0

သင်ခန်းစာ အမှတ် (၁၄) ပညတ်တရားနှင့် ကျေးဇူးတရား (ယုံကြည်ခြင်းတရားနှင့်အကျင့်တရား) Unicode & Zawgyi Reshare-#9Dan

 သင်ခန်းစာ အမှတ် (၁၄) ပညတ်တရားနှင့် ကျေးဇူးတရား (ယုံကြည်ခြင်းတရားနှင့်အကျင့်တရား)

Unicode & Zawgyi Reshare-#9Dan
သင်ခန်းစာ အမှတ် (၁၄)

ပညတ်တရားနှင့် ကျေးဇူးတရား (ယုံကြည်ခြင်းတရားနှင့်အကျင့်တရား)

“နိဒန်း”

ခရစ်ယာန်အသက်တာတွင် ယုံကြည်ခြင်းသည်လည်းကောင်း၊ အကျင့်သည်လည်းကောင်း၊ မိမိတို့သက်ဆိုင် ရာကဏ္ဍအသီးသီးရှိကြကြောင်းကို အငြင်းပွားရန်မလိုပါ။ ယုံကြည်သူသည် ကျေးဇူးတော်ကြောင့် ယုံကြည်ခြင်းအား ဖြင့် ဖြောင့်မတ်ရာသို့ရောက်ရပ်သည် ထိုသူသည် မိမိကျင့်သောအကျင့်နှင့်အညီ ဆုချီးမြှင့်ခြင်းကိုခံရမည်။


အခြေခံသဘောအားဖြင့် အယူအဆနှစ်ပါးတို့သည် ရှင်းလင်းမှန်ကန်နေသည်ဟု ထင်မြင်ရသော်လည်း အကျင့်မပါဘဲ ယုံကြည်ခြင်းတစ်ပါးတည်းဖြင့်သာ ကယ်တင်ခြင်းသို့ ရောက်ရသည်ဟူသော အချက်သည် ဧဝံဂေလိ ဂိုဏ်းဝင်သူ အနည်းငယ်မှလွှဲ၍ ကျန်သူတို့အတွက်စိမ်းနေပါသည်။ လက်တွေ့အားဖြင့် ခရစ်ယာန်ဘာသာရေး ဂိုဏ်းက ဏကြီးများအားလုံးလိုလိုတို့သည်ကယ်တင်ခြင်းသို့ရောက်ရန်ယုံကြည်ခြင်း အပေါ်၌ အကျင့်တစ်စုံတစ်ခု ဗတ္တိဇံမင်္ဂလာ (သို့မဟုတ်) ဗတ္တိဇံမင်္ဂလာနှင့် အခြားစည်းမျဉ်း စည်းကမ်းများကို လိုက်နာရန်လိုအပ်သည်ဟု ဖြည့်စွတ်လိုကြသည်။ ကယ်တင်ခြင်းရရှိရန်အတွက် အကျင့်တရားကိုထပ်ဖြည့်ခြင်းသည် အပြစ်သားအားပညတ်တရား အောက်သို့ပြန်ပို့ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ပညတ်တရားအောက်၌မရှိ “ကျေးဇူးတရားအောက်၌ ရှိကြောင်းသမ္မာကျမ်းစာက ဖော်ပြ ထားပါသည်။ ဤခြားနာချက်အတွက် အဖြေသည်ထင်သလောက် မလွယ်ကူကြောင်း တွေ့ရပါသည်။တမန်တော်ကြီး ရှင်ယာကုပ်သည် ဖြောင့်မတ်ရာ၌တည်စေခြင်း Justification ကိုအကျင့်အားဖြင့် ရရှိသည်ဟု သွန်သင်သကဲ့သို ထင်ရ ပါသည်။ ထို့အတူ ရှင်ပေါလုသည် ဖြောင့်မတ်ရာ၌တည်စေခြင်းကို ယုံကြည်ခြင်းတပါးတည်းဖြင့်သာ ရရှိနိုင်သည်ဟု သွန်သင်သကဲ့သို့ထင်ရပါသည်။ ဤသို့ထင်ရသော ကွဲပြားမူသည် ကြီးမားလွန်းသောကြောင့် ပြုပြင်ပြောင်းလဲမူ ခေါင်း ဆောင်ကြီးမာတင်လုသာသည် ရှင်ယာကုပ်သြဝါဒစာအား အခြေအမြစ်မရှိသော စာဟုပင် ညွှန်းခဲ့ပါသည်။ ဤသင်ခန်း စာ၏ပဓာနကျသော ရည်ရွယ်ချက်မှာ ပညတ်တရားနှင့်ကျေးဇူးတရား (သို့မဟုတ်) ယုံကြည်ခြင်းတရားနှင့် အကျင့် တရားတို့ပတ်သက်၍ ကျမ်းစာသည် မည်ကဲ့သို့ဖော်ပြထားကြောင်းကို ရှင်းလင်းစွာဖော်ပြရန် ပြင်ဆင်ထားပါသည်။ ထိုစကားရပ်များပေါ်လာသောအခါ သဘောပေါက်လျှက်သူတို့နှင့် သက်ဆိုင်သောနေရာနှင့်အသုံးဝင်မူတို့ကို ဝေဖန်ခွဲ ခြားနိုင်ရန် ဖြစ်ပါသည်။

ဤသင်ခန်းစာအရေးကြီးပုံ

ခရစ်ယာန်ဟုခေါ်ဝေါ်ခြင်းခံရသောသူတို့အနက် သန်းပေါင်းများစွာတို့သည် ထာဝရကာလအတွက် မိမိတို့ ကယ်တင်ခြင်းနှင့်ပတ်သက်၍ တိကျသေချာရေရာသော အဖြေမရရှိဘဲ ရှိနေကြသည်။ “သင်ကယ်တင်ခြင်းရရှိပြီလား” ဟုမေးပါက “ကျွန်ုပ်အနေဖြင့် တတ်နိုင်သမျှ အကောင်းဆုံးကျင့်ကြံ ပြုမူနေကြောင်း” ကိုသာအဖြေပေးတပ်ပါသည်။. ထိုသို့အဖြေပေးခြင်းမှာ ထာဝရကာလသွားရမည့်လမ်းနှင့် ရပ်တည်ရမည့် အခြေအနေသည်သူတို့၏ စာရိတ္တနှင့် ကုသိုလ်ကောင်းမူပြုနိုင်မူ အပါ်ရပ်တည်နေကြောင်း ထင်ရှားစေပါသည်။ သူတို့ပြုခဲ့သော ကောင်းမူတို့သည် သန့်ရှင်း တော်မူသော ဘုရားသခင်းအား ကျေနပ်မူပေးနိုင်စွမ်းရှိမရှိကို မသိနိုင်သောကြောင့် ဤကဲ့သို့တွေဝေနေခြင်းဖြစ်ပါ သည်။ အကယ်၍ သင်သည်သင်၏ ရပ်တည်မူကို သေချာရေရာစွာ သိရှိလိုပါလျှင် ယုံကြည်ခြင်းတရားနှင့် အကျင့်တ ရားတို့၏နေရာနှင့် ရည်ရွယ်ချက်တို့ကို သိထားရန်အရေးကြီးလှပါသည်။

ပညတ်တရားနှင့် ကျေးဇူးတရားအကြောင်းလည်း ရှိပါသေးသည်။ “မောရှေအားဖြင့် ပညတ်တရားကို ပေး တော်မူသော်လည်း ကျေးဇူးတရားနှင့် သစ္စာတရားကို ခရစ်တော်အားဖြင့်ပေးတော်မူ” ယုံကြည်သူသည် အကျင့်တရား မပါဘဲ ယုံကြည်ခြင်းသက်သက်ဖြင့်သာ ကယ်တင်ခြင်းသို့ရောက်ပါသလော။ ထိုသို့ဖြစ်လျှင်ပညတ်တရားကိုအဘယ် ကြောင့်ပေးတော်မူပါသနည်း။ ပညတ်တရားသည်ယုံကြည်သူ၏အသက်တာနှင့် မည်သို့ပတ်သက်၍ ယုံကြည်သူသည် မည်သို့သဘောထားရပါမည်နည်း။ ဘုရားသခင်သည် ပညတ်တရားရှိလျှက် ကျေးဇူးတရားကိုပေးသည်မှန်လျှင် ထို ပညတ်တရား၌ မည်သည့်အားနည်းခြင်း ရှိပါသနည်း။ ကျေးဇူးတရားဆိုသည်မှာ အဘယ်နည်း။ “ကျေးဇူးတရားမှ ရွေ့လျော့သည်” ဆိုရာ၌ မည်ကဲ့သို့ဆိုလိုပါသနည်း။ ပညတ်တရားနှင် ကျေးဇူးတရားရောလျက် အတူယှဉ်တွဲနိုင်ပါ သလော။ ခရစ်ယာန်၏ အသက်တာနှင့် ကယ်တင်ခြင်းကိစ္စတွင် ကျေးဇူးတရားသည် မည်သို့ပတ်သက်ပါသနည်း။

ဤစကားရပ်များကို နားလည်နိုင်ရန် ဤသင်ခန်းစာသည် အရေးကြီးလှပါသည်။ သင်၏ကယ်တင်ခြင်းနှင့် ပတ်သက်၍ စိတ်ချမူရရှိနိုင်ရန်နှင့် ခရစ်တော်၌ သင်ရရှိသောကယ်တင်ခြင်း၏ အထူးပြည့်စုံနေမူကို သိရှိနိုင်ရန် ဤစကားရပ်များကို နားလည်ဘို့အထူးလိုအပ်လှပါသည်။

သင်ခန်းစာ

၁။ ဖြောင့်မတ်ရာ၌ တည်စေခြင်းနှင့် ပတ်သက်၍ တမန်တော်ကြီးရှင်ပေါလုနှင့် ရှင်ယာကုပ်တို့ ခြားနားသည်ဟု ယူဆရသောအချက်များ။

(က) ရောမ ၄း၂-၅။ ဧ ၂း၈-၉။ တိ ၃း၅-၆။ ရော ၈း၁ တို့ကိုဖတ်ရှုလေ့လာပါ။

(ခ) ယာကုပ် ၂း၁၄-၂၆ ကိုဖတ်ရှုလေ့လာပါ။

(ဂ) သာမန် အပေါ်ယံလေ့လာခြင်းဖြင့် အောက်ပါအတိုင်းပြောနေသကဲ့သို့ ရှိပါသည်။

(၁) ယာကုပ် - ယုံကြည်ခြင်းတစ်ပါးတည်းသည် သင်ကိုကယ်တင်ခြင်း မပေးနိုင်။

(၂) ပေါလု - ယုံကြည်ခြင်း တစ်ပါးတည်းကသာ ကယ်တင်ခြင်းပေးနိုင်၍ သင့်ကိုလည်း ကယ်တင် ခြင်းပေးသည်။သို့ရာတွင် (၁) ကောင်းသောအကျင့်ကိုကျင့်လျှက်ရှိသော မုဆိုးမတို့ကို ချီးကျူးထား ပါသည်။ (၂) ယုံကြည်သူတို့သည် ကောင်းသောအကျင့်၌ ကြွယ်ဝပြည့်စုံခြင်း ရှိမည့်အကြောင်း တိမောသေကို တိုက်တွန်းထားပါသည်။ (၁ တိ ၆း၁၈ ) ။ (၃) တိတုအားလည်း “ဘုရားသခင်ကိုသိ ယောင်ဆောင်သောလည်း အကျင့်အားဖြင့် ဘုရားသခင်းကို ငြင်းပယ်သောသူ” ရှိကြောင်းစာရေး ထားပါသည်။ တိ ၁း၁၆။

ရှင်ယာကုပ်က အသီးမသီးသော အချည်းနှီးဖြစ်သော ယုံကြည်ခြင်းကို လုပ်စားသောသူတို့နှင့် ပတ်သက်၍ အကျင့်မပြနိုင်လျှင် ယုံကြည်ခြင်းအစစ်အမှန် မရှိကြောင်းရေးသားပါသည်။ အကျင့်နှင့် ကင်းသောယုံကြည်ခြင်းသည် အသေဖြစ်၏။ ၂း၁၈ တွင် “ငါမူကား အကျင့်အားဖြင့် ငါ၏ယုံ ကြည်ခြင်း၏ အသီးအပွင့်ဖြစ်လျှက် လူ၏ဖြောင့်မတ်ရာ၌ တည်စေခြင်းအဖြစ်ကို ထိုနှစ်ပါးတို့သည် လက်တွဲသက်သေပြသည်ဟု ခံယူထားပါသည်။ “အသက်တာတွင် ကျေးဇူးတရား၏ လက္ခဏာမရှိ လျှင် စိတ်နှလုံးထဲတွင်လည်း ကျေးဇူးတရား၏ လက္ခဏာမတွေ့ရ”ဟု Dr. Harry Ironside က ရေးထားပါသည်။

၂။ ဖြောင့်မတ်ရာ၌တည်စေသည်။

ပေါလုသည် ဘုရားသခင်၏ရပ်တည်ချက်မှ ကယ်တင်ခြင်းကိုရှုမြင်ခြင်းဖြစ်ပါသည်။ မိမိဆန္ဒအတိုင်း ဆောင်ရွက်ပိုင်ခွင့်ရှိသော ဘုရားသခင်သည် ဘုရားတရားမရှိသောသူအပေါ်သူ၏ ယုံကြည်ခြင်း တစ်ခုကိုအခြေပြုလျှက် ဖြောင့်မတ်ခြင်းဝတ်လုံကို ဝတ်စေခြင်း၊ ဖြောင့်မတ်ရာ၌ တည်စေခြင်းကို ဖော်ပြသည်။ ရော ၃း၂၁၊ ၂၂၊ ၂၅-၂၈။ ၄-၅၊ ၆။ ၅း၁။

ရှင်ယာကုပ်သည် လူ၏တာဝန်ကိုဖော်ပြလျက် မိမိ၏ယုံကြည်ခြင်းကို သူတစ်ပါးတို့အား မိမိအကျင့် အားဖြင့် ဖော်ပြရမည့်တာဝန်ကို ဖော်ပြခြင်းဖြစ်ပါသည်။ လူဘက်ကမြင်သကဲ့သို့သောအမြင်ဖြင့် ရေးသားခြင်းဖြစ်ပါသည်။ ယာ ၁း၁၈-၂၆။ ပေါလုသည် ဘုရားသခင်၏အမြင်ဖြင့် ရေးသားခြင်း ဖြစ်ပါသည်။ ယာကုပ်သည် ဖြောင့်မတ်ရာ၌ တည်စေခြင်းကို လူ၏အမြင်အတိုင်းရေးခြင်းဖြစ်ပါ သည်။

“ယုံကြည်ခြင်းသည် ထိုသူကိုမဖြောင့်မတ်စေလျှင် မည်သူတစ်စုံတစ်ဦးမှ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့မရောက်ဟု Dr. A.T Robertson ကရေးပါသည်။



၃။ အကျင့်တရား - ကယ်တင်ခြင်း။

(က) ကယ်တင်ခြင်းနှင့် ပတ်သက်၍ အကျင့်တရား၏နေရာ။

(၁) ရော၊ ၄း၅-၆။ “ဘုရားသခင်သည် အကျင့်ကိုမထောက်ဘဲလျက်ပေးတော်မူသော ဖြောင့်မတ်ခြင်း”

(၂) ဧ၊ ၂း၈-၉ “ကိုယ့်ကုသိုလ်ကြောင့် ကယ်တင်တော်မူခြင်းသို့ရောက်ကြသည် မဟုတ် သို့ဖြစ်၍ အဘယ်သူမျှဝါကြွားစရာအခွင့်မရှိ။

(၃) ဂလ၊ ၂း၁၆။ “ပညတ်တရား၏ အကျင့်အားဖြင့် အဘယ်သူမျှဖြောင့်မတ်ရာသို့ မရောက်နိုင်ရာ”

(၄) ဂလ၊ ၂း၂၁။ “ပညတ်တရားကိုအမှီပြု၍ ဖြောင့်မတ်ရာသို့ရောက်နိုင်လျှင် ခရစ်တော်သည် အချည်းအနှီးအသေခံတော်မမူ”

(၅) ရော ၁၁း၆။ “ကျေးဇူးအားဖြင့်ရှိလျှင် ကိုယ်ကျင့်သောအကျင့်အားဖြင့် မရှိ”

(၆) တိ၊ ၃း၅-၆။ “ငါတို့ကျင့်သော ဖြောင့်မတ်ခြင်းအကျင့်အားဖြင့် မဟုတ်ဘဲ။”

ရှင်ယာကုပ်က စာရေးရာတွင်ထားရှိသော စိတ်သဘောထားကို ဖော်ပြထားပြီးဖြစ်၍၊ ကယ်တင်ခြင်း နှင့် ပတ်သက်၍အကျင့်တရားပါဝင်ခြင်းမရှိကြောင်းကို ဤကျမ်းချက်များက ရှင်းလင်းစွာဖော်ပြထား ပါသည်။ သို့ရာတွင်ကယ်တင်ခြင်းသို့ရောက်ပြီးဖြစ်၍ “ကောင်းသောအကျင့်၌ ကြွယ်ဝပြည့်စုံ”ရ မည်ဖြစ်ပါသည်။

၁တိ ၆း၁၈။ ကောင်းသောအကျင့်တို့ကိုအမြဲကျင့်အံ့သောငှာ သတိပြုရကြမည်။ တိ ၃၊ ၈။

(ခ) ကယ်တင်ခြင်းနှင့် ပတ်သက်၍ ယုံကြည်ခြင်း၏နေရာ၊ ယုံကြည်ခြင်းသည် ကယ်တင်ခြင်း၏ သော့ဖြစ်သည်။

(၁) ဧ၊ ၂း၈။ “ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ရောက်ရ၏။”

(၂) ရော ၅း၁။ “ငါတို့သည် ယုံကြည်ခြင်းရှိ၍ ဖြောင့်မတ်ရာသို့ရောက်လျှင်”

(၃) တ၊ ၁၆း၃၁။ “ယုံကြည်လော့ … ယုံကြည်လျှင် ကယ်တင်ခြင်းသို့ရောက်ကြလိမ့်မည်”

(၄) ရော ၁း၁၆။ “ဧဝံဂေလိတရား … ယုံကြည်သမျှသောသူတို့ကို ကယ်တင်စေသော ဘုရား သခင်၏တန်ခိုးတော်ဖြစ်၏။”

(၅) ဧ ၃း၁၇။ “ယုံကြည်ခြင်းအားဖြင့် ခရစ်တော်သည် သင်တို့စိတ်နှလုံးထဲ၌ ကျိန်းဝပ်တော်မူ မည်”

(၆) ရော ၃း၂၈။ “လူမည်သည်ကား ပညတ်တရား၏ အကျင့်မရှိဘဲ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ရောက်တတ်သည်။

(၇) ဖိ ၃း၁၁။ “ခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့် ရသော ဖြောင့်မတ်ခြင်း။”ရိုးရိုးပြောရလျှင် သင်နှင့်ကျွန်ုပ်သည် ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ရောက်ရပါသည်။ အခြားဘာမျှပါဝင်ခြင်းမရှိပါ။

၄။ ခရစ်ယာန်အသက်တာနှင့် အကျင့်တရားဆက်စပ်မှု။

(က) ကောင်းသောအကျင့်များသည် စစ်မှန်သောယုံကြည်ခြင်းရှိကြောင်း အထောက်အထား ဖြစ်ပါသည်။ ယာ ၂း၁၄၊ ၁၇၊ ၂၀၊ ၂၂။

(ခ) သခင်ယေရှု၏ တရားပလ္လင်တော်ရှေ့တွင် ခရစ်ယာန်တိုင်းအား ကိုယ် ခန္ဓာအား ဖြင့် လည်းကောင်း၊ ကိုယ်ခန္ဓာ၌လည်းကောင်း ဆောင်ရွက်ခဲ့သမျှအတွက် စီရင်ခြင်း ခံကြရမည်။

၂ကော ၅း၁၀။

(ဂ) ကယ်တင်ခြင်းရရှိရန် ယုံကြည်သောအားဖြင့် ကျေးဇူးတော်ကြောင့်ဖြစ်သော်လည်း ကောင်းကင်၌ဆုပေးသောအခါ လုပ်ဆောင်ခဲ့သောအလုပ်ပေါ်တွင်မူတည်လျက် ဆုပေး မည် ဖြစ်ပါသည်။ ၁ကော ၃း၁၂-၁၅။

(ဃ) ဂလာတိ ၅း၆ တွင် မေတ္တာအားဖြင့် ဖြစ်ပွားသော ယုံကြည်ခြင်းကို ဖော်ပြထားပါသည်။ ယုံကြည်ခြင်းကို မေတ္တာအားဖြင့် လက်တွေ့ဖော်ပြနိုင်ပါသည်။

(င) ဗျာ ၁၄း၁၃တွင် သေလွန်ပြီးသော သန့်ရှင်းသူတို့အကြောင်းကိုဖော်ပြရာ၌ “သူတို့အကျင့် တို့သည် သူတို့နှင့်အတူလိုက်ကြ၏ဧဟု ဆိုပါသည်။ လောကတွင် သင်ရရှိထားသော ပစ္စည်းဥစ္စာများ သင်၏ကျော်ဇောမှုများကို ကောင်းကင်သို့ယူဆောင်မသွားနိုင် သင်၏ အကျင့်ကိုသာယူဆောင်နိုင်ပါသည်။ ၌လောကတွင် သင်၏ပြုကျင့်ခြင်းများသည် ထိုအရပ် တိုင်အောင်ထိရောက်မှုရှိနေပါသည်။

၅။ ခရစ်ယာန်အသက်တာနှင့် ယုံကြည်ခြင်းဆက်စပ်မှု။

(က) ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့်သာ ကယ်တင်တော်မူခြင်းသို့ရောက်ရသည်မဟုတ် ဘဲကျွန်ုပ်တို့အား “ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏တန်ခိုးတော်သည် စောင့်ရှောက် တော်မူပါသည်” ၁ပေ ၁း၅။

(ခ) ဂလာတိ ၂း၂၀ တွင်ပေါလုက “ယခုငါရှင်သောအသက်သည် ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့်တည်၏”။

(ဂ) ၂ကော ၅း၇တွင် “မျက်မြင်အားဖြင့်မဟုတ်ဘဲ ယုံကြည်မျှော်လင့်ခြင်းရှိသည့်အတိုင်း ငါတို့ သည်ကျင့်ဆောင်ပြုမူသည်”

(ဃ) ခရစ်ယာန်အသက်တာသည် ယုံကြည်ခြင်းဎပ တည်သောအသက်တာဖြစ်ပါသည်။ ဝိညာဉ်ရေးရာတွေ့ကြုံခံစားမှုအားလုံး၏ သော့ချက်သည် ယုံကြည်ခြင်းဖြစ်ပါသည်။

(၁) ယုံကြည်ခြင်းအားဖြင့် လောကနှင့်တကွ လောက၌ရှိသော ပျော်ရွှင်မှု၊ သွေးဆောင်မှုနှင့် စုံစမ်းခြင်းအမျိုးမျိုးတို့ကို အောင်မြင်ကြရပါသည်။ ၁ယော ၅း၄။

(၂) ယုံကြည်ခြင်းအားဖြင့်စာတန်နှင့်တကွ စာတန်၏ တန်ခိုးများ၊ စာတန် ပစ်ခတ် သောမီးစက်လက်နက်များကို အောင်နိုင်ကြ၏။ ၁ပေ ၅း၉။ ဧ၊ ၆း၁၆။

(၃) ယုံကြည်ခြင်းအားဖြင့် အမွေစားအမွေခံဖြစ်လျက်ဆက်လက်ရှင်သန်သော ဘုရား သခင်၏ ကတိတော်များကို ရယူခံစားကြရပါသည်။ ဟေ ၆း၁၂။

(၄) ထို့ထက်မကယုံကြည်ခြင်းသည် -

(က) လောကပစ္စည်းဥစ္စာလိုအပ်ချက်များအတွက် ပူပန်ခြင်းမှ ကင်းလွတ်စေ ပါသည်။ မ၊ ၆း၃၀-၃၃။

(ခ) အသက်တာ၏ မုန်တိုင်းကြီးများကို ရင်ဆိုင်ရဲသော သတ္တိကိုရရှိစေပါ သည်။ မ၊ ၈း၂၆။

(ဂ) ပူပန်ခြင်း၊ ဒွိဟဖြစ်လျက်မရှင်းမလင်းဖြစ်သော မဝေခွဲတတ်မှုများ၏ အထက်တွင် ရပ်တည်သက်ရှင်ခွင့်ရရှိစေပါသည်။ မ၊ ၁၄း၃၁-၃၂။

၆။ မိမိကျင့်သောအကျင့်အားဖြင့်ဖြောင့်မတ်ရာသို့ ရောက်နိုင်သည်ဟု ယုံကြည်ခြင်းသည် ပညတ်တရား၏ လက်အောက်သို့ ပြန်ဝင်ခြင်းဖြစ်၍ “ကျေးဇူးတရား၌မတည်၊ ရွှေ့လျှော့သူ” ဖြစ်စေပါသည်။

(က) ကလာတိ ၅း၁-၆ကိုဖတ်ပါ။ အငယ် (၁)တွင် ပေါလုက ဤသို့တိုက်တွန်းထားပါသည်။ “ခရစ်တော် သည် ငါတို့ကို လွှတ်တော်မူသော လွှတ်ခြင်းအခွင့်၌တည်”ရန်။ အခြေခံအဓိပ္ပါယ်မှာ၊ မောရှေ၏ ပညတ်တရားအောက်တွင် ကျွန်ခံလျက်ချည်နှောင် ခြင်းခံရသော ဘဝမှ ခရစ်တော်သည် ကျွန်ုပ်တို့ အားလွတ်မြောက်စေခြင်းဖြစ်သည်။

အငယ် ၂-၄ တွင် ပေါလုသည် အရေဖျားလှီးခြင်းအကြောင်းကို ဆွေးနွေးထားပါသည်။ ထိုအရေဖျား လှီးခြင်းသည် ပညတ်တရားအောက်တွင်ယုဒလူစစ်စစ်ဖြစ်ခြင်း၊ သီးသန့်ဖြစ်ခြင်းလက္ခဏာဖြစ်သည်။ အချို့သော အတုအယောင်ဆရာများသည် ကျေးဇူးတရားအောက်၌ပင်လျှင် ယုဒလူဖြစ်စေ၊ တစ်ပါး အမျိုးသားဖြစ်စေ ခရစ်ယာန်မှန်သော်လည်း ဓလေ့ထုံးစံအောက်ပြန်ဝင်ရမည်ဟု သွန်သင်ထားပါ သည်။ ဤအရာနှင့် ပတ်သက်၍ ပေါလုက အချက် (၃)ချက်ဖြင့် ငြင်းဆိုထားပါသည်။ အကယ်၍ ဘိုးဘေးတို့ကျင့်သုံးသော ပညတ်တရားထုံးတမ်းအတိုင်း ကျင့်လျှင် အောက်ပါအဖြေများကို ဖြစ်ပေါ် စေသည်-

(၁) ခရစ်တော်သည် သင်တို့၌ မည်သည့်အကျိုးအမြတ်ကိုမျှမပေး အငယ်-၂။

(၂) သင်တို့သည် မိမိကိုယ်မိမိပညတ်တရားကိုအကြွင်းမဲ့ကျင့်အံ့သောငှာ ကြွေးတင်သောသူ ဖြစ်စေသည်။ အငယ်-၃။ ယာ၊ ၂း၁၀။ ဂလ။ ၃း၁၀။

(၃) သင်သည် ကျေးဇူးတရား၌မတည်၊ ရွှေ့လျော့ပြီ။ အငယ် ၄

မှတ်ချက်။ “ကျေးဇူးတရား၌မတည်၊ ရွှေ့လျော့ပြီ”ဟူသော ကျမ်းစကားကဲ့သို့အခြားသော ကျမ်းစကားများကို လွှဲမှားစွာအနက်ဖွင့်ခြင်းမရှိပါ။ သင်၏ကယ်တင်ခြင်းလက်လွှတ်ရပြီဟု အဓိပ္ပါယ် ဖွင့်လေ့ရှိပါသည်။ သင်သည် အရေဖျားလှီးခြင်းကိုခံယူခြင်းဖြင့် မိမိကိုမိမိပညတ်တရား၏ လက်အောက်သို့ပြန်ဝင်လျှင် သင်သည် ကျေးဇူးတရား၏ အနှစ်သာရကိုပေါ့ပါးပျက်ပြားစေပြီး။ ကယ်တင်ခြင်းရရှိစေသော လမ်းကြောင်းကိုလည်း လွှဲမှားလေပြီဟု ပေါလုက ကျွနု်တို့အား ဆိုလို ခြင်းဖြစ်ပါသည်။

(ခ) ထို့ကြောင့် ဤအကြောင်းအရာသည် ခရစ်ယာန်၏အသက်တာနှင့် ကယ်တင်ခြင်းတွင် ပညတ် တရားနှင့် ကျေးဇူးတရားအကြောင်းကို လေ့လာရန်လိုအပ်စေပါသည်။

၇။ အလေးထားရန်ကျမ်းချက် (၂)ချက်။

(က) ယော ၁း၁၇။ “အကြောင်းမူကား ပညတ်တရားတော်ကို မောရှေလက်တွင် ပေးတော်မူ၏။ ကျေးဇူး တရားနှင့် သစ္စာတရားမူကား ယေရှုခရစ်အားဖြင့်ဖြစ်သတည်း” ခရစ်တော်သည် အသစ်သော စနစ်နှင့် အသစ်သောကာလကိုယူဆောင်လာပါသည်။ ခေတ်ကာလကိုအုပ်စိုးလျက် လမ်းညွှန်နေ သောမောရှေ၏ပညတ်တရားသည် ကိုယ်တော်၌ အလျင်အမြန်ချုပ်ငြိမ်း၍ စနစ်သစ်ပေါ်ပေါက်လာ ခြင်းဖြစ်ပါသည်။

(ခ) ရော၊ ၁၀း၄။ ယုံကြည်သောသူအပေါင်းတို့သည် ဖြောင့်မတ်ရာသို့ရောက်မည့်အကြောင်း ပညတ် တရားသည် ခရစ်တော်အားဖြင့် စုံလင်ခြင်း (စာရင်းပိတ်ခြင်း)ရှိ၏။ ပညတ်တရားသည် ဘုရားသခင် ၏ အလိုတော်ကိုဖော်ပြသည်မှန်သော်လည်း ထိုတရားသည် မည်သူ့ကိုမျှ ဖြောင့်မတ်စေခြင်းငှာ မတတ်နိုင်။ ရော ၈း၃။ ယခုယုံကြည်သူတို့ရရှိနိုင်သော ဖြောင့်မတ်ခြင်းသည်၊ ပညတ်တရားနှင့် မစပ် ဆိုင်သော ဘုရားသခင်၏ ဖြောင့်မတ်ခြင်း (ရော၊ ၃း၂၁)ဖြစ်ပါသည်။ ခရစ်တော်အားဖြင့် ခရစ်တော် ၌ ယုံကြည်သူအပေါင်းတို့အဘို့အားပေးတော်မူသော ဘုရားသခင်၏ ဖြောင့်မတ်ခြင်းဖြစ်ပါသည်။ ရော၊ ၃း၂၂၊ ဖိ ၃း၉။

၈။ ပညတ်တရားကို အကျဉ်းချုပ်လေ့လာခြင်း။

(က) ပညတ်တရားဆိုသည်မှာ အဘယ်နည်း။

(၁) ပညတ်တရား၏ စောင့်ရှောက်ထိန်းသိမ်းသော ကာလအပိုင်းအခြားသည် မောရှေအား ပညတ် တရားကိုပေးသောနေ့မှ ခရစ်တော်တိုင်အောင်ဖြစ်ပါသည်။

မှတ်ချက်။ ဂလာတိ ၃း၂၄တွင် “ပညတ်တရားသည် ခရစ်တော်မလာမီတိုင်အောင် ကိန်းရသော အထိန်းဖြစ်သည်။

(၂) ဘုရားသခင်သည် မောရှေအား လူနှင့် ဆက်ဆံမှုအတွက် ပေးထားသော အရာများတွင် အပိုင်း (၃)ပိုင်းရှိပါသည်-

(က) ပညတ်တော်များ၊ ထွက် ၂၀း၁-၂၆။

(ခ) စီရင်ချက်များ၊ ထွက် ၂၁း၁-၂၄း၁၁။

(ဂ) အထုံးအဖွဲ့များ၊ ထွက် ၂၄း၁၂-၃၁-၁၈။

ပညတ်တော်များသည် ဘုရားသခင်၏ သန့်ရှင်းသောအလိုတော်ကိုဖော်ပြပါသည်။ စီရင်ချက်များ သည် ဣသရေလလူမျိုးတို့၏ လူမှုဆက်ဆံရေးကို အုပ်ချုပ်ပါသည်။ အထုံးူအဖွ့ဲများသည် ဣသရေလ လူတို့၏ ဘာသာရေးကိစ္စများကို ထိန်းချုပ်ထားပါသည်။

(၃) သာမန်အားဖြင့် ခရစ်တော်သည်ဖြစ်စေ၊ တမန်တော်ကြီးရှင်ပေါလုကဖြစ်စေ ပညတ်တရား ဟုပြောသောအခါ ပညတ်တော် (၁၀)ပါးကို ရည်ညွှန်းခြင်းဖြစ်ပါသည်။

မ၊ ၅း၁၇၊ ၁၉း၁၇။ ၂၂း၃၇-၄၀။ ဂလ ၃း၁၀-၂၄စသည်။

(ခ) မည်သည့်အတွက်နည်း။ ဂလ ၃း၁၉-၂၄ကိုဖတ်ပါ။

(၁) ဒုစရိုက်များကြောင့် ထိုတရားကိုထပ်၍ ပေးတော်မူ၏ ၃း၁၉။

အပြစ်သည် ဘုရားသခင်၏ အလိုတော်ကိုဆန့်ကျင်ငြင်းဆန်ခြင်းဖြစ်ကြောင်း ပေါ်လွင် စေရန် ပညတ်များကိုပေးခြင်းဖြစ်ပါသည်။

ရော ရး၇။ “ပညတ်တရားအားဖြင့်သာအပြစ်သဘောကို ငါသိရ၏” ၁ယော ၃း၄။ ၁တိ ၁း၉၊ ၁၀ တို့ကို ယှဉ်ကြည့်ပါ။

(၂) လောကီသားအားလုံးအပြစ်ရှိကြောင်း ဖော်ပြနိုင်ရန် ပညတ်တရားကိုပေးပါသည်။ ရော ၃း၁၉။ အပြစ်ရှိလျင် အပြစ်အတွက် ဒါဏ်ရှိကြောင်း ဖော်ပြလို၍ ပညတ်တရားကိုပေးပါသည်။ ဂလ၊ ၃း၂၂။ ရော၃း၉-၂၀။

(၃) ခရစ်တော်မလာမီတိုင်အောင် အုပ်ထိန်းသူအဖြစ်ဆောင်ရွက်ရန်ဖြစ်သည်။ ဂလ ၃း၂၄ ဂရိလူမျိုးများနှင့် ရောမလူမျိုးမိသားစုများမှာ မိမိတို့၏သားသမီးများအားကြီးပြင်းလာသည်အထိ အထိန်းတော်လက်ထဲတွင် အပ်ထားပါသည်။ ဖခင်သည် မိမိစည်းစိမ်ချမ်းသာကို အမွေခံနိုင်ရန် ရင့် ကျက်မှုရှိသည်ဟု ယူဆဆုံးဖြတ်သည်အထိ ထိုအထိန်းတော်လက်ထဲ၌ ထားပါသည်။ ဂလ၊ ၃း၂၅။ ၄း၁-၇။ ခရစ်တော်မလာမီတိုင်အောင်ခပ်သိမ်းသောအရာတို့သည် အထိန်းတော်တည်းဟူသော ပညတ်တရားလက်တွင်ရှိကြပါသည်။ ခရစ်တော်အားဖြင့် ကျွန်ုပ်တို့သည် တော်လျက် ပညတ်တရား ၏ လက်တွင်မရှိ ရော ၆း၁၄ ကိုကြည့်ပါ။

(၄) ကျွန်ုပ်တို့သည် မိမိကိုမိမိပြည့်စုံခြင်းမရှိကြောင်း ပေါ်လွင်စေရန်၊ ပညတ်တရားကိုပေး တော်မူသည်။ ရော၊ ၁၀း၂-၄။ ဖိ ၃း၉။

(ဂ) ပညတ်တရား၏ အားနည်းချက်များ။

(၁) မည်သူ့ကိုမျှဖြောင့်မတ်ရာ၌ မတည်စေနိုင်။ ဂလ ၂း၁၆။ တ၊ ၁၃း၃၉။

(၂) မည်သူ့ကိုမျှ သန့်ရှင်းခြင်းသို့မရောက်စေနိုင်။ ဂလ ၃း၂-၃။

(၃) ပညတ်တရားသည် ကျွန်ုပ်တို့၌ဖြောင့်မတ်ခြင်းဖြစ်ပွားစေခြင်းငှာ မတတ်နိုင်။

ဂလ၊ ၃း၂၁။ ၂း၂၁။

(၄) ဇာတိပကတိကြောင့် ပညတ်တရားသည်အားနည်း၍ မတတ်နိုင်။ ရော ၈း၃။

(၅) ပညတ်တရားသည် အပြစ်တင်သောအမှုကိုသာပြုလုပ်နိုင်သည်။ ရော ၃း၁၉။

(၆) ပညတ်တရားသည် အဘယ်သူကိုမျှ စုံလင်ခြင်းသို့မပို့နိုင်။ ဟေဗြဲ ရး၁၈၊ ၁၉။

(ဃ) ပညတ်တရားသည် မည်သည့်အရာများကိုပြုပါသနည်း။

(၁) မျက်ကန်း၊ တစ်ဘက်စွန်းရောက်ဘာသာကိုဖြစ်စေပါသည်။

ဂလ၊ ၁း၁၃-၁၄။

(၂) လူတိုင်းတို့အား ကျိန်ခြင်းအမင်္ဂလာသက်ရောက်စေသည်။ ဂလ ၃း၁၀။

(၄) ကျေးဇူးတရားကိုပေးတော်မူသောကာလသည် သေခြင်းမှ ရှင်ပြန်ထမြောက် ခြင်း၊ ပင်တေကုတ္တေပွဲနေ့မှသည် အသင်းတော်ကို သိမ်းဆည်းသော နေ့အထိဖြစ်ပါသည်။ ဧ၊ ၃း၂-၁၀။ ၂သက် ၂း၂-၁၂။

(ခ) ကျေးဇူးတရားနှင့် ကယ်တင်ခြင်းမည်သို့ဆက်နွယ်ပါသနည်း။

(၁) ကျေးဇူးတရားသည် လူတို့အား ကယ်တင်ခြင်းတရားကို ယူဆောင်ချပေးပါသည်။ တိ ၂း၁၁။

(၂) ကိုယ်ကျင့်တရားမပါဘဲ ကျေးဇူးတရားတော်သက်သက်ကြောင့် ကျွန်ုပ်တို့သည် ကယ်တင်ခြင်း သို့ရောက်ရပါသည်။ ဧ၊ ၂း၈-၉။ ရော ၄း၄-၅။

(၃) ကျေးဇူးတရားသည် ဖြောင့်မတ်ရာ၌ တည်စေခြင်းကို ဖြစ်စေသည်။ ဂလ၊ ၂း၁၆။ ရော ၃း၂၄။ သန့်ရှင်းရာ၌တည်စေခြင်းကို ဖြစ်စေသည်။ ဂလ၊ ၄း၂-၃။

(ဂ) ကျေးဇူးတရားသည် ခရစ်ယာန်အသက်တာနှင့်မည်သို့သက်ဆိုင်သနည်း။

(၁) ခရစ်တော်၌ လွတ်မြောက်ခြင်းကိုဖြစ်စေလျက် ဘုရားသခင်၏ အိမ်တော်မိသားစုတွင် သားအရာကို ပေးပါသည်။ ဂလ ၄း၅-၃၁။

(၂) ခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ကတိထားတော်မူသော ဝိညာဉ်တော်ကို ရရှိစေပါသည်။ ဂလ ၃း၂၂။

(၃) ဝိညာဉ်တော်နှင့် ပြည့်ဝသော အသက်တာကို ရရှိစေပါသည်။

ဂလ ၅း၅၊ ၂၂။ ထိုနည်းအားဖြင့် ဇာတိပကတိအသွေးအသား၏ အလိုကိုအနိုင်ရယူစေပါသည်။ ဂလ ၅း၁၆။

(၄) ကျွန်ုပ်တို့လိုအပ်သော အရာအားလုံးပြည့်စုံလုံလောက်စေသည်။

၂ကော ၁၂း၉။ ဟေ ၄း၁၆။ ၂ကော ၉း၈။

(ဃ) ပညတ်တရားနှင့် ကျေးဇူးတရား(သို့) ယုံကြည်ခြင်းတရားနှင့် အကျင့်တရားတို့သည် ရောနှောနေနိုင်ပါ သလော။

(၁) ကယ်တင်ခြင်းတရား၌လည်းကောင်း၊ ခရစ်ယာန်အသက်တာ၌လည်းကောင်း၊ ထိုတရားနှစ်ပါး တို့သည် ဆီနှင့်ရေကဲ့သို့လည်းကောင်း အလင်းနှင့် အမှောင်ကဲ့သို့လည်းကောင်းဖြစ်လျက်၊ ဘယ်သောအခါမျှ မရောစပ်နိုင်ပါ။

(၂) ဤအကြောင်းကိုဖော်ပြရန် အောက်ပါကျမ်းပိုဒ် (၂)ပိုဒ်ဖြင့် ပြည့်စုံနေပါမည်။

(က) ရောမ ၁၁း၅-၆။ “ယခုကာလတွင်ပင် ကျေးဇူးတော်အတိုင်းရွေးကောက်တော်မူသော အကြွင်းအကျန်ရှိသေး၏ ကျေးဇူးတော်အားဖြင့်ရှှိလျှင် ကိုယ်ကျင့်သော အကျင့်အား ဖြင့်မရှိ၊ ရှိလျှင် ကျေးဇူးသည် ကျေးဇူးမဟုတ်၊ ကိုယ်ကျင့်သောအကျင့်အားဖြင့်ရှိလျှင် ကျေးဇူးအားဖြင့်မရှိ၊ ရှိလျှင် ကိုယ်ကျင့်သောအကျင့်သည်မဟုတ်။

(ခ) ဂလ ၅း၄။ “ပညတ်တရား (အကျင့်)အားဖြင့် ဖြောင့်မတ်ရာသို့ရောက်သမျှသော သင်တို့ သည် ခရစ်တော်နှင့်ကွာ၍ ကျေးဇူးတရား၌မတည်၊ ရွေ့လျော့ကြပြီ။

၁၀။ ပညတ်တရားနှင့် ကျေးဇူးတရားတို့၏ ခြားနားချက်အချို့

မှတ်ချက်။ ။ ထိုခြားနားချက်ကို စာရင်းပြုစုလျှင် အလွန်ရှည်လျားနေပေမည်။ သို့ပါ၍ မိမိကိုယ်ပိုင်စာ ရင်းပြုစုသင့်ပါသည်။ အောကတွင် နမူနာခေါင်းစဉ်အချို့ကို ဖော်ပြထားပါသည်။



ပညတ်တရား ကျေးဇူးတရား

- သိုးသည် သိုးထိန်းအတွက်အသေခံရသည်။ သိုးထိန်းသည် သိုးအတွက် အသေခံရသည်။

- သင်သည့်ကျင့်စောင့်နိုင်လျှင် ငါပြုမည်

- လုံးဝနာခံမှုလိုအပ်ပါသည်။ နာခံနိုင်ရန်တန်ခိုးပေးသည်။

- ဖြောင့်မတ်ခြင်းလိုအပ်သည် ဖြောင့်မတ်ခြင်းကိုပေးသည်။

- အကောင်းဆုံးလူပင်သေပြစ်ထိုက်သည်။ အပြစ်ကြီးဆုံးပင်အသက်ရှင်ရ။

- ကျိန်ခြင်းကို ဖြစ်စေသည်။ ကျိန်ခြင်းကိုဖယ်ရှာပေးသည်။

- ဖြောင့်မတ်ရာ၌တည်စေခြင်း၊ နှစ်မျိုးလုံးကိုပေးသည်။

- သန့်ရှင်းရာ၌တည်စေခြင်း၊ လုံးဝမရှိပါ။ နှစ်မျိုးလုံးကိုပေးသည်။

- သေဒဏ်ပေးသောအလုပ်ကိုလုပ်သည်။ အပြစ်လွှတ်ခြင်းအလုပ်ကိုလုပ်သည်။

- ကျွန်ပြုသည် လူလွတ်ဖြစ်စေသည်။

- မောရှေနှင့် အကျင့်တရားသို့ ဆက်စပ်ပေးသည်။ ခရစ်တော်နှင့် ယုံကြည်ခြင်း တရားသို့ဆက်စပ်ပေး သည်။

- မည်သည့်အရာကိုမျှစုံလင်ခြင်းကိုမဖြစ်စေနိုင်။ ခရစ်တော်၌ လူတိုင်းစုံလင်ခြင်းသို့ရောက်စေသည်။

- မည်သူ့ကိုမျှ ဖြောင့်မတ်ခြင်းမပေး။ ယုံကြည်သူတိုင်းကို ဖြောင့်မတ်စေသည်။

- သင်မပြုရဟုတားမြစ်သည်။ မည်သူမဆို လာလိုသူတိုင်းဟုခေါ်ပါသည်။

၁၁။ နိဂုံး။ လူမည်သည်ကား ပညတ်တရား၏ အကျင့်မရှိဘဲယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်တတ်သည်” ရော ၃း၂၈။ ဟုပေါလုနှင့်အတူဆိုရပါမည်။ ဘုရားသခင်သည် မိမိချစ်ခြင်းမေတ္တာတော်နှင့် ကျေးဇူးတရားတောကန့်လန့်ကာဖွင့်လျက် ဤလောကဇာတ်ခုံပေါ်တွင် ခရစ်တော်တည်းဟူသော ပုဂ္ဂိုလ်အဖြစ် ဖြင့် လျှောက်ခဲ့ပြီးဖြစ်ပါသည်။ ထိုသူအားဖြင့် ပညတ်တရားကို စောင့်ရှောက်၍ပေါ်လွင်စေပြီး ထိုပညတ်တရားကို ပင် ရုပ်သိမ်းပြီးဖြစ်ပါသည်။ အသစ်သောကာလ၊ ကျေးဇူးတော်ကာလကို ခေါ်ဆော်လာပြီဖြစ်ပါသည်။ ခရစ်တော် သည်ပညတ်တရား၏ ကျိန်ခြင်းကိုသင့်ကိုယ်စားခံခဲ့ပြီးအပြစ်၏အခကိုလည်း အကျေပေးချေပြီးဖြစ်ပါသည်။ ဆောင်ရွက်ပြီးသော အမှုကိုယုံကြည်စိတ်ချလျက် ပြီးပြည့်စုံသောကယ်တင်ခြင်း၌ ဝမ်းမြောက်နေပါ။



မေးခွန်းများ

၁။ ဤသင်ခန်းစာ၏ အဓိကရည်ရွယ်ချက်သည် မည်သို့နည်း။

၂။ ယုံကြည်ခြင်းတရားနှင့် အကျင့်တရားတို့၏ ရပ်တည်ချက်နှင့် ရည်ရွယ်ချက်တို့ကို ကောင်းစွာ သိရှိနားလည် ရန်အဘယ့်ကြောင့် အလွန်ရေးကြီးပါသနည်း။

၃။ ယာကုပ် ၂း၁၄-၂၆၊ တွင် ယာကုပ်သည် မည်သို့သွန်သင်သည်ဟု ထင်မြင်ရပါသနည်း။

၄။ ရော ၄း၂-၅။ ၈း၁။ ဧ ၂း၈-၉။ တိ ၃း၅-၆ တို့တွင် ပေါလုသည် မည်ကဲ့သို့ သွန်သင်သည်ဟု ထင်မြင်ရပါ သနည်း။

၅။ ပေါလုနှင့် ယာကုပ်တို့နှစ်ဦးသဘောကွဲလွဲသည်ဟုထင်ရသောအကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းနိုင် ရန် မည်သည့်အချက် (၃)ချက်ကိုနားလည်ရန်လိုအပ်ပါသနည်း။

၆။ ပေါလုနှင့် ယာကုပ်တို့သည် ထိုစာများကို ရေးစဉ်တွင် သူတို့၏စိတ်နှလုံးထဲ၌မည်သည့်အရာများကို ရည်ရွယ်နေပါသနည်း။

(က) ပေါလု။

(ခ) ယာကုပ်။

၇။ ပေါလုသည်ကောင်းသောအကျင့်ကိုကျင့်ရန်မလိုဟု ဆန့်ကျင်ပါသလော။ မဟုတ်လျင်သက်သေပြပါ။

၈။ အကျင့်နှင့် ပတ်သက်၍ ပေါလု၏အမြင်သည် ယာကုပ်၏ရှုဒေါင့်နှင့် မည်သို့ကွာခြားပါသနည်း။

၉။ ပေါလုက ငါတို့သည် ယုံကြည်ခြင်းအားဖြင့်သာဖြောင့်မတ်ရာသို့ရောက်ရသည်ဟု ဆိုသည်။ ယာကုပ် ကယုံကြည်ခြင်းအားဖြင့်သာဖြောင့်မတ်ရာသို့ရောက်ရသည်မဟုတ်။. အကျင့်အားဖြင့်ရောက်ရသည်ဟု ဆို၏ထိုသူနှစ်ဦးတို့၏ စိတ်ထဲတွင် ရည်ညွှန်းထားသော အမြင်နှစ်မျိုးကိုဖော်ပြလျက် ထိုအမြင်တို့ကိုစေ့ စပ်ပေးပါ။

၁၀။ ကယ်တင်ခြင်းနှင့် အကျင့်တရားတု့ိ၏ စပ်ဆိုင်မှုကိုဖော်ပြသောကျမ်းချက်အနည်းဆုံး (၄)ချက်ကို ဖော်ပြ ပါ။

၁၁။ ကယ်တင်ခြင်းနှင့် ယုံကြည်ခြင်းတရားတို့၏ စပ်ဆိုင်မှုကိုဖော်ပြသောကျမ်းချက် (၄)ချက်ကိုဖော်ပြပါ။

၁၂။ အကျင့်တရားသည် ခရစ်ယာန်အသက်တာတွင် မည်ကဲ့သို့အရေးကြီးပါသနည်း။

၁၃။ ယုံကြည်ခြင်းသည် ခရစ်ယာန်အသက်တာတွင်အရေးကြီးဆုံးဖြစ်ကြောင်း၊ ပေါ်လွင်စေသော ယုံကြည် ခြင်းတရားကြောင့် ပေါ်ပေါက်ရသောအချက် (၅)ချက်ကိုဖော်ပြပါ။

၁၄။ ဂလ ၅း၁-၄တွင် ပေါလုက ယုဒလူတို့ကျင့်သုံးသော အရေဖျားလှီးခြင်းနှင့် ပတ်သက်၍ ငြင်းချက် (၃)ချက်ကိုထုတ်ထားပါသည်။ ထိုအချက်များကို ဖော်ပြပါ။

၁၅။ “သင်တို့သည် ကျေးဇူးတရားမှ ရွှေ့လျော့ကြပြီ”ဟုဆိုရာတွင် မည်သို့ဆိုလိုပါသနည်း။

၁၆။ ဘုရားသခင်ကမောရှေအားပေးထားသောပညတ်တရားနှင့် ပတ်သက်၍-

(က) ပညတ်တရား၏ရည်ရွယ်ချက် (၃)ချက်ကိုဖော်ပြပါ။

(ခ) ပညတ်တရား၏အားနည်းချက်များကား ဘယ်အရာများနည်း။ (၄)ချက်ကိုဖော်ပြပါ။

၁၇။ ယုံကြည်သူသည် ပညတ်တရားနှင့် မည်သို့ပတ်သက်ပါသနည်း။ ပညတ်တရားအပေါ် မည်သို့ သဘောထားရမည်နည်း။ အချက် (၄)ချက်ကိုဖော်ပြပါ။

၁၈။ ကျေးဇူးတရားကိုအခြေခံပုံသေယုံကြည်ချက် Doctrine အဖြစ်စာဖြင့် ရေးသားပါ။ ခေတ်ကာလကြီး ဖြစ်ကြောင်းကိုလည်းဖော်ပြပါ။

၁၉။ ကျေးဇူးတရားသည် အောက်ပါအချက်များနှင့် မည်ကဲ့သို့ပတ်သက်ဆက်စပ်ကြောင်းကို ကျမ်းညွှန်းဖြင့် ပြပါ။



(က) ကယ်တင်ခြင်း (၁)

(၂)

(ခ) ခရစ်ယာန်အသက်တာ (၁)

(၂)

၂၀။ ယုံကြည်ခြင်းတရားနှင့် အကျင့်တရားသော်လည်းကောင်း၊ ပညတ်တရားနှင့် ကျေးဇူးတရားသော်လည်း ကောင်း ခရစ်ယာန်အသက်ရှင်မှုတွင်ဖြစ်စေ၊ ကယ်တင်ခြင်းလမ်းကြောင်းတွင်ဖြစ်စေ ရောနှော၍မရ ကြောင်းကိုဖော်ပြသောကျမ်းညွှန်းကြီး (၂)ချက်ကိုဖော်ပြပါ။

၂၁။ ပညတ်တရားနှင့် ကျေးဇူးတရားတို့၏ ခြားနားချက်များကို အချက် (၆)ချက်ဖြင့် စာရင်းပြုစုပါ။



ပညတ်တရား ကျေးဇူးတရား













အမည်၊ --------------------------------------------- ရက်စွဲ။ ----------------------------

လိပ်စာ၊ ---------------------------------------------

-------------------------------------------

-------------------------------------------

မှတ်ချက်။ စာပေးစာယူ၊ အဝေးသင်ဒီပလိုမာကျမ်းစာသင်ခန်းစာများ (အခန်း ၁၄) ဖြစ်ပါသည်။
http://www.murann.com/ezine/index.php?option=com_content&view=article&id=1515:2012-10-20-09-45-05&catid=9:bible-study&Itemid=10


 သင္ခန္းစာ အမွတ္ (၁၄) ပညတ္တရားႏွင့္ ေက်းဇူးတရား (ယုံၾကည္ျခင္းတရားႏွင့္အက်င့္တရား)

Unicode & Zawgyi Reshare-#9Dan
သင္ခန္းစာ အမွတ္ (၁၄)

ပညတ္တရားႏွင့္ ေက်းဇူးတရား (ယုံၾကည္ျခင္းတရားႏွင့္အက်င့္တရား)

“နိဒန္း”

ခရစ္ယာန္အသက္တာတြင္ ယုံၾကည္ျခင္းသည္လည္းေကာင္း၊ အက်င့္သည္လည္းေကာင္း၊ မိမိတို႔သက္ဆိုင္ ရာက႑အသီးသီးရွိၾကေၾကာင္းကို အျငင္းပြားရန္မလုိပါ။ ယုံၾကည္သူသည္ ေက်းဇူးေတာ္ေၾကာင့္ ယုံၾကည္ျခင္းအား ျဖင့္ ေျဖာင့္မတ္ရာသို႔ေရာက္ရပ္သည္ ထိုသူသည္ မိမိက်င့္ေသာအက်င့္ႏွင့္အညီ ဆုခ်ီးျမႇင့္ျခင္းကိုခံရမည္။

အေျခခံသေဘာအားျဖင့္ အယူအဆႏွစ္ပါးတို႔သည္ ရွင္းလင္းမွန္ကန္ေနသည္ဟု ထင္ျမင္ရေသာ္လည္း အက်င့္မပါဘဲ ယုံၾကည္ျခင္းတစ္ပါးတည္းျဖင့္သာ ကယ္တင္ျခင္းသို႔ ေရာက္ရသည္ဟူေသာ အခ်က္သည္ ဧ၀ံေဂလိ ဂိုဏ္း၀င္သူ အနည္းငယ္မွလႊဲ၍ က်န္သူတို႔အတြက္စိမ္းေနပါသည္။ လက္ေတြ႔အားျဖင့္ ခရစ္ယာန္ဘာသာေရး ဂိုဏ္းက ဏႀကီးမ်ားအားလုံးလိုလိုတို႔သည္ကယ္တင္ျခင္းသို႔ေရာက္ရန္ယုံၾကည္ျခင္း အေပၚ၌ အက်င့္တစ္စုံတစ္ခု ဗတၱိဇံမဂၤလာ (သို႔မဟုတ္) ဗတၱိဇံမဂၤလာႏွင့္ အျခားစည္းမ်ဥ္း စည္းကမ္းမ်ားကို လိုက္နာရန္လိုအပ္သည္ဟု ျဖည့္စြတ္လိုၾကသည္။ ကယ္တင္ျခင္းရရွိရန္အတြက္ အက်င့္တရားကိုထပ္ျဖည့္ျခင္းသည္ အျပစ္သားအားပညတ္တရား ေအာက္သို႔ျပန္ပို႔ျခင္း ျဖစ္ပါသည္။ ကၽြႏ္ုပ္တို႔သည္ ပညတ္တရားေအာက္၌မရွိ “ေက်းဇူးတရားေအာက္၌ ရွိေၾကာင္းသမၼာက်မ္းစာက ေဖာ္ျပ ထားပါသည္။ ဤျခားနာခ်က္အတြက္ အေျဖသည္ထင္သေလာက္ မလြယ္ကူေၾကာင္း ေတြ႔ရပါသည္။တမန္ေတာ္ႀကီး ရွင္ယာကုပ္သည္ ေျဖာင့္မတ္ရာ၌တည္ေစျခင္း Justification ကိုအက်င့္အားျဖင့္ ရရွိသည္ဟု သြန္သင္သကဲ့သို ထင္ရ ပါသည္။ ထို႔အတူ ရွင္ေပါလုသည္ ေျဖာင့္မတ္ရာ၌တည္ေစျခင္းကို ယုံၾကည္ျခင္းတပါးတည္းျဖင့္သာ ရရွိႏိုင္သည္ဟု သြန္သင္သကဲ့သို႔ထင္ရပါသည္။ ဤသို႔ထင္ရေသာ ကြဲျပားမူသည္ ႀကီးမားလြန္းေသာေၾကာင့္ ျပဳျပင္ေျပာင္းလဲမူ ေခါင္း ေဆာင္ႀကီးမာတင္လုသာသည္ ရွင္ယာကုပ္ၾသ၀ါဒစာအား အေျခအျမစ္မရွိေသာ စာဟုပင္ ၫႊန္းခဲ့ပါသည္။ ဤသင္ခန္း စာ၏ပဓာနက်ေသာ ရည္ရြယ္ခ်က္မွာ ပညတ္တရားႏွင့္ေက်းဇူးတရား (သို႔မဟုတ္) ယုံၾကည္ျခင္းတရားႏွင့္ အက်င့္ တရားတို႔ပတ္သက္၍ က်မ္းစာသည္ မည္ကဲ့သို႔ေဖာ္ျပထားေၾကာင္းကို ရွင္းလင္းစြာေဖာ္ျပရန္ ျပင္ဆင္ထားပါသည္။ ထိုစကားရပ္မ်ားေပၚလာေသာအခါ သေဘာေပါက္လွ်က္သူတို႔ႏွင့္ သက္ဆိုင္ေသာေနရာႏွင့္အသုံး၀င္မူတို႔ကို ေ၀ဖန္ခြဲ ျခားႏိုင္ရန္ ျဖစ္ပါသည္။

ဤသင္ခန္းစာအေရးႀကီးပုံ

ခရစ္ယာန္ဟုေခၚေ၀ၚျခင္းခံရေသာသူတို႔အနက္ သန္းေပါင္းမ်ားစြာတို႔သည္ ထာ၀ရကာလအတြက္ မိမိတို႔ ကယ္တင္ျခင္းႏွင့္ပတ္သက္၍ တိက်ေသခ်ာေရရာေသာ အေျဖမရရွိဘဲ ရွိေနၾကသည္။ “သင္ကယ္တင္ျခင္းရရွိၿပီလား” ဟုေမးပါက “ကၽြႏ္ုပ္အေနျဖင့္ တတ္ႏိုင္သမွ် အေကာင္းဆုံးက်င့္ၾကံ ျပဳမူေနေၾကာင္း” ကိုသာအေျဖေပးတပ္ပါသည္။. ထိုသို႔အေျဖေပးျခင္းမွာ ထာ၀ရကာလသြားရမည့္လမ္းႏွင့္ ရပ္တည္ရမည့္ အေျခအေနသည္သူတို႔၏ စာရိတၱႏွင့္ ကုသိုလ္ေကာင္းမူျပဳႏိုင္မူ အပၚရပ္တည္ေနေၾကာင္း ထင္ရွားေစပါသည္။ သူတို႔ျပဳခဲ့ေသာ ေကာင္းမူတို႔သည္ သန္႔ရွင္း ေတာ္မူေသာ ဘုရားသခင္းအား ေက်နပ္မူေပးႏိုင္စြမ္းရွိမရွိကို မသိႏိုင္ေသာေၾကာင့္ ဤကဲ့သို႔ေတြေ၀ေနျခင္းျဖစ္ပါ သည္။ အကယ္၍ သင္သည္သင္၏ ရပ္တည္မူကို ေသခ်ာေရရာစြာ သိရွိလိုပါလွ်င္ ယုံၾကည္ျခင္းတရားႏွင့္ အက်င့္တ ရားတို႔၏ေနရာႏွင့္ ရည္ရြယ္ခ်က္တို႔ကို သိထားရန္အေရးႀကီးလွပါသည္။

ပညတ္တရားႏွင့္ ေက်းဇူးတရားအေၾကာင္းလည္း ရွိပါေသးသည္။ “ေမာေရွအားျဖင့္ ပညတ္တရားကို ေပး ေတာ္မူေသာ္လည္း ေက်းဇူးတရားႏွင့္ သစၥာတရားကို ခရစ္ေတာ္အားျဖင့္ေပးေတာ္မူ” ယုံၾကည္သူသည္ အက်င့္တရား မပါဘဲ ယုံၾကည္ျခင္းသက္သက္ျဖင့္သာ ကယ္တင္ျခင္းသို႔ေရာက္ပါသေလာ။ ထိုသို႔ျဖစ္လွ်င္ပညတ္တရားကိုအဘယ္ ေၾကာင့္ေပးေတာ္မူပါသနည္း။ ပညတ္တရားသည္ယုံၾကည္သူ၏အသက္တာႏွင့္ မည္သို႔ပတ္သက္၍ ယုံၾကည္သူသည္ မည္သို႔သေဘာထားရပါမည္နည္း။ ဘုရားသခင္သည္ ပညတ္တရားရွိလွ်က္ ေက်းဇူးတရားကိုေပးသည္မွန္လွ်င္ ထို ပညတ္တရား၌ မည္သည့္အားနည္းျခင္း ရွိပါသနည္း။ ေက်းဇူးတရားဆိုသည္မွာ အဘယ္နည္း။ “ေက်းဇူးတရားမွ ေရြ႕ေလ်ာ့သည္” ဆိုရာ၌ မည္ကဲ့သို႔ဆိုလိုပါသနည္း။ ပညတ္တရားႏွင္ ေက်းဇူးတရားေရာလ်က္ အတူယွဥ္တြဲႏိုင္ပါ သေလာ။ ခရစ္ယာန္၏ အသက္တာႏွင့္ ကယ္တင္ျခင္းကိစၥတြင္ ေက်းဇူးတရားသည္ မည္သို႔ပတ္သက္ပါသနည္း။

ဤစကားရပ္မ်ားကို နားလည္ႏိုင္ရန္ ဤသင္ခန္းစာသည္ အေရးႀကီးလွပါသည္။ သင္၏ကယ္တင္ျခင္းႏွင့္ ပတ္သက္၍ စိတ္ခ်မူရရွိႏိုင္ရန္ႏွင့္ ခရစ္ေတာ္၌ သင္ရရွိေသာကယ္တင္ျခင္း၏ အထူးျပည့္စုံေနမူကို သိရွိႏိုင္ရန္ ဤစကားရပ္မ်ားကို နားလည္ဘို႔အထူးလိုအပ္လွပါသည္။

သင္ခန္းစာ

၁။ ေျဖာင့္မတ္ရာ၌ တည္ေစျခင္းႏွင့္ ပတ္သက္၍ တမန္ေတာ္ႀကီးရွင္ေပါလုႏွင့္ ရွင္ယာကုပ္တို႔ ျခားနားသည္ဟု ယူဆရေသာအခ်က္မ်ား။

(က) ေရာမ ၄း၂-၅။ ဧ ၂း၈-၉။ တိ ၃း၅-၆။ ေရာ ၈း၁ တို႔ကိုဖတ္႐ႈေလ့လာပါ။

(ခ) ယာကုပ္ ၂း၁၄-၂၆ ကိုဖတ္႐ႈေလ့လာပါ။

(ဂ) သာမန္ အေပၚယံေလ့လာျခင္းျဖင့္ ေအာက္ပါအတိုင္းေျပာေနသကဲ့သို႔ ရွိပါသည္။

(၁) ယာကုပ္ - ယုံၾကည္ျခင္းတစ္ပါးတည္းသည္ သင္ကိုကယ္တင္ျခင္း မေပးႏုိင္။

(၂) ေပါလု - ယုံၾကည္ျခင္း တစ္ပါးတည္းကသာ ကယ္တင္ျခင္းေပးႏိုင္၍ သင့္ကိုလည္း ကယ္တင္ ျခင္းေပးသည္။သို႔ရာတြင္ (၁) ေကာင္းေသာအက်င့္ကိုက်င့္လွ်က္ရွိေသာ မုဆိုးမတို႔ကို ခ်ီးက်ဴးထား ပါသည္။ (၂) ယုံၾကည္သူတို႔သည္ ေကာင္းေသာအက်င့္၌ ႂကြယ္၀ျပည့္စုံျခင္း ရွိမည့္အေၾကာင္း တိေမာေသကို တိုက္တြန္းထားပါသည္။ (၁ တိ ၆း၁၈ ) ။ (၃) တိတုအားလည္း “ဘုရားသခင္ကိုသိ ေယာင္ေဆာင္ေသာလည္း အက်င့္အားျဖင့္ ဘုရားသခင္းကို ျငင္းပယ္ေသာသူ” ရွိေၾကာင္းစာေရး ထားပါသည္။ တိ ၁း၁၆။

ရွင္ယာကုပ္က အသီးမသီးေသာ အခ်ည္းႏွီးျဖစ္ေသာ ယုံၾကည္ျခင္းကို လုပ္စားေသာသူတို႔ႏွင့္ ပတ္သက္၍ အက်င့္မျပႏိုင္လွ်င္ ယုံၾကည္ျခင္းအစစ္အမွန္ မရွိေၾကာင္းေရးသားပါသည္။ အက်င့္ႏွင့္ ကင္းေသာယုံၾကည္ျခင္းသည္ အေသျဖစ္၏။ ၂း၁၈ တြင္ “ငါမူကား အက်င့္အားျဖင့္ ငါ၏ယုံ ၾကည္ျခင္း၏ အသီးအပြင့္ျဖစ္လွ်က္ လူ၏ေျဖာင့္မတ္ရာ၌ တည္ေစျခင္းအျဖစ္ကို ထိုႏွစ္ပါးတို႔သည္ လက္တြဲသက္ေသျပသည္ဟု ခံယူထားပါသည္။ “အသက္တာတြင္ ေက်းဇူးတရား၏ လကၡဏာမရွိ လွ်င္ စိတ္ႏွလံုးထဲတြင္လည္း ေက်းဇူးတရား၏ လကၡဏာမေတြ႔ရ”ဟု Dr. Harry Ironside က ေရးထားပါသည္။

၂။ ေျဖာင့္မတ္ရာ၌တည္ေစသည္။

ေပါလုသည္ ဘုရားသခင္၏ရပ္တည္ခ်က္မွ ကယ္တင္ျခင္းကို႐ႈျမင္ျခင္းျဖစ္ပါသည္။ မိမိဆႏၵအတိုင္း ေဆာင္ရြက္ပိုင္ခြင့္ရွိေသာ ဘုရားသခင္သည္ ဘုရားတရားမရွိေသာသူအေပၚသူ၏ ယံုၾကည္ျခင္း တစ္ခုကိုအေျချပဳလွ်က္ ေျဖာင့္မတ္ျခင္း၀တ္လံုကို ၀တ္ေစျခင္း၊ ေျဖာင့္မတ္ရာ၌ တည္ေစျခင္းကို ေဖာ္ျပသည္။ ေရာ ၃း၂၁၊ ၂၂၊ ၂၅-၂၈။ ၄-၅၊ ၆။ ၅း၁။

ရွင္ယာကုပ္သည္ လူ၏တာ၀န္ကိုေဖာ္ျပလ်က္ မိမိ၏ယံုၾကည္ျခင္းကို သူတစ္ပါးတို႔အား မိမိအက်င့္ အားျဖင့္ ေဖာ္ျပရမည့္တာ၀န္ကို ေဖာ္ျပျခင္းျဖစ္ပါသည္။ လူဘက္ကျမင္သကဲ့သို႔ေသာအျမင္ျဖင့္ ေရးသားျခင္းျဖစ္ပါသည္။ ယာ ၁း၁၈-၂၆။ ေပါလုသည္ ဘုရားသခင္၏အျမင္ျဖင့္ ေရးသားျခင္း ျဖစ္ပါသည္။ ယာကုပ္သည္ ေျဖာင့္မတ္ရာ၌ တည္ေစျခင္းကို လူ၏အျမင္အတိုင္းေရးျခင္းျဖစ္ပါ သည္။

“ယံုၾကည္ျခင္းသည္ ထိုသူကိုမေျဖာင့္မတ္ေစလွ်င္ မည္သူတစ္စံုတစ္ဦးမွ ယံုၾကည္ျခင္းအားျဖင့္ ေျဖာင့္မတ္ရာသို႔မေရာက္ဟု Dr. A.T Robertson ကေရးပါသည္။



၃။ အက်င့္တရား - ကယ္တင္ျခင္း။

(က) ကယ္တင္ျခင္းႏွင့္ ပတ္သက္၍ အက်င့္တရား၏ေနရာ။

(၁) ေရာ၊ ၄း၅-၆။ “ဘုရားသခင္သည္ အက်င့္ကိုမေထာက္ဘဲလ်က္ေပးေတာ္မူေသာ ေျဖာင့္မတ္ျခင္း”

(၂) ဧ၊ ၂း၈-၉ “ကိုယ့္ကုသိုလ္ေၾကာင့္ ကယ္တင္ေတာ္မူျခင္းသို႔ေရာက္ၾကသည္ မဟုတ္ သို႔ျဖစ္၍ အဘယ္သူမွ်၀ါႂကြားစရာအခြင့္မရွိ။

(၃) ဂလ၊ ၂း၁၆။ “ပညတ္တရား၏ အက်င့္အားျဖင့္ အဘယ္သူမွ်ေျဖာင့္မတ္ရာသို႔ မေရာက္ႏိုင္ရာ”

(၄) ဂလ၊ ၂း၂၁။ “ပညတ္တရားကိုအမွီျပဳ၍ ေျဖာင့္မတ္ရာသို႔ေရာက္ႏိုင္လွ်င္ ခရစ္ေတာ္သည္ အခ်ည္းအႏွီးအေသခံေတာ္မမူ”

(၅) ေရာ ၁၁း၆။ “ေက်းဇူးအားျဖင့္ရွိလွ်င္ ကိုယ္က်င့္ေသာအက်င့္အားျဖင့္ မရွိ”

(၆) တိ၊ ၃း၅-၆။ “ငါတို႔က်င့္ေသာ ေျဖာင့္မတ္ျခင္းအက်င့္အားျဖင့္ မဟုတ္ဘဲ။”

ရွင္ယာကုပ္က စာေရးရာတြင္ထားရွိေသာ စိတ္သေဘာထားကို ေဖာ္ျပထားၿပီးျဖစ္၍၊ ကယ္တင္ျခင္း ႏွင့္ ပတ္သက္၍အက်င့္တရားပါ၀င္ျခင္းမရွိေၾကာင္းကို ဤက်မ္းခ်က္မ်ားက ရွင္းလင္းစြာေဖာ္ျပထား ပါသည္။ သို႔ရာတြင္ကယ္တင္ျခင္းသို႔ေရာက္ၿပီးျဖစ္၍ “ေကာင္းေသာအက်င့္၌ ႂကြယ္၀ျပည့္စံု”ရ မည္ျဖစ္ပါသည္။

၁တိ ၆း၁၈။ ေကာင္းေသာအက်င့္တို႔ကိုအၿမဲက်င့္အံ့ေသာငွာ သတိျပဳရၾကမည္။ တိ ၃၊ ၈။

(ခ) ကယ္တင္ျခင္းႏွင့္ ပတ္သက္၍ ယံုၾကည္ျခင္း၏ေနရာ၊ ယံုၾကည္ျခင္းသည္ ကယ္တင္ျခင္း၏ ေသာ့ျဖစ္သည္။

(၁) ဧ၊ ၂း၈။ “ယံုၾကည္ေသာအားျဖင့္ ေက်းဇူးေတာ္ေၾကာင့္ ကယ္တင္ျခင္းသို႔ေရာက္ရ၏။”

(၂) ေရာ ၅း၁။ “ငါတို႔သည္ ယံုၾကည္ျခင္းရွိ၍ ေျဖာင့္မတ္ရာသို႔ေရာက္လွ်င္”

(၃) တ၊ ၁၆း၃၁။ “ယံုၾကည္ေလာ့ … ယံုၾကည္လွ်င္ ကယ္တင္ျခင္းသို႔ေရာက္ၾကလိမ့္မည္”

(၄) ေရာ ၁း၁၆။ “ဧ၀ံေဂလိတရား … ယံုၾကည္သမွ်ေသာသူတို႔ကို ကယ္တင္ေစေသာ ဘုရား သခင္၏တန္ခိုးေတာ္ျဖစ္၏။”

(၅) ဧ ၃း၁၇။ “ယံုၾကည္ျခင္းအားျဖင့္ ခရစ္ေတာ္သည္ သင္တို႔စိတ္ႏွလံုးထဲ၌ က်ိန္း၀ပ္ေတာ္မူ မည္”

(၆) ေရာ ၃း၂၈။ “လူမည္သည္ကား ပညတ္တရား၏ အက်င့္မရွိဘဲ ယံုၾကည္ျခင္းအားျဖင့္ ေျဖာင့္မတ္ရာသို႔ေရာက္တတ္သည္။

(၇) ဖိ ၃း၁၁။ “ခရစ္ေတာ္ကိုယံုၾကည္ျခင္းအားျဖင့္ ရေသာ ေျဖာင့္မတ္ျခင္း။”႐ိုး႐ိုးေျပာရလွ်င္ သင္ႏွင့္ကၽြႏ္ုပ္သည္ ယံုၾကည္ျခင္းအားျဖင့္ ေက်းဇူးေတာ္ေၾကာင့္ ကယ္တင္ျခင္းသို႔ေရာက္ရပါသည္။ အျခားဘာမွ်ပါ၀င္ျခင္းမရွိပါ။

၄။ ခရစ္ယာန္အသက္တာႏွင့္ အက်င့္တရားဆက္စပ္မႈ။

(က) ေကာင္းေသာအက်င့္မ်ားသည္ စစ္မွန္ေသာယံုၾကည္ျခင္းရွိေၾကာင္း အေထာက္အထား ျဖစ္ပါသည္။ ယာ ၂း၁၄၊ ၁၇၊ ၂၀၊ ၂၂။

(ခ) သခင္ေယ႐ႈ၏ တရားပလႅင္ေတာ္ေရွ႕တြင္ ခရစ္ယာန္တိုင္းအား ကိုယ္ ခႏၶာအား ျဖင့္ လည္းေကာင္း၊ ကိုယ္ခႏၶာ၌လည္းေကာင္း ေဆာင္ရြက္ခဲ့သမွ်အတြက္ စီရင္ျခင္း ခံၾကရမည္။

၂ေကာ ၅း၁၀။

(ဂ) ကယ္တင္ျခင္းရရွိရန္ ယံုၾကည္ေသာအားျဖင့္ ေက်းဇူးေတာ္ေၾကာင့္ျဖစ္ေသာ္လည္း ေကာင္းကင္၌ဆုေပးေသာအခါ လုပ္ေဆာင္ခဲ့ေသာအလုပ္ေပၚတြင္မူတည္လ်က္ ဆုေပး မည္ ျဖစ္ပါသည္။ ၁ေကာ ၃း၁၂-၁၅။

(ဃ) ဂလာတိ ၅း၆ တြင္ ေမတၱာအားျဖင့္ ျဖစ္ပြားေသာ ယံုၾကည္ျခင္းကို ေဖာ္ျပထားပါသည္။ ယံုၾကည္ျခင္းကို ေမတၱာအားျဖင့္ လက္ေတြ႔ေဖာ္ျပနိုင္ပါသည္။

(င) ဗ်ာ ၁၄း၁၃တြင္ ေသလြန္ၿပီးေသာ သန္႔ရွင္းသူတို႔အေၾကာင္းကိုေဖာ္ျပရာ၌ “သူတို႔အက်င့္ တို႔သည္ သူတို႔ႏွင့္အတူလိုက္ၾက၏ဧဟု ဆိုပါသည္။ ေလာကတြင္ သင္ရရွိထားေသာ ပစၥည္းဥစၥာမ်ား သင္၏ေက်ာ္ေဇာမႈမ်ားကို ေကာင္းကင္သို႔ယူေဆာင္မသြားႏိုင္ သင္၏ အက်င့္ကိုသာယူေဆာင္ႏိုင္ပါသည္။ ၌ေလာကတြင္ သင္၏ျပဳက်င့္ျခင္းမ်ားသည္ ထိုအရပ္ တိုင္ေအာင္ထိေရာက္မႈရွိေနပါသည္။

၅။ ခရစ္ယာန္အသက္တာႏွင့္ ယံုၾကည္ျခင္းဆက္စပ္မႈ။

(က) ကၽြႏ္ုပ္တို႔သည္ ယံုၾကည္ျခင္းအားျဖင့္သာ ကယ္တင္ေတာ္မူျခင္းသို႔ေရာက္ရသည္မဟုတ္ ဘဲကၽြႏ္ုပ္တို႔အား “ယံုၾကည္ျခင္းအားျဖင့္ ဘုရားသခင္၏တန္ခိုးေတာ္သည္ ေစာင့္ေရွာက္ ေတာ္မူပါသည္” ၁ေပ ၁း၅။

(ခ) ဂလာတိ ၂း၂၀ တြင္ေပါလုက “ယခုငါရွင္ေသာအသက္သည္ ဘုရားသခင္၏သားေတာ္ကို ယံုၾကည္ျခင္းအားျဖင့္တည္၏”။

(ဂ) ၂ေကာ ၅း၇တြင္ “မ်က္ျမင္အားျဖင့္မဟုတ္ဘဲ ယံုၾကည္ေမွ်ာ္လင့္ျခင္းရွိသည့္အတိုင္း ငါတို႔ သည္က်င့္ေဆာင္ျပဳမူသည္”

(ဃ) ခရစ္ယာန္အသက္တာသည္ ယံုၾကည္ျခင္းဎပ တည္ေသာအသက္တာျဖစ္ပါသည္။ ၀ိညာဥ္ေရးရာေတြ႔ႀကံဳခံစားမႈအားလံုး၏ ေသာ့ခ်က္သည္ ယံုၾကည္ျခင္းျဖစ္ပါသည္။

(၁) ယံုၾကည္ျခင္းအားျဖင့္ ေလာကႏွင့္တကြ ေလာက၌ရွိေသာ ေပ်ာ္ရႊင္မႈ၊ ေသြးေဆာင္မႈႏွင့္ စံဳစမ္းျခင္းအမ်ိဳးမ်ိဳးတို႔ကို ေအာင္ျမင္ၾကရပါသည္။ ၁ေယာ ၅း၄။

(၂) ယံုၾကည္ျခင္းအားျဖင့္စာတန္ႏွင့္တကြ စာတန္၏ တန္ခိုးမ်ား၊ စာတန္ ပစ္ခတ္ ေသာမီးစက္လက္နက္မ်ားကို ေအာင္ႏိုင္ၾက၏။ ၁ေပ ၅း၉။ ဧ၊ ၆း၁၆။

(၃) ယံုၾကည္ျခင္းအားျဖင့္ အေမြစားအေမြခံျဖစ္လ်က္ဆက္လက္ရွင္သန္ေသာ ဘုရား သခင္၏ ကတိေတာ္မ်ားကို ရယူခံစားၾကရပါသည္။ ေဟ ၆း၁၂။

(၄) ထို႔ထက္မကယံုၾကည္ျခင္းသည္ -

(က) ေလာကပစၥည္းဥစၥာလိုအပ္ခ်က္မ်ားအတြက္ ပူပန္ျခင္းမွ ကင္းလြတ္ေစ ပါသည္။ မ၊ ၆း၃၀-၃၃။

(ခ) အသက္တာ၏ မုန္တိုင္းႀကီးမ်ားကို ရင္ဆိုင္ရဲေသာ သတၱိကိုရရွိေစပါ သည္။ မ၊ ၈း၂၆။

(ဂ) ပူပန္ျခင္း၊ ဒြိဟျဖစ္လ်က္မရွင္းမလင္းျဖစ္ေသာ မေ၀ခြဲတတ္မႈမ်ား၏ အထက္တြင္ ရပ္တည္သက္ရွင္ခြင့္ရရွိေစပါသည္။ မ၊ ၁၄း၃၁-၃၂။

၆။ မိမိက်င့္ေသာအက်င့္အားျဖင့္ေျဖာင့္မတ္ရာသို႔ ေရာက္ႏိုင္သည္ဟု ယံုၾကည္ျခင္းသည္ ပညတ္တရား၏ လက္ေအာက္သို႔ ျပန္၀င္ျခင္းျဖစ္၍ “ေက်းဇူးတရား၌မတည္၊ ေရႊ႕ေလွ်ာ့သူ” ျဖစ္ေစပါသည္။

(က) ကလာတိ ၅း၁-၆ကိုဖတ္ပါ။ အငယ္ (၁)တြင္ ေပါလုက ဤသို႔တိုက္တြန္းထားပါသည္။ “ခရစ္ေတာ္ သည္ ငါတို႔ကို လႊတ္ေတာ္မူေသာ လႊတ္ျခင္းအခြင့္၌တည္”ရန္။ အေျခခံအဓိပၸါယ္မွာ၊ ေမာေရွ၏ ပညတ္တရားေအာက္တြင္ ကၽြန္ခံလ်က္ခ်ည္ေနွာင္ ျခင္းခံရေသာ ဘ၀မွ ခရစ္ေတာ္သည္ ကၽြႏ္ုပ္တို႔ အားလြတ္ေျမာက္ေစျခင္းျဖစ္သည္။

အငယ္ ၂-၄ တြင္ ေပါလုသည္ အေရဖ်ားလွီးျခင္းအေၾကာင္းကို ေဆြးေႏြးထားပါသည္။ ထိုအေရဖ်ား လွီးျခင္းသည္ ပညတ္တရားေအာက္တြင္ယုဒလူစစ္စစ္ျဖစ္ျခင္း၊ သီးသန္႔ျဖစ္ျခင္းလကၡဏာျဖစ္သည္။ အခ်ိဳ႕ေသာ အတုအေယာင္ဆရာမ်ားသည္ ေက်းဇူးတရားေအာက္၌ပင္လွ်င္ ယုဒလူျဖစ္ေစ၊ တစ္ပါး အမ်ိဳးသားျဖစ္ေစ ခရစ္ယာန္မွန္ေသာ္လည္း ဓေလ့ထံုးစံေအာက္ျပန္၀င္ရမည္ဟု သြန္သင္ထားပါ သည္။ ဤအရာႏွင့္ ပတ္သက္၍ ေပါလုက အခ်က္ (၃)ခ်က္ျဖင့္ ျငင္းဆိုထားပါသည္။ အကယ္၍ ဘိုးေဘးတို႔က်င့္သံုးေသာ ပညတ္တရားထံုးတမ္းအတိုင္း က်င့္လွ်င္ ေအာက္ပါအေျဖမ်ားကို ျဖစ္ေပၚ ေစသည္-

(၁) ခရစ္ေတာ္သည္ သင္တို႔၌ မည္သည့္အက်ိဳးအျမတ္ကိုမွ်မေပး အငယ္-၂။

(၂) သင္တို႔သည္ မိမိကိုယ္မိမိပညတ္တရားကိုအႂကြင္းမဲ့က်င့္အံ့ေသာငွာ ေႂကြးတင္ေသာသူ ျဖစ္ေစသည္။ အငယ္-၃။ ယာ၊ ၂း၁၀။ ဂလ။ ၃း၁၀။

(၃) သင္သည္ ေက်းဇူးတရား၌မတည္၊ ေရႊ႕ေလ်ာ့ၿပီ။ အငယ္ ၄

မွတ္ခ်က္။ “ေက်းဇူးတရား၌မတည္၊ ေရႊ႕ေလ်ာ့ၿပီ”ဟူေသာ က်မ္းစကားကဲ့သို႔အျခားေသာ က်မ္းစကားမ်ားကို လႊဲမွားစြာအနက္ဖြင့္ျခင္းမရွိပါ။ သင္၏ကယ္တင္ျခင္းလက္လႊတ္ရၿပီဟု အဓိပၸါယ္ ဖြင့္ေလ့ရွိပါသည္။ သင္သည္ အေရဖ်ားလွီးျခင္းကိုခံယူျခင္းျဖင့္ မိမိကိုမိမိပညတ္တရား၏ လက္ေအာက္သို႔ျပန္၀င္လွ်င္ သင္သည္ ေက်းဇူးတရား၏ အႏွစ္သာရကိုေပါ့ပါးပ်က္ျပားေစၿပီး။ ကယ္တင္ျခင္းရရွိေစေသာ လမ္းေၾကာင္းကိုလည္း လႊဲမွားေလၿပီဟု ေပါလုက ကၽြႏု္တို႔အား ဆိုလို ျခင္းျဖစ္ပါသည္။

(ခ) ထို႔ေၾကာင့္ ဤအေၾကာင္းအရာသည္ ခရစ္ယာန္၏အသက္တာႏွင့္ ကယ္တင္ျခင္းတြင္ ပညတ္ တရားႏွင့္ ေက်းဇူးတရားအေၾကာင္းကို ေလ့လာရန္လိုအပ္ေစပါသည္။

၇။ အေလးထားရန္က်မ္းခ်က္ (၂)ခ်က္။

(က) ေယာ ၁း၁၇။ “အေၾကာင္းမူကား ပညတ္တရားေတာ္ကို ေမာေရွလက္တြင္ ေပးေတာ္မူ၏။ ေက်းဇူး တရားႏွင့္ သစၥာတရားမူကား ေယ႐ႈခရစ္အားျဖင့္ျဖစ္သတည္း” ခရစ္ေတာ္သည္ အသစ္ေသာ စနစ္ႏွင့္ အသစ္ေသာကာလကိုယူေဆာင္လာပါသည္။ ေခတ္ကာလကိုအုပ္စိုးလ်က္ လမ္းၫႊန္ေန ေသာေမာေရွ၏ပညတ္တရားသည္ ကိုယ္ေတာ္၌ အလ်င္အျမန္ခ်ဳပ္ၿငိမ္း၍ စနစ္သစ္ေပၚေပါက္လာ ျခင္းျဖစ္ပါသည္။

(ခ) ေရာ၊ ၁၀း၄။ ယံုၾကည္ေသာသူအေပါင္းတို႔သည္ ေျဖာင့္မတ္ရာသို႔ေရာက္မည့္အေၾကာင္း ပညတ္ တရားသည္ ခရစ္ေတာ္အားျဖင့္ စံုလင္ျခင္း (စာရင္းပိတ္ျခင္း)ရွိ၏။ ပညတ္တရားသည္ ဘုရားသခင္ ၏ အလိုေတာ္ကိုေဖာ္ျပသည္မွန္ေသာ္လည္း ထိုတရားသည္ မည္သူ႔ကိုမွ် ေျဖာင့္မတ္ေစျခင္းငွာ မတတ္ႏိုင္။ ေရာ ၈း၃။ ယခုယံုၾကည္သူတို႔ရရွိႏိုင္ေသာ ေျဖာင့္မတ္ျခင္းသည္၊ ပညတ္တရားႏွင့္ မစပ္ ဆိုင္ေသာ ဘုရားသခင္၏ ေျဖာင့္မတ္ျခင္း (ေရာ၊ ၃း၂၁)ျဖစ္ပါသည္။ ခရစ္ေတာ္အားျဖင့္ ခရစ္ေတာ္ ၌ ယံုၾကည္သူအေပါင္းတို႔အဘို႔အားေပးေတာ္မူေသာ ဘုရားသခင္၏ ေျဖာင့္မတ္ျခင္းျဖစ္ပါသည္။ ေရာ၊ ၃း၂၂၊ ဖိ ၃း၉။

၈။ ပညတ္တရားကို အက်ဥ္းခ်ဳပ္ေလ့လာျခင္း။

(က) ပညတ္တရားဆိုသည္မွာ အဘယ္နည္း။

(၁) ပညတ္တရား၏ ေစာင့္ေရွာက္ထိန္းသိမ္းေသာ ကာလအပိုင္းအျခားသည္ ေမာေရွအား ပညတ္ တရားကိုေပးေသာေန႔မွ ခရစ္ေတာ္တိုင္ေအာင္ျဖစ္ပါသည္။

မွတ္ခ်က္။ ဂလာတိ ၃း၂၄တြင္ “ပညတ္တရားသည္ ခရစ္ေတာ္မလာမီတိုင္ေအာင္ ကိန္းရေသာ အထိန္းျဖစ္သည္။

(၂) ဘုရားသခင္သည္ ေမာေရွအား လူႏွင့္ ဆက္ဆံမႈအတြက္ ေပးထားေသာ အရာမ်ားတြင္ အပိုင္း (၃)ပိုင္းရွိပါသည္-

(က) ပညတ္ေတာ္မ်ား၊ ထြက္ ၂၀း၁-၂၆။

(ခ) စီရင္ခ်က္မ်ား၊ ထြက္ ၂၁း၁-၂၄း၁၁။

(ဂ) အထံုးအဖြဲ႔မ်ား၊ ထြက္ ၂၄း၁၂-၃၁-၁၈။

ပညတ္ေတာ္မ်ားသည္ ဘုရားသခင္၏ သန္႔ရွင္းေသာအလိုေတာ္ကိုေဖာ္ျပပါသည္။ စီရင္ခ်က္မ်ား သည္ ဣသေရလလူမ်ိဳးတို႔၏ လူမႈဆက္ဆံေရးကို အုပ္ခ်ဳပ္ပါသည္။ အထံုးူအဖြ႔ဲမ်ားသည္ ဣသေရလ လူတို႔၏ ဘာသာေရးကိစၥမ်ားကို ထိန္းခ်ဳပ္ထားပါသည္။

(၃) သာမန္အားျဖင့္ ခရစ္ေတာ္သည္ျဖစ္ေစ၊ တမန္ေတာ္ႀကီးရွင္ေပါလုကျဖစ္ေစ ပညတ္တရား ဟုေျပာေသာအခါ ပညတ္ေတာ္ (၁၀)ပါးကို ရည္ၫႊန္းျခင္းျဖစ္ပါသည္။

မ၊ ၅း၁၇၊ ၁၉း၁၇။ ၂၂း၃၇-၄၀။ ဂလ ၃း၁၀-၂၄စသည္။

(ခ) မည္သည့္အတြက္နည္း။ ဂလ ၃း၁၉-၂၄ကိုဖတ္ပါ။

(၁) ဒုစ႐ိုက္မ်ားေၾကာင့္ ထိုတရားကိုထပ္၍ ေပးေတာ္မူ၏ ၃း၁၉။

အျပစ္သည္ ဘုရားသခင္၏ အလိုေတာ္ကိုဆန္႔က်င္ျငင္းဆန္ျခင္းျဖစ္ေၾကာင္း ေပၚလြင္ ေစရန္ ပညတ္မ်ားကိုေပးျခင္းျဖစ္ပါသည္။

ေရာ ၇း၇။ “ပညတ္တရားအားျဖင့္သာအျပစ္သေဘာကို ငါသိရ၏” ၁ေယာ ၃း၄။ ၁တိ ၁း၉၊ ၁၀ တို႔ကို ယွဥ္ၾကည့္ပါ။

(၂) ေလာကီသားအားလံုးအျပစ္ရွိေၾကာင္း ေဖာ္ျပႏိုင္ရန္ ပညတ္တရားကိုေပးပါသည္။ ေရာ ၃း၁၉။ အျပစ္ရွိလ်င္ အျပစ္အတြက္ ဒါဏ္ရွိေၾကာင္း ေဖာ္ျပလို၍ ပညတ္တရားကိုေပးပါသည္။ ဂလ၊ ၃း၂၂။ ေရာ၃း၉-၂၀။

(၃) ခရစ္ေတာ္မလာမီတိုင္ေအာင္ အုပ္ထိန္းသူအျဖစ္ေဆာင္ရြက္ရန္ျဖစ္သည္။ ဂလ ၃း၂၄ ဂရိလူမ်ိဳးမ်ားႏွင့္ ေရာမလူမ်ိဳးမိသားစုမ်ားမွာ မိမိတို႔၏သားသမီးမ်ားအားႀကီးျပင္းလာသည္အထိ အထိန္းေတာ္လက္ထဲတြင္ အပ္ထားပါသည္။ ဖခင္သည္ မိမိစည္းစိမ္ခ်မ္းသာကို အေမြခံႏိုင္ရန္ ရင့္ က်က္မႈရွိသည္ဟု ယူဆဆံုးျဖတ္သည္အထိ ထိုအထိန္းေတာ္လက္ထဲ၌ ထားပါသည္။ ဂလ၊ ၃း၂၅။ ၄း၁-၇။ ခရစ္ေတာ္မလာမီတိုင္ေအာင္ခပ္သိမ္းေသာအရာတို႔သည္ အထိန္းေတာ္တည္းဟူေသာ ပညတ္တရားလက္တြင္ရွိၾကပါသည္။ ခရစ္ေတာ္အားျဖင့္ ကၽြႏ္ုပ္တို႔သည္ ေတာ္လ်က္ ပညတ္တရား ၏ လက္တြင္မရွိ ေရာ ၆း၁၄ ကိုၾကည့္ပါ။

(၄) ကၽြႏ္ုပ္တို႔သည္ မိမိကိုမိမိျပည့္စံုျခင္းမရွိေၾကာင္း ေပၚလြင္ေစရန္၊ ပညတ္တရားကိုေပး ေတာ္မူသည္။ ေရာ၊ ၁၀း၂-၄။ ဖိ ၃း၉။

(ဂ) ပညတ္တရား၏ အားနည္းခ်က္မ်ား။

(၁) မည္သူ႔ကိုမွ်ေျဖာင့္မတ္ရာ၌ မတည္ေစႏိုင္။ ဂလ ၂း၁၆။ တ၊ ၁၃း၃၉။

(၂) မည္သူ႔ကိုမွ် သန္႔ရွင္းျခင္းသို႔မေရာက္ေစႏိုင္။ ဂလ ၃း၂-၃။

(၃) ပညတ္တရားသည္ ကၽြႏ္ုပ္တို႔၌ေျဖာင့္မတ္ျခင္းျဖစ္ပြားေစျခင္းငွာ မတတ္ႏိုင္။

ဂလ၊ ၃း၂၁။ ၂း၂၁။

(၄) ဇာတိပကတိေၾကာင့္ ပညတ္တရားသည္အားနည္း၍ မတတ္ႏိုင္။ ေရာ ၈း၃။

(၅) ပညတ္တရားသည္ အျပစ္တင္ေသာအမႈကိုသာျပဳလုပ္ႏိုင္သည္။ ေရာ ၃း၁၉။

(၆) ပညတ္တရားသည္ အဘယ္သူကိုမွ် စံုလင္ျခင္းသို႔မပို႔ႏိုင္။ ေဟၿဗဲ ၇း၁၈၊ ၁၉။

(ဃ) ပညတ္တရားသည္ မည္သည့္အရာမ်ားကိုျပဳပါသနည္း။

(၁) မ်က္ကန္း၊ တစ္ဘက္စြန္းေရာက္ဘာသာကိုျဖစ္ေစပါသည္။

ဂလ၊ ၁း၁၃-၁၄။

(၂) လူတိုင္းတို႔အား က်ိန္ျခင္းအမဂၤလာသက္ေရာက္ေစသည္။ ဂလ ၃း၁၀။

(၄) ေက်းဇူးတရားကိုေပးေတာ္မူေသာကာလသည္ ေသျခင္းမွ ရွင္ျပန္ထေျမာက္ ျခင္း၊ ပင္ေတကုေတၱပြဲေန႔မွသည္ အသင္းေတာ္ကို သိမ္းဆည္းေသာ ေန႔အထိျဖစ္ပါသည္။ ဧ၊ ၃း၂-၁၀။ ၂သက္ ၂း၂-၁၂။

(ခ) ေက်းဇူးတရားႏွင့္ ကယ္တင္ျခင္းမည္သို႔ဆက္ႏြယ္ပါသနည္း။

(၁) ေက်းဇူးတရားသည္ လူတို႔အား ကယ္တင္ျခင္းတရားကို ယူေဆာင္ခ်ေပးပါသည္။ တိ ၂း၁၁။

(၂) ကိုယ္က်င့္တရားမပါဘဲ ေက်းဇူးတရားေတာ္သက္သက္ေၾကာင့္ ကၽြႏ္ုပ္တို႔သည္ ကယ္တင္ျခင္း သို႔ေရာက္ရပါသည္။ ဧ၊ ၂း၈-၉။ ေရာ ၄း၄-၅။

(၃) ေက်းဇူးတရားသည္ ေျဖာင့္မတ္ရာ၌ တည္ေစျခင္းကို ျဖစ္ေစသည္။ ဂလ၊ ၂း၁၆။ ေရာ ၃း၂၄။ သန္႔ရွင္းရာ၌တည္ေစျခင္းကို ျဖစ္ေစသည္။ ဂလ၊ ၄း၂-၃။

(ဂ) ေက်းဇူးတရားသည္ ခရစ္ယာန္အသက္တာႏွင့္မည္သို႔သက္ဆိုင္သနည္း။

(၁) ခရစ္ေတာ္၌ လြတ္ေျမာက္ျခင္းကိုျဖစ္ေစလ်က္ ဘုရားသခင္၏ အိမ္ေတာ္မိသားစုတြင္ သားအရာကို ေပးပါသည္။ ဂလ ၄း၅-၃၁။

(၂) ခရစ္ေတာ္ကို ယံုၾကည္ျခင္းအားျဖင့္ ကတိထားေတာ္မူေသာ ၀ိညာဥ္ေတာ္ကို ရရွိေစပါသည္။ ဂလ ၃း၂၂။

(၃) ၀ိညာဥ္ေတာ္ႏွင့္ ျပည့္၀ေသာ အသက္တာကို ရရွိေစပါသည္။

ဂလ ၅း၅၊ ၂၂။ ထိုနည္းအားျဖင့္ ဇာတိပကတိအေသြးအသား၏ အလိုကိုအႏိုင္ရယူေစပါသည္။ ဂလ ၅း၁၆။

(၄) ကၽြႏ္ုပ္တို႔လိုအပ္ေသာ အရာအားလံုးျပည့္စံုလံုေလာက္ေစသည္။

၂ေကာ ၁၂း၉။ ေဟ ၄း၁၆။ ၂ေကာ ၉း၈။

(ဃ) ပညတ္တရားႏွင့္ ေက်းဇူးတရား(သို႔) ယံုၾကည္ျခင္းတရားႏွင့္ အက်င့္တရားတို႔သည္ ေရာေႏွာေနႏိုင္ပါ သေလာ။

(၁) ကယ္တင္ျခင္းတရား၌လည္းေကာင္း၊ ခရစ္ယာန္အသက္တာ၌လည္းေကာင္း၊ ထိုတရားႏွစ္ပါး တို႔သည္ ဆီႏွင့္ေရကဲ့သို႔လည္းေကာင္း အလင္းႏွင့္ အေမွာင္ကဲ့သို႔လည္းေကာင္းျဖစ္လ်က္၊ ဘယ္ေသာအခါမွ် မေရာစပ္ႏိုင္ပါ။

(၂) ဤအေၾကာင္းကိုေဖာ္ျပရန္ ေအာက္ပါက်မ္းပိုဒ္ (၂)ပိုဒ္ျဖင့္ ျပည့္စံုေနပါမည္။

(က) ေရာမ ၁၁း၅-၆။ “ယခုကာလတြင္ပင္ ေက်းဇူးေတာ္အတိုင္းေရြးေကာက္ေတာ္မူေသာ အႂကြင္းအက်န္ရွိေသး၏ ေက်းဇူးေတာ္အားျဖင့္ရွိွလွ်င္ ကိုယ္က်င့္ေသာ အက်င့္အား ျဖင့္မရွိ၊ ရွိလွ်င္ ေက်းဇူးသည္ ေက်းဇူးမဟုတ္၊ ကိုယ္က်င့္ေသာအက်င့္အားျဖင့္ရွိလွ်င္ ေက်းဇူးအားျဖင့္မရွိ၊ ရွိလွ်င္ ကိုယ္က်င့္ေသာအက်င့္သည္မဟုတ္။

(ခ) ဂလ ၅း၄။ “ပညတ္တရား (အက်င့္)အားျဖင့္ ေျဖာင့္မတ္ရာသို႔ေရာက္သမွ်ေသာ သင္တို႔ သည္ ခရစ္ေတာ္ႏွင့္ကြာ၍ ေက်းဇူးတရား၌မတည္၊ ေရြ႕ေလ်ာ့ၾကၿပီ။

၁၀။ ပညတ္တရားႏွင့္ ေက်းဇူးတရားတို႔၏ ျခားနားခ်က္အခ်ိဳ႕

မွတ္ခ်က္။ ။ ထိုျခားနားခ်က္ကို စာရင္းျပဳစုလွ်င္ အလြန္ရွည္လ်ားေနေပမည္။ သို႔ပါ၍ မိမိကိုယ္ပိုင္စာ ရင္းျပဳစုသင့္ပါသည္။ ေအာကတြင္ နမူနာေခါင္းစဥ္အခ်ိဳ႕ကို ေဖာ္ျပထားပါသည္။



ပညတ္တရား ေက်းဇူးတရား

- သိုးသည္ သိုးထိန္းအတြက္အေသခံရသည္။ သိုးထိန္းသည္ သိုးအတြက္ အေသခံရသည္။

- သင္သည့္က်င့္ေစာင့္ႏိုင္လွ်င္ ငါျပဳမည္

- လံုး၀နာခံမႈလိုအပ္ပါသည္။ နာခံႏိုင္ရန္တန္ခိုးေပးသည္။

- ေျဖာင့္မတ္ျခင္းလိုအပ္သည္ ေျဖာင့္မတ္ျခင္းကိုေပးသည္။

- အေကာင္းဆံုးလူပင္ေသျပစ္ထိုက္သည္။ အျပစ္ႀကီးဆံုးပင္အသက္ရွင္ရ။

- က်ိန္ျခင္းကို ျဖစ္ေစသည္။ က်ိန္ျခင္းကိုဖယ္ရွာေပးသည္။

- ေျဖာင့္မတ္ရာ၌တည္ေစျခင္း၊ ႏွစ္မ်ိဳးလံုးကိုေပးသည္။

- သန္႔ရွင္းရာ၌တည္ေစျခင္း၊ လံုး၀မရွိပါ။ ႏွစ္မ်ိဳးလံုးကိုေပးသည္။

- ေသဒဏ္ေပးေသာအလုပ္ကိုလုပ္သည္။ အျပစ္လႊတ္ျခင္းအလုပ္ကိုလုပ္သည္။

- ကၽြန္ျပဳသည္ လူလြတ္ျဖစ္ေစသည္။

- ေမာေရွႏွင့္ အက်င့္တရားသို႔ ဆက္စပ္ေပးသည္။ ခရစ္ေတာ္ႏွင့္ ယံုၾကည္ျခင္း တရားသို႔ဆက္စပ္ေပး သည္။

- မည္သည့္အရာကိုမွ်စံုလင္ျခင္းကိုမျဖစ္ေစႏိုင္။ ခရစ္ေတာ္၌ လူတိုင္းစံုလင္ျခင္းသို႔ေရာက္ေစသည္။

- မည္သူ႔ကိုမွ် ေျဖာင့္မတ္ျခင္းမေပး။ ယံုၾကည္သူတိုင္းကို ေျဖာင့္မတ္ေစသည္။

- သင္မျပဳရဟုတားျမစ္သည္။ မည္သူမဆို လာလိုသူတိုင္းဟုေခၚပါသည္။

၁၁။ နိဂံုး။ လူမည္သည္ကား ပညတ္တရား၏ အက်င့္မရွိဘဲယံုၾကည္ျခင္းအားျဖင့္ ေျဖာင့္မတ္ရာသို႔ ေရာက္တတ္သည္” ေရာ ၃း၂၈။ ဟုေပါလုႏွင့္အတူဆိုရပါမည္။ ဘုရားသခင္သည္ မိမိခ်စ္ျခင္းေမတၱာေတာ္ႏွင့္ ေက်းဇူးတရားေတာကန္႔လန္႔ကာဖြင့္လ်က္ ဤေလာကဇာတ္ခံုေပၚတြင္ ခရစ္ေတာ္တည္းဟူေသာ ပုဂၢိဳလ္အျဖစ္ ျဖင့္ ေလွ်ာက္ခဲ့ၿပီးျဖစ္ပါသည္။ ထိုသူအားျဖင့္ ပညတ္တရားကို ေစာင့္ေရွာက္၍ေပၚလြင္ေစၿပီး ထိုပညတ္တရားကို ပင္ ႐ုပ္သိမ္းၿပီးျဖစ္ပါသည္။ အသစ္ေသာကာလ၊ ေက်းဇူးေတာ္ကာလကို ေခၚေဆာ္လာၿပီျဖစ္ပါသည္။ ခရစ္ေတာ္ သည္ပညတ္တရား၏ က်ိန္ျခင္းကိုသင့္ကိုယ္စားခံခဲ့ၿပီးအျပစ္၏အခကိုလည္း အေက်ေပးေခ်ၿပီးျဖစ္ပါသည္။ ေဆာင္ရြက္ၿပီးေသာ အမႈကိုယံုၾကည္စိတ္ခ်လ်က္ ၿပီးျပည့္စံုေသာကယ္တင္ျခင္း၌ ၀မ္းေျမာက္ေနပါ။



ေမးခြန္းမ်ား

၁။ ဤသင္ခန္းစာ၏ အဓိကရည္ရြယ္ခ်က္သည္ မည္သို႔နည္း။

၂။ ယံုၾကည္ျခင္းတရားႏွင့္ အက်င့္တရားတို႔၏ ရပ္တည္ခ်က္ႏွင့္ ရည္ရြယ္ခ်က္တို႔ကို ေကာင္းစြာ သိရွိနားလည္ ရန္အဘယ့္ေၾကာင့္ အလြန္ေရးႀကီးပါသနည္း။

၃။ ယာကုပ္ ၂း၁၄-၂၆၊ တြင္ ယာကုပ္သည္ မည္သို႔သြန္သင္သည္ဟု ထင္ျမင္ရပါသနည္း။

၄။ ေရာ ၄း၂-၅။ ၈း၁။ ဧ ၂း၈-၉။ တိ ၃း၅-၆ တို႔တြင္ ေပါလုသည္ မည္ကဲ့သို႔ သြန္သင္သည္ဟု ထင္ျမင္ရပါ သနည္း။

၅။ ေပါလုႏွင့္ ယာကုပ္တို႔ႏွစ္ဦးသေဘာကြဲလြဲသည္ဟုထင္ရေသာအေၾကာင္းႏွင့္ ပတ္သက္၍ ရွင္းလင္းႏိုင္ ရန္ မည္သည့္အခ်က္ (၃)ခ်က္ကိုနားလည္ရန္လိုအပ္ပါသနည္း။

၆။ ေပါလုႏွင့္ ယာကုပ္တို႔သည္ ထိုစာမ်ားကို ေရးစဥ္တြင္ သူတို႔၏စိတ္ႏွလံုးထဲ၌မည္သည့္အရာမ်ားကို ရည္ရြယ္ေနပါသနည္း။

(က) ေပါလု။

(ခ) ယာကုပ္။

၇။ ေပါလုသည္ေကာင္းေသာအက်င့္ကုိက်င့္ရန္မလိုဟု ဆန္႔က်င္ပါသေလာ။ မဟုတ္လ်င္သက္ေသျပပါ။

၈။ အက်င့္ႏွင့္ ပတ္သက္၍ ေပါလု၏အျမင္သည္ ယာကုပ္၏႐ႈေဒါင့္ႏွင့္ မည္သို႔ကြာျခားပါသနည္း။

၉။ ေပါလုက ငါတို႔သည္ ယံုၾကည္ျခင္းအားျဖင့္သာေျဖာင့္မတ္ရာသို႔ေရာက္ရသည္ဟု ဆိုသည္။ ယာကုပ္ ကယံုၾကည္ျခင္းအားျဖင့္သာေျဖာင့္မတ္ရာသို႔ေရာက္ရသည္မဟုတ္။. အက်င့္အားျဖင့္ေရာက္ရသည္ဟု ဆို၏ထိုသူႏွစ္ဦးတို႔၏ စိတ္ထဲတြင္ ရည္ၫႊန္းထားေသာ အျမင္ႏွစ္မ်ိဳးကိုေဖာ္ျပလ်က္ ထိုအျမင္တို႔ကိုေစ့ စပ္ေပးပါ။

၁၀။ ကယ္တင္ျခင္းႏွင့္ အက်င့္တရားတု႔ိ၏ စပ္ဆိုင္မႈကိုေဖာ္ျပေသာက်မ္းခ်က္အနည္းဆံုး (၄)ခ်က္ကို ေဖာ္ျပ ပါ။

၁၁။ ကယ္တင္ျခင္းႏွင့္ ယံုၾကည္ျခင္းတရားတို႔၏ စပ္ဆိုင္မႈကိုေဖာ္ျပေသာက်မ္းခ်က္ (၄)ခ်က္ကိုေဖာ္ျပပါ။

၁၂။ အက်င့္တရားသည္ ခရစ္ယာန္အသက္တာတြင္ မည္ကဲ့သို႔အေရးႀကီးပါသနည္း။

၁၃။ ယံုၾကည္ျခင္းသည္ ခရစ္ယာန္အသက္တာတြင္အေရးႀကီးဆံုးျဖစ္ေၾကာင္း၊ ေပၚလြင္ေစေသာ ယံုၾကည္ ျခင္းတရားေၾကာင့္ ေပၚေပါက္ရေသာအခ်က္ (၅)ခ်က္ကိုေဖာ္ျပပါ။

၁၄။ ဂလ ၅း၁-၄တြင္ ေပါလုက ယုဒလူတို႔က်င့္သံုးေသာ အေရဖ်ားလွီးျခင္းႏွင့္ ပတ္သက္၍ ျငင္းခ်က္ (၃)ခ်က္ကိုထုတ္ထားပါသည္။ ထိုအခ်က္မ်ားကို ေဖာ္ျပပါ။

၁၅။ “သင္တို႔သည္ ေက်းဇူးတရားမွ ေရႊ႕ေလ်ာ့ၾကၿပီ”ဟုဆိုရာတြင္ မည္သုိ႔ဆိုလိုပါသနည္း။

၁၆။ ဘုရားသခင္ကေမာေရွအားေပးထားေသာပညတ္တရားႏွင့္ ပတ္သက္၍-

(က) ပညတ္တရား၏ရည္ရြယ္ခ်က္ (၃)ခ်က္ကိုေဖာ္ျပပါ။

(ခ) ပညတ္တရား၏အားနည္းခ်က္မ်ားကား ဘယ္အရာမ်ားနည္း။ (၄)ခ်က္ကိုေဖာ္ျပပါ။

၁၇။ ယံုၾကည္သူသည္ ပညတ္တရားႏွင့္ မည္သို႔ပတ္သက္ပါသနည္း။ ပညတ္တရားအေပၚ မည္သို႔ သေဘာထားရမည္နည္း။ အခ်က္ (၄)ခ်က္ကိုေဖာ္ျပပါ။

၁၈။ ေက်းဇူးတရားကိုအေျခခံပံုေသယံုၾကည္ခ်က္ Doctrine အျဖစ္စာျဖင့္ ေရးသားပါ။ ေခတ္ကာလႀကီး ျဖစ္ေၾကာင္းကိုလည္းေဖာ္ျပပါ။

၁၉။ ေက်းဇူးတရားသည္ ေအာက္ပါအခ်က္မ်ားႏွင့္ မည္ကဲ့သို႔ပတ္သက္ဆက္စပ္ေၾကာင္းကို က်မ္းၫႊန္းျဖင့္ ျပပါ။



(က) ကယ္တင္ျခင္း (၁)

(၂)

(ခ) ခရစ္ယာန္အသက္တာ (၁)

(၂)

၂၀။ ယံုၾကည္ျခင္းတရားႏွင့္ အက်င့္တရားေသာ္လည္းေကာင္း၊ ပညတ္တရားႏွင့္ ေက်းဇူးတရားေသာ္လည္း ေကာင္း ခရစ္ယာန္အသက္ရွင္မႈတြင္ျဖစ္ေစ၊ ကယ္တင္ျခင္းလမ္းေၾကာင္းတြင္ျဖစ္ေစ ေရာေႏွာ၍မရ ေၾကာင္းကိုေဖာ္ျပေသာက်မ္းၫႊန္းႀကီး (၂)ခ်က္ကိုေဖာ္ျပပါ။

၂၁။ ပညတ္တရားႏွင့္ ေက်းဇူးတရားတို႔၏ ျခားနားခ်က္မ်ားကို အခ်က္ (၆)ခ်က္ျဖင့္ စာရင္းျပဳစုပါ။



ပညတ္တရား ေက်းဇူးတရား













အမည္၊ --------------------------------------------- ရက္စြဲ။ ----------------------------

လိပ္စာ၊ ---------------------------------------------

-------------------------------------------

-------------------------------------------

မွတ္ခ်က္။ စာေပးစာယူ၊ အေ၀းသင္ဒီပလိုမာက်မ္းစာသင္ခန္းစာမ်ား (အခန္း ၁၄) ျဖစ္ပါသည္။
http://www.murann.com/ezine/index.php?option=com_content&view=article&id=1515:2012-10-20-09-45-05&catid=9:bible-study&Itemid=10

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...