ယောရှုမတ်စာ- Book of Joshua
Reshare #9Dan Unicode & Zawgyi
++++++++
၁။ နိဒါန်း
မောရှေသည် က္ကသရေလလူမျိုးတို့အား အနှစ်
လေးဆယ်တိုင်တိုင် ဦးဆောင်ခဲ့ပြီး၊ ခါနာန်ပြည်သို့ မဝင်ခင်
သေဆုံးသွားခဲ့သည်။သူ၏နေရာကို ယေရှုက ဆက်ခံခဲ့ခြင်း
ဖြစ်သည်။ ယောရှုမှတ်စာတွင် ခါနာန်ပြည်ကို ဝင်ရောက်
သိမ်းပိုက်ခြင်းနှင့် က္ကသရေလလူမျိုး ဆယ့်နှစ်မျိုးနွယ်တို့ကို
နယ်မြေဒေသ နေရာခွဲဝေပေးခြင်းများပါသည်။
၂။ ကျမ်းစာရေးသူ
ယောရှုမှတ်စာကို ရေးသားပြုစုသူ၏နာမည်ကို
ထည့်သွင်းဖော်ပြရေးထားခြင်းမရှိသော်လည်း အချို့သော
အချက်အလက်နှင့် ဖြစ်စဉ်အကြောင်းအရာများကို အခြေခံ
သုံးသပ်ခြင်းအားဖြင့် ယေရှုကိုယ်တိုင်ရေးစာပြုစုခြင်းဖြစ်
နိုင်ကြောင်းယူဆရသည်။သာဓကဖြင့် ယောရှု ၂၄:၂၅-၂၆။
၃။ စာပေရေးနည်း၊ရေးဟန်
ထိုအချိန်အခါက ဖြစ်ပျက်ခဲ့သည် သမိုင်းဝင်မှတ်တမ်း
များကို အခြေခံပြီး ကျမ်းပြုစုရာ၌ အသုံးပြုထားဖြင့်ဖြစ်မည်
(ယောရှု ၁၀-၁၃)။ က္ကသရေလလူမျိုးနွယ်စုမှတ်တမ်းများ
လည်းပါဝင်ကြောင်းတွေ့ရသည်(ယေရှု ၁၈:၈-၉)။ ယောရှုမှတ်စာတွင် ခါနာန်ပြည်ကိုသိမ်းပိုက် အောင်မြင်ခဲ့
ခြင်းအကြောင်းကို အသေးစိတ်ဖြင့်ဖော်ပြထားခြင်းမရှိပဲ
အကျဉ်းချုပ်အနေဖြင့်သာ မှတ်တမ်းပြုစုထားလေသည်။
က္ကသရေလလူမျိုးတို့အနေဖြင့် ခါနာန်ပြည်ကိုအောင်နိုင်ရန်
တိုက်ပွဲနှစ်အတန်ကြာရှည်ခဲ့သည်(ယောရှု ၁၁:၁၈)။ခုနှစ်
အနည်းဆုံး ငါးနှစ်ခန့်ကြာမည်(ယောရှု ၁၄:၇၊၁၀)။သို့သော်
တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားခဲ့သည့် အချို့အကြောင်းကို
အခန်းငယ် အနည်းငယ်မျှဖြင့် ဖော်ပြထားသည်။စစ်ရေးရာ
၌ အရေးပါးသောအချို့အဖြစ်ပျက်များကို အသေးစိတ်ဖော်
ပြထားတာလည်းရှိသည်။
၄။ စာပေး၍ရည်ရွယ်ချက်
ယောရှုမတ်စာသည် သက္ကရာဇ် နှစ်၊လ၊ နေ့ရက်များ
အစဉ်အတိုင်းဖြစ်ပွားခဲ့သည့် အချက်အလက်များကို မှတ်
တမ်းပြုထားရန် အဓိကရည်ရွယ်ခြင်းထက် က္ကသရေလလူ
မျိုးများသမိုင်းတွင် အရေးကြီးသည့် ဘုရားသခင်ရဲ့ကတိပြု
ချက် ခေတ်တစ်ခေတ်အပေါ် အမှန်ပြည့်စုံလာကြောင်းကို
အဓိပ္ပါယ်ဖွင့်ဆိုထားခြင်းမှတ်တမ်းတစ်ခုအဖြစ်ရည်စူးသည်၊
၅။ ပါဝင်သည့်အကြောင်းအရာများ အကျဉ်းချုပ်
ယောရှုမှတ်စာ၌ ဖော်ပြချက်အရ အခန်းကြီး ၁ မှ ၅ တွင်
က္ကသရေလလူမျိုးတို့ ခါနာန်ပြည်တွင် ဝင်ရောက်ခဲ့ခြင်းကို
ဖော်ပြထားပါသည်။ ဘုရားသခင်ကမြေနေရာပေးခဲ့ခြင်း
ဖြစ်သော်လည်း သူတို့အနေဖြင့် ဝင်ရောက်တိုက်ခိုက်ရန်
သတ္တိရှိရမည်၊အထူးသဖြင့် ခေါင်ဆောင်အနေဖြင့် ခန့်အပ်
သော ယေရှု၌ သတ္တိရှိစွာဖြင့် ဘုစားသခင်အပေါ် ယုံကြည်
စိတ်ချ အမိန့်နာခံမှုရှိရမည်(၁:၁-၁၈)။
၅.၁ က္ကသရေလလူမျိုးများ ပြင်ဆင်ခြင်း
ခါနာန်ပြည်ကို ဝင်ရောက်တိုက်ခိုက်နိုင်ရန် နယ်မြေ
အတွင်းဝင်ရောက်ထောက်လှမ်းခြင်းပြုရသည် (၂:၁-၂၄)။
က္ကသရေလလူမျိုးများအတွက် ဝင်ရောက်တိုက်ခိုက်ခြင်းမှာ
ယုံကြည်မှုဘာသာရေးအရ အထူးအရေးပါကြောင်း လူတို့
အတွက် ထင်းရှားစေရန် မိမိကျုယ်မိမိသန့်ရှင်းစေခြင်း၊
ယဇ်ပုရောဟိတ်တို့ခေါင်ဆောင်ခြင်း၊ ပဋိညာဉ်သေတ္တာ၏
ထင်ရှားခြင်း၊ ယောဒန်မြစ်ကို အံ့ဩဖွယ်ဖြတ်ကူးခြင်းနှင့်
ပဋိညာဉ်၏အမိန့်များကိုနာခံလျှက် အရေဖျားလှီးခြင်းတို့
ဖြစ်သည်။ထိုသို့ ယောဒန်မြစ်ကိုဖြတ်ပြီး ဂိလဂါလအရပ်၌
စခန်းချကြသည်။ ဘုရားသခင်၏ ကောင်းကင်တမန်သည်
ထင်ရှားခြင်းဖြင့် ထိုစစ်ဆင်ရေးအပေါ် ဘုရားသခင်အတူ
ပါရှိကြောင်း ထပ်မံဖော်ပြခဲ့သည်(၃:၁-၅:၁၅)။
၅.၂ ယေရိခေါ်မြို့နှင့် အာက္ကမြို့သိမ်းပိုက်ခြင်း
ယောရိခေါ်မြို့ကိုသိမ်းပိုက်ဖို့ ထိုပြည်ကို စူးစမ်းရန်
လူနှစ်ဦးစေလွတ်ပြီးနောက် စစ်သူရဲတို့သည် ခြောက်ရက်
ပတ်လုံးလှ့ည်ပတ်စေသည်။ယဇ်ပုရောဟိတ်ခုနစ်ယောက်တို့သည်လည်းသေတ္တာတော်ရှေ့မှာယုဘိလတံပိုးခုနစ်လုံးကိုဆောင်ကြ၍ သတ္တမနေ့ရက်၌ ခုနစ်ကြိမ်တိုင်အောင်မြို့
ကိုလှည့်ပတ်ပြီး ယဇ်ပုရောဟိတ်တို့သည်တံပိုးကိုမှုတ်ခြင်း
ဖြင့် ယေရိခေါမြို့ကိုသိမ်းပိုက် အောင်နိုင်ကြသည်။
ထို့နောက် ယေရိခေါ်မြို့ထက် သေးငယ်သောမြို့ အာက္ကမြို့ကိုသိမ်းပိုက်ဖို့ရန် က္ကသရေလစစ်သူရဲအားလုံး
သွားဖို့မလိုပဲ သုံးထောင်ခန့်ဖြင့် လွယ်လင့်တကူအောင်နိုင်
မည်ဟုထင်မှတ်ကြသည်။သို့သော်လည်း က္ကသရေလ
စစ်သားသုံးထောင်တို့သည် အာက္ကမြို့သားများရှေ့မှာ ထွက်ပြေးရသည့်အဖြစ်ရောက်၍ လူသုံးဆယ့်ခြောက်ဦး
အသတ်ခံရသည်။ထိုသို့ စစ်ရှုံးရခြင်းမှာ အာခန်၏မနာခံမှု
ကြောင့်ဖြစ်သည်ကို က္ကသရေလခေါင်ဆောင်တို့သိကြသော်
အာခန်နှင့်မိသားစုအားလုံး အပြစ်စီရင်ပြီး ဘုရားသခင်ကို
ပြန်တောင်ပန်ကာ အာက္ကမြို့ကိုလည်း သိမ်းပိုက်နိုင်စေကြ
သည်( ၆:၁-၇:၂၆)။အပြစ်ပြုခြင်းကို ခေါင်ဆောင်များက
ကိုင်တွယ်ဖြေရှင်းပြီးမှသာ ခါနာန်ပြည်အလယ်ပိုင်းဒေသထဲ
သို့ က္ကသရေလလူတို့ ဝင်နိုင်ခဲ့သည်( ၈:၁-၂၉)။ထို့နောက်
ခါနာန်ပြည်အား ဘုရားသခင်ပေးခဲ့သည့် ပဋိညာဉ်အပေါ်
သူတို့ နာခံခြင်းဖြင့် ပြန်လည်ခိုင်မြဲစေသည်(၈:၃၀-၃၅)။
၅.၃ ဂိဗောင်မြို့သားတို့နှင့် မင်းကြီးငါးပါး
ဂိဗောင်မြို့သားတို့သည် ယောရှုဦးဆောင်ခြင်းဖြင့်
ယေရိခေါ်မြို့နှင့် အာက္ကမြို့ကို သိမ်းပိုက်ကြောင်း ကြားသိ
သောအခါ မိမိတို့မြို့ကိုလည်း သိမ်းပိုက်တော့မည်ကိုတွေး
ကြောက်၍ သံတမန်လုပ်လျှက် ဟောင်းနွမ်းသောအဝတ်၊
ခြေထည်ရေဗူးများနှင့် ခြောက်သွေ့သော ရိက္ခာကိုသာ
ဆောင်ခဲ့ကြပြီး အဝေးမှရောက်လာကြသည်ဟု ယောရှုနှင့်
က္ကသရေလလူတို့ထံ သနားခံတောင်းလျှောက်ကြသည်။
သူတို့သည် အဝေးမှလာကြသည်မဟုတ်ပဲ အနီးနားမြို့မှ
ဖြစ်ကြသည်ကို သိမြင်ကြသောအခါ သူတို့၏အဖြစ်အမှန်
အားလုံးကိုရှင်းပြ၍ သူတို့မြို့ကိုသက်ညာပေးရန်တောင်းဆို
ကြခြင်းဖြင့် ဘုရားသခင်၏အိမ်တော်အဖို့ထင်းခုတ်ဖြင်း၊ရေ
ခပ်ခြင်းမှစ၍ ပရိသတ်တော်အဖို့ ထိုအမှုကိုပြုပေးကြဖို့ရန် သဘောတူမိဿဟာယဖွဲ့ဆိုကြသည်( ၉:၁-၂၇)။
ထို့နောက် မင်းကြီးငါးပါးတို့သည် စစ်ချီ၍ ဂိဗောင်မြို့ရှေ့
မှာတပ်ချလျှက် ဂိဗောင်မြို့သားတို့သည်လည်း ယောရှုဆီ
သို့ကယ်မရန် အကူညီတောင်၍ က္ကသရေလစစ်တည်များ
စစ်တိုက်ကြသည်။စစ်တိုက်ခြင်း မပြီးမီ နေဝင်လို့သည်ရှိ
သော် ယောရှုသည်ဆုတောင်း၍ စစ်မနိုင်မှီ နေနှင့်လ ငြိမ်
ဝပ်စွာရပ်နားကြရန်မိန့်တော်မူသည့်အတိုင်း ဘုရားသခင်
သည် က္ကသရေလတို့ဘက်၌ရှိတော်မူသည်ကိုထင်ရှားစေ၍
ထိုသို့အတိုင်း နေနှင့်လသည် ငြိမ်ဝပ်စွာရပ်နားကြသည်။
ယောရှုနိုင်သော ထိုမင်းကြီး ငါးပါးမှာ ယေရှရုလင်မင်ကြီး၊
ဟေဗြုန်မင်းကြီး၊ယာမုတ်မင်းကြီး၊ လာခိရှမင်းကြီး နှင့် ဧဂလုန်မင်းကြီး တို့ဖြစ်သည်( ၁၀:၁-၂၄)။
၅.၄ နယ်မြေဒေသ ခွဲဝေခြင်း
က္ကသရေလလူတို့ အလယ်ပိုင်းနယ်မြေမှ အရှိအဟုန်
ဖြင့်ဝင်ရောက်ကာ ခါနာန်ပြည်အား နှစ်ပိုင်းခွဲနိုင်ခဲ့ကြသည်။
တောင်ပိုင်းဒေသ( ၉:၁-၁၀:၄၃) နှင့် မြောက်ပိုင်းဒေသ
( ၁၁:၁-၁၅)ကို သိမ်းပိုက်နိုင်ခဲ့သည်။ခါနာန်ပြည်အား
သိမ်းပိုက်ခြင်းမှာ ဘုရားသခင်၏ ကတိတော်ပြည့်စုံခြင်း
ဖြစ်ကြောင်း ပြန်၍အထူးဖော်ပြသည်( ၁၁:၁၆-၁၂:၂၄)။
က္ကသရေလလူတို့ ခါနာန်ပြည်ကို ပိုင်ဆိုင်ထားပြီး ယောရှု၊
ယဇ်ပုရောဟိတ်မင်းနှင့်အခြားမျိုးနွယ်စု ခေါင်ဆောင်များက
မျိုးနွယ်စု တစ်ဆယ့်နှစ်စုအလိုက် စတင်ခွဲဝေပေးကြခြင်း
ပြုလုပ်သည်။ ယောဒန်မြစ်အနောက်ဘက်ခြမ်း ခါနာန်ပြည်
အား မျိုးနွယ်စုကိုးစု နှင့်ထက်ဝက် (ရုဗင်၊ ဂဒ်မျိုးနွယ်စုနှစ်စု
နှင့် မနာရှေမျိုးနွယ်စုတစ်ဝက်) တို့က ယော်ဒန်မြစ်ရှေ့ပိုင်း၊
မောရှေလက်ထက်ကပင် က္ကသရေလတို့သိမ်းပိုက်ခဲ့သည့်
နယ်မြေအား ခွဲဝေကြရသည်( ၁၃:၁-၁၄:၅)။ ယောဒန်မြစ်
အနောက်ဘက်ခြမ်းမှ သာ၍ကျယ်ပြန့်သော အစိတ်အပိုင်း
ကို မျိုးနွယ်စုနှစ်စုနှင့်ထက်ဝက်ဖြစ်သှ့် ယုဒ(၁၄:၆-၁၅:၆၃)
နှင့်ကျန်နယ်မြေအား လက်ကျန် ဧဖရိမ်နှင့် မနာရှေမျိုးနွယ်
တို့ကို ရခဲ့သည်( ၁၈:၁-၁၉:၅၁)။ မျိုးနွယ်စုနေရာ လေဝိတို့
မရရှိကြသော်လည်း အခြားမျိုးနွယ်စုပိုင် နယ်မြေမြို့အချို့
ကို ပိုင်ဆိုင်ခွင့်ရကြသည်(၂၀:၁-၂၁:၄၅)။
၆။ နိဂုံး
အရှေ့ခြမ်းနှင့် အနှောက်ခြင်း မျိုးနွယ်စုများအတွင်း
နာလည်မှုကွဲလွဲခဲ့ခြင်းမှအပ( ၂၂:၁-၃၄)၊တိုင်းပြည်အပေါ်
ယောရှု မှာကြားခဲ့သည့် မိန့်ဆိုမှုများမှအပ အခြားနှစ်တန်
ကြာ မှတ်တမ်းတင်ထားခင်းများ မရှိပါ( ၂၃:၁-၁၆)။
ယောရှု မသေမီ က္ကသရေလခေါင်ဆောင်များကိုဆင့်ခေါ်
လျှက် ပဋိညာဉ်အသစ်ပြုလုပ်သည့်အခမ်းအနားကျင်ပခဲ့
သည်။ ပဋိညာဉ်အရ ခံစားရမည့် ကောင်းချီးမင်္ဂလာများကို
ဝမ်းမြောက်ပျော်ရွှင်စွာ ခံစားလိုလျှင် ထိုပဋိညာဉ်များကို
နာခံလိုက်လျှောက်ရမည်ဟု က္ကသရေလတို့အား ယောရှု သတိပေးသည်( ၂၄:၁-၃၃) ။
စာရှု့သူအားလုံး ဘုရားရှင်ကောင်းကြီးပေးပါစေ...အာမင်း။
သမ္မာကျမ်းစာ၏ အမွေအနှစ်များ
++++++++
၁။ နိဒါန်း
၂။ ကျမ်းစာရေးသူ
၃။ စာပေရေးနည်း၊ရေးဟန်
ပြထားတာလည်းရှိသည်။
၎။ စာပေး၍ရည်ရွယ်ချက်