0

🐋 ယောနဝတ္ထု နှင့် နိနေဝေမြို့အကြောင်း ခြုံုငုံခြင်း Reshare #9Dan Unicode & Zawgyi

🐋 ယောနဝတ္ထု နှင့် နိနေဝေမြို့အကြောင်း ခြုံုငုံခြင်း
Reshare #9Dan Unicode & Zawgyi
===========================
၁။ နိဒါန်း
ယောနကျမ်းမှာ ရေးသားသောသူ၏အမည်ဖော်ပြခြင်း
မရှိသော်လည်း ဖြစ်နိုင်ချေအများဆုံးအနေ ကျမ်းတွင်ပါရှိ
သည့် အဓိကပုဂ္ဂုလ်အားအစွဲ ပြုမှည့်ခေါ်ခြင်းဖြစ်သည်။
၇၉၃ - ၇၅၃ ဘီစီတွင်း ရေးသားပြုစုခြင်းဖြစ်နိုင်ပါသည်။
နှောင်တွင်ဖြစ်လာမည့် ဒုတိယ ယေယောဗောင်လက်ထက် က္ကသရေလပြည်၏ တိုးတက်လာမှုကို တိကျစွာ ကြိုတင်ပြီး
ဟောကြားခြင်းအတွက် ထင်ရှားသည် ( ၄ရာ ၁၄:၂၃၊၂၅)။
အခြား ပရောဖက်များနှင့် ခြားနာချက်တစ်ရပ်မှာ ကဗျာသ
ဘောဖြင့် ပရောဖက်ဟောကြားချက်အချို့ကို မှတ်တမ်းပြု
ထားခြင်းဖြစ်သည်။ ဤကျမ်းသည် ဝတ္ထုသဘောမျိုးရေး
သားထားပြီး အရေးပါသည့် သင်ခန်းစာပေးသည်။
၂။ ကျမ်း၏ရည်ရွယ်ခြင်း

က္ကသရေလပြည် ဒုတိယယေရောဗောင်မင်းလက်ထက်
အတွင်း ရှင်ဘုရင် ရှောလုမုန်မင်းကြီးထားရစ်ခဲ့သော စည်း
စိမ်းများနှင့်၎င်း ကုန်သွယ်မှုများအားဖြင့်၎င်း တိုးပွားခြင်းကို
ဆက်ခံနေကြသည့်အခြအနေတွင် က္ကသရေလလူတို့၏စိတ်
မှာ တစ်ကိုယ်ကောင်းဆန်ခြင်းများရှိနေသည်။ထိုတွင်သူတို့
၏ တိုးတက်ကြီးပွားမှုကို အန္တရယ်ပြုလာနိုင်သော ပြည်မှာ
အာရှုရိပြည်ဖြစ်သည်။ထိုသို့အန္တရယ်ပြုလာနိုင်သော အိမ်နီး
ချင်းနိုင်ငံဖြစ်သည့် အာရှုရိပြည်၏ မြို့တော် နိနေဝေမြို့ကို
တိုက်ခိုက်ရန် ကြံရွယ်နေကြသည်။ ထိုစဉ် ဘုရားသခင်က
ယောနအား ထိုသတင်းစကားကို သွားရောက်သတိပေးရန်
စေလွတ်ခဲ့ခြင်းဖြစ်သည်။ မြို့သူမြို့သားများအား ဆိုးညစ်မှု
ကို နှောင်တရ၍ ပျက်စီးခြင်းမှ လွတ်ကင်းမည့်အကြောင်း
သွားရောက်သတိပေးရန် တိုက်တွန်းသည် ယော ၃:-၅:၁၀။
နိနေဝေမြို့ ဖျက်ဆီးခံရမှာကို ယောနတွေ့မြင်လိုသည်။
အကြောင်းမှာ အာရှုရိလူတို့အတွက် ထိုက်တန်သည့် အပြစ်
စီရင်ခြင်းခံရခြင်းဖြင့် က္ကသရေလပြည်အတွက် လွတ်ငြိမ်းမှု
တစ်ခုသက်ရောက်မည်ဟု ယောနယူဆသည်။ သို့သော်
ဘုရားသခင်သည် နိုင်ငံအပေါင်းကို ချုပ်ကိုင်သူဖြစ်ပြီး၊ လူ
သားအားလုံးအပေါ် ကရုဏာမေတ္တာပြလိုသောဘုရားဖြစ်
ကြောင်း ယောနအား ပြသခဲ့သည်။ ဘုရားသခင်သည်
က္ကသရေလလူမျိုးတစ်မျိုးအတွက်သာ ဘုရားမဟုတ်ဘဲ
လူမျိုးအပေါင်း၏ ဘုရားလည်းဖြစ်ကြောင်း သက်သေပြ
သည် ( ရောမ ၃:၂၉ ,၉:၁၅ )။
နိနေဝေမြို့သားတို့ နောင်တရကြသောအခါမှာ
ဘုရားသခင်နှစ်သက်တော်မူသည်။သူတို့နောင်တရခြင်းမှာ
က္ကသရေလလူတို့၏ ခေါင်မာခြင်းနှင့် ဆန့်ကျင်နေသည်။
နောက်ဆုံအပိုဒ်အနည်းငယ်တွင် ကျမ်း၏သင်ခန်းစာ
အရေးကြီးဆုံးတစ်ခုမှာ လူယောင်္ကျား၊ မိန်းမတို့ပျက်စီးခြင်း
အပေါ်မှာ ဘုရားသခင်နှစ်သက်ခြင်းမရှိသကဲ့သို့ မိမိလူတို့
သည်လည်း ထိုစိတ်မျိုးရှိကြရန်ဖြစ်သည်။ နောင်တရခြင်း
နှင့် ခွင့်လွှတ်ခြင်းကိုလည်း ဘုရားသခင်ကဲ့သို့ လိုလာတတ်
ဖို့ဖြစ်သည် ( ယောန ၄;၁၀-၁၁ )။
၃။ ကျမ်းတွင်ပါသော အကြောင်း အကျဉ်း
ယောနသည် နိနေဝေမြို့သူမြို့သားများ နောင်တရရန်
ဟောပြောဖို့ ဘုရားသခင်၏ စေလွှတ်ခြင်းခံရသော်လည်း
မလိုက်နာဘဲ ဆန့်ကျင်ဘက်အရပ်သို့ သင်္ဘောဖြင့်ထွက်
ပြေးသည်။ ပင်လယ်မုန်တိုင်းများခတ်ထန်းလာခြင်းကြောင့်
သင်္ဘောပေါ်မှ ရေထဲသို့ပစ်ချကြသည့်အခါ ဘုရားသခင်က
ငါးတစ်ကောင်ကိုစေလွှတ်၍ ယောနအားအရှင်လတ်လတ်
မျိုချစေခဲ့သည် ( ၁:၁-၁၇ ) ။ ငါးကြီးဝမ်းအတွင်းမှာ ယောန
က မိမိကို ကယ်တင်ခဲ့သောကြောင့် ဘုရားသခင်အား ကျေးဇူးတော်ချီးမွမ်းရာ အသက်ရှင်လျှက်ပင် ငါးကြီးဝမ်းထဲ
မှဆန်ထုတ်စေခဲ့သည် ( ၂:၁-၁၀ ) ။
နိနေဝေမြို့သူမြို့သားတို့အာ ယောနသွားရောက်ဟော
ကြားခဲ့ရာ ထိုသူတို့အားလုံး နောင်တရကြသည်( ၃:၁-၁၀)။
သူတို့နောင်တရကြခြင်းဖြင့် သူတို့အပေါ်သို့ ကျရောက်မည့်
အပြစ်စီရင်ချက်မှ လွှတ်မြောက်ကြခြင်းကို ယောန မနှစ်
သက်ခဲ့ပေ။ထို့ကြောင့် ဘုရားသခင်က ယောနအားသင်ခန်း
စာပေးခဲ့သည်။နေကြဲကြဲပူနေသည့်အချိန် ယောန ခိုနားနေ
သော ကြက်ဆူပင်ကို ဘုရားသခင်က ဖျက်ဆီးခဲ့သည်။
ထိုသစ်ပင်ကို ယောန မသေစေလိုသကဲ့သို့ နိနေဝေမြို့သူ
မြို့သားများကိုလည်း ဘုရားသခင်က မသေစေလိုခြင်းဖြစ်
ပေသည် ( ၄:၁-၁၁ )။
၄။ နိနေဝေမြို့ အကျဉ်း
နိနေဝေမြို့သည် ရှေးကာလမှ အရေးပါသောမြို့ကြီးများ
အနက် တစ်မြို့ဖြစ်ပြီး၊ အင်အားကြီးမားသော အာရှုရိပြည်
၏ မြို့တော်ဖြစ်သည်( ကဘ ၁၀:၁၁-၁၂။ ၄ရာ ၁၉:၃၆)။
မေသောပေါတာမိပြည်မြောက်ပိုင်းတိုက်ဂရစ်မြစ်ကမ်းဘေး
တွင်တည်ရှိသည်။ဘုရားသခင်၏ ပရောဖက် ယောန၏
ဟောကြားချက်ကို လိုက်နာခဲ့ခြင်းကြောင့်မြို့ကို ဝင်ရောက်
တိုက်ခိုက်ခံရမည့်ခြိမ်းခြောက်ခြင်းဘေးမှ ကင်းလွှတ်နိုင်ခဲ့
သည်( ယောန ၁:၁၊၃:၁-၁၀၊၄:၁၁ )။
မိမိလူများဖြစ်သော က္ကသရေလလူတို့ကို ဒဏ်ခတ်ရန်
အာရှုရိလူတို့ကို ဘုရားသခင် အသုံးပြုခဲ့သော်လည်း ထိုသူ
တို့မှာ သမိုင်းမှတ်တမ်းထဲတွင် ရက်စက်ကြမ်းကြိုက်မှု အပြင်းထန်ဆုံးသော ဖိနိပ်ချုပ်ချယ်သူများဖြစ်ကြသည်။
ဘုရားသခင်၏ ပရောဖက်များက ဘုရားသခင်ထံမှလာ
သော ၎င်းတို့နှင့် ထိုက်တန်သည့် ပြစ်ဒဏ်ခံရမည့်အ
ကြောင်း အတိအလင်းဟောပြောခဲ့သည်( ဟေရှာယ ၁၀:၅၊
၁၂-၁၆။ နာ ၁:၁၊၃:၁-၇။ ဇေ ၂:၁၃ )။ ၆၁၂ ဘီစီတွင် ထို
တရားစီရင်ချက်ကျရောက်သည်။ ကာဆီးဝန်ရံထားသည့်
နိနေဝေခုခံကာကွယ်မှုများကို ဗာဗုလုန်တပ်များက ကျော်
လွှားနိုင်ခဲ့ပြီး ရေတံခါးများ ဖွင့်လှစ်ခြင်းဖြင့် မြို့ရိုးကျိုးပေါက်
ပြီး မြို့ကို ရေလျှံစေခဲ့သည် ( နာ ၂:၆-၈ )။ ထို့နှောက်
ဗာဗုလုန်တို့က မြို့ကိုလုယက်တိုက်ခိုက်ဖျက်ဆီးခဲ့သည်။
ထိုမြို့ကို မည်သညိ့အခါမျှ ပြန်လည်တည်ဆောက်ခြင်းမရှိ
တော့ပေ ( နာ ၂:၉-၁၀ ၊၃:၁၊၇။ ဇေ ၂:၁၃-၁၅ ) ။
သမ္မာကျမ်းစာ၏ အမွေအနှစ်များ


🐋 ေယာနဝတၳဳ ႏွင့္ နိေနေဝၿမိဳ႕အေၾကာင္း ျခံဳုငံုျခင္း
Reshare #9Dan Unicode & Zawgyi
===========================
၁။ နိဒါန္း
ေယာနက်မ္းမွာ ေရးသားေသာသူ၏အမည္ေဖာ္ျပျခင္း
မရွိေသာ္လည္း ျဖစ္ႏိုင္ေခ်အမ်ားဆံုးအေန က်မ္းတြင္ပါရွိ
သည့္ အဓိကပုဂၢဳလ္အားအစြဲ ျပဳမွည့္ေခၚျခင္းျဖစ္သည္။
၇၉၃ - ၇၅၃ ဘီစီတြင္း ေရးသားျပဳစုျခင္းျဖစ္ႏိုင္ပါသည္။
ေႏွာင္တြင္ျဖစ္လာမည့္ ဒုတိယ ေယေယာေဗာင္လက္ထက္ ကၠသေရလျပည္၏ တိုးတက္လာမႈကို တိက်စြာ ႀကိဳတင္ၿပီး
ေဟာၾကားျခင္းအတြက္ ထင္ရွားသည္ ( ၄ရာ ၁၄:၂၃၊၂၅)။
အျခား ပေရာဖက္မ်ားႏွင့္ ျခားနာခ်က္တစ္ရပ္မွာ ကဗ်ာသ
ေဘာျဖင့္ ပေရာဖက္ေဟာၾကားခ်က္အခ်ိဳ႕ကို မွတ္တမ္းျပဳ
ထားျခင္းျဖစ္သည္။ ဤက်မ္းသည္ ဝတၳဳသေဘာမ်ိဳးေရး
သားထားၿပီး အေရးပါသည့္ သင္ခန္းစာေပးသည္။
၂။ က်မ္း၏ရည္ရြယ္ျခင္း
ကၠသေရလျပည္ ဒုတိယေယေရာေဗာင္မင္းလက္ထက္
အတြင္း ရွင္ဘုရင္ ေရွာလုမုန္မင္းႀကီးထားရစ္ခဲ့ေသာ စည္း
စိမ္းမ်ားႏွင့္၎ ကုန္သြယ္မႈမ်ားအားျဖင့္၎ တိုးပြားျခင္းကို
ဆက္ခံေနၾကသည့္အျခအေနတြင္ ကၠသေရလလူတို႔၏စိတ္
မွာ တစ္ကိုယ္ေကာင္းဆန္ျခင္းမ်ားရွိေနသည္။ထိုတြင္သူတို႔
၏ တိုးတက္ႀကီးပြားမႈကို အႏၲရယ္ျပဳလာႏိုင္ေသာ ျပည္မွာ
အာရႈရိျပည္ျဖစ္သည္။ထိုသို႔အႏၲရယ္ျပဳလာႏိုင္ေသာ အိမ္နီး
ခ်င္းႏိုင္ငံျဖစ္သည့္ အာရႈရိျပည္၏ ၿမိဳ႕ေတာ္ နိေနေဝၿမိဳ႕ကို
တိုက္ခိုက္ရန္ ၾကံရြယ္ေနၾကသည္။ ထိုစဥ္ ဘုရားသခင္က
ေယာနအား ထိုသတင္းစကားကို သြားေရာက္သတိေပးရန္
ေစလြတ္ခဲ့ျခင္းျဖစ္သည္။ ၿမိဳ႕သူၿမိဳ႕သားမ်ားအား ဆိုးညစ္မႈ
ကို ေႏွာင္တရ၍ ပ်က္စီးျခင္းမွ လြတ္ကင္းမည့္အေၾကာင္း
သြားေရာက္သတိေပးရန္ တိုက္တြန္းသည္ ေယာ ၃:-၅:၁၀။
နိေနေဝၿမိဳ႕ ဖ်က္ဆီးခံရမွာကို ေယာနေတြ႕ျမင္လိုသည္။
အေၾကာင္းမွာ အာရႈရိလူတို႔အတြက္ ထိုက္တန္သည့္ အျပစ္
စီရင္ျခင္းခံရျခင္းျဖင့္ ကၠသေရလျပည္အတြက္ လြတ္ၿငိမ္းမႈ
တစ္ခုသက္ေရာက္မည္ဟု ေယာနယူဆသည္။ သို႔ေသာ္
ဘုရားသခင္သည္ ႏိုင္ငံအေပါင္းကို ခ်ဳပ္ကိုင္သူျဖစ္ၿပီး၊ လူ
သားအားလံုးအေပၚ ကရုဏာေမတၱာျပလိုေသာဘုရားျဖစ္
ေၾကာင္း ေယာနအား ျပသခဲ့သည္။ ဘုရားသခင္သည္
ကၠသေရလလူမ်ိဳးတစ္မ်ိဳးအတြက္သာ ဘုရားမဟုတ္ဘဲ
လူမ်ိဳးအေပါင္း၏ ဘုရားလည္းျဖစ္ေၾကာင္း သက္ေသျပ
သည္ ( ေရာမ ၃:၂၉ ,၉:၁၅ )။
နိေနေဝၿမိဳ႕သားတို႔ ေနာင္တရၾကေသာအခါမွာ
ဘုရားသခင္ႏွစ္သက္ေတာ္မူသည္။သူတို႔ေနာင္တရျခင္းမွာ
ကၠသေရလလူတို႔၏ ေခါင္မာျခင္းႏွင့္ ဆန္႔က်င္ေနသည္။
ေနာက္ဆံုအပိုဒ္အနည္းငယ္တြင္ က်မ္း၏သင္ခန္းစာ
အေရးႀကီးဆံုးတစ္ခုမွာ လူေယာက်ၤား၊ မိန္းမတို႔ပ်က္စီးျခင္း
အေပၚမွာ ဘုရားသခင္ႏွစ္သက္ျခင္းမရွိသကဲ့သို႔ မိမိလူတို႔
သည္လည္း ထိုစိတ္မ်ိဳးရွိၾကရန္ျဖစ္သည္။ ေနာင္တရျခင္း
ႏွင့္ ခြင့္လႊတ္ျခင္းကိုလည္း ဘုရားသခင္ကဲ့သို႔ လိုလာတတ္
ဖို႔ျဖစ္သည္ ( ေယာန ၄;၁၀-၁၁ )။
၃။ က်မ္းတြင္ပါေသာ အေၾကာင္း အက်ဥ္း
ေယာနသည္ နိေနေဝၿမိဳ႕သူၿမိဳ႕သားမ်ား ေနာင္တရရန္
ေဟာေျပာဖို႔ ဘုရားသခင္၏ ေစလႊတ္ျခင္းခံရေသာ္လည္း
မလိုက္နာဘဲ ဆန္႔က်င္ဘက္အရပ္သို႔ သေဘၤာျဖင့္ထြက္
ေျပးသည္။ ပင္လယ္မုန္တိုင္းမ်ားခတ္ထန္းလာျခင္းေၾကာင့္
သေဘၤာေပၚမွ ေရထဲသို႔ပစ္ခ်ၾကသည့္အခါ ဘုရားသခင္က
ငါးတစ္ေကာင္ကိုေစလႊတ္၍ ေယာနအားအရွင္လတ္လတ္
မ်ိဳခ်ေစခဲ့သည္ ( ၁:၁-၁၇ ) ။ ငါးႀကီးဝမ္းအတြင္းမွာ ေယာန
က မိမိကို ကယ္တင္ခဲ့ေသာေၾကာင့္ ဘုရားသခင္အား ေက်းဇူးေတာ္ခ်ီးမြမ္းရာ အသက္ရွင္လၽွက္ပင္ ငါးႀကီးဝမ္းထဲ
မွဆန္ထုတ္ေစခဲ့သည္ ( ၂:၁-၁၀ ) ။
နိေနေဝၿမိဳ႕သူၿမိဳ႕သားတို႔အာ ေယာနသြားေရာက္ေဟာ
ၾကားခဲ့ရာ ထိုသူတို႔အားလံုး ေနာင္တရၾကသည္( ၃:၁-၁၀)။
သူတို႔ေနာင္တရၾကျခင္းျဖင့္ သူတို႔အေပၚသို႔ က်ေရာက္မည့္
အျပစ္စီရင္ခ်က္မွ လႊတ္ေျမာက္ၾကျခင္းကို ေယာန မႏွစ္
သက္ခဲ့ေပ။ထို႔ေၾကာင့္ ဘုရားသခင္က ေယာနအားသင္ခန္း
စာေပးခဲ့သည္။ေနၾကဲၾကဲပူေနသည့္အခ်ိန္ ေယာန ခိုနားေန
ေသာ ၾကက္ဆူပင္ကို ဘုရားသခင္က ဖ်က္ဆီးခဲ့သည္။
ထိုသစ္ပင္ကို ေယာန မေသေစလိုသကဲ့သို႔ နိေနေဝၿမိဳ႕သူ
ၿမိဳ႕သားမ်ားကိုလည္း ဘုရားသခင္က မေသေစလိုျခင္းျဖစ္
ေပသည္ ( ၄:၁-၁၁ )။
၄။ နိေနေဝၿမိဳ႕ အက်ဥ္း
နိေနေဝၿမိဳ႕သည္ ေရွးကာလမွ အေရးပါေသာၿမိဳ႕ႀကီးမ်ား
အနက္ တစ္ၿမိဳ႕ျဖစ္ၿပီး၊ အင္အားႀကီးမားေသာ အာရႈရိျပည္
၏ ၿမိဳ႕ေတာ္ျဖစ္သည္( ကဘ ၁၀:၁၁-၁၂။ ၄ရာ ၁၉:၃၆)။
ေမေသာေပါတာမိျပည္ေျမာက္ပိုင္းတိုက္ဂရစ္ျမစ္ကမ္းေဘး
တြင္တည္ရွိသည္။ဘုရားသခင္၏ ပေရာဖက္ ေယာန၏
ေဟာၾကားခ်က္ကို လိုက္နာခဲ့ျခင္းေၾကာင့္ၿမိဳ႕ကို ဝင္ေရာက္
တိုက္ခိုက္ခံရမည့္ၿခိမ္းေျခာက္ျခင္းေဘးမွ ကင္းလႊတ္ႏိုင္ခဲ့
သည္( ေယာန ၁:၁၊၃:၁-၁၀၊၄:၁၁ )။
မိမိလူမ်ားျဖစ္ေသာ ကၠသေရလလူတို႔ကို ဒဏ္ခတ္ရန္
အာရႈရိလူတို႔ကို ဘုရားသခင္ အသံုးျပဳခဲ့ေသာ္လည္း ထိုသူ
တို႔မွာ သမိုင္းမွတ္တမ္းထဲတြင္ ရက္စက္ၾကမ္းႀကိဳက္မႈ အျပင္းထန္ဆံုးေသာ ဖိနိပ္ခ်ဳပ္ခ်ယ္သူမ်ားျဖစ္ၾကသည္။
ဘုရားသခင္၏ ပေရာဖက္မ်ားက ဘုရားသခင္ထံမွလာ
ေသာ ၎တို႔ႏွင့္ ထိုက္တန္သည့္ ျပစ္ဒဏ္ခံရမည့္အ
ေၾကာင္း အတိအလင္းေဟာေျပာခဲ့သည္( ေဟရွာယ ၁၀:၅၊
၁၂-၁၆။ နာ ၁:၁၊၃:၁-၇။ ေဇ ၂:၁၃ )။ ၆၁၂ ဘီစီတြင္ ထို
တရားစီရင္ခ်က္က်ေရာက္သည္။ ကာဆီးဝန္ရံထားသည့္
နိေနေဝခုခံကာကြယ္မႈမ်ားကို ဗာဗုလုန္တပ္မ်ားက ေက်ာ္
လႊားႏိုင္ခဲ့ၿပီး ေရတံခါးမ်ား ဖြင့္လွစ္ျခင္းျဖင့္ ၿမိဳ႕ရိုးက်ိဳးေပါက္
ၿပီး ၿမိဳ႕ကို ေရလၽွံေစခဲ့သည္ ( နာ ၂:၆-၈ )။ ထို႔ေႏွာက္
ဗာဗုလုန္တို႔က ၿမိဳ႕ကိုလုယက္တိုက္ခိုက္ဖ်က္ဆီးခဲ့သည္။
ထိုၿမိဳ႕ကို မည္သညိ့အခါမၽွ ျပန္လည္တည္ေဆာက္ျခင္းမရွိ
ေတာ့ေပ ( နာ ၂:၉-၁၀ ၊၃:၁၊၇။ ေဇ ၂:၁၃-၁၅ ) ။
သမၼာက်မ္းစာ၏ အေမြအႏွစ္မ်ား

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...