သြဗဒိ - OBADIAH
Reshare #9Dan Unicode & Zawgyi
၁။ နိဒါန်း
သမ္မာကျမ်းစာထဲတွင် သြဗဒိအမည်ရှိသူမျာ လူဆယ့်နှစ်ဦးထက်မနည်း ရှိသည်။ထိုလူများထဲမှ ဧဒုံပြည်သား တို့ကြောင်းရေးသားခဲ့သော ပရောဖက် သြဗဒိသည် အရေးပါဆုံးသောသူတစ်ယောက်ဖြစ်သည်။ အာဟပ်မင်း၏ တော်ဝင်အိမ်တော်ကို အုပ်ချုုပ်စီမံရသောသူတစ်ဦးလည်းဖြစ်သည်။ ထိုအချိန်တွင် ပတ်ဝန်ကျင်ရှိ လူအားလုံးတို့ မှာ ဗာလဘုရားကို ကိုးကွယ်နေကြစဉ် ဘုရားသခင်အပေါ်သစ္စာရှိသောသူ တစ်ဦးဖြစ်ခဲ့သည်။ ဘုရားသခင်၏ ပရောဖက်ကို ယေဇဗေလ၏ အာကြမ်းဖက်မှုမှ ကာကွယ်ပေးခဲ့ပြိး တစ်ကြိမ်တွင် ဧလိယထံမှ သတင်းစကားကို အာဟပ်မင်းထံသို့ သယ်ယူပို့ဆောင်ခဲ့သူလည်းဖြစ်သည် ( ၃ရာ ၁၈း၁-၁၆ )။
၂။ ကျမ်း၏အကျဉ်းခြုံငုံခြင်း
(၅၈၇) ဘီစီ၌ ယေရုရှလင်မြို့ကို ဗာဗုလုန်တို့က ဖျက်ဆီးကြရာတွင် ဧဒုပြည်သားတို့က အကူအညီးပေးခဲ့ သောကြောင့် ဘုရားသခင်၏တရားစီရင်ခြင်းသည် ဧဒုံပြည်အပေါ်ကြရောက်မည်ကို သြဗဒိအနာဂတ္တိကျမ်း၌ ကြေညာခဲ့ခြင်းဖြစ်သည် ( သြ ၁၀-၁၄။ယေဇ ၃၅း၅၊၁၂၊၁၅ )။ ဧဒုံပြည်သားများသည် ဧသောမှ ဆင်းသက်လာ ကြသောသူများဖြစ်သည်။ ထို့ကြောင့် က္ကသရေလ-ယုဒပြည်နှင့် ညီအစ်ကိုလည်းဖြစ်သောကြောင့် ယေရုရှလင် မြို့၏ နောက်ဆူံအချိန်တွင် အကူအညီးပေးသင့်သည် ( ကဘ ၂၅း၂၃-၂၆၊၃၂း၂၈၊ ၃၆း၁၊၈-၉ )။ သို့သော်လည်း ကူညီပေးမည့်အစား ရန်သူဖက်ဖြစ်သော ဗာဗုလုန်တို့ဘက်ကို ကူညီးပေးခဲ့သည်။ဤသို့ဖြင့် အကူညီမဲ့ကြသော ယေရုရှလင်မြို့ကို ဧဒုံ လူတို့က အခွင့်ကောင်းယူ၍ ဝင်ရောက်လုယက်ခဲ့ကြသည် ( သြ ၁၁၊၁၃ )။ ထွက်ပြေးကြ သော ယေရုရှလင်မြို့သားများကို လိုက်ဖမ်း ၍ အောင်နိုင်သူ ဗာဗုလုန်တို့ထံ ရောင်းစားခဲ့ကြသည် ( သြ ၁၄)။
၃။ ကျမ်းတွင်ပါသော အကြောင်းအရာ
ဧဒုံပြည်သား တို့သည် မိမိတို့၏တောင်ပေါ်ခံတပ်များနှင့် လိမ္မာပါးနပ်သော တိုက်ခိုက်နိုင်ခြင်း အပေါ် ဂုဏ်ယူခဲ့ကြသည်။သို့သော်လည်း ယေရုရှလင်မြို့ကို ဖျက်ဆီးရာတွင်တက်ကြွစွာ ပါဝင်ခဲ့မှုကြောင့် ဘုရားသခင် ၏အပြစ်စီရင်ခြင်း ဧကန်ခံမည့်အဖြစ်သို့ ဆိုက်ရောက်သ်ားသည် ( ၁-၁၆ )။ အမှန်စင်စစ် ဘုရားသခင်က ဧဒုံပြည်ကို အကုန်အစင် ဖျက်ဆီးပစ်ပြီး ယုဒပြည်ကိုမူ ဖမ်းဆီးချုုပ်နှောင်ခြင်းက ကယ်နုတ်ကာ မိမိတို့မြေနေရာ သို့ ပြန်လည်ပို့ဆောင်၍ သူတို့၏ အမျိုးသားရေးရှငိသန်မှုကိုလည်း ပြန်လည်ဆည်ဆောက်စေမည်ဖြစ်သည်။ ယခင်က ဧဒုံပိုင်နယ်မြေအပေါ်၌ပင် တန်ခိုးအာဏာ ပြန့်နံ့စေမည်ဖြစ်ကြောင် ပရောဖက်ပြုခြင်းဖြစ်သည် ( ၁၇-၂၂ ) ။...
May God Bless You All.
သမ္မာကျမ်းစာ၏ အမွေအနှစ်များ
ၾသဗဒိ - OBADIAH
Reshare #9Dan Unicode & Zawgyi
၁။ နိဒါန်း
May God Bless You All.
0 comments:
Post a Comment