Dr. Rick Warren (The Purpose Driven Life)
Unicode & Zawgyi Reshare-#9Dan
ယနေ့ခရစ်ယာန်စာပေလောကနှင့် ယုံကြည်သူခရစ်ယာန်များအကြားတွင် “The Purpose Driven Life” စာအုပ်ကိုမသိသူ အလွန်ရှားပေသည်။ ထို့အတူ ထိုစာအုပ်အားဖြင့် ဘုရားသခင်အသုံးပြုခြင်း ကိုခံရသူ၊ အသင်းသား ၂၀၀၀၀ ကျော်ရှိသော California ပြည်နယ်ရှိ Saddleback အသင်းတော်၏ သင်းအုပ်ဆရာ ဒေါက်တာရစ်ခ်ဝါရင်း (Rick Warren) ကိုလည်း လူသိအလွန်များပေသည်။ သူသည် ၁၉၅၄ ခုနှစ် ဂျန်န္နဝါရီလ ၂၈ ရက်နေ့တွင် ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဟိုဆေး မြို့တွင်မွေးဖွါးပြီး၊ ‘ကေး’ ဆိုသူအမျိုးသမီးနှင့် အိမ်ထောင်ကျကာ ကလေးသုံးယောက်၏ ဖခင်ဖြစ်သည်။
သူ၏ “The Purpose Driven Church (1995)” နှင့်၊ သူရေးသားထုတ်ဝေသော အရောင်းရဆုံး စာရင်းဝင် “The Purpose Driven life (2005)” စာအုပ်ကြောင့် ၂၁ ရာစု ၏ အထင်ကရ ခရစ်ယာန်ဧဝံဂေလိ ဆရာတစ်ဦးအဖြစ် မကြာခဏ ဖော်ပြပြောဆိုခြင်း ခံရသူဖြစ်သည်။ သူ၏ဖခင်သည် Southern Baptist မှ တရားဟောဆရာတစ်ဦးဖြစ်ပြီး၊ Texas ပြည်နယ် တွင် ဓမ္မပညာ ကိုသင်ကြားခဲ့သူဖြစ်သည်။
California ပြည်နယ် Los Angeles မြို့၏တောင်ဖက်ရှိ Orange ခရိုင်တွင် အသင်းတော်တစ်ခုထူထောင်ခြင်းဖြင့် အမှုတော်ဆောင်ရန် ဘုရားသခင်က အလိုတော်ရှိသည်ဟု ယုံကြည်ခဲ့သည်။ ထို့ကြောင့် သူ၏အမျိုးသမီး၊ အခြား မိသားစုဝင်တစ်ဦးတို့နှင့် အတူ အသင်းတော်၏ ပထမဆုံးသော ဝတ်ပြုစည်းဝေးခြင်းကို ၁၉၇၉ ခုနှစ်တွင် သူ၏ ဧည့်ခန်း တွင်စတင်ခဲ့သည်။
ထိုအချိန်က Saddleback Valley Community Church ဟုအမည်ရသော သူ၏အသင်းတော်သည် ၁၉၈၀ နှစ်တွင် အသင်းသား ၂၀၅ ဦး ရှိခဲ့ပြီး တစ်နှစ်ပြီးတစ်နှစ် တိုးတက်ကြီးပွါးလာခဲ့ရာ၊ ယနေ့ အသင်းသား ၂၂၀၀၀ ကျော် နှင့် ဓမ္မအမှုတော်ဆောင် ၃၀၀ ကျော်ရှိသော “Saddleback Church” အသင်းတော်ကြီး အဖြစ် ဘုရားရှင်၏ ကောင်းကြီးပေး ခြင်းကိုခံရသည်။
သူ၏စာအုပ်အားဖြင့် လူများစွာနှင့် အသင်းတော်များတို့သည် သူတို့၏ဘဝအတွက် ဘုရားသခင်၏ ရည်ရွယ်ချက်ကို လေးလေးနက်နက် သဘောပေါက်လာနိုင်ကြပြီး၊ အပြစ်ကျူးလွန်ခြင်း၊ စိတ်ဒေါသတကြီး တုန့်ပြန်တတ်ခြင်း၊ ကြောက်ရွံ့တတ်ခြင်း၊ ဥစ္စာတပ်မက်လွန်ခြင်း၊ ရိုးရာထုံးတမ်းအစဉ်အလာတို့ကို ခင်တွယ်လွန်းခြင်း၊ ဘဏ္ဍာရေးပြဿနာများ နှင့် လောကီရေးရာပြဿ ပေါင်းစုံများမှ လွတ်ထွက်နိုင်ရန် များစွာသော အထောက်အပံ့နှင့် ခွန်အားပေးခြင်းကို ရရှိခံစားကြသည်။ ၂၀၀၅ ခုနှစ်တွင် ကမ္ဘာ့ ငတ်မွတ်ခေါင်းပါးခြင်းနှင့် AIDS ပြဿနာများအပါအဝင် ကမ္ဘာ့ပေါ်တွင် ကြုံတွေ့နေရသော ပြဿနာပေါင်းစုံတို့ကို ကူညီဖြေရှင်းပေးရန်အတွက် အကူအညီတောင်းခံခြင်းခံရသောသူများတွင် တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။
Saddleback ဘုရားကျောင်းရှေ့ဝင်ပေါက်
အထက်တွင်ဖော်ပြသကဲ့သို့ ကလေးသုံးယောက်၏ ဖခင်ဖြစ်ပြီး၊ သူ၏ဖခင်၊ ယောက္ခထီး နှင့် ဘေးဖြစ်သူ တို့သည်လည်း ဘုရားသခင်၏ အမှုတော်ဆောင်များဖြစ်ကြသည်။ ၁၉၉၅ ခုနှစ်တွင် ထုတ်ဝေခဲ့သော သူ၏ Autobiography တွင် “ကိုယ်တော်အလိုတော်ရှိလျှင် ကျွန်ုပ်၏ ဘဝတစ်ခုလုံးကို သင်းအုပ်ဆရာအဖြစ် အမှုဆောင်ခြင်းဖြင့် ဆက်ကပ်အပ်နှံပါမည်” ဟု ဘုရားသခင်ထံ ကတိပြုခဲ့သည်ဟုဖော်ပြသည်။ 1973 ခုနှစ်တွင်ပြုလုပ်သော California Baptist Convention အစည်းအဝေးတစ်ခုတွင် Dallas မြို့၏ First Baptist Church သင်းအုပ်ဆရာ W.A Criswell က ဆုတောင်းဆက်ကပ်အပ်နှံ သည့်အချိန်တွင် ကတိပြုခဲ့ခြင်းဖြစ်သည်။ Rick Warren သည် California Baptist College နှင့် South Western Baptist Theological Seminary မှဘွဲ့ ရရှိခဲ့ပြီ Fuller Theological Seminary မှ Doctor of Ministry ဘွဲ့ကိုရရှိခဲ့သည်။
Saddleback အသင်းတော် Children Center
Dr. Rick Warren သည် ကမ္ဘာ့ဂေါလျတ် ကြီး ၅ယောက် (The Five Global Goliaths) ဟု သူက သမုတ်ခဲ့သည့် ဝိညာဉ်တော်ကင်းမဲ့ခြင်း၊ တကိုယ်ကောင်းဆန်သောခေါင်းဆောင်မှု၊ ငတ်မွတ်ခေါင်းပါးလွန်းခြင်း၊ ကူးစက်ကပ်ရောဂါဆိုးများ နှင့် ပညာရေးချို့တဲ့ခြင်း တို့ကို တိုက်ဖျက်ရန် ဆန္ဒပြင်းပြသူ တစ်ယောက်ဖြစ်သည်။ သူ၏ရည်ရွယ်ချက်ပန်းတိုင် တစ်ခုမှာ - လူသားတိုင်းတွင် တာဝန်ယူတတ်မှုကို တည်ဆောက်ပေးခြင်း၊ အသင်းတော်များအတွင်းတည်တံ့မှန်ကန်သော ယုံကြည်ခြင်းကိုတည်ဆောက်ခြင်း နှင့် ယဉ်ကျေးသိမ်မွေ့သော လူမှုအသိုင်းအဝန်းများကို တည်ဆောက် ခြင်းအားဖြင့် ဒုတိယပြုပြင်ပြောင်းလဲခြင်းကို ပြုလုပ်ရန်ဖြစ်သည်။ သူသည် သင်းအုပ်ဆရာတစ်ယောက်ဖြစ်သလို ကမ္ဘာ့ရေးရာများတွင်ဦးဆောင်လမ်းညွန်သူ၊ သီအော်လိုဂျီသမား နှင့် လူမှုပြုပြင်ပြောင်းလဲရေးဝါဒီ တစ်ဦးလည်းဖြစ်သည်။ အမေရိကန်နိုင်ငံ၏ သြဇာအရှိဆုံးသော ဝိညဉ်ရေးရာဦးဆောင်သူ ဟုလည်းသမုတ်ကြသလို အမေရိကန်နိုင်ငံ၏သင်းအုပ်ဆရာ (America’s Pastor) ဟုလည်းခေါ်ဆိုလေ့ရှိကြသည်။
ဝတ်ပြုအစည်းအဝေးပြုလုပ်ရာဘုရားကျောင်းခန်းမကြီး
သင်းအုပ်ဆရာတစ်ယောက်အနေဖြင့် Lake Forest, California တွင်ရှိသော Saddleback Church ကို ၁၉၇၉ တွင်စတင်ပြီး၊ ဧက ၁၂၀ ကျယ်ဝန်းသော အသင်းတော်ပိုင်မြေတွင် အသင်းသား ၂၂၀၀၀ ကျော်နှင့် ဓမ္မဆရာ ၃၀၀ ကျော် တို့ကို ဦးဆောင်ကာ အကျဉ်းသားများ၊ ကုမ္ပဏီအကြီးအကဲ (CEO) များ၊ မူးယစ်ဆေးစွဲသူများ၊ လင်မယားကွာရှင်းသောမိဘများ (Single parents) ၊ HIV/AIDS ရောဂါသည်များ၊ အိမ်ယာမဲ့သူများ (Homeless) ထံ သွားရောက်ဝိညာဉ်ခွန်အားပေးခြင်း၊ တိုက်တွန်းခွန်အားပေးဝေမျှခြင်းများကိုပြုလုပ်သည်။
သူ၏ Purpose Driven Network အားဖြင့် နိုင်ငံပေါင်း ၁၆၂ နိုင်ငံမှ ဓမ္မအမှုတော်ဆောင် ၄၀၀၀၀၀ ကျော်ကို သင်တန်းပေးပို့ချနိုင်ခဲ့ပြီး၊ သူ၏ Ministry Toolbox ကို ကမ္ဘာအရပ်ရပ်မှ ဓမ္မအမှုတော်ဆောင် ၁၅၇၀၀၀ ကျော်တို့က မှာယူ၏ လေ့လာကြသည်။ သူ၏ပထမစာအုပ်ဖြစ်သော The Purpose Driven Church စာအုပ်ကို “၂၀ ရာစုနှစ်ကို ပြောင်းလဲစေခဲ့သော ခရစ်ယာန်စာအုပ် ၁၀၀” စာရင်းတွင်ထည့်သွင်း သတ်မှတ်ခြင်းခံရသည်။ Forbes Magazine စာအုပ်က “The best book on entrepreneurship, management, and leadership in print” ဟု မှတ်ချက်ချခဲ့သည်။
ကမ္ဘာ့ရေးရာများတွင်ဦးဆောင်လမ်းပြသူ တစ်ဦးအနေဖြင့် ခေါင်းဆောင်များကို လူမှုရေး၊ ကိုယ်ရေးကိုယ်တာကိစ္စများ၊ ယုံကြည်ခြင်း၊ ခေါင်းဆောင်မှုသင်တန်းများ၊ ငတ်မွတ်ခေါင်းပါးခြင်း၊ ကျန်းမာရေး၊ ပညာရေး နှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့် ဆက်နွယ်သော ယုံကြည်ခြင်းများ နှင့်ပတ်သက် ပြီး အကြံပေးခြင်းများစွာကို ဆောင်ရွက်ခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂ တွင် မိန့်ခွန်းပြောကြားရန် ဖိတ်ခေါ်ခြင်းခံခဲ့ရသလို၊ Davos မြို့တွင်ပြုလုပ်သော World Economic forum, The African Union, The Council of Foreign Relations, Harvard’s Kennedy School of Government, TIME’s Global Health Summit နှင့် နိုင်ငံများစွာတို့၏ လွတ်တော်များတွင် မိန့်ခွန်းပြောကြားရန် ဖိတ်ခေါ်ခြင်းခံရသည်။ TIME မဂ္ဂဇင်းက Dr. Rick Warren အား “၂၀၀၄ ခုနှစ်အတွက် အရေးပါဆုံးသော ကမ္ဘာ့ဦးဆောင်သူပုဂ္ဂိုလ် ၁၅ ဦး” စာရင်းတွင် ထဲ့သွင်းသတ်မှတ်ပြီး၊ 2005 ခုနှစ်အတွက် “ကမ္ဘာလူသားများအပေါ်သြဇာအရှိန်အဝါ အရှိဆုံး ပုဂ္ဂိုလ် ၁၀၀ ဦး” တွင်သတ်မှတ် ထားသည်။ တဖန် US News and World Report မဂ္ဂဇင်းကလည်း ၂၀၀၅ ခုနှစ်အတွက် “အမေရိကန်နိုင်ငံ၏ အကောင်းဆုံးခေါင်းဆောင် ၂၅ ဦး” စာရင်းတွင်ထဲ့သွင်းဖော်ပြထားသည်။
ဝတ်ပြုအစည်းအဝေးပြုလုပ်စဉ်
သူသည် ဓမ္မပညာ သီအော်လိုဂျီ ပညာရှင်တစ်ဦးအနေဖြင့် Oxford, Cambridge, University of Judaism, The Evangelical Theological Society နှင့် တက္ကသိုလ်၊ ကျမ်းစာကျောင်းမြောက်များစွာ တို့တွင် သီအော်လိုဂျီ ဓမ္မပညာရပ်များကို စာချပုဂ္ဂိုလ်အနေဖြင့် ပါဝင်အမှုတော်ဆောင်သည်။ သီအော်လိုဂျီပညာကို နားလည်လွယ်အောင် ရေးသားပြုစုထားသော သူ၏ စာအုပ် ခြောက်အုပ်တို့ကို အခြားသော ဘာသာစကားပေါင်း ၅၀ ကျော်မှသူတို့ အသီးသီး၏ဘာသာသို့ ဘာသာပြန်ထားသည်။ Dr. Warren က သူသည် လူတို့အား သီအော်လိုဂျီပညာရပ်ကို ပို့ချသည့်အခါ၊ သီအော်လိုဂျီနှင့် ဆိုင်သော စာ၊ စကားလုံး အသုံးအနှုံးများကို မသုံးဘဲ ပို့ချတတ်ကာ၊ သူပို့ချသည့်အရာသည် သီအော်လိုဂျီပညာဖြစ်ကြောင်း ရှင်းပြတတ်သည်ဟုဆိုသည်။ Publisher’s Weekly စာစောင်၏ ထုတ်ဖော်ချက်အရ သူနောက်ဆုံးရေးသားသော “The Purpose Driven Life” စာအုပ်သည် ၂၅ သန်းကျော်ရောင်းရပြီး အဖုံးမာဖြင့်ထုတ်ဝေသော စာအုပ်အမျိုးအစားတွင် အမေရိကန်စာအုပ်သမိုင်း စံချိန်ကိုတင်ထားသည်ဟုဆိုသည်။
Dr. Warren သည် သူ့ဝင်ငွေ၏ ၉၀ ရာခိုင်နှုန်းကို HIV/AIDS ရောဂါရှိသူများကို ပြုစုပျိုးထောင်ခြင်းနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ခေါင်းဆောင်များကို ပြုစုပျိုးထောင်ပေးသော “Act of Mercy Foundation” မှတဆင့် လူမှုရေးကူညီထောက်ပံ့မှုပြုလုပ်ရန် ခွဲဝေပေးလှူသည်။ Act of Mercy Foundation သည် Saddleback အသင်းတော်အားဖြင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းရေး အစီအစဉ်များကို ထောက်ပံ့ပြီး စာမတတ်သူပပျောက်ရေးအစီအစဉ်များနှင့် ငတ်မွတ်ခေါင်းပါးခြင်း၊ ကပ်ရောဂါဆိုး၊ အကျင့်ပျက်လဒ်ပေးလဒ်ယူမှု တို့ကို ဒေသန္တာရအသင်းတော်များမှတဆင့် တိုက်ဖျက်ခြင်း ကိုဆောင်ရွက်နေသော အဖွဲ့ဖြစ်သည်။
Dr. Rick Warren ကို မီဒီယာများက အောက်ပါအတိုင်းဖော်ပြကြသည်ကိုလည်းတွေ့ရသည်။
The Weekly Standard - “… clearly among the two or three most influential Americans working from the west coast.”
The Economist - “Rick Warren is arguably the most influential pastor in America.”
The Times (London) - “Business and political leaders across America are turning to Rick Warren for guidance.”
Forbes - “Were it a business, Saddleback Church would be compared with Dell, Google or Starbucks.”
ABC News - “ The Purpose Driven Life is the epicenter of a spiritual shockwave taking root across America in unlikely places like offices and university campuses. It has become a movement.”
TIME - “Movie stars and political leaders aren't the only ones turning to Rick Warren for spiritual guidance. Millions of people – from NFL and LPGA players to corporate executives to high school students to prison inmates – meet regularly to discuss The Purpose Driven Life.”
စာဖတ်သူအပေါင်း ဘုရားရှင်ကောင်းကြီးပေး၍ မိမိတို့အသီးသီး၏ ဘဝခရီးကိုမောင်းနှင်စေသော အဓိကအရာနှင့် အနက်အဓိပ္ပါယ်ကို နားလည်သိရှိနိုင်များဖြစ်နိုင်ကြပါစေဟု ဆန္ဒပြုရင်း -
သောင်းနိုး
မှတ်ချက်။ ။ အောက်ပါ ဝက်ဘ်ဆိုဒ်များမှ ကိုးကားတင်ပြထားပါသည်။
http://www.purposedrivenlife.com/en-US/AboutUs/AboutTheAuthor/AboutTheAuthor.htm
http://www.answers.com/topic/rick-warren
http://en.wikipedia.org/wiki/Rick_Warren

ယေန႔ခရစ္ယာန္စာေပေလာကႏွင့္
ယံုၾကည္သူခရစ္ယာန္မ်ားအၾကားတြင္ “The Purpose Driven Life” စာအုပ္ကိုမသိသူ
အလြန္ရွားေပသည္။ ထို႔အတူ ထိုစာအုပ္အားျဖင့္ ဘုရားသခင္အသံုးျပဳျခင္း ကိုခံရသူ၊
အသင္းသား ၂၀၀၀၀ ေက်ာ္ရွိေသာ California ျပည္နယ္ရွိ Saddleback အသင္းေတာ္၏
သင္းအုပ္ဆရာ ေဒါက္တာရစ္ခ္၀ါရင္း (Rick Warren) ကိုလည္း လူသိအလြန္မ်ားေပသည္။ သူသည္
၁၉၅၄ ခုႏွစ္ ဂ်န္ႏၷ၀ါရီလ ၂၈ ရက္ေန႔တြင္ ကယ္လီဖိုးနီးယားျပည္နယ္၊ ဆန္ဟုိေဆး
ၿမိဳ႕တြင္ေမြးဖြါးၿပီး၊ ‘ေကး’ ဆိုသူအမ်ဳိးသမီးႏွင့္ အိမ္ေထာင္က်ကာ ကေလးသံုးေယာက္၏
ဖခင္ျဖစ္သည္။
California ျပည္နယ္ Los Angeles ၿမိဳ႕၏ေတာင္ဖက္ရွိ Orange ခရိုင္တြင္ အသင္းေတာ္တစ္ခုထူေထာင္ျခင္းျဖင့္ အမႈေတာ္ေဆာင္ရန္ ဘုရားသခင္က အလိုေတာ္ရွိသည္ဟု ယံုၾကည္ခဲ့သည္။ ထို႔ေၾကာင့္ သူ၏အမ်ဳိးသမီး၊ အျခား မိသားစု၀င္တစ္ဦးတို႔ႏွင့္ အတူ အသင္းေတာ္၏ ပထမဆံုးေသာ ၀တ္ျပဳစည္းေ၀းျခင္းကို ၁၉၇၉ ခုႏွစ္တြင္ သူ၏ ဧည့္ခန္း တြင္စတင္ခဲ့သည္။
ထိုအခ်ိန္က Saddleback Valley Community Church ဟုအမည္ရေသာ သူ၏အသင္းေတာ္သည္ ၁၉၈၀ ႏွစ္တြင္ အသင္းသား ၂၀၅ ဦး ရွိခဲ့ၿပီး တစ္ႏွစ္ၿပီးတစ္ႏွစ္ တိုးတက္ႀကီးပြါးလာခဲ့ရာ၊ ယေန႔ အသင္းသား ၂၂၀၀၀ ေက်ာ္ ႏွင့္ ဓမၼအမႈေတာ္ေဆာင္ ၃၀၀ ေက်ာ္ရွိေသာ “Saddleback Church” အသင္းေတာ္ႀကီး အျဖစ္ ဘုရားရွင္၏ ေကာင္းႀကီးေပး ျခင္းကိုခံရသည္။
သူ၏စာအုပ္အားျဖင့္ လူမ်ားစြာႏွင့္ အသင္းေတာ္မ်ားတို႔သည္ သူတို႔၏ဘ၀အတြက္ ဘုရားသခင္၏ ရည္ရြယ္ခ်က္ကို ေလးေလးနက္နက္ သေဘာေပါက္လာႏိုင္ၾကၿပီး၊ အျပစ္က်ဴးလြန္ျခင္း၊ စိတ္ေဒါသတႀကီး တုန္႔ျပန္တတ္ျခင္း၊ ေၾကာက္ရြ႕ံတတ္ျခင္း၊ ဥစၥာတပ္မက္လြန္ျခင္း၊ ရိုးရာထံုးတမ္းအစဥ္အလာတို႔ကို ခင္တြယ္လြန္းျခင္း၊ ဘ႑ာေရးျပႆနာမ်ား ႏွင့္ ေလာကီေရးရာျပႆ ေပါင္းစံုမ်ားမွ လြတ္ထြက္ႏိုင္ရန္ မ်ားစြာေသာ အေထာက္အပ့ံႏွင့္ ခြန္အားေပးျခင္းကို ရရွိခံစားၾကသည္။ ၂၀၀၅ ခုႏွစ္တြင္ ကမာၻ႕ ငတ္မြတ္ေခါင္းပါးျခင္းႏွင့္ AIDS ျပႆနာမ်ားအပါအ၀င္ ကမာၻ႕ေပၚတြင္ ႀကံဳေတြ႕ေနရေသာ ျပႆနာေပါင္းစံုတို႔ကို ကူညီေျဖရွင္းေပးရန္အတြက္ အကူအညီေတာင္းခံျခင္းခံရေသာသူမ်ားတြင္ တစ္ဦးအပါအ၀င္ျဖစ္ခဲ့သည္။
Saddleback ဘုရားေက်ာင္းေရွ႕၀င္ေပါက္ |
Saddleback အသင္းေတာ္ Children Center |
၀တ္ျပဳအစည္းအေ၀းျပဳလုပ္ရာဘုရားေက်ာင္းခန္းမႀကီး |
သူ၏ Purpose Driven Network အားျဖင့္ ႏိုင္ငံေပါင္း ၁၆၂ ႏိုင္ငံမွ ဓမၼအမႈေတာ္ေဆာင္ ၄၀၀၀၀၀ ေက်ာ္ကို သင္တန္းေပးပို႔ခ်ႏိုင္ခဲ့ၿပီး၊ သူ၏ Ministry Toolbox ကို ကမာၻအရပ္ရပ္မွ ဓမၼအမႈေတာ္ေဆာင္ ၁၅၇၀၀၀ ေက်ာ္တို႔က မွာယူ၏ ေလ့လာၾကသည္။ သူ၏ပထမစာအုပ္ျဖစ္ေသာ The Purpose Driven Church စာအုပ္ကို “၂၀ ရာစုႏွစ္ကို ေျပာင္းလဲေစခဲ့ေသာ ခရစ္ယာန္စာအုပ္ ၁၀၀” စာရင္းတြင္ထည့္သြင္း သတ္မွတ္ျခင္းခံရသည္။ Forbes Magazine စာအုပ္က “The best book on entrepreneurship, management, and leadership in print” ဟု မွတ္ခ်က္ခ်ခဲ့သည္။
ကမာၻ႕ေရးရာမ်ားတြင္ဦးေဆာင္လမ္းျပသူ တစ္ဦးအေနျဖင့္ ေခါင္းေဆာင္မ်ားကို လူမႈေရး၊ ကိုယ္ေရးကိုယ္တာကိစၥမ်ား၊ ယံုၾကည္ျခင္း၊ ေခါင္းေဆာင္မႈသင္တန္းမ်ား၊ ငတ္မြတ္ေခါင္းပါးျခင္း၊ က်န္းမာေရး၊ ပညာေရး ႏွင့္ ယဥ္ေက်းမႈဓေလ့ထံုးတမ္းမ်ားႏွင့္ ဆက္ႏြယ္ေသာ ယံုၾကည္ျခင္းမ်ား ႏွင့္ပတ္သက္ ၿပီး အႀကံေပးျခင္းမ်ားစြာကို ေဆာင္ရြက္ခဲ့သည္။ ကမာၻ႕ကုလသမဂၢ တြင္ မိန္႔ခြန္းေျပာၾကားရန္ ဖိတ္ေခၚျခင္းခံခဲ့ရသလို၊ Davos ၿမိဳ႕တြင္ျပဳလုပ္ေသာ World Economic forum, The African Union, The Council of Foreign Relations, Harvard’s Kennedy School of Government, TIME’s Global Health Summit ႏွင့္ ႏိုင္ငံမ်ားစြာတို႔၏ လြတ္ေတာ္မ်ားတြင္ မိန္႔ခြန္းေျပာၾကားရန္ ဖိတ္ေခၚျခင္းခံရသည္။ TIME မဂၢဇင္းက Dr. Rick Warren အား “၂၀၀၄ ခုႏွစ္အတြက္ အေရးပါဆံုးေသာ ကမာၻ႕ဦးေဆာင္သူပုဂၢဳိလ္ ၁၅ ဦး” စာရင္းတြင္ ထဲ့သြင္းသတ္မွတ္ၿပီး၊ 2005 ခုႏွစ္အတြက္ “ကမာၻလူသားမ်ားအေပၚၾသဇာအရွိန္အ၀ါ အရွိဆံုး ပုဂၢဳိလ္ ၁၀၀ ဦး” တြင္သတ္မွတ္ ထားသည္။ တဖန္ US News and World Report မဂၢဇင္းကလည္း ၂၀၀၅ ခုႏွစ္အတြက္ “အေမရိကန္ႏိုင္ငံ၏ အေကာင္းဆံုးေခါင္းေဆာင္ ၂၅ ဦး” စာရင္းတြင္ထဲ့သြင္းေဖာ္ျပထားသည္။
၀တ္ျပဳအစည္းအေ၀းျပဳလုပ္စဥ္ |
Dr. Warren သည္ သူ႕၀င္ေငြ၏ ၉၀ ရာခိုင္ႏႈန္းကို HIV/AIDS ေရာဂါရွိသူမ်ားကို ျပဳစုပ်ဳိးေထာင္ျခင္းႏွင့္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားမွ ေခါင္းေဆာင္မ်ားကို ျပဳစုပ်ဳိးေထာင္ေပးေသာ “Act of Mercy Foundation” မွတဆင့္ လူမႈေရးကူညီေထာက္ပ့ံမႈျပဳလုပ္ရန္ ခြဲေ၀ေပးလွဴသည္။ Act of Mercy Foundation သည္ Saddleback အသင္းေတာ္အားျဖင့္ ကမာၻလံုးဆိုင္ရာ ၿငိမ္းခ်မ္းေရး အစီအစဥ္မ်ားကို ေထာက္ပံ့ၿပီး စာမတတ္သူပေပ်ာက္ေရးအစီအစဥ္မ်ားႏွင့္ ငတ္မြတ္ေခါင္းပါးျခင္း၊ ကပ္ေရာဂါဆိုး၊ အက်င့္ပ်က္လဒ္ေပးလဒ္ယူမႈ တို႔ကို ေဒသႏာၱရအသင္းေတာ္မ်ားမွတဆင့္ တိုက္ဖ်က္ျခင္း ကိုေဆာင္ရြက္ေနေသာ အဖြဲ႕ျဖစ္သည္။
Dr. Rick Warren ကို မီဒီယာမ်ားက
ေအာက္ပါအတိုင္းေဖာ္ျပၾကသည္ကိုလည္းေတြ႕ရသည္။
The Weekly Standard - “… clearly among
the two or three most influential Americans working from the west
coast.” The Economist - “Rick Warren is arguably the most influential pastor in America.”
The Times (London) - “Business and political leaders across America are turning to Rick Warren for guidance.”
Forbes - “Were it a business, Saddleback Church would be compared with Dell, Google or Starbucks.”
ABC News - “ The Purpose Driven Life is the epicenter of a spiritual shockwave taking root across America in unlikely places like offices and university campuses. It has become a movement.”
TIME - “Movie stars and political leaders aren't the only ones turning to Rick Warren for spiritual guidance. Millions of people – from NFL and LPGA players to corporate executives to high school students to prison inmates – meet regularly to discuss The Purpose Driven Life.”
စာဖတ္သူအေပါင္း ဘုရားရွင္ေကာင္းႀကီးေပး၍ မိမိတို႔အသီးသီး၏ ဘ၀ခရီးကိုေမာင္းႏွင္ေစေသာ အဓိကအရာႏွင့္ အနက္အဓိပၸါယ္ကို နားလည္သိရွိႏိုင္မ်ားျဖစ္ႏိုင္ၾကပါေစဟု ဆႏၵျပဳရင္း -
ေသာင္းႏိုး
မွတ္ခ်က္။ ။ ေအာက္ပါ ၀က္ဘ္ဆိုဒ္မ်ားမွ ကိုးကားတင္ျပထားပါသည္။
http://www.purposedrivenlife.com/en-US/AboutUs/AboutTheAuthor/AboutTheAuthor.htm
http://www.answers.com/topic/rick-warren
http://en.wikipedia.org/wiki/Rick_Warren
Source...http://calvaryburmese.blogspot.no/2011/03/normal-0-false-false-false.html
0 comments:
Post a Comment