0
ယေဇကျေလ - Ezekiel Reshare #9Dan Unicode & Zawgyi
 9Dan
ယေဇကျေလ - Ezekiel
Reshare #9Dan Unicode & Zawgyi
၁။ နိဒါန်း
( ၅၉၇)ဘီစီတွငိ ယုဒလူမျိုးတို့အား ဗာဗုလုန်ပြည်သို့ ဖမ်းဆီးချုပ်နှောင် ခေါ်ဆောင်သွားသူများထဲတွင် ယေဇကျေလဟူသော ယဇိပုရောဟိတ်ငယ်တစ်ပါးလည်း ပါဝင်ခဲ့သည်။ အသက်နှစ်ဆယ့်ငါးနှစ်သာရှိသေးသော ယဇ်ပုရောဟိတ်တစ်ဦးဖြစ်သညိ့အလျှောက် ယေရုရှလင်မြို့သို့ပြန်နိုင်ပြီး ဗိမာန်တော်တွငိ ယဇ်ပရောဟိတ်တာဝန်များ ထမ်းဆောင်နိုင်ရန် သူမျော်လင့်ထားမည်မှာ သံသယရှိနိုင်မည် မဟုတ်ပါ။ ဗာဗုလုန်ပြည်၌ ငါးနှစ်မျှကြာလာပြီးနှောက် ယေရုရှလင်မြို့သို့ ပြန်ရမည်မဟုတ်သေးကြောင်း ဘုရားသခင်က ထင်ရှားစေခဲ့သည်။ ဗာဗုလုန်ရှိ ဂျူးလူမျိုးတို့အတွက် ဘုရားသခင်၏ ပရောဖက် သို့မဟုတ် သတင်းယူဆောင်သူသာဖြစ်ရမည်( ယေဇ၁ ၁:၁-၃ ၊ ၂:၃၊၅၊၇ ၃:၄)။ သူ၏ ပရောဖက်ပြု ဟောကြားခြင်းများသည် နှစ်ဆယ့်နှစ်နှစ်မျှကြာခဲ့ပြီး( ယေဇ ၂၉:၁၇)။ သမ္မာကျမ်းထဲရှိ မိမိရေးသားခဲ့သော ယေဇကျေလအနာဂတ္တိကျမ်းတွင် အများဆုံး မှတ်တမ်းပြုထားသည်။
၂။ ယေဇကျေလ၏ ဟောပြောချက်
ဗ္ဗုလုန်၌ ယေဇကျေလ စတင်ဟေပြောချိန်တွင် ယေရုရှလင်မြို့တော် ဖျက်ဆီးခြင်းမခံရသေးပေ။ ယေရုရှလင်မြို့တွင် ကျန်ရစ်သူများနှငိ့ ဗာဗုလုန်သို့ ဖမ်းဆီခေါ်ဆောင်ခြင်းခံရသူတို့ အပြစ်ပြုလုပ်မှုကို ပြစ်တင်ဖော်ထုတိခဲ့သည်။ ယေဇကျေလ သတိပေးသည်မှာ ဗာဗုလုန်လူတို့သည်းမခံနိုင်သည့်အဆုံးတွင် ယေရညရှလင်မြို့ ဗိမာန်တော်ပါ ဖျက်ဆီးခြင်းခံရမည်( ယေဇ ၄:၁-၂၊ ၆:၁-၇၊ ၇:၅-၉)။ ယေဇကျေလ၏ တရားစီရင်ခြင်းနှငိ့ဆိုင်သညိ့ ပရောဖက်ပြုချက်များကို ယုံကြည်လက်ခံရနိ ပြည်နှင်ဒဏ်ခံရသူများက ငြင်းဆန်ခဲ့သော်လည်း ယေရုရှလင်မြို့တော်ကျဆုံးပြီးနောက်တွင် သူ့အားစစ်မှန်သော ပရောဖက် အဖြစ်လက်ခံလာကြသည်။ သူ၏ဟောပြောချက်များကို လူတို့လာရောက်နားထောင်ကြသော်လည်း သူ့အားစိတ်ဝင်စားဖွယ်ကောင်း၍ တစ်မူထူးခြားသူတစ်ဦးအဖြစ်သာ သတ်မှတ်ကာ ပရောဖက်ပြုချက်များကို အရေးယူလိုက်နာခြင်းမပြုကြပေ(ယေဇ ၃၃:၂၁၊၃၀-၃၃)။
ယေဇကျေလသည် တကယ်ပင် တစ်မူထူးခြားသူဖြစ်၍ သူ၏ဟောပြောချက်များအပေါ် သမားရိုးကျမဟုတ်သညိ့ အပြုအမူများဖြင့် သရုပ်ဆောင်ခဲ့သည်(ယေဇ၄:၁-၁၇၊ ၅:၁-၁၇၊ ၁၂:၁-၁၆)။ အလွန်စိတ်ဝင်စားဖွယ် ဥပမာကောင်းများပေးခဲ့ပြီး( ယေဇ၁၆:၁-၆၃၊ ၁၇:၁-၂၁၊ ၂၃:၁-၃၉) အလွန်ထူးဆန်းသော ရူပါရုံများအကြောင်း ပြန်ပြောကြားခဲ့သည်(ယေဇ ၁:၄-၂၈၊ ၈:၁-၁၁:၂၅၊၃၇:၁-၂၈)။ ယေဇကျေလသည် ပြစ်ဒဏ်စီရက်ခြင်းကျရောက်မည့်အကြောင်း ဟောကြားသူသက်သက် မဟုတ်ပေ။ ပါလတိနပြည်တွင် ပြန်လည်နေရာချထားပြီးနောက် ဘုရားသခင်၏ လူတို့အတွက် ခေတ်သစ်ပြင်ဆင်ပေးခြင်းနှငိ့လည်း သက်ဆိုင်မှုရှိသည်။ ထူးခါးမှတ်သားဖွယ်အထိမ်အမှတ်အနေဖြင့် ပုံသဏ္ဍာန်ဆောင်ပြီး နောက်ဆုံး၌ မကောင်းမှုများပျက်စီးစေကာ ဘုရားသခင်၏လူတို့ အောင်မြင်မည့်အကြောင်း ပြောဆိုခဲ့သည်( ယေဇ ၃၈:၁-၃၉:၂၉)။ သူပုံဖော်သည့် ရွှေခေတ်တွင် တွေ့ရမည့်အမျိုးသားရေး စံပြအသက်တာတွင် မှန်ကန်သည့် ဘာသာရေးထုံးတမ်းများအရ အသေးစိတ်ဝတ်ပြုကိုးကွယ်ကြမည့်အကြောင်း ဖော်ပြထားသည်(ယေဇ ၄၀:၁-၄၈:၃၅)။
၃။ အနာဂတ္တကျမ်းတွင်ပါဝင်သောအကြောင်းအရာများ
ဘုရားသခင်၏ ဘုန်းကြီးသောစစ်ရထားရာဇပလ္လင်ရူပါရုံကိုမြင်ရပြီးနောက်(၁:၁-၂၈) ယေဇကျေလကို ခေါ်ကာ မိမိမှာကြားချက်များကို မိမိလူတို့ထံ ယူဆောင်သွားရန်နှင့် ထိုသူတို့သည် လွန်စွာခေါင်းမာကြောင်း ဘုရားသခင်က သတိပေးခဲ့သည်(၂:၁-၃:၂၇)။ ထို့နှောက် ယေရုရှလင်မြို့အပေါ် ဘုရားသခင်၏ တရားစီရင်ချက်ကို ယေဇကျေလ ကြေညာခဲ့သည်။ သရုပ်ဖော်ဆောင်သည့် သတင်းပေးချက်များအားဖြင့် ဝိုင်းထားခံရခြင်း၏ အကြောင်းရင်းမှာ ရုပ်တုဆင်းတုကိုးကွယ်ခြင်းကြောင့်ဖြစ်သည်(၆:၁-၁၄)။ ထိုစီရင်ချက်သည် မုချအမှန်ဖြစ်ပြီး ဗာဗုလုန်၏ တိုက်ခိုက်ခြင်းများကို တုန့်ပြန်တွန်းလှန်မှုများမှာ အချီးနှီးသာဖြစ်မည့်အကြောင်း ဖော်ပြခဲ့သည်(၇:၁-၂၇)။
ထို့နောက် အစီအစဉ်အလိုက်တွေ့မြင်ရသော ရူပါရုံများတွင် ယေဇကျေလအား ယေရုရှလင်မြို့သို့ ခေါ်ဆောင်ခြင်းခံရသကဲ့သို့ဖြစ်ပြီး ထိုမြို့တွင် ရုပ်တုဆင်းတုများကို ဗိမာန်တော်အတွင်း လူတို့ကိုးကွယ်နေကြကြောင်းတွေ့မြင်ရသည်(၈:၁-၈)။ မိမိ၏ လူသတ်အာဏာသားများကို ဘုရားသခင်က ယေရုရှလင်မြို့သို့ စေလွတ်စဉ်(၉:၁-၁၁) ဘုရားသခင်၏ ဘုန်းကြီးသော စစ်ရထားရာဇပလ္လင်သည် ထိုမြို့မှ ဝမ်းနည်းစာထွက်ခွာသွားကြောင်း မြင်တွေ့ရသည်(၁၀:၁-၂၂)။ ထိုမြို့ကျဆုံးရခြင်းအကြောင်းသည် ခေါင်ဆောင်များအပေါ်၌ အထူးတာဝန်ရှိ၍(၁၁:၁-၁၃) သစ္စာရှိသော လူနည်းစုကို ပျက်စီးခြင်းမှ ဘုရားသခင်စောင့်ရှောက်ခဲ့သည်(၁၁:၁၄-၂၅)။ နောက်ထပ် တိုး၍ သရုပ်ဖော်ခြင်းနှင့် ဟောပြောခြင်းဖြင့် သေချာပေါက်ကျရောက်မည့် ယေရုရှလင်မြို့အား ဝိုင်းရံခံရခြင်းနှင့် ပြည်နှင်ခံရခြင်းတို့ကို လေးနက်စေခဲ့ပြီး(၁၂:၁-၂၈)၊ ဖျက်ဆီးခြင်းခံရမည့် လူများအတွင်း မမှန်ကန်သော မျော်လင့်ချက်များကို ဖြစ်စေသည့် ပရောဖက်အတုများအား ပြစ်တင်ရှုတ်ချခဲ့သည်(၁၃:၁-၂၃)။ ရုပ်တုဆင်းတု ကိုးကွယ်သူများသည် ထိုက်သင့်သောအပြစ်ပေးခြင်းကို ယခု ခံရကြမည်( ၁၄:၁-၁၅:၈)။
တိုင်းပြည်တစ်ပြည်လုံးအနေနှငိ့ မိမိတို့အား မေတ္တာဖြင့် စောင့်ရှောက်ခဲ့သော ဘုရားသခင်အပေါ် သစ္စာမဲ့ခဲ့ပြီ(၁၆:၁-၃၆)၊ ဇေဒကိ မင်းကလည်း နိုင်ငံရေးလုပ်ဆောင်ချက်တို့၌ သစ္စာမဲ့စွာ လုပ်ဆောင်ခဲ့သည်(၁၇:၁-၂၄)။ ကျရောက်မည့် အပြစ်စီရင်ခြင်းကြောင့် မိမိကိုယ်မှတစ်ပါး အခြားသူများကို အပြစ်တင်စရာမရှိ(၁၈:၁-၃၂)သည်သာမက မည်သည့်ဘုရားကမျှ ၎င်းတို့အား ကယ်တင်နိုင်မည်မဟုတ်ပေ(၁၉:၁-၁၄)။ ဗာဗုလုန်ပြည်သို့ ပြည်နှင်ဒဏ်ခံရမည်မှာ သေချာနေပြီး(၂၀:၁-၂၆) ရုပ်တုကိုးကွယ်သော ညစ်ညူးမှုမှ စင်ကြယ်စေပြီးနောက် နဂိုအနေအထားအတိုင်း ပြန်၍ဖြစ်စေမည်(၂၀:၂၇-၄၄)။ ထပ်ဆင့် သတင်းပေးသည်မှာ ယေရုရှလင်မြို့အပေါ် ဗာဗုလုန်တို့၏ ကြောက်မတ်ဖွယ်ကောင်းသော တိုက်ခိုက်ခြင်းဖြစ်သည်(၂၀:၄၅--၂၁:၃၂)။ တိုင်းပြည်သည် ပြုပြင်၍ မရနိုင်သည်အထိ ဖောက်ပြန်ပျက်စီနေခြင်း(၂၂:၁-၂၃:၃၉)ကြောင့် ဖျက်ဆီးပစ်မှသာလျှင် အညစ်အကြေးများကို ဖယ်ရှားနိုင်မည်(၂၄:၁-၂၇)။
တိုင်းတစ်ပါးပြည်များနှင့် မြို့များဖြစ်ကြသည့် အမ္မုန်ပြည်၊မောဘပြည်၊ဧဒုံပြည်၊ ဖိလိတ္တိပြည်(၂၅:၁-၁၇)၊ တုရုမြို့(၂၆:၁-၂၈:၁၉) ဇိဒုန်မြို့( ၂၈:၂၀-၂၆)၊ အဲဂုတ္တုပြည်(၂၉:၁-၃၂:၃၂)၊ အသီးသီးတို့အပေါ် တရားစီရင်ချက်ချမှတ်ခြင်းကို မှတ်တမ်းပြုပြီးနောက် ယေဇကျေလက မိမိ၏တောက်တစ်ဆင့်လုပ်ငန်းစဉ်ကို ဖော်ပြရာ ပြည်နှင်းခြင်းမှ ပြန်လည်ရောက်ရှိလာမည့်သူတို့အား ပြန်လည်တည်ဆောက်ပေးရန်(၃၃:၁-၂၀)ဖြစ်သည်။ ယေရုရှလင်မြို့သည် ယခုအချိန်တွင်ကျဆုံးခဲ့ပြီးဖြစ်ပြီး (၃၃:၂၁-၃၃) က္ကသရေလပြည်သည် အတိတ်ကာလထက် သာလွန်ကောင်းမြတ်သော အုပ်ချုပ်မှုကို အနာဂတ်ကာလတွင် ရရှိမည့်အကြောင်း မျှော်မှန်နိုင်ပေသည်(၃၄:၁-၃၁)။ တိုင်းပြည်၏ ရန်သူကို ဖယ်ရှားခြင်းခံရပြီး(၃၅:၁-၁၅) ရှေးယခင်ကအတိုင်း ပြန်လည်ရောက်ရှိမည်မှာ အာမခံချက်ရရှိပြီဖြစ်သည်(၃၆:၁-၃၈)။"သေနေသည့်" ပြည်သည် တစ်ဖန်ရှင်သနမလာမည်ဖြစ်သည်(၃၇:၁-၂၈)၊ မိမိတို့၏ ရန်သူမှန်သမျှကို ဘုရားသခင်ချေမှုန်းပစ်မညိနေ့ကို လူတို့စောင့်မျှော်နိုင်မည်(၃၈:၁-၃၉:၂၉)။
၄။ နိဂုံး
ယဇ်ပုရောဟိတ်ဖြစ်ခြင်းကြောင့်လည်း ယေဇကျေလသည် အသစ်သောအသက်တာကို မြင်မိပြီး ထိုအသက်တာသစ်တွင် စံပြလောက်သော ဗိမာန်တော်၌ ဘုရားသခင်သည် မိမိလူတို့နှင့် နေထိုင်လျှက် လူတို့ကလည်း ဘုရားသခင်အား အမှန်တကယ်ပင် ကိုးကွယ်ဝတ်ပြုကြမည်။ ယေဇကျေလက ဗိမာန်တော်ကို ဖွဲ့နွဲ့ကာ(၄၀:၁-၄၂:၂၀) ဘုရားသခင်သည် ဗိမာန်တော်အတွင်း လာရောက်နေထိုင်လျှက်(၄၃:၁-၁၂) ဗိမာန်တော်အတွင်း၌ ဘုရားသခင်အား အလုပ်အကျွေးပြုစုမှုများ လုပ်ဆောင်ကြမည်(၄၃:၁၃-၄၄:၃၁)။
ယေဇကျေလ၏ တိကျစွာပြန်လည်တည်ထောင်သည့် အမျိုးသားရေးအသက်တာတွင် ယဇ်ပုရောဟိတ်များ၊ လေဝိလူတို့နှင့် ဘုရင်မင်းတိုဘအတွက် မြေတေရာကို တရားမျှတစွာ ခွဲဝေချထားပြီး၊ ဘာသာရေးဆိုင်ရာ အမျိုးသားပွဲတော်များ ကျင်းပရန် အစီအစဉ်အပြည့်အစုံရှိမည်(၄၅:၁-၄၆:၂၄)။ အသက်တာသည် ဘုရားသခင်မှလာသော မကုန်ဆုံးနိုင်သည့်ကျေနပ်မှုဖြစ်မည်(၄၇:၁-၁၂)။ မိမိတို့၏ မျိုးနွယ်စုအလိုက် ရသင့်သည့်နယ်မြေများကို က္ကသရေလမျိုးနွယ်စုတို့ ဝေစုအလိုက်ရကြမည်(၄၇:၁၃-၄၈:၂၉)။ ထိုအရာများထက် ထူးမြတ်သောကောင်းချီး မင်္ဂလာမှာ ဘုရားသခင်သည် ၎င်းတို့အထဲ၌ ထာဝရအတူနေခြင်းဖြစ်သည်(၄၈:၃၀-၃၅)။
May God Bless You All.
သမ္မားကျမ်းစာ၏ အမွေအနှစ်များ
ယေဇကျေလ - Ezekiel
၁။ နိဒါန်း
၂။ ယေဇကျေလ၏ ဟောပြောချက်
၎။ နိဂုံး
May God Bless You All.
0 comments:
Post a Comment
Back to Top Related Posts Plugin for WordPress, Blogger...