ယေရှုခရစ်တော်၏ သက်တော်စဉ်ကို ဖတ် ရှုလေ့လာကြ သောအခါ ... ဆိုး (ညစဉ်ခွန်အား)
Unicode & Zawgyi Reshare-#9Dan
fri တစယာက် က မေး လာ လို့ ဆရာ ဆိုး ရဲ့၁၈နှစ် ပြသ နာ ဖြေ ရှင်း ချက် လေး ကို ယုံကြည် သုူ များ အ မြင် ရှင်းဖို့အ တွက် တင် ပေး လိုက် ပါ တယ်
ယေရှုခရစ်တော်၏ သက်တော်စဉ်ကို ဖတ် ရှုလေ့လာကြ သောအခါ ... ဆိုး (ညစဉ်ခွန်အား)
သက်တော် (၁၂) နှစ် မှ အနှစ် (၃၀) အတွင်း ကြားကာလ (၁၈) နှစ်တွင် ယေရှုခရစ်တော်သည် ဘယ်မှာရှိနေသနည်း။ ထိုကာလ ယေရှုခရစ်တော်၏ ဘဝတစိတ်တပိုင်းနှင့် ပတ်သက်၍
ခရစ်တော်ကြောင့် ...
ခရစ်ယာန်ဘာသာဆိုတာ ဓမ္မဟောင်းကို အခြေပြုထားတာမို့ အလွန်ရှေးကျတဲ့ ဘာသာလို့ ပြောနိုင် ပါတယ်။ သို့သော်လည်း တကယ့် တကယ်တော့ ခရစ်တော်သာလျှင် ခရစ်ယာန်ဘာသာတရားကို စတင်တည်ထောင ်သူဖြစ်ပါတယ်။ ဓမ္မဟောင်း ကျမ်းကာလဟာ ဂျူးဘာသာ ကာလလို့ ပြောရင် မမှားလောက်ပါဘူး၊ လောကကြီးစတင်ဖန်ဆင်းခြင်း ခံရပြီး ပထမလူသား အာဒံမှ ခရစ်တော်မပေါ်ပေါက်မှီကာလတိုင်အောင်ဖြစ်တဲ့ ဓမ္မဟောင်းကျမ်း အယူအဆကို ဂျူးဘာသာ၊ အစ္စလန်ဘာသာ နဲ့ ခရစ်ယာန်ဘာသာတို့က လက်ခံခဲ့ကြပါတယ်။
အေဒီ ၃၀ ပတ်ဝန်းကျင်မှာ ယေရှုခရစ်တော်က မိမိဟာ ထာဝရဘုရားသခင် က စေလွှတ်လိုက်တဲ့ ကယ်တင် ရှင်ဖြစ်တဲ့အ ကြောင်း ဟောပြော ကြေငြာခဲ့ပေမဲ့ ဂျူးလူမျိုး အများစုက မယုံကြည်ခဲ့ပါဘူး။ ခရစ်တော်ကို ငြင်းပယ်ပြီး မိမိတို့ ပရောဖက်ဟောခဲ့တဲ့ ကယ်တင် ရှင် ကို ဆက်လက်မျှော်လင့်နေတာမို့ ဂျူးဘာသာဟာ သီးသန့်ကျန် ရစ်ပြီး ခရစ်ယာန်ဘာသာဟာ သီးခြားပေါ်ပေါက်လာခဲ့ပါတယ်။ ခရစ်တော်ကြောင့်လို့ ပြောရမှာဖြစ်ပါတယ်။ ခရစ်ယာန်တွေရဲ့ ကျမ်းစာကတော့ ဂျူးတွေရဲ့ ကျမ်းစာဖြစ်တဲ့ ဓမ္မဟောင်းကျမ်းကို မိမိတို့ရဲ့ ကျမ်းရင်းတစ်ခုအဖြစ် အသိအမှတ်ပြုပြီး ခရစ်တော်ပေါ်ပေါက်လာပြီးတဲ့နောက် ခရစ်တော်နဲ့ပတ်သက်ပြီး ရေးထားတဲ့ကျမ်းများကိုတော့ ဓမ္မသစ်ကျမ်းလို့ သတ်မှတ်အသုံပြုခဲ့ပါတယ်။
ခရစ်တော်ဘယ်သူလဲ..
ကိုးကွယ ်ရာ ဘာသာတရားတို့တွင် အခြေခံပုဂ္ဂိုလ်ကတော့ရှိစမြဲပါ။ ကမ္ဘာပေါ်တွင် ယုံကြည်ကိုးကွယ်တဲ့ ဘာသာကြီးများစွာအနက် ဗုဒ္ဓဘာသာရဲ့ အခြေခံပုဂ္ဂိုလ် ဗုဒ္ဓလောင်းလျာ သိဒ္ဓိတ္တမင်းသားကို BC567 မှာ မွေးဖွားခဲ့ပါတယ်။ ခရစ်ယာန်ဘာသာရဲ့ အခြေခံပုဂ္ဂိုလ် ခရစ်တော်ကို AD 2 မှာ မွေးဖွားခဲ့ပါတယ်။ အစ္စလမ်ဘာသာကို ဖေါ်ထုတ်သူ မုဟမ္မာဒ်ကိုတော့ AD 571 မှာ မွေးဖွားခဲ့ပါတယ်။ ခရစ်ယာန်ဘာာကို ဖေါ်ထုတ်သူ ယေရှုခရစ်တော်ရဲ့ ဇာတိဇစ်မြစ်ကို လေ့လာကြည့်တဲ့အခါ ရောမများအုပ်စိုးရာ ပါလက်စတိုင်းဒေသကို ပြန်သွားကြရမှာဖြစ်ပါတယ်။
ဘီစီ ၆၃ မှာ ဂျေရုဆလင်မြို့ဟာ ရောမတို့ လက်အောက်ကို ကျဆင်းခဲ့ရတယ်။ Augustus Caesar ဟာ ဘီစီ ၂၇ မှာ ရောမအင်ပါယာရဲ့ ဧကရာဇ်ဘုရင ်တစ်ပါးဖြစ်လာခဲ့တယ်။ ဒီအချိန်မှာ ယာကုပ်ရဲ့ သားအကြီးဆုံးဖြစ်သူ ဧသောအနွယ်မှ ဆင်းသက်လာတဲ့ ဟေရုပ် Herod ဂျေရုဆလင်မြို့ရဲ့ ဘုရင် ခံဖြစ်လာခဲ့တယ်။ ဟေရုဒ်ဟာ အာဗြာဟံက ဆင်းသက်လာတဲ့အမျိုးအနွယ်ဖြစ်ပေမယ့် ဒါဝိဒ်အနွယ်က တော့ မဟုတ်ခဲ့ဘူး၊ တစ်ခါ ဒါဝိဒ်ရဲ့ သားနှစ်ယောက်ဖြစ်တဲ့ ရှောလမုန် နှင့် နာသန်တို့ကနေ ဆင်းသက်လာတဲ့ အနွယ်ထဲက ယောသပ် နဲ့ မာရိကို ထိမ်းမြားဖို့ စေ့စပ်နေကြတယ်။ နာသန်က နေပြီး ဆင်းသက်လာတဲ့ လူမျိုးဆက် (၄၀)မှာ မာရိကို ဖွားမြင်ခဲ့တာပါ။
ယောသပ်နဲ့ မာရိ နှစ်ဦးစလုံးကို ဗက်သလီဟင်မြို့မှာ ဖွားမြင် ခဲ့ပါတယ်။ စေ့စပ်ချိန်မှာ နာဇရက်မှာ သူတို့ရှိနေကြပြီ။ ယောသပ် ရဲ့ အသက်မွေးလမ်းကြောင်းကတော့ လက်သမားအလုပ်၊ ခရစ်တော်ရဲ့ ဘဝအစမှာပဲ ပြဿနာတစ်ခု တွေ့ရပါတယ်။ မာရိဟာ အပျိုစင်ကလေးတစ်ယောက်၊ ယောသပ်နဲ့လည်း မရင်းနှီးရပဲနဲ့ ကိုယ်ဝန် ်ရှိလာတယ်။ ထာဝရဘုရား၏ သန့်ရှင်းသောဝိညာဉ်တော် သက်ရောက်မှုဖြစ်တယ်။ မမွေးရသေးသောသားကိုလည်း ယေရှုဟု အမည်မည့်ရပြန်သတဲ့။
မဖြစ်နိုင ်ဘူးဟု တွေးစရာဖြစ်ပါတယ်။ သမိုင်းဆရာ၊ ဘာသာရေးဆရာတို့ အပြင်းအထန် အငြင်းသန်ခဲ့ကြရပါတယ်။ သို့သော် တကယ်ပင်ဖြစ်ခဲ့ပါတယ်။ အပျိုစင ်ဘဝနှင့် ကိုယ်ဝန်ကို လွယ်ကာ အပျိုးစင် ဘဝနှင့်ပင် ယေရှုကိုမွေးဖွားခဲ့တာပါ။ ယေရှုကို မာရိမွေးဖွားခဲ့တာပါ။ ယေရှုကိုမွေးဖွားပြီးသည့်တိုင်အောင် မယ်တော်မာရိဟာ အပျိုစင ်ပဲ ရှိနေေးတယ်လို့ ဆိုပါတယ်။
ဒီဘဝရဲ့ အစအဦးမှာ ယောသပ်နဲ့ မာရိရဲ့ သားဟုတ်မဟုတ် ပြဿနာအပိုင်းအစကို တွေ့ရပါတယ်။ ယုံကြည်ဖို့ရန် ခက်ခဲပြီး အချို့သောခရစ်ယာန်ဘာသာ ဆန့်ကျင် သူ Anti-christ များက ထောက်ပြ ဝေဖန်စရာဖြစ်ပါတယ်။ တချို့ဆိုရင် ပိုပြီးဆိုးဝါးစွာ ပြောဆိုရေးသာရင်း မယ်တော်မာရိကို စော်ကားသလိုဖြစ်လာပါသေးတယ်။စာပေလက်တံရှည်များနဲ့ သိမ်းရိုက်တဲ့အခါ ယုံကြည်သူအချို့ရဲ့ စိတ်ထဲမှာ ဇဝေဇဝါဖြစ် ရပါသေးတယ်။
စဉ်းစားကြည့်ရအောင် ....
ကိုယ်ဝန်အငှားလွယ်တဲ့အခါ မိန်မသားဟာ လင်ယောင်္ကျာတစ်ယောက်ယောက်နဲ့ ရင်းနှီးဖို့မလိုသလို သူမရဲ့ ဗီဇအသွေးအသားလည်း ပါဝင် ဖို့မလိုဘူး၊ သူက သားအိမ်ကို ခေတ္တပေးထားရတာပဲ၊ ယောင်္ကျားတစ်ယောက်နဲ့ ဆက်ဆံမှုကင်းတဲ့ မိန်းကလေးဟာ အပျိုစင်ပဲမဟုတ်လားဗျာ၊ ကမ္ဘာပေါ်မှာ သံဝါသမပြုပဲ ပထမဆုံးကိုယ်ဝန်အငှားလွယ်တဲ့ကိစ္စ (တနည်းအားဖြင့် သားအိမ်အငှားလွယ်ခြင်းကိစ္စကို စပြီးကျင့်သုံးသကတော့ ထာဝရဘုရားသခင်ပဲလို့ ပြောလို့ရတယ်။Testube Baby တွေထဲမှာ သားဦးဟာ ယေရှုခရစ်တော်လို့ ပြောကြည့်ကြရအောင် ...။
၁၂ နှစ်သားကာလအထိ ....
ယေရှုခရစ်တော်ရဲ့ ငယ်စဉ်ဘဝကို ခရစ်ဝင် ကျမ်းတွေမှာ ပြည့်ပြည်စုံစုံဖတ် ်ရတဲ့အခါမှာလည်း အင်မတန်မှ လှုပ်လှုပ် ရှားရှားနိုင် ခဲ့တာကို တွေ့ရပါတယ်။ ကိုယ်ဝန်ဆောင် စဉ်ကတည်းက ပဟေဋိဆန်ခဲ့တဲ့ ဘဝတခုဟာ မိဘများ ခရီးသွားရင်း မွေးဖွားခြင်းခံရပါတယ်။ အဲဒီနောက်ပိုင် တမြေရပ်ခြားကို သွားပြီး ပုန်းရသေး၊ အသက်ဘေးကလည်း သိုးကာသီကာ လွတ ်ရုံကလေး ပြေးရလွှားရ၊ သက်တော် ၁၂နျစ်မှာ တကယ့်ကျမ်းတတ်ပုဂ္ဂိုလ်များနဲ့ နင် လားငါလား တရားစကားဆွေးနွေးခဲ့ကြတာကို ဓမ္မသစ်ကျမ်းမှာ တွေ့ရပါတယ်။
အဲဒီနောက်မှာ ...
သက်တော်စဉ်ရဲ့ အခန်းကဏ္ဍကွယ်ပျောက်သွားခဲ့ပါတယ်။ နောက်တဖန်ပြန်ပေါ်လာတဲ့အခါ သက်တော် ၃၀ အရွယ် ရှိနေပါပြီ၊ ဒီကြားထဲမှာ ၁၈ နှစ်တိုင် တိုင် ဆိတ်ငြိမ်သောနှစ်ကာလ Silent Years ဖြစ်ခဲ့ပါတယ်။ ဓမ္မသစ်ကျမ်းမှာတော့ ...
ယေရှုသည်လည်း အစဉ်အတိုင်းကြီး၍ ပညာတိုးပွားလျက် ဘုရားသခင်ရှေ့၊ လူရှေ့မှာ မျက်နှာ ရ တော်မူ၏ (လုကာ ၂း၅၂) လို့ ဖေါ်ပြထားပါတယ်။ အင်္ဂလိပ်ဘာသာအားဖြင့် ...
"Jesus went back with them to Nazareth, where he was obdient to them" 51.a
"Jesus grew both in body and in wisdom, gaining favor with God and men." (52)
ဟုတ်ပါတယ်။ ၁၈ နှစ်ကာလမှာ ခရစ်တော် ဘာလုပ်နေသလဲ၊ ဘာဖြစ်နေသလဲ၊ သို့မဟုတ် ဘယ်ကိုသွားနေသလဲ၊ H.E Dana ၏ A Life of Christ စာအုပ် စာမျက်နှာ ၁၈ တွင်
"This experience, however, brought no expression of arrogance of ogotism on the parts of the boy Jesus. Here turned with Mary and Joseph to Nazareth subject to them as in the past. Of his experience from that time to the beginning his public ministry we know nothing in detail, but only in a general way that he led a normal but pure and benevolent life. It is generally believed that Joseph died in the early years of Jesus manhood and that Jesus then became the head of the Nazareth household .. ဟုဖော်ပြထားပါသည်။
ဝင်းမော်ဦးစာပေမှထုတ်ဝေခဲ့ဖူးသော စာအုပ်တစ်အုပ်၌မူ အိန္နိယနိုင် ငံ၊ ဘုံဘေမြို့ အယ်လိဖင့်စတုန်းကောလိပ်မှာ အင်္ဂလိပ်စာပါမောက္ခ ခရစ်ယာန်ဘုန်းတော်ကြီး J Wilson MA Oxford University ၏ အမေးနှင့်အဖြေကဏ္ဍတွင် သက်တော်စဉ်၏ အပိုင်းအစ တချို့ကို မှားယွင်းကောက်ချက်ချထားသည်ကိုတွေ့ရသည်၊ ၁၈ နှစ်ကာလအတွင်း ယေရှုခရစ်တော်သည် တိဘက်ပြည်ကိုသွား၍ ... ဆိုသော အကြောင်းအရာများကို အမေရိကန်ပြည်ထောင် စု ချီကာကိုမြို့ ကမ္ဘာကျော်ခရီးလည့်လည်သူ သုတေသနပုဂ္ဂိုလ် ဂိုးရစ်ခ် ရဲ့ မှတ်တမ်းအရ .. ဟု ကိုးကားဖေါ်ပြခဲ့ပါတယ်။ ဂိုးရစ်ခ်၏ မှတ်တမ်းဆိုသော်လည်း စာအုပ်ထုတ်ဝေမှု ပုံနှိပ်မှတ်တမ်း မှီငြမ်းပြုသည့် အချက်အလက်မပါပဲ နှုတ်စကားမှီြင်းသဖြင့် ပညာရှင ်မဆန်ပါ၊ ယုံကြည်လောက်ဖွယ် ရာ အထောက်အထား အားနည်းခဲ့ပါတယ်။
ပါမေက္ခဂိုးရစ်ခ်က ...
ခရစ်တော် ကိုယ်တိုင် ဟေဗြဲဘာသာနဲ့ ရေးထားတဲ့ မှတ်စုကို ရရှိခဲပြီး ၁၉၂၅ ခုနှစ်က ခရစ်တော်မသိသေးသော သွန်သင်ဟောပြောချက်များ ဆိုတဲ့ နာမည်နဲ့ စာအုပ်ထုတ်ဝေခဲ့သတဲ့၊ ခရစ်တော်ရဲ့ ၁၈ နှစ်ကာလ သက်သေခံချက်တွေကို စာရွက်ပေါင်း ၁၀၀ ကျော်မှာ ခရစ်တော်ကိုယ်တိုင် လက်ရေးနဲ့ ရေးသားခဲ့တာလို့ ဆိုပါတယ်။
အဲသလို စာရေးသားထုတ်ဝေမှုတွေနဲ့အတူ ဟောပြောသွန်သင ်မှုတွေကြောင့် ခရစ်တော်ရဲ့ သက်တော်စဉ်ဟာ ပိုပြီးရှုပ်ထွေးနောက်ကျိ လာခဲ့ပါတယ်။ တစ်ခါ ရောမလူမျိုး ဘုရင် ခံ ပွန်တီယပ်စ် ပစ်လေးရဲ့ စာတမ်းဆိုပြီး ကိုးကားမှုလုပ်ပြီး ရေးသားထုတ်ဝေမှုတွေကြောင့် ခရစ်တော်ရဲ့ Silent Year ဟာ ပဟေဋိဆန်လာပါတယ်။ The Unknown Life of Christ ဆိုတဲ့ စာအုပ်တစ်အုပ်အတွက်နဲ့ ယုံကြည်မှုရေးရာမှာ အတော်ကလေး ကသောင်းကနင်းနိုင ်ခဲ့ပါတယ်။ စာရေးဆရာတစ်ယောက်ဟာ သူ့ကလောင် ကို ပွဲဆူဖို့ သက်သက်အသုံးပြုတဲ့အခါ အလွန်စိတ်ပျက်စရာဖြစ်လာပါတယ်။ ကြောင်းကျိုးမခိုင် လုံပဲ ရေးသားချက်တွေကြောင့် အပေါ်ယံရှပ်ကြည့်ရင်တော့ ဟုတ်တုတ်တုတ်ပါပဲ။
(၁၈) နှစ်ကာလအပိုင်းအစ...
ဒီမှာ သက်တော်စဉ် ဖော်ပြခြင်းရဲ့ အားနည်းမှုတစ်ခုကို တွေ့ရပါတယ်။ ရှင ်လုကာဟာ ခရစ်ဝင် ်ကျမ်းရေးသူတွေထဲမှာ ပညာအတတ်ဆုံး၊ အသေးစိတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ရေးချက်တွေ သိပ်ကောင်းတာကိုလည်း တွေ့ရပါတယ်။ ဒါပေမဲ့ အခန်းကြီး ၂ နဲ့ ၃ အကြားမှာတော့ (၁၈)နှစ် ကာလကို တိတိကျကျဖြက်တောက်ထားပါတယ်။
ရှင် လုကာ St. Luke ဟာ ဒီခရစ်ဝင် ်ကျမ်းကို အကြားနဲ့တင်ရေးတာမဟုတ်ဘူး၊ The Great Physician ဆိုတဲ့စာအုပ်မှာ လုကာန ရဲ့ အကြောင်းကို နှစ်ပေါင်း ၂၀ သုတေသနပြုခဲ့တဲ့ စာရေးဆရာ လုကာန ဟာ မယ်တော်မာရိကို တွေ့ဆုံပြီး (ဗျူး) ပြီးမှ ဒီခရစ်ဝင်ကျမ်းကို ရေးကြောင်း၊ တွေ့ဆုံတဲ့နေရာ၊ မေးခွန်းတချို့နဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေရှိခဲ့သတဲ့၊ လုကာန ဟာ ခရစ်တော်ရဲ့ Silent Year ကို မမေးပဲ မ နေပါဘူး၊ မာရိကလည်း မ ပြောပဲ မနေပါဘူး၊ သို့သော် ဘာဖြစ်လို့ ဒီအကြောင်းအရာကို ခရစ်ဝင် ကျမ်းထဲ ထည့်မ ရေးခဲ့တာလဲ၊ ရေးရဲ့သားနဲ့ ဓမ္မသစ်ကျမ်းစာကို သိင်္ဂါယနာတင် ်သူတွေက အက်ဒစ် Edit ဆန်ဆန် တည်းဖြက်လိုက်တာလား။ မဟုတ်ဘူး။ လုကာကိုက မ ရေးခဲ့တာ လား။
အားစမ်းဖို့နေရာ ...
သူမ ရေးခဲ့တာပြဿနာမဟုတ်ဘူး၊ (၁၈)နှစ်ကာလကို ဝါကျတစ်ကြောင်းတည်းနဲ့ သူက ပိုင်းဖြက်သွားခဲ့ပေမဲ့ နောက်ပိုင်းမှာ ခရစ်ယာန်ဘာသာကို ဆန့်ကျင် သူတွေက ဒီနေရာကို အားစမ်းပြီး ဖြိုဖို့ ပစ်မှတ်ဖြစ်လာတယ်။ စာအုပ်စာပေ တွေ ရေးသားထုတ်ေ၀ တိုက်ခိုက်လာတယ်။ ဒါကို ဖတ်မိတဲ့ အချို့ပုဂ္ဂိုလ်တွေဟာ ရင် ထဲမှာ ခံစာကြရတယ်။ ကျွန်တော် အယ်ဒီတာလုပ်နေတဲ့ဆီကို စာအချို့ရောက်လာတယ်။ ဒီပြဿနာနဲ့ ပါတ်သက်လို့ မေးမြန်းကြတယ်။ ခက်တာက ကျွန်တော်တို့ကလည်း ကိုယ်လုပ်နိုင် သ လောက်ပဲ ဆိုတဲ့ အတိုင်းအတာက ရှိနေပြန်တယ်၊ ကျွန်တော်ကိုယ်တိုင ်လည်း ဒီစာအုပ်များကို ဖတ်မိပါတယ်။ ယုံကြည်ခြင်း နုနယ်သူအတွက်တော့ လဲပြိုလောက်ပါတယ်။ အောက်ပါဥပမာကလေးများကို ဖတ်ကြည့်ပါ။
မေး။ ။ ဘယ်အရွယ်မှာ ခရစ်တော်ဟာ ရေဟူဒီကျောင်းက ပျေက်ကွယ်သွားပါသလဲ။
ဖြေ။ ။ ခရစ်တော်ဟာ (၁၂) နှစ်အရွယ်မှာ ရဟူဒီလူမျိုးတွေရဲ့ ဘုရားကျောင်းမှ ထွက်ခွာသွားခဲ့ပါတယ်။
မေး။ ။ ခရစ်တော်ဟာ ဘယ်အရွယ်ကစပြီး တရားဟောခဲ့သလဲ။
ဖြေ။ ။ သက်တော် ၃၀က စတင်ဟောခဲ့ပါတယ်။
မေး။ ။ ဒါဖြင့် အသက် (၁၂)နှစ်က အသက်(၃၀)အထိ (၁၈)နှစ်လုံးလုံး ခရစ်တော်ဟာ ဘယ်သွားနေပါသလဲ။
ဖြေ။ ။ သူ့ရဲ့ မွေးစားဖခင် ရှင်ယေသပ်နဲပ အတူတကွ နေထိုင်လျက်ရှိပါတယ်။
မေး။ ။ အဖိုတန် (၁၈)နှစ် လုံးလုံး ခရစ်တော်ဘာများလုပ်နပါသလဲ။
တိဗက်ကို သွားမသွား ....
ပါမောက္ခဂိုးရစ်ခ်က ယေရှုခရစ်တော်ဟာ သက်တော် (၁၂)နှစ်မှ (၃၀)နှစ်အတွင်း တိဗက်ပြည်ကိုသွားပြီ ဘာသာတစ်ခုကို လေ့လာဆည်းပူးခဲ့တယ်လို့ ဆိုပါတယ်။
R.W.F Wootoon ကတော့ သူ့ရဲ့ Christian Worship စာအုပ်မှာ "But we do not know of any other visit in the first 30 years of His life (Pg-41)" လို့ ဖေါ်ပြထားပါတယ်။
တကယ်စဉ်းစားကြည့်တော့ အေဒီ-၃၀ ခုနှစ်ပတ်ဝန်းကျင ်မှာ ခရီးလမ်းပန်းဟာ ခက်ခဲလှပါတယ်။ တိဗက်နဲ့ ပါလက်စတိုင်းဟာ မိုင်ပေါင်း ၄၀၀၀ မက ကွာဝေးမယ်။ ခြေကျင် ခရီးကို (ဂိုးရစ်ခ်ရဲ့ အဆိုအရ လေးလကြာ ခရီးနှင်ပြီး) သွားတယ်ဆိုတာ ဖြစ်နိုင် စရာမရှိပါဘူး။ သူဘာအတွက် သွားသလဲဆိုတာကလည်း ရှိသေးတယ်။ ဘာသာတရားတစ်ခုကို သွားရောက်ဆည်းပူးတာလို့ ဆိုပါတယ်။ ဒါပေမယ့် ဂိုးရစ်ခ်ရဲ့ ပြဿနာကတော့ အဲဒီအချိန်မှာ ဘာသာတရားဟာ တိဗက်ကို မ ရောက်သေးဘူးဆိုတာ မသိတဲ့ပြဿနာပဲ။ သမိုင်းကျမ်းအဆူဆူအရ ယေရှုခရစ်တော် သွားရောက်လေ့လာတဲ့ ဘာသာတရားဟာ တိဗက်ကို (A.D 645-650) လောက်မှ ရောက်တာပါ။ ယေရှုခရစ်တော်သွားခဲ့တယ်ဆိုတဲ့ A.D (14-32) ကတော့ အဲဒီမှာ ဒီဘာသာတရားကို မပြန့်ပွားသေးတာပါပဲ။ ရိုးရိုးစဉ်းစားရင ်ကို အ ဖြေ ပေါ်ပါတယ်။ ဘာသာတရားကို မသင်ကြား မလေ့လာခဲ့ပါဘူး။
Image: http://en.wikipedia.org/wiki/Timeline_of_Buddhism#Common_Era
နောက်တခုက ခရီးသွားမသွား ။
မဿဲ ၂း၂၃ မှာ ခရစ်တော်ကို နာဇရက်လူဟု ခေါ်ကြလတ္တံဟူသော ပရောဖက်တို့၏ နှုတ်ထွက်နှင့်အညီ နာဇရက်အမည ်ရှိသော မြို့သို့ ရောက်၍ အမြဲနေလေ၏။
လု ၄း၁၆ တွင ်မူ ကြီးပွားတော်မူရာ နာဇရက်မြို့သို့ ရောက်တော်မူလျှင် ....
စသည့် ခရစ်ဝင ်ကျမ်းပါ စကားများသည် ခရစ်တော် အဘယ်မှမသွားကြောင်းကို ဖေါ်ပြထားပါတယ်။ Rev.. သိမ်းအုပ်ဆရာကမူ ခရစ်တော် သွားခဲ့ရင် မှတ်တမ်းရှိရမယ်၊ အနည်းဆုံး ဂျူးသမိုင်းမှာ ပါကိုပါရမယ် ဟု ဆိုပါတယ်။
ဘာလုပ်နေပါလိမ့် ...
နာဇရက်မြို့မှာ (၁၈) နှစ်တိုင် တိုင် နေထိုင ်ခဲ့သော ခရစ်တော် ဘာလုပ်နေသနည်း။ ဤမေးခွန်းမှာလည်း စိတ်ဝင်စားစရာဖြစ်ပါတယ်။ Rev .သိမ်းအုပ် ၏ (၁၈)နှစ် ပြဿနာစာစောင်ကလေးတွင ်မူ (၁၈)နှစ်ကာလ သူဘာလုပ်နေသည်ကို ဓ လေ့ထုံးတမ်းအမြင် Customary View မှ တင်ပြ Point out လုပ်ပါတယ်။ မာကု ၆း၃ မှာ သူသည် လက်သမားသားမဟုတ်လော၊ မာရိ၏သားမဟုတ်လော။ ယာကုပ်၊ ယောသေ၊ ရှိမုန် ... တို့၏ အစ်ကိုမဟုတ်လော ဟု ဖေါ်ပြထားပါတယ်။ အချက်များမှ ..
ယေရှုသည် လက်သမားသားဖြစ်သည်။ ယုဒထုံးစံ၌ သားသမီးတို့တွင် အကြီးဆုံးသောသားသည် မိမိဝါသနာပါရ ကြိုက်နှစ်သက် ရာ လုပ်ငန်းကို လုပ်ကိုင်ရွေးချယ်၍မပြုရ၊ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ဝါသနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ ဖခင်၏ လုပ်ငန်းကို ဝိုင်းကူလုပ်ကိုင် သက်မွေးရသည်။ ကျန်သားသမီးများက မိမိစိတ်ကြိုက် နှစ်သက် ရာ၊ဝါသနာပါရာတို့ကို လွတ်လပ်စွာ ရွေးချယ်လုပ်ကိုင် ်ခွင့်ရကြသည်ကိုလည်းကောင်း၊ အသက်(၃၀)နှစ်မပြည့်မချင်း ဘာသာရေးဝင်ရောက် ဦးစီးခေါင်းဆောင် ်ပါဝင် လှုပ် ရှားခွင့်ပြုရိုးထုံးစံမရှိ၊ သဘာဝလည်းကျပါသည်။ အသက်(၃၀)ရှိမှ အတွေ့အကြုံရင့်ကျက်မှု၊ ဗဟုသုတစုံလင ်မှုရှိပြီဖြစ်၍ ဘာသာရေးလုပ်ငန်းကို ဝင်ရောက်လုပ်ခွင်ပေးမြဲဖြစ်သည်ကို လည်းကောင်း....
ကောက်နုတ်၍ (၁၈)နှစ်ကာလသည် ခရစ်တော် နာဇရက်မြို့မှာပဲ လက်သမားလုပ်နေကြောင်း သက်သေထူခဲ့ပါတယ်။ H.E Dana က ယေရှုခရစ်တော်၏ ဖခင် ယောသပ်သည် ငယ ်ရွယ်စဉ် ကွယ်လွန်ခဲ့သည်ဟု ဆိုသဖြင့် မိခင်၊မုဆိုးမနှင့် ညီ၊ညီမငယ်တို့အား (၁၈)နှစ်တိတိ လုပ်ကိုင် ကျွေးမွေးပြုစုခဲ့ကြောင်း ပြောဆိုသည်မှာ ယုတ္တိတန်လေသည်။
အကယ်၍ထိုအချိန်တွင် တိဗက်သို့ ယေရှုခရစ်တော်ရောက်နေပါက မုဆိုးမမိခင် အိုနှင့် ညီ၊ညီမငယ်များစွာတို့ ဘယ်လိုများ ဝအောင ်စား၍၊ လှအောင်နေပါ့မလဲ၊ မိမိ မိသားစုအတွက် အလျင်ငြိမ်းအေးအောင် ဆောင် ရွက်ခဲ့သည်ကို မယုံနိုင ်စရာမရှိပါ။
ခရစ်တော်၏မှတ်တမ်းဟုတ်မဟုတ်...
တကယ်တော့ ခရစ်တော် တိဗက်ကို မသွားပါဘူးဆိုတာနဲ့ ပြီးပြတ်ပါပြီ၊ သို့သော် စာရွက်ပေါင်း ၁၀၀ ပေါ်မှာ (၁၈)နှစ်အတွင်း အတွေ့အကြုံကို သက်သေခံထားတယ်ဆိုတဲ့ စာအုပ်၊ ဟေဗြဲဘာသာနဲ့ ရေးတဲ့မှတ်စု၊ ၁၉၂၅ခုနှစ်မှာ ဂိုးရစ်ခ် ဆိုတဲ့ ပုဂ္ဂိုလ်က ထုတ်ဝေခဲ့တယ်ဆိုပဲ။ စာအုပ်ကိုတော့ ကျွန်တော်မမြင် ဖူးပါဘူး၊ ရှိတယ်ဆိုတာပဲ ကြားဖူးတာပါ။ သို့သော် ဒီအကြောင်းဟာ မမှန်နိုင ်ဘူးခင ်ဗျ။ အဲဒီအချိန်မှာ စာရွက်မှ မပေါ်သေးပဲကိုး၊ စာရွက်၁၀၀ကို (AD-30) လောက်မှာ ဘယ်ကိုသွားရှာမလဲ။ ကျွန်တော့်မှာ သမီးတစ်ယောက် ရှိတယ်။ စာကျက်တဲ့အခါ အလွန်အော်ကျက်တတ်တယ်။ တစ်နေ့မှာ သူကျက်တဲ့ဆယ်တန်းစာတစ်ပိုဒ်မှာ
"Paper was invented in China at the begining of the second century A.D" တဲ့၊ တကယ်တော့ ဂိုးရစ်ခ်ဟာ ပါမောက္ခတစ်ဦးလို့ ဆိုတယ်။ ဘယ်လိုပါမေက္ခမျိုးလဲတော့ ကျွန်တော်တို့ မသိတာအမှန်ပါပဲ ...
မှားနေတာတွေ ...
တစ်ခါတစ်ခါလည်း ဒီပြဿနာတွေက အသံကျယ်လာတတ်ပါတယ်။ သို့သော် အဆံမပါပါဘူး၊ သေသေချာချာ ပိုင်းခြားစီစစ်ရင် ပြီးပျောက်သွားတာပါပဲ။ မှားနေတဲ့ မေးခွန်းတွေ အများကြီးမှ အများကြီးပါ။ သို့သော် ဒါတွေဟာ ခရစ်တော်ရဲ့ ဘဝအစိတ်အပိုင်းတွေကို ရေညှိတက်အောင် ကြိုးစားချက်ကလေးများပဲ ..လို့ ယုံကြည်ပါတယ်။ ထစ်ချုန်းတဲ့ မိုးကြိုးသံက လေးများပါပဲ။
တကယ်တော့ ...
အဖြစ်အပျက်အမှန်က တော့ သမ္မာကျမ်းထဲမှာ ပါပြီးသားပါ။ သေသေချာချာစေ့စေ့ငှငှ ဖတ် ရှုရင် ပြီးပြည့်စုံအောင် သိနိုင် မှာပါ။ သမ္မာကျမ်းစာဟာ ပြီးပြည့်စုံတဲ့ နှုတ်ကပတ်တော်ဆိုတာကိုပဲ ယုံကြည် ်ရပါလိမ့်မယ်။ တစ်လုံးတစ်ပါဒမှ မပိုစွန်းသလို၊ တစ်ပုဒ်တစ်လေမှ မလိုလွန်းဘူး ိုတာကိုလည်း စိတ်နှလုံးမှတ်ကျုံးရပါလိမ့်မယ်။
ယေရှုခရစ်တော်ရဲ့ (၁၈)နှစ်ကာလကို ညိုသောင်းဆိုတဲ့ စာရေးဆရာ (ဘာသာတရားများစွာကို သုတေသနပြုသူ) က .. "ယေရှုသည် ဖခင်ယောသပ်ကဲ့သို့ လက်သမားလုပ်၍ နေထိုင် ခဲ့သည်မှာ အသက်၃၀တိုင်အောင် ကြာညောင်းခဲ့လေသည်" .. ဟုရေးခဲ့ပါတယ်။ ကျွန်တော်တို့ ယုံကြည်သူတွေအနေနဲ့ကော ဘယ်လိုပြောမလဲ၊
ကျမ်းစာထဲကအတိုင်းပဲပေါ့။
ကျမ်းကိုးစာရင်း
1. Christian News from Isreal Vol.1 No.(34), 1878
2. Wy of Salvation Booklet.
3. A Life of Christ (H.H Darna) 1966.
4. Christian Worship (R.W.F. Wottom)
5. ခရစ်တော်၏ သက်တော်စဉ် (သန်လျင်ဖေသွင်)
6. Buddhism (Kenneth W. Morgan)
7. ပြဿနာများ
8. သမ္မာကျမ်းစာ (ယုဒဿန်)
9. ကမ္ဘာကို ချုပ်ကိုင်မည့်သူ (ဌေးလှိုင်)
10. ကယ်တင်ရှင် ယေရှုခရစ်တော် (နှစ်ခြင်းသာသနာစာပေ)
11. ဘာသာကြီးလေးခုအနှစ်သာရများ (ညိုသောင်း)
MURANN မှတ်ချက်။ 2008 တွင်ထုတ်ဝေသော ထစ်ချုန်းသောမိုကြိုးသံ စာအုပ်မှတဆင့်ဖေါ်ပြပါသည်။ ဆရာဆိုး၊ ၈၉၃(ခ)၊ ည/၁၁ရပ်ကွက်၊ ဘုရင့်နောင်လမ်းသွယ်(၃)၊ ရွှေပြည်သူမြို့နယ်၊ ရန်ကုန်တိုင်း
ေယရႈခရစ္ေတာ္၏ သက္ေတာ္စဥ္ကို ဖတ္ ရႈေလ့လာၾက ေသာအခါ ... ဆိုး (ညစဥ္ခြန္အား)
Unicode & Zawgyi Reshare-#9Dan
fri တစယာက္ က ေမး လာ လို ႕ ဆရာ ဆိုး ရဲ႔၁၈ႏွစ္ ျပသ နာ ေျဖ ရွင္း ခ်က္ ေလး ကို ယုံႀကည္ သုူ မ်ား အ ျမင္ ရွင္းဖို႔အ တြက္ တင္ ေပး လိုက္ ပါ တယ္
ေယရႈခရစ္ေတာ္၏ သက္ေတာ္စဥ္ကို ဖတ္ ရႈေလ့လာၾက ေသာအခါ ... ဆိုး (ညစဥ္ခြန္အား)
သက္ေတာ္ (၁၂) ႏွစ္ မွ အႏွစ္ (၃၀) အတြင္း ၾကားကာလ (၁၈) ႏွစ္တြင္ ေယရႈခရစ္ေတာ္သည္ ဘယ္မွာရွိေနသနည္း။ ထိုကာလ ေယရႈခရစ္ေတာ္၏ ဘ၀တစိတ္တပိုင္းႏွင့္ ပတ္သက္၍
ခရစ္ေတာ္ေၾကာင့္ ...
ခရစ္ယာန္ဘာသာဆိုတာ ဓမၼေဟာင္းကို အေျချပဳထားတာမို႔ အလြန္ေရွးက်တဲ့ ဘာသာလို႔ ေျပာႏို္င္ ပါတယ္။ သို႔ေသာ္လည္း တကယ့္ တကယ္ေတာ့ ခရစ္ေတာ္သာလွ်င္ ခရစ္ယာန္ဘာသာတရားကို စတင္တည္ေထာင ္သူျဖစ္ပါတယ္။ ဓမၼေဟာင္း က်မ္းကာလဟာ ဂ်ဴးဘာသာ ကာလလို႔ ေျပာရင္ မမွားေလာက္ပါဘူး၊ ေလာကၾကီးစတင္ဖန္ဆင္းျခင္း ခံရျပီး ပထမလူသား အာဒံမွ ခရစ္ေတာ္မေပၚေပါက္မွီကာလတိုင္ေအာင္ျဖစ္တဲ့ ဓမၼေဟာင္းက်မ္း အယူအဆကို ဂ်ဴးဘာသာ၊ အစၥလန္ဘာသာ နဲ႔ ခရစ္ယာန္ဘာသာတို႔က လက္ခံခဲ့ၾကပါတယ္။
ေအဒီ ၃၀ ပတ္၀န္းက်င္မွာ ေယရႈခရစ္ေတာ္က မိမိဟာ ထာ၀ရဘုရားသခင္ က ေစလႊတ္လိုက္တဲ့ ကယ္တင္ ရွင္ျဖစ္တဲ့အ ေၾကာင္း ေဟာေျပာ ေၾကျငာခဲ့ေပမဲ့ ဂ်ဴးလူမ်ိဳး အမ်ားစုက မယံုၾကည္ခဲ့ပါဘူး။ ခရစ္ေတာ္ကို ျငင္းပယ္ျပီး မိမိတို႔ ပေရာဖက္ေဟာခဲ့တဲ့ ကယ္တင္ ရွင္ ကို ဆက္လက္ေမွ်ာ္လင့္ေနတာမို႔ ဂ်ဴးဘာသာဟာ သီးသန္႔က်န္ ရစ္ျပီး ခရစ္ယာန္ဘာသာဟာ သီးျခားေပၚေပါက္လာခဲ့ပါတယ္။ ခရစ္ေတာ္ေၾကာင့္လို႔ ေျပာရမွာျဖစ္ပါတယ္။ ခရစ္ယာန္ေတြရဲ့ က်မ္းစာကေတာ့ ဂ်ဴးေတြရဲ့ က်မ္းစာျဖစ္တဲ့ ဓမၼေဟာင္းက်မ္းကို မိမိတို႔ရဲ့ က်မ္းရင္းတစ္ခုအျဖစ္ အသိအမွတ္ျပဳျပီး ခရစ္ေတာ္ေပၚေပါက္လာျပီးတဲ့ေနာက္ ခရစ္ေတာ္နဲ႔ပတ္သက္ျပီး ေရးထားတဲ့က်မ္းမ်ားကိုေတာ့ ဓမၼသစ္က်မ္းလို႔ သတ္မွတ္အသံုျပဳခဲ့ပါတယ္။
ခရစ္ေတာ္ဘယ္သူလဲ..
ကိုးကြယ ္ရာ ဘာသာတရားတို႔တြင္ အေျခခံပုဂၢိဳလ္ကေတာ့ရွိစျမဲပါ။ ကမာၻေပၚတြင္ ယံုၾကည္ကိုးကြယ္တဲ့ ဘာသာၾကီးမ်ားစြာအနက္ ဗုဒၶဘာသာရဲ့ အေျခခံပုဂၢိဳလ္ ဗုဒၶေလာင္းလ်ာ သိဒၶိတၱမင္းသားကို BC567 မွာ ေမြးဖြားခဲ့ပါတယ္။ ခရစ္ယာန္ဘာသာရဲ့ အေျခခံပုဂၢိဳလ္ ခရစ္ေတာ္ကို AD 2 မွာ ေမြးဖြားခဲ့ပါတယ္။ အစၥလမ္ဘာသာကို ေဖၚထုတ္သူ မုဟမၼာဒ္ကိုေတာ့ AD 571 မွာ ေမြးဖြားခဲ့ပါတယ္။ ခရစ္ယာန္ဘာာကို ေဖၚထုတ္သူ ေယရႈခရစ္ေတာ္ရဲ့ ဇာတိဇစ္ျမစ္ကို ေလ့လာၾကည့္တဲ့အခါ ေရာမမ်ားအုပ္စိုးရာ ပါလက္စတိုင္းေဒသကို ျပန္သြားၾကရမွာျဖစ္ပါတယ္။
ဘီစီ ၆၃ မွာ ေဂ်ရုဆလင္ျမိဳ႔ဟာ ေရာမတို႔ လက္ေအာက္ကို က်ဆင္းခဲ့ရတယ္။ Augustus Caesar ဟာ ဘီစီ ၂၇ မွာ ေရာမအင္ပါယာရဲ့ ဧကရာဇ္ဘုရင ္တစ္ပါးျဖစ္လာခဲ့တယ္။ ဒီအခ်ိန္မွာ ယာကုပ္ရဲ့ သားအၾကီးဆံုးျဖစ္သူ ဧေသာအႏြယ္မွ ဆင္းသက္လာတဲ့ ေဟရုပ္ Herod ေဂ်ရုဆလင္ျမိဳ႔ရဲ့ ဘုရင္ ခံျဖစ္လာခဲ့တယ္။ ေဟရုဒ္ဟာ အာျဗာဟံက ဆင္းသက္လာတဲ့အမ်ိဳးအႏြယ္ျဖစ္ေပမယ့္ ဒါ၀ိဒ္အႏြယ္က ေတာ့ မဟုတ္ခဲ့ဘူး၊ တစ္ခါ ဒါ၀ိဒ္ရဲ့ သားႏွစ္ေယာက္ျဖစ္တဲ့ ေရွာလမုန္ ႏွင့္ နာသန္တို႔ကေန ဆင္းသက္လာတဲ့ အႏြယ္ထဲက ေယာသပ္ နဲ႔ မာရိကုိ ထိမ္းျမားဖို႔ ေစ့စပ္ေနၾကတယ္။ နာသန္က ေနျပီး ဆင္းသက္လာတဲ့ လူမ်ိဳးဆက္ (၄၀)မွာ မာရိကို ဖြားျမင္ခဲ့တာပါ။
ေယာသပ္နဲ႔ မာရိ နွစ္ဦးစလံုးကို ဗက္သလီဟင္ျမိဳ႔မွာ ဖြားျမင္ ခဲ့ပါတယ္။ ေစ့စပ္ခ်ိန္မွာ နာဇရက္မွာ သူတို႔ရွိေနၾကျပီ။ ေယာသပ္ ရဲ့ အသက္ေမြးလမ္းေၾကာင္းကေတာ့ လက္သမားအလုပ္၊ ခရစ္ေတာ္ရဲ့ ဘ၀အစမွာပဲ ျပႆနာတစ္ခု ေတြ႔ရပါတယ္။ မာရိဟာ အပ်ိဳစင္ကေလးတစ္ေယာက္၊ ေယာသပ္နဲ႔လည္း မရင္းႏွီးရပဲနဲ႔ ကိုယ္၀န္ ္ရွိလာတယ္။ ထာ၀ရဘုရား၏ သန္႔ရွင္းေသာ၀ိညာဥ္ေတာ္ သက္ေရာက္မႈျဖစ္တယ္။ မေမြးရေသးေသာသားကိုလည္း ေယရႈဟု အမည္မည့္ရျပန္သတဲ့။
မျဖစ္ႏိုင ္ဘူးဟု ေတြးစရာျဖစ္ပါတယ္။ သမိုင္းဆရာ၊ ဘာသာေရးဆရာတို႔ အျပင္းအထန္ အျငင္းသန္ခဲ့ၾကရပါတယ္။ သို႔ေသာ္ တကယ္ပင္ျဖစ္ခဲ့ပါတယ္္။ အပ်ိဳစင ္ဘ၀ႏွင့္ ကိုယ္၀န္ကို လြယ္ကာ အပ်ိဳးစင္ ဘ၀ႏွင့္ပင္ ေယရႈကိုေမြးဖြားခဲ့တာပါ။ ေယရႈကို မာရိေမြးဖြားခဲ့တာပါ။ ေယရႈကိုေမြးဖြားျပီးသည့္တိုင္ေအာင္ မယ္ေတာ္မာရိဟာ အပ်ိဳစင ္ပဲ ရွိေနေးတယ္လို႔ ဆိုပါတယ္။
ဒီဘ၀ရဲ့ အစအဦးမွာ ေယာသပ္နဲ႔ မာရိရ့ဲ သားဟုတ္မဟုတ္ ျပႆနာအပိုင္းအစကို ေတြ႔ရပါတယ္။ ယံုၾကည္ဖို႔ရန္ ခက္ခဲျပီး အခ်ိဳ႔ေသာခရစ္ယာန္ဘာသာ ဆန္႔က်င္ သူ Anti-christ မ်ားက ေထာက္ျပ ေ၀ဖန္စရာျဖစ္ပါတယ္။ တခ်ိဳ႔ဆိုရင္ ပိုျပီးဆိုး၀ါးစြာ ေျပာဆိုေရးသာရင္း မယ္ေတာ္မာရိကို ေစာ္ကားသလိုျဖစ္လာပါေသးတယ္။စာေပလက္တံရွည္မ်ားနဲ႔ သိမ္းရိုက္တဲ့အခါ ယံုၾကည္သူအခ်ိဳ႔ရဲ့ စိတ္ထဲမွာ ဇေ၀ဇ၀ါျဖစ္ ရပါေသးတယ္။
စဥ္းစားၾကည့္ရေအာင္ ....
ကိုယ္၀န္အငွားလြယ္တဲ့အခါ မိန္မသားဟာ လင္ေယာကၤ်ာတစ္ေယာက္ေယာက္နဲ႔ ရင္းႏွီးဖို႔မလိုသလို သူမရဲ့ ဗီဇအေသြးအသားလည္း ပါ၀င္ ဖို႔မလိုဘူး၊ သူက သားအိမ္ကို ေခတၱေပးထားရတာပဲ၊ ေယာကၤ်ားတစ္ေယာက္နဲ႔ ဆက္ဆံမႈကင္းတဲ့ မိန္းကေလးဟာ အပ်ိဳစင္ပဲမဟုတ္လားဗ်ာ၊ ကမၻာေပၚမွာ သံ၀ါသမျပဳပဲ ပထမဆံုးကိုယ္၀န္အငွားလြယ္တဲ့ကိစၥ (တနည္းအားျဖင့္ သားအိမ္အငွားလြယ္ျခင္းကိစၥကို စျပီးက်င့္သံုးသကေတာ့ ထာ၀ရဘုရားသခင္ပဲလို႔ ေျပာလို႔ရတယ္။Testube Baby ေတြထဲမွာ သားဦးဟာ ေယရႈခရစ္ေတာ္လို႔ ေျပာၾကည့္ၾကရေအာင္ ...။
၁၂ ႏွစ္သားကာလအထိ ....
ေယရႈခရစ္ေတာ္ရဲ့ ငယ္စဥ္ဘ၀ကို ခရစ္၀င္ က်မ္းေတြမွာ ျပည့္ျပည္စံုစံုဖတ္ ္ရတဲ့အခါမွာလည္း အင္မတန္မွ လႈပ္လႈပ္ ရွားရွားႏိုင္ ခဲ့တာကို ေတြ႔ရပါတယ္။ ကိုယ္၀န္ေဆာင္ စဥ္ကတည္းက ပေဟဋိဆန္ခဲ့တဲ့ ဘ၀တခုဟာ မိဘမ်ား ခရီးသြားရင္း ေမြးဖြားျခင္းခံရပါတယ္။ အဲဒီေနာက္ပိုင္ တေျမရပ္ျခားကို သြားျပီး ပုန္းရေသး၊ အသက္ေဘးကလည္း သိုးကာသီကာ လြတ ္ရံုကေလး ေျပးရလႊားရ၊ သက္ေတာ္ ၁၂ႏ်စ္မွာ တကယ့္က်မ္းတတ္ပုဂၢိဳလ္မ်ားနဲ႔ နင္ လားငါလား တရားစကားေဆြးေႏြးခဲ့ၾကတာကို ဓမၼသစ္က်မ္းမွာ ေတြ႔ရပါတယ္။
အဲဒီေနာက္မွာ ...
သက္ေတာ္စဥ္ရဲ့ အခန္းက႑ကြယ္ေပ်ာက္သြားခဲ့ပါတယ္။ ေနာက္တဖန္ျပန္ေပၚလာတဲ့အခါ သက္ေတာ္ ၃၀ အရြယ္ ရွိေနပါျပီ၊ ဒီၾကားထဲမွာ ၁၈ ႏွစ္တိုင္ တိုင္ ဆိတ္ျငိမ္ေသာႏွစ္ကာလ Silent Years ျဖစ္ခဲ့ပါတယ္။ ဓမၼသစ္က်မ္းမွာေတာ့ ...
ေယရႈသည္လည္း အစဥ္အတိုင္းၾကီး၍ ပညာတိုးပြားလ်က္ ဘုရားသခင္ေရွ႔၊ လူေရွ႔မွာ မ်က္ႏွာ ရ ေတာ္မူ၏ (လုကာ ၂း၅၂) လို႔ ေဖၚျပထားပါတယ္။ အဂၤလိပ္ဘာသာအားျဖင့္ ...
"Jesus went back with them to Nazareth, where he was obdient to them" 51.a
"Jesus grew both in body and in wisdom, gaining favor with God and men." (52)
ဟုတ္ပါတယ္။ ၁၈ ႏွစ္ကာလမွာ ခရစ္ေတာ္ ဘာလုပ္ေနသလဲ၊ ဘာျဖစ္ေနသလဲ၊ သို႔မဟုတ္ ဘယ္ကိုသြားေနသလဲ၊ H.E Dana ၏ A Life of Christ စာအုပ္ စာမ်က္ႏွာ ၁၈ တြင္
"This experience, however, brought no expression of arrogance of ogotism on the parts of the boy Jesus. Here turned with Mary and Joseph to Nazareth subject to them as in the past. Of his experience from that time to the beginning his public ministry we know nothing in detail, but only in a general way that he led a normal but pure and benevolent life. It is generally believed that Joseph died in the early years of Jesus manhood and that Jesus then became the head of the Nazareth household .. ဟုေဖာ္ျပထားပါသည္။
၀င္းေမာ္ဦးစာေပမွထုတ္ေ၀ခဲ့ဖူးေသာ စာအုပ္တစ္အုပ္၌မူ အိႏိၷယႏိုင္ ငံ၊ ဘံုေဘျမိဳ႔ အယ္လိဖင့္စတုန္းေကာလိပ္မွာ အဂၤလိပ္စာပါေမာကၡ ခရစ္ယာန္ဘုန္းေတာ္ၾကီး J Wilson MA Oxford University ၏ အေမးႏွင့္အေျဖက႑တြင္ သက္ေတာ္စဥ္၏ အပိုင္းအစ တခ်ိဳ႔ကို မွားယြင္းေကာက္ခ်က္ခ်ထားသည္ကိုေတြ႔ရသည္၊ ၁၈ ႏွစ္ကာလအတြင္း ေယရႈခရစ္ေတာ္သည္ တိဘက္ျပည္ကိုသြား၍ ... ဆိုေသာ အေၾကာင္းအရာမ်ားကို အေမရိကန္ျပည္ေထာင္ စု ခ်ီကာကိုျမိဳ႔ ကမၻာေက်ာ္ခရီးလည့္လည္သူ သုေတသနပုဂၢိဳလ္ ဂိုးရစ္ခ္ ရဲ့ မွတ္တမ္းအရ .. ဟု ကိုးကားေဖၚျပခဲ့ပါတယ္။ ဂိုးရစ္ခ္၏ မွတ္တမ္းဆိုေသာ္လည္း စာအုပ္ထုတ္ေ၀မႈ ပံုႏွိပ္မွတ္တမ္း မီွျငမ္းျပဳသည့္ အခ်က္အလက္မပါပဲ ႏႈတ္စကားမွီျင္းသျဖင့္ ပညာရွင ္မဆန္ပါ၊ ယံုၾကည္ေလာက္ဖြယ္ ရာ အေထာက္အထား အားနည္းခဲ့ပါတယ္။
ပါေမကၡဂိုးရစ္ခ္က ...
ခရစ္ေတာ္ ကိုယ္တိုင္ ေဟျဗဲဘာသာနဲ႔ ေရးထားတဲ့ မွတ္စုကို ရရွိခဲျပီး ၁၉၂၅ ခုႏွစ္က ခရစ္ေတာ္မသိေသးေသာ သြန္သင္ေဟာေျပာခ်က္မ်ား ဆိုတဲ့ နာမည္နဲ႔ စာအုပ္ထုတ္ေ၀ခဲ့သတဲ့၊ ခရစ္ေတာ္ရဲ့ ၁၈ ႏွစ္ကာလ သက္ေသခံခ်က္ေတြကို စာရြက္ေပါင္း ၁၀၀ ေက်ာ္မွာ ခရစ္ေတာ္ကိုယ္တိုင္ လက္ေရးနဲ႔ ေရးသားခဲ့တာလို႔ ဆိုပါတယ္။
အဲသလို စာေရးသားထုတ္ေ၀မႈေတြနဲ႔အတူ ေဟာေျပာသြန္သင ္မႈေတြေၾကာင့္ ခရစ္ေတာ္ရဲ့ သက္ေတာ္စဥ္ဟာ ပိုျပီးရႈပ္ေထြးေနာက္က်ိ လာခဲ့ပါတယ္။ တစ္ခါ ေရာမလူမ်ိဳး ဘုရင္ ခံ ပြန္တီယပ္စ္ ပစ္ေလးရဲ့ စာတမ္းဆိုျပီး ကိုးကားမႈလုပ္ျပီး ေရးသားထုတ္ေ၀မႈေတြေၾကာင့္ ခရစ္ေတာ္ရဲ့ Silent Year ဟာ ပေဟဋိဆန္လာပါတယ္။ The Unknown Life of Christ ဆိုတဲ့ စာအုပ္တစ္အုပ္အတြက္နဲ႔ ယံုၾကည္မႈေရးရာမွာ အေတာ္ကေလး ကေသာင္းကနင္းႏိုင ္ခဲ့ပါတယ္။ စာေရးဆရာတစ္ေယာက္ဟာ သူ႔ကေလာင္ ကို ပြဲဆူဖို႔ သက္သက္အသံုးျပဳတဲ့အခါ အလြန္စိတ္ပ်က္စရာျဖစ္လာပါတယ္။ ေၾကာင္းက်ိဳးမခိုင္ လံုပဲ ေရးသားခ်က္ေတြေၾကာင့္ အေပၚယံရွပ္ၾကည့္ရင္ေတာ့ ဟုတ္တုတ္တုတ္ပါပဲ။
(၁၈) ႏွစ္ကာလအပိုင္းအစ...
ဒီမွာ သက္ေတာ္စဥ္ ေဖာ္ျပျခင္းရဲ့ အားနည္းမႈတစ္ခုကို ေတြ႔ရပါတယ္။ ရွင ္လုကာဟာ ခရစ္၀င္ ္က်မ္းေရးသူေတြထဲမွာ ပညာအတတ္ဆံုး၊ အေသးစိတ္ဆံုး ပုဂၢိဳလ္ျဖစ္ပါတယ္။ ေရးခ်က္ေတြ သိပ္ေကာင္းတာကိုလည္း ေတြ႔ရပါတယ္။ ဒါေပမဲ့ အခန္းၾကီး ၂ နဲ႔ ၃ အၾကားမွာေတာ့ (၁၈)ႏွစ္ ကာလကို တိတိက်က်ျဖက္ေတာက္ထားပါတယ္။
ရွင္ လုကာ St. Luke ဟာ ဒီခရစ္၀င္ ္က်မ္းကို အၾကားနဲ႔တင္ေရးတာမဟုတ္ဘူး၊ The Great Physician ဆိုတဲ့စာအုပ္မွာ လုကာန ရဲ့ အေၾကာင္းကို ႏွစ္ေပါင္း ၂၀ သုေတသနျပဳခဲ့တဲ့ စာေရးဆရာ လုကာန ဟာ မယ္ေတာ္မာရိကို ေတြ႔ဆံုျပီး (ဗ်ဴး) ျပီးမွ ဒီခရစ္၀င္က်မ္းကို ေရးေၾကာင္း၊ ေတြ႔ဆံုတဲ့ေနရာ၊ ေမးခြန္းတခ်ိဳ႔နဲ႔ ပတ္သက္တဲ့ မွတ္တမ္းေတြရွိခဲ့သတဲ့၊ လုကာန ဟာ ခရစ္ေတာ္ရဲ့ Silent Year ကို မေမးပဲ မ ေနပါဘူး၊ မာရိကလည္း မ ေျပာပဲ မေနပါဘူး၊ သို႔ေသာ္ ဘာျဖစ္လို႔ ဒီအေၾကာင္းအရာကို ခရစ္၀င္ က်မ္းထဲ ထည့္မ ေရးခဲ့တာလဲ၊ ေရးရဲ့သားနဲ႔ ဓမၼသစ္က်မ္းစာကို သိဂၤါယနာတင္ ္သူေတြက အက္ဒစ္ Edit ဆန္ဆန္ တည္းျဖက္လိုက္တာလား။ မဟုတ္ဘူး။ လုကာကိုက မ ေရးခဲ့တာ လား။
အားစမ္းဖို႔ေနရာ ...
သူမ ေရးခဲ့တာျပႆနာမဟုတ္ဘူး၊ (၁၈)ႏွစ္ကာလကို ၀ါက်တစ္ေၾကာင္းတည္းနဲ႔ သူက ပိုင္းျဖက္သြားခဲ့ေပမဲ့ ေနာက္ပိုင္းမွာ ခရစ္ယာန္ဘာသာကို ဆန္႔က်င္ သူေတြက ဒီေနရာကို အားစမ္းျပီး ျဖိဳဖို႔ ပစ္မွတ္ျဖစ္လာတယ္။ စာအုပ္စာေပ ေတြ ေရးသားထုတ္ေ၀ တိုက္ခိုက္လာတယ္။ ဒါကို ဖတ္မိတဲ့ အခ်ိဳ႔ပုဂိၢဳလ္ေတြဟာ ရင္ ထဲမွာ ခံစာၾကရတယ္။ ကြ်န္ေတာ္ အယ္ဒီတာလုပ္ေနတဲ့ဆီကို စာအခ်ိဳ႔ေရာက္လာတယ္။ ဒီျပႆနာနဲ႔ ပါတ္သက္လို႔ ေမးျမန္းၾကတယ္။ ခက္တာက ကြ်န္ေတာ္တို႔ကလည္း ကိုယ္လုပ္ႏိုင္ သ ေလာက္ပဲ ဆိုတဲ့ အတိုင္းအတာက ရွိေနျပန္တယ္၊ ကြ်န္ေတာ္ကိုယ္တိုင ္လည္း ဒီစာအုပ္မ်ားကို ဖတ္မိပါတယ္။ ယံုၾကည္ျခင္း ႏုနယ္သူအတြက္ေတာ့ လဲျပဳိေလာက္ပါတယ္။ ေအာက္ပါဥပမာကေလးမ်ားကို ဖတ္ၾကည့္ပါ။
ေမး။ ။ ဘယ္အရြယ္မွာ ခရစ္ေတာ္ဟာ ေရဟူဒီေက်ာင္းက ေပ်က္ကြယ္သြားပါသလဲ။
ေျဖ။ ။ ခရစ္ေတာ္ဟာ (၁၂) ႏွစ္အရြယ္မွာ ရဟူဒီလူမ်ိဳးေတြရဲ့ ဘုရားေက်ာင္းမွ ထြက္ခြာသြားခဲ့ပါတယ္။
ေမး။ ။ ခရစ္ေတာ္ဟာ ဘယ္အရြယ္ကစျပီး တရားေဟာခဲ့သလဲ။
ေျဖ။ ။ သက္ေတာ္ ၃၀က စတင္ေဟာခဲ့ပါတယ္။
ေမး။ ။ ဒါျဖင့္ အသက္ (၁၂)ႏွစ္က အသက္(၃၀)အထိ (၁၈)ႏွစ္လံုးလံုး ခရစ္ေတာ္ဟာ ဘယ္သြားေနပါသလဲ။
ေျဖ။ ။ သူ႔ရဲ့ ေမြးစားဖခင္ ရွင္ေယသပ္နဲပ အတူတကြ ေနထိုင္လ်က္ရွိပါတယ္။
ေမး။ ။ အဖိုတန္ (၁၈)ႏွစ္ လံုးလံုး ခရစ္ေတာ္ဘာမ်ားလုပ္နပါသလဲ။
တိဗက္ကို သြားမသြား ....
ပါေမာကၡဂိုးရစ္ခ္က ေယရႈခရစ္ေတာ္ဟာ သက္ေတာ္ (၁၂)ႏွစ္မွ (၃၀)ႏွစ္အတြင္း တိဗက္ျပည္ကိုသြားျပီ ဘာသာတစ္ခုကို ေလ့လာဆည္းပူးခဲ့တယ္လို႔ ဆိုပါတယ္။
R.W.F Wootoon ကေတာ့ သူ႔ရဲ့ Christian Worship စာအုပ္မွာ "But we do not know of any other visit in the first 30 years of His life (Pg-41)" လို႔ ေဖၚျပထားပါတယ္။
တကယ္စဥ္းစားၾကည့္ေတာ့ ေအဒီ-၃၀ ခုႏွစ္ပတ္၀န္းက်င ္မွာ ခရီးလမ္းပန္းဟာ ခက္ခဲလွပါတယ္။ တိဗက္နဲ႔ ပါလက္စတိုင္းဟာ မိုင္ေပါင္း ၄၀၀၀ မက ကြာေ၀းမယ္။ ေျခက်င္ ခရီးကို (ဂိုးရစ္ခ္ရဲ့ အဆိုအရ ေလးလၾကာ ခရီးႏွင္ျပီး) သြားတယ္ဆိုတာ ျဖစ္ႏိုင္ စရာမရွိပါဘူး။ သူဘာအတြက္ သြားသလဲဆိုတာကလည္း ရွိေသးတယ္။ ဘာသာတရားတစ္ခုကို သြားေရာက္ဆည္းပူးတာလို႔ ဆိုပါတယ္။ ဒါေပမယ့္ ဂိုးရစ္ခ္ရဲ့ ျပႆနာကေတာ့ အဲဒီအခ်ိန္မွာ ဘာသာတရားဟာ တိဗက္ကို မ ေရာက္ေသးဘူးဆိုတာ မသိတဲ့ျပႆနာပဲ။ သမိုင္းက်မ္းအဆူဆူအရ ေယရႈခရစ္ေတာ္ သြားေရာက္ေလ့လာတဲ့ ဘာသာတရားဟာ တိဗက္ကို (A.D 645-650) ေလာက္မွ ေရာက္တာပါ။ ေယရႈခရစ္ေတာ္သြားခဲ့တယ္ဆိုတဲ့ A.D (14-32) ကေတာ့ အဲဒီမွာ ဒီဘာသာတရားကို မျပန္႔ပြားေသးတာပါပဲ။ ရိုးရိုးစဥ္းစားရင ္ကို အ ေျဖ ေပၚပါတယ္။ ဘာသာတရားကို မသင္ၾကား မေလ့လာခဲ့ပါဘူး။
Image: http://en.wikipedia.org/wiki/Timeline_of_Buddhism#Common_Era
ေနာက္တခုက ခရီးသြားမသြား ။
မႆဲ ၂း၂၃ မွာ ခရစ္ေတာ္ကို နာဇရက္လူဟု ေခၚၾကလတၱံဟူေသာ ပေရာဖက္တို႔၏ ႏႈတ္ထြက္ႏွင့္အညီ နာဇရက္အမည ္ရွိေသာ ျမိဳ႔သို႔ ေရာက္၍ အျမဲေနေလ၏။
လု ၄း၁၆ တြင ္မူ ၾကီးပြားေတာ္မူရာ နာဇရက္ျမိဳ႔သို႔ ေရာက္ေတာ္မူလွ်င္ ....
စသည့္ ခရစ္၀င ္က်မ္းပါ စကားမ်ားသည္ ခရစ္ေတာ္ အဘယ္မွမသြားေၾကာင္းကို ေဖၚျပထားပါတယ္။ Rev.. သိမ္းအုပ္ဆရာကမူ ခရစ္ေတာ္ သြားခဲ့ရင္ မွတ္တမ္းရွိရမယ္၊ အနည္းဆံုး ဂ်ဴးသမိုင္းမွာ ပါကိုပါရမယ္ ဟု ဆိုပါတယ္။
ဘာလုပ္ေနပါလိမ့္ ...
နာဇရက္ျမိဳ႔မွာ (၁၈) ႏွစ္တိုင္ တိုင္ ေနထိုင ္ခဲ့ေသာ ခရစ္ေတာ္ ဘာလုပ္ေနသနည္း။ ဤေမးခြန္းမွာလည္း စိတ္၀င္စားစရာျဖစ္ပါတယ္။ Rev .သိမ္းအုပ္ ၏ (၁၈)ႏွစ္ ျပႆနာစာေစာင္ကေလးတြင ္မူ (၁၈)ႏွစ္ကာလ သူဘာလုပ္ေနသည္ကို ဓ ေလ့ထံုးတမ္းအျမင္ Customary View မွ တင္ျပ Point out လုပ္ပါတယ္။ မာကု ၆း၃ မွာ သူသည္ လက္သမားသားမဟုတ္ေလာ၊ မာရိ၏သားမဟုတ္ေလာ။ ယာကုပ္၊ ေယာေသ၊ ရွိမုန္ ... တို႔၏ အစ္ကိုမဟုတ္ေလာ ဟု ေဖၚျပထားပါတယ္။ အခ်က္မ်ားမွ ..
ေယရႈသည္ လက္သမားသားျဖစ္သည္။ ယုဒထံုးစံ၌ သားသမီးတို႔တြင္ အၾကီးဆံုးေသာသားသည္ မိမိ၀ါသနာပါရ ၾကိဳက္ႏွစ္သက္ ရာ လုပ္ငန္းကို လုပ္ကိုင္ေရြးခ်ယ္၍မျပဳရ၊ ၾကိဳက္သည္ျဖစ္ေစ၊ မၾကိဳက္သည္ျဖစ္ေစ၊ ၀ါသနာပါသည္ျဖစ္ေစ၊ မပါသည္ျဖစ္ေစ၊ ဖခင္၏ လုပ္ငန္းကို ၀ိုင္းကူလုပ္ကိုင္ သက္ေမြးရသည္။ က်န္သားသမီးမ်ားက မိမိစိတ္ၾကိဳက္ ႏွစ္သက္ ရာ၊၀ါသနာပါရာတို႔ကို လြတ္လပ္စြာ ေရြးခ်ယ္လုပ္ကိုင္ ္ခြင့္ရၾကသည္ကိုလည္းေကာင္း၊ အသက္(၃၀)ႏွစ္မျပည့္မခ်င္း ဘာသာေရး၀င္ေရာက္ ဦးစီးေခါင္းေဆာင္ ္ပါ၀င္ လႈပ္ ရွားခြင့္ျပဳရိုးထံုးစံမရွိ၊ သဘာ၀လည္းက်ပါသည္။ အသက္(၃၀)ရွိမွ အေတြ႔အၾကံဳရင့္က်က္မႈ၊ ဗဟုသုတစံုလင ္မႈရွိျပီျဖစ္၍ ဘာသာေရးလုပ္ငန္းကို ၀င္ေရာက္လုပ္ခြင္ေပးျမဲျဖစ္သည္ကို လည္းေကာင္း....
ေကာက္ႏုတ္၍ (၁၈)ႏွစ္ကာလသည္ ခရစ္ေတာ္ နာဇရက္ျမိဳ႔မွာပဲ လက္သမားလုပ္ေနေၾကာင္း သက္ေသထူခဲ့ပါတယ္။ H.E Dana က ေယရႈခရစ္ေတာ္၏ ဖခင္ ေယာသပ္သည္ ငယ ္ရြယ္စဥ္ ကြယ္လြန္ခဲ့သည္ဟု ဆိုသျဖင့္ မိခင္၊မုဆိုးမႏွင့္ ညီ၊ညီမငယ္တို႔အား (၁၈)ႏွစ္တိတိ လုပ္ကိုင္ ေကြ်းေမြးျပဳစုခဲ့ေၾကာင္း ေျပာဆိုသည္မွာ ယုတၱိတန္ေလသည္။
အကယ္၍ထိုအခ်ိန္တြင္ တိဗက္သို႔ ေယရႈခရစ္ေတာ္ေရာက္ေနပါက မုဆိုးမမိခင္ အိုႏွင့္ ညီ၊ညီမငယ္မ်ားစြာတုိ႔ ဘယ္လိုမ်ား ၀ေအာင ္စား၍၊ လွေအာင္ေနပါ့မလဲ၊ မိမိ မိသားစုအတြက္ အလ်င္ျငိမ္းေအးေအာင္ ေဆာင္ ရြက္ခဲ့သည္ကို မယံုႏိုင ္စရာမရွိပါ။
ခရစ္ေတာ္၏မွတ္တမ္းဟုတ္မဟုတ္...
တကယ္ေတာ့ ခရစ္ေတာ္ တိဗက္ကို မသြားပါဘူးဆိုတာနဲ႔ ျပီးျပတ္ပါျပီ၊ သို႔ေသာ္ စာရြက္ေပါင္း ၁၀၀ ေပၚမွာ (၁၈)ႏွစ္အတြင္း အေတြ႔အၾကံဳကို သက္ေသခံထားတယ္ဆိုတဲ့ စာအုပ္၊ ေဟျဗဲဘာသာနဲ႔ ေရးတဲ့မွတ္စု၊ ၁၉၂၅ခုႏွစ္မွာ ဂိုးရစ္ခ္ ဆိုတဲ့ ပုဂၢိဳလ္က ထုတ္ေ၀ခဲ့တယ္ဆိုပဲ။ စာအုပ္ကိုေတာ့ ကြ်န္ေတာ္မျမင္ ဖူးပါဘူး၊ ရွိတယ္ဆိုတာပဲ ၾကားဖူးတာပါ။ သို႔ေသာ္ ဒီအေၾကာင္းဟာ မမွန္ႏိုင ္ဘူးခင ္ဗ်။ အဲဒီအခ်ိန္မွာ စာရြက္မွ မေပၚေသးပဲကိုး၊ စာရြက္၁၀၀ကို (AD-30) ေလာက္မွာ ဘယ္ကိုသြားရွာမလဲ။ ကြ်န္ေတာ့္မွာ သမီးတစ္ေယာက္ ရွိတယ္။ စာက်က္တဲ့အခါ အလြန္ေအာ္က်က္တတ္တယ္။ တစ္ေန႔မွာ သူက်က္တဲ့ဆယ္တန္းစာတစ္ပိုဒ္မွာ
"Paper was invented in China at the begining of the second century A.D" တဲ့၊ တကယ္ေတာ့ ဂိုးရစ္ခ္ဟာ ပါေမာကၡတစ္ဦးလို႔ ဆိုတယ္။ ဘယ္လိုပါေမကၡမ်ိဳးလဲေတာ့ ကြ်န္ေတာ္တို႔ မသိတာအမွန္ပါပဲ ...
မွားေနတာေတြ ...
တစ္ခါတစ္ခါလည္း ဒီျပႆနာေတြက အသံက်ယ္လာတတ္ပါတယ္။ သို႔ေသာ္ အဆံမပါပါဘူး၊ ေသေသခ်ာခ်ာ ပိုင္းျခားစီစစ္ရင္ ျပီးေပ်ာက္သြားတာပါပဲ။ မွားေနတဲ့ ေမးခြန္းေတြ အမ်ားၾကီးမွ အမ်ားၾကီးပါ။ သို႔ေသာ္ ဒါေတြဟာ ခရစ္ေတာ္ရဲ့ ဘ၀အစိတ္အပိုင္းေတြကို ေရညွိတက္ေအာင္ ၾကိဳးစားခ်က္ကေလးမ်ားပဲ ..လို႔ ယံုၾကည္ပါတယ္။ ထစ္ခ်ဳန္းတဲ့ မိုးၾကိဳးသံက ေလးမ်ားပါပဲ။
တကယ္ေတာ့ ...
အျဖစ္အပ်က္အမွန္က ေတာ့ သမၼာက်မ္းထဲမွာ ပါျပီးသားပါ။ ေသေသခ်ာခ်ာေစ့ေစ့ငွငွ ဖတ္ ရႈရင္ ျပီးျပည့္စံုေအာင္ သိႏိုင္ မွာပါ။ သမၼာက်မ္းစာဟာ ျပီးျပည့္စံုတဲ့ ႏႈတ္ကပတ္ေတာ္ဆိုတာကိုပဲ ယံုၾကည္ ္ရပါလိမ့္မယ္။ တစ္လံုးတစ္ပါဒမွ မပိုစြန္းသလို၊ တစ္ပုဒ္တစ္ေလမွ မလိုလြန္းဘူး ိုတာကိုလည္း စိတ္ႏွလံုးမွတ္က်ံဳးရပါလိမ့္မယ္။
ေယရႈခရစ္ေတာ္ရဲ့ (၁၈)ႏွစ္ကာလကို ညိဳေသာင္းဆိုတဲ့ စာေရးဆရာ (ဘာသာတရားမ်ားစြာကို သုေတသနျပဳသူ) က .. "ေယရႈသည္ ဖခင္ေယာသပ္ကဲ့သို႔ လက္သမားလုပ္၍ ေနထိုင္ ခဲ့သည္မွာ အသက္၃၀တိုင္ေအာင္ ၾကာေညာင္းခဲ့ေလသည္" .. ဟုေရးခဲ့ပါတယ္။ ကြ်န္ေတာ္တို႔ ယံုၾကည္သူေတြအေနနဲ႔ေကာ ဘယ္လိုေျပာမလဲ၊
က်မ္းစာထဲကအတိုင္းပဲေပါ့။
က်မ္းကိုးစာရင္း
1. Christian News from Isreal Vol.1 No.(34), 1878
2. Wy of Salvation Booklet.
3. A Life of Christ (H.H Darna) 1966.
4. Christian Worship (R.W.F. Wottom)
5. ခရစ္ေတာ္၏ သက္ေတာ္စဥ္ (သန္လ်င္ေဖသြင္)
6. Buddhism (Kenneth W. Morgan)
7. ျပႆနာမ်ား
8. သမၼာက်မ္းစာ (ယုဒႆန္)
9. ကမၻာကို ခ်ဳပ္ကိုင္မည့္သူ (ေဌးလႈိင္)
10. ကယ္တင္ရွင္ ေယရႈခရစ္ေတာ္ (ႏွစ္ျခင္းသာသနာစာေပ)
11. ဘာသာၾကီးေလးခုအႏွစ္သာရမ်ား (ညိဳေသာင္း)
MURANN မွတ္ခ်က္။ 2008 တြင္ထုတ္ေ၀ေသာ ထစ္ခ်ဳန္းေသာမိုၾကိဳးသံ စာအုပ္မွတဆင့္ေဖၚျပပါသည္။ ဆရာဆိုး၊ ၈၉၃(ခ)၊ ည/၁၁ရပ္ကြက္၊ ဘုရင့္ေနာင္လမ္းသြယ္(၃)၊ ေရႊျပည္သူျမိဳ႔နယ္၊ ရန္ကုန္တိုင္း
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment