0

ဆင်းရဲသော်လည်းလူအများကိုချမ်းသာစေသူ ဟတ်စင်တေလာ(၁၈၃၂ - ၁၉၀၅)

ဆင်းရဲသော်လည်းလူအများကိုချမ်းသာစေသူ
Unicode & Zawgyi
ဟတ်စင်တေလာ(၁၈၃၂ - ၁၉၀၅)
ဖခင်ပြောပြသောအကြောင်းအရာများစွာ
ကိုဟတ်စင်တေလာလေးကစိတ်ဝင်စားစွာအမြဲ
နားထောင်ခဲ့ သည်။ သာအဖ ၂ ယောက်တရုတ်
ပြည်အကြောင်းပြောနေကြသည်။ သာသနာ
ပြုလုပ်ငန်းသစ်များကိုကမ္ဘာအဝှမ်းနေရာအနှံ့
အပြား၌စွန့်စွန့်စားစားကြိုးစားလုပ်ဆောင်နေ
ကြသော်လည်းတရုတ်ပြည်၌စီမံကိန်းမရှိသေးသောအချိန်ဖြစ်
သည်။ တရုတ်ပြည်၌နောက်ဆုံးသာသနာပြုခဲ့သော ဆရာကြီးသေဆုံးပြီးငါးနှစ်ကြာခဲ့သော်လည်းမည်သည့်သာသနာပြုများကိုမျှမစေလွှတ်နိုင်ခဲ့ကြချေ။
ငါးနှစ်မျှကြာ ရှိသေးသော ဟတ်စင်တေလာသည် ဤအကြောင်းကိုကြားသောအခါ “ကျွန်တော်လူကြီးဖြစ်ရင် သာသနာပြု ဆရာလုပ်ပြီး တရုတ်ပြည်ကိုသွားမယ်” ဟုပြောခဲ့သည်။
ငယ်စဉ်ဘဝ
ဟတ်စင်တေလာကို (၁၈၃၂) ခု၊ မေလ (၂၁)ရက်နေ့တွင်အင်္ဂလန်ပြည်၌ဖွားမြင်ခဲ့၏။ သူ၏မိဘများ သည် ထူးချွန်ထက်မြက်သော ခရစ်ယာန်ချများဖြစ်ကြသည်။ သူသည်ကျန်းမာရေးအလွန်ချို့တဲ့ချုချာသော ကြောင့်နှစ်နှစ်မျှသာစာသင်ကြားခဲ့ရပြီး အသက်(၁၄)နှစ်တိုင်ကျောင်းမတက်ပဲ နေခဲ့ရ၏။ အိမ်၌သာသင်ကြား လေ့လာခဲ့၏။ သူပအသက်(၄)နှစ်မပြည့်မီဖခင်ဖြစ်ူက ဟေဗြဲအက္ခရာစကားလုံးများကိုသင်ကြားပေးခဲ့သည်။ ကျွန်ုပ်တို့သိခဲ့ကြသည့်အတိုင်းဟတ်စင်တေလာသည် ငယ်စဉ်ကလေးဘဝကပင်ကမ္ဘာပေါ်ရှိသာသနာပြုလုပ် ငန်းတိုင်း၌လိုအပ်မှုများကိုလုပ်ဆောင်ပေးရန်စိတ်အလွန်ပြင်းပြခဲ့သည်။
ပြောင်းလဲခြင်းနှင့်ခေါ်တော်မူသံ
ဟတ်စင်တေလာသည် ကလေးဘဝမှစတင်၍ဝိညာဉ်ရေးရာအသိုင်းအဝိုင်း၌ကြီးပြင်းခဲ့ရသည်။ အသက်(၁၄)နှစ်သားအရွယ်တွင်“အမှုပြီးပြီဟူသောဝေစာတစ်စောင်ဖတ်ခဲ့ရ၏။ မိမိသည်အပြစ်သားဖြစ်ကြောင်း သိမြင်ပြီး ခရစ်တော်ကိုကယ်တင်ရှင်အဖြစ်လက်ခံယုံကြည်ခဲ့၏။
ခရီးထွက်ရာမှပြန်လာသောမိခင်ကိုသူ၏အဖြစ်အပျက်များကိုပြောပြခဲ့၏။ မိခင်က သူမသိပြီးသားဖြစ် ကြောင်းပြောရာ၊ဟတ်စင်တေလာသည်အံ့အားသင့်စွာဖြင့်မည်ကဲ့သို့သိနေကြောင်းမေးလိုက်၏။ ဟတ်စင်တေ လာပြောင်းလဲသောနေ့တွင်သူမသည်သားနှင့်မိုင်(၇၀) (သို့မဟုတ်) (၈၀)ဝေးသောအရပ်၌ရှိနေပြီး စိုးရိမ်မှုဝန် တာဖြစ်ကာဘုရားသခင်ထံမှသားဟတ်စင်အတွက်စိတ်ချမှုရသည့်တိုင်သူမဆုတောင်းခဲ့ပြီး ဘုရားသခင်အား ချီးမွမ်းကြောင်းပြန်ပြောပြခဲ့၏။
ပြောင်းလဲပြီးလအနည်းငယ်အကြာတစ်ရက်သောနေ့လည်ခင်းအချိန်တွင်ဟတ်စင်တေလာသည် သမ္မာမကျမ်းစာကိုယူ၍အိပ်ယာကုတင်ဘေး၌ဒူးထောက်ကာစတင်ဆုတောင်းခဲ့သည်။ သူ၏အနာဂတ်အတွက် ဆုတောင်းခဲ့ပေသည်။
“သခင်၊ ကိုယ်တော်သည်လုပ်စေလိုတဲ့အရာကိုမပြောမချင်းကျွန်တော်ဒီနေ့အခန်းထကြ မထွက်တော့ ဘူး”ဟူ၍ဆုတောင်းရာသခင်ဘုရားက“င့ါအတွက် တရုတ်ပြည်ကိုသွားလော့”ဟုပြောနေသကဲ့သို့သူခံစားမိခဲ့၏။ ထိုအချိန်မှစ၍သူ့စိတ်နှလုံးသည်တရုတ်ပြည်အပေါ်၌သာစွဲလန်းသောအာရုံရှိခဲ့ပြီး ဘုရာသခင်၏ခေါ်တော်မူသံ ကိုသံသယမဖြစ်ခဲ့တော့ချေ။
သာသနာပြုတစ်ဦးဖြစ်ရန်ပြင်ဆင်ခြင်း
တရုတ်ပြည်၌(နည်းလမ်းမျိုးစုံဖြင့်)အမှုတော်ဆောင်ရန်သူ့ကိုယ်ကိုစိတ်အားထက်သန်စွာပြင်ဆင်နေ ခဲ့၏။ တရုတ်ပြည်အကြောင်းတွေ့သိနိုင်သမျှကိုစတင်လေ့လာဖတ်ရှုခဲ့၏။ ဝိညာဉ်ရေးရာရင့်ကျက်နက်ရှိုင်းသော အသက်တာရှိရန်သူတောင့်တခဲ့ပြီးသန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝရန်လည်းစတင်ဆုတောင်းခဲ့သည်။
“ဘုရားသခင်က ကျွန်တော့်ကိုကယ်တင်ခဲ့ပြီဖြစ်၍မည်သည့်အရာကိုမဆိုဘုရားသခင်လမ်းညွှန်တော် မူသည့်အတိုင်းကိုယ်တော့်အတွက်လုပ်ဆောင်ပါ့မယ်”ဟုဂတိပဋိညာဉ်ပြုခဲ့သည်။ ဘုရားသခင်ကဆုတောင်း ချက်ကိုအဖြေပေးတော်မူပြိး သူသည်ဘုရားသခင်နှင့်ပဋိညာဉ်ပြုခဲ့သည့်အတိုင်းလုပ်ဆောင်ခဲ့သည်။
ခက်ခဲမှုများရှိသော်လည်းလူဆရာမပါဘဲကျေးဇူးတော်အာဖြင့်ရှင်လုကာခရစ်ဝင်ကျမ်းကိုတရုတ်ဘာ သာသို့ပြန်ဆုနိုင်ခဲ့ပေသည်။ သူသည်ခက်ခဲသောအလုပ်နှင့်လေကောင်းလေသန့်ရှူခြင်း၊လေ့ကျင့်ခန်းများအ တွက်မိမိကိုယ်ကိုစည်းကမ်းတကျနေထိုင်ခဲ့၏။ သူသည်ဇိမ်ခံပစ္စည်း အသုံးအဆောင်များကိုစွန့်ပယ်ပြီး အမှု တော်ဆောင်ရန် အခွင့်အလမ်းမှန်သမျှကို အရယူခဲ့သည်။
ဖခင်၏ကုန်သည်လုပ်ငန်းကိုကူညီဆောင်ရွက်နေစဉ်အမှုတော်အတွက်အထောက်အကူရရန် လက် တင်၊ ဂရိ၊ ဓမ္မပညာနှင့်ဆေးကုသခြင်းပညာရပ်များကိုလေ့လာခဲ့၏။
ခရစ်တော်နာမအတွက်လုပ်ဆောင်နေသောကမ္ဘာတဝန်းရှိသာသနာပြုအဖွဲ့များနှင့်လည်းအကျွမ်းတဝင်ရှိခဲ့သည်။ အထူးသဖြင့်တရုတ်အမျိုးသားအဖွဲ့ချုပ်(နောင်တွင်တရုတ်ပြည်ဧဝံဂေလိအဖွဲ့)နှင့်သိကျွမ်းခဲ့သည်။
အသက်(၁၉)နှစ်သားအရွယ်တွင်ဆေးကုသခြင်းပညာကိုပိုမိုလေ့လာရန်လန်ဒန်သို့သွားခဲ့၏။ ထိုဒေသ ၌ပြင်းထန်သောဝိညာဉ်ရေးပညတ်များကိုဖြတ်ကျော်ခဲ့ရ၏။ဆင်းရဲကျပ်တည်းမှုနှင့်ခက်ခဲမှုပြဿနာကြီးများက သူ့အားခရစ်တော်နှင့်ပိုမိုနီးကပ်စွာအသက်ရှင်စေခဲ့၏။ မိမိကိုယ်ကိုငြင်းပယ်သောအသက်တာဖြင့်ငွေ၏သုံးပုံ နှစ်ပုံ(၂/၃)ကိုခရစ်တော်အတွက်ပေးအပ်ခဲ့သည်။ ထိုအချိန်က လန်ဒန်သူနှင့်သင်ဆုံတွေ့ခဲ့ပါက “သာသနာပြု လုပ်ငန်း၌သူ့အား ဘုရားသခင်ဘယ်လိုအသုံးပြုနိုင်လိမ့်မလဲ”ဟူ၍သံသယဝင်လိမ့်မည်။ သူ့ပုံသဏ္ဍာန်မှာပန်လှီ သေးသွယ်ချိနဲ့သောကိုယ်ခန္ဓာနှင့်အငြိမ်းစားယူရသော(အသက်ကြီးသူ)ကဲ့သို့ဖြစ်၍လူ့သဘောအားဖြင့်ပြောရ လျှင်သာသနာပြုတစ်ဦးဖြစ်ရန်ကိုက်ညီ(အံဝင်ဂွင်ကျ)ဖြစ်သူမဟုတ်ချေ။ သို့ရာတွင်ဘုရားသခင်၏ဂတိတော် မှာ “င့ါကိုခွန်အားနှင့်ပြည့်စုံစေတော်မူသောခရစ်တော်အားဖြင့်ခပ်သိမ်းသောအမှုတို့ကိုငါတတ်စွမ်းနိုင်၏။” (ဖိ ၄း၁၃) ဖြစ်သည်။ ဘုရားသခင်ထံသို့ခပ်သိမ်းသောဘုန်းအသရေရောက်ရှိစိမ့်သောငှာ၊ရံဖန်ရံခါဟတ်စင်တေလာ ကဲ့သို့အာနည်းသောသူများကို အသုံးပြုတော်မူသည်။
လန်ဒန်မြို့၌နေစဉ်ကာလ
ဟတ်စင်တေလာ၏ယုံကြည်ခြင်းကိုမကြာခဏစစ်ဆေးခံခဲ့ရ၏။ နေအိမ်မှသူ အလုပ်လုပ်သောဆေးရုံသို့ဘတ်စ်ကားခပေးရန်မတတ်နိုင်သောကြောင့် သူသည်(၈)မိုင်ခရီးလမ်းလျှောက်ခဲ့ရဖူး ၏။ သူစားသောအစာမှာလည်းအနည်းငယ်မျှဖြစ်ပြီး မနက်နှင့် ညစာအတွက်ပေါင်မုန့်တစ်လုံးသာဖြစ်၏။တစ်ချိန် ၌အသည်းအသန်ရောဂါတစ်ခုဖြင့်သေဆုံးသောလူနာတစ်ဦးကိုခွဲစိတ်စစ်ဆေးခဲ့ရာမှသူ့လက်၌အဆိပ်တက်ပြီး ရုတ်တရက်ဖျားနာခဲ့၏။ သူသည်သေလုနီးပါးအခြေနေသို့ရောက်ပြီးတရုတ်ြပ်ညသည်သူ့အတွက်အိပ်မက်တစ်ခု များလားဟူ၍စဉ်းစားတွေးတောမိခဲ့၏။ သို့သော်လည်းယုံကြည်ခြင်းခိုင်မြဲခဲ့ပြီး မကြာမီပြန်လည်ကျန်းမာလာ၏။ ဤအတွေ့အကြုံများဖြင့် သူ၏ယုံကြည်ခြင်းမှာပိုမိုသန်စွမ်းလာခဲ့ပေသည်။
တရုတ်ပြည်၌ မိတ်ဆွေသုံးဦးကသူ့အားနှုတ်ဆက်ပွဲပြုလုပ်ပေးပြီးနောက်(၁၈၅၃)ခု၊စက်တင်ဘာလ၌ဟတ်စင်တေလာ သည် ကိုယ်တော်အလိုရှိရာနှင့် ရူပါရုံဖြစ်သည့်ရေလမ်းခရီးနှင်ခဲ့သည်။ သူသည်တရုတ်ပြည်ဧဝံဂေလိအသင်း ချုပ်ကြီး၏အုပ်ချုပ်မှုအစီအစဉ်အောက်မှသွားခြင်းဖြစ်သည်။ ရေလမ်းခရီးငါးလခွဲမျှကြာခဲ့ပြီး ဟတ်စင်အသက် (၂၂)နှစ်အရွယ်တွင်တရုတ်ပြည်၊ရှန်ဟိုင်းမြို့သို့ဆိုက်ရောက်ခဲ့၏။ ဘုရားသခင်ဂတိပေးထားတော်မူသောမြေပေါ် ၌ခြေခြခွင့်ရသောအခါ ဖော်မပြနိုင်လောက်အောင်စိတ်လှုပ်ရှားခဲ့၏။ နောက်ပိုင်းတွင်သူသည်တရုတ်ပြည်မကြီး အတွင်းသို့ဝင်သည့်ဧဝံဂေလိတံခါးကိုဖွင့်မည့်သူတစ်ဦးဖြစ်ကြောင်းသိလာခဲ့၏။
တရုတ်ပြည်သို့ခြေချမိသောအခါသူ့အားကြိုဆိုမည့်သူတစ်ဦးမျှမရှိ။ မိတ်ဆွေများလည်းမရှိခဲ့ချေ။ ရှန်ဟိုင်းမြို့သည်သူပုန်များ၏လက်အောက်၌ရှိပြီး ကုန်ဈေးနှုန်းများလည်းအလွန်ကြီးမြင့်ကြောင်းသူသိလာခဲ့၏။ လူငယ်တစ်ဦးဖြစ်သည့်သူ့အတွက်ဤအရာများသည် အားရစရာကောင်းသောအရာများမဟုတ်ချေ။ သို့ရာတွင် ဘုရားသခင်၌သူ၏ယုံကြည်ခြင်းမှာကြီးမားခိုင်ခန့်လှပေသည်။
သူသည်တရုတ်လူမျိုးများကိုခရစ်တော်ထံပို့ဆောင်ရန်အလွန်စိတ်အားထက်သန်လျက်ရှိသည်။ ထို့ကြောင့်သူသည်အနည်းငယ်မျှသာသိသော်လည်းဧဝံဂေလိတရားဟောရန်ဝေစာများနှင့်တကွသွားရောက် သက်သေခံခဲ့၏။ သက်သေခံဆောင်ရွက်စဉ်တရုတ်ဘာသာ“စကားလုံးအသစ်”မျာလေ့လာသဖြင့်တရုတ်ဘာ သာစကားကိုပိုမိုကျွမ်းကျင်စွာအသုံးပြုတတ်လာ၏။ သာသနာပြုများတစ်ခါမျှမရောက်သေးသောနေရာဒေသ များသို့သွားရောက်ခဲ့၏။ ထိုအချိန်ကတရုတ်ပြည်၌သူပုန်များရှိသောကြောင့်ခရီးသွားလာရန်အန္တရာယ်ကြီးမား လွန်းလှပါသည်။
တစ်ချိန်၌အရပ်မြင့်ပြီးခွန်အားကြီးသောအရက်မူးသမားတစ်ဦး၏နှောက်ခြင်းခံခဲ့ရ၏။ ဟတ်စင်၏ဆံပင် ကိုဆွဲပြီးကြမ်းတမ်းစွာဆွဲလှည့်ပစ်ခြင်းကြောင့်သူ့ခမြာမေ့မြောလုမတတ်ဖြစ်ခဲ့ရ၏။ သို့ရာတွင်ခရစ်ယာန်စာပေ ဖြန်ပဝေခြင်းလုပ်ရန်ထိခိုက်မည်စိုး၍ပြဿနာကိုရှောင်ပြီးဝေစာဖြန့်ဝေခြင်းကိုသာဆက်လက်လုပ်ဆောင်ခဲ့၏။ သူ့ကိုဆန့်ကျင်သူများကပို၍ဒေါသထွက်ကြကာအစိုးရအရာရှိတစ်ဦးထံအတင်းဆွဲခေါ်သွားခဲ့ကြ၏။ထိုအရာရှိ သည်အလွန်ကြင်နာသနားတတ်ပြီး ဟတ်စင်ထံမှဓမ္မသစ်ကျမ်းစာအုပ်ကိုလက်ခံခဲ့၏။
ဟတ်စင်၏နှလုံးသားဆန္ဒမှာ ပြည်မကြီးရှိသတင်းကောင်းမကြားဖူးသေးသောသူများစွာထံ ဧဝံဂေလိ တရားရောက်ရှိရန်ဖြစ်၏။ “ခပ်သိမ်းသောသူတို့ကိုကယ်တင်ခြင်းအလို့ငှာ ခပ်သိမ်းသောသူတို့၌ခပ်သိမ်းသော အရာဖြစ်၏”ဟူသောရှင်ပေါလု၏ခံယူချက်အတိုင်းတရုတ်အမျိုးသားဝတ်စုံကိုဝတ်ဆင်ပြီး တရုတ်လူမျိုးများနည်း တူအသက်ရှင်ခဲ့၏။အချိုု့သောဥရောပတိုက်သားများနှင့်သာသနာပြုဆရာများကထိုသို့လုပ်ခြင်းကိုမနှစ်သက်ကြသော်လည်းဤနည်းဖြင့်တရုတ်ပြည်မကြီးအတွင်းသာသနာရောက်ရှိအောင်သူလုပ်ဆောင်ခဲ့၏။ သူ၏ကြိုးစားမှု ကြောင့်လအနည်းငယ်အတွင်းပထမဆုံးယုံကြည်ပြောင်းလဲလာသူတစ်ဦးအားဖြင့်ဘုရားသခင်ချီးမြှင့်ခြင်းကိုခံခဲ့ ရ၏။
ရှုပ်ထွေးသော်လည်းစိတ်မပျက်
ဟတ်စင်အမှုတော်ဆာင်စဉ်မကြာခဏစိတ်ဓါတ်ကျရန်စုံစမ်းနှောက်ယှက်ခြင်းခံခဲ့ရ၏။ သူ၏ရှေ့အနာ ဂတ်သည်မဲမှောင်လျက်ရှိသဖြင့်“ကျွနု်ပ်၏လမ်းခရီးသည်တစ်ချိန်လျှင်ခြေတစ်လှမ်းလှမ်းရန်အမြဲရှင်းလင်းလျက်ရှိပြီးကျွန်ုပ်သည်ဘုရားသခင်ကိုမျှော်လင့်ရမည်၊ ကိုးစားရမည်၊ သို့မှသာအားလုံးကောင်းမွန်လာမည်”ဟုစာရေး ထားခဲ့၏။သူ၏သာသနာပြုလုပ်ငန်းသည် အလွန်အေးဆေးပြီး သူ့အတွက်ငွေကြေးများလည်းမှန်မှန်ရောက်ရှိ ခြင်းမရှိချေ။
သူသည် “စန်ဂျင်(န်)”မြို့၌သာသနာပြုဆေးခန်းတစ်ခတည်ထောင်ကာထိုဆေးခန်းအားဖြင့်ထောင် ပေါင်းများစွာသောသူတို့ကိုခရစ်တော်ထံပို့ဆောင်နိုင်ခဲ့၏။ သို့ရာတွင်ဗြိတိသျှအစိုးရကိုယ်စားလှယ်များက သူ့ အားပြည်မကြီးအတွင်းပိုင်းသို့မသွားရန်၊ အကယ်၍သွားခဲ့လျှင်ကာကွယ်ပေးမည်အဟုတ်ကြောင်းပြောခဲ့၏။ သို့ရာတွင် ဟတ်စင်သည်သူ၏အသက်အန္တရာယ်လုံခြုံရေးထက်ဧဝံဂေလိတရားမကြားသိရသေးသူများထံ ဧဝံဂေလိတရားရောက်ရှိရေးကိုပို၍အလေးထားခဲ့၏။ ခင်မင်ရင်းနှီးသောသူ၏မိတ်ဆွေများ၊သူနှင့်အတူအလုပ် လုပ်ပြီးပျောက်ဆုံးဝိညာဉ်များအတွက်သူကဲ့သို့ပင်စိုးရိမ်ပူပန်တတ်သောအမှုတော်ဆောင်ဗီလီယန်ဗန်း(စ်)သေ ဆုံးသွားသောသတင်းကြောင့်စိတ်ပျက်စရာတွေ့ကြုံရပြန်၏။ဟတ်စင်သည်ဗီလီယန်ဗန်း(စ်)နှင့်မိတ်သဟာယ ဖွဲ့ခြင်းအားဖြင့်အထောက်အကူအကျိုးဖြစ်ထွန်းခဲ့၏။သို့ရာတွင်ဗန်း(စ်)သည် (၁၈၅၆)ခုနှစ်အတွင်းအဖမ်းဆီးခံရ ပြီးအသတ်ခံခဲ့ရ၏။
သို့သော်လည်းဟတ်စင်အားဘုရားသခင်က ဦးဆောင်လျက်ဆရာဝန်လုံးဝမရှိသည့်သင်္ဘောဆိပ်မြို့ တစ်မြို့ဖြစ်သောနင်ပိုမြို့၌စတင်အမှုတော်ဆောင်ရန်ထွက်ခဲ့၏။နင်ပိုမြို့အသွားလမ်းခရီး၌သူ့ကျွန်ကသူ၏ ဥစ္စာ ပစ္စည်းများကိုလုယက်ကာသူ့ကိုစွန့်ပစ်ထားခဲ့၏။ အစာငတ်ပြတ်မှု၊ အိပ်ရေးပျက်မှု၊ ခန္ဓာပိုင်းချို့ယွင်းမှုများ ကြောင့်အားအင်ကုန်ခန်းလျက်ရှိခဲ့၏။ လမ်းဘေးနား၌မေ့မျောလုမတတ်ဖြစ်ခဲ့၏။ သို့သော်လည်းသူစွဲလန်း ခြင်း မှာဆုံးရံှုးသွားသည့်သူ့ပစ္စည်း မဟုတ်ပဲပျောက်ဆုံးဝိညာဉ်များအတွက်ဖြစ်ပြီးထိုသူတို့အားခရစ်တော်အကြောင်း ဟောပြောခဲ့၏။ နင်ပိုမြို့၌တွေ့ဆုံခဲ့သောမာရီယာဒိုင်ရာ(Maria Dyer)နှင့်လက်ထပ်ခဲ့၏။ ဖျားနာသောသူတို့ကို အတူတကွကြည့်ရှုစောင့်ရှောက်ခဲ့ကြပြီးတရုတ်လူမျိုးများပြုလုပ်ခြင်းကြောင့်သူ့ကျန်းမာရေးထိခိုက်လာသည်။ ထို့ကြောင့်တရုတ်ပြည်၌(၇)နှစ်အမှုတော်ဆောင်ပြီးနောက်ကျန်းမာရေးအရ အင်္ဂလန်သို့ပြန်ခဲ့ရ၏။
တရုတ်ပြည်တွင်းသာသနာလုပ်ငန်း လန်ဒန်မြို့၌ဆေးပညာသင်ကြားခြင်းကိုလဲအဆုံးသတ်လေ့လာခဲ့၏။ ပြည်နယ်(၁၁)ခုရှိလူသန်း(၃၈၀) အတွက်သာသနာပြုတစ်ယောက်မျှပင်မရှိသောတရုတ်ပြည်ကိုသတိရစေရန်တရုတ်ပြည်မြေပုံကိုသူ့အိမ်နံရံ၌ ချိတ်ဆွဲထား၏။ တရုတ်ပြည်အတွက်လိုအပ်ချက်များကိုဖော်ပြသည့်ဆောင်းပါးများနှင့်လက်ကမ်းစာစောင်များ ကိုရေးသားခဲ့သည်။ ထိုပြည်နယ်(၁၁)ခုသို့သွားရောက်မည့်သာသနာပြု(၂၄)ဦးရရန်သူဆုတောင်းခဲ့၏။ (၂)ရက်မျှကြာပြီးနောက်“တရုတ်ပြည်တွင်းသာသနာလုပ်ငန်း”သည်ယုံာကည်ခြင်းအားဖြင့်မည်သို့အစ ပြုခဲ့ကြောင်းဖော်ပြခြင်းဖြစ်၏။ ဟတ်စင်က ဤအရာမှာအနည်းငယ်သောငွေကြေးဖြစ်သော်လည်း ဘုရားသခင် ၏ကတိတော်များကြောင့်ရရှိကြောင်းပြောခဲ့၏။
ဘုရားသခင်သည် ဟတ်စင်၏ဆုတောင်းချက်ကိုအဖြေပေးတော်မူခဲ့ပြီး၊ (၁၁)လခန့်ကြာသောအခါသူ ဆုတောင်းခဲ့သောသာသနာပြု(၂၄)ဦးရရန်သူဆုတောင်းခဲ့၏။ (၂)ရက်မျှကြာပြီးနောက်“တရုတ်ပြည်တွင်းသာသ နာလုပ်ငန်း”သည်ယုံကြည်ခြင်းအားဖြင့်မည်သို့အစပြုခဲ့ကြောင်းဖော်ပြခြင်းဖြစ်၏။ ဟတ်စင်ကဲ့သို့ကျန်သာသနာ ပြုအယောက်တိုင်းသည် အာမခံချက်လစာမရှိဘဲ ဘုရားသခင်၏ကတိတော်အပေါ်၌ရပ်တည်လျက်သွားခဲ့ကြ ခြင်းဖြစ်၏။ သူတို့ဘယ်အရပ်သို့သွားလိမ့်မည်ကိုမသိပဲလျက်ခရီးထွက်ခဲ့ကြခြင်းဖြစ်၏။ တရုတ်ပြည်၌သူတို့ကို ကြိုဆိုဧည့်ခံမည့်သူတစ်ယောက်မျှမရှိချေ။ နိုင်ငံခြားသားများကို ဆန့်ကျင်သောတိုင်းပြည်၏အတွင်းပိုင်းသို့သွား ရန်သူတို့ဆုံးဖြတ်ချက်ချပြီးသားဖြစ်ကြ၏။ သင်္ဘောပေါ်၌ပင်သင်္ဘောသား(၃၄)ယောက်အနက်အယောက်(၂၀) ကျော်ကခရစ်တော်ကိုယုံကြည်လက်ခံခဲ့၏။ဟတ်စင်တေလာက“ပင်လယ်ကိုဖြတ်ကျော်ခြင်းကသာသနာပြုဖြစ်လာရန်ဘယ်တော့မှမလုပ်ပေးနိုင်ချေ”ဟုမကြာခဏပြောလေ့ရှိခဲ့၏။ မိမိအိမ်၌ခရစ်တော်အတွက်အသုံးမဝင်သူ သည်အခြားတိုင်းပြည်၌ကိုယ်တော်အတွက်အသုံးဝင်စေရန်မမျှော်လင့်နိုင်ချေ။
တရုတ်ပြည်သို့နောက်တစ်ကြိမ် ရှန်ဟိုင်းမြို့သို့ရောက်ရှိပြီးနောက်သူတို့၏အသက်တာများကိုစွန့်စားကာတိုင်းပြည်အတွင်းပိုင်းသို့ဝင် ရောက်သွားခဲ့ကြ၏။ ငယ်ရွယ်သူဟတ်စင်တေလာသည်အဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့၏။မကြာခဏဆိုသလိုပင်သူ တို့ ၌အစားအစာ(သို့)တည်းခိုစရာမရှိခဲ့ကြပေ။ သို့ရာတွင်ဘုရားသခင်အားကိုယ်တော်သည်ဖြည့်ဆည်းပေးတော်မူ ခဲ့၏။ဟတ်စင်တေလာ၏လျှို့ဝှက်ချက်သည်ရိုးသားသောကလေးသူငယ်ကဲ့သို့ယုံကြည်ခြင်းတည်နေသည်။ ယုံ ကြည်ခြင်းအားဖြင့်ကျော်လွှားအောင်မြင်ခဲ့သည့်အခက်အခဲတိုင်းမှာဘုရားသခင်၏သားဖြစ်သူအတွ်ကခွန်အား နှင့်အစာအဟာရဖြစ်၏ဟုသူပြေခဲ့ပေသည်။
နှစ်ပေါင်း(၂၀)နီးပါးမျှကြာပြီးနောက်တရုတ်ပြည်တွင်းသာသနာလုပ်ငန်းသည်ကြီးထွားလာသဖြင့်သာသနာပြု(၂၂၅)ဦး၊ အသင်းတော်(၅၉)ပါးနှင့်ယုံကြည်သူ(၁၇၀၀)ခန့်ရှိလာခဲ့၏။ သင်တန်းပေးသည့်အိမ်များစတင်ရှိခဲ့ ပြီးထောင်ပေါင်းများစွာသောဝေစာများနှင့်စာအုပ်များကိုဖြန့်ချိနိုင်ခဲ့သည်။ ဆုံးရှူံးမှုများလည်းရှိခဲ့၏။ ဟတ်စင် တေလာသည်သူ၏ဇနီးနှင့်ကလေး(၃)ဦးဆုံးရှုံးခဲ့သည်။ သူ၏ဇနီးဖြစ်သူသည်သူ့အသက်တာနှင့်အမှုတော်မြတ် အတွက်(၁၂)နှစ်နီးပါးမျှကူညီလုပ်ဆောင်ခဲ့ပြီးနောက်ဝမ်းရောဂါဖြင့်အသက်ဆုံးပါးခဲ့သည်။ သူ့အချစ်ဆုံးသမီး ဖြစ်သူသေဆုံးချိန်၌“ကျွန်ုပ်တို့၏နှလုံးသားများသွေးယိုစီးခြင်းဖြစ်ရပေမဲ့ကျွန်ုပ်တို့၏ယေရှုသည်အရာခပ်သိမ်း ကိုကောင်းမွန်စွာလုပ်ဆောင်တော်မူသည်ဟူသောအချက်ကကျန်အရာများထက်ပို၍ပေါ်လွင်ရပေမည်။” ဟု သူရေးသားခဲ့၏။
သူ၏ဇနီးဖြစ်သူသေဆုံးချိန်၌“တစ်ဦးတည်းမဟုတ်ပါ၊ အကြောင်းမှာဘုရားသခင်သည်ခါတိုင်းထက်ပို မို နီးကပ်စွာရှိတော်မူသည်”ဟုသူရေးသားခဲ့၏။ဤသို့အားဖြင့်အသက်တာ၏ဆုံးရှုံးမှုများအားလုံးကိုသူရင်ဆိုင်ခဲ့၏။
ဟတ်စင်တေလာသည် အရပ်ရပ်ရှိလူတို့အားတရုတ်ပြည်၏လိုအပ်ချက်များကိုပြောပြခဲ့၏။သို့ရာတွင်ငွေ ကြေးကိုဘယ်သောအခါမျှမတောင်းခံခဲ့ချေ။အမှုတော်ဆောင်များ(သို့)ငွေကြေးလိုအပ်သောအခါတိုင်းဘုရားသခင်ထံတော်၌သာအသနားတော်ခံခဲ့ပေသည်။တရုတ်ပြည်တွင်းသာသနာလုပ်ငန်းအတွက်အလှူငွေယူရန်ဘယ် သောအခါမျှခွင့်မပြုခဲ့ချေ။ ဤမချက်သည်အမှုတော်လုပ်ငန်းကိုဆက်လက်လုပ်ဆောင်ရန်နည်းဥပဒေဖြစ်ခဲ့သည်။
တရုတ်ပြည်သာအစဉ်အမြဲ
ဟတ်စင်တေလာသည် အင်္ဂလန်ပြည်သို့အကြိမ်များစွာပြန်သွားသော်လည်းတရုတ်ပြည်သို့သာအမြဲ ပြန် ရောက်ခဲ့၏။ ထပ်မံအိမ်ထောင်ပြုပြီးတရုတ်ပြည်ရှိမြို့တိုင်းကိုခရစ်တော်အတွက်တောင်းဆိုရန်စိတ်ပြဋ္ဌာန်းခဲ့၏။
ကျောရိုးထိခိုက်ဒဏ်ရာကြောင့်သူသည်လပေါင်းများစွာအိပ်ယာထဲလဲလျောင်းနေခဲ့ရ၏။ထိုနေ့ရက်ကာလများအတွင်းဘုရားသခင်ကသူ့အားတရုတ်ပြည်၏လိုအပ်ချက်များနှင့်ဆိုင်သည့်သာ၍ကြီးသောရူပါရုံများပေးတော်မူခဲ့၏။သူပြန်လည်ကျန်းမာလာပြီးသူ၏ဇနီးသည်နှင့်အတူအမေရိကန်ပြည်၊ကနေဒါနိုင်ငံ၊သြစတေးလျနှင့်တောင်အမေ ရိကနိုင်ငံများသို့ခရီးထွက်ကာတရုတ်ပြည်၏လိုအပ်ချက်ကြီးများကိုပြောပြခဲ့၏။သို့ရာတွင်ငွေကြေးကိုဘယ်သော အခါမှမတောင်းဆိုခဲ့ချေ။ (၁၉၀၀)ခုနှစ်၊သူအင်္ဂလန်ပြည်၌ရှိစဉ်သူ၏သာသနာလုပ်ငန်းမိသားစုများမှလူ(၇၉)ဦး ရက်စက်စွာအသတ်ခံရကြောင်းကြားခဲ့ရ၏။ ထိုအထဲတွင်သာသာပြုများ၏သားသမီးငယ်(၂၀)ဦးလည်းပါဝင်ခဲ့ သည်။(၄)နှစ်ကြာပြီးနောက်သူ၏ဒုတိယဇနီးသည်ကိုဆုံးရှုံးးခဲ့ရ၏။
အင်္ဂလန်ပြည်တွင်ဟတ်စင်တေလာမနေထိုင်နိုင်ခဲ့ချေ။ ထို့ကြောင့်(၁၉၀၅)ခုနှစ်တွင် အင်္ဂလန်ပြည်မှ တရုတ်ပြည်သို့သူ၏တစ်ဆယ့်တစ်ကြိမ်မြောက်နှင့်နောက်ဆုံးအကြိမ်ခရီးစဉ်ကိုအစပြုခဲ့၏။တရုတ်ပြည်၌သူ့ အားခမ်းနားကြီးကျယ်စွာကြိုဆိုခံခဲ့ရပြီးဧဝံဂေလိတရားအတွက်တံခါးဖွင့်ရန်နောက်ဆုံးဖွင့်ရန်နောက်ဆုံးပြည် နယ်တစ်ခု၏မြို့တော်“ချန်ရှာ (Changsha)” သို့သွားရောက်ခဲ့၏။ထိုအရပ်သို့ရောက်ပြီးမကြာမီပင်ဘုရားသခင် ၏လူ(ဟတ်စင်တေလာ) သည်သူ၏ဘုရားသခင်နှင့်အတူရှိရန်သွားရောက်ခဲ့ပါတော့သည်။
သူသေဆုံးချိန်၌တရုတ်ပြည်တွင်းသာသနာလုပ်ငန်း၌သာသနာပြု(၈၄၉)ဦးရှိခဲ့ပြီး၊ ကွန်မြူနစ်များက တရုတ်ပြည်ကိုသိမ်းပိုက်ချိန်တိုင်အောင်သာသနာလုပ်ငန်းကိုတရုတ်ပြည်၌လုပ်ဆောင်နေခဲ့၏။ ဟတ်စင်တေ လာသည်ဤလောကကြီး၏စည်းစိမ်ဥစ္စာများ၌အမှန်တကယ်ဆင်းရဲသော်လည်းလူများစွာကိုချမ်းသာစေခဲ့၏။ လျှို့သှက်ချက်မှာ - အသက်ရှင်သောဘုရားသခင်နှင့်နှုတ်ကပတ်တော်၌သူယုံကြည်ကိုးစားခဲ့ခြင်းဟူသောအ ချက်ပင်ဖြစ်၏။ ဘုရားသခင်သည်နှုတ်ကပတ်တော်၌ကတိထားတော်မူသည့်အတိုင်းလုပ်ဆောင်တော်မူ
လိမ့်မည်ဟုသယုံကြည်ခဲ့၏။“ယုံကြည်ခြင်းက မဖြစ်နိုင်တာတွေကို ရယ်မောပြီး နာခံမှုက မေးခွန်းများမထုတ် ချေ” ဟူ၍သူပြောလေ့ရှိခဲ့ပေသည်။
ဆင္းရဲေသာ္လည္းလူအမ်ားကိုခ်မ္းသာေစသူ
ဟတ္စင္ေတလာ(၁၈၃၂ - ၁၉၀၅)
ဖခင္ေျပာျပေသာအေၾကာင္းအရာမ်ားစြာ
ကိုဟတ္စင္ေတလာေလးကစိတ္၀င္စားစြာအၿမဲ
နားေထာင္ခဲ့ သည္။ သာအဖ ၂ ေယာက္တရုတ္
ျပည္အေၾကာင္းေျပာေနၾကသည္။ သာသနာ
ျပဳလုပ္ငန္းသစ္မ်ားကိုကမၻာအ၀ွမ္းေနရာအႏွံ႔
အျပား၌စြန္႔စြန္႔စားစားႀကိဳးစားလုပ္ေဆာင္ေန
ၾကေသာ္လည္းတရုတ္ျပည္၌စီမံကိန္းမရွိေသးေသာအခ်ိ္န္ျဖစ္
သည္။ တရုတ္ျပည္၌ေနာက္ဆုံးသာသနာျပဳခဲ့ေသာ ဆရာႀကီးေသဆုံးၿပီးငါးႏွစ္ၾကာခဲ့ေသာ္လည္းမည္သည့္သာသနာျပဳမ်ားကိုမွ်မေစလႊတ္ႏုိင္ခဲ့ၾကေခ်။ ငါးႏွစ္မွ်ၾကာ ရွိေသးေသာ ဟတ္စင္ေတလာသည္ ဤအေၾကာင္းကုိၾကားေသာအခါ “ကၽြန္ေတာ္လူႀကီးျဖစ္ရင္ သာသနာျပဳ ဆရာလုပ္ၿပီး တရုတ္ျပည္ကုိသြားမယ္” ဟုေျပာခဲ့သည္။
ငယ္စဥ္ဘ၀
ဟတ္စင္ေတလာကုိ (၁၈၃၂) ခု၊ ေမလ (၂၁)၇က္ေန႔တြင္အဂၤလန္ျပည္၌ဖြားျမင္ခဲ့၏။ သူ၏မိဘမ်ား သည္ ထူးခၽြန္ထက္ျမက္ေသာ ခရစ္ယာန္ခ်မ်ားျဖစ္ၾကသည္။ သူသည္က်န္းမာေရးအလြန္ခ်ဳိ႕တဲ့ခ်ဳခ်ာေသာ ေၾကာင့္ႏွစ္ႏွစ္မွ်သာစာသင္ၾကားခဲ့ရၿပီး အသက္(၁၄)ႏွစ္တိုင္ေက်ာင္းမတက္ပဲ ေနခဲ့ရ၏။ အိမ္၌သာသင္ၾကား ေလ့လာခဲ့၏။ သူပအသက္(၄)ႏွစ္မျပည့္မီဖခင္ျဖစ္ူက ေဟၿဗဲအကၡရာစကားလံုးမ်ားကိုသင္ၾကားေပးခဲ့သည္။ ကၽြႏ္ုပ္တို႔သိခဲ့ၾကသည့္အတို္င္းဟတ္စင္ေတလာသည္ ငယ္စဥ္ကေလးဘ၀ကပင္ကမၻာေပၚရွိသာသနာျပဳလုပ္ ငန္းတုိင္း၌လိုအပ္မႈမ်ားကုိလုပ္ေဆာင္ေပးရန္စိတ္အလြန္ျပင္းျပခဲ့သည္။
ေျပာင္းလဲျခင္းႏွင့္ေခၚေတာ္မူသံ
ဟတ္စင္ေတလာသည္ ကေလးဘ၀မွစတင္၍၀ိညာဥ္ေရးရာအသုိင္းအ၀ုိင္း၌ႀကီးျပင္းခဲ့ရသည္။ အသက္(၁၄)ႏွစ္သားအရြယ္တြင္“အမႈၿပီးၿပီဟူေသာေ၀စာတစ္ေစာင္ဖတ္ခဲ့ရ၏။ မိမိသည္အျပစ္သားျဖစ္ေၾကာင္း သိျမင္ၿပီး ခရစ္ေတာ္ကုိကယ္တင္ရွင္အျဖစ္လက္ခံယံုၾကည္ခဲ့၏။
ခရီးထြက္ရာမွျပန္လာေသာမိခင္ကိုသူ၏အျဖစ္အပ်က္မ်ားကိုေျပာျပခဲ့၏။ မိခင္က သူမသိၿပီးသားျဖစ္ ေၾကာင္းေျပာရာ၊ဟတ္စင္ေတလာသည္အံ့အားသင့္စြာျဖင့္မည္ကဲ့သို႔သိေနေၾကာင္းေမးလုိ္က္၏။ ဟတ္စင္ေတ လာေျပာင္းလဲေသာေန႔တြင္သူမသည္သားႏွင့္မိုင္(၇၀) (သို႔မဟုတ္) (၈၀)ေ၀းေသာအရပ္၌ရွိေနၿပီး စိုးရိမ္မႈ၀န္ တာျဖစ္ကာဘုရားသခင္ထံမွသားဟတ္စင္အတြက္စိတ္ခ်မႈရသည့္တုိင္သူမဆုေတာင္းခဲ့ၿပီး ဘုရားသခင္အား ခ်ီးမြမ္းေၾကာင္းျပန္ေျပာျပခဲ့၏။
ေျပာင္းလဲၿပီးလအနည္းငယ္အၾကာတစ္ရက္ေသာေန႔လည္ခင္းအခ်ိ္န္တြင္ဟတ္စင္ေတလာသည္ သမၼာမက်မ္းစာကိုယူ၍အိပ္ယာကုတင္ေဘး၌ဒူးေထာက္ကာစတင္ဆုေတာင္းခဲ့သည္။ သူ၏အနာဂတ္အတြက္ ဆုေတာင္းခဲ့ေပသည္။
“သခင္၊ ကိုယ္ေတာ္သည္လုပ္ေစလုိတဲ့အရာကိုမေျပာမခ်င္းကၽြန္ေတာ္ဒီေန႔အခန္းထျက မထြက္ေတာ့ ဘူး”ဟူ၍ဆုေတာင္းရာသခင္ဘုရားက“င့ါအတြက္ တရုတ္ျပည္ကုိသြားေလာ့”ဟုေျပာေနသကဲ့သို႔သူခံစားမိခဲ့၏။ ထိုအခ်ိန္မွစ၍သူ႔စိတ္ႏွလံုးသည္တရုတ္ျပည္အေပၚ၌သာစြဲလန္းေသာအာရံုရွိခဲ့ၿပီး ဘုရာသခင္၏ေခၚေတာ္မူသံ ကိုသံသယမျဖစ္ခဲ့ေတာ့ေခ်။
သာသနာျပဳတစ္ဦးျဖစ္ရန္ျပင္ဆင္ျခင္း
တရုတ္ျပည္၌(နည္းလမ္းမ်ဳိးစုံျဖင့္)အမႈေတာ္ေဆာင္ရန္သူ႕ကိုယ္ကိုစိတ္အားထက္သန္စြာျပင္ဆင္ေန ခဲ့၏။ တရုတ္ျပည္အေၾကာင္းေတြ႔သိႏိုင္သမွ်ကိုစတင္ေလ့လာဖတ္ရွဳခဲ့၏။ ၀ိညာဥ္ေရးရာရင့္က်က္နက္ရွဳိင္းေသာ အသက္တာရွိရန္သူေတာင့္တခဲ့ၿပီးသန္႔ရွင္းေသာ၀ိညာဥ္ေတာ္ႏွင့္ျပည့္၀ရန္လည္းစတင္ဆုေတာင္းခဲ့သည္။
“ဘုရားသခင္က ကၽြန္ေတာ့္ကိုကယ္တင္ခဲ့ၿပီျဖစ္၍မည္သည့္အရာကိုမဆိုဘုရားသခင္လမ္းညႊန္ေတာ္ မူသည့္အတိုင္းကိုယ္ေတာ့္အတြက္လုပ္ေဆာင္ပါ့မယ္”ဟုဂတိပဋိညာဥ္ျပဳခဲ့သည္။ ဘုရားသခင္ကဆုေတာင္း ခ်က္ကိုအေျဖေပးေတာ္မူၿပိး သူသည္ဘုရားသခင္ႏွင့္ပဋိညာဥ္ျပဳခဲ့သည့္အတိုင္းလုပ္ေဆာင္ခဲ့သည္။
ခက္ခဲမႈမ်ားရွိေသာ္လည္းလူဆရာမပါဘဲေက်းဇူးေတာ္အာျဖင့္ရွင္လုကာခရစ္၀င္က်မ္းကိုတရုတ္ဘာ သာသုိ႔ျပန္ဆုႏို္င္ခဲ့ေပသည္။ သူသည္ခက္ခဲေသာအလုပ္ႏွင့္ေလေကာင္းေလသန္႔ရွဴျခင္း၊ေလ့က်င့္ခန္းမ်ားအ တြက္မိမိကိုယ္ကိုစည္းကမ္းတက်ေနထို္င္ခဲ့၏။ သူသည္ဇိမ္ခံပစၥည္း အသံုးအေဆာင္မ်ားကိုစြန္႔ပယ္ၿပီး အမႈ ေတာ္ေဆာင္ရန္ အခြင့္အလမ္းမွန္သမွ်ကို အရယူခဲ့သည္။
ဖခင္၏ကုန္သည္လုပ္ငန္းကိုကူညီေဆာင္ရြက္ေနစဥ္အမႈေတာ္အတြက္အေထာက္အကူရရန္ လက္ တင္၊ ဂရိ၊ ဓမၼပညာႏွင့္ေဆးကုသျခင္းပညာရပ္မ်ားကုိေလ့လာခဲ့၏။
ခရစ္ေတာ္နာမအတြက္လုပ္ေဆာင္ေနေသာကမၻာတ၀န္းရွိသာသနာျပဳအဖြဲ႕မ်ားႏွင့္လည္းအကၽြမ္းတ၀င္ရွိခဲ့သည္။ အထူးသျဖင့္တရုတ္အမ်ဳိးသားအဖြဲ႕ခ်ဳပ္(ေနာင္တြင္တရုတ္ျပည္ဧ၀ံေဂလိအဖြဲ႕)ႏွင့္သိကၽြမ္းခဲ့သည္။
အသက္(၁၉)ႏွစ္သားအရြယ္တြင္ေဆးကုသျခင္းပညာကုိပုိမိုေလ့လာရန္လန္ဒန္သို႔သြားခဲ့၏။ ထိုေဒသ ၌ျပင္းထန္ေသာ၀ိညာဥ္ေရးပညတ္မ်ားကိုျဖတ္ေက်ာ္ခဲ့ရ၏။ဆင္းရဲက်ပ္တည္းမႈႏွင့္ခက္ခဲမႈျပႆနာႀကီးမ်ားက သူ႔အားခရစ္ေတာ္ႏွင့္ပိုမိုနီးကပ္စြာအသက္ရွင္ေစခဲ့၏။ မိမိကိုယ္ကိုျငင္းပယ္ေသာအသက္တာျဖင့္ေငြ၏သံုးပံု ႏွစ္ပံု(၂/၃)ကိုခရစ္ေတာ္အတြက္ေပးအပ္ခဲ့သည္။ ထိုအခ်ိန္က လန္ဒန္သူႏွင့္သင္ဆုံေတြ႔ခဲ့ပါက “သာသနာျပဳ လုပ္ငန္း၌သူ႕အား ဘုရားသခင္ဘယ္လိုအသံုးျပဳႏို္င္လိမ့္မလဲ”ဟူ၍သံသယ၀င္လိမ့္မည္။ သူ႔ပံုသ႑ာန္မွာပန္လွီ ေသးသြယ္ခိ်နဲ႔ေသာကိုယ္ခႏၶာႏွင့္အၿငိမ္းစားယူရေသာ(အသက္ႀကီးသူ)ကဲ့သုိ႔ျဖစ္၍လူ႔သေဘာအားျဖင့္ေျပာရ လွ်င္သာသနာျပဳတစ္ဦးျဖစ္ရန္ကုိက္ညီ(အံ၀င္ဂြင္က်)ျဖစ္သူမဟုတ္ေခ်။ သို႔ရာတြင္ဘုရားသခင္၏ဂတိေတာ္ မွာ “င့ါကိုခြန္အားႏွင့္ျပည့္စံုေစေတာ္မူေသာခရစ္ေတာ္အားျဖင့္ခပ္သိမ္းေသာအမႈတုိ႔ကုိငါတတ္စြမ္းႏိုင္၏။” (ဖိ ၄း၁၃) ျဖစ္သည္။ ဘုရားသခင္ထံသို႔ခပ္သိမ္းေသာဘုန္းအသေရေရာက္ရွိစိမ့္ေသာငွာ၊ရံဖန္ရံခါဟတ္စင္ေတလာ ကဲ့သုိ႔အာနည္းေသာသူမ်ားကုိ အသံုးျပဳေတာ္မူသည္။
လန္ဒန္ၿမိဳ႕၌ေနစဥ္ကာလ
ဟတ္စင္ေတလာ၏ယံုၾကည္ျခင္းကုိမၾကာခဏစစ္ေဆးခံခဲ့ရ၏။ ေနအိမ္မွသူ အလုပ္လုပ္ေသာေဆးရံုသုိ႔ဘတ္စ္ကားခေပးရန္မတတ္ႏိုိင္ေသာေၾကာင့္ သူသည္(၈)မုိင္ခရီးလမ္းေလွ်ာက္ခဲ့ရဖူး ၏။ သူစားေသာအစာမွာလည္းအနည္းငယ္မွ်ျဖစ္ၿပီး မနက္ႏွင့္ ညစာအတြက္ေပါင္မုန္႔တစ္လံုးသာျဖစ္၏။တစ္ခ်ိန္ ၌အသည္းအသန္ေရာဂါတစ္ခုျဖင့္ေသဆံုးေသာလူနာတစ္ဦးကုိခြဲစိတ္စစ္ေဆးခဲ့ရာမွသူ႔လက္၌အဆိပ္တက္ၿပီး ရုတ္တရက္ဖ်ားနာခဲ့၏။ သူသည္ေသလုနီးပါးအေျခေနသုိ႔ေရာက္ၿပီးတရုတ္ျပ္ညသည္သူ႔အတြက္အိပ္မက္တစ္ခု မ်ားလားဟူ၍စဥ္းစားေတြးေတာမိခဲ့၏။ သို႔ေသာ္လည္းယံုၾကည္ျခင္းခိုင္ၿမဲခဲ့ၿပီး မၾကာမီျပန္လည္က်န္းမာလာ၏။ ဤအေတြ႔အႀကံဳမ်ားျဖင့္ သူ၏ယံုၾကည္ျခင္းမွာပိုမုိသန္စြမ္းလာခဲ့ေပသည္။
တရုတ္ျပည္၌ မိတ္ေဆြသံုးဦးကသူ႔အားႏႈတ္ဆက္ပြဲျပဳလုပ္ေပးၿပီးေနာက္(၁၈၅၃)ခု၊စက္တင္ဘာလ၌ဟတ္စင္ေတလာ သည္ ကိုယ္ေတာ္အလုိရွိရာႏွင့္ ရူပါရံုျဖစ္သည့္ေ၇လမ္းခရီးႏွင္ခဲ့သည္။ သူသည္တရုတ္ျပည္ဧ၀ံေဂလိအသင္း ခ်ဳပ္ႀကီး၏အုပ္ခ်ဳပ္မႈအစီအစဥ္ေအာက္မွသြားျခင္းျဖစ္သည္။ ေရလမ္းခရီးငါးလခြဲမွ်ၾကာခဲ့ၿပီး ဟတ္စင္အသက္ (၂၂)ႏွစ္အရြယ္တြင္တရုတ္ျပည္၊ရွန္ဟုိင္းၿမိဳ႕သုိ႔ဆုိက္ေရာက္ခဲ့၏။ ဘုရားသခင္ဂတိေပးထားေတာ္မူေသာေျမေပၚ ၌ေျချခခြင့္ရေသာအခါ ေဖာ္မျပႏုိင္ေလာက္ေအာင္စိတ္လႈပ္ရွားခဲ့၏။ ေနာက္ပုိင္းတြင္သူသည္တရုတ္ျပည္မႀကီး အတြင္းသုိ႔၀င္သည့္ဧ၀ံေဂလိတံခါးကုိဖြင့္မည့္သူတစ္ဦးျဖစ္ေၾကာင္းသိလာခဲ့၏။
တရုတ္ျပည္သုိ႔ေျခခ်မိေသာအခါသူ႔အားႀကိဳဆုိမည့္သူတစ္ဦးမွ်မရွိ။ မိတ္ေဆြမ်ားလည္းမရွိခဲ့ေခ်။ ရွန္ဟိုင္းၿမိဳ႕သည္သူပုန္မ်ား၏လက္ေအာက္၌ရွိၿပီး ကုန္ေစ်းႏႈန္းမ်ားလည္းအလြန္ႀကီးျမင့္ေၾကာင္းသူသိလာခဲ့၏။ လူငယ္တစ္ဦးျဖစ္သည့္သူ႔အတြက္ဤအရာမ်ားသည္ အားရစရာေကာင္းေသာအရာမ်ားမဟုတ္ေခ်။ သို႔ရာတြင္ ဘုရားသခင္၌သူ၏ယံုၾကည္ျခင္းမွာႀကီးမားခိုင္ခန္႔လွေပသည္။
သူသည္တရုတ္လူမ်ိဳးမ်ားကိုခရစ္ေတာ္ထံပုိ႔ေဆာင္ရန္အလြန္စိတ္အားထက္သန္လ်က္ရွိသည္။ ထို႔ေၾကာင့္သူသည္အနည္းငယ္မွ်သာသိေသာ္လည္းဧ၀ံေဂလိတရားေဟာရန္ေ၀စာမ်ားႏွင့္တကြသြားေရာက္ သက္ေသခံခဲ့၏။ သက္ေသခံေဆာင္ရြက္စဥ္တရုတ္ဘာသာ“စကားလံုးအသစ္”မ်ာေလ့လာသျဖင့္တရုတ္ဘာ သာစကားကိုပိုမုိကၽြမ္းက်င္စြာအသံုးျပဳတတ္လာ၏။ သာသနာျပဳမ်ားတစ္ခါမွ်မေရာက္ေသးေသာေနရာေဒသ မ်ားသို႔သြားေရာက္ခဲ့၏။ ထုိအခ်ိန္ကတရုတ္ျပည္၌သူပုန္မ်ားရွိေသာေၾကာင့္ခရီးသြားလာရန္အႏၱရာယ္ႀကီးမား လြန္းလွပါသည္။
တစ္ခ်ိ္န္၌အရပ္ျမင့္ၿပီးခြန္အားႀကီးေသာအရက္မူးသမားတစ္ဦး၏ေႏွာက္ျခင္းခံခဲ့ရ၏။ ဟတ္စင္၏ဆံပင္ ကိုဆြဲၿပီးၾကမ္းတမ္းစြာဆြဲလွည့္ပစ္ျခင္းေၾကာင့္သူ႔ချမာေမ့ေျမာလုမတတ္ျဖစ္ခဲ့ရ၏။ သို႔ရာတြင္ခရစ္ယာန္စာေပ ျဖန္ပေ၀ျခင္းလုပ္ရန္ထိခိုက္မည္စုိး၍ျပႆနာကိုေရွာင္ၿပီးေ၀စာျဖန္႔ေ၀ျခင္းကုိသာဆက္လက္လုပ္ေဆာင္ခဲ့၏။ သူ႔ကုိဆန္႔က်င္သူမ်ားကပို၍ေဒါသထြက္ၾကကာအစုိးရအရာရွိတစ္ဦးထံအတင္းဆဲြေခၚသြားခဲ့ၾက၏။ထိုအရာရွိ သည္အလြန္ၾကင္နာသနားတတ္ၿပီး ဟတ္စင္ထံမွဓမၼသစ္က်မ္းစာအုပ္ကိုလက္ခံခဲ့၏။
ဟတ္စင္၏ႏွလံုးသားဆႏၵမွာ ျပည္မႀကီးရွိသတင္းေကာင္းမၾကားဖူးေသးေသာသူမ်ားစြာထံ ဧ၀ံေဂလိ တရားေ၇ာက္ရွိရန္ျဖစ္၏။ “ခပ္သိမ္းေသာသူတုိ႔ကိုကယ္တင္ျခင္းအလို႔ငွာ ခပ္သိမ္းေသာသူတို႔၌ခပ္သိမ္းေသာ အရာျဖစ္၏”ဟူေသာရွင္ေပါလု၏ခံယူခ်က္အတိုင္းတရုတ္အမ်ဳိးသား၀တ္စုံကို၀တ္ဆင္ၿပီး တရုတ္လူမ်ဳိးမ်ားနည္း တူအသက္ရွင္ခဲ့၏။အခ်ုဳိ႕ေသာဥေရာပတုိက္သားမ်ားႏွင့္သာသနာျပဳဆရာမ်ားကထိုသို႔လုပ္ျခင္းကိုမႏွစ္သက္ၾကေသာ္လညး္ဤနည္းျဖင့္တရုတ္ျပည္မႀကီးအတြင္းသာသနာေရာက္ရွိေအာင္သူလုပ္ေဆာင္ခဲ့၏။ သူ၏ႀကိဳးစားမႈ ေၾကာင့္လအနည္းငယ္အတြင္းပထမဆံုးယံုၾကည္ေျပာင္းလဲလာသူတစ္ဦးအားျဖင့္ဘုရားသခင္ခ်ီးျမွင့္ျခင္းကုိခံခဲ့ ရ၏။
႐ွဳပ္ေထြးေသာ္လည္းစိတ္မပ်က္
ဟတ္စင္အမႈေတာ္ဆာင္စဥ္မၾကာခဏစိတ္ဓါတ္က်ရန္စံုစမ္းေႏွာက္ယွက္ျခင္းခံခဲ့ရ၏။ သူ၏ေရွ႕အနာ ဂတ္သည္မဲေမွာင္လ်က္ရွိသျဖင့္“ကၽြႏု္ပ္၏လမ္းခရီးသည္တစ္ခ်ိန္လွ်င္ေျခတစ္လွမ္းလွမ္းရန္အၿမဲရွင္းလင္းလ်က္ရွိၿပီးကၽြႏ္ုပ္သည္ဘုရားသခင္ကိုေမွ်ာ္လင့္ရမည္၊ ကိုးစားရမည္၊ သို႔မွသာအားလံုးေကာင္းမြန္လာမည္”ဟုစာေရး ထားခဲ့၏။သူ၏သာသနာျပဳလုပ္ငန္းသည္ အလြန္ေအးေဆးၿပီး သူ႔အတြက္ေငြေၾကးမ်ားလည္းမွန္မွန္ေရာက္ရွိ ျခင္းမရွိေခ်။
သူသည္ “စန္ဂ်င္(န္)”ၿမိဳ႕၌သာသနာျပဳေဆးခန္းတစ္ခတည္ေထာင္ကာထိုေဆးခန္းအားျဖင့္ေထာင္ ေပါင္းမ်ားစြာေသာသူတုိ႔ကုိခရစ္ေတာ္ထံပို႔ေဆာင္ႏိုင္ခဲ့၏။ သို႔ရာတြင္ၿဗိတိသွ်အစုိးရကိုယ္စားလွယ္မ်ားက သူ႔ အားျပည္မႀကီးအတြင္းပိုင္းသို႔မသြားရန္၊ အကယ္၍သြားခဲ့လွ်င္ကာကြယ္ေပးမည္အဟုတ္ေၾကာင္းေျပာခဲ့၏။ သို႔ရာတြင္ ဟတ္စင္သည္သူ၏အသက္အႏၱရာယ္လံုၿခံဳေရးထက္ဧ၀ံေဂလိတရားမၾကားသိရေသးသူမ်ားထံ ဧ၀ံေဂလိတရားေရာက္ရွိေရးကုိပို၍အေလးထားခဲ့၏။ ခင္မင္ရင္းႏွီးေသာသူ၏မိတ္ေဆြမ်ား၊သူႏွင့္အတူအလုပ္ လုပ္ၿပီးေပ်ာက္ဆံုး၀ိညာဥ္မ်ားအတြက္သူကဲ့သုိ႔ပင္စုိးရိမ္ပူပန္တတ္ေသာအမႈေတာ္ေဆာင္ဗီလီယန္ဗန္း(စ္)ေသ ဆုံးသြားေသာသတင္းေၾကာင့္စိတ္ပ်က္စရာေတြ႔ႀကံဳရျပန္၏။ဟတ္စင္သည္ဗီလီယန္ဗန္း(စ္)ႏွင့္မိတ္သဟာယ ဖြဲ႔ျခင္းအားျဖင့္အေထာက္အကူအက်ဳိးျဖစ္ထြန္းခဲ့၏။သို႔ရာတြင္ဗန္း(စ္)သည္ (၁၈၅၆)ခုႏွစ္အတြင္းအဖမ္းဆီးခံရ ၿပီးအသတ္ခံခဲ့ရ၏။
သို႔ေသာ္လည္းဟတ္စင္အားဘုရားသခင္က ဦးေဆာင္လ်က္ဆရာ၀န္လံုး၀မရွိသည့္သေဘၤာဆိပ္ၿမိဳ႕ တစ္ၿမိဳ႕ျဖစ္ေသာနင္ပုိၿမိဳ႕၌စတင္အမႈေတာ္ေဆာင္ရန္ထြက္ခဲ့၏။နင္ပိုၿမိဳ႕အသြားလမ္းခရီး၌သူ႔ကၽြန္ကသူ၏ ဥစၥာ ပစၥည္းမ်ားကုိလုယက္ကာသူ႔ကိုစြန္႔ပစ္ထားခဲ့၏။ အစာငတ္ျပတ္မႈ၊ အိပ္ေရးပ်က္မႈ၊ ခႏၶာပုိင္းခ်ဳိ႕ယြင္းမႈမ်ား ေၾကာင့္အားအင္ကုန္ခန္းလ်က္ရွိခ့ဲ၏။ လမ္းေဘးနား၌ေမ့ေမ်ာလုမတတ္ျဖစ္ခဲ့၏။ သို႔ေသာ္လည္းသူစြဲလန္း ျခင္း မွာဆုံး႐ံွဳးသြားသည့္သူ႔ပစၥည္း မဟုတ္ပဲေပ်ာက္ဆံုး၀ိညာဥ္မ်ားအတြက္ျဖစ္ၿပီးထိုသူတုိ႔အားခရစ္ေတာ္အေၾကာင္း ေဟာေျပာခဲ့၏။ နင္ပိုၿမိဳ႕၌ေတြ႔ဆံုခဲ့ေသာမာရီယာဒိုင္ရာ(Maria Dyer)ႏွင့္လက္ထပ္ခဲ့၏။ ဖ်ားနာေသာသူတုိ႔ကို အတူတကြၾကည့္ရွဳေစာင့္ေရွာက္ခဲ့ၾကၿပီးတရုတ္လူမ်ဳိးမ်ားျပဳလုပ္ျခင္းေၾကာင့္သူ႔က်န္းမာေရးထိခုိက္လာသည္။ ထုိ႔ေၾကာင့္တရုတ္ျပည္၌(၇)ႏွစ္အမႈေတာ္ေဆာင္ၿပီးေနာက္က်န္းမာေရးအရ အဂၤလန္သုိ႔ျပန္ခဲ့ရ၏။
တရုတ္ျပည္တြင္းသာသနာလုပ္ငန္း လန္ဒန္ၿမိဳ႕၌ေဆးပညာသင္ၾကားျခင္းကိုလဲအဆံုးသတ္ေလ့လာခဲ့၏။ ျပည္နယ္(၁၁)ခုရွိလူသန္း(၃၈၀) အတြက္သာသနာျပဳတစ္ေယာက္မွ်ပင္မရွိေသာတရုတ္ျပည္ကိုသတိရေစရန္တရုတ္ျပည္ေျမပံုကိုသူ႔အိမ္နံရံ၌ ခ်ိတ္ဆြဲထား၏။ တရုတ္ျပည္အတြက္လိုအပ္ခ်က္မ်ားကိုေဖာ္ျပသည့္ေဆာင္းပါးမ်ားႏွင့္လက္ကမ္းစာေစာင္မ်ား ကိုေရးသားခဲ့သည္။ ထိုျပည္နယ္(၁၁)ခုသုိ႔သြားေ၇ာက္မည့္သာသနာျပဳ(၂၄)ဦးရရန္သူဆုေတာင္းခဲ့၏။ (၂)၇က္မွ်ၾကာၿပီးေနာက္“တရုတ္ျပည္တြင္းသာသနာလုပ္ငန္း”သည္ယံုာကည္ျခင္းအားျဖင့္မည္သုိ႔အစ ျပဳခဲ့ေၾကာင္းေဖာ္ျပျခင္းျဖစ္၏။ ဟတ္စင္က ဤအရာမွာအနည္းငယ္ေသာေငြေၾကးျဖစ္ေသာ္လည္း ဘုရားသခင္ ၏ကတိေတာ္မ်ားေၾကာင့္ရရွိေၾကာင္းေျပာခဲ့၏။
ဘုရားသခင္သည္ ဟတ္စင္၏ဆုေတာင္းခ်က္ကုိအေျဖေပးေတာ္မူခဲ့ၿပီး၊ (၁၁)လခန္႔ၾကာေသာအခါသူ ဆုေတာင္းခဲ့ေသာသာသနာျပဳ(၂၄)ဦးရရန္သူဆုေတာင္းခဲ့၏။ (၂)ရက္မွ်ၾကာၿပီးေနာက္“တရုတ္ျပည္တြင္းသာသ နာလုပ္ငန္း”သည္ယံုၾကည္ျခင္းအားျဖင့္မည္သို႔အစျပဳခဲ့ေၾကာင္းေဖာ္ျပျခင္းျဖစ္၏။ ဟတ္စင္ကဲ့သို႔က်န္သာသနာ ျပဳအေယာက္တုိင္းသည္ အာမခံခ်က္လစာမရွိဘဲ ဘုရားသခင္၏ကတိေတာ္အေပၚ၌ရပ္တည္လ်က္သြားခဲ့ၾက ျခင္းျဖစ္၏။ သူတုိ႔ဘယ္အရပ္သိို႔သြားလိမ့္မည္ကုိမသိပဲလ်က္ခရီးထြက္ခဲ့ၾကျခင္းျဖစ္၏။ တရုတ္ျပည္၌သူတို႔ကို ႀကိဳဆိုဧည့္ခံမည့္သူတစ္ေယာက္မွ်မရွိေခ်။ ႏို္င္ငံျခားသားမ်ားကို ဆန္႔က်င္ေသာတုိင္းျပည္၏အတြင္းပိုင္းသို႔သြား ရန္သူတို႔ဆံုးျဖတ္ခ်က္ခ်ၿပီးသားျဖစ္ၾက၏။ သေဘၤာေပၚ၌ပင္သေဘၤာသား(၃၄)ေယာက္အနက္အေယာက္(၂၀) ေက်ာ္ကခရစ္ေတာ္ကိုယံုၾကည္လက္ခံခဲ့၏။ဟတ္စင္ေတလာက“ပင္လယ္ကိုျဖတ္ေက်ာ္ျခင္းကသာသနာျပဳျဖစ္လာရန္ဘယ္ေတာ့မွမလုပ္ေပးႏိုင္ေခ်”ဟုမၾကာခဏေျပာေလ့ရွိခဲ့၏။ မိမိအိမ္၌ခရစ္ေတာ္အတြက္အသံုးမ၀င္သူ သည္အျခားတုိင္းျပည္၌ကိုယ္ေတာ္အတြက္အသံုး၀င္ေစရန္မေမွ်ာ္လင့္ႏိုင္ေခ်။
တရုတ္ျပည္သို႔ေနာက္တစ္ႀကိမ္ ရွန္ဟိုင္းၿမိဳ႕သို႔ေရာက္ရွိၿပီးေနာက္သူတုိ႔၏အသက္တာမ်ားကိုစြန္႔စားကာတိုင္းျပည္အတြင္းပိုင္းသုိ႔၀င္ ေရာက္သြားခဲ့ၾက၏။ ငယ္ရြယ္သူဟတ္စင္ေတလာသည္အဖြဲ႔ေခါင္းေဆာင္ျဖစ္ခဲ့၏။မၾကာခဏဆိုသလိုပင္သူ တုိ႔ ၌အစားအစာ(သို႔)တည္းခုိစရာမရွိခဲ့ၾကေပ။ သို႔ရာတြင္ဘုရားသခင္အားကိုယ္ေတာ္သည္ျဖည့္ဆည္းေပးေတာ္မူ ခဲ့၏။ဟတ္စင္ေတလာ၏လွ်ဳိ႕၀ွက္ခ်က္သည္ရိုးသားေသာကေလးသူငယ္ကဲ့သို႔ယံုၾကည္ျခင္းတည္ေနသည္။ ယံု ၾကည္ျခင္းအားျဖင့္ေက်ာ္လႊားေအာင္ျမင္ခဲ့သည့္အခက္အခဲတိုင္းမွာဘုရားသခင္၏သားျဖစ္သူအတြ္ကခြန္အား ႏွင့္အစာအဟာရျဖစ္၏ဟုသူေျပခဲ့ေပသည္။
ႏွစ္ေပါင္း(၂၀)နီးပါးမွ်ၾကာၿပီးေနာက္တရုတ္ျပည္တြင္းသာသနာလုပ္ငန္းသည္ႀကီးထြားလာသျဖင့္သာသနာျပဳ(၂၂၅)ဦး၊ အသင္းေတာ္(၅၉)ပါးႏွင့္ယံုၾကည္သူ(၁၇၀၀)ခန္႔ရွိလာခဲ့၏။ သင္တန္းေပးသည့္အိမ္မ်ားစတင္ရွိခဲ့ ၿပီးေထာင္ေပါင္းမ်ားစြာေသာေ၀စာမ်ားႏွင့္စာအုပ္မ်ားကုိျဖန္႔ခ်ိႏိုင္ခဲ့သည္။ ဆုံးရွဴံးမႈမ်ားလည္းရွိခဲ့၏။ ဟတ္စင္ ေတလာသည္သူ၏ဇနီးႏွင့္ကေလး(၃)ဦးဆံုးရွဳံးခဲ့သည္။ သူ၏ဇနီးျဖစ္သူသည္သူ႔အသက္တာႏွင့္အမႈေတာ္ျမတ္ အတြက္(၁၂)ႏွစ္နီးပါးမွ်ကူညီလုပ္ေဆာင္ခဲ့ၿပီးေနာက္၀မ္းေရာဂါျဖင့္အသက္ဆံုးပါးခဲ့သည္။ သူ႔အခ်စ္ဆံုးသမီး ျဖစ္သူေသဆံုးခ်ိ္န္၌“ကၽြႏ္ုပ္တို႔၏ႏွလံုးသားမ်ားေသြးယိုစီးျခင္းျဖစ္ရေပမဲ့ကၽြႏ္ုပ္တုိ႔၏ေယရွဳသည္အရာခပ္သိမ္း ကိုေကာင္းမြန္စြာလုပ္ေဆာင္ေတာ္မူသည္ဟူေသာအခ်က္ကက်န္အရာမ်ားထက္ပို၍ေပၚလြင္ရေပမည္။” ဟု သူေရးသားခဲ့၏။
သူ၏ဇနီးျဖစ္သူေသဆံုးခ်ိ္န္၌“တစ္ဦးတည္းမဟုတ္ပါ၊ အေၾကာင္းမွာဘုရားသခင္သည္ခါတိုင္းထက္ပို မို နီးကပ္စြာရွိေတာ္မူသည္”ဟုသူေရးသားခဲ့၏။ဤသို႔အားျဖင့္အသက္တာ၏ဆံုးရွဳံးမႈမ်ားအားလံုးကိုသူရင္ဆုိင္ခဲ့၏။
ဟတ္စင္ေတလာသည္ အရပ္ရပ္ရွိလူတို႔အားတရုတ္ျပည္၏လုိအပ္ခ်က္မ်ားကိုေျပာျပခဲ့၏။သို႔ရာတြင္ေငြ ေၾကးကိုဘယ္ေသာအခါမွ်မေတာင္းခံခဲ့ေခ်။အမႈေတာ္ေဆာင္မ်ား(သို႔)ေငြေၾကးလိုအပ္ေသာအခါတုိင္းဘုရားသခင္ထံေတာ္၌သာအသနားေတာ္ခံခဲ့ေပသည္။တရုတ္ျပည္တြင္းသာသနာလုပ္ငန္းအတြက္အလွဴေငြယူရန္ဘယ္ ေသာအခါမွ်ခြင့္မျပဳခဲ့ေခ်။ ဤမခ်က္သည္အမႈေတာ္လုပ္ငန္းကိုဆက္လက္လုပ္ေဆာင္ရန္နည္းဥပေဒျဖစ္ခဲ့သည္။
တရုတ္ျပည္သာအစဥ္အၿမဲ
ဟတ္စင္ေတလာသည္ အဂၤလန္ျပည္သို႔အႀကိမ္မ်ားစြာျပန္သြားေသာ္လည္းတရုတ္ျပည္သို႔သာအၿမဲ ျပန္ ေရာက္ခဲ့၏။ ထပ္မံအိမ္ေထာင္ျပဳၿပီးတရုတ္ျပည္ရွိၿမိဳ႕တုိင္းကိုခရစ္ေတာ္အတြက္ေတာင္းဆိုရန္စိတ္ျပ႒ာန္းခဲ့၏။
ေက်ာရိုးထိခိုက္ဒဏ္ရာေၾကာင့္သူသည္လေပါင္းမ်ားစြာအိပ္ယာထဲလဲေလ်ာင္းေနခဲ့ရ၏။ထုိေန႔ရက္ကာလမ်ားအတြင္းဘုရားသခင္ကသူ႔အားတရုတ္ျပည္၏လိုအပ္ခ်က္မ်ားႏွင့္ဆုိင္သည့္သာ၍ႀကီးေသာရူပါရံုမ်ားေပးေတာ္မူခဲ့၏။သူျပန္လည္က်န္းမာလာၿပီးသူ၏ဇနီးသည္ႏွင့္အတူအေမရိကန္ျပည္၊ကေနဒါႏို္င္ငံ၊ၾသစေတးလ်ႏွင့္ေတာင္အေမ ရိကႏို္င္ငံမ်ားသို႔ခရီးထြက္ကာတရုတ္ျပည္၏လိုအပ္ခ်က္ႀကီးမ်ားကုိေျပာျပခဲ့၏။သို႔ရာတြင္ေငြေၾကးကုိဘယ္ေသာ အခါမွမေတာင္းဆိုခဲ့ေခ်။ (၁၉၀၀)ခုႏွစ္၊သူအဂၤလန္ျပည္၌ရွိစဥ္သူ၏သာသနာလုပ္ငန္းမိသားစုမ်ားမွလူ(၇၉)ဦး ရက္စက္စြာအသတ္ခံရေၾကာင္းၾကားခဲ့ရ၏။ ထိုအထဲတြင္သာသာျပဳမ်ား၏သားသမီးငယ္(၂၀)ဦးလည္းပါ၀င္ခဲ့ သည္။(၄)ႏွစ္ၾကာၿပီးေနာက္သူ၏ဒုတိယဇနီးသည္ကုိဆံုးရွဳံးးခဲ့ရ၏။
အဂၤလန္ျပည္တြင္ဟတ္စင္ေတလာမေနထိုင္ႏုိင္ခဲ့ေခ်။ ထို႔ေၾကာင့္(၁၉၀၅)ခုႏွစ္တြင္ အဂၤလန္ျပည္မွ တရုတ္ျပည္သို႔သူ၏တစ္ဆယ့္တစ္ႀကိမ္ေျမာက္ႏွင့္ေနာက္ဆံုးအႀကိမ္ခရီးစဥ္ကိုအစျပဳခဲ့၏။တရုတ္ျပည္၌သူ႔ အားခမ္းနားႀကီးက်ယ္စြာႀကိဳဆိုခံခဲ့ရၿပီးဧ၀ံေဂလိတရားအတြက္တံခါးဖြင့္ရန္ေနာက္ဆံုးဖြင့္ရန္ေနာက္ဆံုးျပည္ နယ္တစ္ခု၏ၿမိဳ႕ေတာ္“ခ်န္ရွာ (Changsha)” သုိ႕သြားေရာက္ခဲ့၏။ထုိအရပ္သို႔ေရာက္ၿပီးမၾကာမီပင္ဘုရားသခင္ ၏လူ(ဟတ္စင္ေတလာ) သည္သူ၏ဘုရားသခင္ႏွင့္အတူရွိရန္သြားေရာက္ခဲ့ပါေတာ့သည္။
သူေသဆံုးခ်ိ္န္၌တရုတ္ျပည္တြင္းသာသနာလုပ္ငန္း၌သာသနာျပဳ(၈၄၉)ဦးရွိခဲ့ၿပီး၊ ကြန္ျမဴနစ္မ်ားက တရုတ္ျပည္ကုိသိမ္းပုိက္ခ်ိန္တုိင္ေအာင္သာသနာလုပ္ငန္းကိုတရုတ္ျပည္၌လုပ္ေဆာင္ေနခဲ့၏။ ဟတ္စင္ေတ လာသည္ဤေလာကႀကီး၏စည္းစိမ္ဥစၥာမ်ား၌အမွန္တကယ္ဆင္းရဲေသာ္လည္းလူမ်ားစြာကိုခ်မ္းသာေစခဲ့၏။ လွ်ဳိ႕သွက္ခ်က္မွာ - အသက္ရွင္ေသာဘုရားသခင္ႏွင့္ႏႈတ္ကပတ္ေတာ္၌သူယံုၾကည္ကိုးစားခဲ့ျခင္းဟူေသာအ ခ်က္ပင္ျဖစ္၏။ ဘုရားသခင္သည္ႏႈတ္ကပတ္ေတာ္၌ကတိထားေတာ္မူသည့္အတိုင္းလုပ္ေဆာင္ေတာ္မူ
လိမ့္မည္ဟုသယံုၾကည္ခဲ့၏။“ယံုၾကည္ျခင္းက မျဖစ္ႏို္င္တာေတြကို ၇ယ္ေမာၿပီး နာခံမႈက ေမးခြန္းမ်ားမထုတ္ ေခ်” ဟူ၍သူေျပာေလ့ရွိခဲ့ေပသည္။
blog.shwecanaan.com

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...