မှန်တယ်၊ မှားတယ်လို့ သတ်မှတ်ဖို့က လူ့ကျင်ဝတ် တရားစီရင်ခြင်း ( Moral Judgment) ကို အသုံး ပြုရတယ်။ ဘာသာရေးဆိုင်ရာ သွန်သင်မှုကနေ လူ့ကျင့်ဝတ်တွေ ဖြစ်လာသလို လူ့ကျင့်ဝတ် အသိတရား(Moral Conscience) ကနေ လူ့ကျင့် ဝတ်ဆိုင်ရာတွေကို သိနားလည်နိုင်ပါတယ်။ ဘာသာမဲ့ဝါဒသမားတွေလည်း အမှား၊ အမှန်ရှိတယ်ဆိုတာ လက်မခံလို့မရပါဘူး။ အဲတော့ အမှား၊ အမှန်ကို ခွဲခြားသိမြင်နိုင်ဖို့ တရား မစီရင်လို့မရပါဘူး။ လူကျင့်ဝတ်ဆိုင်အရ “သူတစ်ပါးကို တရားမစီရင်နဲ့” ဆိုတာကအမှား၊ အမှန်ဆိုတာ အရေးမကြီးဘူး ဆိုတာနဲ့ အတူတူပါ။ အမှား၊အမှန် အရေးမကြီးဘူးလို့ ဆိုတဲ့သူက ဆက်မှားသူတဲ့ သူပါ။ တစ်ချို့ပြောတတ်ကြတယ် “မင်းကိုယ်တိုင် ပြည့်စုံမှ စီရင်ပါတဲ့” ။ ပြည်စုံတဲ့ လူသားမရှိတော့ မစီရင်နဲ့လို့ ပြောခြင်းသာ ဖြစ်ပါတယ်။ ပြည်စုံမှ စီရင်ရမှာ မဟုတ်ပါဘူး။ ဥပမာ – ကိုယ်တိုင် မုန့်ဟင်းခါး မချက်တတ်ပေမယ့် ငံရင် ငံတယ်၊ ချဉ်ရင် ချဉ်တယ်၊ တူးရင် တူးတယ်၊ ပြောတတ်၊ ဝေဖန်တတ်ဖို့တော့ လိုအပ်ပါတယ်။ အရာအားလုံး မပြည်စုံနိုင်ရင်လည်း မှားနေတဲ့အရာကို မှားမှန်းသိပြီး ပြင်ရဲတဲ့ သတ္တိရှိပြီးဝေဖန် စီရင်ရဲဖို့ လိုပါတယ်။

- နိဂုံးချုပ်အနေဖြင့် ပြောချင်တာ‌ကတော့ ကျမ်း စာက ဝေဖန်ခြင်းကိုအပြစ်လို့ ဘယ်နေမှာမှ မသတ်မှတ်ပါဘူး။ အရာရာကို ဝေဖန်သုံးသပ်ဖို့
တိုက်တွန်းထားပါတယ်။ အမှန်တရားဆိုတာက
အဝေဖန်၊ အစမ်းသပ်ခံမှ အမှန်တရားက ပိုပြီးတန်ဖိုးရှိတာပါ။ ခရစ်ယာန် ယုံကြည်ခြင်း၊ တရားတွေက အစမ်းသပ်ခံ၊ ဝေဖန်သုံးသပ်လို့
ရတဲ့ ဘာသာတရားပါ။ ယုံကြည်သူများ အား လုံး အမှန်၊အမှား ဝေဖန်ခွဲခြားနိုင်ပြီး သူတစ်ပါးကိုလည်း ကိုယ့်ယုံကြည်မှုကို ဝေဖန်သုံးသပ်ခွင့်ပေးပြီး အကောင်းဆုံးအဖြေပေးနိုင်ဖို့ သမ္မာ ကျမ်းစာကို စနစ်တကျ လေ့လာကြပါလို့ တိုက် တွန်းပါရစေ။

– မေတ္တာဖြင့်
– ရှိုင်းကိုကိုလင်း (SLT)

#ကိုးကား
- Chtistianity in Crisis: 21st Century by
Hank Hanegraff
- Who are you to Judge by Erwin W. Lutzer
- A little book for New Philosophers by Paul
Copan.
- Apologistic Study Bible
- ESV Study Bible
- Photo credit
 
 - ဓမၼဆရာေတြကို ေဝဖန္ျခင္းက အျပစ္လား ?
================================
Unicode & Zawgyi Reshare-#9Dan
- ကြၽန္ေတာ္တို႔ ကမာၻႀကီးက Postmodernism လို႔ေခၚၾကတဲ့ ေခတ္ေရစီးေၾကာင္း ေတာ္လွန္မႈ
အယူဝါဒေတြ ေအာက္မွာသြားေနရတဲ့ ေခတ္ကို ေရာက္ေနပါၿပီ။ ဒါေၾကာင့္ ဒီေခတ္မွာ အမွန္တ
ရားပါဆိုၿပီး ေဝဖန္သုံးသပ္မႈေတြ ဆန႔္က်င္လာတဲ့သူ မ်ားလာၿပီး အမွန္တရား သိပ္မထြန္းကား
ေတာ့ပါဘူး။ နားလည္ေအာင္ အရပ္စကားျဖင့္
ေျပာရင္ "လုံးဝမွန္ပါတယ္ (Absolutely Truth) ဆိုတာ မရွိဘူး၊ မင္းအျမင္အရ မင္းမွန္တယ္၊ သူလည္း သူ႔အျမင္အရေတာ့ သူမွန္ပါတယ္၊ဒါေၾကာင့္ ဘယ္သူမွားတယ္၊ မွန္တယ္ဆိုတာကို
ေဝဖန္ေျပာေနစရာ မလိုဘူး။" စတဲ့ အႏၲရာယ္မ်ားတဲ့ ေတြးေခၚမႈေတြ လႊမ္းမိုးေနတဲ့ေခတ္ပါ။
ဒါေၾကာင့္ ဒီေခတ္က ကိုယ္စီးတဲ့ ျမင္းကအထီးလား၊ အမလားဆိုတာ မသိၾကေတာ့သလိုပါပဲ အမွား၊အမွန္ မခြဲျခားႏိုင္ၾကတဲ့ ေခတ္လိုျဖစ္ေနပါတယ္။

- မ်ားစြာေသာ ခရစ္ယာန္ေတြလည္း ဒီေခတ္ရဲ႕
လႊမ္းမိုးမႈနဲ႔ မကင္းႏိုင္ၾကပါဘူး။ သမၼာတရား
ဆိုတာ ခရစ္ယာန္ေတြအတြက္ လုံးဝမွန္ကန္တဲ့ အမွန္တရား ( Absolute Truth) ျဖစ္ေပမယ့္လို႔
စိတ္မေကာင္းစြာ သမၼာတရားဘက္မွ ရပ္တည္
သူနည္းလာပါတယ္။ တရားနာရင္ေတာင္ ငါလူ မ်ိဳး၊ အမ်ိဳးေတာ္လို႔၊နာမည္ႀကီးလို႔ စသည္အား
ျဖင့္ လူ‌ေတြကိုသာ အေျခခံၿပီး ခြန္းအားယူတတ္ၾကပါတယ္။ ဒါေၾကာင့္လည္း စင္ေပၚမွာ တရား ေဟာတဲ့ ဆရာ၊ဆရာမ ေတြကို Myanmar Idol ၿပိဳင္ပြဲလို သူ႔ပရိတ္သတ္၊ ကိုယ့္ပရိသတ္ဆိုၿပီး အားေပးလာၾကတာ ေတြ႕ရပါတယ္။ ေခ်ာလို႔ပါ၊ ခန္႔လို႔၊ My Crush၊ My Idol ဆိုၿပီး တရားနာတဲ့လူေတြကလည္း ရွိေသး။ ဒါေၾကာင့္ သူတို႔အား ေပး‌ေနတဲ့ ဆရာ၊ ဆရာမေဟာတဲ့ အမွားေတြကိုေထာက္ျပ၊ ေဝဖန္လိုက္ရင္ အနာေပၚတုတ္က်ဆိုသလို႔ အမ်ိဳးသားေရးလို ျပင္းထန္စြာ အျဖဴအမဲ မခြဲျခားႏိုင္ေအာင္ ရပ္တည္ ကာကြယ္ေပးတတ္ၾကပါတယ္။ ဒါေၾကာင့္ သမၼာတရားအရ လြဲမွား‌ေနတာေတြကို ေထာက္ျပေဝဖန္တဲ့အခါ ကြၽန္ေတာ့ကို အမဂၤလာျဖစ္မယ္ဆိုၿပီး ေမတၱာပို႔တဲ့သူေတြ လည္းရွိပါတယ္။ အျပစ္တစ္ခု လို႔ ျမင္တတ္ၾက ပါတယ္။ အျပစ္ပါဆိုၿပီး ေဟာေနတဲ့သူေတြကလည္း အမ်ားႀကီးရွိ‌ေနပါတယ္။ ဒါေၾကာင့္ ဒီေမးခြန္းကို ေမးလာၾကတဲ့ သူေတြအ တြက္ေကာ၊ အားလုံးအတြက္ အခ်က္(၃) ခ်က္ျဖင့္ အေျဖေပးပါရေစ။

(၁) ဒႆနိကေဗဒ (Philosophy) ဆိုင္ရာအရ

- ပထမဦးဆုံး ဒႆနိကေဗဒကို ဘာသာအရပ္
အေနျဖင့္ နက္နက္နဲနဲ မသင္ယူျဖစ္ရင္ေတာင္မွ အေျခခံေလးေတာ့ သိဖို႔လိုပါတယ္။ ျမန္မာဇတ္ကားေတြလိုေတာ့ ဒႆနိကေဗဒကို ေပါက္ကရ
ေတြးေခၚေနသလိုေတာ့ မယူဆလိုက္ပါနဲ႔။အမွန္
က ဒႆနိကေဗဒဆိုတာက စနစ္တက် မွန္ကန္
စြာ ေတြးေခၚျခင္းပါ။ ဒါေၾကာင့္ ကိုယ္အေတြးေတြကို ယုတၱိေဗဒ(Logic) အရ မွန္ကန္မႈရွိလားဆိုတာ စစ္ေဆးတတ္ဖို႔ လိုပါတယ္။

- သူတစ္ပါးကို မေဝဖန္နဲ႔၊ တရားမစီရင္ပါနဲ႔ ဆိုတာက ဒႆနိကေဗဒဆိုင္ရာအရေတာ့ လြဲမွားတဲ့ ခံယူခ်က္သာ ျဖစ္ပါတယ္။ ေဝဖန္မႈမရွိဘဲ
အမွား၊အမွန္ ခြဲျခားလို႔မရလို တရားစီရင္မႈမရွိရင္ မွ်တမႈဆိုတာ မရွိႏိုင္ပါဘူး။ ေသခ်ာတာ တစ္ခုကေတာ့ လူသားေတြက ေဝဖန္မႈေတြ နဲ႔ တရားစီရင္ျခင္းေတြကေန ကင္းလႊတ္တဲ့ လူဆိုတာေတာ့ မရွိပါဘူး။

-"သူတစ္ပါးကို မေဝဖန္ပါနဲ႔၊ တရားမစီရင္နဲ႔” လို႔
ေျပာေနတဲ့သူက အမွန္တစ္ကယ္ေတာ့ သူကိုယ္ တိုင္ ေဝဖန္ၿပီးတရားစီရင္ ေနတာပါ။ အမွန္က "မေဝဖန္ပါနဲ႔၊တရားမစီရင္နဲ႔" ဆိုတဲ့စကားကိုယ္ ၌က ေဝဖန္ျခင္း၊ တရားစီရင္ေနျခင္းသာ ျဖစ္ပါတယ္။ စနစ္ တက် ေသခ်ာစဥ္းစားၾကည့္ပါ လူတစ္‌ေယာက္က ေဝဖန္လို႔၊ တရားစီရင္လို႔ ဒါကိုသြားၿပီး မေဝဖန္ဖို႔၊ တရားမစီရင္ဖို႔ေျပာျခင္းကို က အဲဒီလူရဲ႕ေဝဖန္မႈ၊ တရားစီရင္မႈကို ျပန္ၿပီး ေဝဖန္၊ တရားစီရင္ေနျခင္း မဟုတ္ဘူးလား။ အလြယ္ ေျပာရရင္ လူတစ္ဦးက ေဝဖန္ေနလို႔၊ တရားစီရင္ေနလို႔ မေဝဖန္နဲ႔၊ မစီရင္နဲ႔လို႔ျပန္ၿပီး ေဝဖန္၊ တရားစီရင္ျခင္းသာ ျဖစ္ပါတယ္။

- ဒါေၾကာင့္ မေဝဖန္နဲ႔ ဆိုတဲ့စကားက ေဝဖန္မႈတစ္ခုကို မေဝဖန္ဖို႔ ျပန္လည္ ေဝဖန္ျခင္းသာ ျဖစ္လို႔ ဒါကို ယုတၱိမရွိေသာ (သို႔) အဓိပၸာယ္မရွိေသာ ေျပာဆိုမႈ ( Illogical Statement) လို႔ေခၚပါတယ္။ ဒါေၾကာင့္ ယုတၱိေဗဒ (Logic) အရ သူ တစ္ပါးကို မ‌ေဝဖန္နဲ႔ (Don't Criticize)၊ တရားမစီရင္နဲ႔ (Don’t Judge) ဆိုတာ ေရွ႕ေနာက္ မညီ ၫြတ္တဲ့( Self Defeating Statement) စကားသာျဖစ္ပါတယ္။

- ေနာက္တစ္ခု အဓိက ဓမၼဆရာ၊ ဆရာမေတြ
ေဟာတတ္ၾကတဲ့ ေရွ႕ေနာက္ ညီၫြတ္မႈ မရွိတဲ့ ( Self Defeating Statement) ကေတာ့ မျပည္စုံျခင္းကို အေျခခံျခင္းပါ။"ဓမၼဆရာ၊ ဆရာမေတြ
ဆိုတာက လူပဲျပည့္စုံတာမဟုတ္ဘူး မေဝဖန္ပါနဲ႔ ဘုရားသခင္က ဆုံးမလိမ့္မယ္၊ တရားစီရင္ပါ
လိမ့္မယ္" ဆို‌ၿပီးေတာ့ ေျပာတတ္ၾကပါတယ္။ ေသခ်ာစြာ စဥ္းစားၾကည့္ရင္ ယုံၾကည္သူေတြလည္း ျပည့္စုံ‌ေနလို႔ ယုံၾကည္သူ‌ ျဖစ္‌ေနတာ မ ဟုတ္ပါဘူး။ အဲေတာ့ သူတို႔ေတြအသုံးျပဳတဲ့ Logic အရ သူတို႔လည္း ဆရာလုပ္ၿပီး ဆုံးမသြန္ျခင္း၊ စီရင္ျခင္းလည္း လုပ္ဖို႔လိုလို႔လား။(?) ဘုရား ကိုယ္တိုင္ ဆုံးမမွာေပါ့။ ဒါဆိုရင္ သူတို႔
စကားနဲ႔ သူတို႔ ျပႆနာတက္မွာပါ။ အမွန္က ေတာ့ ျပည့္စုံေနရင္ေတာ့ ေဝဖန္ေထာက္ျပဖို႔လည္း မလိုအပ္ေတာ့ပါဘူး။ ဒါေၾကာင့္ မျပည့္ စုံျခင္းကိုက ေဝဖန္၊ ေထာက္ျပမႈေတြ လိုအပ္ေနေၾကာင္း အဓိက သက္ေသပါ။

- သူတို႔အသုံးျပဳေနၾကတဲ့ အေတြးေတြက ဘာနဲ႔သြားတူလည္း ဆိုရင္ေတာ့ ဘိန္းစားက ဘိန္းမစားဖို႔ ေျပာတာနဲ႔ တူပါတယ္။ ဒါေၾကာင့္ ေက်း ဇူးျပဳၿပီး သူေတာ္ေကာင္းလို မေဝဖန္နဲ႔ တရားမစီရင္နဲ႔လို႔ေျပာေနျခင္းကိုက ေဝဖန္၊တရားစီရင္ျခင္းသာ ျဖစ္တယ္ဆိုတာကို နားလည္‌ေစခ်င္ပါ
တယ္။ ဒါေၾကာင့္ ဒႆနိကေဗဒဆိုင္ရာ အရ မေဝဖန္ရဘူး၊ တရားမစီရင္ရဘူး ဆိုတာမရွိပါဘူး။ ဘယ္လိုမွန္ကန္စြာ ေဝဖန္ရမယ္၊ မွ်တစြာ ဘယ္လို တရားစီရင္ရမယ္ ဆိုတာေတြ ကိုသာ စနစ္တက် သင္ယူရတာပါ။ ဘာမဆို အမွား၊ အမွန္ ခြဲျခားႏိုင္ဖို႔ရန္အတြက္ ေဝဖန္ျခင္း၊တရား စီရင္ျခင္းကို မွန္ကန္စြာ က်င့္သုံးဖို႔ ‌အေရးႀကီး ပါတယ္။

(၂) သမၼာက်မ္းစာ (Biblical) ဆိုင္ရာအရ

- ခရစ္ယာန္ဘာသာက လူကိုကိုးကြယ္တဲ့ ဘာ သာတရား မဟုတ္ဘူးဆိုတာကေတာ့ ႁခြင္းခ်က္မရွိ အားလုံးသေဘာတူ လက္ခံၾကမွာပါ။ ယေန႔
အသင္းေတာ္ ဦးေဆာင္တဲ့ ေခါင္းေဆာင္ေတြ၊ ဓမၼဆရာနဲ႔ ဆရာမေတြကို သစၥာရွိၿပီး၊ ႐ိုေသေလးစားျခင္းဆိုတာ မြန္ျမတ္တဲ့ အလုပ္၊ ဘုရား သခင္အလိုေတာ္ရွိတဲ့ အရာလည္းျဖစ္ပါတယ္။
(မာကု ၁၂:၂၉-၃၁ ၊ ေယာဟန္ ၁၅:၁၃ ၊ ၁ ေယာ ၃:၁၆)

- ဒါေပမယ့္ သူတို႔အမွားေတြကို ေဝဖန္ခြင့္၊ စီရင္
ပိုင္ခြင့္ ဘယ္သူမွ မရွိဘူးဆိုတာ ဘယ္ေနရမွာမွ
က်မ္းစာက မေဖာ္ျပထားပါဘူး။ အသင္းေတာ္သမိုင္းေလ့လာရင္ လြဲမွားတဲ့ အယူဝါဒစြဲကိုင္တဲ့
အဖြဲ႕တိုင္းကို ေလ့လာၾကည့္ပါ သူတို႔ရဲ႕ အဖြဲ႕ဝင္
အတြင္းမွာ ေဝဖန္ေထာက္ျပခြင့္ေတြ လုံးဝ ပိတ္ပင္ထားဒါေတြ ေတြ႕ရမွာပါ။ ဒီလိုပါပဲ ဒီေခတ္ရဲ႕
ေခတ္အစားဆုံးျဖစ္တဲ့ က်န္းမာ၊ ခ်မ္းသာျခင္း သတင္းေကာင္း( Properity Gospel) ေဟာတဲ့
ဓမၼဆရာ၊ ဆရာမတို႔ကလည္း က်မ္းစာ အသုံး
ျပဳၿပီး သူတို႔ကို မေဝဖန္ေအာင္ က်မ္းခ်က္လိုရာစြဲ ယုံၾကည္သူမ်ားကို ၿခိမ္းေျခာက္တတ္ၾကတာ ေတြ႕ပါတယ္။ ယေန႔ကမာၻေက်ာ္တဲ့ Benny
Hinn နဲ႔ Kenneth Copeland တို႔က သူတို႔ဟာ
ဘုရားသခင္ ဘိတ္သိတ္ခံမ်ားျဖစ္ၿပီး သူတို႔ကို
ေဝဖန္တဲ့သူေတြ က်ိန္ျခင္းအမဂၤလာကို ခံစားရမည္ဟု အႀကိမ္ႀကိမ္ေဟာေျပာခဲ့ၾကပါတယ္။
ဆရာေဒးဗစ္လာကလည္း " ကြၽန္ေတာ္မွားရင္
ဘုရားသခင္နဲ႔ရွင္းမယ္ မ‌ေျပာပါနဲ႔၊ ေဝဖန္စရာမလိုဘူး။ ေဝဖန္ရင္ မေအာင္ျမင္ေစရဘူး။ အာ မခံတယ္။ သားစဥ္ေျမးဆက္ အမဂၤလာခံ စားရမယ္" ဆိုၿပီး ေဟာေျပာခဲ့ၾကပါတယ္။ ဒါကိုဇတ္လမ္းလုပ္ေျပာေနတာ မဟုတ္ပါဘူး။ လိုခ်င္ရင္
ဒီအေၾကာင္းအရာနဲ႔ ပတ္သက္ၿပီးသူတို႔အားလုံး
ေဟာေျပာတဲ့ သက္ေသ ဗီဒီယို(Video) ေတြရွိပါ
တယ္ လိုအပ္ရင္ေတာင္းလို႔ရပါတယ္။ ‌အဲေတာ့
သူတို႔အတြက္ ေဝဖန္ျခင္းက အျပစ္ျဖစ္ေနတဲ့
အျပင္ အမဂၤလာခံစားရမွာပါ။ ဘယ္သူကမွန္လဲ မွားလဲဆိုတာကို သမၼာက်မ္းစာကိုၾကည့္ၿပီး
ဆုံးျဖတ္ၾကရေအာင္။ ဒီအေၾကာင္းအရာနဲ႔ ပတ္
သက္ၿပီး လြဲမွားစြာ ခံယူၾကတဲ့ က်မ္းခ်က္သုံးခု
ရွိပါတယ္။

- ပထမကေတာ့
✝️ ငါ့ထံ၌ ဘိတ္သိတ္ခံေသာ သူတို႔ကို မထိမခိုက္ႏွင့္။ ငါ၏ပေရာဖတ္တို႔ကို အျပစ္မျပဳႏွင့္ဟု မိန္႔ေတာ္မူ၏။ (Psa 105:15)

- ဒီက်မ္းခ်က္က ဒါဝိဒ္မင္းႀကီးက အာျဗဟံနဲ႔
သူ႔လူေတြကို ဘုရားသခင္ထားခဲ့တဲ့ ဂတိေတာ္ကို ျပန္လည္ေအာက္ေမ့ သတိရၿပီး ေရးသားထားျခင္းျဖစ္ပါတယ္။ ကတိေတာ္အတိုင္းကို ျပည္စုံ ေစခဲ့တယ္။ သူရဲ႕ လူမ်ိဳးေတြကို ကယ္ တင္ခဲ့တယ္၊ ရန္သူ႔လက္မွ ကာကြယ္ေပးခဲ့တယ္ စသည့္အားျဖင့္ ဘုရားရဲ႕ေကာင္းျမတ္ျခင္းကို
ခ်ီးမြမ္းေျပာဆိုေနတဲ့‌ အေျခအေန (Context)
ျဖစ္ပါတယ္။ (Psa 105:14) ကိုၾကည့္ရင္ ေတာ့
"သူတို႔ကို ညႇင္းဆဲေစျခင္းငွါ အဘယ္သူအားမွ် အခြင့္ေပးေတာ္မမူ၊ သူတို႔အတြက္လည္း ရွင္ ဘုရင္ကို ဆုံးမလ်က္" ဆိုၿပီးမွ "ငါ့ထံ၌ ဘိတ္သိတ္ခံေသာသူတို႔ကို မထိမခိုက္ႏွင့္။ ငါ၏ပေရာဖတ္တို႔ကို အျပစ္မျပဳႏွင့္ဟု မိန္႔ေတာ္မႈ၏။ " လို႔
အဆုံးသတ္ထားပါတယ္။ ဒီက်မ္းခ်က္က သူ
ဘိတ္သိပ္ေပးတဲ့ သူ႔လူမ်ိဳးနဲ႔ ဦးေဆာင္သူေတြကို မတိုက္ခိုက္ဖို႔ ဘုရင္ေတြကို သတိေပးျခင္းျဖစ္ပါတယ္။ တစ္ဦးတစ္ေယာက္ ဒါမွမဟုတ္ ဒီေခတ္ ဓမၼဆရာ၊ဆရာမေတြကို ဆိုလိုျခင္းေတာ့ လုံးဝ မဟုတ္ဘူးဆိုတာက Context ကိုၾကည့္ရင္ ရွင္းပါတယ္။

- ဒုတိယ တစ္ခုက
✝️ ငါ့ထံ၌ ဘိတ္သိက္ခံေသာသူတို႔ကို မထိမခိုက္ႏွင့္။ ငါ့ပေရာဖက္တို႔ကို အျပစ္မျပဳႏွင့္ဟု မိန္႔ေတာ္မူ၏။ (1Chr 16:22)

- ဒီက်မ္းခ်က္က ဆာလံက်မ္းမွာ ဒါဝိဒ္မင္းႀကီးကျပန္လည္ အသုံးျပဳျခင္းျဖစ္ပါတယ္။ သူတို႔ Context တူေနလို႔ အမ်ားႀကီး ျပန္မရွင္းေတာ့
ပါဘူး။ မွတ္ထားဖို႔လိုတာက သူရဲ႕လူမ်ိဳးေတြကို သတ္ဖို႔ႀကံစည္တဲ့ ရွင္ဘုရင္ေတြကို ဘုရား သခင္က သတိေပးျခင္းျဖစ္လို႔ ဒီေနရာမွာ ေဝ ဖန္၊ေထာက္ျပျခင္းကို ဆိုလိုျခင္း မဟုတ္ဘဲနဲ႔ခႏၶာကိုယ္ အေသသတ္ျခင္းကို ဆိုလိုျခင္းသာျဖစ္ပါတယ္။ ဒါေၾကာင့္ ေရွာလုမင္းႀကီးကို မသတ္ပဲ ဒါဝဒ္က ဘိသိက္ခံေသာသူတို႔ကို မထိ ခိုက္ဖို႔ေျပာျခင္းက မေဝဖန္ဖို႔ ေျပာဆိုျခင္းမ ဟုတ္ပါဘူး။ သူကိုယ္တိုင္ ေရွာလုမင္းႀကီးရဲ႕
အသက္ကို မႏုတ္ယူလိုျခင္းကို ဆိုလိုျခင္းျဖစ္ပါတယ္။ဒါဝဒ္က ေရွာလုမင္းႀကီးကို ႏႈက္အား ျဖင့္ ေဝဖန္ေထာက္ျပမႈမ်ားစြာကို ျပဳလုပ္ခဲ့ပါတယ္။ ( ၁ ဓမၼရာဇဝင္ ၂၄:၁၀)။ ဒါအျပင္ ဒါဝဒ္ရွင္ဘုရင္ျဖစ္လာတဲ့ အခါ သူအမွားကို ပေရာဖက္ နာသန္က ျပင္းျပင္းထန္ထန္ အျပစ္တင္ဆုံးမေဝဖန္တာ ေတြ႕ရပါတယ္။ ဒါေပမယ့္လို႔ အံ့ဩစရာေကာင္းတာက ဒါဝဒ္က ဘယ္ေနရာမွာမွ ဘုရားဘိတ္သိက္ကို မထိနဲ႔လို႔ ျပန္မေျပာပါဘူး။ သူတို႔ကိုယ္သူတို႔ ေဝဖန္ျခင္းမွာ ကာကြယ္ဖို႔အတြက္ ဘုရားဘိတ္သိတ္ေတြကို မထိနဲ႔လို႔ ဘယ္တမန္ေတာ္ေတြကမွ ဓမၼသစ္က်မ္းမွာ မသုံးခဲ့ၾကပါဘူး။ ၿပီးေတာ့ ဓမၼသစ္က်မ္းမွာ ယုံၾကည္သူတိုင္းက ဘိတ္သိက္ခံသူမ်ားျဖစ္ ေၾကာင္းကို ေတြ႕ရွိရပါတယ္။ (၁ ေယာ၂:၂၀၊ ၂ ေကာ ၁:၂၁-၂၂)

- ေနာက္ဆုံး က်မ္းခ်က္က
✝️သင္တို႔သည္ စစ္ေၾကာဆုံးျဖတ္ျခင္း ႏွင့္ကင္းလြတ္ရမည္အေၾကာင္း သူတပါး၏အမႈ၌ စစ္ေၾကာ ဆုံးျဖတ္ျခင္းကိုမျပဳၾကႏွင့္။ (Mat 7:1)

- အထက္က က်မ္းခ်က္ေတြကို မိမိကိုယ္ကိုမိမိ ဘုရားသခင္ ဘိတ္သိတ္ခံျဖစ္ေၾကာင္း ခံယူၿပီး
သူတို႔အမွားေတြကို ေဝဖန္၊ ေထာက္ျပျခင္းမွ
ကင္းေဝးဖို႔ အသုံးျပဳတတ္ၾကပါတယ္။ တရား မစီရင္နဲ႔ မေဝဖန္နဲ႔လို႔ ေျပာတတ္ၾကတဲ့ က်မ္းခ်က္ကို ေလ့လာၾကည့္ရေအာင္။

- တရားစီရင္ျခင္းဆိုတာ က်မ္းစာတစ္ခုလုံးရဲ႕ အဓိက ရည္႐ြယ္ခ်က္ျဖစ္ပါတယ္။ အာဒံ ႏွင့္ ဧဝက စၿပီး ဘုရားသခင္ တရားစီရင္ခဲ့ပါတယ္။ တိုင္းႏိုင္ငံေတြကို အုပ္ခ်ဳပ္ဖို႔ ဘုရင္ေတြ၊ တရား သူႀကီးမ်ား ႏွင့္ ပေရာဖက္တို႔ကို ဘုရားကိုယ္ တိုင္ေ႐ြးခ်ယ္ခြဲခန႔္ၿပီး တရားစီရင္ေစခဲ့ပါတယ္။ (တရားသူႀကီးမွတ္စာ ၂: ၁၈ ၊ ေရာမၾသဝါဒစာ ၁၃: ၁)ေယ႐ူခရစ္ေတာ္က “မ်က္စိမျမင္ေသာ သူသည္ ျမင္ေစျခင္းငွါလည္းေကာင္း၊ ျမင္ေသာသူ ကန္းေစျခင္းငွါ လည္းေကာင္း ငါသည္ တရားစီရင္၍ ဤေလာကသို႔ ေရာက္လာၿပီ” မိန႔္ဆိုခဲ့ပါတယ္။ (ရွင္ေယာဟန္ ခရစ္ဝင္က်မ္း ၉: ၃၉)။ ေယ႐ူခရစ္ေတာ္ ကိုယ္တိုင္ အမွား၊ အမွန္အတြက္၊ အျပစ္ေတြအတြက္ တရားစီရင္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း ဘာသာေရးဆိုင္ရာ ပုဂၢိဳလ္ေတြက မခံမရပ္ေတြျဖစ္ၿပီး အျပစ္ရွာ ေသဒဏ္စီရင္ဖို႔ ႀကီဳးစားခဲ့ၾကတာပါ။ ဗိမာန္ေတာ္ထဲမွာ ေယ႐ူခရစ္ေတာ္က “တရားသျဖင့္ စီရင္ၾကေလာ့” လို႔ ဆုံးမၾသဝါဒ ေပးခဲ့ပါတယ္။ (ရွင္ေယာဟန္ ၇:၂၄) တစ္ေန႔ ယုံၾကည္သူမ်ားက ခရစ္ေတာ္နဲ႔ အတူ တရားစီရင္ခြင့္ရမယ္ဆိုတာ က်မ္းစာမွာ သြန္သင္ထားပါတယ္။(ရွင္မႆဲ ၁၉ : ၂၈)

- တမန္ေတာ္ေတြနဲ႔ အသင္းေတာ္ ဦးေဆာင္ခဲ့တဲ့ ဖခင္ေတြက ေဝဖန္သုံးသပ္ တရားစီရင္ခဲ့ၾကတယ္ဆိုတာ ခရစ္ယာန္သမိုင္းမွာ ထင္ရွားစြာေတြ႕ရပါတယ္။ ဒါေၾကာင့္ ဘယ္သူက မိစာၦဒိဌိ (Heresy) ၊ ဘယ္သူက မွားယြင္းစြာ သြန္သင္လဲဆိုတာ ခြဲျခားသိျမင္ခဲ့ၾကတာပါ။ မစီရင္ခဲ့ၾကရင္ ယုံၾကည္ျခင္းဆိုင္ရာ အမွား၊ အမွန္ ခြဲျခားလို႔မရပါဘူး။ ရွင္ေပါလုက ႏႈတ္ကပတ္ေတာ္ ေဟာပါ၊ အျပစ္ကို ေဖာ္ျပပါ လို႔ သြန္သင္ခဲ့ပါတယ္။ (၂ တိေမာေသ ၄ : ၂) ။ ေနာက္ၿပီးေတာ့ “ဤတရားစကားကို ေဟာေျပာျခင္း၊ တိုက္တြန္းေသြးေဆာင္ျခင္း၊ ဆုံးမ ျပစ္တင္ျခင္းတို႔ကို ခပ္သိမ္းေသာ အာဏာနဲ႔ တကြျပဳေလာ့” လို႔ ရွင္းရွင္းလင္းလင္း သြန္သင္ ထားပါတယ္။ ( တိတု ၂ : ၁၅) ဝိညာဥ္လူဆိုတာ အရာအားလုံးကို ပိုင္ျခားႏိုင္တယ္ (သို႔) တရားစီရင္ႏိုင္တယ္လို႔ ေကာရိန္သုဩဝါဒစာ ပဌမေစာင္ ၂ : ၁၅ သြန္သင္ထားပါတယ္။ သူမ်ားအမွားကို ေျပာစရာမလိုဘူး၊ ေဝဖန္စရာမလိုဘူး ၊ တရား စီရင္ဖို႔ မလိုဘူးလို႔ ေျပာတဲ့၊ ေဟာတဲ့ သူေတြက ေသေသခ်ာခ်ာ က်မ္းစာဖတ္ၿပီး မေလ့လာၾကလို႔ပါ ဆိုၿပီး စီရင္ပါရေစ။ ေနပါဦး … သမၼာ က်မ္းစာက မစီရင္နဲ႔လို႔ေျပာတဲ့ ေနရာရွိတယ္ဆိုၿပီး ေစာဒကေတြ တတ္ေနၾကဦးမယ္။ တရားမစီရင္နဲ႔ (Don’t Judge) ဆိုတဲ့က်မ္းကိုေနာက္ဆုံး ေလ့လာရေအာင္။

- က်မ္းစာတစ္ခုလုံးမွာ “သူတစ္ပါးရဲ႕အမႈ၌ စီ ရင္ျခင္းကို မျပဳၾကႏွင့္။” (ရွင္မႆဲခရစ္ဝင္က်မ္း ၇ : ၁) ဆိုတဲ့က်မ္းခ်က္က ၾကာဖူးသမွ်က်မ္းထဲမွာ တရားေဟာဆရာေတြ အနက္ျပန္လြဲတာ အမ်ားဆုံးက်မ္းျဖစ္ပါတယ္။အထူး သျဖင့္ အမႈေတာ္ေဆာင္ ဆရာ၊ ဆရာမေတြ အေဝဖန္ခံရၿပီဆိုရင္ သူတို႔ရဲ႕ လက္ကိုင္တုတ္ က်မ္းတစ္ခုလည္း ျဖစ္ပါတယ္။ ဒီလို မိမိအမွားကို ကာကြယ္ဖို႔ က်မ္းခ်က္ေတြ အသုံးျပဳျခင္းက အရမ္းကို အႏၲရာယ္မ်ားတဲ့အျပင္ ဘုရားကို လူမိုက္ အားေပးေစရာ ေရာက္တယ္ဆိုတာ သတိထားဖို႔ လိုအပ္ ပါတယ္။ လိုခ်င္တဲ့ အခ်က္ေလးေတြကိုပဲ ဆြဲယူလို႔မရပါဘူး။ ေယ႐ူ ခရစ္ေတာ္က တရားမစီရင္နဲ႔ ဆိုတဲ့ ေနာက္မွာ ဘာေျပာလဲဆိုတာ ဆက္ၿပီး ေလ့လာဖို႔လိုသလို က်မ္းရဲ႕ ဆက္စပ္စဥ္းစားရမယ့္ အေၾကာင္းအရာ (သို႔) အေျခအေန (Context) ကိုလည္း ဆက္ေလ့လာဖို႔လို႔ပါတယ္။ ဒါမွက်မ္း ခ်က္က ဘာကိုဆိုလိုတာလဲ ဆိုတာ မွန္ ကန္စြာ သိႏိုင္မွာပါ။ ဒီက်မ္းခ်က္က တရား စီ ရင္ဖို႔ တားျမစ္တဲ့ က်မ္းမဟုတ္ပါဘူး။ ဘယ္ လို မွန္ကန္စြာ စီရင္မလဲဆိုတာကို သြန္သင္ျခင္းသာ ျဖစ္ပါတယ္။ အခန္းငယ္ ၂ ကေန ၅ ထိၾကည့္ရင္ ဟန္ေဆာင္ၿပီး တရားမစီရင္ဖို႔၊ ကိုယ့္အားနည္းခ်က္ေတြ မသိဘဲ မစီရင္ဖို႔၊ ကိုယ့္မ်က္စိမွာ ရွိတဲ့ အမႈိက္ကို အရင္ထုတ္ၿပီးမွ ညီအစ္ကို မ်က္စိမွာရွိတဲ့ အမႈိက္ကို ထုတ္ဖို႔ သြန္သင္ျခင္းျဖစ္ပါတယ္။ ေျပာခ်င္တာကကိုယ္ တိုင္ အမွန္တရား လမ္းသြားၿပီးမွ သူတစ္ ပါးကို လမ္းမွန္ပို႔ေစျခင္းပါ။ မ်က္ကန္းက မ်က္ ကန္း လမ္းျပရင္ ေခ်ာက္ထဲက်ဖို႔ပဲ ရွိတယ္ေလ။ သူေတာ္ေကာင္း ေယာင္ေဆာင္ျခင္း (ေၾကာင္သူေတာ္) ကို အဓိက က်မ္းစာက ဆန႔္က်င္ျခင္း သာျဖစ္ပါတယ္။ အခန္းငယ္ ၆ မွာ ျဖဴစင္တဲ့ အရာကို ေခြးမေပးနဲ႔၊ ပုလဲရတနာတို႔ကို ဝက္တို႔ေရွ႕မွာ မခ်နဲ႔လို႔ ပိုင္းျခားစီရင္ေစပါတယ္။ အခန္းငယ္ ၁၅ မွာ မိစာၦပေရာဖက္တို႔ကို သတိထား ပိုင္ျခားစီရင္ခိုင္းတာေတြ႕ရပါတယ္။ ဒါေၾကာင့္ မစီရင္ခိုင္းျခင္းမဟုတ္ဘဲ့
တရားမွ်တမႈနဲ႔ မွန္ကန္စြာ ေဝဖန္ပိုင္းျခား စီရင္ဖို႔သာ လိုအပ္ပါတယ္။

- အေရးႀကီးဆုံးက တရားမစီရင္ဖို႔ မဟုတ္ဘဲ မွန္ကန္စြာ တရားစီရင္ဖို႔သာ လိုအပ္ပါတယ္။ ဘုရားသခင္က တရားမွ်တတဲ့ ဘုရားျဖစ္သလို တရားမွ်တမႈကို လိုလားတဲ့ဘုရားျဖစ္ပါတယ္။ တရားစီရင္တဲ့အခါ၊ ေဝဖန္တဲ့အခါ ခြင့္လြတ္တဲ့စိတ္၊ ႏူးညံ့သိမ္ေမြ႕တဲ့ စိတ္သေဘာထား၊ အမွန္သိေစလိုတဲ့ စိတ္သေဘာထား၊ ကိုယ္ခ်င္းစာနာတတ္တဲ့ ႏွလုံးသား၊ ႏွိမ့္ခ်တဲ့ စိတ္သေဘာထား ရွိဖို႔သာအေရးႀကီးပါတယ္။( တိတု ၃ : ၂၊ ရွင္မႆဲ ၅ : ၇၊ ရွင္မႆဲ ၇ : ၂) ကြၽန္ေတာ္တို႔ရဲ႕ ေဝဖန္သုံးသပ္စီရင္ျခင္းက ကဲ့ရဲ႕ဖို႔မဟုတ္ဘဲ အမွန္တရားနဲ႔ တရားမွ်တမႈရွိေစလိုတဲ့ စိတ္ဆႏၵသာ ရွိဖို႔လိုအပ္ပါတယ္။ ခ်စ္ျခင္းေမတၱာ၊ အမွန္တရားနဲ႔ တရားမွ်တမႈ ဒီကမာၻမွာ ဆက္ လက္ရွင္သန္ဖို႔ သမၼာတရား စြဲကိုင္ၿပီး ေဝဖန္သုံးသပ္ တရားစီႏိုင္ဖို႔ လိုပါတယ္။ ခ်စ္ျခင္းေမတၱာတရားေျပာၿပီး အမွန္တရား ဂ႐ုမစိုက္ျခင္းက စစ္မွန္တဲ့ အခ်စ္မဟုတ္ပါဘူး။ အမွန္တရားမပါတဲ့ ခ်စ္ျခင္းေမတၱာကယုဒရွကာ႐ုတ္ သစၥာေဖာက္ဖို႔ ေခြၽခဲ့တဲ့ အနမ္းလိုပါပဲ။

(၃) လူ႔က်င့္ဝတ္ (Ethical) ဆိုင္ရာအရ

- လူရယ္လို႔ ျဖစ္လာၿပီ ဆိုရင္ လူ႔က်င့္ဝတ္ဆိုင္ ရာကို မလိုက္နာလို႔မရပါဘူး။ ခရစ္ယန္ေတြ
မွာလည္း ခရစ္ယာန္ က်င့္ဝတ္(Christan Ethic)
ဆိုတာ ရွိပါတယ္။ ဥပမာ – အိမ္ေထာင္ေရး ေဖာက္ျပန္တာကို လူ႔က်င့္ဝတ္ဆိုင္ရာအရ မွန္တယ္၊ မွားတယ္လို႔ သတ္မွတ္ဖို႔က လူ႔က်င္ဝတ္ တရားစီရင္ျခင္း ( Moral Judgment) ကို အသုံး ျပဳရတယ္။ ဘာသာေရးဆိုင္ရာ သြန္သင္မႈကေန လူ႔က်င့္ဝတ္ေတြ ျဖစ္လာသလို လူ႔က်င့္ဝတ္ အသိတရား(Moral Conscience) ကေန လူ႔က်င့္ ဝတ္ဆိုင္ရာေတြကို သိနားလည္ႏိုင္ပါတယ္။ ဘာသာမဲ့ဝါဒသမားေတြလည္း အမွား၊ အမွန္ရွိတယ္ဆိုတာ လက္မခံလို႔မရပါဘူး။ အဲေတာ့ အမွား၊ အမွန္ကို ခြဲျခားသိျမင္ႏိုင္ဖို႔ တရား မစီရင္လို႔မရပါဘူး။ လူက်င့္ဝတ္ဆိုင္အရ “သူတစ္ပါးကို တရားမစီရင္နဲ႔” ဆိုတာကအမွား၊ အမွန္ဆိုတာ အေရးမႀကီးဘူး ဆိုတာနဲ႔ အတူတူပါ။ အမွား၊အမွန္ အေရးမႀကီးဘူးလို႔ ဆိုတဲ့သူက ဆက္မွားသူတဲ့ သူပါ။ တစ္ခ်ိဳ႕ေျပာတတ္ၾကတယ္ “မင္းကိုယ္တိုင္ ျပည့္စုံမွ စီရင္ပါတဲ့” ။ ျပည္စုံတဲ့ လူသားမရွိေတာ့ မစီရင္နဲ႔လို႔ ေျပာျခင္းသာ ျဖစ္ပါတယ္။ ျပည္စုံမွ စီရင္ရမွာ မဟုတ္ပါဘူး။ ဥပမာ – ကိုယ္တိုင္ မုန္႔ဟင္းခါး မခ်က္တတ္ေပမယ့္ ငံရင္ ငံတယ္၊ ခ်ဥ္ရင္ ခ်ဥ္တယ္၊ တူးရင္ တူးတယ္၊ ေျပာတတ္၊ ေဝဖန္တတ္ဖို႔ေတာ့ လိုအပ္ပါတယ္။ အရာအားလုံး မျပည္စုံႏိုင္ရင္လည္း မွားေနတဲ့အရာကို မွားမွန္းသိၿပီး ျပင္ရဲတဲ့ သတၱိရွိၿပီးေဝဖန္ စီရင္ရဲဖို႔ လိုပါတယ္။

- နိဂုံးခ်ဳပ္အေနျဖင့္ ေျပာခ်င္တာ‌ကေတာ့ က်မ္း စာက ေဝဖန္ျခင္းကိုအျပစ္လို႔ ဘယ္ေနမွာမွ မသတ္မွတ္ပါဘူး။ အရာရာကို ေဝဖန္သုံးသပ္ဖို႔
တိုက္တြန္းထားပါတယ္။ အမွန္တရားဆိုတာက
အေဝဖန္၊ အစမ္းသပ္ခံမွ အမွန္တရားက ပိုၿပီးတန္ဖိုးရွိတာပါ။ ခရစ္ယာန္ ယုံၾကည္ျခင္း၊ တရားေတြက အစမ္းသပ္ခံ၊ ေဝဖန္သုံးသပ္လို႔
ရတဲ့ ဘာသာတရားပါ။ ယုံၾကည္သူမ်ား အား လုံး အမွန္၊အမွား ေဝဖန္ခြဲျခားႏိုင္ၿပီး သူတစ္ပါးကိုလည္း ကိုယ့္ယုံၾကည္မႈကို ေဝဖန္သုံးသပ္ခြင့္ေပးၿပီး အေကာင္းဆုံးအေျဖေပးႏိုင္ဖို႔ သမၼာ က်မ္းစာကို စနစ္တက် ေလ့လာၾကပါလို႔ တိုက္ တြန္းပါရေစ။

– ေမတၱာျဖင့္
– ရႈိင္းကိုကိုလင္း (SLT)

#ကိုးကား
- Chtistianity in Crisis: 21st Century by
Hank Hanegraff
- Who are you to Judge by Erwin W. Lutzer
- A little book for New Philosophers by Paul
Copan.
- Apologistic Study Bible
- ESV Study Bible
- Photo credit

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...