0

ဧဇရာမှတ်စာ = Book of Ezra Reshare #9Dan Unicode & Zawgyi

 9Dan
🎷 ဧဇရာမှတ်စာ = Book of Ezra
Reshare #9Dan Unicode & Zawgyi
************
၁။ နိဒါန်း
ရာဇဝင်ချုပ်စာစောင် နှင့် ဧဇရာမှတ်စာမှာ တစ်ခုနှင့်
တစ်ခုဆက်ပြီး နေဟမိမှတ်စာနှင့်လည်း ဆက်နွယ်မှုရှိပါ
သည်။ ရာဇဝင်ချုပ်မှာ ၅၃၉ ဘီစီတွင်အဆုံးသတ်ပြီးနှောက်
ဧဇရာမှတ်စာ စတင်ခြင်းသဘောဖြစ်သည်။ ထိုကာလတွင်
ပေရသိဘုရင် ကုရုမင်းသည် ဗာဗုလုန်ပြည်ကို အောင်နိုင်ခဲ့
ပြီး ဗာဗုလုန်တို့ရဲ့ ဖမ်းဆီးချုပ်နှောင်ခံသူများကို မိမိတို့၏
သက်ဆိုရာ ပြည်အသေးသေးကိုပြန်သွားခွင့်ပေးခဲ့သည်။
အချုပ်ခံ ဂျိုးလူမျိုးတို့ကိုလည်း မိမိတို့ပြည်သို့ ပြန်သွားခွင့်
ပေးပြီး မြို့တော်နှင့် ဗိမာန်တော်ကိုပြန်လည်တည်ဆောက်
ရန် ခွင့်ပြုခဲ့သည်( ၆ရာ ၃၆:၂၂-၂၃။ ဧဇ ၁:၁-၄)။
၂။ ကျမ်းရေးသူ

ဧဇရာသည် သူ၏အမည်ပေါက်ကျမ်းရေးသူဟု မှတ်ယူ
ကြသော်လည်း ထိုကျမ်းအစပိုင်းတွင်ဖော်ပြခဲ့သောအရာတို့
သည် သူမဖွားမြင်သေးမီအချိန်က အဖြစ်အပျက်ဖြစ်သည်။
ထိုဖြစ်ပျက်ခဲသောအကြောင်းအရာများ မှတ်တမ်းပြုစုသည့်
ရှေးဟောင်းစာချုပ်စာတမ်းများနှင့် သမိုင်းမှတ်တမ်းများကို
လည်း ရှာဖွေဖတ်ရှုစုစောင်းရသည်( ဧဇ ၄:၇-၈၊ ၅:၆-၇၊
၆:၁-၂ )။ ထိုရေသားထားသည့်စာမူများမှာ ထိုအချိန်က
တရားဝင်ဘာသာစာကားဖြစ်သည့် အာရမိ( Aramaic)
ဘာသာဖြင့် ရေးသားထားသည် ( ဧဇရ ၄:၈-၆:၁၈၊
၇:၁၂-၂၆ )။ သူကိုယ်တိုင်အနေဖြင့် ကဏ္ဍရှည်တစ်ခုကို
ဧဇရရေးသားခဲ့သည် ( ၇:၂၇-၉:၁၅ )။
ဧဇရာသည် ငယ်ရွယ်သောအချိန်မှ ဘုရားတရားကိုင်း
ရိုင်းသူဖြစ်၍ ပညတ်ကျမ်းများလေ့လာသင်ယူကာ စာပေ
တတ်ကျွမ်းမှုနှင့် ထိုးထွင်းသိမြင်သော ဉာဏ်ရှိသူဖြစ်သည်။
သူကြီးပြင်လာရာတွင် ယဇ်ပုရောဟတ်အရာနှင့်ကျမ်းတတ်
ဆရာဖြစ်စေခြင်းငှာ သင်ကြားမှုများခံယူသူလည်းဖြစ်သည်
( ဧဇရ ၇:၆၊၁၀-၁၁။ နေဟမိ ၈:၁-၂၊၈-၉ )။
၃။ ဧဇရာမှတ်စာတွင်ပါဝင်သော အကြောင်းရာများ
ပေရသိရှင်ဘုရင် ကုရုမင်း၏ အမိန့်ကြော်ငြာထွက်ပေါ်
ပြီး ထောင်ပေါင်းများစွာသော ဂျိုးလူတို့သည်လည်း မိမိတို့
ပြည် ယေရုရှလင်မြို့သို့ ပြန်လာခဲ့ရသည်။သို့သော်လည်း
အချို့မှာ ဗာဗုလုန်တွင် ဆက်လက်နေခဲ့ကြရန် ရွေးချယ်ခဲ့
ကြသည်( ၁:၁-၁၀)။ အချို့မှာလည်း ပေရသိပြည်သို့သွား
ရောက်နေထိုင်ရန် ရွေးချယ်ကြသူလည်းရှိသည်။ပြန်လာကြ
သူများအား မျိုးနွယ်စုအလိုက် စုစည်းထားကြပြီး လူငါး
သောင်းခန့်ရှိကြသည်( ၂:၁-၇၀)။ ၎င်းတို့သည် ဘုရင်ခံ
ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောရှုတို့၏ ဦးဆောင်မှုဖြင့် ဗိမာန်တော်ကိုပြန်လည်တည်ဆောက်ခြင်း
လုပ်ငန်းကို လျင်မြန်စွာစတင်ခဲ့ကြသည် ( ၃:၁-၁၃ )။
သို့သော်လည်း မြို့ခံလူတို့၏ ဆန့်ကျင်မှုကြောင့် ထိုတည်
ဆောက်မှုလုပ်ငန်းကိုရပ်ထားရပြီး ပေရသိဘုရင် ဒါရိမင်း၏
နန်းစံဒုတိယနှစ် ၅၂၈ ဘီစီတိုင်ရပ်နားခဲ့ရသည်( ဧဇ၄:၂၄။
ထိုနှစ်တွင် ပရောဖက်များဖြစ်သည့် ဟဂ္ဂဲနှင့် ဇာခရိတို့က
စတင်တရားဟောကြခြင်းကြောင့် လူတို့အားစတင်လှုပ်ရှား
ရန် ပြန်လည် လံှူ့ဆော်ခဲ့ရာ ( ဧဇရ ၅:၁-၂။ ဟဂ္ဂဲ ၂:၁၈ )
ဆန့်ကျင်မှုများရှိသည့်ကြားကပင် < ၅၁၆ > ဘီစီ တွင် ဗိမာန်တော်ပြန်လည် တည်ဆောက်ခြင်း လေးနှစ်ခွဲအတွင်း
အပြီးတည်ဆောက်နိုင်ခဲ့သည်( ဧဇရ ၅:၁-၆:၂၂)။
ဧဇရာဦးဆောင်ခြင်းအားဖြင့် ပြည်နှင်ဒဏ်ခံရသူများ
နောက်တစ်သုတ်ကို ယေရုရှလင်မြို့သို့ * ၄၅၈ * ဘီစီတွင်
ပြန်လည်ခေါ်ဆောင်ခဲ့သည်။ ဘုရားသခင်၏ ပညတ်တော်
အတိုင်း ဂျူးတို့၏ အသိုင်းအဝိုင်းအတွင်း ကမောက်ကမဖြစ်
နေခြင်းအား စည်စနှစ်တကျ ပြန်လည်ပြုပြင်ဆောင်ရွက်ခဲ့
သည်( ဧဇရ ၇:၁-၂၈ )။ ဘုရားသခင်အပေါ် ယုံကြည်အား
ကြီးသောကြောင့် သူနှငိ့ သူ့အဖွဲ့သားများသည် ပေရသိမှ
ဘေးမဲ့စွာဖြင့် ယေရုရှလင်မြို့သို့ ပြန်ရောက်သွားကြသည်
( ၈:၁-၃၆)။ အခြားဘုရားများအား ကိုးကွယ်သည့်သူတို့နှင့်
ဂျူးအတော်များများအိမ်ထောင်ကျသည့်အတွက် ဧဇရစိတ်
မကောင်းဖြစ်ခဲ့ရသည်။ထိုသူတို့၏ အပြစ်အတွက် ကိုယ်စား
ပြု ဝန်ချတောင်းပန်မှု ဘုရားသခင်ထံပြုပေးခဲ့သည် ( ၉:၁-
၁၅ )။ လူတို့ နှောင်တရကြပြီးနောက် အပြစ်ကျူးလွန်သူ
တို့အားစရင်ပြုစုကာ ၎င်းတို့၏ ရုပ်တုဆင်းတု ကိုးကွယ်ကြ
သည့် မယားများအား ဖယ်ရှားစေသည်(၁၀:၁-၄၄)။
၅။ ဧဇရာ၏ နှောက်ပိုင်းလုပ်ဆောင်ချက်များ
ဧဇရ၏ ပြုပြင်ရေးများသည် တစ်စိတ်တစ်ပိုင်သာရှိနေ
သေးပြီး ယေရုရှလင်မြို့သို့ နေဟမိရောက်လာသောအခါ
သာ၍ ပြုပြင်ပြောင်းလဲမှုများစွာ လုပ်ဆောင်နိုင်ကြသည်။
ဧဇရသည် ယေရုရှလင်မြို့သို့ ရောက်ရှိပြီး ဆယ်သုံးနှစ်ပြီး
မှ နေဟမိသည် ဘုရင်ခံအဖြစ် ယေရုရှလင်မြို့သို့ ရောက်ရှိ
လာခြင်းဖြစ်သည်( ဧဇရ ၇:၇။ နေဟ ၂:၁ )။ နေဟမိ၏
ထက်မြတ်သော ဦးဆောင်နိုင်ခြင်းကြောင့် ယေရုရှလင်မြို့ ရိုးကိုလည်း ပြန်တည်ဆောက်နိုင်ခဲ့ပြီး( နေ ၆:၁၅ )၊
ထို့နောက် ဧဇရက လူတို့အား ပညတ်တော်များကို ဖတ်ပြ
ပြီး အဓိပ္ပါယ်ရှင်းပြခဲ့သည် ( နေ ၈:၁-၂၊၈-၉)။ ဧဇရသည်
ဆုတောင်း ပတ္ထနာပြုရာတွင် မှတ်သားဖွယ်ကောင်းသော
သူတစ်ယောက်ဖြစ်သည်( ဧဇရ ၇:၂၇-၂၈၊ ၈:၂၁၊ ၉:၁-၁၅၊
၁၀:၁၆ )။ လူတို့သည် မိမိတို့၏ အပြစ်များကို ဝန်ချတောင်း
ပန်၍ ဘုရားသခင်၏ ကရုဏာတော်ကို တောင်းခံရန် ဧဇရ
ဦးဆောင်ခဲ့သည် ( နေ ၉:၆-၃၇ )။
ယေရုရှလင်မြို့ရိုး ပြန်လည်တည်ဆောက်ပြီး အနုမောဒ
နာပွဲပြုလုပ်ရာတွင်လည်း ဧဇရက ဦးဆောင်ပိုင်းတွင်ပါဝင်
လုပ်ဆောင်သည်။အကြီးအကဲများနှင့် ဘာသာရေးခေါင်
ဆောင်များစုစည်းလျှက် အုပ်စုနှစ်ခုခွဲကာ နေဟမိနှင့် ဧဇရ
တို့က တစ်ဖွဲ့စီ ဦးဆောင်ခဲ့သည်။ ထိုအုပ်စညတစ်စုစီသည်
ယေရုရှလင်မြို့၏ ဆန့်ကျင်ဘက် ၊ တစ်ဖက်တစ်ချက်ဆီသို့
ချီးတက်သွားရာ မြို့တော်၏တစ်ဖက်တွင်ရှိ ဗိမာန်တော်၌
ဆုံတွေ့ကြပြီး ထိုနေရာ၌ ဘုရားသခင်၏ဂုဏ်တော် အတူ
စုပေါင်းချီးမွမ်းကြသည် ( နေဟ ၁၂:၃၁-၄၀)။
၆။ နိဂုံး
ဧဇရ၏အကြောင်းမှာ ဧဇရမှတ်စာနှင့် နေဟမိမှတ်စာ၌
ဆက်စပ်ထားခြင်းရှိနေခြင်းဖြစ်ပြီး သမ္မာကျမ်းစာတွင် သူ၏
အမှုတောဆောင်ခြင်းအပေါ် သင့်လျှော်သော အပြီးသတ်မှု
မှတ်တမ်းပြုထားခြင်းဖြစ်သည်။
ဖတ်ရှုသူအားလုံး ဘုရားသခင်ကောင်းကြီးပေးပါစေ၊အာမင်း
သမ္မာကျမ်းစာ၏ အမွေအနှစ်များ


🎷 ဧဇရာမွတ္စာ = Book of Ezra
Reshare #9Dan Unicode & Zawgyi
************
၁။ နိဒါန္း
ရာဇဝင္ခ်ဳပ္စာေစာင္ ႏွင့္ ဧဇရာမွတ္စာမွာ တစ္ခုႏွင့္
တစ္ခုဆက္ၿပီး ေနဟမိမွတ္စာႏွင့္လည္း ဆက္ႏြယ္မႈရွိပါ
သည္။ ရာဇဝင္ခ်ဳပ္မွာ ၅၃၉ ဘီစီတြင္အဆံုးသတ္ၿပီးေႏွာက္
ဧဇရာမွတ္စာ စတင္ျခင္းသေဘာျဖစ္သည္။ ထိုကာလတြင္
ေပရသိဘုရင္ ကုရုမင္းသည္ ဗာဗုလုန္ျပည္ကို ေအာင္ႏိုင္ခဲ့
ၿပီး ဗာဗုလုန္တို႔ရဲ႕ ဖမ္းဆီးခ်ဳပ္ေႏွာင္ခံသူမ်ားကို မိမိတို႔၏
သက္ဆိုရာ ျပည္အေသးေသးကိုျပန္သြားခြင့္ေပးခဲ့သည္။
အခ်ဳပ္ခံ ဂ်ိဳးလူမ်ိဳးတို႔ကိုလည္း မိမိတို႔ျပည္သို႔ ျပန္သြားခြင့္
ေပးၿပီး ၿမိဳ႕ေတာ္ႏွင့္ ဗိမာန္ေတာ္ကိုျပန္လည္တည္ေဆာက္
ရန္ ခြင့္ျပဳခဲ့သည္( ၆ရာ ၃၆:၂၂-၂၃။ ဧဇ ၁:၁-၄)။
၂။ က်မ္းေရးသူ
ဧဇရာသည္ သူ၏အမည္ေပါက္က်မ္းေရးသူဟု မွတ္ယူ
ၾကေသာ္လည္း ထိုက်မ္းအစပိုင္းတြင္ေဖာ္ျပခဲ့ေသာအရာတို႔
သည္ သူမဖြားျမင္ေသးမီအခ်ိန္က အျဖစ္အပ်က္ျဖစ္သည္။
ထိုျဖစ္ပ်က္ခဲေသာအေၾကာင္းအရာမ်ား မွတ္တမ္းျပဳစုသည့္
ေရွးေဟာင္းစာခ်ဳပ္စာတမ္းမ်ားႏွင့္ သမိုင္းမွတ္တမ္းမ်ားကို
လည္း ရွာေဖြဖတ္ရႈစုေစာင္းရသည္( ဧဇ ၄:၇-၈၊ ၅:၆-၇၊
၆:၁-၂ )။ ထိုေရသားထားသည့္စာမူမ်ားမွာ ထိုအခ်ိန္က
တရားဝင္ဘာသာစာကားျဖစ္သည့္ အာရမိ( Aramaic)
ဘာသာျဖင့္ ေရးသားထားသည္ ( ဧဇရ ၄:၈-၆:၁၈၊
၇:၁၂-၂၆ )။ သူကိုယ္တိုင္အေနျဖင့္ က႑ရွည္တစ္ခုကို
ဧဇရေရးသားခဲ့သည္ ( ၇:၂၇-၉:၁၅ )။
ဧဇရာသည္ ငယ္ရြယ္ေသာအခ်ိန္မွ ဘုရားတရားကိုင္း
ရိုင္းသူျဖစ္၍ ပညတ္က်မ္းမ်ားေလ့လာသင္ယူကာ စာေပ
တတ္ကၽြမ္းမႈႏွင့္ ထိုးထြင္းသိျမင္ေသာ ဥာဏ္ရွိသူျဖစ္သည္။
သူႀကီးျပင္လာရာတြင္ ယဇ္ပုေရာဟတ္အရာႏွင့္က်မ္းတတ္
ဆရာျဖစ္ေစျခင္းငွာ သင္ၾကားမႈမ်ားခံယူသူလည္းျဖစ္သည္
( ဧဇရ ၇:၆၊၁၀-၁၁။ ေနဟမိ ၈:၁-၂၊၈-၉ )။
၃။ ဧဇရာမွတ္စာတြင္ပါဝင္ေသာ အေၾကာင္းရာမ်ား
ေပရသိရွင္ဘုရင္ ကုရုမင္း၏ အမိန္႔ေၾကာ္ျငာထြက္ေပၚ
ၿပီး ေထာင္ေပါင္းမ်ားစြာေသာ ဂ်ိဳးလူတို႔သည္လည္း မိမိတို႔
ျပည္ ေယရုရွလင္ၿမိဳ႕သို႔ ျပန္လာခဲ့ရသည္။သို႔ေသာ္လည္း
အခ်ိဳ႕မွာ ဗာဗုလုန္တြင္ ဆက္လက္ေနခဲ့ၾကရန္ ေရြးခ်ယ္ခဲ့
ၾကသည္( ၁:၁-၁၀)။ အခ်ိဳ႕မွာလည္း ေပရသိျပည္သို႔သြား
ေရာက္ေနထိုင္ရန္ ေရြးခ်ယ္ၾကသူလည္းရွိသည္။ျပန္လာၾက
သူမ်ားအား မ်ိဳးႏြယ္စုအလိုက္ စုစည္းထားၾကၿပီး လူငါး
ေသာင္းခန္႔ရွိၾကသည္( ၂:၁-၇၀)။ ၎တို႔သည္ ဘုရင္ခံ
ေဇရုဗေဗလႏွင့္ ယဇ္ပုေရာဟိတ္မင္း ေယာရႈတို႔၏ ဦးေဆာင္မႈျဖင့္ ဗိမာန္ေတာ္ကိုျပန္လည္တည္ေဆာက္ျခင္း
လုပ္ငန္းကို လ်င္ျမန္စြာစတင္ခဲ့ၾကသည္ ( ၃:၁-၁၃ )။
သို႔ေသာ္လည္း ၿမိဳ႕ခံလူတို႔၏ ဆန္႔က်င္မႈေၾကာင့္ ထိုတည္
ေဆာက္မႈလုပ္ငန္းကိုရပ္ထားရၿပီး ေပရသိဘုရင္ ဒါရိမင္း၏
နန္းစံဒုတိယႏွစ္ ၅၂၈ ဘီစီတိုင္ရပ္နားခဲ့ရသည္( ဧဇ၄:၂၄။
ထိုႏွစ္တြင္ ပေရာဖက္မ်ားျဖစ္သည့္ ဟဂၢဲႏွင့္ ဇာခရိတို႔က
စတင္တရားေဟာၾကျခင္းေၾကာင့္ လူတို႔အားစတင္လႈပ္ရွား
ရန္ ျပန္လည္ လံႉ့ေဆာ္ခဲ့ရာ ( ဧဇရ ၅:၁-၂။ ဟဂၢဲ ၂:၁၈ )
ဆန္႔က်င္မႈမ်ားရွိသည့္ၾကားကပင္ < ၅၁၆ > ဘီစီ တြင္ ဗိမာန္ေတာ္ျပန္လည္ တည္ေဆာက္ျခင္း ေလးႏွစ္ခြဲအတြင္း
အၿပီးတည္ေဆာက္ႏိုင္ခဲ့သည္( ဧဇရ ၅:၁-၆:၂၂)။
ဧဇရာဦးေဆာင္ျခင္းအားျဖင့္ ျပည္ႏွင္ဒဏ္ခံရသူမ်ား
ေနာက္တစ္သုတ္ကို ေယရုရွလင္ၿမိဳ႕သို႔ * ၄၅၈ * ဘီစီတြင္
ျပန္လည္ေခၚေဆာင္ခဲ့သည္။ ဘုရားသခင္၏ ပညတ္ေတာ္
အတိုင္း ဂ်ဴးတို႔၏ အသိုင္းအဝိုင္းအတြင္း ကေမာက္ကမျဖစ္
ေနျခင္းအား စည္စႏွစ္တက် ျပန္လည္ျပဳျပင္ေဆာင္ရြက္ခဲ့
သည္( ဧဇရ ၇:၁-၂၈ )။ ဘုရားသခင္အေပၚ ယံုၾကည္အား
ႀကီးေသာေၾကာင့္ သူႏွငိ့ သူ႔အဖြဲ႕သားမ်ားသည္ ေပရသိမွ
ေဘးမဲ့စြာျဖင့္ ေယရုရွလင္ၿမိဳ႕သို႔ ျပန္ေရာက္သြားၾကသည္
( ၈:၁-၃၆)။ အျခားဘုရားမ်ားအား ကိုးကြယ္သည့္သူတို႔ႏွင့္
ဂ်ဴးအေတာ္မ်ားမ်ားအိမ္ေထာင္က်သည့္အတြက္ ဧဇရစိတ္
မေကာင္းျဖစ္ခဲ့ရသည္။ထိုသူတို႔၏ အျပစ္အတြက္ ကိုယ္စား
ျပဳ ဝန္ခ်ေတာင္းပန္မႈ ဘုရားသခင္ထံျပဳေပးခဲ့သည္ ( ၉:၁-
၁၅ )။ လူတို႔ ေႏွာင္တရၾကၿပီးေနာက္ အျပစ္က်ဴးလြန္သူ
တို႔အားစရင္ျပဳစုကာ ၎တို႔၏ ရုပ္တုဆင္းတု ကိုးကြယ္ၾက
သည့္ မယားမ်ားအား ဖယ္ရွားေစသည္(၁၀:၁-၄၄)။
၅။ ဧဇရာ၏ ေႏွာက္ပိုင္းလုပ္ေဆာင္ခ်က္မ်ား
ဧဇရ၏ ျပဳျပင္ေရးမ်ားသည္ တစ္စိတ္တစ္ပိုင္သာရွိေန
ေသးၿပီး ေယရုရွလင္ၿမိဳ႕သို႔ ေနဟမိေရာက္လာေသာအခါ
သာ၍ ျပဳျပင္ေျပာင္းလဲမႈမ်ားစြာ လုပ္ေဆာင္ႏိုင္ၾကသည္။
ဧဇရသည္ ေယရုရွလင္ၿမိဳ႕သို႔ ေရာက္ရွိၿပီး ဆယ္သံုးႏွစ္ၿပီး
မွ ေနဟမိသည္ ဘုရင္ခံအျဖစ္ ေယရုရွလင္ၿမိဳ႕သို႔ ေရာက္ရွိ
လာျခင္းျဖစ္သည္( ဧဇရ ၇:၇။ ေနဟ ၂:၁ )။ ေနဟမိ၏
ထက္ျမတ္ေသာ ဦးေဆာင္ႏိုင္ျခင္းေၾကာင့္ ေယရုရွလင္ၿမိဳ႕ ရိုးကိုလည္း ျပန္တည္ေဆာက္ႏိုင္ခဲ့ၿပီး( ေန ၆:၁၅ )၊
ထို႔ေနာက္ ဧဇရက လူတို႔အား ပညတ္ေတာ္မ်ားကို ဖတ္ျပ
ၿပီး အဓိပၸါယ္ရွင္းျပခဲ့သည္ ( ေန ၈:၁-၂၊၈-၉)။ ဧဇရသည္
ဆုေတာင္း ပတၳနာျပဳရာတြင္ မွတ္သားဖြယ္ေကာင္းေသာ
သူတစ္ေယာက္ျဖစ္သည္( ဧဇရ ၇:၂၇-၂၈၊ ၈:၂၁၊ ၉:၁-၁၅၊
၁၀:၁၆ )။ လူတို႔သည္ မိမိတို႔၏ အျပစ္မ်ားကို ဝန္ခ်ေတာင္း
ပန္၍ ဘုရားသခင္၏ ကရုဏာေတာ္ကို ေတာင္းခံရန္ ဧဇရ
ဦးေဆာင္ခဲ့သည္ ( ေန ၉:၆-၃၇ )။
ေယရုရွလင္ၿမိဳ႕ရိုး ျပန္လည္တည္ေဆာက္ၿပီး အႏုေမာဒ
နာပြဲျပဳလုပ္ရာတြင္လည္း ဧဇရက ဦးေဆာင္ပိုင္းတြင္ပါဝင္
လုပ္ေဆာင္သည္။အႀကီးအကဲမ်ားႏွင့္ ဘာသာေရးေခါင္
ေဆာင္မ်ားစုစည္းလၽွက္ အုပ္စုႏွစ္ခုခြဲကာ ေနဟမိႏွင့္ ဧဇရ
တို႔က တစ္ဖြဲ႕စီ ဦးေဆာင္ခဲ့သည္။ ထိုအုပ္စညတစ္စုစီသည္
ေယရုရွလင္ၿမိဳ႕၏ ဆန္႔က်င္ဘက္ ၊ တစ္ဖက္တစ္ခ်က္ဆီသို႔
ခ်ီးတက္သြားရာ ၿမိဳ႕ေတာ္၏တစ္ဖက္တြင္ရွိ ဗိမာန္ေတာ္၌
ဆံုေတြ႕ၾကၿပီး ထိုေနရာ၌ ဘုရားသခင္၏ဂုဏ္ေတာ္ အတူ
စုေပါင္းခ်ီးမြမ္းၾကသည္ ( ေနဟ ၁၂:၃၁-၄၀)။
၆။ နိဂံုး
ဧဇရ၏အေၾကာင္းမွာ ဧဇရမွတ္စာႏွင့္ ေနဟမိမွတ္စာ၌
ဆက္စပ္ထားျခင္းရွိေနျခင္းျဖစ္ၿပီး သမၼာက်မ္းစာတြင္ သူ၏
အမႈေတာေဆာင္ျခင္းအေပၚ သင့္ေလၽွာ္ေသာ အၿပီးသတ္မႈ
မွတ္တမ္းျပဳထားျခင္းျဖစ္သည္။
ဖတ္ရႈသူအားလံုး ဘုရားသခင္ေကာင္းႀကီးေပးပါေစ၊အာမင္း
သမၼာက်မ္းစာ၏ အေမြအႏွစ္မ်ား

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...