0
သမ္မာကျမ်းဖြစ်လာပုံအကျဉ်း Reshare #9Dan Unicode & Zawgyi
,,သမ္မာကျမ်းဖြစ်လာပုံအကျဉ်း -------------------------------
Reshare #9Dan Unicode & Zawgyi
သမ္မာကျမ်းစာဖြစ်ပေါ်လာပုံနှင့် ပါဝင်သည့်အကြောင်းအချက်များ နေရာတကျစေ့စပ်စွာ စီစဉ်ထားခြင်းများနှင့် ဆိုင်၍ အောက်ဖော်ပြ ခေါင်းစဉ်များကိုကြည့်ကြပါစို့။
၁) မှုတ်သွင်းခြင်း၊ နှိုးဆော်ခြင်း- Inspiration
မှုတ်သွင်းခြင်းနှင့် နှိုးဆော်ခြင်း မှာ သမ္မာကျမ်းပြုစုသူတို့အပေါ် ဘုရားသခင်၏ ဝိညာဉ်တော် တိုက်ရိုက်ထိတွေ့ကာ ကိုယ်တော်ရေူစေလိုသည့် အချက်များအား ရေးသားစေခြင်းဖြစ်သည်။ ဘုရားသခင်ဖော်ပြ၍ သူ၏နှိုးဆော်ခြင်းဖြင့် ရေးသားထားသောအရာများမှာ ကိုယ်တော်မနှစ်သက်သောအကြောင်းအရာအများအပြားပါရှိသည်။ လူတို့၏ မှားယွင်သော ပြောဆိုချက်တို့ကိုလည်း မှတ်တမ်းတင်ထားသည်။ အမှားကိုပြင်ဆင်ရန် မိမိ၏ သမ္မာတရားကို ဘုရားသခင်ဖော်ပြတော်မူသည်သာမက အမှန်ကိုလည်း သင်ကြားတော်မူသည်။ ထိုစကားပြောသောသူတို့အား နှိုးဆော်ခဲ့ခြင်း မဟုတ်ဘဲ ထိုစကားများကို မှတ်တမ်းပြုသူများအား ဘုရားသခင် နှိုဆော်ခဲ့ခြင်းဖြစ်သည်။ စာရေးသူတို့အား အမှားများမှတ်တမ်းပြုရန် ဘုရားသခင် နှိုးဆော်ခဲ့ခြင်းမှာ မိမိ၏ သမ္မာတရားကို ထင်ရှားစေ၍ လူတို့၏ မှားယွင်းချက်များကို ထုတ်ဖော်စေရန်ဖြစ်သည်။
နှိုးဆော်ခံရသည် ဟူသော အဓိပ္ပါယ်ကို တစ်နည်းအားဖြင့် ဘုရားသခင်သည် မိမိ၏ အမှန်တရားကို စာရေးသူလူသားအား မှုတ်သွင်းခြင်းကြောင့် ထိုသူတို့၏ ရေးသားမှုများက ဘုရားသခင်၏ဖော်ပြချက်များဖြစ်ပြီး ဘုရားသခင်၏အမိန့်အာဏာပါသည်။ စာရေးသူမှတစ်ဆင့် ဘုရားသခင်ပြောဆိုခြင်းဖြစ်သည်။ လူ့ဇာိတမျက်စိဖြင့် မမြင်နိုင်သော ဘုရားသခင်၏ ဝိညာဉ်တော် အုပ်စိုးမှုအောက်တွင် အုပည့်အဝရှိပြီး ဘုရားသခင်ရည်မှန်သည့် ပန်းတိုင်ရောက်ဆောင် ဆောင်ရွက်ကြခြင်းသာဖြစ်သည်(၂ပေ ၁:၁၉-၂၀)။
၂) ဖွင်ပြခြင်း - Revelation
ဖွင့်ပြခြင်းဆိုရာတွင် လူသားတို့အတွက် ဖြစ်တည်နေခြင်း ဖြစ်ပျက်လာအုံးမည့်အရာများအပေါ် အကျိုးအကြောင်းတရားများ သိရှိနားလည်ရန် ဖွင်ပြခြင်း ဟူ၍ဖော်ပြလိုပါသည်။ အမြင့်မြတ်ဆုံးနှင့် အချုပ်အခြာအာဏာရှင်ဖြစ်တော်မူသော ဖန်ဆင်းရှင် ထာဝရဘုရားသခင် အနေဖြင့် ဖန်ဆင်းခံသောသူ မည်သူ့ကိုမျှ ဖြေရှင်းချက်မပေးလည်း ရပေည်။ သို့သော် သူ၏ကျေးဇူးတော် ချစ်မေတ္တာကြောင့် မိမိကို လူတို့သိလာစေရနိ လုပ်ဆောင်ခဲ့သည်။ မိမိကိုယ်တော်တိုင်နှငိ့ မိမိ၏အမှန်တရားများကို လူတို့အား သိစေသည့် ဘုရားသခင်၏ လှုပ်ရှား၊လုပ်ဆောင်မှုကို " ဖွင့်ပြခြင်း " ဟုခေါ်ဆိုပေသည်။ ဘုရားသခင်ထံတေ်မှ တတ်သိလာရခြင်းများနှင့် ပတ်သက်၍ လူတို့တာဝန်ရှိသည်( တရား ၂၉:၂၉ )။
၃) စာရေးခြင်း- Writing
ရှေးဟောင်း လူသားများ စာရေးသားရာတွင် ချောမွေ့နေသော မျက်နာပြင်ရှိ ကျောက်ပြား၊ ရွှံတုံး သို့မဟုတ် အင်္ဂတေ ကိုင်ထားသည့် ကျောက်ပေါ်တွင် စာလုံးများ ပုံထွင်းခြင်းဖြင့် ပြုလုပ်ကြသည်။ စာရေးရန် ချွန်ထက်နေသည့်ပစ္စည်းများကို အသုံးပြုကြသည်။ များသောအားထြင့် ထောင့်မှန်စတုဂ့ပုံရှိ၍ လူတို့အလွယ်တကူကိုင်တွယ်နိုင်သော ကျောက်ပြားများအဖြစ် ပြုလုပ်သည်။သိမ်အရေးမကြီးသောအရာများကို သာမှန်မှတ်တမ်းပြုရန်နှင့် စာရေးသားရန်အတွက် လူအများအသုံးပြုသည့်နည်းမှာ အိုးများပေါ်တွင် မှင်ဖြင့် ရေးမှတ်ကြသည်။ ကျောက် သို့မဟုတ် ရွှံ့စေးပြားများပေါ်တွင် ထွင်းထုထားသော စာရေးသာချက်များက ကြာရှည်ထိန်သိမ်းရန် အကျိုးသက်ရောက်မှုရှိသော်လည်း ၎င်းတိူ့၏ အရွယ်ပမာဏနှင့် အလေးချိန် ကြီးမားခြင်းကြောင့် အသုံးဝင်မှု နည်းပါးသည်။ ထိုမှ ပို၍ အဆင်ပြေသော ပစ္စည်းမှာ " Papyrus" ဟုခေါ်သော ကျူးပင် မှပြုလုပ်ထားသောအရာ တွေ့ရှိလာကြသည်။ ခြောက်သွေ့နေသော ကျူးပြားများကို တစ်ခုနှင့်တစ်ခုကပ်ကာ ကျူးပြားကြီးတစ်ချက်ဖြစ်လာပြီး ထိုကျူးပြားချပ်ပေါ်တွင် မှင်နှင့် ကလောင်တံသုံး၍ စာရေးလာနိုင်ကြသည်။ ကလောင်တံမှာ ကျူးရိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်( ၂ယော ၁၂။၃ယော ၁၃)။
ကျူးရွက်ချပ်များကို တစ်ခုနှင့်တစ်ခု ကပ်ဆက်ထားပြီးနောက် စာလိပ်အဖြစ် ပြုလုပ်ခဲ့သည်(ယေ ၃၆:၂။ ဗျာ ၅:၁)။ ဂရိတို့က ထိုစာလိပ်ကို " biblion" ဟု အပင်ကိုအမည်ပြု၍ ခေါ်ကြသည်။ ထိုစကားလုံးမှ "Bible" ခေါ် သမ္မာကျမ်းစာဖြစ်သည့် စာလိပ်များ သို့မဟုတ် ကျမ်းစာအုပ်များဖြစ်သော ခရစ်ယာန်များ အသိမှတ်ပြုသည့် ကျမ်းစာအုပ်အမည်ကို ရခဲ့သည်။ ကျူးစက္ကူများမှာ ကြာရှည်ထားသိုနိုင်ခြင်းမရှိသောကြောင့် စာရေးသူများက ၎င်းအစား အထူးခြောက်တွေ့သော တိရစ္ဆာန်သားရေစက္ကူ ( parchment ) ကို တစ်ခါတစ်ရံ အသုံးပြုကြသည်။ သားရေစက္ကူမှာ ကျူပစက္ကူထက် ပို၍ ကုန်ကြများသောကြောင့် သာ၍အရေးကြီးသော သို့မဟုတ် စဉ်ဆက်မပြတ် အသုံးပြုနိုင်သော အရေးအသားများအတွက်သာ လူတို့ အသုံးပြုခဲ့ကြသည်( လု ၄:၁၇၊၂၀။ ၂တိ ၄:၁၃ )။
■ ဓမ္မဟောင်းကျမ်းစာမူများ
ဓမ္မဟောင်းကျမ်း၏ မူရင်းဟေဗြဲဘာသာစကားမှာ ညာဘက်မှ ဘယ်ဘက်သို့ဖက်ရှုရပြီး ဗျည်းအက္ခရာများဖြင့်သာ မူရင်းအစတွင် ရေးခဲ့ကြသည်။ သရသံ(vowels) များမပါရှိသော်လည်း စာဖက်သူအတွက် ပြသသနာမဖြစ်ခဲ့ပေ။စာဖက်ရင်းနှင့်ပင် စိတ်ထဲ၌ သရသံများထည့်သွင်းဖတ်နိုင်ခြင်းကြောင့်ဖြစ်သည်။ သို့သော်လည်း ရာစုနှစ်များစွာအတွင်း အာမရိ(Aramaic) ဘာသာစကားနှင့် ဂရိဘာသာစကားများ ပြန့်နံှ့လာခြင်းကြောင့် ဓမ္မသစ်ခေတ်ကာလ၌ ပါလတိနပြည်အတွင်း ဟေဗြဲဘာသာစကားမှာ လူသိနည်းလာခဲ့သည်။ အေဒီ (၇၀) ဂျူးနိုင်ငံဖျက်ဆီးခံရပြီးနောက်ပိုင်း လူအများပြောဆိုသည့် ဘာသာစကားအဖြစ်မှ ဟေဗြဲဘာသာစကား ရပ်စဲသွားသည်အထိ ယုတ်လျှော့ခဲ့ရသည်။
အေဒီခြောက်ရာစုမှ တစ်ဆယ့်တစ်ရာစုအတွင်း ဟေဗြဲဘာသာစကား လေ့လာလိုက်စားသူ Massoretes ဟုခေါ်သော ဟေဗြဲပညာရှင်တို့က မူရင်းအဓိပ္ပါယ်ပျောက်ပျယ်သွားခြင်းမရှိစေရန် " point" သို့မဟုတ် သရသံများကိုညွှန်သည့် သင်္ကေသများ သုံးသည့်စနှစ်ကို အစပြုခဲ့ကြသည်။ ထိုသရသံညွှန်း အက္ခရာများမှာ ဗျည်းအက္ခရာများအပေါ် သို့မဟုတ် အောက်တွင် အစက် သို့မဟုတ် အခြားသင်္ကေသများဖြစ်ကြပြီး ထိုဗျည်းစာလုံး၏ အသံထွက်ကို ဖော်ပြခြင်းဖြစ်သည်။
၁၉၄၈ ခုနှစ် ပင်လယ်သေစာလိပ်( Dead Sea Scrolls) မတွေ့မီထိ ဓမ္မဟောင်းကျမ်းဆိုင်ရာ ရှေးအကျဆုံးလက်ရေးစာမူများမှာ အေဒီကိုးရာစုနှစ်မှ တစ်ဆယ့်တစ်ရာစုအချိန်များမှဖြစ်သည်။ ရှေးလက်ရေးစာမူများ မကျန်ရှိခြင်းမှာ ထိုစာမူများ ဟောင်းနွမ်း၍ အသုံးပြုနိုင်ခြင်းမရှိသောအခါ ဟေဗြဲပညာရှင်များသည် စာမူများအား လွဲမှားစွာ အသုံးမပြုရန် မြေမြှပ်ခဲ့ကြသည်။ လက်ရေးစာမူအသစ်ပြုလုပ်ရာတွင် ယခင်စာကူးသူများ တစ်ယူသန်စိတ်ရှိကြ၍ အမှားအယွင်းမရှိသလောက် ကူးယူနိုင်ကြသည်။
■ ဓမ္မသစ်ကျမ်း၏ လက်ရေးစာမူများ
ဓမ္မသစ်ကာလတွင် သမ္မာကျမ်းအတွင်းပါရှိသည့် တိုင်ပြည်အသီးသီး၌ ဂရိဘာသာစကားဖြင့်သာ လူအများအသုံးပြုပြောဆိုကြသည်။ ဓမ္မသစ်ကျမ်းတွင်ပါရှိသည့် ကျမ်းများကို ပြောင်မြောက်သော ဂရိဘာသာစကားလုံးများဖြင့် ရေးသားထားခြင်းမဟုတ်ဘဲ သာမနိလူတို့ နေ့စဉ်အသုံးပြုပြောဆိုသည့် ဘာသာစကားအသုံးအနှုန်းတို့ဖြင့် ရေးသားထားခြင်းဖြစ်သည်။ ကနဦးအချိန်ကပင် ပေါလုနှင့် အခြားသူတို့ရေးသားခဲ့သော စာများနှင့် အခြား ခရစ်ဝင်ကျမ်းမှတ်တမ်းများအား မိတ္တူများ ကူးယူသော အနီးအနားနှင့် ဝေးလံသော ဒေသရှိ အသင်းတော်များသို့ ပေးပို့ခဲ့ကြသည်။
ဂရိဘာသာစကားဖြင့် စာမူနှစ်မျိုးနှစ်စားရှိသည်။ တစ်မျိုးမှာ " uncial" သို့မဟုတ် (capital) စာလုံးများဖြင့်သာ ရေးသားထားခြင်းနှင့် "miniscule" သို့မဟုတ် ( lower case) စာလုံးများဖြင့်သာ ရေးသားခြင်းဖြစ်သည်။ ရှေးဦးရာစုနှစ်များတွင် "uncial" စာလုံးများဖြင့် ရေးသားထားခဲ့ပြီး၊ တစ်ဖြည်းဖြည်း " miniscule" စာလုံးဖြင့် အစားထိုးခဲ့သည်။
အဆထာက်အထားအလုံးစုံကို လေ့လာခြင်းအားဖြင့် ထိုလက်ရေးစာမူများ၏ တန်ဖိုးကို ကျမ်းတတ်ပုဂ္ဂိုလ်များ ခန့်မှန်းနိုင်ရုံမက တူညီသည့်အချက်လက္ခဏာအလိုက် အုပ်စုများခွဲနိုင်သည်။ ကွဲပြားခြားနားသော နယ်မြေဒေသနှင့် သက်ဆိုင်ကြောင်း ထင်ရှားသည်။ ရှေးအသင်းတော်သမိုင်းတစ်လျှောက် အဆင့်ဆင့်အသုံးပြုခဲ့သော လက်ရေးစာမူအမျိုးအစားဖြစ်ကြောင်း ပညာရှင်များအား ညွှန်ပြနေသည်။ ထို့ကြောင့် ကနဦးရေးသားချက်များ၏ စကားလုံးအတိအကျကို သတ်မှတ်ရနိ အကူအညီဖြစ်စေသည်။ ယနေ့ ကျွန်ုပ်တို့သိသော ဓမ္မသစ်ကျမ်း အပြည့်အစုံတစ်ခုတစ်စည်းဖြစ်ရန် နှစ်ပေါင်းများစွာ အချိန်ယူစုဆောင်းရသည်။
၄) လက်ရေးစာမူများ- Manuscripts
ရှေးယခင်က ကျမ်းဂန်များရေးသာခဲ့ရာတွင် ကျူးပင်မှ ပြုလုပ်ထားသည့် စက္ကူလိပ်တစ်မျိုးပေါ်တွင်ရေးသားခဲသည်ဟု ယူဆရသည်။ ကျူးပင်မှ ပြုလုပ်ထားသည့် စက္ကူမျိုးမှာ တာရှည်ခံနိုင်စွမ်းမရှိသောကြောင့် ကနဦးအစပိုင်းကပင် လူတို့က မိတ္တူများ ကူးယူလာခဲ့ကြရာ ရာစုနှစ်အတိုင်တိုင်ဖြစ်ခဲ့သည်။ လက်ဖြင့် ပြန်၍ ကူးယူခဲ့သော ထိုမိတ္တူများကို လက်ရေးစာမူများ ဟု အများသိကြသည်။
မူလရေးသားချက်များကို သာမန်လူများက၊လူ့အနေနင့် ရေးသားခဲ့ကြသော်လည်း တစ်ချိန်တည်းမှာပင် ဘုရားသခင်၏ ဝိညာဉ်တော်က အထူးလမ်းညွန်ဖော်ပြခံရခြင်းဖြငိ့ ရေးသားခဲ့ကြသည်။ အမှန်တရားကို ဖော်ပြရာ၌ ဘုရားသခင်ဖော်ပြစေလိုသည့်အတိုင်း ဖော်ပြကြသည်။ မပျောက်မပျက် ကျန်ရှိနေသေးသည့် ကူးယူရေးသားချက်တို့မှာ ကူးယူသောသူများ အသုံးပြုသောသူများကြောင့် ပျက်စီးမှု အနည်းငယ်ရှိခဲ့ကြသည်။ လူတို့၏ အားနည်းချက်များရှိနေကြသည့်ကြားကပင် မိမိ၏နှုတ်ကပတ်တော်ကို ဘုရားသခင်က ထိန်းသိမ်းစောင့်ရှောက်ထားခဲ့သည်။ ကောင်းသောစာမူအများအပြားတည်ရှိနေခြင်းကြောင့် ကျွမ်းကျင်သူတို့က မူရင်းစကားလုံးကို တိကျမှန်ကန်စွာ ဖော်ထုတ်နိုင်ခဲ့ကြသည်။
၅) ကျမ်းပြုဆရာများ- Scribes
စာပုံနှိပ်စက်မပေါ်မီက စာရွက်စာတမ်း၊စာချုပ်များ၊စာများ၊ အစိုးရဆိုင်ရာ မှတ်တမ်းမှတ်ရာများနှင့် ဘာသာရေးဆိုင်ရာ အရေးအသားများကို မိတ္တူများပြုလုပ်ရန်၊ ကျမ်းရေးကျမ်းပြုဆရာဟု လူသိများသည့် ကျွမ်းကျင်သော စာရေးတော်ကြီးများသည် လက်ဖြင့် ကူယူရေးမှတ်ကြရသည်။ ဖမ်းဆီးချုပ်နှောင်ခြင်းခံရာမှ ( ၅၃၈) ဘီစီတွင် ယူဒလူတို့ ပြန်လည်ရောက်ရှိလာပြီးနောက် က္ကသရေလနိုင်ငံကို ပြန်လည်တည်ဆောက်ချိန်၌ ကျမ်းပြုဆရာများ၏ ဘာသာရေးဆိုင်ရာ အရေးပါမှု စတင်လာသည်။ ဖမ်းဆီးချုပ်နှောင်ခြင်းခံနေရချိန်ကာလအတွင်း မောရှေ၏ ပညတ်တရားများကို အသစ်တစ်ဖန် ပြန်လည်စိတ်ဝင်စားလာကာ ယေရုရှလင်မြို့သို့ ပြန်ရောက်ချိန်တွင် ပိုမိုတိုးမြင့်လာခဲ့သည်။ထိုရလဒ်ကြောင့် ပညတ်တရားမိတ္တူများ ပိုမိုရလိသည့်တောင်းဆိုမှုများရှိလာသောကြောင့် ကျမ်းပြုဆရာများ ပိုမိုထင်ရှားလာကြသည်(နေ ၈:၁-၄၊၈၊ ၉:၃)။
ပညတိတရားများကို ကူးယူရေးမှတ်ရာ၌ ကျမ်းပြုဆရာများသည် အသေးစိတ် တိကျမှန်ကန်စွာ ကူးယူနိုင်သောကြောင့် သူတို့အား ပညတ်တရားနှင့် စပ်ဆိုင်သည့် အရာများတွင် အထူးကျွမ်းကျင်သူများဟု လူတို့က မှတ်ယူကြသည်( ဧဇ ၇:၆၊၁၀)။ ယဇ်ပုရောဟိတ်များအား က္ကသရေလနိုင်ငံ၏ သင်ဆရာများအဖြစ် ယူဆခံရသော်လည်း ပညတ်တရားဆိုင်ရာ ပြသသနာများကို ဖြေရှင်းပေးရန် ကျမ်းပြုဆရာများထံ သွားကြသည်။ ခရစ်ယာန်ဘာသာအစမုပုမီရာစုနှစ်များအတွင်း ကျမ်းပြုဆရာများ တန်ခိုးအာဏာနှင့် ဂုဏ်သိက္ခာ ကြီးထွားလာခဲ့ရခြင်းသည် ယုဒလူတို့၏ ဘာသာရေးအတွင်း ထင်းရှားပေါ်လွင်သညိ့ ပြောင်းလဲမှုဖြစ်သည်။ သူတို့အား ပညတ်တရားသင်ကြားသူများ၊ ရှေ့နေများနှင့် ယုဒတရားဟောဆရာများအဖြစ် လူသိများကြသည်( မ ၂၂:၃၅၊၂၃:၂-၇)။
၆) ကိုးကားချက်များ - Quotations
ဓမ္မသစ်ကျမ်းရေးသားခဲ့သူများသည် ဓမ္မဟောင်းကျမ်းကို ကြိမ်ဖန်များစွာ ကိုးကားရေးသားကြသည်။ဤသို့ပြုခြင်းဖြငိ့ ဓမ္မဟောင်းကျမ်းသည် ဘုရားသခင်၏ တန်ခိုးအာဏာပါသော နှုတ်ကပတ်တော်ဖြစ်ခြင်းကို လက်ခံကြောင်းပြသခဲ့သည်။ ဓမ္မဟောင်းကျမ်းကို ဟေဗြဲဘာသာဖြင့်ရေးထားပြီး ဓမ္မသစ်ကျမ်းမှာ ဂရိဘာသာစကားဖြင့်ရေးသားသောကြောင့် ဓမ္မသစ်ကျမ်းတွင် ပါရှိသည့် ဓမ္မဟောင်းကျမ်းမှ မည်သည့်ကိုးကားချက်များမဆို ဘာသာပြန်ရန်လိုသည်။ထို့ကြောင့် စကားလုံးအသုံးအနှုန်း ပြောင်းလဲမှုရှိလာခြင်းမှာ သဘာဝကျသည်။ ဓမ္မသစ်ကျမ်းတွင် ဖြစ်ပေါ်လာမည့် အဖြစ်အအပျက်များကို ဓမ္မဟောင်းကျမ်းက ကြိုတင်ဟောကိန်းထုတ်ရန် သက်သက်သာမဟုတ်ဘဲ လူသားတို့အတွက် ဘုရားသခင်၏ ရည်မှန်ချက်များ လုပ်ဆောင်ခြင်းကို မှတ်တမ်းတင်ထားခြင်းပင်ဖြစ်သည်။ ထိုလုပ်ဆောင်ခြင်းများကို ခရစ်တော်အားဖြင့် ဘုရားသခင်က နောက်ဆုံးတွင် ပြီးမြောက်ပြည့်စုံလာကြောင်း ဓမ္မသစ်ကျမ်းရေးသူများ တွေ့မြင်ခဲ့သည်။
က္ကသရေလပြည်၏ သမိုင်းကြောင်းသည် ဘုရားသခင် ဖော်ပြချက်များကို မှတ်တမ်းပြုထားခြင်းဖြစ်သည်။ အဖြစ်အပျက်မှတ်တမ်းသာမဟုတ်ဘဲ ဘုရားသခင် လုပ်ဆောင်နေခြင်း၏ မှတ်တမ်းဖြစ်သည်။ ဓမ္မဟောင်းကျမ်းရေးသူတို့ တွေ့မြင်ခဲ့ရသော အဓိပ္ပါယ်သည် ဓမ္မသစ်ကျမ်းအချိန်အဖြစ်အပျက်များတွင် သာ၍လေးနက်သော အဓိပ္ပါယ်ရှိစေခဲ့သည်။ ခရစ်ယာန်တို့ ယခုတွေ့မြင်ရခြင်းသည် ဓမ္မဟောင်းကျမ်းအတွင်း ဘုရားသခင်လုပ်ဆောင်တော်မူခဲ့သမျှ၏ ပန်းတိုင်ဆီသို့ ယေရှုရွှေ့လျှားနေခြင်းဖြစ်သည်။ ယေရှုသည် သမိုင်းအားလုံး၏ ဗဟိုဖြစ်ကြောင်း သူတို့ တွေ့မြင်ကြသည်။ ယေရှုအတွက် ခေတ်ဟောင်းက လမ်းပြင်ဆင်ပေးခဲ့ပြီး ခေတ်သစ်က အသစ်သောလမ်းရလဒ်များ ရရှိစေသည်။
၇) တရားဓမ္မ၊ ကျမ်းဂန် - Canon
က။ နိဒါန်း
ရှေးအသုံးအနှုန်းအရ တရားဓမ္မ၊ ကျမ်းဂန်သည် အမိန့်၊စံချိန်နှုန်း၊ အတိုင်းအတာ နှင့် စာရင်းဇယားဖြစ်သည်။ ခေတ်စားလာသော ခရစ်ယာန်အသုံးအနှုန်းအရ တရားဓမ္မ၊ကျမ်းဂန်သည် ဘုရားသခင်၏ ဩဇာအာဏာရှိသော မိန့်မှာချက်စကားများဟု အသင်းတော်က အသိအမှတ်ပြုခဲ့သည်။တစ်နည်းဆိုရသော် သမ္မာကျမ်းတွင်ပါရှိသည့် ကျမ်းစာစောင်များဖြစ်ပေသည်။ ထိုအထဲတွင် အခြေကျသော ကျမ်းဝန်များနှင့် ဓမ္မသစ်ကျမ်း၊ခရစ်တော်ပေါ်ထွန်းပြီးနောက် တည်ရှိလာသော ကျမ်းဝန်တို့ဖြစ်ကြသည်။
သမ္မာကျမ်းအဖြစ် ထည့်သွင်းထားသော ကျမ်းဂန်များသည် သန့်ရှင်းသောဝိညာဉ်တော်၏ နှိုးဆော်မှုဖြင့်ရေးသားခဲ့ကြောင်း အသိအမှတ်ပြုခဲ့ကြသည်။ ကျမ်းဂန်မဟုတ်သော စာအုပ်များဖြစ်သော်လည်း ဘုရားသခင်၏ ဝိညာဉ်တော် နှိုးဆော်ချက်ဖြင့် ရေးသောအရေးအသားမဟုတ်ကြောင့် သမ္မာကျမ်းစာအုပ်ထဲတွင်ထည့်သွင်းထားခြင်းမရှိချေ။ ထိုစာအုပ်များသည် အသုံးဝင်နိုင်မည်ဖြစ်ပြီး ကျမ်းရေးဆရာများက ရည်ညွန်းကိုးကားနိုင်သော်လည်း(တော ၂၁:၁၄။ယောရှု ၁၀:၁၃။ ၅ရာ ၂၉:၂၉။ယု ၉:၁၄) ဘုရားသခင်ထံမှ အမိန့်ဩဇာမပါရှိချေ။
ခ။ က္ကသရေလ စာရေးသူများ
က္ကသရေလလူတို့သည် သမိုင်တွင် နိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်လာသည့်အချိန်မှစ၍ မိမိတို့၏ ဥပဒေများ နှင့် ထူးခြားသည့်ဖြစ်ရပ်များကို ရေးမှတ်ထားခဲ့ကြသည်( ထွက် ၂၄:၄။တော ၃၃:၂။ ယောရှု ၂၄:၂၆။၃ရာ ၁၁:၄၁)။ ထိုရေးသားချက်အချို့ကို ဘာသာရေးနှင့် သက်ဆိုင်သည်ဟု မှတ်ကာ က္ကသရေလတို့၏ သန့်ရှင်းရာဌာန၌ သိမ်းဆည်းထားခဲ့ပေသည်( တရား ၃၁:၂၄-၂၆။ ၄ရာ ၂၂:၈)။ အချို့တို့အား အချက်အလက်ရယူရန် အခြေခံအဖြစ် အသုံးပြုပြီး ထွက်ပေါ်လာသည့် ကျမ်းများသည် သမ္မာကျမ်း၏ တစ်စိတိတစ်ပိုင်းဖြစ်လာသည်( ၃ရာ ၁၄:၁၉၊၁၅:၇။၆ရာ ၉:၂၉၊၁၂:၁၅၊၂၀:၃၄)။
အချို့လူတို့သည် ဥပဒေနှင့် အကြောင်းအရာတို့ကို မှတ်တမ်းတင်ကြပြီး အချို့တို့မှာ ဆာလံကျမ်းနှင့် သတ္တံကျမ်းတို့ကို စုဆောင်းမှတ်သားကြသည်( ၃ရာ ၄:၃၂၊ဆာ ၇၂:၂၀၊သု ၂၅:၁)။ ထို့အပြင် ပရောဖက်တို့သည်လည်း မိမိတို့ပြောလိုသော သတင်းစကားများကို ရေးသားထားတတ်ကြသည်( ဟေရှာ ၃၀:၈၊ ၃၄:၁၆၊ ယေ ၃၆:၂၊ ၅၁:၆၀)။ ထိုမှာကြားချက် သတင်းစကားများသည် ဘုရားသခင်စကားတော်ဟု ရိပ်စားမိသောသူတို့သည် ဘုရားသခင်၏ အမိန့်ဩဇာပါသည်ဟု ကိုးကားဖော်ပြကြသည်( ယော ၂၆:၁၇-၁၈။ ဒံ ၉:၂)။
ဂ။ ဓမ္မဟောင်းကျမ်းစု
ဓမ္မဟောင်းကျမ်းဟုခေါ်သော ဘာသာရေးနှင့်ဆိုင်သည့် အရေးအသားများစုဆောင်းပြီးစီးခဲ့သောအချိန်ကို မည်သူမျှ အတိအကျ မသိခဲ့ပေ။ သို့သော်လည်း ဧဇရ နှင့် နေဟမိတို့နှစ်ဦးသည် နောက်ဆုံး အပြီးသတ်အခေအနေကို ပုံဖော်ခဲ့သည်ဟု ယုံကြည်ရန် လျော်ကန်သင့်မြတ်သည်။ သူတို့နှစ်ဦးသည် ယေရုရှလင်မြို့သို့ (၄၅၀) ဘီစီနှင့် (၄၄၅) ဘီစီတွင် အသီးသီးရောက်ရှိလာပြီး( ဧဇရ ၇:၁-၁၀၊ နေ ၂:၁-၈) ချုပ်နှောင်ခြင်းမှ လွှတ်မြောက်လာသည့်အချိန်တွင် ဘာသာရေးဆိုင်ရာ အရေးအသားများ၏ အခြေခံဖြစ်သော က္ကသရေလတို့၏ ဘာသာရေးအသက်တာကို တည်ဆောက်ရာတွင် အရေးကြီးသည့် ကဏ္ဍမှ ပါဝင်ခဲ့သည်( နေ ၈:၁-၃၊၈၊ ၉:၁-၃)။ နောင်မျိုးဆက်သစ်ခေါင်းဆောင်များက ဧဇရနှင့် နေဟမိတို့ အစပြုခဲ့သည်ကို ပြီးဆုံးအောင် ဆက်လက်လုပ်ဆောင်ခဲ့သည်။
ထို့ကြောင့် ဂျူးလူမျိုးတို့၏ ကျမ်းဂန်များသည် ခရစ်တော်ပေါ်ထွန်ချိန်၌ အခိုင်အမာတည်ရှိနေပြီဖြစ်သည်( မဿဲ ၂၁:၄၂၊ လု ၂၄:၂၇၊ ယော ၅:၃၉)။ ခရစ်တော်ပေါ်ထွန်းပြီး ပထမရာစုနှစ်ကုန်ဆုံးချိန်ကာလတွင် ဂျူးခေါင်းဆောင်များကောင်စီက ဓမ္မကျမ်းဂန်များကို လင်ခံအတည်ပြုပြောဆိုကြသည်။
ဃ) မူမကျသော ရေးသားမှုများ( ကျမ်းပယ်များ )
ဘီစီဒုတိယနှငိ့ တတိယရာစုနှစ်များတွင် ဂျူးရေးသားမှုအသစ်များ ပေါ်ထွက်လာခဲ့သည်။ အချို့မှာ ထင်ရှားပေါ်လွင်စွာ ရေးသားသောကြောင့် လူကြိုက်များခဲ့သည်။ အထူးသဖြင့် ဂျူးလူမျိုးတို့အတွင်း ပြောင်းလဲမှုအကြီးအကျယ်ဖြစ်ခဲ့ချိန်က ဖြစ်သည်။ ထိုသို့ လူကြိုက်များစေကာမူ ဘုရားသခင်၏ ဘုရားသခင်၏ အမိန့်အာဏာမပါရှိသောကြောင့် ဂျူးကျမ်းဂန်များတွင် လက်ခံမှုမရရှိခဲ့ပေ။
ထိုသျု့ကျမ်းဂန်များတွင် မပါဝင်သော စာအုပ်များမှာ အစုနှစ်စုရှိသည်။ တစ်ခုမှာ မူမကျသော ရေးသားမှုများ( Apocrypha) ရှိရင်းအတိုင်း " လျှို့ဝှက်ထားသော "ဟု အဓိပ္ပါယ်ရပြီး အဓိပ္ပါယ်အမှန်မှာ "အပြင်ဘက်မှ" သို့မဟုတ် " သဘောတူညီမှုမရှိ၍ ကျမ်းဂန်နှငိ့ မညီ " ဟု၍ဖြစ်သည်။ နောက်တစ်ခုမှာ အမည်အတုဖြင့် ရေးသားသည့် အရေးအသားဖြစ်သည်။ အများအသုံးပြုသော အသုံအနှုန်းအရ " မူမကျသော အရေးအသားများ " သည် အထပ်ပါအစုနှစ်စုလုံးနှင့် သက်ဆိုင်သည်။ရှေးခရစ်ယာန်များသည် ထိုကဲ့သို့ ရေးသားထားသောစာအုပ်များကို ဖတ်ခဲ့ကြပေမည်( ဥပမါ -ယဒု ၉၊၁၄)။ သို့သော် ထိုစာပေများကို သမ္မာကျမ်းစာတော်မြတ်ဟု မယူဆကြပေ။
င။ကနဦးခရစ်ယာန် ရေးသားမှုများ
အသင်းတော်အစပိုင်းအချိန်၌ ခရစ်ယာန်တို့အသုံးပြုသော သမ္မာကျမ်းသည် ယခု ဓမ္မဟောင်းကျမ်းဖြစ်သည်( လု ၂၄:၂၇၊၄၄၊ တ ၈:၃၂၊၁၇:၂,၁၁။ ရောမ ၁:၂၊ ၄:၃၊ ၉:၁၇၊ ၂တိ ၃:၁၅-၁၆)။ တမန်တော်တို့အား သခင်ယေရှုသည် ကောင်းကင်သို့ ပြန်သွားပြီးနောက် သန့်ရှင်းသောဝိညာဉ်တော် စေလွှတ်ပြီး သူသွန်သင်ခဲ့သောအရာများကို ပြန်လည်မှတ်မိကာ အဓိပ္ပါယ်ဖွငိ့ဆိုပြီး လက်တွေ့အသုံးချနိုင်မည်ဟု ကတိတော်ချမှတ်ခဲ့သည်( ယော ၁၄:၂၅-၂၆၊၁၆:၁၃-၁၅)။ ဓမ္မသစ်ကျမ်း၏ အရေးအသားများသည် ထိုကတိတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ တမန်တော်တို့တွင် ဘုရားသခင်ပေးအပ်သော အမိန့်အာဏာရှိပြီး ခရစ်ယာန်တို့အနေဖြင့် ထိုရေးသားမှုများနှငိ့ သွန်သင်မှုများသည် ဓမ္မဟောင်းကျမ်းစာများကဲ့သို့ တန်ခိုးဩဇာရှိကြောင်း အသိအမှတ်ပြုလက်ခံကြသည်( ၁ကော ၁၄:၃၇၊ ၁သက် ၅:၂၇၊ ၂သက် ၂:၁၅၊၃:၁၄၊ ၂ပေ ၃:၂။ ဗျာ ၁:၁-၃)။
စ။ တိုးပွားများပြားလာသော စုဆောင်ချက်
တမန်တော်တို့၏ ရေးသားချက်များ ပြန့်နှံ့လာပြီး ထိုကဲ့သို့ ရေးသားခြင်းများ တဖြည်းဖြည်းများလာကာ ဓမ္မဟောင်းကျမ်းများအတိုင်း စုဆောင်းလာနိုင်ခဲ့သည်(၂ပေ ၃:၁၅-၁၆)။ ရှေးဦးခရစ်ယာန်တို့သည် စာအရေးအသား၏တန်ဖိုးကိုဖြတ်ကြသည့်အခါ အရေးကြီးသည့်အချက်မှာ ထိုအရေးအသားများသည် တမန်တော်များမှသော်လည်းကောင်း တမန်တော်တို့၏ ထောက်ခံခွင့်ပြုချက်ရမရကိုပါထည့်သွင်းစဉ်းစာရခြင်းဖြစ်သည်။ ခရစ်ဝင်ကျမ်း၊ပေါလုရေးသော စာစောင်များ၊ တမန်တော်ဝတ္တု၊ပေတရုဩဝါဒစာ ပထမစောင်နှင့် ယောဟန်ဝါဒစာပထမစောင်တို့သည် အစပြုချိန်မှစ၍ တန်ခိုးအာဏာပါသည်ဟု အနှံ့အပြားလက်ခံခဲ့ကြသည်။
ပထမရာစုနှစ်၏ နှောင်ပိုင်းကာလနှင့် ဒုတိယရာစုနှစ်၏ အစဦးပိုင်းအချိန်တွင် ခရစ်ယာန်စာပေ အရေးအသားတော်တော်များများပြန့်နှံ့နေပြီးဖြစ်သည်။ အချို့စာပေများမှာ အသုံးဝင်သော်လည်း အသင်းတော်များအနေဖြင့် ထိုစာပေများ၌ တန်ခိုးအာဏာမပါရှိဟု ယူဆကြသည်။အချိန်ကြာလာသည်နှင့်အမျှ ထိုစာပေများကို ဘုရားသခင် နှိုးဆော်ခံရသောကျမ်းများမဟုတ်ဟု ယေဘုယျအားဖြငိ့ လက်ခံလာကြသည်။ ထို့ကြောင့် ဓမ္မသစ်ကျမ်းတွင် ထည့်သွင်းရန် ကျန်လှပ်ခဲ့ကြသည်။
အခြားတစ်ဘက်၌လည်း အချို့ဒေသရှိ ခရစ်ယာန်များအတွင်းတွင် ယခု ဓမ္မသစ်ကျမ်းအားလုံးကို လက်ခံရန် အချိန်အတော်ကြာခဲ့သည်။ သီးခြားအသင်းတော်တစ်ခု သို့မဟုတ် အသင်းတော်စုတစ်စုသည် တမန်တော်တို့ရေးသောစာကို အာဏာရှိသည်ဟု လက်ခံခဲ့သော်လည်း အခြားအသင်းတော်များကမူ ထိုစာသည် အသင်းတော်အားလုံးနှင့်သက်ဆိုင်သည်ဟု မမြင်ခဲ့ကြပေ။ စာအများအပြားသည် တမန်တော်တို့၏ အာဏာပါရှိသော်လည်း ထိန်းသိမ်းမူမရှိခဲ့ပေ(၁ကော ၅:၉၊ ၁သက် ၃:၁၇)။ ထိုနည်းတူ အလွန်တိုဆောင်းသောစာများနှင့် သံသယရှိသောစာများသည် ကျယ်ကျယ်ပြန့်ပြန့်သိလာစေရန် အချိန်ကြာခဲ့လေသည်။
ဆ။ ကျမ်းဂန်ကို ပြီးပြည့်စုံစေခြင်း
ဒုတိယရာစုနှစ်အလယ်သို့ ရောက်လာပြီးသောအခါ အချို့နေရာများရှိ စာအုပ်များရှိ အသင်းတော်တို့တွင် ကျမ်းစာအရေးအသား စာအုပ်အတော်အတန်ပင် စုစည်းနိုင်ခဲ့ပြီး ခန့်မှန်ခြေအားဖြင့် ယခု ဓမ္မသစ်ကျမ်းပမာဏမျှ ရှိနေပြီး သို့သော် အချို့ နေရာများတွင် ကျမ်းအရေးအသား စာအုပ်အနည်းငယ်အတွက် သံသယရှိနေဆဲဖြစ်သည်။ မှားယွင်းသော အယူဝါဒများကို သင်ကြားသည့်ဆရာများ၏ သွန်သင်လှုပ်ရှားမှုများကြောင့် အသင်းတော်လူကြီးများအား ထိုစာအရေးအသားများမှာ ကျမ်းဂန်ဖြစ်သင့် မဖြစ်သင့် သေချာစွာ စဉ်းစာရန် လှုံ့ဆော်စေခဲ့သည်။အသင်းတော်ကောင်စီများ တွေ့ဆုံပြီး ထိုကိစ္စကို အလေးအနက်ဆွေးနွေးခဲ့ကြပြီးနောက် လေးရာစုနှစ်ကုန်ပိုင်းတွင် အများသဘောတူညီချက်အရ ဓမ္မသစ်ကျမ်းတွင် ယခု တွေ့မြင်နေရသည့် ကျမ်း နှစ်ဆယ့်ခုနှစ်ကျမ်းကို သဘောတူလက်ခံခဲ့ကြသည်။
အသင်းတော်ကောင်စီများအနေဖြင့် မူဝါဒများချမှတ်ပြုလုပ်ခဲ့သော်လည်း ကျမ်းစာပါ စာအုပ်များကို အမိန့်ဩဇာမပေးအပ်နိုင်ခဲ့ပေ။ ဩဇာအာဏာသည် ထိုကျမ်းစာစောင်များအတွင်းတွင် တည်ရှိလျက်ရှိသည့် ဘုရားသခင်၏ အသက်ရှိသော စကားများဖြစ်သည်( ယော ၇:၁၇၊ ၁သက်၂:၁၃)။ သူတို့သည် ကျမ်းစာကို တွေးတောကြံစည်ပြုလုပ်ခဲ့ခင်းမဟုတ်ပေ။ ကမ္ဘာအနှံ့ ခရစ်ယာန်များနှင့် အစင်းတော်သိုလြက်ခံသော ထိုစာအုပ်များသည် ဘုရားသခင်၏ နှိုးဆော်မှုဖြင့် ဖြစ်ပေါ်လာသော ဩဇာအာဏာရှိသည့် နှုတ်ကပတ်တော်ဖြစ်ကြောင်း ထောက်ခံအတည်ပြုရန်သာဖြစ်သည်။
ဇ။ နိဂုံး
သမ္မာကျမ်းကို ကျမ်းခြောက်ဆယ့်ခြောက်ကျမ်းဖြငိ့ ဖွဲ့စည်းထားသည်။ ကျမ်းစာတစ်အုပ်လုံးကို နှစ်ပေါင်း(၁၄၀၀) ခန့်အချိန်အတွင်း ကျမ်းရေးသူ လေးဆယ်ခန့်က ရေးသားခဲ့သည်။ ကျမ်းရေးသူများလည်း လူမျိုး၊ဘာသာစကား၊ အလုပ်အကိုင်နှင့် စိတ်နေသဘောထားများ ကွဲပြားခြားနားကြသော်လည်း သမ္မာကျမ်းအတွင်း အပြည့်အဝ ညီညွတ်မှုရှိနေပေသည်။ ဓမ္မဟောင်းမှာသော်လည်ကောင်း ဓမနသစ်မှာသော်လည်းကောင်း ကျမ်းများကို အစီအစဉ်ချထားမှုသည် အလေ့အကျင့်ကြောင့်သာဖြစ်ပြီး ဘုရားသခင်၏ အမိန့်အာဏာမပါပေ။ ထို့ပြင် မူရင်းစာများကို ယနေ့ ကျွန်ုပ်တို့တွေ့နေရသည့် အပိုဒ်ကြီး၊ အပိုဒ်ငယ်အဖြစ် ခွဲခြားထားခြင်းမျိုးမရှိချေ။ အပိုဒ်ကြီး ခွဲခြားမှုကို တစ်ဆယ့်သုံးရာစုနှစ်တွင်စတင်ပြုလုပ်ခဲ့ပြီး၊ အပိုဒ်ငယ်ခွဲခြားမှုကို တစ်ဆယ့်ခြောက်ရာစုတွင် စတင်ပြုလုပ်ခဲ့သည်။
May God Bless You All. Amen.
သမ္မာကျမ်းစာ၏ အမွေအနှစ်များ
၃) စာရေးခြင်း- Writing
၎) လက်ရေးစာမူများ- Manuscripts
က။ နိဒါန်း
ခ။ က္ကသရေလ စာရေးသူများ
ဂ။ ဓမ္မဟောင်းကျမ်းစု
ဇ။ နိဂုံး
0 comments:
Post a Comment
Back to Top Related Posts Plugin for WordPress, Blogger...