0
ရှင်ပေတရုဩဝါဒစာ ပထမစာစောင် Reshare #9Dan Unicode & Zawgyi
🚨 ရှင်ပေတရုဩဝါဒစာ ပထမစာစောင်
Reshare #9Dan Unicode & Zawgyi
🌿🌿🌿🌿🌿🌿🌿🌿🌿🌿
ပေတရုဩဝါဒစာ ပထမစာစောင်ကို ပင်လယ်နက်နှင့်
ထိစပ်နေသည့် အာရှိပြည်မြောက်ပိုင်းဒေသတွင်နေထိုင်ကြ
သော ခရစ်ယာန်များအားရေးသားပေးပို့သည် ၁ပေ ၁:၁ ။
ဤအရပ်ဒေသများသို့ ရှင်ပေါလု သွားရောက်ခွင့်မရခဲ့ပေ
{ တ ၁၆:၇-၈ }။ သို့သော်အရပ်ဒေသ၌ ပေတရု ဧဝံဂေလိ
လုပ်ဆောင်ခွင့်ရယှိခဲ့ပြီး၊ယောဟန်မာကုမှ အကူအညီပေးခဲ့
နိုင်ဖွယ်ဖြစ်သည်{ ၁ပေ ၅:၁၃ }။
က) စာရေးသူ နှင့် လက်ခံသူ
ဤစာလိပ်မူကို ပေတရုရေးသားကြောင်း ကိုယ်တိုင်
ဖော်ပြထားပါသည်။လက်ခံသူတို့မှာ ပုန္တုပြည်၊ဂလာတိပြည်
ကပ္ပဒေါကိပြည်၊ အာရှိပြည်နှင့်ဗိသုနိပြည်တို့တွင်ဧည့်သည်
အာဂန္တုအဖြစ်နှင့်ပျံ့နှံ့နေထိုင်လျက်ရှိကြသောဘုရားသခင်ရွေးချယ်တော်မူသည့်လူစုတော်ထံသို့ ပေးပို့ခြင်းဖြစ်သည်။
ခ) ရေးသားသည့်ခုနှစ် နှင့် နေရာ
● ပေတရုဩဝါဒစာပထမစောင်ကိုနီရိုးဘုရင်{Nero}က
ခရစ်ယာန်များကို ညှင်းပန်းနှိပ်စက် ခြင်းမပြုမှီကာလအချိန်
အေဒီ ၆၃-၆၄ ၌ ဘုရင်များများနှင့် သင့်သင့်မြတ်မြတ်ရှိဖို့
{ ၁ပေ၂:၁၃-၁၇} ရောမမြို့မှ ရေးသားထားခြင်းဖြစ်သည်။
● ရောမမြို့သည် အင်ပါယာကြီး၏ ဗဟိုဌာနဖြစ်ပြီး ဘုရားသခင်နှင့် သူ၏လူများအား မောက်မာစွာဆက်ဆံ
သည့်သင်္ကေတအဖြစ် ဗာဗုလုန်ဟု ခရစ်ယာန်များက ရည်ညွန်းထားသောနေရာဖြစ်သည်{ ၁ပေ ၅:၁၃ } ။
ဂ) ရေးသားမှု၏အခြေအနေ
ယုံကြည်သူများ၌ သာ၍ပြင်ထန်သော ညှဉ်းပန်းနှိပ်စက်
ခြင်းများ မကြာမီရောက်လာမည်ဟု ခံစားသိရှိလာသော
ကြောင့်ဖြစ်သည်။ ထို့ညှဉ်းပန်းနှိပ်စက်ခြင်းများနှင့် ကြံတွေ့
သောအခါ အံ့ဩထိန်လန့်ခြင်း၊ရှက်ကြောက်ခြင်းမရှိကြရန်
သတိပေးရင်း တိုက်တွန်းအားပေးခြင်းဖြစ်သည်။
ဃ) ရည်ရွယ်ချက်
ညှင်းပန်နျိပ်စက်မှုထဲက ယံကြည်သူများ အးပေးခြင်း၊
~ယုံကြည်သူများက လူ့အသိုင်းဝိုင်းအတွင်း ကောင်းမွန်စွာ
နေထိုင်ရန် တာဝန်ရှိကြောင်း ၂:၁၁-၁၇;၂:၁၈-၂၅ ။
~အိမ်၌ဖြစ်စေ၊အစင်းတော်၌ဖြစ်စေ ငြိမ်သက်ခြင်းနှင့်
ညီညွတ်ခြင်းရှိဖို့ လုပ်ဆောင်ရမည်ဖြစ်ကြောင် ၃:၁-၁၂ ။
င) အဓိကအကြောင်းအရာ
ဆိုးရွားသော ဤလောကထဲမှ ယုံကြည်သူများ၏
ကြီးမြတ်သော ထာဝရ မျော်လင့်ခြင်းရှိကြောင်းဖြစ်သည်။
~ ခရစ်တော်အားဖြင့် ယခုဘဝဇာတိကိုယ်ခန္ဓာအား
မည်မျှပြင် နှိပ်စက်အသေသတ်ခြင်းခံရရင်တောင် အစဉ်မြဲ
အသက်ရှင်သော ဘုန်းတန်ခိုးတော်နှင့်ပြည့်စုံသော နှောင်ကာလရှိကြောင်း အာမခံချက်ပေးသည်{၁ပေ ၁:၃-၈
သမ္မာကျမ်းစာ၏ အမွေအနှစ်များ
🌿🌿🌿🌿🌿🌿🌿🌿🌿🌿
ဂ) ရေးသားမှု၏အခြေအနေ
ဃ) ရည်ရွယ်ချက်
င) အဓိကအကြောင်းအရာ
0 comments:
Post a Comment
Back to Top Related Posts Plugin for WordPress, Blogger...