0
သိုးသငယ် - LAMB Reshare #9Dan Unicode & Zawgyi
 9Dan
သိုးသငယ် - LAMB
Reshare #9Dan Unicode & Zawgyi
ဓမ္မဟောင်းကျမ်းတွင်ပါရှိသည့် သိုးသငယ်များ
နှင့်ပတ်သက်သော ရည်ရွယ်ချက်များမှာ ယဇ်ပူဇော်ခြင်းနှင့်
ဆက်နွယ်သည်။ ယဇ်ပူဇော်ခြင်းနှင့် မသက်ဆိုင်သည့်
အခြားရည်ရွယ်ချက်အတွက် "သိုး-sheep" ဖြစ်သသည်။
အာဗေလပူဇော်သည့်ယဇ်မှာ သိုးသူငယ်ဖြစ်ပြီး က၄:၄၊
အာဗြံဟံကလည် သိုးသူငယ်ကို သဘာဝကျသည့် ယဇ်ကောင်အဖြစ် သတ်မှတ်သည် ကဘ ၂၂:၇-၈ ။
အဲဂုတ္တုပြည်၌ရှိသော က္ကသရေလ လူတို့ကလည်း
မူရင်းပဿခါပွဲကျင်ပခဲ့စဉ် သိုးသူငယ်ကိုယဇ်ကောင်းအဖြစ်
ဘုရားသခင်က အသုံးပြုစေခဲ့သည် ထွက် ၁၂:၃-၈ ။
က္ကသရေလပြည်အတွက် ဘုရားသခင်ချမှတ်ပေးခဲ့သော
ဘာသာရေးထုံးတမ်းတွင် ယဇ်ပူဇော်ရာ၌ သိုးသူငယ်ကို
အသုံးပြုသည်ဝတ် ၃:၁,၇;၄:၃၂ တော ၂၈:၄,၁၁ ဧဇ၆:၁၇။
ယဇ်ပူဇော်မည့် သိုးသူငယ်တွင် အပြစ်အနာစာ
မရှိစေရ။အပြစ်ရှိသောသူအတွက် အပြစ်မဲ့သောသူအား
ကိုစားဝင်ခြင်းမှာ ထိုက်တန်ကြောင်းပြသသည်။
ထွက် ၁၂:၅-၆;ဝတ် ၄:၃၂;၉:၃
ယဇ်ကောင်၏အသွေးကိုသွန်း၍ အပြစ်ရှိသောလူသားတွက်
ကိုယ်စားအပြစ်ဖြေရာတွင် ထာဝရတွက်မလုံလောက်နိုင်
သောကြောင့် အပြစ်မဲ့ အနာစာကင်းစင်သော ခရစ်တော်
ကိုယ်တိုင်လူ့ဇာတိ အသွေးအသားခံယူကာ ကြွဆင်းလာရ
ခြင်းဖြစ်သည်။ ဟေဗြဲ ၉:၂၂ ; ၁၀:၄
မည်သည့်ယဇ်ကောင်းမျှ မတတ်နိုင်သည့်အမှုကို
ဘုရားသခင်၏ သိုးသူငယ်ဖြစ်တော်မူသော ယေရှုခရစ်က
ပြုလုပ်ခဲ့သည်။အပြစ်သားများအတွက် ကြီးမြတ်တော်မူတဲ့
ချစ်ခြင်းဖြင့် အသက်ပေးလှူခဲ့ပြီး အပြစ်များကိုဖယ်ရှာသည်
{ ယော၁:၂၉ ; တ ၈:၃၂ ; ၁ပေ ၁:၁၈ -၁၉ }
ဗျာဒိတ်ကျမ်းရူပါရုံအရ သိုးသူငယ်မှာ ယေရှုခရစ်ကို
ပုံဆောင်သည်။လူတို့အပြစ်တွက် အသေခံတော်မူခဲ့ပြီး
နှောက် သုံးရက်မြောင်သောနေ့၌ သေခြင်းကိုအောင်မြင်စွာ
ရှင်ပြန်တော်မူခဲ့၍ ထာဝရအသက်နှင့် ကယ်တင်ခြင်းရဲ့
အရှင်ဖြစ်တော်မူသည်။ ဗျာ ၅:၆,၉-၁၂; ၇:၁၄ ;၁၂:၁၁
စာတန်အပေါ်အေင်မြင်သူဖြစ်၍ လူသားတို့အား
တရားစီရင်မဲ့သူနှင့် ဘုရင်တကားတို့ရဲ့ဘုရင်ဖြစ်တော်မူ၍
ကောင်းကင်ဗိုလ်ခြေတို့ကိုးကွယ်ရာဖြစ်တော်မူသည်။
ဗျာ ၁၄:၁,၁၀; ၁၇:၁၄ ;၁၉:၇ ;၂၁:၂၃ ; ၂၂:၁၃
May God Bless You All.
သမ္မာကျမ်းစာ၏ အမွေအနှစ်များ
သိုးသငယ် - LAMB
ထွက် ၁၂:၅-၆;ဝတ် ၄:၃၂;၉:၃
ခြင်းဖြစ်သည်။ ဟေဗြဲ ၉:၂၂ ; ၁၀:၎
{ ယော၁:၂၉ ; တ ၈:၃၂ ; ၁ပေ ၁:၁၈ -၁၉ }
အရှင်ဖြစ်တော်မူသည်။ ဗျာ ၅:၆,၉-၁၂; ၇:၁၄ ;၁၂:၁၁
May God Bless You All.
0 comments:
Post a Comment
Back to Top Related Posts Plugin for WordPress, Blogger...