မာသာထရီဇာ - myworldtolivein
Unicode & Zawgyi Reshare-#9Dan
လူ့လောကကြီးနဲ့လူသားတွေအတွက်အသက်ရှင်ပြီးအကျိုးဆောင်ခဲ့သူတွေအနက် မာသာထရီဇာဟာတစ်ဦးအပါအဝင်ပါ။ရှိရှိသမျှကိုယ်ကျိုးစွန့်ပြီးအငယ်ဆုံးသောသူတွေအတွက်
တတ်စွမ်းသလောက်လုပ်ဆောင်သွားခဲ့သူဖြစ်ပါတယ်။ဒီလိုလူတွေအတွက်လုပ်ဆောင်ရခြင်းအတွက်
ဘာကိုမှလည်းမတောင်းဆိုခဲ့သလို၊လုပ်ပေးရလောက်အောင်တန်ကောတန်ရဲ့လားလို့
သံသယလည်းမဖြစ်ခဲ့ပါဘူး။သူမဆီကခွန်အားရယူကြပါစို့။
မာသာထရီဇာ
အဂ္ဂနက်စ်ဂွန်ဇာဘိုဂျက်ဇုကို၁၉၁၀ခုနှစ်၊သြဂုတ်လ၊၂၆ရက်နေ့တွင်အော်တိုမင်အင်ပါယာ၊ ဥဇကပ်(ယခုကာလ၊မက်ဆီဒိုးနီးယားနိုင်ငံရဲ့မြို့တော်၊စကုပ်ဂျီ)မှာဖွားမြင်ခဲ့ပါတယ်။သူမဟာ
အယ်လဘေးနီးယားနိုင်ငံ၊စကိုဒါဒေသကလာတဲ့နီကိုလေနဲ့ဒရာနာဘိုဂျက်ဇုမိသားစုရဲ့
အငယ်ဆုံးသမီးလေးဖြစ်ပါတယ်။အယ်လဘေးနီးယန်းနိုင်ငံရေးလောကမှာကျင်လည်နေတဲ့
သူမရဲ့ဖခင်နီကိုလေကွယ်လွန်ချိန်၊၁၉၁၉ခုနှစ်အချန်မှာသူမဟာအသက်(ဂ)နှစ်အရွယ်သာရှိပါသေးတယ်။
ဖခင်ကွယ်လွန်ပြီးချိန်မှာမိခင်ဖြစ်သူကသူမကိုရိုမန်ကက်သလစ်ဘာသာဝင်တစ်ယောက်ဖြစ်လာအောင်
သွန်သင်ခဲ့ပါတယ်။ဖခင်နီကိုလေဟာပရစ်ဇန်ကိုဆိုဗိုကလာသူဖြစ်ပြီးမိခင်ဒရာနာကတော့ ဒါကိုဗီကာကိုဆိုဗိုဒေသအနီးကရွာလေးတစ်ရွာကဖြစ်ပုံရပါတယ်။
သူမရဲ့ငယ်စဉ်တောင်ကျေးကလေးဘဝကိုအိန္ဒိယပြည်မှာသာသနာပြုခဲ့တဲ့ပုဂ္ဂိုလ်တွေရဲအသက်တာဖြစ်
ရပ်တွေကကြီးစိုးလွမ်းမိုးထားပုံရပါတယ်။အသက်၁၂နှစ်အရွယ်မှာတော့အဂ္ဂနက်စ်ကလေးဟာ
ဘာသာရေးလောကထဲကိုဝင်ရောက်ဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။သူမရဲ့နောက်ဆုံအဓိဌာန်ကို
သူမဘုရားဖူးသွားလေ့ရှိတဲ့လက်နိုက်စ်ကမက်ဒေါနားရုပ်တုရှေ့ မှောက်မှာဆုတောင်းနေစဉ်
၁၉၂၈ခုနှစ်ရဲ့သြဂုတ်လ၊၁၅ရက်နေ့မှာချခဲ့တာဖြစ်ပါတယ်။သီလရှင်တစ်ပါးဖြစ်လာဖို့အတွက်
အသက်၁၈နှစ်အရွယ်မှာလော်ရီတိုကသီလရှင်ကျောင်းကိုဝင်ဖို့အိမ်ကထွက်ခွာခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့အဂနက်စ်ဟာအိမ်ကမိခင်နဲ့အစ်မတွေကိုပြန်ဆုံတွေ့ခွင့်မကြုံတော့ပါဘူး။
ပထမဦးစွာအင်္ဂလိပ်စာသင်ဖို့အဂ္ဂနက်စ်ဟာအိုင်ယာလန်နိုင်ငံ၊ရပ်ဖ်ဖာဟမ်မှာရှိတဲ့လော်ရီတို
သီလရှင်ကျောင်းကိုသွားရပါတယ်။ဒီကျောင်းဟာအိန္ဒိယကခလေးသူငယ်တွေကိုအင်္ဂလိပ်စာသင်
ဖို့အတွက်လော်ရီတိုကသီလရှင်တွေတက်လေ့ရှိတဲ့ကျောင်းဖြစ်ပါတယ်။၁၉၂၉ခုနှစ်မှာတော့ အဂ္ဂနက်စ်ဟာအိန္ဒိယပြည်ကိုရောက်ရှိလာပြီးဟိမဝန္တာတောင်ခြေနားကဒါဂျီလင်မှာသာသနာ
အမှုတော်ကိုစတင်ခဲ့ပါတယ်။အဂ္ဂနက်စ်ဟာသူမတို့ရဲ့ကွန်ဗင့်ကျောင်းမှာကလေးတွေကို
စာသင်နေရင်းအနီးမှာရှိတဲ့စိန့်ထရီဇာကျောင်းမှာဘင်ဂါလီဘာသာကိုသင်ယူခဲ့ပါတယ်။
၁၉၃၁ခုနှစ်၊မေလ(၂၄)ရက်နေ့မှာတော့သီလရှင်တစ်ပါးအဖြစ်သစ္စာဆိုခဲ့ပါတယ်။ စိန့်ထရီစီဒီလီစီယော့ဆ်ရဲ့ဘွဲ့နာမကိုခံယူလိုပေမယ့်ကွန်ဗင့်ကျောင်းကအခြားသီလရှင်
တစ်ပါးခံယူသွားပြီးဖြစ်သောကြောင့်စပိန်ဘာသာအရထရီဇာဆိုတဲ့အမည်ကိုဘဲခံယူလိုက်ပါတယ်။
ကလ္တကတ္တားမြို့အရှေ့ဖက်ပိုင်းကအန္တာလီကွန်ဗင့်ကျောင်းမှာစာပြနေတဲ့အချိန်၊၁၉၃၇ခုနှစ်၊မေလ
(၁၄)ရက်ေ့နမှာ တော့လေးနက်တဲ့သစ္စာကိုပြုခဲ့ပါတယ်။အဲဒီမှာနှစ်ပေါင်းနှစ်ဆယ်နီးပါးတာဝန်
ထမ်းဆောင်ပြီးချိန်၊၁၉၄၄ခုနှစ်မှာကျောင်းအုပ်ဆရာမကြီးဖြစ်လာခဲ့ပါတယ်။ကျောင်းမှာ
စာသင်ပြရတာကိုသီလရှင်ထရီဇာပျော်ပိုက်ပါတယ်။ဒါပေမယ့်ပတ်ပတ်လည်မှာမြင်နေရတဲ့
ကလ္တကတ္တားရဲ့ဆင်းရဲတွင်းနက်မှုကသူမကိုပိုပြီးစိတ်အနှောက်အယှက်ဖြစ်စေပါတယ်။
၁၉၄၃ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ဘင်္ဂလားငတ်မှုခေါင်းပါးမှုဘေးကမြို့တော်ကြီးဆီအနိတ္ထာရုံတွေနဲ့
အနိစ္စတရားကိုသယ်ဆောင်လာချိန်၊၁၉၄၆ခုနှစ်သြဂုတ်လမှာဖြစ်ပွားခဲ့တဲ့ဟိန္ဒူနဲ့မူဆလင်
လူမျိုးတို့ရဲ့အဓိကရုဏ်းကြီးကလ္တကတ္တားမြို့ကြီးကိုဒုက္ခပင်လယ်ဝေစေခဲ့ပြီးချောက်ချားစရာ
ဌာနေတစ်ခုဖြစ်စေခဲ့ပါတယ်။
၁၉၄၆ခုနှစ်၊စက်တင်ဘာလ(၁၀)ရက်နေ့၊ခါတိုင်းနှစ်တွေလိုကလ္တကတ္တားကနေဒါဂျီလင်ကလော်ရီတို
ကွန်ဗင့်ကျောင်းကိုအသွားမီးရထားဘူတာရုံမှာခေါ်သံကိုသူမကြားလိုက်ရပြီ။
..ငါဟာကွန်ဗင့်ကျောင်းကထွက်ခွာပြီးတော့ဆင်းရဲသားတွေတောထဲမှာနေထိုင်ရင်းသူတို့ကို
ကူညီရမယ်။ဒါဟာအထက်ကလာတဲ့အမိန့်ဖြစ်တယ်။ဒါကိုလုပ်ဆောင်ဖို့ပျက်ကွက်ခြင်းဟာ
ငါ့ရဲ့ယုံကြည်ခြင်းပျက်သုံးသွားခြင်းဘဲ..
လို့သူမခံယူခဲ့ပါတယ်။
၁၉၄၈ခုနှစ်မှာတော့လော်ရီတိုသီလရှင်ဝတ်ရုံဖြူအစားအပြာစင်းအနားသတ်တွေပါတဲ့ဝတ်ရုံ
ကိုပြောင်းလဲဝတ်ဆင် ပြီးဆင်းရဲသားတွေအတွက်စတင်လုပ်ဆောင်ပါတော့တယ်။အိန္ဒိယ
လူမျိုးအဖြစ်ခံယူပြီးပန်တာကဆေးရုံမှာလအနည်းငယ်ကြာဆေးပညာသင်ယူပြီးသည့်ကာလ
ကလ္တကတ္တားရဲ့ဆင်းရဲသားရပ်ကွပ်ထဲမှာအလုပ်စတင်ခဲ့ပါတယ်။အစဦးဆုံးမော်တစ်ဂျ်ဟေးလ်
မှာကျောင်းတစ်ကျောင်းဖွင့်တယ်။များမကြာမီလူမွဲတွေနဲ့ငတ်မွတ်ခေါင်းပါးသူတွေအတွက်
စတင်လုပ်ဆောင်ပါတော့တယ်။၁၉၄၉ခုနှစ်ဦးပိုင်းမှာတော့အမျိုးသမီးငယ်တစ်စုကသူမရဲ့
လုပ်ငန်းမှာပါဝင်လာခဲ့ပြီးဆင်းရဲဆကာ့အဆင်းရဲဆုံးသူများအတွက်
အမှုတော်ကိုစတင်ခဲ့ပါတယ်။
များမကြာမီအချိန်အတွင်းမှာသူမရဲ့လုပ်ဆောင်မှုတွေကိုအာဏာပိုင်တွေကသတိပြုမိ
လာပြီးဝန်ကြီးချုပ်ကိုယ်တိုင်ကအသိအမှတ်ပြုမှုကိုဖေါ်ပြလာပါတယ်။မာသာထရီဇာရဲ
့ဒိုင်ယာရီအရဆိုရင်တော့ပထမနှစ်ဟာအခက်အခဲတွေနဲ့နပန်းလုံးနေရတဲ့ကာလပါဘဲ။
ဝင်ငွေတပြားမှမရှိတဲ့အတွက်အစားအသောက်နဲ့အထောက်အပံ့အတွက်ဖြေရှင်းစရာ
နည်းလမ်းကတော့လိုက်လံတောင်းရမ်းရခြင်းပါဘဲ။အစဦးပိုင်းလတွေမှာသံသယတွေ
နဲ့အထီးကျန်မှုတွေကြောင့်ပိုပြီးသက်တောင့်သက်သာရှိတဲ့ကွန်ဗင်းကျောင်းကိုပြန်ချင်တဲ့
အထိဖြစ်ခဲ့ပါတယ်။သူမရဲ့ဒိုင်ယာရီထဲမှာ
..သခင်ဘုရားကဆင်းရဲခြင်းကားတိုင်ကိုထမ်းဖို့လွပ်လပ်တဲ့သီလရှင်တစ်ပါးဖြစ်စေချင်ခဲ့ပြီ။
ဒီကနေ့သင်ခန်းစာကောင်းကိုရခဲ့ပြီ။ဆင်းရဲသားတွေကြုံတွေ့ရတဲ့ဒုက္ခဟာသူတို့အတွက်
ပင်ပန်းလှပါတယ်။သူတို့အတွက်နေစရာအိမ်၊အစားအစာနဲ့ကျန်းမာရေးအတွက်
ဘယ်လောက်များခက်ခက်ခဲခဲကြိုးပမ်းရမလဲ။ဒီလိုနဲ့ကျွန်မဟာအလိုတော်အတိုင်း
ဒီမှာဘဲဆက်နေဖို့ဆန္ဒပြုခဲ့ပါတယ်။သူတို့မျက်ရည်တစ်စက်မကျစေရပါဘူး။..
Missionary of Charity အဖြစ်ရပ်တည်လုပ်ဆောင်သွားရန်ခွင့်ပြုချက်ကို၁၉၅၀ခုနှစ်
၊အောက်တိုဘာလ(ရ)ရက်နေ့မှာဗာတီကန်ကခွင့်ပြုခဲ့ပါတယ်။မစ်ရှင်ကတော့သူမ
အဆိုအတိုင်းပြောရပါက
..ဆာလောင်သူ၊အဝတ်မဲ့သူ၊အိမ်မဲ့ယာမဲ့၊ဒုက္ခိတ၊မျက်မမြင်၊နူနာစွဲသူများ၊အပယ်ခံများ၊
လူအသိုင်းအဝိုင်းကစွန့်ပယ်ခြင်းခံရသူများ၊လူ့အဖွဲ့အစည်းအတွက်ဝန်ထုပ်ဝန်ပိုးဖြစ်နေ
သူများ၊လူတိုင်းနှာခေါင်းရှုံ့မှုခံနေရသူများ…
အတွက်ပါဘဲ။
အဲဒီအချိန်တုန်းကကလ္တကတ္တားမှာသီလရှင်(၁၃)ပါးနဲ့စတင်ခဲ့တဲ့အမှုဟာခုချိန်မှာတော့
ကမ္ဘာတစ်ဝှမ်းမှာမိဘမဲ့ဂေဟာတွေ၊အေအိုင်ဒီအက်စ်စောင့်ရှောက်မှုလုပ်ငန်းတွေ၊
ဂရုဏာလုပ်ငန်းအမျိုးမျိုးကိုလုပ်ဆောင်နေကြတဲ့သီလရှင်ပေါင်း(၄၀၀၀)ကျော်ရှိနေပါပြီ။
၁၉၅၂ခုနှစ်၊ကလ္တကတ္တားမြို့တော်မှာသေခါနီးလူတွေအတွက်ဂေဟာတစ်ခုကိုစတင်ဖွင့်လှစ်ခဲ့
ပါတယ်။အာဏာပိုင်တွေရဲ့အကူအညီနဲ့စွန့်ပစ်ထားတဲ့ဟိန္ဒူဘုရားကျောင်းတစ်ဆောင်ကို
အခမဲ့သေခါနီးစောင့်ရှောက်မှုဂေဟာအဖြစ်ပြောင်းလဲဖွင့်လှစ်ခဲ့ပါတယ်။ဒီဂေဟာကိုရောက်လာ
သူတွေဟာဆေးကုသမှုကိုခံယူရတဲ့အပြင်သေဆုံးသူတွေကလည်းလူလိုသူလိုဂုဏ်သိက္ခာရှိရှိ၊
ကိုယ့်ရဲ့ဘာသာရေးထုံးတမ်းစဉ်လာအတိုင်းသဂြိုၤလ်ခွင့်ရကြပါတယ်။သူမရဲ့အဆိုအရ
..တိရိစ္ဆာန်သဖွယ်အသက်ရှင်ခဲ့ရပေမယ့်နတ်သမီး၊နတ်သားတွေလို
ချစ်ခင်မှု၊လိုလားမှုရှိရှိသေဆုံးခွင့်ရခြင်း..ပါတဲ့။
မကြာမီမှာတော့မာသာထရီဇာဟာအနာကြီးရောဂါသည်တွေအတွက် ရှန်တိနဂ္ဂ်ဂါ ဆိုတဲ့
ငြိမ်းချမ်းရေးမြို့တော်ကိုတည်ဆောက်ခဲ့ပါတယ်။သူမရဲ့ဂရုဏာရှင်အဖွဲ့ကလည်းကလ္တကတ္တားမြို့
တစ်ဝှမ်းအနာကြီးရောဂါသည်တွေကိုလိုက်လံရှာဖွေပြီးအစာရေစာ၊ဆေးဝါးနဲ့အနာကိုပတ်တီး
စည်းပေးကြပါတယ်။စောင့်ရှောက်ထားတဲ့မိဘမဲ့ကလေးတွေတဖြည်းဖြည်းနဲ့များပြားလာချိန်မှာ
သူတို့တွေအတွက်ဂေဟာတစ်ဆောင်ဆောက်ဖို့စိတ်ကူးရှိလာပါတယ်။၁၉၅၅ခုနှစ်မှာ အိမ်မဲ့ယာမဲ့နဲ့မိဘမဲ့လလေးတွေအတွက် နမ္မာလရှိရှုဗပ္မာန်
ဂေဟာကိုဖွင့်လှစ်နိုင်ခဲ့ပါတယ်။
ဂရုဏာသီလရှင်များ
အမှုတော်ဟာအလှူရှင်တွေကိုရောပါဝင်ဆက်ကပ်လိုသူတွေကိုပါဆွဲဆောင်နိုင်ခဲ့ပြီး၁၉၆၀ခုနှစ်များ
အတွင်းမှာအိန္ဒိယနိုင်တစ်ဝှမ်းစောင့်ရှောက်မှုဂေဟာတွေ၊မိဘမဲ့ဂေဟာတွေနဲ့အနာကြီးစောင့်ရှောက်
မှုဂေဟာတွေကိုအမြောက်အများဖွင့်လှစ်နိုင်ခဲ့ပါတယ်။မာသာထရီဇာဟာသူမလုပ်ကိုတကမ္ဘာလုံး
အတိုင်းအတာဖြစ်လာအောင်ကြိုးပမ်းခဲ့ပါတယ်။အိန္ဒိ္ဒယပြင်ပရဲ့ပထမဦးဆုံးခြေလှမ်းအနေနဲ့
ဗင်နီဇွဲလားနိုင်ငံမှာသီလရှင်ငါးပါးပါဝင်တဲ့ဂေဟာတစ်ဆောင်ကို၁၉၆၅ခုနှစ်မှာဖွင့်လှစ်နိုင်ငံခဲ့
ပါတယ်။နောက်ပိုင်းမှာတော့၁၉၆၈ခုနှစ်မှာရောမ၊တန်ဇန်းနီးယားနဲ့သြစတြီးယားတွေမှာ
လည်းကောင်း၊၁၉၇၀ခုနှစ်တွေအတွင်းမှာအာရှ၊အာဖရိက၊ဥရောပနဲ့အမေရိကမှာဂေဟာ
နဲ့ဖောင်ဒေးရှင်းဒါဇင်ပေါင်းများစွာဖွင့်လှစ်နိုင်ခဲ့ပါပြီ။
၁၉၆၃ခုနှစ်မှာဂရုဏာကိုယ်တော်များအဖွဲ့ကိုထူထောင်နိုင်ခဲ့ပြီးတော့၁၉၇၆ခုနှစ်မှာတော့သီလရှင်
များအဖွဲ့ကိုဖွဲ့စည်းခဲ့ပါတယ်။မာသာထရီဇာရဲ့လုပ်ငန်းမှာသာမန်ကက်သလစ်ဘာသာဝင်တွေရော၊
ကက်သလစ်ဘာသာဝင်မဟုတ်သူတွေပါပူးပေါင်းပါဝင်လာပါတယ်။၁၉၈၄ခုနှစ်မှာဖာသာ ဂျိုးဇက်လန်းဂ်ဖေါ့ဒ်နဲ့ဂရုဏာဘုန်းတော်ကြီးသာသနာပြုအဖွဲ့ကိုထူထောင်ပြီးသာသနာအမှု
ကိုပြုခဲ့ပါတယ်။၂၀၀၇ခုနှစ်မှာတော့ဂရုဏာသာသနာပြုအဖွဲ့ဟာနိုင်ငံပေါင်း၁၂၀မှာကိုယ်တော်
အပါး၄၅၀၊သီလရှင်အပါး၅၀၀၀နဲ့ကျောင်း၊ဂေဟာတွေအပါအဝင်သာသနာလုပ်ငန်းပေါင်း
၆၀၀ကျော်ကိုလုပ်ဆောင်နေပါပြီ။
မာသာထရီဇာဟာအိန္ဒိယအစိုးရရဲ့အသိအမှတ်ပြုမှုကိုခံရပြီး၁၉၆၂ခုနှစ်မှာပဒ္ဒမာသီရိဘွဲ့ကို
လည်းကောင်း၊၁၉၆၉ခုနှစ်မှာနေရုူးဆုတံဆိပ်ကိုလည်းကောင်းချီးမြင့်ခြင်းခံခဲ့ရပြီး
၁၉၇၂ခုနှစ်တွေမှာလည်းအလားတူဘွဲ့တံဆိပ်ကြီးတွေချီးမြင့်ခြင်းခံခဲ့ရသည့်အပြင်၁၉၈၀ခုနှစ်
မှာအိန္ဒိယရဲ့အမြင့်ဆုံးနိုင်ငံသားဆုတံဆိပ်ဘာရက်ရတ်တ္တနာဆုတံဆိပ်အပ်နှင်းခြင်းခံခဲ့ရပါတယ်။
၁၉၇၉ခုနှစ်မှာတော့ကမ္ဘာ့နိုဗယ်ငြိမ်းချမ်းရေးဆုကြီးကိုရယူနိုင်ခဲ့ပါတယ်။မာသာထရီဇာကို
ဂုဏ်ပြုအပ်နှင်းခဲ့တဲ့ဆုတံဆိပ်တွေကတော့မရေမတွက်နိုင်အောင်ပါဘဲ။
၁၉၉၇ခုနှစ၊်မတ်လ(၁၃)ရက်နေ့မှာဂရုဏာသာသနာပြုလုပ်းငန်းရဲ့အကြီးအကဲရာထူးမှအနား
ယူပြီးနောက်၁၉၉၇ခုနှစ်၊စက်တင်ဘာလ(၅)ရက်နေ့မှာတော့လူ့လောကထဲကအပြီးအပိုင်အနား
ယူထွက်ခွာသွားခဲ့ပါတယ်။လူကွယ်လွန်သွားခဲ့သော်လည်းသူမရဲ့လက်ရာခြေရာတွေကတော့
လူသားတွေအတွက်ဆက်လက်အကျိုးပြုနေဆဲပါဘဲ။
http://www.murann.com/ezine/index.php?option=com_content&view=article&id=1588%3A-myworldtolivein&catid=2%3Aknowledge&Itemid=44
မာသာထရီဇာ - myworldtolivein
Unicode & Zawgyi Reshare-#9Dan
မာသာထရီဇာ
လူ့လောကကြီးနဲ့လူသားတွေအတွက
တတ်စွမ်းသလောက်လုပ်ဆောင်သွာ
ဘာကိုမှလည်းမတောင်းဆိုခဲ့သလ
သံသယလည်းမဖြစ်ခဲ့ပါဘူး။သူမဆ
မာသာထရီဇာ
အဂ္ဂနက်စ်ဂွန်ဇာဘိုဂျက်ဇုကိ
အယ်လဘေးနီးယားနိုင်ငံ၊စကိုဒ
အငယ်ဆုံးသမီးလေးဖြစ်ပါတယ်။အ
သူမရဲ့ဖခင်နီကိုလေကွယ်လွန်ခ
ဖခင်ကွယ်လွန်ပြီးချိန်မှာမိ
သွန်သင်ခဲ့ပါတယ်။ဖခင်နီကိုလ
သူမရဲ့ငယ်စဉ်တောင်ကျေးကလေးဘ
ရပ်တွေကကြီးစိုးလွမ်းမိုးထာ
ဘာသာရေးလောကထဲကိုဝင်ရောက်ဖိ
သူမဘုရားဖူးသွားလေ့ရှိတဲ့လက
၁၉၂၈ခုနှစ်ရဲ့သြဂုတ်လ၊၁၅ရက်
အသက်၁၈နှစ်အရွယ်မှာလော်ရီတိ
အဲဒီနောက်ပိုင်းမှာတော့အဂနက
ပထမဦးစွာအင်္ဂလိပ်စာသင်ဖို့
သီလရှင်ကျောင်းကိုသွားရပါတယ
ဖို့အတွက်လော်ရီတိုကသီလရှင်
အမှုတော်ကိုစတင်ခဲ့ပါတယ်။အဂ
စာသင်နေရင်းအနီးမှာရှိတဲ့စိ
၁၉၃၁ခုနှစ်၊မေလ(၂၄)ရက်နေ့မှ
တစ်ပါးခံယူသွားပြီးဖြစ်သောက
ကလ္တကတ္တားမြို့အရှေ့ဖက်ပို
(၁၄)ရက်ေ့နမှာ တော့လေးနက်တဲ့သစ္စာကိုပြုခဲ
ထမ်းဆောင်ပြီးချိန်၊၁၉၄၄ခုန
စာသင်ပြရတာကိုသီလရှင်ထရီဇာပ
ကလ္တကတ္တားရဲ့ဆင်းရဲတွင်းနက
၁၉၄၃ခုနှစ်မှာဖြစ်ပွားခဲ့တဲ
အနိစ္စတရားကိုသယ်ဆောင်လာချိ
လူမျိုးတို့ရဲ့အဓိကရုဏ်းကြီ
ဌာနေတစ်ခုဖြစ်စေခဲ့ပါတယ်။
၁၉၄၆ခုနှစ်၊စက်တင်ဘာလ(၁၀)ရက
ကွန်ဗင့်ကျောင်းကိုအသွားမီး
..ငါဟာကွန်ဗင့်ကျောင်းကထွက်
ကူညီရမယ်။ဒါဟာအထက်ကလာတဲ့အမိ
ငါ့ရဲ့ယုံကြည်ခြင်းပျက်သုံး
လို့သူမခံယူခဲ့ပါတယ်။
၁၉၄၈ခုနှစ်မှာတော့လော်ရီတို
ကိုပြောင်းလဲဝတ်ဆင် ပြီးဆင်းရဲသားတွေအတွက်စတင်လ
လူမျိုးအဖြစ်ခံယူပြီးပန်တာက
ကလ္တကတ္တားရဲ့ဆင်းရဲသားရပ်က
မှာကျောင်းတစ်ကျောင်းဖွင့်တ
စတင်လုပ်ဆောင်ပါတော့တယ်။၁၉၄
လုပ်ငန်းမှာပါဝင်လာခဲ့ပြီးဆ
အမှုတော်ကိုစတင်ခဲ့ပါတယ်။
များမကြာမီအချိန်အတွင်းမှာသ
လာပြီးဝန်ကြီးချုပ်ကိုယ်တို
့ဒိုင်ယာရီအရဆိုရင်တော့ပထမန
ဝင်ငွေတပြားမှမရှိတဲ့အတွက်အ
နည်းလမ်းကတော့လိုက်လံတောင်း
နဲ့အထီးကျန်မှုတွေကြောင့်ပိ
အထိဖြစ်ခဲ့ပါတယ်။သူမရဲ့ဒိုင
..သခင်ဘုရားကဆင်းရဲခြင်းကား
ဒီကနေ့သင်ခန်းစာကောင်းကိုရခ
ပင်ပန်းလှပါတယ်။သူတို့အတွက်
ဘယ်လောက်များခက်ခက်ခဲခဲကြို
ဒီမှာဘဲဆက်နေဖို့ဆန္ဒပြုခဲ့
Missionary of Charity အဖြစ်ရပ်တည်လုပ်ဆောင်သွားရန
၊အောက်တိုဘာလ(ရ)ရက်နေ့မှာဗာ
အဆိုအတိုင်းပြောရပါက
..ဆာလောင်သူ၊အဝတ်မဲ့သူ၊အိမ်
လူအသိုင်းအဝိုင်းကစွန့်ပယ်ခ
သူများ၊လူတိုင်းနှာခေါင်းရှ
အတွက်ပါဘဲ။
အဲဒီအချိန်တုန်းကကလ္တကတ္တား
ကမ္ဘာတစ်ဝှမ်းမှာမိဘမဲ့ဂေဟာ
ဂရုဏာလုပ်ငန်းအမျိုးမျိုးကိ
၁၉၅၂ခုနှစ်၊ကလ္တကတ္တားမြို့
ပါတယ်။အာဏာပိုင်တွေရဲ့အကူအည
အခမဲ့သေခါနီးစောင့်ရှောက်မှ
သူတွေဟာဆေးကုသမှုကိုခံယူရတဲ
ကိုယ့်ရဲ့ဘာသာရေးထုံးတမ်းစဉ
..တိရိစ္ဆာန်သဖွယ်အသက်ရှင်ခ
ချစ်ခင်မှု၊လိုလားမှုရှိရှိ
မကြာမီမှာတော့မာသာထရီဇာဟာအန
ငြိမ်းချမ်းရေးမြို့တော်ကို
တစ်ဝှမ်းအနာကြီးရောဂါသည်တွေ
စည်းပေးကြပါတယ်။စောင့်ရှောက
သူတို့တွေအတွက်ဂေဟာတစ်ဆောင်
ဂေဟာကိုဖွင့်လှစ်နိုင်ခဲ့ပါ
ဂရုဏာသီလရှင်များ
အမှုတော်ဟာအလှူရှင်တွေကိုရေ
အတွင်းမှာအိန္ဒိယနိုင်တစ်ဝှ
မှုဂေဟာတွေကိုအမြောက်အများဖ
အတိုင်းအတာဖြစ်လာအောင်ကြိုး
ဗင်နီဇွဲလားနိုင်ငံမှာသီလရှ
ပါတယ်။နောက်ပိုင်းမှာတော့၁၉
လည်းကောင်း၊၁၉၇၀ခုနှစ်တွေအတ
နဲ့ဖောင်ဒေးရှင်းဒါဇင်ပေါင်
၁၉၆၃ခုနှစ်မှာဂရုဏာကိုယ်တော
များအဖွဲ့ကိုဖွဲ့စည်းခဲ့ပါတ
ကက်သလစ်ဘာသာဝင်မဟုတ်သူတွေပါ
ကိုပြုခဲ့ပါတယ်။၂၀၀၇ခုနှစ်မ
အပါး၄၅၀၊သီလရှင်အပါး၅၀၀၀နဲ့
၆၀၀ကျော်ကိုလုပ်ဆောင်နေပါပြ
မာသာထရီဇာဟာအိန္ဒိယအစိုးရရဲ
လည်းကောင်း၊၁၉၆၉ခုနှစ်မှာနေ
၁၉၇၂ခုနှစ်တွေမှာလည်းအလားတူ
မှာအိန္ဒိယရဲ့အမြင့်ဆုံးနို
၁၉၇၉ခုနှစ်မှာတော့ကမ္ဘာ့နို
ဂုဏ်ပြုအပ်နှင်းခဲ့တဲ့ဆုတံဆ
၁၉၉၇ခုနှစ၊်မတ်လ(၁၃)ရက်နေ့မ
ယူပြီးနောက်၁၉၉၇ခုနှစ်၊စက်တ
ယူထွက်ခွာသွားခဲ့ပါတယ်။လူကွ
လူသားတွေအတွက်ဆက်လက်အကျိုးပ
http://www.murann.com/
မာသာထရီဇာ - myworldtolivein
Unicode & Zawgyi Reshare-#9Dan
မာသာထရီဇာ