0

ဗျာဒိတ်ကျမ်းထဲမှ ကောင်းကင်နိုင်ငံတော်အကြောင်း

 
  ဗျာဒိတ်ကျမ်းထဲမှ ကောင်းကင်နိုင်ငံတော်အကြောင်း

 Unicode & Zawgyi Reshare-#9Dan
ကောင်းကင်နိုင်ငံတော်နှင့် ပတ်သတ်ပြီး လေ့လာစရာ၊ သိမှတ်စရာ မြောက်များစွာ ရှိနေပါသည်။ သင့် အနေ ဖြင့် ကောင်းကင်နိုင်ငံတော် အကြောင်းကို မည်မျှလောက် စဉ်းစားခဲ့ပါ သနည်း။ ကောင်း ကင် နိင်ငံတော် အကြောင်း မည်မျှလောက် သင်သိရှိပြီးပါပြီလဲ။ ကျွန်တော်တို့သည် ထာဝရ နာ ကျင်ခြင်းနှင့် ဝမ်းနည်းခြင်း တို့ ကင်မဲ့ရာနေရာ၊ အပြစ်တရားနှင့် သေခြင်းတရား ကင်းမဲ့ရာ နေရာ၊ ပျော် ရွင်ခြင်းနှင့် ဝမ်းမြောက်ခြင်းတို့ ပြည့်စုံရာနေရာ အကြောင်းကို သင်မည်မျှ လောက် သိရှိပြီး ပါပြီလဲ။

ကျွန်တော်သည် အမှုတော်ဆောင် တစ်ဦးအနေဖြင့် မကြာခဏ ခရီးထွက် ရပါသည်။ ထိုသို့ ခရီးမထွက် ခင်ကပင် အချိန်အနည်းငယ် ယူပြီး ထိုဒေသ အကြောင်း၊ ရာသီဥတု၊ စီးပွားရေး အခြေအနေ၊ လူတို့၏ စရိုက် သဘော၊ အခြေအနေအမျိုးမျိုးကို ကြိုတင်လေ့လာကာ ခရီစဉ်အတွက် ပြင်ဆင်လေ့ ရှိပါသည်။ယခု ကျွန်တော်တို့ သွားရမည့် နေရာသည် ခဏတာ အလည်အပတ်အပတ် ခရီးမဟုတ်။ ထာဝရ ကာလနေ ထိုင်ရမည့် နေရာ ဖြစ်သောကြောင့် ပိုမို လေ့လာ သင့်သည်ဟု ထင်ပါသည်။ သမ္မာကျမ်းစာတွင် ကျွန်တော် တို့၏ နာမည်များသည် ထိုနေရာတွင် ရှိနေပြီး ဖြစ်သည်ဟု ရေးသားထားပါသည်။ ထိုနေရာ သည် ကျွန်တော်တို့၏ အမွေခံရာ တိုင်ပြည်နှင့် နိုင်ငံသားများပင် ဖြစ်သည် မဟုတ်ပါလော။ ထိုနေရာသည် ကျွန်တော်တို့ သိရှိထားသည့် ကောင်းကင်နိုင်ငံတော်ပင် ဖြစ်ပေတော့သည်။ ကျွန်တော်အနေဖြင့် ထိုနေရာအကြောင်းကို လေ့လာနိုင် သလောက် များစွာ လေ့လာလိုပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော် ထာဝရ ကာလနေထိုင်ရမည့် နေရာဖြစ်သောကြောင့် ဖြစ်ပါသည်။ထိုနေရာကို လေ့လာနိုင်ရန် ထိုနေရာကို မြင်တွေ့ခဲ့ရသူကိုယ်တိုင် ပြောပြသော အကြောင်းအရာများကို ပိုမို ဦစားပေး ရမည်ဖြစ်ပါသည်။ ထိုနေရာကို မည်သူ ရောက်ရှိ မြင်တွေ့ခဲ့ပါသနည်း။ သခင်ခရစ်တော်၏ ဗျာဒိတ်ကျမ်းကို ရေးသားသော စာရေးဆရာက ပြောခဲ့သည်မှာ

    “သန့်ရှင်းသော မြို့တည်း ဟူသော ယေရုရှ လင် မြို့သစ်သည် မိမိခင်ပွန်းဘို့ တန်ဆာဆင်သော မင်္ဂလာဆောင် သတို့သမီး ကဲ့သို့ ပြင်ဆင်လျက် ဘုရားသခင် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်သက် သည်ကို ငါမြင်၏” (ဗျာဒိတ် ၂၁း၂)

ဟု ပြောဆို ရေး သားခဲ့ပါသည်။ ဤနေရာတွင် ထိုသူသည် ပထမဦးဆုံး မျက်စိနှင့် ကိုယ်တိုင်မြင်တွေ့ပြီး စာအဖြစ် ရေးသား မှတ်တမ်းတင်ခဲ့သည်ကို ထင်ရှားစွာ တွေ့မြင် ခဲ့ရပါသည်။ ကျွန်တော်တို့သည် ကောင်း ကင်နိုင်ငံတော် အကြောင်းကို သိရှိနိုင်ရန် ထိုသူရေးသား ထားသော ဗျာဒိတ်ကျမ်းမှ အကြောင်း အရာများဖြင့် ကောင်းစွာ လေ့လာသိရှိနိုင်ပါသည်။
ကျွန်တော်တို့သည် ကောင်းကင်နိုင်ငံတော်ကို လေ့လာမည်ဆိုရာတွင် ပထမဦးစွာ ကောင်းကင်နိုင်ငံတော် သည် အမှန်တကယ် ရှိနေကြောင်း လက္ခံ ယုံကြည်ဘို့ လိုအပ်ပါသည်။ ကောင်းကင်နိုင်ငံတော် သည် နေရာဒေသ တစ်ခု ဖြစ်သည်။ နေထိုင်ရန် နေရာတစ်ခု လည်း ဖြစ်သည်။
ကောင်းကင်နိုင်ငံတော် ဆိုတာ အမှန် တကယ် ရှိပါတယ်။
ဗျာဒိတ်ကျမ်းတွင် တမန်တော် ရှင်ယောဟန်က ပြောခဲ့သည်မှာ

    “ကောင်း ကင် သစ်နှင့် မြေကြီးသစ်ကို ငါမြင်ရ၏”

လို့ပြောခဲ့သည့်အပြင်

    “သန့်ရှင်းသော မြို့တည်း ဟူသော ယေရုရှ လင်မြို့သစ်သည် . . . . . . . ဘုရား သခင် အထံတော်၊ ကောင်းကင်ဘုံမှ ဆင်းသက် သည်ကို ငါမြင်၏။ (ဗျာဒိတ် ၂၁း၁)

အထက်ပါ သတင်းစကားသည် ပုံပြင်၊ ဇတ်နိပါတ်၊ ဘာသာရေး ဆန်သော ပြောဆိုမှုတစ်ခု မဟုတ်ပါ။ ကျွန်တော်တို့ ယုံကြည်နေသော ခရစ်ယာန် ဘာသာရေး အတွက် တီထွင်ပြောဆိုထားချက် တစ်ခုလည်း မဟုတ်ပါ။ ကောင်းကင်နိုင်ငံ၊ (ကောင်းကင်ရွေပြည်) ဆိုသည်မှာ အမှန်တကယ် ရှိနေပါသည်။
အသုံးပြုထားသော ဆောက်လုပ်ရေးပစ္စည်းများ
ယနေ့ အဆောက်အဦများ ဆောက်လုပ်ရာတွင် အသုံးပြုသော ပစ္စည်းများမှာ သစ်သား၊ ကျောက်၊ အုပ်၊ ဘိလပ်မြေ၊ သဲ၊ ထုံး၊ ကျောက်စရစ်၊ သံ အစရှိ သဖြင့် အသုံးပြုကြသည်။ သို့သော် ကောင်းကင်နိုင်ငံတော်တွင် ထိုပစ္စည်များကို အသုံးပြုပြီး အဆောက်အဦများကို ဆောက်လုပ်ထားခြင်း မဟုတ်ပါ။
သခင်ယေရှုက လောကတွင် အမှုတော်မြတ်တွင် မပါဝင်ခင်က အသက်သုံးဆယ် အရွယ်အထိ လုပ်ဆောင်ခဲ့သည့် အရာမှာ လက်သမားဖြစ်သောကြောင့် ဆောက်လုပ်ရေးအပိုင်းတွင် ကျွမ်းကျင်သူ တစ်ဦးဖြစ်သည်။ ယော ၁၄း၂ တွင် “သင်တို့ နေစရာ အရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။” ဟု ဆိုထားသောကြောင့် ကောင်းကင်အရပ်တွင် ဆောက်လုပ်ရေး ပညာရှင်ကြီးမှာ သခင်ခရစ်တော်သာ ဖြစ်ပေလိမ့်မည်။
အသုံးပြုထားသော ပစ္စည်းများ၏ စာရင်းကို ရှင်ယောဟန်က ဗျာဒိတ်ကျမ်းတွင် ဤသို့ ဖော်ပြထားပါသည်။

    “မြို့ရိုးကိုယ်သည် နဂါးသွဲ့ကျောက်ဖြစ်၏။ မြို့သည်လည်း ကြည်လင်သောဖန်နှင့် တူသောရွှေစင်ဖြစ်၏။ မြို့ရိုးအမြစ်တို့သည် ကျောက်မြတ်အမျိုးမျိုးနှင့် ပြည့်စုံကြ၏။ ပထမအမြစ်ကား နဂါးသွဲ့ ဖြစ်၏။ ဒုတိယအမြစ်ကား နီလာ၊ တတိယအမြစ်ကား မဟူရာ၊ စတုတ္ထအမြစ်ကားမြ၊ ပဉ္စမအမြစ်ကားကြောင်၊ ဆဌမအမြစ်ကား ကျောက်နီ၊ သတ္တမအမြစ်ကား ခရုသုလိတ်၊ အဌမအမြစ်ကား မျက်ရွဲ၊ နဝမအမြစ်ကား ဥဿဖရား၊ ဒသမအမြစ်ကား ခရုသုပြတ်၊ ဧကဒသမ အမြစ်ကား ဝါကိသု၊ ဒွါဒသမအမြစ်ကား ဂေါ်မုတ်ဖြစ်သတည်း။ တံခါးရွက် တဆယ်နှစ်ရွက်အသီးသီး တို့သည် ပုလဲတပြားစီဖြင့်ပြီး၍ ပုလဲတဆယ်နှစ်ပြားဖြစ်ကြ၏။ မြို့လမ်းမသည် ကြည်လင် သောဖန်ကဲ့ သို့သော ရွှေစင်ဖြစ်၏။” (ဗျာဒိတ် ၂၁း၁၈-၂၁)

၁။ ကောင်းကင်နိုင်ငံတော်ဆိုတာ တကယ့်နေရာရာပါ။ (Indeed a place)
ယောဟန် ကိုယ်တိုင် မြင်ပြီး ကိုယ်တိုင်ပြောခဲ့သလို သခင် ခရစ်တော် ကိုယ်တိုင်လည်း ပြောဆို အတည်ပြု ခဲ့သော စကားလည်းရှိပါသည်။

    “ငါ့အဘ၏ အိမ်တော်၌ နေစရာ အခန်းများ ရှိ၏။ သို့မဟုတ်လျှင် မဟုတ်ကြောင်းကို သင်တို့အား ငါမပြောဘဲမနေ။ သင်တို့နေစရာ အရပ်ကို ပြင်ဆင်ခြင်းငှါ ငါသွားရ၏။” (ယော ၁၄း၂)

ဟု ပြောဆိုခဲ့ ဘူးပါသည်။

၂။ ကောင်းကင်နိုင်ငံတော်ဆိုတာ သဘာဝကျတဲ့ နေရာတစ်ခုပါ။ (Real place)
ထိုနေရာကို တိုင်းထွာ၍ ရနိုင်ပါသည်။ ဆောက်လုပ်ရေး ပစ္စည်းများကဲ့သို့ အသုံးအဆောင်များနှင့် ဆောက် လုပ်ထားပြီး အလျား၊ အနံ၊ အမြင့် တို့ရှိသော နေရာ တစ်ခု ဖြစ်ပါသည်။ တိုင်ထွာဆောက်လုပ်ထားသော တံခါးများ၊ အုပ်မြစ်အခြေများ၊ နံရံများ ပါဝင်သော နေရာတစ်ခုဖြစ်ပါသည်။ ကောင်းကင်နိုင်ငံတော်သည် အခြေအနေ (သို့) ဖြစ်တည်မှု တစ်ခုမဟုတ်ပါ။ ထိုနေရာသည် နိဗ္ဗာန်မဟုတ်ပါ။ ထိုနေရာသည် အပျော်ရှာ သည့် နေရာလည်း မဟုတ်ပါ။ ထိုနေရာသည် တိမ်စိုင်တိမ်ခဲများနှင့် မြူခိုးမြူမှုန် ကလေးများရှိနေ သည့် စိတ်လှုပ်ရှားဖွယ် နေရာတစ်ခုလည်း မဟုတ်ပါ။ ထိုနေရာသည် သေချာမှုရှိသည့် ကျွန်တော်တို့ သွားနိုင် သည့် နေရာတစ်ခုဖြစ်ပါသည်။ အလွန်နှစ်သက်ဖွယ် နေရာလည်း ဖြစ်ပါသည်။ ဘုရားသခင် ထိုနေရာ၏ အတိုင်းအတာ ဖြစ်တည်မှုများကို အတိအကျ သေချာစွာ ဖော်ပြထားသောကြောင့် မသေချာ မရေ ရာသော နေရာ တစ်ခု မဟုတ်ပါ။ ဘာသာရေး စိတ်ကူးယဉ် နေရာတစ်ခုမဟုတ်ကြောင်း ထပ်မံ ပြောဆိုလို ပါသည်။ ထိုနေရာသည် ဘုရားသခင်ကိုယ်တော်တိုင် အသိပေး ပြောကြားထားသည့် ကောင်းကင်နေရာ အစစ်အမှန် တစ်ခု ဖြစ်ပါသည်။
ဓမ္မဟောင်းကာလတွင် ရှောလမုန် ဘုရင်ကြီးကိုယ်တိုင်

    “ဤအရပ်၌ ဆုတောင်းပဌနာ ပြုကြသောအခါ၊ ကျိန်းဝပ်တော် မူရာ ကောင်းကင်ဘုံ၌ နားထောင်၍ အပြစ်မှ လွှတ်တော်မူပါ။” (၃ရာ ၈း၃၀)

ဟု အော်ဟစ် ဆုတောင်းခဲ့သည် မဟုတ်ပါလော။
၃။ ကောင်းကင်နိုင်ငံတော်သည် ကြီးမားသော နေရာကြီးတစ်ခုဖြစ်သည်။ (A Large Place)
ယေရှုက ပြောခဲ့သည်မှာ

    “ငါ့အဘ၏ အိမ်တော်၌ နေစရာ အခန်းများ ရှိ၏။” (ယော ၁၄း၂)။
    “ငါနှင့်စကားပြောသောသူသည်၊ မြို့ကို၎င်း၊ တံခါးတို့ကို၎င်း၊ မြို့ရိုးကို၎င်း တိုင်းခြင်းငှါ တိုင်းစရာ ရွှေကျူလုံး ပါ၏။ မြို့သည် စတုရန်း လေးထောင့်ဖြစ်၏။ ထိုသူသည် ကျူလုံးနှင့်မြို့ကို တိုင်း၍ မြို့၏အနံ၊ အလျား၊ အမြင့်၊ ယူဇနာ တရာနှစ်စီရှိ၏။ မြို့ရိုးထုကို တိုင်း၍၊ လူအတောင်ကဲ့သို့သော ကောင်းကင်တမန် အတောင်အားဖြင့်၊ တရာလေးဆယ်လေးတောင်ရှိ၏။” (ဗျာဒိတ် ၂၁း၁၅-၁၇)

ကောင်း ကင်နိုင် ငံတော် မှာ ဘုရား သခင်က လူတစ်ကာကို ခေါ်ဖိတ် နေရင် ပြည့်ကျပ်နေမလား ဟု ဆိုရိမ်စရာ မလိုပါ။ မြို့တော်၏ ကြမ်းခင်း အခြေ ဧရိယာမှာ စတုရန်မိုင် (၂)သန်းခန့် ရှိပါလိမ့်မည်။ ထိုမြို့တော်ကြီး မှာ လေးထောင့်ဖြစ်သည်။ အလျား၊ အနံ၊ အမြင့်တို့မှာ ၁၄၀၀ စတုရန်းမိုင် အညီအမျှ ရှိသည်။ ပညာရှင်ကြီး တစ်ဦးက မြို့တော်ကြီး၏ အကျယ် အဝန်းမှာ မက္ကစီကို နိုင်ငံနယ်စပ်မှ ကနေဒါနိုင်ငံ နယ်စပ်တိုင်အောင် ကျယ်ဝန်းရှည်လျားသည်ဟု ဆိုခဲ့ပါသည်။ ထိုအကျယ်အဝန်းမှာ အင်္ဂလန် နိုင်ငံထက် အဆ (၄၀)ကျော် လန်ဒန်မြို့တော်ထက် အဆပေါင်း (၁၅၀၀၀) ကြီးမားပါသည်။ ပြင်သစ်နှင့် ဂျာမဏီ နိုင်ငံထက် (၁၀) ဆကျော် နှင့် အိန္ဒိယ နိုင်ငံထက်လည်း ပိုမိုကြီး မားသည် ဟု ဆိုပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံ၏ အကျယ်အဝန်းမှာ ၂၆၁၂၂၈ စတုရန်းမိုင် ရှိပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံထက် (၈) ဆခန့် ကြီးမား သည်ဟု တွေးမြင်နိုင်ပါသည်။
သင်သည် ထိုအရာအတွက် သံသယ ရှိကောင်း ရှိနိုင်ပါသည်။ ဘုရားသခင်သည် ကြီးမြတ်သော ဘုရားဖြစ် သည်ကို သင်မမေ့ပါနှင့်။ စကြဝဠာကြီးကို ကြည့်လိုက်ပါ။ အရာခပ်သိမ်းကို ဖန်းဆင်းသော ဘုရား၊ ကြီးမြတ်သော ဘုရားသည် ကောင်းကင်နိုင်ငံတော်ကို ဖန်ဆင်း၍ လူသားအပေါင်းကို နေထိုင်နိုင် ရန် အခန်းပေါင်း များစွာကို ဖန်းဆင်း ထားသည်ကို သင် သတိယလိုက်ပါ။ ထိုအရာများကို ကြည့်ရှုပြီး ဘုရားသခင်ကို သံသယ မရှိပါနှင့်။
 
ေကာင္းကင္ႏုိင္ငံေတာ္ႏွင့္ ပတ္သတ္ျပီး ေလ့လာစရာ၊ သိမွတ္စရာ ေျမာက္မ်ားစြာ ရွိေနပါသည္။ သင့္ အေန ျဖင့္ ေကာင္းကင္ႏုိင္ငံေတာ္ အေၾကာင္းကို မည္မွ်ေလာက္ စဥ္းစားခဲ့ပါ သနည္း။ ေကာင္း ကင္ ႏိင္ငံေတာ္ အေၾကာင္း မည္မွ်ေလာက္ သင္သိရွိျပီးပါျပီလဲ။ ကၽြန္ေတာ္တို႔သည္ ထာဝရ နာ က်င္ျခင္းႏွင့္ ဝမ္းနည္းျခင္း တုိ႔ ကင္မဲ့ရာေနရာ၊ အျပစ္တရားႏွင့္ ေသျခင္းတရား ကင္းမဲ့ရာ ေနရာ၊ ေပ်ာ္ ရြင္ျခင္းႏွင့္ ဝမ္းေျမာက္ျခင္းတုိ႔ ျပည့္စံုရာေနရာ အေၾကာင္းကို သင္မည္မွ် ေလာက္ သိရွိျပီး ပါျပီလဲ။
 
ကၽြန္ေတာ္သည္ အမႈေတာ္ေဆာင္ တစ္ဦးအေနျဖင့္ မၾကာခဏ ခရီးထြက္ ရပါသည္။ ထုိသို႔ ခရီးမထြက္ ခင္ကပင္ အခ်ိန္အနည္းငယ္ ယူျပီး ထုိေဒသ အေၾကာင္း၊ ရာသီဥတု၊ စီးပြားေရး အေျခအေန၊ လူတုိ႔၏ စရုိက္ သေဘာ၊ အေျခအေနအမ်ိဳးမ်ိဳးကို ၾကိဳတင္ေလ့လာကာ ခရီစဥ္အတြက္ ျပင္ဆင္ေလ့ ရွိပါသည္။ယခု ကၽြန္ေတာ္တုိ႔ သြားရမည့္ ေနရာသည္ ခဏတာ အလည္အပတ္အပတ္ ခရီးမဟုတ္။ ထာဝရ ကာလေန ထုိင္ရမည့္ ေနရာ ျဖစ္ေသာေၾကာင့္ ပိုမို ေလ့လာ သင့္သည္ဟု ထင္ပါသည္။ သမၼာက်မ္းစာတြင္ ကၽြန္ေတာ္ တို႔၏ နာမည္မ်ားသည္ ထိုေနရာတြင္ ရွိေနျပီး ျဖစ္သည္ဟု ေရးသားထားပါသည္။ ထိုေနရာ သည္ ကၽြန္ေတာ္တုိ႔၏ အေမြခံရာ တုိင္ျပည္ႏွင့္ ႏုိင္ငံသားမ်ားပင္ ျဖစ္သည္ မဟုတ္ပါေလာ။ ထိုေနရာသည္ ကၽြန္ေတာ္တို႔ သိရွိထားသည့္ ေကာင္းကင္ႏုိင္ငံေတာ္ပင္ ျဖစ္ေပေတာ့သည္။ ကၽြန္ေတာ္အေနျဖင့္ ထုိေနရာအေၾကာင္းကို ေလ့လာႏုိင္ သေလာက္ မ်ားစြာ ေလ့လာလိုပါသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ကၽြန္ေတာ္ ထာဝရ ကာလေနထုိင္ရမည့္ ေနရာျဖစ္ေသာေၾကာင့္ ျဖစ္ပါသည္။ထိုေနရာကို ေလ့လာႏုိင္ရန္ ထိုေနရာကို ျမင္ေတြ႕ခဲ့ရသူကိုယ္တုိင္ ေျပာျပေသာ အေၾကာင္းအရာမ်ားကို ပိုမို ဦစားေပး ရမည္ျဖစ္ပါသည္။ ထုိေနရာကို မည္သူ ေရာက္ရွိ ျမင္ေတြ႕ခဲ့ပါသနည္း။ သခင္ခရစ္ေတာ္၏ ဗ်ာဒိတ္က်မ္းကို ေရးသားေသာ စာေရးဆရာက ေျပာခဲ့သည္မွာ
“သန္႔ရွင္းေသာ ျမိဳ႕တည္း ဟူေသာ ေယရုရွ လင္ ျမိဳ႕သစ္သည္ မိမိခင္ပြန္းဘို႔ တန္ဆာဆင္ေသာ မဂၤလာေဆာင္ သတို႔သမီး ကဲ့သို႔ ျပင္ဆင္လ်က္ ဘုရားသခင္ အထံေတာ္၊ ေကာင္းကင္ဘံုမွ ဆင္သက္ သည္ကို ငါျမင္၏” (ဗ်ာဒိတ္ ၂၁း၂)
ဟု ေျပာဆို ေရး သားခဲ့ပါသည္။ ဤေနရာတြင္ ထိုသူသည္ ပထမဦးဆံုး မ်က္စိႏွင့္ ကုိယ္တိုင္ျမင္ေတြ႕ျပီး စာအျဖစ္ ေရးသား မွတ္တမ္းတင္ခဲ့သည္ကို ထင္ရွားစြာ ေတြ႕ျမင္ ခဲ့ရပါသည္။ ကၽြန္ေတာ္တို႔သည္ ေကာင္း ကင္ႏုိင္ငံေတာ္ အေၾကာင္းကို သိရွိႏုိင္ရန္ ထိုသူေရးသား ထားေသာ ဗ်ာဒိတ္က်မ္းမွ အေၾကာင္း အရာမ်ားျဖင့္ ေကာင္းစြာ ေလ့လာသိရွိႏုိင္ပါသည္။
ကၽြန္ေတာ္တို႔သည္ ေကာင္းကင္ႏုိင္ငံေတာ္ကို ေလ့လာမည္ဆိုရာတြင္ ပထမဦးစြာ ေကာင္းကင္ႏုိင္ငံေတာ္ သည္ အမွန္တကယ္ ရွိေနေၾကာင္း လကၡံ ယံုၾကည္ဘုိ႔ လုိအပ္ပါသည္။ ေကာင္းကင္ႏုိင္ငံေတာ္ သည္ ေနရာေဒသ တစ္ခု ျဖစ္သည္။ ေနထုိင္ရန္ ေနရာတစ္ခု လည္း ျဖစ္သည္။

ေကာင္းကင္ႏုိင္ငံေတာ္ ဆိုတာ အမွန္ တကယ္ ရွိပါတယ္။

ဗ်ာဒိတ္က်မ္းတြင္ တမန္ေတာ္ ရွင္ေယာဟန္က ေျပာခဲ့သည္မွာ
“ေကာင္း ကင္ သစ္ႏွင့္ ေျမၾကီးသစ္ကို ငါျမင္ရ၏”
လို႔ေျပာခဲ့သည့္အျပင္
“သန္႔ရွင္းေသာ ျမိဳ႕တည္း ဟူေသာ ေယရုရွ လင္ျမိဳ႕သစ္သည္ . . . . . . . ဘုရား သခင္ အထံေတာ္၊ ေကာင္းကင္ဘုံမွ ဆင္းသက္ သည္ကို ငါျမင္၏။ (ဗ်ာဒိတ္ ၂၁း၁)
အထက္ပါ သတင္းစကားသည္ ပုံျပင္၊ ဇတ္နိပါတ္၊ ဘာသာေရး ဆန္ေသာ ေျပာဆိုမႈတစ္ခု မဟုတ္ပါ။ ကၽြန္ေတာ္တို႔ ယံုၾကည္ေနေသာ ခရစ္ယာန္ ဘာသာေရး အတြက္ တီထြင္ေျပာဆိုထားခ်က္ တစ္ခုလည္း မဟုတ္ပါ။ ေကာင္းကင္ႏုိင္ငံ၊ (ေကာင္းကင္ေရြျပည္) ဆိုသည္မွာ အမွန္တကယ္ ရွိေနပါသည္။

အသံုးျပဳထားေသာ ေဆာက္လုပ္ေရးပစၥည္းမ်ား

ယေန႔ အေဆာက္အဦမ်ား ေဆာက္လုပ္ရာတြင္ အသံုးျပဳေသာ ပစၥည္းမ်ားမွာ သစ္သား၊ ေက်ာက္၊ အုပ္၊ ဘိလပ္ေျမ၊ သဲ၊ ထုံး၊ ေက်ာက္စရစ္၊ သံ အစရွိ သျဖင့္ အသံုးျပဳၾကသည္။ သို႔ေသာ္ ေကာင္းကင္ႏုိင္ငံေတာ္တြင္ ထိုပစၥည္မ်ားကို အသံုးျပဳျပီး အေဆာက္အဦမ်ားကို ေဆာက္လုပ္ထားျခင္း မဟုတ္ပါ။
သခင္ေယရႈက ေလာကတြင္ အမႈေတာ္ျမတ္တြင္ မပါဝင္ခင္က အသက္သံုးဆယ္ အရြယ္အထိ လုပ္ေဆာင္ခဲ့သည့္ အရာမွာ လက္သမားျဖစ္ေသာေၾကာင့္ ေဆာက္လုပ္ေရးအပုိင္းတြင္ ကၽြမ္းက်င္သူ တစ္ဦးျဖစ္သည္။ ေယာ ၁၄း၂ တြင္ “သင္တုိ႔ ေနစရာ အရပ္ကို ျပင္ဆင္ျခင္းငွါ ငါသြားရ၏။” ဟု ဆိုထားေသာေၾကာင့္ ေကာင္းကင္အရပ္တြင္ ေဆာက္လုပ္ေရး ပညာရွင္ၾကီးမွာ သခင္ခရစ္ေတာ္သာ ျဖစ္ေပလိမ့္မည္။
အသံုးျပဳထားေသာ ပစၥည္းမ်ား၏ စာရင္းကို ရွင္ေယာဟန္က ဗ်ာဒိတ္က်မ္းတြင္ ဤသို႔ ေဖာ္ျပထားပါသည္။
“ၿမိဳ႔ရိုးကိုယ္သည္ နဂါးသြဲ႔ေက်ာက္ျဖစ္၏။ ၿမိဳ႔သည္လည္း ၾကည္လင္ေသာဖန္ႏွင့္ တူေသာေရႊစင္ျဖစ္၏။ ၿမိဳ႔ရိုးအျမစ္တို႔သည္ ေက်ာက္ျမတ္အမ်ိဳးမ်ိဳးႏွင့္ ျပည့္စံုၾက၏။ ပထမအျမစ္ကား နဂါးသြဲ႔ ျဖစ္၏။ ဒုတိယအျမစ္ကား နီလာ၊ တတိယအျမစ္ကား မဟူရာ၊ စတုတၳအျမစ္ကားျမ၊ ပဥၥမအျမစ္ကားေၾကာင္၊ ဆဌမအျမစ္ကား ေက်ာက္နီ၊ သတၱမအျမစ္ကား ခရုသုလိတ္၊ အဌမအျမစ္ကား မ်က္ရြဲ၊ နဝမအျမစ္ကား ဥႆဖရား၊ ဒသမအျမစ္ကား ခရုသုျပတ္၊ ဧကဒသမ အျမစ္ကား ဝါကိသု၊ ဒြါဒသမအျမစ္ကား ေဂၚမုတ္ျဖစ္သတည္း။ တံခါးရြက္ တဆယ္ႏွစ္ရြက္အသီးသီး တို႔သည္ ပုလဲတျပားစီျဖင့္ၿပီး၍ ပုလဲတဆယ္ႏွစ္ျပားျဖစ္ၾက၏။ ၿမိဳ႔လမ္းမသည္ ၾကည္လင္ ေသာဖန္ကဲ့ သို႔ေသာ ေရႊစင္ျဖစ္၏။” (ဗ်ာဒိတ္ ၂၁း၁၈-၂၁)

၁။ ေကာင္းကင္ႏုိင္ငံေတာ္ဆိုတာ တကယ့္ေနရာရာပါ။ (Indeed a place)

ေယာဟန္ ကိုယ္တိုင္ ျမင္ျပီး ကိုယ္တုိင္ေျပာခဲ့သလို သခင္ ခရစ္ေတာ္ ကိုယ္တိုင္လည္း ေျပာဆို အတည္ျပဳ ခဲ့ေသာ စကားလည္းရွိပါသည္။
“ငါ့အဘ၏ အိမ္ေတာ္၌ ေနစရာ အခန္းမ်ား ရွိ၏။ သို႔မဟုတ္လွ်င္ မဟုတ္ေၾကာင္းကို သင္တုိ႔အား ငါမေျပာဘဲမေန။ သင္တုိ႔ေနစရာ အရပ္ကို ျပင္ဆင္ျခင္းငွါ ငါသြားရ၏။” (ေယာ ၁၄း၂)
ဟု ေျပာဆိုခဲ့ ဘူးပါသည္။

။ ေကာင္းကင္ႏုိင္ငံေတာ္ဆိုတာ သဘာဝက်တဲ့ ေနရာတစ္ခုပါ။ (Real place)
ထိုေနရာကို တိုင္းထြာ၍ ရနုိင္ပါသည္။ ေဆာက္လုပ္ေရး ပစၥည္းမ်ားကဲ့သို႔ အသံုးအေဆာင္မ်ားႏွင့္ ေဆာက္ လုပ္ထားျပီး အလ်ား၊ အနံ၊ အျမင့္ တို႔ရွိေသာ ေနရာ တစ္ခု ျဖစ္ပါသည္။ တိုင္ထြာေဆာက္လုပ္ထားေသာ တံခါးမ်ား၊ အုပ္ျမစ္အေျခမ်ား၊ နံရံမ်ား ပါဝင္ေသာ ေနရာတစ္ခုျဖစ္ပါသည္။ ေကာင္းကင္ႏုိင္ငံေတာ္သည္ အေျခအေန (သို႔) ျဖစ္တည္မႈ တစ္ခုမဟုတ္ပါ။ ထိုေနရာသည္ နိဗၺာန္မဟုတ္ပါ။ ထိုေနရာသည္ အေပ်ာ္ရွာ သည့္ ေနရာလည္း မဟုတ္ပါ။ ထိုေနရာသည္ တိမ္စိုင္တိမ္ခဲမ်ားႏွင့္ ျမဴခိုးျမဴမႈန္ ကေလးမ်ားရွိေန သည့္ စိတ္လႈပ္ရွားဖြယ္ ေနရာတစ္ခုလည္း မဟုတ္ပါ။ ထိုေနရာသည္ ေသခ်ာမႈရွိသည့္ ကၽြန္ေတာ္တို႔ သြားႏုိင္ သည့္ ေနရာတစ္ခုျဖစ္ပါသည္။ အလြန္ႏွစ္သက္ဖြယ္ ေနရာလည္း ျဖစ္ပါသည္။ ဘုရားသခင္ ထုိေနရာ၏ အတုိင္းအတာ ျဖစ္တည္မႈမ်ားကို အတိအက် ေသခ်ာစြာ ေဖာ္ျပထားေသာေၾကာင့္ မေသခ်ာ မေရ ရာေသာ ေနရာ တစ္ခု မဟုတ္ပါ။ ဘာသာေရး စိတ္ကူးယဥ္ ေနရာတစ္ခုမဟုတ္ေၾကာင္း ထပ္မံ ေျပာဆိုလို ပါသည္။ ထုိေနရာသည္ ဘုရားသခင္ကိုယ္ေတာ္တုိင္ အသိေပး ေျပာၾကားထားသည့္ ေကာင္းကင္ေနရာ အစစ္အမွန္ တစ္ခု ျဖစ္ပါသည္။
ဓမၼေဟာင္းကာလတြင္ ေရွာလမုန္ ဘုရင္ၾကီးကိုယ္တုိင္
“ဤအရပ္၌ ဆုေတာင္းပဌနာ ျပဳၾကေသာအခါ၊ က်ိန္းဝပ္ေတာ္ မူရာ ေကာင္းကင္ဘုံ၌ နားေထာင္၍ အျပစ္မွ လႊတ္ေတာ္မူပါ။” (၃ရာ ၈း၃၀)
ဟု ေအာ္ဟစ္ ဆုေတာင္းခဲ့သည္ မဟုတ္ပါေလာ။

၃။ ေကာင္းကင္ႏုိင္ငံေတာ္သည္ ၾကီးမားေသာ ေနရာၾကီးတစ္ခုျဖစ္သည္။ (A Large Place)

ေယရႈက ေျပာခဲ့သည္မွာ
“ငါ့အဘ၏ အိမ္ေတာ္၌ ေနစရာ အခန္းမ်ား ရွိ၏။” (ေယာ ၁၄း၂)။
“ငါႏွင့္စကားေျပာေသာသူသည္၊ ၿမိဳ႔ကို၄င္း၊ တံခါးတို႔ကို၄င္း၊ ၿမိဳ႔ရိုးကို၄င္း တိုင္းျခင္းငွါ တိုင္းစရာ ေရႊက်ဴလံုး ပါ၏။ ၿမိဳ႔သည္ စတုရန္း ေလးေထာင့္ျဖစ္၏။ ထိုသူသည္ က်ဴလံုးႏွင့္ၿမိဳ႔ကို တိုင္း၍ ၿမိဳ႔၏အနံ၊ အလ်ား၊ အျမင့္၊ ယူဇနာ တရာႏွစ္စီရွိ၏။ ၿမိဳ႔ရိုးထုကို တိုင္း၍၊ လူအေတာင္ကဲ့သို႔ေသာ ေကာင္းကင္တမန္ အေတာင္အားျဖင့္၊ တရာေလးဆယ္ေလးေတာင္ရွိ၏။” (ဗ်ာဒိတ္ ၂၁း၁၅-၁၇)
ေကာင္း ကင္ႏုိင္ ငံေတာ္ မွာ ဘုရား သခင္က လူတစ္ကာကို ေခၚဖိတ္ ေနရင္ ျပည့္က်ပ္ေနမလား ဟု ဆိုရိမ္စရာ မလိုပါ။ ျမိဳ႕ေတာ္၏ ၾကမ္းခင္း အေျခ ဧရိယာမွာ စတုရန္မိုင္ (၂)သန္းခန္႔ ရွိပါလိမ့္မည္။ ထိုျမိဳ႕ေတာ္ၾကီး မွာ ေလးေထာင့္ျဖစ္သည္။ အလ်ား၊ အနံ၊ အျမင့္တို႔မွာ ၁၄၀၀ စတုရန္းမိုင္ အညီအမွ် ရွိသည္။ ပညာရွင္ၾကီး တစ္ဦးက ျမိဳ႕ေတာ္ၾကီး၏ အက်ယ္ အဝန္းမွာ မကၠစီကို ႏုိင္ငံနယ္စပ္မွ ကေနဒါႏုိင္ငံ နယ္စပ္တုိင္ေအာင္ က်ယ္ဝန္းရွည္လ်ားသည္ဟု ဆိုခဲ့ပါသည္။ ထိုအက်ယ္အဝန္းမွာ အဂၤလန္ ႏုိင္ငံထက္ အဆ (၄၀)ေက်ာ္ လန္ဒန္ျမိဳ႕ေတာ္ထက္ အဆေပါင္း (၁၅၀၀၀) ၾကီးမားပါသည္။ ျပင္သစ္ႏွင့္ ဂ်ာမဏီ ႏုိင္ငံထက္ (၁၀) ဆေက်ာ္ ႏွင့္ အိႏၵိယ ႏုိင္ငံထက္လည္း ပိုမိုၾကီး မားသည္ ဟု ဆိုပါသည္။ ကၽြန္ေတာ္တုိ႔ ျမန္မာႏုိင္ငံ၏ အက်ယ္အဝန္းမွာ ၂၆၁၂၂၈ စတုရန္းမိုင္ ရွိပါသည္။ ထုိ႔ေၾကာင့္ ျမန္မာႏုိင္ငံထက္ (၈) ဆခန္႔ ၾကီးမား သည္ဟု ေတြးျမင္ႏုိင္ပါသည္။
သင္သည္ ထိုအရာအတြက္ သံသယ ရွိေကာင္း ရွိႏုိင္ပါသည္။ ဘုရားသခင္သည္ ၾကီးျမတ္ေသာ ဘုရားျဖစ္ သည္ကို သင္မေမ့ပါႏွင့္။ စၾကဝဠာၾကီးကို ၾကည့္လုိက္ပါ။ အရာခပ္သိမ္းကို ဖန္းဆင္းေသာ ဘုရား၊ ၾကီးျမတ္ေသာ ဘုရားသည္ ေကာင္းကင္ႏုိင္ငံေတာ္ကို ဖန္ဆင္း၍ လူသားအေပါင္းကို ေနထုိင္ႏုိင္ ရန္ အခန္းေပါင္း မ်ားစြာကို ဖန္းဆင္း ထားသည္ကို သင္ သတိယလုိက္ပါ။ ထိုအရာမ်ားကို ၾကည့္ရႈျပီး ဘုရားသခင္ကို သံသယ မရွိပါႏွင့္။
http://minlwin.wordpress.com/2013/05/27/%e1%80%97%e1%80%ba%e1%80%ac%e1%80%92%e1%80%ad%e1%80%90%e1%80%b9%e1%80%80%e1%80%ba%e1%80%99%e1%80%b9%e1%80%b8%e1%80%91%e1%80%b2%e1%80%99%e1%80%bd-%e1%80%b1%e1%80%80%e1%80%ac%e1%80%84%e1%80%b9%e1%80%b8/#comment-43

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...