ဓမ္မရာဇဝင် ပထမစောင်နှင့် ဒုတိယစောင် ခြုံငုံလေ့လာခြင်း
Reshare #9Dan Unicode & Zawgyi
===========&==========
၁။ နိဒါန်း
ဓမ္မရာဇဝင်ကျမ်း ပထမနှင့်ဒုတိယ စာစောင်မှာ မူလက
တစ်စောင်တည်းသာဖြစ်သည်။ ဟေဗြဲလူတို့ကို ရည်ညွန်း
ထားခြင်းဖြစ်သည်။ရေးသားသူ၏အမည်ကိုဖော်ပြထားခြင်း
မရှိပါ။သို့သော်လည်း ရှမွေလ၊နာသန်၊ဒါဝိဒ်နှင့် ယာရှာတို့၏
ရေးသားချက် မှတ်တမ်းပြုထားသည့် အကြောင်းအချက်အ
လက်များကို စုစည်းပြုစုခဲ့ခြင်းဖြစ်မည်ဟု ယူဆရပါသည်
( ၁ရာ ၁၀:၂၅၊၂ရာ ၁:၁၊ ၅ရာ ၂၇:၂၄၊ ၂၉:၂၉)။ ဤကျမ်း
နှစ်စောင်တွင် နှစ်ပေါင်းတရာခန့်အချိန်ကာလကို ခြုံငုံထား
ပြီး၊ တရားသူကြီးတို့ခေတ်ကုန်ချိန်မှ အစပြုကာ ဒါဝိဒ်မင်း
ကြီး မင်းပြုချိန်ကုန်ဆုံးသည့်တိုင်ဖြစ်သည်။ ခုနှစ်ကာလမှာ
ဓမ္မရာဇဝင်ပထမစောင် ၁၀၄၃ - ၁၀၁၁ ဘီစီအတွင်းဖြစ်ပြီး
ဒုတိယစောင် ၁၀၁၁-၁၀၀၄ ဘီစီဝန်းကျင်ခန့်ဖြစ်လိမ့်မည်။
၂။ ဘာသာရေးဆိုင်ရာ ရှုထောင့်ဦးတည်ခြင်း
က္ကသရေလပြည်တွင် တိုင်းတစ်ပါဘုရားကိုးကွယ်နေသူ
တွေရှိသည့်အားလျှော်စွာ စည်းလုံးညီညွတ်ခြင်း လူမျိုးနွယ်
စုအလိုက် ကူညီဖေးမခြင်းတွေလည်း အားနွဲ့နေကြသည့်
အခြေအနေ၌ရှိကြသည်။ထိုသို့ဖြင့်လည်း တိုင်းတစ်ပါးတို့၏
စိုးမိုးခြင်းလက်အောက်သို့ ကျရောက်နေကြသည်( ၁ရာ ၃:၁၁-၁၃၊ ၄:၁၀-၁၁)။ ရှာမွေလသည် ပရောဖက်အနေဖြင့်
၎င်း တရားသူကြီးအဖြစ်၎င်း ဘုရားသခင်ဘိသိက်အသုံးပြု
ခြင်းဖြင့် က္ကသရေလလူတို့ ဘုရားသခင်ထံသို့လှည့်ပြန်လာ
ကြသောအခါ သူတို့အား ကယ်မတော်မူသည်( ၁ရာ ၇:၃-၆
၊၁၃၊၁၅-၁၇)။ ရှာမွေလလည်း အသက်ကြီးလာသည့်အခါ၌
က္ကသရေလတိုင်ပြည်တစ်ပြည်လုံးအပေါ် ဩဇာမညောင်း
နိုင်ခြင်းဖြစ်လာသည့်အခါ တိုင်းပြည်အတွင်း ဒုက္ခများနှင့်
ပြန်လည်ရင်ဆိုင်ကြုံတွေ့ရပြန်သည်။ ထိုအခါ နိုင်ငံရေးရာ
တည်ငြိမ်မှုလိုလာခြင်းဖြင့် အခြားတိုင်းတစ်ပါးများကဲ့သို့ပင်
ဘုရင်အုပ်ချုပ်ရေးစနှစ်ကို လူတို့တောင်ဆိုကြလေသည်။
သို့သော်လည်း ရှာမွေလက မိမိတို့တွေ့ကြုံနေရသည့် ပြဿနာများမှာ အစိုးရအုပ်ချုပ်ရေးစနှစ်အပေါ်မမူတည်ဘဲ
လူတို့အပြစ်ကြောင့်သာပြီး လူထုဆန္ဒအတိုင်း ဘုရင်စနှစ်
ဖြင့် ဘုရင်တစ်ပါးအုပ်ချုပ်သော်လည်း ဘုရားသခင်၏အမိန့်
ကို မနာခံလျှင် ပြစ်ဒဏ်ခတ်ခြင်းခံရမည်ဟု ကြိတင်သတိ
ပေးခဲ့သည်။တရားသူကြီးလက်အောက်တွင်လည်း ထိုနည်း
အတိုင်းဖြစ်ခဲ့သည်( ၁ရာ ၁၂:၉-၁၅)။
က္ကသရေလပြည်၏ ပထမဦးဆုံးဘုရင်အဖြစ် ရှောလု
အား ဘုရားသခင်က ရှာမွေလအားဖြင့် ဘိသိက်စေခဲ့သည်။
တိုင်ပြည်ဎအရေးကြုံလာသည့်အခါ တရားသူကြီးတို့ကဲ့သို့
ရှောလုအပေါ် ဘုရားသခင်၏ဝိညာဉ်တော်တန်ခိုးသည် ကျ
ရောက်ခဲ့ပြီး ရန်သူများကိုအောင်တွန်းလန်အောင်နိုင်စေခဲ့
သည်( ၁ရာ ၁၁:၆-၁၁)။ သို့သော်လည်း ရှောလုမင်းသည်
ဘုရားသခင်မိန့်မှာသည့်အတိုင် မနာခံပဲ၊သူမလုပ်ဆောင်
သင့်သည့်အမှုကို ပြုလုပ်နေခြင်းဖြင့် ဘုရားသခင်၏စိတ်ကို
နာကျင်စေရာရောက်၍ သူ့အပေါ်ဘိသိက်ခြင်းတန်ခိုးကို
ပြန်ရုပ်သိမ်းပြီး ဒါဝိဒ်အားပေးခဲ့သည်( ၁ရာ ၁၅:၂၃၊၁၆:၁၃
-၁၄)။ဒါဝိမင်းကြီး၌ ခေတ်သစ်ကိုအစပြုခဲ့ပြီးနောက် ရာဇဝင်အကြောင်းအချက်များမှာ သူ၏ပြုလုပ်ဆောင်ရွက်
ချက်များလည်းတွေ့ရသည်။ ဓမ္မရာဇဝင်ပထမစောင်နှင့်
ဒုတိယစောင်တို့မှာ စောစောပိုင်းက ရှာမွေလပြောနင့်သည့်
အလျှောက် အစိုးရအုပ်ချုပ်ပုံစနှစ်ထက် ဘုရားသခင်၏ အမိန့်ကို နာခံခြင်းအပေါ် ပိုသက်ဆိုင်သည်။ ထိုကျမ်းတို့၏
ရည်ရွယ်ချက်မှာ သမိုင်းအကြောင်းအဖြစ်အပျက်များကို
မှတ်တမ်းတင်ခြင်းသက်သက်မဟုတ်ဘဲ လူတို့အသက်တာ
အတွင်း မည်သို့ဖြင့် ဘုရားသခင်၏ လုပ်ဆောင်ချက်များ
အကြောင်းပြသရန်လည်းဖြစ်သည်။
၃။ ဓမ္မရာဇဝင် ပထမစောင်တွင် ပါဝင်သောအကျဉ်းချုပ်
---------------------------------------------------------
ပထမစာစောင်၏ အခန်းကြီး တစ်{၁} နှင့် နှစ်{၂} မှာ
က္ကသရေလပြည်အတွင်း တရားသူကြီးများအဖြစ် ဧလိ နှင့်
ရှာမွေလ တို့၏ ဆောင်ရွက်ချိန်နှင့်သက်ဆိုင်သည်။ ရှာမွေလ၏ ထူးခြားစွာ မွေးဖွားသည့် အဓိပ္ပါယ်ဆောင်ခြင်း
(၁:၁-၂:၁၁)၊ ဧလိနှင့် သူ့မိသားသုအပေါ် ကျရောက်မည့်
တရားစီရင်ခြင်း(၂:၁၂-၃:၂၁) စစည်တို့ကို ကျမ်းရေးသူက
အကျယ်တစ်ဝန်းရေးသားဖော်ပြခြင်းကို က္ကသရေလနိုင်ငံ
စစ်ရှုံးခြင်း၊ပဋိညာဉ်သေတ္တာကို ဖိလိတ္တိလူတို့သိမ်ယူသွားခံ
ရခြင်း( ၄:၁-၂၂)၊သေတ္တာတော် ပြန်ရောက်လာသောအခါ
( ၅:၁-၇:၁)၊က္ကသရေလလူတို့နောင်တရကြပြီး တိုင်ပြည်အ
နေဖြင့် မှတ်သားဖွယ်သော အောင်မြင်မှုတစ်မျိုးအဖြစ်ရရှိခဲ့
ကြသည်( ၇:၂-၂၇)။
၃.၁ ရှောလုမင်း
နိုင်ငံရေးနှင့်ပတ်သက်ပြီး ပိုမိုတည်ငြိမ်မှုရလိုကြသော
ကြောင့် က္ကသရေလပြည်အတွက် ဘုရင်တစ်ပါးရရန် လူတို့
တောင်ဆိုခဲ့ကြသည်။ထိုသို့တောင်းဆိုချက်မှာ ဘုရားသခင်
ကိုငြင်းပယ်ဖွယ်ရာရောက်ရှိနေကြောင်း ရှာမွေလပြောကြား
ခဲ့သော်လည်း လူတို့စိတ်မပြောင်းလဲဘဲရှိသည်( ၈:၁-၂၂)။
ထို့နောက် ဘုရားသခင်က ရှောလုကိုဘိသိက်ရန် ရှာမွေလ
အား မိန့်ဆိုခဲ့သည်( ၉:၁-၁၀:၁၆)။လူအများရှေတွင်မဟုတ်
ဘဲ ရှောလုကိုသီးခြားဘိသိက်ပေးပြီးနောက်အများပြည်သူ
တို့နှင့်ဆိုင်သော အမှုထမ်းအရာ၌ ခန့်အပ်ခြင်းခံရသည်
( ၁၀:၁၇-၂၇)။ ရှောလုသည် အာမောရိလူတို့အား အောင်
မြင်ခဲ့ပြီးနောက် လူများကြိုက်နှစ်သက်သည့် သူရဲကောင်း
တစ်ဦးဖြစ်လာသည်( ၁၁:၁-၁၅)။ ရှာမွေလမှာ အမျိုးသား
ခေါင်ဆောင်နေရာမှ အနားယူလေသည်(၁၂:၁-၂၅)။
ရှောလု၏ အခြားမှတ်သားဖွယ်ကောင်းသော အောင်မြင်မှု
များမှာ ပထမအနေဖြင့် ဖိလိတ္တိလူ(၁၃:၁-၁၄:၅)၊ထို့နောက်
အာမလတ်လူ( ၁၅:၁-၃၅)တို့ကိုအောင်နိုင်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ထိုနှစ်ကြိမ်စလုံးတွင် ရှောလုသည် နာခံမှု
မရှိဘဲ သူ့စိတ်ထင်အတိုင်းလုပ်ခဲ့သည်။
...က။ ဖိလိတ္တိလူတို့မိတ်မတ်မြို့တွင်တပ်ချလာကြရာ ရှောလုမင်းသည် ရှာမွေလကိုမစောင့်နိုင်ခြင်းမှ သူမပြုအံ့
သော မီးရှို့ရာ ယဇ်ပူဇော်ခြင်းအမှုကို သူကိုယ်တိုင်ပြုခဲ့ခြင်း
ဖြစ်သည်။
....ခ။ နောက်ထပ်တစ်ကြိမ် ဘုရားသခင်က အခွင့်ရေးထပ်ပေးပြီး က္ကသရေလလူမျိုးများ အဲဂုတ္တုပြည်မှ
ထွက်လာကြစဉ်တွင် အာမလတ်လူတို့က အဆီးအတားပြု
ခြင်းအမှုကိုထောက်၍ ဘုရားသခင်က အာမလတ်လူတို့နှင့် တရိစ္ဆာန်အားလုံးကို နှမြောစိတ်မရှိဘဲ ပျက်စီးရန်မိန့်ဆို
ခဲ့ခြင်းကို ရှောလုက မနာခံဘဲ လူတို့၏အကြံပေးမှုအတိုင်း
အာမလတ်ဘုရင်ကို အရှင်ဖမ်းခဲ့ပြီး၊ဆူသောသိုးသူငယ်တို့
ယဇ်ပူဇော်ဖို့ရန်ယူဆောင်၍၊ ကောင်းသောဥစ္စာများလည်း
သိမ်းယူကြလေသည်။
.......ဤသို့ဖြစ် ဘုရားသခင်သည် ရှောလုအားက္ကသရေလ
ဘုရင်အရာဘိသိပ်ခြင်း တန်ခိုးကို ပြန်ရုပ်သိမ်းခဲ့လေသည်။
နောက်တစ်ကြိမ် ဖိလိတ္တိလူတို့နှင့်စစိတိုက်ကြပြန်ရာ
ထိုစစ်ပွဲ၌ က္ကသရေလလူတို့ စစ်ရှုံးကြသည်ဖြစ်၍ ထိုနေ့၌
ရှောလုမင်းလည်း အသက်ဆုံးရှုံးခဲ့ရလေသည်(၃၁:၁-၁၃)။
၃.၂ ဒါဝိဒ်မင်း
က္ကငရေလပြည်အဖို့ ရှင်ဘုရင်အဖြစ် ယေရှဲ၏သား
ယုဒပြည် ဗက်လင်မြို့မှ ဒါဝိဒ်ကို ရှောလုအင်းအားဆက်ခံ
ရန် ရွေးချယ်ဘိသိက်စေခဲ့သည်(၁၆:၁-၂၃)။ထို့နောက်တွင်
ဒါဝိဒ်ကို လူထုရှေ့မှောက်၌ ဘုရားသခင်ရဲ့ ဘိသိက်ခြင်း
တန်ခိုးထင်ရှားစေရန် ဂေါ်လျှက်ကို အောင်နိုင်စေခဲ့သည်
(၁၇:၁-၅၈)။ အခြားအောင်မြင်မှုများလည်း ထပ်မမံရရှိခြင်း
ကြောင့် က္ကသရေလတပ်မတော်အတွင်း အလျင်အမြန်ဖြင့်
ရာထူးတိုးမြင့်ခြင်းကို ဒါဝိဒ်ခံရလေသည်။ထိုအရာသည်ပင်
ရှောလုမင်းအတွက် မနာလိုဖြင်းအတွက် နှိုးဆွပေးသကဲ့သို့
ဖြစ်စေပြီး ဒါဝိတ်ကိုသတ်ပစ်ရန်အထိ အကြိမ်ကြိမ်ကြိုးစား
ခဲ့သည်( ၁၈:၁-၁၉:၂၄)။ ဒါဝိဒ်သည် အသက်ဘေးမှ လွှတ်
မြောက်ရန် ရှောလုထံမှထွက်ပြေးရသည်( ၂၀:၁-၂၁:၁၅)။
ထို့နောက်မကြာမီ တရားမျှတခြင်းမရှိသည့် ရှောလု၏အုပ်
ချုပ်မှုကို မကျေနပ်ကြသော လူထုများစွာက ဒါဝိဒ်ဖက်သို့
စိတ်အာရုံပြုလာကြပြီး ပူပေါင်းလာကြသည်(၂၂:၁-၂၃)။
တစ်ချိန်တွင် ရန်သူဖိလိတ္တိပြည်၌ ခိုလုံရန်နေရာရှာပြီး
( ၂၆:၁-၂၇:၁)၊ က္ကသရေလပြည်ကို တိုက်ခိုက်ရန် ဖိလိတ္တိ
လူတို့နှင့်အတူ ပါဝင်ခဲ့သေးသည်။သို့သော်လည်း ဒါဝိဒ်ကို
ဖိလိတ္တိဆောင်ဆောင်များက လက်မခံဘဲ ပြန်လွှတ်သည်
( ၂၈:၁-၂၉:၁၁)။သို့ဖြစ်၍ ဒါဝိဒ်သည် က္ကသရေလလူတို့နှင့်
တိုက်ခိုက်မည့်အစား က္ကသရေလတောင်ပိုင်ဘက်၌ရှိနေကြ
သော အာမလတ်လူတို့ကို ဝင်ရောက်တိုက်ခိုက်သည့်အခါ
ထိုက်တန်စွာ အောင်မြင်မှုရရှိခဲ့သည်(၃၀:၁-၃၁)။ ထိုအချိန်
တွင် ဖိလိတ္တိလူ တပ်သားတို့သည် က္ကသရေလမြောက်ပိုင်း က္ကသရေလတို့နှင့် စစ်တိုက်ကြ၍ က္ကသရေလတို့စစ်ရှုံးကြပြီး
ထိုစစ်ပွဲတွင် ရှောလုမင်း အသက်ဆုံးရှုံးခဲ့သည်(၃၁:၁-၁၃)။
၄။ ဓမ္မရာဇဝင် ဒုတိယစောင်တွင် ပါဝင်သောအကျဉ်းချုပ်
-----------------------------------------------------------
က္ကသရေလတိုင်းပြည်၏ ရှင်ဘုရင် ရှောလုနေရာတွင်
ဒါဝိဒ်အား ဘုရင်အဖြစ်ခန့်အပ်ခဲ့ကြသည်။ သို့သော်လည်း
ရှောလု၏ နှောက်လိုက်အချို့က ဒါဝိဒ်အား ဆန့်ကျင်မှုပြု၍
ရှောလု၏သား တစ်ယောက်ကို မင်းမြှေ ာက်ကြပြီး မကြာမီ
ထိုအုပ်စုနှစ်ခု ခိုက်ရန်ဖြစ်ပွားလေသည်( ၁:၁-၃:၁)။ နှစ်နှစ်
ခန့်ကြာပြီးနှောက် ရှောလု၏ အုပ်စုအား တွန်းလှန်ဖယ်ရှာ
ပစ်ပြီး အငြင်းအပွားမရှိဘဲ ဒါဝိဒ်သည် ဘုရင်ဖြစ်သည်(၃:၂
-၄:၁၂)။ ထိုအချိန်တွင် ယေရုရှုလင်မြို့၌ က္ကသရေလလူမျိုး
မဟုတ်သည့် လူတို့လက်အောက်၌ရှိသောကြောင့် ထိုမြို့ကို
ဒါဝိဒ်မင်းကြီးသည် တိုက်ခိုက်အောင်မြင်သိမ်းပိုက်ခဲ့သည်။
ထိုသို့ဖြင့် က္ကသရေလတစ်ပြည်လုံးကို တစ်ပေါင်းတစ်စည်း
ထူထောင်နိုင်ခဲ့ပြီး ထို့မြို့ကို နိုင်ငံ၏ မြို့တော်သစ်အဖြစ်
သတ်မှတ်ခဲ့သည်( ၅:၁-၂၅)။ ဘုရားသခင်အား စစ်မှန်စွာ
ကိုးကွယ်ရန် စစ်မှန်သည့်နေရာ နိုင်ငံတော်၏ ဗဟိုဌာနတွင်
ရှိစေရန်ဆုံးဖြတ်၍ ပဋိညာဉ်သေတ္တာတော်ကို မြို့တော်သို့ ဒါဝိဒ်ယူဆောင်လာခဲ့သည်( ၆:၁-၂၁)။ ဘုရားသခင်အဖို့
အဆောက်အဦ အတည်တကျဆောက်လုပ်ရန် ဒါဝိမင်းက
ဘုရားသခင်ထံ တောင်ဆိုချက်ပြုလေသည်။ထိုတောင်ဆို
ချက်ကို တုန့်ပြန်သောအနေဖြင့် သာ၍အရေးပါသည့် အရာ
ပေးမည့်အကြောင်း ဒါဝိဒ်အား ဘုရားသခင်ကတိပေးသည်။
ထိုအရာမှာ တည်မြဲရှည်ကြာသည့် မင်းဆက်ဖြစ်သည်(၇:၁
-၂၉)။
ဒါဝိဒ်မင်းသည် စစ်ပွဲများစွာကိုအောင်မြင်ခဲ့သည်(၈:၁-
၁၀:၁၉)။ သို့သော်လည်း သတိမမူဘဲ ကာမဆိုင်ရာအပြစ်
ပြုမိခြင်းကြောင့် ကြီးလေးသောဒုက္ခသက်ရောက်ခဲ့သည်
(၁၁:၁-၁၂:၃၁)။ထိုအပြစ်၏ဆိုးကျိုးကြောင့် အိမ်ထောင်မိ
သားစုလည်း ပြိုကွဲခဲ့ရပြီး(၁၃:၁-၁၄:၃၃)၊သားတော်တစ်ပါး
အဗရှလုံက နန်းတော်သိမ်းပိုက်ခဲ့ရသည့် အဖြစ်ကျရောက်
လေသည်(၁၆:၂၃)။ ဒါဝိဒ်နှင့် အဗရှလုံတို့ကြား ဖြစ်ပွားရ
သည့်စစ်ပွဲတွင် အဗရှလုံအသက်ဆုံးရှုံးရသည်(၁၇:၁-၁၉:၈
ထို့နောက် ယေရုရှုလင်မြို့သို့ ဒါဝိဒ်မင်းပြန်လာပြီး ဘုရင်
အဖြစ် ပြန်လည်အုပ်စိုးသည်(၁၉:၉-၄၃)။ မကြာမီအတွင်း
နောက်ထပ် ပုန်ကန်မှုနှင့် ဒါဝိဒ်မင်းကြီးရင်ဆိုင်ခဲ့ရပြန်ပြီး
သို့သော် ဤတစ်ကြိမ်တွင် လျှင်မြန်စွာအောင်မြင်ခဲ့သည်
(၂၀:၁-၂၆)။
နောက်ဆုံးအခန်းကြီးလေးခန်းမှာ ရှောလု၏ကျန်လစ်
ခဲ့သောအမှုကိစ္စများကိုဖြေရှင်ပေးခြင်းနှင့် ရှောလု၏အရိုး
နှင့် ယောနသန်၏အရိုးများကို သဂြိုလ်ခြင်းအမှုနှင့် ဖိလိတ္တိ
လူတို့နှင့်စစ်တိုက် အောင်မြင်ခြင်းများဖြစ်သည်။အခြားကိစ္စ
ဒါဝိဒ်ရင်ဆိုင်ကြုံတွေ့ရသောခက်ခဲသည့်ဆုံးဖြတ်ချက်များ
(၂၁:၁-၂၂)။ရန်သူများအပေါ် အောင်မြင်ခြင်းများကို ရှည်
လျှားသည့်ဆာလံ သီချင်းဖြင့် ဖော်ကျူးခဲ့ပြီး( ၂၂:၁-၅၃)။
စာပိုဒ်တိုလေးတစ်ခုဖြင့် မိမိလူတို့အတွက် ရယူခဲ့သော ကောင်းကြီးမင်္ဂလာများအကြောင်း၊ဘုရားသခင်ကို ကြောက်ရွံ့သောဘုရင်က ဖော်ပြထားသည်( ၂၃:၁-၇)။
၅။ နိဂုံး
ဒါဝိဒ်မင်းကြီး၏ ကြီးမြတ်သော လူတို့စာရင်းကိုဖော်ပြပြီး
နောက်( ၂၃:၈-၃၉)၊ နှောက်ဆက်တွဲအား ဒါဝိဒ်မင်းကြီး
တစ်ကြိမ်ကောက်ယူခဲ့ပြီး ဒုက္ခရောက်စေသည့် လူမှုရေး
စစ်တမ်းအကြောင်းဖြင့် အဆုံးသတ်ခဲ့လေသည်။
(၂၄:၁-၂၅)။
သမ္မာကျမ်းစာ၏ အမွေအနှစ်များ
===========&==========
၁။ နိဒါန်း