0

သုတ္တံကျမ်း - Proverbs Reshare #9Dan Unicode & Zawgyi

 9Dan
သုတ္တံကျမ်း - Proverbs
Reshare #9Dan Unicode & Zawgyi
၁။ နိဒါန်း
သမ္မာကျမ်းစာထဲရှိ သုတ္တံကျမ်းသည် အထွေထွေအထူးထူးသော ဟေဗြဲစကားလုံးများကို စုစည်းဖော်ပြထားခြင်းဖြစ်ပြီး အများစုမှာ ရှောလုမုန်မင်းကြီးထံမှ ဖြစ်သည်(သု ၁:၁၊ ၁၀:၁၊ ၂၅:၁)။ယခုခေတ်ကဲ့သို့ပင် ရှေးခေတ်ကာလက အတွေ့အကြုံအားဖြင့် အသိဉာဏ်ရရှိလာပြီး ထိုအသိဉာဏ်များကို စကားပုံဟု လူတို့ခေါ်သော အတိုချုပ်ဆိုရျုးစကားများအဖြစ် စုစည်းခဲ့ကြသည်။ သုတ္တံကျမ်းထဲ၌ လူငယ်များအတွက် ဟောပြောချက်များလည်းပါရှိပြီး( အခန်းကြီး ၁-၉) အခြားအိမ်နီးချင်းနျုင်ငံများမှ ပညာရှိများတို့ သင်ကြားထားချက်များကိုလည်း ကောက်နုတ်ယူထားခဲ့သည်( သု ၃၀:၁၊ ၃၁:၁)
၂။ ကျမ်း၏ ထူးခြား ထင်းရှားသောဂုဏ်လက္ခဏာများ

အသက်ရှင်ခြင်းမှာ လက်တွေ့ကျသောအရာဖြစ်ပြီး လူတစ်ဦးနေ့စဉ်ဆောင်ရွက်ရသော အမှုကိစ္စများကို ကျေနပ်ဖွယ်ဖြစ်အောင် လုပ်ဆောင်နိုင်ရန် ပိုင်းခြားဝေဖန်တတ်သောဉာဏ်ရှိဖို့လိုသည်။ က္ကသရေလပြည်နှင့် အိမ်နီးချင်းတိုင်းပြည်များမှ အသိဉာဏ်ပညာသင်ကြားသောအရာများသည် တစ်ဦးထံသို့ တစ်ဦးအလည်အပတ် သွားခဲ့ကြပြီး အသိပညာဉာဏ်ဖလှယ်ခဲ့ကြသည်( ၃ရာ ၄:၃၀၊-၃၄၁၀:၁ နှင့် တ ၇:၂၀)။ သို့သော် အိမ်နီးချင်းများမှ ရုပ်တုဆင်းတုကိုးကွယ်ခြင်း ကိုယ်ကျင့်တရားပျက်ပြားမှုနှင့် ကိုယ်ကျိုးရှာမှုနှင့်ဆိုင်သော အတွေးအခေါ်ပါသည့် သင်ကြားမှုများကို က္ကသရေလလူတို့ ရှောင်ရှားရန် သတိပြုကြရသည်။ က္ကသရေလလူတို့အတွက် ဉာဏ်ပညာ၏ အချုပ်အခြာမှာ ဘုရားသခင်ကို ကြောက်ရွံ့ခြင်းပင်ဖြစ်သည်( သု ၁:၇)။
ထို့ကြောင့် သမ္မာကျမ်းထဲရှိ သုတ္တံကျမ်းတွင် သင်ကြားမှုပေးသောပညာမှာ လောကီဆိုင်ရာပညာမဟုတ်ဘဲ ဘုရားသခင်နှင့်ဆိုင်သည့် ပညာများသာဖြစ်သည်။ လောကီပညာမှာ အခြားတစ်ဦး၏ လိုအပ်ချက်ကို ဂရုမမူဘဲ မိမိကိုးကျိုးအတွက်သာ အားပေးနိုင်သည်။ ဘုရားသခင်နှင့်ဆိုင်သော အသိဉာဏ်မူကာ ဘုရားသခင်၏ ပညတ်တော်များကို အခြေခံကာ လက်တွေ့ကျသောဖြောင့်မတ်သညိ့အသက်တာကို အားပေးလိမ့်မည်။
ထို့ကြောင့် က္ကငရေလတို့၏ စကားပုံများသည် မည်သညိ့နိုင်ငံ၊ မည်သည့်ခေတ်ကာလတွင်မဆို၊ ဘုရားသခင်၏ လူတို့အတွက် အသုံးဝင်သည် ထိုစကားပုံများမှာ အသေးအဖွဲကိစ္စဟု မှတ်ယူရသည့် စကားအလွန်အကျွံပြောဆိုခြင်း၊ သို့မဟုတ် ထမင်းစပွဲတွင် က္ကန္ဒြေမဲ့ခြင်း တို့ပါဝင်သည်။ အခြားအကြောင်းကိစ္စတို့သည် ကျယ်ပြန့်သော လူမှုရေးကိစ္စနှင့်ဆိုင်သည့် လူ့အဖွဲ့အစည်းကို ကောင်းရာကောင်းကျိုးအတွက် အထောက်အကူပြုခြင်း သို့မဟုတ် ရေရှည်ထိရောက်မှုရှိမည့် နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်ချခြင်းတို့ဖြစ်သည်။ သုတ္တံကျမ်းတွင် အများဆုံးပေါ်ပေါက်လာသည့် ခေါင်စဉ်များမှာ အသိပညာ၊ မိုက်မဲခြင်း၊ ပျင်းရိခြင်း၊ မိသားစုကိစ္စများ၊ စကားပြောဆိုခြင်း၊ အပေါင်းအသင်းဖွဲ့ခြင်း၊အသက်ရှင်ခြင်း၊ သေခြင်းတို့ပင်ဖြစ်သည်။
သုတ္တံကျမ်းတွင် အများအားဖြင့် စာနှစ်ကြောင်းပါဝင်သည့် ရှင်းလင်းလွယ်ကူသော ကဗျာပုံစံဖြင့်ရေးသားထားသည်။ ဟေဗြဲဘာသာ၏ သွင်ပြင်လက္ခဏာ နှင့်ဆင်တူရိုးမားဖြစ်ခြင်းကြောင့် ထိုစာကြောင်းနှစ်ကြောင်းပေါ် စာပိုဒ်များကမှတ်သားရန် လွယ်ကူသည်။ များသောအားဖြင့် ပထမစာကြောင်း၏ အမှန်တရားကို ဒုတိယစာကြောင်းက ထပ်မံဖော်ပြသည်(သု ၁၆:၁၆)။ သို့မဟုတ် ဆန့်ကျင်ဘက်ဖော်ပြသည်(သု ၁၁:၅)။ တစ်ခါတစ်ရံ ပထမစာကြောင်၏ အဓိပ္ပါးကို ဒုတိယစာကြောင်းက ပေါ်လွင်စေသည်။ သို့မဟုတ် ပထမစာကြောင်းနှငိ့ ပတ်သက်နေသည်(သု ၃:၆)။ ဤသို့ဖြငိ့ အလွယ်တကူ မှတ်မိနိုင်သည့် ကဗျာပုံစံမှာ သင်ကြားမှုများကို လူတို့အလွတ်ကျက်မှတ်ရန် အားပေးခဲ့ခြင်းကြောင့် လိုအပ်သည့်အခါ စိတ်အတွင်း အလွယ်တကူရရှိနိုင်သည်။ သုတ္တံကျမ်းကို ဖတ်ရှုသည့်အခါ ကျမ်းတစ်ခုလုံးကို စာတစ်စောင် သို့မဟုတ်ဝတ္ထုတစ်ပုဒ်အဖြစ် တောက်လျှောက်မဖတ်ဘဲ ညွန်ကြားချက်တစ်ခုချင်းကို စဉ်းစားဆင်ခြင်တွေးခေါ်၍ ဖတ်ရှုသင့်သည်။
၃။ ပါဝင်သောအကြောင်းအရာ အကျဉ်းချုပ်
သုတ္တံကျမ်း၏ အဖွငိ့အခန်းကြီးမှာ "ဖခင်"မှ "သား"တို့အကြား ပေါကြားသော ရှည်လျှားသည့် ပြောဆိုချက်များဖြစ်ပြီး၊ အဖြစ်နိုင်ဆုံး အဓိပ္ပါယ်မှာ ဆရာဖြစ်သူက တပြည့်အား ပြောဆိုပုံမျိုးဖြစ်နိုင်သည်။ မိုက်မဲမှာကို ရှောင်ရှားပြီး အသိပညာဉာဏ်ကို ရွေးချယ်ခြင်း၏ အရေးပါမှုကို အလေးပြုထားသည် (၁:၁-၇)။ ထိုအသိဉာဏ်ကို လိုက်နာသူများအတွက် သာ အသုံးဝင်ကြောင်း အလေးအနက်ပြုထားသည် (၁:၈-၃၃)။ အသိဉာဏ်ပညာသည် မိမိအတွက် ဆုလဒ် ကို မိမိကိုယ်တိုင် ဆူဆောင်လာပြီး( ၂:၁-၂၂)၊ လူတစ်ဦးတစ်ယောက်၏ အစက်တာကို ဘုရားသခင်အတွက် သော်လည်းကောင်း၊ မိမိအတွက် သော်လည်းကောင်း၊ အကျိုးရှိစွာ အသုံးပြုနိုင်သည်
(၃:၁-၄:၂၇)။ အထူးသဖြင့် ထိုသူအား ကာမဆိုင်ရာ ကိစ္စနှင့် အခြားမကောင်းမှုဒုစရျုက်များ၏ စုံစမ်းနှောက်ယုတ်ခြင်းများကို ကျော်လွှားစေနိုင်သည် (၅:၁-၇:၂၇)။ ပညာမှာ ထာဝရတည်မြဲပြီး လူအားလုံးရယူနိုင်သည့်အရာဖြစ်သည်(၈:၁-၉:၁၈)။
စကားပုများ၏ ပထမအပိုင်း အဓိကစု ဆောင်းဖော်ပြချက်များမှာ စာဖတ်သူများအား ဉာဏ်ပညာတန်ဖိုး၏ အခြေခံညွန်ကြားချက်များဖြစ် သည်။ ရှောလမုန်မင်းကြီး စုစည်းရေးသားခဲ့သည့် စကားပုံ(၃၀၀၀)ခန့်အနက်( ၃ရာ ၄:၃၂)ကျမ်းအတွင်း(၃၇၅)ခုပါရှိသည်။ အချို့နေရာများ တွင် အကြောင်းအရာတစ်ခုနှငိ့ စပ်ဆိုင်သည့် စကားပုများအား တစ်ခုတည်းစုစည်းထားသည်။ သို့သော် ယေဘုယျအားဖြင့် သင်ကြားမှု၏ မည်သည့်ဘာသာရပ်တစ်ခုခုမဆို ကျမ်းစာတစ်အုပ်လုံး တွင် ပြန့်နှံ့စွာ တွေ့မင်ရမည်(၁၀:၁-၂၂:၁၆)။
အခြားတိုတောင်းသည့် အပိုင်းနှစ်ခုတွင် အခြားသောပညာရှိများ၏ ဆိုရိုးစကားများကို စုစည်းထားသည်။ ထိုဆိုရိုးစကားမှာ ရှောလမုန်မင်းကြီး၏ ဆိုရိုးစကားများထက် ရှည်လျှားပြီး၊ အခန်းငယ် အများအပြားဖြင့် ဖွဲ့စည်းထား သည်(၂၂:၁၇-၂၄:၂၂ နှင့် ၂၄:၂၃-၃၄)။ ထိုမှ ဆက်၍ ရှောလမုန်မင်းကြီး၏ စကားပုံများကို စုစည်းဖော်ပြထားသည်။ ဤစညစည်းထားသည့် စကားပုံမှားမှာ ရှောလမုန်မင်းကြီးအချိန်နောက်ပိုင်း အနှစ်နှစ်ရာကြာပြီး ဟေဇကိမင်း၏ ပြန်လည်ပြုပြင်ရေးအချိန်ကျမှ ထည့်သွင်းလာခြင်းဖြစ် သည်(၂၅:၁ နှင့် ၆ရာ ၂၉:၁-၃၁:၂၁)။ ဤအထဲတွင် စကားပုံပေါင်း(၁၂၈)ခု ပါရှိသည်( သု၂၅:၁-၂၉:၂၇)။
၄။ နိဂုံး
ကျမ်း၏ နိဂုံးပိုင်းကို တိုတောင်းသည့် အပိုင်းသုံးပိုင်းခွဲထားသည်။ ပထမပိုင်းသည် က္ကသရေလလူမျိုးမဟုတ်သော အာဂုရ၏ အသိပညာ မှဖြစ်သည်(၃၀:၁-၃၃)။ ဒုတိယပိုင်းသည် က္ကငရေလလူမျိုးမဟုတ်သော လေမွေလမင်းကြီး၏ အသိပညာမှ ရရှိသည်(၃၁:၁-၉)။ နောက်ဆုံးအပိုင်းသည် သီလနှင့် ပြည့်စုံသည့် မိန်းမအား ချီးမွမ်းခန်း ထုတ်ထားသည့် အမည်မသိ စာဆိုတော်၏ ကဗျာဖြစ်သည်(၃၁:၁၀-၃၁)။
May God Bless You All.
သမ္မာကျမ်းစာ၏ အမွေအနှစ်များ


သုတၱံက်မ္း - Proverbs
Reshare #9Dan Unicode & Zawgyi
၁။ နိဒါန္း
သမၼာက်မ္းစာထဲရွိ သုတၱံက်မ္းသည္ အေထြေထြအထူးထူးေသာ ေဟျဗဲစကားလံုးမ်ားကို စုစည္းေဖာ္ျပထားျခင္းျဖစ္ၿပီး အမ်ားစုမွာ ေရွာလုမုန္မင္းႀကီးထံမွ ျဖစ္သည္(သု ၁:၁၊ ၁၀:၁၊ ၂၅:၁)။ယခုေခတ္ကဲ့သို႔ပင္ ေရွးေခတ္ကာလက အေတြ႕အၾကံဳအားျဖင့္ အသိဥာဏ္ရရွိလာၿပီး ထိုအသိဥာဏ္မ်ားကို စကားပံုဟု လူတို႔ေခၚေသာ အတိုခ်ဳပ္ဆိုရ်ဳးစကားမ်ားအျဖစ္ စုစည္းခဲ့ၾကသည္။ သုတၱံက်မ္းထဲ၌ လူငယ္မ်ားအတြက္ ေဟာေျပာခ်က္မ်ားလည္းပါရွိၿပီး( အခန္းႀကီး ၁-၉) အျခားအိမ္နီးခ်င္းႏ်ဳင္ငံမ်ားမွ ပညာရွိမ်ားတို႔ သင္ၾကားထားခ်က္မ်ားကိုလည္း ေကာက္ႏုတ္ယူထားခဲ့သည္( သု ၃၀:၁၊ ၃၁:၁)
၂။ က်မ္း၏ ထူးျခား ထင္းရွားေသာဂုဏ္လကၡဏာမ်ား
အသက္ရွင္ျခင္းမွာ လက္ေတြ႕က်ေသာအရာျဖစ္ၿပီး လူတစ္ဦးေန႔စဥ္ေဆာင္ရြက္ရေသာ အမႈကိစၥမ်ားကို ေက်နပ္ဖြယ္ျဖစ္ေအာင္ လုပ္ေဆာင္ႏိုင္ရန္ ပိုင္းျခားေဝဖန္တတ္ေသာဥာဏ္ရွိဖို႔လိုသည္။ ကၠသေရလျပည္ႏွင့္ အိမ္နီးခ်င္းတိုင္းျပည္မ်ားမွ အသိဥာဏ္ပညာသင္ၾကားေသာအရာမ်ားသည္ တစ္ဦးထံသို႔ တစ္ဦးအလည္အပတ္ သြားခဲ့ၾကၿပီး အသိပညာဥာဏ္ဖလွယ္ခဲ့ၾကသည္( ၃ရာ ၄:၃၀၊-၃၄၁၀:၁ ႏွင့္ တ ၇:၂၀)။ သို႔ေသာ္ အိမ္နီးခ်င္းမ်ားမွ ရုပ္တုဆင္းတုကိုးကြယ္ျခင္း ကိုယ္က်င့္တရားပ်က္ျပားမႈႏွင့္ ကိုယ္က်ိဳးရွာမႈႏွင့္ဆိုင္ေသာ အေတြးအေခၚပါသည့္ သင္ၾကားမႈမ်ားကို ကၠသေရလလူတို႔ ေရွာင္ရွားရန္ သတိျပဳၾကရသည္။ ကၠသေရလလူတို႔အတြက္ ဥာဏ္ပညာ၏ အခ်ဳပ္အျခာမွာ ဘုရားသခင္ကို ေၾကာက္ရြံ႕ျခင္းပင္ျဖစ္သည္( သု ၁:၇)။
ထို႔ေၾကာင့္ သမၼာက်မ္းထဲရွိ သုတၱံက်မ္းတြင္ သင္ၾကားမႈေပးေသာပညာမွာ ေလာကီဆိုင္ရာပညာမဟုတ္ဘဲ ဘုရားသခင္ႏွင့္ဆိုင္သည့္ ပညာမ်ားသာျဖစ္သည္။ ေလာကီပညာမွာ အျခားတစ္ဦး၏ လိုအပ္ခ်က္ကို ဂရုမမူဘဲ မိမိကိုးက်ိဳးအတြက္သာ အားေပးႏိုင္သည္။ ဘုရားသခင္ႏွင့္ဆိုင္ေသာ အသိဥာဏ္မူကာ ဘုရားသခင္၏ ပညတ္ေတာ္မ်ားကို အေျခခံကာ လက္ေတြ႕က်ေသာေျဖာင့္မတ္သညိ့အသက္တာကို အားေပးလိမ့္မည္။
ထို႔ေၾကာင့္ ကၠငေရလတို႔၏ စကားပံုမ်ားသည္ မည္သညိ့ႏိုင္ငံ၊ မည္သည့္ေခတ္ကာလတြင္မဆို၊ ဘုရားသခင္၏ လူတို႔အတြက္ အသံုးဝင္သည္ ထိုစကားပံုမ်ားမွာ အေသးအဖြဲကိစၥဟု မွတ္ယူရသည့္ စကားအလြန္အကၽြံေျပာဆိုျခင္း၊ သို႔မဟုတ္ ထမင္းစပြဲတြင္ ကၠေျႏၵမဲ့ျခင္း တို႔ပါဝင္သည္။ အျခားအေၾကာင္းကိစၥတို႔သည္ က်ယ္ျပန္႔ေသာ လူမႈေရးကိစၥႏွင့္ဆိုင္သည့္ လူ႔အဖြဲ႕အစည္းကို ေကာင္းရာေကာင္းက်ိဳးအတြက္ အေထာက္အကူျပဳျခင္း သို႔မဟုတ္ ေရရွည္ထိေရာက္မႈရွိမည့္ ႏိုင္ငံေရးဆိုင္ရာ ဆံုးျဖတ္ခ်က္ခ်ျခင္းတို႔ျဖစ္သည္။ သုတၱံက်မ္းတြင္ အမ်ားဆံုးေပၚေပါက္လာသည့္ ေခါင္စဥ္မ်ားမွာ အသိပညာ၊ မိုက္မဲျခင္း၊ ပ်င္းရိျခင္း၊ မိသားစုကိစၥမ်ား၊ စကားေျပာဆိုျခင္း၊ အေပါင္းအသင္းဖြဲ႕ျခင္း၊အသက္ရွင္ျခင္း၊ ေသျခင္းတို႔ပင္ျဖစ္သည္။
သုတၱံက်မ္းတြင္ အမ်ားအားျဖင့္ စာႏွစ္ေၾကာင္းပါဝင္သည့္ ရွင္းလင္းလြယ္ကူေသာ ကဗ်ာပံုစံျဖင့္ေရးသားထားသည္။ ေဟျဗဲဘာသာ၏ သြင္ျပင္လကၡဏာ ႏွင့္ဆင္တူရိုးမားျဖစ္ျခင္းေၾကာင့္ ထိုစာေၾကာင္းႏွစ္ေၾကာင္းေပၚ စာပိုဒ္မ်ားကမွတ္သားရန္ လြယ္ကူသည္။ မ်ားေသာအားျဖင့္ ပထမစာေၾကာင္း၏ အမွန္တရားကို ဒုတိယစာေၾကာင္းက ထပ္မံေဖာ္ျပသည္(သု ၁၆:၁၆)။ သို႔မဟုတ္ ဆန္႔က်င္ဘက္ေဖာ္ျပသည္(သု ၁၁:၅)။ တစ္ခါတစ္ရံ ပထမစာေၾကာင္၏ အဓိပၸါးကို ဒုတိယစာေၾကာင္းက ေပၚလြင္ေစသည္။ သို႔မဟုတ္ ပထမစာေၾကာင္းႏွငိ့ ပတ္သက္ေနသည္(သု ၃:၆)။ ဤသို႔ျဖငိ့ အလြယ္တကူ မွတ္မိႏိုင္သည့္ ကဗ်ာပံုစံမွာ သင္ၾကားမႈမ်ားကို လူတို႔အလြတ္က်က္မွတ္ရန္ အားေပးခဲ့ျခင္းေၾကာင့္ လိုအပ္သည့္အခါ စိတ္အတြင္း အလြယ္တကူရရွိႏိုင္သည္။ သုတၱံက်မ္းကို ဖတ္ရႈသည့္အခါ က်မ္းတစ္ခုလံုးကို စာတစ္ေစာင္ သို႔မဟုတ္ဝတၳဳတစ္ပုဒ္အျဖစ္ ေတာက္ေလၽွာက္မဖတ္ဘဲ ညြန္ၾကားခ်က္တစ္ခုခ်င္းကို စဥ္းစားဆင္ျခင္ေတြးေခၚ၍ ဖတ္ရႈသင့္သည္။
၃။ ပါဝင္ေသာအေၾကာင္းအရာ အက်ဥ္းခ်ဳပ္
သုတၱံက်မ္း၏ အဖြငိ့အခန္းႀကီးမွာ "ဖခင္"မွ "သား"တို႔အၾကား ေပါၾကားေသာ ရွည္လၽွားသည့္ ေျပာဆိုခ်က္မ်ားျဖစ္ၿပီး၊ အျဖစ္ႏိုင္ဆံုး အဓိပၸါယ္မွာ ဆရာျဖစ္သူက တျပည့္အား ေျပာဆိုပံုမ်ိဳးျဖစ္ႏိုင္သည္။ မိုက္မဲမွာကို ေရွာင္ရွားၿပီး အသိပညာဥာဏ္ကို ေရြးခ်ယ္ျခင္း၏ အေရးပါမႈကို အေလးျပဳထားသည္ (၁:၁-၇)။ ထိုအသိဥာဏ္ကို လိုက္နာသူမ်ားအတြက္ သာ အသံုးဝင္ေၾကာင္း အေလးအနက္ျပဳထားသည္ (၁:၈-၃၃)။ အသိဥာဏ္ပညာသည္ မိမိအတြက္ ဆုလဒ္ ကို မိမိကိုယ္တိုင္ ဆူေဆာင္လာၿပီး( ၂:၁-၂၂)၊ လူတစ္ဦးတစ္ေယာက္၏ အစက္တာကို ဘုရားသခင္အတြက္ ေသာ္လည္းေကာင္း၊ မိမိအတြက္ ေသာ္လည္းေကာင္း၊ အက်ိဳးရွိစြာ အသံုးျပဳႏိုင္သည္
(၃:၁-၄:၂၇)။ အထူးသျဖင့္ ထိုသူအား ကာမဆိုင္ရာ ကိစၥႏွင့္ အျခားမေကာင္းမႈဒုစရ်ဳက္မ်ား၏ စံုစမ္းေႏွာက္ယုတ္ျခင္းမ်ားကို ေက်ာ္လႊားေစႏိုင္သည္ (၅:၁-၇:၂၇)။ ပညာမွာ ထာဝရတည္ျမဲၿပီး လူအားလံုးရယူႏိုင္သည့္အရာျဖစ္သည္(၈:၁-၉:၁၈)။
စကားပုမ်ား၏ ပထမအပိုင္း အဓိကစု ေဆာင္းေဖာ္ျပခ်က္မ်ားမွာ စာဖတ္သူမ်ားအား ဥာဏ္ပညာတန္ဖိုး၏ အေျခခံညြန္ၾကားခ်က္မ်ားျဖစ္ သည္။ ေရွာလမုန္မင္းႀကီး စုစည္းေရးသားခဲ့သည့္ စကားပံု(၃၀၀၀)ခန္႔အနက္( ၃ရာ ၄:၃၂)က်မ္းအတြင္း(၃၇၅)ခုပါရွိသည္။ အခ်ိဳ႕ေနရာမ်ား တြင္ အေၾကာင္းအရာတစ္ခုႏွငိ့ စပ္ဆိုင္သည့္ စကားပုမ်ားအား တစ္ခုတည္းစုစည္းထားသည္။ သို႔ေသာ္ ေယဘုယ်အားျဖင့္ သင္ၾကားမႈ၏ မည္သည့္ဘာသာရပ္တစ္ခုခုမဆို က်မ္းစာတစ္အုပ္လံုး တြင္ ျပန္႔ႏွံ႔စြာ ေတြ႕မင္ရမည္(၁၀:၁-၂၂:၁၆)။
အျခားတိုေတာင္းသည့္ အပိုင္းႏွစ္ခုတြင္ အျခားေသာပညာရွိမ်ား၏ ဆိုရိုးစကားမ်ားကို စုစည္းထားသည္။ ထိုဆိုရိုးစကားမွာ ေရွာလမုန္မင္းႀကီး၏ ဆိုရိုးစကားမ်ားထက္ ရွည္လၽွားၿပီး၊ အခန္းငယ္ အမ်ားအျပားျဖင့္ ဖြဲ႕စည္းထား သည္(၂၂:၁၇-၂၄:၂၂ ႏွင့္ ၂၄:၂၃-၃၄)။ ထိုမွ ဆက္၍ ေရွာလမုန္မင္းႀကီး၏ စကားပံုမ်ားကို စုစည္းေဖာ္ျပထားသည္။ ဤစညစည္းထားသည့္ စကားပံုမွားမွာ ေရွာလမုန္မင္းႀကီးအခ်ိန္ေနာက္ပိုင္း အႏွစ္ႏွစ္ရာၾကာၿပီး ေဟဇကိမင္း၏ ျပန္လည္ျပဳျပင္ေရးအခ်ိန္က်မွ ထည့္သြင္းလာျခင္းျဖစ္ သည္(၂၅:၁ ႏွင့္ ၆ရာ ၂၉:၁-၃၁:၂၁)။ ဤအထဲတြင္ စကားပံုေပါင္း(၁၂၈)ခု ပါရွိသည္( သု၂၅:၁-၂၉:၂၇)။
၄။ နိဂံုး
က်မ္း၏ နိဂံုးပိုင္းကို တိုေတာင္းသည့္ အပိုင္းသံုးပိုင္းခြဲထားသည္။ ပထမပိုင္းသည္ ကၠသေရလလူမ်ိဳးမဟုတ္ေသာ အာဂုရ၏ အသိပညာ မွျဖစ္သည္(၃၀:၁-၃၃)။ ဒုတိယပိုင္းသည္ ကၠငေရလလူမ်ိဳးမဟုတ္ေသာ ေလေမြလမင္းႀကီး၏ အသိပညာမွ ရရွိသည္(၃၁:၁-၉)။ ေနာက္ဆံုးအပိုင္းသည္ သီလႏွင့္ ျပည့္စံုသည့္ မိန္းမအား ခ်ီးမြမ္းခန္း ထုတ္ထားသည့္ အမည္မသိ စာဆိုေတာ္၏ ကဗ်ာျဖစ္သည္(၃၁:၁၀-၃၁)။
May God Bless You All.
သမၼာက်မ္းစာ၏ အေမြအႏွစ္မ်ား

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...