ကားတိုင်၏နှောက်ခံသမိုင်း- Cross
Reshare #9Dan Unicode & Zawgyi
➕➕➕➕➕➕➕➕➕➕
က) လက်ဝါးကပ်တိုင်
ကားတိုင်တင်ခြင်းသည် ဂျုူးတို့၏နည်းမဟုတ်ပဲ ရောမလူတို့၏ ညှင်းပန်းနှိပ်စက်အသေသတ်နည်းတစ်မျိုး
ဖြစ်သည်။ မည်သည့်နေရာ၊မည်သည့်အချိန်က စတင်ကျင့်
သုံးခဲ့ကြောင်း သေချာမသိသော်လည်း ရောမအင်ပါယာ
မတိုင်မီ ရှေးယခင်ကပင်ကျင့်သုံးခဲ့ကြသည်။အထူးသဖြင့်
ရောမလူတို့အုပ်ချုပ်မှုကို ပုန်ကန်သူများဟု စွပ်စွဲခံရသူများ
အတွက် များသောအားဖြင့် ရက်စက်စွာအသုံးပြုခဲ့ကြသည်။
ယေရှုသည်နောက်ဆုံး၌ ဂျိုးတို့က ဤနည်းဖြင့် မိမိကို
သတ်မည်ကို သိခဲ့သည်{ယော၃:၁၄ ၈:၂၈;၁၂:၃၂-၃၃}။
ခ) ဂျူးလူမျိုးတို့တောင်ဆိုခြင်း
ထိုနည်းအတိုင်း ဂျူးလူမျိုးတို့သည် ယေရှုကို
ဖယ်ရှားရန်လိုလားသည့်အခါ ယေရှုအား နိုင်ငံကို သစ္စာ
ဖောက်သူအဖြစ် စွဲချက်တင်ပြီး လက်ဝါးကပ်တိုင်ပေါ်တင်၍
အသေတတ်ခြင်းခံစေရန် တောင်းဆိုခဲ့သည်{လု၂၃:၁-၂}
ထိုအချိန်တွင် ဂျူးတို့သည် ရောမ၏အုပ်ချုပ်မှုအောက်တွင်
ကျရောက်နေခြင်းကြောင့် မိမိတို့ကိုယ်တိုင် ရာဇဝတ်သား
ကိုသတ်ရန် အခွင့်အာဏာမရှိသဖြင့် ရေမအာဏာပိုင်များ
အား အသေတတ်ပေးရန်တောင်းဆိုခြင်းဖြစ်သည်။
ကျောက်ခဲနှင့် ပစ်ပေါက်သတ်ခွင့်ပင်မတောင်ဆိုခဲ့ကြပေ။
ကားတိုင်တင်၍သတ်ခြင်းက မိမိတို့အတွက် ပို၍လွယ်ကူ
မည်ဟု သိမြင်သောကြောင့်ဖြစ်သည်{မ၂၇:၂၂-၂၃}။
ဂ) ဓမ္မဟောင်ခေတ် ကျင့်ထုံးနည်း သစ်တိုင်
ဓမ္မဟောင်းခေတ် က္ကသရေလလူမျိုးတို့သည်
ရာဇဝတ်ပြစ်ဒဏ်ထိုက်သင့်သူတို့အား ကျောက်ခဲ့နှင့် ပစ်
ပေါက်၍သတ်ခဲ့သည်။ ထိုသို့သတ်ပြီးနှောက် အလောင်းကို
သစ်ပင်တစ်ပင်တွင် ချိတ်ဆွဲကာ ထိုသေသောသူသည်
ဘုရားသခင်၏ အပြစ်စီရင်ခင်းနှင့် ကျိန်ခြင်းခံရသူဖြစ်သည်
ဟု လူအများကိုသိစေသည်{တရာ ၂၁:၂၂-၂၃}။
ယေရှုကို လက်ဝါးကပ်တိုင်ပေါ်ချိတ်ဆွဲထား
ခြင်းသည် သစ်ပင်ပေ်၌ချိတ်ဆွဲထားသည့် အဓိပ္ပါယ်သက်
ရောက်သည်ဟု ဂျူးတို့ စဉ်းစာဆင်ခြင်မိကြသည်။
ထို့ကြောင့်သူသည် ဘုရားသခင်၏ကျိန်ခြင်းကို ခံရသူဟူ၍
မှတ်ယူကြသည်။ အမှန်စင်စစ် ယေရှုသည်လည်း ဘုရားသခင်၏ကျိန်ခြင်းကိုခံရသည်။ သို့သော်လည်း
မိမိကိုယ်တိုင်အပြစ်ပြုခြင်းကြောင့်မဟုတ်ပဲ အပြစ်သားတို့
ကိုယ်စားခံယူခြင်းဖြစ်သည်{တ၅:၃၀;၁၀:၃၉;ဂလာ၃:၁၀-၃
၁ပေ ၂:၂၄}။
ဃ) ရောမတို့ကျင့်ထုံးနည်း လက်ဝါးကပ်တိုင်
● အမူစစ်ခြင်းကို မြို့တွင်းရှိ မြို့ဝန်မင်း၏ဌာနချုပ်တွင်
ပြုလုပ်လေ့ရှိသည်{မ၂၇:၂၇}။
● အပြစ်စီရင် ခံရသူအား ရှေ့ဦးစွာ ကြာပွတ်ဖြင့်
ရိုက်သည်။မ၂၇:၂၆
● လက်ဝါးကပ်တိုင်တင်၍ သတ်ခြင်းကိုပြုမည့်ဆိုလျှင်
မြို့၏အပြင်ဘက် အများပြည်သူနှင့်ဆိုင်သော
နေရတွင် ဆောင်ရွက်သည်
{မ၂၇:၃၂,၃၃,၃၉;ယေ၁၉:၂၀;ဟေဗြဲ ၁၃:၁၂}။
● လက်ဝါးကပ်တိုင်တင်သတ်ရန် မြို့တွင်းမှ
ခေါ်ဆောင်သွားသည်{မ ၂၇:၃၁; လု ၂၃:၂၇ )
● ထိုသူသည် မိမိအသတ်ခံရမည့် လေးလံလှသော
သစ်တားကားတိုင်းကိုသယ်ရသည် ယော၁၉:၁၇။
● ထိုသူသည်ရိုက်နက်ခံရသောဒဏ်ကြောင့် သစ်တား
ကားတိုင်မသယ်နိုင်တော့လျှင် အခြားသူတစ်ဦးအား
အနိုင်ထက်ပြု၍ကိုယ်စားသယ်ယူစေသည်။မ၂၇:၃၂
● သတ်မည့်နေရာသို့ရောက်လျှင် ဆန့်တန်းထားသော
လက်နှစ်ဖက်ကို ကန့်လန့်ဖတ်တန်းတွင် သံမှိုဖြင့်
ရိုက်ပြီး မြေ၌စိုက်ထူးပြီးဖြစ်သော တိုင်ပေါ်သို့တင်သှ်။
● ထို့နှောက် ခြေထောက်များကို သံနှင့်ရိုက်ကြသည်။
{ လု ၂၄:၃၉ ;ယော ၂၀:၂၅ }။
● အပြစ်ဒဏ်ခံရသူ၏ စွပ်စွဲချက်ကို အခြားသူတွေမြင်
သာအောင် ဦးခေါင်ထိပ်တွင် စာဖြင့်ရေးသည်။
{ ယော ၁၉:၁၉-၂၀ }
● အခြားလူတို့သည် ဆေးခါးနှင့် ရောစပ်ထားသော
ပုန်းရေကို အနာသက်သာစေရန်ပေးနိုင်သည်။
ယေရှုအားပေးသောအခါ ယေရှုက ငြင်းပယ်ခဲ့သည်။
{ မဿဲ ၂၇:၃၄ }
● အခြားသူတို့ လာရောက်ကယ်တင်ခြင်းမပြုနိုင်ရန်
စစ်သည်များက ထိုသူသေသည့်အထိ စောင့်နေ
ရသည်။ ထိုသူသေရန် ၄၊၅ရက်ကြားနိုင်တဲ့အတွက်
မြန်မြန်သေအောင် ခြေထောက်တွေကိုချိုးလေ့ရှိ
တတ်သည်။ ယေရှုအတွက် ဤသို့မလိုအပ်ခဲ့ပါ။
● ယေရှုသည် လပ်ဝါးကပ်တိုင်ပေါ်တွင် ၆ နာရီခန့်မျှ
ကြားပြီသောအခါ ယေရှုသည် လူသားတစ်ဦးအဖြစ်
မိမိလုပ်ငန်ပြီမြောက်၍ ကြီးသောအသံနှင့်ကြွေးကြော်
ကာ မိမိဝိညာဉ်ကို ဘုရားသခင်ထံအက်တေ်မူလျှက်
ဦးခေါင်းကို ငုံချ၍အသက်ချုပ်တော်မူ၏။
{ မာ ၁၅:၂၅ ; လု ၂၃:၄၆ ;ယော ၁၉:၃၀ }
သမ္မာကျမ်းစာ၏ အမွေအနှစ်များ
May God Bless You All.
➕➕➕➕➕➕➕➕➕➕
က) လက်ဝါးကပ်တိုင်
ကားတိုင်တင်ခြင်းသည် ဂျုးတို့၏နည်းမဟုတ်ပဲ ရောမလူတို့၏ ညှင်းပန်းနှိပ်စက်အသေသတ်နည်းတစ်မျိုး