0

ဆရာကြီးဘီလီဂရေဟမ်။ (Billy Graham)

9Dan ဆရာကြီးဘီလီဂရေဟမ်။ (Billy Graham) Unicode & Zawgyi Billy Graham နှင့်သားအား သမ္မတ အိုဘားမားမှသွားရောက်တွေ့ဆုံခဲ့စဉ် အမေရိကန်နိုင်ငံသား ဘီလီဂရေဟမ်သည် ကမ္ဘာ့သမိုင်းတွင်ခရစ်ယာန်တို့၏ ယုံကြည်ခြင်းကို လူအများဆုံးတို့ထံသို့ဟောပြောသူ၊ ကြားသိလက်ခံစေသူ အဖြစ် အသိအမှတ်ပြုခြင်း ခံရသူဖြစ်သည်။ သူ၏ Billy Graham Evangelistic Association (BGEA) မှထုတ်ပြန်သည့် စာရင်းဇယားအရ နိုင်ငံပေါင်း ၁၈၅ နိုင်ငံမှ လူသန်းပေါင်း ၂၁၅ သန်းခန့်သည် သူ၏ Ministry နှင့်ထိတွေ့ကာ ဝိညာဉ်ခွန်အား ရယူနေကြသည်ဟု ဆိုသည်။
သူ၏အသက်တာတွင် ထောင်နှင့်ချီသော လူတို့အား သခင်ယေရှုကို မိမိ၏ကယ်တင်ပိုင်ရှင် အရှင်သခင်အဖြစ် လက်ခံယုံကြည်စေရန် ဘုရားသခင်က အသုံးပြုခြင်းခံရသည်။ သူသည် ၁၉၁၈ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့တွင် မြောက်ကယ်ရိုလိုင်းနားပြည်နယ်၊ ရှားလော့ မြို့၏လယ်ယာတစ်ခု၌မွေးဖွါးပြီး Wikipedia online Encyclopedia တွင်ဖော်ပြချက် အရ သမ္မတ ထရူးမင်းမှစ၍ လက်ရှိအမေရိကန်သမ္မတ အိုဘားမားအထိ အမေရိကန် သမ္မတပေါင်း (၁၂) ဦး၏ ဝိညာဉ်ရေးအကြံပေးပုဂ္ဂိုလ်ဖြစ်သည်။ (Washington Post, Time Magazine ) Time Magazine တွင်ဖော်ပြချက်အရ သမ္မတ အိုဘားမားသည် Billy Graham ထံ သွားရောက်တွေ့ဆုံလည်ပတ်သော ပထမဦးဆုံးသော အမေရိကန်သမ္မတဖြစ်သည်။ Gallup’s list of admired people တွင် ၂၀ ရာစုလူသားတို့၏ ကြည်ညိုလေးစား ခြင်း အခံရဆုံး ပုဂ္ဂိုလ် (၁၈) ဦးတွင် (၇) ယောက်မြောက်ဖြစ်ပြီး ၁၉၉၃ ခုနှစ်အထိ လူ ၂.၅ သန်းသည် သူဟောသည့် တရားဟောစင် ရှေ့သို့လာရောက်၍ မိမိကိုယ်ကို ယေရှုခရစ်သည် မိမိ၏ကယ်တင်ပိုင်ရှင် သခင်ဖြစ်ကြောင်းကြော်ငြာ၍ ဆက်ကပ်အပ်နှံခဲ့ကြသည်။ တရုတ်နိုင်ငံတွင် သာသနာပြုလုပ်လျှက်ရှိသည့် ဆရာဝန်လည်းဖြစ်သော မီရှင်နရီ တစ်ဦး၏ သမီးဖြစ်သူ Ruth McCue Bell နှင့် ၁၉၄၃ ခုနှစ်တွင်လက်ထပ်သည်။ သူတို့တွင်သမီးသုံးယောက် နှင့် သား နှစ်ယောက် ထွန်းကားသည်။ သူ၏သားတစ်ယောက် ဖြစ်သူ Franklin Graham သည် ဖခင်၏ Billy Graham Evangelistic Association ကို ဆက်လက်ဦးဆောင်သည်။ မြေး ၁၉ ဦးရှိပြီး မြစ်အမြောက်အများကို လည်းဘုရားသခင်က ပေးထားသည်။ အသက်အရွယ်ရလာပြီဖြစ်သဖြင့် မြောက်ကယ်ရိုလိုင်းနားပြည်နယ်၏ တောင်ပေါ်အိမ်ကလေးတွင် အေးအေးဆေးဆေးအနားယူနေထိုင်လျက်ရှိသည်။ သူ၏ချစ်လှစွာသော ဇနီးသည် အသက် (၈၇) နှစ်အရွယ်၊ ၂၀၀၇ ခုနှစ် ဂျွန်လ (၁၄) ရက်နေ့တွင်ခေါ်တော်မူခြင်း ခံခဲ့ရသည်။ ပညာရေးနှင့် အမှုတော်ဆောင်ခြင်း သူ၏အသက် (၁၆) နှစ်အရွယ်၊ ၁၉၃၄ ခုနှစ်တွင် Mordecai Ham ဆိုသူဦးဆောင်သော နိုးကြားရေးဝတ်ပြုအစည်းအဝေး တစ်ခုတွင် သူ့ကိုယ်သူဘုရားသခင်၏ လက်တော်သို့အကြွင်းမဲ့ ဆက်ကပ်အပ်နှံခဲ့သည်။ ယနေ့ Trinity College ဟုနာမည်ပြောင်းထားသော Florida Bible Institute မှဘွဲ့ရခဲ့ပြီး ၁၉၃၉ ခုနှစ်တွင် Southern Baptist Convention ၏ လက်တင်မင်္ဂလာ (Ordination) ပေးခြင်းခံရသည်။ ၁၉၄၃ ခုနှစ်တွင် Wheaton College မှနောက်ထပ်ဘွဲ့ရရှိခဲ့ပြီး အီလီနွိုက်ပြည်နယ် Western Springs ရှိ First Baptist Church တွင်အမှုတော်ဆောင်သည်။ ထိုနောက် Youth for Christ အဖွဲ့ထဲသို့ဝင်ရောက် အမှုတော်ဆောင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးကာစ အချိန်များတွင် သူသည် အမေရိကန်နိုင်ငံသာမက ဥရောပနိုင်ငံ များသို့ပါသွားရောက်၍ တရားဒေသနာများကိုဝေငှသဖြင့် တက်သစ်စဧဝံဂေလိ တရားဟောဆရာကလေး အဖြစ်ဖြစ် လူသိများလာသည်။ ၁၉၄၉ ခုနှစ်တွင် လော့စ်အိန်ဂျယ်လိစ် တွင်ပြုလုပ်သော သူ၏တရားဟောပြောပွဲကြောင့် သူ့ကို တစ်ကမ္ဘာ လုံးမှ ဂရုစိုက်စရာဖြစ်လာက အသိအမှတ်ပြုခြင်းကိုခံရသည်။ ၁၉၅၀ ခုနှစ်တွင် သူ၏ Billy Graham Evangelistic Association (BGEA) ကို မင်နီယာပိုးလိစ် ပြည်နယ် မင်နီစိုးတား မြို့တွင် တည်ထောင်ပြီး ၂၀၀၃ ခုနှစ်တွင် မြောက်ကယ်ရိုလိုင်းနားပြည်နယ် ရှားလော့ မြို့သို့ပြောင်းရွှေ့သည်။ ထိုအမှုတော်တွင် အောက်ပါတို့ကို လုပ်ဆောင်သည်။ · အပတ်စဉ် “Hour of decision” ရေဒီယိုအစီအစဉ်။ · ခြောက်နှစ်တစ်ကြိမ်ပြုလုပ်၍ ရုပ်သံအစီအစဉ်နှင့် လွှင့်သောအထူးခရူးဆိတ် တရားဟောပြောပွဲ။ · နိုင်ငံတကာသို့ဖြန့်ဝေသော “My Answer” ကော်လံ သတင်း (newspaper column)။ · “Decision” မဂ္ဂဇင်း၊ BGEA ၏ ပုံမှန်ထုတ်ဝေသောမဂ္ဂဇင်း။ · ဧဝံဂေလိနှင့်ဆိုင်သော ရုပ်ရှင် တိုထွါများ။ ယနေ့ အသက် ၉၀ ကျော်ပြီဖြစ်သော Billy Graham နှင့် သူ၏ Ministry ကို တကမ္ဘာလုံးမှ သိရှိပြီး၊ ခရစ်ယာန်ဘာသာဝင်မဟုတ်သူများကပင် ကြည်ညိုလေးစားချစ်ခင်ရသော ပုဂ္ဂိုလ် ကြီးတစ်ဦးဖြစ်သည်။ သူရေးသားသော စာအုပ်ပေါင်း (၂၆) ခန့်ရှိကာ ဘာသာပေါင်း မြောက်များစွာတို့သို့ ဘာသာပြန်ဆိုခြင်း ခံရသည်။ အောက်ပါစာအုပ်တို့သည် နာမည်ကျော် လူကြိုက်များသည်။ The Journey (2006) Hope for Each Day (2002) Just As I Am (Autobiography - 1997) Storm Warning (1992) Hope for the Troubled Heart (1991) Facing Death and the Life After (1987 Approaching Hoofbeats: The Four Horsemen of the Apocalypse (1983) Till Armageddon (1981) The Holy Spirit (1978) How to Be Born Again (1977) Angels: God's Secret Agents (1975) The Jesus Generation (1971) အောက်ပါဂုဏ်ထူးဆောင်ဘွဲ့များကိုလည်းချီးမြှင့်ခြင်းခံရသည်။ The Congressional Gold Medal. The Templeton Foundation Prize for Progress in Religion. The Ronald Reagan Presidential Foundation Freedom Award. The Big Brother of the Year Award. Cited by George Washington Carver Memorial Institute for contributions to race relations. Recognized by Anti-Defamation League of B'nai B'rith and National Conference of Christians and Jews for efforts to foster better understanding among faiths. Inducted into the Gospel Music Hall of Fame in 1999. ဆရာကြီးပါဝင်ခဲ့သည့်အောက်ပါ အဖြစ်အပျက်များကိုလည်း သမိုင်းတွင်မှတ်တမ်းတင် ထားပါသည်။ 9/11 အကြမ်းဖက်တိုက်ခိုက်ခံခြင်းအတွက်ပြုလုပ်သော နိုင်ငံတော်ဝတ်ပြုအစည်းအဝေး၊ (September 14, 2001) December 2001 တွင် (KBE) honorary knighthood သူရဲကောင်းဘွဲ့ချီး မြှင့်ခံရခြင်း။ ၁၉၇၃ ခုနှစ်တွင် သမ္မတ Lyndon Johnson ၏ဈာပနအခန်းအနားကိုဦးဆောင်ခြင်း။ ၁၉၉၄ ခုနှစ်တွင် သမ္မတ Richart Nixon ၏ ဈာပနအခန်းအနားတွင် မိန့်ခွန်းပြောကြားခြင်း ၂၀၀၄ ခုနှစ်တွင် သမ္မတ Ronald Reagan ၏ဈာပနအခန်းအနားတွင် လည်းဦးဆောင်ရန်ဖြစ်သော်လည်း ကျန်းမာရေးအခြေအနေကြောင့် မပါဝင်နိုင်ခဲ့ပါ။ နာမတော်မြတ်၌ သောင်းနိုး မှတ်ချက်။ အောက်ဖော်ပြပါ ဝက်ဘ်ဆိုဒ် များမှကောက်နှုတ်ထားပါသည်။ Christianity about.com Wikipedia online Encyclopedia The Washington Time Time Magazine ဆရာႀကီးဘီလီဂေရဟမ္။ (Billy Graham) Billy Graham ႏွင့္သားအား သမၼတ အိုဘားမားမွသြားေရာက္ေတြ႔ဆံုခဲ့စဥ္ အေမရိကန္ႏိုင္ငံသား ဘီလီဂေရဟမ္သည္ ကမာၻ႕သမိုင္းတြင္ခရစ္ယာန္တို႔၏ ယံုၾကည္ျခင္းကို လူအမ်ားဆံုးတို႔ထံသို႔ေဟာေျပာသူ၊ ၾကားသိလက္ခံေစသူ အျဖစ္ အသိအမွတ္ျပဳျခင္း ခံရသူျဖစ္သည္။ သူ၏ Billy Graham Evangelistic Association (BGEA) မွထုတ္ျပန္သည့္ စာရင္းဇယားအရ ႏိုင္ငံေပါင္း ၁၈၅ ႏိုင္ငံမွ လူသန္းေပါင္း ၂၁၅ သန္းခန္႔သည္ သူ၏ Ministry ႏွင့္ထိေတြ႕ကာ ၀ိညာဥ္ခြန္အား ရယူေနၾကသည္ဟု ဆိုသည္။ သူ၏အသက္တာတြင္ ေထာင္ႏွင့္ခ်ီေသာ လူတို႔အား သခင္ေယရႈကို မိမိ၏ကယ္တင္ပိုင္ရွင္ အရွင္သခင္အျဖစ္ လက္ခံယံုၾကည္ေစရန္ ဘုရားသခင္က အသံုးျပဳျခင္းခံရသည္။ သူသည္ ၁၉၁၈ ခုႏွစ္ ႏို၀င္ဘာလ (၇) ရက္ေန႔တြင္ ေျမာက္ကယ္ရိုလိုင္းနားျပည္နယ္၊ ရွားေလာ့ ၿမိဳ႕၏လယ္ယာတစ္ခု၌ေမြးဖြါးၿပီး Wikipedia online Encyclopedia တြင္ေဖာ္ျပခ်က္ အရ သမၼတ ထရူးမင္းမွစ၍ လက္ရွိအေမရိကန္သမၼတ အိုဘားမားအထိ အေမရိကန္ သမၼတေပါင္း (၁၂) ဦး၏ ၀ိညာဥ္ေရးအႀကံေပးပုဂၢဳိလ္ျဖစ္သည္။ (Washington Post, Time Magazine ) Time Magazine တြင္ေဖာ္ျပခ်က္အရ သမၼတ အိုဘားမားသည္ Billy Graham ထံ သြားေရာက္ေတြ႕ဆံုလည္ပတ္ေသာ ပထမဦးဆံုးေသာ အေမရိကန္သမၼတျဖစ္သည္။ Gallup’s list of admired people တြင္ ၂၀ ရာစုလူသားတို႔၏ ၾကည္ညိဳေလးစား ျခင္း အခံရဆံုး ပုဂၢဳိလ္ (၁၈) ဦးတြင္ (၇) ေယာက္ေျမာက္ျဖစ္ၿပီး ၁၉၉၃ ခုႏွစ္အထိ လူ ၂.၅ သန္းသည္ သူေဟာသည့္ တရားေဟာစင္ ေရွ႕သို႔လာေရာက္၍ မိမိကိုယ္ကို ေယရႈခရစ္သည္ မိမိ၏ကယ္တင္ပိုင္ရွင္ သခင္ျဖစ္ေၾကာင္းေၾကာ္ျငာ၍ ဆက္ကပ္အပ္ႏွံခဲ့ၾကသည္။ တရုတ္ႏိုင္ငံတြင္ သာသနာျပဳလုပ္လွ်က္ရွိသည့္ ဆရာ၀န္လည္းျဖစ္ေသာ မီရွင္နရီ တစ္ဦး၏ သမီးျဖစ္သူ Ruth McCue Bell ႏွင့္ ၁၉၄၃ ခုႏွစ္တြင္လက္ထပ္သည္။ သူတို႔တြင္သမီးသံုးေယာက္ ႏွင့္ သား ႏွစ္ေယာက္ ထြန္းကားသည္။ သူ၏သားတစ္ေယာက္ ျဖစ္သူ Franklin Graham သည္ ဖခင္၏ Billy Graham Evangelistic Association ကို ဆက္လက္ဦးေဆာင္သည္။ ေျမး ၁၉ ဦးရွိၿပီး ျမစ္အေျမာက္အမ်ားကို လည္းဘုရားသခင္က ေပးထားသည္။ အသက္အရြယ္ရလာၿပီျဖစ္သျဖင့္ ေျမာက္ကယ္ရိုလိုင္းနားျပည္နယ္၏ ေတာင္ေပၚအိမ္ကေလးတြင္ ေအးေအးေဆးေဆးအနားယူေနထိုင္လ်က္ရွိသည္။ သူ၏ခ်စ္လွစြာေသာ ဇနီးသည္ အသက္ (၈၇) ႏွစ္အရြယ္၊ ၂၀၀၇ ခုႏွစ္ ဂၽြန္လ (၁၄) ရက္ေန႔တြင္ေခၚေတာ္မူျခင္း ခံခဲ့ရသည္။ ပညာေရးႏွင့္ အမႈေတာ္ေဆာင္ျခင္း သူ၏အသက္ (၁၆) ႏွစ္အရြယ္၊ ၁၉၃၄ ခုႏွစ္တြင္ Mordecai Ham ဆိုသူဦးေဆာင္ေသာ ႏိုးၾကားေရး၀တ္ျပဳအစည္းအေ၀း တစ္ခုတြင္ သူ႔ကိုယ္သူဘုရားသခင္၏ လက္ေတာ္သို႔အၾကြင္းမဲ့ ဆက္ကပ္အပ္ႏွံခဲ့သည္။ ယေန႔ Trinity College ဟုနာမည္ေျပာင္းထားေသာ Florida Bible Institute မွဘြဲ႕ရခဲ့ၿပီး ၁၉၃၉ ခုႏွစ္တြင္ Southern Baptist Convention ၏ လက္တင္မဂၤလာ (Ordination) ေပးျခင္းခံရသည္။ ၁၉၄၃ ခုႏွစ္တြင္ Wheaton College မွေနာက္ထပ္ဘြဲ႕ရရွိခဲ့ၿပီး အီလီႏြိဳက္ျပည္နယ္ Western Springs ရွိ First Baptist Church တြင္အမႈေတာ္ေဆာင္သည္။ ထိုေနာက္ Youth for Christ အဖြဲ႔ထဲသို႔၀င္ေရာက္ အမႈေတာ္ေဆာင္ခဲ့သည္။ ဒုတိယကမာၻစစ္ၿပီးကာစ အခ်ိန္မ်ားတြင္ သူသည္ အေမရိကန္ႏိုင္ငံသာမက ဥေရာပႏိုင္ငံ မ်ားသို႔ပါသြားေရာက္၍ တရားေဒသနာမ်ားကိုေ၀ငွသျဖင့္ တက္သစ္စဧ၀ံေဂလိ တရားေဟာဆရာကေလး အျဖစ္ျဖစ္ လူသိမ်ားလာသည္။ ၁၉၄၉ ခုႏွစ္တြင္ ေလာ့စ္အိန္ဂ်ယ္လိစ္ တြင္ျပဳလုပ္ေသာ သူ၏တရားေဟာေျပာပြဲေၾကာင့္ သူ႔ကို တစ္ကမာၻ လံုးမွ ဂရုစိုုက္စရာျဖစ္လာက အသိအမွတ္ျပဳျခင္းကိုခံရသည္။ ၁၉၅၀ ခုႏွစ္တြင္ သူ၏ Billy Graham Evangelistic Association (BGEA) ကို မင္နီယာပိုးလိစ္ ျပည္နယ္ မင္နီစိုးတား ၿမိဳ႕တြင္ တည္ေထာင္ၿပီး ၂၀၀၃ ခုႏွစ္တြင္ ေျမာက္ကယ္ရိုလိုင္းနားျပည္နယ္ ရွားေလာ့ ၿမိဳ႕သို႔ေျပာင္းေရႊ႕သည္။ ထိုအမႈေတာ္တြင္ ေအာက္ပါတို႔ကို လုပ္ေဆာင္သည္။ · အပတ္စဥ္ “Hour of decision” ေရဒီယိုအစီအစဥ္။ · ေျခာက္ႏွစ္တစ္ႀကိမ္ျပဳလုပ္၍ ရုပ္သံအစီအစဥ္ႏွင့္ လႊင့္ေသာအထူးခရူးဆိတ္ တရားေဟာေျပာပြဲ။ · ႏိုင္ငံတကာသို႔ျဖန္႔ေ၀ေသာ “My Answer” ေကာ္လံ သတင္း (newspaper column)။ · “Decision” မဂၢဇင္း၊ BGEA ၏ ပုံမွန္ထုတ္ေ၀ေသာမဂၢဇင္း။ · ဧ၀ံေဂလိႏွင့္ဆိုင္ေသာ ရုပ္ရွင္ တိုထြါမ်ား။ ယေန႔ အသက္ ၉၀ ေက်ာ္ၿပီျဖစ္ေသာ Billy Graham ႏွင့္ သူ၏ Ministry ကို တကမာၻလံုးမွ သိရွိၿပီး၊ ခရစ္ယာန္ဘာသာ၀င္မဟုတ္သူမ်ားကပင္ ၾကည္ညိဳေလးစားခ်စ္ခင္ရေသာ ပုဂၢိဳလ္ ႀကီးတစ္ဦးျဖစ္သည္။ သူေရးသားေသာ စာအုပ္ေပါင္း (၂၆) ခန္႔ရွိကာ ဘာသာေပါင္း ေျမာက္မ်ားစြာတို႔သို႔ ဘာသာျပန္ဆိုျခင္း ခံရသည္။ ေအာက္ပါစာအုပ္တို႔သည္ နာမည္ေက်ာ္ လူႀကိဳက္မ်ားသည္။ The Journey (2006) Hope for Each Day (2002) Just As I Am (Autobiography - 1997) Storm Warning (1992) Hope for the Troubled Heart (1991) Facing Death and the Life After (1987 Approaching Hoofbeats: The Four Horsemen of the Apocalypse (1983) Till Armageddon (1981) The Holy Spirit (1978) How to Be Born Again (1977) Angels: God's Secret Agents (1975) The Jesus Generation (1971) ေအာက္ပါဂုဏ္ထူးေဆာင္ဘြဲ႕မ်ားကိုလည္းခ်ီးျမႇင့္ျခင္းခံရသည္။ The Congressional Gold Medal. The Templeton Foundation Prize for Progress in Religion. The Ronald Reagan Presidential Foundation Freedom Award. The Big Brother of the Year Award. Cited by George Washington Carver Memorial Institute for contributions to race relations. Recognized by Anti-Defamation League of B'nai B'rith and National Conference of Christians and Jews for efforts to foster better understanding among faiths. Inducted into the Gospel Music Hall of Fame in 1999. ဆရာႀကီးပါ၀င္ခဲ့သည့္ေအာက္ပါ အျဖစ္အပ်က္မ်ားကိုလည္း သမိုင္းတြင္မွတ္တမ္းတင္ ထားပါသည္။ 9/11 အၾကမ္းဖက္တိုက္ခိုက္ခံျခင္းအတြက္ျပဳလုပ္ေသာ ႏိုင္ငံေတာ္၀တ္ျပဳအစည္းအေ၀း၊ (September 14, 2001) December 2001 တြင္ (KBE) honorary knighthood သူရဲေကာင္းဘြဲ႕ခ်ီး ျမႇင့္ခံရျခင္း။ ၁၉၇၃ ခုႏွစ္တြင္ သမၼတ Lyndon Johnson ၏စ်ာပနအခန္းအနားကိုဦးေဆာင္ျခင္း။ ၁၉၉၄ ခုႏွစ္တြင္ သမၼတ Richart Nixon ၏ စ်ာပနအခန္းအနားတြင္ မိန္႔ခြန္းေျပာၾကားျခင္း ၂၀၀၄ ခုႏွစ္တြင္ သမၼတ Ronald Reagan ၏စ်ာပနအခန္းအနားတြင္ လည္းဦးေဆာင္ရန္ျဖစ္ေသာ္လည္း က်န္းမာေရးအေျခအေနေၾကာင့္ မပါ၀င္ႏိုင္ခဲ့ပါ။ နာမေတာ္ျမတ္၌ ေသာင္းႏိုး မွတ္ခ်က္။ ေအာက္ေဖာ္ျပပါ ၀က္ဘ္ဆိုဒ္ မ်ားမွေကာက္ႏႈတ္ထားပါသည္။ Christianity about.com Wikipedia online Encyclopedia The Washington Time Time Magazine

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...