0
ပြောတော့ ဘုရားရှိတယ်ဆို ဘုရားရှိရင် ပြလေ ဘယ်မှာလဲ?
ပြောတော့ ဘုရားရှိတယ်ဆို ဘုရားရှိရင် ပြလေ ဘယ်မှာလဲ?
Unicode & Zawgyi Reshare-#9Dan
ဒီမေးခွန်းကို ကျနော်တို့ အတော်အများဆုံး မေးခံရတဲ့မေးခွန်းဖြစ်ပါတယ်။ ဒီမေးခွန်းကို ဘုရားရှိကြောင်း အသက်တာမှာလက်တွေ့ မခံစားဖူး သူတွေရဲ့ အများဆုံး မေးတဲ့မေးခွန်းဖြစ်ပါတယ်။ ကျနော်ငယ်ငယ်က ခရစ်ယန်တယောက်ဖြစ်သော်လည်း ဘုရားရှိကြောင်းလက်တွေ့မခံစားရ တုံးက အမြဲတမ်း ကိုယ်ဟာကို မေးတဲ့ မေးခွန်းဖြစ်ပါတယ်။ မေးခွန်းကို အပိုင်း ၃ ပိုင်း အနေ နဲ့ ၁။ ကျမ်းစာအရ ၂။ ကျမ်းစာမပါ ဘဲ ဖြေနည်း ၃။ နတ်ဘုရားတွေအရ သုံးပိုင်းအနေနဲ့ဖြေဆိုသွားပါမည်။
၁။ ကျမ်းစာအရ
သခင်ယေရှူဘုရားဟာ လွန်ခဲ့တဲ့ ၂၀၀၀ကျော် အေဒီ ၃၀-၃၃ ကြား ကျနော်တို့ လူသားတွေ အားလုံး အပြစ်အစား လက်ဝါးကားတိုင်ပေါ် မိတ်ဆွေသိ တဲ့အတိုင်း အသေဆိုးနဲ့သေသွား ခဲ့ပါတယ်။ သေပြီး သုံးရပ်အကြာ သေပြီးရှင်ပြန် ထမြောက်ခဲ့ပါတယ်။ သူအသက်ရှင်ပြန်ပြီး သူ့ တပြည့်တော် ၁၂ ယောက်အပါဝင် သူ့နောက်လိုက် သူတွေနဲ့ အရက်လေးဆယ်ကျော် ဤ ကမ္ဘာ ပေါ်မှာနေသွားခဲ့ပြီး ကောင်းကင်နိုင်ငံသို့ လက်ရှိ ဂျေရုဆလင်မြို့၊ အစရေး ( Israel၊ ဂျူးနိုင်ငံ) သံလွင် တောင်ပေါ်ကနေ ကောင်းကင်နိုင်ငံသို့ တက်သွားပါတယ်။ သံလွင်တောင် (Mount Olive) အကြောင်း ကို Internet ပေါ်က စိတ်ဝင်စားပါက ဆက်လက်၍ လေ့လာနိုင်သည်(http://en.wikipedia.org/wiki/Mount_of_Olives)။ သူ ကောင်းကင်သို့ မတတ်သွားခင် သူတပြည့်တော် ကို ဘာပြောလဲဆိုတော့ မင်းတို့" ငါလူသား အားလုံးရဲ့ အပြစ်အတွက် အသေခံခြင်း၊ရှင်ပြန်ခြင်း ငါမင်းတို့နဲ့ အတူရှိတုံးက ငါပြောတဲ့ တရားကို မြေကြီးဆုံးတိုင်အောင်သွားပြောလော့ လို့ မှာခဲ့ပါတယ်" တပြည့်တော်တွေ ကျနော်တို့ အခုသွားလို့ရ ပြီလား ပြန်မေးပါတယ်။ သခင်ယေရှူ က နေအုံး " ငါ့ရဲ့ သန့်ရှင်းသော ဝိညာဉ် တော် ကိုဆောင့်" မင်းတို့ ငါ့ရဲ့ သန့်ရှင်းသော ဝိညာဉ် တော် ကိုရတဲ့ အခါ တန်ခိုးကိုရမယ်၊ ရရင် သွားဟောလို့ ရပြီ။ လို့ပြောခဲ့တယ်။ အဲဒါက သူကောင်းကင်သို့ သွားမဲ့နေ့ သံလွင်တောင်ပေါ်မှာ ပြောခဲ့တယ်။၊ အဲဒါပြော ပြီး ချက်ခြင်း ကောင်းကင်သို့ပြန်တတ်သွားတယ် ကောင်းကင်သို့ သူတတ်သွားတာကြည့်တဲ့ အချိန်မှာ ကောင်းကင်နိုင်ငံက နေ ကောင်းကင်တမန် နှစ်ပါးလာပြီး မင်းတို့အခု မြင်တဲ့အတိုင်း သခင်ယေရှူဟာ ကောင်းကင်ကိုတတ်သွားတယ် အဲတတ်သွား တဲ့အတိုင်း ဒီနေရာမှာဘဲ ဒုတိယအကြိမ်နဲ့ ကမ္ဘာကို ပြန်လည် လာမယ် လို့ပြောခဲ့တယ်။
ပြောခြင်တဲ့ အဖြေက - သခင်ယေရှူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ကျော်က ကောင်းကင်သို့တတ်သွားတာကြောင့် မိတ်ဆွေဟာ အခုမမြင်ရတာပါ။ ဒါပေမဲ့ သူ ဒုတိယအကြိမ်နဲ့ ကမ္ဘာ ကိုပြန်လာမဲ့ အချိန်မှာ မိတ်ဆွေအသက်ရှင်သေးရင်တော့
" ပြောတော့ ဘုရားရှိတယ်ဆို ဘုရားရှိရင် ပြလေ" ဆိုတဲ့မေးခွန်းကို မေးတဲ့ မိတ်ဆွေကိုတိုင် မြင်ရမှာပါ။ ကျမ်းစာဟာအတိအလင်းပြောပြီးထားပါတယ်။
"ထိုနေ့ရက်၌ ခြေတော်သည် ယေရုရှလင်မြို့အရှေ့၊ သံလွင်တောင်ပေါ်မှာ ရပ်၍၊ သံလွင်တောင်သည် အရှေ့ဘက်မှ အနောက်ဘက်တိုင်အောင် အလယ်၌ကွဲသဖြင့်၊ အလွန်ကြီးသော ချိုင့်ဖြစ်လိမ့်မည်။ တောင်တဝက် မြောက်ဘက်သို့ င်း၊ တဝက်သည် တောင်ဘက်သို့င်း ရွှေ့ရလိမ့်မည်။ သင်တို့သည် ငါ့တောင်ကြား ချိုင့်လမ်းဖြင့် ပြေးကြလိမ့်မည်။ ထိုချိုင့်သည် အာဇလမြို့တိုင်အောင်၊ မှီလိမ့်မည်။ ယုဒရှင်ဘုရင် သြဇိမင်းလက်ထက်၊ မြေကြီးလှုပ်၍ သင်တို့သည် ပြေးသကဲ့သို့ တဖန်ပြေးကြလိမ့်မည်။ ငါ၏ဘုရားသခင်ထာဝရဘုရား၊ ကြွလာတော်မူ၍၊ မိမိသန့်ရှင်းသူအပေါင်းတို့ သည် ပါကြလိမ့်မည်။ ထိုနေ့ရက်၌ အလင်းမရှိ၊ မြတ်သောအရာတို့သည် ယုတ်လျော့လိမ့်မည်။ နေ့မဟုတ်၊ ညဉ့်မဟုတ်၊ ထာဝရဘုရား သိတော်မူသောနေ့ရက်တရက်ဖြစ်၍၊ ညဦးယံအချိန်ရောက်မှ လင်းလိမ့်မည်။ထိုနေ့ရက်၌ အသက်ရေသည် ယေရုရှလင်မြို့မှထွက်၍ နွေကာလဖြစ်စေ၊ ဆောင်းကာလဖြစ်စေ၊ အရှေ့ပင်လယ်သို့ တဝက်၊ အနောက်ပင်လယ်သို့ တဝက်စီးသွားလိမ့်မည်။ထာဝရဘုရားသည် တပြည်လုံးတွင် ရှင်ဘုရင်ဖြစ်တော်မူမည်။ ထိုနေ့ရက်၌ ထာဝရဘုရားတပါးတည်း၊ နာမတော်တပါးတည်း ဖြစ်တော်မူမည်။" ( ဇာခရိ ၁၄:၄)
ကောင်းပြီ မိတ်ဆွေ ခုနက အပေါ်မှာ ရေးတဲ့အတိုင်း ယေရှူပြောသွားတဲ့ သူ့ရဲ့ သန့်ရှင်း သောဝိညာဉ်တော်အကြောင်း၊ နံပတ် ၁ အနေနဲ့ သူ့ရဲ့ သန့်ရှင်း သောဝိညာဉ်တော် ဟာ နားလယ်အောင်ပြောမယ်ဆိုရင် ဝိညာဉ်ဖြစ်တဲ့ အတွက်မမြင်ရပါဘူး။ ဒါပေမဲ့ သူရဲ့ သန့်ရှင်း သောဝိညာဉ်တော် ရှိတဲ့နေရာမှာ သူရှိကြောင်း လခဏာတွေ ရှိပါတယ်။ သူရှိရင် လွတ်မြောက်ခြင်းရှိတယ်။ ဘာတွေလွတ်မြောက်မလဲ ? သူရှိတဲ့နေရာတွေမှာ ဆုတောင်းခြင်းအားဖြင့် လူတွေကိုကျမ်းမာခြင်းပေးပါတယ် မကျမ်းမာရင် မိတ်ဆွေကို ကျမ်းမာခြင်း၊ စိတ်ခံစားရ နေသူတွေအဖို့ စိတ်၏ကျမ်းမာခြင်း၊ငြိမ်သက်ခြင်း၊ ငွေကြေး အခက်တွေမှ လွတ်မြောက်ခြင်းတွေ ကိုပေးပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ တည်း သူ့တပြည့် တော်တွေ (စိန့်ပေါလု၊ စိန့်ပီတာ ( ပေတရူ)၊ စိန့်ဂျွန် ( ယောဟန်) စသည့် တပြည့် တော်တွေ လုပ်နေတာ၊ ကျနော်တို့ အခုအချိန်အထိ ဆက်လုပ် နေသေးပါတယ်။ အနီးဆက်ဆုံးပြောမယ် ဆိုရင် လွန်ခဲ့တဲ့ နှစ် နိုဝင်ဘာလ ၇ရက်၊ ၈ရက်နဲ့ ၉ရက်တွေမှာ နယ်သာလန် နိုင်ငံကနေ လာသွားတဲ့ ဆရာ Mattheus van der Steenတို့ရဲ့ ဆုတောင်းပွဲမှာ မိတ်ဆွေ ရှိလိုက် ရင်မိတ်ဆွေသိပါတယ်။ လူပေါင်း ထောင်ကျော် မိုင်ဒါကွင်း(Yangon )မှာ မကျမ်းမာသူတွေ ကျမ်းမာချင်း ရရှိခဲ့ပါတယ်၊ လွတ်မြောက်ခြင်းတွေ တွေ့ရှိခဲ့ပါတယ်။ ဓာတ်ပုံကို ဒီpage ရဲ့ နိုဝင်ဘာလ post တွေမှာ ကျနော်တင်ထားပါတယ်။ အောက်က ကွန်မန့် box ရဲ့ လင့်မှာ အာဖရိ က နိုင်ငံ ဆရာ ဘွန်ကီးရဲ့ ( Evangelist Reinhard Bonnke - Official Page ) ဆုတောင်းပွဲမှာ ဆိုရင် မကျမ်းမာသူတွေ ကျမ်းမာခြင်းရတဲ့ အပြင် သေတဲ့လူတွေပါပြန်ရှင်ပါတယ်။ အောက်မှာ သေရာက အသက်ပြန်ရှင်တဲ့ လူရဲ့ အင်တာဗျူးးကို link ကို ရှဲထား သည်။ မိတ်ဆွေ အခု ဖတ်နေရင်း လွတ်မြောက်ခြင်း လိုခြင်ပါက သူကိုယ်ခေါ်ဖိတ်လိုက် ပါ မိတ်ဆွေအခုဖတ်နေတဲ့ အခန်း နေရာကိုလာပြီး သန့်ရှင်းသော ဝိညာဉ်တော်ဘုရားဟာ မိတ်ဆွေရဲ့ အခက်ခဲတွေမှ ကယ်တင်နိုင်ပါတယ်။
၂။ ကျမ်းစာ မပါဘဲဖြေ နည်း ဘုရားကို မမြင်ရဘူး၊ ကောင်းပြီမိတ်ဆွေ.............မိတ်ဆွေ လေကို မြင်ရလား? မမြင်ရပါဘူး မိတ်ဆွေ လေ ရှိကြောင်းကို ပြလေလို့ပြောရင်၊ ကျနော်က သစ်ရွက်တွေ လှုပ်တာ ခြင်းအားဖြင့် လေရှိကြောင်း ကိုသက်သေပြမည်။ ထိုနည်းတူ ဘုရားအသက်ရှင်ကြောင်း ကျမ်းစာအားဖြင့်၊ ယနေ့ ဂျူးး လူမျိုးများ၊ Israel နိုင်ငံအားဖြင့် သက်သေပြနိုင်သည်။
ကမ္ဘာပေါ်တွင် မမြင်ဘဲ ယုံရ တဲ့အရာတွေ အများကြီးရှိသည်။ နောက်တခု ဝါယာကြိုး တချောင်း ဥပမာပေးမည် ဝါယာကြိုး လိုင်းတချောင်းရဲ့ ဓတ်စီးကြောင်း ကိုကျနော်တို့ မမြင်ရပါ။ ဒါပေမဲ့ လူတယောက်က အဲဒါ ဓတ်လိုက်တယ်လို့ပြော ရင် ကျနော်တို့ ယုံတယ်။ မယုံပါက electric circuit tester ဖြင့် စမ်းသပ်ရသည်။ ထိုနည်းတူ သခင်ယေရှူကို စမ်းသပ်မှ သူအသက်ရှင်ကြောင်း သိရှိနိုင်သည်။
၃။ နတ်ဘုရားတွေ ကို ကျနော်တို့ မမြင်ရပါ ကျမ်းစာတွင် နတ်ဘုရားတွေ အကြောင်း များစွာ ရေးထားသည်။ နတ်ဘုရားများသည် ကျနော်တို့ မြန်မာပြည်တွင်ရှိတင်တာမက ကမ္ဘာ တဝန်း လုံးတွင်ရှိသည်။ ဂရိနတ်ဘုရား ( အာပိုလို၊ဇီရပ်၊ ဟိရ၊ ပိုစိဒုံ၊ အာတီမိ)၊ တရုပ်နတ်ဘုရား၊ဂျပန် နတ်ဘုရား၊ ကိုရီးယားနတ်ဘုရား၊ ရောမနတ်ဘုရားတွေဖြစ်တဲ့ (ဂျန်နက်၊ ဂျူပီတာ အောကတ်၊ စိရပ်၊ဘိုကေးနတ်)၊ မြန်မာပြည်တွင် ( ကိုကြီးကျော်၊ အမေကြမ်း) နတ်ဘုရားများ၊ အာဖရိကနတ်ဘုရား မြောက်များစွာရှိသည်။ ဂရိနတ်ဘုရား နာမည် များနဲ့ ရောမ နတ်ဘုရား နာမည်များ ကို Age of Mythology game စော့ ဖူးသူများရီးနှီး လိမ့်ပါမယ်။ နတ်ဘုရားများသည် ဤကမ္ဘာပေါ်မှာ ရှိသည့် အရာများကို အုပ်စိုး ခွင့်ရှိသည်၊ သူတို့အားလုံးသည် တဖွဲ့ထဲဖြစ်သည်။ ဥပမာအနေ ဂရိနတ်ဘုရား ဇိရပ်သည် ကောင်းကင်ကို အုပ်စိုး သောနတ်ဘုရား ဖြစ်သည်။Demeter ဒိမိတာသည် လယ်ယာပြင် စိုက်ကွင်းများကို အုပ်ချုပ်သည်။ ထိုနတ်ဘုရား တို့သည်သူတို့ကို ပူဇော်ရာတွင် ပုံစံ အမျိုးမျိုးရှိသည်။ တချို့ကို တိရိစ္ဆာန် ရဲ့ အသွေး ဖြင့် ပူဇော်ရသည်။ တချို့ကို လယ်ယာတွင် အကောင်းဆုံး အသီးအနှံဖြင့် ပူဇော်ရသည်။ ပူဇော်ချိန်တွင် ထိုနတ်ဘုရားတို့သည် ပူဇော်သူကို ကောင်းကြီးပေးသည်။ ထိုနတ်ဘုရားအားလုံး ရဲ့ အရှင် အားလုံးတွင် အကြီးဆုံး နတ်ဘုရားရှိသည်။ သူ့နာမည် ကို လူစီဖာ (fallen angel) ဟုခေါ်သည်။ ထို နတ်ဘုရားအဖွဲ့နဲ့ ဘုရားရှင်ရဲ့ ကောင်းကင်တမန်များတို့ ကောင်းကင်နိုင်ငံ ၌ စစ်တိုက်ကြသည်။ဗျာဒိတ်ကျမ်း အခန်းကြီး ၁၂ တွင် အသေးစိတ် ဖတ်ရှူနိုင်သည်။ ကျနော်ပြောခြင်တဲ့ အရာက နတ်ဘုရားတွေဆိုတာလဲရှိပါတယ်။ ကောင်းကင်တမန်တွေလဲ ရှိတယ်။ သခင်ယေရှူလဲ ရှိပါတယ် ဒါပေမဲ့ ကျနော်တို့တွေဟာ သူတို့ကို ယခုလောလော ဆယ် မမြင်ရသေးပါ။ ကျနော်တို့ သူတို့ရှိကြောင်းကို သမိုင်းအထောက်၊ ယခုလက်ရှိ အနေရပါ သိရှိနိုင်သည်။
နောက်ဆုံး အနေရပြောမယ်ဆိုရင် ဘုရားရှင်ဟာ အသက်ရှင် ဒါမလို့ မိတ်ဆွေ တောင်းရင် တောင်းတဲ့အတိုင်းပေးတယ်၊ မိတ်ဆွေ အခက်အခဲတွေကနေ လွတ်မြောက်ခြင်းပေးနိုင် သောဘုရားဖြစ်တယ်။ မိတ်ဆွေမကျမ်းမာရင် ကျမ်းမာခြင်း၊ အခက်အခဲ ပြသနာ ထဲက လွတ်မြောက်ခြင်း ပေးသည်သာမက မိတ်ဆွေ သေရင် ငရဲမှ ကယ်တင်ပေးတယ်၊တမလွန် ဘဝအတွက် အာမခံ ခံချက်ပေးတဲ့ သခင်ယေရှူဖြစ်တယ်။
Admin - Vic
God bless you and Stay safe !
၁။ ကျမ်းစာအရ
Admin - Vic
0 comments:
Post a Comment
Back to Top Related Posts Plugin for WordPress, Blogger...