0

မြန်မာပြည်မှာ အရောင်းရဆုံးစာအုပ်တဲ့လား Reshare #9Dan Unicode & Zawgyi

 
မြန်မာပြည်မှာ အရောင်းရဆုံးစာအုပ်တဲ့လား

Reshare #9Dan Unicode & Zawgyi
______________________________
______________________________
# By Aungline Daitu

များမကြာမှီက သူငယ်ချင်း တစ်ယောက်စာအုပ်တစ်အုပ် ယူလာပါတယ်။ စာအုပ်ခေါင်းစဉ်ကတော့ ဖန်ဆင်းရှင်မရှိသော စကြာဝဠာနှင့် ဘုန်းကြီးဝတ်ခဲ့သော ယေရှု ဖြစ်ပါတယ်။ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးဆိုတဲ့ နာမည်နဲ့ထုတ်တာပါ။
စာအုပ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ခရစ်ယာန်ဘာသာကို တိုက်ခိုက်တာပါ။ ရေးတဲ့ ပုဂ္ဂိုလ်က ဘယ်သူဘယ်ဝါဆိုတာ မသိပေမယ့် ဗုဒ္ဓဘာသာဝင် ဘုန်းကြီးနာမည်ခံထားပါတယ်။
အဲဒီစာအုပ်က အရောင်းရဆုံးပြောကြလို့ စာပေဝါသနာပါသူမို့လှန်လျောကြည့်ပါတယ်။ ပြောစရာနည်းနည်းရှိတာကို တွေ့ရပါတယ်။ စာရေးသူဘယ်သူဆိုတာ မသိတဲ့အတွက် စာရေးသူရဲ့ academic credibilty ကိုထောက်ပြရတာ လွယ်ပါတယ်။ ပုဂ္ဂိုလ်ရေးမထိခိုက်ဘဲ ရေးလို့ရတာပေါ့။
ခရစ်ယာန်ဘာသာကို ဝေဖန်တာက ကောင်းတဲ့ အပြုမူပါ။ ဘာသာတရားဆိုတာ အဝေဖန်ခံမှ ကောင်းမှာ။ ဒါပေမယ့် စာရေးသူက ခရစ်ယာန်ဆိုတာ အတွေးခေါ်အယူအဆမှားပြီး ညာဏ်မမှီသူတွေက ကိုးကွယ်တဲ့ ပုံစံရေးလို့ သူ့စာအုပ်ရဲ့ အားနည်းချက်ကို သုံးသပ်တာပါ။
#
၁။ ပထမဆုံးအချက်ကတော့ literary comment ပါ။ ဗမာစကားဟာ အင်မတန်မှ ယဉ်ကျေးတဲ့ ပြီးတော့ ဝေါဟာရကြွယ်ဝတဲ့ ဘာသာစကားပါ။ ဟင်ဒီ အင်္ဂလိပ်တို့လို ယဉ်ကျေးတဲ့ ဘာသာစကားဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီစာအုပ်ကိုရေးတဲ့ စာရေးဆရာရဲ့ စကားလုံးအသုံးအနှုံးတွေက ရိုင်းစိုင်းပါတယ်။ လင်တရူးတို့ ကြာကူလီတို့ စတဲ့စကားလုံးတွေ သုံးနှုံးထားသလို စာမျက်နှာတိုင်းမှာ မြန်မာစာပေရဲ့ အနှစ်သာရတွေကို မှေးမှိန်စေပြီး ရိုင်းစိုင်းတဲ့ ဝေါဟာရတွေတွေ့ရပါတယ်။
#
၂။ ဒုတိယတစ်ချက်ကတော့ title ပါ။ ဖန်ဆင်းရှင်မရှိသော စကြာဝဠာနှင့် ဘုန်းကြီးဝတ်ခဲ့သော ယေရှုလို့သုံးထားပါတယ်။ ဒီတော့ သူ့မှာသက်သေပြရမယ့် hypothesis နှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ ဖန်ဆင်းရှင်မရှိဘူးဆိုတာရယ်ဖြစ်ပြီးတော့ ဒုတိယတစ်ကတော့ ဘုန်းကြီးဝတ်ခဲ့သောယေရှုဖြစ်ပါတယ်။ ပထမတစ်အချက်ဖြစ်တဲ့ ဖန်ဆင်းရှင်မဆိုဘူးဆိုတဲ့ အဆိုကို argue လုပ်ဖို့အတွက် သူက science နဲ့ philosophy ကိုသုံးရမှာဖြစ်သလို ဒုတိယတစ်ချက်ဖြစ်တဲ့ ဘုန်းကြီးဝတ်ခဲ့သောယေရှုဆိုတဲ့ အဆိုကို သက်သေပြဖို့အတွက် history ကိုသုံးရမှာဖြစ်ပါတယ်။ စာရေးဆရာဟာ အဲဒီအကြောင်းအရာတွေကို မဆွေးနွေးဘဲ ကျမ်းစာထဲက ကျမ်းပိုက်အချို့ကို out of context (နောက်ခံသမိုင်းကို ပယ်ထားပြီး) ထောက်ပြတာတွေ့ရတယ်။ ခေါင်းစဉ်လွဲနေတယ်ဆိုတဲ့ သဘောပါ။
#
၃။ တတိယတစ်ချက်ကတော့ methodology ပါ။ အတွေးခေါ်ပညာရပ်မှာ propostion (အဆိုတစ်ခု) ကို သက်သေပြဖို့ သိပ္ပံပညာဖြင့် သက်သေပြနည်း နှစ်မျိုးကို သုံးကြပါတယ်။ ပထမတစ်မျိုးကို verification လို့ခေါ်ပါတယ်။ မှန်ကန်ကြောင်း သက်သေပြတာပါ။ ဒုတိယတစ်ခုကို falsification လို့ခေါ်ပါတယ်။ မှားကြောင်းသက်သေပြရတာပါ။ အဲဒီနည်းနှစ်ခုကို strong rationalism လို့ခေါ်ပြီးတော့ သက်သေပြတဲ့အခါ sense data လို့ခေါ်တဲ့ အာရုံငါးပါးကို အသုံးပြုပြီးသက်သေပြနိုင်တဲ့နည်း (empericalism) ကိုအသုံးပြုကြပါတယ်။ ခရစ်ဘာသာကို ဝေဖန်တဲ့ ဘာသာမဲ့ atheist အများစုဟာ ခရစ်ယာန်ဘာသာကိုဝေဖန်တဲ့အခါမှာ အဲဒီ empericalim နဲ့ တိုက်ခိုက်ပြီး ဘုရားရှိတယ်ဆိုတာကို verify လုပ်ခိုင်းပါတယ်။ ခရစ်ယာန်အတွေးခေါ်ပညာရှင်တော်တော်များများကလည်း သိပ္ပံကို သိပ္ပံနဲ့ ပြန်ချေပတဲ့အခါမှာ atheist တွေအနေနဲ့ ဘုရားမရှိဘူးဆိုတာကို falsify ပြန်လုပ်ခိုင်းပါတယ်။ ခရစ်ယာန်တွေက ဘုရားရှိတယ်ဆိုတာကို emperical နည်းနဲ့ verify မလုပ်နိုင်သလို atheist တွေကလည်း falsify မလုပ်နိုင်ကြပါဘူး။ ဒီတော့ ခရစ်ယာန်ရော ခရစ်ယာန်မဟုတ်သူရော ဘုရားရှိ/ မရှိကို argue လုပ်တဲ့ အခါမှာ emperical knowledge ထက် rational knowledge ကို အခြေခံပြီး ငြင်းခုံဆွေးနွေးကြပါတယ်။
#
၄။ စတုတ္ထအချက်ကလည်း methodology ပါဘဲ။ အထက်ကပြောသလို emperically သက်သေပြ (verify) နဲ့ (falsify) သက်သေပြလို့မရတာကို rationally သက်သေပြရပါတယ်။ rational argument လုပ်တဲ့ အခါမှာ basic laws လို့ခေါ်တဲ့ လူတွေ ငြင်းဆန်လို့မရတဲ့ နိယာမတရားတွေကို အရင်ဆုံးချပြရပါတယ်။ ဥပမာ ... the law of non-contradiction တို့ the law of causality တို့ပါ။ သိပ္ပံပညာရော ဝိဇ္ဇာပညာမှာပါ လက်ခံကြတဲ့ နိယာမ တွေဖြစ်တယ်။ အဲဒီနိယာမတွေနဲ့ တိုင်းပြီးတော့ ခရစ်ယာန်ဘာသာဟာ contradictory ဖြစ်တဲ့အပိုင်းဘာရှိသလဲ (တစ်နည်းအားဖြင့် the law of non-contradiction နဲ့ ဆန့်ကျင်တဲ့အပိုင်းဘာရှိလဲ) ဒါမှမဟုတ် ခရစ်ယာန်ကျမ်းစာမှာရှိတဲ့ ဘယ်ဟာတွေကတော့ဖြင့် the law of causality နဲ့ဆန့်ကျင်တယ်ဆိုတာကို သက်သေပြရပါမယ်။ အထက်ကပြောခဲ့တဲ့ စာအုပ်ကို ရေးတဲ့စာရေးဆရာဟာ အဲဒီတစ်ချက်မှ မလုပ်ဘူးဆိုတာကို တွေ့ရတယ်။ အဲဒါ စာအုပ်ရဲ့ credibility ကိုကျဆင်းစေပါတယ်။
နောက်တစ်ချက်က စာရေးသူဟာ ကျမ်းစာထဲမှာရှိတဲ့ ယောရှုဆုတောင်းလို့ နေရပ်တန့်သွားတယ်ဆိုတဲ့ ကိစ္စကို လှောင်ပြောင်ထားပါတယ်။ ဒါဟာ အင်မတန်ရှင်းပြရခက်တဲ့ ကိစ္စဆိုပေမယ့် စာရေးသူသာ methodology မှန်ခဲ့ရင် the law of inertia လို့ခေါ်တဲ့ ရွေ့ရှားခြင်းနိယာမ the law of motion ကိုသုံးပြီး ဆွေးနွေးရင် ခရစ်ယာန်ဘာသာဝင်တစ်ယောက် ဖြစ်တဲ့ ကျနော့်အတွက်ရှင်းပြရခက်ခဲသွားနိုင်ပါတယ်။ ဒါပေမယ့် သူဟာ အဲဒီနိယာမ မသုံးဘဲ သိပ္ပံနဲ့ မကိုက်တာကို သွင်သွင်ကြီးပြောနေတာဟာ တော်တော်လေးမှားနေပါတယ်။
#
၅။ ပဉ္ဇမတစ်ချက်ကတော့ သူဟာ hermeneutics လို့ခေါ်တဲ့ interpretation ကိုနားမလည်တာပါ။ ကျမ်းစာကိုရေးတဲ့အခါ literary genre လို့ခေါ်တဲ့ အရေးသားမျိုးစုံနဲ့ရေးထားတာပါ။ သမိုင်းတွေ ဇတ်လမ်းတွေရှိသလို ကဗျာအလင်္ကာတွေပါပါတယ်။ အလကာင်္စာပေတွေရဲ့ သဘောသဘာဝအရ metaphorical language လို့ခေါ်တဲ့ ခိုင်းနှိုင်းထားတဲ့ ဥပမာအလကာင်္တွေ လိုတာထက်ပိုရေးထားတဲ့ အတိတ္တယဝုတ္တိအလကာင်္ ဝင်္ကဝုတ္တိအလကာင်္တွေသုံးထားပါတယ်။ အဲဒါကို အနက်ဖွင့်တဲ့အခါမှာ သူ့ရဲ့ literal meaning လို့ခေါ်တဲ့ စာစကားအဓိပ္ပါယ်ထက် intended meaning လို့ခေါ်တဲ့ ရည်ရွယ်အချက်အဓိပ္ပါယ်ကို ဖွင့်ရပါတယ်။ အဲဒီစာအုပ်ရေးသူဟာ ခရစ်ယာန်ကျမ်းစာရဲ့ genre တွေကို ဘာမှမသိဘဲ ရမ်းသမ်းပြီးအနက်ဖွင့်ဝေဖန်ထားပါတယ်။ ဥပမာအားဖြင့် ဗုဒ္ဓဘာသာဝင်တွေပြောတဲ့ မြင့်မိုရ်တောင်ဆိုတာ တကယ့်တောင်ကြီးကို ပြောတာမဟုတ်ဘဲ တစ်စုံတစ်ခုဟာ ဘယ်လောက်ကြီးမားတယ်ဆိုတာကို ပြောတဲ့ metaphorical expression ဘဲဖြစ်တယ်။
#
၆။ ဆဌမအချက်ကတော့ ရေးသူဟာ သူ့ရဲ့ position လို့ခေါ်တဲ့ stand point ဘာမှချပြမထားပါဘူး။ သူတစ်ပါးကို မှားတယ် (fallacious) ဖြစ်တယ်လို့ စာအုပ်ထုတ်ထောက်ပြရင် ဒါကမှန်ယ်ဆိုတဲ့ alternative ကို truth အနေနဲ့ချပြရပါတယ်။ သူဟာအဲဒါဘာမှ မလုပ်နိုင်ခဲ့ပါဘူး။ သူ့ကိုယ်သူ ဘာကြောင့် ဒီဟာကိုမှားတယ်လို့ ယူဆပြီး ဘာကြောင့်ဒီဟာကို မှန်တယ်ဆိုတာ ချပြမပေးနိုင်တာ စာရေးနည်းမတတ်လို့ဖြစ်ပါလိမ့်မယ်။
#
၇။ သတ္တမအချက်ကတော့ သူဟာ ခရစ်ယာန်ကျမ်းစာထဲက supernatural တွေကိုဝေဖန်ထားပါတယ်။ အဲဒါဟာ religious အထက်ကပြောတဲ့အတိုင်း သူ့ postion ကိုသူမသိလို့ဖြစ်တယ်။ ဘယ်ပညာတတ်တဲ့ Muslim ကမှ ခရစ်ယာန်တွေရဲ့ supernatural တွေကို မဝေဖန်သလို ဘယ်ခရစ်ယာန်မှ ဗုဒ္ဓဘာသာဝင်တွေရဲ့ supernatural တွေကို မဝေဖန်ပါဘူး။ ဝေဖန်ရင်လည်း superstition ကိုဘဲဝေဖန်မယ်။ supernatural တွေဆိုတာ သက်သေပြလို့မရတဲ့ ဘာသာတရားအားလုံးရဲ့ အနှစ်သာရဖြစ်ပါတယ်။ သဘောသဘာဝလည်းတူကြပါတယ်။ ကွဲတာက whole worldview ပါ။ သူ့ရဲ့ source တွေကွဲတာ။ ဒီတော့ စာရေးသူဟာ ခရစ်ယာန်တွေရဲ့ supernatural တွေဝေဖန်ဖို့ဆိုရင် သူဟာ materialist သို့မဟုတ် nihilist ဖြစ်ဖို့လိုပါတယ်။ အဲလိုမဟုတ်ဘဲ supernatural ကိုဝေဖန်ရင် သူ့ရဲ့ argument ဟာ self-defeating ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်တဲ့ argument ဖြစ်ပါယ်။
#
၈။ အဌမအချက်ကတော့ source ပါ။ ယေရှဘုန်းကြီးဝတ်လား မဝတ်လားဆိုတာ သက်သေပြဖို့က နှစ်ပေါင်း ၂၀၀၀ ကြာပြီးက အဖြစ်ပျက်ကို သက်သေပြဖို့ဆိုရင် source ကအရေးကြီးပါတယ်။ စာရေးသူဟာ source ဘာမှမသုံးထားဘူး reference ဘာမှမပေးထားတော့ ဖတ်ရတာ ရမ်းသမ်းရေးမှန်းသိသာလွန်းပါတယ်။ ဒါဟာ သူ့စာအုပ်ရဲ့ credibility အဆင့်တန်းကို ကိုဆင်းစေတယ်ဆိုတာ thesis ရေးဖူးတဲ့ scholar တွေအားလုံးသိပါတယ်။
#
၉။ နဝမအချက်ကတော့ စာရေးသူရဲ့ moral argument ပါ။ သူဟာ ခရစ်ယာန်ဘာသာဟာ moraly မှားတယ်လို့ ရေးချင်ပုံရပါတယ်။ ဟုတ်ပါတယ်။ ကျမ်းစာကို ဝေဖန်ဖို့ အလွယ်ဆုံးနေရာက morality ပါ။ post modernist တွေက ခရစ်ယာန်ဘာသာရဲ့ အချို့ကျမ်းပိုဒ်တွေဟာ regressive ဖြစ်နယ်လို့ ဝေဖန်ကြပါတယ်။ ဒါလည်း post modernism ရဲ့အယူအဆပါ။ ကျနော် post modernism အကြောင်းရေးတာ မဟုတ်တဲ့ အတွက် သူ့အားနည်းချက်တွေ မပြောတော့ဘူး။ ဒါပေမယ့် စာရေးသူဟာ ခရစ်ယာန်ဘာသာကို ရှတ်ချချင်ရင် သူ argue လုပ်ရင်း Christianity morality ကိုဝေဖန်သလို မှန်ကန်တယ်လို့ သူယူဆတဲ့ morality ကိုသူကိုယ်တိုင် present လုပ်ပေးမှသာလျှင်သူ့စာအုပ်ဟာ အကျိုးရှိမှာပါ။
#
၁၀။ ဒသမတစ်ချက်ကတော့ textual criticism ပါ။ ခရစ်ယာန်ကျမ်းစာရဲ့ source ကိုဝေဖန်ခြင်းပါ။ သူပထမ introduction မှာလုပ်ဖို့ကြိုးစားပါတယ်။ သူမကြိုးစားသင့်ဘူး။ bible ဆိုတာ textual critic တွေ အဝေဖန်ဆုံးနဲ့ defend အလုပ်ဆုံးစာပါ။ Oxford တို့ Cambridge ရဲ့ library တွေမှာလုပ်ရတဲ့ အလုပ်ပါ။ မဟုတ်ရင် ဒါဗင်ချီကုတ်လိုမိုး scholar တွေအတွက် ဟာသဖြစ်သွားနိုင်ပါတယ်။ သူဘာလို့ textaul criticism မလုပ်သင့်လဲဆိုရင် သူဟာ ဗုဒ္ဓကျမ်းကန်တွေရဲ့ source ကို defend လုပ်ရတာ ခက်သွားမှာဖြစ်တဲ့အတွက်ပါ။ ဘာဖြစ်လို့လည်းဆိုတော့ Theology နဲ့ bible ဟာကမ္ဘာပေါ်မှာ source အများဆုံးမို့ textaul criticism ကို ပညာရှင်တွေသိပ်မလုပ်ရဲကြတာပါ။
#
နောက်ဆုံးတစ်ချက်ကတော့ သူ့ရဲ့ intention ပါ။ ခရစ်ယာန်ဘာသာကို လျပ်ပေါ်လော်လီတဲ့ သူ့အသုံးအနှုံးအဆိုရင် ကြာကူလီ လင်တာရူးဘာသာလို့မြင်စေချင်တာကလွဲရင် ပိုကောင်းတဲ့ အမြင်အယူဝါဒဘာတစ်ခုမှ present လုပ်မထားပါဘူး။ ဒါဟာမှားပါတယ်။
#
ဒီစာကို ဖတ်ပြီးရင်

ခရစ်ယာန်တွေ ဘယ်သူ့ကိုမှ မဆဲကြပါနဲ့။ စာအုပ်ကြောင့်လဲ စိတ်မဆိုးကြပါနဲ့။ သူ့အမြင်သူရေးတာ မှားမှားမှန်မှန် respect ပေးဖို့ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ဝယ်ဖတ်ကြပါ။ သူများစာကို ဖတ်ချင်းဟာ သူများကိုယ့်ကို ဘယ်လိုမြင်သလဲဆိုတာ သိနိုင်သလို သူများရဲ့ အယူအဆကိုလည်း နားလည်နိုင်တယ်။
#
ဗုဒ္ဓဘာသာဝင်များ သူငယ်ချင်းများလေးစားပါတယ်။ စာအုပ်ရေးသူ၏ မှားယွင်းသည်ဟု ယူဆရသောအယူအဆများကို ဝေဖန်လိုသော်လည်း မိတ်ဆွေဗုဒ္ဓဘာသာဝင်များ အထင်လွဲမည်စိုးသဖြင့် ဤမျှဖြင့်သာ။

လူသားအားလုံးကိုလေးစားပါတယ်။ ဘာသာတိုင်းကိုလည်း လေးစားပါတယ်။
#
ကျမ်းကိုး

Alister McGrath ရဲ့ Science and Religion
C S Lweis ရဲ့ Miracles နဲ့ Mere Christianity
RC Sproul ရဲ့ Defending Faith
Richard Dawkins ရဲ့ God Delusion
Sam Harris ရဲ့ Moral Landscape
John Lenox ရဲ့ Gunning for God
Julian Zugg ရဲ့ Christian Aplogetics
Norman Geisler ရဲ့ Balanced Apologetics
Tim Keller ရဲ့ The Reason for God

Original Post link ( 2016 , August 25 )
https://web.facebook.com/aungling.dattui/posts/1403816399634391

Credit...Shwe Pay

ျမန္မာျပည္မွာ အေရာင္းရဆုံးစာအုပ္တဲ့လား

Reshare #9Dan Unicode & Zawgyi
______________________________
______________________________
# By Aungline Daitu

မ်ားမၾကာမွီက သူငယ္ခ်င္း တစ္ေယာက္စာအုပ္တစ္အုပ္ ယူလာပါတယ္။ စာအုပ္ေခါင္းစဥ္ကေတာ့ ဖန္ဆင္းရွင္မရွိေသာ စၾကာဝဠာႏွင့္ ဘုန္းႀကီးဝတ္ခဲ့ေသာ ေယရႈ ျဖစ္ပါတယ္။ အမ်ိဳးဘာသာ သာသနာေစာင့္ေရွာက္ေရးဆိုတဲ့ နာမည္နဲ႔ထုတ္တာပါ။
စာအုပ္ရဲ႕ အဓိက ရည္႐ြယ္ခ်က္ကေတာ့ ခရစ္ယာန္ဘာသာကို တိုက္ခိုက္တာပါ။ ေရးတဲ့ ပုဂၢိဳလ္က ဘယ္သူဘယ္ဝါဆိုတာ မသိေပမယ့္ ဗုဒၶဘာသာဝင္ ဘုန္းႀကီးနာမည္ခံထားပါတယ္။
အဲဒီစာအုပ္က အေရာင္းရဆုံးေျပာၾကလို႔ စာေပဝါသနာပါသူမို႔လွန္ေလ်ာၾကည့္ပါတယ္။ ေျပာစရာနည္းနည္းရွိတာကို ေတြ႕ရပါတယ္။ စာေရးသူဘယ္သူဆိုတာ မသိတဲ့အတြက္ စာေရးသူရဲ႕ academic credibilty ကိုေထာက္ျပရတာ လြယ္ပါတယ္။ ပုဂၢိဳလ္ေရးမထိခိုက္ဘဲ ေရးလို႔ရတာေပါ့။
ခရစ္ယာန္ဘာသာကို ေဝဖန္တာက ေကာင္းတဲ့ အျပဳမူပါ။ ဘာသာတရားဆိုတာ အေဝဖန္ခံမွ ေကာင္းမွာ။ ဒါေပမယ့္ စာေရးသူက ခရစ္ယာန္ဆိုတာ အေတြးေခၚအယူအဆမွားၿပီး ညာဏ္မမွီသူေတြက ကိုးကြယ္တဲ့ ပုံစံေရးလို႔ သူ႔စာအုပ္ရဲ႕ အားနည္းခ်က္ကို သုံးသပ္တာပါ။
#
၁။ ပထမဆုံးအခ်က္ကေတာ့ literary comment ပါ။ ဗမာစကားဟာ အင္မတန္မွ ယဥ္ေက်းတဲ့ ၿပီးေတာ့ ေဝါဟာရႂကြယ္ဝတဲ့ ဘာသာစကားပါ။ ဟင္ဒီ အဂၤလိပ္တို႔လို ယဥ္ေက်းတဲ့ ဘာသာစကားျဖစ္ပါတယ္။ ဒါေပမယ့္ အဲဒီစာအုပ္ကိုေရးတဲ့ စာေရးဆရာရဲ႕ စကားလုံးအသုံးအႏႈံးေတြက ႐ိုင္းစိုင္းပါတယ္။ လင္တ႐ူးတို႔ ၾကာကူလီတို႔ စတဲ့စကားလုံးေတြ သုံးႏႈံးထားသလို စာမ်က္ႏွာတိုင္းမွာ ျမန္မာစာေပရဲ႕ အႏွစ္သာရေတြကို ေမွးမွိန္ေစၿပီး ႐ိုင္းစိုင္းတဲ့ ေဝါဟာရေတြေတြ႕ရပါတယ္။
#
၂။ ဒုတိယတစ္ခ်က္ကေတာ့ title ပါ။ ဖန္ဆင္းရွင္မရွိေသာ စၾကာဝဠာႏွင့္ ဘုန္းႀကီးဝတ္ခဲ့ေသာ ေယရႈလို႔သုံးထားပါတယ္။ ဒီေတာ့ သူ႔မွာသက္ေသျပရမယ့္ hypothesis ႏွစ္ခုရွိပါတယ္။ ပထမတစ္ခုကေတာ့ ဖန္ဆင္းရွင္မရွိဘူးဆိုတာရယ္ျဖစ္ၿပီးေတာ့ ဒုတိယတစ္ကေတာ့ ဘုန္းႀကီးဝတ္ခဲ့ေသာေယရႈျဖစ္ပါတယ္။ ပထမတစ္အခ်က္ျဖစ္တဲ့ ဖန္ဆင္းရွင္မဆိုဘူးဆိုတဲ့ အဆိုကို argue လုပ္ဖို႔အတြက္ သူက science နဲ႔ philosophy ကိုသုံးရမွာျဖစ္သလို ဒုတိယတစ္ခ်က္ျဖစ္တဲ့ ဘုန္းႀကီးဝတ္ခဲ့ေသာေယရႈဆိုတဲ့ အဆိုကို သက္ေသျပဖို႔အတြက္ history ကိုသုံးရမွာျဖစ္ပါတယ္။ စာေရးဆရာဟာ အဲဒီအေၾကာင္းအရာေတြကို မေဆြးေႏြးဘဲ က်မ္းစာထဲက က်မ္းပိုက္အခ်ိဳ႕ကို out of context (ေနာက္ခံသမိုင္းကို ပယ္ထားၿပီး) ေထာက္ျပတာေတြ႕ရတယ္။ ေခါင္းစဥ္လြဲေနတယ္ဆိုတဲ့ သေဘာပါ။
#
၃။ တတိယတစ္ခ်က္ကေတာ့ methodology ပါ။ အေတြးေခၚပညာရပ္မွာ propostion (အဆိုတစ္ခု) ကို သက္ေသျပဖို႔ သိပၸံပညာျဖင့္ သက္ေသျပနည္း ႏွစ္မ်ိဳးကို သုံးၾကပါတယ္။ ပထမတစ္မ်ိဳးကို verification လို႔ေခၚပါတယ္။ မွန္ကန္ေၾကာင္း သက္ေသျပတာပါ။ ဒုတိယတစ္ခုကို falsification လို႔ေခၚပါတယ္။ မွားေၾကာင္းသက္ေသျပရတာပါ။ အဲဒီနည္းႏွစ္ခုကို strong rationalism လို႔ေခၚၿပီးေတာ့ သက္ေသျပတဲ့အခါ sense data လို႔ေခၚတဲ့ အာ႐ုံငါးပါးကို အသုံးျပဳၿပီးသက္ေသျပႏိုင္တဲ့နည္း (empericalism) ကိုအသုံးျပဳၾကပါတယ္။ ခရစ္ဘာသာကို ေဝဖန္တဲ့ ဘာသာမဲ့ atheist အမ်ားစုဟာ ခရစ္ယာန္ဘာသာကိုေဝဖန္တဲ့အခါမွာ အဲဒီ empericalim နဲ႔ တိုက္ခိုက္ၿပီး ဘုရားရွိတယ္ဆိုတာကို verify လုပ္ခိုင္းပါတယ္။ ခရစ္ယာန္အေတြးေခၚပညာရွင္ေတာ္ေတာ္မ်ားမ်ားကလည္း သိပၸံကို သိပၸံနဲ႔ ျပန္ေခ်ပတဲ့အခါမွာ atheist ေတြအေနနဲ႔ ဘုရားမရွိဘူးဆိုတာကို falsify ျပန္လုပ္ခိုင္းပါတယ္။ ခရစ္ယာန္ေတြက ဘုရားရွိတယ္ဆိုတာကို emperical နည္းနဲ႔ verify မလုပ္ႏိုင္သလို atheist ေတြကလည္း falsify မလုပ္ႏိုင္ၾကပါဘူး။ ဒီေတာ့ ခရစ္ယာန္ေရာ ခရစ္ယာန္မဟုတ္သူေရာ ဘုရားရွိ/ မရွိကို argue လုပ္တဲ့ အခါမွာ emperical knowledge ထက္ rational knowledge ကို အေျခခံၿပီး ျငင္းခုံေဆြးေႏြးၾကပါတယ္။
#
၄။ စတုတၳအခ်က္ကလည္း methodology ပါဘဲ။ အထက္ကေျပာသလို emperically သက္ေသျပ (verify) နဲ႔ (falsify) သက္ေသျပလို႔မရတာကို rationally သက္ေသျပရပါတယ္။ rational argument လုပ္တဲ့ အခါမွာ basic laws လို႔ေခၚတဲ့ လူေတြ ျငင္းဆန္လို႔မရတဲ့ နိယာမတရားေတြကို အရင္ဆုံးခ်ျပရပါတယ္။ ဥပမာ ... the law of non-contradiction တို႔ the law of causality တို႔ပါ။ သိပၸံပညာေရာ ဝိဇၨာပညာမွာပါ လက္ခံၾကတဲ့ နိယာမ ေတြျဖစ္တယ္။ အဲဒီနိယာမေတြနဲ႔ တိုင္းၿပီးေတာ့ ခရစ္ယာန္ဘာသာဟာ contradictory ျဖစ္တဲ့အပိုင္းဘာရွိသလဲ (တစ္နည္းအားျဖင့္ the law of non-contradiction နဲ႔ ဆန္႔က်င္တဲ့အပိုင္းဘာရွိလဲ) ဒါမွမဟုတ္ ခရစ္ယာန္က်မ္းစာမွာရွိတဲ့ ဘယ္ဟာေတြကေတာ့ျဖင့္ the law of causality နဲ႔ဆန္႔က်င္တယ္ဆိုတာကို သက္ေသျပရပါမယ္။ အထက္ကေျပာခဲ့တဲ့ စာအုပ္ကို ေရးတဲ့စာေရးဆရာဟာ အဲဒီတစ္ခ်က္မွ မလုပ္ဘူးဆိုတာကို ေတြ႕ရတယ္။ အဲဒါ စာအုပ္ရဲ႕ credibility ကိုက်ဆင္းေစပါတယ္။
ေနာက္တစ္ခ်က္က စာေရးသူဟာ က်မ္းစာထဲမွာရွိတဲ့ ေယာရႈဆုေတာင္းလို႔ ေနရပ္တန္႔သြားတယ္ဆိုတဲ့ ကိစၥကို ေလွာင္ေျပာင္ထားပါတယ္။ ဒါဟာ အင္မတန္ရွင္းျပရခက္တဲ့ ကိစၥဆိုေပမယ့္ စာေရးသူသာ methodology မွန္ခဲ့ရင္ the law of inertia လို႔ေခၚတဲ့ ေ႐ြ႕ရွားျခင္းနိယာမ the law of motion ကိုသုံးၿပီး ေဆြးေႏြးရင္ ခရစ္ယာန္ဘာသာဝင္တစ္ေယာက္ ျဖစ္တဲ့ က်ေနာ့္အတြက္ရွင္းျပရခက္ခဲသြားႏိုင္ပါတယ္။ ဒါေပမယ့္ သူဟာ အဲဒီနိယာမ မသုံးဘဲ သိပၸံနဲ႔ မကိုက္တာကို သြင္သြင္ႀကီးေျပာေနတာဟာ ေတာ္ေတာ္ေလးမွားေနပါတယ္။
#
၅။ ပၪၨမတစ္ခ်က္ကေတာ့ သူဟာ hermeneutics လို႔ေခၚတဲ့ interpretation ကိုနားမလည္တာပါ။ က်မ္းစာကိုေရးတဲ့အခါ literary genre လို႔ေခၚတဲ့ အေရးသားမ်ိဳးစုံနဲ႔ေရးထားတာပါ။ သမိုင္းေတြ ဇတ္လမ္းေတြရွိသလို ကဗ်ာအလကၤာေတြပါပါတယ္။ အလကာစၤာေပေတြရဲ႕ သေဘာသဘာဝအရ metaphorical language လို႔ေခၚတဲ့ ခိုင္းႏႈိင္းထားတဲ့ ဥပမာအလကာေတၤြ လိုတာထက္ပိုေရးထားတဲ့ အတိတၱယဝုတၱိအလကာၤ ဝကၤဝုတၱိအလကာေတၤြသုံးထားပါတယ္။ အဲဒါကို အနက္ဖြင့္တဲ့အခါမွာ သူ႔ရဲ႕ literal meaning လို႔ေခၚတဲ့ စာစကားအဓိပၸါယ္ထက္ intended meaning လို႔ေခၚတဲ့ ရည္႐ြယ္အခ်က္အဓိပၸါယ္ကို ဖြင့္ရပါတယ္။ အဲဒီစာအုပ္ေရးသူဟာ ခရစ္ယာန္က်မ္းစာရဲ႕ genre ေတြကို ဘာမွမသိဘဲ ရမ္းသမ္းၿပီးအနက္ဖြင့္ေဝဖန္ထားပါတယ္။ ဥပမာအားျဖင့္ ဗုဒၶဘာသာဝင္ေတြေျပာတဲ့ ျမင့္မိုရ္ေတာင္ဆိုတာ တကယ့္ေတာင္ႀကီးကို ေျပာတာမဟုတ္ဘဲ တစ္စုံတစ္ခုဟာ ဘယ္ေလာက္ႀကီးမားတယ္ဆိုတာကို ေျပာတဲ့ metaphorical expression ဘဲျဖစ္တယ္။
#
၆။ ဆဌမအခ်က္ကေတာ့ ေရးသူဟာ သူ႔ရဲ႕ position လို႔ေခၚတဲ့ stand point ဘာမွခ်ျပမထားပါဘူး။ သူတစ္ပါးကို မွားတယ္ (fallacious) ျဖစ္တယ္လို႔ စာအုပ္ထုတ္ေထာက္ျပရင္ ဒါကမွန္ယ္ဆိုတဲ့ alternative ကို truth အေနနဲ႔ခ်ျပရပါတယ္။ သူဟာအဲဒါဘာမွ မလုပ္ႏိုင္ခဲ့ပါဘူး။ သူ႔ကိုယ္သူ ဘာေၾကာင့္ ဒီဟာကိုမွားတယ္လို႔ ယူဆၿပီး ဘာေၾကာင့္ဒီဟာကို မွန္တယ္ဆိုတာ ခ်ျပမေပးႏိုင္တာ စာေရးနည္းမတတ္လို႔ျဖစ္ပါလိမ့္မယ္။
#
၇။ သတၱမအခ်က္ကေတာ့ သူဟာ ခရစ္ယာန္က်မ္းစာထဲက supernatural ေတြကိုေဝဖန္ထားပါတယ္။ အဲဒါဟာ religious အထက္ကေျပာတဲ့အတိုင္း သူ႔ postion ကိုသူမသိလို႔ျဖစ္တယ္။ ဘယ္ပညာတတ္တဲ့ Muslim ကမွ ခရစ္ယာန္ေတြရဲ႕ supernatural ေတြကို မေဝဖန္သလို ဘယ္ခရစ္ယာန္မွ ဗုဒၶဘာသာဝင္ေတြရဲ႕ supernatural ေတြကို မေဝဖန္ပါဘူး။ ေဝဖန္ရင္လည္း superstition ကိုဘဲေဝဖန္မယ္။ supernatural ေတြဆိုတာ သက္ေသျပလို႔မရတဲ့ ဘာသာတရားအားလုံးရဲ႕ အႏွစ္သာရျဖစ္ပါတယ္။ သေဘာသဘာဝလည္းတူၾကပါတယ္။ ကြဲတာက whole worldview ပါ။ သူ႔ရဲ႕ source ေတြကြဲတာ။ ဒီေတာ့ စာေရးသူဟာ ခရစ္ယာန္ေတြရဲ႕ supernatural ေတြေဝဖန္ဖို႔ဆိုရင္ သူဟာ materialist သို႔မဟုတ္ nihilist ျဖစ္ဖို႔လိုပါတယ္။ အဲလိုမဟုတ္ဘဲ supernatural ကိုေဝဖန္ရင္ သူ႔ရဲ႕ argument ဟာ self-defeating ကိုယ့္လည္ပင္းကိုယ္ ႀကိဳးကြင္းစြပ္တဲ့ argument ျဖစ္ပါယ္။
#
၈။ အဌမအခ်က္ကေတာ့ source ပါ။ ေယရွဘုန္းႀကီးဝတ္လား မဝတ္လားဆိုတာ သက္ေသျပဖို႔က ႏွစ္ေပါင္း ၂၀၀၀ ၾကာၿပီးက အျဖစ္ပ်က္ကို သက္ေသျပဖို႔ဆိုရင္ source ကအေရးႀကီးပါတယ္။ စာေရးသူဟာ source ဘာမွမသုံးထားဘူး reference ဘာမွမေပးထားေတာ့ ဖတ္ရတာ ရမ္းသမ္းေရးမွန္းသိသာလြန္းပါတယ္။ ဒါဟာ သူ႔စာအုပ္ရဲ႕ credibility အဆင့္တန္းကို ကိုဆင္းေစတယ္ဆိုတာ thesis ေရးဖူးတဲ့ scholar ေတြအားလုံးသိပါတယ္။
#
၉။ နဝမအခ်က္ကေတာ့ စာေရးသူရဲ႕ moral argument ပါ။ သူဟာ ခရစ္ယာန္ဘာသာဟာ moraly မွားတယ္လို႔ ေရးခ်င္ပုံရပါတယ္။ ဟုတ္ပါတယ္။ က်မ္းစာကို ေဝဖန္ဖို႔ အလြယ္ဆုံးေနရာက morality ပါ။ post modernist ေတြက ခရစ္ယာန္ဘာသာရဲ႕ အခ်ိဳ႕က်မ္းပိုဒ္ေတြဟာ regressive ျဖစ္နယ္လို႔ ေဝဖန္ၾကပါတယ္။ ဒါလည္း post modernism ရဲ႕အယူအဆပါ။ က်ေနာ္ post modernism အေၾကာင္းေရးတာ မဟုတ္တဲ့ အတြက္ သူ႔အားနည္းခ်က္ေတြ မေျပာေတာ့ဘူး။ ဒါေပမယ့္ စာေရးသူဟာ ခရစ္ယာန္ဘာသာကို ရွတ္ခ်ခ်င္ရင္ သူ argue လုပ္ရင္း Christianity morality ကိုေဝဖန္သလို မွန္ကန္တယ္လို႔ သူယူဆတဲ့ morality ကိုသူကိုယ္တိုင္ present လုပ္ေပးမွသာလွ်င္သူ႔စာအုပ္ဟာ အက်ိဳးရွိမွာပါ။
#
၁၀။ ဒသမတစ္ခ်က္ကေတာ့ textual criticism ပါ။ ခရစ္ယာန္က်မ္းစာရဲ႕ source ကိုေဝဖန္ျခင္းပါ။ သူပထမ introduction မွာလုပ္ဖို႔ႀကိဳးစားပါတယ္။ သူမႀကိဳးစားသင့္ဘူး။ bible ဆိုတာ textual critic ေတြ အေဝဖန္ဆုံးနဲ႔ defend အလုပ္ဆုံးစာပါ။ Oxford တို႔ Cambridge ရဲ႕ library ေတြမွာလုပ္ရတဲ့ အလုပ္ပါ။ မဟုတ္ရင္ ဒါဗင္ခ်ီကုတ္လိုမိုး scholar ေတြအတြက္ ဟာသျဖစ္သြားႏိုင္ပါတယ္။ သူဘာလို႔ textaul criticism မလုပ္သင့္လဲဆိုရင္ သူဟာ ဗုဒၶက်မ္းကန္ေတြရဲ႕ source ကို defend လုပ္ရတာ ခက္သြားမွာျဖစ္တဲ့အတြက္ပါ။ ဘာျဖစ္လို႔လည္းဆိုေတာ့ Theology နဲ႔ bible ဟာကမာၻေပၚမွာ source အမ်ားဆုံးမို႔ textaul criticism ကို ပညာရွင္ေတြသိပ္မလုပ္ရဲၾကတာပါ။
#
ေနာက္ဆုံးတစ္ခ်က္ကေတာ့ သူ႔ရဲ႕ intention ပါ။ ခရစ္ယာန္ဘာသာကို လ်ပ္ေပၚေလာ္လီတဲ့ သူ႔အသုံးအႏႈံးအဆိုရင္ ၾကာကူလီ လင္တာ႐ူးဘာသာလို႔ျမင္ေစခ်င္တာကလြဲရင္ ပိုေကာင္းတဲ့ အျမင္အယူဝါဒဘာတစ္ခုမွ present လုပ္မထားပါဘူး။ ဒါဟာမွားပါတယ္။
#
ဒီစာကို ဖတ္ၿပီးရင္

ခရစ္ယာန္ေတြ ဘယ္သူ႔ကိုမွ မဆဲၾကပါနဲ႔။ စာအုပ္ေၾကာင့္လဲ စိတ္မဆိုးၾကပါနဲ႔။ သူ႔အျမင္သူေရးတာ မွားမွားမွန္မွန္ respect ေပးဖို႔ျဖစ္ပါတယ္။ ျဖစ္ႏိုင္ရင္ ဝယ္ဖတ္ၾကပါ။ သူမ်ားစာကို ဖတ္ခ်င္းဟာ သူမ်ားကိုယ့္ကို ဘယ္လိုျမင္သလဲဆိုတာ သိႏိုင္သလို သူမ်ားရဲ႕ အယူအဆကိုလည္း နားလည္ႏိုင္တယ္။
#
ဗုဒၶဘာသာဝင္မ်ား သူငယ္ခ်င္းမ်ားေလးစားပါတယ္။ စာအုပ္ေရးသူ၏ မွားယြင္းသည္ဟု ယူဆရေသာအယူအဆမ်ားကို ေဝဖန္လိုေသာ္လည္း မိတ္ေဆြဗုဒၶဘာသာဝင္မ်ား အထင္လြဲမည္စိုးသျဖင့္ ဤမွ်ျဖင့္သာ။

လူသားအားလုံးကိုေလးစားပါတယ္။ ဘာသာတိုင္းကိုလည္း ေလးစားပါတယ္။
#
က်မ္းကိုး

Alister McGrath ရဲ႕ Science and Religion
C S Lweis ရဲ႕ Miracles နဲ႔ Mere Christianity
RC Sproul ရဲ႕ Defending Faith
Richard Dawkins ရဲ႕ God Delusion
Sam Harris ရဲ႕ Moral Landscape
John Lenox ရဲ႕ Gunning for God
Julian Zugg ရဲ႕ Christian Aplogetics
Norman Geisler ရဲ႕ Balanced Apologetics
Tim Keller ရဲ႕ The Reason for God

Original Post link ( 2016 , August 25 )
https://web.facebook.com/aungling.dattui/posts/1403816399634391

Credit...Shwe Pay

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...