0

ဘိနပ်ချုပ်သမားဘဝမှ သာသနာပြုဆရာဖြစ်လာသူ ဝီလီယမ်ကယ်ရီ (William Carey) (၁၇၆၀ - ၁၈၃၄)

 
ဘိနပ်ချုပ်သမားဘဝမှ သာသနာပြုဆရာဖြစ်လာသူ

Unicode & Zawgyi
ဝီလီယမ်ကယ်ရီ (William Carey) (၁၇၆၀ - ၁၈၃၄)
တဲအိမ်ကုပ်ကလေး အတွင်း ဖိနပ်ဟောင်း များကို ချုပ်နေသော လူကလေး ဝီလီယမ်ကယ်ရီ ကိုသင်
တွေ့မြင်ခဲ့လျှင်နောင် အခါကျမ်းစာကို ကမ္ဘာ့ဘာသာ စကားပေါင်း များစွာ၏ ၁/၃ သို့ဘာ သာပြန်ပေးသော သာသနာပြု လုပ်ငန်း၏ ဖခင်ကြီးဖြစ် လာမည့်ဟု လုံးဝထင်မြင် ခဲ့မည်မ ဟုတ်ချေ။

ကလေးဘဝ
ကလေးဘဝ၌ပင် ဇွဲလုံ့လရှိသူဖြစ်ကြောင်း ထင်ရှားခဲ့သည်။ စွန့်စားရသောအလုပ်ကို သူအမြဲနှစ်သက် ခဲ့၏။ တစ်ချိန်ကငှက်သိုက်ကိုစူးစမ်း
ရန်သစ်ပင်ပေါ်တက်ရင်းခြေချော်လိမ့်ကျခဲ့၏။ ကိုယ်ပေါ်၌ ခြစ်ရှရာဒဏ်ချက် များဖြင့်အိမ်ပြန်ခဲ့၏။ သူ၏မိခင်ကဒဏ်ရာများကိုဆေးထည့်၊ ပတ်တီးစည်းေျပးပြီး ကုတင်ပေါ်တွင်လဲလျောင်းစေ ခဲ့သည်။ သို့သော် သူသည်အလွယ်တကူနှင့်အလျော့ပေးတတ်သူမဟုတ်ချေ။ မိခင်အလစ်တွင် အပြင်ထွက်သွား ရာသူမသတိရ၍ ကြည့်လိုက်သောအခါလက်ထဲ၌ငှက်သိုက်ကိုင်လျက်ပြန်လာသော သားကိုတွေ့လိုက်ရသည်။
ဝီလီယံသည်အားကစားနှင့်ခရီးသွားခြင်းကိုနှစ်သက်သည်။သူအနှစ်သက်ဆုံးသူရဲကောင်းမှာ ကိုလံဗတ် ဖြစ်ပြီး ထိုသူ၏အကြောင်းကိုမကြာခဏပြောခဲ့ပေလိမ့်မည်။ ထို့ကြောင့်လည်းသူ့အားအခြားသောကလေးများက “ကိုလံဗတ်” ဟုချစ်စနိုးခေါ်ခဲ့ကြခြင်းဖြစ်ပေသည်။ သူသည်ပတ်ဝန်းကျင်သဘောသဘာဝကိုနှစ်သက်မြတ်နိုးပြီး လယ်ကွင်းပြင်၌တွေ့ခဲ့သောသစ်ပင်များ၊ အင်းဆက်ပိုးများ၊ငှက်ကလေးများကို ရွေးချယ်စုဆောင်းပြီး လေ့လာ သည်။ ထိုအရာများထက် စာပေများကိုသူနှစ်သက်မြတ်နိုးဆုံးဖြစ်၏။ အထူးသဖြင့်ခရီးသွားမှတ်တမ်းနှင့် စွန့်စား ခန်းများအကြောင်းပါသောစာအုပ်များဖြစ်၏။ သူသည်ဘာသာစကားများကိုလေ့လာရန်လည်းစိတ်ဝင်စားခဲ့၏။ ကလေးဘဝ၌ပင် လက်တင်ဘာသာစကားကိုစတင်လေ့လာခဲ့၏။

ဘိနပ်ချုပ်သမားဘဝ
အသက်(၁၂) နှစ်အရွယ်တွင်ကျောင်းထွက်ရသည်။ အသက်(၁၄)နှစ်အရွယ်တွင် ဖခင်ဖြစ်သူကဘိနပ် ချုပ်သမားတစ်ဦးထံတွင်အပ်နှံကာဘိနပ်ချုပ်အတတ်ပညာကိုသင်ယူစေခဲ့သည်။ ထိုအချိန်ကသူသည် ဘာသာ ရေး၌စိတ်ဝင်စားမှုလုံးဝမရှိသေးချေ။ သူသည်အသင်းတော်တော်သံစုံသီချင်းအဖွဲ့၌ ပါဝင်သီဆိုခဲ့ပြီး ကောင်းမွန် သောခရစ်ယာန်အိမ်ထောင်၌ကြီးပြင်းခဲ့သော်လည်း တခါတရံအခြားသူငယ်ချင်းများနှင့်ပေါင်းသင်းကာ ဆဲရေး တိုင်းထွာခြင်း၊ မုသာပြောခြင်း၊ ညစ်ညမ်းသောပုံများပြောခြင်းပြုခဲ့၏။ သို့သော်လည်းသူနှင့်အတူဘိနပ်ချုပ်သင် သူတစ်ဦးဖြစ်သော ဝါး(Warr) ၏ပုံသက်သေကောင်းကြောင့်မကြာခဏသြတ္တပ္ပစိတ်မကြည်မလင်ဖြစ်ကာစတင် ၍ဆုတောင်းတတ်လာ၏။ တစ်နေ့အလုပ်ရှင်၏ငွေတစ်သျှီလင် (shilling) ကိုသုံးမိသောကြောင့်ဖမ်းဆီးပြီးလူပုံ အလယ်၌အရှက်ခွဲခံခဲ့ရ၏။ ဤဖြစ်ရပ်အားဖြင့်နှိမ့်ချစိတ်ဖြစ်စေခဲ့ပြီးစိတ်နှလုံး၌ ဘုရားသခင်အမှုဆောင် အလုပ် လုပ်ရန်ပိုမိုလွယ်ကူစေခဲ့သည်။ မိမိသည်အပြစ်သားဖြစ်ကြောင်းသိလာသည်။ သင်းအုပ်ဆရာက “လူတစ်ဦး သည်ဘုရားရှစ်ခိုးခြင်းဖြင့် ခရစ်ယာန်မဖြစ်နိုင်၊ ခရစ်တော်ကိုမိမိ၏ကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံခြင်းဖြင့် သာခရစ်ယာန်ဖြစ်ကြောင်းရှင်းပြခဲ့၏။ ထိုဖြစ်ရပ်အားလုံးက သူ့အသက်တာကိုဆောက်တည်ရာမရ (နေမထိ၊ ထိုင်မသာ)ဖြစ်စေပြီးနောက်ဆုံးဒူးထောက်လျက် ခရစ်တော်ကိုလက်ခံကာ အသက်တာပြောင်းလဲသွားခဲ့၏။
သူသည်ဘိနပ်ချုပ်လျက်ပင် အင်္ဂလန်ပြည်၊ မူလတန်(MOULTON) ရပ်ကွက် အသင်းတော်တစ်ခု၌ သင်းအုပ် ဆရာအဖြစ်လုပ်ဆောင်ခဲ့သည်။ “ကျွန်ုပ်ရဲ့အလုပ်မှာ ခရစ်တော်ရဲ့နိုင်ငံတော်ကျယ်ပြန့်ရေးအတွက်ဖြစ်တယ်။ ဘိနပ်ချုပ်ခြင်း၊ ပြင်ခြင်းသည် စားဝတ်နေရေးအတွက်ဖြစ်ပါတယ်” ဟုသူပြောလေ့ရှိ၏။ သူနံဘေးတွင်စာအုပ် အမြဲထားကာဘိနပ်ချုပ်ရင်းနှင့် ဖတ်နေတတ်၏။ ဤနည်းဖြင့် ဂရိနှင့် လက်တင်ဘာသာစကားကိုလေ့လာခဲ့၏ ဟေဗြဲ၊ ပြင်သစ်၊ အီတလီ၊ ဒတ်ချ်ဘာသာစကားများကိုလည်းလေ့လာ၏။ ဟေဗြဲဘာသာစကားလေ့လာရန် (၉)မိုင်ခန့်လမ်းလျှောက်၍ ဆရာဖြစ်သူထံသွားရ၏။

အမှုတော်ဆောင်ဘဝ
ထိုအချိန်က ကယ်ရီသည်ကပ္ပတိန်ကုတ်(ခ) (CAPTAIN COOK) ရေးသားသောပင်လယ်ခရီးစာအုပ်ကို ဖတ်ပြီးတောင်ဘက်ပင်လယ်ကျွန်းများရှိထောင်ပေါင်းများစွာသောလူများထံသို့ဧဝံဂေလိတရားဟောရန် စိတ်ဖြစ်ပေါ်ခဲ့၏။ သူအလုပ်ရုံနံရံမှသံမှိုနှင့်ချိတ်ဆွဲထားသောအိမ်လုပ် ကမ္ဘာ့မြေပုံပေါ်၌သူဖတ်ရှုခဲ့ ရသောတိုင်းပြည်များ၏ အကြောင်းနှင့် လူဦးရေကိုရေးမှတ်ထားခဲ့၏။ နံနက်တိုင်းသူ၏ခုံတန်းလျား(ခုံရှေ)နားတွင်ဒူးထောက်၍ ကမ္ကာ့မြေ ပုံကိုကြည့်ကာ ခရစ်တော်မရသေးသောတိုင်းနိုင်ငံများအတွက်ဆုတောင်းလေ့ရှိ၏။ ဤသို့ဖြင့်ဧဝ့ဂေလိတရားကို တစ်ခါမျှမကြားဖူးသေးသူများထံ သတင်းကောင်းရောက်ရန် စိတ်နှလုံးတွင်အမြဲတစေစိုးရိမ်ခဲ့ပေသည်။
သူသည်အခြားသောအမှုတော်ဆောင်များအားသာသနာပြုများ၏လိုအပ်ချက်များပြောခဲ့ပြီး ခရစ်တော် အကြောင်းတစ်ခါမျှမကြားဖူးသေးသူများအတွက် ဆုတောင်းရန် ဆုတောင်းအဖွဲ့ဖွဲ့စည်းခဲ့၏။ ထို့ပြင် “သာသနာ ပြုများ၏လိုအပ်ချက်များ” ကိုလည်းရေးသားခဲ့၏။ အမှုတော်ဆောင်များ အစည်းအဝေးတစ်ခု၌ အယူလွဲကာ ကိုး ကွယ်မှုမှားယွင်းနေသူများနှင့်ပတ်သက်၍စိုးရိမ်ပူပန်ကြောင့်ကြကြောင်း ဝေငှပြောဆိုခဲ့ပြီး၊ အမှုတော်ဆောင်များ ၌လည်းတာဝန်ရှိကြောင်းတိုက်တွန်းနှိုးဆော်ခဲ့၏။ ထိုအချိန်၌အသက်ကြီးသောအမှုတော်ဆောင်တစ်ဦးက “လူကလေး” ငြိမ်ငြိမ်နေစမ်း၊ ဘုရားသခင်ကလူတွေပြောင်းလဲစေချင်ရင် ငါတို့အကူအညီမပါပဲ သူ့ဖာသာ သူလုပ်လိမ့်မယ်” ဟုအော်ဟစ်ပြောဆိုခဲ့၏။ အခြားသောအမှုတော်ဆောင်မျာအားလုံးရှေ့၌ကယ်ရီသည် နှိမ့်ချ ခြင်းခံခဲ့ရ၏။ သို့သော်လည်းငယ်စဉ်အခါကရခဲ့သောအတွေ့အကြုံကြောင့်စိတ်ဓါတ်မကျဘဲရပ်တည်နိုင်ခဲ့သည်။
(၁၇၉၁) ခုနှစ်၌ကယ်ရီသည်သိက္ခာတော်ရဆရာဖြစ်လာခဲ့သည်။ (အခြားသော) ဘုရားသခင်၏လူများ ကြား၌ထင်ရှားကျော်ကြားလာခဲ့၏။ (၁၇၉၂) ခုနှစ် နှစ်ခြင်းအမှုတော်ဆောင် များနှစ်ပတ်လည်အစည်းအဝေး၌ သူ့အားတရားဟောခွင့်ပေးခဲ့၏။ထိုအချိန်က သူဟောပြောခဲ့သော တရား၏ အဓိကအကြောင်းမှာ “ဘုရားသခင်” ထံမှကြီးမားသောအရာများ၊ မြှော်လင့်ပါ။ ဘုရားသခင်အတွက်ကြီးမားစွာလုပ်ဆောင်ရန် ကြိုးပမ်းပါ” ဖြစ်၏။
ဤအချက် သည် သူ၏ အဓိကဆောင်ပုဒ်ဖြစ်ခဲ့၏။
ဤအစည်းအဝေး၏ရလဒ်မှာ “နှစ်ခြင်းသာသနာပြုအသင်းကြီး” စတင်တည်ထောင်ခဲ့ခြင်းပေတည်း။ သူတို့သည်ပထမဆုံးသာသနာပြုဆရာကို စေလွှတ်ရန်ဆန္ဒပြင်းထန်ခဲ့ကြပေသည်။

အိန္ဒိယပြည်၌ကယ်ရီအသက်တာ
ကယ်ရီအတွက်သာသနာပြုသွားရန်လမ်းပွင့်ခဲ့ပြီ။ သို့သော်သူဘယ်ကိုသွားသင့်သလဲ။ တောင်ပင်လယ် ကျွန်းများနှင့်အနောက်အာဖရိကတိုက်သို့သွားရန် သူစဉ်းစားခဲ့၏။ သို့သော်ကယ်ရိအားအိန္ဒိယသို့သွားရန်ဘုရား သခင်အကြံအစည်ရှိတော်မူခဲ့၏။ ထို့ကြောင့်အိန္ဒိယ၌နေခဲ့ဖူးသော ဒေါက်တာသောမတ်(စ်)ကိုသူ့ထံသို့စေလွှတ် တော်မူခဲ့၏။ ကယ်ရီသည် ဒေါက်တာသောမတ်(စ်)အားဖြင့်အိန္ဒိယသို့သာသနာပြုသွားရန်ဆုံးဖြတ်ခဲ့၏။ အသစ် ဖွဲ့စည်းထားသော သာသနာပြုအသင်းကြီး၏ ဥက္ကဋ္ဌဖြစ်သူနှင့်အခြား ညီအစ်ကိုမောင်နှမအနည်းစုက ကယ်ရီ အတွက်ဆုတောင်းခြင်းအား၎င်း၊ ငွေကြေးအားဖြင့်၎င်းကူညီရန်ဂတိပြုခဲ့ကြ၏။ သာသနာပြုအနေဖြင့်အိန္ဒိယသို့ သွားရန်ဆုံးဖြတ်စဉ်ကကယ်ရီ၏အသက်မှာ (၃၃) နှစ်မျှသာရှိသေး၏။ အိန္ဒိယသွားရန်ပြင်ဆင်ခြင်းနှင့် အခြားအ ကြောင်းများကြောင့် အနည်းငယ်ကြန့်ကြာခဲ့ပြီးမှ(၁၇၉၃)ခု၊ ဇွန်(၁၃)ရက်နေ့တွင်ကယ်ရီနှင့် သူ၏မိသားစု၊ ဒေါက်တာသောမတ်(စ်)တို့ အိန္ဒိယပြည်သို့ရေလမ်းခရီးဖြင့်သွားခဲ့ကြသည်။ ခရီးစဉ်၌အခက်အခဲအမျိုးမျိူးတွေ့ ကြုံခဲ့ပြီး၊ နိုဝင်ဘာလတွင်အိန္ဒိယပြည်ကာလကတ္တားမြို့သို့ဆိုက်ရောက်ခဲ့သည်။ကယ်ရီနှင့်အတူသူ၏ဇနီး၊ ကလေး(၄)ယောက်၊ခယ်မ/မရီးနှင့်အတူပါလာကြသော်လည်းအိန္ဒိယလူမျိုးများ၏ဝိညာဉ်အတွက် တစ်ယောက် တစ်လေမျှစိတ်မဝင်စားကြချေ။ ကယ်ရီ၏ မိတ်ဆွေများနှင့်ဆွေမျိုးများ ကငေါအနည်းငယ်နှင့်အခြားတိုင်းနိုင်ငံ တွင်သွားရောက်နေထိုင်ခြင်းကြောင့် သူအားရူးနေပြီဟုထင်မှတ်ခဲ့ကြ၏။ သို့သော်ကယ်ရိသည်အလွန်စိတ်အား ထက်သန်ပြီးမြှော်လင့်ချက်လည်းရှိခဲ့၏။ အိန္ဒိယပြည်လာစဉ်ပင်လယ်ခရီး၌သင်္ဘောပေါ်တွင် ဘင်္ဂါလီဘာသာ စကားကိုစတင်လေ့လာခဲ့၏။ နောင်အခါဟိန္ဒူစတန်နီ၊ မာရတီ နှင့်ပါဋ္ဌိဘာသာစကားကိုသင်ယူသည်။ အိန္ဒိယ ပြည်သို့ရောက်ပြီးမကြာမှီပင် အိန္ဒိယလူမျိုးများကိုစတင်တရားဟောခဲ့ကာ၊ သမ္မာကျမ်းကို ဘင်္ဂါလီဘာသာဖြင့် ပြန်ဆိုခဲ့၏။ ဘုရားသခင်သည်ဤအမှုတော်မြတ်ကြီးအတွက်သူ့အားဘာသာစကားများကိုနှစ်သက်မြတ်နိုးစိတ်ရှိ စေရန်ပြင်ဆင်တော်မူခဲ့သည်။
အိန္ဒိယပြည်၌ရောက်ပြီးတစ်နှစ်အတွင်းမိသားစုအားလုံးတစ်ယောက်ပြီးတစ်ယောက်ဖျားနာခဲ့ကြသည်။ အသက်(၅)နှစ်အရွယ်ဖြစ်သူ ပီတာသည်ဖျားနာရောဂါဖြင့်အသက်ဆုံးပါးခဲ့သည်။ သင်္ချိုင်းတွင်းတူးရန်အဘယ် သူမျှဆန္ဒမရှိသောကြောင့်ဖျားနာနေသည့်ကြားမှ ကယ်ရီကိုယ်တိုင်တူးခဲ့သည်။နောက်မှအစေခံနှစ်ဦးရောက်လာ ပြီးကူညီသောကြောင့်ကယ်ရီခမြာကျေးဇူးတင်ကာငိုလုနီးပါးဖြစ်ခဲ့၏။
ကယ်ရီသည်စားဝတ်နေရေးအတွက်မဲနယ်စက်ရုံမန်နေဂျာအလုပ်လုပ်ခဲ့၏။ သမ္မာကျမ်းစာပုံနှိပ်ရန်စက် တစ်လုံးရှိခဲ့၏။ နောင်တွင်မဲနယ်လုပ်ငန်းမအောင်မြင်သဖြင့်ထိုအလုပ်ကိုလက်လွှတ်ခဲ့ပြီးပုံနှိပ်စက်မှာ လည်းမီး လောင်ပျက်စီးဆုံးရှုံးခဲ့၏။သို့သော်လည်းဤအရာများကသူ့အားစိတ်ဓါတ်ကျစေရန် မတတ်စွမ်းနိုင်ခဲ့ချေ။သူ့ကိုယ် သူမေးသောမေးခွန်းမှာ “အိန္ဒိယပြည်ကို ငါဘယ်လိုကူညီရမလဲ” ဖြစ်၏။

ကယ်ရီအား ဘုရားသခင်အသုံးပြုပုံ
ခုနှစ်နှစ်မျှပင်ပန်းစွာလုပ်ဆောင်ခဲ့ရပြီးနောက်၊ ပထမဦးဆုံးယုံကြည်လာသော လက်သမားတစ်ဦးဖြစ် သူခရစ်ရှနူးပါ(လ်)အားဗတ္တိဇံမင်္ဂလာပေးခဲ့၏။ ထိုသူသည်လည်းခရစ်ယာန်ဖြစ် လာခြင်းကြောင့်များစွာဒုက္ခဆင်း ရဲခံရသော်လည်းသစ္စာရှိရှိအသက်ရှင်ပြီး လူများစွာကိုခရစ်တော်ထံသို့ပိုရဆောင်ခဲ့သည်။
၁၇၈၉ ခုနှစ်တွင်ကယ်ရီနှင့်အတူပါဝင်ရန်အင်္ဂလန်ပြည်မှလူ(၄)ဦးရောက်လာ၏။ သူတို့သည် ဆေရမ်ပို (Serampore) အရပ်၌သာသနာပြုဗဟိုတည်ထောင်ခဲ့ပြီးအိန္ဒိယပြည်အရပ်ရပ်သို့သွားကာခရစ်တော်အကြောင်း ဟောကာ စာသင်ကျောင်းများလည်းဆောင်လုပ်ပေးကြ၏။ သူတို့၌ကျမ်းစာ၊ နှုတ်ကပတ်တော်ဆိုင်ရာစာအုပ် လေးများပုံနှိပ်ရန် ပုံနှိပ်စက်ကြီးတစ်ခုလည်းရှိခဲ့၏။
၁၈၀၀ ပြည့်နှစ်၌ကယ်ရီသည် ဆေရမ်ပိုကောလိပ်ကိုတည်ထောင်ခဲ့သည်။ မိဘမဲ့ဂေဟာတစ်ခုနှင့်အနာ
ကြီးရောဂါသည်(နူနာ)ဆေးရုံတစ်ဆောင်လည်းတည်ထောင်ခဲ့၏။ အိန္ဒိပြည်၌(၂၂)နှစ်နီးပါးနေခဲ့ပြီး(၁၈၁၅) ခုနှစ် ၌ကယ်ရီအားဖြင့်ယုံကြည်သူ(၇၆၅)ဦးရှိခဲ့၏။သူမသေဆုံးခင်၊အိန္ဒိယ၌အသင်းတော်(၂၆)ပါး တည်ထောင်ခဲ့သည်။
ကယ်ရီအားကာလကတ္တားရှိအစိုးရကောလိပ်ကျောင်း၌ဘင်္ဂါလီပါမောက္ခအဖြစ်ခန့်အပ်ခဲ့၏။ နောင်အခါ သူသည်ထိုကောလိပ်ကျောင်း၌မာရတိနှင့်ပါဋ္ဌိဘာသာစကားတို့ကိုပါသင်သင်ကြားပေးခဲ့သည်။ ပါမောက္ခအနေဖြင့် နှစ်ပေါင်း(၃၀)တာဝန်ထမ်းဆောင်ခဲ့ပြီးရရှိသောလစာအများစုကိုဘုရားသခင်၏ အမှုတော်မြတ်ကြီးအတွက်ပါဝင်ခဲ့ပြီးမိမိအတွက်အနည်းငယ်မျှသာအသုံးပြုခဲ့သည်။
(၁၈၀၀) ပြည့်နှစ်တွင်ဓမ္မသစ်ကျမ်းကိုဘင်္ဂါလီဘာသာသို့ပြန်ဆိုပြီးခဲ့၏။ မသေဆုံးမီ သမ္မာကျမ်းတစ်အုပ်လုံးကို ဘာသာစကား(၂၀)နီးပါးမျှပြန်ဆိုခဲ့ပြီး အရှေ့တိုင်းဘာသာစကားဖြင့် ဓမ္မသစ်ကျမ်းကိုဘာသားစကား(၄၀) ကျော်ဘာသာ
ပြန်ဆိုခဲ့သည်။ ထို့ကြောင်သူ့အား ကမ ္ကာတစ်ခုံးလုံး၏ ၁/၃ အတွက်သမ္မာကျမ်းကိုဘာသာပြန်ပေးခဲ့ သူဟု ပြောစမှတ်ပြုခဲ့ကြ ပေသည်။
ကယ်ရီအားဖြင့်အစိုးရကပြန်လည်ပြုပြင်သော ဥပဒေတစ်ရပ်မှာသေဆုံးသူခင်ပွန်းသည် အလောင်းကိုမီးရှို့စဉ်ထင်း ပုံထဲသို့အသက်ရှင်နေသောဇနီးကိုပါထည့်မီးရှို့ခြင်းကို တားမြစ်သော ဥပဒေဖြစ်သည်။ ဂင်္ဂါမြစ်ထဲသို့ကလေးသူငယ်များပူဇော် ဆက်သခြင်းကိုရပ်ဆိုင်းရန်လည်း သူ၌တာဝန်ရှိခဲ့ပေသည်။
ဤမျှလောက်မြောက်မြားစွာစွမ်းေဆောင်ခဲ့သော်လည်းသူသည်တာဝန်ကျေရုံသာပြုသောအစေခံ တစ်ဦးကဲ့သို့မိမိကိုယ်ကိုအမြဲမှတ်ယူပြီးအနည်းငယ်မျှသာအသုံးဝင်သောသူဖြစ်သည်ဟုပြောခဲ့သည်။ သူ၏နောက်ဆုံးနေ့ရက်များအတွင်းသူ့ထံရောက်ခဲ့သောမိတ်ဆွေတစ်ယောက်အား “ငါသေတဲ့အခါ ဒေါက်တာကယ်ရီအကြောင်းဘာမျှမပြောပါနဲ့။ ဒေါက်တာ ကယ်ရီရဲ့ကယ်တင်ရှင်အကြောင်းကိုသာပြောကြပါ” ဟုမှာခဲ့ပေသည်။
ဘင်္ဂါလီဘာသာဖြင့်သဘာသာပြန်ထားသောဘင်္ဂါလီဓမ္မသစ်ကျမ်းကို(၈)ကြိမ်မြောက်တည်းဖြတ်ပြီး၊ အသက်(၇၂) နှစ်တွင် “ငါ့အလုပ်ပြီးပြီ၊ လုပ်စရာမရှိတော့ဘူး၊ ဘုရားသခင်အလိုတော်ကိုစောင့်ရန်သာရှိတော့တယ်”ဟုတပြာသည်။ (၂) နှစ်ကြာပြီးနောက်(၁၈၃၄)ခု၊ ဇွန်လတွင်သူကွယ်လွန်ခဲ့ပြီးခန္မာကို သူချစ်မြတ်နိုးသောအိန္ဒိယပြည်၌ပင်မြှုပ်နှံခဲ့ပေသည်။ သူသည်သူ၏မိခင်တိုင်းပြည်သို့တစ်ခါမျှမပြန်ပဲ အိန္ဒိယပြည်၌(၄၁)နှစ်အမှုတော်မြတ်ကိုဆောင်ရွက်ခဲ့ရာ အသီးအပွင့်များ သည်ယနေ့တိုင်ကျန်ရစ်လျက်ရှိပြီးသူ့အား “ခေတ်သစ်သာသနာပြုလုပ်ငန်းများ၏ ဖခင်ကြီး”ဟုခေါ်ဆိုထိုက်ပေသည်။
ဆရာဦးအုန်းမြင့် ဘာသာပြန်ဆိုသည့် လက်ဝါးကပ်တိုင်တော်၏အစေခံများ စာအုပ်မှပြန်လည်ဖော်ပြပါသည်
blog.shwecanaan.com

ဘိနပ္ခ်ဳပ္သမားဘ၀မွ သာသနာျပဳဆရာျဖစ္လာသူ

၀ီလီယမ္ကယ္ရီ (William Carey) (၁၇၆၀ - ၁၈၃၄)
တဲအိမ္ကုပ္ကေလး အတြင္း ဖိနပ္ေဟာင္း မ်ားကို ခ်ဳပ္ေနေသာ လူကေလး ၀ီလီယမ္ကယ္ရီ ကုိသင္
ေတြ႔ျမင္ခဲ့လွ်င္ေနာင္ အခါက်မ္းစာကို ကမၻာ့ဘာသာ စကားေပါငး္ မ်ားစြာ၏ ၁/၃ သုိ႔ဘာ သာျပန္ေပးေသာ သာသနာျပဳ လုပ္ငန္း၏ ဖခင္ႀကီးျဖစ္ လာမည့္ဟု လုံး၀ထင္ျမင္ ခဲ့မည္မ ဟုတ္ေခ်။

ကေလးဘ၀
ကေလးဘ၀၌ပင္ ဇဲြလုံ႔လရွိသူျဖစ္ေၾကာင္း ထင္ရွားခဲ့သည္။ စြန္႔စားရေသာအလုပ္ကို သူအၿမဲႏွစ္သက္ ခဲ့၏။ တစ္ခ်ိန္ကငွက္သိုက္ကုိစူးစမ္း
ရန္သစ္ပင္ေပၚတက္ရင္းေျခေခ်ာ္လိမ့္က်ခဲ့၏။ ကုိယ္ေပၚ၌ ျခစ္႐ွရာဒဏ္ခ်က္ မ်ားျဖင့္အိမ္ျပန္ခဲ့၏။ သူ၏မိခင္ကဒဏ္ရာမ်ားကုိေဆးထည့္၊ ပတ္တီးစည္းေ်ပးၿပီး ကုတင္ေပၚတြင္လဲေလ်ာင္းေစ ခဲ့သည္။ သုိ႔ေသာ္ သူသည္အလြယ္တကူႏွင့္အေလ်ာ့ေပးတတ္သူမဟုတ္ေခ်။ မိခင္အလစ္တြင္ အျပင္ထြက္သြား ရာသူမသတိရ၍ ၾကည့္လိုက္ေသာအခါလက္ထဲ၌ငွက္သိုက္ကိုင္လ်က္ျပန္လာေသာ သားကိုေတြ႔လိုက္ရသည္။
၀ီလီယံသည္အားကစားႏွင့္ခရီးသြားျခင္းကုိႏွစ္သက္သည္။သူအႏွစ္သက္ဆုံးသူရဲေကာင္းမွာ ကိုလံဗတ္ ျဖစ္ၿပီး ထုိသူ၏အေၾကာင္းကိုမၾကာခဏေျပာခဲ့ေပလိမ့္မည္။ ထို႔ေၾကာင့္လည္းသူ႔အားအျခားေသာကေလးမ်ားက “ကိုလံဗတ္” ဟုခ်စ္စႏုိးေခၚခဲ့ၾကျခင္းျဖစ္ေပသည္။ သူသည္ပတ္၀န္းက်င္သေဘာသဘာ၀ကိုႏွစ္သက္ျမတ္ႏိုးၿပီး လယ္ကြင္းျပင္၌ေတြ႔ခဲ့ေသာသစ္ပင္မ်ား၊ အင္းဆက္ပုိးမ်ား၊ငွက္ကေလးမ်ားကို ေ႐ြးခ်ယ္စုေဆာင္းၿပီး ေလ့လာ သည္။ ထိုအရာမ်ားထက္ စာေပမ်ားကုိသူႏွစ္သက္ျမတ္ႏုိးဆုံးျဖစ္၏။ အထူးသျဖင့္ခရီးသြားမွတ္တမ္းႏွင့္ စြန္႔စား ခန္းမ်ားအေၾကာင္းပါေသာစာအုပ္မ်ားျဖစ္၏။ သူသည္ဘာသာစကားမ်ားကိုေလ့လာရန္လည္းစိတ္၀င္စားခဲ့၏။ ကေလးဘ၀၌ပင္ လက္တင္ဘာသာစကားကိုစတင္ေလ့လာခဲ့၏။

ဘိနပ္ခ်ဳပ္သမားဘ၀
အသက္(၁၂) ႏွစ္အ႐ြယ္တြင္ေက်ာင္းထြက္ရသည္။ အသက္(၁၄)ႏွစ္အ႐ြယ္တြင္ ဖခင္ျဖစ္သူကဘိနပ္ ခ်ဳပ္သမားတစ္ဦးထံတြင္အပ္ႏွံကာဘိနပ္ခ်ဳပ္အတတ္ပညာကုိသင္ယူေစခဲ့သည္။ ထိုအခ်ိန္ကသူသည္ ဘာသာ ေရး၌စိတ္၀င္စားမႈလုံး၀မရွိေသးေခ်။ သူသည္အသင္းေတာ္ေတာ္သံစံုသီခ်င္းအဖြဲ႔၌ ပါ၀င္သီဆိုခဲ့ၿပီး ေကာင္းမြန္ ေသာခရစ္ယာန္အိမ္ေထာင္၌ႀကီးျပင္းခဲ့ေသာ္လည္း တခါတရံအျခားသူငယ္ခ်င္းမ်ားႏွင့္ေပါင္းသင္းကာ ဆဲေရး တိုင္းထြာျခင္း၊ မုသာေျပာျခင္း၊ ညစ္ညမ္းေသာပုံမ်ားေျပာျခင္းျပဳခဲ့၏။ သုိ႔ေသာ္လည္းသူႏွင့္အတူဘိနပ္ခ်ဳပ္သင္ သူတစ္ဦးျဖစ္ေသာ ၀ါး(Warr) ၏ပုံသက္ေသေကာင္းေၾကာင့္မၾကာခဏၾသတၱပၸစိတ္မၾကည္မလင္ျဖစ္ကာစတင္ ၍ဆုေတာင္းတတ္လာ၏။ တစ္ေန႔အလုပ္ရွင္၏ေငြတစ္သွ်ီလင္ (shilling) ကိုသုံးမိေသာေၾကာင့္ဖမ္းဆီးၿပီးလူပံု အလယ္၌အရွက္ခဲြခံခဲ့ရ၏။ ဤျဖစ္ရပ္အားျဖင့္ႏွိမ့္ခ်စိိတ္ျဖစ္ေစခဲ့ၿပီးစိတ္ႏွလုံး၌ ဘုရားသခင္အမႈေဆာင္ အလုပ္ လုပ္ရန္ပိုမိုလြယ္ကူေစခဲ့သည္။ မိမိသည္အျပစ္သားျဖစ္ေၾကာင္းသိလာသည္။ သင္းအုပ္ဆရာက “လူတစ္ဦး သည္ဘုရားရွစ္ခိုးျခင္းျဖင့္ ခရစ္ယာန္မျဖစ္ႏိုင္၊ ခရစ္ေတာ္ကိုမိမိ၏ကယ္တင္ရွင္အျဖစ္ယုံၾကည္လက္ခံျခင္းျဖင့္ သာခရစ္ယာန္ျဖစ္ေၾကာင္းရွင္းျပခဲ့၏။ ထိုျဖစ္ရပ္အားလံုးက သူ႔အသက္တာကိုေဆာက္တည္ရာမရ (ေနမထိ၊ ထိုင္မသာ)ျဖစ္ေစၿပီးေနာက္ဆုံးဒူးေထာက္လ်က္ ခရစ္ေတာ္ကိုလက္ခံကာ အသက္တာေျပာင္းလဲသြားခဲ့၏။
သူသည္ဘိနပ္ခ်ဳပ္လ်က္ပင္ အဂၤလန္ျပည္၊ မူလတန္(MOULTON) ရပ္ကြက္ အသင္းေတာ္တစ္ခု၌ သင္းအုပ္ ဆရာအျဖစ္လုပ္ေဆာင္ခဲ့သည္။ “ကၽြႏ္ုပ္ရဲ႕အလုပ္မွာ ခရစ္ေတာ္ရဲ႕ႏို္င္ငံေတာ္က်ယ္ျပန္႔ေရးအတြက္ျဖစ္တယ္။ ဘိနပ္ခ်ဳပ္ျခင္း၊ ျပင္ျခင္းသည္ စား၀တ္ေနေရးအတြက္ျဖစ္ပါတယ္” ဟုသူေျပာေလ့ရွိ၏။ သူနံေဘးတြင္စာအုပ္ အၿမဲထားကာဘိနပ္ခ်ဳပ္ရင္းႏွင့္ ဖတ္ေနတတ္၏။ ဤနည္းျဖင့္ ဂရိႏွင့္ လက္တင္ဘာသာစကားကုိေလ့လာခဲ့၏ ေဟၿဗဲ၊ ျပင္သစ္၊ အီတလီ၊ ဒတ္ခ်္ဘာသာစကားမ်ားကိုလည္းေလ့လာ၏။ ေဟၿဗဲဘာသာစကားေလ့လာရန္ (၉)မိုင္ခန္႔လမ္းေလွ်ာက္၍ ဆရာျဖစ္သူထံသြားရ၏။

အမႈေတာ္ေဆာင္ဘ၀
ထိုအခ်ိန္က ကယ္ရီသည္ကပၸတိ္န္ကုတ္(ခ) (CAPTAIN COOK) ေရးသားေသာပင္လယ္ခရီးစာအုပ္ကို ဖတ္ၿပီးေတာင္ဘက္ပင္လယ္ကၽြန္းမ်ားရွိေထာင္ေပါင္းမ်ားစြာေသာလူမ်ားထံသို႔ဧ၀ံေဂလိတရားေဟာရန္ စိတ္ျဖစ္ေပၚခဲ့၏။ သူအလုပ္ရုံနံရံမွသံမႈိႏွင့္ခ်ိတ္ဆဲြထားေသာအိမ္လုပ္ ကမၻာ႔ေျမပုံေပၚ၌သူဖတ္႐ႈခဲ့ ရေသာတုိင္းျပည္မ်ား၏ အေၾကာင္းႏွင့္ လူဦးေရကိုေရးမွတ္ထားခဲ့၏။ နံနက္တိုင္းသူ၏ခံုတန္းလ်ား(ခံုေရွ)နားတြင္ဒူးေထာက္၍ ကမၠာ႔ေျမ ပံုကိုၾကည့္ကာ ခရစ္ေတာ္မရေသးေသာတိုင္းႏို္င္ငံမ်ားအတြက္ဆုေတာင္းေလ့ရွိ၏။ ဤသို႔ျဖင့္ဧ၀့ေဂလိတရားကုိ တစ္ခါမွ်မၾကားဖူးေသးသူမ်ားထံ သတင္းေကာင္းေရာက္ရန္ စိတ္ႏွလုံးတြင္အၿမဲတေစစုိးရိမ္ခဲ့ေပသည္။
သူသည္အျခားေသာအမႈေတာ္ေဆာင္မ်ားအားသာသနာျပဳမ်ား၏လိုအပ္ခ်က္မ်ားေျပာခ့ဲၿပီး ခရစ္ေတာ္ အေၾကာင္းတစ္ခါမွ်မၾကားဖူးေသးသူမ်ားအတြက္ ဆုေတာင္းရန္ ဆုေတာင္းအဖြဲ႕ဖြဲ႕စည္းခဲ့၏။ ထို႔ျပင္ “သာသနာ ျပဳမ်ား၏လိုအပ္ခ်က္မ်ား” ကိုလည္းေရးသားခဲ့၏။ အမႈေတာ္ေဆာင္မ်ား အစည္းအေ၀းတစ္ခု၌ အယူလြဲကာ ကိုး ကြယ္မႈမွားယြင္းေနသူမ်ားႏွင့္ပတ္သက္၍စုိးရိမ္ပူပန္ေၾကာင့္ၾကေၾကာင္း ေ၀ငွေျပာဆိုခဲ့ၿပီး၊ အမႈေတာ္ေဆာင္မ်ား ၌လည္းတာ၀န္ရွိေၾကာင္းတိုက္တြန္းႏႈိးေဆာ္ခဲ့၏။ ထိုအခ်ိန္၌အသက္ႀကီးေသာအမႈေတာ္ေဆာင္တစ္ဦးက “လူကေလး” ၿငိမ္ၿငိမ္ေနစမ္း၊ ဘုရားသခင္ကလူေတြေျပာင္းလဲေစခ်င္ရင္ ငါတို႔အကူအညီမပါပဲ သူ႔ဖာသာ သူလုပ္လိမ့္မယ္” ဟုေအာ္ဟစ္ေျပာဆိုခဲ့၏။ အျခားေသာအမႈေတာ္ေဆာင္မ်ာအားလုံးေရွ႕၌ကယ္ရီသည္ ႏွိမ့္ခ် ျခင္းခံခဲ့ရ၏။ သို႔ေသာ္လည္းငယ္စဥ္အခါကရခဲ့ေသာအေတြ႕အႀကံဳေၾကာင့္စိတ္ဓါတ္မက်ဘဲရပ္တည္ႏိုင္ခဲ့သည္။
(၁၇၉၁) ခုႏွစ္၌ကယ္ရီသည္သိကၡာေတာ္ရဆရာျဖစ္လာခဲ့သည္။ (အျခားေသာ) ဘုရားသခင္၏လူမ်ား ၾကား၌ထင္ရွားေက်ာ္ၾကားလာခဲ့၏။ (၁၇၉၂) ခုႏွစ္ ႏွစ္ျခင္းအမႈေတာ္ေဆာင္ မ်ားႏွစ္ပတ္လည္အစည္းအေ၀း၌ သူ႔အားတရားေဟာခြင့္ေပးခဲ့၏။ထိုအခ်ိန္က သူေဟာေျပာခဲ့ေသာ တရား၏ အဓိကအေၾကာင္းမွာ “ဘုရားသခင္” ထံမွႀကီးမားေသာအရာမ်ား၊ ေျမွာ္လင့္ပါ။ ဘုရားသခင္အတြက္ႀကီးမားစြာလုပ္ေဆာင္ရန္ ႀကိဳးပမ္းပါ” ျဖစ္၏။
ဤအခ်က္ သည္ သူ၏ အဓိကေဆာင္ပုဒ္ျဖစ္ခဲ့၏။
ဤအစည္းအေ၀း၏ရလဒ္မွာ “ႏွစ္ျခင္းသာသနာျပဳအသင္းႀကီး” စတင္တည္ေထာင္ခဲ့ျခင္းေပတည္း။ သူတို႔သည္ပထမဆုံးသာသနာျပဳဆရာကို ေစလႊတ္ရန္ဆႏၵျပင္းထန္ခဲ့ၾကေပသည္။

အိႏိၵယျပည္၌ကယ္ရီအသက္တာ
ကယ္ရီအတြက္သာသနာျပဳသြားရန္လမ္းပြင့္ခဲ့ၿပီ။ သုိ႔ေသာ္သူဘယ္ကိုသြားသင့္သလဲ။ ေတာင္ပင္လယ္ ကၽြန္းမ်ားႏွင့္အေနာက္အာဖရိကတိုက္သို႔သြားရန္ သူစဥ္းစားခဲ့၏။ သို႔ေသာ္ကယ္ရိအားအိႏၵိယသို႔သြားရန္ဘုရား သခင္အႀကံအစည္ရွိေတာ္မူခဲ့၏။ ထို႔ေၾကာင့္အိႏၵိယ၌ေနခဲ့ဖူးေသာ ေဒါက္တာေသာမတ္(စ္)ကိုသူ႔ထံသို႔ေစလႊတ္ ေတာ္မူခဲ့၏။ ကယ္ရီသည္ ေဒါက္တာေသာမတ္(စ္)အားျဖင့္အိႏိၵယသို႔သာသနာျပဳသြားရန္ဆုံးျဖတ္ခဲ့၏။ အသစ္္ ဖဲြ႔စည္းထားေသာ သာသနာျပဳအသင္းႀကီး၏ ဥကၠ႒ျဖစ္သူႏွင့္အျခား ညီအစ္ကိုေမာင္ႏွမအနည္းစုက ကယ္ရီ အတြက္ဆုေတာင္းျခင္းအား၎၊ ေငြေၾကးအားျဖင့္၎ကူညီရန္ဂတိျပဳခဲ့ၾက၏။ သာသနာျပဳအေနျဖင့္အိႏိၵယသုိ႔ သြားရန္ဆုံးျဖတ္စဥ္ကကယ္ရီ၏အသက္မွာ (၃၃) ႏွစ္မွ်သာရွိေသး၏။ အိႏိၵယသြားရန္ျပင္ဆင္ျခင္းႏွင့္ အျခားအ ေၾကာင္းမ်ားေၾကာင့္ အနည္းငယ္ၾကန္႔ၾကာခဲ့ၿပီးမွ(၁၇၉၃)ခု၊ ဇြန္(၁၃)၇က္ေန႔တြင္ကယ္ရီႏွင့္ သူ၏မိသားစု၊ ေဒါက္တာေသာမတ္(စ္)တို႔ အိႏိၵယျပည္သို႔ေရလမ္းခရီးျဖင့္သြားခဲ့ၾကသည္။ ခရီးစဥ္၌အခက္အခဲအမ်ိဳးမ်ိဴးေတြ႔ ႀကံဳခဲ့ၿပီး၊ ႏို၀င္ဘာလတြင္အိႏိၵယျပည္ကာလကတၱားၿမိဳ႕သို႔ဆုိက္ေရာက္ခဲ့သည္။ကယ္ရီႏွင့္အတူသူ၏ဇနီး၊ ကေလး(၄)ေယာက္၊ခယ္မ/မရီးႏွင့္အတူပါလာၾကေသာ္လည္းအိႏိၵယလူမ်ိဳးမ်ား၏၀ိညာဥ္အတြက္ တစ္ေယာက္ တစ္ေလမွ်စိတ္မ၀င္စားၾကေခ်။ ကယ္ရီ၏ မိတ္ေဆြမ်ားႏွင့္ေဆြမ်ိဳးမ်ား ကေငါအနည္းငယ္ႏွင့္အျခားတိုင္းႏိုင္ငံ တြင္သြားေရာက္ေနထိုင္ျခင္းေၾကာင့္ သူအား႐ူးေနၿပီဟုထင္မွတ္ခဲ့ၾက၏။ သို႔ေသာ္ကယ္ရိသည္အလြန္စိတ္အား ထက္သန္ၿပီးေျမွာ္လင့္ခ်က္လည္းရွိခဲ့၏။ အိႏိၵယျပည္လာစဥ္ပင္လယ္ခရီး၌သေဘၤာေပၚတြင္ ဘဂၤါလီဘာသာ စကားကိုစတင္ေလ့လာခဲ့၏။ ေနာင္အခါဟိႏၵဴစတန္နီ၊ မာရတီ ႏွင့္ပါ႒ိဘာသာစကားကိုသင္ယူသည္။ အိႏိၵယ ျပည္သို႔ေရာက္ၿပီးမၾကာမွီပင္ အိႏၵိယလူမ်ဳိးမ်ားကုိစတင္တရားေဟာခဲ့ကာ၊ သမၼာက်မ္းကို ဘဂၤါလီဘာသာျဖင့္ ျပန္ဆိုခဲ့၏။ ဘုရားသခင္သည္ဤအမႈေတာ္ျမတ္ႀကီးအတြက္သူ႔အားဘာသာစကားမ်ားကိုႏွစ္သက္ျမတ္ႏိုးစိတ္ရွိ ေစရန္ျပင္ဆင္ေတာ္မူခဲ့သည္။
အိႏၵိယျပည္၌ေရာက္ၿပီးတစ္ႏွစ္အတြင္းမိသားစုအားလံုးတစ္ေယာက္ၿပီးတစ္ေယာက္ဖ်ားနာခဲ့ၾကသည္။ အသက္(၅)ႏွစ္အရြယ္ျဖစ္သူ ပီတာသည္ဖ်ားနာေရာဂါျဖင့္အသက္ဆုံးပါးခဲ့သည္။ သခၤ်ဳိင္းတြင္းတူးရန္အဘယ္ သူမွ်ဆႏၵမရွိေသာေၾကာင့္ဖ်ားနာေနသည့္ၾကားမွ ကယ္ရီကုိယ္တုိင္တူးခဲ့သည္။ေနာက္မွအေစခံႏွစ္ဦးေရာက္လာ ၿပီးကူညီေသာေၾကာင့္ကယ္ရီချမာေက်းဇူးတင္ကာငိုလုနီးပါးျဖစ္ခဲ့၏။
ကယ္ရီသည္စား၀တ္ေနေရးအတြက္မဲနယ္စက္ရုံမန္ေနဂ်ာအလုပ္လုပ္ခဲ့၏။ သမၼာက်မ္းစာပုံႏွိပ္ရန္စက္ တစ္လုံးရွိခဲ့၏။ ေနာင္တြင္မဲနယ္လုပ္ငန္းမေအာင္ျမင္သျဖင့္ထို္အလုပ္ကိုလက္လႊတ္ခဲ့ၿပီးပုံႏွိပ္စက္မွာ လည္းမီး ေလာင္ပ်က္စီးဆုံး႐ႈံးခဲ့၏။သုိ႔ေသာ္လည္းဤအရာမ်ားကသူ႔အားစိတ္ဓါတ္က်ေစရန္ မတတ္စြမ္းႏိုင္ခဲ့ေခ်။သူ႔ကိုယ္ သူေမးေသာေမးခြန္းမွာ “အိႏိၵယျပည္ကို ငါဘယ္လိုကူညီရမလဲ” ျဖစ္၏။

ကယ္ရီအား ဘုရားသခင္အသုံးျပဳပုံ
ခုႏွစ္ႏွစ္မွ်ပင္ပန္းစြာလုပ္ေဆာင္ခဲ့ရၿပီးေနာက္၊ ပထမဦးဆုံးယုံၾကည္လာေသာ လက္သမားတစ္ဦးျဖစ္ သူခရစ္ရွႏူးပါ(လ္)အားဗတိၱဇံမဂၤလာေပးခဲ့၏။ ထုိသူသည္လည္းခရစ္ယာန္ျဖစ္ လာျခင္းေၾကာင့္မ်ားစြာဒုကၡဆင္း ရဲခံရေသာ္လည္းသစၥာရွိရွိအသက္ရွင္ၿပီး လူမ်ားစြာကိုခရစ္ေတာ္ထံသုိ႔ပုိရေဆာင္ခဲ့သည္။
၁၇၈၉ ခုႏွစ္တြင္ကယ္ရီႏွင့္အတူပါ၀င္ရန္အဂၤလန္ျပည္မွလူ(၄)ဦးေရာက္လာ၏။ သူတို႔သည္ ေဆရမ္ပုိ (Serampore) အရပ္၌သာသနာျပဳဗဟိုတည္ေထာင္ခဲ့ၿပီးအိႏိၵယျပည္အရပ္ရပ္သို႔သြားကာခရစ္ေတာ္အေၾကာင္း ေဟာကာ စာသင္ေက်ာင္းမ်ားလည္းေဆာင္လုပ္ေပးၾက၏။ သူတို႔၌က်မ္းစာ၊ ႏႈတ္ကပတ္ေတာ္ဆိုင္ရာစာအုပ္ ေလးမ်ားပုံႏွိပ္ရန္ ပုံႏွိပ္စက္ႀကီးတစ္ခုလည္းရွိခဲ့၏။
၁၈၀၀ ျပည့္ႏွစ္၌ကယ္ရီသည္ ေဆရမ္ပုိေကာလိပ္ကိုတည္ေထာင္ခဲ့သည္။ မိဘမဲ့ေဂဟာတစ္ခုႏွင့္အနာ
ၾကီးေရာဂါသည္(ႏူနာ)ေဆးရုံတစ္ေဆာင္လည္းတည္ေထာင္ခဲ့၏။ အိႏိၵျပည္၌(၂၂)ႏွစ္နီးပါးေနခဲ့ၿပီး(၁၈၁၅) ခုႏွစ္ ၌ကယ္ရီအားျဖင့္ယုံၾကည္သူ(၇၆၅)ဦးရွိခဲ့၏။သူမေသဆုံးခင္၊အိႏိၵယ၌အသင္းေတာ္(၂၆)ပါး တည္ေထာင္ခဲ့သည္။
ကယ္ရီအားကာလကတၱားရွိအစုိးရေကာလိပ္ေက်ာင္း၌ဘဂၤါလီပါေမာကၡအျဖစ္ခန္႔အပ္ခဲ့၏။ ေနာင္အခါ သူသည္ထိုေကာလိပ္ေက်ာင္း၌မာရတိႏွင့္ပါ႒ိဘာသာစကားတို႔ကိုပါသင္သင္ၾကားေပးခဲ့သည္။ ပါေမာကၡအေနျဖင့္ ႏွစ္ေပါင္း(၃၀)တာ၀န္ထမ္းေဆာင္ခဲ့ၿပီးရရွိေသာလစာအမ်ားစုကိုဘုရားသခင္၏ အမႈေတာ္ျမတ္ႀကီးအတြက္ပါ၀င္ခဲ့ၿပီးမိမိအတြက္အနည္းငယ္မွ်သာအသံုးျပဳခဲ့သည္။
(၁၈၀၀) ျပည့္ႏွစ္တြင္ဓမၼသစ္က်မ္းကုိဘဂၤါလီဘာသာသုိ႔ျပန္ဆိုၿပီးခဲ့၏။ မေသဆုံးမီ သမၼာက်မ္းတစ္အုပ္လုံးကို ဘာသာစကား(၂၀)နီးပါးမွ်ျပန္ဆိုခဲ့ၿပီး အေရွ႕တိုင္းဘာသာစကားျဖင့္ ဓမၼသစ္က်မ္းကုိဘာသားစကား(၄၀) ေက်ာ္ဘာသာ
ျပန္ဆုိခဲ့သည္။ ထို႔ေၾကာင္သူ႔အား ကမ ၠာတစ္ခုံးလုံး၏ ၁/၃ အတြက္သမၼာက်မ္းကုိဘာသာျပန္ေပးခဲ့ သူဟု ေျပာစမွတ္ျပဳခဲ့ၾက ေပသည္။
ကယ္ရီအားျဖင့္အစုိးရကျပန္လည္ျပဳျပင္ေသာ ဥပေဒတစ္၇ပ္မွာေသဆုံးသူခင္ပြန္းသည္ အေလာင္းကုိမီး႐ိႈ႔စဥ္ထင္း ပုံထဲသုိ႔အသက္ရွင္ေနေသာဇနီးကုိပါထည့္မီး႐ႈိ႕ျခင္းကုိ တားျမစ္ေသာ ဥပေဒျဖစ္သည္။ ဂဂၤါျမစ္ထဲသို႔ကေလးသူငယ္မ်ားပူေဇာ္ ဆက္သျခင္းကုိရပ္ဆိုင္းရန္လည္း သူ၌တာ၀န္ရွိခဲ့ေပသည္။
ဤမွ်ေလာက္ေျမာက္ျမားစြာစြမ္းေေဆာင္ခဲ့ေသာ္လည္းသူသည္တာ၀န္ေက်ရုံသာျပဳေသာအေစခံ တစ္ဦးကဲ့သုိ႔မိမိကုိယ္ကိုအၿမဲမွတ္ယူၿပီးအနည္းငယ္မွ်သာအသုံး၀င္ေသာသူျဖစ္သည္ဟုေျပာခဲ့သည္။ သူ၏ေနာက္ဆုံးေန႔ရက္မ်ားအတြင္းသူ႔ထံေရာက္ခဲ့ေသာမိတ္ေဆြတစ္ေယာက္အား “ငါေသတဲ့အခါ ေဒါက္တာကယ္ရီအေၾကာင္းဘာမွ်မေျပာပါနဲ႔။ ေဒါက္တာ ကယ္ရီရဲ႕ကယ္တင္ရွင္အေၾကာင္းကုိသာေျပာၾကပါ” ဟုမွာခဲ့ေပသည္။
ဘဂၤါလီဘာသာျဖင့္သဘာသာျပန္ထားေသာဘဂၤါလီဓမၼသစ္က်မ္းကို(၈)ႀကိမ္ေျမာက္တည္းျဖတ္ၿပီး၊ အသက္(၇၂) ႏွစ္တြင္ “ငါ့အလုပ္ၿပီးၿပီ၊ လုပ္စရာမရွိေတာ့ဘူး၊ ဘုရားသခင္အလိုေတာ္ကုိေစာင့္ရန္သာရွိေတာ့တယ္”ဟုတျပာသည္။ (၂) ႏွစ္ၾကာၿပီးေနာက္(၁၈၃၄)ခု၊ ဇြန္လတြင္သူကြယ္လြန္ခဲ့ၿပီးခႏၼာကုိ သူခ်စ္ျမတ္ႏုိးေသာအိႏိၵယျပည္၌ပင္ျမွဳပ္ႏွံခဲ့ေပသည္။ သူသည္သူ၏မိခင္တိုင္းျပည္သုိ႔တစ္ခါမွ်မျပန္ပဲ အိႏိၵယျပည္၌(၄၁)ႏွစ္အမႈေတာ္ျမတ္ကုိေဆာင္ရြက္ခဲ့ရာ အသီးအပြင့္မ်ား သည္ယေန႕တိုင္က်န္ရစ္လ်က္ရွိၿပီးသူ႔အား “ေခတ္သစ္သာသနာျပဳလုပ္ငန္းမ်ား၏ ဖခင္ႀကီး”ဟုေခၚဆိုထိုက္ေပသည္။
ဆရာဦးအုန္းျမင့္ ဘာသာျပန္ဆိုသည္႔ လက္၀ါးကပ္တို္င္ေတာ္၏အေစခံမ်ား စာအုပ္မွျပန္လည္ေဖာ္ျပပါသည္
blog.shwecanaan.com

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...