0

ချိနဲ့အားနည်းသော်လည်း သာသနာပြု သူရဲကောင်း တစ်ဦး ဖြစ်သွားသူ David Brainerd (ဒေးဗစ်ဘရိမ်းနာဒ်) (၁၇၁၈ - ၁၇၄၇)

ချိနဲ့အားနည်းသော်လည်း သာသနာပြု သူရဲကောင်း တစ်ဦး ဖြစ်သွားသူ
Unicode & Zawgyi
David Brainerd (ဒေးဗစ်ဘရိမ်းနာဒ်) (၁၇၁၈ - ၁၇၄၇)
လူကလေးများသည် တောအုပ်ကြီးထဲသို့ သွားရောက်ကာ စိတ်တက်ကြွ ဖွယ်ကောင်းသော ခရီးကို အစပြု ကြတော့မည်။ သူငယ်ချင်းများ ကခေါ်သော်လည်း လိုက်ပါသွားရန်ဒေးဗစ်ငြင်း ပယ်ခဲ့၏။ မသွား ချင်သောကြောင့် မဟုတ်ပါ။ လိုက်ပါ သွားရန် သူအင်မတန်တောင့်တ ခဲ့ပါ၏။ သူ၏အား နည်းချိနဲ့သည့် ခန္ဓာကိုယ် ကပင်ပန်းခံနိုင်မည် မဟုတ်ချေ။ သူသည်ပင်ပန်းနွမ်းရိနေ၏။ ထို့ကြောင့်ဒေးဗစ် သည်သူ၏ သူငယ်ချင်းများတော အုပ်ကြီးထဲသို့ပျော်ရွင် စွာချီတက်ဝင်ရောက် သွားကြသည်ကို ထိုင်၍ကြည့်နေခဲ့၏။
သူအဘယ်ကြောင့်အင်အား ချိနဲ့သောခန္ဓာ ကိုယ်ရှိနေရပါသနည်း။ သူ့သုူငယ်ချင်း မိတ်ဆွေ များကစွန့်စား ခန်းများ၊ပျော်ရွှင်စရာ များ၌ဝမ်းမြောက်နေ ချိန်တွင်သူသည် သစ်ငုတ်တိုပေါ်၌ အမြဲ တမ်းထိုင်နေ သင့် ပါသလား။ ငယ်ရွယ်သူဒေးဗစ်သည် သူ့အတွက်ဘုရားသခင် ထားရှိသည့်အကြံ အစည် အားလုံးကို မသိခဲ့ချေ။

လူငယ်တစ်ဦးအနေဖြင့်
ဒေးဗစ်ဘရိန်းနာဒ်ကို(၁၇၁၈)ခုနှစ်၊ဧပြီလ(၂၀)ရက်နေ့တွင်အမေရိကန်ပြည်ထောင်စု၌ဖွာမြင်ခဲ့၏။ သူသည်အလွန်အားနည်းပြီးပိန်လှီနေ၏။ ရွယ်တူအခြားကလေးများကဲ့သို့ကစားခုန်ကစားခြင်း(သို့)အားထုတ် လုပ်ကိုင်ခြင်းမပြုနိုင်ခဲ့ချေ။ဤအရာကသူ့အားတည်ငြိမ်အေးဆေးသောသဘာဝရှိစေခြင်းဖြစ်ကောင်းဖြစ်ပေ မည်။ အသက်ငယ်စဉ်ကပင်သူ့ဝိညာဉ်အတွက်စိတ်ပူပန်ပြီးသေရမှာကိုစိုးရိမ်ကြောက်ရွံ့ခဲ့၏။ စိတ်နှလုံး၌အေးချမ်း ပျော်ရွှင်မှုရရန်နှင့်ကွယ်လွန်ပြီးနောက်ကောင်းကင်နိုင်ငံသွားရန်ဆန္ဒအ လွန်ကြီးမားခဲ့၏။သို့သော်လည်းအသက်တာပြောင်းလဲခြင်းအကြောင်းသူနားမလည်မသိသေးပေ။ အသက်(၉)နှစ်သားအရွယ်တွင်ဖခင်ဖြစ်ကွယ်လွန်ခဲ့ ပြီး(၁၄)နှစ်သားအရွယ်တွင်သူ့မိခင်ဆုံးပါးသွားခဲ့၏။ ထို့ကြောင့်ဘရိန်းနာဒ်လေးမှာမိဘမဲ့ဖြစ်ခဲ့ရ၏။သူ့ဘဝအ လွန်ကြေကွဲဖွယ်ကောင်းခဲ့ပြီးဘာသာရေးဆိုင်ရာစိုးရိမ်ပူပန်မှုများလည်းကျဆင်းခဲ့ရ၏။
အသက်တာသစ်
ဘရိန်းနာဒ်သည်မလိုလားအပ်သောပေါင်းအဖော်များကိုရှောင်ကြဉ်ခဲ့ပြီးအချိန်များစွာကိုတိတ်ဆိတ်စွာ ဆုတောင်းခြင်း၌ကုန်လွန်စေခဲ့၏။ သမ္မာကျမ်းကိုတိုး၍ဖတ်ရှုခဲ့ပြီး၊ဘာသာရေးတိုးတက်ဖွံ့ဖြိုးရန်တနင်္ဂနွေနေ့တိုင်း တွေ့ဆုံသည့် အဖွဲ့ငယ်လေးတစ်ခုကိုအခြားလူငယ်အချို့နှင့်ဖွဲ့စည်းခဲ့၏။ထိုနေ့တာကုန်လွန်သွားပြီးနောက်သူကြား ခဲ့ရသည့်တရားဟောချက်များကိုသူ့ဖာသာထပ်တလဲလဲပြန်ပြောကာကျေနပ်အားရနေပေလိမ့်မည်။ ဤသို့အား ဖြင့်သူ့ဇာတိဖြောင့်မတ်ခြင်း၌လုံခြုံစိတ်ချမှုခံစားနေခဲ့မည်ဖြစ်၏။သို့ရာတွင်ခရစ်တော်နှင့် တစ်ဦးချင်းသူမသိကျွမ်း ခဲ့သေးချေ။
တစ်နေ့ဘုရားသခင်၏အမျက်တော်နှင့်ဘေးအန္တရာယ်ကိုရုတ်တရက်ခံစားမိပြီးဆောက်တည်ရာမရဖြစ် ခဲ့၏။ သူ၏ဘာသာရေးဆိုင်ရာဝတ္တရားများကိုစိတ်အားထက်သန်မှုကြီးမားစွာဖြင့်ကျင့်ဆောင်ခဲ့၏။သို့သော်လည်း အပြစ်တရားကသူ့အားဆုပ်ကိုင်ထိန်းချုပ်ထားပြီးသူသည်ပျောက်ဆုံးနေသူတစ်ဦးဖြစ်ကြောင်းသတိမူမိခဲ့၏။ သို့သော်ငြားလည်းခရစ်တော်၌လုံးဝဥဿုံကိုးစားရန်သူ၏ကောင်းသောအကျင့်အပေါ်အမှီပြုခြင်းကို လက်မ လျှော့နိုင်ခဲ့ချေ။ နောက်ဆုံးတွင်ခရစ်တော်ကိုအကြွင်းမဲ့လက်ခံရန်ဘုရားသခင်၏ဝိညာဉ်တော်က သူ့အားဦး ဆောင်လမ်းပြခဲ့၏။ ဤသို့အားဖြင့်သူ့အသက်(၂၁)နှစ်အရွယ်တွင်အသက်တာသစ်ကိုရရှိခဲ့၏။
ကောလိပ်ကျောင်း၌
သူ့အသက်တာပြောင်းလဲပြီး(၂)လကြာတွင်ယေးလ်ကောလိပ်သို့ဘရိန်းနာဒ်ဝင်ရောက်သင်ယူခဲ့၏။
ကောလိပ်ကျောင်းတွင်စုံစမ်းသွေးဆောင်ခြင်းများအကြား၌ဘုရားတရားလေးစားကြည်ညိုသည့်အသက်တာ ဖြင့်မရှင်နိုင်မှာကိုစိုးရိမ်ပူပန်ခဲ့၏။ သို့ရာတွင်သူဆုတောင်းလျက်နှုတ်ကပတ်တော်ဖတ်ရှုခဲ့သည့်အတိုင်းဘုရား သခင်ကသူ့အားကြွယ်ဝစွာသောကောင်းကြီးပေးတော်မူခဲ့၏။သူတစ်ဦးတည်းဘုရားသခင်နှင့်တစ်ဦး တည်းအချိန် ယူမိတ်သဟာယဖွဲ့ခြင်း၌အချိန်များစွာယူခဲ့၏။သူ့ဆန္ဒမှာခရစ်ယာန်အမှုတော်ဆာင်လုပ်ငန်းအတွက်ရှေ့ ရှုခဲ့၏။ စာကိုကြိုးစားခဲ့ပြီးဂုဏ်ထူးဆောင်ကျောင်းသားတစ်ဦးဖြစ်လာခဲ့၏။ ပညာသင်လေ့လာခြင်းများကိုဖျားနာမှုက ရံဖန်ရံခါအဆီးအတားဖြစ်ခဲ့၏။ တစ်ကြိမ်တွင်စာပေလေ့လာသောပင်ပန်းမှုကြောင့်အလွန်အားနည်းပြီးဖျားနာခဲ့ ရာအိမ်ပြန်ပြီးအနားယူရန်ပြောခြင်းခံခဲ့ရ၏။အဆုပ်ေရောဂါဝေဒနာခံစားခဲ့ရပြီးသွေးအန်၏။ ဖျားနာနေစဉ်ကုတင် ပေါ်၌ပင်လျှင်ဘုရားသခင်နှင့်ကြိမ်ဖန်များစွာမိတ်သဟာယဖွဲ့ခဲ့၏။“ဘုရားသခင်နှင့် အတူတစ်နာရီအချိန်ယူခြင်း သည်ဤကမ္ဘာလောကသာယာပျော်ရွှင်မှုအားလုံး ထက်တိုင်းတာ၍ မရနိုင်လောက်အောင် သာလွန်ကောင်းမြတ် ပါသည်”ဟုသူပြောခဲ့၏။ အခြေအနေတိုင်း၌အောင်မြင်သော ခရစ်ယာန်များဖြစ်စေရန် လျှို့ဝှက်ချက်ဖြစ်သည့်ဘု ရားသခင်နှင့်မိတ်သဟာယဖွဲ့ခြင်းကို ကျွန်ုပ်တို့လေ့လာ သင်ယူသင့်ပါသည်။
သာသနာပြုအဖြစ်ခေါ်တော်မူခြင်း
ကောလိပ်ကျောင်း၌တတိယနှစ်ကျောင်းသားအဖြစ်တက်ရောက်နေစဉ်မနှစ်မြို့ဘွယ်ကောင်းသော အ ခြေအနေအချို့ကြောင့်သူကျောင်းထွက်ဖို့ဖြစ်ခဲ့ရ၏။ ဤအရာကသူ့အားစိတ်ပျက်စရာဖြစ်စေ၏။အကြောင်းမှာ နောင်အခါအခြားသူများဘွဲ့ယူသောနေ့တွင် သူ၏ကိုယ်ရေးမှတ်တမ်း(ဒိုင်ယာရီ)တွင်“တကယ်တော့ ဒီနေ့မှာငါဘွဲ့ ယူရမဲ့နေ့ပဲ၊ ဒါပေမဲ့ ဒီဘွဲ့ကိုငါငြင်းပယ်ဖို့သင့်တော်မယ်လို့ဘုရားသခင်ကမြင်တော်မူပါတယ်”ဟုရေးသားခဲ့၏။ထို အချိန်၌ခရစ်တော်အကြောင်မကြားသိသေးသူအမှောင်ထဲရောက်နေသူများအတွက်ဘရိန်းနာဒ်၌ကြီး စွာသော စိုးရိမ်ပူပန်မှုရှိခဲ့၏။ အမေရိကန်အိန္ဒိယဟုသိနေကြသောရက်အင်ဒီးယန်းမျာမှာခရစ်တော်အကြောင်းမကြားဖူး သေးဘဲသူ တို့ဒေသ၌သာသနာပြုများလည်းမရှိကြသေးချေ။ ထိုသူတို့၏အသက်ဝိညာဉ်ကယ်တင်ခြင်းအတွက် ဘရိန်းနာဒ်မကြာခဏပြင်းပြင်းထန်ထန်ဆုတောင်းခဲ့ပေလိမ့်မည်။သူ၌ထိုသူများထံဧဝံဂေလိတရားတော်ကိုယူ ဆောင်သွားလိုသည့်ဆန္ဒရှိခဲ့၏။
တစ်နေ့တွင်နယူးယောက်မြို့ရှိအမှုတော်ဆောင်တစ်ဦးထ့မှစာတစ်စောင်ကိုသူလက်ခံရရှိခဲ့၏။ ထိုစာ၌ “အမေရိကန်အိန္ဒိယများထံသာသနာပြုတစ်ဦးစေလွှတ်ရန်ကျွနု်ပ်တို့ဆန္ဒရှိပါတယ်။ သင့်အကူအညီကိုကျွန်ုပ်တို့ နှစ်သက်မြတ်နိုးပါတယ်”ဟုဖော်ပြထား၏။ ဘရိန်းနာဒ်ချက်ချင်းသွားချင်စိတ်ရှိခဲ့၏။ သို့ရာတွင်သူသည်ကျန်းမာ သန်စွမ်းမှုသိပ်မရှိချေ။ ထိုလူများထံသာသနာပြုမည့်သူသည် တောတောင်များကိုကျော်ဖြတ်ပြီးအန္တရာယ်များ သော (လျှိုမြောင်ချိုင်ဝှမ်း)စမ်းချောင်းများကိုလည်းကူးဖြတ်သွားရမည်။“သူဘယ်လိုလုပ်နိုင်ပါ့မလဲ”သူ့မိတ်ဆွေ များက“ဘုရားသခင်သင့်ကိုသွားဖို့အလိုတော်ရှိလျှင်သင့်အားခွန်အားပေးတော်မူမယ်”ဟုအားပေးကြသည်။ ထို့ ကြောင့်ရက်အင်ဒီးယန်းလူမျိုးများထံသွားရောက်ရန်ဘရိန်းနာဒ်စိတ်ပိုင်းဖြတ်ခဲ့သည်။
ရက်အင်ဒီးယန်းများအကြား၌
“ဘုရားသခင်၏ဘုန်းတော်အတွက်ကိုယ်တော်၏အမှုတော်၌ကျွန်ုပ်၏အသက်တာကို ကုန်ဆုံးစေလိုပါတယ်”ဟုဘရိန်းနာဒ်အသက်(၂၄)နှစ်မြောက်မွေးနေ့တွင်ကိုယ်ရေးမှတ်တမ်းထဲ ၌ရေးသားခဲ့၏။နောက်နှစ်တွင် ယဉ်ကျေးမှုမဖွံ့ဖြိုးသေးသောသူများကိုဧဝံဂေလိတရားဟောပြော၍သူ့အသက်တာ ကိုတောနက်ကြီးများကြား၌ ကုန်လွန်စေရန်ခရီးထွက်ခဲ့၏။ သူ့စာအုပ်များနှင့်အဝတ်အစားအပိုများကိုရောင်းခဲ့၏။သူ့စာအုပ်များနှင့်အဝတ်အ စားအပိုများကိုရောင်းခဲ့၏။ ကမ္ဘာလောကကြီးနှင့်အဆက်ဖြတ်ခဲ့ပြီးရက်အင်ဒီးယန်းနေထိုင်ရာတောတောင်ချိုင့် ဝှမ်းများရှိသည့်နေရာ၌သာပျော်ရွှင်စွာနေထိုင်လျှက်အမှုတော်ဆောင်ခဲ့၏။ သူတွေ့ကြုံခဲ့ရသည့်အတွေ့အကြုံများ နှင့်စွန့်စားခန်းများကိုကိုယ်ရေးမှတ်တမ်း၌စတင်ရေးမှတ်ခဲ့၏။ ထိုမှတ်တမ်းအားဖြင့်တောနက်ကြီးထဲ၌သူနေခဲ့ သောအသက်တာသတင်းအချက်အလက်များကို ကျွနု်ပ်တိုပရခဲ့ကြ၏။
ခက်ခဲမှုများနှင့်အသက်အန္တရာယ်များ
အအေးဒဏ်နှင့်အစာငတ်ဘေးဒဏ်ကိုဘရိန်းနာဒ်မကြာခဏခံခဲ့ရ၏။ အသက်တာ၌သက်တောင့်သက် သာမခံစားနိုင်ခဲ့ချေ။ ပင်ပန်းနွမ်းရိမှုများနှင့်ဖျားနာမှုများရှိသော် လည်းရှေ့သို့သာတက် လှမ်း၍ အမှုတော်ဆောင်ခဲ့ ၏။ တစ်ကြိမ်တွင်တည်းခိုစရာတစ်စုံတစ်ခုမျှ မမြင်ဘဲပြင်းထန်စွာ ရွာသွန်းနေသောမိုး ထဲ၌ တစ်ညလုံးမြင်းစီးလျက် ခရီးထွက်ခဲ့ရ၏။ အချို့သောအချိန်တွင်မြင်းစီး၍မရလောက်အောင် ခက်ခဲကြမ်းတမ်းသောလမ်း ခရီးများကိုခြေ လျင်ခရီးပြုခဲ့ရ၏။ အမြဲတမ်းအသက်အန္တရာယ်ကြီးမားသောခရီးစဉ်များဖြစ်၏။ အလွန်ဝေးလံသောဒေသရှိလူမျိုး စုများထံရောက်ရန်ညအချိန်မတ်စောက်သောတောင်တန်းများ ကိုလည်းဖြတ်သန်းသွားရ၏။ တစ်ခါတစ်ရံအန္တ ရာယ်များသောရွှံ့နွံများ (သို့)တောသား ရဲပေါင်းစုံရှိသော တောအုပ်ကြီးများကိုဖြတ်ကျော်ခရီးပြုရသော အချိန်များ လည်းရှိခဲ့၏။
မှောင်မိုက်သောညတစ်ညတွင်စကားပြန်နှင့်အတူတောင်တစ်တောင်ကိုဖြတ်ကျော်စဉ်သူတို့အောက်၌ အလွန်နက်ရှိုင်းသောချောက်ကမ်းပါးများရှိခဲ့၏။အကယ်၍မြင်းများခြေချော်ကျပါကပေပေါင်းရာနှင့် ချီ၍ဇောက် ထိုးကျဆင်းသွားနိုင်၏။ အမှောင်ထဲ၌ရုတ်တရက်ခြေညှပ်မိသွားပြီးနာကျင်စွာခုန်လိုက်၍ဘရိန်းနာဒ်ခမျာ မြေ ကြီးပေါ်ဆွဲချခံရသလိုဖြစ်ခဲ့ရ၏။ ချောက်ကမ်းပါးထဲကျမည့်အခြေအနေမှသီသီလေးလွတ်မြောက်နိုင်ခဲ့၏။ ရေစီး သန်သောချောင်းများကိုဖြတ်ကူးရသောအချိန်များ၌လည်းဘုရားသခင်ထံမှမစကူညီမှုကို ဆုတောင်းခြင်းဖြင့်ရယူ ခဲ့၏။ မကြာခဏသလိုအပ်သောအာဟာရအတွက် သင့်တော်သည့်အစာမရရှိနိုင်ခဲ့ချေ။ အစာမစားခင်အစာရနိုင် သည့်နေရာသို့ ၁၀မိုင်(သို့) ၁၅မိုင်ခန့်သွား၍ဝယ်ရပြီးထိုအစာများမှာလည်းချဉ်ပြီး(မှိုတက်)အောက်သိုးနေတတ် ၏။ တစ်ခါတစ်ရံထိုအစားမျိုးပင်မရနိုင်ဖြစ်၏။ မြေကြီးပေါ်မှအနည်းငယ်မြင့်သောသစ်သားအချို့အပေါ်မှာမြက် ခြောက်အနည်းငယ်ပုံကာသူအိပ်စက်ခဲ့၏။ သူသည်တကိုယ်တည်းအထီးကျန်လည်းဖြစ်ခဲ့၏။ စကားပြောဖော်အ ဖြစ်သူ၏စကားပြန်သာရှိခဲ့၏။ သူ၏စိတ်ထဲရှိဝန်ထုပ်ဝန်ပိုးများကိုဝေငှရန်နှင့် ဆုတောင်းမိတ်သဟာယဖွဲ့ရန်အခြား ခရစ်ယာန်တစ်စုံတစ်ယောက်မျှမရှိခဲ့ချေ။“ကျွန်ုပ်၌သက်တောင့်သက်သာဖြစ်စေသည့်လေကီစည်းစိမ်မရှိပါ။ သို့ ရာတွင်သခင်၌ရှိသောအရာကျွနု်ပ်၌ရှိပါ၏”ဟုသူရေးခဲ့ဖူး၏။
ရက်ဒ်အင်ဒီးယန်းများ
ဘရိန်းနာဒ်အမှုတော်ဆောင်သောရက်ဒ်အင်ဒီးယန်းများသည်ရှေးကျပြီးယဉ်ကျေးမှုမဖွဲ့ဖြိုးသေးသော အခြားလူမျိူးစုများကဲ့သို့အယူသည်းသောသူများဖြစ်ကြ၏။ သူတို့သည်ငှက်များ၊တိရစ္ဆာန်များ၊ သစ်ပင်များနှင့်ရာ သီဥတုကိုပင်ကိုးကွယ်ကြသည်။ သူတို့၏ကိုးကွယ်ဝတ်ပြုခြင်းသည်အလွန်ထူးဆန်းသည်။ သူတို့၏ယဇ်ပုရော ဟိတ်များ(နတ်ဆရာများ)ကဘရိန်းနာဒ်ကိုဒေါသအမျက်ထွက်ကြ၏။မဖွယ်ရာသောအကများနှင့်ကြောက်ရွံ့ တုန် လှုပ်ဖွယ်အသံများဟစ်ကြော်ကာသူ့အပါ်၌ညှိ့ဆေးလုံးဖြင့်တို့ထိရန်ကြိုးစားခဲ့ကြ၏။ သို့ရာတွင်ဒေးဗစ်ဘရိန်းနာဒ် ကိုဘာမျှမထိခိုက်စေပဲအခြားသောနတ်ဘုရားများအားလုံးထက်ကြီးမြတ်သောခရစ်တော်ဘုရား၏ တန်ခိုးတော်ကိုရဲဝံ့စွာထုတ်ဖော်ကျေညာနိုင်ခဲ့၏။
တစ်ကြိမ်တွင်သားရေများ၊အခွံများနှင့်အရွက်များဝတ်ခြုံထားသောယဇ်ပုရောဟိတ်တစ်ဦးကဒေးဗစ် အားသူ၏လူတို့အားရှေးယခင်ဘာသာအတိုင်းလိုက်နာကြရန်သွန်သင်မည်ဟုပြောခဲ့၏။ ထိုယဇ်ပုရောဟိတ်ကြီးအားခရစ်တော်အကြောင်းပြောပြရာသူကဂရုတစိုက်သေသေချာချာနားထောင်ပြီး ခရစ်တော်ကိုသူ၏ကောင်း ကင်ဘုံရှင်အဖအဖြစ်လက်ခံမည်ဟုအဆုံး၌ပြောခဲ့၏။
ရက်အင်ဒီးယန်းတိုပအတွက်စိတ်ဝင်စားစရာအကောင်းဆုံးပွဲတစ်ခုမှာခုတ်ထွင်ရှင်းလင်းထားသောမြေ ကွက်လပ်အလာ်၌ရှိသောမီးပုံကြီးပတ်လည်၌ဝိုင်းပြီးကခုန်သော“စစ်တိုက်အက”ဖြစ်သည်။နုပျိုသော စစ်သူရဲများနှင့်အသက်ကြီးရင့်သောယဇ်ပုရောဟိတ်များကမီးပုံပတ်လည်၌ထိုင်နေကြပြီးမီးတောက် မီးလျှံများအရှိန်အဟုန် ကြီးလာသည့်အခါ မီးပုံပတ်လည်၌ကြောက်ရွံ့တုန်လှုပ်ဖွယ်စူးစူးဝါးဝါးအော်ဟစ်ကခုန်ကြမည်။တစ်ညလုံးအော် ဟစ်ကခုန်ကြ၏။ ဒေးဗစ်သည်အရိပ်ထဲမှတိတ်ဆိတ်စွာရပ်လျက်ထိုပွဲကိုမကြာခဏကြည့်လိမ့်မည်ဖြစ်ပြီး ၊နောက် နေ့တွင်သူတို့အား ဧဝံဂေလိတရားဟောမည်ဖြစ်သည်။
မျက်ရည်များနှင့်ပင်ပန်းစွာလုပ်ဆောင်ခြင်းများ
ခက်ခဲမှုများရှိသော်လည်း ဘရိန်းနာဒ်၏အကြီးမားဆုံးသောစိုးရိမ်ပူပန်မှုမှာရက်ဒ်အင်ဒီးယန်းများ၏ ကယ်တင်ခြင်းအတွက်ပင်ဖြစ်၏။ ဤပူပန်မှုကြောင့်တောအုပ်ကြီးများထဲသို့တစ်ဦးတည်းသွားရောက်ကာသူတို့ အတွက်မျက်ရည်များစွာကျလျက်နာရီပေါင်းများစွာဆုတောင်းပေးခဲ့၏။ကြိမ်ဖန်များစွာအစာရှောင် ဆုတောင်းပေး ခဲ့၏။ရက်ဒ်အင်ဒီးယန်းတို့၏ဆန့်ကျင်မှုများကြောင့်မကြာခဏစိတ်ပျက်ခဲ့၏။ သူ၏ကိုယ်ရေးမှတ်တမ်း၌“ကျွန်ုပ် အတွက်ဘာမျှအရေးကြီးတာမရှိပါ။ အသက်တာနှင့်နှလုံးသားအတွင်းသန့်ရှင်းခြင်းနှင့်ဘုရားမဲ့တို့ဘုရားသခင် ထံပြောင်းလဲခြင်းသာအရေးကြီးပါ၏” ဟုရေးသားခဲ့၏။တစ်ကြိမ်တွင်“ပျောက်ဆုံးဝိညာဉ်များ ခရစ်တော်ထံ ရောက်နိုင်ရန်ကျွန်ုပ်ဖြတ်သန်းခဲ့ရသည့်ခက်ခဲမှုများ(သို့) ကျွနု်ပ်နေရသည့်နေရာနှင့်ဘယ်လိုနေထိုင်အသက်ရှင် ခဲ့ရသည်တို့ကို ဂရုမစိုက်ပါ”ဟူ၍ရေးခဲ့၏။
ကြီးမားသောဒုက္ခဝေဒနာနှင့် ဖျားနာခြင်းခံရသည့်ကြားမှအမှုတော်ကိုများစွာထမ်းဆောင်နိုင်ခဲ့၏။ တစ်ကြိမ်တွင်လေဟာပြင်၌မြေကြီးပေါ်တွင်အဆက်မပြတ်အိပ်စက်ခဲ့၇ခြင်းကြောင့်အကြီးအကျယ် ဖျားနာကိုက်ခဲကာရက်သတ္တပတ်ကြာမှပြန်လည်ကောင်းမွန်ပြီး အမှုတော်ကိုဆက်လက်လုပ်ဆောင်ခဲ့။ တရားဟောပြီး နောက်ပိုင်းမကြာခဏကိုယ်ခန္ဓာအားနည်းခြင်း၊ဖျားနာခြင်း၊ ကြောင့်ဘာမျှမ လုပ်နိုင်ဘဲခုတင်ပေါ်၌လဲလျောင်းနေ ကာ သွေးအန်ပြီးဝေဒနာခံစားနေရ၏။ ဤသို့ဖြင့် သူချစ်မြတ်နိုးသော ရက်ဒ်အင်ဒီးယန်းလူမျိုးများကို ကယ်တင်ခြင်းရ ရန်သူ့အသက်တာကိုနဲနဲစီသွန်းလောင်းပူဇော်နေ၏။
ဤအသက်တာမျိုးကိုဘရိန်းနာဒ်ရွေးချယ်ခဲ့ခြင်းမှာခရစ်တော်ကိုအစေခံရန်အခြားအခွင့်အလမ်းများမရှိ သောကြောင့်မဟုတ်ပါ။ သူ့နေရင်းမြို့အနီးရှိချမ်းသာကြွယ်ဝသောဘုရားကျောင်းအချို့၌သင်းအုပ်လုပ်ရန်ဖိတ် ခေါ်ချက် များရရှိခဲ့သော်လည်းသူငြင်းပယ်ခဲ့ပါသည်။အကယ်၍ထိုဖိတ်ခေါ်ချက်များကိုသူလက်ခံခဲ့ပြီးခက်ခဲမှုများ
နှင့်ဝေဒနာဒုက္ခခံစားခြင်းများကိုကျောခိုင်းခဲ့မည်ဆိုလျှင်ကမ္ဘာလောကကြီးကဒေးဗစ်ဘရိန်းနာဒ်အကြောင်းဘယ် တော့မှသိကြမည်မဟုတ်ချေ။
ဆုလဒ်သရဖူများ
“မျက်ရည်များကျလျက်မျိုးစေ့ကြဲသောသူသည်ရွှင်လန်းလျက်စပါးရိတ်၇ကြမည်။”ဟုဘုရားသခင်က တိတော်ရှိပါ၏။ (ဆာ ၁၂၆း၅)
ဒေးဗစ်ဘရိန်းနာဒ်၏နေ့ရောညပါပင်ပန်းစွာလုပ်ဆောင်ခြင်း၊ ဆုတောင်းခြင်း၊ အစာရှောင်ခြင်းမျာက အဆုံးတွင်အသီးအပွင့်များဖြစ်ပေါ်လာ၏။ သူသွားလေရာရာဟောပြောလေရာရာတိုင်း၌ရက်ဒ်အင်ဒီးယန်း လူတို့ အပေါ်ဘုရားသခင်၏ဝိညာဉ်တော်ကြီးမားစွာသက်ဆင်းလှုပ်ရှားခဲ့ပါသည်။ (၁၇၄၅)ခုနှစ်တွင်ဖြစ်ပါသည်။
ညစ်ညမ်းစွာအသက်ရှင်ခဲ့ပြီးဘုရားသခင်၏ဧဝံဂေလိတရားကိုဆန့်ကျင်ခဲ့သူများပင်လျှင်မိမိတို့အပြစ် များကိုနားလည်သဘောပေါက်လာခဲ့၏။ လူများစွာယုံကြည်ပြောင်းလဲခဲ့၏။ ရက်ဒ်အင်ဒီးယန်းများကိုဘရိန်းနာဒ် ဘာတွေမျာဟောသလဲဟု စိတ်ဝင်စားကာစူးစမ်းလိုသူမျက်နှာဖြူအချို့လည်းပြောင်းလဲသွားခဲ့၏။
တစ်နေ့တွင်ရက်ဒ်အင်ဒီးယန်းအမျိုးသမီးငယ်တစ်ဦးကသူ့လူမျိုးများကြား၌ထူးဆန်းမှုတစ်ခုဖြစ်နေ ကြောင်းကြားခဲ့ရ၍ဘရိန်းနာဒ်ဘာတရားဟောသလဲဆိုသည်ကိုသိလို၍ဘရိန်းနာဒ်အိမ်သို့သွားခဲ့၏။ ဘရိန်းနာဒ် ကဘုရားသခင်အကြောင်းသူမအားပြောပြရာရီမောလှောင်ပြောင်သရော်ကဲ့ရဲ့ခဲ့ဖူး၏။ သို့သော်လည်းသူမသေ ချာနားထောင်ပြီးသူမ၏အပြစ်များကိုပြန်မြင်တွေ့ပြီးငိုယိုတော့၏။ သူမ၏ခြေအနေများကိုနားလည်သဘော
ပေါက်ပြီးစိတ်မသက်မသာဖြစ်တော့၏။ နောက်ဆုံး၌ခရစ်တော်ကိုသူမ၏ကယ်တင်ရှင်အဖြစ်လက်ခံခဲ့၏။ ဘရိန်း နာဒ်တရားဟောတိုင်းရက်ဒ်အင်ဒီးယန်းတို့ကျယ်လောင်စွာဘုရားသခင်၏ကရုဏာတော်ကိုတောင်း ခံကြခြင်းမှာ အထူးအဆန်းမဟုတ်တော့ချေ။
ရက်ဒ်အင်ဒီးယန်းများစွာသည် ဘရိန်းနာဒ်၏သတင်းကြားသိရပြီးသူ့ဟောပြောချက်များကိုနားထောင်
ရန် သွားရောက်ခဲ့ကြ၏သူ့အား“ဘုရားသခင်၏စာအုပ်”နှင့်လူဖြူတစ်ယောက်အဖြစ်သိကြသည့်ရက်ဒ်အင်ဒီး
ယန်း ခလေးသူငယ်များပင်လျှင်သူ့စကားနားထောင်ရန်သွားရောက်ခဲ့ကြသည်။ သူသည်ကျောင်းများကိုတည် ထောင် ခဲ့ပြီး ခလေးများ အားစိုက်ပျိူးရေးပညာ၊ အပ်ချုပ်ပညာနှင့် သခင်ယေရှု အကြောင်းသွန်သင်ခဲ့သည်။
တိုတောင်းသောအသက်တာ
ယခုနှစ်တွင်ဘရိန်းနာဒ်သည်အသက်(၂၉)နှစ်အရွယ်ရှိပြီ။ စိုထိုင်းသောသစ်တော်ကြီၤးများကြား၌ အမှု တော်ဆောင်ရန်ရွေးချယ်ခဲ့စဉ်ကကြာကြာအသက်ရှင်ရန်မမျှော်လင့်နိုင်ကြောင်းသူသိခဲ့၏။ သူ့ကျန်းမာရေးထက် ဧဝံဂေလိတရားမကြားရသေးသူများအားဟောပြောခြင်းကပို၍အရေးကြီးခဲ့ပေသည်။
ထို့ကြောင့်ဧဝံဂေလိတရားဆက်လက်ဟောပြောခဲ့ပြီးများမကြာမီအချိန်တွင်ကုသမရနိုင်သောပြင်းထန် သည့်အဆုတ်နာရောဂါစွဲကပ်ခဲ့၏။ သူ့အသက်သွေးများတစ်စချင်းသွန်းလောင်းခဲ့ရ၏။ အိပ်ယာကုတင်ပေါ်တွင် ပြင်းထန်စွာသောနာကျင်မှုနှင့်ရောဂါဝေဒနာအကြီးအကျယ်ခံစားခဲ့ရ၏။ သူ့အသက်တာ၏နောက်ဆုံးအချိန်နာရီ ၌ပင်လျှင်သူအလွန်ချစ်မြတ်နိုးသောရက်ဒ်အင်ဒီးယန်းများကိုအစ်ကိုဖြစ်သူအားပြောပြခဲ့၏။
သူ့စိတ်အတွေးအာရုံ များကသခင်ဘုရားပြန်လည်ကြွလာတော်မူခြင်းအကြောင်းများနှင့်ပြည့်ကျပ်လျက်ရှိခဲ့၏။
တစ်ကြိမ်တွင်တုန်တုန်ရီရီဖြင့်“ကိုယ်တော်ကြွလာတော့မယ်၊ ကိုယ်တော်ကနှောင့်နှေးမှာမဟုတ်ဘူး၊ ကောင်းကင်တမန်များနှင့်အတူ ကိုယ်တော့်ဘုန်းကိုကျွနု်ပ်ချီးမွမ်းမယ်” ဟုသူနှုတ်မြွက်ခဲ့၏။ ဤသို့ဖြင့် (၁၇၄၇)ခု နှစ်၊အောက်တိုဘာလ(၉)ရက်နေ့၊အသက်(၂၉)နှစ်အစောပိုင်းအချိန်တွင် ဒေးဗစ်ဘရိန်းနာဒ် သည်ကောင်းကင် တမန်များနှင့်အတူသူ၏သခင်ထံဂုဏ်တော်ချီးမွမ်းရန်သွားရောက်ခဲ့တော့၏။
ဤအသက်တာကား၊တိုတောင်းသော်လည်း ဆက်ကပ်အပ်နှံမှုလုံးဝအသုံးဝင်သည့် အသက် တာဖြစ် တော့၏။ သူသေဆုံးပြီးနော်ကသူ့ အသက်တာနှင့်ကိုယ်ရေးမှတ်တမ်းကိုဖတ်ခဲ့ပြီး ဝီလီယမ် ကယ်ရီနှင့် ဟင်နရီ မာတင်တိုပကအခြားအရပ်ဒေသများသို့ သာသနာပြုများအဖြစ် သွားရောက် အမှုတော်ဆောင်ခဲ့ကြ၏။
blog.shwecanaan.com
ခ်ိနဲ႔အားနည္းေသာ္လည္း သာသနာျပဳ သူရဲေကာင္း တစ္ဦး ျဖစ္သြားသူ
David Brainerd (ေဒးဗစ္ဘရိမ္းနာဒ္) (၁၇၁၈ - ၁၇၄၇)
လူကေလးမ်ားသည္ ေတာအုပ္ႀကီးထဲသုိ႔ သြားေရာက္ကာ စိတ္တက္ႀကြ ဖြယ္ေကာင္းေသာ ခရီးကို အစျပဳ ၾကေတာ့မည္။ သူငယ္ခ်င္းမ်ား ကေခၚေသာ္လည္း လိုက္ပါသြြားရန္ေဒးဗစ္ျငင္း ပယ္ခဲ့၏။ မသြား ခ်င္ေသာေၾကာင့္ မဟုတ္ပါ။ လုိက္ပါ သြားရန္ သူအင္မတန္ေတာင့္တ ခဲ့ပါ၏။ သူ၏အား နည္းခ်ိနဲ႔သည့္ ခႏၶာကုိယ္ ကပင္ပန္းခံႏိုင္မည္ မဟုတ္ေခ်။ သူသည္ပင္ပန္းႏြမ္းရိေန၏။ ထုိ႔ေၾကာင့္ေဒးဗစ္ သည္သူ၏ သူငယ္ခ်င္းမ်ားေတာ အုပ္ႀကီးထဲသို႔ေပ်ာ္ရြင္ စြာခ်ီတက္၀င္ေရာက္ သြားၾကသည္ကုိ ထုိင္၍ၾကည့္ေနခဲ့၏။
သူအဘယ္ေၾကာင့္အင္အား ခ်ိနဲ႔ေသာခႏၶာ ကိုယ္ရွိေနရပါသနည္း။ သူ႔သုူငယ္ခ်င္း မိတ္ေဆြ မ်ားကစြန္႔စား ခန္းမ်ား၊ေပ်ာ္ရႊင္စရာ မ်ား၌၀မ္းေျမာက္ေန ခ်ိန္တြင္သူသည္ သစ္ငုတ္တိုေပၚ၌ အၿမဲ တမ္းထ္ုိင္ေန သင့္ ပါသလား။ ငယ္ရြယ္သူေဒးဗစ္သည္ သူ႔အတြက္ဘုရားသခင္ ထားရွိသည့္အႀကံ အစည္ အားလံုးကုိ မသိခဲ့ေခ်။
လူငယ္တစ္ဦးအေနျဖင့္
ေဒးဗစ္ဘရိန္းနာဒ္ကို(၁၇၁၈)ခုႏွစ္၊ဧၿပီလ(၂၀)ရက္ေန႔တြင္အေမရိကန္ျပည္ေထာင္စု၌ဖြာျမင္ခဲ့၏။ သူသည္အလြန္အားနည္းၿပီးပိန္လွီေန၏။ ရြယ္တူအျခားကေလးမ်ားကဲ့သို႔ကစားခုန္ကစားျခင္း(သို႔)အားထုတ္ လုပ္ကိုင္ျခင္းမျပဳႏိုင္ခဲ့ေခ်။ဤအရာကသူ႔အားတည္ၿငိမ္ေအးေဆးေသာသဘာ၀ရွိေစျခင္းျဖစ္ေကာင္းျဖစ္ေပ မည္။ အသက္ငယ္စဥ္ကပင္သူ႔၀ိညာဥ္အတြက္စိတ္ပူပန္ၿပီးေသရမွာကိုစုိးရိမ္ေၾကာက္ရြံ႕ခဲ့၏။ စိတ္ႏွလံုး၌ေအးခ်မ္း ေပ်ာ္ရႊင္မႈရရန္ႏွင့္ကြယ္လြန္ၿပီးေနာက္ေကာင္းကင္ႏိုင္ငံသြားရန္ဆႏၵအ လြန္ႀကီးမားခဲ့၏။သို႔ေသာ္လည္းအသက္တာေျပာင္းလဲျခင္းအေၾကာင္းသူနားမလည္မသိေသးေပ။ အသက္(၉)ႏွစ္သားအရြယ္တြင္ဖခင္ျဖစ္ကြယ္လြန္ခဲ့ ၿပီး(၁၄)ႏွစ္သားအရြယ္တြင္သူ႔မိခင္ဆံုးပါးသြားခဲ့၏။ ထို႔ေၾကာင့္ဘရိန္းနာဒ္ေလးမွာမိဘမဲ့ျဖစ္ခဲ့ရ၏။သူ႔ဘ၀အ လြန္ေၾကကြဲဖြယ္ေကာင္းခဲ့ၿပီးဘာသာေရးဆုိင္ရာစုိးရိမ္ပူပန္မႈမ်ားလည္းက်ဆင္းခဲ့ရ၏။
အသက္တာသစ္
ဘရိန္းနာဒ္သည္မလိုလားအပ္ေသာေပါင္းအေဖာ္မ်ားကိုေရွာင္ၾကဥ္ခဲ့ၿပီးအခ်ိန္မ်ားစြာကိုတိတ္ဆိတ္စြာ ဆုေတာင္းျခင္း၌ကုန္လြန္ေစခဲ့၏။ သမၼာက်မ္းကိုတိုး၍ဖတ္႐ႈခဲ့ၿပီး၊ဘာသာေရးတုိးတက္ဖြံ႔ၿဖိဳးရန္တနဂၤေႏြေန႔တိုင္း ေတြ႔ဆံုသည့္ အဖြဲ႔ငယ္ေလးတစ္ခုကိုအျခားလူငယ္အခ်ဳိ႔ႏွင့္ဖြဲ႔စည္းခဲ့၏။ထုိေန႔တာကုန္လြန္သြားၿပီးေနာက္သူၾကား ခဲ့ရသည့္တရားေဟာခ်က္မ်ားကိုသူ႔ဖာသာထပ္တလဲလဲျပန္ေျပာကာေက်နပ္အားရေနေပလိမ့္မည္။ ဤသို႔အား ျဖင့္သူ႔ဇာတိေျဖာင့္မတ္ျခင္း၌လံုၿခံဳစိတ္ခ်မႈခံစားေနခဲ့မည္ျဖစ္၏။သုိ႔ရာတြင္ခရစ္ေတာ္ႏွင့္ တစ္ဦးခ်င္းသူမသိကၽြမ္း ခဲ့ေသးေခ်။
တစ္ေန႔ဘုရားသခင္၏အမ်က္ေတာ္ႏွင့္ေဘးအႏၱ၇ာယ္ကိုရုတ္တရက္ခံစားမိၿပီးေဆာက္တည္ရာမရျဖစ္ ခဲ့၏။ သူ၏ဘာသာေရးဆိုင္၇ာ၀တၱရားမ်ားကုိစိတ္အားထက္သန္မႈႀကီးမားစြာျဖင့္က်င့္ေဆာင္ခဲ့၏။သုိ႔ေသာ္လည္း အျပစ္တရားကသူ႔အားဆုပ္ကိုင္ထိန္းခ်ဳပ္ထားၿပီးသူသည္ေပ်ာက္ဆံုးေနသူတစ္ဦးျဖစ္ေၾကာင္းသတိမူမိခဲ့၏။ သုိ႔ေသာ္ျငားလည္းခရစ္ေတာ္၌လံုး၀ဥႆုံကုိးစားရန္သူ၏ေကာင္းေသာအက်င့္အေပၚအမွီျပဳျခင္းကို လက္မ ေလွ်ာ့ႏိုင္ခဲ့ေခ်။ ေနာက္ဆံုးတြင္ခရစ္ေတာ္ကိုအၾကြင္းမဲ့လက္ခံရန္ဘုရားသခင္၏၀ိညာဥ္ေတာ္က သူ႔အားဦး ေဆာင္လမ္းျပခဲ့၏။ ဤသို႔အားျဖင့္သူ႔အသက္(၂၁)ႏွစ္အရြယ္တြင္အသက္တာသစ္ကိုရရွိခဲ့၏။
ေကာလိပ္ေက်ာင္း၌
သူ႔အသက္တာေျပာင္းလဲၿပီး(၂)လၾကာတြင္ေယးလ္ေကာလိပ္သုိ႔ဘရိန္းနာဒ္၀င္ေရာက္သင္ယူခဲ့၏။
ေကာလိပ္ေက်ာင္းတြင္စုံစမ္းေသြးေဆာင္ျခင္းမ်ားအၾကား၌ဘုရားတရားေလးစားၾကည္ညိဳသည့္အသက္တာ ျဖင့္မရွင္ႏုိင္မွာကိုစုိးရိမ္ပူပန္ခဲ့၏။ သုိ႔ရာတြင္သူဆုေတာင္းလ်က္ႏႈတ္ကပတ္ေတာ္ဖတ္ရႈခဲ့သည့္အတိုင္းဘုရား သခင္ကသူ႔အားၾကြယ္၀စြာေသာေကာင္းႀကီးေပးေတာ္မူခဲ့၏။သူတစ္ဦးတည္းဘုရားသခင္ႏွင့္တစ္ဦး တည္းအခ်ိန္ ယူမိတ္သဟာယဖြဲ႔ျခင္း၌အခ်ိ္န္မ်ားစြာယူခဲ့၏။သူ႔ဆႏၵမွာခရစ္ယာန္အမႈေတာ္ဆာင္လုပ္ငန္းအတြက္ေရွ႕ ရႈခဲ့၏။ စာကိုႀကိဳးစားခဲ့ၿပီးဂုဏ္ထူးေဆာင္ေက်ာင္းသားတစ္ဦးျဖစ္လာခဲ့၏။ ပညာသင္ေလ့လာျခင္းမ်ားကိုဖ်ားနာမႈက ရံဖန္ရံခါအဆီးအတားျဖစ္ခဲ့၏။ တစ္ႀကိမ္တြင္စာေပေလ့လာေသာပင္ပန္းမႈေၾကာင့္အလြန္အားနည္းၿပီးဖ်ားနာခဲ့ ရာအိမ္ျပန္ၿပီးအနားယူရန္ေျပာျခင္းခံခဲ့ရ၏။အဆုပ္ေေရာဂါေ၀ဒနာခံစားခဲ့ရၿပီးေသြးအန္၏။ ဖ်ားနာေနစဥ္ကုတင္ ေပၚ၌ပင္လွ်င္ဘုရားသခင္ႏွင့္ႀကိမ္ဖန္မ်ားစြာမိတ္သဟာယဖြဲ႔ခဲ့၏။“ဘုရားသခင္ႏွင့္ အတူတစ္နာရီအခ်ိန္ယူျခင္း သည္ဤကမၻာေလာကသာယာေပ်ာ္ရႊင္မႈအားလံုး ထက္တိုင္းတာ၍ မရႏို္င္ေလာက္ေအာင္ သာလြန္ေကာင္းျမတ္ ပါသည္”ဟုသူေျပာခဲ့၏။ အေျခအေနတုိင္း၌ေအာင္ျမင္ေသာ ခရစ္ယာန္မ်ားျဖစ္ေစရန္ လွ်ဳိ႕၀ွက္ခ်က္ျဖစ္သည့္ဘု ရားသခင္ႏွင့္မိတ္သဟာယဖြဲ႔ျခင္းကုိ ကၽြႏ္ုပ္တုိ႔ေလ့လာ သင္ယူသင့္ပါသည္။
သာသနာျပဳအျဖစ္ေခၚေတာ္မူျခင္း
ေကာလိပ္ေက်ာင္း၌တတိယႏွစ္ေက်ာင္းသားအျဖစ္တက္ေရာက္ေနစဥ္မႏွစ္ၿမိဳ႕ဘြယ္ေကာင္းေသာ အ ေျခအေနအခ်ဳိ႕ေၾကာင့္သူေက်ာင္းထြက္ဖို႔ျဖစ္ခဲ့ရ၏။ ဤအရာကသူ႔အားစိတ္ပ်က္စရာျဖစ္ေစ၏။အေၾကာင္းမွာ ေနာင္အခါအျခားသူမ်ားဘြဲ႔ယူေသာေန႔တြင္ သူ၏ကိုယ္ေရးမွတ္တမ္း(ဒိုင္ယာရီ)တြင္“တကယ္ေတာ့ ဒီေန႔မွာငါဘဲြဲ႔ ယူရမဲ့ေန႔ပဲ၊ ဒါေပမဲ့ ဒီဘြဲ႔ကိုငါျငင္းပယ္ဖို႔သင့္ေတာ္မယ္လုိ႔ဘုရားသခင္ကျမင္ေတာ္မူပါတယ္”ဟုေရးသားခဲ့၏။ထို အခ်ိန္၌ခရစ္ေတာ္အေၾကာင္မၾကားသိေသးသူအေမွာင္ထဲေရာက္ေနသူမ်ားအတြက္ဘရိန္းနာဒ္၌ႀကီး စြာေသာ စိုးရိမ္ပူပန္မႈရွိခဲ့၏။ အေမရိကန္အိႏၵိယဟုသိေနၾကေသာရက္အင္ဒီးယန္းမ်ာမွာခရစ္ေတာ္အေၾကာင္းမၾကားဖူး ေသးဘဲသူ တုိ႔ေဒသ၌သာသနာျပဳမ်ားလည္းမရွိၾကေသးေခ်။ ထိုသူတုိ႔၏အသက္၀ိညာဥ္ကယ္တင္ျခင္းအတြက္ ဘရိန္းနာဒ္မၾကာခဏျပင္းျပင္းထန္ထန္ဆုေတာင္းခဲ့ေပလိမ့္မည္။သူ၌ထုိသူမ်ားထံဧ၀ံေဂလိတရားေတာ္ကုိယူ ေဆာင္သြားလိုသည့္ဆႏၵရွိခဲ့၏။
တစ္ေန႔တြင္နယူးေယာက္ၿမိဳ႕ရွိအမႈေတာ္ေဆာင္တစ္ဦးထ့မွစာတစ္ေစာင္ကုိသူလက္ခံရရွိခဲ့၏။ ထိုစာ၌ “အေမရိကန္အိႏိၵယမ်ားထံသာသနာျပဳတစ္ဦးေစလႊတ္ရန္ကၽြႏု္ပ္တုိ႔ဆႏၵရွိပါတယ္။ သင့္အကူအညီကိုကၽြႏ္ုပ္တို႔ ႏွစ္သက္ျမတ္ႏိုးပါတယ္”ဟုေဖာ္ျပထား၏။ ဘရိန္းနာဒ္ခ်က္ခ်င္းသြားခ်င္စိတ္ရွိခဲ့၏။ သို႔ရာတြင္သူသည္က်န္းမာ သန္စြမ္းမႈသိပ္မရွိေခ်။ ထိုလူမ်ားထံသာသနာျပဳမည့္သူသည္ ေတာေတာင္မ်ားကိုေက်ာ္ျဖတ္ၿပီးအႏၱရာယ္မ်ား ေသာ (လွ်ဳိေျမာင္ခ်ဳိင္၀ွမ္း)စမ္းေခ်ာင္းမ်ားကိုလည္းကူးျဖတ္သြားရမည္။“သူဘယ္လုိလုပ္ႏိုင္ပါ့မလဲ”သူ႔မိတ္ေဆြ မ်ားက“ဘုရားသခင္သင့္ကုိသြားဖို႔အလိုေတာ္ရွိလွ်င္သင့္အားခြန္အားေပးေတာ္မူမယ္”ဟုအားေပးၾကသည္။ ထို႔ ေၾကာင့္ရက္အင္ဒီးယန္းလူမ်ဳိးမ်ားထံသြားေရာက္ရန္ဘရိန္းနာဒ္စိတ္ပိုင္းျဖတ္ခဲ့သည္။
ရက္အင္ဒီးယန္းမ်ားအၾကား၌
“ဘုရားသခင္၏ဘုန္းေတာ္အတြက္ကိုယ္ေတာ္၏အမႈေတာ္၌ကၽြႏ္ုပ္၏အသက္တာကို ကုန္ဆံုးေစလုိပါတယ္”ဟုဘရိန္းနာဒ္အသက္(၂၄)ႏွစ္ေျမာက္ေမြးေန႔တြင္ကိုယ္ေရးမွတ္တမ္းထဲ ၌ေရးသားခဲ့၏။ေနာက္ႏွစ္တြင္ ယဥ္ေက်းမႈမဖြံ႕ၿဖိဳးေသးေသာသူမ်ားကုိဧ၀ံေဂလိတရားေဟာေျပာ၍သူ႔အသက္တာ ကိုေတာနက္ႀကီးမ်ားၾကား၌ ကုန္လြန္ေစရန္ခရီးထြက္ခဲ့၏။ သူ႔စာအုပ္မ်ားႏွင့္အ၀တ္အစားအပိုမ်ားကိုေရာင္းခဲ့၏။သူ႔စာအုပ္မ်ားႏွင့္အ၀တ္အ စားအပုိမ်ားကုိေရာင္းခဲ့၏။ ကမၻာေလာကႀကီးႏွင့္အဆက္ျဖတ္ခဲ့ၿပီးရက္အင္ဒီးယန္းေနထုိင္ရာေတာေတာင္ခ်ဳိင့္ ၀ွမ္းမ်ားရွိသည့္ေနရာ၌သာေပ်ာ္ရႊင္စြာေနထိုင္လွ်က္အမႈေတာ္ေဆာင္ခဲ့၏။ သူေတြ႔ႀကံဳခဲ့ရသည့္အေတြ႔အႀကဳံမ်ား ႏွင့္စြန္႔စားခန္းမ်ားကုိကိုယ္ေရးမွတ္တမ္း၌စတင္ေရးမွတ္ခဲ့၏။ ထိုိမွတ္တမ္းအားျဖင့္ေတာနက္ႀကီးထဲ၌သူေနခဲ့ ေသာအသက္တာသတင္းအခ်က္အလက္မ်ားကို ကၽြႏု္ပ္တုိပရခဲ့ၾက၏။
ခက္ခဲမႈမ်ားႏွင့္အသက္အႏၱရာယ္မ်ား
အေအးဒဏ္ႏွင့္အစာငတ္ေဘးဒဏ္ကိုဘရိနး္နာဒ္မၾကာခဏခံခဲ့ရ၏။ အသက္တာ၌သက္ေတာင့္သက္ သာမခံစားႏိုင္ခဲ့ေခ်။ ပင္ပန္းႏြမ္းရိမႈမ်ားႏွင့္ဖ်ားနာမႈမ်ားရွိေသာ္ လည္းေရွ႕သို႔သာတက္ လွမ္း၍ အမႈေတာ္ေဆာင္ခဲ့ ၏။ တစ္ႀကိမ္တြင္တည္းခိုစရာတစ္စုံတစ္ခုမွ် မျမင္ဘဲျပင္းထန္စြာ ရြာသြန္းေနေသာမိုး ထဲ၌ တစ္ညလံုးျမင္းစီးလ်က္ ခရီးထြက္ခဲ့ရ၏။ အခ်ဳိ႕ေသာအခ်ိန္တြင္ျမင္းစီး၍မရေလာက္ေအာင္ ခက္ခဲၾကမ္းတမ္းေသာလမ္း ခရီးမ်ားကုိေျခ လ်င္ခရီးျပဳခဲ့ရ၏။ အၿမဲတမ္းအသက္အႏၱရာယ္ႀကီးမားေသာခရီးစဥ္မ်ားျဖစ္၏။ အလြန္ေ၀းလံေသာေဒသရွိလူမ်ဳိး စုမ်ားထံေရာက္ရန္ညအခ်ိန္မတ္ေစာက္ေသာေတာင္တန္းမ်ား ကိုလည္းျဖတ္သန္းသြားရ၏။ တစ္ခါတစ္ရံအႏၱ ရာယ္မ်ားေသာရႊံ႕ႏြံမ်ား (သို႔)ေတာသား ရဲေပါင္းစံုရွိေသာ ေတာအုပ္ႀကီးမ်ားကုိျဖတ္ေက်ာ္ခရီးျပဳရေသာ အခ်ိ္န္မ်ား လည္းရွိခဲ့၏။
ေမွာင္မိုက္ေသာညတစ္ညတြင္စကားျပန္ႏွင့္အတူေတာင္တစ္ေတာင္ကိုျဖတ္ေက်ာ္စဥ္သူတုိ႔ေအာက္၌ အလြန္နက္ရွဳိင္းေသာေခ်ာက္ကမ္းပါးမ်ားရွိခဲ့၏။အကယ္၍ျမင္းမ်ားေျခေခ်ာ္က်ပါကေပေပါင္းရာႏွင့္ ခ်ီ၍ေဇာက္ ထိုးက်ဆင္းသြားႏိုင္၏။ အေမွာင္ထဲ၌ရုတ္တရက္ေျခညွပ္မိသြားၿပီးနာက်င္စြာခုန္လိုက္၍ဘရိန္းနာဒ္ခမ်ာ ေျမ ႀကီးေပၚဆြဲခ်ခံရသလိုျဖစ္ခဲ့ရ၏။ ေခ်ာက္ကမ္းပါးထဲက်မည့္အေျခအေနမွသီသီေလးလြတ္ေျမာက္ႏိုင္ခဲ့၏။ ေရစီး သန္ေသာေခ်ာင္းမ်ားကိုျဖတ္ကူးရေသာအခ်ိန္မ်ား၌လည္းဘုရားသခင္ထံမွမစကူညီမႈကို ဆုေတာင္းျခင္းျဖင့္ရယူ ခဲ့၏။ မၾကာခဏသလုိအပ္ေသာအာဟာရအတြက္ သင့္ေတာ္သည့္အစာမရရွိႏိုင္ခဲ့ေခ်။ အစာမစားခင္အစာရႏိုင္ သည့္ေနရာသုိ႔ ၁၀မိုင္(သို႔) ၁၅မိုင္ခန္႔သြား၍၀ယ္ရၿပီးထိုအစာမ်ားမွာလည္းခ်ဥ္ၿပီး(မိႈတက္)ေအာက္သုိးေနတတ္ ၏။ တစ္ခါတစ္ရံထိုအစားမ်ဳိးပင္မရႏိုင္ျဖစ္၏။ ေျမႀကီးေပၚမွအနည္းငယ္ျမင့္ေသာသစ္သားအခ်ဳိ႕အေပၚမွာျမက္ ေျခာက္အနည္းငယ္ပံုကာသူအိပ္စက္ခဲ့၏။ သူသည္တကိုယ္တည္းအထီးက်န္လည္းျဖစ္ခဲ့၏။ စကားေျပာေဖာ္အ ျဖစ္သူ၏စကားျပန္သာရွိခဲ့၏။ သူ၏စိတ္ထဲရွိ၀န္ထုပ္၀န္ပိုးမ်ားကုိေ၀ငွရန္ႏွင့္ ဆုေတာင္းမိတ္သဟာယဖြဲ႔ရန္အျခား ခရစ္ယာန္တစ္စုံတစ္ေယာက္မွ်မရွိခဲ့ေခ်။“ကၽြႏ္ုပ္၌သက္ေတာင့္သက္သာျဖစ္ေစသည့္ေလကီစည္းစိမ္မရွိပါ။ သို႔ ရာတြင္သခင္၌ရွိေသာအရာကၽြႏု္ပ္၌ရွိပါ၏”ဟုသူေရးခဲ့ဖူး၏။
ရက္ဒ္အင္ဒီးယန္းမ်ား
ဘရိန္းနာဒ္အမႈေတာ္ေဆာင္ေသာရက္ဒ္အင္ဒီးယန္းမ်ားသည္ေရွးက်ၿပီးယဥ္ေက်းမႈမဖြဲ႕ၿဖိဳးေသးေသာ အျခားလူမ်ဴိးစုမ်ားကဲ့သုိ႔အယူသည္းေသာသူမ်ားျဖစ္ၾက၏။ သူတုိ႔သည္ငွက္မ်ား၊တိရစာၦန္မ်ား၊ သစ္ပင္မ်ားႏွင့္ရာ သီဥတုကိုပင္ကိုးကြယ္ၾကသည္။ သူတုိ႔၏ကိုးကြယ္၀တ္ျပဳျခင္းသည္အလြန္ထူးဆန္းသည္။ သူတုိ႔၏ယဇ္ပုေရာ ဟိတ္မ်ား(နတ္ဆ၇ာမ်ား)ကဘရိန္းနာဒ္ကုိေဒါသအမ်က္ထြက္ၾက၏။မဖြယ္ရာေသာအကမ်ားႏွင့္ေၾကာက္ရြံ႕ တုန္ လႈပ္ဖြယ္အသံမ်ားဟစ္ေၾကာ္ကာသူ႔အပၚ၌ညိွ႔ေဆးလံုးျဖင့္တုိ႔ထိရန္ႀကိဳးစားခဲ့ၾက၏။ သို႔ရာတြင္ေဒးဗစ္ဘ၇ိ္န္းနာဒ္ ကိုဘာမွ်မထိခုိက္ေစပဲအျခားေသာနတ္ဘုရားမ်ားအားလံုးထက္ႀကီးျမတ္ေသာခရစ္ေတာ္ဘုရား၏ တန္ခိုးေတာ္ကိုရဲ၀ံ့စြာထုတ္ေဖာ္ေက်ညာႏိုင္ခဲ့၏။
တစ္ႀကိမ္တြင္သားေရမ်ား၊အခြံမ်ားႏွင့္အရြက္မ်ား၀တ္ၿခံဳထားေသာယဇ္ပုေရာဟိတ္တစ္ဦးကေဒးဗစ္ အားသူ၏လူတုိ႔အားေရွးယခင္ဘာသာအတိုင္းလိုက္နာၾကရန္သြန္သင္မည္ဟုေျပာခဲ့၏။ ထို္ယဇ္ပုေရာဟိတ္ႀကီးအားခရစ္ေတာ္အေၾကာင္းေျပာျပရာသူကဂရုတစိုက္ေသေသခ်ာခ်ာနားေထာင္ၿပီး ခရစ္ေတာ္ကိုသူ၏ေကာင္း ကင္ဘံုရွင္အဖအျဖစ္လက္ခံမည္ဟုအဆံုး၌ေျပာခဲ့၏။
ရက္အင္ဒီးယန္းတုိပအတြက္စိတ္၀င္စားစရာအေကာင္းဆံုးပြဲတစ္ခုမွာခုတ္ထြင္ရွင္းလင္းထားေသာေျမ ကြက္လပ္အလာ္၌ရွိေသာမီးပံုႀကီးပတ္လည္၌၀ုိင္းၿပီးကခုန္ေသာ“စစ္တိုက္အက”ျဖစ္သည္။ႏုပ်ဳိေသာ စစ္သူရဲမ်ားႏွင့္အသက္ႀကီးရင့္ေသာယဇ္ပုေရာဟိတ္မ်ားကမီးပံုပတ္လည္၌ထိုင္ေနႀကၿပီးမီးေတာက္ မီးလွ်ံမ်ားအရွိန္အဟုန္ ႀကီးလာသည့္အခါ မီးပံုပတ္လည္၌ေၾကာက္ရြံ႕တုန္လႈပ္ဖြယ္စူးစူး၀ါး၀ါးေအာ္ဟစ္ကခုန္ၾကမည္။တစ္ညလံုးေအာ္ ဟစ္ကခုန္ၾက၏။ ေဒးဗစ္သည္အရိပ္ထဲမွတိတ္ဆိတ္စြာ၇ပ္လ်က္ထိုပြဲကိုမၾကာခဏၾကည့္လိမ့္မည္ျဖစ္ၿပီး ၊ေနာက္ ေန႔တြင္သူတုိ႔အား ဧ၀ံေဂလိတရားေဟာမည္ျဖစ္သည္။
မ်က္ရည္မ်ားႏွင့္ပင္ပန္းစြာလုပ္ေဆာင္ျခင္းမ်ား
ခက္ခဲမႈမ်ားရွိေသာ္လည္း ဘရိန္းနာဒ္၏အႀကီးမားဆံုးေသာစိုးရိမ္ပူပန္မႈမွာရက္ဒ္အင္ဒီးယန္းမ်ား၏ ကယ္တင္ျခင္းအတြက္ပင္ျဖစ္၏။ ဤပူပန္မႈေၾကာင့္ေတာအုပ္ႀကီးမ်ားထဲသုိ႔တစ္ဦးတည္းသြားေရာက္ကာသူတုိ႔ အတြက္မ်က္ရည္မ်ားစြာက်လ်က္နာရီေပါင္းမ်ားစြာဆုေတာင္းေပးခဲ့၏။ႀကိမ္ဖန္မ်ားစြာအစာေရွာင္ ဆုေတာင္းေပး ခဲ့၏။ရက္ဒ္အင္ဒီးယန္းတို႔၏ဆန္႔က်င္မႈမ်ားေၾကာင့္မၾကာခဏစိတ္ပ်က္ခဲ့၏။ သူ၏ကိုယ္ေရးမွတ္တမ္း၌“ကၽြႏ္ုပ္ အတြက္ဘာမွ်အေရးႀကီးတာမရွိပါ။ အသက္တာႏွင့္ႏွလံုးသားအတြင္းသန္႔ရွင္းျခင္းႏွင့္ဘုရားမဲ့တုိ႔ဘုရားသခင္ ထံေျပာင္းလဲျခင္းသာအေရးႀကီးပါ၏” ဟုေရးသားခဲ့၏။တစ္ႀကိမ္တြင္“ေပ်ာက္ဆံုး၀ိညာဥ္မ်ား ခရစ္ေတာ္ထံ ေရာက္ႏို္င္ရန္ကၽြႏ္ုပ္ျဖတ္သန္းခဲ့ရသည့္ခက္ခဲမႈမ်ား(သုိ႔) ကၽြႏု္ပ္ေနရသည့္ေနရာႏွင့္ဘယ္လိုေနထိုင္အသက္ရွင္ ခဲ့ရသည္တုိ႔ကို ဂရုမစုိက္ပါ”ဟူ၍ေရးခဲ့၏။
ႀကီးမားေသာဒုကၡေ၀ဒနာႏွင့္ ဖ်ားနာျခင္းခံရသည့္ၾကားမွအမႈေတာ္ကိုမ်ားစြာထမ္းေဆာင္ႏိုင္ခဲ့၏။ တစ္ႀကိမ္တြင္ေလဟာျပင္၌ေျမႀကီးေပၚတြင္အဆက္မျပတ္အိပ္စက္ခဲ့၇ျခင္းေၾကာင့္အႀကီးအက်ယ္ ဖ်ားနာကိုက္ခဲကာ၇က္သတၱပတ္ၾကာမွျပန္လည္ေကာင္းမြန္ၿပီး အမႈေတာ္ကုိဆက္လက္လုပ္ေဆာင္ခဲ့။ တရားေဟာၿပီး ေနာက္ပုိင္းမၾကာခဏကိုယ္ခႏၶာအားနည္းျခင္း၊ဖ်ားနာျခင္း၊ ေၾကာင့္ဘာမွ်မ လုပ္ႏိုင္ဘဲခုတင္ေပၚ၌လဲေလ်ာင္းေန ကာ ေသြးအန္ၿပီးေ၀ဒနာခံစားေနရ၏။ ဤသုိ႔ျဖင့္ သူခ်စ္ျမတ္ႏိုးေသာ ၇က္ဒ္အင္ဒီးယန္းလူမ်ဳိးမ်ားကုိ ကယ္တင္ျခင္းရ ရန္သူ႔အသက္တာကုိနဲနဲစီသြန္းေလာင္းပူေဇာ္ေန၏။
ဤအသက္တာမ်ဳိးကိုဘရိန္းနာဒ္ေရြးခ်ယ္ခဲ့ျခင္းမွာခရစ္ေတာ္ကုိအေစခံရန္အျခားအခြင့္အလမ္းမ်ားမရွိ ေသာေၾကာင့္မဟုတ္ပါ။ သူ႔ေနရင္းၿမိဳ႕အနီးရွိခ်မ္းသာႀကြယ္၀ေသာဘုရားေက်ာင္းအခ်ဳိ႕၌သင္းအုပ္လုပ္ရန္ဖိတ္ ေခၚခ်က္ မ်ားရရွိခဲ့ေသာ္လည္းသူျငင္းပယ္ခဲ့ပါသည္။အကယ္၍ထိုဖိတ္ေခၚခ်က္မ်ားကိုသူလက္ခံခဲ့ၿပီးခက္ခဲမႈမ်ား
ႏွင့္ေ၀ဒနာဒုကၡခံစားျခင္းမ်ားကိုေက်ာခိုင္းခဲ့မည္ဆိုလွ်င္ကမၻာေလာကႀကီးကေဒးဗစ္ဘရိန္းနာဒ္အေၾကာင္းဘယ္ ေတာ့မွသိၾကမည္မဟုတ္ေခ်။
ဆုလဒ္သရဖူမ်ား
“မ်က္ရည္မ်ားက်လ်က္မ်ဳိးေစ့ႀကဲေသာသူသည္ရႊင္လန္းလ်က္စပါးရိတ္၇ၾကမည္။”ဟုဘုရားသခင္က တိေတာ္ရွိ္ပါ၏။ (ဆာ ၁၂၆း၅)
ေဒးဗစ္ဘရိန္းနာဒ္၏ေန႔ေရာညပါပင္ပန္းစြာလုပ္ေဆာင္ျခင္း၊ ဆုေတာင္းျခင္း၊ အစာေရွာင္ျခင္းမ်ာက အဆံုးတြင္အသီးအပြင့္မ်ားျဖစ္ေပၚလာ၏။ သူသြားေလရာရာေဟာေျပာေလရာရာတိုင္း၌ရက္ဒ္အင္ဒီးယန္း လူတို႔ အေပၚဘုရားသခင္၏၀ိညာဥ္ေတာ္ႀကီးမားစြာသက္ဆင္းလႈပ္ရွားခဲ့ပါသည္။ (၁၇၄၅)ခုႏွစ္တြင္ျဖစ္ပါသည္။
ညစ္ညမ္းစြာအသက္ရွင္ခဲ့ၿပီးဘုရားသခင္၏ဧ၀ံေဂလိတရားကုိဆန္႔က်င္ခဲ့သူမ်ားပင္လွ်င္မိမိတ္ုိ႔အျပစ္ မ်ားကိုနားလည္သေဘာေပါက္လာခဲ့၏။ လူမ်ားစြာယံုၾကည္ေျပာင္းလဲခဲ့၏။ ၇က္ဒ္အင္ဒီးယန္းမ်ားကုိဘရိန္းနာဒ္ ဘာေတြမ်ာေဟာသလဲဟု စိတ္၀င္စားကာစူးစမ္းလိုသူမ်က္ႏွာျဖဴအခ်ဳိ႔လည္းေျပာင္းလဲသြားခဲ့၏။
တစ္ေန႔တြင္ရက္ဒ္အင္ဒီးယန္းအမ်ဳိးသမီးငယ္တစ္ဦးကသူ႔လူမ်ဳိးမ်ားၾကား၌ထူးဆန္းမႈတစ္ခုျဖစ္ေန ေၾကာင္းၾကားခဲ့ရ၍ဘရိန္းနာဒ္ဘာတရားေဟာသလဲဆိုသည္ကုိသိလုိ၍ဘရိန္းနာဒ္အိမ္သုိ႔သြားခဲ့၏။ ဘရိန္းနာဒ္ ကဘုရားသခင္အေၾကာင္းသူမအားေျပာျပရာရီေမာေလွာင္ေျပာင္သေရာ္ကဲ့ရဲ႕ခဲ့ဖူး၏။ သို႔ေသာ္လည္းသူမေသ ခ်ာနားေထာင္ၿပီးသူမ၏အျပစ္မ်ားကိုျပန္ျမင္ေတြ႔ၿပီးငိုယုိေတာ့၏။ သူမ၏ေျခအေနမ်ားကုိနားလည္သေဘာ
ေပါက္ၿပီးစိတ္မသက္မသာျဖစ္ေတာ့၏။ ေနာက္ဆံုး၌ခရစ္ေတာ္ကိုသူမ၏ကယ္တင္ရွင္အျဖစ္လက္ခံခဲ့၏။ ဘရိန္း နာဒ္တရားေဟာတုိင္း၇က္ဒ္အင္ဒီးယန္းတုိ႔က်ယ္ေလာင္စြာဘုရားသခင္၏ကရုဏာေတာ္ကုိေတာင္း ခံၾကျခင္းမွာ အထူးအဆန္းမဟုတ္ေတာ့ေခ်။
၇က္ဒ္အင္ဒီးယန္းမ်ားစြာသည္ ဘရိန္းနာဒ္၏သတင္းၾကားသိရၿပီးသူ႔ေဟာေျပာခ်က္မ်ားကိုနားေထာင္
ရန္ သြားေ၇ာက္ခဲ့ၾက၏သူ႔အား“ဘုရားသခင္၏စာအုပ္”ႏွင့္လူျဖဴတစ္ေယာက္အျဖစ္သိၾကသည့္ရက္ဒ္အင္ဒီး
ယန္း ခေလးသူငယ္မ်ားပင္လွ်င္သူ႔စကားနားေထာင္ရန္သြားေရာက္ခဲ့ၾကသည္။ သူသည္ေက်ာင္းမ်ားကုိတည္ ေထာင္ ခဲ့ၿပီး ခေလးမ်ား အားစုိက္ပ်ဴိးေရးပညာ၊ အပ္ခ်ဳပ္ပညာႏွင့္ သခင္ေယရွဳ အေၾကာင္းသြန္သင္ခဲ့သည္။
တိုေတာင္းေသာအသက္တာ
ယခုႏွစ္တြင္ဘရိန္းနာဒ္သည္အသက္(၂၉)ႏွစ္အရြယ္ရွိၿပီ။ စိုထိုင္းေသာသစ္ေတာ္ႀကီၤးမ်ားၾကား၌ အမႈ ေတာ္ေဆာင္ရန္ေရြးခ်ယ္ခဲ့စဥ္ကၾကာၾကာအသက္ရွင္ရန္မေမွ်ာ္လင့္ႏိုင္ေၾကာင္းသူသိခဲ့၏။ သူ႔က်န္းမာေရးထက္ ဧ၀ံေဂလိတရားမၾကားရေသးသူမ်ားအားေဟာေျပာျခင္းကပို၍အေရးႀကီးခဲ့ေပသည္။
ထုိ႔ေၾကာင့္ဧ၀ံေဂလိတရားဆက္လက္ေဟာေျပာခဲ့ၿပီးမ်ားမၾကာမီအခ်ိန္တြင္ကုသမရႏုိင္ေသာျပင္းထန္ သည့္အဆုတ္နာေရာဂါစြဲကပ္ခဲ့၏။ သူ႔အသက္ေသြးမ်ားတစ္စခ်င္းသြန္းေလာင္းခဲ့ရ၏။ အိပ္ယာကုတင္ေပၚတြင္ ျပင္းထန္စြာေသာနာက်င္မႈႏွင့္ေရာဂါေ၀ဒနာအႀကီးအက်ယ္ခံစားခဲ့ရ၏။ သူ႔အသက္တာ၏ေနာက္ဆံုးအခ်ိန္နာရီ ၌ပင္လွ်င္သူအလြန္ခ်စ္ျမတ္ႏိုးေသာ၇က္ဒ္အင္္ဒီးယန္းမ်ားကိုအစ္ကိုျဖစ္သူအားေျပာျပခဲ့၏။
သူ႔စိတ္အေတြးအာရံု မ်ားကသခင္ဘုရားျပန္လည္ၾကြလာေတာ္မူျခင္းအေၾကာင္းမ်ားႏွင့္ျပည့္က်ပ္လ်က္ရွိခဲ့၏။
တစ္ၾကိမ္တြင္တုန္တုန္ရီရီျဖင့္“ကိုယ္ေတာ္ၾကြလာေတာ့မယ္၊ ကိုယ္ေတာ္ကေႏွာင့္ေႏွးမွာမဟုတ္ဘူး၊ ေကာင္းကင္တမန္မ်ားႏွင့္အတူ ကိုယ္ေတာ့္ဘုန္းကိုကၽြႏု္ပ္ခ်ီးမြမ္းမယ္” ဟုသူႏႈတ္ၿမြက္ခဲ့၏။ ဤသို႔ျဖင့္ (၁၇၄၇)ခု ႏွစ္၊ေအာက္တိုဘာလ(၉)ရက္ေန႔၊အသက္(၂၉)ႏွစ္အေစာပိုင္းအခ်ိ္န္တြင္ ေဒးဗစ္ဘရိန္းနာဒ္ သည္ေကာင္းကင္ တမန္မ်ားႏွင့္အတူသူ၏သခင္ထံဂုဏ္ေတာ္ခ်ီးမြမ္းရန္သြားေရာက္ခဲ့ေတာ့၏။
ဤအသက္တာကား၊တုိေတာင္းေသာ္လည္း ဆက္ကပ္အပ္ႏွံမႈလံုး၀အသံုး၀င္သည့္ အသက္ တာျဖစ္ ေတာ့၏။ သူေသဆံုးၿပီးေနာ္ကသူ႔ အသက္တာႏွင့္ကိုယ္ေရးမွတ္တမ္းကိုဖတ္ခဲ့ၿပီး ၀ီလီယမ္ ကယ္ရီႏွင့္ ဟင္နရီ မာတင္တုိပကအျခားအရပ္ေဒသမ်ားသုိ႔ သာသနာျပဳမ်ားအျဖစ္ သြားေရာက္ အမႈေတာ္ေဆာင္ခဲ့ၾက၏။
blog.shwecanaan.com

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...