0

သခင်ယေရှုခရစ်တော်သည်မည်သူနည်း?

 
သခင်ယေရှုခရစ်တော်သည်မည်သူနည်း?

Unicode & Zawgyi Reshare-#9Dan
သခင်ယေရှုခရစ်တော်သည် မည်သူနည်း။ “ဘုရားသခင်တည်ရှိသလား” ဟူသော မေးခွန်းနှင့် မတူပေ။ သခင်ယေရှုခရစ်တော်သည် တည်ရှိသလောဟူသော မေးခွန်းကို လူအနည်းငယ်ကသာ မေးမြန်းတတ်ကြသည်။ လွန်ခဲ့ သော နှစ်ပေါင်း ၂၀၀၀ ခန့်တွင် ဣသရေလလူမျိုးများကြားထဲတွင် သခင်ယေရှုသည် ဤလောက၌ စစ်မှန်သော လူသားတစ်ဦး အဖြစ် အသက်ရှင်ခဲ့သည်ကို ငြင်းဆိုဖွယ်ရာမရှိပေ။ သခင်ယေရှု၏ ဖြစ်ခြင်း အကြောင်း ကို ဆွေးနွေးတိုင်ပင်သည့်အခါတိုင်းတွင် ငြင်းခုံမှုများ ရှိတတ်ကြသည်။ တခြားသော ဘာသာကြီးတို့သည် သခင်ယေရှုကို ပရောဖက်တစ်ပါး၊ ကောင်းသော ဆရာတပါး၊ သိက္ခာရှိသော ပုဂ္ဂိုလ်တပါးဖြစ်သည်ဟု သွန်သင်တတ်ကြသည်။ သခင်ယေရှုသည် ပရောဖက်တပါး၊ ကောင်းသောဆရာတပါး နှင့် သိက္ခာရှိသော ပုဂ္ဂိုလ်တပါးထက် သာလွန်သည်ဟု သမ္မာကျမ်းစာက ပြောခဲ့ပါသည်။

C.S. Lewis က သူ၏စာအုပ် Mere Christiarity ထဲတွင် ဤသို့ ရေးသားထားခဲ့ပါသည်။ “သခင်ယေရှု အကြောင်းနှင့် ပတ်သက်၍ လူတွေပြောလေ့ရှိသော မိုက်မဲသော အရာတို့ကို ရပ်တန့်ရန် ကျွန်တော်ကြိုးပမ်းအားထုတ်ခဲ့သည်။ “ကျွန်တော်သည် သခင်ယေရှုကို ကြီးမားသော အကျင့်စာရိတ္တ သွန်သင်သောဆရာအဖြစ် ယုံကြည်လုနီးပါး ဖြစ်ခဲ့သည်။ သို့သော် သူကြွေးကြော်ခဲ့သောသူသည် ဘုရားဖြစ်ကြောင်းကို ကျွန်တော် မလက်ခံခဲ့ပေ။ ၎င်းခံယူချက်ကို ကျွနု်ပ်တို့ မဖွင့်ပြော အပ်သော စကားပဲဖြစ်ပါသည်။

<!--more-->သာမန်လူသားတစ်ဦးက သခင်ယေရှုသည် ကြီးမားသော အကျင့်စာရိတ္တသွန်သင်သူဟု ပြောခဲ့ လျှင် အဓိပ္ပာယ်မရှိပေ။ သူသည် စိတ်ဝေဒနာရှင် (သို့) ကြက်ဥကို ခေါက်ကွဲပြီး ရေနွေးထဲတွင် ကြိုချက်သော သူနှင့် တူပါလိမ့် မည်။ (သို့) သူသည် ငရဲကို အုပ်စိုးသူ နတ်မင်းကြီးပဲဖြစ်ပါသည်။ မိတ်ဆွေသည် ရွေးချယ်မှုပြုနိုင်သည်။ မိတ်ဆွေသည် သခင် ယေရှုကို ဘုရားသခင်၏ သားတော် (သို့) ရှုးသွတ်သောသူ (သို့) တခြားအပြစ်ဒုက္ခရိုက်ပြုသောသူဟု ပြောနိုင်ပါသည်။ သူ့ကို နတ်တစ်ယောက်အဖြစ် သတ်ပစ်နိုင်သည်။ သူ့ကို စံတွေးဖြင့်လည်း ထွေးနိုင်သည်။ သို့သော် အဓိပ္ပာယ်မရှိသော စကားဖြစ်သည့် သခင်ယေရှုသည် ကြီးမားသော ဆရာတပါးဖြစ်ခြင်းအားဖြင့် ကျွနု်ပ်တို့သည် အဆုံးမသတ်အပ်ပေ။ ကျွနု်ပ်တို့ စိတ်ထင်သည့်အတိုင်း သူ့ကို မတွေးတောအပ်ပေ။ သူသည် ကျွနု်ပ်တို့တွေးတောခြင်းကို ဂရုစိုက်လိမ့်မည်မဟုတ်ပေ။

ထို့ကြောင့် သခင်ယေရှုက မိမိကိုယ်ကို မည်သို့သော ပုဂ္ဂိုလ်အဖြစ် ကြွေးကြော်ခဲ့ပါသနည်း။ သူသည် မည်ကဲ့သို့ သော ပုဂ္ဂိုလ်ဖြစ်ကြောင်းကို သမ္မာကျမ်းစာက ပြောခဲ့သနည်း။ ပထမအနေနှင့် ယောဟန်၊ ၁၀း၃၀ ထဲတွင်ရှိသော သခင်ယေရှု၏ စကားများကို ကြည့်ကြပါစို့။ “ငါသည် ငါ့ခမည်းတော်နှင့် တလုံးတဝဖြစ်၏။” နက်နဲစွာ စဉ်းစားခြင်းမရှိပဲ ကြည့်သော် သူသည် မိမိ ကိုယ်ကို ဘုရားဖြစ်ကြောင်းကို ကြွေးကြော်ခြင်းနှင့်မတူပေ။ သို့သော် ဤဖော်ပြချက်အပေါ် ယုဒလူတို့၏ တုန့်ပြန်မှုကို ကြည့်ကြ ပါစို့။ “ယုဒလူတို့က၊ ကောင်းသောအမှုကြောင့် ခဲနှင့် ပစ်မည်မဟုတ်၊ သင်သည် လူဖြစ်လျက်ပင် ဘုရားသခင်၏ ယောင်ဆောင်၍ ဘုရားသခင်ကို လွန်ကျူးသောကြောင့် ခဲနှင့် ပစ်မည်ဟု ဆိုကြ၏” (ယောဟန်၊ ၁၀း၃၃)။ သခင်ယေရှု၏ ဖော်ပြချက်တို့သည် သူသည် ဘုရားသခင်ဖြစ်သည်ဟု ကြွေးကြော်ခြင်းဖြစ်ကြောင်းကို ယုဒလူတို့က သိရှိခဲ့ကြသည်။ အောက်တွင် ဖော်ပြထားသော ကျမ်းပိုဒ်တို့ကိုကြည့်လျှင် ယုဒလူတို့ပြောသော စကားကို သခင်ယေရှုက မှားသည်ဟု မပြောခဲ့ပေ။ သူက “ငါသည် ဘုရားသခင် မဟုတ်ပေ” ဟု မပြောခဲ့ပေ။ သခင်ယေရှုက သူသည် စစ်မှန်သော ဘုရားသခင်ဖြစ်ကြောင်း ကြွေးကြော်ခြင်းကို “ငါသည် ငါခမည်းတော်နှင့် တလုံးတဝတည်းဖြစ်သည်” ဟူသော အချက်အားဖြင့် သိရှိနိုင်ပါသည်” (ယော၊ ၁၀း၃၀)။ ယောဟန်၊ ၈း၅၈ သည် တခြားသော ဥပမာတစ်ခုပင်ဖြစ်သည်။ သခင်ယေရှုက “ငါအမှန်ဆိုသည်ကား၊ အားဗြမာမဖြစ်မှီ ငါဖြစ်၏” ဟု မိန့်တော်မူ ခဲ့သည်။ ထို့ကြောင့် ယုဒလူမျိုးတို့သည် ကျောက်ခဲကို ယူ၍ သခင်ယေရှုကို သတ်ပစ်ရန် ကြိုးစားပြန်ပါသည်။ ယောဟန်၊ ၈း၅၉ တွင် သခင်ယေရှုက “ငါ” ဟု ပြောဆိုခြင်းသည် ဓမ္မဟောင်းထဲ၌ ရှိသော ဘုရားသခင်၏ နာမတော်ကို ဖြစ်သဖြင့် သူသည် ဘုရား ဖြစ်ကြောင်းကို ရည်ညွှန်းလိုခြင်းဖြစ်မည် (ထွက်၊ ၃း၁၄)။ သခင်ယေရှုသည် မိမိကိုယ်ကို ဘုရားသခင်ဖြစ်ကြောင်း၊ ဘုရားသခင်ကို ပြစ်မှားကြောင်း ကြွေးကြော်သည်ကို ယုဒလူတို့သည် မယုံကြည်လျှင် အဘယ်ကြောင့် ယုဒလူတို့က သူ့ကို ခဲဖြင့် သတ်ပစ်လိုကြပါသတည်း။ ယောဟန်၊ ၁း၁ တွင် “နှုတ်ကပတ်တော်သည် ဘုရားသခင်ဖြစ်သည်” ဟု ဖော်ပြထားပါသည်။ ယောဟန် ၁း၁၄ ထဲတွင် “နှုတ်ကပတ်တော်သည် လူ့ဇာတိကို ခံယူမည်” ဟု ဖော်ပြထားပါသည်။ သခင်ယေရှုသည် လူ့ဇာတိကို ခံယူသော ဘုရားသခင်ဖြစ်ကြောင်း ကြွေးကြော်လိုခြင်းဖြစ်ပါသည်။ သောမက “အကျွနု်ပ်၏အရှင်၊ ဘုရားသခင်” ဟု ဝန်ခံခဲ့ ပါသည် (ယောဟန်၊ ၂၀း၂၈)။ သခင်ယေရှုက မှားသည်ဟု မပြောခဲ့ပေ။ တမန်တော်ရှင်ပေါလုက သခင်ယေရှုကို “ကျွနု်ပ်တို့၏ မြင့်မြတ်သော ကယ်တင်ရှင်ဘုရားသခင် သခင်ယေရှုခရစ်တော်” (တိ၊ ၂း၁၃) ဟု ဖော်ပြထားပါသည်။ တမန်တော် ရှင်ပေတရု ကလည်း “ကျွနု်ပ်တို့၏ ကယ်တင်ရှင်ဘုရားသခင်၊ သခင်ယေရှုခရစ်တော်” ဟု ဖော်ပြထားပါသည် (၂ပေ၊ ၁း၁)။ ခမည်းတော် ဘုရားသခင်ကလည်း သခင်ယေရှုသည် ဘုရားသခင်ဖြစ်ကြောင်း သူကိုယ်တိုင်က လုံး၀ အသိအမှတ်ပြုခဲ့ပါသည်။ သို့သော် သားတော်နှင့် ပတ်သက်၍ သူက “ဘုရားသခင်၊ ကိုယ်တော်၏ ယဇ်ပလ္လင်သည် အစဉ်ထာဝရတည်မြဲပါစေ။ ဖြောင့်မတ်ခြင်း တရားသည်လည်း ကိုယ်တော်၏ နိုင်ငံတော် အုပ်စိုးသော သန်လျက်ဖြစ်ပါစေ”။ ဓမ္မဟောင်းကျမ်းထဲတွင် ခရစ်တော်သည် ဘုရား ဖြစ်ကြောင်းကို ကြွေးကြော်ခဲ့ပါသည်။ အကြောင်းမူကား၊ ငါတို့ အဘို့ သူငယ်ကို ဘွားမြင်၏။ ငါတို့အား သားကို သနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်းအာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား အံ့ကြဖွယ်၊ တိုင်ပင်ဘက်၊ တန်းခိုးကြီးသော ဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည် (ဟေရှာ၊ ၉း၆)။

ထို့ကြောင့် C.S. Lewis က သခင်ယေရှုသည် ကောင်းသော ဆရာတပါးအဖြစ် ယုံကြည်ခြင်းသည် မှားယွင်း သည် ဟု ပြောခဲ့ပါသည်။ သခင်ယေရှုသည် ဘုရားသခင်ဖြစ်ခြင်းကို တိကျ၍ ငြင်းဆို၍ မရပေ။ သခင်ယေရှုသည် ဘုရားသခင် မဟုတ်လျှင် သူသည် လိမ်လည်သူပဲဖြစ်ပါသည်။ သူသည် ပရောဖက်တပါး၊ ကောင်းသောဆရာတပါး၊ လူကြီးလူကောင်း တယောက်သာ မဟုတ်ပေ။ သခင်ယေရှုပြောကြားခဲ့သော စကားကို ဘေးချိတ်၍ မျက်မှောက် “ပညာရှင်များ” ကြွေးကြော်သော “စစ်မှန်သော သခင်ယေရှုသမိုင်း” သည် သမ္မာကျမ်းစာ ဖော်ပြချက်နှင့် မကိုက်ညီသောအရာ များစွာရှိပါသည်။ သခင်ယေရှု ပြောခြင်း (သို့) မပြောခြင်း နှင့် ပတ်သက်၍ နှုတ်ကပတ် တရားတော်ကို စောဒကတက်၍ ကျွနု်ပ်တို့သည် မည်သို့သော ပုဂ္ဂိုလ် များ ဖြစ်ကြပါသနည်း”။ လွန်ခဲ့သော နှစ်ပေါင်း နှစ်ထောင်ခုနှစ်ခန့်က သခင်ယေရှု ပြောခဲ့သောအရာ (သို့) မပြောခဲ့သော အရာတို့ကို မျက်ဝါးထင်ထင် မြင်တွေ့၍ သခင်ယေရှုနှင့် အသက်ရှင်ပြီး၊ သူ့ကို အစေခံကာ၊ သူ့ထံ နည်းခံသော သူတို့၏ စကား ကို “ပညာတတ်ပုဂ္ဂိုလ်” များက မည်သို့ ဖယ်ရှားနိုင်မည်နည်း။

သခင်ယေရှု၏ အသိအမှတ်ပြုခြင်းနှင့် ပတ်သက်၍ မေးခွန်းမေးမြန်းရန် အဘယ်ကြောင့် အရေးကြီးသနည်း။ သခင်ယေရှုသည် ဘုရားသခင်ဖြစ်သည်။ (သို့) မဖြစ်သည်ဟူသော မေးခွန်းကို ဆွေးနွေးရန် အဘယ့်ကြောင့် လိုအပ်သနည်း။ သခင်ယေရှုသည် ဘုရားသခင်ဖြစ်ခြင်းနှင့် ပတ်သက်၍ ဆင်ခြင်ရန် အချက်သည် သူသည်ဘုရားသခင်မဟုတ်ခဲ့လျှင်၊ သူ၏ အသေခံခြင်းသည် လောကသားတစ်ခုလုံး၏ အပြစ်များ ပေးဆပ်ရန် မလုံလောက်ပေ ဟူသော အချက်ပဲဖြစ်ပါသည် (၁ယော၊ ၂း၂)။ ဘုရားသခင်သာလျှင် ထိုသို့သော ပြစ်ကြွေးပေးဆပ်ခြင်းအမှုကို ပြုနိုင်သည် (ရောမ၊ ၅း၈၊ ၂ကော၊ ၅း၂၁)။ ကျွနု်ပ်တို့၏ ပြစ်ကြွေးများ ပေးဆပ်ရန် သခင်ယေရှုသည် ဘုရားသခင်ဖြစ်ရမည်ဖြစ်သည်။ သခင်ယေရှုသည် အသေခံနိုင်ရန် လူသားတစ်ဦးဖြစ်ရန် လိုအပ်သည်။ သခင်ယေရှုခရစ်တော်ကို ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်း ရရှိခြင်းဖြစ်သည်။ သခင်ယေရှု၏ ဘုရားဖြစ်ခြင်းသည် သူသာလျှင် ကယ်တင်ခြင်းလမ်းဖြစ်ခြင်းကို ပြသခဲ့သည်။ သခင်ယေရှုက ဤသို့ပြောသော ကြောင့် သူသည် ဘုရားသခင်ဖြစ်ပါသည်။ “ငါသည် ကမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကို အမှီ မပြုလျှင် အဘယ်သူမျှ ဘုရားသခင်ထံသို့ မရောက်ရ” (ယောဟန်၊ ၁၄း၆)။

GotQuestion.org ၏ မြန်မာအစီအစဉ် website
( http://www.gotquestions.org/Myanmar/Myanmar-who-Jesus.html ) မှထပ်ဆင့်တင်ပြထားပါသည်။

သခင္ေယရႈခရစ္ေတာ္သည္မည္သူနည္း?

Unicode & Zawgyi Reshare-#9Dan
သခင္ေယရႈခရစ္ေတာ္သည္ မည္သူနည္း။ “ဘုရားသခင္တည္ရွိသလား” ဟူေသာ ေမးခြန္းႏွင့္ မတူေပ။ သခင္ေယရႈခရစ္ေတာ္သည္ တည္ရွိသေလာဟူေသာ ေမးခြန္းကုိ လူအနည္းငယ္ကသာ ေမးျမန္းတတ္ၾကသည္။ လြန္ခဲ့ ေသာ ႏွစ္ေပါင္း ၂၀၀၀ ခန္႔တြင္ ဣသေရလလူမ်ိဳးမ်ားၾကားထဲတြင္ သခင္ေယရႈသည္ ဤေလာက၌ စစ္မွန္ေသာ လူသားတစ္ဦး အျဖစ္ အသက္ရွင္ခဲ့သည္ကုိ ျငင္းဆုိဖြယ္ရာမရွိေပ။ သခင္ေယရႈ၏ ျဖစ္ျခင္း အေၾကာင္း ကုိ ေဆြးေႏြးတုိင္ပင္သည့္အခါတုိင္းတြင္ ျငင္းခုံမႈမ်ား ရွိတတ္ၾကသည္။ တျခားေသာ ဘာသာႀကီးတုိ႔သည္ သခင္ေယရႈကုိ ပေရာဖက္တစ္ပါး၊ ေကာင္းေသာ ဆရာတပါး၊ သိကၡာရွိေသာ ပုဂၢိဳလ္တပါးျဖစ္သည္ဟု သြန္သင္တတ္ၾကသည္။ သခင္ေယရႈသည္ ပေရာဖက္တပါး၊ ေကာင္းေသာဆရာတပါး ႏွင့္ သိကၡာရွိေသာ ပုဂၢိဳလ္တပါးထက္ သာလြန္သည္ဟု သမၼာက်မ္းစာက ေျပာခဲ့ပါသည္။

C.S. Lewis က သူ၏စာအုပ္ Mere Christiarity ထဲတြင္ ဤသုိ႔ ေရးသားထားခဲ့ပါသည္။ “သခင္ေယရႈ အေၾကာင္းႏွင့္ ပတ္သက္၍ လူေတြေျပာေလ့ရွိေသာ မုိက္မဲေသာ အရာတုိ႔ကုိ ရပ္တန႔္ရန္ ကၽြန္ေတာ္ႀကိဳးပမ္းအားထုတ္ခဲ့သည္။ “ကၽြန္ေတာ္သည္ သခင္ေယရႈကုိ ႀကီးမားေသာ အက်င့္စာရိတၱ သြန္သင္ေသာဆရာအျဖစ္ ယုံၾကည္လုနီးပါး ျဖစ္ခဲ့သည္။ သုိ႔ေသာ္ သူေၾကြးေၾကာ္ခဲ့ေသာသူသည္ ဘုရားျဖစ္ေၾကာင္းကုိ ကၽြန္ေတာ္ မလက္ခံခဲ့ေပ။ ၄င္းခံယူခ်က္ကုိ ကၽြႏု္ပ္တုိ႔ မဖြင့္ေျပာ အပ္ေသာ စကားပဲျဖစ္ပါသည္။

<!--more-->သာမန္လူသားတစ္ဦးက သခင္ေယရႈသည္ ႀကီးမားေသာ အက်င့္စာရိတၱသြန္သင္သူဟု ေျပာခဲ့ လွ်င္ အဓိပၸာယ္မရွိေပ။ သူသည္ စိတ္ေ၀ဒနာရွင္ (သုိ႔) ၾကက္ဥကုိ ေခါက္ကြဲၿပီး ေရေႏြးထဲတြင္ ႀကိဳခ်က္ေသာ သူႏွင့္ တူပါလိမ့္ မည္။ (သုိ႔) သူသည္ ငရဲကုိ အုပ္စုိးသူ နတ္မင္းႀကီးပဲျဖစ္ပါသည္။ မိတ္ေဆြသည္ ေရြးခ်ယ္မႈျပဳႏုိင္သည္။ မိတ္ေဆြသည္ သခင္ ေယရႈကုိ ဘုရားသခင္၏ သားေတာ္ (သုိ႔) ရႈးသြတ္ေသာသူ (သုိ႔) တျခားအျပစ္ဒုကၡ႐ိုက္္ျပဳေသာသူဟု ေျပာႏုိင္ပါသည္။ သူ႔ကုိ နတ္တစ္ေယာက္အျဖစ္ သတ္ပစ္ႏုိင္သည္။ သူ႔ကုိ စံေတြးျဖင့္လည္း ေထြးႏုိ္င္သည္။ သုိ႔ေသာ္ အဓိပၸာယ္မရိွေသာ စကားျဖစ္သည့္ သခင္ေယရႈသည္ ႀကီးမားေသာ ဆရာတပါးျဖစ္ျခင္းအားျဖင့္ ကၽြႏု္ပ္တုိ႔သည္ အဆုံးမသတ္အပ္ေပ။ ကၽြႏု္ပ္တုိ႔ စိတ္ထင္သည့္အတုိင္း သူ႔ကုိ မေတြးေတာအပ္ေပ။ သူသည္ ကၽြႏု္ပ္တုိ႔ေတြးေတာျခင္းကုိ ဂရုစုိက္လိမ့္မည္မဟုတ္ေပ။

ထုိ႔ေၾကာင့္ သခင္ေယရႈက မိမိကုိယ္ကုိ မည္သုိ႔ေသာ ပုဂိၢဳလ္အျဖစ္ ေၾကြးေၾကာ္ခဲ့ပါသနည္း။ သူသည္ မည္ကဲ့သို႔ ေသာ ပုဂိၢဳလ္ျဖစ္ေၾကာင္းကုိ သမၼာက်မး္စာက ေျပာခဲ့သနည္း။ ပထမအေနႏွင့္ ေယာဟန္၊ ၁၀း၃၀ ထဲတြင္ရွိေသာ သခင္ေယရႈ၏ စကားမ်ားကုိ ၾကည့္ၾကပါစုိ႔။ “ငါသည္ ငါ့ခမည္းေတာ္ႏွင့္ တလုံးတ၀ျဖစ္၏။” နက္နဲစြာ စဥ္းစားျခင္းမရွိပဲ ၾကည့္ေသာ္ သူသည္ မိမိ ကုိယ္ကုိ ဘုရားျဖစ္ေၾကာင္းကုိ ေၾကြးေၾကာ္ျခင္းႏွင့္မတူေပ။ သုိ႔ေသာ္ ဤေဖာ္ျပခ်က္အေပၚ ယုဒလူတုိ႔၏ တုန္႔ျပန္မႈကုိ ၾကည့္ၾက ပါစုိ႔။ “ယုဒလူတုိ႔က၊ ေကာင္းေသာအမႈေၾကာင့္ ခဲႏွင့္ ပစ္မည္မဟုတ္၊ သင္သည္ လူျဖစ္လ်က္ပင္ ဘုရားသခင္၏ ေယာင္ေဆာင္၍ ဘုရားသခင္ကုိ လြန္က်ဴးေသာေၾကာင့္ ခဲႏွင့္ ပစ္မည္ဟု ဆုိၾက၏” (ေယာဟန္၊ ၁၀း၃၃)။ သခင္ေယရႈ၏ ေဖာ္ျပခ်က္တုိ႔သည္ သူသည္ ဘုရားသခင္ျဖစ္သည္ဟု ေၾကြးေၾကာ္ျခင္းျဖစ္ေၾကာင္းကုိ ယုဒလူတုိ႔က သိရွိခဲ့ၾကသည္။ ေအာက္တြင္ ေဖာ္ျပထားေသာ က်မ္းပုိဒ္တုိ႔ကုိၾကည့္လွ်င္ ယုဒလူတုိ႔ေျပာေသာ စကားကုိ သခင္ေယရႈက မွားသည္ဟု မေျပာခဲ့ေပ။ သူက “ငါသည္ ဘုရားသခင္ မဟုတ္ေပ” ဟု မေျပာခဲ့ေပ။ သခင္ေယရႈက သူသည္ စစ္မွန္ေသာ ဘုရားသခင္ျဖစ္ေၾကာင္း ေၾကြးေၾကာ္ျခင္းကုိ “ငါသည္ ငါခမည္းေတာ္ႏွင့္ တလုံးတ၀တည္းျဖစ္သည္” ဟူေသာ အခ်က္အားျဖင့္ သိရွိႏုိင္ပါသည္” (ေယာ၊ ၁၀း၃၀)။ ေယာဟန္၊ ၈း၅၈ သည္ တျခားေသာ ဥပမာတစ္ခုပင္ျဖစ္သည္။ သခင္ေယရႈက “ငါအမွန္ဆုိသည္ကား၊ အားျဗမာမျဖစ္မွီ ငါျဖစ္၏” ဟု မိန္႔ေတာ္မူ ခဲ့သည္။ ထုိ႔ေၾကာင့္ ယုဒလူမ်ိဳးတုိ႔သည္ ေက်ာက္ခဲကုိ ယူ၍ သခင္ေယရႈကုိ သတ္ပစ္ရန္ ႀကိဳးစားျပန္ပါသည္။ ေယာဟန္၊ ၈း၅၉ တြင္ သခင္ေယရႈက “ငါ” ဟု ေျပာဆုိျခင္းသည္ ဓမၼေဟာင္းထဲ၌ ရွိေသာ ဘုရားသခင္၏ နာမေတာ္ကုိ ျဖစ္သျဖင့္ သူသည္ ဘုရား ျဖစ္ေၾကာင္းကုိ ရည္ညႊန္းလုိျခင္းျဖစ္မည္ (ထြက္၊ ၃း၁၄)။ သခင္ေယရႈသည္ မိမိကိုယ္ကုိ ဘုရားသခင္ျဖစ္ေၾကာင္း၊ ဘုရားသခင္ကုိ ျပစ္မွားေၾကာင္း ေၾကြးေၾကာ္သည္ကုိ ယုဒလူတုိ႔သည္ မယုံၾကည္လွ်င္ အဘယ္ေၾကာင့္ ယုဒလူတုိ႔က သူ႔ကုိ ခဲျဖင့္ သတ္ပစ္လုိၾကပါသတည္း။ ေယာဟန္၊ ၁း၁ တြင္ “ႏႈတ္ကပတ္ေတာ္သည္ ဘုရားသခင္ျဖစ္သည္” ဟု ေဖာ္ျပထားပါသည္။ ေယာဟန္ ၁း၁၄ ထဲတြင္ “ႏႈတ္ကပတ္ေတာ္သည္ လူ႔ဇာတိကုိ ခံယူမည္” ဟု ေဖာ္ျပထားပါသည္။ သခင္ေယရႈသည္ လူ႔ဇာတိကုိ ခံယူေသာ ဘုရားသခင္ျဖစ္ေၾကာင္း ေၾကြးေၾကာ္လုိျခင္းျဖစ္ပါသည္။ ေသာမက “အကၽြႏု္ပ္၏အရွင္၊ ဘုရားသခင္” ဟု ၀န္ခံခဲ့ ပါသည္ (ေယာဟန္၊ ၂၀း၂၈)။ သခင္ေယရႈက မွားသည္ဟု မေျပာခဲ့ေပ။ တမန္ေတာ္ရွင္ေပါလုက သခင္ေယရႈကုိ “ကၽြႏု္ပ္တုိ႔၏ ျမင့္ျမတ္ေသာ ကယ္တင္ရွင္ဘုရားသခင္ သခင္ေယရႈခရစ္ေတာ္” (တိ၊ ၂း၁၃) ဟု ေဖာ္ျပထားပါသည္။ တမန္ေတာ္ ရွင္ေပတ႐ု ကလည္း “ကၽြႏု္ပ္တုိ႔၏ ကယ္တင္ရွင္ဘုရားသခင္၊ သခင္ေယရႈခရစ္ေတာ္” ဟု ေဖာ္ျပထားပါသည္ (၂ေပ၊ ၁း၁)။ ခမည္းေတာ္ ဘုရားသခင္ကလည္း သခင္ေယရႈသည္ ဘုရားသခင္ျဖစ္ေၾကာင္း သူကိုယ္တုိင္က လုံး၀ အသိအမွတ္ျပဳခဲ့ပါသည္။ သုိ႔ေသာ္ သားေတာ္ႏွင့္ ပတ္သက္၍ သူက “ဘုရားသခင္၊ ကိုယ္ေတာ္၏ ယဇ္ပလႅင္သည္ အစဥ္ထာ၀ရတည္ၿမဲပါေစ။ ေျဖာင့္မတ္ျခင္း တရားသည္လည္း ကိုယ္ေတာ္၏ ႏုိင္ငံေတာ္ အုပ္စုိးေသာ သန္လ်က္ျဖစ္ပါေစ”။ ဓမၼေဟာင္းက်မ္းထဲတြင္ ခရစ္ေတာ္သည္ ဘုရား ျဖစ္ေၾကာင္းကုိ ေၾကြးေၾကာ္ခဲ့ပါသည္။ အေၾကာင္းမူကား၊ ငါတုိ႔ အဘုိ႔ သူငယ္ကို ဘြားျမင္၏။ ငါတုိ႔အား သားကုိ သနားေတာ္မူ၏။ ထုိသူသည္ အုပ္စုိးျခင္းအာဏာစက္ရွိလိမ့္မည္။ နာမေတာ္မူကား အံ့ၾကဖြယ္၊ တုိင္ပင္ဘက္၊ တန္းခုိးႀကီးေသာ ဘုရားသခင္၊ ထာ၀ရအဘ၊ ၿငိမ္သက္ျခင္းအရွင္ဟု ေခၚေ၀ၚသမုတ္ျခင္းကုိ ခံေတာ္မူလိမ့္မည္ (ေဟရွာ၊ ၉း၆)။

ထုိ႔ေၾကာင့္ C.S. Lewis က သခင္ေယရႈသည္ ေကာင္းေသာ ဆရာတပါးအျဖစ္ ယုံၾကည္ျခင္းသည္ မွားယြင္း သည္ ဟု ေျပာခဲ့ပါသည္။ သခင္ေယရႈသည္ ဘုရားသခင္ျဖစ္ျခင္းကုိ တိက်၍ ျငင္းဆုိ၍ မရေပ။ သခင္ေယရႈသည္ ဘုရားသခင္ မဟုတ္လွ်င္ သူသည္ လိမ္လည္သူပဲျဖစ္ပါသည္။ သူသည္ ပေရာဖက္တပါး၊ ေကာင္းေသာဆရာတပါး၊ လူႀကီးလူေကာင္း တေယာက္သာ မဟုတ္ေပ။ သခင္ေယရႈေျပာၾကားခဲ့ေသာ စကားကုိ ေဘးခ်ိတ္၍ မ်က္ေမွာက္ “ပညာရွင္မ်ား” ေၾကြးေၾကာ္ေသာ “စစ္မွန္ေသာ သခင္ေယရႈသမုိင္း” သည္ သမၼာက်မ္းစာ ေဖာ္ျပခ်က္ႏွင့္ မကုိက္ညီေသာအရာ မ်ားစြာရွိပါသည္။ သခင္ေယရႈ ေျပာျခင္း (သုိ႔) မေျပာျခင္း ႏွင့္ ပတ္သက္၍ ႏႈတ္ကပတ္ တရားေတာ္ကုိ ေစာဒကတက္၍ ကၽြႏု္ပ္တုိ႔သည္ မည္သုိ႔ေသာ ပုဂၢိဳလ္ မ်ား ျဖစ္ၾကပါသနည္း”။ လြန္ခဲ့ေသာ ႏွစ္ေပါင္း ႏွစ္ေထာင္ခုႏွစ္ခန္႔က သခင္ေယရႈ ေျပာခဲ့ေသာအရာ (သုိ႔) မေျပာခဲ့ေသာ အရာတုိ႔ကုိ မ်က္၀ါးထင္ထင္ ျမင္ေတြ႕၍ သခင္ေယရႈႏွင့္ အသက္ရွင္ၿပီး၊ သူ႔ကုိ အေစခံကာ၊ သူ႔ထံ နည္းခံေသာ သူတုိ႔၏ စကား ကုိ “ပညာတတ္ပုဂၢိဳလ္” မ်ားက မည္သုိ႔ ဖယ္ရွားႏုိင္မည္နည္း။

သခင္ေယရႈ၏ အသိအမွတ္ျပဳျခင္းႏွင့္ ပတ္သက္၍ ေမးခြန္းေမးျမန္းရန္ အဘယ္ေၾကာင့္ အေရးႀကီးသနည္း။ သခင္ေယရႈသည္ ဘုရားသခင္ျဖစ္သည္။ (သို႔) မျဖစ္သည္ဟူေသာ ေမးခြန္းကုိ ေဆြးေႏြးရန္ အဘယ့္ေၾကာင့္ လုိအပ္သနည္း။ သခင္ေယရႈသည္ ဘုရားသခင္ျဖစ္ျခင္းႏွင့္ ပတ္သက္၍ ဆင္ျခင္ရန္ အခ်က္သည္ သူသည္ဘုရားသခင္မဟုတ္ခဲ့လွ်င္၊ သူ၏ အေသခံျခင္းသည္ ေလာကသားတစ္ခုလုံး၏ အျပစ္မ်ား ေပးဆပ္ရန္ မလုံေလာက္ေပ ဟူေသာ အခ်က္ပဲျဖစ္ပါသည္ (၁ေယာ၊ ၂း၂)။ ဘုရားသခင္သာလွ်င္ ထုိသုိ႔ေသာ ျပစ္ေၾကြးေပးဆပ္ျခင္းအမႈကို ျပဳႏုိင္သည္ (ေရာမ၊ ၅း၈၊ ၂ေကာ၊ ၅း၂၁)။ ကၽြႏု္ပ္တုိ႔၏ ျပစ္ေၾကြးမ်ား ေပးဆပ္ရန္ သခင္ေယရႈသည္ ဘုရားသခင္ျဖစ္ရမည္ျဖစ္သည္။ သခင္ေယရႈသည္ အေသခံႏုိင္ရန္ လူသားတစ္ဦးျဖစ္ရန္ လုိအပ္သည္။ သခင္ေယရႈခရစ္ေတာ္ကုိ ယုံၾကည္ျခင္းအားျဖင့္ ကယ္တင္ျခင္း ရရွိျခင္းျဖစ္သည္။ သခင္ေယရႈ၏ ဘုရားျဖစ္ျခင္းသည္ သူသာလွ်င္ ကယ္တင္ျခင္းလမ္းျဖစ္ျခင္းကုိ ျပသခဲ့သည္။ သခင္ေယရႈက ဤသုိ႔ေျပာေသာ ေၾကာင့္ သူသည္ ဘုရားသခင္ျဖစ္ပါသည္။ “ငါသည္ ကမ္းခရီးျဖစ္၏။ သမၼာတရားလည္းျဖစ္၏။ အသက္လည္းျဖစ္၏။ ငါ့ကုိ အမွီ မျပဳလွ်င္ အဘယ္သူမွ် ဘုရားသခင္ထံသုိ႔ မေရာက္ရ” (ေယာဟန္၊ ၁၄း၆)။

GotQuestion.org ၏ ျမန္မာအစီအစဥ္ website
( http://www.gotquestions.org/Myanmar/Myanmar-who-Jesus.html ) မွထပ္ဆင့္တင္ျပထားပါသည္။

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...