0

ဘုရားသခင်၏ စပါးစေ့ အယ်လန်ဂါဒီနာ (Allen Gardiner ) ၁၇၉၄ - ၁၈၅၁

 
ဘုရားသခင်၏ စပါးစေ့

Unicode & Zawgyi
အယ်လန်ဂါဒီနာ (Allen Gardiner ) ၁၇၉၄ - ၁၈၅၁
“အဖေရေ၊ မာလိန်မှုး ကကျွန်တော့် ကိုခေါ်မယ်လို့ ကတိပေးတယ်။ ကျွန်တော်တို့နောက် အပတ်ခရီး ထွက်ကြမယ်” ဟုလူငယ်လေး ကအော်၍ပြော လိုက်သည်။ ဖခင်ဖြစ်သူက သူ၏ဦၤးခေါင်း ကိုခါရမ်း လျက်“ပင်လယ်ထဲသွားဖို့သိပ် ငယ်သေးတယ်၊ အယ်လန်နှစ် အနည်းငယ်စောင့် လိုက်ပါဦး” ဟုပြောလိုက်၏။
မိခင်ဖြစ်သူက သအိပ်ခန်းသို့မကြာ ခဏဝင်ရောက်လာတိုင်းပျော့ပြောင်းနူး ညံ့သောအိပ်ယာပေါ်၌ အိပ် နေရမည့်အစား မာကျောသောကြမ်းပြင်ပေါ်၌သာသူအိပ်နေသည်ကိုတွေ့မြင်၇ပေလိမ့်မည်။ သူ့အားမေးလျှင် ကျွန်တော်တစ်နေ
့ သဘောၤမာလိန်မှုးဖြစ် လာပြီးနယ်မြေဒေသအ သစ်တွေကိုစူးစမ်း ရှာဖွေမှာဖြစ်လို့အခု ကတည်း ကအခက်အခဲများနှင့် ကျင့်သားရအောင်လုပ် ထားရမယ်လေ” ဟုပြန်ပြောတတ်၏။
ဤသို့ဖြင့်အယ်လင်ဂါဒီနာသည်ငယ်စဉ်သဘောၤသားနှင့်စွန့်စားရှာဖွေသူတစ်ဦးဖြစ်ရန်စိတ်ကူးဆန္ဒရှိခဲ့၏။

ငယ်စဉ်ဘဝ
အယ်လင်ဂါဒီနာအား(၁၇၉၄)ခုနှစ်၌အဂ်လန်ပြည်တွင်ဖွားမြင်ခဲ့၏။ သူသည်ငယ်စဉ်ဘသကပင်စွန့်စား ခန်းများကိုနှစ်သက်ကြောင်းဖော်ပြခဲ့၏။အာဖရိကတိုက်ရှိစွန့်စားခန်းများစာအုပ်(မင်ဂိုပတ်(ခိ)၏ခရီးစဉ်များ) ကို ဖတ်ပြီးအာဖရိကစကားလုံးဝေါ့ဟာရများကိုရေးမှတ်ခဲ့၏။ သူ့ရည်မှန်းချက်မှာကမ္ဘာတစ်ဝှမ်းလုံးသို့ခရီး လှည့်လည် ရန်ဖြစ်၏။ သူသည်မြင်းစီးနှင့်ရေကူးကျွမ်းကျင်သူတစ်ဦးဖြစ်၏။

ရေတပ်၌
ရေကြောင်းသိပ္ပံကျောင်းတက်ရောက် ခဲ့ပြီးအသက်(၁၆)နှစ်ဂါဒီနာဘွဲ့ရရှိခဲ့၏။ ရေတပ်မတော်
သို့ချက်ခြင်းဝင် ရောက်ခဲ့၏။ (၄)နှစ်ကြာသောတပ်ကြပ်ကြီးဖြစ် လာပြီးနောင်တွင် သဘောၤတစ်စင်း လုံးကိုတာဝန်ယူရသော မာလိန်မှုးဖြစ်လာ၏။ ဤအချိန်တွင်အယ်လန်သည် နှုတ်ကပတ်တော်နှင့်အညီသွန်သင်သောမိခင်၏စကားများ ကိုစဉ်းစားတွေးတောခဲ့၏။ တစ်နေ့တွင်သူ့ဖခင်ရေးသည့်မိခင်၏အတ္ထုပတ္တိကိုဖတ်နေစဉ်မိခင်ကိုးကွယ်သော ဘုရားသခင်အကြောင်းသိချင်စိတ်ဖြစ်ပေါ်ခဲ့၏။ ကျမ်းစာအုပ်တစ်အုပ်ဝယ်ယူလေ့လာပြီးမကြာခင်မှာပင် ဤရေ တပ်အရာရှိငယ်လေးသည်ခရစ်တော်ကိုသူ၏ကယ်တင်ရှင်အဖြစ်ယုံကြည်လက်ခံခဲ့၏။
သူသည်ရေတပ်တာဝန်ဝတ္တရားများထမ်းဆောင်ရင်းကမ္ဘာတဝှမ်းလုံးရှိဆိပ်ကမ်းအမျိုးမျိုးသို့ရောက်ခဲ့၏။ သူအားလပ်တိုင်းထိုအရပ်ဒေသရှိတိုင်းရင်းသားတိုပ၏ဓလေ့ထုံးစံများကိုစိတ်ဝင်စားစွာလှည့် လည်ကြည့်ရှုခဲ့၏။ တစ်ချိန်၌တဟီဟီအမည်ရှိသောပစိဖိတ်ကျွန်းတကျွန်းပေဓသို့ရောက်ခဲ့၏။

ကမ်းခြေသို့ရောက်သောအခါလွင် တီးခေါင်ဖြစ်နေကြောင်းတွေ့ရ၏။ နေရာတိုင်း၌အလွန်တိတ်ဆိတ်ငြိမ်သက်နေ၏။ ရွာထဲသို့သွားသောအခါ တိုင်းရင်းသားတစ်ဦးက ခရစ်ယာန်သမ္မာတရားများကိုလူငယ်တစ်စုအားသင်ကြားနေသည်ကိုသူတွေ့ခဲ့၏။ ထိုနေ့သည်တနင်္ဂနွေနေ့ဖြစ်ပြီးထိုသူများမှာခရစ်ယာန်များဖြစ်ကြောင်းသိရ၏။ ထူးခြားမှုမှာအခြားရွာများနှင့်မ တူပဲ၊ သူ့အတွက်နှစ်သက်မြတ်နိုးစရာဖြစ်စေခဲ့၏။ ဤသို့ဖြစ်ရခြင်းမှာသာသနာပြုများ၏ကိုယ်ကျိုးစွန့်အမှုတော် ဆောင်ရွက်မှုများကြောင့်ဖြစ်ကြောင်းသူ သိခဲ့၏။ ဤပြောင်းလဲမှုမျိုးအခြားအရပ်ဒေသများ၌လည်းဖြစ်ပျက်နိုင်မ လား၊ ဖြစ်နိုင်ပါသည်။သို့ရာတွင်မသည်သူကသူတို့အားသခင်ယေရှူခရစ်တော်အကြောင်းပြောပြမလဲ။
တောာင်အမေရိကတိုက်သို့သွားရာခရီးစဉ်အတွင်းတောင်ပိုင်းရှိပိုင်းရှိကျွန်းအချို့ကိုဂါဒီနာသွားရောက် လည်ပတ်ခဲ့၏။ ပါတာဂိုးနီးယား(အာဂျင်တီးနားတောင်ပိုင်း)သို့လည်းသူသွားရောက်လည်ပတ်ခဲ့၏။ ဤအရပ်ဒေ သများ၌ဘာသာတရားမရှိသည့်သာမန်မဟုတ်သောလူမျိုးစုများကိုလည်းသူတွေ့ခဲ့ရ၏။ ထိုသူတို့သည်အလွန် ရှေးကျပြီးယဉ်ကျေးမှုမတိုးတက်မဖွဲ့ဖြိုးသေးသောအရပ်သားများဖြစ်ကြ၏။ ဤအတွေ့အကြုံများကအယ်လင်ဂါ အားဘုရင့်ရေတပ်မတော်မှထွက်ကာသာသနာပြုဆရာတစ်ဦးဖြစ်စေရန်လွှမ်းမိုးခဲ့တော့၏။

တောင်အာဖရိကတိုက်၌
ဘုရားသခင်ကဂါဒီနာအားတောင်အာဖရိကတိုက်သို့သွားရန်လမ်းပြပဲ့ပြင်တော်မူခဲ့၏။ ထိုအချိန်က ထိုအ ရပ်ရှိတိုင်းရင်းသားများထံသို့မည်သူမျှဧဝံဂေလိတရားယူဆောင်သွားခြင်းမရှိသေးချေ။အာဖရိက တိုက်တောနက် ကြီးအတွင်းပိုင်း၌ဇူးလူးများ(လူသားစားလူရိုင်းများ)နေထိုင်ကြောင်းဂါဒီနာသိခဲ့ပြီးနောက် ထိုလူတို့အားယေရှူဘုရားအကြောင်းပြောပြရန်မြင်းစီးလျက်ခရီထွက်ခွာခဲ့၏။ အန္တရာယ်များသောခရီးစဉ်ဖြစ်၏။အလွန်ထူထပ်သော တောအုပ်ကြီးနှင့်ရွံ့နွံပေါများသောအရပ်များ ကိုဖြတ်သန်းရမည်၊တစ်ခါတစ်ရံရေစီးသန်သော၊ရေလျှံသောမြစ်များ ကိုဖြတ်ကူးဖို့ရှိ၏။ တစ်ကြိမ်တွင်မြစ်ကမ်းပါး၌အင်္ကျီများစိုရွဲှပြီးဗိုက်ဆာဆာနှင့်လဲလျောင်းနေစဉ်အလွန်ကြီးမား သောရေမြင်းကြီးတစ်ကောင်၏အသံကြောင့်လန့်နိုးသွား၏။ ဇူးလူးများ၏ဘုရင်သည်အလွန်ရက်စက်ကြမ်းကြုတ် သောစစ်သူရဲဖြစ်ပြီးတစ်ပြည်လုံးကသူ့ကိုကြောက် ရွံ့ကြကြောင်းသူကြားသိခဲ့၏။ ထိုဘုရင်ကိုလည်းခရစ်တော် အားဖြင့်ကယ်တင်ခြင်းရနိုင်ကြောင်းဂါဒီနာရှင်းပြခဲ့၏။ တောင်အာဖရိကတိုက်သို့သူရောက်ရှိချိန်၌သူပိုင်သော ပစ္စည်းမှာအဝတ်အထည်အနည်းငယ်မြင်းကုန်းနှီး၊ဇွန်းတစ်ချောင်းနှင့် ဓမ္မသစ်ကျမ်းတစ်အုပ်သာဖြစ်သည်။
သူသည်တောင်အာဖရိကတိုက်ဆိုင်ရာဗြိတိသျှသ့အမတ်ကြီးအဖြစ်ခန့်အပ်ခံရ၏။အမှုတော်လုပ်ငန်း တိုးတက်မှုရှိစချိန်၌လူဖြူများနှင့်ဇူးလူးများစစ်ပွဲဖြစ်ပွားသဖြင့်ဂါဒီနာအထက်အမိန့်အရတောင်အာဖရိက မှထွက် ခွာခဲ့ရ၏။

တောင်အာဖရိကတိုက်၌
အယ်လန်ဂါဒီနာသည် သူ့အားသာသနာပြုအဖြစ်ဘုရားသခင်ခန့်အပ်ကြောင်းစိတ်ချမှုရှိသောကြောင့် သူယခင်တွေ့ဖူးသောတောင်အာဖရိကတိုက်ရှိလူရိုင်းများထံပြန်သွားရန်စဉ်းစားခဲ့၏။(၁၈၃၈) ခုနှစ်၌သူ့ဇနီး၊ ခလေးများနှင့်အတူတောင်အာဖရိကတိုက်သို့ခရီးပြုခဲ့၏။ ထိုအရပ်သို့ရောက်ပြီးနောက်အခြားလူမျိုးတို့ထက်ပိုမို ယဉ်ကျေးသော အေရောက်ကမ်းနီးယန်းလူမျိုးများရှိရာအရပ်သို့သူ့မိသားစုများနှင့်အတူရထားလုံးဖြင့် ခရီးစတင် ခဲ့၏။ မြစ်များနှင့်လမ်းကြမ်းများကိုကျော်ဖြတ်ကာ(၁၄)ရက်ခရီးသွားခဲ့ရ၏။
ထို့နောက်အန်ဒီးစ်တောင်များကိုလားများစီးချက်ဖြတ်ကျော်ခဲ့ရ၏။ ထိုဒေသသို့ရောက်ပြီးနေထိုင်ရန်တဲ ငယ်လေးတစ်ခုကိုငှားရမ်းခဲ့၏။သူတို့၏အိမ်ထောင်ပရိဘောဂပစ္စည်းများကိုနေရာတကျထားပြီးနောက် ရွာသူကြီးရောက်လာပြီးသူတို့အားထွက်ခွာသွားရန်ပြောတော့၏။ အကြောင်းမှာအရင်နေဖူးခဲ့သောလူဖြူများသည်ရက်စက် ကြမ်းကြုတ်သူများဖြစ်သဖြင့်ရွာသားများကလူဖြူများအပေါ်မနှစ်မြို့သောကြောင့်ဖြစ်၏။ သူတို့သည်ဂါဒီနာအား ထိုအရပ်၌သာသနာပြုလုပ်ငန်းလုပ်ဆောင်ရန်ခွင့်မပြုခဲ့ချေ။

ဒုတိယအကြိမ်ကြိုးစားမှု
ယခုအခါတောင်အာဖရိကတိုက်တောင်ပိုင်းရှိသူတွေ့ခဲ့ဖူးသောလူမျိုးများရှိရာသို့ပြန်လှည့်ခဲ့၏။အပင်များ မရှိသောလွင်တီးခေါင်ကမ်းခြေ၌သူတို့သည်သစ်သားအိမ်လေးတစ်လုံးကိုတည်ဆောက်ခဲ့ပြီးတဲရှင်များ ကိုမည်သို့ ဖာထေးချုပ်ရမည်ကိုသင်ပြပေးခြင်းအားဖြင့်မိမိတို့အပေါ်ယုံကြည်စိတ်ချမှုရယူကြ၏။ ဂါဒီနာသည်ခင်မင်တတ် သောဤတိုင်းရင်းသားလူမျိုးစုများအကြား၌သာသနာပြုဌာနတစ်ခုတည်ထောင် လိုစိတ်ရှိခဲ့၏။ ထို့ကြောင့်အကူ အညီရယူရန်အင်္ဂလန်ပြည်ပြန်ခဲ့သော်လည်းစိတ်ပျက်စရာနှင့်ကြုံတွေ့ပြီး(၃)နှစ်ကြာမှ“ပက်တဂိုနီယန်” သာသနာ ပြုအသင်းကြီးကိုဖွဲ့စည်းနိုင်ခဲ့၏။
သို့ရာတွင်သာသနာပြုရန်သူပြန်သွားသောအချိန်၌လူမျိုးစုအကြီးအကဲမှာအသစ်ဖြစ်နေပြီးခင်မင်မှုလုံး၀ မရှိကာမိသားစုအားလုံးအင်္ဂလန်သို့ပြန်ဖို့အကြောင်းဖြစ်ခဲ့ပြန်၏။ သူ့မိတ်ဆွေများလည်းစိတ်ဓါတ်ကျခဲ့၏။ သို့ရာ တွင်ဂါဒီနာကားစိတ်မပျက်ခဲ့ချေ။ “တောင်အာဖရိကတိုက်သို့ပြန်သွားပြီးကြိုးစားလုပ်ဆောင်ရန်ပရိုတက်စတင့် သာသနာကိုသာမန်မဟုတ်သောလူမျိုးစုများအကြား၌လုပ်ဆောင်ရန်စိတ်ဆုံးဖြတ်ထားပါသည်” ဟုသူပြောခဲ့၏။

တတိယအကြိမ်ကြိုးစာမှု
ဤတစ်ကြိမ်တွင်သူသည်တောင်အာဖရိကတိုက်ရှိဘိုလီမီးယားအရပ်သို့သွားခဲ့၏။ ရွာ(၁၁)ရွာရှိအကြီး အကဲများထံသွားရောက်ကာသာသနာပြုဌာနချုပ်လုပ်ခွင့်တောင်းခံရာ(၁၁)ကြိမ်စလုံးငြင်းပယ်ခံရ၏။ သူ့အဖွဲ့ သားများမှာအကြမ်းတမ်းဆုံးလမ်းခရီးမိုင်ပေါင်း(၁၀၀၀)ကျော်ဖြတ်သန်းခဲ့ရပြီးဖျားနာဝေဒနာခံစားကြ၏။ နောက် ဆုံး၌လိုအပ်သောခွင့်ပြုချက်ကိုသူရရှိခဲ့၏။ သို့သော်နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကြောင့်မကြာမီအင်္ဂလန်ပြည် သို့တဖန်ထွက်ခွာခဲ့ရပြန်၏။
စတုတ္ထအကြိမ်ကြိုးစားမှု
စတုတ္ထအကြိမ်ကူညီသူအသစ်များနှင့်တောင်အာဖရိခရီးစတင်ခဲ့ပြီးတဲများဆောက်ရန်အခြားကျွန်းတစ် ကျွန်းကိုသူရွေးချယ်ခဲ့၏။ သို့ရာတွင်ဒေသခံတိုင်းရင်းများသည်ဆိုးသွမ်းသူများဖြစ်ကြပြီးပစ္စည်းများကိုအတင်း အဓမ္မလုယက်ခဲ့ကြ၏။ ထို့ကြောင့်ထိုအရပ်မှထွက်ခွာခဲ့ပြန်၏။ နောက်ဆုံးကြိုးပမ်းမှု နှစ်ပေါင်းများ စွာကြာပြီးနောက်ရေ တပ်မှထွက်၍အမှုတော်ထမ်းဆောင်ခဲ့သော်လည်းမအောင်မြင် သကဲ့သို့ခံစားရ ၏။ သူ၏ကြိုးစားချက် များလည်းရှုံးနိမ့်ခြင်းနှင့်အဆုံးသတ်ခဲ့ရ၏။သို့သော်လည်းသူသည်စိတ်ဓါတ်မ ကျခဲ့ပါ။ အရှူံးလည်းမပေးခဲ့ချေ။ အကယ်၍သူ့လူများနှင့်အတူနေထိုင်ပြီး ပစ္စည်းများကိုထိန်းသိမ်းနိုင်မည့်သာ သနာပြုစက်လှေတစ်စင်းရှိလျှင် လုံခြုံစိ်တ်ချရမည်ဟုသူစဉ်းစားမိခဲ့၏။
သာသနာပြုအသင်းကြီးကလည်းလိုအပ်သောငွေကြေးကိုမထောက် ပံ့နိုင်ခဲ့ချေ။ သို့ရာတွင်သူက“သာသနာပြုအသင်းကြီးကငွေထောက်ပံ့နိုင်သည်ဖြစ်စေ၊မထောက်ပံ့နိုင်သည်ဖြစ် စေ၊ ကျွန်ုပ်အနေဖြင့်စွန့်လွှတ်စွန့်စားလုပ်ဆောင်ရန်ရည်ရွယ်ပါသည်။ကျွန်ုပ်တို့၏ကယ်တင်ရှင်ကမြေကြီး စွန်းတိုင် အောင်ဧဝံဂေလိတရားဟောရန်မိန့်မှာခဲ့ပါသည်။ ကျွန်ုပ်တို့နာခံမှုသာပြုကြပါစို့”ဟုရေးခဲ့၏။
ကိုယ်ပိုင်ငွေနှင့်သူ၏ကြိုးပမ်းမှုကိုစာနာသောအမျိုးသမီးတစ်ဦး၏ငွေဖြင့် မာလိန်မှုးဂါဒီနာသည် စက်လှေ ၂စင်းပြင်ဆင်ခဲ့၏။တစ်စင်းမှာ“ကနဦး”ဖြစ်ပြီး၊ အခြားတစ်စင်းမှာ “ကောင်းကောင်းသွား”ဟုအမည် ဖြင့်သိကြ၏။လူခုနှစ်ဦးပါဝင်သောအဖွဲ့ဖြင့်ခရီးပြုခဲ့ကြ၏။ ထိုခုနှစ်ဦးမှာကောင်းစွာလေ့ကျင့်ပြင်ဆင်ထားသော သူများမဟုတ်ကြချေ။ မကျွမ်းကျင်မှုကြောင့်လိုအပ်သည့်အသုံးအဆောင်များအချိန်နောက်ကျပြီးမှရောက်ရှိ၏။
သူတို့၏လမ်းဆုံးတောင်အမေရိကတိုက်သို့ရောက်ရှိပြီးနောက်လှေများရေစီးသန်မှုကြောင့်ကွဲအက် လွယ်ကြောင်းသိကြ၏။ ပထမလအကုန်၌“ကနဦး”လှေပျက်စီးသွားခဲ့၏။ ရဲရင့်သောသာသနာပြုများခြေချရာအ ရပ်တိုင်း၌ဒေသခံလူမျိုးစုများ၏ရိုင်းပြမှုကြောင့်ကယ်ဆယ်ရေးရေယာဉ်ဆိုက်ကပ်နိုင်မည့် ကျွန်းများပေါ်၌သာသနာပြုများခြေမချနိုင်ခဲ့ချေ။
ကျွန်ပေါ်ရှိ“စပန်နီရတ်”သဘောၤဆိပ်ကိုအဓိကထား၍သွားကြရန်ဆုံးဖြတ်ချက်ချခဲ့ကြ၏။ ကျောက် ဆောင်တစ်ခုအပေါ်၌“စပန်နီရတ်သို့သွားပြီ”ဟုဆေးချယ်ကာအမှတ်အသားပြုခဲ့ကြ၏။ ပုလင်းများပေါ်၌ “စပန်နီရတ်သို့သွားပြီ” လှေပေါ်မှာငါတို့ဖျားနေကြတယ်။ရိက္ခာလည်းကုန်တော့မယ်။မြန်မြန်လာမကယ်ရင် အစာငတ်ပြတ်တော့မယ်”ဟုရေးကာသဲများအောက်၌မြှုပ်ခဲ့ကြ၏။ အကယ်၍ကယ်ဆယ်ရေးရောက်ခဲ့သော်ဤ သတင်းစကားကိုသိနိုင်ရန်သူတို့မြော်လင့်ခဲ့ကြ၏။
နောက်ဆုံးရုန်းကန်လှုပ်ရှားမှု
ရက်သတ္တပတ်များစွာကျော်လွန်ခဲ့ပြီးမည်သည့်ယာဉ်မျှမရောက်ရှိခဲ့ချေ။ထို့နောက်သူတို့၏အစာရိက္ခာ များကုန်ခန်းသွား၏။ မာလိန်မှုးဂါဒီနာနှင့်သူ့လူများအစာရေစာမဲ့ခြင်းနှင့်ကယ်ဆယ်ခံရဖို့မျှော်လင့်ချက်မရှိတော့ ဘဲကမ္ဘာလောကကြီးနှင့်အဆက်ပြတ်ခဲ့၏။ ဤလူခုနှစ်ယောက်သည်မြေခွေးတစ်ကောင်ကိုစားသောက်လျက် ရက်ပေါင်းများစွာအသက်ရှင်ခဲ့ကြရပြီးနောက်ပိုင်းတွင်ကြွက်(၆)ကောင်၊သစ်စေ့များနှင့်မုံညင်းအရိုင်း များကိုစား သောက်ပြီးအသက်ရှင်ခဲ့ကြရ၏။ အစာငတ်မွတ်ခြင်းအပြင်အရေပြားယားနာရောဂါ(ဝဲရောဂါ)ခံစားကြရ၏။ ဤ သို့ခဲယဉ်းသောနေ့ရက်များအတွင်းဂါဒီနာသည်“ကျွန်ုပ်အားနည်းလွန်းလို့တစ်နေ့လုံးအိပ်ယာပေါ်မှာ ပဲနေခဲ့တယ်။ ကျွနု်ပ်စိုးရိမ်ခြင်းရှိသမျှကိုဘုရားသခင်ထံအပ်နှံခဲ့တယ်၊ ကိုယ်တော်ရဲ့အချိန်နာရီနဲ့ကောင်းသောအစီအစဉ်ကို သာကျွန်ုပ်မျှော်လင့်နေပါတယ်” ဟုရေးခဲ့၏။
ဂါဒီနာနှင့်သူ့အဖော်နှစ်ဦးသည်ပျက်စီးနေသော“ကနဦး”လှေကိုကမ်းခြေသို့ဆွဲယူခဲ့ပြီးတဲရှင် တစ်ခုဖြင့်ဖုံးအုပ်ကာအတွင်း၌နေခဲ့ကြ၏။အခြားသူများကတစ်မိုင်အကွာရှိ“ကောင်းကောင်းသွား”လှေ အတွင်း၌နေခဲ့ကြ၏။ ထိုလှေကိုမူလေမုန်တိုင်းဒဏ်မှကာကွယ်ရန်ကျောက်ချထားခဲ့၏။ လူများလည်းအားနည်းလာကြသောကြောင့် လှေတစ်စင်းမှတစ်စင်းသို့မကူးနိုင်တော့ချေ။
“ကျွနု်ပ်တို့သာသနာပြုအဖွဲ့သားများမှတစ်ယောက်ပြီးတစ်ယောက်ကောင်းသောအမွေခံရန်ကောင်း သောသိုးထိန်းကြီး၏စုသိမ်းခြင်း(ခေါ်တော်မူခြင်း)ခံရ၏။ကျွနု်ပ်တို့၏အသက်တာများမှာကိုယ်တော်ရှင်၏လက် ထဲ၌ရှိသည်။ အမှုတော်၌သာ၍အရည်အချင်းပြည့်ဝသောအခြားသူများကိုကိုယ်တော်သည်ရွေးကောက်ခေါ်ယူ အသုံးပြုနိုင်ပါသည်”ဟုဂါဒီနာရေးခဲ့၏။
အခြားသူများသေဆုံးပြီးနောက်လှေပေါ်တွင်သူတစ်ဦးတည်းလှေပေါ်၍ရှိစဉ်မိသားစုထံနောက်ဆုံးနှုတ် ဆက်စာနှင့်အနာဂတ်လုပ်ဆောင်ရမည့်သာသနာပြုအစီအစဉ်များကိုရေးသားခဲ့၏။ ဤသို့ဖြင့်သူ့နောက်ဆုံးအ ချိန်ပင်လျှင်အမှုတော်မြတ်အတွက်ဖြစ်ခဲ့၏။ (၁၈၅၁)ခုနှစ်၊ စက်တင်ဘာလ(၆)ရက်နေ့တွင်ရဲရင့်သောသာသနာ ပြုအဖွဲ့မှနောက်ဆုံးလူဖြစ်သ ည့်ဂါဒီနာသည်အစာငတ်မွတ်ကာသေဆုံးခဲ့ရ၏။ ရက်(၂၀)ကြာမှကယ်ဆယ်ရေး ယာဉ်ရောက်ရှိခဲ့ပြီးလက်ဝါးကပ်တိုင်တော်၏သူရဲကောင်းသည်အသက်ဆုံးပါးလျက်ရှိသည်ကိုတွေ့ကြရ၏။

စပါးစေ့
ဂါဒီနာ၏အသက်တာသည်သာသနာပြုအများစုနှင့်မတူချေ။ ၇လာဒ်အနေဖြင့်မည်သည့်တိုင်းရင်းသား ခရစ်ယာန်(သို့)အသင်းတော်ကိုမျှသူချန်မထားနိုင်ခဲ့ချေ။ ထို့ကြောင့်သူ့ကြိုးစားမှုနှင့်အသက်တာကိုအလဟာသ ဖြုန်းတီးသည်ဟုဆိုလိုပါသလား၊ လုံးဝမဟုတ်ပါ၊ သခင်ယေရှူက“ငါအမှန်အကန်ဆိုသည်ကား၊မြေ၌ကျသော စပါးစေ့သည်မပျက်လျင်တစ်ခုတည်းနေ၏။ ပျက်လျှင်မူကား များစွာသောအသီးကိုသီးတတ်၏။”ဟုမိန့်တော်မူ ခဲ့၏။(ယော၊ ၁၂း၂၄)
အယ်လန်ဂါဒီနာသည် ဘုရားသခင်မျိုးစေ့ဖြစ်ခဲ့၏။ သူသည်မြေ၌ကျပြီးသေခဲ့ရ၏။ ထို့ကြောင့်အသီးသီး ရမည်။ သူ့သေခြင်းသတင်းကအသင်းတော်များကိုလှုပ်ရှားစေခဲ့၏။ သူ့အကြောင်းကိုနေရာတိုင်း၌ပုံနှိပ်ဖြန့်ဝေခဲ့ ကြ၏။
အကျိုးရလာဒ်ကား“ပက်ထဂိုနီယန်”သာသနာပြုအသင်းကြီးက ဂါဒီနာနှင့်သူ့မိတ်ဆွေများအသက်ပေး ခဲ့ကြသောကျွန်းများပေါ်၌သာသနာပြုလုပ်ငန်းကိုတည်ထောင်ခဲ့ကြ၏။“အယ်လန်ဂါဒီနာ”အမည်မှည့် ထားသောအထူးကောင်းမွန်သည့်စက်လှေဖြင့်ခြေစိုက်စခန်းမှအခြားကျွန်းများပေါ်သို့ခရီးပြုခဲ့ကြ၏။
ပထမဆုံးစေတနာ့ဝန်ထမ်းသာသနာပြုများအတက်တစ်ဦးမှာမာလိန်မှုးဂါဒီနာ၏သားဖြစ်ပြီးသူ့ဖခင်၏ အလိုဆန္ဒများပြီးပြည့်စုံစေရန်ဆက်ကပ်လုပ်ဆောင်ခဲ့၏။ဂါဒီနာနှင့်သူ့ဆန္ဒကိုလစ်လျူရှူခဲ့ကြသော အမှားကိုခရစ် ယာန်များသဘောပေါက်ခဲ့ကြ၏။ ဧဝံဂေလိတရားမကြားဖူးသေးသော အရပ်များသို့သာသနာပြုများ အဖြစ်သွား ရောက်ရန် လူငယ်များစွာတို့သည်မိမိ ကိုယ်ကို ဆက်ကပ်အပ်နှံခဲ့ကြ၏။ တောင်အမေရိက တိုက်တောင်ပိုင်း သာသနာလုပ်ငန်းသည် လမ်းပွင့်ခဲ့ပြီးကြီး မားသော စိတ်ဝင်စားမှုဖြင့်လုပ်ဆောင်နိုင်ခဲ့၏။ဤအရာအားလုံးမှာ ဘုရားသခင်၏ မျိူးစေ့မှအ သီးသီးခြင်းဖြစ်ပေသည်။
ခရစ်တော်ထံလုံးဝဆက်ကပ်အပ်နှံထားသောအသက်တာတိုင်းသည်အလဟာသအသက်တာမဟုတ် ချေ။ သင့်အသက်တာကိုအသုံးဝင်ပြီးအသီးသီးသောအသက်တာဖြစ်ချင်ပါသလား။ဖြစ်ချင်ပါကကိုယ်တော်ထံ လုံးဝဆက်ကပ်အပ်နှံပါ။ ကိုယ်တော်သည်သင့်ကိုအသုံးပြုတော်မူမည်။
blog.shwecanaan.com
ဘုရားသခင္၏ စပါးေစ့

အယ္လန္ဂါဒီနာ (Allen Gardiner ) ၁၇၉၄ - ၁၈၅၁
“အေဖေရ၊ မာလိန္မႈး ကကၽြန္ေတာ့္ ကုိေခၚမယ္လို႔ ကတိေပးတယ္။ ကၽြန္ေတာ္တို႔ေနာက္ အပတ္ခရီး ထြက္ၾကမယ္” ဟုလူငယ္ေလး ကေအာ္၍ေျပာ လိုက္သည္။ ဖခင္ျဖစ္သူက သူ၏ဦၤးေခါင္း ကိုခါရမ္း လ်က္“ပင္လယ္ထဲသြားဖို႔သိပ္ ငယ္ေသးတယ္၊ အယ္လန္ႏွစ္ အနည္းငယ္ေစာင့္ လုိက္ပါဦး” ဟုေျပာလိုက္၏။
မိခင္ျဖစ္သူက သအိပ္ခန္းသို႔မၾကာ ခဏ၀င္ေရာက္လာတိုင္းေပ်ာ့ေျပာင္းႏူး ညံ့ေသာအိပ္ယာေပၚ၌ အိပ္ ေနရမည့္အစား မာေက်ာေသာၾကမ္းျပင္ေပၚ၌သာသူအိပ္ေနသည္ကိုေတြ႔ျမင္၇ေပလိ္မ့္မည္။ သူ႔အားေမးလွ်င္ ကၽြန္ေတာ္တစ္ေန
႔ သေဘာၤမာလိန္မႈးျဖစ္ လာၿပီးနယ္ေျမေဒသအ သစ္ေတြကိုစူးစမ္း ရွာေဖြမွာျဖစ္လုိ႔အခု ကတည္း ကအခက္အခဲမ်ားႏွင့္ က်င့္သားရေအာင္လုပ္ ထားရမယ္ေလ” ဟုျပန္ေျပာတတ္၏။
ဤသို႔ျဖင့္အယ္လင္ဂါဒီနာသည္ငယ္စဥ္သေဘာၤသားႏွင့္စြန္႔စားရွာေဖြသူတစ္ဦးျဖစ္၇န္စိတ္ကူးဆႏၵရွိခဲ့၏။

ငယ္စဥ္ဘ၀
အယ္လင္ဂါဒီနာအား(၁၇၉၄)ခုႏွစ္၌အဂ္လန္ျပည္တြင္ဖြားျမင္ခဲ့၏။ သူသည္ငယ္စဥ္ဘသကပင္စြန္႔စား ခန္းမ်ားကိုႏွစ္သက္ေၾကာင္းေဖာ္ျပခဲ့၏။အာဖရိကတုိက္ရွိစြန္႔စားခန္းမ်ားစာအုပ္(မင္ဂုိပတ္(ခိ)၏ခရီးစဥ္မ်ား) ကုိ ဖတ္ၿပီးအာဖရိကစကားလံုးေ၀ါ့ဟာရမ်ားကိုေရးမွတ္ခဲ့၏။ သူ႔ရည္မွန္းခ်က္မွာကမၻာတစ္၀ွမ္းလံုးသုိ႔ခရီး လွည့္လည္ ရန္ျဖစ္၏။ သူသည္ျမင္းစီးႏွင့္ေ၇ကူးကၽြမ္းက်င္သူတစ္ဦးျဖစ္၏။

ေရတပ္၌
ေရေၾကာင္းသိပၸံေက်ာင္းတက္ေရာက္ ခဲ့ၿပီးအသက္(၁၆)ႏွစ္ဂါဒီနာဘဲြ႔ရရွိခဲ့၏။ ေရတပ္မေတာ္
သုိ႔ခ်က္ျခင္း၀င္ ေ၇ာက္ခဲ့၏။ (၄)ႏွစ္ၾကာေသာတပ္ၾကပ္ႀကီးျဖစ္ လာၿပီးေနာင္တြင္ သေဘာၤတစ္စင္း လံုးကုိတာ၀န္ယူရေသာ မာလိန္မႈးျဖစ္လာ၏။ ဤအခ်ိန္တြင္အယ္လန္သည္ ႏႈတ္ကပတ္ေတာ္ႏွင့္အညီသြန္သင္ေသာမိခင္၏စကားမ်ား ကုိစဥ္းစားေတြးေတာခဲ့၏။ တစ္ေန႔တြင္သူ႔ဖခင္ေရးသည့္မိခင္၏အတၳဳပတၱိကုိဖတ္ေနစဥ္မိခင္ကိုးကြယ္ေသာ ဘုရားသခင္အေၾကာင္းသိခ်င္စိတ္ျဖစ္ေပၚခဲ့၏။ က်မ္းစာအုပ္တစ္အုပ္၀ယ္ယူေလ့လာၿပီးမၾကာခင္မွာပင္ ဤေရ တပ္အရာရွိငယ္ေလးသည္ခရစ္ေတာ္ကိုသူ၏ကယ္တင္ရွင္အျဖစ္ယံုၾကည္လက္ခံခဲ့၏။
သူသည္ေရတပ္တာ၀န္၀တၱ၇ားမ်ားထမ္းေဆာင္ရင္းကမၻာတ၀ွမ္းလံုးရွိဆိပ္ကမ္းအမ်ဳိးမ်ဳိးသုိ႔ေရာက္ခဲ့၏။ သူအားလပ္တိုင္းထို္အရပ္ေဒသရွိတိုင္းရင္းသားတုိပ၏ဓေလ့ထံုးစံမ်ားကုိစိတ္၀င္စားစြာလွည့္ လည္ၾကည့္ရွဳခဲ့၏။ တစ္ခ်ိန္၌တဟီဟီအမည္ရွိေသာပစိဖိတ္ကၽြန္းတကၽြန္းေပဓသုိ႔ေရာက္ခဲ့၏။

ကမ္းေျခသုိ႔ေရာက္ေသာအခါလြင္ တီးေခါင္ျဖစ္ေနေၾကာင္းေတြ႔ရ၏။ ေနရာတိုင္း၌အလြန္တိတ္ဆိတ္ၿငိမ္သက္ေန၏။ ရြာထဲသုိ႔သြားေသာအခါ တိုင္း၇င္းသားတစ္ဦးက ခရစ္ယာန္သမၼာတရားမ်ားကိုလူငယ္တစ္စုအားသင္ၾကားေနသည္ကုိသူေတြ႔ခဲ့၏။ ထိုေန႔သည္တနဂၤေႏြေန႔ျဖစ္ၿပီးထုိသူမ်ားမွာခရစ္ယာန္မ်ားျဖစ္ေၾကာင္းသိရ၏။ ထူးျခားမႈမွာအျခားရြာမ်ားႏွင့္မ တူပဲ၊ သူ႔အတြက္ႏွစ္သက္ျမတ္ႏ္ိုးစရာျဖစ္ေစခဲ့၏။ ဤသို႔ျဖစ္ရျခင္းမွာသာသနာျပဳမ်ား၏ကိုယ္က်ဳိးစြန္႔အမႈေတာ္ ေဆာင္ရြက္မႈမ်ားေၾကာင့္ျဖစ္ေၾကာင္းသူ သိခဲ့၏။ ဤေျပာင္းလဲမႈမ်ဳိးအျခားအ၇ပ္ေဒသမ်ား၌လည္းျဖစ္ပ်က္ႏိုင္မ လား၊ ျဖစ္ႏိုင္ပါသည္။သုိ႔ရာတြင္မသည္သူကသူတုိ႔အားသခင္ေယရွဴခရစ္ေတာ္အေၾကာင္းေျပာျပမလဲ။
ေတာာင္အေမ၇ိကတုိက္သုိ႔သြား၇ာခရီးစဥ္အတြင္းေတာင္ပိုင္းရွိပုိင္းရွိကၽြန္းအခ်ဳိ႕ကိုဂါဒီနာသြားေရာက္ လည္ပတ္ခဲ့၏။ ပါတာဂုိးနီးယား(အာဂ်င္တီးနားေတာင္ပုိင္း)သုိ႔လည္းသူသြားေရာက္လည္ပတ္ခဲ့၏။ ဤအရပ္ေဒ သမ်ား၌ဘာသာတရားမရွိသည့္သာမန္မဟုတ္ေသာလူမ်ဳိးစုမ်ားကိုလည္းသူေတြ႔ခဲ့ရ၏။ ထိုသူတုိ႔သည္အလြန္ ေရွးက်ၿပီးယဥ္ေက်းမႈမတိုးတက္မဖြဲ႕ၿဖိဳးေသးေသာအ၇ပ္သားမ်ားျဖစ္ၾက၏။ ဤအေတြ႔အႀကံဳမ်ားကအယ္လင္ဂါ အားဘုရင့္ေရတပ္မေတာ္မွထြက္ကာသာသနာျပဳဆရာတစ္ဦးျဖစ္ေစရန္လႊမ္းမိုးခဲ့ေတာ့၏။

ေတာင္အာဖရိကတိုက္၌
ဘုရားသခင္ကဂါဒီနာအားေတာင္အာဖရိကတိုက္သုိ႔သြားရန္လမ္းျပပဲ့ျပင္ေတာ္မူခဲ့၏။ ထိုအခ်ိန္က ထိုအ ၇ပ္ရွိတိုင္းရင္းသားမ်ားထံသုိ႔မည္သူမွ်ဧ၀ံေဂလိတရားယူေဆာင္သြားျခင္းမရွိေသးေခ်။အာဖရိက တုိက္ေတာနက္ ႀကီးအတြင္းပိုင္း၌ဇူးလူးမ်ား(လူသားစားလူရုိင္းမ်ား)ေနထိုင္ေၾကာင္းဂါဒီနာသိခဲ့ၿပီးေနာက္ ထိုလူတုိ႔အားေယရွဴဘုရားအေၾကာင္းေျပာျပရန္ျမင္းစီးလ်က္ခရီထြက္ခြာခဲ့၏။ အႏၱရာယ္မ်ားေသာခရီးစဥ္ျဖစ္၏။အလြန္ထူထပ္ေသာ ေတာအုပ္ႀကီးႏွင့္ရြံ႕ႏြံေပါမ်ားေသာအရပ္မ်ား ကုိျဖတ္သန္းရမည္၊တစ္ခါတစ္ရံေရစီးသန္ေသာ၊ေရလွ်ံေသာျမစ္မ်ား ကုိျဖတ္ကူးဖို႔ရွိ၏။ တစ္ႀကိမ္တြင္ျမစ္ကမ္းပါး၌အက်ၤီမ်ားစုိရဲႊၿပီးဗိုက္ဆာဆာႏွင့္လဲေလ်ာင္းေနစဥ္အလြန္ႀကီးမား ေသာေ၇ျမင္းႀကီးတစ္ေကာင္၏အသံေၾကာင့္လန္႔ႏုိးသြား၏။ ဇူးလူးမ်ား၏ဘု၇င္သည္အလြန္၇က္စက္ၾကမ္းၾကဳတ္ ေသာစစ္သူရဲျဖစ္ၿပီးတစ္ျပည္လံုးကသူ႔ကိုေၾကာက္ ရြံ႕ၾကေၾကာင္းသူၾကားသိခဲ့၏။ ထုိဘု၇င္ကိုလည္းခရစ္ေတာ္ အားျဖင့္ကယ္တင္ျခင္းရႏုိင္ေၾကာင္းဂါဒီနာရွင္းျပခဲ့၏။ ေတာင္အာဖရိကတုိက္သုိ႔သူေရာက္ရွိခ်ိ္န္၌သူပုိင္ေသာ ပစၥည္းမွာအ၀တ္အထည္အနည္းငယ္ျမင္းကုန္းႏွီး၊ဇြန္းတစ္ေခ်ာင္းႏွင့္ ဓမၼသစ္က်မ္းတစ္အုပ္သာျဖစ္သည္။
သူသည္ေတာင္အာဖရိကတုိက္ဆိုင္၇ာၿဗိတိသွ်သ့အမတ္ႀကီးအျဖစ္ခန္႔အပ္ခံရ၏။အမႈေတာ္လုပ္ငန္း တိုးတက္မႈရွိစခ်ိန္၌လူျဖူမ်ားႏွင့္ဇူးလူးမ်ားစစ္ပဲြျဖစ္ပြားသျဖင့္ဂါဒီနာအထက္အမိန္႔အရေတာင္အာဖရိက မွထြက္ ခြာခဲ့ရ၏။

ေတာင္အာဖရိကတိုက္၌
အယ္လန္ဂါဒီနာသည္ သူ႔အားသာသနာျပဳအျဖစ္ဘုရားသခင္ခန္႔အပ္ေၾကာင္းစိတ္ခ်မႈရွိေသာေၾကာင့္ သူယခင္ေတြ႔ဖူးေသာေတာင္အာဖရိကတိုက္ရွိလူရုိင္းမ်ားထံျပန္သြားရန္စဥ္းစားခဲ့၏။(၁၈၃၈) ခုႏွစ္၌သူ႔ဇနီး၊ ခေလးမ်ားႏွင့္အတူေတာင္အာဖရိကတိုက္သို႔ခရီးျပဳခဲ့၏။ ထိုအရပ္သုိ႔ေရာက္ၿပီးေနာက္အျခားလူမ်ဳိးတုိ႔ထက္ပိုမို ယဥ္ေက်းေသာ ေအေရာက္ကမ္းနီးယန္းလူမ်ဳိးမ်ားရွိ၇ာအ၇ပ္သုိ႔သူ႔မိသားစုမ်ားႏွင့္အတူရထားလံုးျဖင့္ ခရီးစတင္ ခဲ့၏။ ျမစ္မ်ားႏွင့္လမ္းၾကမ္းမ်ားကုိေက်ာ္ျဖတ္ကာ(၁၄)၇က္ခရီးသြားခဲ့ရ၏။
ထို႔ေနာက္အန္ဒီးစ္ေတာင္မ်ားကိုလားမ်ားစီးခ်က္ျဖတ္ေက်ာ္ခဲ့ရ၏။ ထုိေဒသသို႔ေရာက္ၿပီးေနထိုင္ရန္တဲ ငယ္ေလးတစ္ခုကိုငွားရမ္းခဲ့၏။သူတုိ႔၏အိမ္ေထာင္ပရိေဘာဂပစၥည္းမ်ားကိုေနရာတက်ထားၿပီးေနာက္ ရြာသူႀကီးေရာက္လာၿပီးသူတုိ႔အားထြက္ခြာသြားရန္ေျပာေတာ့၏။ အေၾကာင္းမွာအရင္ေနဖူးခဲ့ေသာလူျဖူမ်ားသည္ရက္စက္ ၾကမ္းၾကဳတ္သူမ်ားျဖစ္သျဖင့္ရြာသားမ်ားကလူျဖဴမ်ားအေပၚမႏွစ္ၿမိဳ႕ေသာေၾကာင့္ျဖစ္၏။ သူတုိ႔သည္ဂါဒီနာအား ထိုအရပ္၌သာသနာျပဳလုပ္ငန္းလုပ္ေဆာင္ရန္ခြင့္မျပဳခဲ့ေခ်။

ဒုတိယအႀကိမ္ႀကိဳးစားမႈ
ယခုအခါေတာင္အာဖရိကတုိက္ေတာင္ပုိင္းရွိသူေတြ႔ခဲ့ဖူးေသာလူမ်ဳိးမ်ားရွိရာသို႔ျပန္လွည့္ခဲ့၏။အပင္မ်ား မရွိေသာလြင္တီးေခါင္ကမ္းေျခ၌သူတုိ႔သည္သစ္သားအိမ္ေလးတစ္လံုးကိုတည္ေဆာက္ခဲ့ၿပီးတဲရွင္မ်ား ကုိမည္သုိ႔ ဖာေထးခ်ဳပ္ရမည္ကိုသင္ျပေပးျခင္းအားျဖင့္မိိမိတုိ႔အေပၚယံုၾကည္စိတ္ခ်မႈရယူၾက၏။ ဂါဒီနာသည္ခင္မင္တတ္ ေသာဤတုိင္းရင္းသားလူမ်ဳိးစုမ်ားအၾကား၌သာသနာျပဳဌာနတစ္ခုတည္ေထာင္ လိုစိတ္ရွိခဲ့၏။ ထို႔ေၾကာင့္အကူ အညီရယူရန္အဂၤလန္ျပည္ျပန္ခဲ့ေသာ္လည္းစိတ္ပ်က္စရာႏွင့္ႀကံဳေတြ႔ၿပီး(၃)ႏွစ္ၾကာမွ“ပက္တဂိုနီယန္” သာသနာ ျပဳအသင္းႀကီးကိုဖြဲ႔စည္းႏိုင္ခဲ့၏။
သို႔ရာတြင္သာသနာျပဳရန္သူျပန္သြားေသာအခ်ိန္၌လူမ်ဳိးစုအႀကီးအကဲမွာအသစ္ျဖစ္ေနၿပီးခင္မင္မႈလံုး၀ မရွိကာမိသားစုအားလံုးအဂၤလန္သို႔ျပန္ဖို႔အေၾကာင္းျဖစ္ခ့ဲျပန္၏။ သူ႔မိတ္ေဆြမ်ားလည္းစိတ္ဓါတ္က်ခဲ့၏။ သုိ႔ရာ တြင္ဂါဒီနာကားစိတ္မပ်က္ခဲ့ေခ်။ “ေတာင္အာဖရိကတုိက္သုိ႔ျပန္သြားၿပီးႀကိဳးစားလုပ္ေဆာင္ရန္ပရုိတက္စတင့္ သာသနာကိုသာမန္မဟုတ္ေသာလူမ်ဳိးစုမ်ားအၾကား၌လုပ္ေဆာင္ရန္စိတ္ဆံုးျဖတ္ထားပါသည္” ဟုသူေျပာခဲ့၏။

တတိယအႀကိမ္ႀကိဳးစာမႈ
ဤတစ္ႀကိမ္တြင္သူသည္ေတာင္အာဖရိကတုိက္ရွိဘုိလီမီးယားအ၇ပ္သုိ႔သြားခဲ့၏။ ရြာ(၁၁)ရြာရွိအႀကီး အကဲမ်ားထံသြားေ၇ာက္ကာသာသနာျပဳဌာနခ်ဳပ္လုပ္ခြင့္ေတာင္းခံရာ(၁၁)ႀကိမ္စလံုးျငင္းပယ္ခံရ၏။ သူ႔အဖြဲ႔ သားမ်ားမွာအၾကမ္းတမ္းဆံုးလမ္းခရီးမိုင္ေပါင္း(၁၀၀၀)ေက်ာ္ျဖတ္သန္းခဲ့ရၿပီးဖ်ားနာေ၀ဒနာခံစားၾက၏။ ေနာက္ ဆံုး၌လိုအပ္ေသာခြင့္ျပဳခ်က္ကိုသူရရွိခဲ့၏။ သုိ႔ေသာ္ႏုိင္ငံေရးျပဳျပင္ေျပာင္းလဲမႈမ်ားေၾကာင့္မၾကာမီအဂၤလန္ျပည္ သို႔တဖန္ထြက္ခြာခဲ့ရျပန္၏။
စတုတၳအႀကိမ္ႀကိဳးစားမႈ
စတုတၳအႀကိမ္ကူညီသူအသစ္မ်ားႏွင့္ေတာင္အာဖရိခရီးစတင္ခဲ့ၿပီးတဲမ်ားေဆာက္ရန္အျခားကၽြန္းတစ္ ကၽြန္းကိုသူေရြးခ်ယ္ခဲ့၏။ သို႔ရာတြင္ေဒသခံတုိင္းရင္းမ်ားသည္ဆိုးသြမ္းသူမ်ားျဖစ္ၾကၿပီးပစၥည္းမ်ားကိုအတင္း အဓမၼလုယက္ခဲ့ၾက၏။ ထို႔ေၾကာင့္ထိုအရပ္မွထြက္ခြာခဲ့ျပန္၏။ ေနာက္ဆံုးႀကိဳးပမ္းမႈ ႏွစ္ေပါင္းမ်ား စြာႀကာၿပီးေနာက္ေရ တပ္မွထြက္၍အမႈေတာ္ထမ္းေဆာင္ခဲ့ေသာ္လည္းမေအာင္ျမင္ သကဲ့သို႔ခံစားရ ၏။ သူ၏ႀကိဳးစားခ်က္ မ်ားလည္းရွံဳးနိမ့္ျခင္းႏွင့္အဆံုးသတ္ခဲ့ရ၏။သို႔ေသာ္လည္းသူသည္စိတ္ဓါတ္မ က်ခဲ့ပါ။ အရွံဴးလည္းမေပးခဲ့ေခ်။ အကယ္၍သူ႔လူမ်ားႏွင့္အတူေနထိုင္ၿပီး ပစၥည္းမ်ားကိုထိန္းသိမ္းႏိုင္မည့္သာ သနာျပဳစက္ေလွတစ္စင္းရွိလွ်င္ လံုၿခံဳစိ္္တ္ခ်ရမည္ဟုသူစဥ္းစားမိခဲ့၏။
သာသနာျပဳအသင္းႀကီးကလည္းလုိအပ္ေသာေငြေၾကးကိုမေထာက္ ပံ့ႏိုင္ခဲ့ေခ်။ သုိ႔ရာတြင္သူက“သာသနာျပဳအသင္းႀကီးကေငြေထာက္ပံ့ႏိုင္သည္ျဖစ္ေစ၊မေထာက္ပံ့ႏုိင္သည္ျဖစ္ ေစ၊ ကၽြႏ္ုပ္အေနျဖင့္စြန္႔လႊတ္စြန္႔စားလုပ္ေဆာင္ရန္ရည္ရြယ္ပါသည္။ကၽြႏ္ုပ္တုိ႔၏ကယ္တင္ရွင္ကေျမႀကီး စြန္းတိုင္ ေအာင္ဧ၀ံေဂလိတရားေဟာရန္မိန္႔မွာခဲ့ပါသည္။ ကၽြႏ္ုပ္တုိ႔နာခံမႈသာျပဳၾကပါစုိ႔”ဟုေရးခဲ့၏။
ကုိယ္ပုိင္ေငြႏွင့္သူ၏ႀကိဳးပမ္းမႈကိုစာနာေသာအမ်ဳိးသမီးတစ္ဦး၏ေငြျဖင့္ မာလိန္မႈးဂါဒီနာသည္ စက္ေလွ ၂စင္းျပင္ဆင္ခဲ့၏။တစ္စင္းမွာ“ကနဦး”ျဖစ္ၿပီး၊ အျခားတစ္စင္းမွာ “ေကာင္းေကာင္းသြား”ဟုအမည္ ျဖင့္သိၾက၏။လူခုႏွစ္ဦးပါ၀င္ေသာအဖြဲ႔ျဖင့္ခရီးျပဳခဲ့ၾက၏။ ထိုခုႏွစ္ဦးမွာေကာင္းစြာေလ့က်င့္ျပင္ဆင္ထားေသာ သူမ်ားမဟုတ္ၾကေခ်။ မကၽြမ္းက်င္မႈေၾကာင့္လိုအပ္သည့္အသံုးအေဆာင္မ်ားအခ်ိန္ေနာက္က်ၿပီးမွေရာက္ရွိ၏။
သူတုိ႔၏လမ္းဆံုးေတာင္အေမရိကတုိက္သုိ႔ေရာက္ရွိၿပီးေနာက္ေလွမ်ားေရစီးသန္မႈေၾကာင့္ကြဲအက္ လြယ္ေၾကာင္းသိၾက၏။ ပထမလအကုန္၌“ကနဦး”ေလွပ်က္စီးသြားခဲ့၏။ ရဲရင့္ေသာသာသနာျပဳမ်ားေျခခ်ရာအ ရပ္တုိင္း၌ေဒသခံလူမ်ဳိးစုမ်ား၏ရိုင္းျပမႈေၾကာင့္ကယ္ဆယ္ေရးေရယာဥ္ဆိုက္ကပ္နိုင္မည့္ ကၽြန္းမ်ားေပၚ၌သာသနာျပဳမ်ားေျခမခ်ႏုိင္ခဲ့ေခ်။
ကၽြန္ေပၚရွိ“စပန္နီရတ္”သေဘာၤဆိပ္ကုိအဓိကထား၍သြားၾကရန္ဆံုးျဖတ္ခ်က္ခ်ခဲ့ၾက၏။ ေက်ာက္ ေဆာင္တစ္ခုအေပၚ၌“စပန္နီရတ္သုိ႔သြားၿပီ”ဟုေဆးခ်ယ္ကာအမွတ္အသားျပဳခဲ့ၾက၏။ ပုလင္းမ်ားေပၚ၌ “စပန္နီရတ္သုိ႔သြားၿပီ” ေလွေပၚမွာငါတို႔ဖ်ားေနၾကတယ္။ရိကၡာလည္းကုန္ေတာ့မယ္။ျမန္ျမန္လာမကယ္ရင္ အစာငတ္ျပတ္ေတာ့မယ္”ဟုေ၇းကာသဲမ်ားေအာက္၌ျမွဳပ္ခဲ့ၾက၏။ အကယ္၍ကယ္ဆယ္ေရးေရာက္ခဲ့ေသာ္ဤ သတင္းစကားကိုသိႏိုင္ရန္သူတုိ႔ေျမာ္လင့္ခဲ့ၾက၏။
ေနာက္ဆံုးရုန္းကန္လႈပ္ရွားမ
ရက္သတၱပတ္မ်ားစြာေက်ာ္လြန္ခဲ့ၿပီးမည္သည့္ယာဥ္မွ်မေရာက္ရွိခဲ့ေခ်။ထို႔ေနာက္သူတုိ႔၏အစာရိကၡာ မ်ားကုန္ခန္းသြား၏။ မာလိန္မႈးဂါဒီနာႏွင့္သူ႔လူမ်ားအစာေရစာမဲ့ျခင္းႏွင့္ကယ္ဆယ္ခံရဖို႔ေမွ်ာ္လင့္ခ်က္မရွိေတာ့ ဘဲကမၻာေလာကႀကီးႏွင့္အဆက္ျပတ္ခဲ့၏။ ဤလူခုႏွစ္ေယာက္သည္ေျမေခြးတစ္ေကာင္ကိုစားေသာက္လ်က္ ရက္ေပါင္းမ်ားစြာအသက္ရွင္ခဲ့ၾကရၿပီးေနာက္ပိုင္းတြင္ႀကြက္(၆)ေကာင္၊သစ္ေစ့မ်ားႏွင့္မံုညင္းအရုိင္း မ်ားကိုစား ေသာက္ၿပီးအသက္ရွင္ခဲ့ၾကရ၏။ အစာငတ္မြတ္ျခင္းအျပင္အေရျပားယားနာေရာဂါ(၀ဲေရာဂါ)ခံစားၾကရ၏။ ဤ သုိ႔ခဲယဥ္းေသာေန႔ရက္မ်ားအတြင္းဂါဒီနာသည္“ကၽြႏ္ုပ္အားနည္းလြန္းလို႔တစ္ေန႔လံုးအိပ္ယာေပၚမွာ ပဲေနခဲ့တယ္။ ကၽြႏု္ပ္စုိးရိမ္ျခင္းရွိသမွ်ကိုဘုရားသခင္ထံအပ္ႏွံခဲ့တယ္၊ ကိုယ္ေတာ္ရဲ႕အခ်ိန္နာရီနဲ႔ေကာင္းေသာအစီအစဥ္ကို သာကၽြႏ္ုပ္ေမွ်ာ္လင့္ေနပါတယ္” ဟုေရးခဲ့၏။
ဂါဒီနာႏွင့္သူ႔အေဖာ္ႏွစ္ဦးသည္ပ်က္စီးေနေသာ“ကနဦး”ေလွကိုကမ္းေျခသုိ႔ဆြဲယူခဲ့ၿပီးတဲရွင္ တစ္ခုျဖင့္ဖုံုးအုပ္ကာအတြင္း၌ေနခဲ့ၾက၏။အျခားသူမ်ားကတစ္မုိင္အကြာရွိ“ေကာင္းေကာင္းသြား”ေလွ အတြင္း၌ေနခဲ့ၾက၏။ ထိုေလွကိုမူေလမုန္တိုင္းဒဏ္မွကာကြယ္ရန္ေက်ာက္ခ်ထားခဲ့၏။ လူမ်ားလည္းအားနည္းလာၾကေသာေၾကာင့္ ေလွတစ္စင္းမွတစ္စင္းသို႔မကူးႏိုင္ေတာ့ေခ်။
“ကၽြႏု္ပ္တို႔သာသနာျပဳအဖြဲ႔သားမ်ားမွတစ္ေယာက္ၿပီးတစ္ေယာက္ေကာင္းေသာအေမြခံရန္ေကာင္း ေသာသုိးထိ္န္းႀကီး၏စုသိမ္းျခင္း(ေခၚေတာ္မူျခင္း)ခံရ၏။ကၽြႏု္ပ္တုိ႔၏အသက္တာမ်ားမွာကိုယ္ေတာ္ရွင္၏လက္ ထဲ၌ရွိသည္။ အမႈေတာ္၌သာ၍အရည္အခ်င္းျပည့္၀ေသာအျခားသူမ်ားကိုကိုယ္ေတာ္သည္ေရြးေကာက္ေခၚယူ အသံုးျပဳႏိုင္ပါသည္”ဟုဂါဒီနာေရးခဲ့၏။
အျခားသူမ်ားေသဆံုးၿပီးေနာက္ေလွေပၚတြင္သူတစ္ဦးတည္းေလွေပၚ၍ရွိစဥ္မိသားစုထံေနာက္ဆံုးႏႈတ္ ဆက္စာႏွင့္အနာဂတ္လုပ္ေဆာင္ရမည့္သာသနာျပဳအစီအစဥ္မ်ားကုိေရးသားခဲ့၏။ ဤသုိ႔ျဖင့္သူ႔ေနာက္ဆံုးအ ခ်ိန္ပင္လွ်င္အမႈေတာ္ျမတ္အတြက္ျဖစ္ခဲ့၏။ (၁၈၅၁)ခုႏွစ္၊ စက္တင္ဘာလ(၆)၇က္ေန႔တြင္ရဲရင့္ေသာသာသနာ ျပဳအဖြဲ႔မွေနာက္ဆံုးလူျဖစ္သ ည့္ဂါဒီနာသည္အစာငတ္မြတ္ကာေသဆံုးခဲ့ရ၏။ ၇က္(၂၀)ၾကာမွကယ္ဆယ္ေရး ယာဥ္ေရာက္ရွိခဲ့ၿပီးလက္၀ါးကပ္တုိင္ေတာ္၏သူရဲေကာင္းသည္အသက္ဆံုးပါးလ်က္ရွိသည္ကိုေတြ႔ၾကရ၏။

စပါးေစ့
ဂါဒီနာ၏အသက္တာသည္သာသနာျပဳအမ်ားစုႏွင့္မတူေခ်။ ၇လာဒ္အေနျဖင့္မည္သည့္တုိင္းရင္းသား ခရစ္ယာန္(သုိ႔)အသင္းေတာ္ကိုမွ်သူခ်န္မထားႏိုင္ခဲ့ေခ်။ ထို႔ေၾကာင့္သူ႔ႀကိဳးစားမႈႏွင့္အသက္တာကုိအလဟာသ ျဖဳန္းတီးသည္ဟုဆိုလိုပါသလား၊ လံုး၀မဟုတ္ပါ၊ သခင္ေယရွဴက“ငါအမွန္အကန္ဆိုသည္ကား၊ေျမ၌က်ေသာ စပါးေစ့သည္မပ်က္လ်င္တစ္ခုတည္းေန၏။ ပ်က္လွ်င္မူကား မ်ားစြာေသာအသီးကိုသီးတတ္၏။”ဟုမိန္႔ေတာ္မူ ခဲ့၏။(ေယာ၊ ၁၂း၂၄)
အယ္လန္ဂါဒီနာသည္ ဘုရားသခင္မ်ဳိးေစ့ျဖစ္ခဲ့၏။ သူသည္ေျမ၌က်ၿပီးေသခဲ့ရ၏။ ထို႔ေၾကာင့္အသီးသီး ရမည္။ သူ႔ေသျခင္းသတင္းကအသင္းေတာ္မ်ားကုိလႈပ္ရွားေစခဲ့၏။ သူ႔အေၾကာင္းကိုေနရာတိုင္း၌ပံုႏွိပ္ျဖန္႔ေ၀ခဲ့ ၾက၏။
အက်ဳိးရလာဒ္ကား“ပက္ထဂိုနီယန္”သာသနာျပဳအသင္းႀကီးက ဂါဒီနာႏွင့္သူ႔မိတ္ေဆြမ်ားအသက္ေပး ခဲ့ၾကေသာကၽြန္းမ်ားေပၚ၌သာသနာျပဳလုပ္ငန္းကိုတည္ေထာင္ခဲ့ၾက၏။“အယ္လန္ဂါဒီနာ”အမည္မွည့္ ထားေသာအထူးေကာင္းမြန္သည့္စက္ေလွျဖင့္္ေျခစုိက္စခန္းမွအျခားကၽြန္းမ်ားေပၚသို႔ခရီးျပဳခဲ့ၾက၏။
ပထမဆံုးေစတနာ့၀န္ထမ္းသာသနာျပဳမ်ားအတက္တစ္ဦးမွာမာလိန္မႈးဂါဒီနာ၏သားျဖစ္ၿပီးသူ႔ဖခင္၏ အလိုဆႏၵမ်ားၿပီးျပည့္စံုေစရန္ဆက္ကပ္လုပ္ေဆာင္ခဲ့၏။ဂါဒီနာႏွင့္သူ႔ဆႏၵကိုလစ္လ်ဴရွဴခဲ့ၾကေသာ အမွားကိုခရစ္ ယာန္မ်ားသေဘာေပါက္ခဲ့ၾက၏။ ဧ၀ံေဂလိတရားမၾကားဖူးေသးေသာ အရပ္မ်ားသုိ႔သာသနာျပဳမ်ား အျဖစ္သြား ေရာက္ရန္ လူငယ္မ်ားစြာတို႔သည္မိမိ ကိုယ္ကို ဆက္ကပ္အပ္ႏွံခဲ့ၾက၏။ ေတာင္အေမရိက တုိက္ေတာင္ပုိင္း သာသနာလုပ္ငန္းသည္ လမ္းပြင့္ခဲ့ၿပီးႀကီး မားေသာ စိတ္၀င္စားမႈျဖင့္လုပ္ေဆာင္ႏိုင္ခဲ့၏။ဤအရာအားလံုးမွာ ဘုရားသခင္၏ မ်ဴိးေစ့မွအ သီးသီးျခင္းျဖစ္ေပသည္။
ခရစ္ေတာ္ထံလံုး၀ဆက္ကပ္အပ္ႏွံထားေသာအသက္တာတို္င္းသည္အလဟာသအသက္တာမဟုတ္ ေခ်။ သင့္အသက္တာကိုအသံုး၀င္ၿပီးအသီးသီးေသာအသက္တာျဖစ္ခ်င္ပါသလား။ျဖစ္ခ်င္ပါကကိုယ္ေတာ္ထံ လံုး၀ဆက္ကပ္အပ္ႏွံပါ။ ကိုယ္ေတာ္သည္သင့္ကိုအသံုးျပဳေတာ္မူမည္။
blog.shwecanaan.com

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...