သမ္မာကျမ်းစာအုပ်အကြောင်း (၃)
ဓမ္မသစ်ကျမ်းစာခေတ်မှအဖြစ်အပျက်များကိုလေ့လာခြင်း (၁)
Unicode & Zawgyi Reshare-#9Dan
ခရစ်တော်မွေးဖွါးသည့်ဓမ္မသစ်ကျမ်း စာခေတ်မတိုင်ခင်နှစ်ပေါင်း ၃ဝဝ ခန့်ကို ပြန်ကြည့်မည်ဆိုပါက တိုင်းတပါးလူမျိုးခြားတို့၏ ကျုးကျော်သိမ်းပိုက်မှုကိုဆက်တိုက်ခံရသည်။ ဂရိတို့၏လက်အောက်ခံဘဝတွင်ဆိုလျှင်ဂရိယဉ်ကျေးမှု နှင့်ထုံးတမ်းစဉ်လာစာပေတို့ကို အတင်းအဓမ္မသွတ်သွင်းခြင်းကိုခံရသည်။ ထို့ကြောင့်ခရစ်တော်မွေးဖွါး သည့်အချိန်တွင် အစ္စရေးလ်လူမျိုးတို့သည် လွတ်လပ်ရေးကိုအလွန်လိုချင်တမ်းတနေသည့်အချိန်ဖြစ်သည်။
ဤကဲ့သို့သော နိုင်ငံရေးအခြေအနေတွင်ခရစ်တော်မွေးဖွါးလာသဖြင့် ခရစ်တော်၏နောက်လိုက်တမန်တော် ယုဒရှကာရုတ်မှအစ ဂျုးလူမျိုးအတော်များများသည် ခရစ်တော်အားဝိညာဉ်ရေးရာကယ်တင်ပိုင်ရှင် အဖြစ်ထက် အစ္စရေးလ်နိုင်ငံအား တိုင်းတပါး တို့လက်အောက်မှ လွတ်လပ်ရေးရအောင် ခေါင်းဆောင် တိုက်ခိုက်ပေးမည့်သူရဲကောင်း၊ နိုင်ငံရေးခေါင်းဆောင်ကြီးဟု ထင်မြင်ခံယူခဲ့ကြသည်။ အချို့သော
ပညာရှင်များ၏ ထင်မြင်ချက် အရ ယုဒရှကာရုတ်သည်သခင်ယေရှုကိုအဓိပ္ပါယ်မဲ့စွာဖြင့် သစ္စာဖောက်ခြင်းမဟုတ်ဘဲ သခင်ယေရှုအဖမ်းခံရမှ သူ၏တန်ခိုးများကိုပြကာ အစ္စရေးလ် နိုင်ငံလွတ်လပ်ရေးရရန် မဟာတော်လှန်ရေးကြီးကို စတင်မီးမွေးမည်ဆိုသည့်ရည်ရွယ်ချက်ဖြင့် ပြသနာကိုဖန်တီးရန် သစ္စာဖောက်ခဲ့ခြင်းဖြစ်သည် ဟုဆိုသည်။
အစ္စရေးလ် နိုင်ငံ၏သမိုင်းကိုပြောင်းလည်းရန် ရည်ရွယ်ချက်ဖြင့် သစ္စာဖောက်ခဲ့ခြင်းဖြစ်သည်။
သို့သော် လက်တွေ့တွင်သခင်ယေရှုသည် သူထင်သကဲ့သို့ အစ္စရေးလ် နိုင်ငံ၏ နိုင်ငံရေးတော်လှန်ရေး
ခေါင်းဆောင်မဟုတ်ဘဲ၊ လူသားထုတရပ်လုံး၏ ဝိညာဉ်ရေးကယ်တင်ရှင်ဖြစ်နေသဖြင့်မှန်းချက်နှင့်နှမ်းထွက် မကိုက်ဘဲ နောက်ဆုံး ယုဒရှကာရုတ်ခမျာ သူ့ကိုယ်သူအဆုံးစီရင်ခဲ့သည်အထိ ဖြစ်သွားခဲ့သည်။
ခရစ်တော်မွေးဖွါးသည့်အချိန်မှစပြီး လေ့လာမည်ဆိုလျှင် ခရစ်တော်ကို ယောသပ်နှင့်မေရီတို့
မှဗက်လင်မြို့တွင် မွေးဖွါးခဲ့သည်။ ခရစ်တော်မွေးဖွါးခဲ့သည့်အချိန်၌ ဘုရားသခင်က ဤညတွင်
ကယ်တင်သောအရှင်သည် ဒါဝိဒ်မြို့တွင် သင်တို့အဖို့အလိုငှါ မွေးဖွါးပြီဟု ကောင်းကင် တမန်များမှတဆင့် သိုးကျောင်းသားများနှင့် အရှေ့ပြည်မှ ပညာရှိများထံတွင် အသိပေးကြေညာခဲ့သည်။
ဟေရုဒ်မင်းကြီးနတ်ရွာစံသောအခါ သားသုံးယောက်က နိုင်ငံကိုသုံးခြမ်းခွဲကာ ရောမတို့၏ လက်အောက်ခံကိုလိုနီအဖြစ်ဖြင့်ပင် မင်းလုပ်ကြီးစိုးကြသည်။ နှစ်ခြင်းဆရာယောဟန်က သူ့နောက်ကြွလာမည့်အရှင်၏ အကြောင်းကိုကြိုတင် ဟောပြောခဲ့သည်။ ဟေရုဒ် (Herod the Great) ၏ သားသုံးယောက်ထဲတွင် တစ်ယောက်ဖြစ်သည့် ဟေရုအင်တီပါ (Herod Antipas) က သမီးတော်အား တောင်းလိုသောဆုကိုပေးပါမည်ဟု ပေးခဲ့မိသော ကတိတော်အရ၊ သမီးတော်၏တောင်းဆိုချက်ဖြင့် နှစ်ချင်းဆရာယောဟန်ကိုခေါင်းဖြတ်ကွပ်မျက်ခဲ့သည်။
သခင်ယေရှုသည် သူ၏သုံးနှစ်ကြာသည့် အမှုတော်ကိုစတင်သည်။ သုံးနှစ်အတွင်းနိုင်ငံ
တော်နှင့်ဖြောင့်မတ်ခြင်းအကြောင်း ဟောပြောခဲ့ပြီး၊ ထူးဆန်းသောနိမိတ်လက္ခဏာများ
လုပ်ပြခြင်းအားဖြင့် ဘုရား၏တန်ခိုးကိုပြခဲ့သည်။ သူ၏သုံးနှစ်တာလုပ်ဆောင်ချက်များသည် ကမ္ဘာ့သမိုင်းနှင့် လူနေမှုစနစ်တစ်ခုလုံးကို ထာဝရ ပြောင်းလဲစေခဲ့သည့်အဖြစ်ကို မည်သူမျှငြင်းနိုင်မည်မဟုတ်ချေ။ လူတိုင်းကို ကိုယ်နှင့်အမျှချစ်ရန်နှင့်ရန်သူကိုပင်ချစ်ရန် သွန်သင်ဟောပြောခဲ့သည်။သင်၏ပါးတစ်ဖက် အရိုက်ခံရလျှင် နောက်ပါးတစ်ခြမ်းကိုပါ အရိုက်ခံပါဟူ၍ ၎င်း သင်၏အဝတ်တစ်ထည်ကိုအတင်းအဓမ္မ အလုခံရလျှင် နောက်တစ်ထည်ကိုပါ ပေးလိုက်ပါဟူ၍ ၎င်း၊အနိုင်ကျင့်သည့်အနေဖြင့် တမိုင်ခရီးကို လမ်းလျှောက်စေခြင်းကိုခံရလျှင် နောက်ထပ်တစ်မိုင်ပင်လျှောက်လိုက်ပါဟူ၍၎င်း၊ ဟောပြောခဲ့ရာ
ထိုခေတ်ကလူများအဖို့အလွန်ထူးဆန်းသည့် တရားဒေသနာတော်များဖြစ်ခဲ့သည်။
သေခြင်းတရားကိုရင်ဆိုင်ရန်အတွက်ယေရုရှလင်မြို့သို့ ထွက်သွားခဲ့သည်။ “သူ့ကိုယ်သူ ဘုရားဖြစ်ပါသည် ဟုပြောခြင်းဖြင့် ဘုရားသခင်ကိုစော်ကားသည်” ဟူသော စွဲချက်အတင်ခံရပြီးနောက် ကားတိုင်တွင်အသတ် ခံရသည်။ အသတ်ခံရပြီးအစ္စရေးလ်လူမိုျး တို့၏ ထုံးစံအတိုင်း သချိုင်းအုတ်ဂူတစ်ခုတွင် ခန္ဓာကို င်္သဂြိုလ်သည်။ သူအသတ်မခံရခင် အချိန်များတွင် တစ်ချိန်တွင် သူအသတ်ခံရမည်ဖြစ်ကြောင်း၊ သို့သော် သုံးရက်မြောက်သောနေ့ တွင် ပြန်ရှင်နိုးထမည်ဖြစ်ကြောင်းမိန့်မှာခဲ့ဘူးသဖြင့် သူ၏အလောင်းတော်ကို
နောက်လိုက် များကခိုးယူပြီး သခင်ယေရှုပြန်ရှင်နိုးထလာပြီ၊ အလောင်းမရှိတော့ဘူးဟု အကြံအဖန်လုပ် မည်ကို စိုးရိမ်သောကြောင့် င်္သချိုင်းအုတ်ဂူဝကို အလွန်ကြီးမားသည့် ကျောက်တုံးကြီးတစ်လုံး ဖြင့် ပိတ်ထားရုံမက ရောမစစ်သားများက၂၄ နာရီအချိန်ပြည့်အစောင့်ချထားသည်။ သို့သော်ထိုကျောက်တုံးကြီး နှင့် ထိုအစောင့်စစ်သားများက သခင်ယေရှုပြန်ရှင်နိုးထလာမည့် အဖြစ်ကို မည်သို့မျှ တားဆီးနိုင်စွမ်းမရှိပါ။ သုံးရက်မြောက်နေ့တွင်သခင်ကြိုတင်မိန့်မှာ ခဲ့သည့်အတိုင်း ပြန်ရှင်နှိုးထလာသည်။ ထို့နောက်လူတစ် ယောက်နှစ်ယောက်မျှကိုသာ မဟုတ်ဘဲ လူပေါင်းမြောက်များစွာနှင့်အတူ စားသောက်၊ သွားလာ၊ နေထိုင်တရားဟောခြင်း အားဖြင့် သူအမှန်တကယ်ပြန်ရှင်ခဲ့ကြောင်း လူသားများကိုသက်သေပြခဲ့သည်။
သူ၏နောက်လိုက်တမန်တော်များကို နောက်ဆုံးမှာကြားသွားခဲ့သည်မိန့်မှာချက်
မှာ ''ကောင်းကင်ဘုံ၌၎င်း၊ မြေကြီးပေါ်၌၎င်း၊ စီရင်ပိုင်သောအခွင့်တန်ခိုးရှိသမျှတို့ကိုငါခံ
ရပြီ၊ သင်တို့သွား၍ လူမျိုးတကာတို့ကိုငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊
သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြလော့။ ငါသည်သင်တို့အားပေးသမျှ
သောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှါ ဆုံးမသြဝါဒပေးကြလော့။ ငါသည်လည်း
ကပ်ကမ္ဘာကုန်သည်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိသည်'' ဟူ ဖြစ်သည်။
ထို့နောက်ယုံကြည်သူလူများစွာတို့၏မျက်စိရှေ့မှာပင် ကောင်းကင်သို့ ချီဆောင်ခြင်းကို
ခံရသည်။
(ဆက်လက်ဖော်ပြပါမည်)
နာမတော်မြတ်၌
သောင်းနိူး။
သမ္မာကျမ်းစာအုပ်အကြောင်း (၄) >>>>
မှာ ''ကောင်းကင်ဘုံ၌၄င်း၊ မြေကြီးပေါ်၌၄င်း၊ စီရင်ပိုင်သောအခွင့်တန်ခိုးရှိသမျှတို့ကိုငါခံ
ခံရသည်။
(ဆက်လက်ဖော်ပြပါမည်)
နာမတော်မြတ်၌
သောင်းနိုး။