0

ချစ်စမ်းမောင် သက်သေခံခြင်း

 
Iron Cross နဲ့ ချစ်စမ်းမောင်
Thursday, 15 November 2012 20:31 ချစ်စမ်းမောင်

Unicode & Zawgyi Reshare-#9Dan
ချစ်စမ်းမောင် သက်သေခံခြင်း
TKBC , Tokyo-Japan
ရှေးဦးစွာ ဘုရားသခင်ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။
မမျှော်လင့်ပဲနဲ့ လူဒီလောက်များမယ် မမျှော်လင့်ဘူး။ ကချင်လူမျိုးတွေ နဲ့ မိတ်သဟာရဖွဲ့ခွင့်ရတဲ့အတွက် ဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။ ကျွန်တော်ကတော့ အမ်ဝိုင်စီ MYC (Myanmar Young Crusader) ကပါ။ ဘိန်းစားတော့ မဟုတ်ပါဘူး (ရယ်သံများ)။
ဒါပေမဲ့ ဝိုင်စီနဲ့ရှိတဲ့အချိန်မှာ ဘိန်းစားတွေနဲ့ အတူနေခဲ့ပါတယ်။ သူတို့နဲ့ အရမ်းရင်းနှီးသွားတဲ့အခါ သူတို့ဘဝကို နားလည်ရပါတယ်။ ကျွန်တော်ဟာ ငယ်ငယ်ကတည်းက ဝိုင်စီမှာ နေခဲ့တဲ့အခါတော့ ကချင်လူမျိုးတွေနဲ့ မစိမ်းပါဘူး။ အားလုံးက ကိုယ့်ဘေးနားမှာ ကချင်တွေချည်ပဲ ဖြစ်နေတယ်။ ကျွန်တော် ဂျပန်နိုင်ငံကို အခုရောက်လာတာ ၃ခေါက်မြောက် ဖြစ်ပါတယ်။ ပထမဆုံးကတော့ ဂျပန်နိုင်ငံကနေ အာစီယံမြူးဇစ်အနေနဲ့ ဖိတ်ကြားခြင်းခံရပြီး ရောက်ခဲ့ပါတယ်။ နောက် တခါ ဂျေအာစိယံ အနေနဲ့ ၂၀၀၃ဒီဇင်ဘာမှာ ထပ်မံရောက်ခဲ့ပါတယ်။ အရင်အခေါက်တွေတုန်းက မြန်မာအသိုင်းအဝိုင်းများထဲ မရောက်ခဲ့ပေမဲ့ အခုအခေါက်မှာတော့ မြန်မာအသိုင်းအဝိုင်းများနဲ့ နွေးထွေးစွာနဲ့ ဖြေဖျော်ခွင့်ရပါတယ်။

ကျွန်တော့အသက်တာကိုပြောရရင် ကျွန်တော်ဟာ ဂစ်တာပညာကို အရမ်းရူးသွတ်ပါတယ်။ ၄နှစ်သားလောက်ကစပြီးတော့ ဂီတာစတီးပါတယ်။ ဘုရားကျောင်းတွေမှာ ရှေ့က ကျွန်တော့အစ်ကိုတွေ၊ သဘာရင့်တဲ့သူတွေနဲ့ တီးရတာ အရမ်းသဘောကျပါတယ်။ ဒါပေမဲ့ ကျွန်တော့် ရန်ကုန်မြို့မှာလည်း မနေခဲ့ပါဘူး။ ဟင်္သာတမြို့ကနေ ၁၂မိုင်လောက် ဝေးတဲ့ တောရွာလေးမှာ မွေးဖွားခဲ့ပါတယ်။ ကျွန်တော့မိဘတွေက ယုံကြည်ခြင်းအရမ်းကြီးတဲ့သူများ ဖြစ်တဲ့အတွက် ကျွန်တော့ကို ဆုတောင်းပေးတယ်။ ကျွန်တော်ဖြစ်ချင်တဲ့ ဂီတာပညာကို အရမ်းတီးတတ်ချင်တယ်။ ငယ်ငယ်ကတည်းက ဆန်းဒေးစကူးတွေ တက်ပြီးတော့ ဘုရားသခင်ကို ဆပ်ကပ်တယ်။ ဘုရားသခင်အလိုတော်ရှိရင် ဒီလိုဖြစ်ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ဘေးပတ်ဝန်းကျင်မှာ မယုံကြည်သူတွေများတယ်။ ဥပမာ ဘုန်းကြီးပျံ၊ အလှုတို့၊ မင်္ဂလာဆောင်တို့ ရှိရင်၊ ဇတ်ပွဲတွေလာတယ်။ အဲဒီမှာ ဂီတာတီးတဲ့လူတွေကို ကြည့်ပြီး ကျွန်တော် အရမ်းအားကျတယ်။ ငါ ဒီလိုနေရာလေးမှာ တီးရရင် သေပျော်ပြီ၊ အမြဲတမ်းစဉ်းစားနေတယ်။ ဒါနဲ့ ကျွန်တော် ကျောင်းဆက်တက်တယ်။ မြိုမကျ၊ ရွာမကျ နေရာလေးမှာ ကျောင်းသွားတက်တယ်။ အဲဒီမှာ သူငယ်ချင်းတွေနဲ့ စတိတ်စင်လေးတွေ ဖြစ်ချင်လာတယ်။ အပေါ်တက်တီးချင်ပါတယ်။ တီးခွင့်ရရင် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်..လို့ ဆုတောင်းခဲ့တယ်။

အဲဒီလိုနဲ့ ရန်ကုန်မှာရှိတဲ့ အစ်မအကြီးဆုံး၊ ကချင်လူမျိုးနဲ့ရတဲ့ အစ်မပေါ့၊ အစ်မအကြီးဆုံးက အရမ်းဝါသနာကြီးလွန်းအားကြီးတယ် ဆိုပြီး ကျွန်တော့ကို ရန်ကုန်မြို့ကို ခေါ်ပြီးတော့ ဂီတာသင်ခိုင်းတယ်။ သင်တဲ့အခါ ကျေးဇူးတော်ပါပဲ။ ကျွန်တော်က အမ်ဝိုင်စီ ကိုရောက်ခဲ့တယ်။ ကျွန်တော် အမ်ဝိုင်စီကို မရောက်ပဲ တခြားနေရာသာ ရောက်သွားလို့ရှိရင် ကျွန်တော့ဘဝအသက်တာ ဘယ်လိုဖြစ်သွားမယ်ဆိုတာ မတွေးနိုင်ပါဘူး။ အမ်ဝိုင်စီကို ရောက်တဲ့အခါ ကျွန်တော် အရမ်းလေးစား၊ အားကျတဲ့ ဆရာစောဘွဲမှုး က နံပါတ်ဖိုး လာဖြတ်နေတယ်။ (ရယ်သံများ)၊ ကျွန်တော်က သွားမေးတယ်။ ဆရာစောဘွဲ့မှုးဆိုတာ ဘယ်နှစ်ယောက်ရှိသလဲ..ပေါ့။ သူများတွေက ဝိုင်းရယ်ကြတယ်။ စောဘွဲ့မှုးဆိုတာက ဒီတစ်ယောက်ပဲ ရှိတယ် ဆိုတော့ ဟုတ်လား ကိုင်ဇာတို့၊ လွှမ်းမိုးတို့လည်း စောဘွဲ့မှုးဆိုတာ ဒီတစ်ယောက်ပဲရှိတယ်လို့ ကြားတော့၊ ကျွန်တော် အရမ်းဝမ်းသာတယ်။ အဲဒီတော့ သူ့ကို ကျွန်တော် ဝေယျာဝစ္စတွေ အားလုံးလုပ်ပေးတယ်။ သူ့ကို တပည့်ခံပြီး အမြဲတမ်း၊ သူနဲ့အတူနေတယ်။ အမ်ဝိုင်စီမှာပဲ နေရင်း သူက ကျွန်တော့သဘောကို နားလည်လာပြီး၊ ကျွန်တော့ကိုလည်း သားအရင်းတစ်ယောက်လို အရမ်းချစ်သွားတယ်။

အဲဒီတော့ ကျေးဇူးတော်ကြောင့် သူတဲ့ကျွန်တော်တို့ လက်တွဲပြီး၊ ဂီတာပညာကို လေ့လာသင်ယူခဲ့တယ်။ ကျေးဇူးတော်ဟာ တကယ်ချီးမွမ်းလို့ မကုန်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူနဲ့ကျွန်တော်တဲ့ အပြင်မှာသာတွေ့ပြီး၊ သူဆေးမဖြတ်တဲ့အချိန်မှာသာ တွေ့ခဲ့မယ်ဆိုရင် ကျွန်တော်ဟာ လုံး၀ ဘိန်းစားတစ်ယောက် ဖြစ်သွားမှာ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် သူ့ကို အားကျတော့ သူနောက်၊ သူလုပ်သလိုပဲ လျှောက်လုပ်နေမိမှာ။ သူက လုံးဝကို ပြောင်းလဲတဲ့အခါ ကျွန်တော့ကို လူမှုရေး၊ ဘာသာရေး၊ ဥပမာ..ယဉ်ကျေးမှုကအစ၊ ကျွန်တော့ကို သွန်သင်ဆုံးမပြီးတော့ ကျွန်တော်တို့ နှစ်ယေက်က အတူတကွ၊ လက်တွဲလာခဲ့ကြတယ်။

အဲဒီအချိန်မှာ အိုင်းယွန်းခရော့စ် Iron Cross ဆိုတဲ့ တေးဂီတအဖွဲ့ကို သူနဲ့ကျွန်တော်နဲ့ အတူတူ စတင်ဖွဲ့စည်းပြီးတော့ ဘော့စ် ကိုခင်မောင်သန့်တို့၊ ကိုခရမ်းတို့၊ ကိုဗညားလတ် တို့ကို ခေါ်တယ်။ ပြီးတော့ ကျေးဇူးတော်ပါပဲ။ မြန်မာပြည်မှာ ကျွန်တော်တို့အဖွဲ့က ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ခံစားရသူတွေ ဖြစ်တော့ အဆိုတော်တွေဖြစ်တဲ့ ကိုလေးဖြူ၊ ကိုငဲ၊ ကိုမျိုးကြီး၊ တို့နဲ့ အမြဲတမ်းပဲ ဆုတောင်းတယ်။ ဆုတောင်းပြီးတော့မှ ကျွန်တော်တို့က အစပြုလို့ရတယ်။ ကျွန်တော်တို့ထဲမှာ မယုံကြည်သူတွေလဲပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဆုတောင်းဖို့ မေ့နေရင်တောင်မှ သူတို့က ဆုတောင်းရမယ်။ စတော့မယ် လို့သူတို့ကပါ၊ ဘုရားသခင်ကို ဆုတောင်းခြင်းဟာ ဘယ်လောက်ပဲ အောင်မြင်တယ်ဆိုတာ သိရှိလာကြပြီးဆိုတော့ အမြဲတမ်း ဆုတောင်းပြီးမှ စတယ်။ ပြီးခဲ့တဲ့ ၂၆ရက်နေ့တုန်းကဆိုရင် လူငယ်တစ်ယောက်က ကင်မရာလေးကိုကိုင်ပြီး အကိုတို့၊ ဆုတောင်းမယ်မဟုတ်လား..ပြောတယ်။ ကျွန်တော်တို့တောင် ဆုတောင်းဖို့ မေ့နေတယ်။ ဓါတ်ပုံရိုက်မလိုပါ။ သူတို့ကတောင် သိနေတယ်။ ကျွန်တော်တို့ရဲ့ သွားလာလှုပ်ရှားခြင်း၊ အနုပညာလုပ်ငန်း အားလုံးဟာ အဓိက ဘုရားပါရှိတဲ့အတွက် ကျွန်တော်တို့ အောင်မြင်ခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့ကိုလည်း ဆက်လက်ဆုတောင်းပေးပါ။ ရှေ့နှစ်လည်း လာဖို့၊ အလိုတော်ရှိရင် ဒီအသင်းတော်မှာ ဆက်လက်လာဖို့ရှိပါတယ်..လို့

Chit San Muang1 - Testimony.flv
http://www.youtube.com/watch?v=Y0I6vAvKPNE
by ZCFjapan on Feb 13, 2010

Iron Cross နဲ႔ ခ်စ္စမ္းေမာင္
Thursday, 15 November 2012 20:31 ခ်စ္စမ္းေမာင္

Unicode & Zawgyi Reshare-#9Dan
ခ်စ္စမ္းေမာင္ သက္ေသခံျခင္း
TKBC , Tokyo-Japan
ေရွးဦးစြာ ဘုရားသခင္ေက်းဇူးေတာ္ကို ခ်ီးမြမ္းပါတယ္။
မေမွ်ာ္လင့္ပဲနဲ႔ လူဒီေလာက္မ်ားမယ္ မေမွ်ာ္လင့္ဘူး။ ကခ်င္လူမ်ိဳးေတြ နဲ႔ မိတ္သဟာရဖြဲ႔ခြင့္ရတဲ့အတြက္ ဘုရားသခင္ေက်းဇူးေတာ္ကိုခ်ီးမြမ္းပါတယ္။ ကြ်န္ေတာ္ကေတာ့ အမ္၀ိုင္စီ MYC (Myanmar Young Crusader) ကပါ။ ဘိန္းစားေတာ့ မဟုတ္ပါဘူး (ရယ္သံမ်ား)။
ဒါေပမဲ့ ၀ိုင္စီနဲ႔ရွိတဲ့အခ်ိန္မွာ ဘိန္းစားေတြနဲ႔ အတူေနခဲ့ပါတယ္။ သူတို႔နဲ႔ အရမ္းရင္းႏွီးသြားတဲ့အခါ သူတို႔ဘ၀ကို နားလည္ရပါတယ္။ ကြ်န္ေတာ္ဟာ ငယ္ငယ္ကတည္းက ၀ိုင္စီမွာ ေနခဲ့တဲ့အခါေတာ့ ကခ်င္လူမ်ိဳးေတြနဲ႔ မစိမ္းပါဘူး။ အားလံုးက ကိုယ့္ေဘးနားမွာ ကခ်င္ေတြခ်ည္ပဲ ျဖစ္ေနတယ္။ ကြ်န္ေတာ္ ဂ်ပန္ႏိုင္ငံကို အခုေရာက္လာတာ ၃ေခါက္ေျမာက္ ျဖစ္ပါတယ္။ ပထမဆံုးကေတာ့ ဂ်ပန္ႏိုင္ငံကေန အာစီယံျမဴးဇစ္အေနနဲ႔ ဖိတ္ၾကားျခင္းခံရျပီး ေရာက္ခဲ့ပါတယ္။ ေနာက္ တခါ ေဂ်အာစိယံ အေနနဲ႔ ၂၀၀၃ဒီဇင္ဘာမွာ ထပ္မံေရာက္ခဲ့ပါတယ္။ အရင္အေခါက္ေတြတုန္းက ျမန္မာအသိုင္းအ၀ိုင္းမ်ားထဲ မေရာက္ခဲ့ေပမဲ့ အခုအေခါက္မွာေတာ့ ျမန္မာအသိုင္းအ၀ုိင္းမ်ားနဲ႔ ေႏြးေထြးစြာနဲ႔ ေျဖေဖ်ာ္ခြင့္ရပါတယ္။

ကြ်န္ေတာ့အသက္တာကိုေျပာရရင္ ကြ်န္ေတာ္ဟာ ဂစ္တာပညာကို အရမ္းရူးသြတ္ပါတယ္။ ၄ႏွစ္သားေလာက္ကစျပီးေတာ့ ဂီတာစတီးပါတယ္။ ဘုရားေက်ာင္းေတြမွာ ေရွ႔က ကြ်န္ေတာ့အစ္ကိုေတြ၊ သဘာရင့္တဲ့သူေတြနဲ႔ တီးရတာ အရမ္းသေဘာက်ပါတယ္။ ဒါေပမဲ့ ကြ်န္ေတာ့္ ရန္ကုန္ျမိဳ႔မွာလည္း မေနခဲ့ပါဘူး။ ဟသၤာတျမိဳ႔ကေန ၁၂မိုင္ေလာက္ ေ၀းတဲ့ ေတာရြာေလးမွာ ေမြးဖြားခဲ့ပါတယ္။ ကြ်န္ေတာ့မိဘေတြက ယံုၾကည္ျခင္းအရမ္းၾကီးတဲ့သူမ်ား ျဖစ္တဲ့အတြက္ ကြ်န္ေတာ့ကို ဆုေတာင္းေပးတယ္။ ကြ်န္ေတာ္ျဖစ္ခ်င္တဲ့ ဂီတာပညာကို အရမ္းတီးတတ္ခ်င္တယ္။ ငယ္ငယ္ကတည္းက ဆန္းေဒးစကူးေတြ တက္ျပီးေတာ့ ဘုရားသခင္ကို ဆပ္ကပ္တယ္။ ဘုရားသခင္အလိုေတာ္ရွိရင္ ဒီလိုျဖစ္ခ်င္ပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ကြ်န္ေတာ္တို႔ ေဘးပတ္၀န္းက်င္မွာ မယံုၾကည္သူေတြမ်ားတယ္။ ဥပမာ ဘုန္းၾကီးပ်ံ၊ အလႈတို႔၊ မဂၤလာေဆာင္တို႔ ရွိရင္၊ ဇတ္ပြဲေတြလာတယ္။ အဲဒီမွာ ဂီတာတီးတဲ့လူေတြကို ၾကည့္ျပီး ကြ်န္ေတာ္ အရမ္းအားက်တယ္။ ငါ ဒီလိုေနရာေလးမွာ တီးရရင္ ေသေပ်ာ္ျပီ၊ အျမဲတမ္းစဥ္းစားေနတယ္။ ဒါနဲ႔ ကြ်န္ေတာ္ ေက်ာင္းဆက္တက္တယ္။ ျမိဳမက်၊ ရြာမက် ေနရာေလးမွာ ေက်ာင္းသြားတက္တယ္။ အဲဒီမွာ သူငယ္ခ်င္းေတြနဲ႔ စတိတ္စင္ေလးေတြ ျဖစ္ခ်င္လာတယ္။ အေပၚတက္တီးခ်င္ပါတယ္။ တီးခြင့္ရရင္ ဘုရားသခင္ကို ေက်းဇူးတင္ပါတယ္..လို႔ ဆုေတာင္းခဲ့တယ္။

အဲဒီလိုနဲ႔ ရန္ကုန္မွာရွိတဲ့ အစ္မအၾကီးဆံုး၊ ကခ်င္လူမ်ိဳးနဲ႔ရတဲ့ အစ္မေပါ့၊ အစ္မအၾကီးဆံုးက အရမ္း၀ါသနာၾကီးလြန္းအားၾကီးတယ္ ဆိုျပီး ကြ်န္ေတာ့ကို ရန္ကုန္ျမိဳ႔ကို ေခၚျပီးေတာ့ ဂီတာသင္ခိုင္းတယ္။ သင္တဲ့အခါ ေက်းဇူးေတာ္ပါပဲ။ ကြ်န္ေတာ္က အမ္၀ိုင္စီ ကိုေရာက္ခဲ့တယ္။ ကြ်န္ေတာ္ အမ္၀ိုင္စီကို မေရာက္ပဲ တျခားေနရာသာ ေရာက္သြားလို႔ရွိရင္ ကြ်န္ေတာ့ဘ၀အသက္တာ ဘယ္လိုျဖစ္သြားမယ္ဆိုတာ မေတြးႏိုင္ပါဘူး။ အမ္၀ုိင္စီကို ေရာက္တဲ့အခါ ကြ်န္ေတာ္ အရမ္းေလးစား၊ အားက်တဲ့ ဆရာေစာဘြဲမႈး က နံပါတ္ဖိုး လာျဖတ္ေနတယ္။ (ရယ္သံမ်ား)၊ ကြ်န္ေတာ္က သြားေမးတယ္။ ဆရာေစာဘြဲ႔မႈးဆိုတာ ဘယ္ႏွစ္ေယာက္ရွိသလဲ..ေပါ့။ သူမ်ားေတြက ၀ိုင္းရယ္ၾကတယ္။ ေစာဘြဲ႔မႈးဆိုတာက ဒီတစ္ေယာက္ပဲ ရွိတယ္ ဆိုေတာ့ ဟုတ္လား ကိုင္ဇာတို ့၊ လႊမ္းမိုးတို႔လည္း ေစာဘြဲ႔မႈးဆိုတာ ဒီတစ္ေယာက္ပဲရွိတယ္လို႔ ၾကားေတာ့၊ ကြ်န္ေတာ္ အရမ္း၀မ္းသာတယ္။ အဲဒီေတာ့ သူ႔ကို ကြ်န္ေတာ္ ေ၀ယ်ာ၀စၥေတြ အားလံုးလုပ္ေပးတယ္။ သူ႔ကို တပည့္ခံျပီး အျမဲတမ္း၊ သူနဲ႔အတူေနတယ္။ အမ္၀ိုင္စီမွာပဲ ေနရင္း သူက ကြ်န္ေတာ့သေဘာကို နားလည္လာျပီး၊ ကြ်န္ေတာ့ကိုလည္း သားအရင္းတစ္ေယာက္လို အရမ္းခ်စ္သြားတယ္။

အဲဒီေတာ့ ေက်းဇူးေတာ္ေၾကာင့္ သူတဲ့ကြ်န္ေတာ္တို႔ လက္တြဲျပီး၊ ဂီတာပညာကို ေလ့လာသင္ယူခဲ့တယ္။ ေက်းဇူးေတာ္ဟာ တကယ္ခ်ီးမြမ္းလို႔ မကုန္ႏိုင္ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ သူနဲ႔ကြ်န္ေတာ္တဲ့ အျပင္မွာသာေတြ႔ျပီး၊ သူေဆးမျဖတ္တဲ့အခ်ိန္မွာသာ ေတြ႔ခဲ့မယ္ဆိုရင္ ကြ်န္ေတာ္ဟာ လံုး၀ ဘိန္းစားတစ္ေယာက္ ျဖစ္သြားမွာ။ ဘာေၾကာင့္လဲဆိုေတာ့ ကြ်န္ေတာ္ သူ႔ကို အားက်ေတာ့ သူေနာက္၊ သူလုပ္သလိုပဲ ေလွ်ာက္လုပ္ေနမိမွာ။ သူက လံုး၀ကို ေျပာင္းလဲတဲ့အခါ ကြ်န္ေတာ့ကို လူမႈေရး၊ ဘာသာေရး၊ ဥပမာ..ယဥ္ေက်းမႈကအစ၊ ကြ်န္ေတာ့ကို သြန္သင္ဆံုးမျပီးေတာ့ ကြ်န္ေတာ္တို႔ ႏွစ္ေယက္က အတူတကြ၊ လက္တြဲလာခဲ့ၾကတယ္။

အဲဒီအခ်ိန္မွာ အိုင္းယြန္းခေရာ့စ္ Iron Cross ဆိုတဲ့ ေတးဂီတအဖြဲ႔ကို သူနဲ႔ကြ်န္ေတာ္နဲ႔ အတူတူ စတင္ဖြဲ႔စည္းျပီးေတာ့ ေဘာ့စ္ ကိုခင္ေမာင္သန္႔တို႔၊ ကိုခရမ္းတို႔၊ ကိုဗညားလတ္ တို႔ကို ေခၚတယ္။ ျပီးေတာ့ ေက်းဇူးေတာ္ပါပဲ။ ျမန္မာျပည္မွာ ကြ်န္ေတာ္တို႔အဖြဲ႔က ဘုရားသခင္ရဲ့ ေက်းဇူးေတာ္ကို ခံစားရသူေတြ ျဖစ္ေတာ့ အဆိုေတာ္ေတြျဖစ္တဲ့ ကိုေလးျဖဴ၊ ကိုငဲ၊ ကိုမ်ိဳးၾကီး၊ တို႔နဲ႔ အျမဲတမ္းပဲ ဆုေတာင္းတယ္။ ဆုေတာင္းျပီးေတာ့မွ ကြ်န္ေတာ္တို႔က အစျပဳလို႔ရတယ္။ ကြ်န္ေတာ္တို႔ထဲမွာ မယံုၾကည္သူေတြလဲပါတယ္။ ဒါေပမဲ့ ကြ်န္ေတာ္တို႔ ဆုေတာင္းဖို႔ ေမ့ေနရင္ေတာင္မွ သူတို႔က ဆုေတာင္းရမယ္။ စေတာ့မယ္ လို႔သူတို႔ကပါ၊ ဘုရားသခင္ကို ဆုေတာင္းျခင္းဟာ ဘယ္ေလာက္ပဲ ေအာင္ျမင္တယ္ဆိုတာ သိရွိလာၾကျပီးဆိုေတာ့ အျမဲတမ္း ဆုေတာင္းျပီးမွ စတယ္။ ျပီးခဲ့တဲ့ ၂၆ရက္ေန႔တုန္းကဆိုရင္ လူငယ္တစ္ေယာက္က ကင္မရာေလးကိုကိုင္ျပီး အကိုတို႔၊ ဆုေတာင္းမယ္မဟုတ္လား..ေျပာတယ္။ ကြ်န္ေတာ္တို႔ေတာင္ ဆုေတာင္းဖို႔ ေမ့ေနတယ္။ ဓါတ္ပံုရိုက္မလိုပါ။ သူတို႔ကေတာင္ သိေနတယ္။ ကြ်န္ေတာ္တို႔ရဲ့ သြားလာလႈပ္ရွားျခင္း၊ အႏုပညာလုပ္ငန္း အားလံုးဟာ အဓိက ဘုရားပါရွိတဲ့အတြက္ ကြ်န္ေတာ္တို႔ ေအာင္ျမင္ျခင္းျဖစ္ပါတယ္။

ကြ်န္ေတာ္တို႔ကိုလည္း ဆက္လက္ဆုေတာင္းေပးပါ။ ေရွ႔ႏွစ္လည္း လာဖို႔၊ အလိုေတာ္ရွိရင္ ဒီအသင္းေတာ္မွာ ဆက္လက္လာဖို႔ရွိပါတယ္..လို႔

Chit San Muang1 - Testimony.flv
http://www.youtube.com/watch?v=Y0I6vAvKPNE
by ZCFjapan on Feb 13, 2010

http://www.murann.com/ezine/index.php?option=com_content&view=article&id=1557%3Airon-cross-&catid=7%3Alife-experience&Itemid=8

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...