0

ဆရာယုဒသန်ကို ရည်မှန်းတည်ခဲ့သည့် သက်တမ်း ၁၀၀ ကျော် နာရီစင်ကြီး ပြန်လည်ပတ်

 
ဆရာယုဒသန်ကို ရည်မှန်းတည်ခဲ့သည့် သက်တမ်း ၁၀၀ ကျော် နာရီစင်ကြီး ပြန်လည်ပတ်

Unicode & Zawgyi Reshare-#9Dan
John Kay
Options for this story
ဆရာယုဒသန်ကို ရည်မှန်းတည်ခဲ့သည့် သက်တမ်း ၁၀၀ ကျော် နာရီစင်ကြီး ပြန်လည်ပတ်
-----------------------------------------------------------
ဒုတိယ ကမ္ဘာစစ်ပြီးချိန်မှ စတင်၍ ရပ်တန့်နေခဲ့သည့် ရန်ကုန်တိုင်း အလုံမြို့နယ် အထက(၄) ကျောင်းရှိ ဆရာယုဒသန်ကို ရည်မှန်းတည်ခဲ့သော သက်တမ်း ၁၀၀ ကျော် Cushing Clock Tower နာရီစင်ကြီးကို ပြန်လည်ပြုပြင် ဖွင့်လှစ်လိုက်သည်။

၁၉၁၃ ခုနှစ်တွင် အမေရိကန်နှင့် မြန်မာပြည်သူများ စုပေါင်း တည်ဆောက်ခဲ့သည့် ထိုနာရီစင်ကြီးကို အငြိမ်းစား ကျောင်းအုပ် ဆရာမကြီး ဒေါ်သက်သက်စံနှင့် လက်ရှိ ကျောင်းအုပ် ဆရာမကြီး ဒေါ်ခိုင်ခိုင်သန်း ကျောင်းသား၊ ကျောင်းသူဟောင်းများ၊ လက်ရှိ တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ဇန်နဝါရီ ၆ ရက်က ပြန်လည် ဖွင့်လှစ်ခြင်း ဖြစ်သည်။

“ဒီနာရီစင်ကြီးက ၁၅ မိနစ်တခါ ခေါင်းလောင်း ထိုးပေးတယ်။ ဒီနာရီစင်ကြီးက နေမကောင်းဖြစ်နေတာ နှစ်ပေါင်း ၅၀ ကြာပြီ၊ အခုလိုပြုပြင်လိုက်တော့ လူတယောက် ပြန်ပြီးတော့ ကျန်းမာရေး ကောင်းသွားသလိုပေါ့။ ဝမ်းသာ ဂုဏ်ယူမိပါတယ်”ဟု အလုံ အထက (၄) ကျောင်းသားဟောင်း အငြိမ်းစား ကျောင်းအုပ်ကြီးတဦးလည်း ဖြစ်သည့် ဦးဖြူဝင်းက ဧရာဝတီသို့ ပြောသည်။

ဦးဖြူဝင်းသည် ၁၉၅၈-၁၉၇၀ ခုနှစ်အထိ တက်ရောက် ပညာသင်ကြားခဲ့သည့် ကျောင်းသားဟောင်း တဦးဖြစ်ပြီး အိန္ဒိယနိုင်ငံ Don Bosco Vocational Tranning School နှင့် Prospect Burma ကျောင်း မှ အငြိမ်းစား ကျောင်းအုပ်ကြီး ဖြစ်သည်။

ထိုနာရီစင်ကြီးသည် ၁၉၁၃-၁၇ ခုနှစ်တွင် ဆရာကြီး ယုဒသန်ကို ရည်မှန်း၍ တည်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ဂျပန်တပ်များ နာရီစင် ပေါ်တွင် စခန်းချခြင်း၊ ကင်းစောင့်ခြင်းများ ပြုလုပ်ခဲ့ခြင်းကြောင့် လောကဓံကို ခံစားခဲ့ရကြောင်း သူက ရှင်းပြသည်။

ဒုတိယ ကမ္ဘာစစ်ပြီးနောက် ၁၉၆၃ ခုနှစ်အထိ အလုပ်မလုပ်ဘဲ ရပ်တန့်နေခဲ့ကြောင်း၊ ထိုနာရီစင်ကြီးကို ထိန်းသိမ်းရသည့် မစ္စတာ စမစ်သည် နာရီစင် လှေကားမှာပင် ကွယ်လွန်သွားခဲ့ပြီး ၁၉၇၀ ဝန်းကျင်တွင် နာရီလည်ပတ်မှု လုံးဝရပ်တန့် သွားခဲ့ကြောင်း သိရ သည်။

အထက (၄) အလုံ ကျောင်းဝင်းအတွင်းရှိ နာရီစင်ကြီးသည် အဒိုနာရမ်ဂျပ်ဆင်(ခေါ်) ဆရာယုဒသန် အမေရိကန် ပြည်ထောင်စု၏ ပထမဆုံး ပြည်ပသာသနာပြုအဖြစ် ကွန်ဂရက် ဂေးရှင်းနယ်လစ် အသင်း၏ အထောက်အပံ့ဖြင့် ထွက်ခွာလာရာ အိန္ဒိယပြည် ကာလကတ္တားမြို့သို့ ရောက်ရှိပြီး နယ်နှင်ဒဏ် ပေးခံရရာမှ မြန်မာမင်းများ လက်ထက် ၁၈၁၃ ခု ဇူလိုင် ၁၃ ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ခြင်းကို အကြောင်းပြု၍ ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ထိုအကြောင်းအရာကို သိရှိသောသူများက ၁၉၁၃ ခု ဇူလိုင် ၁၃ ရက်တွင် ဆရာယုဒသန် ရောက်ရှိခြင်း နှစ် ၁၀၀ ပြည့် အခမ်း အနား ကျင်းပရာ မြန်မာ တိုင်းရင်းသားများနှင့် အမေရိကန်များ ပူးပေါင်း ပါဝင်ခဲ့သည်။

အခမ်းအနားတွင် အမေရိကန်ပြည်သား ဒေါက်တာ ကာမင်ကိုးလ်စ်က ဤရာပြည့်နာရီစင်အား တည်ဆောက်ရန် စိတ်ကူးရ သည့်အတွက် တင်ပြခဲ့ရာ မြန်မာပြည်ရှိ နှစ်ခြင်းသာသနာပြု အဖွဲ့ချုပ်၌ ရန်ပုံငွေ မလုံလောက်သော ကာလဖြစ်နေ၍ ခွင့်ပြုခဲ့ခြင်း မရှိခဲ့ကြောင်း၊ သို့သော် စေတနာထက်သန်သူများ ၏ ကြိုးပမ်းချက်များ ရှိသဖြင့် နှစ်ခြင်းသာသနာ ဌာနချုပ်လည်း ပါဝင်လာပြီး သမိုင်းဝင် နာရီစင်ကြီး ပေါ်ပေါက်လာရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်က ဆရာယုဒသန် နှစ် ၂၀၀ ပြည့် အခမ်းအနားကိုလည်း အလုံမြို့နယ်ရှိ ဧရာဝတီ ပိုးကရင်ကွင်း ဘုရားကျောင်းဝန်းကြီးထဲ၌ ကျင်းပခဲ့သေးသည်။

နာရီစင်ကြီးကို မူလက ရန်ကုန်မြစ် ဆိပ်ကမ်းတွင် ထားရှိရန် ဆန္ဒရှိသော်လည်း အင်္ဂလိပ်ဆိပ်ကမ်း အုပ်ချုပ်ရေးဌာနက ခွင့်မပြုသောကြောင့် ထိုအကြံကို စွန့်လွှတ်ပြီး ကန်တော်ကြီးထဲ၌ ထားရန် စီစဉ်ရာတွင်လည်း ရန်ကုန်မြူနီပါစပါယ် အဖွဲ့သို့ တင်ပြရာ လက် မခံခဲ့ပေ။

ထို့နောက် ထိုခေတ်အခါက အခေါ်အဝေါ် ကူရှင်ကျောင်း (ယခု အ.ထ.က (၄) အလုံ) ကျောင်းဝင်းထဲတွင် နေရာချ တည်ဆောက် ရာ ပထမကမ္ဘာစစ်နှင့် ကြုံကြိုက်သောကြောင့် အမေရိကန်မှ ပေးပို့သော အလှူရှင်များ၏ ဆောက်လုပ်ရေး ပစ္စည်းများ ပင်လယ်ထဲ တွင် နစ်မြုတ်ပျောက်ဆုံးခဲ့သည်။

ထို ပေးပို့လာသည်များထဲမှ အကောင်းပကတိ ရောက်ရှိသော ခေါင်းလောင်း ၄ လုံးအနက် အကြီးဆုံး ခေါင်းလောင်းမှာ တန် တဝက် ဖြစ်ပြီး ကျန်ခေါင်းလောင်း ၃ လုံး၏ စုစုပေါင်း အလေးချိန်မှာလည်း တန်တဝက် လေးသောကြောင့် နာရီစင်တွင် အသုံးပြုထားသည့် ခေါင်းလောင်း ၄ လုံး၏ စုစုပေါင်း အလေးချိန်မှာ ၁ တန် ဖြစ်ကြောင်း သိရသည်။

နာရီစင်ကြီး၏ အလှအပနှင့် ပြီးပြည့်စုံခြင်းကို ၁၉၁၇ ခုနှစ်တွင် အပြီးသတ်ခဲ့ကြောင်း အဆိုပါ ကျောင်းတော်ကြီး၏ နာရီစင်(သို့မဟုတ်) ဂျပ်ဆင်ရာပြည့် နာရီစင်၏ သမိုင်းအကျဉ်းတွင် ဖော်ပြထားသည်။

ဆရာယုဒသန္ကို ရည္မွန္းတည္ခဲ့သည့္ သက္တမ္း ၁၀၀ ေက်ာ္ နာရီစင္ႀကီး ျပန္လည္ပတ္

Unicode & Zawgyi Reshare-#9Dan
John Kay
Options for this story
ဆရာယုဒသန္ကို ရည္မွန္းတည္ခဲ့သည့္ သက္တမ္း ၁၀၀ ေက်ာ္ နာရီစင္ႀကီး ျပန္လည္ပတ္
-----------------------------------------------------------
ဒုတိယ ကမၻာစစ္ၿပီးခ်ိန္မွ စတင္၍ ရပ္တန္႔ေနခဲ့သည့္ ရန္ကုန္တိုင္း အလံုၿမိိဳ႕နယ္ အထက(၄) ေက်ာင္းရွိ ဆရာယုဒသန္ကို ရည္မွန္းတည္ခဲ့ေသာ သက္တမ္း ၁၀၀ ေက်ာ္ Cushing Clock Tower နာရီစင္ႀကီးကို ျပန္လည္ျပဳျပင္ ဖြင့္လွစ္လိုက္သည္။

၁၉၁၃ ခုႏွစ္တြင္ အေမရိကန္ႏွင့္ ျမန္မာျပည္သူမ်ား စုေပါင္း တည္ေဆာက္ခဲ့သည့္ ထိုနာရီစင္ႀကီးကို အၿငိမ္းစား ေက်ာင္းအုပ္ ဆရာမႀကီး ေဒၚသက္သက္စံႏွင့္ လက္ရွိ ေက်ာင္းအုပ္ ဆရာမႀကီး ေဒၚခိုင္ခိုင္သန္း ေက်ာင္းသား၊ ေက်ာင္းသူေဟာင္းမ်ား၊ လက္ရွိ တက္ေရာက္ေနေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ား စုေပါင္း၍ ႏွစ္ ၁၀၀ ျပည့္ အထိမ္းအမွတ္အျဖစ္ ဇန္နဝါရီ ၆ ရက္က ျပန္လည္ ဖြင့္လွစ္ျခင္း ျဖစ္သည္။

“ဒီနာရီစင္ႀကီးက ၁၅ မိနစ္တခါ ေခါင္းေလာင္း ထိုးေပးတယ္။ ဒီနာရီစင္ႀကီးက ေနမေကာင္းျဖစ္ေနတာ ႏွစ္ေပါင္း ၅၀ ၾကာၿပီ၊ အခုလိုျပဳျပင္လိုက္ေတာ့ လူတေယာက္ ျပန္ၿပီးေတာ့ က်န္းမာေရး ေကာင္းသြားသလိုေပါ့။ ဝမ္းသာ ဂုဏ္ယူမိပါတယ္”ဟု အလုံ အထက (၄) ေက်ာင္းသားေဟာင္း အၿငိမ္းစား ေက်ာင္းအုပ္ႀကီးတဦးလည္း ျဖစ္သည့္ ဦးျဖဴဝင္းက ဧရာဝတီသုိ႔ ေျပာသည္။

ဦးျဖဴ၀င္းသည္ ၁၉၅၈-၁၉၇၀ ခုႏွစ္အထိ တက္ေရာက္ ပညာသင္ၾကားခဲ့သည့္ ေက်ာင္းသားေဟာင္း တဦးျဖစ္ၿပီး အိႏၵိယႏုိင္ငံ Don Bosco Vocational Tranning School ႏွင့္ Prospect Burma ေက်ာင္း မွ အၿငိမ္းစား ေက်ာင္းအုပ္ႀကီး ျဖစ္သည္။

ထိုနာရီစင္ႀကီးသည္ ၁၉၁၃-၁၇ ခုႏွစ္တြင္ ဆရာႀကီး ယုဒသန္ကို ရည္မွန္း၍ တည္ထားခဲ့ျခင္းျဖစ္ေၾကာင္း၊ ဂ်ပန္တပ္မ်ား နာရီစင္ ေပၚတြင္ စခန္းခ်ျခင္း၊ ကင္းေစာင့္ျခင္းမ်ား ျပဳလုပ္ခဲ့ျခင္းေၾကာင့္ ေလာကဓံကို ခံစားခဲ့ရေၾကာင္း သူက ရွင္းျပသည္။

ဒုတိယ ကမၻာစစ္ၿပီးေနာက္ ၁၉၆၃ ခုႏွစ္အထိ အလုုပ္မလုပ္ဘဲ ရပ္တန္႔ေနခဲ့ေၾကာင္း၊ ထိုနာရီစင္ႀကီးကို ထိန္းသိမ္းရသည့္ မစၥတာ စမစ္သည္ နာရီစင္ ေလွကားမွာပင္ ကြယ္လြန္သြားခဲ့ၿပီး ၁၉၇၀ ဝန္းက်င္တြင္ နာရီလည္ပတ္မႈ လံုးဝရပ္တန္႔ သြားခဲ့ေၾကာင္း သိရ သည္။

အထက (၄) အလံု ေက်ာင္းဝင္းအတြင္းရွိ နာရီစင္ႀကီးသည္ အဒိုနာရမ္ဂ်ပ္ဆင္(ေခၚ) ဆရာယုဒသန္ အေမရိကန္ ျပည္ေထာင္စု၏ ပထမဆံုး ျပည္ပသာသနာျပဳအျဖစ္ ကြန္ဂရက္ ေဂးရွင္းနယ္လစ္ အသင္း၏ အေထာက္အပံ့ျဖင့္ ထြက္ခြာလာရာ အိႏၵိယျပည္ ကာလကတၱားၿမိဳ႕သို႔ ေရာက္ရွိၿပီး နယ္ႏွင္ဒဏ္ ေပးခံရရာမွ ျမန္မာမင္းမ်ား လက္ထက္ ၁၈၁၃ ခု ဇူလိုင္ ၁၃ ရက္တြင္ ရန္ကုန္ၿမိဳ႕သို႔ ေရာက္ရွိခဲ့ျခင္းကို အေၾကာင္းျပဳ၍ ေပၚေပါက္လာျခင္း ျဖစ္သည္။

ထိုအေၾကာင္းအရာကို သိရွိေသာသူမ်ားက ၁၉၁၃ ခု ဇူလိုင္ ၁၃ ရက္တြင္ ဆရာယုဒသန္ ေရာက္ရွိျခင္း ႏွစ္ ၁၀၀ ျပည့္ အခမ္း အနား က်င္းပရာ ျမန္မာ တိုင္းရင္းသားမ်ားႏွင့္ အေမရိကန္မ်ား ပူးေပါင္း ပါ၀င္ခဲ့သည္။

အခမ္းအနားတြင္ အေမရိကန္ျပည္သား ေဒါက္တာ ကာမင္ကိုးလ္စ္က ဤရာျပည့္နာရီစင္အား တည္ေဆာက္ရန္ စိတ္ကူးရ သည့္အတြက္ တင္ျပခဲ့ရာ ျမန္မာျပည္ရွိ ႏွစ္ျခင္းသာသနာျပဳ အဖြဲ႔ခ်ဳပ္၌ ရန္ပံုေငြ မလံုေလာက္ေသာ ကာလျဖစ္ေန၍ ခြင့္ျပဳခဲ့ျခင္း မရွိခဲ့ေၾကာင္း၊ သို႔ေသာ္ ေစတနာထက္သန္သူမ်ား ၏ ႀကိဳးပမ္းခ်က္မ်ား ရွိသျဖင့္ ႏွစ္ျခင္းသာသနာ ဌာနခ်ဳပ္လည္း ပါဝင္လာၿပီး သမိုင္းဝင္ နာရီစင္ႀကီး ေပၚေပါက္လာရျခင္း ျဖစ္ေၾကာင္း ေျပာၾကားသည္။

ၿပီးခဲ့သည့္ ၂၀၁၃ ခုႏွစ္ ဒီဇင္ဘာ ၅ ရက္က ဆရာယုဒသန္ ႏွစ္ ၂၀၀ ျပည့္ အခမ္းအနားကိုလည္း အလံုၿမိဳ႕နယ္ရွိ ဧရာ၀တီ ပိုးကရင္ကြင္း ဘုရားေက်ာင္း၀န္းႀကီးထဲ၌ က်င္းပခဲ့ေသးသည္။

နာရီစင္ႀကီးကို မူလက ရန္ကုန္ျမစ္ ဆိပ္ကမ္းတြင္ ထားရွိရန္ ဆႏၵရွိေသာ္လည္း အဂၤလိပ္ဆိပ္ကမ္း အုပ္ခ်ဳပ္ေရးဌာနက ခြင့္မျပဳေသာေၾကာင့္ ထိုအႀကံကို စြန္႔လႊတ္ၿပီး ကန္ေတာ္ႀကီးထဲ၌ ထားရန္ စီစဥ္ရာတြင္လည္း ရန္ကုန္ျမဴနီပါစပါယ္ အဖြဲ႔သို႔ တင္ျပရာ လက္ မခံခဲ့ေပ။

ထို႔ေနာက္ ထုိေခတ္အခါက အေခၚအေဝၚ ကူရွင္ေက်ာင္း (ယခု အ.ထ.က (၄) အလံု) ေက်ာင္းဝင္းထဲတြင္ ေနရာခ် တည္ေဆာက္ ရာ ပထမကမၻာစစ္ႏွင့္ ႀကံဳႀကိဳက္ေသာေၾကာင့္ အေမရိကန္မွ ေပးပို႔ေသာ အလွဴရွင္မ်ား၏ ေဆာက္လုပ္ေရး ပစၥည္းမ်ား ပင္လယ္ထဲ တြင္ နစ္ျမဳတ္ေပ်ာက္ဆံုးခဲ့သည္။

ထို ေပးပို႔လာသည္မ်ားထဲမွ အေကာင္းပကတိ ေရာက္ရွိေသာ ေခါင္းေလာင္း ၄ လံုးအနက္ အႀကီးဆံုး ေခါင္းေလာင္းမွာ တန္ တဝက္ ျဖစ္ၿပီး က်န္ေခါင္းေလာင္း ၃ လံုး၏ စုစုေပါင္း အေလးခ်ိန္မွာလည္း တန္တဝက္ ေလးေသာေၾကာင့္ နာရီစင္တြင္ အသံုးျပဳထားသည့္ ေခါင္းေလာင္း ၄ လံုး၏ စုစုေပါင္း အေလးခ်ိန္မွာ ၁ တန္ ျဖစ္ေၾကာင္း သိရသည္။

နာရီစင္ႀကီး၏ အလွအပႏွင့္ ၿပီးျပည့္စံုျခင္းကို ၁၉၁၇ ခုႏွစ္တြင္ အၿပီးသတ္ခဲ့ေၾကာင္း အဆိုပါ ေက်ာင္းေတာ္ႀကီး၏ နာရီစင္(သို႔မဟုတ္) ဂ်ပ္ဆင္ရာျပည့္ နာရီစင္၏ သမိုင္းအက်ဥ္းတြင္ ေဖာ္ျပထားသည္။

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...