0
ဟဂဲ္ဂအနာဂတ်တိကျမ်း - HAGGAI Reshare #9Dan Unicode & Zawgyi
 9Dan
ဟဂဲ္ဂအနာဂတ်တိကျမ်း - HAGGAI
Reshare #9Dan Unicode & Zawgyi
၁။ နိဒါန်း
ပေရသိဘုရင်ကုရုမင်းက ၅၃၉ ဘီစီတွင် ဗာဗုလုန်ကို အောင်မြင်ပြီးနောက် ချုပ်နှောင်ခံရသော ဂျူးလူတို့ အား မိမိတို့တိုင်းပြည်သို့ပြန်ပြီး ယေရုရှလင်မြို့ကိုပြန်လည်တည်ဆောက်ရန် အမိန့်ကြေညှာချက်ကိုထုတ်ပြန်ခဲ့ သည်။ထို့သို့ဖြင့် ဂျူးလုမျိုးများစွာသည် ဗာဗုလုန်ပြည်မှ ယေရုရှလင်မြို့သို့ အခြေချနေထိုင်ရန် ထွက်ခွာခဲ့ကြ သည်။ ယေရုရှလင်မြို့တော်ဝန် ဇေရုဗဗေလနှင့် ယဇ်ပုရောဟိတ်မင်း ယောရှတို့၏ ဦးဆောင်မှုဖြင့် လူတို့သည် မိမိတို့၏နေထိုင်ဖို့ရာ နေအိမ်များနှင့် ဝန်းကျင်အသစ်ကိုတည်ထောင်ခဲ့ကြသည် ( ဧဇ ၁း၁-၄၊၂း၁-၂ )။ သူတို့ သည် ယဇ်ပုလ္လင်တည်ဆောက်ပြိး ဗိမာန်တော်အတွက် အုတ်မြစ်ချကြသည်။ သို့သော် ဒေသခံတို့၏ တိုက်ခိုက် မှုကြောင့် စိတ်အားထက်သန်မှုများ ပျောက်လွှင့်သွားကြသည်။
ဆန့်ကျင်မှုများကြီးထွားလာသည်နဲ့အမျှ ဂျူးတို့ ၏ စိတ်ပျက်အားလျှော့မှုများလည်း တိုးပွားလာပြီး နောက်ဆုံး၌ ဆောက်လုပ်ခြင်းလုပ်ငန်းများကို ဆိုင်းလင့်ရပ်စဲ လိုက်ကြတော့သည် ( ဧဇ ၄း၁-၅၊၂၄ )။
၂။ နောက်ခံအကျဉ်း
ထိုသို့ ဗိမာန်တော်တည်ဆောက်ဖို့ဆိုင်းလင့်ကြရာ တစ်ဆယ့်ခြောက်နှစ်မျှလွန်ပြီးနှောက် ဘုရားသခင်က ဗိမာန်တော်တည်ဆောက်ဖို့ လှုံ့ဆော်စေရန်နှင့် ဦးဆောင်လုပ်ကိုင်းရန် ပရောဖက်နှစ်ပါးကို ဘိသိတ်ပေါ်ထွန်စေ သည်။ ထိုသူနှစ်ဦးမှာ ပရောဖက် ဟဂဲနှင့် ဇာခရိတို့ဖြစ်သည ( ဧဇ ၅း၁-၂-။ ဟဂဲ ၁း၁။ ဇာ ၁း၁ )။ ထိုအချိန်မှာ ၅၂၀ ဘီစီတွင်ဖြစ်သည်။ လူတို့မတည်ဆောက်နိုင်ကြခြင်း၏အကြောင်းရင်းမှာ ရန်သူများ၏ ဆန်ကျင်မှုကြောင့် ၎င်း အစာခေါင်းပါးခြင်းဒဏ်ကြောင့်၎င်း ဖြစ်သည်ဟုပြောဆိုကြသည်။ သို့သော်လည်း သူတို့၏အကြောင်းပြချက် များကို မခိုင်လုံဟု ဟဂဲ သုံးသပ်သည်။စစ်မှန်သော အကြောင်းရင်းမှာ လူတို့၏ တစ်ကိုယ်ကောင်းဆန်မှုမနှင့် ပျင်းရိမှုများကြောင့်သာဖြစ်သည်ဟု ဟဂဲ ယူဆသည်။ ဤပြဿနာမှာ ဝိညာဉ်ရေးနင့်သက်ဆိုင်ပြီး နိုင်ငံရေးနှင့် သို့မဟုတ် ရုပ်ဝတ္တုပစ္စည်းများနှင့် မသက်ဆိုင်ကြောင်း ဟဂဲသက်သေပြခဲ့သည်။ ဗိမာန်တော်တည်ဆောက်ခြင်း လုပ်ငန်းကိုပြန်လည်စတင်ချန်တွင် ဆန့်ကျင်မှုများ ပြန်၍ပေါ်ပေါက်လာရာ ပေရသိဘုရင်က ဂျူးတို့အား ဥပဒေ အရ ကာကွယ်စောင့်လျှောက်ခြင်းနှင့် ဘဏာရေးထောက်ပံ့မှုများ ပေးသနားခဲ့သည် ( ဧဇ ၅း၃၊၆း၆-၁၂ )။
၃။ ကျမ်းတွင်ပါဝင်သော အကြောင်းအရာများ
ဟဂဲ နာဂတ္တိကျမ်း၏ တိုတောင်းသောစာစောင်တွင် သတင်းစကားလေးမျိုးဖြင့်ပိုင်းခြား သုံးသပ်လို့ရပါ သည်။ ထိုသတင်းစကားမှာ ခြောက်လအချိန်အတွင်း ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။
~ ပထမဆုံးသတင်းစကား ။ ။ ပထမဆုံးသတင်းစကားမှာ တည်ဆောက်ခြင်းကို ဆက်လက်မဆောင်ရွက် ကြသည့် ဆင်ခြင်အပေါ် အပြစ်တင်ရှုတ်ချခဲ့သည်။သို့သော် တုန့်ပြန်မှုကို အလျင်အမြန်ရရှိခဲ့ပြီး နှောက်သုံးပတ် ကျော်သောအခါ တည်ဆောက်ခြင်းလုပ်ငန်းကို ပြန်လည်စတင်ခဲ့ကြသည် ( ဟ ၁း၁-၁၅)။
~ ဒုတိယသတင်းစကား ။ ။ ဒုတိယသတင်းစကား၌ ဤလုပ်ငန်းမှာ ဂျူးလူမျိုးတို့၏ တိုင်းနိုင်ငံကို ပြန် လည်တည်ဆောက်နေခြင်းဖြစ်ကြောင်း တိုက်သွန်းခွန်အားပေးပြီး အာမခံချက်ပေးခဲ့သည် ( ၂း၁-၉)။
~ တတိယ သတင်းစကား ။ ။ တတိယ သတင်းစကားမှာ မနာခံသောသူများသည် တရားစီရင်ခြင်းကို ခံရမည်ဖြစ်ပြီး နာခံသောသူတွေမှာ ဘုရားသခင်စေမှ ကောင်းချီးမင်္ဂလာခံစားရကြမည်ဖြစ်ကြောင်း ဖော်ပြထား သည် ( ၂း၁၀-၁၉ )။
~ စတ္ထုသတင်းစကား ။ ။ သူ၏ နောက်ဆုံး သတင်းစကားမှာ မြို့တော်ဝင် ဇေရုဗဗေလအား ပုဂိုလ်ရေးအရ တိုတောင်းသော အားပေးစကားပြောကြားခြင်းဖြစ်သည် ( ၂း၂၀-၂၃ )။
May God Bless You All.
သမ္မာကျမ်းစာ၏ အမွေအနှစ်များ
ဟဂ္ဂဲအနာဂတ်တိကျမ်း - HAGGAI
၁။ နိဒါန်း
၂။ နောက်ခံအကျဉ်း
May God Bless You All.
0 comments:
Post a Comment
Back to Top Related Posts Plugin for WordPress, Blogger...