ဥပုသ် - Sabbath
Reshare #9Dan Unicode & Zawgyi
၁။ နိဒါန်း
ဥပုသ်ဟူသော စကားလုံးသည် ဟေဗြဲဘာသာစကားမှဖြစ်ပြီး “ ချုပ်ငြိမ်း၊ ရပ်ဆဲခြင်း “ ဟု အဓိပ္ပါယ်ရသည်။ ကမ္ဘာဦးကျမ်း၌ ဘုရားသခင်သည် ဖန်ဆင်းခြင်းအမှုကို ခြောက်ရက်မျှပြုပြီးနောက် ခုနှစ်ရက်မြောက်သောနေ့ တွင် နားတော်မူခဲ့သည်(ကဘ ၂း၁-၃)။ ရှေးအချိန်ကာလကပင် ယေဘုယအားဖြင့် ရက်သတ္တတစ်ပတ်တွင် ခုနှစ်ရက်ရှိသည်ဟု လူတို့အသိအမှတ်ပြုခဲ့ကြဟန်ဖြစ်သည်(ကဘ ၈း၁၀၊၁၂၊ ၂၉း၂၇)။ အထူးသခြင့် ခုနှစ်ရက် တွင် တစ်ရက် ဘုရားသခင်၏လူတို့ အနားယးကြသည်။ ရည်ရွယ်ချက် နှစ်ခုရှိသည်မှာ ပထမအနေဖြင့် နေ့တစ် နေ့ကို မိမိတိုပအတွက်မဟုတ်ဘဲ ဘုရားသခင်အတွက် အချိန်သီးသန့်ပေးရန်နှင့် ဒုတိယအချက်မှာ နေ့စဉ်အ လုပ်လုပ်ခြင်းမှ တစ်ရက်နားခြင်းဖြင့် ခွန်အားသစ်ပြန်လည်ရရှိရန်ဖြစ်သည်(ထွက် ၁၆း၂၂-၃၀)။ ထိုသို့ လူသား တို့အား ဘုရားသခင်က မိန့်တော်မူခြင်းမှာ လူသားတို့သည် ဧဒင်ဥယျဉ်မှထွက်ခွာသွားသည့်အခါ မိမိတို့ ရှင်သန်းရေး စားဝတ်နေရေးအတွက် ကိုယ်တိုင်အားအင်စိုက်ထုတ် လုပ်ဆောင်ခြင်းဖြင့် အသက်မွေးရမည့် အဖြစ်ကြောင့်ပေသည်။
၂။ က္ကသရေလပြည်အတွက် ဘုရားသခင် ခန့်အပ်ခြင်း
က္ကသရေလလူတို့ကို မိမိလူမျိုးတော်အဖြစ် ဘုရားသခင်က သတ်မှတ်ပြီး ပညတ်တော်များချပေးခဲ့ရာ ထိုပညတ်တော်များအနှက် တစ်ခုမှာ ခုနှစ်ရက်မြောက်သောနေ့တိုင်း အလုပ်မှနားကြရန်ဖြစ်သည်။ ထိုနေ့ကို ဘုရားသခင်အတွက် အထူးဖယ်ထားကြရပြီး အမှန်စင်စစ် လူတို့ကို ပဋိညာဉ်အားဖြင့် ဘုရားသခင်၌ ချုပ်နှောင်ထားကြောင်းပြသည့် လက္ခဏာဖြစ်သည်။ ထိုနေ့၌အလုပ်လုပ်သောသူသည် အသေသတ်ခြင်းခံရဖို့ ပညတ်တော်မူခဲ့သည်(ထွက် ၂၀း၈-၁၀၊ ၃၁-၁၃-၁၇)။ ဥပုသ်နေ့တွင်ဆောင်ရွက်ရသော အမှုကိစ္စများမှာ ယဇ်ပူဇော်ခြင်းနှင့် တဲတော်အတွင်း “ ရှေ့တော်မုန့် “ ကို အသစ်လှယ်ခြင်းပြုစေသည်(ဝတ် ၂၄း၅-၉၊ တော ၂၈း၉-၁၀)။
ခိုင်းနွားများနှင့် မြည်းများကိုလည်း ခုနှစ်ရက်တွင်တစ်ရက် အနားပေးရသည်( တရား ၅း၁၄၊ နေ ၁၃း၁၅-၂၁)။ လယ်ယာမြေကိုလည်း ခုနှစ်နှစ်လျှင် တစ်နှစ်အနားပေးစေသည်( ဝတ် ၂၅း၃-၄)။ လူတတိုပအလုပ်မလုပ် ရသည့်နေ့ကိုလည်း ဥပုသ်နေ့ဟုပင်ခေါ်သည်။ ထိုနေ့ရက်သည် သာမန်အပတ်စဉ် ဥပုသ်နေ့နှင့်တိုက်ဆိုင်ချင်မှ တိုက်ဆိုင်နိုင်မည်( ဝတ် ၁၆း၂၉-၃၁၊၂၃း၃၁-၃၂။ ယော ၁၉း၃၁)။
၃။ လူတို့ လွှဲမှားစွာ အသုံးပြုခြင်း
က္ကသရေလလူတို့ ဥပုသ်စောင့်ခြင်းကို လွှဲမှားစွာအသုံးပြုခဲ့ခြင်းကြောင့် ဘုရားသခင်၏နှစ်သက်မှုဆုံးရှံးသည်။ က္ကသရေလလူတို့၏ ဥပုသ်စောင့်သည့် နည်းစနှစ်များ ဘုရားသခင် မနှစ်သက်ရခြင်းမှာ လူအများ၏ မှားယွင်း သောစိတ်နေစိတ်ထားကြောင့်ဖြစ်သည်။ အချို့တို့သည် ၎င်းတို့ငွေရှာသည့်အမှု၌ ရိုးသာဖြောင့်မတ်ခြင်းမရှိသော ကြောင့်ဖြစ်ပြီး(အာ ၈း၅)၊ အခြားသူများမှာ ဘုရားသခင်အတွက် မစဉ်းစာဘဲ မိမိတို့ပျော်ရွှင်မှုအတွက်သာ ထိုနေ့ကို အသုံးပြုကြသည်( ဟေ ၅၈း၁၃-၁၄၊ ယေ ၁ရး၂၁-၂၃)။ လူတို့သည် ဘုရားသခင်၏ စီရင်ထုံးဖွဲ့ချက်တို့ ကိုမစောင့်ရှောက်၊ မထီမဲ့မြင်ပြု၍ တိုင်းပြည်ပျက်စီးခြင်းကို ရင်ဆိုင်ကြရသည်( ယေဇ ၂၀း၂၃-၂၄၊ ၂၃း၃၈)။ ဗာဗုလုန်ပြည်၌ ဖမ်းဆီးချုပ်နှောင်ခြင်းခံရာမှ ပြန်လာကြပြီးနောက် နေဟမိသည် ဥပုသ်နေ့၌ လူတို့အလုပ်လုပ် ခြင်းနှင့် ကူးသန်းရောင်းဝယ်မှုပြုခြင်းတို့ကို တားဆီးရန်အထူးပညတ်များ ချမှတ်ခဲ့သည်( နေ၁၃း၁၅-၂၂)။ နောက်ရာစုနှစ်အနည်းငယ်အတွင်း ပညတ်တရားသင်ကြားပြသသည့်သူများ( ကျမ်းပြုဆရာများ)သည် ဥပုသ်နေ့နှင့်ဆိုင်၍ မောရှေပညတ်များ၏ တောင်ဆိုချက်များအပြင် မရေမတွက်နိုင်သော စည်းမျဉ်းစနှစ်များကို ဖြည့်စွပ်ကြသည်( မာ ၂း၂၃-၂၄၊ လု ၁၄း၃-၄၊ယေ ၅း၁၀၊ တ ၁း၁)။ စာသင်ကျောျင်းများနှင့် ယုဒဇရပ်များမှတစ် ဆင့် ၎င်းတို့၏ စည်းမျဉ်စည်းကမ်းများကို ပြန့်နှံ့စေ၍ ကျမ်းပြုဆရာများသည် အတင်းအကြပ် အတည်ဖြစ်စေခဲ့ ကြသည်။ ဤသို့ပြုခြင်းဖြင့် ဘုရားသခင်၏နှုတ်ကပတ်တော်ကို သူတို့ဂရုမပြုခြင်းကြောင့် ယေရှုနှင့် ပဋိပက္ခဖြစ် ခဲ့ကြသည်(လု ၁၃း၁၀-၁၇)။
၄။ ခေတ်ကာလသစ်
ဘုရားသခင်သည် လူတို့အား ဥပုသ်နေ့တွင် မည်သည့်အရာကို လုပ်ဆောင်ရမည်၊ မလုပ်ဆောင်ရဟူသော အချက်နှင့် ပတ်သက်၍ လမ်းညွန်မှုပေးရန် စည်မျည်းများ ချမှတ်တော်မူခဲ့သော်လည်း ဥပုသ်နေ့တွင် ကောင်းမှု လုပ်ဆောင်ခြင်းသည် အစဉ်သဖြင့် မှန်ကန်ကြောင်း ယေရှုညွန်ပြတော်မူခဲ့သည်(မ ၁၂း၉-၁၃)။ မိမိဖန်ဆင်း တော်မူခဲ့သော အရာများ စောင့်ထိန်းကြည့်ရှုရန် ဘုရားသခင်၏ နေ့စဉ်လုပ်ဆောင်ချက်များက ဥပုသ်ကို မပျက်စေသကဲ့သို့ ဥပုသ်နေ့များ၌ ဖျားနာသူများအား ယေရှုကူသပေးတော်မူခြင်းသည်လည်း ဥပုသ်ကို မပျက်စေခဲ့ပေ(ယော ၅း၁၆-၁၈)။
ဘာသာရေးအခမ်းအနာထက် အသက်တာပို၍ မှန်ကန်ရန် အရေးကြီးသည်။ ဘုရားသခင်သည် လူတို့ကို ဥပုသ်နေ့ပေးခြင်းမှာ လူတို့အကျိုးအတွက်ဖြစ်ပြီး စိတ်ဒုက္ခရောက်စေရန်မဟုတ်ပေ။ ဥပုသ်နေ့သည် လူ၏ဝန်ပိုးတိုးလာစေရန်မဟုတ်ဘဲ လျှော့နည်းသွားစေရန်ြဖ်စသည်(မ ၁၂း၁-၈၊ ၂၃း၄)။
ယေရှုသည် သပုသ်နေ့၏ အရှင်ဖြစ်တော်မူသောကြောင့် ထိုနေ့ကို မည်ကဲ့သို့ အကောင်းဆုံးအသုံးချမည်ကို သိတော်မူခဲ့သည်။ ဘုရားသခင်၏ ပညတ်တော်ကို စောင့်ထိန်းလျှက်ရှိစဉ်ပင်(မ ၅း၁၇၊လု ၄း၁၆) ကျမ်းပြုဆရာများနှင့် ဖာရိရှဲတို့၏ ထုံးထမ်းစဉ်လာများကို ယေရှု ဆန့်ကျင်တော်မူခဲ့သသည်(မာ ရး၆-၉)။ တစ်ချိန်တည်းတွင် က္ကသရေလလူတို့ကို မောရှေချပေးသော ဥပဒေသည် မိမိ၏ရည်ရွယ်ချက်ပြည့်စုံစေခဲ့ပြီးဖြစ် ၍ ကွယ်ပျောက်တော့မည်ကို ယေရှုသိတော်မူခဲ့သည်။ ခေတ်သစ်ပေါ်ထွန်းတော့မည်(မ ၉း၁၆-၁၇)။ ယေရှု သေခြင်းနှင့် ထမြောက်တော်မူခြင်းသည် လူတို့အပေါ် ဘုရားသခင်ချုပ်နောင်ထားသော ဥပဒေတို့ဆုံးခန်းတိုင် ခြင်း၏ အမှတ်အသားဖြစ်သည်(ရော ရး၆၊၈း၁-၃၊ ၁၀း၄၊ ကော ၂း၁၄)။
ပညတ်တရား၏ ချုပ်နောင်မှုမှ က္ကသရေလတို့လွတ်ကင်းကြသောကြောင့် ခရစ်ယာန်များသည် ထိုပညတ်တ ရား၏ ကျေးကျွန်များ မဖြစ်စေတော့ပေ။ ဤအချက်သည် ပညတ်တရား၏ တောင်းဆိုသည့်အရာအားလုံးနှင့် သက်ဆိုင်သည်။ ဥပုသ်နေ့နှင့် ပတ်သက်၍လည်းကောင်း အခြားကိစ္စများနှင့် ပတ်သက်၍လည်းကောင်း ဖြစ်သည်( ဂလာ ၄း၈-၁၀၊ ကော ၂း၁၆)။ အခြားတစ်ဖက်၌လည်း ခရစ်ယာန်များအနေဖြင့် သင်ခန်းစာသာယူနိုင် သည်။ ပညတ်တရားကို သီးခြားလူမျိုးတစ်မျိုးဖြစ်သော က္ကသရေလတို့အဖို့ သီးခြားအချိန်ကာလ(မောရှေအချိန် မှ ခရစ်တော်အချိန်တိုင်)အတွက် ချပေးခဲ့သော်လည်း ရက်သတ္တတစ်ပတ်တွင်တစ်ရက် အနားယူရမည့်အရာ သည် မောရှေအချိန်မတိုင်မီ အချိန်ကပင်တည်ရှိလာခဲ့ရာ ခရစ်တော်အချိန်အထိ ကျော်လွန်၍ ဆက်လက်တည် ရှိနေသည်။ ဘုရားသခင်အနားယူတော်မူခြင်းအလုပ်အား၊ လူကို ဖန်ဆင်းပြီး ပန်းတုံးတိုင်ရောက်သည့်အပေါ် ဘုရားသခင်နှစ်သက်ကျေနပ်ကြောင်း ပြသတော်မူခြင်းဖြစ်သည်(ကဘ ၂း၁-၃၊ ထွက် ၂၀း၁၁)။
ဘုရားသခင်သည် လူ စတင်တည်ရှိချိန်မှစ၍ မိမိတို့၏ ဖန်ဆင်းရှင်နှင့် လူတို့သက်ဝင်လှုပ်ရှားသည့် ဆက်နွယ်မှုရှီခြင်းဖြင့် စစ်မှန်သော အနားယူခြင်းကို လူတို့အား ရှာဖွေတွေ့ရှိစေလိုသည်။ ဘုရားသခင်၏ဆန္ဒမှာ ထိုဆက်နွယ်မှုအတွင်းမှာပင် ဖန်ဆင်းတော်မူသော ကမ္ဘာကြီးနှင့် ထိုကမ္ဘာကြီးအတွင်း လှုပ်ရှားလုပ်ကိုင်မှုအား လုံး၌ ပျှော်ရွင်ဝမ်းမြောက်မှုခံစားစေလိုသည်(ဒေ ၅း၁၈-၂၀၊၁၂း၁၊ ဟေဗြဲ ၄း၁-၄)။ ခုနှစရက်တွင် တစ်ရက်အ နားယူခြင်းသည် ၎င်းတို့အပေါ်အလုပ်က စိုးမိုးနေမှုများကြောင့် အလုပ်မှနားရန် အချိန်မရှိလျှင် ထိုအလုပ်သည် ဘုရားတစ်ဆးသဖွယ်ဖြစ်လာကြောင်း သတိပေးခြင်းဖြစ်သည်။ ငြိမ်သက်စွာ အာရုံပြုခြင်းသည် ဘုရားသခင်၏ အမှုတော်ကို ခံန်အားဖြင့် ဆောင်ရွက်ခြင်းနှင့် ဝတ်ပြုကိုးကွယ်ခြင်းကဲ့သို့ပင် အထူးလိုအပ်သည်( ဆာ ၄၆း၁၀)။
ယုဒတို့၏ ဥပုသ်နေ့ကို ရှေးဦးခရစ်ယာန်တိုပစောင့်ထိန်းခြင်း မပြုကြသော်လည်း ဘုရားသခင်နှင့်လည်း ကောင်း တစ်ဦးနှင့် တစ်ဦး မိတ်သဟာယဖွဲ့ရန်လည်းကောင်း တစ်ပတ်လျှင်တစ်ရက် သူတို့ဖယ်ထားကြသည်။ ၎င်းနေ့သည် ရက်သတ္တတစ်ပတ်၏ ပထမဦးဆုံးနေ့ဖြစ်ပြီး အရှင်သခင်နေ့ဟုခေါ်ဆိုခဲ့ကြသည်။ အဘယ်ကြောင့် ဆိုသော် ထိုနေ့တွင် ယေရှုရှင်ပြန်ထမြောက်တော်မူသောကြောင့်ဖြစ်သည်(ယော ၂၀း၁၉၊တ ၂၀း၇၊ ၁ကော ၁၆း၂၊ဗျာ ၁း၁၀)။ စနေနေ့ကို တနင်္ဂနွေနေ့က အစားမထိုးသကဲ့သို့ ခရစ်ယာန်ဥပုသ်နေ့လည်း ယုဒဥပုသ်နေ့ကို အစားထိုးခြင်း မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ အစဦးကပင် လူတို့ထံမှ လိုလားသည့် ဘုရားသခင်အား ဝတ်ပြုရန် အလုပ်မှရပ်နားခြင်း၏ လက်တွေ့ကျသော တန်ဖိုးများဖော်ပြရန် ဘုရားသခင်အခွင့်အရေးပေးခဲ့သည်။
ရှေးဦးအသင်းတော်များအတွင်း အချို့နေ့များကို ဥပဒေကြောင်းအရ ဘုရားသခင်နှင့် သက်ဆိုင်သည့် နေ့များဟု အချို့သူများက အသိအမှတ်ပြုစေလိုကြသည်။ ထိုသို့အသိအမှတ်ပြုခြင်းအပေါ် အချို့က ငြင်းဆိုခဲ့ ကြသည်။ အဘယ်ကြောင့်ဆိုသော် ပညတ်တရားအားဖြင့် အသင်းတော်လည်ပတ်နေခြင်းမဟုတ်၊ အခြားတစ်ဦး ၏ ထင်မြင်ယူဆချက်အပေါ် လူတစ်ဦးချင်းက သည်းခံကြရန်နှင့် နေ့တစ်နေ့ချင်းအား ဘုရားသခင် အသိမှတ်ပြု ခြင်းအနေအထားမျိုးဖြင့် ခရစ်ယာန်တို့သဘောထားခံယူကြရန် ရှင်ပေါလု သွန်သင်ခဲ့သည်( ရောမ ၁၄း၅-၆)။
၅။ ဥပုသ်ကျရောက်ရာနှစ်
ဥပုသ်ကျရောက်ရာနှစ်သည် လယ်ယာမြေအားလုံးကို လယ်ယာလုပ်ကိုင်ခြင်းမှ အနားပေးရသောနှစ်ဖြစ် သည်။ ခုနှစ်နှစ်တစ်ကြိမ် ကျရောက်သည်ဟု က္ကသရေလသမိုင်းကြောင်းတစ်လျှောက် ယးဆကြသည်။ ကြွှေးတင်နေသောသူတို့ကို ၎င်းတို့တင်ရှိသည့် အကြွှေးများမှ လွှတ်ကင်းခွင့်ပေးခြင်းနှင့် မာရှေ၏ ပညတ်တရားများအား လူထုအကြား ဖတ်ကြားခြင်းကို ခုနှစ်နှစ်တစ်ကြိမ် ပြုလုပ်ရသည်။ ဖော်ပြပါ နောက်လုပ်ဆာင်ချက်နှစ်ရပ်သည် မြေကို အနားပေးရသည့်နှစ်နှင့် တိကျစွာသက်ဆိုင်မှုမရှိသော်လည်း ၎င်းတို့အား မြေကို အနားပေးရသည့်နှစ်နှင့် တိုက်ဆိုင်မှုရှိရန် စီစဉ်ထားခြင်းဖြစ်နိုင်သည်။
၆။ မြေကိုအနားပေးခြင်း
ခုနှစ်ရက်တွင် တစ်ရက် လူနှင့်အလုပ်လုပ်ရသည့်် တိရိစ္ဆာန်များ အနားယူရသကဲ့သို့ လယ်ယာမြေကိုလည်း ခုနှစ်နှစ်လျှင်တစ်နှစ် အနားပေးရသည်။ ထိုနှစ်အတွင်းလယ်ယာစိုက်ပျိုးခြင်း လုပ်ငန်းမှ တစ်နှစ်ရပ်စဲခြင်းဖြင့်် မြေကြီးအား ထူးကဲသောသဘောနှင့် ဘုရားသခင် အမှန်တကယ်ပိုင်ဆိုင်ကြောင်း ဣသရေလလူတို့ အသိအမှတ်ပြုကြသည်။ လူတို့မှာ မြေငှားများသာဖြစ်ကြပြီး ဘုရားသခင်၏မြေကြီးကို မိမိတို့ထင်သလို လုပ်ပိုင်ခွင့်မရှိကြချေ။ လယ်ယာစိုက်ပျိုးခြင်းမှ အနားပေးခြင်းဖြင့် မြေကြီးသည် ပိုးမွှားများကို အလိုအလျောက်ကင်းစင်အောင် လုပ်ခြင်းနှင့် သဘာဝထုတ်လုပ်မှု အင်အားများကို ပြန်လည် ဖြည့်တင်းစေသည် (ထွက်-၂၃း၁၀-၁၁၊ ဝတ်-၂၅း၁-၇၊ ၂၃)။
ဥပုသ်နှစ်ကျရောက်ချိန်အတါင်း အစာရေစာပြတ်လပ်မှုဖြစ်မည်ကို လူတို့စိုးရိမ်စရာအကြောင်းမရှိချေ။ ခြောက်နှစ်ပြည့်တိုင်း ယခင်သီးနှံထွက်နှုန်းထက် နှစ်ဆတိုး၍ထွက်စေရန် ဘုရားသခင်ကောင်းကြီးပေးမည် ဖြဖစ်ပြီး ထိုအစားအစာများအား နောင်နှစ်အသုံးပြုရန် လူတို့သိုလှောင်ထားနိုင်မည်။ ထို့ပြင် ဥပုသ်နှစ်၌ သဘာဝအလျောက် ပေါက်ရောက်ခြင်းများ လုံလောက်မည်ဖြစ်သောကြောင့်် ကြိုတင်သိုလှောင် စုဆောင်းမှု မပြုနိုင်ကြသော ဆင်းရဲသားများ စားသုံးနိုင်မည်။ သိုးနွားများအတွက်လည်း လုံလောက်မည် (ဝတ်-၂၅း၆-၇၊ ၁၂၊ ၁၈-၂၂)။ ဘုရားသခင်၏ပညတ်တရားများကို မလိုက်လျှောက်ဘဲ မြေကြီးအား ခုနှစ်နှစ်တွင် တစ်နှစ် အနား မပေးပါက ထိုသူတို့အား ထိုမြေမှ ဘုရားသခင်မောင်းထုတ်ခြင်းဖြဖင့် မြေကြီးကို မဖြစ်မနေအနားပေးရမည် (ဝတ်-၂၆း၃၄-၄၃၊ ၆ရာ-၃၆း၂၀-၂၁၊ ယေ-၃၄း၁၃-၂၂)
ကြွေးတင်နေသူတို့အား ဖြေလွတ်ခြင်း
ခုနှစ်နှစ်တာအချိန်ကုန်ဆုံးတိုင်း၊ ကုန်ဆုံးတိုင်း မိမိတို့အပေါ်ကြွေးတင်နေသော ဣသရေလလလူ အချင်းချင်းကို ထိုကြွေးမှ ဣသရေလလူတို့ဖြေလွှတ်ကြရမည်။ မိမိတို့ကိုယ်ကို မိသားစုကြီးတစ်ခုအဖြစ် ယူဆကာ ငွေလလိုနေသူကို ငွေရှိသူက ကူညီခြင်းဖြဖစ်သည်။ ဥပုသ်နှစ်ကျရောက်ရန် နီးကပ်လာသော်လည်း ငွေလာချေးသူကို မငြင်းပယ်ရပေ။ သို့သော် ဣသရေလလူတို့အပေါ် အကြွေးတင်နေသော နိုင်ငံံခြားသားများအတွက်မူ၊ ပုံမှန်စီးပွားရေးလုပ်ငန်း၊ လုပ်ထုံးနှင့်သာသက်ဆိုင်သည် (တရား-၁၅း၁-၁၁)။ ဣသရေလလူအချင်းချင်းတွင် ကျွန်ခံနေသော ဣသရေလလူတို့ကလည်း ခုနှစ်နှစ်ပြည့််နှစ်တွင် လွတ်ငြိမ်းခွင့် ရှိကြသည်။ ထိုသို့သောအခွင့််အရေးကို ဣသရေလလူတို့ ပိုင်ဆိုင်သော နိုင်ငံခြားသားကျွန်များ ခံစားခွင့် ရပုံမပေါ်ချေ (တရား-၁၅း၁၂-၁၈၊ ဝတ်-၂၅း၄၄-၄၆)
ပညတ်တရားကို ဖတ်ကြားခြင်း
ဖြေလွှတ်ရသောနှစ် ယဇ်ပုရောဟိတ်တို့၏တာဝန်သည် လူတို့ကို စုရုံးစေပြီး ပညတ်တရားများကို ဖတ်ပြရသည်။ ဤသို့ပြုခြင်းဖြင့် တာဝန်ဝတ္တရားများကို ဘုရားသခင်၏လူများပြန်လည်သတိရစေရန်ဖြစ်သည်။ ထိုပညတ်တရားများကို သကေနေပွဲခံချိန်အတွင်း ဝတ်ပြုကိုးကွယ်ရာဗဟိုဌာနတွင် ဣသရေလလူတို့ ဝတ်ပြုကိုးကွယ်ရန် ရောက်လာကြသောအခါ ဖတ်ပြရသည် (တရား-၃၁း၉-၁၃)။
May God Bless You All.
သမ္မာကျမ်းစာ၏ အမွေအနှစ်များ
ဥပုသ် - Sabbath
၁။ နိဒါန်း
၎။ ခေတ်ကာလသစ်
၅။ ဥပုသ်ကျရောက်ရာနှစ်
၆။ မြေကိုအနားပေးခြင်း
May God Bless You All.