0
အာမုတ် အနာဂတ္တိကျမ်း - Amos Reshare #9Dan Unicode & Zawgyi
အာမုတ် အနာဂတ္တိကျမ်း - Amos
Reshare #9Dan Unicode & Zawgyi
=============
၁။ နိဒါန်း
က္ကသရေလနှင့် ယုဒနိုင်ငံတွင် လာဘ်ပေးလာဘ်ယူမှုမှာ
၈၀၀ ဘီစီခန့်တွင် အလွန်ကျယ်ပြန့်စွာဖြစ်ပေါ်နေခဲ့သည်။
ထိုအမှုအပေါ် ဘုရားသခင်၏လူများက ဆန့်ကျင်ပြီး တရား
စီရင်ခြင်းကျရောက်မည်ကိုကြေညာခဲ့သည်။ ထိုကာလတွင်
ပရောဖက် ( ၄ ) ဦး၏အရေးအသားများမှတ်တမ်းတင်ထား
ရာ၌ အဦးဆုံးသူမှာ အာမုတ်ဖြစ်မည်ဟု ယူဆရသည်။
အခြားသူများမှာ ဟောရှေ၊ဟေရှာယ နှင့် မိက္ခာတို့ဖြစ်ကြ
သည်။
၂။ ထိုခေတ်ကာလ၏ စရိတ်လက္ခဏာများ
က္ကသရေလတွင် ဒုတိယမြောက် ယေရောဗောင်မင်းကြီး
နှင့် ယုဒပြည်တွင် ဩဇိမင်းကြီးနန်းစံစဉ်က အာမုတ်သည်
ပရောဖက်ပြုခဲ့ခြင်းဖြစ်သည်။ထိုစဉ် ဤဘုရင်နှစ်ပါးအားဖြင့်
က္ကသရေလ၊ နှင့် ယုဒအုပ်စိုးမှုမှာ မြောက်ဘက်တွင် ရှုရိမှ၊
တောင်ဘက် အဲဂုတ္တုပြည်အထိ၊ နှောက်ဘက်မှ ဖိလိတ္တိမှ၊
အရှေ့ဘက်တွင် အာမ္မုန်အထိ ကျယ်ပြန့်စေခဲ့သည် ( ၄ရာ
၁၄:၂၃-၂၇။ ၆ရာ ၂၆:၁-၁၅ )။ နိုင်ငံရေးနှင့် စီးပွားရေး၌
တိုးတက်မှုအားဖြင့် က္ကသရေလနှင့် ယုဒနိုင်ငံမှာ ကြွယ်ဝ
ချမ်းသာလာကြသည်။သို့ဖြင့် တစ်ချိန်တည်း၌ ဘာသာရေး
တွင် အားလျှော့လာပြီး အကျင့်စရိုက်များ ဆိုးဝါးလာသည့်
အခြေနေသို့ဖြစ်လာသည်။
ယခင်တုန်းက စိုက်ပျိုးရေးလုပ်ငန်းပေါ်တွင်တွင် အခြေ
ခံထားကြသည့် လူနေမှုဘဝမျိုးဖြစ်သည်။ သို့ရာတွင် ကုန်
သွယ်မှုလျင်မြန်စွာ တိုးတက်လာသည်နှငိ့အမျှ ကုန်သည်
များလည်း သူ့အသိုင်းအဝိုင်းတွင် သြဇာရှိလာကြသည်။
လယ်သမားများမှာ အဖိနှိပ်ခံရသည့်အခြေအနေသို့ဖြစ်လာ
ရသည်။ အစိုးရအဖွဲ့တွင် လာဘ်ပေးလာဘ်ယူမုများနှင့် စီး
ပွားရေးလောဘများ တိုးတက်လာခဲ့သည်။ လူနည်းစုသာ
ကြီးပွားလာပြီး လူများစုမှာ ဆင်းရဲဒုက္ခရောက်ကြရသည်။
အထက်တန်းလွှာများ ကြွယ်ဝခြင်း၊အာဏာရှင်ဆန်လာခြင်း
တို့ကြောင့် အောက်တန်းလွှာများအား အမြတ်ထုတ်ဖိနှိပ်
လာလေတော့သည်။တရားရုံးများ၌ပင် လာဘ်ပေးလာဘ်
ယူမှုများ ရှိသဖြင့် ဆင်းရဲသားများ အတွက် တရားမမျှတမှု
ရှိလေတော့သည်။
သိုးကျောင်းသား လယ်သမားတစ်ဦးဖြစ်သော အာမုတ်
သည် စာနာမှုမရှိသော ကုန်သည်များ၊ လာဘ်စားသောအ
ရာရှိများနှင့် ရင်ဆိုင်ရသဖြင့် ဆိုးရွားသောအခြေအနေကို
သိပြီး ဆန့်ကျင်ပြောဆိုသည် ( အာ ၁:၁၊၇:၁၄-၁၅ )။
ချမ်းသာငြွယ်ဝသူများ၏ ဇိမ်ခံမှုနှင့် လောဘကြီးမှုတို့ကို
ရှုတ်ချခဲ့သည်။ ချမ်းသာသူများက ဆင်းရဲသားတို့၏ ဥစ္စာ
ပစ္စည်းများအား လိမ်လည်ခြင်း၊ ဖိနှိပ်ခြင်းနှင့် မတရားမှုတို့
အားဖြင့် ရယူခဲ့ကြသည်( အာ ၂:၆-၇၊၃:၁၀၊၁၅၊၅:၁၀-၁၂။
၆:၄-၆၊ ၈:၄-၆ )။ဘာသာရေးဆိုင်ရာပွဲတော်များကို ကျင်ပ
နေကြသော်လည်း ဘုရားသခင်ကိုကြည်ညိုသောစိတ်ဖြင့်
မဟုတ်ဘဲဝတ္တရားအရလုပ်နေခြင်းမျိုးသော်၎င်း၊မတရားမှုလုပ်နေသမျှကာလပတ်လုံး ဘာသာရေးလုပ်ဆောင်ချက်
များကိုလည်း ဘုရားသခင်က ရွံမုန်းနေသည်( ၅:၂၁-၂၄၊
၈:၃၊၁၀ )။နိုင်ငံတော်မှာ ဆိုးရွားသောစီရင်ချက်သို့ ဦးတည်
ကျရောက်လာမည်ကို အာမုတ်ဟောကြားခဲ့သည်( ၆:၁၄၊
၇:၈-၉ )။
၃။ အာမုတ်၏ သတင်းစကား
က္ကသရေလ၏ စီးပွားရေ၊ကုန်သွယ်ရေးပြုလုပ်ရာ အဓိက အိမ်နီးချင်းနိုင်ငံများအပေါ် ဘုရားသခင်၏ တရားစီရင်ခြင်း
ကျရောက်မည့်အကြောင်း ဦးစွာ အာမုတ်ကြေညာခဲ့သည်။
( အာ ၁:၁-၂:၃)။ ဆထို့နောက် ယုဒနိုင်ငံအပေါ်မှာလည်း
ဘုရားသခင်၏ တရားစီရင်ခြင်းကျရောက်မည်ဖြစ်ကြောင်း
သတိပေးခဲ့သည်( အာ ၂:၄-၅ )။အထူးသဖြင့်ထိုအချိန်တွင်
အလွန်ဖောက်ပြန်ဆိုးဝါးနေသော ကာကသရေလနိုင်ငံအ
တွက် အာမုတ်စိုးရိမ်မူဖြစ်သည်( အာ ၂:၆-၁၆ )။
ဘုရားသခင်၏ ပရောဖက်တစ်ဦးအနေနှင့် ပြောစေလို
သမျှကို ပြန်လည်ကြေညာရန် အာမုတ်၌ တာဝန်ရှိနေသည်
( အာ ၃:၁-၈ )။အာမုတ်သည် က္ကသရေလပြည်၏မြို့တော်
ရှာမရိအား အကြောက်အရွံ့ကင်းမဲ့စွာ ပြစ်တင်ရှုတ်ချသည်
( အာ ၃:၉-၄:၃)။ ဘုရားသခင်၏သတိပေးမှုများကို ငြင်း
တန်နေသောလူများအား ပြစ်တင်ရှုတ်ချခဲ့သည်( ၄:၄-၁၃)။
ဘုရားသခင်က နောင်တရရန် သတိပေးတောင်ဆိုလေပြီး
( ၅:၁-၂၇ )၊ နောင်တမရလျှင် နိုင်ငံတော်မှာ တိုင်းတပါး၏
လက်ထဲသို့ ပျက်စီးရန် သေချာပေါက် ဦးတည်နေကြောင်း
သတိပေးခဲ့သည် ( ၆:၁-၁၄ )။
ဘုရားသခင်၏ သတိပေးမှုအပေါ် ပုန်ကန်နေသော
နိုင်ငံအပေါ် အကန့်သတ်မရှိကြောင်း ရှုပါရုံသုံးခုအားဖြင့်
အာမုတ်ကို ဖော်ပြခဲ့သည်( ၇:၁-၉ )။ ယဇ်ပုရောဟိတ်တစ်
ဦးက အာမုတ်၏ ကြေညာချက် တရားစီရင်ခြင်းအကြောင်း
ကိုငြီးငွေ့လာပြီး ရှင်လင်းပစ်ရန်ကြံစည်ပြီး သို့သော်လည်း
မအောင်မြင်ခဲ့ပေ(၇:၁၀-၁၇ )။အာမုတ်က ဘုရားသခင်ပေး
ထပ်မံပေးသည့် ရူပါရုံနှစ်ခုကိုဖော်ပြခဲ့သည်။
ပထမအနေဖြင့် က္ကသရေလသည် လမ်းဆုံးသို့ရောက်
လုနီးကြောင်းဖြစ်သည်( ၈:၁-၁၄)။ဒုတိယမှာ လွှတ်မြောက်
ရာလမ်းမရှိတော့ခြင်းဖြစ်သည် ( ၉:၁-၁၀ )။ အာရှုရိလူတို့
လက်ထဲ၌ကျရောက်ရန် ကြိုတင်သတိပေးခြင်းဖြစ်သည်။
၄။ နိဂုံး
သို့သော် ဖမ်းဆီးချုပ်နှောင်ခံရခြင်းဖြင့်ပြစ်ဒဏ်ခတ်ပြီး
နောင်တရကြသည့်အခါ ဘုရားသခင်က နိုင်ငံတော်ကို ပြန်လည်တည်ထောင်ပြီး က္ကသရေလလူများကို ပြန်လည်
ကောင်းချီးပေးမည် ( ၉:၁၂-၁၅ )။
သမ္မာကျမ်းစာ၏ အမွေအနှစ်များ
=============
၁။ နိဒါန်း
သည်။
အခြေနေသို့ဖြစ်လာသည်။
ရှိလေတော့သည်။
၇:၈-၉ )။
၃။ အာမုတ်၏ သတင်းစကား
သတိပေးခဲ့သည် ( ၆:၁-၁၄ )။
၎။ နိဂုံး
0 comments:
Post a Comment
Back to Top Related Posts Plugin for WordPress, Blogger...