ဟောရှေကျမ်း ခြုံငုံလေ့လာခြင်း- Book of Hosea.
Reshare #9Dan Unicode & Zawgyi
========
၁။ နိဒါန်း
ပရောဖက်ဟောရှေအမှုဆောင်စဉ်အတွင်း ရှေးက္ကသရေလနိုင်ငံနှစ်ခြမ်းကွဲကာ နိုင်ငံနှစ်နိုင်ငံအဖြစ်
တည်ရှိနေပြီးဖြစ်သည်။မြောက်ပိုင်းနိုင်ငံ က္ကသရေလပြည်
ဖြစ်ပြီး၊ တောင်ပိုင်နိုင်ငံမှာ ယုဒပြည်ဖြစ်သည်။
ဟောရှေသည် က္ကသရေလဘုရင် ယေရောဗောင်(၂)နှင့်
ယုဒဘုရင် ဩဇိမင်းတို့လက်ထက်တွင် အမှုဆောင်စတင်
ခဲ့ပြီး၊ ဘုရင်မင်းဆက်များစွာ ဆက်ခဲ့ပေးသည်(ယော၁:၁)။
ဟောရှေပရောဖက်ကျမ်းရေးသားချိန်750 - 715 B.C
ဝန်းကျင်ဖြစ်ပါသည်။
၂။ သစ္စာမရှိသော ဘာသာရေး
ပရောဖက်ဟောရှေ၏ အမှုဆောင်ရွက်ခြင်းမှာ
တောင်ပိုင်း ယုဒပြည်ထက် မြောက်ပိုင် က္ကသရေလပြည်
နှင့် ပို၍ ပတ်သက်သည်။ ဗာလဘုရားအား ကိုးကွယ်ခြင်း
ဖြင့် က္ကသရေလဘာသာရေးကို ညစ်ညူးစေခဲ့သည်။
ထိုကြောင့် က္ကသရေလပြည် တရားစီးရင်ရန်နှင့် တိုင်းတစ်
ပါးသို့ ဖမ်းဆီးချုပ်နှောင်ခြင်းခံရရန် ဦးတည်နေသည်။
ထာဝရဘုရားနှင့် က္ကသရေလလူတို့အကြားထားရှိသော
ပဋိညာဉ်မှာ လက်ထထပ်ခြင်း ပဋိညာဉ်နှင့်ထပ်တူခြင်း
ကြောင့် က္ကသရေလလူတို့၏ အခြားသောဘုရားများကို
ကိုးကွယ်ခြင်းမှာ ဝိညာဉ်ရေးဖောက်ပြန်မှုအဖြစ်သက်
ရောက်သည်( ဟော ၄:၁၇၊၅:၄၊၆:၁၀၊၇:၁၆၊၈:၅-၆)။
မိမိ၏မယား ဂေါမာက မိမိအားစွန့်ကာ အခြားချစ်သူများ
နောက်သို့ လိုက်သွားပြီးနောက် ပြည့်တန်ဆာဖြစ်သွား
သည်။ ဤဖြစ်ရပ်နှင့် ကိုက်ညီချက်ကို ဟောရှေတွေ့ရှိရ
သည်(ဟော ၁:၂၊၂:၂)။
ဂေါမသည် သာယာပျော်ရွှင်မှုကို တာရှည်မခံရဘဲ ကျွန်အဖြစ်ရောင်စားခြင်းကိုခံခဲ့ရသည်။ လမ်းမှားမေသော
မိမိ၏မယားအား မေတ္တာမလျှော့ဘဲ ဇနီးမောင်နှ့အိမ်ထောင်
ရေး ပဋိညာဉ်ကို မပျက်စဘဲ ဟောရသေစ္စာစောင့်ထိန့်ခဲ့
သည်။ ဂေါမအားကျွန်အဖြစ်နှင့် ပြန်တွေ့သောအခါ သူမအား ပြန်၍ဝယ်ယူခဲ့သည်( ဟော၃:၁-၃)။
ပဋိညာဉ်အရထားရှိသော ဟောရှေ၏ ချစ်ခြင်းမေတ္တာမှာ
ထာဝရဘုရားက မိမိလူတို့အပေါ် ထားရှိသော ချစ်ခြင်း
မေတ္တာနှင့် ထပ်တူပြုခိုင်းနိုင်သည်။ ထိုလူတို့ ဖမ်းဆီးချုပ်
နှောင်ခြင်းခံရကြမည်ဖြစ်သော်လည်း ခါနာန်လူတို့၏ ဘုရားမှားနှင့် မှားယွင်းဖောက်ပြန်ပေါင်းသင်းခြင်းမှ ဆေးကြောသန့်စင်ပြီ မိမိတို့တိုင်းပြည်သို့ ပြန်ခေါ်ဆောင်
ခြင်းခံရမည်( ဟော ၂:၁၇-၂၀၊၃:၄-၅
၃။ ဖောက်ပြန်နေသည့် အသိုင်းအဝိုင်း
ဒုတိယမြောက် ယေရောဗောင်မင်းနှင့် ဩဇိမင်းတို့
လက်ထက်အတွင်း က္ကသရေလပြည်နှင့် ယုဒပြည်တို့၏
နိုင်ငံရေးတည်ငြိမ်မှု၊စီးပွားရေးတိုးတက်မှုနှင့် နယ်မြေချဲ့
ထွင်နိုင်မှုတို့တွင် ဒါဝိဒ်မင်းကြီးနှင့် ရှောလုမုန်မင်းကြီးလက်
ထက်အပြီးအများဆုံးရခဲ့သည်( ၄ရာ ၁၄:၂၃-၂၇၊ ၁၅:၁-၂၊
၆ရာ ၂၆:၁-၁၅)။ ဤတိုးတက်ထွန်းကားလာခြင်းနှင့်အတူ
ထိုပြည်နှစ်ပြည်၌ ယခင်က မတွေ့ကြုံဖူးသည့် လောဘရ
မတ်ကြီးခြင်း ယိုယွင်းဖောက်ပြန်ခြင်းကို တွေ့ကြုံ
နေရသည်။
ထိုလူမှုရေး မတရားမှုနှင့် ဘာသာရေးယိုယွင်းဖောက်
ပြန်မှုတို့အား ထိုအချိန်က တိုက်ခိုက်ခဲ့သော ပရောဖက်
နှစ်ဦးမှာ အာမုတ်နှင့် ဟောရှေတို့ဖြစ်သည်။ သိးခြားသော
နယ်များမှဖြစ်သော်လည်း ပရောဖက်နှစ်ဦးလုံးမှာ တောင်ပိုင်းနိုင်ငံထက် မြောက်ပိုင်းနိုင်ငံနှင့် ပို၍ ပတ်သက်
နေကြသည်။
အထက်တန်းလွှာများက နှိမ့်ကျသူများအား မတရား
အခွင့်ရေးယူခြင်းကို ပရောဖက်တို့ တိုက်ခိုက်ခဲ့သည်။
ထိုခေတ်ထိုအချိန်က ကြီးပွားကောင်းစာနေကြသူများမှာ
တောင်သူလယ်သမားများ မဟုတ်ဘဲ အရာရှိအရာခံများ
နှင့် ကုန်သယ်ကြီးများသာဖြစခဲ့သည်။ ၎င်းတို့သည် ဆင်းရဲ
သောသူများအား စိတ်ကြိုက်ချယ်လှယ်နိုင်ကြပြီး တရားရုံး
များ၏ မတရားမှုများကြောင့် မိမိတို့ကိုယ်ကို ဆင်းရဲသား
များမည်သို့မျှ မကာကွယ်နိုင်ကြပေ( ဟော၄:၁-၂၊၆:၈-၉၊
၁၂:၇-၈)။ တစ်ဖန်တိုင်းပြည်အပေါ် တရားစီရင်ခြင်း
ကြောင့် တိုင်းတစ်ပါး၏ အနိုင်ယူမှုနှင့် ဖမ်းဆီးချုပ်နှောင်မှုခံ
ရသည်( ဟော၅:၁၄၊၉:၆၊၁၀:၃-၈၊၁၃-၁၅)။
၄။ ဟောရှေ၏ အနာဂတ်ဟောကြားချက် အကျဉ်းချုပ်
ပျော်ရွှင်မှုမရှိသော အိမ်ထောင်ရေးအတွေ့ကြုံများ ဟောရှေပြန်လည်ပြောဆိုရာတွင် က္ကသရေလပြည်အတွင်း
ဖြစ်နေသည့် အခြေအနေများအား ရောင်ပြန်ဟပ်စေသည်
(၁:၁-၂:၁)။ ဂေါမနည်းတူ မိမိလင်ယောင်္ကျာဖြစ်သော
ဘုရားသခင်(ယေဟောဝါ)အပေါ် က္ကသရေလတို့သစ္စာမဲ့ခဲ့
သည်( ၂:၂:၂၃)။ သိုေ့သာ် ဂေါမအား ကျွန်ဘဝမှ ပြန်၍
ဟောရှေက ရွှေးနုတ်သကဲ့သို့ က္ကသရေလပြည်အပေါ်ကျ
ရောက်လာမည့် ဖမ်းဆီးချုပ်နှောင်ခြင်းမှလည်း ဘုရားသခင် ရွှေးနုတ်မည်( ၃:၁-၅)။
ဟောရှေ ဟောကြားခဲ့သော သတင်းစကားများမှာ
အချိန်ကာလ၊အစီစဉ်တကျ မဟုတ်သော်လည်းက္ကသရေလ
ပြည်၏ ကိုယ်ကျင့်တရား ဖောက်ပြန်မှုနှင့် အားလုံးဆက်စပ်
နေသည်။ ဖောက်ပြန်သည့်ဘာသာရေး ဖောက်ပြန်သည့်
နိုင်ငံရေး၊နေ့စဉ်အသက်ရှင်ခြင်း(၄:၁-၅၊၇)၊ နိုင်ငံရေးမူဝါဒ
( ၅:၈-၁၄)၊ ဘုရားသခင်အပေါ်သစ္စာရှိခြင်း(၅:၁၅-၆:၆)
သို့မဟုတ် သူတို့၏ တရားမျှတမှုအပေါ် ထားရှိသည့်
သဘောနှင့် ပတ်သက်နေသည်( ၆:၇၊၇:၇)။
အခြားတိုင်းပြည်နှင့် မဟာမိတ်ဖွဲ့ခြင်းဖြင့် ဘုရားသခင်အား
ပုန်ကန်ခဲ့ပြီး ဗာလဘုရားများကို ကိုးကွယ်ကြသည်
( ၇:၈-၁၆၊ ၈:၁-၁၄)။
ထို့သို့သောကြောင့် က္ကသရေလပြည်မှာ အပြစ်စီရင်
ခြင်းခံရမည်(၉:၁-၁၇)။ မဖိမိတို့ စိုက်ပျို့သည့်အတိုင်း ရိပ်
သိမ်းရမည်ဖြစ်သည်(၁၀:၁-၁၅)။ ဘုရားသခင်၏ မေတ္တာ
တော်ကို လူတို့ပစ်ပယ်၍ (၁၁:၁၁) တစ်ဦးကို တစ်ဦး
အမြတ်ထုတ်ကြသည် ( ၁၁:၁၂-၁၂၁၄)။ ထို့ကြောင့် မလွှဲ
ဖမ်းဆီးခြင်းကို ခံရကြမည် (၁၃:၁-၁၆)။ သို့သော် ပြန်၍
မှောင်တရကြပါက သူတို့အား ဘုရားသခင်ခွင့်လွှတ်ပြီး
မိမိတို့ တိုင်းပြည်သို့ ပြန်လည်ခေါ်ဆောင်မည်( ၁၄:၁-၉)။
၅။ မြောက်ပိုင်းနိုင်ငံ ကျရှုံးခြင်း( ဘီစီ ၇၂၂ )
မြောက်ပိုင်နိုင်ငံ က္ကသရေလပြည်၌ ပရောဖက်
အာမုတ်နင့် ဟောရှေတို့က ဘုရားသခင်၏ သတင်းစကား
များ ဟောပြောခဲ့ကြသော်လည်း လစ်လျှူရှု ထားခဲ့ခြင်း
ကြောင့် အာရှုရိပြည်၏ စိုးမိုးခြင်းကျရောက်လေသည်။
အာရှုရိတို့အား ဆန့်ကျင်ရန် က္ကသရေလရှင်ဘုရင် ပေကာ
ကြိုးစားခဲ့သောအခါ ကာကသရေလပြည်၌ ဒုက္ခကြီးစွာ
တွေ့ကြုံခဲ့ရသည်။ ပေကာ မင်းအား အာရှုရိတို့ကို ထောက်ခံသူ Hoshea က လုပ်ကြံသတ်ဖြတ်ပြီး မင်းပြု
သည်( ၄ရာ ၁၅:၂၉-၃၀)။
က္ကသရေလဘုရင်အဖြစ် ဟောရှေ( Hoshea)ရပ်တည်
နိုင်ခြင်းမှာ အာရှုရိတို့ထံမှ အခွန်ဆက်သထားခြင်းကြောင့်
ဖြစ်သည်။သို့သော်လည်း အဲဂုတ္တုပြည်၏အကူညီဖြင့် အာရှု
ရိတို့အား ပုန်ကန်ပြီး ဆက်၍အခွန်ဆက်သရေးကို ငြင်းဆန်
လာသောအခါ က္ကသရေလမြို့တော် ရှမာရိအား အာရှုရိတို့
တိုက်ခိုက်ကာ ဘုရင်ဟောရှေအား အကျဉ်းချခဲ့ကြသည်။
သုံးနှစ်တိုင်တိုင်ပိတ်ဆို့ပြီးနှောက် ရှမာရိမြို့ကို အာရှုရိတို့
ဖျက်ဆီးချေမှုန်း၍ လူတို့ကိုလည်း ဖမ်းဆီးခေါ်တောင်
သွားကြသည်( ၄ရာ၁၇:၁-၁၆)။ ဤသို့ဖြင့် မြောက်ပိုင်း
နိုင်ငံ ကျရှုံးရသည်( ၇၂၂ ဘီစီ)။
သမ္မာကျမ်းစာ၏ အမွေအနှစ်များ
========
၁။ နိဒါန်း
ဝန်းကျင်ဖြစ်ပါသည်။
၂။ သစ္စာမရှိသော ဘာသာရေး
သည်(ဟော ၁:၂၊၂:၂)။
နေရသည်။
နေကြသည်။
များမည်သို့မျှ မကာကွယ်နိုင်ကြပေ( ဟော၎:၁-၂၊၆:၈-၉၊
သည်( ၂:၂:၂၃)။ သိုသော့် ဂေါမအား ကျွန်ဘဝမှ ပြန်၍
( ၇:၈-၁၆၊ ၈:၁-၁၄)။
သည်( ၄ရာ ၁၅:၂၉-၃၀)။