0

မေရီဆလက်စာ Mary Slessor (၁၈၄၈ - ၁၉၁၅) အာဖရိကတိုက်မှလူဖြူဘုရင်မ

အာဖရိကတိုက်မှလူဖြူဘုရင်မ
Unicode & Zawgyi
မေရီဆလက်စာ Mary Slessor
(၁၈၄၈ - ၁၉၁၅)
နံနက်မိုးအလင်း
မိုးသည်ရွာသွန်းလျက်ရှိသောလမ်းအတိုင်း
(၁၆)နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးလမ်း
လျှောက်သွားစဉ်သူ့နောက်မှဆိုးသွမ်းကြမ်း
တမ်းပုံပေါ်သည့်လူငယ်တစ်အုပ်လိုက်ပါခဲ့၏။
ခေါင်းဆောင်သည် ထိပ်တွင်ခဲသတ္တုများတပ် ထားသောကြိုးကို
ခေါင်းပေါ်မှဝှေ့ရမ်း ကာသူမအနီး သို့ချဉ်းကပ်လာပြီး“မင်းရဲ့ကျမ်းစာ သင်ခန်းစာတွေမေ့သွားပြိ ငါတို့ကိုပစ်ထား ခဲ့အောင်ငါတို့ လုပ်ရ လိမ့်မယ်” ဟူ၍ပြောလိုက်၏။
ပိန်သွယ်သောအမျိုးသမီးမေရီသည် လမ်းလျှောက်ရပ်လိုက်ပြီး “မင်းတို့လုပ်ဆောင်ချင်သလိုလုပ်နိုင် တယ်” ဟုပြန်ပြောလိုက်၏။
ဝှေ့ရမ်းနေသောကြိုးကြောင့်ခဲသတ္တုများသူမအနီးသို့တဖြည်းဖြည်းနီးကပ်လာသော် လည်းသူမသည်တိမ်းရှောက်လှုပ်ရှားခြင်းမပြုပဲ ရဲ့ရင့်စွာမတ်တတ်ရပ်နေခဲ့၏။ သူမသည် ဘုရားသခင်၏အမှု တော်မြတ်ကိုလုပ်ဆောင်နေသူဖြစ်ပြီး ဘုရားသခင်ကသူမအားကြည့်ရှုစောင့်ရှောက်တော်မူလိမ့်မည်ဖြစ်၏။ သူ မသည် ဆင်းရဲသားရပ်ကွက်တစ်ခုရှိ ယောက်ျားလေး၊ မိန်းကလေးများကိုကျမ်းစာများသင်ကြားပေးနေသူဖြစ်၏။ ဆိုးသွမ်းကြမ်းတမ်းသောဤလူငယ်တစ်စုသည်သူမ၏ကျမ်းစာသင်တန်းများကိုဖျက်ဆီးရန်ဆုံးဖြတ်ကြပြီးယခုကဲ့သို့လုပ်ဆောင်နေကြခြင်းဖြစ်၏။
မေရီသည်ကြောက်ရွံ့တုန်လှုပ်မှုမရှိကြောင်းသူတို့မြင်သောအခါ မကျေမနပ်ပြစ်တင်ရှုံ့ချနေရာမှ ချစ်ခင် မြတ်နိုးလေးစားသွားပြီးထိုလူငယ်တစ်အုပ်လုံး မေရီ၏ကျမ်းစာသင်တန်းသို့တက်ရောက်ခဲ့ကြ၏။ ဤသည်မှာ ခဲ သတ္တုကြိုးကိုဝေ့ရမ်းသောခေါင်းဆောင်၏အသက်တာပြောင်းလဲသွားသောအချက်ပေတည်း။
အမျိုးသမီးငယ်၏တစ်ဦးအနေဖြင့်
ဖော်ပြခဲ့သောအမျိုးသမီးငယ်ဖြစ်သူမေရီဆလက်စာကို (၁၈၄၈)ခု၊ ဒီဇင်ဘာလ (၂)ရက်နေ့တွင်စကော့ တလန်ပြည်၌ဖွားမြင်ခဲ့၏။ သူ၏မိဘများသည် ဆင်းရဲသားများဖြစ်ကြ၏။ အသက်(၁၁)နှစ်သမီးအရွယ်တွင်သူ့ မိသားစုစားဝတ်နေရေးအတွက်စက်ရုံတစ်ခုတွင်အလုပ်လုပ်ခဲ့၏။ မနက်(၆)နာရီမှ ညနေ(၆)နာရီအထိအလုပ် လုပ်ခဲ့ပြီးညကျောင်းတက်ကာပညာကိုဆည်းပူးခဲ့၏။ စက်ရုံသို့ကျောင်းစာအုပ်ကိုယူသွားကာအလုပ်လုပ်ရင်း ကျောင်းစာကိုလေ့လာခဲ့၏။
သူမ၏ကျမ်းစာအုပ်ကိုလည်းထိုနည်းတူစက်ရုံသို့ယူသွားပြီးဖတ်ရှုခဲ့၏။ ဘုရားသခင် သည်သူမနှင့်နီးကပ်စွာအ တူရှိခဲ့ကာနှုတ် ကပတ်တော်အာဖြင့်ခရစ်တော်ကိုသူမ၏ ကယ်တင်ရှင်အဖြစ်ယုံလက်ခံ ခဲ့ပြီး ခရစ်တော်ကိုချစ်မြတ်နှိုးသောသူတစ်ယောက်လည်းဖြစ်၏။ သူမ၏အနှစ်သက်ဆုံးကျမ်းမှာ ရှင်ယောဟန် ခရစ်ဝင်ကျမ်းဖြစ်ပြီး၊ မကြာခဏအိပ်ဖို့ပင်မေ့နေပြီး ညဉ့်နက်သန်းခေါင်တိုင်ကျမ်းစာဖတ်လျက်ရှိသည်။
သူမ၏ ဖခင်မှာအရက်သမားတစ်ဦးဖြစ်၍အိမ်တွင်းရေးအခြေအနေမလွယ်ကူချေ။ ဖခင်သည်အရက်သောက်ရာမှပြန် လာလျှင်သူမ၏မိခင်ကိုမကြာခဏရိုက်နှက်လေ့ရှိ၏။ တခါတရံမေရီသည် အိမ်အပြင်ဖက်သို့သွားပြီးအမှောင်ထဲ ၌စိတ်မချမ်းမြေ့စွာဖြင့်ရှိုက်ကြီးတငင်ငိုယိုခဲ့၏။ ဤဆင်းရဲဒုက္ခများက သူမ၏အနာဂတ်အသက်တာနှင့် အမှု တော်အတွက်ရင့်ကျက်သန်စွမ်းစေခဲ့၏။
မေရီ၏မိခင်သည် ခရစ်ယာန်ကောင်းတစ်ဦးဖြစ်၏။ သားသမီးငယ်များကိုမကြာ ခဏမိမိနားသို့ခေါ်ကာ သခင်ယေရှုနှင့်ကိုယ်တော် အကြောင်းတခါမျှမကြားဖူးသေးသောလူ မဲကလေးသူငယ်များအကြောင်းကို ပြောပြ လေ့ရှိ၏။ ထိုစဉ်ကသူမသည် မိခင်အား “အမေ၊ ကျွန်မသာသနာပြုဆရာမဖြစ်ချင်တယ်၊ လူမဲကလေးတွေကို သင်ကြားပေးချင်တယ်” ဟုစိတ်အားထက်သန်စွာပြောခဲ့ပေလိမ့်မည်။
ကလေးများခုန်ပေါက်ကစားချိန်တွင် မကြခဏ တရားဟောခြင်းများပြုလုပ်ပေလိမ့်မည်။ လူမဲကလေး များကိုသခင်ယေရှု၏သ တင်းကောင်းပြောကြား ရန်မေရီသွန်သင်ခဲ့ပေသည်။ ထိုကလေးများသည်အာဖရိက တိုက်အကြောင်းအသေးစိတ်သိကျွမ်းနား လည်လာကြပြီးစိတ်အားထက် သန်မှုပြင်းပြလာကြသဖြင့် မေရီ၏အစ် ကိုဖြစ်သူရောဘတ်ကအာဖရိက တိုက်အတွက်သာသနာပြုဆရာဖြစ် လာရန်မိခင်ကလည်းမျှော်လင့်ခဲ့သည်။ သို့သော်မေရီအသက်(၁၄)နှစ်ပြည့်ပြီးမကြာမီပင် သူမ၏ဖခင်နှင့်အစ်ကိုနှစ်ဦး (ရောဘတ်အပါအဝင်) သေဆုံး သွားသည်။
အိမ်ထောင်တစ်ခုလုံးကိုလုပ်ကျွေးပြုစုရန်မေရီ၏တာဝန်ဖြစ်လာသည်။ ထိုသို့မိသားစုကိုကြည့်ရှုပြု စုရန်သူမ၏အလိုဆန္ဒကိုငြင်းပယ်ကာကိုယ်ကျိုးစွန့်သောအသက်တာဖြင့်ဆက်လက်အသက်ရှင်ခဲ့သည်။ ဤ အခက်အခဲဒုက္ခများက သူမအားယခင်ကထက်ပိုမိုသတ္တိရှိပြီးသည်းခံနိုင်စွမ်းပေးခဲ့၏။
အာဖရိကတိုက်အတွက်ခေါ်တော်မူခြင်း
မေရီဆလက်စာသည် အာဖရိက တိုက်၌သာသနာမပြုမီသူမ ၏နေရင်းမြို့လေးတွင် ခရစ်တော်ကိုစိတ်နှ လုံးအကြွင်းမဲ့ဆက် ကပ်လျက်အမှုတော်ဆောင်ခဲ့၏။ ကျွနု်ပ်တို့သည်အခြား အရပ်ဒေသမျာ၌သက်သေခံခြင်းမပြု မီ၊ မိမိနေရင်းဇာတိမြို့ရွာ၌ သခင်ဘုရားအတွက်သစ္စာရှိစွာ အမှုတော်ဆောင်ဖို့လိုအပ်သည်။ မေရီသည် စက်ရုံ၌ (၁၀)နာရီကြာမျှပင်ပန်းစွာအလုပ်လုပ်ပြီးကျန်အချိန်နှင့် တနင်္ဂနွေနေ့များတွင် သခင်ဘုရားအ တွက်ဆက်ကပ် လုပ်ဆောင်ခဲ့၏။ ဤသို့ (၁၄)နှစ်မျှလုပ်ဆောင်ခဲ့၏။
သို့ရာတွင်သူမ၏ရူပါရုံတွင် အာဖရိကတိုက်မှတောအုပ်ကြီး နှင့်တဲကလေးများသာတချိန်လုံးရှိနေခဲ့သည်။
တစ်နေ့အာဖရိကတိုက်မှသာသနာပြုဆရာကြီးဒေးဗစ်လစ်ဗင်းစတုန်းကွယ်လွန်သွားသည့် ဝမ်းနည်းဖွယ်သတင်းသည်စကော့တလန်ပြည်သို့ရောက်ရှိခဲ့၏။ “သူ၏နေရာတွင်မည်သူသွားရောက်အမှုတော်ဆောင်မည် နည်း” ဟူသောမေးခွန်းဖြစ်ပေါ်ခဲ့၏။ ဤစိန်ခေါ်ချက်ကအာဖရိကတိုက်တွင်သွားရောက်အမှုတော်ဆောင်ဖို့မေရီ ၏ဆုံးဖြတ်ချက်ကိုပိုမိုခိုင်မြဲစေခဲ့၏။
အာဖရိပကတိုက်တွင်အမှုတော်ဆောင်ဖို့ခေါ်တော်မူသံကိုမေရီကမိခင်အား ပြောကြားရာမိခင် ကလည်းသဘောတူြက်ညဖြူခဲ့ပေသည်။ ထို့ကြောင့်သာသနာပြုဘုတ်အဖွဲ့ကြီးသို့ချက်ချင်း စာရေးခွင့်တောင်းခဲ့ရာအာဖရိကတိုက် ကယ်လဘာ(Calabar) အရပ်တွင် အမှုတော်ဆောင်ရန်လက်ခံလိုက် ကြောင်းပြန်စာရသည်။
၁၈၇၆ ခုနှစ်၊ အင်္ဂလန်ပြည်၏တစ်ခုသောနံနက်ခင်းတွင် သင်္ဘောတစ်စင်း၏ ကုန်းပတ်ပေါ်မှ မေရီဆလက်စာက သူမ၏မိတ်ဆွေများကိုလက်ဝှေ့ရမ်း ၍နှုတ်ဆက်ပြီး ရေကြောင်းခရီး အစပြုခဲ့သည်။ သင်္ဘောပေါ်တွင်အာဖရိက တိုက်သို့ပို့ဆောင်မည့် တိဗက်အရက်ပုလင်းများ စွာပါလာသည်။ မေရီသည် အရက် ပုလင်းများကိုကြည့်ပြီး“ အရက်ပုလင်းများစွာနှင့် သာသနာပြုတစ်ယောက်ပါလား”ဟုရေရွတ်ခဲ့၏။ သင်္ဘောခရီး စဉ်တွင်သင်္ဘောပေါ်ရှိ မိတ်ဆွေတစ်ဦးကသူမအား အာဖရိကတိုက်အကြောင်းများစွာပြောပြခဲ့၏။
အာဖရိကတိုက် တွင်ထူထပ်သောခြုံနွယ်ပင်များ၊ တောအုပ်များနှင့်ဖုံးလွှမ်းလျက်ရှိကြောင်း၊ လူဖြူများတခါမျှမမြင်ဖူးသေးသော မြစ်များ သည်တောင်များပေါ်မှအရှိန် လျင်မြန်စွာဖြင့်စီးဆင်း လျက်ရှိကြောင်း၊ ကြမ်းတမ်းပြင်း ထန်သောလေမုန် တိုင်းများရုတ်တရက်ကျရောက်ပြီး သစ်ပင်များကိုအမြစ်မှပြုတ် ထွက်စေကာ တောထဲမှအိမ်များ ကိုလည်းအဝေး သို့လွင့်စင်ပျက်စီးစေကြောင်း၊ ထိုသူကပြောပြခဲ့၏။ တောသားရဲတိရစ္ဆာများ၊ ကြီးမားသောရေမြင်းကြီးများ၊ မြစ်ချောင်းများထဲမှ မိကျောင်းများ၊ တောဆင်များ ကျားသစ်များ၊ မြွေများအကြောင်းလည်းပြောသည်။
အာဖရိကတိုက်၌
မေရီသည်ပင်လယ်ကမ်းခြေမြို့တစ်ခုဖြစ်သော ဒု(တ်)မြို့(Duke Town)သို့ရောက်ခဲ့ပြီး၊ ထိုအရပ်ရှိ လူများကိုသိကျွမ်းရန်နှင့်ဘာသာစကားလေ့လာလျက်ထိုအရပ်တွင်(၄)နှစ်မျှအမှေုတော်ဆောင်ခဲ့၏။ အာဖရိက တိုက်ရှိယောက်ျားလေးများ၊ မိန်းကလေးများနှင့်သိကျွမ်းရင်းနှီးလာခဲ့၏။ သူမသည်သူတို့နှင့်အတူပါဝင်က စားခဲ့ ပြီးမကြာမှပင်ခင်မင်ရင်းနှီးမှုရရှိခဲ့၏။ သို့ရာတွင်သူမ၏စိတ်နှလုံး၌ ယခင်ကမည်သူမျှ မသွားခဲ့သောအာဖရိက တိုက်အတွင်းပိုင်းသို့သွား၍ခ ရစ်တော်အကြောင်းပြောရန်တောင့်တခဲ့၏။
မှောင်နေသောတိုက်(ဒေသ) အာဖရိကတိုက်ကိုအမှောင်ဒေသဟုအဘယ်ကြောင့်ခေါ်ဝေါ်ကြကြောင်းမကြာမီမေရီ သဘောပေါက်ခဲ့၏။ နေရာတိုင်း၌အပြစ်ဒုစရိုက်၊ ရက်စက်ကြမ်းကြုတ်မှုနှင့် ညစ်ညမ်းမှုများတွေ့မြင်ရ၏။ ကျွန်ကုန်ကူးခြင်းကိုဆက် လက်လုပ်ဆောင်နေကြ၏။ ယောက်ျား၊မိန်းမနှင့် ကလေးငယ်သူငယ် များကိုညှာ တာထောက်ထားစာနာမှုလုံးဝမ ရှိပဲ၊ ဖမ်းဆီးပြီးတိရစ္ဆာန်များ ထက်ပိုမိုဆိုးရွားစွာပြုမူ ဆက်ဆံခံရသောကျွန်များ အဖြစ်ရောင်းစားကြ၏။
ဒေသခံ များသည်သစ်ပင်တိုင်းနှင့်ရေ ကန်တိုင်းတွင်ဝိညာဉ်ဆိုးများနေထိုင်ကြကြောင်းယုံကြည်ပြီး၊ ထိုဝိညာဉ်ဆိုးများကို အစဉ်ကြောက်ရွံ့ခြင်းဖြင့်အသက်ရှင်နေကြရသည်။ ကွဲပြားခြားနားသောလူမျိုး စုများမှာအချင်းချင်းတိုက်ခိုက် ခြင်း၊ ကခုန်ခြင်းဖြင့်အချိန်ကိုကုန်လွန်စေကြ၏။ သူတို့အနက်အချို့မှာလူသား ကိုပင်စားကြ၏။ သူတို့၏နတ်ဘုရားများကျေနပ်စေရန်၊ တိရစ္ဆာန်များ၏ အသွေးကိုမကြာခဏပူဇော်ကြ၏။
အာဖရိကတိုက်လူမျိုး၏အကြီးအကဲခေါင်းဆောင်တစ်ဦးသေဆုံးလျှင်ကျန်ရစ်သူဇနီးနှင့်ကလေးများ၏ ဦးခေါင်းများကိုဖြတ်ပြီး ဝိညာဉ်လောက၌သေဆုံးသူအတွက်ပေါင်းအဖော်ရရန်သေ သူနှင့်အတူသဂြိၤုလ်ခံရ၏။ ပြစ်မှုကျူးလွန်သူယောက်ျားမိန်းမများကိုအ ဆိပ်သောက်စေပြီး(သို့) ဆီပူထဲလက်ထည့်စေခြင်းဖြင့်စစ်ဆေးဒဏ် ပေးကြ၏။ အမြွာပူးမွေးလျှင်ဝိညာဉ်ဆိုး ကစေလွှတ်ခြင်းဟုယူဆကြပြီးသတ်ပစ်ကာ၊ ဆာလောင်နေသောကျား သစ်များထံလွှင့်ပစ်ကြ၏။
ကလေး၏မိခင်မှာတောကြီးထဲတွင်တစ်ယောက်တည်းနေစေရန် နှင်ထုတ်ခြင်းခံရ၏။ ထိုလူတို့သည်သခင်ယေရှုနှင့်သူ၏မေတ္တာတော်အကြောင်းတခါမျှမကြားဖူးကြပေ။ သခင်ယေရှုသည်သူတို့အား အပြစ်မှကယ်တင်နိုင်ကြောင်းနှင့် သန့်ရှင်းသောအသက် တာဖြင့်ဝမ်းမြောက်စွာအသက်ရှင်ကြောင်းသူတို့တခါမျှမ သိကြချေ။
အမေဆလက်စာ
တစ်နေ့တွင်အာဖရိကန်အမျိုးသမီးတစ်ဦးသည်နှစ်မွှာပူး ကလေးမွေးဖွားကြောင်း မေရီကြားသိရာ ထိုတဲရှိရာသို့ပြေးသွားခဲ့၏။ အသက်ကြီးသောမိန်းမတစ်ဦးအား ကလေးများကိုသူတို့ဘာလုပ်မည်နည်းဟုမေးရာ၊ ကလေးများနောက်ကျောကိုခွဲပြီးပုတ်ထဲ လွှင့်ပစ်ကြလိမ့်မည်ဟုပြောပြ၏။ မေရီသည်ကလေးများကိုသူမအိမ်သို့ ယူသွားပြီးကျွေးမွေးကြည့်ရှုခဲ့၏။ သို့ရာတွင်ကလေးနှစ်ယောက်အနက်ယောက်ျားလေးကိုဆွေမျိုးများကပြန် လည်ခိုးယူသွားပြီးသတ်ပစ်လိုက်ကြ၏။
ကျန်သောကလေးမလေးကိုမေရီကကာကွယ်စောင့်ရှောက်ခဲ့ပြီး အာဖရိကမိသားစု၌သူမ ၏ပထမဆုံး ကလေးအဖြစ်မွေးစားခဲ့၏။
မေရီသည်ထန်းပင် အရွက်များဖြင့် အမိုးပြုလုပ်ထားသော တဲလေးတစ်ခုတွင်နေထိုင်ကာ ထိုဒေသအစားအစာဖြစ်သည့်ငါး၊ မျောက်ဥနှင့် ငှက်ပျောသီး(အငယ်စား)တို့ကိုစားသောက်ပြီး သူတို့အတွက်အဝတ်အထည် လုပ်ပေးခြင်း၊ သူနာပြုကဲ့သို့ပြုစုစောင့်ရှောက်ပေးခြင်းများပြုခဲ့သည်။
မေရီသည် ခြုံနွယ်များရှိသောဤတိုင်းပြည်၏တောတွင်းပိုင်းသို့သွားချင်စိတ်ပြင်းပြခဲ့ကြောင်း ကျွန်ုပ်တို့သိပြီးဖြစ်၏။ ဒေသခံများသည်အလွန်ဆိုးညစ်ပြီး ကမ်းခြေဒေသမှလူများအ တွက်ရန်သူများဖြစ်ကြ၏။ သို့ရာတွင် တစ်ည၌သူမနှင့်အတူအာဖရိကန်လူငယ်လေးသုံးဦး၊ အမျိုးသမီးလေးတစ်ဦးနှင့်ခလေးငယ်တို့သည် တောထဲသို့ ခရီးအစပြုခဲ့ကြ၏။
ရွာသို့ရောက်သောအခါဘာမျှပြင်ဆင်မှုမပြုလုပ်ရသေး၍သူမတို့နေထိုင်ရန်အိမ်ကိုကလေးများနှင့်အတူ ဝါးဖြင့်တဲလေးတစ်ခုဆောက်ကာရွံ့ဖြင့်အိုးများပြုလုပ်ခဲ့ကြ၏။ တဲအတွင်း၌အခန်းမရှိသောကြောင့် အသုံးအ ဆောင်များကိုအပြင်၌ချိတ်ဆွဲထားကြ၏။ ဘုရားရှစ်ခိုးကျောင်းတစ်ခုကိုလည်း စတင်ဆောက်လုပ်ခဲ့ကြ၏။ မေရီ သည်လူများကိုအဝတ် အစားတချို့ပေး၏။ အမျိုးသမီးများကိုချက်ပြုတ် ရန်နှင့် အဝတ်အထည်ချုပ်တတ်ရန်၊ ခလေးငယ်များကိုစာရေးစာဖတ် တတ်ရန်သင်ပြပေးခဲ့၏။ သခင်ယေရှူအကြောင်း ကိုလည်းသူတို့အားပြောပြခဲ့၏။
လူဖြူဘုရင်မ အချို့တိုင်းရင်းသားလူမျိုးစုပြဿနာများကို ဖြေရှင်းရန်မေရီသည်မကြာခဏမိုင်းပေါင်းများ စွာသွား ရောက်ခဲ့ရ၏။ တစ်နေ့တွင်စစ်ဖြစ်တော့မည့်သတင်းကိုသူမကြားသိခဲ့ရ၏။ မဲမှောင်နေသောတောအုပ်ကြီးထဲ တွင်ညအချိန်၌တိရစ္ဆာန်များ၏အန္တရာယ်မှကာကွယ်ရန်ဘုရားသခင်ထံ ဆုတောင်းလျက်သူမတစ်ယောက်တည်း ကျော်ဖြတ်ခဲ့ရ၏။ဤရဲရင့်စိတ်ကိုအဘယ်သို့ရရှိခဲ့သနည်း။ သူမသည်မွေးကတည်းကသတ္တိရှိသူလော။ မဟုတ်ပါ။
စကော့တလန်၌နေစဉ်ကလယ် ကွင်းပြင်တွင်နွားမ တစ်ကောင်ရှိနေပါကထိုလယ်ကွင်းကိုသူမဖြတ် သွားရန်ကြောက်ရွံ့လေ့ရှိခဲ့၏။ သူမကိုရဲရင့်စေသူမှာသူမ ၏အထဲ၌ရှိသောသန့်ရှင်းသော ဝိညာဉ်တော်ပင်ဖြစ် သည်။ မကြာမီသူမအားမျှ တသောတရားသူကြီးတစ်ဦး အဖြစ်အသိအမှတ်ပြုခြင်း ခံခဲ့ရပြီး အကြီးအကဲများက အကြံဉာဏ်တောင်း ခံရန်သူမ ထံသို့မကြာခဏရောက်လာခဲ့ကြ၏။ တခါတရံပြဿနာတစ်ခုဖြေရှင်းရန်တစ်နေ ကုန်ကြာမြင့်တတ်၏။ မေရီသည်မှန်ကန်စွာ လုပ်ဆောင်ကြောင်းသူတို့သိသောကြောင့်သူမ၏ အကြံဉာဏ်ပေး ချက်များကိုအစဉ်လက်ခံ သဘောတူကြ၏။ ထိုအရပ်ဒေသကိုဗြိတိသျှအ စိုးရအုပ်ချုပ်သောအချိန် တွင်သူမအား ကောင်စစ်ဝန် အဖြစ်ခန့်အပ်ခဲ့၏။ မေရီအား လူဖြူဘုရင်မအဖြစ်လူသိများလာခဲ့၏။
မေရီသည်အာဖရိကတိုက်သားများကဲ့သို့ရိုးရိုးလေးအသက်ရှင်ခဲ့ပြီးရရှိသော လစာအနည်းငယ်မှစု ဆောင်းထားသမျှသောငွေကိုစကော့တလန်ရျိမိခင်နှင့်ညီ မလေးထံသို့ပို့ပေးခဲ့၏။ မကြာမီမိခင်နှင့် ညီမလေး တို့ တစ်ယောက်ပြီးတစ်ယောက်ဆုံးပါးသွားသောသတင်းကြားရာသူမမှာ အလွန်ကြေကွဲအားငယ်ခဲ့၏။ သို့သော် လည်းဤအချိန်တွင်သူမ၏ အာဖရိကမိသားစု၌ ကလေးငယ်များစွာရှိခဲ့ပြီ။ သုတို့သည်အမြွှာကလေးများ၊ မိဘမဲ့ များ၊ ကျွန်ဘဝမှလွတ်မြောက်ပြီး၊ သူမကြည့်ရှုစောင့်ရှောက် ကာကွယ်ခဲ့သော ကလေးများဖြစ်ကြသည်။ မေရီ သည်သူမ၏ အလုပ်မအားလပ်သောကြောင့်တပတ်တာအ တွင်းမည်သည့်နေဖြစ်ကြောင်းကိုပင်မေ့လျော့ခဲ့၏။ မိတ်ဆွေများ၏ဆုတောင်းချက်များက သူမ၏အလုပ်ကိုကူညိထောက်မမှုဖြစ်စေ၏။
အာဖရိကကိုတောင့်တခြင်း
ဖျားနာခြင်းကသူမကိုစကော့တလန်ပြည်သို့ပြန်လှည့်စေခဲ့၏။ သို့သော်လည်းကျန်းမာရေးကောင်းလာ သည်နှင့်သူမအားအာဖရိ ကသို့ပြန်လည်စေလွှတ် သင့်ကြောင်းငိုကြွေးတောင်းဆိုခဲ့၏။ ထိုသို့မပြုကသခင်ယေရှူ ကိုလက်မခံ ရပဲသေဆုံးသွားကြသောထို လူများရှိရာ သို့ရေကူးလျက်ပင်သူ မပြန် သွားသင့်ကြောင်းပြောသည်။
ထို ဒေသသို့သူမပြန် သွားပြီးသည်နှင့် ကျွန်ရောင်း ဝယ်ရေးနှင့်လူသား စားခြင်းပွဲတော်ကျင်းပ ရာ၌ကျော်ကြားသောလူ မျိုးစုတစ်စုထံသို့ကြောက်ရွံ့ခြင်းကင်းလျက် သွားရောက်ခဲ့၏။ သူမသည်အသက်ကြီး ရင့်လာပြီးဖြစ်သော်လည်း စိတ်အားထက် သန်စွာအမှုတော်ထမ်းဆောင်ခဲ့၏။ တခါတရံသူမအားကုလား ထိုင်ပေါ်ထိုင်စေပြီးလူများ ကသယ် ဆောင်ခြင်ဖြင့်ခရီးထွက်နိုင်ခဲ့၏။
ဗြိတိသျှအစိုးရကသူမအား ထိုဒေသအတွက်ရာဇဝတ်တ ရားသူကြီးအဖြစ်တာဝန် အပ်နှင်းခဲ့ရသည်။ဤ သို့ဖြင့်သူမသည်ဗြိတိသျှအင်ပါရာ၏ ပထမအမျိုးသမီးတရားသူကြီးဖြစ်ခဲ့သည်။ ဤရာထူးကိုအသုံးပြုလျက်ဗြိတိသျှအရာရှိများနှင့် အာဖရိကတိုက်ရှိတိုင်းရင်းသားများ ခရစ်တော်ကိုလက်ခံစေရန် လုပ်ဆောင်ခဲ့သည်။ မေရီဆလက်စာ၏ လုပ်ငန်းသည်မြို့ပြစည်ပင်တိုး တက်ယဉ်ကျေးရန် လုပ်ဆောင်ခြင်းထက် သာလွန်ထူးခြားစွာ လုပ်ဆောင်နိုင်ခဲ့သည်။
ပထမတွင်မည်သူမျှသတိမပြုမိခဲ့ချေ။ သို့ရာတွင်မာကြာမီအခြားတိုင်းပြည်များမှသူမ၏ လုပ်ငန်းကိုသိရှိလာကြပြီး ဗြိတိသျှ ဘုရင်ကသူမ၏ကြီးမြတ်ကောင်း မွန်သောလုပ်ငန်းအတွက် ငွေလက်ဝါးကပ် တိုင်ချီးမြှင့်ခဲ့သည်။ ဤသို့ဖြင့် ဘုရားသခင်က သူ့ကိုချီးမြှောက်သောတပည့်တော် တိုပအား ဂုဏ်ပြုတော်မူ ခဲ့သည်။
ဘုန်းတော်ဝင်စားခြင်း
မေရီသည်နေရင်းတိုင်းပြည်သို့မပြန်ပဲနောက်ဆုံးစက္ကန့် အထိအာဖရိကတိုက်၌အ မှုတော်ဆောင်ရန်ဆန္ဒရှိခဲ့၏။ သူမစိတ်ပျက်ရန်ဖျားနာခြင်းနှင့်အ သက်ကြီးရင့်ခြင်းကပင် မတတ်စွမ်းနိုင်ခဲ့ပေ။ မလှုပ်မရှားနိုင်လောက်
အောင် အလွန်အမင်းဖျားနာသောအချိ်န်တွင်မူ အိပ်ယာပေါ်လဲလျောင်းလျက်ဆုတောင်းပေးလိမ့်မည်။ သူမ၏အတွေးများသည် ကောင်းကင်ဘုံအကြောင်းပို၍လေး နက်မှုရှိလာကာ၊ (၁၉၁၅)ခု၊ ဇန်နဝါရီလ (၁၃) ရက်နေ့၌ဆုလဒ်လက်ခံရယူရန်ကြီးမြတ်သော(ဘုရားသခင်)ထံတော်သို့သွားလေသည်။ သူမ၏နံဘေးကုတင် ပေါ်တွင် ဝိညာဉ်ရေးတိုက်ပွဲအတွက်သူမ၏အဖော်မွန်ဖြစ် သမ္မာကျမ်းအတွင်း၌ခွန်အားရ၍မှတ်သားထားချက် များအပြည့်တွေ့၇သည်။
အဝတ်ချုပ်နည်းစာရွက်စာတမ်းဟောင်းတချို့၊ စာအုပ်အနည်းငယ်နှင့် စာထည့်သည့် အိတ်ကြီးတစ်ခုသာသူမပိုင်ဆိုင်သောပစ္စည်းအဖြစ်သာကျန်ရစ်ခဲ့သည်။ သူမသည် “ဆင်းရဲသောသူကဲ့သို့ဖြစ် သော်လည်းသူတစ်ပါးကို ရတတ်စေသောသူကဲ့သို့” အသက်ရှင်ခဲ့သည်။
စကော့တလန်ပြည်မှ ပိန်သွယ်ပြီး ကြောက်လန့်တတ်သောအမျိုးသမီးလေး မေရီသည် အသုံးဝင်သော အသက်တာဖြင့်ကောင်းစွာအသက်ရှင်ခဲ့ပြီး၊ ရမည့်ဆုလဒ်အတွက်အရာရာ၌ဘုရားသခင်စကားနာခံခဲ့သည်။
အကယ်၍သခင်ယေရှုနောက်သို့လိုက်လျှောက်လိုလျှင် သင်၌စွမ်းရည်သတ္တိများရှိသည်ဖြစ်စေ၊ အားနည်းချို့တဲ့ သည်ဖြစ်စေ၊ သင့်အသက်တာအားဖြင့် အခြားသူများကောင်းကြီးမင်္ဂလာဖြစ်ပါစေ။
အာဖရိကတိုက္မွလူျဖဴဘုရင္မ
12-15 minutter
ေမရီဆလက္စာ Mary Slessor
(၁၈၄၈ - ၁၉၁၅)
နံနက္မိုးအလင္း
မိုးသည္ရြာသြန္းလ်က္ရွိေသာလမ္းအတိုင္း
(၁၆)ႏွစ္အရြယ္အမ်ဳိးသမီးငယ္တစ္ဦးလမ္း
ေလွ်ာက္သြားစဥ္သူ႔ေနာက္မွဆိုးသြမ္းၾကမ္း
တမ္းပံုေပၚသည့္လူငယ္တစ္အုပ္လို္က္ပါခဲ့၏။
ေခါင္းေဆာင္သည္ ထိပ္တြင္ခဲသတၱဳမ်ားတပ္ ထားေသာႀကိဳးကို
ေခါင္းေပၚမွေ၀ွ႔ရမ္း ကာသူမအနီး သို႔ခ်ဥ္းကပ္လာၿပီး“မင္းရဲ႕က်မ္းစာ သင္ခန္းစာေတြေမ့သြားၿပိ ငါတို႔ကိုပစ္ထား ခဲ့ေအာင္ငါတုိ႔ လုပ္ရ လိမ့္မယ္” ဟူ၍ေျပာလုိက္၏။
ပိန္သြယ္ေသာအမ်ဳိးသမီးေမရီသည္ လမ္းေလွ်ာက္ရပ္လိုက္ၿပီး “မင္းတုိ႔လုပ္ေဆာင္ခ်င္သလိုလုပ္ႏိုင္ တယ္” ဟုျပန္ေျပာလိုက္၏။ ေ၀ွ႔ရမ္းေနေသာႀကိဳးေၾကာင့္ခဲသတၱဳမ်ားသူမအနီးသုိ႔တျဖည္းျဖညး္နီးကပ္လာေသာ္ လည္းသူမသည္တိမ္းေရွာက္လႈပ္ရွားျခင္းမျပဳပဲ ရဲ႕ရင့္စြာမတ္တတ္ရပ္ေနခဲ့၏။ သူမသည္ ဘုရားသခင္၏အမႈ ေတာ္ျမတ္ကိုလုပ္ေဆာင္ေနသူျဖစ္ၿပီး ဘုရားသခင္ကသူမအားၾကည့္ရႈေစာင့္ေရွာက္ေတာ္မူလိမ့္မည္ျဖစ္၏။ သူ မသည္ ဆင္းရဲသားရပ္ကြက္တစ္ခုရွိ ေယာက္်ားေလး၊ မိန္းကေလးမ်ားကိုက်မ္းစာမ်ားသင္ၾကားေပးေနသူျဖစ္၏။ ဆိုးသြမ္းၾကမ္းတမ္းေသာဤလူငယ္တစ္စုသည္သူမ၏က်မ္းစာသင္တန္းမ်ားကိုဖ်က္ဆီးရန္ဆုံးျဖတ္ၾကၿပီးယခုကဲ့သို႔လုပ္ေဆာင္ေနၾကျခင္းျဖစ္၏။
ေမရီသည္ေၾကာက္႐ြံ႕တုန္လႈပ္မႈမရွိေၾကာင္းသူတုိ႔ျမင္ေသာအခါ မေက်မနပ္ျပစ္တင္႐ႈံ႕ခ်ေနရာမွ ခ်စ္ခင္ ျမတ္ႏိုးေလးစားသြားၿပီးထိုလူငယ္တစ္အုပ္လုံး ေမရီ၏က်မ္းစာသင္တန္းသုိ႔တက္ေရာက္ခဲ့ၾက၏။ ဤသည္မွာ ခဲ သတၱဳႀကိဳးကိုေ၀့ရမ္းေသာေခါင္းေဆာင္၏အသက္တာေျပာင္းလဲသြားေသာအခ်က္ေပတည္း။
အမ်ဳိးသမီးငယ္၏တစ္ဦးအေနျဖင့္
ေဖာ္ျပခဲ့ေသာအမ်ဳိးသမီးငယ္ျဖစ္သူေမရီဆလက္စာကို (၁၈၄၈)ခု၊ ဒီဇင္ဘာလ (၂)ရက္ေန႔တြင္စေကာ့ တလန္ျပည္၌ဖြားျမင္ခဲ့၏။ သူ၏မိဘမ်ားသည္ ဆင္းရဲသားမ်ားျဖစ္ၾက၏။ အသက္(၁၁)ႏွစ္သမီးအရြယ္တြင္သူ႔ မိသားစုစား၀တ္ေနေရးအတြက္စက္ရံုတစ္ခုတြင္အလုပ္လုပ္ခဲ့၏။ မနက္(၆)နာရီမွ ညေန(၆)နာရီအထိအလုပ္ လုပ္ခဲ့ၿပီးညေက်ာင္းတက္ကာပညာကိုဆည္းပူးခဲ့၏။ စက္ရံုသုိ႔ေက်ာင္းစာအုပ္ကိုယူသြားကာအလုပ္လုပ္ရင္း ေက်ာင္းစာကိုေလ့လာခဲ့၏။
သူမ၏က်မ္းစာအုပ္ကုိလညး္ထိုနည္းတူစက္ရုံသို႔ယူသြားၿပီးဖတ္ရႈခဲ့၏။ ဘုရားသခင္ သည္သူမႏွင့္နီးကပ္စြာအ တူရွိခဲ့ကာႏႈတ္ ကပတ္ေတာ္အာျဖင့္ခရစ္ေတာ္ကိုသူမ၏ ကယ္တင္ရွင္အျဖစ္ယံုလက္ခံ ခဲ့ၿပီး ခရစ္ေတာ္ကုိခ်စ္ျမတ္ႏႈိးေသာသူတစ္ေယာက္လည္းျဖစ္၏။ သူမ၏အႏွစ္သက္ဆုံးက်မ္းမွာ ရွင္ေယာဟန္ ခရစ္၀င္က်မ္းျဖစ္ၿပီး၊ မၾကာခဏအိပ္ဖို႔ပင္ေမ့ေနၿပီး ညဥ့္နက္သန္းေခါင္တိုင္က်မ္းစာဖတ္လ်က္ရွိသည္။
သူမ၏ ဖခင္မွာအရက္သမားတစ္ဦးျဖစ္၍အိမ္တြင္းေရးအေျခအေနမလြယ္ကူေခ်။ ဖခင္သည္အရက္ေသာက္ရာမွျပန္ လာလွ်င္သူမ၏မိခင္ကိုမၾကာခဏရိုက္ႏွက္ေလ့ရွိ၏။ တခါတရံေမရီသည္ အိမ္အျပင္ဖက္သုိ႔သြားၿပီးအေမွာင္ထဲ ၌စိတ္မခ်မ္းေျမ႕စြာျဖင့္႐ိႈက္ႀကီးတငင္ငိုယိုခဲ့၏။ ဤဆင္းရဲဒုကၡမ်ားက သူမ၏အနာဂတ္အသက္တာႏွင့္ အမႈ ေတာ္အတြက္ရင့္က်က္သန္စြမ္းေစခဲ့၏။
ေမရီ၏မိခင္သည္ ခရစ္ယာန္ေကာင္းတစ္ဦးျဖစ္၏။ သားသမီးငယ္မ်ားကိုမၾကာ ခဏမိမိနားသို႔ေခၚကာ သခင္ေယ႐ႈႏွင့္ကိုယ္ေတာ္ အေၾကာင္းတခါမွ်မၾကားဖူးေသးေသာလူ မဲကေလးသူငယ္မ်ားအေၾကာင္းကို ေျပာျပ ေလ့ရွိ၏။ ထို္စဥ္ကသူမသည္ မိခင္အား “အေမ၊ ကၽြန္မသာသနာျပဳဆရာမျဖစ္ခ်င္တယ္၊ လူမဲကေလးေတြကို သင္ၾကားေပးခ်င္တယ္” ဟုစိတ္အားထက္္သန္စြာေျပာခဲ့ေပလိမ့္မည္။
ကေလးမ်ားခုန္ေပါက္ကစားခ်ိန္တြင္ မၾကခဏ တရားေဟာျခင္းမ်ားျပဳလုပ္ေပလိမ့္မည္။ လူမဲကေလး မ်ားကုိသခင္ေယ႐ႈ၏သ တင္းေကာင္းေျပာၾကား ရန္ေမရီသြန္သင္ခဲ့ေပသည္။ ထိုကေလးမ်ားသည္အာဖရိက တုိက္အေၾကာင္းအေသးစိတ္သိကၽြမ္းနား လည္လာၾကၿပီးစိတ္အားထက္ သန္မႈျပင္းျပလာၾကသျဖင့္ ေမရီ၏အစ္ ကိုျဖစ္သူေရာဘတ္ကအာဖရိက တုိက္အတြက္သာသနာျပဳဆရာျဖစ္ လာရန္မိခင္ကလည္းေမွ်ာ္လင့္ခဲ့သည္။ သို႔ေသာ္ေမရီအသက္(၁၄)ႏွစ္ျပည့္ၿပီးမၾကာမီပင္ သူမ၏ဖခင္ႏွင့္အစ္ကိုႏွစ္ဦး (ေရာဘတ္အပါအ၀င္) ေသဆုံး သြားသည္။
အိမ္ေထာင္တစ္ခုလံုးကုိလုပ္ေကၽြးျပဳစုရန္ေမရီ၏တာ၀န္ျဖစ္လာသည္။ ထိုသို႔မိသားစုကုိၾကည့္႐ွဳျပဳ စုရန္သူမ၏အလိုဆႏၵကိုျငင္းပယ္ကာကုိယ္က်ဳိးစြန္႔ေသာအသက္တာျဖင့္ဆက္လက္အသက္ရွင္ခဲ့သည္။ ဤ အခက္အခဲဒုကၡမ်ားက သူမအားယခင္ကထက္ပိုမိုသတိၱရွိၿပီးသည္းခံႏိုင္စြမ္းေပးခဲ့၏။
အာဖရိကတိုက္အတြက္ေခၚေတာ္မူျခင္း
ေမရီဆလက္စာသည္ အာဖရိက တိုက္၌သာသနာမျပဳမီသူမ ၏ေနရင္းၿမိဳ႕ေလးတြင္ ခရစ္ေတာ္ကိုစိတ္ႏွ လံုးအႁကြင္းမဲ့ဆက္ ကပ္လ်က္အမႈေတာ္ေဆာင္ခဲ့၏။ ကၽြႏု္ပ္တို႔သည္အျခား အရပ္ေဒသမ်ာ၌သက္ေသခံျခင္းမျပဳ မီ၊ မိမိေနရင္းဇာတိျမိဳ႕ရြာ၌ သခင္ဘုရားအတြက္သစၥာရွိစြာ အမႈေတာ္ေဆာင္ဖို႔လုိအပ္သည္။ ေမရီသည္ စက္ရံု၌ (၁၀)နာရီၾကာမွ်ပင္ပန္းစြာအလုပ္လုပ္ၿပီးက်န္အခ်ိန္ႏွင့္ တနဂၤေႏြေန႔မ်ားတြင္ သခင္ဘုရားအ တြက္ဆက္ကပ္ လုပ္ေဆာင္ခဲ့၏။ ဤသိုိ႔ (၁၄)ႏွစ္မွ်လုပ္ေဆာင္ခဲ့၏။
သို႔ရာတြင္သူမ၏႐ူပါ႐ံုတြင္ အာဖရိကတိုက္မွေတာအုပ္ႀကီး ႏွင့္တဲကေလးမ်ားသာတခ်ိန္လုံးရွိေနခဲ့သည္။
တစ္ေန႔အာဖရိကတုိက္မွသာသနာျပဳဆရာႀကီးေဒးဗစ္လစ္ဗင္းစတုန္းကြယ္လြန္သြားသည့္ ၀မ္းနည္းဖြယ္သတင္းသည္စေကာ့တလန္ျပည္သို႔ေရာက္ရွိခဲ့၏။ “သူ၏ေနရာတြင္မည္သူသြားေရာက္အမႈေတာ္ေဆာင္မည္ နညး္” ဟူေသာေမးခြန္းျဖစ္ေပၚခဲ့၏။ ဤစိန္ေခၚခ်က္ကအာဖရိကတုိက္တြင္သြားေရာက္အမႈေတာ္ေဆာင္ဖို႔ေမရီ ၏ဆုံးျဖတ္ခ်က္ကုိပိုမိုခု္ိင္ၿမဲေစခဲ့၏။
အာဖရိပကတိုက္တြင္အမႈေတာ္ေဆာင္ဖုိ႔ေခၚေတာ္မူသံကုိေမရီကမိခင္အား ေျပာၾကားရာမိခင္ ကလည္းသေဘာတူၾက္ညျဖဴခဲ့ေပသည္။ ထုိ႔ေၾကာင့္သာသနာျပဳဘုတ္အဖြဲ႕ႀကီးသုိ႔ခ်က္ခ်င္း စာေရးခြင့္ေတာင္းခဲ့ရာအာဖရိကတိုက္ ကယ္လဘာ(Calabar) အရပ္တြင္ အမႈေတာ္ေဆာင္ရန္လက္ခံလိုက္ ေၾကာင္းျပန္စာရသည္။
၁၈၇၆ ခုႏွစ္၊ အဂၤလန္ျပည္၏တစ္ခုေသာနံနက္ခင္းတြင္ သေဘၤာတစ္စင္း၏ ကုန္းပတ္ေပၚမွ ေမရီဆလက္စာက သူမ၏မိတ္ေဆြမ်ားကုိလက္ေ၀ွ႔ရမ္း ၍ႏႈတ္ဆက္ၿပီး ေရေၾကာင္းခရီး အစျပဳခဲ့သည္။ သေဘၤာေပၚတြင္အာဖရိက တိုက္သို႔ပို႔ေဆာင္မည့္ တိဗက္အရက္ပုလင္းမ်ား စြာပါလာသည္။ ေမရီသည္ အရက္ ပုလင္းမ်ားကိုၾကည့္ၿပီး“ အရက္ပုလင္းမ်ားစြာႏွင့္ သာသနာျပဳတစ္ေယာက္ပါလား”ဟုေရ႐ြတ္ခဲ့၏။ သေဘၤာခရီး စဥ္တြင္သေဘၤာေပၚရွိ မိတ္ေဆြတစ္ဦးကသူမအား အာဖရိကတိုက္အေၾကာင္းမ်ားစြာေျပာျပခဲ့၏။
အာဖရိကတိုက္ တြင္ထူထပ္ေသာႃခဳံႏြယ္ပင္မ်ား၊ ေတာအုပ္မ်ားႏွင့္ဖုံးလႊမ္းလ်က္ရွိေၾကာင္း၊ လူျဖဴမ်ားတခါမွ်မျမင္ဖူးေသးေသာ ျမစ္မ်ား သည္ေတာင္မ်ားေပၚမွအရွိန္ လ်င္ျမန္စြာျဖင့္စီးဆင္း လ်က္ရွိေၾကာင္း၊ ၾကမ္းတမ္းျပင္း ထန္ေသာေလမုန္ တုိင္းမ်ားရုတ္တရက္က်ေရာက္ၿပီး သစ္ပင္မ်ားကုိအျမစ္မွျပဳတ္ ထြက္ေစကာ ေတာထဲမွအိမ္မ်ား ကိုလည္းအေ၀း သို႔လြင့္စင္ပ်က္စီးေစေၾကာင္း၊ ထုိသူကေျပာျပခဲ့၏။ ေတာသားရဲတိရစာၦမ်ား၊ ႀကီးမားေသာေရျမင္းႀကီးမ်ား၊ ျမစ္ေခ်ာင္းမ်ားထဲမွ မိေက်ာင္းမ်ား၊ ေတာဆင္မ်ား က်ားသစ္မ်ား၊ ေႃမြမ်ားအေၾကာင္းလည္းေျပာသည္။
အာဖရိကတိုက္၌
ေမရီသည္ပင္လယ္ကမ္းေျခၿမိဳ႕တစ္ခုျဖစ္ေသာ ဒု(တ္)ၿမိဳ႕(Duke Town)သို႔ေရာက္ခဲ့ၿပီး၊ ထိုအရပ္ရွိ လူမ်ားကိုသိကၽြမ္းရန္ႏွင့္ဘာသာစကားေလ့လာလ်က္ထိုအရပ္တြင္(၄)ႏွစ္မွ်အေမႈေတာ္ေဆာင္ခဲ့၏။ အာဖရိက တိုက္ရွိေယာက္်ားေလးမ်ား၊ မိ္န္းကေလးမ်ားႏွင့္သိကၽြမ္းရင္းႏွီးလာခဲ့၏။ သူမသည္သူတို႔ႏွင့္အတူပါ၀င္က စားခဲ့ ၿပီးမၾကာမွပင္ခင္မင္ရင္းႏွီးမႈရရွိခဲ့၏။ သုိ႔ရာတြင္သူမ၏စိတ္ႏွလုံး၌ ယခင္ကမည္သူမွ် မသြားခဲ့ေသာအာဖရိက တိုက္အတြင္းပိုင္းသုိ႔သြား၍ခ ရစ္ေတာ္အေၾကာင္းေျပာရန္ေတာင့္တခဲ့၏။
ေမွာင္ေနေသာတိုက္(ေဒသ) အာဖရိကတိုက္ကိုအေမွာင္ေဒသဟုအဘယ္ေၾကာင့္ေခၚေ၀ၚၾကေၾကာင္းမၾကာမီေမရီ သေဘာေပါက္ခဲ့၏။ ေနရာတိုင္း၌အျပစ္ဒုစရိုက္၊ ရက္စက္ၾကမ္းၾကဳတ္မႈႏွင့္ ညစ္ညမ္းမႈမ်ားေတြ႔ျမင္ရ၏။ ကၽြန္ကုန္ကူးျခင္းကုိဆက္ လက္လုပ္ေဆာင္ေနၾက၏။ ေယာက္်ား၊မိန္းမႏွင့္ ကေလးငယ္သူငယ္ မ်ားကိုညွာ တာေထာက္ထားစာနာမႈလုံး၀မ ရွိပဲ၊ ဖမ္းဆီးၿပီးတိရစာၦန္မ်ား ထက္ပိုမိုဆိုးရြားစြာျပဳမူ ဆက္ဆံခံရေသာကၽြန္မ်ား အျဖစ္ေရာင္းစားၾက၏။
ေဒသခံ မ်ားသည္သစ္ပင္တိုင္းႏွင့္ေရ ကန္တိုင္းတြင္၀ိညာဥ္ဆိုးမ်ားေနထိုင္ၾကေၾကာင္းယံုၾကည္ၿပီး၊ ထို၀ိညာဥ္ဆိုးမ်ားကို အစဥ္ေၾကာက္ရြံ႕ျခင္းျဖင့္အသက္ရွင္ေနၾကရသည္။ ကဲြျပားျခားနားေသာလူမ်ဳိး စုမ်ားမွာအခ်င္းခ်င္းတိုက္ခိုက္ ျခင္း၊ ကခုန္ျခင္းျဖင့္အခ်ိန္ကုိကုန္လြန္ေစၾက၏။ သူတုိ႔အနက္အခ်ဳိ႕မွာလူသား ကိုပင္စားၾက၏။ သူတုိ႔၏နတ္ဘုရားမ်ားေက်နပ္ေစရန္၊ တိရစာၦန္မ်ား၏ အေသြးကိုမၾကာခဏပူေဇာ္ၾက၏။
အာဖရိကတိုက္လူမ်ဳိး၏အႀကီးအကဲေခါင္းေဆာင္တစ္ဦးေသဆုံးလွ်င္က်န္ရစ္သူဇနီးႏွင့္ကေလးမ်ား၏ ဦးေခါင္းမ်ားကိုျဖတ္ၿပီး ၀ိညာဥ္ေလာက၌ေသဆုံးသူအတြက္ေပါင္းအေဖာ္ရရန္ေသ သူႏွင့္အတူသၿဂိၤဳလ္ခံရ၏။ ျပစ္မႈက်ဴးလြန္သူေယာက္်ားမိန္းမမ်ားကိုအ ဆိပ္ေသာက္ေစၿပီး(သို႔) ဆီပူထဲလက္ထည့္ေစျခင္းျဖင့္စစ္ေဆးဒဏ္ ေပးၾက၏။ အႃမြာပူးေမြးလွ်င္၀ိညာဥ္ဆိုး ကေစလႊတ္ျခင္းဟုယူဆၾကၿပီးသတ္ပစ္္ကာ၊ ဆာေလာင္ေနေသာက်ား သစ္မ်ားထံလႊင့္ပစ္ၾက၏။
ကေလး၏မိခင္မွာေတာႀကီးထဲတြင္တစ္ေယာက္တည္းေနေစရန္ ႏွင္ထုတ္ျခင္းခံရ၏။ ထိုလူတုိ႔သည္သခင္ေယ႐ွဳႏွင့္သူ၏ေမတၱာေတာ္အေၾကာင္းတခါမွ်မၾကားဖူးၾကေပ။ သခင္ေယရွဳသည္သူတုိ႔အား အျပစ္မွကယ္တင္ႏိုင္ေၾကာင္းႏွင့္ သန္႔ရွင္းေသာအသက္ တာျဖင့္၀မ္းေျမာက္စြာအသက္ရွင္ေၾကာင္းသူတုိ႔တခါမွ်မ သိၾကေခ်။
အေမဆလက္စာ
တစ္ေန႔တြင္အာဖရိကန္အမ်ဳိးသမီးတစ္ဦးသည္ႏွစ္မႊာပူး ကေလးေမြးဖြားေၾကာင္း ေမရီၾကားသိရာ ထိုတဲရွိရာသုိ႔ေျပးသြားခဲ့၏။ အသက္ႀကီးေသာမိန္းမတစ္ဦးအား ကေလးမ်ားကိုသူတို႔ဘာလုပ္မည္နညး္ဟုေမးရာ၊ ကေလးမ်ားေနာက္ေက်ာကိုခြဲၿပီးပုတ္ထဲ လႊင့္ပစ္ၾကလိမ့္မည္ဟုေျပာျပ၏။ ေမရီသည္ကေလးမ်ားကိုသူမအိမ္သို႔ ယူသြားၿပီးေကၽြးေမြးၾကည့္ရႈခဲ့၏။ သို႔ရာတြင္ကေလးႏွစ္ေယာက္အနက္ေယာက္်ားေလးကိုေဆြမ်ဳိးမ်ားကျပန္ လည္ခိုးယူသြားၿပီးသတ္ပစ္လိုက္ၾက၏။
က်န္ေသာကေလးမေလးကိုေမရီကကာကြယ္ေစာင့္ေရွာက္ခဲ့ၿပီး အာဖရိကမိသားစု၌သူမ ၏ပထမဆံုး ကေလးအျဖစ္ေမြးစားခဲ့၏။
ေမရီသည္ထန္းပင္ အရြက္မ်ားျဖင့္ အမိုးျပဳလုပ္ထားေသာ တဲေလးတစ္ခုတြင္ေနထိုင္ကာ ထိုေဒသအစားအစာျဖစ္သည့္ငါး၊ ေမ်ာက္ဥႏွင့္ ငွက္ေပ်ာသီး(အငယ္စား)တုိ႔ကိုစားေသာက္ၿပီး သူတို႔အတြက္အ၀တ္အထည္ လုပ္ေပးျခင္း၊ သူနာျပဳကဲ့သို႔ျပဳစုေစာင့္ေရွာက္ေပးျခင္းမ်ားျပဳခဲ့သည္။
ေမရီသည္ ၿခံဳႏြယ္မ်ားရိွေသာဤတိုင္းျပည္၏ေတာတြင္းပိုင္းသို႔သြားခ်င္စိတ္ျပင္းျပခဲ့ေၾကာင္း ကၽြႏ္ုပ္တို႔သိၿပီးျဖစ္၏။ ေဒသခံမ်ားသည္အလြန္ဆိုးညစ္ၿပီး ကမ္းေျခေဒသမွလူမ်ားအ တြက္ရန္သူမ်ားျဖစ္ၾက၏။ သုိ႔ရာတြင္ တစ္ည၌သူမႏွင့္အတူအာဖရိကန္လူငယ္ေလးသံုးဦး၊ အမ်ဳိးသမီးေလးတစ္ဦးႏွင့္ခေလးငယ္တို႔သည္ ေတာထဲသို႔ ခရီးအစျပဳခဲ့ၾက၏။
ရြာသို႔ေရာက္ေသာအခါဘာမွ်ျပင္ဆင္မႈမျပဳလုပ္ရေသး၍သူမတုိ႔ေနထိုင္ရန္အိမ္ကိုကေလးမ်ားႏွင့္အတူ ၀ါးျဖင့္တဲေလးတစ္ခုေဆာက္ကာရံြ႕ျဖင့္အုိးမ်ားျပဳလုပ္ခဲ့ၾက၏။ တဲအတြင္း၌အခန္းမရွိေသာေၾကာင့္ အသံုးအ ေဆာင္မ်ားကုိအျပင္၌ခ်ိတ္ဆြဲထားၾက၏။ ဘုရားရွစ္ခိုးေက်ာင္းတစ္ခုကုိလည္း စတင္ေဆာက္လုပ္ခဲ့ၾက၏။ ေမရီ သည္လူမ်ားကုိအ၀တ္ အစားတခ်ဳိ႕ေပး၏။ အမ်ိဳးသမီးမ်ားကုိခ်က္ျပဳတ္ ရန္ႏွင့္ အ၀တ္အထည္ခ်ဳပ္တတ္ရန္၊ ခေလးငယ္မ်ားကုိစာေရးစာဖတ္ တတ္ရန္သင္ျပေပးခဲ့၏။ သခင္ေယ႐ွဴအေၾကာင္း ကိုလည္းသူတုိ႔အားေျပာျပခဲ့၏။
လူျဖဴဘုရင္မ အခ်ဳိ႕တိုင္းရင္းသားလူမ်ဳိးစုျပႆနာမ်ားကို ေျဖရွင္းရန္ေမရီသည္မၾကာခဏမိုင္းေပါင္းမ်ား စြာသြား ေရာက္ခဲ့ရ၏။ တစ္ေန႔တြင္စစ္ျဖစ္ေတာ့မည့္သတင္းကုိသူမၾကားသိခဲ့ရ၏။ မဲေမွာင္ေနေသာေတာအုပ္ႀကီးထဲ တြင္ညအခ်ိ္န္၌တိရစာၦန္မ်ား၏အႏၱရာယ္မွကာကြယ္ရန္ဘုရားသခင္ထံ ဆုေတာင္းလ်က္သူမတစ္ေယာက္တည္း ေက်ာ္ျဖတ္ခဲ့ရ၏။ဤရဲရင့္စိတ္ကိုအဘယ္သို႔ရရွိခဲ့သနည္း။ သူမသည္ေမြးကတည္းကသတိၱရွိသူေလာ။ မဟုတ္ပါ။
စေကာ့တလန္၌ေနစဥ္ကလယ္ ကြင္းျပင္တြင္ႏြားမ တစ္ေကာင္ရွိေနပါကထိုလယ္ကြင္းကိုသူမျဖတ္ သြားရန္ေၾကာက္ရြံ႕ေလ့ရွိခဲ့၏။ သူမကိုရဲရင့္ေစသူမွာသူမ ၏အထဲ၌ရွိေသာသန္႔ရွင္းေသာ ၀ိညာဥ္ေတာ္ပင္ျဖစ္ သည္။ မၾကာမီသူမအားမွ် တေသာတရားသူႀကီးတစ္ဦး အျဖစ္အသိအမွတ္ျပဳျခင္း ခံခဲ့ရၿပီး အႀကီးအကဲမ်ားက အႀကံဥာဏ္ေတာင္း ခံရန္သူမ ထံသုိ႔မၾကာခဏေရာက္လာခဲ့ၾက၏။ တခါတရံျပႆနာတစ္ခုေျဖရွင္းရန္တစ္ေန ကုန္ၾကာျမင့္တတ္၏။ ေမရီသည္မွန္ကန္စြာ လုပ္ေဆာင္ေၾကာင္းသူတို႔သိေသာေၾကာင့္သူမ၏ အႀကံဥာဏ္ေပး ခ်က္မ်ားကုိအစဥ္လက္ခံ သေဘာတူၾက၏။ ထိုအရပ္ေဒသကိုၿဗိတိသွ်အ စိုးရအုပ္ခ်ဳပ္ေသာအခ်ိန္ တြင္သူမအား ေကာင္စစ္၀န္ အျဖစ္ခန္႔အပ္ခဲ့၏။ ေမရီအား လူျဖဴဘုရင္မအျဖစ္လူသိမ်ားလာခဲ့၏။
ေမရီသည္အာဖရိကတိုက္သားမ်ားကဲ့သို႔ရိုးရိုးေလးအသက္ရွင္ခဲ့ၿပီးရရွိေသာ လစာအနည္းငယ္မွစု ေဆာင္းထားသမွ်ေသာေငြကိုစေကာ့တလန္ရ်ိမိခင္ႏွင့္ညီ မေလးထံသို႔ပို႔ေပးခဲ့၏။ မၾကာမီမိခင္ႏွင့္ ညီမေလး တို႔ တစ္ေယာက္ၿပီးတစ္ေယာက္ဆုံးပါးသြားေသာသတင္းၾကားရာသူမမွာ အလြန္ေၾကကြဲအားငယ္ခဲ့၏။ သို႔ေသာ္ လညး္ဤအခိ်န္တြင္သူမ၏ အာဖရိကမိသားစု၌ ကေလးငယ္မ်ားစြာရွိခဲ့ၿပီ။ သုတို႔သည္အၿမႊာကေလးမ်ား၊ မိဘမဲ့ မ်ား၊ ကၽြန္ဘ၀မွလြတ္ေျမာက္ၿပီး၊ သူမၾကည့္ရႈေစာင့္ေရွာက္ ကာကြယ္ခဲ့ေသာ ကေလးမ်ားျဖစ္ၾကသည္။ ေမရီ သည္သူမ၏ အလုပ္မအားလပ္ေသာေၾကာင့္တပတ္တာအ တြင္းမည္သည့္ေနျဖစ္ေၾကာင္းကိုပင္ေမ့ေလ်ာ့ခဲ့၏။ မိတ္ေဆြမ်ား၏ဆုေတာင္းခ်က္မ်ားက သူမ၏အလုပ္ကိုကူညိေထာက္မမႈျဖစ္ေစ၏။
အာဖရိကကိုေတာင့္တျခင္း
ဖ်ားနာျခင္းကသူမကိုစေကာ့တလန္ျပည္သုိ႔ျပန္လွည့္ေစခဲ့၏။ သို႔ေသာ္လည္းက်န္းမာေရးေကာင္းလာ သည္ႏွင့္သူမအားအာဖရိ ကသုိ႔ျပန္လည္ေစလႊတ္ သင့္ေၾကာင္းငုိေႁကြးေတာင္းဆိုခဲ့၏။ ထိုသို႔မျပုကသခင္ေယ႐ွဴ ကိုလက္မခံ ရပဲေသဆုံးသြားၾကေသာထို လူမ်ားရွိရာ သို႔ေရကူးလ်က္ပင္သူ မျပန္ သြားသင့္ေၾကာင္းေျပာသည္။
ထို ေဒသသုိ႔သူမျပန္ သြားၿပီးသည္ႏွင့္ ကၽြန္ေရာင္း ၀ယ္ေရးႏွင့္လူသား စားျခင္းပဲြေတာ္က်င္းပ ရာ၌ေက်ာ္ၾကားေသာလူ မ်ိဳးစုတစ္စုထံသို႔ေၾကာက္ရြံ႕ျခင္းကင္းလ်က္ သြားေရာက္ခဲ့၏။ သူမသည္အသက္ႀကီး ရင့္လာၿပီးျဖစ္ေသာ္လည္း စိတ္အားထက္ သန္စြာအမႈေတာ္ထမ္းေဆာင္ခဲ့၏။ တခါတရံသူမအားကုလား ထိုင္ေပၚထိုင္ေစၿပီးလူမ်ား ကသယ္ ေဆာင္ျခင္ျဖင့္ခရီးထြက္ႏိုင္ခဲ့၏။
ၿဗိတိသွ်အစိုးရကသူမအား ထိုေဒသအတြက္ရာဇ၀တ္တ ရားသူႀကီးအျဖစ္တာ၀န္ အပ္ႏွင္းခဲ့ရသည္။ဤ သို႕ျဖင့္သူမသည္ၿဗိတိသွ်အင္ပါရာ၏ ပထမအမ်ိဳးသမီးတရားသူႀကီးျဖစ္ခဲ့သည္။ ဤရာထူးကိုအသုံးျပဳလ်က္ၿဗိတိသွ်အရာရွိမ်ားႏွင့္ အာဖရိကတုိက္ရွိတိုင္းရင္းသားမ်ား ခရစ္ေတာ္ကုိလက္ခံေစရန္ လုပ္ေဆာင္ခဲ့သည္။ ေမရီဆလက္စာ၏ လုပ္ငန္းသည္ၿမဳိ႕ျပစည္ပင္တုိး တက္ယဥ္ေက်းရန္ လုပ္ေဆာင္ျခင္းထက္ သာလြန္ထူးျခားစြာ လုပ္ေဆာင္ႏိုင္ခဲ့သည္။
ပထမတြင္မည္သူမွ်သတိမျပဳမိခဲ့ေခ်။ သို႔ရာတြင္မာၾကာမီအျခားတုိင္းျပည္မ်ားမွသူမ၏ လုပ္ငန္းကုိသိရွိလာၾကၿပီး ၿဗိတိသွ် ဘု၇င္ကသူမ၏ႀကီးျမတ္ေကာင္း မြန္ေသာလုပ္ငန္းအတြက္ ေငြလက္၀ါးကပ္ တုိင္ခ်ီးျမွင့္ခဲ့သည္။ ဤသို႔ျဖင့္ ဘုရားသခင္က သူ႕ကိုခ်ီးေျမွာက္ေသာတပည့္ေတာ္ တုိပအား ဂုဏ္ျပဳေတာ္မူ ခဲ့သည္။
ဘုန္းေတာ္၀င္စားျခင္း
ေမရီသည္ေနရင္းတုိ္င္းျပည္သုိ႔မျပန္ပဲေနာက္ဆုံးစကၠန္႔ အထိအာဖရိကတုိက္၌အ မႈေတာ္ေဆာင္ရန္ဆႏၵရွိခဲ့၏။ သူမစိတ္ပ်က္ရန္ဖ်ားနာျခင္းႏွင့္အ သက္ႀကီးရင့့္ျခင္းကပင္ မတတ္စြမ္းႏိုင္ခဲ့ေပ။ မလႈပ္မရွားႏို္င္ေလာက္
ေအာင္ အလြန္အမင္းဖ်ားနာေသာအခ်ိ္္န္တြင္မူ အိပ္ယာေပၚလဲေလ်ာင္းလ်က္ဆုေတာင္းေပးလိမ့္မည္။ သူမ၏အေတြးမ်ားသည္ ေကာင္းကင္ဘံုအေၾကာင္းပုိ၍ေလး နက္မႈရွိလာကာ၊ (၁၉၁၅)ခု၊ ဇန္န၀ါရီလ (၁၃) ၇က္ေန႔၌ဆုလဒ္လက္ခံရယူရန္ႀကီးျမတ္ေသာ(ဘုရားသခင္)ထံေတာ္သုိ႔သြားေလသည္။ သူမ၏နံေဘးကုတင္ ေပၚတြင္ ၀ိညာဥ္ေရးတိုက္ပဲြအတြက္သူမ၏အေဖာ္မြန္ျဖစ္ သမၼာက်မ္းအတြင္း၌ခြန္အားရ၍မွတ္သားထားခ်က္ မ်ားအျပည့္ေတြ႔၇သည္။
အ၀တ္ခ်ဳပ္နည္းစာရြက္စာတမ္းေဟာင္းတခ်ဳိ႕၊ စာအုပ္အနည္းငယ္ႏွင့္ စာထည့္သည့္ အိတ္ႀကီးတစ္ခုသာသူမပိုင္ဆိုင္ေသာပစၥည္းအျဖစ္သာက်န္ရစ္ခဲ့သည္။ သူမသည္ “ဆင္းရဲေသာသူကဲ့သို႔ျဖစ္ ေသာ္လည္းသူတစ္ပါးကုိ ရတတ္ေစေသာသူကဲ့သို႔” အသက္ရွင္ခဲ့သည္။
စေကာ့တလန္ျပည္မွ ပိန္သြယ္ၿပီး ေၾကာက္လန္႔တတ္ေသာအမ်ဳိးသမီးေလး ေမရီသည္ အသံုး၀င္ေသာ အသက္တာျဖင့္ေကာင္းစြာအသက္ရွင္ခဲ့ၿပီး၊ ရမည့္ဆုလဒ္အတြက္အရာရာ၌ဘုရားသခင္စကားနာခံခဲ့သည္။
အကယ္၍သခင္ေယ႐ွဳေနာက္သုိ႔လိုက္ေလွ်ာက္လိုလွ်င္ သင္၌စြမ္းရည္သတၱိမ်ားရွိသည္ျဖစ္ေစ၊ အားနည္းခ်ဳိ႕တဲ့ သည္ျဖစ္ေစ၊ သင့္အသက္တာအားျဖင့္ အျခားသူမ်ားေကာင္းႀကီးမဂၤလာျဖစ္ပါေစ။
blog.shwecanaan.com

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...