0

သင်ခန်းစာ အမှတ် (၃) နတ်ဆိုး၊ ဝိညာဉ်ဆိုးအကြောင်း Unicode & Zawgyi Reshare-#9Dan

 သင်ခန်းစာ အမှတ် (၃) နတ်ဆိုး၊ ဝိညာဉ်ဆိုးအကြောင်း

Unicode & Zawgyi Reshare-#9Dan
“နိဒါန်း”

ဝိညာဉ်လောကနှင့်ဆိုင်သောအရာများကို လက်မခံသူများသည်နတ်ဆိုး၊ ဝိညာဉ်ဆိုးများရှိကြောင်းကို ငြင်းဆို ကြပါသည်။ ခရစ်တော်သည်နတ်ဆိုးတို့အား နှင်ထုတ်ခဲ့သည်မှာလည်း ဆိုးသွမ်းမှုအပေါ်အနိုင်ယူခြင်းကို ဖော်ပြသော လက္ခဏာသာဖြစ်သည်ဟု အချို့ပြောကြပါသည်။ ဘာသာရေးအယူသီးနေသူတို့၏ခံယူချက်ကို သက်သာမှုဖြစ်စေရန် ခရစ်တော်က ဆောင်ရွက်လိုက်ခြင်းသာဖြစ်သည်ဟု သွန်သင်သူများလည်း ရှိပါသည်။


သို့ရာတွင် ရာစုနှစ်ပေါင်းများစွာ နတ်ဆိုးတို့အား ပူဇော်ပသကိုးကွယ်ခဲ့ရသော နယ်မြေဒေသများသို့သွား ရောက်လျက် သာသနာပြုနေကြသော သာသနာပြုဆရာအမြောက်အမြားတို့သည် နတ်ဆိုးလွှမ်းမိုးမှုနတ်ဆိုး ပြုစားမှု၊ နတ်ပူးခြင်းစသည်များရှိနေကြောင်းကို သက်သေခံနေကြပါသည်။ အမေရိကန်ပြည်ထောင်စုနှင့် အခြားတိုးတက်သော နိုင်ငံများတွင် ဤနတ်ဆိုး၊ ဝိညာဉ်ဆိုးနှင့် ပတ်သက်သောအရာများသည် အလွန်အမင်းကြောက်ရွံ့မှုဖြစ်စေသော ရာဇ ဝတ်မှု၊ ဆိုးသွမ်းမှု၊ သဘာဝမကျသော၊ မယဉ်ကျေးသော၊ တိရိစ ္ဆာန်သဘောရှိသော၊ ဘာသာရေးအယူသီးမှု၊ အတု အယောင်ဘာသာပေါ်ပေါက်ခြင်း၊ အတုအယောင်သွန်သင်မှု၊ မွေးနေ့ဆိုင်ရာဗေဒင်၊ နက္ခဗေဒင်၊ စီးပွားရေးဗေဒင်၊ စုန်း အတတ်၊ နတ်ဝင်အတတ်၊ တစေ ္ဆသူရဲကိုးကွယ်မှုလက္ခဏာအဖြစ်သာလက်ခံထားကြပါသည်။ နတ်ဆိုး၊ ဝိညာဉ်ဆိုးမရှိ ဟုငြင်းပယ်ခြင်းသည် သမ္မာကျမ်းစာ၏အဆိုအမိန့်ကို ငြင်းပယ်ခြင်း၊ ခရစ်တော်သည်ဘုရားဖြစ်ကြောင်းကို ငြင်းပယ် ခြင်းနှင့် တမန်တော်ကြီးများ၏ သွန်သင်ချက်များကို စောဒကတက်ခြင်းအမှုသာဖြစ်ပါသည်။ နတ်ဆိုး၊ ဝိညာဉ်ဆိုးရှိနေ ကြောင်းကိုသာမက၊ သူတို့၏အရေအတွက်များပြားနေမှု၊ သူတို့၏အာဏာတန်ခိုး၊ သူတို့၏အကျင့်စာရိတ္တ၊ သူတို့၏လှုပ် ရှားမှုနည်းဟန်၊ သူတို့၏လှုပ်ရှာမှု၊ ဆိုးသွမ်းမှုများကိုဆန့်ကျင်ရန် သင်ရရှိနိုင်မည့်တန်ခိုးအာဏာများကိုပါ ဤသင်ခန်း စာတွင် ဖော်ပြထားပါသည်။

ဤသင်ခန်းစာအရေးကြီးပုံ

စာတန်၏ အုပ်ချုပ်မှုအောက်တွင်သောင်းကျန်းနေလျက် အစဉ်သဖြင့် အနှောင့်အယှက်ပေးနေကြသော မြောက်မြားစွာသောနတ်ဆိုး၊ ဝိညာဉ်ဆိုးတို့နှင့် မိမိတို့သည် အစဉ်သဖြင့် တိုက်ပွဲဝင်နေရကြောင်းကို သန်းပေါင်းများစွာ သောခရစ်ယာန်တို့သည် သတိမပြုမိကြသည်မှာ အံ့သြဖွယ်အမှုသာဖြစ်ပါသည်။ စိတ်ဓါတ်ကျဆင်းခြင်း၊ စိတ် နောက် ခြင်း၊ အားငယ်ခြင်းမှစ၍ခရစ်ယာန်အသက်တာကျဆင်းစေသောအရာ မြောက်မြားစွာတို့သည် ခရစ်ယာန် အသက်တာ တွင် နတ်ဆိုး၊ နှောက်ယှက်ခြင်းသာဖြစ်ပါသည်။

“ငါတို့သည် အသွေးအသားရှိသောရန်သူတို့နှင့် ဆိုင်ပြိုင်တိုက်လှန်ရကြသည်မဟုတ်၊ အထွဋ်အမြတ်နှင့် လည်းကောင်း၊ အာဏာစက်တို့နှင့်လည်းကောင်း၊ လောကီမှောင်မိုက်၌ အစိုးတရပြုလုပ်သောမင်းတို့နှင့်လည်းကောင်း၊ မိုးကောင်းကင်၌ နေသောနတ်ဆိုးတို့နှင့်လည်းကောင်း ဆိုင်ပြိုင်တိုက်လှန်ရကြ၏။ (ဧ-၆း၁၂) ကျွန်ုပ်တို့သည် သခင်ဘုရားဘက်မှနေ၍ အောင်မြင်စွာတိုက်ပွဲဆင်နွှဲကြမည်ဆိုပါက ဤအချက်ကိုသတိမူရန် အရေးကြီးလှပါသည်။

နတ်ဆိုး၊ ဝိညာဉ်ဆိုးရှိကြောင်း အရေအတွက်များပြားလှကြောင်းနှင့်နတ်ဆိုး၊ ဝိညာဉ်ဆိုးတို့၏သဘော သဘာဝကို သိရှိမထားလျှင် လူတို့၌ ဖြစ်ပေါ်နေသော စာရိတ္တပျက်ပြား၊ ဘာသာရေးရောထွေးမှု၊ မဟုတ်မမှန်သော သွန်သင်မှုပျံ့နှံ့နေမှု၊ ဆိုးသွမ်းရက်စက်သော ရာဇဝတ်မှုများဖြစ်ပေါ်နေမှုတို့၏ အကြောင်းကို သဘောပေါက်နိုင်မည် မဟုတ်ပါ။

ဤသင်ခန်းစာ၏အရေးကြီးမှုကို ပုံကြီးချဲ့ခြင်း မဟုတ်ပါ။ ဤသင်ခန်းစာကို ဆုတောင်းခြင်းဖြင့် အလေးဂရုပြု လေ့လာပါ။ ခဲယဉ်းဆိုးယုတ်သောနေ့ရက်ကာလ၌ ဆီးတားနိုင်သဖြင့် ကိစ္စအလုံးစုံတို့ကို ပြီးစီး၍ ခံရပ်နိုင်မည့်အ ကြောင်း၊ ဘုရားသခင်ပြင်ဆင်တော်မူသော လက်နက်စုံကို ယူတင်ဝတ်ဆောင်နိုင်စေရန် ဆုတောင်းပါသည်။

သင်ခန်းစာ

၁။ နတ်ဆိုးရှိကြောင်းကို မည်သို့သိနိုင်ပါသနည်း။

(က) နတ်ဆိုးရှိကြောင်းကို ဓမ္မဟောင်းကျမ်း၊ ဓမ္မသစ်ကျမ်းနှစ်အုပ်လုံးတွင် အသိအမှတ်ပြုထားပါသည်။

(၁) ဓမ္မဟောင်းကျမ်း။

(က) ဣသရေလလူမျိုးတို့သည် နတ်ဆိုးတို့အားယဇ်ပူဇော်ခြင်းဖြင့် ဘုရားသခင်ကို စိတ်ဆိုးစေပါသည်။ (ဆာ-၁၀၆း၃၇။ တရား ၃၂း၁၁)

(ခ) ထိုအခါယခုခေတ်ကဲ့သို့ပင် နတ်ဆိုးကိုးကွယ်မှုရှိခဲ့ပါသည်။ ၁ကော၁၀း၂၀။ ဘုရားသခင်အပြစ်တင်လျက် တားမြစ်ထားပါသည်။ (ဝတ် ၁ရး၇)။

(ဂ) မောရှေသည် ဣသရေလလူမျိုးတို့အား နတ်ဆိုးနှင့် ပေါင်းခြင်း၊ ပြုစားသော အတတ်၊ လူသေကိုမေးခြင်းစသည်များ မပြုလုပ်ရန်တားမြစ်ထားပါသည်။ (တရား ၁၈း၉-၁၂)။

(၂) ဓမ္မသစ်ကျမ်းတွင်

(က) နတ်ဆိုးရှိသည်ဟု ခံယူထားသည်။ ယာ ၊ ၂း၁၉

(ခ) သူတို့၏ သဘာဝကို ဖော်ပြထားသည်။ (လု ၄း၃၃၊ ၆း၁၈)။

(ဂ) ညစ်ညူး၍ဆိုးညစ်သည်။ (မ။ ၁၂း၄၅)။

(ဃ) စာတန်၏တမန်များအဖြစ်မှတ်ယူသည်။ မ၊ ၁၂း၂၆-၂၇။

(င) အများအပြားရှိသည်။ (မာ၊ ၅း၆) ညစ်ညူးသည် (မာ ၊ ၁း၂၃) ကြောက်မက်ဘွယ် ကောင်း၍ တန်ခိုးရှိပြီး ကြမ်းတမ်းသည်။ (မာ ၅း၃-၅)

(၂၊စ) ခရစ်တော်၏တန်ခိုးတော်ကို မလှန်နိုင်ကြ။

(မ ၄း၂၄။ မာ ၁း၂၃) စာတန်နှင့်အတူ၊ ထာဝရအပြစ်ဒဏ်စီရင်ထားပြီးဖြစ်သည်။

(မ ၈း၂၉။ ၂၅။ ၄၁)

မှတ်ချက် ။ ။ King James Version မှ Devil ဟူသော စကားလုံးကို Demon ဟု ဘာသာပြန်လျှင် မှန်ကန်ပါသည်။

(ခ) သမ္မာကျမ်းစာ၏အခွင့်အာဏာ ။ စာတန်နှင့် မြောက်မြားစွာသော နတ်ဆိုး၊ ဝိညာဉ်ဆိုးတို့သည် အမှန်ရှိနေကြပါသည်။ သို့မဟုတ် သမ္မာကျမ်းစာသည် ပုံပြင် သို့မဟုတ် ဒဏ္ဍာရီသာ ဖြစ်ပါသည်။



(ဂ) ဘာသာရေးသမိုင်း အထောက်အထား ။ ။ သမိုင်းသုတေသနပြုရာတွင် ရှေးဟောင်းတူးဖော်မှုအမြောက်အမြားသည် နတ်ဆိုးလက္ခဏာများသာဖြစ်ပါ သည်။ ဘာသာရေးကို လေ့လာသောအခါ မူလ၌ စာတန်နှင့် နတ်ဆိုးတို့ကို ကြောက်ရွံ့ခဲ့ခြင်းမှာ တစ်ကမ ္ဘာလုံးပင်ဖြစ်ကြောင်း တွေ့ရှိရပါသည်။

(ဃ) လူတို့အတေ့ွအကြုံကိုအထောက်အထားပြုခြင်း ။ ။ ဧဖက် ၂း၂-၄ တွင် စာတန်နှင့် နတ်ဆိုးတို့သည် မယုံကြည်သူတို့၏စိတ်နှလုံးထဲတွင် လှုပ်ရှားလျက် မိမိတို့အသွေးအသားနှင့် ကိုယ်ကာယတပ်မက်မှုနောက်သို့လိုက်ရန် လမ်းဖွင့်ပေး ပါသည်။ ဂရိနှင့် ရောမခေတ်က ကာမတဏှာတပ်မက်မှုများမှစ၍ မူးယစ်ဆေးဝါး သုံးစွဲမှုအထိ လိင်တူဆက်ဆံမှု၊ အလွန်ဆိုးညစ်သောလူသတ်မှုများ နတ်ဆိုး ကိုးကွယ်မှုများတို့သည် လူတို့ကို ထိုနတ်ဆိုးတန်ခိုး တို့က လွှမ်းမိုးနေကြောင်း အထောက်အထားများဖြစ်ပါသည်။

(င) ခရစ်တော်ဘုရား နတ်ဆိုးတို့ကိုခေါ်၍ နှင်ထုတ်တော်မူပါသည်။

၂။ နတ်ဆိုးများ မည်သို့စတင်ဖြစ်ပွားပါသနည်း။

(က) နတ်ဆိုးများ၏ ဇစ်မြစ်နှင့် ပတ်သက်၍ သမ္မာကျမ်းစာ၌ တိတိကျကျဖော်ပြထားမှုမရှိကြောင်း ဝန်ခံရမည်ဖြစ်ပါသည်။

(ခ) ကျမ်းတတ်ပုဂ္ဂိုလ်များသည် နတ်ဆိုးတို့၏ ဇစ်မြစ်နှင့် ပတ်သက်၍ သဘောထားကွဲလွဲနေကြပါသည်။

(ဂ) နတ်ဆိုးများ၏ ဇစ်မြစ်နှင့် ပတ်သက်သော တွေးခေါ်မှုအချိုး။

(၁) ထိုနတ်ဆိုးများသည် အာဒံခေတ်မတိုင်မီရှိခဲ့သော လူသားများ၏ ခန္ဓာကိုယ်မရှိတော့သော ဝိညာဉ်များဖြစ်သည်။ ဤအယူအဆကိုငြင်းပယ်ရန်အချက် (၂)ချက်ရှိပါသည်။

(က) အာဒံမတိုင်မီဖန်ဆင်းခြင်းခံရသည်ဟုသိရသော အရာများသည် ကောင်းကင် တမန်များသာဖြစ်ပါသည်။

(ခ) ဤအတွေးအခေါ်လက်ခံနိုင်ရန်၊ အာဒံမတိုင်မီ လူ့ယဉ်ကျေးမှုတစ်ရပ်သည် ဤကမ ္ဘာပေါ်တွင်တည်ရှိခဲ့ပြီးနောက် “မြေကြီးသည် အဆင်းသဏ္ဍာန်မရှိ” (က ၁း၂) ၁း၁ နှင့် က၁း၂ အကြားတွင် ကာလကြာမြင့်စွာကြာညောင်းခဲ့သည်ဟူ သော အတွေးအခေါ်ကိုလက်ခံရန်လိုအပ်ပါမည်။ ဤအတွေးအခေါ်များသည် ကြံဖန်ထားသည်များသာဖြစ်ပါသည်။

(၂) ထိုသူများသည် မိမိတို့နေရာအရပ်ကိုစွန့်ပစ်သောကောင်းကင်တမန်များ (ယုဒ-၆)နှင့် လူသားမိန်းမတို့မှပေါက်ပွားလာသော သူများဖြစ်သည်။ သမ္မာကျမ်းစာတွင် ဤအတွေး အခေါ်နှင့် ပတ်သက်၍ အတည်ပြုချက်မရှိပါသဖြင့် ဤအတွေးအခေါ်ကိုလည်း လူတို့၏ မှန်းဆချက်ဟုသာ မှတ်ယူရပါမည်။

(ဃ) အကောင်းဆုံးအဖြေမှာ - နတ်ဆိုးများသည် လူစီဖာအနေဖြင့် ဘုရားသခင်ကို ပုန်ကန်သောအခါ စာတန်နောက်သို့လိုက်သော ကောင်းကင်တမန်များဖြစ်ပါသည်။ ယေဇ ၂၈း၁၄-၁၇။ ဟေရှာ ၁၄း၁၂-၁၇။

(၁) ဗျာ ၁၂း၇-၁၀တွင် စာတန်သည် ကောင်းကင်မှကျသောအခါ ကောင်းကင်ကြယ်တို့၏ သုံးစုတစ်စုကိုအမြီးဖြင့် ဆွဲငင်၍ မြေသို့ချလိုက်ကြောင်း ဖော်ပြထားပါသည်။ ကောင်းကင်ကြယ်များသည် ကောင်းကင် တမန်များဖြစ်ပါသည်။ ဟေရှာ ၁၄း၁၃။

(၂) မ၊ ၂၅း၄၁။ ထာဝရမီးတည်းဟူသော ငရဲသည် “မာရ်နတ်နှင့် သူ၏တမန်တို့အဘို့ပြင်ထား” လျက်ရှိကြောင်းဖော်ပြထားပါသည်။

(၃) ကောင်းကင်တမန်များသည် ဝိညာဉ်များ၊ နံဝိညာဉ်များဖြစ်သည်။ ဆာ ၁၀၄း၄။ ဟေ ၁း၁၄။

(၄) နှင်ထုတ်ခြင်းခံ ကောင်းကင်တမန်များသည် ဘေးဒဏ်ကြီးကာလ မရောက်မီတိုင်အောင် ချုပ်ထားလျက်ရှိသည်။ ဗျာ ၉း၂- ၁၁။ ၁၆း၁၄။ သို့ရာတွင် မရေမတွက်နိုင်အောင်များပြား သော နတ်ဆိုးတို့သည် စာတန်၏ အုပ်ချုပ်မှုအောက်တွင် လွတ်လပ်စွာလှုပ်ရှားနိုင်လျက် အာကာသကောင်းကင်၌လည်းကောင်း၊ ဝိညာဉ်လောက၌လည်းကောင်း၊ ကောင်းကင်၌ လည်းကောင်း လှုပ်ရှားနေကြသည်။ (ဧ-၂း၂။ ၆း၁၂)

၃။ အရေအတွက်မည်မျှများပြားပါသနည်း။

(က) မာ ၅း၉တွင် ဂါဒရပြည်တွင် ညစ်ညူးသော နတ်စွဲသူ၏ထွက်ချက်အရ “ကျွန်ုပ်အမည်ကား လေဂေါင်ဖြစ်ပါ၏။ ကျွန်ုပ်တို့သည် အများဖြစ်ကြပါ၏”ဟုလျှောက်ဆိုထားရာ စစ်တပ် ဖွဲ့စည်းပုံအရ လူ ၃၀၀၀ မှ ၅၀၀၀ အထိ ပါဝင်သော ခြေလျင်တပ်သားနှင့် လူ ၃၀၀ ပါဝင်သော မြင်းစီးတပ်သားများပါဝင်သောတပ်ကို လေဂေါင်ဟုခေါ်ကြောင်းတွေ့ရှိရ ပါသည်။

(ခ) မာ ၁၆း၉ တွင် မာဂဒလမာရီအထဲမှ နတ်ဆိုး (၇)ကောင်ကို ခရစ်တော်သည် နှင်ထုတ်ခဲ့ ကြောင်းဖော်ပြထားပါသည်။

(ဂ) စာတန်၏အုပ်ချုပ်မှုအောက်တွင် နတ်ဆိုးများသည် အမှောင်နိုင်ငံကြီးထူထောင်ထားပါ သည်။ မ ၁၂း၂၆။ စာ - ၂၆း၁၈။ ကော ၁း၁၃။ ထိုသူတို့သည် အထွဋ်အမြတ်များ၊ အာဏာစက်ရှိသူများ၊ လောကီမှောင်မိုက်၌ အစိုးတရပြုသောမင်းများ၊ မိုးကောင်းကင်၌ နေသော နတ်ဆိုးမင်းများပါဝင်ကြပါသည်။

(ဃ) သမ္မာကျမ်းစာ၏ဖော်ပြချက်အရ စာတန်သည် အရာခပ်သိမ်းတို့ကို သိနိုင်စွမ်းရှိသော သဗ္ဗညုတဉာဏ်တော်ကို မပိုင်သော်လည်း သူ၏တမန်တို့သည် များပြားလှသည်ဖြစ်သော ကြောင့်၊ ဤ စင်္ကြာဝဠာတွင် မည်သည့်အရပ်ဒေသ၌မဆို လှုပ်ရှားနိုင်ပြီး စြက်ာဝဠာကို အုပ်စိုးသည့် တန်ခိုးကိုရယူထားပါသည်။


၄။ နတ်ဆိုးတို့သည် မည်သူ၏ အမိန့်ကိုနာခံ၍ မည်သည့်နယ်မြေများတွင် လှုပ်ရှားပါသနည်း။

(က) စာတန်သည် နတ်ဆိုးတို့ကို အုပ်စိုးသောမင်းဖြစ်ကြောင်း မေးခွန်းထုတ်ရန်မလိုပါ။

မ ၁၂း၂၆၊ ၂၇။ ကျရောက်မည့်ဘေးဒဏ်ကို ကျော်လွှားရန် စစ်ပြိုင်နေသည်။

ဧ ၂း၂။ မ - ၂၅း၄၁။

(ခ) ယုံကြည်သူဖြစ်သောသင်နှင့် ကျွန်ုပ်တို့“ယေရှုခရစ်အားဖြင့် ထမြောက်စေ၍ ကောင်းကင် အရပ်၌ နေရာပေးတော်မူပြီး” ဖြစ်ပါသည်။ ဧဖက် ၂း၆။ ၁း၃။ (ဝိညာဉ်လောက၊ ကောင်းကင်အရပ်ဖြစ်ပါသည်။) နတ်ဆိုးတို့သည် ခရစ်တော်နှင့် နောက်တော်လိုက်တို့ အား စစ်ပြိုင်နေသော စစ်နယ်နိမိတ်အတွင်း၌ပင်ဖြစ်ပါသည်။ (ဧ-၆း၁၁-၁၃)။

(၁) စာတန်သည် “အာကာသကောင်းကင်၏ တန်ခိုးတို့ကို အစိုးရသောမင်း” (ဧ ၂း၂) ဖြစ်ပါသည်။ ဤနည်းအားဖြင့် အာကာသကောင်းကင်၌ လှုပ်ရှားသော နတ်ဆိုးတပ် ကြီးကို အုပ်စိုးရပါသည်။

(၂) စာတန်နှင့် သူ၏နတ်ဆိုးဝိညာဉ်ဆိုးများသည် နေထိုင်ရန် ခန္ဓာကိုယ်ရှာဖွေလျက် ရှိကြပါသည်။ သူတို့သည် လူသားနှင့် တိရိစ္ဆာန်များတို့၏အထဲ၌ ဝင်ရောက်နေ ထိုင်နိုင်သည်သာမက အလိုရှိသည့်အတိုင်း အမိန့်ပေးနိုင်ပါသည်။ ထိုကဲ့သို့ ဝင်ရောက်ခြင်းမပြုလျှင်လည်း မည်သည့်အမှုကိုမျှ မတတ်နိုင်သကဲ့သို့ဖြစ်ပါ သည်။ (မာ ၅း၂-၁၃။ မ ၄း၂၄။ ၈း၁၆။ ၉း၃၂။ ၁၂း၂၂။ တ ၈း၇။ ၁၆း၁၆ စသည်။


၅။ ညစ်ညူးသောနတ်တို့၏ သဘောသဘာဝနှင့် သွင်ပြင်လက္ခဏာများ။

(က) သူတို့သည် ညစ်ညူးကြပါသည်။ (စာရိတ္တ နှင့် ဝိညာဉ် )

မ ၊ ၁၂း၄၃ ။ မာ ၊၁း၂၃ ။ လု ၊ ၆း ၁၈ ။

(ခ) ဆိုးညစ်သည်။ Wicker မ ၊ ၁၂း၄၅ ။ ဆိုးသွမ်း၏။

တ ၊ ၁၉း ၁၃-၁၆ ။

(ဂ) အလွန်ကြမ်းကြုတ်၏။ (မ ၊ ၈း၂၈ )။

(ဃ) နာကျင်စွာနှိပ်စက်၏။ (လု ၊ ၉း၃၉-၄၂ ။မ ၊ ၁ရး ၁၄-၂၁ ။ မာ ၊ ၅း၃၅။

(င) ကောက်ကျစ်၏။ မဖွယ်မရာလုပ်တတ်၏။ အခွင့်အရေး ပိတ်ပင်တတ်၏။

မ ၊၁၂း ၄၅ ။ မ ၊ ၉း ၃၃ ။

(စ) စာတန်သည်လူ့အသက်ကိုသတ်သူဖြစ်၏။ မုသာပြောသူဖြစ်၏။ လှည့်စားသောသူ ၊ မမှန် မကန်စွပ်စွဲလျက်အပြစ်တင်သောသူဖြစ်၏။ သူ၏နောက်လိုက်များမှာလည်းထို့အတူဖြစ်၏။

ယော ၊ ၈း၄၄ ။ ဗျာ ၊ ၁၂း၉ ။

(ဆ) မျက်မြင်မရသော သဘာဝတရားလွန်ကဲသော ဝိညာဉ်များဖြစ်ပါသည်။

(၁) လု ၊ ၂၄း ၃၉ ။ “တစ္ဆေမည်သည်ကား ဤသို့အသားအရိုးနှင့်မပြည့်စုံ”။

(၂) ဧ ၊ ၆း၁၂ ။ ငါတို့သည် အသွေးအသားရှိ သောရန်သူတို့နှင့် တိုက်လှန် ရကြ သည် မဟုတ်။

(ဇ) နတ်ဆိုးများတွင် တစ်ယောက်ချင်း၌သီးခြားသဘောများရှိလျှက် စိတ်ဆန္ဒ ၊ ခံစား ချက် ၊

ဉာဏ်ပညာ၊ကိုယ်ပိုင်ဆုံးဖြတ်ခွင့်များရှိပြီးစာတန်၏ညွှန်ကြားမှုဖြင့် လှုပ်ရှားနေ ကြပါသည်။

(၁) နတ်ဆိုးတို့သည် နတ်စင် (သို့မဟုတ်) တစ်စုံ တစ်ဦးမှတစ်ဆင့်စဉ်းစားခြင်း၊ စကားပြောခြင်း ၊လှုပ်ရှားခြင်းများပြုကြပါသည်။ တ ၊ ၁၉း၁၅-၁၆။ မာ ၊ ၅း၁၀။ လု ၊၄း၃၄။

(၂) စာတန်၏ တမန်များဖြစ်သဖြင့် စာတန်၏ ပညာကိုသုံးစွဲကြပါသည်။ ယေဇ ၊ ၂၈း၁၂-၂၀ ။ ၂ရာ ၊ ၁၄း၂၀။

(ဈ) ကြီးစွာသော တန်ခိုးကိုပိုင်ဆိုင်ထားပါသည်။ ၂ ပေ ၊၂း၁၁ ၊ဆာ ၊၁၀၃း၂၀ ။ နတ်ဆိုးတို့သည် လူသားကိုယ်ခန္ဓာကို ရရှိသောအခါ ပိုမိုထင်ရှားလာပါသည်။ မာ ၊၅း၉ ။

(ည) စာတန်နှင့်တကွ နတ်ဆိုးတို့သည် ခရစ်တော် ၊ခရစ်ယာန်များနှင့်ဘုရားသခင်၏ အဓိက ရန်သူ ဖြစ်ပါသည်။

မ၊ ၄း၁-၁၁။ ၂ သက် ၊ ၂း၄။ လု ၊ ၂၂၊၃၁ ။

၆။ နတ်ဆိုး၏ဩဇာအာဏာသည် မည်မျှအထိ ကျယ်ပြန့်ပါသနည်း။

(က) မယုံကြည်သူများ၏ အသက်တာတွင်-

(၁) အပြစ်သားသည် ဧဝံဂေလိ တရားတော်ကို နားမလည်စေရန် ဉာဏ်မျက်စိကို ကွယ်စေပါသည်။ (၂ ကော ၊ ၄း၄ )

(၂) လောကီတရားသို့ လိုက်ပါစေသည်။ (ဧ ၊ ၂း၁ )

(၃) နတ်ဆိုးတို့သည် လူတို့၏ခန္ဓာကို ဝင်ရောက်ပူးကပ်ပြီး လူတို့၏ စိတ် ၊ ခန္ဓာကို အုပ်စိုးကာ ဆိုးညစ်ခြင်း အမျိုးမျိုးကို ဆောင်ရွက်ရန်မောင်းနှင်ပါသည်။ (မာ ၊ ၅း၂-၁၈ ၊ ရော ၊ ၁း၂၄-၃၂ ၊ဗျာ ၊ ၉း ၂၀-၂၁ ၊ လု ၊ ၈း၃၆ ။

(၄) “ယုံကြည်ခြင်း” ကိုပျက်ပြားစေလျက် ဘာသာရေး၏ အတွေးအခေါ်များကို ဘုရားသခင်၏ နေရာတွင် အစားထိုးစေပါသည်။ ၁ တိ ၊ ၄း၁-၅ ။

(၅) လူအမြောက်အများတို့အားလည်း မမှန်သော ပရောဖက်များဖြစ်စေသည်။ ၁ ယော ၊၄း၁-၄ ။ခရစ်ယာန်တို့ အထဲတွင် သဘောထားကွဲလွဲမှု၊ ဇဝေဇဝါဖြစ်မှု များပေါ်ပေါက်စေရန် မျိုးစေ့ချပေးပါသည်။ မ ၊၁၃း၃၈-၄၀။

(၆) စိတ်ကိုကယောင်ချောက်ချား ဖြစ်စေနိုင်သည်။ ကိုယ်ခန္ဓာ အကြောအချင်များကို ကိုင်တတ်သည်။ ကိုယ်ခန္ဓာ မလှုပ်ရှားနိုင်ဖြစ်စေလျှက် ခန္ဓာကိုယ်မပျက်ဆီးပါ လျက် ဖျားနာခြင်း ဖြစ်စေနိုင်ပါသည်။ မ ၊ ၁ရး၁၄-၂၁ ။၁၂း၄၅ ။မ ၊ ၉း၃၂ ။၁၂း၂၂။ အကြောအချင်များကိုက်ခဲခြင်း၊ စိတ်ဓါတ်ကျဆင်းခြင်း၊ စိတ်နောက် ခြင်းနှင့်မဖွယ်မရာပြုလုပ်စေခြင်း များခံစားရရန်ရှိနေပါသေးသည်။ ထိုအကြောင်း ကြောင့် ခရစ်ယာန်တို့သည် မာရ်နတ်ကိုဆီးတားကြရမည် ဖြစ်ပါသည်။ ယာ ၊၄း၇ ဘုရားသခင်၏လက်နက်စုံကို ဝတ်ဆင်ရမည်။ ဧ ၊ ၆း၁၁ ။ သတိရှိလျှက် မအိပ်ဘဲ စောင့်နေကြရမည် ဖြစ်ပါသည်။ ၁ ပေ ၊ ၅း၇-၈။

(ခ) ယုံကြည်သူတို့၏ အသက်တာတွင် နတ်ဆိုးတို့သည်-

(၁) ယုံကြည်သူကို ဆန်ခါချသကဲ့သို့ ပြုနိုင်သည်။ လု ၊ ၂၂း၃၁။

(၂) ယုံကြည်သူသည် အစဉ်ပင် နတ်ဆိုးနှင့် တိုက်ပွဲဆင်နွဲနေပါသည်။ (ဧ၊၆း၁၀-၁၈)

(၃) ယုံကြည်သူအား ဝါးမျိုရန် ရှာဖွေကြိုးစားနေသည်။ (၁ပေ ၅း၈)

(၄) ကိုယ်ခန္ဓာချို့တဲ့ခြင်းကို ဖြစ်စေသည်။ (၂ကော ၁၂း၇)။

(၅) ခရစ်ယာန်သည် နတ်ဆိုးတို့နှင့် ပေါင်းသင်းခြင်းကို မပြုရ။ ၁ကော။ ၁၀း၂၀-၂၁။

ဝတ်၊ ၁၉း၃၇။

ဝိညာဉ်တို့ကိုစုံစမ်းစစ်ဆေးရမည်။ အကြောင်းမှာထိုနတ်ဆိုးတို့သည် မှားယွင်း သောယုံကြည်ချက်များ ပေးတတ်သောကြောင့် ဖြစ်ပါသည်။ (၁ယော ၄း၁)

(၆) အသစ်မွေးဖွားခြင်း၊ ခံရပြီးသောယုံကြည်သူ၊ ဝိညာဉ်တော်နှင့် ပြည့်ဝသူများအား နတ်ပူး၊ နတ်ဆိုးစွဲရန်မှာ သံသယရှိဘွယ်ရှိနေသော်လည်း၊ ခရစ်ယာန်များအား၊ နတ်ဆိုး၊ ဝိညာဉ်ဆိုး များ၏ တိုက်ခိုက်ခြင်း၊ လွှမ်းမိုးခြင်းဖျားနာစေခြင်း၊ စိတ်အနှောက်အယှက်ဖြစ် ခြင်း။

၇။ နတ်ဆိုးစွဲသည် ဆိုသည်မှာ အဘယ်နည်း။ နတ်ဆိုးဩဇာလွှမ်းမိုးခြင်းနှင့် နတ်ဆိုးစွဲခြင်း မည်ကဲ့သို့ကွာခြားပါသနည်း။

(က) ဓမ္မဟောင်းကျမ်းထဲတွင် နတ်ဆိုးစွဲသောသူ၊ စုန်းအတတ်ကိုပြုသောသူ ၊ လူသေ ကိုမေးမြန်းသောသူ ၊ ပြုစားတတ်သောသူ စသည်များကိုတွေ့ရသော်လည်း မည်သူများတို့ အား မည်သည့်အတိုင်းအတာ အထိပျံံံံံံံံံ့နှံ့နေသည်ကိုမူ မသိရှိရပေ။ ခရစ်တော် လက်ထက် တွင် နတ်ဆိုးစွဲခြင်းမှာ အထင်အရှားရှိလျက် အသိအမှတ်ပြုထားကြောင်း တိကျစွာ တွေ့ရှိ ရပါသည်။ ယနေ့ကမ္ဘာတွင် နတ်ဆိုးကိုးကွယ်သော ဒေသများ၌ မိမိတို့ခန္ဓာကိုယ်ကို ရုပ်တု ကိုးကွယ်မှုအတွက် အပ်နှံခြင်းပြုရာတွင် နတ်ဆိုးစွဲသူများ တွေ့ရသည်သာမက ခေတ်မီ ယဉ်ကျေးသည်ဟုဆိုသော အမေရိကန်ပြည်တွင်ပင်လျှင် နတ်ဆိုးတို့၏ အထောက်အ ထားကို ပိုမို မြင်တွေ့နေရပါသည်။

(ခ) ဓမ္မသစ်ကျမ်းစာတွင် ပါသောနတ်ဆိုးစွဲခြင်း၏ အထောက်အထားများ-

(၁) တ ၊၈း၇။ “နတ်ဆိုးစွဲသောသူတို့၏ အထဲမှ နတ်ဆိုးတို့သည် ထွက်သွားကြ၏”။

(၂) မာ ၊ ၁း၃၂ ။ နတ်ဆိုးစွဲသော သူရှိသမျှတို့ကို အထံတော်သို့ဆောင်ခဲ့၍

(၃) မ၊ ၄း၂၄။ ၈း၁၆၊ ၁၈။ ခရစ်တော်သည် ပျောက်ကင်းခြင်းကို ပေးတော်မူ၏။

(၄) မ၊ ၉း၃၂၊ နတ်ဆိုးစွဲသောလူတစ်ယောက်ကို အလံတော်သို့ ဆောင်ခဲ့ကြ၏။

(၅) မ၊ ၁၂း ၂၄-၃၀။ နတ်ဆိုးမင်းဗေလဇေဗုလကို အမှီပြု၍ နတ်ဆိုးနှင်ထုတ်သည်ဟု ခရစ်တော်အား စွပ်စွဲကြ၏။

(၆) တ၊ ၁၆း၁၆-၁၈။ နတ်ဝင်သောမိန်းမငယ်နှင့် ပေါလုတို့ တွေ့ဆုံကြသည်။

မှတ်ချက်။ ။ စာတန်နှင့်နတ်ဆိုးတို့၏ တန်ခိုးအာဏာကို အစဉ်သဖြင့် ကန့်သတ် ထားသည်နှင့်အညီ စာတန်ကဲ့သို့ ဘုရားသခင်အား အထင်အရှား ဆန့်ကျင်သောသူများ မရိုမသေပြုသူများ၏ အသက်တာတွင် အထင်အရှား တွေ့ရပါသည်။

မှတ်ချက်။ ။ နတ်ဆိုး ၊ဝိညာဉ်ဆိုးတို့၏ အဓိက ဆောင်ရွက်ချက်မှာ လူတို့၏ ငြိမ် သက်ခြင်း ကို ဖျက်ဆီးလျက် ညီညွှတ်မှုကို ဖြိုဖျက်ရန်ဖြစ်ပါလျက် စိတ်ဆိုးမာန်ဆိုး ဖြစ် ခြင်း ၊ ဘဝဆုံးရှုံးခြင်း ၊ စိတ်ပူပန်ခြင်း ၊ ဇဝေဇဝါဖြစ်ခြင်း စသည်များကို တတ်နိုင်သမျှ ဆောင်ရွက်ပေးပါသည်။

(၈) နတ်ဆိုးစွဲဆိုသည်မှာ အဘယ်နည်း။

(၁) လူ၏အထဲသို့ နတ်တစ်ယောက် (သို့မဟုတ်) အမြောက်အများသည် ဝင်လျက်၊ လူ၏ကိုယ်ခန္ဓာနှင့် စိတ်ကိုလုံးဝအုပ်စိုးအပိုင်ယူသည်။

(၂) နတ်ဆိုးသည် မိမိအတွေးအခေါ်၊ မိမိစကား၊ မိမိအပြုအမူတို့ကို ဖော်ပြလာသော အခါ ထိုသူ၏အမူအရာသည် ချက်ခြင်းပြောင်းလဲသွားသည်။

(၃) နတ်ဆိုးသည် ထိုသူမှတစ်ဆင့် စကားပြောရာတွင် နဂိုအသံမဟုတ်သောအသံ ဖြင့်လည်းကောင်း၊ အခြားဘာသာစကားဖြင့်လည်းကောင်း ပြောဆိုတတ်သည်။

(၄) နတ်ဝင်ခံရသောသူသည် မရူးပါ၊ ထိုသူအား အခြားသောဝိညာဉ်က အုပ်စိုးခြင်း သာဖြစ်ပါသည်။

(၅) နတ်ဆိုးစွဲခြင်းကြောင့်ဖြစ်လာသော အကျိုးဆက်သည်များစွာကွာခြားလှပါသည်။ အထူးကြီးမားသော ခွန်အားကိုရရှိသည်။ (မာ ၊ ၅း၄) ပညာကိုရရှိသည်။ (မာ ၁း၂၃-၂၄)

အလွန်တစ်ရာစိတ်အားငယ်ခြင်း၊ ကယောင်ချောက်ခြားဖြစ်ခြင်း၊ အလွန်ဝမ်းနည်း ခြင်း၊ ရူးသွပ်ခြင်း၊ စိတ်မကောင်းဖြစ်ခြင်း၊ မိမိကိုယ်မိမိမပိုင်ခြင်းစသည်များဖြစ်တတ်ပါ သည်။

(၆) ခရစ်တော်အားဆန့်ကျင်သော သဘောသည် လူတိုင်းတို့၌ ဖြစ်တတ်သော သဘောဖြစ်ပါသည်။ မာ၊ ၁း၂၄။ ၁ယော ၄း၁-၄။

(ဃ) နတ်ဆိုးစွဲခြင်းနှင့် နတ်ဆိုးနှိပ်စက်ခြင်း မည်သို့ကွာခြားပါသနည်း။

(၁) ဤလောကတွင် မည်သူတစ်ဦးတစ်ယောက်မျှသည် စာတန်နှင့် နတ်ဆိုးတို့၏ တိုက်ခိုက်ခြင်းမှကင်းလွတ်သည်ဟူ၍ မရှိပါ။ (၂ကော ၄း၄။ ၁ပေ၊ ၅း၈။ ၁တိ ၄း၁။ ၁ယော ၄း၁-၄။)

(၂) နတ်ဆိုးစွဲရာတွင် တစ်စုံတစ်ယောက်၏ ကိုယ်ခန္ဓာထဲသို့၊ နတ်ဆိုးသည် ဝင်၍ သူ၏စိတ်နှင့် အပြုအမူအားလုံးတို့ကို လုံးဝပြောင်းလဲပစ်သည်။ နတ်ဆိုးနှိပ်စက် ခြင်းသည် ထိုပုဂ္ဂိုလ်အပေါ်သြဇာအာဏာ ခေတ္တခဏသက်ရောက်ခြင်း၊ ခေတ္တ အုပ်စိုးခြင်းဖြစ်ပါသည်။

(၃) ခရစ်ယာန်တို့တွင်ဖြစ်စေ၊ မယုံကြည်သူတို့တွင်ဖြစ်စေ၊ နတ်ဆိုးနှိပ်စက်ခြင်းသည် အတိုင်းအတာအားဖြင့် တစ်ဦးနှင့် တစ်ဦးခြားနားနေပါသည်။ စုံစမ်းနှောင့်ယှက် ခြင်းမှဆိုးရွာသော စိတ်အနှောက်အယှက်ဖြစ်စေခြင်းအထိ ကွာခြားပါသည်။ စုံစမ်းသွေးဆောင်ခြင်းနှင့် ဆိုးသွမ်းသော အတွေးအခေါ်များဝင်လာ၍ လက်ခံ သောအခါ နတ်ဆိုးနှိပ်စက်မှုသည်သာ၍ ကြီးပါသည်။

(၄) နတ်ဆိုးသြဇာလွှမ်းမိုးလာသောအခါ လူသည် သမ္မာတရားဘက်၌ မျက်စိကန်း နေ တတ်ပါသည်။ ၂ကော ၄း၄၊ မုသားဟုပြောတတ်ပါသည်။ တ၊ ၅း၃။ မှားယွင်း သော အခြေခံ ပုံသေယုံကြည်ချက်များပေါ်ပေါက်လာစေပါသည်။

၁ယော ၄း၁-၄။ လုံးဝလမ်းမှားစေပါသည်။ ၁တိ ၄း၁။ မှားယွင်းသော အပြုအမူ ကိုပြုကျင့်စေပါသည်။ (၁ကော ၁၀း၁၆-၂၂)

မှတ်ချက်။ နတ်ဆိုးသည် သေပြစ်ထိုက်နေသောလူသားတို့အား ဘုရားသခင်၏စကားတော် ကိုနာခံရန် လိုလိုလားလားငြင်းပယ်လာသည်အထိသာ ဆောင်ရွက်နိုင်ပါသည်။ ထွက် ၂၀း၃-၅။ ဘုရားသခင်၏ ပညတ်တော်များကို အသိအမှတ်မပြု ခေါက်ထားသည့်အခါတိုင်းတွင် ဘုရားသခင်၏စောင့်ထိန်းမှုသည် ပယ်ရှားခြင်းရှိ ပြီးကြမ်းတမ်းသော နတ်ဆိုး၏ သြဇာလွှမ်းမိုးမှုကြောင့်လူသည် အခွင့်အရေး အားလုံးလက်လွှတ်ရသည်။ ၂ပေ ၂း၁၀-၁၂။ ရော၊ ၁း၂၄-၃၂)

၈။ နတ်ဆိုးတို့၏ နောက်ဆုံးပန်းတိုင်။

(က) နတ်ဆိုးတို့သည် မိမိတို့ပျက်စီးမည့်နည်းလမ်း သတ်မှတ်ထားပြီး ဖြစ်ကြောင်းသိရှိထား ကြပါသည်။ (မ၊ ၈း၂၉)။

(ခ) ခရစ်တော်၏ တန်ခိုးနှင့်အာဏာတော်သည် သူတို့အားဖျက်ဆီး မည်ဖြစ်ကြောင်းသိရှိထား ကြပါသည်။

(ဂ) လုကာ၊ ၈း၃၁ တွင်“အနက်ဆုံးသော အရပ်” ဟူသောစကားနှင့် ဗျာ၊ ၂၀း၁-၃ တွင် “အနက်ဆုံးသောတွင်း” ဆိုသည်မှာ အတူတူပင်ဖြစ်ပါသည်။

(ဃ) သူတို့အား အနက်ဆုံးသောတွင်းထဲ၌ ချုပ်နှောင်ထားရာမှ အနှစ်တစ်ထောင်ကာလ ကုန်ခါနီး အချိန်တွင် ခေတ္တခဏ လွှတ်လိုက်ပြီး နောက်ထာဝရကာလကို မီးအိုင်ထဲ၌ ချုပ်နှောင်ခြင်းခံရမည် ဖြစ်ပါသည်။ ဗျာ၊ ၂၀း၂၀။

၉။ နတ်ဆိုးတို့၏ ဩဇာလွှမ်းမိုးခြင်း မခံရစေရန် (သို့မဟုတ်) နတ်ဆိုးတို့ကိုနှင်ထုတ်နိုင်ရန် ယနေ့ ခရစ် ယာန်တို့၌ မည်သည်အခွင့်အာဏာများရှိပါသနည်း။

(က) သာသနာပြု ဆရာအချို့၏ပြောပြချက်တွင် ခရစ်တော်ကို လက်ခံပြီးသောသူ အချို့တို့ သည် နတ်ဆိုးစွဲပြန်ကြောင်း ပါရှိသော်လည်း ကျွနု်ပ်၏ခံယူချက်တွင် ထိုသို့သော ပုဂ္ဂိုလ် များသည် အစစ်အမှန်ပြောင်းလဲ ခြင်းမရှိသေးသူ ဖြစ်ပါသည်။ ကျွန်ုပ်၏ခံယူချက် အရဆိုလျှင် နတ်ဆိုးသည် ခရစ်ယာန်တို့အား ပြင်းထန်စွာ တိုက်ခိုက်နိုင်ပါသည်။ သို့သော် နတ်ဆိုးမစွဲနိုင်ပါ။ အဘယ့်ကြောင့်နည်း။

(၁) ယုံကြည်သူ၏ ကိုယ်ခန္ဓာသည် “သန့်ရှင်းသော ဝိညာဉ်တော်၏ ဗိမ္မာန်တော်ဖြစ် ပါသည်။ ၁ ကော၊ ၆း၁၉။ ၃း၁၆။

(၂) ခရစ်ယာန်၏ အထဲ၌ရှိသော ဝိညာဉ်သည် အပြင်၌ရှိသော ဝိညဉ်ထက်သာ၍ ကြီးပါသည်။ ၁ ယော၊ ၄း၄။

(၃) မှောင်မိုက်၏ တန်ခိုးမှ ကျွနု်ပ်တို့အား ဖြေလွှတ်ပြီးဖြစ်ပါသည်။ ကော၊ ၁း၁၃။ ၂း၁၅။ တ၊ ၂၆း၁၈။

(၄) ကျွနု်ပ်တို့အတွက် အယူခံဝင်ပြီး အမြဲဆုတောင်းပေးနေသော အမှုဆောင်သည် ရှိသည်ဖြစ်၍ ဆုံးရှုံးခြင်းသို့ ရောက်ခြင်းဌါ အခွင့်ပေးတောင်မူ မည်မဟုတ်ပါ။ ၁ ကော၊ ၁၀း၁၃။ ယုဒ၊ ၁၄။ ၁ ယော၊ ၂း၁

(ခ) နတ်ဆိုးတို့ အပေါ်၌ခရစ်တော်၏ အခွင့်အာဏာသည် အကြွင်းမဲ့ဖြစ်ပါသည်။ မာ၊ ၁း၂၄။ ၅း၆-၁၃။ ၃း၁၁ စသည် ယုံကြည်သူတိုင်းတို့သည် ဂလ၊ ၂း၂၀ မိမိတို့ အသက်တာတွင် အသုံးပြုရန် အတွက်ခရစ်တော်၏ အတိုင်းအဆ မရှိသော တန်ခိုးတော်ကို ရယူသုံးစွဲပိုင်ခွင့် ပေးထားပါသည်။ ၂ ကော၊ ၁၂း၉။ ဖိ၊ ၄း၁၃။ ဧ၊၃း၂၀။ ဖိ၊ ၃း၁၀။ ဧ၊ ၆း၁၀။ ၁း၁၉-၂၀။

(ဂ) ဘုရားသခင်၏ လက်နက်စုံကို ဝတ်ဆင်ထားရန် ခရစ်ယာန်တို့အားတိုက်တွန်းထားပါ သည်။ ဤသို့ဘုရားသခင်၏ လက်နက်စုံကို ဝတ်ဆင်လျက်ဆုတောင်းခြင်းဖြင့်လည်း ကောင်း၊ သန့်ရှင်သောဝိညာဉ်တော်၏တန်ခိုးအားဖြင့်လည်းကောင်း စာတန်အား တွန်းလှန် တိုက်ခိုက်လျက် စာတန်၏ရန်ကိုငြိမ်းစေနိုင်ပါသည်။ ဧ ၆း၁၁-၁၈။ ယာ။ ၄း၇။ ၁ယော ၄း၄။ ဖိ။ ၄း၁၃။ မ၊ ၁ရး၂၁ စသည်။

မှတ်ချက်။ အုပ်စိုးမင်းလုပ်သူစာတန်ကို အနိုင်ယူအောင်နိုင်သည်မှန်လျှင် သူ၏ တမန်တို့ အပေါ်၌လည်းအောင်နိုင်ရန် မြေကြီးလက်ခတ်မလွဲပင်ဖြစ်ပါသည်။

(ဃ) ခရစ်တော်သည် နတ်ဆိုးကို မိမိတန်ခိုးဖြင့်အလွယ်တကူ နှင်ထုတ်တော်မူပါသည်။ မ၊ ၄း၂၄။ ၈း၁၆။ ၉း၃၂။ ၁၂း၂၂ မိမိတမန်တော်တို့အားလည်း နတ်ဆိုးတို့ကို နှင်ထုတ်နိုင် သောအခွင့်ကို ပေးတော်မူ၏။ မာ ၃း၁၄-၁၅။ မ ၁၀း၁၁။ တပည့်တော်အပါးခုနှစ်ဆယ်တို့ အား နတ်ဆိုးတို့ကိုနှင်ထုတ်နိုင်သောအခွင့်ကိုပေးတော်မူပါသည်။ လု ၁၀း၁၇ တမန်တော် ကြီးရှင်ပေါလုသည် သခင်ယေရှု၏နာမတော်၌လည်းကောင်း၊ သန့်ရှင်းသော ဝိညာဉ်တော် ၏တန်ခိုးတော်အားဖြင့်လည်းကောင်း၊ နတ်ဆိုးတို့ကို နှင်ထုတ်ခဲ့ပါသည်။ (တ ၁၃း၆-၁၁။ ၁၆း၁၈)

မှတ်ချက်။

(၁) အထက်ပါအချက်တို့ကို ထောက်ရှုခြင်းအားဖြင့် ယနေ့ခရစ်ယာန်သည်ပင်လျှင် နတ်ဆိုးတို့ကို နှင်ထုတ်နိုင်သော ထိုတန်ခိုးကိုရယူနိုင်လျက်၊ နတ်ဆိုးတို့ကို အမိန့်ပေးနိုင် သည်ဟုမှတ်ယူရန်မှာ ယုတ္တိရှိပါသည်။

(၂) ခရစ်တော်တစ်ပါးတည်းကသာလျှင် နတ်ဆိုးလက်မှကယ်တင်ခြင်းကိုလည်း ကောင်း၊ နတ်ဆိုးကိုနှင်ထုတ်ခြင်းအမှုကို လည်းကောင်းပြုလုပ်နိုင်သောကြောင့် ထိုနတ် ဆိုး နှင့်ထုတ်ခြင်း နှင့် အမိန့်ပေးခြင်းအမှုတို့ကို သခင်ယေရှု၏နာမတော်အားဖြင့်သာ ပြုလုပ်ရမည်။ တ၊ ၁၆း၁၈။

(၃) ယနေ့ကျွန်ုပ်တို့သည်ယုံကြည်ခြင်းအားဖြင့် လည်းကောင်း၊ ဧ ၆း၁၆။ ဆီးတားခြင်းအားဖြင့်လည်းကောင်း၊ ယာ ၄း၇၊ သခင်ယေရှု၏အသွေးတော်အားဖြင့် လည်းကောင်း၊ကျွနု်ပ်တို့၏ သက်သေခံချက်အားဖြင့် လည်းကောင်း ဗျာ၊ ၁၂း၁၁။ သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့်လည်းကောင်း၊ ၁ ယော၊ ၄း၄ စာတန်အား အနိုင် ယူနိုင်ပါသည်။

(၄) သို့ရာတွင် သူတစ်ပါးတို့၏အထဲ၌ ဝင်ရောက်နေသော စာတန်အားနှင်ထုတ်ရာ တွင် များစွာသတိထားရမည်ဖြစ်ပါသည်။ လွယ်လင့်တကူ ဝင်ရောက်တိုက်ခိုက်ခြင်း မပြုပါနှင့်။ စာတန်သည်သင့်ကို ပြန်၍တိုက်ခိုက်မည်ဖြစ်ပါသည်။ အခြားယုံကြည်သူတို့၏ အကူအညီကိုရယူပါ။ မိမိကိုယ်တိုင်ဆုတောင်းခြင်း၊ အစာရှောင်ခြင်းများစွာ ပြုပြီးမှဆောင် ရွက်ပါ။ ဧ၊ ၁ရး၂၁။

၁၀။ နောက်ဆုံးနှင့်နိဂုံး ။ ။ ဘုရားသခင်သည် အနန္တတန်ခိုးတော်ဖြင့် စိုးစံလျက်ရှိနေပါသည်။ စာတန်နှင့် နတ်ဆိုးသည်ဘုရားသခင်၏ တန်ခိုးတော်နှင့် အကြံတော်ကို ဖျက်ဆီးနိုင်မည်မဟုတ်ပါ။

ဘုရားသခင်သည် ဘုရားတရားကြည်ညိုခြင်းမရှိသောသူ တို့အားဒဏ်ခတ်ရန် နတ်ဆိုးတို့ကိုအသုံး ပြုပါသည်။ (ဆာ၊ ၇၈း၄၉။ ၃ရာ၊ ၂၂း၂၃။)

ဘုရားသခင်သည် ဘုရားတရားကြည်ညိုခြင်းမရှိသောသူတို့အား ဆုံးမရန် နတ်ဆိုးတို့ကိုအသုံးပြု တော်မူပါသည်။ (လု၊ ၂၂း ၃၁။ ယောဘ၊ ၄၂း၅-၆။)

အဘယ့်ကြောင့် ဤလောကကြီးတွင် ဤသို့ဖြစ်ရပါသနည်း။

ဘုရားသခင်သည် ကမ္ဘာလောကကြီး၌ မိမိ၏ကြီးမြတ်လှသော ကယ်တင်ခြင်းအစီအစဉ်ကြီးကို ချမှတ်ထား၍သာဖြစ်ပါသည်။

ဤစင်္ကြာဝဋာကြီးတွင် ဆိုးသွမ်းသော လက္ခဏာများကို ပြုကျင့်ရန်-

ဘုရားသခင်သည် အခွင့်ပေးထားတော်မူပါသည်။ ထာဝရကာလ ပျက်စီးခြင်းအတွက် ယခုကာလ သီးခံ တော်မူခြင်းဖြင့် တရားသဖြင့်ပြုတော်မူလျက် အဆိုးအတွက် မလွဲမသွေဒဏ်ခတ်တော်မူမည် ဖြစ်ကြောင်းထင်ရှားစေပါသည်။


မေးခွန်းများ

၁။ ယဉ်ကျေးပါဟုဆိုသော ဤကမ္ဘာတွင် နတ်ဆိုး၊ဝိညာဉ်ဆိုးတို့၏ လွှမ်းမိုးမူ လက္ခဏာအချို့ ကိုဖော်ပြပါ။

၂။ နတ်ဆိုး၊ ဝိညာဉ်ဆိုးရှိကြောင်း တန်ခိုးနှင့်တကွလှုပ်ရှားလျက်ရှိကြောင်းကို ခရစ်ယာန်တို့ အနေဖြင့်အထူး အလေးထားရန်လိုသည်ဟု ခံယူစေသောအဓိက အချက်(၃)ချက်ကို ဖော်ပြပါ။

၃။ နတ်ဆိုး၊ ဝိညာဉ်ဆိုးရှိကြောင်း ဤသင်ခန်းစာမှ ထောက်ပြသော အထောက်အထား (၅)ခု အနက် (၃)ခုကို ဖော်ပြပါ။

၄။ သမ္မာကျမ်းစာတွင် နတ်ဆိုး၊ ဝိညာဉ်ဆိုးများ၏ မူလဇစ်မြစ်ကိုဖော်ပြထားခြင်း မရှိသည်နှင့် အညီအချို့ ပညာရှင်များကတင်ပြထားသော အချက်အလက်များအနက် ဤသင်ခန်းစာ အနေဖြင့်ပယ်ချထားသော အယူ အဆ(၂)ခုကိုဖော်ပြပါ။

၅။ အဘယ့်ကြောင့် ဤသီအိုရီ(၂)ခုကို ပယ်ချထားရကြောင်းကို အတိုကောက်ရှင်းပြပါ။

၆။ ဤသင်ခန်းစာတွင် နတ်ဆိုး၊ဝိညာဉ်ဆိုးတို့၏ မူလဇစ်မြစ်အနေဖြင့် အဖြစ်နိုင်ဆုံးဖော်ပြ ထားသောအချက်ကို ဖော်ပြထားသော အချက်ကိုဖော်ပြလျက် ဤသီအိုရီကို လက်ခံရခြင်း အကြောင်းအချက်(၃)ချက်ဖြင့် တင်ပြပါ။

၇။ နတ်ဆိုး၊ဝိညာဉ်ဆိုး တို့၏အရေအတွက်ကို သမ္မာကျမ်းစာက မည်ကဲ့သို့ဖော်ပြထား သနည်း။ စာတန်၏ တန်ခိုးနှင့်ပတ်သက်၍ ဤအချက်များသည်မည်ကဲ့သို့ ဆိုလိုပါသနည်း။

၈။ မည်သူ၏တန်ခိုး အာဏာအောက်တွင် ထိုနတ်ဆိုးတို့သည် လှုပ်ရှားပါသနည်း။ သူတို့၏ လှုပ်ရှားရာနယ်မြေ၏ အကျယ်အဝန်းကိုဖော်ပြပါ။

၉။ ဤသင်ခန်းစာတွင် ဖော်ပြထားသော နတ်ဆိုး၏လက္ခဏာ(၁၀)ခု အနက် အနည်းဆုံး(၆)ခု ကိုဖော်ပြပါ။ ကျမ်းညွှန်းဖော်ပြပါ။

၁၀။ (က) နတ်ဆိုးတို့၏ တန်ခိုးသည်မည်သည့် အရပ်တွင်ပိုမို ထင်ရှားပါသနည်း။

(ခ) သူတို့၏ အဓိကရည်မှန်းချက်သည် မည်သို့နည်း။

၁၁။ (က) မယုံကြည်သူတို့အား နတ်ဆိုးပြုနိုင်သော အချက်(၃)ချက်ကိုဖော်ပြပါ။ ကျမ်းညွှန်း ဖြင့်ပြပါ။

(ခ) ခရစ်ယာန်တို့အပေါ်၌ နတ်ဆိုးပြုနိုင်သောအချက်(၃)ချက်ကိုဖော်ပြပါ။ ကျမ်း ညွှန်းဖြင့်ပြပါ။

၁၂။ နတ်ဆိုးစွဲခြင်း အထောက်အထား(၆)ခု အနက် အနည်းဆုံး(၃)ခုကိုဖော်ပြပါ။

၁၃။ နတ်ဆိုးစွဲခြင်းနှင့်နတ်ဆိုး နှိပ်စက်ခြင်းမည်ကဲ့သို့ ကွာခြားပါသနည်း။

၁၄။ နတ်ဆိုးတို့၏ နောက်ဆုံးပန်းတိုင်နှင့် ပတ်သက်၍ကျမ်းစာက မည်ကဲ့သို့ဖော်ပြ ထားပါ သနည်း။

၁၅။ ဒုတိယမွေးဖွားခြင်းခံရပြီးသော ခရစ်ယာန်သည် နတ်ဆိုးမစွဲနိုင်ဟု ဤသင်ခန်းစာတွင် ဖော်ပြထားပါသည်။ အကြောင်းပြချက်(၃)ခုကို ဖော်ပြပါ။

၁၆။ စာတန်နှင့်နတ်ဆိုးတို့အား အနိုင်ယူရန်နှင့်စာတန်နှင့်နတ်ဆိုး၏ တန်ခိုးကိုခံရပ်နိုင်ရန် ရရှိသော တန်ခိုး အနည်းဆုံး(၄)ခုကို ဖော်ပြပါ။

၁၇။ သူတစ်ပါးတွင် စွဲကပ်နေသော နတ်ဆိုးကိုနှင်ထုတ်ရာတွင် မည်ကဲ့သို့ ကြိုတင်ကာကွယ်မှု ယူရမည်နည်း။

၁၈။ ဘုရားသခင်သည် အချုပ်အခြာအာဏာဖြင့် စိုးစံတော်မူပါလျက် အဘယ်ကြောင့် နတ်ဆိုး၊ဝိညာဉ်ဆိုးတို့၏ လှုပ်ရှားမှုကိုခွင့်ပြုနေကြောင်း ရှင်းပြပါ။

အမည်------------------------------------------- ရက်စွဲ ၊--------------------

လိပ်စာ--------------------------------------------

----------------------------------------------

------------------------------------------

LESSONS FROM ROGMA INTERNATIONAL FREE BIBLE CORRESPONDENCE SCHOOL

Prepared by William S. H. Piper (D.D)

မှတ်ချက်။ စာပေးစာယူ၊ အဝေးသင်ဒီပလိုမာကျမ်းစာသင်ခန်းစာများ (အခန်း ၁၄) ဖြစ်ပါသည်။
Part 3 (12 MB, until lesson 36) Bible Study (Piper) - received from Saya Aung Naing
http://www.mediafire.com/download.php?p2zfdh4gcf7b47e


http://www.murann.com/ezine/index.php?option=com_content&view=article&id=1518:2012-10-23-14-51-39&catid=9:bible-study&Itemid=10

 သင္ခန္းစာ အမွတ္ (၃) နတ္ဆိုး၊ ၀ိညာဥ္ဆိုးအေၾကာင္း

Unicode & Zawgyi Reshare-#9Dan
“နိဒါန္း”

၀ိညာဥ္ေလာကႏွင့္ဆိုင္ေသာအရာမ်ားကို လက္မခံသူမ်ားသည္နတ္ဆိုး၊ ၀ိညာဥ္ဆိုးမ်ားရွိေၾကာင္းကို ျငင္းဆို ၾကပါသည္။ ခရစ္ေတာ္သည္နတ္ဆိုးတို႔အား ႏွင္ထုတ္ခဲ့သည္မွာလည္း ဆိုးသြမ္းမႈအေပၚအႏိုင္ယူျခင္းကို ေဖာ္ျပေသာ လကၡဏာသာျဖစ္သည္ဟု အခ်ိဳ႕ေျပာၾကပါသည္။ ဘာသာေရးအယူသီးေနသူတို႔၏ခံယူခ်က္ကို သက္သာမႈျဖစ္ေစရန္ ခရစ္ေတာ္က ေဆာင္ရြက္လိုက္ျခင္းသာျဖစ္သည္ဟု သြန္သင္သူမ်ားလည္း ရွိပါသည္။

သို႔ရာတြင္ ရာစုႏွစ္ေပါင္းမ်ားစြာ နတ္ဆိုးတို႔အား ပူေဇာ္ပသကိုးကြယ္ခဲ့ရေသာ နယ္ေျမေဒသမ်ားသို႔သြား ေရာက္လ်က္ သာသနာျပဳေနၾကေသာ သာသနာျပဳဆရာအေျမာက္အျမားတို႔သည္ နတ္ဆိုးလႊမ္းမိုးမႈနတ္ဆိုး ျပဳစားမႈ၊ နတ္ပူးျခင္းစသည္မ်ားရွိေနေၾကာင္းကို သက္ေသခံေနၾကပါသည္။ အေမရိကန္ျပည္ေထာင္စုႏွင့္ အျခားတိုးတက္ေသာ ႏိုင္ငံမ်ားတြင္ ဤနတ္ဆိုး၊ ၀ိညာဥ္ဆိုးႏွင့္ ပတ္သက္ေသာအရာမ်ားသည္ အလြန္အမင္းေၾကာက္ရြံ႕မႈျဖစ္ေစေသာ ရာဇ ၀တ္မႈ၊ ဆိုးသြမ္းမႈ၊ သဘာ၀မက်ေသာ၊ မယဥ္ေက်းေသာ၊ တိရိစ ၦာန္သေဘာရွိေသာ၊ ဘာသာေရးအယူသီးမႈ၊ အတု အေယာင္ဘာသာေပၚေပါက္ျခင္း၊ အတုအေယာင္သြန္သင္မႈ၊ ေမြးေန႔ဆိုင္ရာေဗဒင္၊ နကၡေဗဒင္၊ စီးပြားေရးေဗဒင္၊ စုန္း အတတ္၊ နတ္၀င္အတတ္၊ တေစ ၦသူရဲကိုးကြယ္မႈလကၡဏာအျဖစ္သာလက္ခံထားၾကပါသည္။ နတ္ဆိုး၊ ၀ိညာဥ္ဆိုးမရွိ ဟုျငင္းပယ္ျခင္းသည္ သမၼာက်မ္းစာ၏အဆိုအမိန္႔ကို ျငင္းပယ္ျခင္း၊ ခရစ္ေတာ္သည္ဘုရားျဖစ္ေၾကာင္းကို ျငင္းပယ္ ျခင္းႏွင့္ တမန္ေတာ္ႀကီးမ်ား၏ သြန္သင္ခ်က္မ်ားကို ေစာဒကတက္ျခင္းအမႈသာျဖစ္ပါသည္။ နတ္ဆိုး၊ ၀ိညာဥ္ဆိုးရွိေန ေၾကာင္းကိုသာမက၊ သူတို႔၏အေရအတြက္မ်ားျပားေနမႈ၊ သူတို႔၏အာဏာတန္ခိုး၊ သူတို႔၏အက်င့္စာရိတၱ၊ သူတို႔၏လႈပ္ ရွားမႈနည္းဟန္၊ သူတို႔၏လႈပ္ရွာမႈ၊ ဆိုးသြမ္းမႈမ်ားကိုဆန္႔က်င္ရန္ သင္ရရွိႏိုင္မည့္တန္ခိုးအာဏာမ်ားကိုပါ ဤသင္ခန္း စာတြင္ ေဖာ္ျပထားပါသည္။

ဤသင္ခန္းစာအေရးႀကီးပံု

စာတန္၏ အုပ္ခ်ဳပ္မႈေအာက္တြင္ေသာင္းက်န္းေနလ်က္ အစဥ္သျဖင့္ အေႏွာင့္အယွက္ေပးေနၾကေသာ ေျမာက္ျမားစြာေသာနတ္ဆိုး၊ ၀ိညာဥ္ဆိုးတို႔ႏွင့္ မိမိတို႔သည္ အစဥ္သျဖင့္ တိုက္ပြဲ၀င္ေနရေၾကာင္းကို သန္းေပါင္းမ်ားစြာ ေသာခရစ္ယာန္တို႔သည္ သတိမျပဳမိၾကသည္မွာ အံ့ၾသဖြယ္အမႈသာျဖစ္ပါသည္။ စိတ္ဓါတ္က်ဆင္းျခင္း၊ စိတ္ ေနာက္ ျခင္း၊ အားငယ္ျခင္းမွစ၍ခရစ္ယာန္အသက္တာက်ဆင္းေစေသာအရာ ေျမာက္ျမားစြာတို႔သည္ ခရစ္ယာန္ အသက္တာ တြင္ နတ္ဆိုး၊ ေႏွာက္ယွက္ျခင္းသာျဖစ္ပါသည္။

“ငါတို႔သည္ အေသြးအသားရွိေသာရန္သူတို႔ႏွင့္ ဆိုင္ၿပိဳင္တိုက္လွန္ရၾကသည္မဟုတ္၊ အထြဋ္အျမတ္ႏွင့္ လည္းေကာင္း၊ အာဏာစက္တို႔ႏွင့္လည္းေကာင္း၊ ေလာကီေမွာင္မိုက္၌ အစိုးတရျပဳလုပ္ေသာမင္းတို႔ႏွင့္လည္းေကာင္း၊ မိုးေကာင္းကင္၌ ေနေသာနတ္ဆိုးတို႔ႏွင့္လည္းေကာင္း ဆိုင္ၿပိဳင္တိုက္လွန္ရၾက၏။ (ဧ-၆း၁၂) ကၽြႏ္ုပ္တို႔သည္ သခင္ဘုရားဘက္မွေန၍ ေအာင္ျမင္စြာတိုက္ပြဲဆင္ႏႊဲၾကမည္ဆိုပါက ဤအခ်က္ကိုသတိမူရန္ အေရးႀကီးလွပါသည္။

နတ္ဆိုး၊ ၀ိညာဥ္ဆိုးရွိေၾကာင္း အေရအတြက္မ်ားျပားလွေၾကာင္းႏွင့္နတ္ဆိုး၊ ၀ိညာဥ္ဆိုးတို႔၏သေဘာ သဘာ၀ကို သိရွိမထားလွ်င္ လူတို႔၌ ျဖစ္ေပၚေနေသာ စာရိတၱပ်က္ျပား၊ ဘာသာေရးေရာေထြးမႈ၊ မဟုတ္မမွန္ေသာ သြန္သင္မႈပ်ံ႕ႏွံ႕ေနမႈ၊ ဆိုးသြမ္းရက္စက္ေသာ ရာဇ၀တ္မႈမ်ားျဖစ္ေပၚေနမႈတို႔၏ အေၾကာင္းကို သေဘာေပါက္ႏိုင္မည္ မဟုတ္ပါ။

ဤသင္ခန္းစာ၏အေရးႀကီးမႈကို ပံုႀကီးခ်ဲ႕ျခင္း မဟုတ္ပါ။ ဤသင္ခန္းစာကို ဆုေတာင္းျခင္းျဖင့္ အေလးဂ႐ုျပဳ ေလ့လာပါ။ ခဲယဥ္းဆိုးယုတ္ေသာေန႔ရက္ကာလ၌ ဆီးတားႏိုင္သျဖင့္ ကိစၥအလံုးစံုတို႔ကို ၿပီးစီး၍ ခံရပ္ႏိုင္မည့္အ ေၾကာင္း၊ ဘုရားသခင္ျပင္ဆင္ေတာ္မူေသာ လက္နက္စံုကို ယူတင္၀တ္ေဆာင္ႏိုင္ေစရန္ ဆုေတာင္းပါသည္။

သင္ခန္းစာ

၁။ နတ္ဆိုးရွိေၾကာင္းကို မည္သို႔သိႏိုင္ပါသနည္း။

(က) နတ္ဆိုးရွိေၾကာင္းကို ဓမၼေဟာင္းက်မ္း၊ ဓမၼသစ္က်မ္းႏွစ္အုပ္လံုးတြင္ အသိအမွတ္ျပဳထားပါသည္။

(၁) ဓမၼေဟာင္းက်မ္း။

(က) ဣသေရလလူမ်ိဳးတို႔သည္ နတ္ဆိုးတို႔အားယဇ္ပူေဇာ္ျခင္းျဖင့္ ဘုရားသခင္ကို စိတ္ဆိုးေစပါသည္။ (ဆာ-၁၀၆း၃၇။ တရား ၃၂း၁၁)

(ခ) ထိုအခါယခုေခတ္ကဲ့သို႔ပင္ နတ္ဆိုးကိုးကြယ္မႈရွိခဲ့ပါသည္။ ၁ေကာ၁၀း၂၀။ ဘုရားသခင္အျပစ္တင္လ်က္ တားျမစ္ထားပါသည္။ (၀တ္ ၁၇း၇)။

(ဂ) ေမာေရွသည္ ဣသေရလလူမ်ိဳးတို႔အား နတ္ဆိုးႏွင့္ ေပါင္းျခင္း၊ ျပဳစားေသာ အတတ္၊ လူေသကိုေမးျခင္းစသည္မ်ား မျပဳလုပ္ရန္တားျမစ္ထားပါသည္။ (တရား ၁၈း၉-၁၂)။

(၂) ဓမၼသစ္က်မ္းတြင္

(က) နတ္ဆိုးရွိသည္ဟု ခံယူထားသည္။ ယာ ၊ ၂း၁၉

(ခ) သူတို႔၏ သဘာ၀ကို ေဖာ္ျပထားသည္။ (လု ၄း၃၃၊ ၆း၁၈)။

(ဂ) ညစ္ညဴး၍ဆိုးညစ္သည္။ (မ။ ၁၂း၄၅)။

(ဃ) စာတန္၏တမန္မ်ားအျဖစ္မွတ္ယူသည္။ မ၊ ၁၂း၂၆-၂၇။

(င) အမ်ားအျပားရွိသည္။ (မာ၊ ၅း၆) ညစ္ညဴးသည္ (မာ ၊ ၁း၂၃) ေၾကာက္မက္ဘြယ္ ေကာင္း၍ တန္ခိုးရွိၿပီး ၾကမ္းတမ္းသည္။ (မာ ၅း၃-၅)

(၂၊စ) ခရစ္ေတာ္၏တန္ခိုးေတာ္ကို မလွန္ႏိုင္ၾက။

(မ ၄း၂၄။ မာ ၁း၂၃) စာတန္ႏွင့္အတူ၊ ထာ၀ရအျပစ္ဒဏ္စီရင္ထားၿပီးျဖစ္သည္။

(မ ၈း၂၉။ ၂၅။ ၄၁)

မွတ္ခ်က္ ။ ။ King James Version မွ Devil ဟူေသာ စကားလံုးကို Demon ဟု ဘာသာျပန္လွ်င္ မွန္ကန္ပါသည္။

(ခ) သမၼာက်မ္းစာ၏အခြင့္အာဏာ ။ စာတန္ႏွင့္ ေျမာက္ျမားစြာေသာ နတ္ဆိုး၊ ၀ိညာဥ္ဆိုးတို႔သည္ အမွန္ရွိေနၾကပါသည္။ သို႔မဟုတ္ သမၼာက်မ္းစာသည္ ပံုျပင္ သို႔မဟုတ္ ဒ႑ာရီသာ ျဖစ္ပါသည္။



(ဂ) ဘာသာေရးသမိုင္း အေထာက္အထား ။ ။ သမုိင္းသုေတသနျပဳရာတြင္ ေရွးေဟာင္းတူးေဖာ္မႈအေျမာက္အျမားသည္ နတ္ဆိုးလကၡဏာမ်ားသာျဖစ္ပါ သည္။ ဘာသာေရးကို ေလ့လာေသာအခါ မူလ၌ စာတန္ႏွင့္ နတ္ဆိုးတို႔ကို ေၾကာက္ရြံ႕ခဲ့ျခင္းမွာ တစ္ကမ ၻာလံုးပင္ျဖစ္ေၾကာင္း ေတြ႔ရွိရပါသည္။

(ဃ) လူတို႔အေတ႔ြအႀကံဳကိုအေထာက္အထားျပဳျခင္း ။ ။ ဧဖက္ ၂း၂-၄ တြင္ စာတန္ႏွင့္ နတ္ဆိုးတို႔သည္ မယံုၾကည္သူတို႔၏စိတ္ႏွလံုးထဲတြင္ လႈပ္ရွားလ်က္ မိမိတို႔အေသြးအသားႏွင့္ ကိုယ္ကာယတပ္မက္မႈေနာက္သို႔လိုက္ရန္ လမ္းဖြင့္ေပး ပါသည္။ ဂရိႏွင့္ ေရာမေခတ္က ကာမတဏွာတပ္မက္မႈမ်ားမွစ၍ မူးယစ္ေဆး၀ါး သံုးစြဲမႈအထိ လိင္တူဆက္ဆံမႈ၊ အလြန္ဆိုးညစ္ေသာလူသတ္မႈမ်ား နတ္ဆိုး ကိုးကြယ္မႈမ်ားတို႔သည္ လူတို႔ကို ထိုနတ္ဆိုးတန္ခိုး တို႔က လႊမ္းမိုးေနေၾကာင္း အေထာက္အထားမ်ားျဖစ္ပါသည္။

(င) ခရစ္ေတာ္ဘုရား နတ္ဆိုးတို႔ကိုေခၚ၍ ႏွင္ထုတ္ေတာ္မူပါသည္။

၂။ နတ္ဆိုးမ်ား မည္သို႔စတင္ျဖစ္ပြားပါသနည္း။

(က) နတ္ဆိုးမ်ား၏ ဇစ္ျမစ္ႏွင့္ ပတ္သက္၍ သမၼာက်မ္းစာ၌ တိတိက်က်ေဖာ္ျပထားမႈမရွိေၾကာင္း ၀န္ခံရမည္ျဖစ္ပါသည္။

(ခ) က်မ္းတတ္ပုဂၢိဳလ္မ်ားသည္ နတ္ဆိုးတို႔၏ ဇစ္ျမစ္ႏွင့္ ပတ္သက္၍ သေဘာထားကြဲလြဲေနၾကပါသည္။

(ဂ) နတ္ဆိုးမ်ား၏ ဇစ္ျမစ္ႏွင့္ ပတ္သက္ေသာ ေတြးေခၚမႈအခ်ိဳး။

(၁) ထိုနတ္ဆိုးမ်ားသည္ အာဒံေခတ္မတိုင္မီရွိခဲ့ေသာ လူသားမ်ား၏ ခႏၶာကိုယ္မရွိေတာ့ေသာ ၀ိညာဥ္မ်ားျဖစ္သည္။ ဤအယူအဆကိုျငင္းပယ္ရန္အခ်က္ (၂)ခ်က္ရွိပါသည္။

(က) အာဒံမတိုင္မီဖန္ဆင္းျခင္းခံရသည္ဟုသိရေသာ အရာမ်ားသည္ ေကာင္းကင္ တမန္မ်ားသာျဖစ္ပါသည္။

(ခ) ဤအေတြးအေခၚလက္ခံႏိုင္ရန္၊ အာဒံမတိုင္မီ လူ႔ယဥ္ေက်းမႈတစ္ရပ္သည္ ဤကမ ၻာေပၚတြင္တည္ရွိခဲ့ၿပီးေနာက္ “ေျမႀကီးသည္ အဆင္းသ႑ာန္မရွိ” (က ၁း၂) ၁း၁ ႏွင့္ က၁း၂ အၾကားတြင္ ကာလၾကာျမင့္စြာၾကာေညာင္းခဲ့သည္ဟူ ေသာ အေတြးအေခၚကိုလက္ခံရန္္လိုအပ္ပါမည္။ ဤအေတြးအေခၚမ်ားသည္ ႀကံဖန္ထားသည္မ်ားသာျဖစ္ပါသည္။

(၂) ထိုသူမ်ားသည္ မိမိတုိ႔ေနရာအရပ္ကိုစြန္႔ပစ္ေသာေကာင္းကင္တမန္မ်ား (ယုဒ-၆)ႏွင့္ လူသားမိန္းမတို႔မွေပါက္ပြားလာေသာ သူမ်ားျဖစ္သည္။ သမၼာက်မ္းစာတြင္ ဤအေတြး အေခၚႏွင့္ ပတ္သက္၍ အတည္ျပဳခ်က္မရွိပါသျဖင့္ ဤအေတြးအေခၚကိုလည္း လူတို႔၏ မွန္းဆခ်က္ဟုသာ မွတ္ယူရပါမည္။

(ဃ) အေကာင္းဆံုးအေျဖမွာ - နတ္ဆိုးမ်ားသည္ လူစီဖာအေနျဖင့္ ဘုရားသခင္ကို ပုန္ကန္ေသာအခါ စာတန္ေနာက္သို႔လိုက္ေသာ ေကာင္းကင္တမန္မ်ားျဖစ္ပါသည္။ ေယဇ ၂၈း၁၄-၁၇။ ေဟရွာ ၁၄း၁၂-၁၇။

(၁) ဗ်ာ ၁၂း၇-၁၀တြင္ စာတန္သည္ ေကာင္းကင္မွက်ေသာအခါ ေကာင္းကင္ၾကယ္တို႔၏ သံုးစုတစ္စုကိုအၿမီးျဖင့္ ဆြဲငင္၍ ေျမသို႔ခ်လိုက္ေၾကာင္း ေဖာ္ျပထားပါသည္။ ေကာင္းကင္ၾကယ္မ်ားသည္ ေကာင္းကင္ တမန္မ်ားျဖစ္ပါသည္။ ေဟရွာ ၁၄း၁၃။

(၂) မ၊ ၂၅း၄၁။ ထာ၀ရမီးတည္းဟူေသာ ငရဲသည္ “မာရ္နတ္ႏွင့္ သူ၏တမန္တို႔အဘို႔ျပင္ထား” လ်က္ရွိေၾကာင္းေဖာ္ျပထားပါသည္။

(၃) ေကာင္းကင္တမန္မ်ားသည္ ၀ိညာဥ္မ်ား၊ နံ၀ိညာဥ္မ်ားျဖစ္သည္။ ဆာ ၁၀၄း၄။ ေဟ ၁း၁၄။

(၄) ႏွင္ထုတ္ျခင္းခံ ေကာင္းကင္တမန္မ်ားသည္ ေဘးဒဏ္ႀကီးကာလ မေရာက္မီတိုင္ေအာင္ ခ်ဳပ္ထားလ်က္ရွိသည္။ ဗ်ာ ၉း၂- ၁၁။ ၁၆း၁၄။ သို႔ရာတြင္ မေရမတြက္ႏိုင္ေအာင္မ်ားျပား ေသာ နတ္ဆိုးတို႔သည္ စာတန္၏ အုပ္ခ်ဳပ္မႈေအာက္တြင္ လြတ္လပ္စြာလႈပ္ရွားႏိုင္လ်က္ အာကာသေကာင္းကင္၌လည္းေကာင္း၊ ၀ိညာဥ္ေလာက၌လည္းေကာင္း၊ ေကာင္းကင္၌ လည္းေကာင္း လႈပ္ရွားေနၾကသည္။ (ဧ-၂း၂။ ၆း၁၂)

၃။ အေရအတြက္မည္မွ်မ်ားျပားပါသနည္း။

(က) မာ ၅း၉တြင္ ဂါဒရျပည္တြင္ ညစ္ညဴးေသာ နတ္စြဲသူ၏ထြက္ခ်က္အရ “ကၽြႏ္ုပ္အမည္ကား ေလေဂါင္ျဖစ္ပါ၏။ ကၽြႏ္ုပ္တို႔သည္ အမ်ားျဖစ္ၾကပါ၏”ဟုေလွ်ာက္ဆိုထားရာ စစ္တပ္ ဖြဲ႔စည္းပံုအရ လူ ၃၀၀၀ မွ ၅၀၀၀ အထိ ပါ၀င္ေသာ ေျခလ်င္တပ္သားႏွင့္ လူ ၃၀၀ ပါ၀င္ေသာ ျမင္းစီးတပ္သားမ်ားပါ၀င္ေသာတပ္ကို ေလေဂါင္ဟုေခၚေၾကာင္းေတြ႔ရွိရ ပါသည္။

(ခ) မာ ၁၆း၉ တြင္ မာဂဒလမာရီအထဲမွ နတ္ဆိုး (၇)ေကာင္ကို ခရစ္ေတာ္သည္ ႏွင္ထုတ္ခဲ့ ေၾကာင္းေဖာ္ျပထားပါသည္။

(ဂ) စာတန္၏အုပ္ခ်ဳပ္မႈေအာက္တြင္ နတ္ဆိုးမ်ားသည္ အေမွာင္ႏိုင္ငံႀကီးထူေထာင္ထားပါ သည္။ မ ၁၂း၂၆။ စာ - ၂၆း၁၈။ ေကာ ၁း၁၃။ ထိုသူတို႔သည္ အထြဋ္အျမတ္မ်ား၊ အာဏာစက္ရွိသူမ်ား၊ ေလာကီေမွာင္မိုက္၌ အစိုးတရျပဳေသာမင္းမ်ား၊ မိုးေကာင္းကင္၌ ေနေသာ နတ္ဆိုးမင္းမ်ားပါ၀င္ၾကပါသည္။

(ဃ) သမၼာက်မ္းစာ၏ေဖာ္ျပခ်က္အရ စာတန္သည္ အရာခပ္သိမ္းတို႔ကို သိႏိုင္စြမ္းရွိေသာ သဗၺညဳတဥာဏ္ေတာ္ကို မပိုင္ေသာ္လည္း သူ၏တမန္တို႔သည္ မ်ားျပားလွသည္ျဖစ္ေသာ ေၾကာင့္၊ ဤ စႀကၤာ၀ဠာတြင္ မည္သည့္အရပ္ေဒသ၌မဆို လႈပ္ရွားႏိုင္ၿပီး စႀက္ာ၀ဠာကို အုပ္စိုးသည့္ တန္ခိုးကိုရယူထားပါသည္။


၄။ နတ္ဆိုးတို႔သည္ မည္သူ၏ အမိန္႔ကိုနာခံ၍ မည္သည့္နယ္ေျမမ်ားတြင္ လႈပ္ရွားပါသနည္း။

(က) စာတန္သည္ နတ္ဆိုးတို႔ကို အုပ္စိုးေသာမင္းျဖစ္ေၾကာင္း ေမးခြန္းထုတ္ရန္မလိုပါ။

မ ၁၂း၂၆၊ ၂၇။ က်ေရာက္မည့္ေဘးဒဏ္ကို ေက်ာ္လႊားရန္ စစ္ၿပိဳင္ေနသည္။

ဧ ၂း၂။ မ - ၂၅း၄၁။

(ခ) ယံုၾကည္သူျဖစ္ေသာသင္ႏွင့္ ကၽြႏ္ုပ္တို႔“ေယ႐ႈခရစ္အားျဖင့္ ထေျမာက္ေစ၍ ေကာင္းကင္ အရပ္၌ ေနရာေပးေတာ္မူၿပီး” ျဖစ္ပါသည္။ ဧဖက္ ၂း၆။ ၁း၃။ (၀ိညာဥ္ေလာက၊ ေကာင္းကင္အရပ္ျဖစ္ပါသည္။) နတ္ဆိုးတို႔သည္ ခရစ္ေတာ္ႏွင့္ ေနာက္ေတာ္လိုက္တို႔ အား စစ္ၿပိဳင္ေနေသာ စစ္နယ္နိမိတ္အတြင္း၌ပင္ျဖစ္ပါသည္။ (ဧ-၆း၁၁-၁၃)။

(၁) စာတန္သည္ “အာကာသေကာင္းကင္၏ တန္ခိုးတို႔ကို အစိုးရေသာမင္း” (ဧ ၂း၂) ျဖစ္ပါသည္။ ဤနည္းအားျဖင့္ အာကာသေကာင္းကင္၌ လႈပ္ရွားေသာ နတ္ဆိုးတပ္ ႀကီးကို အုပ္စိုးရပါသည္။

(၂) စာတန္ႏွင့္ သူ၏နတ္ဆိုး၀ိညာဥ္ဆိုးမ်ားသည္ ေနထိုင္ရန္ ခႏၶာကိုယ္ရွာေဖြလ်က္ ရွိၾကပါသည္။ သူတို႔သည္ လူသားႏွင့္ တိရိစၦာန္မ်ားတို႔၏အထဲ၌ ၀င္ေရာက္ေန ထိုင္ႏိုင္သည္သာမက အလိုရွိသည့္အတိုင္း အမိန္႔ေပးႏိုင္ပါသည္။ ထိုကဲ့သို႔ ၀င္ေရာက္ျခင္းမျပဳလွ်င္လည္း မည္သည့္အမႈကိုမွ် မတတ္ႏိုင္သကဲ့သို႔ျဖစ္ပါ သည္။ (မာ ၅း၂-၁၃။ မ ၄း၂၄။ ၈း၁၆။ ၉း၃၂။ ၁၂း၂၂။ တ ၈း၇။ ၁၆း၁၆ စသည္။


၅။ ညစ္ညဴးေသာနတ္တို႔၏ သေဘာသဘာ၀ႏွင့္ သြင္ျပင္လကၡဏာမ်ား။

(က) သူတို႔သည္ ညစ္ညဴးၾကပါသည္။ (စာရိတၱ ႏွင့္ ၀ိညာဥ္ )

မ ၊ ၁၂း၄၃ ။ မာ ၊၁း၂၃ ။ လု ၊ ၆း ၁၈ ။

(ခ) ဆုိးညစ္သည္။ Wicker မ ၊ ၁၂း၄၅ ။ ဆိုးသြမ္း၏။

တ ၊ ၁၉း ၁၃-၁၆ ။

(ဂ) အလြန္ၾကမ္းၾကဳတ္၏။ (မ ၊ ၈း၂၈ )။

(ဃ) နာက်င္စြာႏွိပ္စက္၏။ (လု ၊ ၉း၃၉-၄၂ ။မ ၊ ၁၇း ၁၄-၂၁ ။ မာ ၊ ၅း၃၅။

(င) ေကာက္က်စ္၏။ မဖြယ္မရာလုပ္တတ္၏။ အခြင့္အေရး ပိတ္ပင္တတ္၏။

မ ၊၁၂း ၄၅ ။ မ ၊ ၉း ၃၃ ။

(စ) စာတန္သည္လူ႔အသက္ကိုသတ္သူျဖစ္၏။ မုသာေျပာသူျဖစ္၏။ လွည့္စားေသာသူ ၊ မမွန္ မကန္စြပ္စြဲလ်က္အျပစ္တင္ေသာသူျဖစ္၏။ သူ၏ေနာက္လိုက္မ်ားမွာလည္းထို႔အတူျဖစ္၏။

ေယာ ၊ ၈း၄၄ ။ ဗ်ာ ၊ ၁၂း၉ ။

(ဆ) မ်က္ျမင္မရေသာ သဘာဝတရားလြန္ကဲေသာ ဝိညာဥ္မ်ားျဖစ္ပါသည္။

(၁) လု ၊ ၂၄း ၃၉ ။ “တေစၧမည္သည္ကား ဤသို႔အသားအ႐ုိးႏွင့္မျပည့္စုံ”။

(၂) ဧ ၊ ၆း၁၂ ။ ငါတို႔သည္ အေသြးအသားရွိ ေသာရန္သူတို႔ႏွင့္ တိုက္လွန္ ရၾက သည္ မဟုတ္။

(ဇ) နတ္ဆိုးမ်ားတြင္ တစ္ေယာက္ခ်င္း၌သီးျခားသေဘာမ်ားရွိလွ်က္ စိတ္ဆႏၵ ၊ ခံစား ခ်က္ ၊

ဥာဏ္ပညာ၊ကိုယ္ပိုင္ဆုံးျဖတ္ခြင့္မ်ားရွိၿပီးစာတန္၏ၫႊန္ၾကားမႈျဖင့္ လႈပ္ရွားေန ၾကပါသည္။

(၁) နတ္ဆိုးတို႔သည္ နတ္စင္ (သို႔မဟုတ္) တစ္စုံ တစ္ဦးမွတစ္ဆင့္စဥ္းစားျခင္း၊ စကားေျပာျခင္း ၊လႈပ္ရွားျခင္းမ်ားျပဳၾကပါသည္။ တ ၊ ၁၉း၁၅-၁၆။ မာ ၊ ၅း၁၀။ လု ၊၄း၃၄။

(၂) စာတန္၏ တမန္မ်ားျဖစ္သျဖင့္ စာတန္၏ ပညာကိုသုံးစြဲၾကပါသည္။ ေယဇ ၊ ၂၈း၁၂-၂၀ ။ ၂ရာ ၊ ၁၄း၂၀။

(စ်) ႀကီးစြာေသာ တန္ခိုးကိုပိုင္ဆုိင္ထားပါသည္။ ၂ ေပ ၊၂း၁၁ ၊ဆာ ၊၁၀၃း၂၀ ။ နတ္ဆိုးတို႔သည္ လူသားကိုယ္ခႏၶာကို ရရွိေသာအခါ ပိုမိုထင္ရွားလာပါသည္။ မာ ၊၅း၉ ။

(ည) စာတန္ႏွင့္တကြ နတ္ဆိုးတို႔သည္ ခရစ္ေတာ္ ၊ခရစ္ယာန္မ်ားႏွင့္ဘုရားသခင္၏ အဓိက ရန္သူ ျဖစ္ပါသည္။

မ၊ ၄း၁-၁၁။ ၂ သက္ ၊ ၂း၄။ လု ၊ ၂၂၊၃၁ ။

၆။ နတ္ဆိုး၏ဩဇာအာဏာသည္ မည္မွ်အထိ က်ယ္ျပန္႔ပါသနည္း။

(က) မယုံၾကည္သူမ်ား၏ အသက္တာတြင္-

(၁) အျပစ္သားသည္ ဧဝံေဂလိ တရားေတာ္ကို နားမလည္ေစရန္ ဥာဏ္မ်က္စိကို ကြယ္ေစပါသည္။ (၂ ေကာ ၊ ၄း၄ )

(၂) ေလာကီတရားသို႔ လိုက္ပါေစသည္။ (ဧ ၊ ၂း၁ )

(၃) နတ္ဆိုးတို႔သည္ လူတို႔၏ခႏၶာကို ဝင္ေရာက္ပူးကပ္ၿပီး လူတို႔၏ စိတ္ ၊ ခႏၶာကို အုပ္စိုးကာ ဆိုးညစ္ျခင္း အမ်ဳိးမ်ဳိးကို ေဆာင္ရြက္ရန္ေမာင္းႏွင္ပါသည္။ (မာ ၊ ၅း၂-၁၈ ၊ ေရာ ၊ ၁း၂၄-၃၂ ၊ဗ်ာ ၊ ၉း ၂၀-၂၁ ၊ လု ၊ ၈း၃၆ ။

(၄) “ယုံၾကည္ျခင္း” ကိုပ်က္ျပားေစလ်က္ ဘာသာေရး၏ အေတြးအေခၚမ်ားကို ဘုရားသခင္၏ ေနရာတြင္ အစားထိုးေစပါသည္။ ၁ တိ ၊ ၄း၁-၅ ။

(၅) လူအေျမာက္အမ်ားတို႔အားလည္း မမွန္ေသာ ပေရာဖက္မ်ားျဖစ္ေစသည္။ ၁ ေယာ ၊၄း၁-၄ ။ခရစ္ယာန္တို႔ အထဲတြင္ သေဘာထားကြဲလြဲမႈ၊ ဇေဝဇဝါျဖစ္မႈ မ်ားေပၚေပါက္ေစရန္ မ်ဳိးေစ့ခ်ေပးပါသည္။ မ ၊၁၃း၃၈-၄၀။

(၆) စိတ္ကိုကေယာင္ေခ်ာက္ခ်ား ျဖစ္ေစႏိုင္သည္။ ကိုယ္ခႏၶာ အေၾကာအခ်င္မ်ားကို ကိုင္တတ္သည္။ ကိုယ္ခႏၶာ မလႈပ္ရွားႏုိင္ျဖစ္ေစလွ်က္ ခႏၶာကိုယ္မပ်က္္ဆီးပါ လ်က္ ဖ်ားနာျခင္း ျဖစ္ေစႏိုင္ပါသည္။ မ ၊ ၁၇း၁၄-၂၁ ။၁၂း၄၅ ။မ ၊ ၉း၃၂ ။၁၂း၂၂။ အေၾကာအခ်င္မ်ားကိုက္ခဲျခင္း၊ စိတ္ဓါတ္က်ဆင္းျခင္း၊ စိတ္ေနာက္ ျခင္းႏွင့္မဖြယ္မရာျပဳလုပ္ေစျခင္း မ်ားခံစားရရန္ရွိေနပါေသးသည္။ ထိုအေၾကာင္း ေၾကာင့္ ခရစ္ယာန္တို႔သည္ မာရ္နတ္ကိုဆီးတားၾကရမည္ ျဖစ္ပါသည္။ ယာ ၊၄း၇ ဘုရားသခင္၏လက္နက္စုံကို ဝတ္ဆင္ရမည္။ ဧ ၊ ၆း၁၁ ။ သတိရွိလွ်က္ မအိပ္ဘဲ ေစာင့္ေနၾကရမည္ ျဖစ္ပါသည္။ ၁ ေပ ၊ ၅း၇-၈။

(ခ) ယုံၾကည္သူတို႔၏ အသက္တာတြင္ နတ္ဆိုးတို႔သည္-

(၁) ယုံၾကည္သူကို ဆန္ခါခ်သကဲ့သို႔ ျပဳႏိုင္သည္။ လု ၊ ၂၂း၃၁။

(၂) ယုံၾကည္သူသည္ အစဥ္ပင္ နတ္ဆိုးႏွင့္ တိုက္ပြဲဆင္ႏြဲေနပါသည္။ (ဧ၊၆း၁၀-၁၈)

(၃) ယုံၾကည္သူအား ဝါးမ်ိဳရန္ ရွာေဖြႀကိဳးစားေနသည္။ (၁ေပ ၅း၈)

(၄) ကိုယ္ခႏၶာခ်ိဳ႕တဲ့ျခင္းကို ျဖစ္ေစသည္။ (၂ေကာ ၁၂း၇)။

(၅) ခရစ္ယာန္သည္ နတ္ဆိုးတို႔ႏွင့္ ေပါင္းသင္းျခင္းကို မျပဳရ။ ၁ေကာ။ ၁၀း၂၀-၂၁။

၀တ္၊ ၁၉း၃၇။

၀ိညာဥ္တို႔ကိုစံုစမ္းစစ္ေဆးရမည္။ အေၾကာင္းမွာထိုနတ္ဆိုးတို႔သည္ မွားယြင္း ေသာယံုၾကည္ခ်က္မ်ား ေပးတတ္ေသာေၾကာင့္ ျဖစ္ပါသည္။ (၁ေယာ ၄း၁)

(၆) အသစ္ေမြးဖြားျခင္း၊ ခံရၿပီးေသာယံုၾကည္သူ၊ ၀ိညာဥ္ေတာ္ႏွင့္ ျပည့္၀သူမ်ားအား နတ္ပူး၊ နတ္ဆိုးစြဲရန္မွာ သံသယရွိဘြယ္ရွိေနေသာ္လည္း၊ ခရစ္ယာန္မ်ားအား၊ နတ္ဆိုး၊ ၀ိညာဥ္ဆိုး မ်ား၏ တိုက္ခိုက္ျခင္း၊ လႊမ္းမိုးျခင္းဖ်ားနာေစျခင္း၊ စိတ္အေႏွာက္အယွက္ျဖစ္ ျခင္း။

၇။ နတ္ဆိုးစြဲသည္ ဆိုသည္မွာ အဘယ္နည္း။ နတ္ဆိုးဩဇာလႊမ္းမိုးျခင္းႏွင့္ နတ္ဆိုးစြဲျခင္း မည္ကဲ့သို႔ကြာျခားပါသနည္း။

(က) ဓမၼေဟာင္းက်မ္းထဲတြင္ နတ္ဆိုးစြဲေသာသူ၊ စုန္းအတတ္ကိုျပဳေသာသူ ၊ လူေသ ကိုေမးျမန္းေသာသူ ၊ ျပဳစားတတ္ေသာသူ စသည္မ်ားကိုေတြ႔ရေသာ္လည္း မည္သူမ်ားတို႔ အား မည္သည့္အတိုင္းအတာ အထိပ်ံံံံံံံံံ့ႏွံ႔ေနသည္ကိုမူ မသိရွိရေပ။ ခရစ္ေတာ္ လက္ထက္ တြင္ နတ္ဆိုးစြဲျခင္းမွာ အထင္အရွားရွိလ်က္ အသိအမွတ္ျပဳထားေၾကာင္း တိက်စြာ ေတြ႔ရွိ ရပါသည္။ ယေန႔ကမၻာတြင္ နတ္ဆိုးကိုးကြယ္ေသာ ေဒသမ်ား၌ မိမိတို႔ခႏၶာကိုယ္ကို ႐ုပ္တု ကိုးကြယ္မႈအတြက္ အပ္ႏွံျခင္းျပဳရာတြင္ နတ္ဆိုးစြဲသူမ်ား ေတြ႔ရသည္သာမက ေခတ္မီ ယဥ္ေက်းသည္ဟုဆိုေသာ အေမရိကန္ျပည္တြင္ပင္လွ်င္ နတ္ဆိုးတို႔၏ အေထာက္အ ထားကို ပိုမို ျမင္ေတြ႔ေနရပါသည္။

(ခ) ဓမၼသစ္က်မ္းစာတြင္ ပါေသာနတ္ဆိုးစြဲျခင္း၏ အေထာက္အထားမ်ား-

(၁) တ ၊၈း၇။ “နတ္ဆိုးစြဲေသာသူတို႔၏ အထဲမွ နတ္ဆိုးတို႔သည္ ထြက္သြားၾက၏”။

(၂) မာ ၊ ၁း၃၂ ။ နတ္ဆိုးစြဲေသာ သူရွိသမွ်တို႔ကို အထံေတာ္သို႔ေဆာင္ခဲ့၍

(၃) မ၊ ၄း၂၄။ ၈း၁၆၊ ၁၈။ ခရစ္ေတာ္သည္ ေပ်ာက္ကင္းျခင္းကို ေပးေတာ္မူ၏။

(၄) မ၊ ၉း၃၂၊ နတ္ဆိုးစြဲေသာလူတစ္ေယာက္ကို အလံေတာ္သို႔ ေဆာင္ခဲ့ၾက၏။

(၅) မ၊ ၁၂း ၂၄-၃၀။ နတ္ဆိုးမင္းေဗလေဇဗုလကို အမွီျပဳ၍ နတ္ဆိုးႏွင္ထုတ္သည္ဟု ခရစ္ေတာ္အား စြပ္စြဲၾက၏။

(၆) တ၊ ၁၆း၁၆-၁၈။ နတ္၀င္ေသာမိန္းမငယ္ႏွင့္ ေပါလုတို႔ ေတြ႔ဆံုၾကသည္။

မွတ္ခ်က္။ ။ စာတန္ႏွင့္နတ္ဆိုးတို႔၏ တန္ခိုးအာဏာကို အစဥ္သျဖင့္ ကန္႔သတ္ ထားသည္ႏွင့္အညီ စာတန္ကဲ့သို႔ ဘုရားသခင္အား အထင္အရွား ဆန္႔က်င္ေသာသူမ်ား မ႐ုိမေသျပဳသူမ်ား၏ အသက္တာတြင္ အထင္အရွား ေတြ႔ရပါသည္။

မွတ္ခ်က္။ ။ နတ္ဆိုး ၊ဝိညာဥ္ဆိုးတို႔၏ အဓိက ေဆာင္ရြက္ခ်က္မွာ လူတို႔၏ ၿငိမ္ သက္ျခင္း ကို ဖ်က္ဆီးလ်က္ ညီၫႊတ္မႈကို ၿဖိဳဖ်က္ရန္ျဖစ္ပါလ်က္ စိတ္ဆိုးမာန္ဆိုး ျဖစ္ ျခင္း ၊ ဘဝဆုံး႐ႈံးျခင္း ၊ စိတ္ပူပန္ျခင္း ၊ ဇေဝဇဝါျဖစ္ျခင္း စသည္မ်ားကို တတ္ႏိုင္သမွ် ေဆာင္ရြက္ေပးပါသည္။

(၈) နတ္ဆိုးစြဲဆိုသည္မွာ အဘယ္နည္း။

(၁) လူ၏အထဲသို႔ နတ္တစ္ေယာက္ (သို႔မဟုတ္) အေျမာက္အမ်ားသည္ ၀င္လ်က္၊ လူ၏ကိုယ္ခႏၶာႏွင့္ စိတ္ကိုလံုး၀အုပ္စိုးအပိုင္ယူသည္။

(၂) နတ္ဆိုးသည္ မိမိအေတြးအေခၚ၊ မိမိစကား၊ မိမိအျပဳအမူတို႔ကို ေဖာ္ျပလာေသာ အခါ ထိုသူ၏အမူအရာသည္ ခ်က္ျခင္းေျပာင္းလဲသြားသည္။

(၃) နတ္ဆိုးသည္ ထိုသူမွတစ္ဆင့္ စကားေျပာရာတြင္ နဂိုအသံမဟုတ္ေသာအသံ ျဖင့္လည္းေကာင္း၊ အျခားဘာသာစကားျဖင့္လည္းေကာင္း ေျပာဆိုတတ္သည္။

(၄) နတ္၀င္ခံရေသာသူသည္ မ႐ူးပါ၊ ထိုသူအား အျခားေသာ၀ိညာဥ္က အုပ္စိုးျခင္း သာျဖစ္ပါသည္။

(၅) နတ္ဆိုးစြဲျခင္းေၾကာင့္ျဖစ္လာေသာ အက်ဳိးဆက္သည္မ်ားစြာကြာျခားလွပါသည္။ အထူးႀကီးမားေသာ ခြန္အားကိုရရွိသည္။ (မာ ၊ ၅း၄) ပညာကိုရရွိသည္။ (မာ ၁း၂၃-၂၄)

အလြန္တစ္ရာစိတ္အားငယ္ျခင္း၊ ကေယာင္ေခ်ာက္ျခားျဖစ္ျခင္း၊ အလြန္၀မ္းနည္း ျခင္း၊ ႐ူးသြပ္ျခင္း၊ စိတ္မေကာင္းျဖစ္ျခင္း၊ မိမိကိုယ္မိမိမပိုင္ျခင္းစသည္မ်ားျဖစ္တတ္ပါ သည္။

(၆) ခရစ္ေတာ္အားဆန္႔က်င္ေသာ သေဘာသည္ လူတိုင္းတို႔၌ ျဖစ္တတ္ေသာ သေဘာျဖစ္ပါသည္။ မာ၊ ၁း၂၄။ ၁ေယာ ၄း၁-၄။

(ဃ) နတ္ဆိုးစြဲျခင္းႏွင့္ နတ္ဆိုးႏွိပ္စက္ျခင္း မည္သို႔ကြာျခားပါသနည္း။

(၁) ဤေလာကတြင္ မည္သူတစ္ဦးတစ္ေယာက္မွ်သည္ စာတန္ႏွင့္ နတ္ဆိုးတို႔၏ တိုက္ခိုက္ျခင္းမွကင္းလြတ္သည္ဟူ၍ မရွိပါ။ (၂ေကာ ၄း၄။ ၁ေပ၊ ၅း၈။ ၁တိ ၄း၁။ ၁ေယာ ၄း၁-၄။)

(၂) နတ္ဆိုးစြဲရာတြင္ တစ္စံုတစ္ေယာက္၏ ကိုယ္ခႏၶာထဲသို႔၊ နတ္ဆိုးသည္ ၀င္၍ သူ၏စိတ္ႏွင့္ အျပဳအမူအားလံုးတို႔ကို လံုး၀ေျပာင္းလဲပစ္သည္။ နတ္ဆိုးႏွိပ္စက္ ျခင္းသည္ ထိုပုဂၢိဳလ္အေပၚၾသဇာအာဏာ ေခတၱခဏသက္ေရာက္ျခင္း၊ ေခတၱ အုပ္စိုးျခင္းျဖစ္ပါသည္။

(၃) ခရစ္ယာန္တို႔တြင္ျဖစ္ေစ၊ မယံုၾကည္သူတို႔တြင္ျဖစ္ေစ၊ နတ္ဆိုးႏွိပ္စက္ျခင္းသည္ အတိုင္းအတာအားျဖင့္ တစ္ဦးႏွင့္ တစ္ဦးျခားနားေနပါသည္။ စံုစမ္းေႏွာင့္ယွက္ ျခင္းမွဆိုးရြာေသာ စိတ္အေႏွာက္အယွက္ျဖစ္ေစျခင္းအထိ ကြာျခားပါသည္။ စံုစမ္းေသြးေဆာင္ျခင္းႏွင့္ ဆိုးသြမ္းေသာ အေတြးအေခၚမ်ား၀င္လာ၍ လက္ခံ ေသာအခါ နတ္ဆိုးႏွိပ္စက္မႈသည္သာ၍ ႀကီးပါသည္။

(၄) နတ္ဆိုးၾသဇာလႊမ္းမိုးလာေသာအခါ လူသည္ သမၼာတရားဘက္၌ မ်က္စိကန္း ေန တတ္ပါသည္။ ၂ေကာ ၄း၄၊ မုသားဟုေျပာတတ္ပါသည္။ တ၊ ၅း၃။ မွားယြင္း ေသာ အေျခခံ ပံုေသယံုၾကည္ခ်က္မ်ားေပၚေပါက္လာေစပါသည္။

၁ေယာ ၄း၁-၄။ လံုး၀လမ္းမွားေစပါသည္။ ၁တိ ၄း၁။ မွားယြင္းေသာ အျပဳအမူ ကိုျပဳက်င့္ေစပါသည္။ (၁ေကာ ၁၀း၁၆-၂၂)

မွတ္ခ်က္။ နတ္ဆိုးသည္ ေသျပစ္ထိုက္ေနေသာလူသားတို႔အား ဘုရားသခင္၏စကားေတာ္ ကိုနာခံရန္ လိုလိုလားလားျငင္းပယ္လာသည္အထိသာ ေဆာင္ရြက္ႏိုင္ပါသည္။ ထြက္ ၂၀း၃-၅။ ဘုရားသခင္၏ ပညတ္ေတာ္မ်ားကို အသိအမွတ္မျပဳ ေခါက္ထားသည့္အခါတိုင္းတြင္ ဘုရားသခင္၏ေစာင့္ထိန္းမႈသည္ ပယ္ရွားျခင္းရွိ ၿပီးၾကမ္းတမ္းေသာ နတ္ဆိုး၏ ၾသဇာလႊမ္းမိုးမႈေၾကာင့္လူသည္ အခြင့္အေရး အားလံုးလက္လႊတ္ရသည္။ ၂ေပ ၂း၁၀-၁၂။ ေရာ၊ ၁း၂၄-၃၂)

၈။ နတ္ဆိုးတို႔၏ ေနာက္ဆံုးပန္းတိုင္။

(က) နတ္ဆိုးတို႔သည္ မိမိတို႔ပ်က္စီးမည့္နည္းလမ္း သတ္မွတ္ထားၿပီး ျဖစ္ေၾကာင္းသိရွိထား ၾကပါသည္။ (မ၊ ၈း၂၉)။

(ခ) ခရစ္ေတာ္၏ တန္ခိုးႏွင့္အာဏာေတာ္သည္ သူတို႔အားဖ်က္ဆီး မည္ျဖစ္ေၾကာင္းသိရွိထား ၾကပါသည္။

(ဂ) လုကာ၊ ၈း၃၁ တြင္“အနက္ဆုံးေသာ အရပ္” ဟူေသာစကားႏွင့္ ဗ်ာ၊ ၂၀း၁-၃ တြင္ “အနက္ဆုံးေသာတြင္း” ဆိုသည္မွာ အတူတူပင္ျဖစ္ပါသည္။

(ဃ) သူတို႔အား အနက္ဆုံးေသာတြင္းထဲ၌ ခ်ဳပ္ေႏွာင္ထားရာမွ အႏွစ္တစ္ေထာင္ကာလ ကုန္ခါနီး အခ်ိန္တြင္ ေခတၱခဏ လႊတ္လိုက္ၿပီး ေနာက္ထာဝရကာလကို မီးအိုင္ထဲ၌ ခ်ဳပ္ေႏွာင္ျခင္းခံရမည္ ျဖစ္ပါသည္။ ဗ်ာ၊ ၂၀း၂၀။

၉။ နတ္ဆိုးတို႔၏ ဩဇာလႊမ္းမိုးျခင္း မခံရေစရန္ (သို႔မဟုတ္) နတ္ဆိုးတို႔ကိုႏွင္ထုတ္ႏိုင္ရန္ ယေန႔ ခရစ္ ယာန္တို႔၌ မည္သည္အခြင့္အာဏာမ်ားရွိပါသနည္း။

(က) သာသနာျပဳ ဆရာအခ်ဳိ႕၏ေျပာျပခ်က္တြင္ ခရစ္ေတာ္ကုိ လက္ခံၿပီးေသာသူ အခ်ဳိ႕တို႔ သည္ နတ္ဆိုးစြဲျပန္ေၾကာင္း ပါရွိေသာ္လည္း ကၽြႏု္ပ္၏ခံယူခ်က္တြင္ ထိုသို႔ေသာ ပုဂၢိဳလ္ မ်ားသည္ အစစ္အမွန္ေျပာင္းလဲ ျခင္းမရွိေသးသူ ျဖစ္ပါသည္။ ကၽြႏ္ုပ္၏ခံယူခ်က္ အရဆိုလွ်င္ နတ္ဆိုးသည္ ခရစ္ယာန္တို႔အား ျပင္းထန္စြာ တိုက္ခိုက္ႏိုင္ပါသည္။ သို႔ေသာ္ နတ္ဆိုးမစြဲႏိုင္ပါ။ အဘယ့္ေၾကာင့္နည္း။

(၁) ယုံၾကည္သူ၏ ကိုယ္ခႏၶာသည္ “သန္႔ရွင္းေသာ ဝိညာဥ္ေတာ္၏ ဗိမၼာန္ေတာ္ျဖစ္ ပါသည္။ ၁ ေကာ၊ ၆း၁၉။ ၃း၁၆။

(၂) ခရစ္ယာန္၏ အထဲ၌ရွိေသာ ဝိညာဥ္သည္ အျပင္၌ရွိေသာ ဝိညဥ္ထက္သာ၍ ႀကီးပါသည္။ ၁ ေယာ၊ ၄း၄။

(၃) ေမွာင္မိုက္၏ တန္ခိုးမွ ကၽြႏု္ပ္တို႔အား ေျဖလႊတ္ၿပီးျဖစ္ပါသည္။ ေကာ၊ ၁း၁၃။ ၂း၁၅။ တ၊ ၂၆း၁၈။

(၄) ကၽြႏု္ပ္တို႔အတြက္ အယူခံဝင္ၿပီး အၿမဲဆုေတာင္းေပးေနေသာ အမႈေဆာင္သည္ ရွိသည္ျဖစ္၍ ဆုံး႐ႈံးျခင္းသို႔ ေရာက္ျခင္းဌါ အခြင့္ေပးေတာင္မူ မည္မဟုတ္ပါ။ ၁ ေကာ၊ ၁၀း၁၃။ ယုဒ၊ ၁၄။ ၁ ေယာ၊ ၂း၁

(ခ) နတ္ဆိုးတို႔ အေပၚ၌ခရစ္ေတာ္၏ အခြင့္အာဏာသည္ အႂကြင္းမဲ့ျဖစ္ပါသည္။ မာ၊ ၁း၂၄။ ၅း၆-၁၃။ ၃း၁၁ စသည္ ယုံၾကည္သူတိုင္းတို႔သည္ ဂလ၊ ၂း၂၀ မိမိတို႔ အသက္တာတြင္ အသုံးျပဳရန္ အတြက္ခရစ္ေတာ္၏ အတိုင္းအဆ မရွိေသာ တန္ခိုးေတာ္ကို ရယူသုံးစြဲပိုင္ခြင့္ ေပးထားပါသည္။ ၂ ေကာ၊ ၁၂း၉။ ဖိ၊ ၄း၁၃။ ဧ၊၃း၂၀။ ဖိ၊ ၃း၁၀။ ဧ၊ ၆း၁၀။ ၁း၁၉-၂၀။

(ဂ) ဘုရားသခင္၏ လက္နက္စုံကို ဝတ္ဆင္ထားရန္ ခရစ္ယာန္တို႔အားတိုက္တြန္းထားပါ သည္။ ဤသို႔ဘုရားသခင္၏ လက္နက္စံုကို ၀တ္ဆင္လ်က္ဆုေတာင္းျခင္းျဖင့္လည္း ေကာင္း၊ သန္႔ရွင္ေသာ၀ိညာဥ္ေတာ္၏တန္ခိုးအားျဖင့္လည္းေကာင္း စာတန္အား တြန္းလွန္ တိုက္ခိုက္လ်က္ စာတန္၏ရန္ကုိၿငိမ္းေစႏိုင္ပါသည္။ ဧ ၆း၁၁-၁၈။ ယာ။ ၄း၇။ ၁ေယာ ၄း၄။ ဖိ။ ၄း၁၃။ မ၊ ၁၇း၂၁ စသည္။

မွတ္ခ်က္။ အုပ္စိုးမင္းလုပ္သူစာတန္ကို အႏိုင္ယူေအာင္ႏိုင္သည္မွန္လွ်င္ သူ၏ တမန္တို႔ အေပၚ၌လည္းေအာင္ႏိုင္ရန္ ေျမႀကီးလက္ခတ္မလြဲပင္ျဖစ္ပါသည္။

(ဃ) ခရစ္ေတာ္သည္ နတ္ဆိုးကို မိမိတန္ခိုးျဖင့္အလြယ္တကူ ႏွင္ထုတ္ေတာ္မူပါသည္။ မ၊ ၄း၂၄။ ၈း၁၆။ ၉း၃၂။ ၁၂း၂၂ မိမိတမန္ေတာ္တို႔အားလည္း နတ္ဆိုးတို႔ကို ႏွင္ထုတ္ႏိုင္ ေသာအခြင့္ကို ေပးေတာ္မူ၏။ မာ ၃း၁၄-၁၅။ မ ၁၀း၁၁။ တပည့္ေတာ္အပါးခုႏွစ္ဆယ္တို႔ အား နတ္ဆိုးတို႔ကိုႏွင္ထုတ္ႏိုင္ေသာအခြင့္ကိုေပးေတာ္မူပါသည္။ လု ၁၀း၁၇ တမန္ေတာ္ ႀကီးရွင္ေပါလုသည္ သခင္ေယ႐ႈ၏နာမေတာ္၌လည္းေကာင္း၊ သန္႔ရွင္းေသာ ၀ိညာဥ္ေတာ္ ၏တန္ခိုးေတာ္အားျဖင့္လည္းေကာင္း၊ နတ္ဆိုးတို႔ကို ႏွင္ထုတ္ခဲ့ပါသည္။ (တ ၁၃း၆-၁၁။ ၁၆း၁၈)

မွတ္ခ်က္။

(၁) အထက္ပါအခ်က္တို႔ကို ေထာက္႐ႈျခင္းအားျဖင့္ ယေန႔ခရစ္ယာန္သည္ပင္လွ်င္ နတ္ဆိုးတို႔ကို ႏွင္ထုတ္ႏိုင္ေသာ ထိုတန္ခိုးကိုရယူႏိုင္လ်က္၊ နတ္ဆိုးတို႔ကို အမိန္႔ေပးႏိုင္ သည္ဟုမွတ္ယူရန္မွာ ယုတၱိရွိပါသည္။

(၂) ခရစ္ေတာ္တစ္ပါးတည္းကသာလွ်င္ နတ္ဆိုးလက္မွကယ္တင္ျခင္းကိုလည္း ေကာင္း၊ နတ္ဆိုးကိုႏွင္ထုတ္ျခင္းအမႈကို လည္းေကာင္းျပဳလုပ္ႏိုင္ေသာေၾကာင့္ ထိုနတ္ ဆိုး ႏွင့္ထုတ္ျခင္း ႏွင့္ အမိန္႔ေပးျခင္းအမႈတို႔ကို သခင္ေယ႐ႈ၏နာမေတာ္အားျဖင့္သာ ျပဳလုပ္ရမည္။ တ၊ ၁၆း၁၈။

(၃) ယေန႔ကၽြႏ္ုပ္တို႔သည္ယံုၾကည္ျခင္းအားျဖင့္ လည္းေကာင္း၊ ဧ ၆း၁၆။ ဆီးတားျခင္းအားျဖင့္လည္းေကာင္း၊ ယာ ၄း၇၊ သခင္ေယ႐ႈ၏အေသြးေတာ္အားျဖင့္ လည္းေကာင္း၊ကၽြႏု္ပ္တို႔၏ သက္ေသခံခ်က္အားျဖင့္ လည္းေကာင္း ဗ်ာ၊ ၁၂း၁၁။ သန္႔ရွင္းေသာ ဝိညာဥ္ေတာ္အားျဖင့္လည္းေကာင္း၊ ၁ ေယာ၊ ၄း၄ စာတန္အား အႏိုင္ ယူႏိုင္ပါသည္။

(၄) သို႔ရာတြင္ သူတစ္ပါးတို႔၏အထဲ၌ ဝင္ေရာက္ေနေသာ စာတန္အားႏွင္ထုတ္ရာ တြင္ မ်ားစြာသတိထားရမည္ျဖစ္ပါသည္။ လြယ္လင့္တကူ ဝင္ေရာက္တိုက္ခိုက္ျခင္း မျပဳပါႏွင့္။ စာတန္သည္သင့္ကို ျပန္၍တိုက္ခိုက္မည္ျဖစ္ပါသည္။ အျခားယုံၾကည္သူတို႔၏ အကူအညီကိုရယူပါ။ မိမိကိုယ္တိုင္ဆုေတာင္းျခင္း၊ အစာေရွာင္ျခင္းမ်ားစြာ ျပဳၿပီးမွေဆာင္ ရြက္ပါ။ ဧ၊ ၁၇း၂၁။

၁၀။ ေနာက္ဆုံးႏွင့္နိဂုံး ။ ။ ဘုရားသခင္သည္ အနႏၲတန္ခိုးေတာ္ျဖင့္ စိုးစံလ်က္ရွိေနပါသည္။ စာတန္ႏွင့္ နတ္ဆိုးသည္ဘုရားသခင္၏ တန္ခိုးေတာ္ႏွင့္ အႀကံေတာ္ကို ဖ်က္ဆီးႏိုင္မည္မဟုတ္ပါ။

ဘုရားသခင္သည္ ဘုရားတရားၾကည္ၫိဳျခင္းမရွိေသာသူ တို႔အားဒဏ္ခတ္ရန္ နတ္ဆိုးတို႔ကိုအသုံး ျပဳပါသည္။ (ဆာ၊ ၇၈း၄၉။ ၃ရာ၊ ၂၂း၂၃။)

ဘုရားသခင္သည္ ဘုရားတရားၾကည္ၫိဳျခင္းမရွိေသာသူတို႔အား ဆုံးမရန္ နတ္ဆိုးတို႔ကိုအသုံးျပဳ ေတာ္မူပါသည္။ (လု၊ ၂၂း ၃၁။ ေယာဘ၊ ၄၂း၅-၆။)

အဘယ့္ေၾကာင့္ ဤေလာကႀကီးတြင္ ဤသို႔ျဖစ္ရပါသနည္း။

ဘုရားသခင္သည္ ကမၻာေလာကႀကီး၌ မိမိ၏ႀကီးျမတ္လွေသာ ကယ္တင္ျခင္းအစီအစဥ္ႀကီးကို ခ်မွတ္ထား၍သာျဖစ္ပါသည္။

ဤစႀကၤာဝဋာႀကီးတြင္ ဆိုးသြမ္းေသာ လကၡဏာမ်ားကို ျပဳက်င့္ရန္-

ဘုရားသခင္သည္ အခြင့္ေပးထားေတာ္မူပါသည္။ ထာဝရကာလ ပ်က္စီးျခင္းအတြက္ ယခုကာလ သီးခံ ေတာ္မူျခင္းျဖင့္ တရားသျဖင့္ျပဳေတာ္မူလ်က္ အဆိုးအတြက္ မလြဲမေသြဒဏ္ခတ္ေတာ္မူမည္ ျဖစ္ေၾကာင္းထင္ရွားေစပါသည္။


ေမးခြန္းမ်ား

၁။ ယဥ္ေက်းပါဟုဆိုေသာ ဤကမၻာတြင္ နတ္ဆုိး၊ဝိညာဥ္ဆိုးတို႔၏ လႊမ္းမိုးမူ လကၡဏာအခ်ဳိ႕ ကိုေဖာ္ျပပါ။

၂။ နတ္ဆိုး၊ ဝိညာဥ္ဆိုးရွိေၾကာင္း တန္ခိုးႏွင့္တကြလႈပ္ရွားလ်က္ရွိေၾကာင္းကို ခရစ္ယာန္တို႔ အေနျဖင့္အထူး အေလးထားရန္လိုသည္ဟု ခံယူေစေသာအဓိက အခ်က္(၃)ခ်က္ကို ေဖာ္ျပပါ။

၃။ နတ္ဆိုး၊ ဝိညာဥ္ဆိုးရွိေၾကာင္း ဤသင္ခန္းစာမွ ေထာက္ျပေသာ အေထာက္အထား (၅)ခု အနက္ (၃)ခုကို ေဖာ္ျပပါ။

၄။ သမၼာက်မ္းစာတြင္ နတ္ဆိုး၊ ဝိညာဥ္ဆိုးမ်ား၏ မူလဇစ္ျမစ္ကိုေဖာ္ျပထားျခင္း မရွိသည္ႏွင့္ အညီအခ်ဳိ႕ ပညာရွင္မ်ားကတင္ျပထားေသာ အခ်က္အလက္မ်ားအနက္ ဤသင္ခန္းစာ အေနျဖင့္ပယ္ခ်ထားေသာ အယူ အဆ(၂)ခုကိုေဖာ္ျပပါ။

၅။ အဘယ့္ေၾကာင့္ ဤသီအိုရီ(၂)ခုကို ပယ္ခ်ထားရေၾကာင္းကို အတိုေကာက္ရွင္းျပပါ။

၆။ ဤသင္ခန္းစာတြင္ နတ္ဆိုး၊ဝိညာဥ္ဆိုးတို႔၏ မူလဇစ္ျမစ္အေနျဖင့္ အျဖစ္ႏိုင္ဆုံးေဖာ္ျပ ထားေသာအခ်က္ကို ေဖာ္ျပထားေသာ အခ်က္ကိုေဖာ္ျပလ်က္ ဤသီအိုရီကို လက္ခံရျခင္း အေၾကာင္းအခ်က္(၃)ခ်က္ျဖင့္ တင္ျပပါ။

၇။ နတ္ဆိုး၊ဝိညာဥ္ဆိုး တို႔၏အေရအတြက္ကို သမၼာက်မ္းစာက မည္ကဲ့သို႔ေဖာ္ျပထား သနည္း။ စာတန္၏ တန္ခုိးႏွင့္ပတ္သက္၍ ဤအခ်က္မ်ားသည္မည္ကဲ့သို႔ ဆိုလိုပါသနည္း။

၈။ မည္သူ၏တန္ခိုး အာဏာေအာက္တြင္ ထိုနတ္ဆိုးတို႔သည္ လႈပ္ရွားပါသနည္း။ သူတို႔၏ လႈပ္ရွားရာနယ္ေျမ၏ အက်ယ္အဝန္းကိုေဖာ္ျပပါ။

၉။ ဤသင္ခန္းစာတြင္ ေဖာ္ျပထားေသာ နတ္ဆိုး၏လကၡဏာ(၁၀)ခု အနက္ အနည္းဆုံး(၆)ခု ကိုေဖာ္ျပပါ။ က်မ္းၫႊန္းေဖာ္ျပပါ။

၁၀။ (က) နတ္ဆိုးတို႔၏ တန္ခိုးသည္မည္သည့္ အရပ္တြင္ပိုမို ထင္ရွားပါသနည္း။

(ခ) သူတို႔၏ အဓိကရည္မွန္းခ်က္သည္ မည္သို႔နည္း။

၁၁။ (က) မယုံၾကည္သူတို႔အား နတ္ဆိုးျပဳႏိုင္ေသာ အခ်က္(၃)ခ်က္ကုိေဖာ္ျပပါ။ က်မ္းၫႊန္း ျဖင့္ျပပါ။

(ခ) ခရစ္ယာန္တို႔အေပၚ၌ နတ္ဆိုးျပဳႏိုင္ေသာအခ်က္(၃)ခ်က္ကိုေဖာ္ျပပါ။ က်မ္း ၫႊန္းျဖင့္ျပပါ။

၁၂။ နတ္ဆိုးစြဲျခင္း အေထာက္အထား(၆)ခု အနက္ အနည္းဆုံး(၃)ခုကိုေဖာ္ျပပါ။

၁၃။ နတ္ဆိုးစြဲျခင္းႏွင့္နတ္ဆိုး ႏွိပ္စက္ျခင္းမည္ကဲ့သို႔ ကြာျခားပါသနည္း။

၁၄။ နတ္ဆိုးတို႔၏ ေနာက္ဆုံးပန္းတိုင္ႏွင့္ ပတ္သက္၍က်မ္းစာက မည္ကဲ့သို႔ေဖာ္ျပ ထားပါ သနည္း။

၁၅။ ဒုတိယေမြးဖြားျခင္းခံရၿပီးေသာ ခရစ္ယာန္သည္ နတ္ဆိုးမစြဲႏိုင္ဟု ဤသင္ခန္းစာတြင္ ေဖာ္ျပထားပါသည္။ အေၾကာင္းျပခ်က္(၃)ခုကို ေဖာ္ျပပါ။

၁၆။ စာတန္ႏွင့္နတ္ဆုိးတို႔အား အႏိုင္ယူရန္ႏွင့္စာတန္ႏွင့္နတ္ဆိုး၏ တန္ခိုးကိုခံရပ္ႏိုင္ရန္ ရရွိေသာ တန္ခိုး အနည္းဆုံး(၄)ခုကို ေဖာ္ျပပါ။

၁၇။ သူတစ္ပါးတြင္ စြဲကပ္ေနေသာ နတ္ဆိုးကိုႏွင္ထုတ္ရာတြင္ မည္ကဲ့သို႔ ႀကိဳတင္ကာကြယ္မႈ ယူရမည္နည္း။

၁၈။ ဘုရားသခင္သည္ အခ်ဳပ္အျခာအာဏာျဖင့္ စိုးစံေတာ္မူပါလ်က္ အဘယ္ေၾကာင့္ နတ္ဆိုး၊ဝိညာဥ္ဆိုးတို႔၏ လႈပ္ရွားမႈကိုခြင့္ျပဳေနေၾကာင္း ရွင္းျပပါ။

အမည္------------------------------------------- ရက္စြဲ ၊--------------------

လိပ္စာ--------------------------------------------

----------------------------------------------

------------------------------------------

LESSONS FROM ROGMA INTERNATIONAL FREE BIBLE CORRESPONDENCE SCHOOL

Prepared by William S. H. Piper (D.D)

မွတ္ခ်က္။ စာေပးစာယူ၊ အေ၀းသင္ဒီပလိုမာက်မ္းစာသင္ခန္းစာမ်ား (အခန္း ၁၄) ျဖစ္ပါသည္။
Part 3 (12 MB, until lesson 36) Bible Study (Piper) - received from Saya Aung Naing
http://www.mediafire.com/download.php?p2zfdh4gcf7b47e


http://www.murann.com/ezine/index.php?option=com_content&view=article&id=1518:2012-10-23-14-51-39&catid=9:bible-study&Itemid=10

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...