0

ဂျွန်ပက်တန် John Paton (၁၈၂၄ - ၁၉၀၇) လူသားစား လူရိုင်းများထံ သွားသောဘုရားသခင် ၏စေတမန်

လူသားစား လူရိုင်းများထံ သွားသောဘုရားသခင် ၏စေတမန်

Unicode & Zawgyi
ဂျွန်ပက်တန် John Paton (၁၈၂၄ - ၁၉၀၇)
“သင်တို့ကျွန်ုပ်ကိုပစ်ခတ်နိုင်တယ် (သို့မဟုတ်)
သတ်ပစ်နိုင်တယ်။ဒါပေမဲ့ကျွန်တော်ဟာသင်တို့

ရဲ့အကောင်းဆုံးမိတ်ဆွေဖြစ်ပါတယ်။ ကျွန်တော်
ဟာသေဖို့မကြောက်ပါဘူး။သင်တို့ကျွန်တော့်ကို
သတ်ရင် ကျွန်တော်ချစ်ပြီး အစေခံလျက်ရှိတဲ့
ကျွန်တော့်ဘုရား သခင်ထံကျွန်တော့်ကိုအမြန်
ဆုံးစေလွှတ်ခြင်းသာလျှင် ဖြစ်လိမ့်မယ်” ဟူ၍
ရွာတစ်ရွာ တွင်သူ့အားဝိုင်း ရံထားသောကြမ်း တမ်းရက်စက်သည့်
လူရိုင်းများကိုပြောလိုက် သည်။

ထိုသူတို့သည် လူသားစားလူရိုင်းများဖြစ်ကြပြီး၊ တင်းပုတ်များနှင့်အခြားလက်နက်များကိုလက်တွင် ကိုင်ဆောင်ထားကြ၏။ မည်သည့်ရက်စက်ကြမ်းကြုတ်မှုကိုမဆိုပြုရန်အဆင်သင့်ရှိနေပုံပေါ်သည်။ သူတို့နှင့် လုံးဝခြားနားလျက်သူတို့အလယ်တွင်ငြိမ်သက်စွာသတ္တိရှိစွာရပ်လျက်နေသော ဂျွန်ပက်တန်ပေါ်တွင်မူချစ်ခြင်း မေတ္တာနှင့် သနားခြင်းကရုဏာပေါ်လွင်နေသည်။ လူအများအား ခရစ်တော်၏မေတ္တာအကြောင်းပြောရန်သာသ နာပြုအနေဖြင့်ရောက်ခဲ့သော်လည်းသူ့ကိုသတ်ပစ်ရန်အသင့်ရှိနေခဲ့ကြသည်။

ဂျွန်ပက်တန်သည် (၁၈၂၄) ခုနှစ်တွင်စကော့တလန်ပြည်၌ဖွားမြင်ခဲ့ပြီး သူ၏မိဘများမှာ ဘုရားတရာ ကြည်ညိုကိုင်းရှိုင်းသူများဖြစ်ကြသည်။ သူ၏ဖခင်မှာကုန်သည်တစ်ဦးလည်းဖြစ်၏။ သူတို့်အိမ်တွင် “သန့်ရှင်း သောအရပ်”ဟုခေါ်သောအခန်းလေး တစ်ခုရှိပြီးဂျွန်ပက်တန်၏ ဖခင်သည်တစ်နေ့လျှင်(၃)ကြိမ်ထိုအခန်းအတွင်း ဝင်ရောက်ပြီး မိသာစုအတွက်၊ စကော့တလန်ပြည်အတွက်၊ တကမ္ဘာလုံးအတွက်ဆုတောင်းလေ့ရှိ၏။ ဤဘုရား တရားကြည်ညိုသောအသက်တာသည် ဂျွန်အားနှိုးဆော်မှုဖြစ်ခဲ့ပြီး ဂျွန်၏အသက်တာ၌လည်းသူ့ဖခင်ကဲ့သို့ ဘုရားသခင်နှင့်အတူ လိုက်လျှောက်ရန်သစ္စာကတိပြုခဲ့ပေသည်။

သူ့မိခင်သည် ယုံကြည်ခြင်း ကြီးမားသောသူ၊ ဘုရားတရားကြည်ညို ကိုင်းရှိုင်းသောသူတစ်ဦးဖြစ်၏။ တစ်ချိန်တွင် ဂျွန်၏ဖခင်သည်အလုပ်ကိစ္စဖြင့်အခြားအရပ်ရောက်နေပြီး အိမ်၌စားစရာမရှိတော့ကြောင်း သူ့မိခင် တွေ့ရှိခဲ့၏။ ဆာငတ်နေသောကလေးများကိုသူမအနီးသို့စုဝေးစေပြီး သူတို့လိုအပ်ချက်များအားလုံး ကိုဘုရား သခင်အားပြောခဲ့၏။

ထိုနောက်နံနက်လင်းချိန်၌စားစရာများကြွယ်၀ စွာရှိလိမ့်မည်ဖြစ်ကြောင်း ကလေးများကို ပြောလျက်သူတို့အား အိပ်ယာဝင်စေခဲ့၏။ နောက်တစ်နေ့ရောက်သောအခါ အမှန်တကယပင်စားစရာများကြွယ် ဝလုံလောက်စွာရရှိခဲ့၏။ ဖခင်ဖြစ်သူသည်သူတို့လိုအပ်ချက်များကိုမသိသော်လည်းဘုရားသခင်၏ တို့ထိပဲ့ပြင်မှု ခံရပြီး ပို့ပေးလိုက်သောကြောင့်ဖြစ်၏။ အံ့အားသင့်နေသောကလေးများကိုမိခင်ဖြစ်သူက “ကလေးတို့ - အဖ ဘုရားသခင်ကိုချစ်ကြနော်။ ယုံကြည်ခြင်းနဲ့မင်းတို့လိုတာတောင်းပါ။ ဘုရားသခင်ကသူ့ဘုန်းထင်ရှားစေဖို့နဲ့

မင်းတို့ကောင်းကျိုးအတွကပေးပါလိမ့်မယ်”ဟုပြောခဲ့ပေသည်။ ဤအချက်ကဂျွန်ဘယ်တော့မှမမေ့ချေ။

အသက်(၁၂)နှစ်အရွယ်၌ဂျွန်သည်ဖခင်ဖြစ်သူ၏အလုပ်၌ကူညီလျက် ဂရိနှင့် လက်တင်ဘာသာစကား များကိုလေ့လာနေခဲ့၏။ စက်ပစ္စည်းကရိယာများ အကြောင်းသင်ယူလေ့လာခဲ့ရာ သာသနာပြုဆရာတစ်ဦးဖြစ်လာ ချိန်၌များစွာအကျိုးကျေးဇူးရှိခဲ့သည်။ သူသည်ခရစ်တော်ကိုကယ် တင်ရှင်အဖြစ်ယုံကြည်လက်ခံပြီးဧဝံဂေလိအမှု တော်ဆောင်တစ်ဦးဖြစ်လာဖို့ မိမိကိုယ်ကိုပြင် ဆင်ရန်ဆန္ဒရှိခဲ့၏။ ဂလပ်(စ်)ဂေါင်(Glasgow) အရပ်ရှိကျမ်းစာ ကျောင်းတွင်သင် တန်းတက်ရောက်ခွင့်ရခဲ့၏။

ဂလပ်(စ်)ဂေါင်မြို့တွင်နေထိုင်ရသောအခြေအနေမှာ မလွယ်ကူလှချေ။ ဂျွန်သည်ဆေးပညာနှင့်ကျမ်းစာ ကိုလေ့လာခဲ့ပြီး စားဝတ်နေရေးအတွက်ကျောင်းတစ်ခု၌စာသင်ကြားပေးခြင်းပြုခဲ့၏။ မြို့တွင်းရှိအဆင့်အတန်း နိမ့်ကျပြီးအထင်မြင်သေးခံရသောလူများကြား၌အမှုတော်ဆောင်ရန်ဂလပ်(စ်)ဂေါင်မြို့သာသနာပြုအဖွဲ့နှင့်ဆက် သွယ်ခဲ့၏။

အမှုတော်ဆောင်ရာ၌အကြိမ်များစွာစိတ်ဓါတ်ကျ ဆင်းစရာများဖြစ်သော်လည်း သစ္စာရှိစွာအမှုတော် ဆောင်ခဲ့၏။ ဘုရားသခင်၏ကျယ်ဝန်းသော စပျစ်ဥယျာဉ်ကြီး၌သစ္စာရှိကြောင်းမပြမီ၊ သေးငယ်သောအရပ်၌ သစ္စာရှိကြောင်းပြဖို့လိုသည်။ (၁၀)နှစ်ခန့်သစ္စာရှိစွာအမှုတော်ဆောင်၍လူများစွာ ကိုခရစ်တော်ထံပို့ဆောင် နိုင်ခဲ့ ပေသည်။ ထိုသူများမှာ အရက်သမားများနှင့်ဘုရား တရားကိုမုန်းတီးပြီးသစ္စာပျက်သူများဖြစ်ကြသည်။ ဂျွန်သည် အမှုတော်ဆောင်ခြင်းအပြင် တက္ကသိုလ်စာပညာများကိုလည်းလေ့လာခဲ့၏။

ဘုရားသခင်၏ခေါ်တော်မူခြင်း

ဂျွန်သည်အခြားအရပ်ဒေသများရှိခရစ်တော်ကိုမသိ၍ပျက်စီးခြင်းရောက်တော့မည့်သူများအတွက်စိုးရိမ် ပူပန်ခဲ့သည်။ အခြားအရပ်ဒေသများတွင် သာသနာပြုရန်သူ့အားဘုရား သခင်ခေါ်တော်မူသည်ဟုခံစားခဲ့ရ၏။ ဤအချိန်တွင်နယူးဟက်ဘရစ် (New Hebrides) ဒေသ၌သာသနာပြုများကို ကူညီရန်သာသနာပြုတစ်ဦး လိုအပ်သည့်သတင်းသူကြားခဲ့ရ၏။“ သွားမည့်သူမရှိပဲဖြစ်နေသောကြောင့် သင့်အသက်တာကို ပူဇော်လော့ ” ဟူသောဘုရားသခင်အသံတော်ကို လက်ခံလျက်သူ့အသက်တာကိုဆက်ကပ်အပ်နှံခဲ့၏။ မြို့တော်သာသနာပြု အဖွဲ့သည်သူ့ အားစေလွှတ်ရန်စိတ် မပါ့တပါဖြစ်ခဲ့ရ၏။“သူသည်လက်ရှိ လုပ်နေသောအမှုတော်ဆောင်လုပ်ငန်းကို ထားရစ်ကာလူသားစားလိုရိုင်းများရှိရာ အရပ်သို့သွားရောက်မည်ကိုသူ့မိတ်ဆွေနှင့် အသိအကျွမ်းများကနားမ လည်နိုင်။

အဖိုးကြီးတစ်ယောက်က “လူကလေးမသွားနဲ့၊ အန္တရာယ် သိပ်များတယ်၊ မင်းကိုလူရိုင်းတွေသတ်စား လိမ့်မယ်” ဟုပြောရာ၊ ဂျွန်ပက်တန်က ပြုံးလျက်“အဖိုးက အသက်ကြီးပြီ၊မကြာမီသေ လျှင်ပိုးရွများစားသောက် ခြင်းခံရမယ်၊ သခင်ယေရှှု“အမှုတော်ဆောင်ရင်း၊ လူရိုင်းများကြောင့်သေ ပြီးပိုးရွများကိုက်စားခံရခြင်းဟာ ကျွန်တော့်အတွက်ခြားနားမှုမရှိပါဘူး”ဟုပြန်ပြောခဲ့သည်။ မိဘများကလည်းဘုရားသခင်၏လမ်းပြဦးဆောင်မှု အတိုင်းလိုက်နာရန် ဂျွန်ကိုခွင့်ပြုခဲ့သည်။ ဤသို့ဖြင့်(၁၈၅၈)ခုနှစ်၊ ဂျွန်အသက်(၃၄)နှစ်တွင်လက်ထပ်ပြီးစဇနီး ဖြစ်သူနှင့်အတူ နယူးဟက်ဘရစ်သို့ရေကြောင်းခရီးပြုခဲ့၏။

နယူးဟတ်ဘရစ်(လူသားစားလူရိုင်းများအလယ်၌)

နယူးဟတ်ဘရစ်အရပ်သည် ပစိဖိတ်သမုဒ္ဒရာတောင်ပိုင်းကျွန်းများစုဝေးရာဒေသတစ်ခုဖြစ်၏။ သြစတြေးလျနိုင်ငံအရှေ့မြောက်ဖက်မိုင်(၁၄၀၀)အကွာတွင်တည်ရှိ၏။ ထိုဒေသရှိလူများမှာအလွန်ခေတ်နောက် ကျပြီး အဆင့်အတန်းနိမ့်သူများလည်းဖြစ်၏။ သူတို့သည်လူသားစားလေ့ရှိကြပြီးအခြားကြော်မက်ဖွယ်ညှင်းပန်း နှိပ်စက်မှုများလည်းပြုလေ့ရြှိက၏။ လူတစ်ယောက်ကိုသတ်ရန်မှာသူ တို့အတွက်အထူးအဆန်းအဟုတ်ချေ။ လူ

တစ်ယောက်သတ်ဖြတ်ခြင်းကြောင့်သူ တို့သည်ရဲရင့်သူများဖြစ်ကြပါသလား။ မဟုတ်ပါ။ ဝိညာဉ်ဆိုးများက လူ သတ်ရန်သူတို့အားနှိုးဆော် သဖြင့်ဝိညာဉ်ဆိုးများကိုကြောက်ခြင်းကြောင့်လုပ်ဆောင်ခြင်းသာဖြစ်၏။

ဝိညာဉ်ဆိုးများအန္တရာယ်မှကင်းဝေးရန်သူတို့၌ရုပ်တုများ၊ အဆောင်အယောင်များ(လက်ဖွဲ့များ)၊ နတ် ဆရာ၊ မှော်ဆရာများစွာရှိကြ၏။ ဤနတ်ဆရာများသည် ထူးခြားသောအစွမ်းတန်ခိုးရှိပြီးလူတို့အပေါ်၌သြဇာ လွမ်းမိုးမှုများစွာရှိ၏။ သူတို့၌သာမန်သေခြင်းဟူသောအယူအဆမရှိချေ။ သေခြင်းမှန်သမျှကို စုန်းကဝေပြုစား ခြင်းကြောင့်ဟုယုံကြည်ကြပြီး ချက်ခြင်းဆိုသလိုပင်မည်သူ့ကြောင့်သေဆုံးရခြင်းဖြစ်ကြောင်းဆုံးဖြတ်ရန်အစည်း အဝေးပြုလုပ်ကြသည်။

ရွာအကြီးအကဲအမိန့်ဖြင့်သေဆုံးသူနှင့်မရင်းနှီးဆုံးသူတစ်ယောက် ကိုဖမ်းဆီးကာ လှဲလျောင်းစေလျက် စောင့်နေသောလူငယ်တစ်ဦးအားသေနတ်ပေး၍ပစ်သတ်စေ၏။ (ကျွန်းပေါ်သို့မကြာခဏလာသော ကုန်သည် များထံမှရသောသေနတ်)။

ပစ်သတ်ခံရသူ၏မိတ်ဆွေများက ပစ်သတ်သူကိုပြန်သတ်ရန်ကြိုးစားကြ၏။

ဤသို့ဖြင့်သာမန်သေသောလူတစ်ဦးကြောင့်လူမျိူးစုအားလုံးပျောက်ကွယ်သွားသည်အထိသတ်ဖြတ်မှု ကြီးဆက်လက်ဖြစ်ပေါ်နေတော့၏။

ခင်ပွန်းသည်သေဆုံးသောအချိန်၌ဇနီးဖြစ်သူကလည်းလည်ပင်းညစ်လျက်အသတ်ခံရပြီး ခင်ပွန်း၏ အုတ်ဂူအတွင်းမြှုပ်နှံခံရ၏။ အသက်ကြီးသောသူများကိုလည်းဝန်ထုတ်ဝန်ပိုးကြီးသဖွယ်မြင်သောကြောင့်သတ် ပစ်ကြ၏။ ဝိညာဉ်ဆိုးများကိုဘိုးဘေးများအဖြစ်ကိုးကွယ်ကြ၏။ ဤလူများသည် ခရစ်တော်အကြောင်းတစ်ခါမျှ မကြားဘူးကြချေ။

ထိုသူများထံသို့ခရစ်ယာန်သာသနာပြုများသည် ဧဝံဂေလိတရား(ဝမ်းမြောက်ဖွယ်သတင်းကောင်း)ကို ယူဆောင်သွားခဲ့ကြ၏။ ရှေးဦးသာသနာပြုများသည် ထိုအရပ်များသို့ရောက်ရှိခဲ့ကြပြီးချက်ချင်းဆိုသလိုပင် အသတ်ခံရပြိး လူသားစားလူရိုင်းများက စားသောက်ပစ်လိုက်ကြ၏။ အခြားသောသာသနာပြုများလည်း အသတ်ခံရခြင်း၊ ထွက်ပြေးရခြင်းများတွေ့ကြုံရ၏။ သို့သော်လည်း ဂျွန်ပက်တန်ရောက်ရှိသောအချိန်၌ဆန့်ကျင် မှုများကြားမှပင် သာသနာပြုဇနီးမောင်နှံ(၂)တွဲ ထိုအရပ်တွင်နေထိုင်လျက်အမှုတော်ဆောင်နေကြ၏။

တန်နာကျွန်း၌ (In Tanna)
တန်နာကျွန်းသည်နယူးဟတ်ဘရစ်ရှိကျွန်း တစ်ကျွန်းဖြစ်ပြီးဧဝံဂေလိတရားမျိုးစေ့ အပင်ပေါက်ရန်ဆန့် ကျင်သောဒေသဖြစ်၏။ (မှော်ဆရာ)နတ်ဆရာများသည်ဧဝံဂေ လိတရားအတွက် အကြီးအကျယ် ဆုံးသောအဆီး အတားများဖြစ်ကြ၏။ အကြောင်းမှာဧဝံဂေလိတရားကို လူများယုံကြည်လျှင်လူတို့၏တန်ခိုး၊သြဇာလွမ်းမိုးမှုရှိနိုင် တော့မည်မဟုတ်ကြောင်းသူတို့ သိသောကြောင့်ကြီးမားစွာ အဆီးအတားပြုကြခြင်းဖြစ်၏။ထို့ကြောင့် သဘာ၀ ဘေးအန္တရာယ်များဖြစ်သောမုန် တိုင်းကျခြင်း၊မိုးခေါင်ခြင်းဖြစ်လျှင် သာသနာပြုများကြောင့်ဖြစ်ရကြောင်းနှင့် သူတို့ကိုသတ်ပစ်ရန်လူများကိုနှိုးဆော်ကြ၏။ အဆီးအတားများသည်မျက်နှာဖြူကျွန်ကုန်သည်များထံမှလည်း လာကြ၏။ အကြောင်းမှာသာသနာပြုများသည်ကျွန်ကုန်သည်များ၏ဆိုးရွားသောခေါင်းပုံဖြတ်မှုများကိုဆီးတား အဟန့်အတားပြုသောကြောင့်ပေတည်း။

ဤကဲ့သို့သောကျွန်းပေါ်သို့ဂျွန်ပက်တန်နှင့်ဇနီးသည်တို့ရောက်ရှိခဲ့ကြခြင်းဖြစ်၏။ တန်နာကျွန်းပေါ်သို့ ဆိုက်ရောက်သောအခါမျက်နှာ၌ဆေးချယ်ထားသောလူသားစားလူရိုင်းများကို သိမ်မွေ့သောအသွင်ဖြင့် ဂျွန်ပက်တန် တွေ့မြင်ခဲ့၏။ သူနှင့်သူ၌ပါလာသောပစ္စည်းများကိုစူး စမ်းတွေ့မြင်ချင်သောကြောင့်လာကြည့်ကြခြင်း ဖြစ်နိုင်၏။ တန်နာကျွန်း၌ရေးသားနိုင်သောစာပေမရှိသဖြင့် လက်ဟန်ခြေဟန်ဖြင့်သူတို့စကားပြော၏။ တစ်နေ့ တွင်“ဤအရာဘာ” “သင့်နာမည်ဘယ်သူလဲ” ဟူသောစကားလုံးများကိုထိုသူတို့ဘာ သာစကားများမှ ဂျွန်ပက်တန် ရှာဖွေတွေ့ရှိခဲ့၏။ ဤမေးခွန်း နှစ်ခုကိုအဆက် မပြတ်မေးလျက်အဖြေကိုရေးမှတ်ထားခြင်းဖြင့်လူနှင့် အရာဝတ္ထုများ၏နာမည်များကို သူလေ့လာမှတ်သားခဲ့၏။ ထို့နောက်အခြားစကားလုံးများကို နားထောင်ခြင်းဖြင့် သူတို့၏ စကားကိုတဖြည်းဖြည်းလေ့လာသင်ယူခဲ့၏။

အခက်အခဲများ

တန်နာကျွန်း၌ဂျွန်ပက်တန်ဇနီးမောင်နှံသည် သားလေးတစ်ဦးမွေးဖွားခဲ့ပြီးအ လွန်ဝမ်းမြောက်ခဲ့ကြ၏။ သို့ရာတွင်(၃)ပတ်မျှအကြာ၌မိခင်ဖြစ်သူသည် အကြီးအကျယ်ဖျား နာလျက်အသက်ဆုံးပါးခဲ့ပြီး နောက်တစ်ပါတ် အကြာတွင်သားလေးလည်းသေဆုံးသွားခဲ့၏။ ဂျွန်ပက်တန်ကိုယ်တိုင်လည်းဖျားနာနေခဲ့၏။ သို့သော်လည်း ဇနီးနှင့်ကလေးအ တွက်မြှုပ်နှံရန်တွင်းကိုသူကိုယ်တိုင်တူးခဲ့ပေသည်။ သူ၌ဝမ်းနည်းခြင်းအလွန်ကြီးမားခဲ့ပြီး “သခင်ယေရှှုနှင့်ဘုရား သခင်၏မိတ်သဟာယဖွဲ့ခြင်းအတွက် ငါသူရုူးဖြစ်သွားရလိမ့်မယ်”ဟူ၍သူပြောခဲ့၏။ တန်နာကျွန်း၌အ မှုတော်ဆောင်စဉ်ဘေးန္တရာယ် အဆက်မပြတ်ကြုံတွေ့ခဲ့ရ၏။ မိုးမရွာလျှင်ဖြစ်စေ၊ မကြာခဏ ဖျားနာလျှင်ဖြစ်စေ၊ ထိုအရပ်ရှိလူရိုင်းများသည် ဂျွန်ပက်တန်ကိုအပြစ်တင်ခဲ့ပြီးသူ့အား သတ်ပစ်ရန်ကြိုးစားကြ သည်။

သို့ရာတွင်ဘုရားသခင်၏စောင်မခြင်း လက်တော်သည်သူ့အပေါ်၌ အစဉ်မပြတ်ရှိခဲ့ပြီးအန္တရာယ် အားလုံးမှ ကင်းဝေးစေခဲ့၏။ ထိုသူများသည် သစ္စာဖောက်ခြင်း၊ လုယက်ခြင်းများလည်းပြုခဲ့ကြ၏။ တစ်ချိန်တွင်သူ၏ပျဉ် ပြားများနှင့်စောင်များကိုခိုးယူသွားကြ၏။ နောက်တစ်ကြိမ်တွင်ထမင်းဟင်းချက်ပြုတ်သော အိုးခွက်ပန်းကန်များ ကိုခိုးယူသွားခဲ့ကြ၏။

တစ်ကြိမ်တွင်ရွာ(သူကြီး)အကြီးအကဲကိုအသနားခံတောင်းလျှောက်ပြီးမှသာလျှင်သူ့အ တွက်အလွန်လိုအပ်နေသောရေနွေးခရားငယ်လေးကိုအဖုံးမပါဘဲပြန်လည်ရရှိခဲ့၏။တစ်နေ့တွင်သူတို့သည် ဗြိတိသျှစစ်သင်္ဘောတစ်စင်းကိုတွေ့ခဲ့ကြပြီး ကြောက်ရွံ့ခဲ့ကြ၏။ အကြောင်းမှာထိုသင်္ဘောသည် တန်နာကျွန်းသို့ ဆိုက်ကပ်လာပြီးသူတို့အားပြစ်ပေးမည်ဟုထင်သောကြောင့်ဖြစ်၏။ သူတို့သည် ဂျွန်ပက်တန်ထံပြေးသွားပြီး “ကျွန်တော်တို့ခင်ဗျားရဲ့ပစ္စည်းတွေကို ခိုးသလားလို့သင်္ဘော မာလိန်မှူးကမေးလိမ့်မလား”ဟူ၍ငိုယိုလျက်မေးကြ၏။

“သူမေးလိမ့်မည်လို့ ငါမျှော်လင့်တယ်၊ ငါကတော့သူ့ကိုအမှန်အတိုင်းပြောရမှာပဲ” ဟုဂျွန်ပက်တန်ကပြန် ဖြေလိုက်၏။ အချိန်အနည်းငယ်အတွင်းမှာပင်ခိုးခံ ရသောသူ့ပစ္စည်းများတစ်ခုပြီး တစ်ခုပြန်လည်ရရှိခဲ့၏။ တစ်စုံ တစ်ယောက်ကိုသေစေရန်ထို ကျွန်း၌နာဟတ်(Nahak)ဟုခေါ်သောပွဲ တစ်မျိုးကျင်းပလေ့ရှိကြ၏။ ထိုသို့လုပ်နိုင် ရန်သူတို့သေစေချင်သောသူ၏စားသောအစာကိုလိုအပ်၏။ ဂျွန်ပက်တန်သည် သူစားပြီးသောသစ်သီးအချို့ ကို သူတို့အားပေးခဲ့၏။ ဂျွန်ပက်တန်အားပြုစားရန်ကြိုး စားသော်လည်းဂျွန် ဘာမှအန္တရာယ်ဖြစ်ခြင်း မရှိသဖြင့် မှော်ဆ ရာ(၂)ဦးစိတ်ဝင်စားမှုဖြစ်လာကာ သခင်ယေရှုအကြောင်းနားထောင်ခဲ့ကြ၏။

လူဖြူကုန်သည်များ၏သေနတ်၊ဆေးလိပ်နှင့်အရက်ရေင်းခြင်းကိုတားမြစ်သောကြောင့် ဂျွန်ပက်တန်ကို သတ်ပစ်ရန်လူဖြူကုန်သည်များက လူရိုင်းမျာကို နိုးဆော်အားပေးခဲ့ကြ၏။သို့သော်လည်းဘုရားသခင်သည် ဤသာသနာကိုအစဉ်ကွယ်ကာစောင့်ထိန်းတော်မူခဲ့၏။ ကုန်သည်များသည်ဝက် သက်ရောဂါရှိသူအချို့ကိုကျွန်း ပေါ်၌လွှတ်ထားခဲ့ကြပြီးကျွန်းပေါ်ရှိလူဦးရေ ၁/၃ ခန့်မှာထိုကူးစက် တတ်သောရောဂါဖြင့်သေဆုံးသွားကြ၏။ ဤ ကိစ္စအတွက်ဂျွန်ပက်တန် ကိုအပြစ်တင်ကြပြီးသတ် ပစ်ရန်ကြိုးစားခဲ့ကြ၏။

တစ်နေ့တွင်ဂျွန်ပက်တန်သည်သူ့အိမ် ကိုပြင်နေစဉ်ရွာအကြီးအကဲနှင့် လက်နက်ကိုင်ထားသောသူများ ကသူ့အားဝိုင်းရံထားကြ၏။ သူ့အားခေတ္တမျှငြိမ် သက်စွာကြည့်နေပြီးသေ နတ်များဖြင့်သူဦးခေါင်း ကိုချိန်ရွယ်လိုက်ကြ၏။ လွတ်မြောက်နိုင် ဖွယ်မရှိတော့ချေ။ ဂျွန်ပက်တန်အနေဖြင့် ဆုတောင်းရန်သာတတ်နိုင်တော့၏။

“ငါ၏နာမကိုအမှီပြု၍တစ်စုံတစ်ခုသောဆုကို တောင်းလျှင်ငါပြုမည်။”ဟူသောဂတိတော်သူ့ထံရောက်ရှိခဲ့၏။ အန္တရာယ်ကင်းကြောင်းသူသိခဲ့ပြီးအလုပ်ဆက် လုပ်ခဲ့၏။ လူရိုင်းများသည်တစ်ယောက်ကစတင်ပစ်ခတ်ရန်တစ်ဦးကိုတစ်ဦးနှိုးဆော်ခဲ့ကြ၏။သို့ရာတွင်မည်သူမျှ မပစ်ခတ်နိုင်ပဲပြန်ဆုတ်သွားကြ၏။ဤသို့ဖြင့်ဘုရားသခင်သည်သူ၏ အစေခံကျွန်(ဂျွန်ပက်တန်)ကိုစောင့်ထိန်း တော်မူခဲ့၏။

တနင်္ဂနွေဓမ္မပညာကျောင်းမှပေးလှူသောသာသနာပြု သင်္ဘော

ဆန့်ကျင်နှောင့်ယှက်မှုများတိုးပွားများပြားလာသဖြင့် ဂျွန်ပက်တန်သည် တန်နာကျွန်းကိုစွန့်ခွာဖို့အခြေ အနေဖြစ်ခဲ့၏။ အလွန်လိုအပ်သော သာသနာပြုသင်္ဘောအတွက်ရံပုံငွေရရှိရန်ဂျွန်ပက်တန်သည် သြစတြေးလျ သို့ခရီးပြုခဲ့၏။ တနင်္ဂနွေဓမ္မပညာသင်ကျောင်းများ(Sunday School) ၌သူ့လိုအပ်ချက်များကိုပြောခွင့်ရခဲ့ပြီး ၊ ကလေးသူငယ်များ၏(အလှူငွေ)များအားဖြင့် နောက်ဆုံးတွင် နယူးဟက်ဘရစ်၌သာသနာပြုရန်သင်္ဘော “အာရုံဦး”ကိုရရှိနိုင်ခဲ့၏။ ကလေးငယ်များ၊ လူငယ်များ၏မေတ္တာလက်ဆောင်များနှင့်ဆုတောင်းချက်များဖြင့် လည်း သာသနာပြုလုပ်ငန်းများကိုထောင်ပံ့နိုင်ကြောင်းကျွန်ုပ်တို့နားလည်ရပေသည်။

အန်နိဝါကျွန်း၌

ဂျွန်ပက်တန်သည်အိမ်ထောင်သစ်ထပ်မံပြုပြီးနယူးဟက်ဘရစ်သို့ပြန်သွားခဲ့၏။ တစ်ကြိမ်တွင်သူသည် အန်နိဝါကျွန်းသို့ရောက်ခဲ့၏။ ဤ၏ကျွန်း၌သူ့ အားကောင်းစွာ လက်ခံခဲ့သဖြင့်အမှုတော်လုပ်ငန်းတိုးတက်မှုရှိခဲ့၏။ ရွာအကြီးအကဲဟောင်းဖြစ် သူယုံကြည်ပြောင်းလဲလာခဲ့၏။ အဝတ်အစားဝတ်ရန်လည်းသူတို့အားသွန်သင်ပေးခဲ့ ၏။ တစ်ချိန်တွင်ဂျွန်ပက် တန်သည် ပျဉ်ပြားတစ်ခုပေါ်တွင်စာအနည်းငယ်ရေးပြီးရွာ်ကြီးအကဲတစ်ဦးဖြင့်သူ့ဇနီး သည်ထံပို့ပေးလိုက်၏။ သူ့ဇနီးသည်က ထိုသူအားဖြင့်ဂျွန်ပက်တန်မှာသောအရာကိုပို့ပေးလိုက်၏။ စာမတတ် သောထိုအကြီးအကဲမှာ “ဤလူဖြူဆရာသည်သူလိုချင် တာရရန်ပျဉ်ပြားကိုစကားပြောအောင် ပြုလုပ်နိုင်ပါတ ကား” ဟုအံ့အားသင့်သွားခဲ့၏။ ဂျွန်ပက်တန်ကပျဉ်ပြားပေါ်ရှိသူရေးသော စာကိုသူ့ဇနီးသည်ဖတ်ပြီး ပို့ပေးလိုက် ခြင်းဖြစ်ကြောင်းထိုသူအား စိတ်ရှည်စွာရှင်းပြခဲ့၏။ ဤနည်းဖြင့်ထိုသူတို့အား စာဖတ်တတ်ရနန်၊ ရေးတတ်ရန် သွန်သင်ပေးခဲ့၏။

အန်နိဝါကျွန်းသည်(၇)မိုင်ရှည်ပြီး အကျယ် (၂)မိုင်ခန့်ရှိပါသည်။ ကျွန်းငယ်လေးတစ်ခုဖြစ်ပြီး ကျွန်းပေါ် ရှိလူသားအားလုံးကိုခရစ်တော်ထံပို့ဆောင်နိုင်ခဲ့၏။ ဤသို့ဖြစ်ရခြင်းမှာ ရေတွင်းတစ်တွင်းကိုအောင်မြင်စွာတူးနိုင် ခဲ့ခြင်းကြောင့်ဖြစ်၏။ အင်နိဝါကျွန်း၌သန့်ရှင်းလတ်ဆတ်သောရေအလွန်ရှားပါး၏။ ထို့ကြောင့်ဂျွန်ပက်တန်သည် ဆုတောင်းပြီးရေတွင်းစတင်တူးခဲ့။ “အောက်၌မိုးရေဘယ်လိုရှိနိုင်ပါ့မလဲ”ဟူ၍ ကျွန်းသားများနားမလည်နိုင်ဖြစ်ခဲ့ ၏။ တွင်းအနီးသို့လာရန်ကြောက်ရွံ့ခဲ့ကြပြီးသူ တို့အချင်းချင်းလက်များကိုင်ဆုတ် ထားလျက်တွင်းထဲသို့ခပ်မြန် မြန်လှည့်ကြည့်ကြ၏။

ဂျွန်ပက်တန်ကရေကိုအရ သာမြည်းစမ်းကြည့်ရန်သူတို့အားပြော၏။ ထိုကျွန်းရှိအကြီးအ ကဲဖြစ်သူက ရေကိုယူ၍ကြည့်၏။ စမ်းသပ်ကြည့်၏။ နောက်ဆုံးမြည်းစမ်းကြည့်ပြီး ယေဟောဝါ (ထာဝရဘုရား) သည်ဘုရားအစစ်ဖြစ်၏” ဟုအော်ဟစ်ပြောဆိုလေ၏။ အကြောင်းမှာ ဂျွန်ပက်တန်က ထာဝရဘုရားသည် သူတို့ကိုရေပေးကြောင်းပြောပြခဲ့ဖူး၏။ ထို့နောက်အကြီးအကဲက သူတို့၏ရုပ်တုများကိုသာသနာပြုဆရာ (ဂျွန်ပက်တန်)ထ့ယူဆောင် လာစေလျက်မီးရှိူ့(သို့)မြေမြှုပ်ပစ်ရန် အမိန့်ပေးခဲ့၏။ ဤသို့အားဖြင့်တကျွန်းလုံး ခရစ်တော်ထံ ယုံကြည်ပြောင်းလဲ လာခဲ့၏။ (၁၈၉၉)ခုနှစ်တွင်ဂျွန်ပက်တန်သည် အန်နိဝါကျွန်းရှိဘာသာစကား ဖြင့်ဓမ္မသစ် ကျမ်းကိုပုံနှိပ်ထုတ်ဝေနိုင်ခဲ၏။ ထိုအချိန်တွင်နယူးဟက်ဘရစ်ရှိကျွန်း(၃၀)အနက်(၂၅)ကျွန်းပေါ်တွင် သာသနာပြုများသည် လူသားစားလူရိုင်းများ ကိုခရစ်တော်အကြောင်းသက်သေခံလျှက်ရှိကြ၏။

အသက်ကြီးရင်ချိန်တွင်ပင် ဘုရားသခင်၏စေတမန်(ဂျွန်ပက်တန်) သည်“ဘုရားသခင်အမှုကိုနောက် ဆုံးစက္ကန့်ထိဆောင်မယ်”ဟုပြောလျက်နယူးစက် ဘရစ်အတွက်မှုတော်လုပ်ငန်းကိုဆက်လက်လုပ်ဆောင်ခဲ့ပေသည်။ သူသည် သြစတြေးလျမှ အခြားသူများအားသာသနာပြုလုပ်ငန်းအတွက်ဆုတောင်းပေးရန်နှင့်ငွေကြေး ထောက်ပံ့ရန်နှိုးဆော်ခြင်း၊ ကျွန်းများပေါ်၌သူကိုယ်တိုင်အမှုတော်ဆောင်ခြင်းပြုနေခဲ့သည်။ သူ၏သားဖြစ်သူ သည်တန်နာကျွန်း၌အခြေစိုက်နေထိုင်ခဲ့ပြီး သာသနာပြုရာဂျွန်ပက်တန်ကိုနှင်ထုတ်ခဲ့သောကျွန်းသားလူရိုင်းများ ပင်ယခုအခါခရစ်တော်ထံယုံကြည်ပြောင်းလဲလာကြ၏။ ဂျွန်ပက်တန်သည် ကျွန်းပေါ်ရှိလူသားစားလူရိုင်းများရာ နှင့်ချီ၍ခရစ်တော်ထံပြောင်း လဲလာခြင်းကိုမြင်ခဲ့ရပြီးနောက် အသက်(၈၃)နှစ်အရွယ်(၁၉၀၇)ခု၊ ဇန်နဝါရီလ (၂၀) ရက်တွင်ဘုန်းတော်ဝင်စားခဲ့၏။

ယခုအချိန်တွင် နယူးဟက်ဘရစ် (တန်နာကျွန်းများအပါအဝင်)၌ပရိုတက်စတင့်သာသနာပြုအဖွဲ့ (၅)ဖွဲ့ ကသာသနာလုပ်ငန်းလုပ်ဆောင်နေကြပြီး ကျွန်းများပေါ်၌ယုံကြည်သူများစွာရှိနေပါသည်။

လူသားစား လူ႐ိုင္းမ်ားထံ သြားေသာဘုရားသခင္ ၏ေစတမန္


ဂၽြန္ပက္တန္ John Paton (၁၈၂၄ - ၁၉၀၇)
“သင္တုိ႔ကၽြႏ္ုပ္ကိုပစ္ခတ္ႏုိ္င္တယ္ (သုိ႔မဟုတ္)
သတ္ပစ္ႏိုင္တယ္။ဒါေပမဲ့ကၽြန္ေတာ္ဟာသင္တုိ႔

ရဲ႕အေကာင္းဆုံးမိတ္ေဆြျဖစ္ပါတယ္။ ကၽြန္ေတာ္
ဟာေသဖို႔မေၾကာက္ပါဘူး။သင္တို႔ကၽြန္ေတာ့္ကို
သတ္ရင္ ကၽြန္ေတာ္ခ်စ္ၿပီး အေစခံလ်က္ရွိတဲ့
ကၽြန္ေတာ့္ဘုရား သခင္ထံကၽြန္ေတာ့္ကုိအျမန္
ဆုံးေစလႊတ္ျခင္းသာလွ်င္ ျဖစ္လိမ့္မယ္” ဟူ၍
ရြာတစ္ရြာ တြင္သူ႔အား၀ိုင္း ရံထားေသာၾကမ္း တမ္းရက္စက္သည့္
လူရုိင္းမ်ားကုိေျပာလိုက္ သည္။

ထုိသူတုိ႔သည္ လူသားစားလူရိုင္းမ်ားျဖစ္ၾကၿပီး၊ တင္းပုတ္မ်ားႏွင့္အျခားလက္နက္မ်ားကိုလက္တြင္ ကိုင္ေဆာင္ထားၾက၏။ မည္သည့္ရက္စက္ၾကမ္းၾကဳတ္မႈကိုမဆိုျပဳရန္အဆင္သင့္ရွိေနပုံေပၚသည္။ သူတို႔ႏွင့္ လုံး၀ျခားနားလ်က္သူတို႔အလယ္တြင္ၿငိမ္သက္စြာသတိၱရွိစြာရပ္လ်က္ေနေသာ ဂၽြန္ပက္တန္ေပၚတြင္မူခ်စ္ျခင္း ေမတၱာႏွင့္ သနားျခင္းက႐ုဏာေပၚလြင္ေနသည္။ လူအမ်ားအား ခရစ္ေတာ္၏ေမတၱာအေၾကာင္းေျပာရန္သာသ နာျပဳအေနျဖင့္ေရာက္ခဲ့ေသာ္လည္းသူ႔ကိုသတ္ပစ္ရန္အသင့္ရွိေနခဲ့ၾကသည္။

ဂၽြန္ပက္တန္သည္ (၁၈၂၄) ခုႏွစ္တြင္စေကာ့တလန္ျပည္၌ဖြားျမင္ခဲ့ၿပီး သူ၏မိဘမ်ားမွာ ဘုရားတရာ ၾကည္ညဳိကိုင္း႐ွဳိင္းသူမ်ားျဖစ္ၾကသည္။ သူ၏ဖခင္မွာကုန္သည္တစ္ဦးလည္းျဖစ္၏။ သူတို႔္အိမ္တြင္ “သန္႔ရွင္း ေသာအရပ္”ဟုေခၚေသာအခန္းေလး တစ္ခုရွိၿပီးဂၽြန္ပက္တန္၏ ဖခင္သည္တစ္ေန႔လွ်င္(၃)ႀကိမ္ထိုအခန္းအတြင္း ၀င္ေရာက္ၿပီး မိသာစုအတြက္၊ စေကာ့တလန္ျပည္အတြက္၊ တကမၻာလုံးအတြက္ဆုေတာင္းေလ့ရွိ၏။ ဤဘုရား တရားၾကည္ညိဳေသာအသက္တာသည္ ဂၽြန္အားႏိႈးေဆာ္မႈျဖစ္ခဲ့ၿပီး ဂၽြန္၏အသက္တာ၌လည္းသူ႔ဖခင္ကဲ့သို႔ ဘုရားသခင္ႏွင့္အတူ လုိက္ေလွ်ာက္ရန္သစၥာကတိျပဳခဲ့ေပသည္။

သူ႔မိခင္သည္ ယုံၾကည္ျခင္း ႀကီးမားေသာသူ၊ ဘုရားတရားၾကည္ညဳိ ကိုင္း႐ွဳိင္းေသာသူတစ္ဦးျဖစ္၏။ တစ္ခ်ိန္တြင္ ဂၽြန္၏ဖခင္သည္အလုပ္ကိစၥျဖင့္အျခားအရပ္ေရာက္ေနၿပီး အိမ္၌စားစရာမရွိေတာ့ေၾကာင္း သူ႔မိခင္ ေတြ႔ရွိခဲ့၏။ ဆာငတ္ေနေသာကေလးမ်ားကိုသူမအနီးသို႔စုေ၀းေစၿပီး သူတုိ႔လုိအပ္ခ်က္မ်ားအားလံုး ကိုဘုရား သခင္အားေျပာခဲ့၏။

ထုိေနာက္နံနက္လင္းခ်ိန္၌စားစရာမ်ားႁကြယ္၀ စြာရွိလိမ့္မည္ျဖစ္ေၾကာင္း ကေလးမ်ားကို ေျပာလ်က္သူတို႔အား အိပ္ယာ၀င္ေစခဲ့၏။ ေနာက္တစ္ေန႔ေရာက္ေသာအခါ အမွန္တကယပင္္စားစရာမ်ားႁကြယ္ ၀လုံေလာက္စြာရရွိခဲ့၏။ ဖခင္ျဖစ္သူသည္သူတုိ႔လိုအပ္ခ်က္မ်ားကိုမသိေသာ္လည္းဘုရားသခင္၏ တုိ႔ထိပဲ့ျပင္မႈ ခံရၿပီး ပို႔ေပးလုိက္ေသာေၾကာင့္ျဖစ္၏။ အံ့အားသင့္ေနေသာကေလးမ်ားကိုမိခင္ျဖစ္သူက “ကေလးတုိ႔ - အဖ ဘုရားသခင္ကိုခ်စ္ၾကေနာ္။ ယုံၾကည္ျခင္းနဲ႔မင္းတုိ႔လိုတာေတာင္းပါ။ ဘုရားသခင္ကသူ႔ဘုန္းထင္ရွားေစဖို႔နဲ႔

မင္းတို႔ေကာင္းက်ဳိးအတြကေပးပါလိ္မ့္မယ္”ဟုေျပာခဲ့ေပသည္။ ဤအခ်က္ကဂၽြန္ဘယ္ေတာ့မွမေမ့ေခ်။

အသက္(၁၂)ႏွစ္အရြယ္၌ဂၽြန္သည္ဖခင္ျဖစ္သူ၏အလုပ္၌ကူညီလ်က္ ဂရိႏွင့္ လက္တင္ဘာသာစကား မ်ားကုိေလ့လာေနခဲ့၏။ စက္ပစၥည္းကရိယာမ်ား အေၾကာင္းသင္ယူေလ့လာခဲ့ရာ သာသနာျပဳဆရာတစ္ဦးျဖစ္လာ ခ်ိန္၌မ်ားစြာအက်ဳိးေက်းဇူးရွိခဲ့သည္။ သူသည္ခရစ္ေတာ္ကိုကယ္ တင္ရွင္အျဖစ္ယုံၾကည္လက္ခံၿပီးဧ၀ံေဂလိအမႈ ေတာ္ေဆာင္တစ္ဦးျဖစ္လာဖို႔ မိမိကိုယ္ကိုျပင္ ဆင္ရန္ဆႏၵရွိခဲ့၏။ ဂလပ္(စ္)ေဂါင္(Glasgow) အရပ္ရွိက်မ္းစာ ေက်ာင္းတြင္သင္ တန္းတက္ေရာက္ခြင့္ရခဲ့၏။

ဂလပ္(စ္)ေဂါင္ၿမဳိ႕တြင္ေနထိုင္ရေသာအေျခအေနမွာ မလြယ္ကူလွေခ်။ ဂၽြန္သည္ေဆးပညာႏွင့္က်မ္းစာ ကုိေလ့လာခဲ့ၿပီး စား၀တ္ေနေရးအတြက္ေက်ာင္းတစ္ခု၌စာသင္ၾကားေပးျခင္းျပဳခဲ့၏။ ၿမိဳ႕တြင္းရွိအဆင့္အတန္း နိမ့္က်ၿပီးအထင္ျမင္ေသးခံရေသာလူမ်ားၾကား၌အမႈေတာ္ေဆာင္ရန္ဂလပ္(စ္)ေဂါင္ၿမိဳ႕သာသနာျပဳအဖြဲ႔ႏွင့္ဆက္ သြယ္ခဲ့၏။

အမႈေတာ္ေဆာင္ရာ၌အႀကိမ္မ်ားစြာစိတ္ဓါတ္က် ဆင္းစရာမ်ားျဖစ္ေသာ္လည္း သစၥာရွိစြာအမႈေတာ္ ေဆာင္ခဲ့၏။ ဘုရားသခင္၏က်ယ္၀န္းေသာ စပ်စ္ဥယ်ာဥ္ႀကီး၌သစၥာရွိေၾကာင္းမျပမီ၊ ေသးငယ္ေသာအရပ္၌ သစၥာရွိေၾကာင္းျပဖို႔လိုသည္။ (၁၀)ႏွစ္ခန္႔သစၥာရွိစြာအမႈေတာ္ေဆာင္၍လူမ်ားစြာ ကိုခရစ္ေတာ္ထံပို႔ေဆာင္ ႏုိင္ခဲ့ ေပသည္။ ထုိသူမ်ားမွာ အရက္သမားမ်ားႏွင့္ဘုရား တရားကိုမုန္းတီးၿပီးသစၥာပ်က္သူမ်ားျဖစ္ၾကသည္။ ဂၽြန္သည္ အမႈေတာ္ေဆာင္ျခင္းအျပင္ တကၠသုိလ္စာပညာမ်ားကိုလည္းေလ့လာခဲ့၏။

ဘုရားသခင္၏ေခၚေတာ္မူျခင္း

ဂၽြန္သည္အျခားအရပ္ေဒသမ်ားရွိခရစ္ေတာ္ကိုမသိ၍ပ်က္စီးျခင္းေရာက္ေတာ့မည့္သူမ်ားအတြက္စိုးရိမ္ ပူပန္ခဲ့သည္။ အျခားအရပ္ေဒသမ်ားတြင္ သာသနာျပဳရန္သူ႔အားဘုရား သခင္ေခၚေတာ္မူသည္ဟုခံစားခဲ့ရ၏။ ဤအခ်ိန္တြင္နယူးဟက္ဘရစ္ (New Hebrides) ေဒသ၌သာသနာျပဳမ်ားကို ကူညီရန္သာသနာျပဳတစ္ဦး လိုအပ္သည့္သတင္းသူၾကားခဲ့ရ၏။“ သြားမည့္သူမရိွပဲျဖစ္ေနေသာေၾကာင့္ သင့္အသက္တာကို ပူေဇာ္ေလာ့ ” ဟူေသာဘုရားသခင္အသံေတာ္ကုိ လက္ခံလ်က္သူ႔အသက္တာကိုဆက္ကပ္အပ္ႏွံခဲ့၏။ ၿမိဳ႕ေတာ္သာသနာျပဳ အဖြဲ႔သည္သူ႔ အားေစလႊတ္ရန္စိ္တ္ မပါ့တပါျဖစ္ခဲ့ရ၏။“သူသည္လက္ရွိ လုပ္ေနေသာအမႈေတာ္ေဆာင္လုပ္ငန္းကို ထားရစ္ကာလူသားစားလိုရိုင္းမ်ားရွိရာ အရပ္သုိ႔သြားေရာက္မည္ကိုသူ႔မိတ္ေဆြႏွင့္ အသိအကၽြမ္းမ်ားကနားမ လည္ႏိုင္။

အဖိုးႀကီးတစ္ေယာက္က “လူကေလးမသြားနဲ႔၊ အႏၱရာယ္ သိပ္မ်ားတယ္၊ မင္းကိုလူရိုင္းေတြသတ္စား လိမ့္မယ္” ဟုေျပာရာ၊ ဂၽြန္ပက္တန္က ၿပဳံးလ်က္“အဖိုးက အသက္ႀကီးၿပီ၊မၾကာမီေသ လွ်င္ပိုးရြမ်ားစားေသာက္ ျခင္းခံရမယ္၊ သခင္ေယ႐ွႈ“အမႈေတာ္ေဆာင္ရင္း၊ လူရိုင္းမ်ားေၾကာင့္ေသ ၿပီးပုိးရြမ်ားကိုက္စားခံရျခင္းဟာ ကၽြန္ေတာ့္အတြက္ျခားနားမႈမရွိ္ပါဘူး”ဟုျပန္ေျပာခဲ့သည္။ မိဘမ်ားကလည္းဘုရားသခင္၏လမ္းျပဦးေဆာင္မႈ အတိုင္းလိုက္နာရန္ ဂၽြန္ကိုခြင့္ျပဳခဲ့သည္။ ဤသို႔ျဖင့္(၁၈၅၈)ခုႏွစ္၊ ဂၽြန္အသက္(၃၄)ႏွစ္တြင္လက္ထပ္ၿပီးစဇနီး ျဖစ္သူႏွင့္အတူ နယူးဟက္ဘရစ္သို႔ေရေၾကာင္းခရီးျပဳခဲ့၏။

နယူးဟတ္ဘရစ္(လူသားစားလူရုိင္းမ်ားအလယ္၌)

နယူးဟတ္ဘရစ္အရပ္သည္ ပစိဖိတ္သမုဒၵရာေတာင္ပိုင္းကၽြန္းမ်ားစုေ၀းရာေဒသတစ္ခုျဖစ္၏။ ၾသစေၾတးလ်ႏိုင္ငံအေရွ႕ေျမာက္ဖက္မိုင္(၁၄၀၀)အကြာတြင္တည္ရွိ၏။ ထုိေဒသရွိလူမ်ားမွာအလြန္ေခတ္ေနာက္ က်ၿပီး အဆင့္အတန္းနိမ့္သူမ်ားလည္းျဖစ္၏။ သူတို႔သည္လူသားစားေလ့ရွိၾကၿပီးအျခားေၾကာ္မက္ဖြယ္ညွင္းပန္း ႏွိပ္စက္မႈမ်ားလည္းျပဳေလ့ရွၾိက၏။ လူတစ္ေယာက္ကိုသတ္ရန္မွာသူ တို႔အတြက္အထူးအဆန္းအဟုတ္ေခ်။ လူ

တစ္ေယာက္သတ္ျဖတ္ျခင္းေၾကာင့္သူ တုိ႔သည္ရဲရင့္သူမ်ားျဖစ္ၾကပါသလား။ မဟုတ္ပါ။ ၀ိညာဥ္ဆိုးမ်ားက လူ သတ္ရန္သူတုိ႔အားႏႈိးေဆာ္ သျဖင့္၀ိညာဥ္ဆိုးမ်ားကုိေၾကာက္ျခင္းေၾကာင့္လုပ္ေဆာင္ျခင္းသာျဖစ္၏။

၀ိညာဥ္ဆိုးမ်ားအႏၱရာယ္မွကင္းေ၀းရန္သူတုိ႔၌ရုပ္တုမ်ား၊ အေဆာင္အေယာင္မ်ား(လက္ဖြဲ႔မ်ား)၊ နတ္ ဆရာ၊ ေမွာ္ဆရာမ်ားစြာရွိၾက၏။ ဤနတ္ဆရာမ်ားသည္ ထူးျခားေသာအစြမ္းတန္ခိုးရွိၿပီးလူတို႔အေပၚ၌ၾသဇာ လြမ္းမိုးမႈမ်ားစြာရွိ၏။ သူတို႔၌သာမန္ေသျခင္းဟူေသာအယူအဆမရွိေခ်။ ေသျခင္းမွန္သမွ်ကုိ စုန္းကေ၀ျပဳစား ျခင္းေၾကာင့္ဟုယံုၾကည္ၾကၿပီး ခ်က္ျခင္းဆိုသလိုပင္မည္သူ႔ေၾကာင့္ေသဆုံးရျခင္းျဖစ္ေၾကာင္းဆုံးျဖတ္ရန္အစည္း အေ၀းျပဳလုပ္ၾကသည္။

ရြာအႀကီးအကဲအမိန္႔ျဖင့္ေသဆုံးသူႏွင့္မရင္းႏွီးဆုံးသူတစ္ေယာက္ ကုိဖမ္းဆီးကာ လွဲေလ်ာင္းေစလ်က္ ေစာင့္ေနေသာလူငယ္တစ္ဦးအားေသနတ္ေပး၍ပစ္သတ္ေစ၏။ (ကၽြန္းေပၚသို႔မၾကာခဏလာေသာ ကုန္သည္ မ်ားထံမွရေသာေသနတ္)။

ပစ္သတ္ခံရသူ၏မိတ္ေဆြမ်ားက ပစ္သတ္သူကိုျပန္သတ္ရန္ႀကိဳးစားၾက၏။

ဤသို႔ျဖင့္သာမန္ေသေသာလူတစ္ဦးေၾကာင့္လူမ်ဴိးစုအားလုံးေပ်ာက္ကြယ္သြားသည္အထိသတ္ျဖတ္မႈ ႀကီးဆက္လက္ျဖစ္ေပၚေနေတာ့၏။

ခင္ပြန္းသည္ေသဆုံးေသာအခ်ိန္၌ဇနီးျဖစ္သူကလည္းလည္ပင္းညစ္လ်က္အသတ္ခံရၿပီး ခင္ပြန္း၏ အုတ္ဂူအတြင္းျမွဳပ္ႏွံခံရ၏။ အသက္ႀကီးေသာသူမ်ားကုိလည္း၀န္ထုတ္၀န္ပုိးႀကီးသဖြယ္ျမင္ေသာေၾကာင့္သတ္ ပစ္ၾက၏။ ၀ိညာဥ္ဆုိးမ်ားကုိဘိုးေဘးမ်ားအျဖစ္ကိုးကြယ္ၾက၏။ ဤလူမ်ားသည္ ခရစ္ေတာ္အေၾကာင္းတစ္ခါမွ် မၾကားဘူးၾကေခ်။

ထိုသူမ်ားထံသုိ႔ခရစ္ယာန္သာသနာျပဳမ်ားသည္ ဧ၀ံေဂလိတရား(၀မ္းေျမာက္ဖြယ္သတင္းေကာင္း)ကို ယူေဆာင္သြားခဲ့ၾက၏။ ေရွးဦးသာသနာျပဳမ်ားသည္ ထုိအရပ္မ်ားသုိ႔ေရာက္ရွိခဲ့ၾကၿပီးခ်က္ခ်င္းဆိုသလုိပင္ အသတ္ခံရၿပိး လူသားစားလူရုိင္းမ်ားက စားေသာက္ပစ္လုိက္ၾက၏။ အျခားေသာသာသနာျပဳမ်ားလည္း အသတ္ခံရျခင္း၊ ထြက္ေျပးရျခင္းမ်ားေတြ႔ႀကဳံရ၏။ သို႔ေသာ္လည္း ဂၽြန္ပက္တန္ေရာက္ရွိေသာအခ်ိန္၌ဆန္႔က်င္ မႈမ်ားၾကားမွပင္ သာသနာျပဳဇနီးေမာင္ႏွံ(၂)တြဲ ထုိအရပ္တြင္ေနထိုင္လ်က္အမႈေတာ္ေဆာင္ေနၾက၏။

တန္နာကၽြန္း၌ (In Tanna)
တန္နာကၽြန္းသည္နယူးဟတ္ဘရစ္ရွိကၽြန္း တစ္ကၽြန္းျဖစ္ၿပီးဧ၀ံေဂလိတရားမ်ဳိးေစ့ အပင္ေပါက္ရန္ဆန္႔ က်င္ေသာေဒသျဖစ္၏။ (ေမွာ္ဆရာ)နတ္ဆရာမ်ားသည္ဧ၀ံေဂ လိတရားအတြက္ အႀကီးအက်ယ္ ဆုံးေသာအဆီး အတားမ်ားျဖစ္ၾက၏။ အေၾကာင္းမွာဧ၀ံေဂလိတရားကုိ လူမ်ားယုံၾကည္လွ်င္လူတုိ႔၏တန္ခိုး၊ၾသဇာလြမ္းမုိးမႈရွိႏိုင္ ေတာ့မည္မဟုတ္ေၾကာင္းသူတုိ႔ သိေသာေၾကာင့္ႀကီးမားစြာ အဆီးအတားျပဳၾကျခင္းျဖစ္၏။ထုိ႔ေၾကာင့္ သဘာ၀ ေဘးအႏၱရာယ္မ်ားျဖစ္ေသာမုန္ တိုင္းက်ျခင္း၊မိုးေခါင္ျခင္းျဖစ္လွ်င္ သာသနာျပဳမ်ားေၾကာင့္ျဖစ္ရေၾကာင္းႏွင့္ သူတုိ႔ကိုသတ္ပစ္ရန္လူမ်ားကိုႏႈိးေဆာ္ၾက၏။ အဆီးအတားမ်ားသည္မ်က္ႏွာျဖဴကၽြန္ကုန္သည္မ်ားထံမွလည္း လာၾက၏။ အေၾကာင္းမွာသာသနာျပဳမ်ားသည္ကၽြန္ကုန္သည္မ်ား၏ဆိုးရြားေသာေခါင္းပုံျဖတ္မႈမ်ားကိုဆီးတား အဟန္႔အတားျပဳေသာေၾကာင့္ေပတည္း။

ဤကဲ့သို႔ေသာကၽြန္းေပၚသို႔ဂၽြန္ပက္တန္ႏွင့္ဇနီးသည္တုိ႔ေရာက္ရွိခဲ့ၾကျခင္းျဖစ္၏။ တန္နာကၽြန္းေပၚသို႔ ဆုိက္ေရာက္ေသာအခါမ်က္ႏွာ၌ေဆးခ်ယ္ထားေသာလူသားစားလူရုိင္းမ်ားကို သိမ္ေမြ႔ေသာအသြင္ျဖင့္ ဂၽြန္ပက္တန္ ေတြ႔ျမင္ခဲ့၏။ သူႏွင့္သူ၌ပါလာေသာပစၥည္းမ်ားကိုစူး စမ္္းေတြ႔ျမင္ခ်င္ေသာေၾကာင့္လာၾကည့္ၾကျခင္း ျဖစ္ႏိုင္၏။ တန္နာကၽြန္း၌ေရးသားႏိုင္ေသာစာေပမရွိသျဖင့္ လက္ဟန္ေျခဟန္ျဖင့္သူတုိ႔စကားေျပာ၏။ တစ္ေန႔ တြင္“ဤအရာဘာ” “သင့္နာမည္ဘယ္သူလဲ” ဟူေသာစကားလုံးမ်ားကိုထိုသူတို႔ဘာ သာစကားမ်ားမွ ဂၽြန္ပက္တန္ ရွာေဖြေတြ႔ရွိခဲ့၏။ ဤေမးခြန္း ႏွစ္ခုကုိအဆက္ မျပတ္ေမးလ်က္အေျဖကိုေရးမွတ္ထားျခင္းျဖင့္လူႏွင့္ အရာ၀တၳဳမ်ား၏နာမည္မ်ားကုိ သူေလ့လာမွတ္သားခဲ့၏။ ထို႔ေနာက္အျခားစကားလုံးမ်ားကို နားေထာင္ျခင္းျဖင့္ သူတုိ႔၏ စကားကိုတျဖည္းျဖည္းေလ့လာသင္ယူခဲ့၏။

အခက္အခဲမ်ား

တန္နာကၽြန္း၌ဂၽြန္ပက္တန္ဇနီးေမာင္ႏွံသည္ သားေလးတစ္ဦးေမြးဖြားခဲ့ၿပီးအ လြန္၀မ္းေျမာက္ခဲ့ၾက၏။ သို႔ရာတြင္(၃)ပတ္မွ်အၾကာ၌မိခင္ျဖစ္သူသည္ အႀကီးအက်ယ္ဖ်ား နာလ်က္အသက္ဆုံးပါးခဲ့ၿပီး ေနာက္တစ္ပါတ္ အၾကာတြင္သားေလးလည္းေသဆုံးသြားခဲ့၏။ ဂၽြန္ပက္တန္ကိုယ္တုိင္လည္းဖ်ားနာေနခဲ့၏။ သုိ႔ေသာ္လည္း ဇနီးႏွင့္ကေလးအ တြက္ျမွဳပ္ႏွံရန္တြင္းကိုသူကိုယ္တိုင္တူးခဲ့ေပသည္။ သူ၌၀မ္းနည္းျခင္းအလြန္ႀကီးမားခဲ့ၿပီး “သခင္ေယ႐ွႈႏွင့္ဘုရား သခင္၏မိတ္သဟာယဖဲြ႔ျခင္းအတြက္ ငါသူရုူးျဖစ္သြားရလိမ့္မယ္”ဟူ၍သူေျပာခဲ့၏။ တန္နာကၽြန္း၌အ မႈေတာ္ေဆာင္စဥ္ေဘးႏၱရာယ္ အဆက္မျပတ္ႀကံဳေတြ႔ခဲ့ရ၏။ မိုးမရြာလွ်င္ျဖစ္ေစ၊ မၾကာခဏ ဖ်ားနာလွ်င္ျဖစ္ေစ၊ ထုိအရပ္ရွိလူရုိင္းမ်ားသည္ ဂၽြန္ပက္တန္ကိုအျပစ္တင္ခဲ့ၿပီးသူ႔အား သတ္ပစ္ရန္ႀကိဳးစားၾက သည္။

သို႔ရာတြင္ဘုရားသခင္၏ေစာင္မျခင္း လက္ေတာ္သည္သူ႔အေပၚ၌ အစဥ္မျပတ္ရွိခဲ့ၿပီးအႏၱရာယ္ အားလုံးမွ ကင္းေ၀းေစခဲ့၏။ ထုိသူမ်ားသည္ သစၥာေဖာက္ျခင္း၊ လုယက္ျခင္းမ်ားလည္းျပဳခဲ့ၾက၏။ တစ္ခ်ိန္တြင္သူ၏ပ်ဥ္ ျပားမ်ားႏွင့္ေစာင္မ်ားကိုခုိးယူသြားၾက၏။ ေနာက္တစ္ႀကိမ္တြင္ထမင္းဟင္းခ်က္ျပဳတ္ေသာ အုိးခြက္ပန္းကန္မ်ား ကိုုခုိးယူသြားခဲ့ၾက၏။

တစ္ႀကိမ္တြင္ရြာ(သူႀကီး)အႀကီးအကဲကိုအသနားခံေတာင္းေလွ်ာက္ၿပီးမွသာလွ်င္သူ႔အ တြက္အလြန္လိုအပ္ေနေသာေရေႏြးခရားငယ္ေလးကိုအဖုံးမပါဘဲျပန္လည္ရရွိခဲ့၏။တစ္ေန႔တြင္သူတို႔သည္ ၿဗိတိသွ်စစ္သေဘၤာတစ္စင္းကိုေတြ႔ခဲ့ၾကၿပီး ေၾကာက္ရြံ႕ခဲ့ၾက၏။ အေၾကာင္းမွာထိုသေဘၤာသည္ တန္နာကၽြန္းသို႔ ဆိုက္ကပ္လာၿပီးသူတုိ႔အားျပစ္ေပးမည္ဟုထင္ေသာေၿကာင့္ျဖစ္၏။ သူတုိ႔သည္ ဂၽြန္ပက္တန္ထံေျပးသြားၿပီး “ကၽြန္ေတာ္တို႔ခင္ဗ်ားရဲ႕ပစၥည္းေတြကို ခိုးသလားလို႔သေဘၤာ မာလိန္မွဴးကေမးလိမ့္မလား”ဟူ၍ငိုယိုလ်က္ေမးၾက၏။

“သူေမးလိမ့္မည္လုိ႔ ငါေမွ်ာ္လင့္တယ္၊ ငါကေတာ့သူ႔ကိုအမွန္အတုိင္းေျပာရမွာပဲ” ဟုဂၽြန္ပက္တန္ကျပန္ ေျဖလိုက္၏။ အခိ်န္အနည္းငယ္အတြင္းမွာပင္ခိုးခံ ရေသာသူ႔ပစၥည္းမ်ားတစ္ခုၿပီး တစ္ခုျပန္လည္ရရွိခဲ့၏။ တစ္စုံ တစ္ေယာက္ကိုေသေစရန္ထို ကၽြန္း၌နာဟတ္(Nahak)ဟုေခၚေသာပြဲ တစ္မ်ိဳးက်င္းပေလ့ရွိၾက၏။ ထုိသုိ႔လုပ္ႏိုင္ ရန္သူတုိ႔ေသေစခ်င္ေသာသူ၏စားေသာအစာကိုလိုအပ္၏။ ဂၽြန္ပက္တန္သည္ သူစားၿပီးေသာသစ္သီးအခ်ဳိ႕ ကို သူတုိ႔အားေပးခဲ့၏။ ဂၽြန္ပက္တန္အားျပဳစားရန္ႀကိဳး စားေသာ္လည္းဂၽြန္ ဘာမွအႏၱရာယ္ျဖစ္ျခင္း မရွိသျဖင့္ ေမွာ္ဆ ရာ(၂)ဦးစိတ္၀င္စားမႈျဖစ္လာကာ သခင္ေယ႐ႈအေၾကာင္းနားေထာင္ခဲ့ၾက၏။

လူျဖဴကုန္သည္မ်ား၏ေသနတ္၊ေဆးလိပ္ႏွင့္အရက္ေရင္းျခင္းကိုတားျမစ္ေသာေၾကာင့္ ဂၽြန္ပက္တန္ကို သတ္ပစ္္ရန္လူျဖဴကုန္သည္မ်ားက လူရိုင္းမ်ာကုိ ႏိုးေဆာ္အားေပးခဲ့ၾက၏။သုိ႔ေသာ္လည္းဘုရားသခင္သည္ ဤသာသနာကိုအစဥ္ကြယ္ကာေစာင့္ထိန္းေတာ္မူခဲ့၏။ ကုန္သည္မ်ားသည္၀က္ သက္ေရာဂါရွိသူအခ်ဳိ႕ကိုကၽြန္း ေပၚ၌လႊတ္ထားခဲ့ၾကၿပီးကၽြန္းေပၚရွိလူဦးေရ ၁/၃ ခန္႔မွာထုိကူးစက္ တတ္ေသာေရာဂါျဖင့္ေသဆုံးသြားၾက၏။ ဤ ကိစၥအတြက္ဂၽြန္ပက္တန္ ကိုအျပစ္တင္ၾကၿပီးသတ္ ပစ္ရန္ႀကိဳးစားခဲ့ၾက၏။

တစ္ေန႔တြင္ဂၽြန္ပက္တန္သည္သူ႔အိမ္ ကိုျပင္ေနစဥ္ရြာအႀကီးအကဲႏွင့္ လက္နက္ကုိင္ထားေသာသူမ်ား ကသူ႔အား၀ိုင္းရံထားၾက၏။ သူ႔အားေခတၱမွ်ၿငိမ္ သက္စြာၾကည့္ေနၿပီးေသ နတ္မ်ားျဖင့္သူဦးေခါင္း ကိုခ်ိန္ရြယ္လိုက္ၾက၏။ လြတ္ေျမာက္ႏိုင္ ဖြယ္မရွိေတာ့ေခ်။ ဂၽြန္ပက္တန္အေနျဖင့္ ဆုေတာင္းရန္သာတတ္ႏိုင္ေတာ့၏။

“ငါ၏နာမကိုအမွီျပဳ၍တစ္စုံတစ္ခုေသာဆုကို ေတာင္းလွ်င္ငါျပဳမည္။”ဟူေသာဂတိေတာ္သူ႔ထံေရာက္ရွိခဲ့၏။ အႏၱရာယ္ကင္းေၾကာင္းသူသိခဲ့ၿပီးအလုပ္ဆက္ လုပ္ခဲ့၏။ လူရုိင္းမ်ားသည္တစ္ေယာက္ကစတင္ပစ္ခတ္ရန္တစ္ဦးကုိတစ္ဦးႏႈိးေဆာ္ခဲ့ၾက၏။သို႔ရာတြင္မည္သူမွ် မပစ္ခတ္ႏိုင္ပဲျပန္ဆုတ္သြားၾက၏။ဤသို႔ျဖင့္ဘုရားသခင္သည္သူ၏ အေစခံကၽြန္(ဂၽြန္ပက္တန္)ကိုေစာင့္ထိန္း ေတာ္မူခဲ့၏။

တနဂၤေႏြဓမၼပညာေက်ာင္းမွေပးလွဴေသာသာသနာျပဳ သေဘၤာ

ဆန္႔က်င္ေႏွာင့္ယွက္မႈမ်ားတိုးပြားမ်ားျပားလာသျဖင့္ ဂၽြန္ပက္တန္သည္ တန္နာကၽြန္းကိုစြန္႔ခြာဖို႔အေျခ အေနျဖစ္ခဲ့၏။ အလြန္လိုအပ္ေသာ သာသနာျပဳသေဘၤာအတြက္ရံပံုေငြရရွိရန္ဂၽြန္ပက္တန္သည္ ၾသစေၾတးလ် သုိ႔ခရီးျပဳခဲ့၏။ တနဂၤေႏြဓမၼပညာသင္ေက်ာင္းမ်ား(Sunday School) ၌သူ႔လုိအပ္ခ်က္မ်ားကုိေျပာခြင့္ရခဲ့ၿပီး ၊ ကေလးသူငယ္မ်ား၏(အလွဴေငြ)မ်ားအားျဖင့္ ေနာက္ဆုံးတြင္ နယူးဟက္ဘရစ္၌သာသနာျပဳရန္သေဘၤာ “အာရုံဦး”ကုိရရွိႏိုင္ခဲ့၏။ ကေလးငယ္မ်ား၊ လူငယ္မ်ား၏ေမတၱာလက္ေဆာင္မ်ားႏွင့္ဆုေတာင္းခ်က္မ်ားျဖင့္ လည္း သာသနာျပဳလုပ္ငန္းမ်ားကိုေထာင္ပံ့ႏုိင္ေၾကာင္းကၽြႏ္ုပ္တုိ႔နားလည္ရေပသည္။

အန္နိ၀ါကၽြန္း၌

ဂၽြန္ပက္တန္သည္အိမ္ေထာင္သစ္ထပ္မံျပဳၿပီးနယူးဟက္ဘရစ္သို႔ျပန္သြားခဲ့၏။ တစ္ႀကိမ္တြင္သူသည္ အန္နိ၀ါကၽြန္းသို႔ေရာက္ခဲ့၏။ ဤ၏ကၽြန္း၌သူ႔ အားေကာင္းစြာ လက္ခံခဲ့သျဖင့္အမႈေတာ္လုပ္ငန္းတိုးတက္မႈရွိခဲ့၏။ ရြာအႀကီးအကဲေဟာင္းျဖစ္ သူယံုၾကည္ေျပာင္းလဲလာခဲ့၏။ အ၀တ္အစား၀တ္ရန္လည္းသူတုိ႔အားသြန္သင္ေပးခဲ့ ၏။ တစ္ခ်ိန္တြင္ဂၽြန္ပက္ တန္သည္ ပ်ဥ္ျပားတစ္ခုေပၚတြင္စာအနညး္ငယ္ေရးၿပီးရြာ္ႀကီးအကဲတစ္ဦးျဖင့္သူ႔ဇနီး သည္ထံပုိ႔ေပးလုိက္၏။ သူ႔ဇနီးသည္က ထုိသူအားျဖင့္ဂၽြန္ပက္တန္မွာေသာအရာကိုပို႔ေပးလိုက္၏။ စာမတတ္ ေသာထိုအႀကီးအကဲမွာ “ဤလူျဖဴဆရာသည္သူလိုခ်င္ တာရရန္ပ်ဥ္ျပားကိုစကားေျပာေအာင္ ျပဳလုပ္ႏိုင္ပါတ ကား” ဟုအံ့အားသင့္သြားခဲ့၏။ ဂၽြန္ပက္တန္ကပ်ဥ္ျပားေပၚရွိသူေရးေသာ စာကိုသူ႔ဇနီးသည္ဖတ္ၿပီး ပို႔ေပးလုိက္ ျခင္းျဖစ္ေၾကာင္းထိုသူအား စိတ္ရွည္စြာရွင္းျပခဲ့၏။ ဤနည္းျဖင့္ထုိသူတုိ႔အား စာဖတ္တတ္ရနန္၊ ေရးတတ္ရန္ သြန္သင္ေပးခဲ့၏။

အန္နိ၀ါကၽြန္းသည္(၇)မုိင္ရွည္ၿပီး အက်ယ္ (၂)မိုင္ခန္႔ရွိပါသည္။ ကၽြန္းငယ္ေလးတစ္ခုျဖစ္ၿပီး ကၽြန္းေပၚ ရွိလူသားအားလံုးကုိခရစ္ေတာ္ထံပုိ႔ေဆာင္ႏိုင္ခဲ့၏။ ဤသုိ႔ျဖစ္ရျခင္းမွာ ေရတြင္းတစ္တြင္းကုိေအာင္ျမင္စြာတူးႏိုင္ ခဲ့ျခင္းေၾကာင့္ျဖစ္၏။ အင္နိ၀ါကၽြန္း၌သန္႔ရွင္းလတ္ဆတ္ေသာေရအလြန္ရွားပါး၏။ ထို႔ေၾကာင့္ဂၽြန္ပက္တန္သည္ ဆုေတာင္းၿပီးေရတြင္းစတင္တူးခဲ့။ “ေအာက္၌မိုးေရဘယ္လုိရွိႏိုင္ပါ့မလဲ”ဟူ၍ ကၽြန္းသားမ်ားနားမလည္ႏိုင္ျဖစ္ခဲ့ ၏။ တြင္းအနီးသုိ႔လာရန္ေၾကာက္ရြံ႕ခဲ့ၾကၿပီးသူ တို႔အခ်င္းခ်င္းလက္မ်ားကိုင္ဆုတ္ ထားလ်က္တြင္းထဲသုိ႔ခပ္ျမန္ ျမန္လွည့္ၾကည့္ၾက၏။

ဂၽြန္ပက္တန္ကေရကိုအရ သာျမည္းစမ္းၾကည့္ရန္သူတုိ႔အားေျပာ၏။ ထုိကၽြန္းရွိအႀကီးအ ကဲျဖစ္သူက ေရကိုယူ၍ၾကည့္၏။ စမ္းသပ္ၾကည့္၏။ ေနာက္ဆုံးျမည္းစမ္းၾကည့္ၿပီး ေယေဟာ၀ါ (ထာ၀ရဘုရား) သည္ဘုရားအစစ္ျဖစ္၏” ဟုေအာ္ဟစ္ေျပာဆုိေလ၏။ အေၾကာင္းမွာ ဂၽြန္ပက္တန္က ထာ၀ရဘုရားသည္ သူတုိ႔ကိုေရေပးေၾကာင္းေျပာျပခဲ့ဖူး၏။ ထိုိ႔ေနာက္အႀကီးအကဲက သူတုိ႔၏ရုပ္တုမ်ားကုိသာသနာျပဳဆရာ (ဂၽြန္ပက္တန္)ထ့ယူေဆာင္ လာေစလ်က္မီး႐ွဴိ႕(သို႔)ေျမျမွဳပ္ပစ္ရန္ အမိန္႔ေပးခဲ့၏။ ဤသုိ႔အားျဖင့္တကၽြန္းလုံး ခရစ္ေတာ္ထံ ယံုၾကည္ေျပာင္းလဲ လာခဲ့၏။ (၁၈၉၉)ခုႏွစ္တြင္ဂၽြန္ပက္တန္သည္ အန္နိ၀ါကၽြန္းရွိဘာသာစကား ျဖင့္ဓမၼသစ္ က်မ္းကိုပုံႏွိပ္ထုတ္ေ၀ႏုိင္ခဲ၏။ ထုိအခ်ိန္တြင္နယူးဟက္ဘရစ္ရွိကၽြန္း(၃၀)အနက္(၂၅)ကၽြန္းေပၚတြင္ သာသနာျပဳမ်ားသည္ လူသားစားလူရိုင္းမ်ား ကိုခရစ္ေတာ္အေၾကာင္းသက္ေသခံလွ်က္ရွိၾက၏။

အသက္ႀကီးရင္ခ်ိန္တြင္ပင္ ဘုရားသခင္၏ေစတမန္(ဂၽြန္ပက္တန္) သည္“ဘုရားသခင္္အမႈကိုေနာက္ ဆုံးစကၠန္႔ထိေဆာင္မယ္”ဟုေျပာလ်က္နယူးစက္ ဘရစ္အတြက္မႈေတာ္လုပ္ငန္းကုိဆက္လက္လုပ္ေဆာင္ခဲ့ေပသည္။ သူသည္ ၾသစေၾတးလ်မွ အျခားသူမ်ားအားသာသနာျပဳလုပ္ငန္းအတြက္ဆုေတာင္းေပးရန္ႏွင့္ေငြေၾကး ေထာက္ပံ့ရန္ႏိႈးေဆာ္ျခင္း၊ ကၽြန္းမ်ားေပၚ၌သူကုိယ္တိုင္အမႈေတာ္ေဆာင္ျခင္းျပဳေနခဲ့သည္။ သူ၏သားျဖစ္သူ သည္တန္နာကၽြန္း၌အေျခစုိက္ေနထိုင္ခဲ့ၿပီး သာသနာျပဳရာဂၽြန္ပက္တန္ကိုႏွင္ထုတ္ခဲ့ေသာကၽြန္းသားလူရိုင္းမ်ား ပင္ယခုအခါခရစ္ေတာ္ထံယံုၾကည္ေျပာင္းလဲလာၾက၏။ ဂၽြန္ပက္တန္သည္ ကၽြန္းေပၚရွိလူသားစားလူရိုင္းမ်ားရာ ႏွင့္ခ်ီ၍ခရစ္ေတာ္ထံေျပာင္း လဲလာျခင္းကုိျမင္ခဲ့ရၿပီးေနာက္ အသက္(၈၃)ႏွစ္အရြယ္(၁၉၀၇)ခု၊ ဇန္န၀ါရီလ (၂၀) ရက္တြင္ဘုန္းေတာ္၀င္စားခဲ့၏။

ယခုအခ်ိန္တြင္ နယူးဟက္ဘရစ္ (တန္နာကၽြန္းမ်ားအပါအ၀င္)၌ပရိုတက္စတင့္သာသနာျပဳအဖြဲ႔ (၅)ဖြဲ႔ ကသာသနာလုပ္ငန္းလုပ္ေဆာင္ေနၾကၿပီး ကၽြန္းမ်ားေပၚ၌ယုံၾကည္သူမ်ားစြာရွိေနပါသည္။

http://blog.shwecanaan.com/2012/03/blog-post_9858.html

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...