0

စောင့်စားမျှော်လင့်သော ခရစ္စမတ်

 
စောင့်စားမျှော်လင့်သော ခရစ္စမတ်

Unicode & Zawgyi Reshare-#9Dan
ဘုရားသခင်၏ကျမ်းစာ
စောင့်စားမျှော်လင့်သော ခရစ္စမတ်
“သင်တို့အဘ..သည် ငါကြွလာမည့်အချိန်ကာလကို မြော်မြင်ခြင်းဌါ အလွန်အလိုရှိ၏။ မြင်ရသောအခါ ဝမ်းမြောက်ခြင်းသို့ရောက်သည်….” ( ယောဟန် ၈း၅၆ )
အာဒံနှင့်ဧ၀ ဧဒင်ဥယျာဉ်မှ နှင်ထုတ်တော်မူခြင်းခံရသော နေ့တွင် ဘုရားသခင်က မြွေကြီးအား မိန်းမ၏ အမျိုးအနွယ်သည် သင်၏ခေါင်းကို ကြိတ်လိမ့်မည်ဟု ယောကျာၤးမဆက်ဆံဘဲ အပျိုစင်မှ မွေးဖွားလာမည့် မိန်းမအမျိုးအနွယ် မေရှိယကို ရည်ညွှန်းပြီး ကျိန်တော်မူခဲ့သည် ( ကမ္ဘာဦး ၃း၁၅)။

အာဗြဟံသည်လည်း သူ့အမျိုးအနွယ်အားဖြင့် လောကမြေကြီး ကောင်းကြီး ရမည်ဖြစ်ကြောင်း ကတိတော်ရရှိရာ တွင် အာဗြဟံမျိုးစဉ်ဆက်မှ မွေးဖွားလာ မည့်မေရှိယကို ရည်ညွှန်းခြင်းဖြစ်သည်။ အာဗြဟံသည်လည်း ထိုအရာကို နားလည်သောကြောင့် ထိုနေ့ရက် ရောက်လာမည့်အချိန်ကို အလွန်စောင့် စားမျှော်လင့်ခဲ့သည်( ယောဟန် ၈း၅၆ )။
ထိုနောက် မောရှေကလည်း ဘုရားသခင်ဖွင့်ပြသော ပရောဖက်ဉာဏ်အားဖြင့် သူနှင့်တူသော ပရောဖက်တစ်ပါး ပေါ်ထွန်းလာမည်ဖြစ်ပြီး ထိုပရောဖက် ၏ စကားကို နားထောင်ရမည်ဟု ဣသရေလလူများ မှာခဲ့သည်။ ( တရားဟော ရာ ၁၈း၁၅ )။ သူနှင့် တူသောပရောဖက်ဆိုရာ၌ သူက ဣသရေလလူများကို အဲဂုတ္တုကျွန်မှ လွတ်စေခဲ့သလို ထိုပရောဖက်သည် လည်း လူသားမျိုးနွယ်ကို အပြစ်ကျွန်မှ လွတ်မြောက်စေမည်ကို ဆိုလိုခြင်းဖြစ်သည်။
နောက်ပိုင်း ဘီစီ ၇၀၀ ဝန်းကျင်တွင် ဟေရှာယက ထိုအရှင်သည် အပျိုကညာ ဝမ်းမှ ဖွားမြင်လာမည်ဖြစ်ကြောင်း နာမတော်ကို ဧမာနွေလဟု မှည့်ရမည် ဖြစ်ကြောင်း ဟောခဲ့သည်( ရး၁၄)။ မိက္ခာကလည်း မေရှိယသည် ဗက်လင်မြိ့ု
တွင် မွေးဖွားမည်ဖြစ်ကြောင်း ဘီစီ ၅၀၀ ဝန်းကျင်ကတည်းက ဟောခဲ့ပြန် သည်(၅း၂ )။ မွေးဖွားတော်မမူမီ သူ၏ ရှေ့ပြေးကို လည်း ကြိုတင်စေလွတ် မည်ဖြစ်ကြောင်းကိုလည်း ဟေရှာယ( ၄၀း၃-၅)နှင့် မာလခိ (၃း၁၊၂) တို့က ပရောဖက်ပြုခဲ့ကြသည်။
ဘုရားသခင်ကို ယုံကြည်သော ဓမ္မဟောင်းက လူများသည်လည်း ဝိညာဉ် တော်အားဖြင့် လောကကို ကယ်တင်မည့် မေရှိယကြွလာမည့်အမှုအရာကို အရိပ်အမြွက်သိကြသောကြောင့် ထိုသို့ကြွလာတော်မူမည့် နေ့ရက်နှင့် မြေကြီးသက်တော်စဉ်ကို အလွန်မြင်ချင်၊ ရှုစားချင်ကြသည်။ ထိုမေရှိယပြု မည့် ကယ်တင်ခြင်း အမှုကို အလွန်မျှော်လင့်စောင့်စားခဲ့ကြသည်( မဿဲ ၁၃း၁၇၊ လုကာ ၁၀း၂၄ )
ခရစ္စမတ်ရောက်မည့်အချိန်ကို လူတိုင်းမျှော်လင့်ကြသလို ဓမ္မဟောင်းကာလ လူများကလည်း ပထမဆုံး ခရစ္စမတ်ကို အလွန်မျှော်လင့်ခဲ့ကြသောကြောင့် မိမိတို့အသက်တာ၌ ဘုရားသခင်၏ အလိုတော်နှင့် အကြံအစည်တော်ကိုသာ ဖွေရှာခဲ့ကြသည်။ မွေးဖွားလာသော ထိုမေရှိယကို တွေ့မြင်ရသောအခါတွင် လည်း အလွန်ဝမ်းမြောက်လျက် ပီတိဖြစ်ခဲ့ကြသည်။ ကျွနု်ပ်တို့သည်လည်း မေရှိယမွေးဖွားသော ခရစ္စမတ်ကို မျှော်လင့်သည်တွင် အသက်တာကို ဘုရားသခင်အလိုတော်အကြံအစည်တော်အတိုင်း အပ်နှံသလော။ ခရစ္စမတ်အားဖြင့် ကြွလာသော မေရှိယကို အသက်တာမှာ တွေ့မြင်ရ သလော။ တွေ့မြင်သော သူအဖို့မူ လူကြံစည်၍ မမှီသော ဝမ်းမြောက်ပီတိ ဖြစ်ခြင်းခံစားရသည်။

ေစာင့္စားေမွ်ာ္လင့္ေသာ ခရစၥမတ္

Unicode & Zawgyi Reshare-#9Dan
ဘုရားသခင္၏က်မ္းစာ
ေစာင့္စားေမွ်ာ္လင့္ေသာ ခရစၥမတ္
“သင္တို႔အဘ..သည္ ငါၾကြလာမည့္အခ်ိန္ကာလကို ေျမာ္ျမင္ျခင္းဌါ အလြန္အလုိရွိ၏။ ျမင္ရေသာအခါ ၀မ္းေျမာက္ျခင္းသို႔ေရာက္သည္….” ( ေယာဟန္ ၈း၅၆ )
အာဒံႏွင့္ဧ၀ ဧဒင္ဥယ်ာဥ္မွ ႏွင္ထုတ္ေတာ္မူျခင္းခံရေသာ ေန႔တြင္ ဘုရားသခင္က ေျမြၾကီးအား မိန္းမ၏ အမ်ိဳးအႏြယ္သည္ သင္၏ေခါင္းကို ၾကိတ္လိမ့္မည္ဟု ေယာက်ာၤးမဆက္ဆံဘဲ အပ်ိဳစင္မွ ေမြးဖြားလာမည့္ မိန္းမအမ်ိဳးအႏြယ္ ေမရွိယကို ရည္ညႊန္းျပီး က်ိန္ေတာ္မူခဲ့သည္ ( ကမၻာဦး ၃း၁၅)။

အာျဗဟံသည္လည္း သူ႔အမ်ိဳးအႏြယ္အားျဖင့္ ေလာကေျမၾကီး ေကာင္းၾကီး ရမည္ျဖစ္ေၾကာင္း ကတိေတာ္ရရွိရာ တြင္ အာျဗဟံမ်ိဳးစဥ္ဆက္မွ ေမြးဖြားလာ မည့္ေမရွိယကို ရည္ညႊန္းျခင္းျဖစ္သည္။ အာျဗဟံသည္လည္း ထိုအရာကို နားလည္ေသာေၾကာင့္ ထိုေန႔ရက္ ေရာက္လာမည့္အခ်ိန္ကုိ အလြန္ေစာင့္ စားေမွ်ာ္လင့္ခဲ့သည္( ေယာဟန္ ၈း၅၆ )။
ထိုေနာက္ ေမာေရွကလည္း ဘုရားသခင္ဖြင့္ျပေသာ ပေရာဖက္ဥာဏ္အားျဖင့္ သူႏွင့္တူေသာ ပေရာဖက္တစ္ပါး ေပၚထြန္းလာမည္ျဖစ္ျပီး ထိုပေရာဖက္ ၏ စကားကို နားေထာင္ရမည္ဟု ဣသေရလလူမ်ား မွာခဲ့သည္။ ( တရားေဟာ ရာ ၁၈း၁၅ )။ သူႏွင့္ တူေသာပေရာဖက္ဆုိရာ၌ သူက ဣသေရလလူမ်ားကို အဲဂုတၱဳကၽြန္မွ လြတ္ေစခဲ့သလို ထုိပေရာဖက္သည္ လည္း လူသားမ်ိဳးႏြယ္ကို အျပစ္ကၽြန္မွ လြတ္ေျမာက္ေစမည္ကို ဆိုလိုျခင္းျဖစ္သည္။
ေနာက္ပိုင္း ဘီစီ ၇၀၀ ၀န္းက်င္တြင္ ေဟရွာယက ထိုအရွင္သည္ အပ်ိဳကညာ ၀မ္းမွ ဖြားျမင္လာမည္ျဖစ္ေၾကာင္း နာမေတာ္ကို ဧမာေႏြလဟု မွည့္ရမည္ ျဖစ္ေၾကာင္း ေဟာခဲ့သည္( ၇း၁၄)။ မိကၡာကလည္း ေမရွိယသည္ ဗက္လင္ျမိ့ဳ
တြင္ ေမြးဖြားမည္ျဖစ္ေၾကာင္း ဘီစီ ၅၀၀ ၀န္းက်င္ကတည္းက ေဟာခဲ့ျပန္ သည္(၅း၂ )။ ေမြးဖြားေတာ္မမူမီ သူ၏ ေရွ႕ေျပးကို လည္း ၾကိဳတင္ေစလြတ္ မည္ျဖစ္ေၾကာင္းကိုလည္း ေဟရွာယ( ၄၀း၃-၅)ႏွင့္ မာလခိ (၃း၁၊၂) တို႔က ပေရာဖက္ျပဳခဲ့ၾကသည္။
ဘုရားသခင္ကို ယုံၾကည္ေသာ ဓမၼေဟာင္းက လူမ်ားသည္လည္း ၀ိညာဥ္ ေတာ္အားျဖင့္ ေလာကကို ကယ္တင္မည့္ ေမရွိယၾကြလာမည့္အမႈအရာကို အရိပ္အျမြက္သိၾကေသာေၾကာင့္ ထိုသို႔ၾကြလာေတာ္မူမည့္ ေန႔ရက္ႏွင့္ ေျမၾကီးသက္ေတာ္စဥ္ကို အလြန္ျမင္ခ်င္၊ ရႈစားခ်င္ၾကသည္။ ထုိေမရွိယျပဳ မည့္ ကယ္တင္ျခင္း အမႈကို အလြန္ေမွ်ာ္လင့္ေစာင့္စားခဲ့ၾကသည္( မႆဲ ၁၃း၁၇၊ လုကာ ၁၀း၂၄ )
ခရစၥမတ္ေရာက္မည့္အခ်ိန္ကို လူတိုင္းေမွ်ာ္လင့္ၾကသလို ဓမၼေဟာင္းကာလ လူမ်ားကလည္း ပထမဆုံး ခရစၥမတ္ကို အလြန္ေမွ်ာ္လင့္ခဲ့ၾကေသာေၾကာင့္ မိမိတို႔အသက္တာ၌ ဘုရားသခင္၏ အလိုေတာ္ႏွင့္ အၾကံအစည္ေတာ္ကိုသာ ေဖြရွာခဲ့ၾကသည္။ ေမြးဖြားလာေသာ ထိုေမရွိယကို ေတြ႕ျမင္ရေသာအခါတြင္ လည္း အလြန္၀မ္းေျမာက္လ်က္ ပီတိျဖစ္ခဲ့ၾကသည္။ ကၽြႏု္ပ္တို႔သည္လည္း ေမရွိယေမြးဖြားေသာ ခရစၥမတ္ကို ေမွ်ာ္လင့္သည္တြင္ အသက္တာကို ဘုရားသခင္အလိုေတာ္အၾကံအစည္ေတာ္အတိုင္း အပ္ႏွံသေလာ။ ခရစၥမတ္အားျဖင့္ ၾကြလာေသာ ေမရွိယကို အသက္တာမွာ ေတြ႔ျမင္ရ သေလာ။ ေတြ႕ျမင္ေသာ သူအဖို႔မူ လူၾကံစည္၍ မမွီေသာ ၀မ္းေျမာက္ပီတိ ျဖစ္ျခင္းခံစားရသည္။

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...