Showing posts with label အစေတော်ခံများ. Show all posts
Showing posts with label အစေတော်ခံများ. Show all posts
0

“အခက်အခဲဒုက္ခများကြားမှ ဆရာယုဒသန်၏ ဆက်ကပ်အစေခံခြင်း" အပိုင်း ( ၂ )

 
“အခက်အခဲဒုက္ခများကြားမှ ဆရာယုဒသန်၏ ဆက်ကပ်အစေခံခြင်း" အပိုင်း ( ၂ )
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Reshare #9Dan Unicode & Zawgyi
အင်းဝသို့ပြောင်းရွှေ့ခြင်း
~~~~~~~~~~~~~~~~
ရက်သတ္တပတ် ခြောက်ပတ်ကြာမြင့်သော ရေကြောင်းခရီးပြုပြီးနောက် ဆရာ ယုဒသန်တို့ အင်းဝသို့ရောက်ရှိလာခဲ့ကြသည်။ အင်းဝသို့ရောက်ရှိပြီးမကြာမီမှာပင် တိုင်း ပြည် အခြေ အနေနှင့်နိုင်ငံရေးအခြေအနေတို့ပြောင်းလဲလာခဲ့သည်။ အင်္ဂလိပ်နှင့်စစ်ရေးအရ တင်းမာမှု များရှိလာခဲ့ရာ အင်းဝရှိ မျက်နျာဖြူနိုင်ငံခြားသားတို့၏ဘဝမျာလုံခြုံမှုမရှိတော့ပေ။ ထိုစဉ်အတွင်း ဆရာယုဒသန်က ဆက်လက်ဘာသာပြန်ဆိုနေပြီး မမယုဒသန်မှာမူ ကျောင်း ဖွင့်လျက် စာသင်ကြားခြင်းကိုဆောင်ရွက်လျက်ရှိပေသည်။
0

“အခက်အခဲဒုက္ခများကြားမှ ဆရာယုဒသန်၏ ဆက်ကပ်အစေခံခြင်း" အပိုင်း ( ၃ )

 
“အခက်အခဲဒုက္ခများကြားမှ ဆရာယုဒသန်၏ ဆက်ကပ်အစေခံခြင်း" အပိုင်း ( ၃ )
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Reshare #9Dan Unicode & Zawgyi
အောက်မြန်မာပြည်သို့ပြောင်းရွှေ့ခြင်း
~~~~~~~~~~~~~~~~~~~
ရန္တပိုစာချုပ်ချုပ်ဆိုပြီးနောက် အကျဉ်းသားဘဝမှ အပြီးတိုင်လွတ်မြောက်လာခဲ့ရာ ရန်ကုန်မှ တဆင့် ကျိုက္ခမီသို့ပြောင်းရွှေ့၍ သာသနာလုပ်ငန်းများကိုဆောင်ရွက်ခဲ့သည်။ တစ်ဖန်အင်းဝသို့ ခရီးတစ်ခုဖြင့်ရောက်ရှိနေချိန် မမယုဒသန်ခေါ်တော်မူခြင်းခံရကြောင်း သတင်းကို တစ်လကြာမြင့်ပြီးမှ ရရှိခဲ့သည်။ မမယုဒသန်သည် (၁၈၂၆) ခု၊ အောက်တိုဘာ (၂၄) ရက်၊ ည (၈ း ၀၀) နာရီအချိန်တွင်ခေါ်တော်မူခြင်းခံရသည်။ လွန်ခဲ့သော (၂) နှစ်ကတည်းက (ဆရာ ယုဒသန်ဖမ်းဆီးခြင်းခံရစဉ်ကာလ) သူမခံစားနေရသည့် ဆင်းရဲ ဒုက္ခများ ၊ ရောဂါဘယများ၊ အာဟာရချို့တဲ့မှုများကြောင့် ဤနောက်ဆုံးရောဂါဆိုးကြီး ( ဦးနှောက်အမြှေးပါးရောင်) ကို ခုခံနိုင်ရန် သူမ၌လုံးဝခွန်အားမရှိတော့ဘဲ အသက်ဆုံးရှုံး ခဲ့ရသည်။
0

ယုဒသန်နေ့ရက်များ (၁၇၈၈-၁၈၅ဝ)

 
ယုဒသန်နေ့ရက်များ (၁၇၈၈-၁၈၅ဝ)
~~~~~~~~~~~~~~~~~~~~~~~~
Reshare #9DanUnicode & Zawgyi
ဆရာယုဒသန် ၃၅နှစ်ကြာ မြန်မာပြည်ခရီးစဉ်တွင် မြန်မာ၊ကရင် (၇၀၀၀) ကျော် နှစ်ခြင်းခံပြီး ခရစ်တော်ယုံကြည်ခြင်းနှင့် ထာဝရအသက်ကို ရရှိခဲ့ကြသည်။ သိက္ခာတင်ပွဲတော် ၆၃ကြိမ်ကို မစ်ရှင်အဖွဲ့ပေါင်း ၁၆၃ခုဖြင့် လုပ်ဆောင်နိုင်ခဲ့သည်ခြင်းဖြင့် ဒေသခံ ဓမ္မဆရာ၊လက်ထောက်ဓမ္မဆရာ များစွာ မွေးထုတ်နိုင်ခဲ့သည်။ အခြားအသင်းတော်များဖြစ်သော မက်သဒစ်၊ ပရက်ဘာတာရီယန်၊ စသည့် အသင်းတော်များနှင့် ပူးပေါင်းဆောင်းရွက်ခြင်းများ .. စသည့် ဆရာကြီးယုဒသန်၏ ဘဝခရီးစဉ်၊ သူ၏ ဘဝဒဏ်ခံနိုင်ခြင်း၊ အတူးသဖြင့် အင်းဝနေပြည်တော်တွင် အကျဉ်းခံရခြင်း နှင့် ဧဝံဂေလိခရီးစဉ် အားလုံးတို့သည် ခရစ်တော်အားဖြင့်သာ ဖြစ်ပါသည်။
0

ဘီလီဂရေဟမ် တရားဟောချက်များ (၃၀)ခု။

 
ဘီလီဂရေဟမ် တရားဟောချက်များ (၃၀)ခု။
===========================
.Reshare #9Dan Unicode & Zawgyi
၁။ ကယ်တင်ခြင်း
အဓိကအချက်။ ကျေးဇူးတော်ကြောင့် ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းရသည်။
.
နိဒါန်း။ ။ ယုံကြည်သူတိုင်း ကယ်တင်ခြင်းအဓိပ္ပါယ် နားလည်ရမည်။ အသက်ရှင်ရမည်၊ သူ့တပါးကို ဝေငှရမည်။ ခရစ်တော်အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်း မှ ကယ်တင်ခြင်း ဆုကျေးဖူးကို ကျွန်ုပ်တို့အား ပေးသည်။ သို့မှသာ ကျွန်ုပ်တို့သည် မည်သည့်အရပ်မှာလာသည်။ မည်သည့်အရပ်ကို သွားနေသည်ကို သိရှိပါမည်။
.
၁။ ကယ်တင်ခြင်းအဖိုးအခ
အခမဲ့ဖြစ်သည်။ သို့ရာတွင် စျေးမပေါ။ စဉ်စားမရနိုင်သော သခင်ဘုရား၏ အသွေးတော်များ၊ လက်ဝါးကပ်တိုင်ပေါ်တွင် ခရစ်တော်၏စွန့်လွှတ်အသေခံခြင်းသည် လျှို့ဝှက်ချက်ဖြစ်သည်။ ထိုအချက်ဖြင့် အနာဂါတ် မျော်လင့်ခြင်းကို ရှင်သန်စေသည်။
0

ရှေးဦးဒေါလြာ။ (အားပေးစကား၊ ၁၂-၅-၂၀၂၀)

ရှေးဦးဒေါလြာ။
(အားပေးစကား၊ ၁၂-၅-၂၀၂၀)
Reshare #9Dan Unicode & Zawgyi
ကိုးလဂြိတြ(Colgate) သှားတိုကဆြေးကိုသုံးစှဲဖူးကှမှာပါ။ ကွှနတြောကြတော့ ကွှနတြောြ၏မှငဆြရာဖှဈခဲ့သော အမွိုးသားစာပဆေုရ စာရေးဆရာဒေါကတြာထှနြးမှတအြေးသညြ ငယစြဉကြမမှေို့ ကိုးလဂြိတအြထကတြနြးကွောငြး မှာပညာသငခြဲ့သညကြိုမကှာခဏ ဂုဏယြူစှာပှောပှသဖှင့ကြိုးလဂြိတကြိုသှားတိုကဆြေးကုမျပဏီတဈခုအဖှဈထကပြို၍သိခဲ့ရပါသညြ။ လှနသြှားပှီဖှဈသော ဆရာဒေါကတြာထှနြးမှတအြေးပှောပှခဲ့တာလေးကို အားပေးစကားအဖှဈတဆင့ပြှနပြှောပှခငွလြို့ပါ။
ကိုးလဂြိတြ
0

မာသာထရီဇာ - myworldtolivein

 
မာသာထရီဇာ - myworldtolivein

Unicode & Zawgyi Reshare-#9Dan
လူ့လောကကြီးနဲ့လူသားတွေအတွက်အသက်ရှင်ပြီးအကျိုးဆောင်ခဲ့သူတွေအနက် မာသာထရီဇာဟာတစ်ဦးအပါအဝင်ပါ။ရှိရှိသမျှကိုယ်ကျိုးစွန့်ပြီးအငယ်ဆုံးသောသူတွေအတွက်
တတ်စွမ်းသလောက်လုပ်ဆောင်သွားခဲ့သူဖြစ်ပါတယ်။ဒီလိုလူတွေအတွက်လုပ်ဆောင်ရခြင်းအတွက်
ဘာကိုမှလည်းမတောင်းဆိုခဲ့သလို၊လုပ်ပေးရလောက်အောင်တန်ကောတန်ရဲ့လားလို့
သံသယလည်းမဖြစ်ခဲ့ပါဘူး။သူမဆီကခွန်အားရယူကြပါစို့။
0

ဦးကျော်ဝင်း၏ "အောင်မြင်ခြင်းသော့ချက်" သက်သေခံချက် (Rev. U Khaw Win, Dr , Ph.D)

ဦးကျော်ဝင်း၏ "အောင်မြင်ခြင်းသော့ချက်" သက်သေခံချက် (Rev. U Khaw Win, Dr , Ph.D)

Unicode & Zawgyi Reshare-#9Dan
ဆရာဦးကျော်ဝင်းသည် ဘုရားဘုန်းတော်ထင်ရှားစေသောမြန်မာလူမျိုးတစ်ဦးဖြစ်သည်။ မြန်မာပြည်တွင် ၁၉၉၀နောက်ပိုင်း လူတိုင်းအမေရိကန်ဒေါ်လာဘဏ်စာရင်းဖြင့် နိုင်ငံခြားငွေ US$ dollar a/c ဖွင့်နိုင်သော ပထမဆုံးပုဂ္ဂလိကဘဏ် (မေဖလားဝါးဘဏ်) ဖြစ်သည်။ ရန်ကုန်တွင် ATM ပထမဆုံးစတင်ခဲ့ပြီး၊ တစ်နိုင်ငံလုံး ဘဏ်ခွဲပေါင်း ၃၀၀ကျော်ဖွင့်နိုင်ခဲ့သည်။ ရန်ကုန်လေကြောင်းဖြင့် ပထမဆုံး လေယာဉ်ပိုင်သူဖြစ်ခဲ့သည်။ ။ မြန်မာပြည်အစိုးရသစ် ပြုပြင်ပြောင်းလဲရေးတွင်၊ မြန်မာခရစ်ယာန်လူငယ်များ တတပ်တစ်အား ပါဝင်နိုင်ရေး စံနမူနာယူနိုင်ရန် ပြန်လည်ဖေါ်ပြခြင်းဖြစ်သည်။ ကျေးဇူးတော်ချီးမွမ်းခြင်း
ဘုရားသခင်သည် ကြွယ်ဝသောဘုရားသခင် ဖြစ်ကြောင်း၊ ဘုရားသခင်ဟာ ကောင်းကြီးပေးတဲ့ ဘုရာဖြစ်ကြောင်း၊ ဘုရားသခင်ဟာ ယခုဘဝ၊ နောင်ဘဝ၊ ဘဝနဲ့ စပ်ဆိုင်တဲ့ ဂတိတော်ကို ပေးနေသော ဘုရားဖြစ်ကြောင်း၊ သက်သေခံဝေငှခွင့် ရတဲ့အတွက် ဘုရားသခင်ကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ဘုရားသခင်ရဲ့ အသက်ရှင်တဲ့ အကြောင်းနဲ့ ကျွန်တော့်စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်တဲ့အခါမှာ ဘုရားသခင် မည်ကဲ့သို့ ကောင်းကြီးပေး၍ လမ်းပြခဲ့တဲ့ အကြောင်းများကို သက်သေခံ၊ မဝေငှခင် ဘုရားသခင်ထံ ဆက်ကပ်အပ်နှံ ဆုဆောင်းကြပါစို့...။
0

သခင့်တမန်တော်များ(ရှင်ပေတရု) လှမင်းသူ

 
သခင့်တမန်တော်များ(ရှင်ပေတရု)
လှမင်းသူ
Unicode & Zawgyi Reshare-#9Dan
တမန်တော် ၁၂ ပါးတွင် ရှင်ပေတရုသည် အရေးပါ အရာ ရောက်လေသည်။ ရှင်ပေတရုအား Simon Peter ဟု ခေါ်ဝေါ်ကြသည်။ Simon ဆိုသည်မှာ ဂရိဘာသာအားဖြင့် ”ကြားခြင်း” ဟု အဓိပ္ပါယ်ရပြီး Peter ဆိုသည်မှာ ”ကျောက်” ဟု အနက်ရလေသည်။ Simon မှာ မိဘများ ပေးထားသော နာမည်ရင်း ဖြစ်ပြီး Peter မှာ ခရစ်တော်မှ ပေးထားသောအမည် ဖြစ်သည်။ ခရစ်တော်သည် ရှင်ပေတရုအား ပထဆုံးသော တမန်တော်အဖြစ် ခန့်အပ်ခဲ့သည်။ ရှင်ပေတရုသည် အန္ဒြေ(Andrew) နှင့် ညီအစ်ကို တော်စပ်ပြီး တံငါလုပ်ငန်းအားဖြင့် အသက်မွေးဝမ်းကြောင်းပြုသည်။ ဗောနေရဂက်(ဝါ) ”မိုကြိုးသား” များဟု အမည်ရသော ယောဟန်၊ယာကုပ် တို့ညီအစ်ကို တို့နှင့် အတူ တံငါလုပ်ငန်းကို လုပ်ကိုင်ကြသည်။ ရှင်ပေတရုတို့ညီအစ်ကို နှစ်ယောက် တံငါသည် ဘဝဖြင့် ကျင်လည်ရင်း ခရစ်တော်နှင့် တွေ့ဆုံကာ ခရစ်တော်မှ ”လူကို မျှားသော တံငါ” ဖြစ်စေမည်ဟု ပြောဆို ခေါ်ဆောင် အစေခံစေခဲ့သည်။
0

Dr. Rick Warren (The Purpose Driven Life)

  
 Dr. Rick Warren (The Purpose Driven Life)

Unicode & Zawgyi Reshare-#9Dan
ယနေ့ခရစ်ယာန်စာပေလောကနှင့် ယုံကြည်သူခရစ်ယာန်များအကြားတွင် “The Purpose Driven Life” စာအုပ်ကိုမသိသူ အလွန်ရှားပေသည်။ ထို့အတူ ထိုစာအုပ်အားဖြင့် ဘုရားသခင်အသုံးပြုခြင်း ကိုခံရသူ၊ အသင်းသား ၂၀၀၀၀ ကျော်ရှိသော California ပြည်နယ်ရှိ Saddleback အသင်းတော်၏ သင်းအုပ်ဆရာ ဒေါက်တာရစ်ခ်ဝါရင်း (Rick Warren) ကိုလည်း လူသိအလွန်များပေသည်။ သူသည် ၁၉၅၄ ခုနှစ် ဂျန်န္နဝါရီလ ၂၈ ရက်နေ့တွင် ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဟိုဆေး မြို့တွင်မွေးဖွါးပြီး၊ ‘ကေး’ ဆိုသူအမျိုးသမီးနှင့် အိမ်ထောင်ကျကာ ကလေးသုံးယောက်၏ ဖခင်ဖြစ်သည်။
0

သမ္မာကျမ်းစာမှပုဂ္ဂိုလ်များ (ဒံယေလ)

 
သမ္မာကျမ်းစာမှပုဂ္ဂိုလ်များ (ဒံယေလ)

Unicode & Zawgyi Reshare-#9Dan
Posted on August 25, 2012 by thawngno • Posted in Bible Study • Tagged Thawngno • 1 Comment
သူ့ အသက်တာ၏ အထင်ရှားဆုံး ညတွင် လူသားစား ခြသေ့ၤ များနှင့် အတူ ပိတ်လှောင် ထားခြင်းခံရသော သူဖြစ်သည်။ ထိုည သူ၏ အသက် သည် (၈၀) ဝန်းကျင်ခန့်ရှိမည် ဟု ခန့်မှန်းရပြီး၊ သူ့ဘဝ၏ နောက်ဆုံးည ဖြစ်မည်ဟု သူကိုယ်တိုင် ထင်ကောင်းထင်ခဲ့မိပေလိမ့်မည်။ သူ့ကို ရင်းနှီးချစ်ခင်သော သူ့၏မိတ်ဆွေ ဘုရင်ကြီးသည်လည်း ထိုနည်း၎င်းခံစားရ မည်မှာ မြေကြီးလတ်ခတ်မလွဲပင်။ ကလိမ်ကကျစ် အကွက်ဆင်ခြင်း၊ မတရား ထောင်ချောက်ဆင်ခြင်း များ၏ နောက်၊ ခြသေ့ၤ လှောင်ချိုင့် အတွင်း ပစ်ချစေ ဟူသော ပြစ်ဒဏ်စီရင်ခြင်း ကို သူ၏ မိတ်ဆွေ ဘုရင်ကြီး ကိုယ်တိုင် အမိန့်ထုတ်ပြန် ခံရသော ဒံယေလ။ ဘုရင်ကြီးကိုယ်တိုင် ထိုနေ့ တညလုံး စားတော်မခေါ်ဘဲ အစာရှောင် ဆုတောင်း ကောင်းဆုတောင်းနေပေလိမ့်မည်။ သူ ကိုယ်တိုင် အစာရှောင် ဆုတောင်းသကဲ့သို့ လှောင်ချိုင့်အတွင်းမှ ခြသေ့ၤ များလည်း အစာရှောင် ဆုတောင်းနေကြရင် အရမ်း ကောင်းမှာဘဲ ဟု ပင်တချက်တချက် စဉ်းစားနေပေလိမ့်မည်။
0

ခေါင်းဆောင်နှင့် ဆရာကြီး

 
ခေါင်းဆောင်နှင့် ဆရာကြီး

Unicode & Zawgyi Reshare-#9Dan
ဒီဆောင်းပါးရဲ့ ခေါင်းစဉ်ကို ဆီလျော်အောင် ဘာသာပြန်ဆိုရရင် ခေါင်းဆောင်ဖြစ်ပါ ဆရာကြီးမလုပ်ပါနဲ့ဆိုတဲ့အဓိပ္ပါယ်ပေါ့။ ခေါင်းဆောင်ဆိုတာ ရှေ့ကနေတယ်၊ ဆရာကြီးကတော့ နောက်ကနေတတ်တယ်။ ခေါင်းဆောင်ဆိုတာအောက်ကနေတယ်၊ ဆရာကြီးကတော့အထက်မှာနေတာ အဓိပ္ပါယ်က အဲဒီလိုကွာပါ တယ်။
ခေါင်းဆောင်ရဲ့အရည်အသွေးက "ဟေ့အားလုံးအပေါ်ရောက်ပြီလား၊ လူစစ်ရအောင်" လူစုံပြီဆိုမှ ကားပေါ်နောက်ဆုံးတက်တဲ့လူ။ "ဟေ့ အားလုံးစားပြီးပြီလား၊ လောက်ငှရဲ့လား အားလုံးဝပြီ "ဆိုမှသူစားတတ်တယ်။ မပိုရင်မကျန်ရင် သူမစားဘူးအငတ်ခံတယ်။ အားလုံးအိပ်ပြီဆိုမှ သူအိပ်တယ်၊ဘယ်သူမှမနိုးခင် သူအရင်ထတယ်။ဆရာကြီးကတော့ "ဟေ့ ခေါင်းခန်းကငါ့နေရာပြောထားစမ်း ဘယ်သူမှ အဲဒီမှာမထိုင်စေနဲ့" ဆိုပြီးအခန့်သား တက်ထိုင်နေတတ်သူ။ အိမ်ဦးခေါင်းဆောင်နှင့် ဆရာကြီးခန်းမှာနေရာပေးပြီး စားဦးစားဖျားကျွေးမှကျေနပ်တတ်သူ။ ငါအိပ်နေရင် ဘယ်သူမှလာ
မနှောက်ယှက်စေနှင့် မနက် ၈ နာရီမှငါ့ကိုလာနိုးစမ်းလို့ အမိန့်မျိုးတွေ ပေးတတ်သူပေါ့ (အသက်ကြီးသူတွေအတွက် ချွင်းချက်ရှိပေမဲ့ လူငယ်လရွယ်တွေအတွက်မှာတော့ ဒီစရိုက်တွေရှိနေရင်အလားအလာမကောင်းဘူးပေါ့)။
0

ဒမာသက်သို့ သွားရာလမ်း

 
 ဒမာသက်သို့ သွားရာလမ်း

Unicode & Zawgyi Reshare-#9Dan
ရှောလု .. သူကား နှယ်နှယ်ရရ မဟုတ်.. အဆင့်မြင့် ဖာရိရှဲ တစ်ယောက်.. ဂျူးလူမျိုးတို့ ဝတ်ပြုရာ ကျောင်းတော်ကြီးမှ အဆင့်မြင့် အရာရှိ တစ်ဦး.. ယဇ်ပုရောဟိတ်များနှင့် အလွမ်းသင့်သူ.. ခရစ်ယာန်များက သူ့အမည်ကို ကြားရုံမျှနှင့် ဖိန့်ဖိန့်တုန်အောင် ကြောက်ရသည်။ ယခုသူ ဒမာသက်(Damascus) မြို့သို့ သွားရာလမ်းပေါ်၌ ရောက်နေသည်။ မြင်းဖြူကြီးကို စီးနင်းပြီး လက်ထဲ၌မူ ဓားရှည်တစ်လက်ကို ကိုင်ဆွဲထားသည်။ မြင်းတပ် စစ်သည်တော်များ နှင့် ခြေလျင်တပ်သားတစ်စု ကို ဦးဆောင်ကာ ဒမာသက်မြို့သို့ ဦးတည် ခရီးဆက်နေသည်။ စိတ်ထဲမှာလည်း ”ဖာရိရှဲပဲ နိုင်မလား၊ ယေရှုပဲ နိုင်မလား၊ တွေ့ကြသေးတာပေါ့” ဟု ကြိမ်းဝါးနေသည်။ ဂျေရုဆလင်မြို့မှ ထွက်ပြေးတိမ်းရှောင်နေသော ကနဦး ခရစ်ယာန်များကို ရှာဖွေပြီး သုတ်သင်ရှင်းလင်း ပစ်ရန်သာ သူ၏ အတွေးထဲ၌ ရှိသည်။
0

ဆရာကြီးယုဒသန်၏ ဘဝမှတ်တိုင်

 
ဆရာကြီးယုဒသန်၏ ဘဝမှတ်တိုင်

Unicode & Zawgyi Reshare-#9Dan
ယုဒသန် (ခရစ် ၁၇၈၈ -၁၈၅ဝ)
Adoniram Judson Burma's First Missionary Download Bio (Printable Version 400K)
Adoniram Judson
by Galen B. Royer*

Born in Malden, Massachusetts, August 9, 1788. JUDSON MEMORIAL IN RANGOON UNIVERSITY
Died on the Indian Ocean, April 12, 1850. BooK "To the Golden Shore" US$13

ယုဒသန် (ခရစ် ၁၇၈၈ -၁၈၅ဝ)။
ဆရာကြီးယုဒသန်သည် ဘိုးတော်ဘုရားလက်ထက်တွင် အမေရိကန်ပြည်ထောင်စုမှရောက်လာသော ခရစ်ယာန် သာသနာပြု ပုဂ္ဂိုလ်ဖြစ်သည်။ ယုဒသန် ဟူသောအမည်မှာ မြန်မာတို့က ဂျပ်ဆင် ဆိုသောစကားလုံးကို အသံလှယ်၍ ခေါ်ဆိုသော အသံထွက်ဖြစ်ပြီး အမည်ရင်းမှာ အဒိုနီရမ်ဂျပ်ဆင် ဖြစ်လေသည်။ ယုဒသန်သည် မြန်မာနိုင်ငံတွင် အမေရိကန် နှစ်ခြင်းအသင်းတော်ကို စတင်တည်ထောင်သူဖြစ်သည်။ ယုဒသန်သည် မြန်မာနိုင်ငံ ခရစ်ယာန် သာသနာရေးဘက်၌သာမက စာပေဘက်၌သော်၎င်း၊ နိုင်ငံရေးဘက်၌သော်၎င်း ထင်ရှားကျော်ကြားသောပုဂ္ဂိုလ်ဖြစ်လေသည်။
0

ခရစ်တော်အတွက်သာ မဟုတ်ခဲ့ရင်

 
ခရစ်တော်အတွက်သာ မဟုတ်ခဲ့ရင်

Unicode & Zawgyi Reshare-#9Dan
အဒေါနိယာမ် ဂျက်ဆင်ကို ၁၇၈၈ ခုနှစ် သြဂုတ်လ (၉) ရက်နေ့တွင် အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ် မော်လ်ဒန်းမြို့တွင် မိခင် အဘိဂဲလနှင့် ဖခင် အဒေါနိယာန် ဂျက်ဆင်တို့မှ ဖွားမြင်ခဲ့ပါသည်။ ထိုမြို့နယ်လေးတွင် အမှုတော်ဆောင် သင်းအုပ်ဆရာဖြစ်သော ဖခင်၏ သွေးတွေ သူ၏ အသွေးအသားထဲတွင် ဆက်လက် စီးဆင်းသွားမည်ဟူ၍ မည်သူကမျှ ကြိုတင်တွေးထားခဲ့ခြင်း မရှိပေ။
ငယ်ရွယ်စဉ်ကပင် ညဏ်ပညာထက်မြက်သော ဂျက်ဆင်သည် ၁၈၀၄ ခုနှစ်တွင် ဘရောင်း တက္ကသိုလ်တွင် ပညာသင်ကြား အောင်မြင်ခဲ့ပြီး အသက် (၁၉) နှစ်အရွယ် ၁၈၀၇ ခုနှစ်တွင် အခြေခံ အင်္ဂလိပ် သဒ္ဒါစာအုပ် တစ်အုပ်နှင့် နှင့် အမျိုးသမီးငယ်တို့၏ သင်္ချာစသည့် ပြဌာန်းစာအုပ် (၂) အုပ်ကို ဖြည့်စွတ်ဖြည့်စည်း ခဲ့လေသည်။
0

Judson Day အတွက် ရေးဖွဲ့ခဲ့တဲ့ ဆရာယုဒသန် အတွက် ကဗျာရှည်

 
Judson Day အတွက် ရေးဖွဲ့ခဲ့တဲ့ ဆရာယုဒသန် အတွက် ကဗျာရှည်

==================================
Unicode & Zawgyi Reshare-#9Dan
ယုဒသန်သို့ . .တမ်းချင်း

(၁)
သမိုင်းတစ်ခုရဲ့အစ
ကန့်လန့်ကာ တစ်ခုရဲ့ နိဒါန်း
နံနက်ခင်းနေခြည်ရဲ့ ထည်ဝါမှုနဲ့
ငြိမ်းအေးခြင်းတရားကို စီရင်ခဲ့သူ
ယုဒသန်

ခရစ်ယာန်ဘာသာ အတွက်သူရဲကောင်း
သူက ဓမ္မတရားကို ထောင်းထောင်းကြေညက်သူ
သမ္မာကျမ်းစာကိုယုံကြည်
တည်တည်ကြည်ကြည်လည်းရှိသူ
သံလွင်ခက်ရဲ့ ချိုးငှက် ရယ်ကူ
လူသူအပေါင်း တို့ငြိမ်းချမ်းစေသား . .
0

အံ့သြဘွယ် ဂျူးလူမျိူး

အံ့သြဘွယ် ဂျူးလူမျိူး
May 22, 2013 at 12:26 AM
Unicode & Zawgyi Reshare-#9Dan
(အစ္စရေးလူမျိုး)

မိတ်ဆွေတစ်ဦး ပို့ပေးလိုက်တဲ့ Isreal - Facts of History အကြောင်းကို ဖတ်ကြည့်နေပါတယ်။ ၁၅ မိနစ်လောက်ပဲ ကြာမယ်ဆိုပေမဲ့ နာရီများစွာ ကြာသွားပါတယ်။ စိတ်ဝင်စားစရာ  ကမ္ဘာကျော် အစ္စရေးလူမျိုး (ခရစ်ယာန်သမ္မာကျမ်းစာ အရဆိုရင် က္ကုသရေလလူမျိုး) အကြောင်းဆိုတော့ ......

 ဂျူး နဲ့ အာရပ် အရှေ့အလယ်ပိုင်း အရေးအခင်းကို ကြည့်ရင်  အစ္စရေး Benjamin Netanyahu အင်တာဗျူးမှာ  ဒါငါတို့မြေပဲ .. လို့ပြောပါတယ်။ ခရစ်ယာန်တက္ကသိုလ်တခုက ပါမောက္ခတစ်ဦးက အချက်အလက်များနဲ့ ရေးထားပါတယ်။၁။ နိုင်ငံနဲ့ ဂျေရုဆလင်မြို့ ဟာ B.C 1312 (လွန်ခဲ့တဲ့ နှစ်၃၃၀၀) ကတည်းက အစ္စလမ်ဘာသာ မပေါ်ခင်ကတည်းက ရှိခဲ့ပါတယ်။၂။ အာရပ်ဒုက္ခသယ်များ (ပါလက်စတိုင်း) ကိစ္စဖြစ်ပြီး နှစ်၂၀အကြာ 1967 ခုနှစ်မှာ အစ္စရေးနိုင်ငံ ခိုင်ခိုင်မာမာပေါ်လာပါတယ်။၃။ B.C 1272 မှာ ဂျူးလူမျိုးများ နိုင်ငံထူထောင်ပြီးနောက်ပိုင်း နှစ်ပေါင်း ၃၃၀၀ အဆက်မပြက် နေထိုင်လာတဲ့ နယ်မြေဖြစ်ပါတယ်။၄။ အာရပ်နယ်မြေဖြစ်သွားတာက A.D 635 မှာဖြစ်ပြီး ၂၂နှစ်လောက်ပဲ အာရပ်အောက်မှာရှိခဲ့ပါတယ်။
0

အသက်ကို ရင်းပြီးပြန်ဆိုရသော ဘာသာပြန်ဆရာကြီးများ

 
အသက်ကို ရင်းပြီးပြန်ဆိုရသော ဘာသာပြန်ဆရာကြီးများ

Unicode & Zawgyi Reshare-#9Dan
New Covenant
အသက်ကို ရင်းပြီးပြန်ဆိုရသော ဘာသာပြန်ဆရာကြီးများ
လေးစားရတဲ့သူတွေထဲမှာ ဘာသာပြန်စာရေးဆရာကြီးတွေလဲပါ ပါတယ်။
ဘာသာပြန်တယ်ဆိုတာ ပြန်ဆိုခံ ဘာသာစာပေနဲ့ ပြန်ဆိုရမယ့် ဘာသာစာပေတို့ကို
တတ်ကျွမ်းရ တယ်လို့ ဘာသာပြန် စာပေပညာရှင် ကြီးတွေပြောတာ
မှတ်သားရဖူးပါတယ်။

ဘာသာပြန်စာပေ စာတမ်း ဖတ်ပွဲမှာ တင်သွင်းတဲ့စာတမ်းတွေ ကို လက်လှမ်းတစ်မီ

ဖတ်ကြည့်မှ ဘာသာပြန်နိုင်ဖို့၊ ဘာသာပြန်ရတာ ဘယ်လောက်ခဲယဉ်းတယ်သိလိုက်ရ

ပါတယ်။ ဒီတော့မှလဲ ဘာသာပြန် စာရေးဆရာတွေ ကြီး၊ လတ်၊ ငယ် အားလုံးကို ကျေးဇူးတင်ရလှပါ တယ်။

ဆရာကြီးတွေရဲ့ ဘာသာပြန် လက်ရာတွေဖတ်ရ၊ ခံစားရပြန်တော့ လဲ ပြန်တတ်လိုက်ပလေ။ ရေးတတ် လိုက်ပလေလို့ ပီတိဖြစ်ရပါတယ်။
0

နောက်ထပ် မာကုပညာရှိကြီးတစ်ပါးအကြောင်း

နောက်ထပ် မာကုပညာရှိကြီးတစ်ပါးအကြောင်း
Unicode & Zawgyi Reshare-#9Dan
Murann Ezine
Options for this story
နောက်ထပ် မာကုပညာရှိကြီးတစ်ပါးအကြောင်း
ခရစ်ယန်ကျမ်းစာအရ အရှေ့တိုင်းက မာကုပညာရှိများ (၃)ပါး၊ လောဗန်၊ မုရန် နဲ့ ရွှေ၊ (၃)မျိုး သူငယ်တော်ကို ဖူးမြင်၊ ပူဇော်၊ လက်ဆောင် ပေးခဲ့တယ် လို့ သိရပါတယ်။ စတ္တုထမြောက် ပညာရှိတစ်ပါး ရှိသေးကြောင်းကို သမိုင်းဆရာတွေ မသေချာလို့ ကျန်ခဲ့ရ ဖြစ်သွားရပါတယ်။ ကျမ်းစာမှာလည်း အတိကျ ရေးမထားပါဘူး။ ကံအားလျှော်စွာ လွန်ခဲ့သော အနှစ်၁၀၀ကျော်လောက်မှ နောက်ထပ် ပညာရှိတစ်ပါးကို လူတွေ သိရှိခဲ့ရပါတယ်။
အဲဒီ ပညာရှိကြီး ၄ပါးဟာ ယုဒလူမျိုးတွေရဲ့ ဘုရင် ဖွားမြင်ပြီလို့ သိပြီး သူငယ်တော် ဖွားမြင်ရာ ယုဒပြည်ကို သွားဖို့ချိန်းဆို လိုက်ပါတယ်။ ၄ယောက်မြောက် ပညာရှိကြီးက သူငယ်တော်အတွက် ပူဇော်သက္ကာ၊ လက်ဆောင်အဖြစ် အလွန်အဖိုးထိုက်တန်တဲ့ နီလာ၊ ပတ္တမြားနဲ့ မဟာပုလဲရတနာ (၃)မျိုးကို ယူဆောင်လာခဲ့ပါတယ်။
0

တရုပ်ပြည်၏ ဘီလီဂရေဟန် John Sung (1901 - 1944)

 
တရုပ်ပြည်၏ ဘီလီဂရေဟန် John Sung (1901 - 1944)

Unicode & Zawgyi Reshare-#9Dan
Murann Ezine
Options for this story
တရုပ်ပြည်၏ ဘီလီဂရေဟန် John Sung (1901 - 1944)
၁၉၂၇ခုနှစ်တွင် John Sung အသက် ၂၆နှစ်အရွယ် အမေရိကန်မှရှန်ဟိုင်းသို့ ထွက်ခွာမည့် သင်္ဘောပေါ်တွင် လိုက်ပါစီးနင်းခဲ့သည်။ သူသည် အမေရိကန်၌ ၇နှစ်ကျော်မျှ နေထိုင်ခဲ့ပြီး ပါရဂူဘွဲ့ Ph.D အပါအဝင် ဘွဲ့၃ခုကို ဆွတ်ခူးခဲ့သည်။

ခရီးဆုံးရောက်လုနီးချိန်တွင် Sung သည် ဖခင်ကိုပြသရန်၊ ပါရဂူလက်မှတ်မှ လွဲ၍ ရရှိခဲ့သမျှ ဘွဲ့လက်မှတ်များနှင့် ဆုတံဆိပ်များကို ရေထဲသို့လွှင့်ပစ်လိုက်သည်။ သူသည် ခရစ်တော်ကို လက်ခံရရှိခဲ့ပြီးသည့်နောက် ကျန်သည့်ဘဝကို ထာဝရ အရာအတွက်သာ အသက်ရှင်တော့မည်ဟု သန္နိဌာန်ချခဲ့သည်။
0

အိန္ဒိယပြည်၏ တမန်တော် ဆန္ဒာဆင်း (Sundar Singh) (၁၈၈၉ - ၁၉၂၉)

 
အိန္ဒိယပြည်၏ တမန်တော်

Unicode & Zawgyi
ဆန္ဒာဆင်း (Sundar Singh) (၁၈၈၉ - ၁၉၂၉)
အအေးဓါတ်ကသူ၏ ပါးလွှွာသော အဝတ် ကိုဖြတ်ကျော်စူး ဝင်လာသည်။ ဆူးညှောက် ခလုတ်များနှင့် ကျောက်ခဲ တုံးများက ဖိနပ်မပါသော သူ၏ခြေထောက် ကိုပွန်းပဲ့ထိ ခိုက်စေသည်။ သို့သော်လည်း သူသည်ဆီးနှင်း များဖုံးလွမ်း လျက် ရှိသောတောင် တန်းများ ကိုဖြတ်ကျော်လျှောက် လှမ်းခဲ့သည်။ ဖြူဖွေးနေသော ဆီးနှင်းများပေါ် တွင်သူ ၏ခြေ ထောက်မှထွက် ကျခဲ့သော သွေးများကျ ကျန်ရစ်ခဲ့သည်။ ပတ်တီး စည်းရန်သူထိုင်ချ လိုက်သည်။ သူ့အနောက်မှ လိုက်လာ ခဲ့သော အခြားလူတစ်ယောက်က သူ့အနားချဉ်းကပ်
လာပြီးစကားစမြည်ပြော လိုက်သည်။ “ခင်ဗျား ဘယ်လို ခံစားရလဲ။” “ကျွန်တော့်ရဲ့အံ့သြဘွယ် ကယ်တင်ရှင်ခရစ်တော်၌ ကျွန်တော်ဝမ်းမြောက် လျက်ရှိပါတယ်” ဟူ၍ဆန္ဒာဆင်း ကပြန်ဖြေ လိုက်သည်။
Back to Top Related Posts Plugin for WordPress, Blogger...