0

ဗုဒ္ဓဘာသာနှင့်မဆိုင်ပါ။ အောက်ပါ စာအုပ်များမှ မေးလာသည့်အတွက် ရှင်းပြရခြင်းပါ။ Reshare #9Dan Unicode & Zawgyi

 
ဗုဒ္ဓဘာသာနှင့်မဆိုင်ပါ။
အောက်ပါ စာအုပ်များမှ
မေးလာသည့်အတွက် ရှင်းပြရခြင်းပါ။

Reshare #9Dan Unicode & Zawgyi
ယေရှုသည် တိဘက်ဘုန်းကြီးထံတွင်တပည့်ခံခဲ့ခြင်းကြောင့် ယေရှု ဟောသောတရားက ဗုဒ္ဓဟောသောတရားနှင့် ဆင်တူနေသည် ဟုတ်ပါသလား? ဟု ဆိုခြင်းကြောင့် ဗုဒ္ဓနှင့် ယေရှုခရစ်တော်၏ ပုဂ္ဂိုလ်ချင်းနှိုင်းယှဉ်ချက်ကို ဖေါ်ပြပေးလိုပါသည်။

၁) ဗုဒ္ဓသည် ဘီစီ ၅၆၀ တွင် လံမနီအင်ကြင်း ဥယျာဉ်၌ လူ့ဇာတိသဘာဝအတိုင်း ပဋ္ဋိသန္ဓေယူ၍ ဖွားမြင် ခဲ့သည်။
ယေရှုခရစ်တော်သည် ဘီစီ ၄- ခုနှစ်တွင် သန့်ရှင်းသောဝိညာဉ်တော် အားဖြင့် အပျိုကညာ မယ်တော်မာရိ၏ ဝမ်းတွင် ပဋ္ဋိသန္ဓေယူ၍ ဖွားမြင်ခဲ့သည်။ ယနေ့ လူက ဖန်ပြွန်သန္ဓေသားပင် လုပ်နိုင်သည်သို့ပင်။

၂) ဗုဒ္ဓသည် ကိုယ်တိုင်ကျင့်ကြံအားထုတ်ပြီးမှ သူ့ကို ယုံကြည်သူများက ဘုရားအဖြစ်ချီးမြောက် ကိုးကွယ် ကြသည်။
ယေရှုခရစ်တော်သည် ဘုရားစင်စစ်မှ လူ့ဇာတိခံယူ၍ လူသားအဖြစ် လောကသို့ ကြွဆင်းလာသည်။ လူတို့ လက်မခံ၊မယုံကြည်လည်း ယေရှုသည် ဘုရားဖြစ်မြဲဖြစ်လျက် ကမ္ဘာအဆက်ဆက်တည်နေမည်ဖြစ်သည်။

၃) ဗုဒ္ဓသည် မဖွားမြင်မှီ အဘယ်အရပ်မှလာ၍ အဘယ်သူဖြစ်မှန်း မသိရပါ။
ယေရှုခရစ်တော်သည် လောကကိုဖန်ဆင်းသော ဘုရားဖြစ်သည်။ ကျမ်းစာ၏ ပရောဖက်ပြုချက် အတိုင်း ဘုရားကိုလူတို့ တွေ့မြင်ဖို့ လူ့ဇာတိခံယူ ပြည့်စုံစေခဲ့သူဖြစ်သည်။

၄) ဗုဒ္ဓသည် သာမာန်လူသားတစ်ဦးအဖြစ်သာ မွေးဖွားလာခဲ့ပြီး ဘုရား၏ အထူး စေလွှတ်ခြင်းခံရသော အရှင်မဟုတ်ပါ။
ယေရှုခရစ်သည် ခမည်းတော်ဘုရား၏ စေလွှတ်ခြင်းကိုခံရပြီး လူသားများကို အပယ်ငရဲမှ ကယ်တင်ရန် ြွကဆင်းလာသောအရှင် ဖြစ်ပါသည်။

၅) ဗုဒ္ဓသည် သားမယားကို ယူပြီး စွန့်ပစ်ခဲ့သည်။
ယေရှုမူကား မယားယူခြင်း၊ ကိလေသာ ပူလောင်ခြင်းမရှိပေ။

၆) ဗုဒ္ဓသည် သက်တော် ၃၅ နှစ် မှ သက်တော် ၈၀ အထိ သံသရာလည်ခြင်း တရားကို ဟောခဲ့သည်။
ယေရှုသည် သက်တော် ၃၀ မှ ၃၃ နှစ်အတွင်း ကယ်တင်ခြင်းတရားကို ဟောကြားသည်။

၇) ဗုဒ္ဓသည် ကီသာဂေါတမီ၏သား သေဆုံးသောအခါ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်း မပေးနိုင်ခဲ့သလို မည်သည့် အံ့ဩဖွယ်ရာ တန်းခိုးနိမိတ်မှလည်း မပြုခဲ့ပါ။
ယေရှုခရစ်တော်သည် သေပြီးလေးရက်ရှိသူ လာဇရုအား သချိုင်းဂူမှ ရှင်ပြန် ထမြောက်စေခဲ့ပြီး သက်တော်စဉ်တလျှောက်လုံး အံ့ဩဖွယ်သဘာဝလွန် တန်ခိုးနိမိတ်များနှင့် ပြည့်စုံခဲ့သူဖြစ်သည်။

၈) ဗုဒ္ဓသည် အကျင့်ကောင်းခြင်းဖြင့် ကောင်းရာဘုံသို့ရောက် မည်ဟု သွန်သင်သည်။
ယေရှုခရစ်တော်က လူသည်အကျင့်အားဖြင့် လုံးဝ ကယ်တင်ခြင်းမရ နိုင်ကြောင်း ကို သွန်သင်သည်။

၉) ဗုဒ္ဓသည် သူ့ကိုဦးချရှိခိုးဘို့ မပြောဘဲ သူကဲ့သို့ တရားကျင့်ဆောင် လိုက်လျှောက်ရန် သွန်သင်သည်။
ယေရှုခရစ်တော်က ကောင်းကင်ဘုံသို့ဝင်ရန် သူသာလျှင် လမ်းခရီး၊ သမ္မာ တရား၊ အသက် ဖြစ်ကြောင်းနှင့် သူ့ကို အကြွင်းမဲ့ ယုံကြည် အားကိုးရမည် ဖြစ်ကြောင်း သွန်သင်သည်။ ကိုယ်တော် တိုင်က လမ်းဖြစ်သူ၊ ထိုလမ်းဖြင့်သာ လူသားတိုင်း အပယ်ငရဲမှလွတ်မည်ဟု သွန်သင်သူဖြစ်သည်။ လူသားများ၏ ပျပ်ဝပ် ကိုးကွယ်ခြင်းကို ခံခဲ့သည့် ဘုရားလည်း ဖြစ်တော်မူ၏။

၁၀) ဗုဒ္ဓသည် လူသားတို့အား အပြစ်လွှတ်ခြင်းနှင့် ကယ်တင်ခြင်း မပေးနိုင်ခဲ့ချေ။
ယေရှုက ငါ့ကို ယုံကြည်သောသူသည် အပြစ်စီရင်ခြင်းကို မခံရ ကယ်တင်ခြင်း ရမည်ဟု ဂတိတော်ပေးခဲ့သည်။ အဘယ်ကြောင့်ဆိုသော ယေရှုကိုယ်တော်တိုင်က သေခြင်းမှ ရှင်ပြန်ထမြောက်ခဲ့ပြီး သေသောသူတို့ကို ပြန်ရှင်စေသော အခွင့်ရှိခြင်းကြောင့် အသက်ကိုပေးနိုင်ခြင်းဖြစ်ပါသည်၊ မရှိက မပေးနိုင်ပါ။

၁၁) ဗုဒ္ဓသည် အစားမှားပြီး လူ့သဘာဝအတိုင်း သေဆုံး ခဲ့ရသည်။ (သေဆုံးခြင်း၌ ရည်ရွယ်ချက် မရှိပါ)
ယေရှုသည် လူသားအားလုံး၏ အပြစ်အတွက် ယတြာချေရန် ကားတိုင် ထက်တွင် အသေခံခဲ့သည်။ ကျမ်းစာမှ ကြိုတင်ပရောဖက်ပြုချက်အတိုင်း ပြည့်စုံခဲ့သည်။ (လူသတ်၍မဟုတ်)

၁၂) ဗုဒ္ဓ၏ ကိုယ်ခန္ဓာအစိတ်အပိုင်းမှာ လောကတွင် ရှိနေပြီး သေခြင်းတရားကို မအောင်ခဲ့ပါ။(သေဆုံးပြီး အဘယ်အရပ်သို့ သွားသည်ကို သက်သေအခိုင်အမာမပြနိုင်)
ယေရှုသည် သေခြင်းမှ သုံးရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက် ခဲ့ပြီး ထိုခန္ဓာတော်ဖြင့် ကောင်းကင်ဘုံသို့ပြန်သွားခဲ့သည်။ (သေခြင်းမှ ရှင်ပြန်ထမြောက်ပြီး တပည့်တော်များနှင့် ရက်ပေါင်း ၄၀ အတူနေခဲ့ကာ ၅၀ဝ ခန့်သောတပည့်တော် များ၏ မျက်မှောက်မှ ကောင်းကင်သို့ချီဆောင်ခြင်းခံရသည်)

၁၃) ဗုဒ္ဓသည် နောက်တဖန်လောကသို့ ပြန်ကြွလာမည်ဟု မမိန့်ကြားခဲ့ပါ။
ယေရှုက လောကသို့ နောက်တဖန်ကြွလာလျက် ယုံကြည်သူများကို သိမ်းဆည်း မည်ဟု ကတိပေး မိန့်ကြားခဲ့သည်။

၁၄) ဗုဒ္ဓသည် ယခုအချိန် ဘာလုပ်နေသည်ကို အဘယ်သူမှ မသိရကြ။
ယေရှုခရစ်တော်သည် ဘုရား၏ လက်ယာဘက်တွင်ထိုင်ပြီး ကျွန်ုပ်တို့အတွက် ဆုတောင်းပေး နေသည်။ ကျွန်ုပ်တို့ ကောင်းကင်ဘုံ၌ နေရန်အိမ်ကို ပြင်ဆင်ပေးနေပါသည်။

၁၅) ဗုဒ္ဓသည် လောက၏ ဖြစ်ပျက်ခြင်းနိယာမတရား အောက်တွင် ရှိသည်။
ယေရှုသည် အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်းနှင့် ကောင်းကင်ဘုံသို့ ပြန်လည်တက်ကြွသွားခဲ့ခြင်း သက်သေတော်တို့ဖြင့် လောက၏ ဖြစ်ခြင်း ပျက်ခြင်း နိယာမတရားအောက်တွင် မရှိကြောင်း သက်သေ ပြခဲ့သည်။

၁၆) သိဒ္ဓတ္ထဂေါတမသည် ဘုရားမဟုတ်သောကြောင့် ဘုရားဖြစ်ကြောင်း ဖေါ်ပြရန် သူ၌ကိုယ်ပိုင်နာမ မရှိပေ။ သူသည် သင်နှင့်ကျွန်ုပ်ကဲ့သို့ သမ္မာတရားကို ရှာဖွေသူတစ်ဦးသာလျှင်ဖြစ်ပြီး အခြားသူများထက် သမ္မာတရားကို ကြိုးစားရှာဖွေခဲ့သူဟု ဆိုနိုင်ပါသည်။ ဘုရင့်သားဖြစ်သည့်အတွက် မင်းသာလေးဟု ခေါ်ခဲ့ကြပါသည်။ ဘုရားဖြစ်ကြောင်းကိုတော့ အထူး ဖေါ်ပြထားခြင်းမရှိပါ။ ဂေါတမဆိုသည်မှာ ၄င်း အမျိုးအနွယ်၏ အမည် ဖြစ်ပြီး၊ ဗုဒ္ဓဆိုသည်မှာ အလင်းပြသူဟုသာ အဓိပ္ပါယ်ရပါသည်။
ယေရှုဘုရားလောကသို့ ကြွဆင်းမလာမှီ နှစ်ပေါင်း ၇၀ဝ ခန့်တွင် ပရောဖက်ဟေရှာယက လူ့ဇာတိ ခံယူလာမည့် ယေရှု၏ အမည်နာမကို ပရောဖက်ပြုရေးသားရာ၌ အံ့ဩဖွယ်တိုင်ပင်ဖက်၊ တန်ခိုးကြီးသော ဘုရား ၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ဆိုခဲ့ပါသည်။ (ဟေရှာယ ၉း၆)

၁၇) ဗုဒ္ဓ ကကျမ်းတစ်လုံးမှမရေးခဲ့ ။ ဗုဒ္ဓ လွန်ပြီး ၄၅၈ နှစ်ကြာမှ သီရိလကာ်မှာ မင်းကြီးနဲ့ရဟန်းများက ပိဠိကတ်သုံးပုံကို ေရးသားပြုစုခဲ့လို့ လိုတာပိုတာရှိနိုင်မည်။
ယေရှုနှင့်အတူနေခဲ့သော တပည့်တော်ရင်းများက ယေရှုအကြောင်များကို ကျမ်းပြုစုခဲ့ကြသည့် လူသားတိုင်းနှင့်ဆိုင်လို့ ဘာသာစကား ၂၅၀၀ ခန့်ဖြင့် ဘာသာပြန်ဆို ကြရသည်။

၁၈) ဗုဒ္ဓ က ဖန်ဆင်းခြင်းမရှိ ကိုယ်ကျင့်တရားနှင့် ချုပ်ငြိမ်းခြင်းတရား
ယေရှုက ဖန်ဆင်းခြင်း ယုံကြည်ခြင်းတရားနှင့် ထာဝရအသက်
တရားသဘော မတူပါ။

သင်တို့မျော်လင့်ခြင်းအကြောင်းကို မေးသောသူရှိသမျှတို့အား ပြန်ပြောခြင်းငှာကာလအစဥ်မပြတ် အသင့်ရှိနေကြလော့။ (၁ ပေ ၃း၁၅)

ဥာဏ်တိမ်သောသူသည် သူတစ်ပါးပြောသမျှကိုယုံတတ်၏။ ပညာသတိရှိသောသူမူကား မိမိသွားရာလမ်းကို စေ့စေ့ ကြည့်ရှုတတ်၏။ (သု ၁၄း၁၅)

မိုက်သောသူ၏သဘောသို့လိုက်၍ သူ၏စကားကိုချေလော့ သို့မဟုတ်သူသည် ဝါကြွားသောစိတ်ရှိလိမ့်မည်။ (သု ၂၆)

ဘာသာတရားအားလုံးကိုလေးစားလျက်
©Shwe Pay

ဗုဒၶဘာသာႏွင့္မဆိုင္ပါ။
ေအာက္ပါ စာအုပ္မ်ားမွ
ေမးလာသည့္အတြက္ ရွင္းျပရျခင္းပါ။

Reshare #9Dan Unicode & Zawgyi

ေယရႈသည္ တိဘက္ဘုန္းႀကီးထံတြင္တပည့္ခံခဲ့ျခင္းေၾကာင့္ ေယရႈ ေဟာေသာတရားက ဗုဒၶေဟာေသာတရားႏွင့္ ဆင္တူေနသည္ ဟုတ္ပါသလား? ဟု ဆိုျခင္းေၾကာင့္ ဗုဒၶႏွင့္ ေယရႈခရစ္ေတာ္၏ ပုဂၢိဳလ္ခ်င္းႏႈိင္းယွဥ္ခ်က္ကို ေဖၚျပေပးလိုပါသည္။

၁) ဗုဒၶသည္ ဘီစီ ၅၆၀ တြင္ လံမနီအင္ၾကင္း ဥယ်ာဥ္၌ လူ႔ဇာတိသဘာဝအတိုင္း ပဋၬိသေႏၶယူ၍ ဖြားျမင္ ခဲ့သည္။
ေယရႈခရစ္ေတာ္သည္ ဘီစီ ၄- ခုႏွစ္တြင္ သန္႔ရွင္းေသာဝိညာဥ္ေတာ္ အားျဖင့္ အပ်ိဳကညာ မယ္ေတာ္မာရိ၏ ဝမ္းတြင္ ပဋၬိသေႏၶယူ၍ ဖြားျမင္ခဲ့သည္။ ယေန႔ လူက ဖန္ႁပြန္သေႏၶသားပင္ လုပ္ႏိုင္သည္သို႔ပင္။

၂) ဗုဒၶသည္ ကိုယ္တိုင္က်င့္ႀကံအားထုတ္ၿပီးမွ သူ႔ကို ယုံၾကည္သူမ်ားက ဘုရားအျဖစ္ခ်ီးေျမာက္ ကိုးကြယ္ ၾကသည္။
ေယရႈခရစ္ေတာ္သည္ ဘုရားစင္စစ္မွ လူ႔ဇာတိခံယူ၍ လူသားအျဖစ္ ေလာကသို႔ ႂကြဆင္းလာသည္။ လူတို႔ လက္မခံ၊မယုံၾကည္လည္း ေယရႈသည္ ဘုရားျဖစ္ၿမဲျဖစ္လ်က္ ကမာၻအဆက္ဆက္တည္ေနမည္ျဖစ္သည္

၃) ဗုဒၶသည္ မဖြားျမင္မွီ အဘယ္အရပ္မွလာ၍ အဘယ္သူျဖစ္မွန္း မသိရပါ။
ေယရႈခရစ္ေတာ္သည္ ေလာကကိုဖန္ဆင္းေသာ ဘုရားျဖစ္သည္။ က်မ္းစာ၏ ပေရာဖက္ျပဳခ်က္ အတိုင္း ဘုရားကိုလူတို႔ ေတြ႕ျမင္ဖို႔ လူ႔ဇာတိခံယူ ျပည့္စုံေစခဲ့သူျဖစ္သည္။

၄) ဗုဒၶသည္ သာမာန္လူသားတစ္ဦးအျဖစ္သာ ေမြးဖြားလာခဲ့ၿပီး ဘုရား၏ အထူး ေစလႊတ္ျခင္းခံရေသာ အရွင္မဟုတ္ပါ။
ေယရႈခရစ္သည္ ခမည္းေတာ္ဘုရား၏ ေစလႊတ္ျခင္းကိုခံရၿပီး လူသားမ်ားကို အပယ္ငရဲမွ ကယ္တင္ရန္ ျြကဆင္းလာေသာအရွင္ ျဖစ္ပါသည္။

၅) ဗုဒၶသည္ သားမယားကို ယူၿပီး စြန္႔ပစ္ခဲ့သည္။
ေယရႈမူကား မယားယူျခင္း၊ ကိေလသာ ပူေလာင္ျခင္းမရွိေပ။

၆) ဗုဒၶသည္ သက္ေတာ္ ၃၅ ႏွစ္ မွ သက္ေတာ္ ၈၀ အထိ သံသရာလည္ျခင္း တရားကို ေဟာခဲ့သည္။
ေယရႈသည္ သက္ေတာ္ ၃၀ မွ ၃၃ ႏွစ္အတြင္း ကယ္တင္ျခင္းတရားကို ေဟာၾကားသည္။

၇) ဗုဒၶသည္ ကီသာေဂါတမီ၏သား ေသဆုံးေသာအခါ ေသျခင္းမွ ရွင္ျပန္ထေျမာက္ျခင္း မေပးႏိုင္ခဲ့သလို မည္သည့္ အံ့ဩဖြယ္ရာ တန္းခိုးနိမိတ္မွလည္း မျပဳခဲ့ပါ။
ေယရႈခရစ္ေတာ္သည္ ေသၿပီးေလးရက္ရွိသူ လာဇ႐ုအား သခ်ိဳင္းဂူမွ ရွင္ျပန္ ထေျမာက္ေစခဲ့ၿပီး သက္ေတာ္စဥ္တေလွ်ာက္လုံး အံ့ဩဖြယ္သဘာဝလြန္ တန္ခိုးနိမိတ္မ်ားႏွင့္ ျပည့္စုံခဲ့သူျဖစ္သည္။

၈) ဗုဒၶသည္ အက်င့္ေကာင္းျခင္းျဖင့္ ေကာင္းရာဘုံသို႔ေရာက္ မည္ဟု သြန္သင္သည္။
ေယရႈခရစ္ေတာ္က လူသည္အက်င့္အားျဖင့္ လုံးဝ ကယ္တင္ျခင္းမရ ႏိုင္ေၾကာင္း ကို သြန္သင္သည္။

၉) ဗုဒၶသည္ သူ႔ကိုဦးခ်ရွိခိုးဘို႔ မေျပာဘဲ သူကဲ့သို႔ တရားက်င့္ေဆာင္ လိုက္ေလွ်ာက္ရန္ သြန္သင္သည္။
ေယရႈခရစ္ေတာ္က ေကာင္းကင္ဘုံသို႔ဝင္ရန္ သူသာလွ်င္ လမ္းခရီး၊ သမၼာ တရား၊ အသက္ ျဖစ္ေၾကာင္းႏွင့္ သူ႔ကို အႂကြင္းမဲ့ ယုံၾကည္ အားကိုးရမည္ ျဖစ္ေၾကာင္း သြန္သင္သည္။ ကိုယ္ေတာ္ တိုင္က လမ္းျဖစ္သူ၊ ထိုလမ္းျဖင့္သာ လူသားတိုင္း အပယ္ငရဲမွလြတ္မည္ဟု သြန္သင္သူျဖစ္သည္။ လူသားမ်ား၏ ပ်ပ္ဝပ္ ကိုးကြယ္ျခင္းကို ခံခဲ့သည့္ ဘုရားလည္း ျဖစ္ေတာ္မူ၏။

၁၀) ဗုဒၶသည္ လူသားတို႔အား အျပစ္လႊတ္ျခင္းႏွင့္ ကယ္တင္ျခင္း မေပးႏိုင္ခဲ့ေခ်။
ေယရႈက ငါ့ကို ယုံၾကည္ေသာသူသည္ အျပစ္စီရင္ျခင္းကို မခံရ ကယ္တင္ျခင္း ရမည္ဟု ဂတိေတာ္ေပးခဲ့သည္။ အဘယ္ေၾကာင့္ဆိုေသာ ေယရႈကိုယ္ေတာ္တိုင္က ေသျခင္းမွ ရွင္ျပန္ထေျမာက္ခဲ့ၿပီး ေသေသာသူတို႔ကို ျပန္ရွင္ေစေသာ အခြင့္ရွိျခင္းေၾကာင့္ အသက္ကိုေပးႏိုင္ျခင္းျဖစ္ပါသည္၊ မရွိက မေပးႏိုင္ပါ။

၁၁) ဗုဒၶသည္ အစားမွားၿပီး လူ႔သဘာဝအတိုင္း ေသဆုံး ခဲ့ရသည္။ (ေသဆုံးျခင္း၌ ရည္႐ြယ္ခ်က္ မရွိပါ)
ေယရႈသည္ လူသားအားလုံး၏ အျပစ္အတြက္ ယၾတာေခ်ရန္ ကားတိုင္ ထက္တြင္ အေသခံခဲ့သည္။ က်မ္းစာမွ ႀကိဳတင္ပေရာဖက္ျပဳခ်က္အတိုင္း ျပည့္စုံခဲ့သည္။ (လူသတ္၍မဟုတ္)

၁၂) ဗုဒၶ၏ ကိုယ္ခႏၶာအစိတ္အပိုင္းမွာ ေလာကတြင္ ရွိေနၿပီး ေသျခင္းတရားကို မေအာင္ခဲ့ပါ။(ေသဆုံးၿပီး အဘယ္အရပ္သို႔ သြားသည္ကို သက္ေသအခိုင္အမာမျပႏိုင္)
ေယရႈသည္ ေသျခင္းမွ သုံးရက္ေျမာက္ေသာေန႔တြင္ ရွင္ျပန္ထေျမာက္ ခဲ့ၿပီး ထိုခႏၶာေတာ္ျဖင့္ ေကာင္းကင္ဘုံသို႔ျပန္သြားခဲ့သည္။ (ေသျခင္းမွ ရွင္ျပန္ထေျမာက္ၿပီး တပည့္ေတာ္မ်ားႏွင့္ ရက္ေပါင္း ၄၀ အတူေနခဲ့ကာ ၅၀ဝ ခန္႔ေသာတပည့္ေတာ္ မ်ား၏ မ်က္ေမွာက္မွ ေကာင္းကင္သို႔ခ်ီေဆာင္ျခင္းခံရသည္)

၁၃) ဗုဒၶသည္ ေနာက္တဖန္ေလာကသို႔ ျပန္ႂကြလာမည္ဟု မမိန္႔ၾကားခဲ့ပါ။
ေယရႈက ေလာကသို႔ ေနာက္တဖန္ႂကြလာလ်က္ ယုံၾကည္သူမ်ားကို သိမ္းဆည္း မည္ဟု ကတိေပး မိန္႔ၾကားခဲ့သည္။

၁၄) ဗုဒၶသည္ ယခုအခ်ိန္ ဘာလုပ္ေနသည္ကို အဘယ္သူမွ မသိရၾက။
ေယရႈခရစ္ေတာ္သည္ ဘုရား၏ လက္ယာဘက္တြင္ထိုင္ၿပီး ကြၽႏ္ုပ္တို႔အတြက္ ဆုေတာင္းေပး ေနသည္။ ကြၽႏ္ုပ္တို႔ ေကာင္းကင္ဘုံ၌ ေနရန္အိမ္ကို ျပင္ဆင္ေပးေနပါသည္။

၁၅) ဗုဒၶသည္ ေလာက၏ ျဖစ္ပ်က္ျခင္းနိယာမတရား ေအာက္တြင္ ရွိသည္။
ေယရႈသည္ အေသခံျခင္း၊ ရွင္ျပန္ထေျမာက္ျခင္းႏွင့္ ေကာင္းကင္ဘုံသို႔ ျပန္လည္တက္ႂကြသြားခဲ့ျခင္း သက္ေသေတာ္တို႔ျဖင့္ ေလာက၏ ျဖစ္ျခင္း ပ်က္ျခင္း နိယာမတရားေအာက္တြင္ မရွိေၾကာင္း သက္ေသ ျပခဲ့သည္။

၁၆) သိဒၶတၳေဂါတမသည္ ဘုရားမဟုတ္ေသာေၾကာင့္ ဘုရားျဖစ္ေၾကာင္း ေဖၚျပရန္ သူ၌ကိုယ္ပိုင္နာမ မရွိေပ။ သူသည္ သင္ႏွင့္ကြၽႏ္ုပ္ကဲ့သို႔ သမၼာတရားကို ရွာေဖြသူတစ္ဦးသာလွ်င္ျဖစ္ၿပီး အျခားသူမ်ားထက္ သမၼာတရားကို ႀကိဳးစားရွာေဖြခဲ့သူဟု ဆိုႏိုင္ပါသည္။ ဘုရင့္သားျဖစ္သည့္အတြက္ မင္းသာေလးဟု ေခၚခဲ့ၾကပါသည္။ ဘုရားျဖစ္ေၾကာင္းကိုေတာ့ အထူး ေဖၚျပထားျခင္းမရွိပါ။ ေဂါတမဆိုသည္မွာ ၄င္း အမ်ိဳးအႏြယ္၏ အမည္ ျဖစ္ၿပီး၊ ဗုဒၶဆိုသည္မွာ အလင္းျပသူဟုသာ အဓိပၸါယ္ရပါသည္။
ေယရႈဘုရားေလာကသို႔ ႂကြဆင္းမလာမွီ ႏွစ္ေပါင္း ၇၀ဝ ခန္႔တြင္ ပေရာဖက္ေဟရွာယက လူ႔ဇာတိ ခံယူလာမည့္ ေယရႈ၏ အမည္နာမကို ပေရာဖက္ျပဳေရးသားရာ၌ အံ့ဩဖြယ္တိုင္ပင္ဖက္၊ တန္ခိုးႀကီးေသာ ဘုရား ၊ ထာဝရအဘ၊ ၿငိမ္သက္ျခင္းအရွင္ဟု ဆိုခဲ့ပါသည္။ (ေဟရွာယ ၉း၆)

၁၇) ဗုဒၶ ကက်မ္းတစ္လုံးမွမေရးခဲ့ ။ ဗုဒၶ လြန္ၿပီး ၄၅၈ ႏွစ္ၾကာမွ သီရိလကာ္မွာ မင္းႀကီးနဲ႔ရဟန္းမ်ားက ပိဠိကတ္သုံးပုံကို ေရးသားျပဳစုခဲ့လို႔ လိုတာပိုတာရွိႏိုင္မည္။
ေယရႈႏွင့္အတူေနခဲ့ေသာ တပည့္ေတာ္ရင္းမ်ားက ေယရႈအေၾကာင္မ်ားကို က်မ္းျပဳစုခဲ့ၾကသည့္ လူသားတိုင္းႏွင့္ဆိုင္လို႔ ဘာသာစကား ၂၅၀၀ ခန္႔ျဖင့္ ဘာသာျပန္ဆို ၾကရသည္။

၁၈) ဗုဒၶ က ဖန္ဆင္းျခင္းမရွိ ကိုယ္က်င့္တရားႏွင့္ ခ်ဳပ္ၿငိမ္းျခင္းတရား
ေယရႈက ဖန္ဆင္းျခင္း ယုံၾကည္ျခင္းတရားႏွင့္ ထာဝရအသက္
တရားသေဘာ မတူပါ။

သင္တို႔ေမ်ာ္လင့္ျခင္းအေၾကာင္းကို ေမးေသာသူရွိသမွ်တို႔အား ျပန္ေျပာျခင္းငွာကာလအစဥ္မျပတ္ အသင့္ရွိေနၾကေလာ့။ (၁ ေပ ၃း၁၅)

ဥာဏ္တိမ္ေသာသူသည္ သူတစ္ပါးေျပာသမွ်ကိုယုံတတ္၏။ ပညာသတိရွိေသာသူမူကား မိမိသြားရာလမ္းကို ေစ့ေစ့ ၾကည့္ရႈတတ္၏။ (သု ၁၄း၁၅)

မိုက္ေသာသူ၏သေဘာသို႔လိုက္၍ သူ၏စကားကိုေခ်ေလာ့ သို႔မဟုတ္သူသည္ ဝါႂကြားေသာစိတ္ရွိလိမ့္မည္။ (သု ၂၆)

ဘာသာတရားအားလုံးကိုေလးစားလ်က္
©Shwe Pay

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...