0
တောလည်ရာကျမ်း ခြုံငုံလေ့လာခြင်း- Number Reshare #9Dan Unicode & Zawgyi
 9Dan
တောလည်ရာကျမ်း ခြုံငုံလေ့လာခြင်း- Number
Reshare #9Dan Unicode & Zawgyi
~~~~~~~~~~~~~~~~~~~~~~~
၁။ နိဒါန်း
တောလည်ရာမျမ်းမှာ မောရှေ၏ပြုစုထားသော
ကျမ်းစောကြီးတစ်ခု၏ မူလက ကျမ်းတစ်စောင်တည်းသား
ဖြစ်ပြီး ဖတ်ရှု့ရာ၌ အဆင်ပြေရန် ကျမ်းငါးကျမ်းအဖြစ်ခွဲခဲ့ရာ
တစ်စိတ်တစ်ဒေသဖြစ်သည်( Pentateuch )။
၂။ တောလည်ရာကျမ်း၏ ထူးခြားသောအဓိပ္ပါယ်
က္ကသရေလူမျိုးများ အဲဂုတ္တုပြည်မှထွက်ခွာသွားကြရာ
သုံလကြာမျှ ခရီးပြုပြီးနောက် သိနာတောင်ခြေတွင်ယာယီ
နေရာချထားပြီး ပဋိညာဉ်ချုပ်ဆိုကာ ပညတ်များချက်များ
လည်းပေးခဲ့သည်။တောလည်ရာကျမ်း အစပြုချိန်တွင် သိနာတောင်၌ က္ကသရေလလူတို့ တစ်နှစ်ခန့်မျှရှိနေကြပြီး
ဖြစ်သည် ( တော ၁:၁ )။
ခါနာန်ပြည်ကို တိုက်ခိုက်အောင်မြင်ရန် စစ်တပ်ပြင်
ဆင်ခြင်းအလို့ငှာ မောရှေက လူဦးရေ စာရင်ကိုကောက်ယူ
ပြင်ဆင်ခြင်းဖြင့် တောလည်ရာကျမ်းကို အစပြုခဲ့သည်။
ရက်သတ္တပတ်အနည်းငယ်မျှဖြင့် ခါနာန်ပြည်သို့ ရောက်ရန်
ဖြစ်သော်လည်း နှစ်ပေါင်းလေးဆယ်ခန့်ကြာခဲ့သည်။၎င်းမှာ
ဘုရားသခင်အား လူတို့ပုန်ကန်ခဲ့ကြခြင်းကြောင့်ဖြစ်သည်။
ကြောက်ရွံ့ခြင်းနှင့် ယုံကြည်စိတ်ချမှုကင်းမဲ့ခြင်းကြောင့်
ခါနာန်ပြည်တွင်းသို့ဝင်ရောက်ရနိ ငြင်းဆန်ခဲ့ကြသည်။
ထို့ကြောင့် တောထဲတွင် အသက်ကြီးသူများအားလုံး သေဆုံးပြီး၊ မျိုးဆက်သစ်လူငယ်များကြီးပြင်လာသည့်အထိ
ဘုရားသခင်ထားတော်မူခဲ့သည်။တောလည်ရာကျမ်းအဆုံး၌ နှစ်လေးဆယ်ခန့်ကြားပြီးနောက် လူဦးရေးစစ်တမ်းကို
ကောက်ယူခဲ့ပြန်သည်။ ဤအကြိမ်တွင် ခါနာန်ပြည်ကို
သိမ်းပိုက်အောငိမြင်နိုင်ဖို့ မျိုးဆက်သစ်တို့အား စည်းရုံးနိုင်
ရန်ဖြစ်သည်။ ကျမ်းတွင်ပါဝင်သောအကြောင်းအရာအများ
စုမှာ သိနာတောသ်မှ ခါနာန်ပြည်သို့ခရီးပြုခြင်းနှင့် သက်ဆိုင်နေပြီး ထိုခရီးမှာ များသောအားဖြင့် ကန္တာရကို
ဖြတ်ကျော်သွားရခြင်းဖြစ်သည်။ကန္တာရအတွင်းသွားလာစဉ်
အလဟဿဖြစ်သွားသည့်နှစ်များအကြောင်းအသေးစိတ်
ဖော်ပြချက်အနည်းငယ်သာပါသည် ( တော ၃၂:၁၃ )။
၃။ ကျမ်းတွင်ပါဝင်သော အကြောင်းအရာ
စစ်တပ်လူအင်အားအစပြုခြင်းနှင့် မောရှေအစပြုခဲ့
သည်(၁:၁-၅၄)။ စခန်းချရန်နှင့် စစ်ချီတက်ရန် အစီစဉ်များ
လည်းချမှတ်ခဲ့သည်( ၂:၁-၃၄)။ လေဝိလူတို့အတွက်အထူး
အလေးပေးဆောင်ရွက်ခဲ့ပြီး ၎င်းတို့၏တာဝန်မှာ တဲတော်
ကို သယ်ဆောင်၊တည်ဆောင်ရန်နှင့် ထိန်းသိမ်းကြည့်ရှုရန်
ဖြစ်သည်(၃:၁-၄:၄၉)။ ဘာသာရေးနှင့် မြို့ရွာဆိုင်ရာ ပညတ်များ ထပ်မံပေးခဲ့သည်(၅:၁-၆:၂၇)။ လေဝိလူတို့သုံး
စွဲရန် က္ကသရေလလူတို့၏အောင်ဆောင်အသီးသီးမှ တင်လှူ
ခဲ့သည့် ပူဇော်သက္ကာများကို လက်ခံကာ ဘုရားသခင်၏
အစေခံရန် လေဝိလူတို့အတွက် မောရှေက ဆက်ကပ်ခဲ့
သည်(၇:၁-၈:၂၆)။ က္ကသရေလလူတို့သည် ဘုရားသခင်၏
ထင်ရှားဖော်ပြမည့်အရာကို စောင့်ဆိုင်လျှက်ရှိနေကြသည်။
( ၉:၁-၁၀:၁၀)။
၃.၁ ခရီးဆက်ကြခြင်း
ခရီးဆက်ပြုကြရာတွင် (၁၀:၁၁-၃၆) မကြာမီအတွင်း
မောရှေကို ပြစ်တင်ဝေဖန်လာကြသည်(၁၁:၁-၁၂:၁၆)။
ပိုမိုဆိုးရွာလာသည်အဖြစ်ပျက်မှာ ခါနာန်ပြည်သို့ဝင်ရောက်
ရန် ငြင်းပယ်ကြခြင်းဖြစ်သည်။ထိုသို့ပြုခြင်းသည် ဘုရားသခင်ကို ငြင်းပယ်ရာရောက်ပြီး ကန္တာရတောထဲ၌
သေကြောင်း မိမိတို့ကိုယ်မိမိတို့ ကြံစည်ခြင်းပင်ဖြစ်လေ
တော့သည်(၁၃:၁-၁၄:၄၅)။
မည်သည့်အခြေနေမျိုးတွင်မဆို လူတို့နားထောင်မူလိုရန်
ဖြစ်ကြောင်း အလေးအနက်ထား၍ ဘုရားသခင် မိန့်မှာမူခဲ့
သည်(၁၅:၁-၄၁)။ သို့သော် မကြာမီ မောရှေနှင့် အာရုန်တို့
၏ ဩဇာအာဏာကို ခေါင်ဆောင်တစ်စုက အန်တုလာလေ
သောကြောင့် ပုန်ကန်မူဖြစ်ပေါ်ခဲ့သည်။ ဘုရားသခင်၏
ကြောက်မတ်ဖွယ်အပြစ်ဒဏ်ခတ်ခြင်း သူတို့ခံရပြီး ပျက်စီး
ခြသ်းသို့ ရောက်ကြသည်(၁၆:၁-၁၇:၁၃)။ ထိုကဲ့သို့သော
ပုန်ကန်မှုကြောင့် က္ကသရေလလူတို့အပေါ် ဘုရားသခင်က
ပညတ်များထပ်ဆင့်ချမှတ်တော်မူခဲ့သည်(၁၈:၁-၁၉:၂၂)။
ညည်းတွားနေသညိ့ လူတို့အပေါ် မောရှေနှင့် အာရုန်မှာ
စိတ်မရှည်နိုင်တော့ဘဲ တဇာတ်ထိုးလုပ်ဆောင်မိခြင်းအား
ဘုရားသခင်၏တရားစီရင်ခြင်းကျရောက်သည်(၂၀:၁-၁၃။
ဧဒုံပြည်ကို မဖြစ်မနေရှောင်ရှားကာ ခရီးဆက်ကြပြီး
နောက် (၂၀:၁၄-၂၁:၂၀) ယော်ဒန်မြစ်အရှေ့ဘက်ရှိ အာမောရှိနယ်မြေအားလုံးကို က္ကသရေလလူတို့အောင်နိုင်
ခဲ့ပြီး ခါနာန်ပြည်အား ဝင်ရောက်တိုက်ခိုက်ရန် မောဘလွင်
ပြင်တွင် တပ်စခန်းချကြသည်(၂၁:၂၁-၂၂:၁)။ က္ကသရေလ
လူတို့အား မောဘဘုရင်က ဖျက်ဆီးပစ်ရန်ကြံစည်ခဲ့သော်
လည်း အောငိမြင်မှုမရခဲ့ပေ။တစ်ချိန်တည်းတွင် အနီးပတ်
ဝန်းကျင်ရှိလူတို့နှင့် ကိုယ်ကျင့်တရား ဖောက်ပြန်မှုများ
ကြောင့် က္ကသရေလလူတို့ ပျက်စီးလုနီးပါးဖြစ်ခဲ့ရသည်
(၂၂:၂-၂၅:၁၈)။
၃.၂ လူဦးရေစစ်တမ်းအသစ်
မောရှေက က္ကသရေလလူဦးရေစစ်တမ်းအသစ်ကို
တစ်ဖန်ကောက်ယူခဲ့ပြီး(၂၆:၁-၂၇:၂၃) ပညတ်များနှင့်
နည်းဥပဒေသများ ထပ်ဆင့်ချမှတ်ခဲ့သည်(၂၁:၁-၃၀:၁၆) ။
ဒုက္ခပေးလျက်ရှိသော မိဒျန်လူတို့အပေါ် စစ်ရေးအရဖြငိ့
အောသ်နိုင်ခဲ့ပြီနောက်၊ က္ကသရေလလူတို့ လိုအပ်သော
အမြတ်အစွန်တစ်ချို့ရခဲ့ကြသည်(၃၁:၁-၅၄)။ ခါနာန်ပြည်
ကို က္ကသရေလလူတို့ တိုက်ခိုက်ရန် အချိန်ကပ်လာရာ မိမိ
တို့သိမ်းပိုက်နေရာယူမည့် နယ်မြေကို ခွဲခြားစိတ်ဖြာပေးရန်
အစီစဉ်များ မောရှေချမှတ်ခဲ့သည်။ ဤနယ်မြေအားလုံးမှာ
ယော်ဒန်မြစ်အရှေ့ဘက်ခြမ်းတွငိ သိမ်းပိုက်ပြီးနယ်မြေနှင့်
ခါနာန်ပြည်ကို အောင်မြင်ပြီးမှ ရရှိမည့် နယ်မြေအားလုံးပါ
ဝင်သည်( ၃၂:၁-၃၆:၁၃)။
ဖတ်ရှုသူအားလုံး ဘုရားရှင်ကောင်းကြီးပေးပါစေ၊အာမင်း။
သမ္မာကျမ်းစာ၏ အမွေအနှစ်များ
~~~~~~~~~~~~~~~~~~~~~~~
၁။ နိဒါန်း
ဖြစ်သည် ( တော ၁:၁ )။
( ၉:၁-၁၀:၁၀)။
၃.၁ ခရီးဆက်ကြခြင်း
တော့သည်(၁၃:၁-၁၄:၄၅)။
(၂၂:၂-၂၅:၁၈)။
၃.၂ လူဦးရေစစ်တမ်းအသစ်
ဝင်သည်( ၃၂:၁-၃၆:၁၃)။
0 comments:
Post a Comment
Back to Top Related Posts Plugin for WordPress, Blogger...