0

တရားဟောရာကျမ်း= Deuteronomy Reshare #9Dan Unicode & Zawgyi

 9Dan
တရားဟောရာကျမ်း= Deuteronomy
Reshare #9Dan Unicode & Zawgyi
****************
၁။ နိဒါန်း
က္ကသရေလလူမျိုးတို့သည် အဲဂုတ္တုပြည်မှထွက်သွား
ပြီးနောက် သိနာတောင်တွင် ပညတ်တော်ရရှိပြီးနောက်မှာ
သိနကျွမ်းဆွယ်နှင့် ခါနာန်ပြည်အကြား လွင်တီးခေါင်အရပ်
နှစ်ပေါင်းလေးဆယ်ဆန့်မျှ က္ကသရေလလူတို့လှည့်ပတ်နေ
ထိုင်ခဲ့ကြသည်။ ထိုအချိန်အတွင်း က္ကသရေလအသက်ကြီး
သူများသေဆုံးသွားကြပြီး မျိုးဆက်သစ်လူငယ်များကြီးပြင်း
လာကြသည်(တော ၁၄:၂၈-၃၅)။ထိုမျိုးဆက်သစ်များတွက်
တရားဟောရာကျမ်းတွင် မောရှေ၏ ပညတ်ကျမ်းများရေး
မှတ်ထားခဲ့သည်။
၂။ ကျမ်းပြုစုပုံ

တရားဟောရာကျမ်းမှာ ပညတ်တော်များကို ရိုးရိုး
ရှင်းရှင်းဖော်ပြရုံမက ပို၍လေးနက်စွာဖြင့်ဖော်ပြထားသည်။
ဘုရားသခင်သည် လူတို့ထံမှကြိုးစား၍ ဖြောင့်မှန်ခြင်းထက်
နာခံလိုစိတ်ကြောင့် မိမိအားနာခံခြင်းကိုသာ ပို၍လိုလာပြီး၊
အတင်းအကြပ်ခိုင်းသောကြောင့် နာခံခြင်းမျိုး မလိုလာပေ။
မိမိနှင့်လူတို့အကြား ချစ်ခင်နွေးထွေးစွာ ဆက်ဆံမူမျိုးကို
ဘုရားသခင် လိုလားခြင်းဖြစ်သည်(တရား၆:၃၊၅-၇၊၇:၇-၈။
ကျမ်းရေးသားပုံမှာ ပညတ်ပေးသူကဲ့သို့မဟုတ်ပဲ တရားကို
ဟောပြောနေခြင်းနှင့်တူပြီး နားထောင်သော ပရိတ်သတ်
လည်း ယဇ်ပရောဟိတ်နှင့်တရားသူကြီးများမဟုတ်ပဲ လူထု
များပင်ဖြစ်ကြသည်(တရား ၆:၈-၉၊၈:၆၊၁၀:၁၂-၁၃)။
တရားဟောရာကျမ်း၏ အခြေအမြစ်မှာ ဘုရားသခင်
နှင့်လူတို့ကြားထားရှိသည့် ပဋိညာဉ်ဖြစ်သည်။ ဘုရားသခင်
၏ အုပ်စိုးပိုင်သသော ကျေးဇူးတော်ကြောင့် က္ကသရေလလူ
မျိုးတို့အား မိမိ၏ လူမျိုးတော်အဖြစ် ရွေးကောက်မူလျှက်
ခါနာန်ပြည်ကို ထိုသူတို့၏ အမွေခံရာမြေအဖြစ်ပေးမည်ဟု
ကတိပေးသည်( တရား ၇:၇၊၈:၁၊ ၉:၄-၅)။ ဘုရားသခင်၏
ကျေးဇုးတော်နှင့် ကတိတော်ကို က္ကသရေလလူတို့ လက်ခံ
၍ ဘုရားသခင်အား ချစ်ခြင်း၊နာခံခြင်းဖြင့် အစေခံခြင်းမှ
တစ်ပါး အခြားဘယ်အရာမှမလိုပါ(တရာ ၅:၆-၇၊၆:၁-၃၊
၁၀:၁၂-၁၃)။ ပဋိညာဉ်ချုပ်ဆိုရာတွင် မိမိသာလျှင် အုပ်စိုး
ပိုင်သသော အရှင်ဖြစ်ကြောင်းကို ကြေညာပြီး လူတို့မှာမူ
စည်းမျှဉ်းအရ လိုက်လျှောက်နေထိုင်ရသည်။ ထိုကဲ့သို့ပင်
မောရှေအား ကြားဝင်ဖျန်ဖြေသူဖြစ်ပြီး ဘုရားသခင်သည် က္ကသရေလလူတို့နှင့် ပဋိညာဉ်ချုပ်ဆိုခဲ့သည်။
၃။ ပဋိညာဉ်ပါပါသောပကြောင်းအရာများ
တရားဟောရာကျမ်းတွင်လည်း က္ကသရေလလူမျိုး
တို့အတွက် ဘုရားသခင်လုပ်ဆောင်ပေးခဲ့သောအရာများ
ဖော်ပြစပြုခဲ့ပြီး(၁:၁-၃:၂၉)၊ လူအပေါင်းတို့အား မိမိအပေါ်
သစ္စာရှိကြရန်နိုးဆော်ခဲ့သည်(၄:၁-၄၃)။ က္ကသရေလလူမျိုး
တို့အတွက် အခြေခံစည်းမျဉ်းမှာ ပညတ်တော် ဆယ်ပါးဖြစ်
သည်(၄:၄၄-၅:၃၃)။ဘုရားသခင်ရဲ့ အလိုတော်ကို ချစ်ခြင်း
မေတ္တာအားဖြင့် လိုက်လျှောက်နိုင်မည်။ တစ်ပါးအမျိုးသား
တို့ရဲ့ အာဏာရှိသူများ-တစ်ပါးဘုရားများ နှင့် ပူးပေါင်းကာ
ဘုရားသခင်အား ပုန်ကန်ခြင်းမျိုးမရှိခဲ့ပေ(၆:၁-၂၅)။
ဘုရားသခင်သည် မိမိလူတို့အား ကောင်းသောမြေ
နေရာပေး၍ ကောင်းမွန်စွာအသက်ရှင်ရန်ဖြစ်သော်လည်း
အစားအစားတစ်ခုတည်းအပေါ်တွင် မမူတည်ကြောင်းကို
လူတို့သိနားလည်းရန် လိုအပ်သည်။ ဘုရားသခင်တစ်ပါး
တည်း၌သာ တွေ့နိုင်သော ဝိညာဉ်တန်ခိုးအားဖြင့်သာလျှင်
အသက်ရှင်နိုင်သည်( ၇:၁-၈:၂၀)။ ထိုကြောင့် ထိုအရာများ
ကြောင့် လူတို့ခေါင်မမာသင့်ဘဲ( ၉:၁-၁၀:၁၁) ဘုရားသခင်
အပေါ်၌လည်းကောင်း လူအချင်းချင်းအပေါ်၌လည်း၎င်း
နှိမ့်ချသောစိတ်နေသဘော ထားရှိရမည်(၁၀:၁၂-၁၁:၃၂)။
အခြေခံကျသောအချက်ကြီးများ ချမှတ်ပြီးနောက်
အသေးစိတ်လိုက်နာရမည့် ဥပဧဒသများကိုချမှတ်ခဲ့သည်။
ရှေ့ဟောင်းဓလေ့အရ အခြေနေပေါ်တွင် အခါအားလျှော်
စွာ ဥပဒေများပြုပြင်နိုင်ခွင့်ရှိသည်။ သူတို့သည် ကန္တာရလွင်
ပြင်တွင် လူအုပ်ကြီးအနေနင့် လှည့်လည်သွားလာရခြင်းမျိုး
ပြုရမည်မဟုတ်တော့ဘဲ မျိုးနွယ်အုပ်စု အလိုက်ခွဲထွက်ကာ
မြေဩဇာကောင်းသောနေရာ၌ စိုက်ပျိုးနေထိုင်ရကြမည်။
ထို့ကြောင့် မောရှေ၏ ချမှတ်ပေးသည့် ဥပဒေအားလျှော်စွာ
သူတို့၏နေထိုင်မူပုံစံသစ်များနှင့် အံဝင်ခွင်ကျဖြစ်မည့်အ
ချက်များပါသည်(၁၁:၁၀-၁၁၊၁၂:၂၀-၂၂၊၁၄:၂၄-၂၇၊၁၈:)။
၄။ ထပ်မံဖြည့်စွပ်ခြင်း ဥပဒေ-ပညတ်
ခေတ်မီအောင် ထပ်မံဖြည့်စွပ်လိုက်သော ပဋိညာဉ်
စာချုပ်တွင် လိုက်နာရမည့်အချက်များမှာ....
က) ဘုရားသခင်အား သစ္စာရှိစွာ ဝတ်ပြုကိုးကွယ်ခြင်း
{၁၂:၁-၁၃:၁၈}။
ခ) ဘာသာရေးနှင့် လူမှုရေးကိစ္စများတွင် ဖြောင့်မတ်မှု
ရှိခြင်း{ ၁၄:၁-၁၆:၁၇}။
ဂ) ဖြောင့်မတ်သော အုပ်ချုပ်ခြင်း { ၁၆:၁၈-၁၉:၂၁ }။
ဃ) လူ့အသက်ကိုအလေးထားခြင်း { ၂၀:၁-၂၁:၂၃}။
င) ကာမ ရှုပ်ထွေးမှုကင်းစင်ခြင်း { ၂၂:၁-၂၃:၂၅}။
စ) လူ့အဖွဲ့စည်းအတွင်း မသန်စွမ်းသူတို့အား
စောင့်ရှောက်ကာကွယ်ခြင်း { ၂၄:၁-၂၅:၄ }
ဆ) မိသားစုအတွင်း ဆက်ဆံရေးတွင်လည်းကောင်း၊
ကူးသန်းရောင်းဝယ်ရာတွင်လည်းကောင်း၊ ဘာသာရေး
ဝတ်တရားများ ထမ်းဆောင်ရာတွင်လည်းကောင်း
ဖြောင့်မတ်ခြင်းတို့ပါရှိသည်{ ၂၅:၅-၂၆:၁၅}။
ထို့နောက် ပဋိညာဉ်အပေါ် နှစ်ဦး နှစ်ဘက် သစ္စာထား
ကြောင်းကြေညာခဲ့ကြသည်{၂၆:၁၆-၁၉}။
ရှေးစာချုပ်များနည်းတူ ဤပဋိညာဉ်တွင်လည်း
လူတို့မျော်လင့်စရာ ဆုပေးခြင်းနှင့် ဒဏ်ခတ်ခြင်းများကို
ရေးမှတ်ထားသည်( ကောင်းချီးပေးခြင်းနှင့် ကျိန်ဆဲခြင်း)။
နာခံလိုက်နာဖြင်းအားဖြင့် အချုပ်အခြာ အာဏာပိုင်ထံမှ
အကျိုးအမြတ်ခံစားရမည်ဖြစ်ပြီး မလိုက်နာပါက ပြင်းထန်
သောအပြစ်ပေးခြင်းခံရမည်( ၂၇:၁-၂၈:၆၈)။ ပဋိညာဉ်
ဆောင်ရွက်ချက်ပုံ၏ အခြေအနေကို ရွက်ဆိုပြီးနောက်
မောရှေက အသစ်တစ်ဖန် တရားဝင်ချုပ်ဆိုခဲ့သည် ( ၂၉:၁-၃၀:၂၀)။ထိုပဋိညာဉ်နှင့် ပတ်သက်သည့်နောက်ထပ်
အချက်နှစ်ချက်မှာ ပထမ အချက်အနေဖြင့် လူတို့သည်
အခါအားလျှော်စွာ စုရုံးပြီး ထိုပဋိညာဉ်ကို ကြားနာရမည်။
ဒုတိယပချက်မှာ ထိုပဋိညာဉ်စာချုပ်အား ကိုးကွယ်သည့်
ဗဟိုခန်းမဆောင်၌ထားရှိလျှက် ကိုးကားရာစံနှုန်းအဖြစ်
အသုံးပြုရန်ဖြစ်သည်(၃၁:၁-၂၉)။
၅။ နိဂုံး
ထိုပဋိညာဉ်ကို အတိုချုံးကာ လူတို့ မှတ်မိစေရန်နှင့်
သီကျူးရန် သီချင်းအနေဖြင့်လည်း မောရှေစပ်ဆိုခဲ့သည်
(၃၁:၃၀-၃၂:၄၇)။ က္ကသရေလမျိုးနွယ်စု တစ်ဆယ့်နှစ်စုတို့
အပေါ် ကောင်းကြီးပေးခြင်းအားဖြင့် မောရှေသည် အထိမ်
အမှတ် မင်္ဂလာနှင့် မိမိဦးဆောင်မှုကို ရပ်နားခဲ့လေသည်
( ၃၂:၄၈-၃၃:၂၉)။ ကတိထားတော်မူသော နယ်မြေကို
ကြည့်ရှုပြီးမှ မောရှေသည် ငြိမ်သက်စွာ သေဆုံးသည်
(၃၄:၁-၁၂)။
ဖတ်ရှုသူအားလုံး ဘုရားရှင်ကောင်းကြီးပေးပါစေ..အာမင်း။
သမ္မာကျမ်းစာ၏ အမွေအနှစ်များ


တရားေဟာရာက်မ္း= Deuteronomy
Reshare #9Dan Unicode & Zawgyi
****************
၁။ နိဒါန္း
ကၠသေရလလူမ်ိဳးတို႔သည္ အဲဂုတၱဳျပည္မွထြက္သြား
ၿပီးေနာက္ သိနာေတာင္တြင္ ပညတ္ေတာ္ရရွိၿပီးေနာက္မွာ
သိနကၽြမ္းဆြယ္ႏွင့္ ခါနာန္ျပည္အၾကား လြင္တီးေခါင္အရပ္
ႏွစ္ေပါင္းေလးဆယ္ဆန္႔မၽွ ကၠသေရလလူတို႔လွည့္ပတ္ေန
ထိုင္ခဲ့ၾကသည္။ ထိုအခ်ိန္အတြင္း ကၠသေရလအသက္ႀကီး
သူမ်ားေသဆံုးသြားၾကၿပီး မ်ိဳးဆက္သစ္လူငယ္မ်ားႀကီးျပင္း
လာၾကသည္(ေတာ ၁၄:၂၈-၃၅)။ထိုမ်ိဳးဆက္သစ္မ်ားတြက္
တရားေဟာရာက်မ္းတြင္ ေမာေရွ၏ ပညတ္က်မ္းမ်ားေရး
မွတ္ထားခဲ့သည္။
၂။ က်မ္းျပဳစုပံု
တရားေဟာရာက်မ္းမွာ ပညတ္ေတာ္မ်ားကို ရိုးရိုး
ရွင္းရွင္းေဖာ္ျပရံုမက ပို၍ေလးနက္စြာျဖင့္ေဖာ္ျပထားသည္။
ဘုရားသခင္သည္ လူတို႔ထံမွႀကိဳးစား၍ ေျဖာင့္မွန္ျခင္းထက္
နာခံလိုစိတ္ေၾကာင့္ မိမိအားနာခံျခင္းကိုသာ ပို၍လိုလာၿပီး၊
အတင္းအၾကပ္ခိုင္းေသာေၾကာင့္ နာခံျခင္းမ်ိဳး မလိုလာေပ။
မိမိႏွင့္လူတို႔အၾကား ခ်စ္ခင္ေႏြးေထြးစြာ ဆက္ဆံမူမ်ိဳးကို
ဘုရားသခင္ လိုလားျခင္းျဖစ္သည္(တရား၆:၃၊၅-၇၊၇:၇-၈။
က်မ္းေရးသားပံုမွာ ပညတ္ေပးသူကဲ့သို႔မဟုတ္ပဲ တရားကို
ေဟာေျပာေနျခင္းႏွင့္တူၿပီး နားေထာင္ေသာ ပရိတ္သတ္
လည္း ယဇ္ပေရာဟိတ္ႏွင့္တရားသူႀကီးမ်ားမဟုတ္ပဲ လူထု
မ်ားပင္ျဖစ္ၾကသည္(တရား ၆:၈-၉၊၈:၆၊၁၀:၁၂-၁၃)။
တရားေဟာရာက်မ္း၏ အေျခအျမစ္မွာ ဘုရားသခင္
ႏွင့္လူတို႔ၾကားထားရွိသည့္ ပဋိညာဥ္ျဖစ္သည္။ ဘုရားသခင္
၏ အုပ္စိုးပိုင္သေသာ ေက်းဇူးေတာ္ေၾကာင့္ ကၠသေရလလူ
မ်ိဳးတို႔အား မိမိ၏ လူမ်ိဳးေတာ္အျဖစ္ ေရြးေကာက္မူလၽွက္
ခါနာန္ျပည္ကို ထိုသူတို႔၏ အေမြခံရာေျမအျဖစ္ေပးမည္ဟု
ကတိေပးသည္( တရား ၇:၇၊၈:၁၊ ၉:၄-၅)။ ဘုရားသခင္၏
ေက်းဇုးေတာ္ႏွင့္ ကတိေတာ္ကို ကၠသေရလလူတို႔ လက္ခံ
၍ ဘုရားသခင္အား ခ်စ္ျခင္း၊နာခံျခင္းျဖင့္ အေစခံျခင္းမွ
တစ္ပါး အျခားဘယ္အရာမွမလိုပါ(တရာ ၅:၆-၇၊၆:၁-၃၊
၁၀:၁၂-၁၃)။ ပဋိညာဥ္ခ်ဳပ္ဆိုရာတြင္ မိမိသာလၽွင္ အုပ္စိုး
ပိုင္သေသာ အရွင္ျဖစ္ေၾကာင္းကို ေၾကညာၿပီး လူတို႔မွာမူ
စည္းမၽွဥ္းအရ လိုက္ေလၽွာက္ေနထိုင္ရသည္။ ထိုကဲ့သို႔ပင္
ေမာေရွအား ၾကားဝင္ဖ်န္ေျဖသူျဖစ္ၿပီး ဘုရားသခင္သည္ ကၠသေရလလူတို႔ႏွင့္ ပဋိညာဥ္ခ်ဳပ္ဆိုခဲ့သည္။
၃။ ပဋိညာဥ္ပါပါေသာပေၾကာင္းအရာမ်ား
တရားေဟာရာက်မ္းတြင္လည္း ကၠသေရလလူမ်ိဳး
တို႔အတြက္ ဘုရားသခင္လုပ္ေဆာင္ေပးခဲ့ေသာအရာမ်ား
ေဖာ္ျပစျပဳခဲ့ၿပီး(၁:၁-၃:၂၉)၊ လူအေပါင္းတို႔အား မိမိအေပၚ
သစၥာရွိၾကရန္ႏိုးေဆာ္ခဲ့သည္(၄:၁-၄၃)။ ကၠသေရလလူမ်ိဳး
တို႔အတြက္ အေျခခံစည္းမ်ဥ္းမွာ ပညတ္ေတာ္ ဆယ္ပါးျဖစ္
သည္(၄:၄၄-၅:၃၃)။ဘုရားသခင္ရဲ႕ အလိုေတာ္ကို ခ်စ္ျခင္း
ေမတၱာအားျဖင့္ လိုက္ေလၽွာက္ႏိုင္မည္။ တစ္ပါးအမ်ိဳးသား
တို႔ရဲ႕ အာဏာရွိသူမ်ား-တစ္ပါးဘုရားမ်ား ႏွင့္ ပူးေပါင္းကာ
ဘုရားသခင္အား ပုန္ကန္ျခင္းမ်ိဳးမရွိခဲ့ေပ(၆:၁-၂၅)။
ဘုရားသခင္သည္ မိမိလူတို႔အား ေကာင္းေသာေျမ
ေနရာေပး၍ ေကာင္းမြန္စြာအသက္ရွင္ရန္ျဖစ္ေသာ္လည္း
အစားအစားတစ္ခုတည္းအေပၚတြင္ မမူတည္ေၾကာင္းကို
လူတို႔သိနားလည္းရန္ လိုအပ္သည္။ ဘုရားသခင္တစ္ပါး
တည္း၌သာ ေတြ႕ႏိုင္ေသာ ဝိညာဥ္တန္ခိုးအားျဖင့္သာလၽွင္
အသက္ရွင္ႏိုင္သည္( ၇:၁-၈:၂၀)။ ထိုေၾကာင့္ ထိုအရာမ်ား
ေၾကာင့္ လူတို႔ေခါင္မမာသင့္ဘဲ( ၉:၁-၁၀:၁၁) ဘုရားသခင္
အေပၚ၌လည္းေကာင္း လူအခ်င္းခ်င္းအေပၚ၌လည္း၎
ႏိွမ့္ခ်ေသာစိတ္ေနသေဘာ ထားရွိရမည္(၁၀:၁၂-၁၁:၃၂)။
အေျခခံက်ေသာအခ်က္ႀကီးမ်ား ခ်မွတ္ၿပီးေနာက္
အေသးစိတ္လိုက္နာရမည့္ ဥပဧဒသမ်ားကိုခ်မွတ္ခဲ့သည္။
ေရွ႕ေဟာင္းဓေလ့အရ အေျခေနေပၚတြင္ အခါအားေလၽွာ္
စြာ ဥပေဒမ်ားျပဳျပင္ႏိုင္ခြင့္ရွိသည္။ သူတို႔သည္ ကႏၲာရလြင္
ျပင္တြင္ လူအုပ္ႀကီးအေနနင့္ လွည့္လည္သြားလာရျခင္းမ်ိဳး
ျပဳရမည္မဟုတ္ေတာ့ဘဲ မ်ိဳးႏြယ္အုပ္စု အလိုက္ခြဲထြက္ကာ
ေျမဩဇာေကာင္းေသာေနရာ၌ စိုက္ပ်ိဳးေနထိုင္ရၾကမည္။
ထို႔ေၾကာင့္ ေမာေရွ၏ ခ်မွတ္ေပးသည့္ ဥပေဒအားေလၽွာ္စြာ
သူတို႔၏ေနထိုင္မူပံုစံသစ္မ်ားႏွင့္ အံဝင္ခြင္က်ျဖစ္မည့္အ
ခ်က္မ်ားပါသည္(၁၁:၁၀-၁၁၊၁၂:၂၀-၂၂၊၁၄:၂၄-၂၇၊၁၈:)။
၄။ ထပ္မံျဖည့္စြပ္ျခင္း ဥပေဒ-ပညတ္
ေခတ္မီေအာင္ ထပ္မံျဖည့္စြပ္လိုက္ေသာ ပဋိညာဥ္
စာခ်ဳပ္တြင္ လိုက္နာရမည့္အခ်က္မ်ားမွာ....
က) ဘုရားသခင္အား သစၥာရွိစြာ ဝတ္ျပဳကိုးကြယ္ျခင္း
{၁၂:၁-၁၃:၁၈}။
ခ) ဘာသာေရးႏွင့္ လူမႈေရးကိစၥမ်ားတြင္ ေျဖာင့္မတ္မႈ
ရွိျခင္း{ ၁၄:၁-၁၆:၁၇}။
ဂ) ေျဖာင့္မတ္ေသာ အုပ္ခ်ဳပ္ျခင္း { ၁၆:၁၈-၁၉:၂၁ }။
ဃ) လူ႔အသက္ကိုအေလးထားျခင္း { ၂၀:၁-၂၁:၂၃}။
င) ကာမ ရႈပ္ေထြးမႈကင္းစင္ျခင္း { ၂၂:၁-၂၃:၂၅}။
စ) လူ႔အဖြဲ႕စည္းအတြင္း မသန္စြမ္းသူတို႔အား
ေစာင့္ေရွာက္ကာကြယ္ျခင္း { ၂၄:၁-၂၅:၄ }
ဆ) မိသားစုအတြင္း ဆက္ဆံေရးတြင္လည္းေကာင္း၊
ကူးသန္းေရာင္းဝယ္ရာတြင္လည္းေကာင္း၊ ဘာသာေရး
ဝတ္တရားမ်ား ထမ္းေဆာင္ရာတြင္လည္းေကာင္း
ေျဖာင့္မတ္ျခင္းတို႔ပါရွိသည္{ ၂၅:၅-၂၆:၁၅}။
ထို႔ေနာက္ ပဋိညာဥ္အေပၚ ႏွစ္ဦး ႏွစ္ဘက္ သစၥာထား
ေၾကာင္းေၾကညာခဲ့ၾကသည္{၂၆:၁၆-၁၉}။
ေရွးစာခ်ဳပ္မ်ားနည္းတူ ဤပဋိညာဥ္တြင္လည္း
လူတို႔ေမ်ာ္လင့္စရာ ဆုေပးျခင္းႏွင့္ ဒဏ္ခတ္ျခင္းမ်ားကို
ေရးမွတ္ထားသည္( ေကာင္းခ်ီးေပးျခင္းႏွင့္ က်ိန္ဆဲျခင္း)။
နာခံလိုက္နာျဖင္းအားျဖင့္ အခ်ဳပ္အျခာ အာဏာပိုင္ထံမွ
အက်ိဳးအျမတ္ခံစားရမည္ျဖစ္ၿပီး မလိုက္နာပါက ျပင္းထန္
ေသာအျပစ္ေပးျခင္းခံရမည္( ၂၇:၁-၂၈:၆၈)။ ပဋိညာဥ္
ေဆာင္ရြက္ခ်က္ပံု၏ အေျခအေနကို ရြက္ဆိုၿပီးေနာက္
ေမာေရွက အသစ္တစ္ဖန္ တရားဝင္ခ်ဳပ္ဆိုခဲ့သည္ ( ၂၉:၁-၃၀:၂၀)။ထိုပဋိညာဥ္ႏွင့္ ပတ္သက္သည့္ေနာက္ထပ္
အခ်က္ႏွစ္ခ်က္မွာ ပထမ အခ်က္အေနျဖင့္ လူတို႔သည္
အခါအားေလၽွာ္စြာ စုရံုးၿပီး ထိုပဋိညာဥ္ကို ၾကားနာရမည္။
ဒုတိယပခ်က္မွာ ထိုပဋိညာဥ္စာခ်ဳပ္အား ကိုးကြယ္သည့္
ဗဟိုခန္းမေဆာင္၌ထားရွိလၽွက္ ကိုးကားရာစံႏႈန္းအျဖစ္
အသံုးျပဳရန္ျဖစ္သည္(၃၁:၁-၂၉)။
၅။ နိဂံုး
ထိုပဋိညာဥ္ကို အတိုခ်ံဳးကာ လူတို႔ မွတ္မိေစရန္ႏွင့္
သီက်ဴးရန္ သီခ်င္းအေနျဖင့္လည္း ေမာေရွစပ္ဆိုခဲ့သည္
(၃၁:၃၀-၃၂:၄၇)။ ကၠသေရလမ်ိဳးႏြယ္စု တစ္ဆယ့္ႏွစ္စုတို႔
အေပၚ ေကာင္းႀကီးေပးျခင္းအားျဖင့္ ေမာေရွသည္ အထိမ္
အမွတ္ မဂၤလာႏွင့္ မိမိဦးေဆာင္မႈကို ရပ္နားခဲ့ေလသည္
( ၃၂:၄၈-၃၃:၂၉)။ ကတိထားေတာ္မူေသာ နယ္ေျမကို
ၾကည့္ရႈၿပီးမွ ေမာေရွသည္ ၿငိမ္သက္စြာ ေသဆံုးသည္
(၃၄:၁-၁၂)။
ဖတ္ရႈသူအားလံုး ဘုရားရွင္ေကာင္းႀကီးေပးပါေစ..အာမင္း။
သမၼာက်မ္းစာ၏ အေမြအႏွစ္မ်ား

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...