ဟဗက္ကုတ်အနာဂတိကျမ်း - HABAKKUK
Reshare #9Dan Unicode & Zawgyi
၁။ နိဒန်း
ဟဗက္ကုတ်သည် အခြား ပရောဖက်များနှင့် မတူဘဲ မိမိပရောဖက်ပြုခြင်း အချိန်ကာလကို အတိကျဖော်ပြ ခြင်းမရှိပေ။ သို့သေည်လည်း ကျမ်းတွင်ပါရှိသည့် အကြောင်းရင်းများကို သုံးသပ်ခြင်းဖြင့် ယုဒဘုရင်တို့အုပ်ချုပ် သည့်အချိန်ကာလဖြစ်ကြောင်းသိမြင်နားလည်ရပြီး ဗာဗုလုန်အင်အားကြီးကာစအချိန်ဖြစ်၍ ယုဒပြည်ကိုတိုက် ခိုက်အောင်မြင်မည်ဟု ကြွေးကြော်နေချိန်ဖြစ်သည်။
၂။ ကျမ်း၏နောက်ခံသမိုင်းအကြောင်း
၆၁၂ ဘီစီတွင် အာရှုရိပြည်ကို အောင်မြင်ပြီးနောက် ဗာဗုလုန်တို့သည် ထိုဒေသအတွင်း အတွင်း အဓိကအင်အားကြီးသူများဖြစ်လာကြသည်။ ဤအကြောင်းလေးနက်စေခဲ့သည့်အကြောင်းမှာ ၆၀၅ ဘီစီတွင် ကာဖေမိတ်အရပ်၌ အဲဂုတ္တုတပ်အား တိုက်ခိုက်အောင်မြင်ခဲ့ခြင်းဖြစ်သည် ( ၄ရာ ၂၄း၇။ ယေ ၄၆း၂)။ ထိုစစ် အောင်နိုင်ခြင်းဖြင့် ယုဒပြည်အပေါ် စိုးမိုးချုပ်ကိုင်နိုင်ခဲ့သော်လည်း ယုဒလူတို့၏ အကြိမ်ကြိမ်ပုန်ကန်မှုကို သည်းမခံနိုင်ဘဲ ၅၈၇ ဘီစီမှသာ ယေရုရှလင်မြို့ကို ဖျက်ဆီးပစ်ခဲ့ကြသည်။
ယုဒပြည်ကို ဗာဗုလုန်တို့ အောင်မြင်ခြင်းမှာ ဘုရားသခင်အား အကြိမ်ကြိမ်သစ္စာဖောက်ကြခြင်းကြောင့် ဖြစ်သည်။ ဤသို့ဖြစ်ခြင်းကြောင့် ဟဗက္ကုတ်အတွက် ပြဿနာပေါ်ပေါက်စေခဲ့ပြီး သူ၏ကန့်ကွက်ချက်များအား ဘုရားသခင် မည်သို့ကိုင်တွယ်ဖြေရှင်းခဲ့ကြောင်း ကျမ်းတွင် ဖော်ပြခဲ့သည်။
၃။ ကျမ်း၏အကျဉ်းချုပ်
ကျမ်းအစတွင်ပင် ဟဗက္ကုတ်က ဘုရားသခင်အား ညည်းတွားခဲ့သည်မှာ မည်မျှပင်ဟောကြားစေကာမူ ယုဒလူတို့ တိုးတက်ခြင်း ပြောင်းလဲသည့် လက္ခဏာမရှိကြပေ။ မည်သည့်အချိန်ကာလအထိ ယုဒလူတို့အား ဒဏ်ခတ်ခြင်းမပြုဘဲ ဘုရားသခင်ခွင့်ပြုထားမည်ဖြစ်ကြောင်း မေးမြန်းမှုပြုခဲ့သည် ( ၁း၁-၄ )။ ဘုရားသခင်က ယုဒလူတို့ကို အပြစ်စီရင်ရန် ဗာဗုလုန်တို့အား ပြင်ဆင်နေကြောင်း ဖြေကြားခဲ့သည် ( ၁း၅-၁၁ )။ ဤသို့ပြုမည် ကိုဟဗက္ကုတ်က ပြင်းထန်စွာကန့်ကွက်ခဲ့သည်။ ယုဒလူတို့သည်ဘုရားသခင်၏ လူမျိုးတော်ဖြစ်လျှက် ဗာဗုလုန် တို့အား ယုဒလူတို့ကို အပြစ်ပေးမည့်သူအဖြစ် အသုံးပြုမည်နည်း။ ဗာဗုလုန်တို့သည် ယုဒလူတို့ထက် ပို၍အပြစ် ပြုသောသူများဖြစ်သည်ဟုဆိုလျှက်ဘုရားသခင်၏အဖြေကိုသူစောင့်ခဲ့သည် ( ၁း၁၂-၁၇၊၂း၁ )။
အချန်ကြရောက်လာသည့်အခါ ဘုရားသခင်ဖြေကြားတော်မူခဲ့သည်။ ဘုရာူသခင်၏ဖြေကြားချက်မှာ ဗာဗုလုန်တို့ဖြစ်စေ၊ ယုဒလူတို့ဖြစ်စေ ယုတ်မာခြင်းသည် မရှုံးနှင့်ရင်ဆိုင်ရပည်ဖြစ်သည်။ တည်ကြည်ဖောင့်မတ် သောသူအနေဖြင့် မည်သည့်အရာကိုမျှစိုးရိမ်စရာမလိုကြောင်းဖြစ်သည်။ နောက်ဆုံးသောအချိန်၌ ထိုသူတို့အား အောင်မြင်ခြင်းရစေမည် ( ၂း၂-၅)။ ပရောဖက်အနေဖြင့် ဘုရားသခင်၏ဖြေကြားချက်အအလျှောက် ယုဒလူတို့ အား ဗာဗုလုန်တို့၏ လက်အောက်သို့ကျရောက်စေမည့်အမှု့အပေါ်အားရနှစ်သက်ခြင်းမရှိနိုင်ပေ ( ၂း၆-၂၀)။
၄။ နိဂုံး
ဤကျမ်းကို နိဂုံးချုပ်ရာတွင် မကောင်းမှုဒုစရိုက်အပေါ် ဘုရားသခင်၏ လုပ်ဆောင်မှုများအား ဖော်ပြသည် (၃း၁-၁၅ )။ ဟဗက္ကုတ်၏မေးခွန်းအပေါ် ဆီးလျှော်သက်ရောက်ခြင်းသည် နောက်ဆုံးသော စာသားများအရ ဘုရားသခင်၏ တရားမျှတခြင်းနှင့် ဉာဏ်တော်ကို ဟဗက္ကုတ် သိနားလည်လာသည်။ ယုဒလူတို့သည် ဘုရားသခင်၏ အပြစ်စီရင်ခြင်းကို ခံထိုက်ကြောင်း သိလာခဲ့သည်။ ဘုရားသခင်၏ အလိုတော်ကို ဆောင်ကြဉ်ခဲ့ သည့် ဗာဗုလုန်တို့အပေါ် ဘုရားသခင်၏အလိုတော်အရ တရားမျှတစွာနှင့် အသီဉာဏ်တော်အားဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဟု ဟဗက္ကုတ် စိတ်ချသည် ( ၃း၁၆-၁၉ )။
May God Bless You All.
သမ္မာကျမ်းစာ၏ အမွေအနှစ်များ
၁။ နိဒန်း
၃။ ကျမ်း၏အကျဉ်းချုပ်
၎။ နိဂုံး
May God Bless You All.
0 comments:
Post a Comment