အသက်ရှင်နေသေးသော ကျောက်ဖြစ်ရုပ်ကြွင်းများ
အပိုင်း ၅ အပိုင်း ၆
Unicode & Zawgyi Reshare-#9Dan
ပုံ(၁)။။ မထင်မှတ်ပဲ ဖမ်းဆီးရမိခဲ့သော Cœlacanth ငါးနှင့် ၎င်း၏ ကျောက်ဖြစ်ရုပ်ကြွင်း။ (၎င်းကို တွေ့ရခြင်းသည် ဒိုင်နိုးဆောကို အရှင်လတ်လတ်တွေ့ရသည်နှင့်တူသည်။)
မျောက်ကနေလူဖြစ်သတဲ့လား ဆိုတဲ့ဆောင်းပါးမှာ စာဖတ်သူတို့ကို Evolution နဲ့ ပတ်သက်ပြီး အနည်းငယ် ပြောပြခဲ့ပြီးပါပြီ။ ဒါပေမဲ့ ကျုပ်အခု ပြန်ပြီး ပြောပြပါအုံးမယ်။ ပထမဆုံး ပင်လယ်ထဲမှာ ဆဲလ်တစ်ခု တည်းနဲ့ အကောင်လေးတွေနဲ့ စ ဖြစ်တယ်။ နှစ်ပေါင်းများစွာ ကြာတဲ့အခါမှာ အဲဒီ အကောင်လေးတွေဟာ ဆဲလ်ပေါင်းများစွာနဲ့ ဖွဲစည်းထားတဲ့ အတန်ငယ်အဆင့်မြင့် သတ္တဝါများဖြစ်လာပြီး ပိုပြီးကြာမြင့်လာတဲ့အခါမှာ ငါးကဲ့သို့သော သတ္တဝါတွေဖြစ်လာတယ်။
အဲဒီနောက်ပိုင်း ဒီငါးတွေဟာ ပင်လယ်ကနေ ကုန်းပေါ်ကို တက်ဖို့ ကြိုးစားရင်း တွားသွား သတ္တဝါတွေ ဖြစ်လာတယ်။ အဲဒီကမှ တဖြည်းဖြည်း နို့တိုက်သတ္တဝါ၊ ပြီးမှ မျောက် အဲဒီကနေတဆင့် လူဖြစ်လာတယ်ပေါ့။ ဒါကတော့ ကျုပ် အကျဉ်းချုပ်ပြီး ပြောတာပါ။
ဒီလို အဆင့်ဆင့်ပြောင်းလဲဖို့အတွက် နှစ်ပေါင်း သန်းပေါင်းများစွာ ကြာမြင့်ပါတယ်။ မျိုးစိတ်တစ်ခုကနေ နောက်မျိုးစိတ်တစ်ခုကို ပြောင်းဖို့အတွက် သဘာဝပတ်ဝန်းကျင်က အဓိကပြုပြင်သူဖြစ်ပါတယ်။ Natural Selection လို့ Evolution သမားတွေက ခေါ်ပါတယ်။
၁၉၃၈ ခုနှစ်မှာ အာဖရိကရဲ့ တောင်ဖက်ကမ်းရိုးတန်းတစ်လျှောက် ကျင်လည်ကျက်စားနေတဲ့ ငါးဖမ်းလှေငယ်လေးတစ်စင်းဟာ မထင်မှတ်ပဲ ထူးဆန်းတဲ့ငါးတစ်ကောင်ကို ဖမ်းမိပါတယ်။ ရုပ်အင်္ဂါအသွင်အပြင်ဟာ ထူးဆန်းတာကြောင့် ငါးဖမ်းတဲ့ တံငါတွေက နီးစပ်ရာ အာဏာပိုင်တွေကနေတဆင့် ငါးအကြောင်း ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ ဆက်သွယ်ခဲ့ပါတယ်။ အဲဒီငါးကို တွေ့တာနဲ့ ပညာရှင်တွေဟာ အရမ်းအံ့သြခြင်းမက အံ့သြခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီငါးဟာ ဆီးလားကန့် (Cœlacanth) ငါးအမျိုးအစားဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ရ၀ ခန့်က ဒိုင်နိုးဆောများနဲ့ အတူ အသက်ရှင်နေထိုင်ခဲ့တယ်။ သူ့ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်း (Fossils) ကိုသာတူးဖော်ရရှိခဲ့ပြီး မျိုးတုန်းပျောက်ကွယ်သွားပြီ လို့ ထင်မှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီငါးမျိုးကို မျက်ဝါးထင်ထင် အသက်ရှင်လျက် ယခုခေတ်မှာ ပြန်တွေ့ရတော့ မအံ့သြဘဲ ဘယ်နေနိုင်ကြပါ့လဲ။ အဲဒီလို ကျောက်ဖြစ်ရုပ်ကြွင်းသာရှိပြီး မျိုးတုန်းပျောက်ကွယ်ပြီလို့ ထင်မှတ်ရတဲ့ သတ္တဝါ၊အပင် တွေဟာ ယခုခေတ်အထိ အသက်ရှင်နေသေးတယ်ဆိုရင် သူတို့ကို (Living Fossil) အသက်ရှင်နေသေးသော ကျောက်ဖြစ်ရုပ်ကြွင်းများလို့ ခေါ်ပါတယ်။
ဒီငါးကို ပြန်လည် တွေရှိလိုက်ရတော့ Evolution သမားတွေဟာ အရှိုက်ကို အထိုးခံလိုက်ရသလိုပဲ အတော်ခံရခက်သွားပါတယ်။ ဒါကလဲ အကြောင်း နှစ်ရပ်ရှိပါတယ်။
ပထမအကြောင်းကတော့ ဒီငါးကို အခုလို အသက်ရှင်လျက်မတွေ့ရခင်က ဒီငါးရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းသာကြည့်ပြီး Evolution သမားတွေက ဘာပြောခဲ့သလဲဆိုတော့၊ ဒီငါးဟာ ငါးတပိုင်း၊တွားသွားသတ္တဝါတစ်ပိုင်း ဖြစ်တဲ့ missing link ဖြစ်တယ်။ ဒီငါးဟာ ကုန်းပေါ်ကို တက်ရောက်နေထိုင်ဖို့ ကြိုးစားနေတဲ့ စပ်ကြားသတ္တဝါ ( Transitional Form ) ဖြစ်တယ်။ ဒီငါးဟာ ကုန်းပေါ်မှာ တက်ပြီး နေထိုင်နိုင်ဖို့ အတွက် အဆုတ်ကလေးပါ ရှိနေပြီလို့ အကောင်အထည်မမြင်ရခင်သေးတုံးက ကျောက်ဖြစ်ရုပ်ကြွင်းကိုသာ ကြည့်ပြီး အထင်နဲ့ ရမ်းသမ်းပြောခဲ့ကြတယ်။ ဒီငါးအကြောင်းကို သိပ္ပံစာစောင်တွေ၊ မဂ္ဂဇင်းတွေမှာ ဟိုးလေးတစ်ကျော် ဖော်ပြခဲ့ကြပြီးတော့ Evolution ဟာ မှန်ကြောင်း ဒီငါးက သက်သေပြနေတယ်လို့လဲ အကြီးအကျယ် မှတ်တမ်းတင်ခဲ့ကြတယ်။ အခုလို သက်ရှိထင်ရှားဖမ်းမိတော့ သူတို့ ပြောခဲ့သလို ဟုတ်မဟုတ် စစ်ဆေးလိုက်တဲ့ အခါမှာ အထင်နဲ့အမြင် ပါစင်အောင်လွဲခဲ့ရပါတယ်။ သူတို့ပြောခဲ့တဲ့ အဆုတ်ဆိုတာကလည်း တကယ်တော့ အဆီတွေနဲ့ ပြည့်နေတဲ့ လေအိတ်ငယ်လေးတွေသာ ဖြစ်နေတယ်။ ဒီလေအိတ်ငယ်လေးတွေက ငါးကို ရေထဲမှာ ပေါ်နိုင်ဖို့ အထောက်အကူပြုပါတယ်။ ပြီးတော့ ဒီငါးဟာ ကုန်းပေါ်တက်ပြီး နေဖို့နေနေသာသာ ပင်လယ်ရေနက်ထဲမှာပဲ ကြမ်းပြင်နားကပ်ပြီး သွားလာတတ်တာကို Evolution သမားများ စိတ်ပျက်စွာ တွေ့လိုက်ရပါတယ်။
ပုံ(၂) သက်ရှိ Cœlacanth ငါးနှင့် နှစ်သန်း ၁၄၀ သက်တမ်းကြာသော ၎င်း၏ကျောက်ဖြစ်ရုပ်ကြွင်း။ (အတူတူဖြစ်ကြောင်းကို တွေ့ရစဉ်)
ဒုတိယ အကြောင်းကတော့ ဒီငါးရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းနဲ့ ဒီငါးကို တိုက်ဆိုင်စစ်ဆေးလိုက်တဲ့အခါမှာ ဘာမှ ကြီးကြီးကျယ်ကျယ် အပြောင်းအလဲ မရှိတာကို တွေ့လိုက်ရတယ်။ ဒိုင်နိုးဆော သတ္တဝါတွေက ငှက်တွေဖြစ်လိုဖြစ်၊ မျောက်ကနေ လူဖြစ်လို ဖြစ် (Evolution သမားများအပြော) နေတဲ့ နှစ်သန်းပေါင်းများစွာအချိန်အတွင်းမှာ ဒီငါးကတော့ ဘာမှ အပြောင်းအလဲမရှိပဲ အရင်အတိုင်းက အရင်အတိုင်းပါပဲ။ ဒီအတိုင်းမပြောင်းမလဲပဲ နှစ်သန်းပေါင်းများစွာ ရှိနေတာကို Evolutionist တွေက အဖြေရှာမရတော့ စကားလုံးလှလှလေး တစ်လုံးကို သုံးပြီးတော့ ဘယ်လိုပြောတယ်မှတ်သလဲ။ Stasis တဲ့။ သဘောက ပတ်ဝန်းကျင် အခြေအနေက အပြောင်းအလဲမရှိတာကြောင့် ဒီငါးလည်း အပြောင်းအလဲ မရှိဘူးပေါ့ဗျာ။ ရှေ့စကား နောက်မညီတာကတော့ မကြာသေးခင်ကပဲ ဒီငါးဟာ ကုန်းပေါ်ကိုတက်နေထိုင်ဖို့ ကြိုးစားနေတဲ့ ငါးမကျ၊ တွားသွားသတ္တဝါမကျ စကောစက သတ္တဝါလို့ ပြောခဲ့ကြတာပါပဲ။ ဆီးလားကန့်လို ငါးမျိုးပဲ နှစ်ပေါင်းများစွာ ကြာပေမဲ့လည်း ဘာ Evolution မှ မဖြစ်ပဲ အရင်ပုံစံအတိုင်း ရှိနေတဲ့ living fossils တွေ အများကြီး ရှိပါတယ်။ စာဖတ်သူတို့ စိတ်ရှုပ်သွားမှာ စိုးလို့ အကျယ်ချဲ့ပြီး ဖော်ပြမနေတော့ပါဘူး။ အကျဉ်းခြုံးပြီးပဲ ဖော်ပြလိုက်ပါတယ်။ ကိုင်း Evolution ဟာ မှန်လား၊မမှန်ဘူးလားဆိုတာကို စာဖတ်သူတို့ ကိုယ်တိုင်ပဲ စဉ်းစားဆုံးဖြတ်ကြပါ ကိုယ်ချင့်ယုံ၊မချင့်ယုံတို့ရေ။
ပုံ(၃)။ နှစ်သန်းပေါင်း ၃၀၀ ကျောက်က ပိုးဟပ်နှင့် ယခုခေတ်ပိုးဟပ်။ (မည်သည့် Evolution မှ မဖြစ်ခဲ့ပါ)
ပုံ(၄) ဂျာမဏီ၌ တွေ့ခဲ့သော နှစ်သန်း ၁၄၀ သက်တမ်း ပုစဉ်းကျောက်ဖြစ်ရုပ်ကြွင်း။ ယခုခေတ် ပုစဉ်များနှင့် အတူတူဖြစ်သည်။ မည်သည့် Evolution မှ မဖြစ်ခဲ့ပါ။
ပုံ(၅)။ နှစ်ပေါင်း ၂၅ သန်း သက်တမ်းကြာ ဖားသည် ယခုခေတ်ဖားနှင့် အတူတူပင်။ မည်သည့် Evolution မှ မဖြစ်ခဲ့ပါ။
ပုံ(၆)။။ မြင်းခွာပုံ ဂဏန်းသည်လည်း နှစ်သန်း ၄၅၀ အတွင်း မည်သည့် အပြောင်းအလဲမှ မရှိခဲ့ပါ။ ဒီပုံစံအတိုင်းပင်။
ပုံ(၇) Maple ရွက်ဖြစ်သည်။ ၎င်းသည်လည်း နှစ်သန်းပေါင်းများစွာ ကြာသည့်တိုင်အောင် အပြောင်းအလွဲ မရှိ။
ပုံ(၈) နှစ်သန်းပေါင်း ၂၅၀ခန့်က ငါးလိပ်ကျောက်နှင့် ယခုခေတ် ငါးလိပ်ကျောက်။ ဘာအပြောင်းအလဲမှ မရှိ။ Evolution ဖြစ်သည်ဆိုသည်မှာ စိတ်ကူးယာဉ်ဖြစ်သည်။
ပုံ(၉)။ ။ နှစ်သန်း ၁၆၀ ကင်းလိပ်ချော နှင့် ယနေ့ ကင်းလိပ်ချော။ ဘာမှမပြောင်းလဲ။
ပုံ(၁၀)။။ စကော့တလန်၌ တွေ့ခဲ့သော နှစ်သန်း ၃၂၀ ကင်းမြီးကောက်သည် ယခုခေတ် ကင်းမြီးကောက်နှင့် မခြား။
(ပုံ)(၁၁)။။ နှစ်သန်းပေါင်း ၁၇၀ သက်တမ်း ပုဇွန် ကျောက်ဖြစ်ရုပ်ကြွင်း။ ယခုခေတ်ပုဇွန်နှင့် ဘာမှ မထူးမခြားနား။
ပုံ(၁၂) ။ မြွေသည်လည်း နှစ်သန်းပေါင်းများစွာ ကြာသည့်တိုင်အောင် ဘာမှ မပြောင်းလဲခဲ့။
ပုံ(၁၃) ။။ နှစ်သန်းပေါင်းများစွာ ကြာမြင့်သော ဂဏန်းနှင့် ကြယ်ငါးသည်လည်း ထို့နည်းတူ ဘာမှ မပြောင်းလဲ
ဖန်ဆင်းခြင်းသက် သေ များ၆
ခွင့်ထူးခံစား လူသားကမ္ဘာ
"ဘုရားသခင်ဟာ သူ့အကြောင်းနားလည်သိရှိနိုင်ဖို့ လူသားများကို စာအုပ်နှစ်အုပ် ပေးထားပါတယ်။ ပထမစာအုပ်ကတော့ သဘာဝလောကကြီး ဖြစ်ပြီး ဒုတိယစာအုပ်ကတော့ သမ္မာကျမ်းစာ ဖြစ်ပါတယ်"
ဘီလီဂရေဟမ်
ဘုရားသခင်က ပထမစာအုပ်ဖြစ်တဲ့ သဘာဝလောကကြီးမှာ သူ့ရဲ့ ဖန်ဆင်းထားခြင်းလက်ရာတွေကို လူသားတွေ မြင်တွေ့ဖတ်ရှုစေချင်ပါတယ်။ ဒုတိယစာအုပ်ဖြစ်တဲ့ သမ္မာကျမ်းစာထဲမှာတော့ သူရဲ့ အကြောင်းနဲ့သားတော် ယေရှု ခရစ် အကြောင်းကို လူသားတွေ သိရှိဖတ်ရှုစေချင်ပါတယ်။ ခေတ်အဆက်ဆက်မှာ လူသားများဟာ ပထမစာအုပ်ဖြစ်တဲ့ သဘာဝလောကကြီးကို ဖတ်ရှု ခဲ့ကြပါတယ်။ အဲဒီလို ဖတ်ရှုခဲ့သူတွေထဲမှာ အချို့ကတော့ သဘာဝလောကကြီးနဲ့ စင်္ကြာဝဠာကြီးဟာ ရည်ရွယ်ချက်ရှိရှိနဲ့ အဓိပ္ပါယ်ရှိစွာ တည်ဆောက်ထားတာကို တွေ့မြင်သွားကြပေမဲ့၊ အချိုု့သောသူများကတော့ ရည်ရွယ်ချက်မရှိပဲ မတော်တဆ ဖြစ်ပေါ်လာတဲ့ အဓိပ္ပါယ်မဲ့ သဘာဝလောကကြီးလို့ ထင်မြင်သွားကြသူများလည်းရှိပါတယ်။ ရည်ရွယ်ချက်ရှိရှိနဲ့တည်ဆောက်ထားတယ်လို့တွေ့မြင်သူများအနေနဲ့ကတော့ ဘုရားဆိုတာ ရှိတယ်လို့ခံယူသွားကြပြီး၊ ဘုရားက သူ့အကြောင်း ဖော်ပြထားတဲ့ သမ္မာကျမ်းစာကို ဆက်လက်ဖတ်ရှုကြရင်းနဲ့ကယ်တင်ခြင်းဆုကျေးဇူးကို ရရှိသွားတတ်ကြပါတယ်။ ဒါပေမဲ့ ပထမစာအုပ်ကို ဖတ်တဲ့နေရာမှာ ရည်ရွယ်ချက်မဲ့စွာ ဖြစ်လာပါတယ်လို့မှားယွင်းစွာ ခံယူမိတဲ့ သူများအတွက်ကတော့ ဒုတိယစာအုပ်ဖြစ်တဲ့ သမ္မာကျမ်းစာကို ဖတ်ရှုဖို့စိတ်တောင်မကူးကြတော့ပါဘူး။ အဲဒီလိုလူမျိုးများအတွက် ပထမစာအုပ်မှာကို အောင်မြင်စွာ မဖတ်နိုင်လို့ဆုံးရှုံးရတာထက်၊ ဒုတိယစာအုပ်ကို ဆက်ဖတ်ကြဖို့စိတ်မကူးတာကြောင့် လက်လွှတ်သွားတဲ့ ဆုံးရှုံးမှုကြီးဟာ ပိုလို့ကို ကြီးမားလှပါတယ်။ ဒါကြောင့် ပထမစာအုပ်ဖြစ်တဲ့ သဘာဝလောကကြီးကို အောင်မြင်စွာ ဖတ်ရှုနိုင်ဖို့ရန် အင်မတန်မှ အရေးကြီးလှပါတယ်။
ရည်ရွယ်ချက်မဲ့ ဖြစ်တည်လာသည့် ကမ္ဘာကြီးလော?
လူသားများဟာ လေ့လာစူးစမ်းတတ်ကြသူများ ဖြစ်ပါတယ်။ မိမိပတ်ဝန်းကျင်မှာရှိတဲ့ ကုန်းမြေပြင်၊ရေပြင်၊လေပြင် ထဲက သက်ရှိသက်မဲ့ အရာတွေအားလုံးကို မနားတမ်း လေ့လာစူးစမ်းခဲ့ကြပါတယ်။ ကမ္ဘာမြေကြီးပေါ်ကအရာတွေကို မြေလှန်ရှာဖွေ လေ့လာလို့မကုန်ဖြစ်နေတဲ့ ကြားထဲကပဲ ကမ္ဘာမြေကြီးထက်မှာရှိတဲ့ အာကာသ ဟင်းလင်းပြင်ကို လေ့လာစူးစမ်းချင်စိတ်ကလဲ ဖြစ်ပေါ်လာကြပြန်ပါသေးတယ်။ လူသားတွေဟာ စူးစမ်းချင်စိတ်နဲ့ကြိုးစားတီထွင်ခဲ့တာကြောင့် အာကာသထဲကို ရောက်နိုင်မဲ့နည်းလမ်းများကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ ဒုံးပျံတွေ၊ အာကာသယာဉ်တွေကို တည်ဆောက်ခဲ့ပြီး အာကာသ နယ်မြေသစ်ထဲကို ခြေဆန့်နိုင်ခဲ့ကြပါတယ်။ ၁၉၆၁ ခုနှစ်မှာ ယူရီ ဂါဂါရင် ဟာ vostok အမှတ်စဉ်(၁) အာကာသယာဉ်ကို စီးနင်းပြီး ပထမဆုံးအကြိမ် အာကာသထဲကို တိုးဝင်နိုင်ခဲ့ပါတယ်။ နောက်နှစ်များမကြာမှီမှာပဲ အမေရိကန်ပြည်ထောင်စုက အပိုလို အာကာသယာဉ် အမှတ်စဉ်(ဂ) ကို လကမ္ဘာဆီကို လွှတ်တင်ခဲ့ပါတယ်။ အပိုလို(၈) အာကာသယာဉ် အဖွဲ့သားများဟာ လကမ္ဘာပတ်လမ်းကြောင်းမှာ ပတ်နေစဉ်အတွင်း လှပလွန်းလှတဲ့ ကမ္ဘာကြီးကို ရင်သပ်ရှုမော တွေ့မြင်ခဲ့ကြပါတယ်။ ခန်းနားကြီးကျယ်လွန်းလှတဲ့ အဲဒီမြင်ကွင်းကို တွေ့မြင်လိုက်ရတဲ့ အာကာယာဉ် အဖွဲသားများဟာ ကမ္ဘာဦးကျမ်း ၁း ၁-၁၀ ကို စိတ်လှုပ်ရှားခြင်းကြီးမားစွာနဲ့ တလှည့်စီ ရွတ်ဆိုခဲ့ပါတယ်။ ( အာသာသယာဉ် အဖွဲ့သားများ ကမ္ဘာဦးကျမ်းမှ ကျမ်းပိုဒ်များ ရွတ်ဆိုခဲ့သည့် အသံများကို နားထောင်ရန် နှိပ်ပါ။)
အပိုလို အမှတ်စဉ်(၈) နောက်ပိုင်းမှာ အပိုလို (၁၁) ကို လွှတ်တင်ခဲ့ပါတယ်။ အာကာသယာဉ်မှုး အမ်းစထရောင်းဟာ လကမ္ဘာပေါ်ကို ပထမဦးဆုံး အောင်မြင်စွာ ခြေချနိုင်ခဲ့ပြီး ဘုရားသခင်ကို အမှတ်ရ ကျေးဇူးတော်ချီးမွမ်းတဲ့အနေနဲ့လကမ္ဘာပေါ်မှာပဲ ပွဲတော်စားခဲ့ပါတယ်။ လူလိုက်ပါစီးနင်းတဲ့ အာကာသယာဉ်များ လွှတ်တင်အပြီးမှာတော့ အမေရိကန်ပြည်ထောင်စုဟာ လူမဲ့ အာကာယာဉ်များကို ဆက်တိုက် လွှင့်တင်ခဲ့ပါတယ်။ ဗွိုင်ယေဂျာ (၁) နဲ့ (၂) ကို နေမိသားစုဝင် ဂြိုလ်များကို လေ့လာစူးစမ်းဖို့ ၂၀၀၄ ခုနှစ်ထဲကစပြီး အာကာသထဲ လွှတ်တင်ခဲ့ပါတယ်။ အဲဒီယာဉ်နှစ်စီးဟာ နေမိသားစုထဲက ဂြိုလ်များကို အနီးကပ်လေ့လာခဲ့ပြီး ဂြိုလ်များရဲ့ အချက်အလက်နဲ့ဓါတ်ပုံများကို ပြန်လည်ပေးပို့ခဲ့ပါတယ်။ ယခုနှစ် ၂၀၁၁ မှာ ဗွိုင်ယေဂျာ (၁) ဟာ နေမိသားစုကြီးရဲ့ အစွန်အဖျားမှာ ရောက်ရှိနေပါပြီ။ ဗွိုင်ယေဂျာ (၁) ဟာ အဲဒီ အစွန်အဖျား အရပ်ကနေ လူသားတွေရှိတဲ့ ကမ္ဘာဘက် ကင်မရာကို လှည့်ပြီး ဓါတ်ပုံများကို ရိုက်ကူး ပြန်ပို့ခဲ့ပါတယ်။ ပေးပို့ခဲ့တဲ့ ပုံတွေထဲမှာ ကမ္ဘာကြီးကို နေရဲ့ အလင်းရောင်ခြည်တန်းလေးထဲမှာ သေးငယ်လွန်းလှတဲ့ အပြာရောင် အစက်အပျောက်တခုလေးအဖြစ်သာ မြင်ရပါတော့တယ်။ အဲဒီ ဓါတ်ပုံများကို မြင်လိုက်ရတဲ့အခါ ကမ္ဘာပေါ်က လူသားများရဲ့ စိတ်ထဲမှာ "သေးငယ်လွန်းလှတဲ့ ဒီကမ္ဘာကြီးဟာ ဘုရားသခင်အတွက် အရေးပါတာမှ ဟုတ်ပါလေစ" ဆိုတဲ့ အတွေးတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါ့အပြင် " ဒီသေးငယ်လွန်းလှတဲ့ ကမ္ဘာကြီးပေါ်မှာ မှီတင်းနေထိုင်ကြတဲ့ လူသားများကိုကော ဘုရားသခင် ဂရုစိုက်ပါ့မလား " ဆိုတဲ့ သံသယဟာလည်း ကြီးထွားလာခဲ့ကြပါတယ်။
" လက်ညိုးတော်အလုပ်တည်းဟူသော ကိုယ်တော်၏ မိုဃ်းကောင်းကင်ကို၎င်း၊ ပြင်ဆင်တော်မူ သောလနှင့် ကြယ်များကို၎င်း၊ အကျွနု်ပ်ဆင်ခြင်သော်၊
လူသည်အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း။"
(ဆာလံ ၈း၄)
နှစ်ပေါင်းများစွာက ဆာလံဆရာရဲ့ အတွေးကို ၂၁ရာစု လူသားများ တကြော့ပြန် တွေးတောလာကြပါတယ်။ လူသားတွေဟာ စင်္ကြာဝဠာကြီးထဲမှာ တကယ်ပဲ အရေးပါကြပါရဲ့လား။
ဘီစီ ၄၀၀ ကျော်နှစ်များက နာမည်ကြီး ဂရိတွေးခေါ်ပညာရှင်များဖြစ်သူ အရစ်တိုတယ်(လ်) နဲ့ တိုလမီ တို့က နေ၊လ နက္ခတ်တာရာများဟာ ကမ္ဘာကြီးကို ဗဟိုပြုပြီး လည်ပတ်နေတယ်လို့ ဆိုခဲ့ပါတယ်။ Geocentric View လို့ခေါ်တဲ့ အဲဒီအမြင်မှာ ကမ္ဘာဟာ ရွေ့လျားမှုမရှိပဲ တနေရာတည်းမှာသာ ရပ်နေပြီး၊ ကျန်တဲ့ ကောင်းကင်ထက်က အရာတွေဟာ ကမ္ဘာကို လည်ပတ်နေရတယ်လို့လဲ ဆိုပါတယ်။ အဲဒီအမြင်ကြောင့် လူသားတွေဟာ စင်္ကြာဝဠာတခွင်မှာ အရေးပါအရောက်ဆုံးသူများ ဖြစ်ကြတယ်လို့ သူတို့ကိုယ်သူတို့ခံယူခဲ့ကြပါတယ်။ အဲဒီအမြင်ကို ရာစုနှစ်ပေါင်း ၁၈ ရာစုကြာအောင် ကိုင်ဆွဲထားခဲ့ကြပါတယ်။ ဒါပေမဲ့ ၁၅၄၃ ခုနှစ်ရောက်တော့ ကော့ပါးနီးကပ် ဆိုသူက နေ၊လ၊နက္ခတ်တွေဟာ ကမ္ဘာကို ဝန်းရံလည်ပတ်နေတာ မဟုတ်ပဲ၊ ကမ္ဘာအပါအဝင် ကျန်တဲ့ ဂြိုလ်များကသာ နေကို လှည့်ပတ်နေကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ကမ္ဘာကြီးဟာ သာမာန်ဂြိုလ်တလုံးသာဖြစ်ပြီး မိမိဝန်ရိုးအပေါ်မှာ လည်နေသည်သာမက အခြားသောဂြိုလ်များနှင့်အတူ နေကို လှည့်ပတ်သွားလာနေပါတယ်ဆိုတဲ့ ကော့ပါးနီကပ်ရဲ့ အဆိုဟာ ပိုမိုမှန်ကန်လာကြောင်း သိလာတာနဲ့အမျှ စင်္ကြာဝဠာကြီးမှာ မိမိတို့ဟာ အရေးပါသူများဖြစ်တယ်ဆိုတဲ့ လူသားတွေရဲ့ ခံယူချက်ဟာ ပြိုကြသွားပြီး သေးသိမ်သွားသလို ခံစားလိုက်ရကြပါတယ်။ မိမိတို့ဟာ အခြားသော နေစင်္ကြာဝဠာထဲက ဂြိုလ်များထက် ဘာမှ ပိုလို့မထူးခြားတဲ့ ဂြိုလ်ငယ်လေးတလုံးပေါ်မှာ မထင်မရှားနေရတာပါလားလို့လည်း ထင်မြင်လာကြပါတယ်။
ဒီထက်ပိုပြီး ဆိုးသွားတာကတော့ အက်ဒွင်ဟာဘယ်(လ်)ဟာ နက္ခတ်တာရာကြည့်မှန်ပြောင်းကို တီထွင်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ အက်ဒွင်ဟာ သူ့ရဲ့ အားကောင်းလှတဲ့ နက္ခတ်ကြည့်မှန်ပြောင်းကနေတဆင့် အာကာသတခွင်ကို ကြည့်ရှု့လေ့လာလိုက်တဲ့အခါမှာ၊ ကမ္ဘာကြီးနဲ့အခြားဂြိုလ်တွေ အတူတကွ ဗဟိုပြုပြီး ပတ်နေတဲ့ နေဟာ ကြယ်တခုသာဖြစ်ပြီး၊ မစ်လ်ကီးဝေးလို့ခေါ်တဲ့ ဂလက်ဆီကြယ်စုကြီးထဲက ဘီလီယံပေါင်းများစွာရှိတဲ့ ကြယ်စုများအနက် တစ်ခုသော ကြယ်သာ ဖြစ်ကြောင်း သိလိုက်ရပါတော့တယ်။ ဒါ့အပြင် မစ်လ်ကီးဝေးလို ဂလက်ဆီကြယ်စုမျိုးဟာ စင်္ကြာဝဠာကြီးထဲမှာ ဘီလီယံနဲ့ချီပြီး ရှိနေကြောင်းတွေ့လိုက်ရတော့ စကြာဝဠာကြီးရဲ့ ကြီးမားမှုဟာ လူတွေရဲ့ ဉာဏ်နဲ့တွေးယူလို့မရအောင် ကြီးမားလှကြောင်း သိရှိလိုက်ရပါတယ်။ မီးလ်ကီးဝေးဂလက်ဆီကလည်း အခြားအခြားသော ဂလက်ဆီများထက် ဘာမှ ပိုပြီး မထူးခြားလှတဲ့ ကြယ်စုဝေးကြီးသာဖြစ်ကြောင်း သိလိုက်ကြရတဲ့ အချိန်မှာတော့ "ကမ္ဘာမြေကြီးနဲ့လူသားတွေဟာ ရည်ရွယ်ချက်ရှိရှိနဲ့ဖြစ်တည်လာတာမှ ဟုတ်ပါရဲ့လား၊ မတော်တဆ တိုက်ဆိုက်စွာ အဓိပ္ပါယ်မဲ့ ဖြစ်ပေါ်လာတာလား " ဆိုတဲ့ မေးခွန်းကြီးဟာ ၂၁ ရာစုနှစ် ခေတ်မှီလူသားတွေရဲ့ အတွေးထဲမှာ နက်ရှိုင်းစွာ ဖြစ်ပေါ်လာကြပါတော့တယ်။
စကြာဝဠာကြီးထဲမှာ အခြားသော သက်ရှိများ ရှိကြပါ၏လော?
" စကြာဝဠာကြီးမှာ ကမ္ဘာလိုမျိုး ဂြိုလ်တွေဟာ မရေမတွက်နိုင်အောင်ရှိပြီး၊ မရေမတွက်နိုင်တဲ့ သက်ရှိပုံစံမျိုးစုံ ရှိကောင်းရှိနိုင်ပါတယ်။"
Robert Jastrow
စင်္ကြာဝဠာကြီးမှာ ကြယ်တွေ၊ ဂြိုလ်တွေ သန်းပေါင်း ထောင်ပေါင်းများစွာ ရှိနေကြောင်း သိရှိလာတဲ့ အချိန်မှာ၊ ကမ္ဘာလို ဂြိုလ်တွေဟာ မရေမတွက်နိုင်အောင် ရှိနိုင်တယ်ဆိုတာကို လူသားတွေ ခန့်မှန်းလာကြပါတယ်။ ဒါ့အပြင် ကမ္ဘာပေါ်ကလိုမျိုး အသိဉာဏ်အဆင့်မြင့်တဲ့ အခြားသက်ရှိသတ္တဝါတွေလည်း စင်္ကြာဝဠာကြီးထဲမှာ ပြန့်နှံ့နေတဲ့ ဂြိုလ်တွေထဲမှာ ရှိကောင်းရှိနိုင်တယ်လို့ယူဆလာကြပါတယ်။ ဒါကြောင့်လည်းပဲ SETI (Search for Extra Terrestrial Intelligence) လို့ဆိုတဲ့ ကမ္ဘာ့ပြင်ပမှာ ရှိတဲ့ အဆင့်မြင့်သက်ရှိများကို ရှာဖွေတဲ့ စီမံကိန်းကို ၁၉၆၀ နှစ်များမှာ စတင်ခဲ့ပါတယ်။ အဲဒီစီမံကိန်းက တခြားဂြိုလ်သားတွေက အာကာသယာဉ်တွေ စီးနင်းပြီး ကမ္ဘာကို လာရောက်လည်ပတ်ဖို့စောင့်နေခြင်းမဟုတ်သလို လူသားတွေက အခြားဂြိုလ်တွေ သွားရောက်လည်ပတ်မယ့် အစီအစဉ်မျိုးလည်း မဟုတ်ပါဘူး။ အားကောင်းလှတဲ့ ရေဒီယို တယ်လီစကုပ်တွေကို ကြယ်စုတွေဆီ ချိန်ရွယ်ပြီး အခြားသော ဂြိုလ်များကြယ်များဆီက အဆင့်မြင့်သက်ရှိတွေရဲ့ ရေဒီယိုအချက်ပြလှိုင်းတွေကို ရလိုရငြား ဖမ်းယူ လေ့လာခြင်းပဲ ဖြစ်ပါတယ်။ ယခုအချိန်ထိ အခြားကမ္ဘာကသက်ရှိတွေရဲ့ ရေဒီယိုအချက်ပြလှိုင်းတွေကို ဖမ်းယူရရှိခဲ့ခြင်း မရှိကြပေမဲ့လည်း လူတွေရဲ့ စိတ်ထဲမှာ အခြားသက်ရှိတွေ ရှိကောင်းရှိမယ်ဆိုတဲ့ စိတ်ကူးယာဉ်မှုကတော့ ပျောက်ဆုံးမသွားခဲ့ပါဘူး။
" စကြာဝဠာကြီးဟာ ဂြိုလ်ပေါင်း၊ နေအစင်းပေါင်း မြောက်မြားစွာ နဲ့ ပြည့်နှက်နေပါတယ်။ တကယ့်လို့များသာ ကမ္ဘာကြီးဟာ အလွန့်အလွန် ထူခြားခြင်းမက ထူးခြားစွာ တည်ဆောက်ထားတာ မဟုတ်ရင် ကမ္ဘာကြီးမှာ ဖြစ်ပျက်ခဲ့သလိုမျိုး အခြားဂြိုလ်တွေမှာလည်း ဖြစ်ပျက်နိုင်ခြေရှိပြီး သက်ရှိများလည်း ရှိကောင်းရှိနိုင်တယ်။ မစ်လ်ကီးဝေးဂလက်ဆီထဲမှာတင်ပဲ ကြယ်ပေါင်း သန်းပေါင်းထောင်ပေါင်းများစွာရှိတာကြောင့် မီးလ်ကီးဝေးထဲမှာ ကမ္ဘာလို ဂြိုလ်မျိုး ရာနဲ့ချီပြီး ရှိနေနိုင်တယ်" ဆိုပြီးတွေးဆချက် မျိုးတွေနဲ့သက်ရှိများကို ရှာဖွေနေခြင်းတွေကို ဆက်လက်လုပ်ကိုင်လျက် ရှိပါတယ်။ SETI စီမံကိန်းနဲ့ပြီးတဲ့နောက် ထပ်ပြီး ပေါ်ထွက်လာတာကတော့ Astrobiology လို့ခေါ်တဲ့ သက်ရှိတို့ရဲ့ မူလဇစ်မြစ်ကို ရှာဖွေတဲ့ သုတေသနပြု ပညာရပ်ပါပဲ။ ၁၉၉၅ခုနှစ်လောက်မှာ အစပြု သန္ဓေတည်ခဲ့တဲ့ အဲဒီပညာရပ်က နေစင်္ကြာဝဠာမိသားစုမှာ ရှိနေတဲ့ ဂြိုလ်များမှာ သက်ရှိများကို ရှာဖွေခဲ့ကြသလို အခြားသော ကြယ်များကို ဝိုင်းရံလည်ပတ်နေတဲ့ ဂြိုလ်များမှာလည်း သက်ရှိများကို ရှာဖွေခဲ့ကြပါတယ်။ အဲဒီလိုရှာဖွေခဲ့ရာမှာ ဂြိုလ်ပေါင်း ၁၀၀ ခန့်ကို ရှာဖွေတွေ့ရှိခဲ့ပေမဲ့ အများကတော့ ဂျူပီတာဂြိုလ်လိုမျိုး ဓါတ်ငွေ့လုံးကြီးသာဖြစ်ပြီး မိုက်ကရုပ်လို အရိုးရှင်းဆုံးသက်ရှိလေးတွေတောင် ရှိနိုင်ဖို့ရန် မလွယ်ကူလှပါဘူး။ အဲဒီလို ကမ္ဘာကလွဲလို့အခြားသော ဂြိုလ်တွေမှာ သက်ရှိများကို ရှာတွေ့ရှိဖို့ရန် ခက်ယဉ်းလာတာကြောင့် "ဒီကမ္ဘာကြီးဟာ သက်ရှိတွေ နေထိုင်ဖို့ထူးခြားစွာတည်ဆောက်ထားတာများ ဖြစ်လေမလား" ဆိုတဲ့ အတွေးများက လူသားတွေကို ပြန်လည်လွှမ်းမိုးလာခဲ့ပါတယ်။
သက်ရှိများဖြစ်တည်နိုင်သည့် အခြေအနေ
နေစင်္ကြာဝဠာရဲ့ အခြားသောဂြိုလ်များမှာ သက်ရှိများ ရှိမရှိသိနိုင်ဖို့အတွက် အရင်ဦးဆုံး သက်ရှိများ ဖြစ်ပေါ်ရပ်တည်နိုင်ဖို့အခြေခံလိုအပ်ချက်များကို ဒီကမ္ဘာကြီးမှာပဲ ရှာဖွေခဲ့ကြပါတယ်။ ဒီကမ္ဘာမှာရှိတဲ့ သက်ရှိတွေအတွက် အခြေခံလိုအပ်ချက်တွေက အခြားသော ဂြိုလ်ကမ္ဘာတခုမှာ ပြည်စုံ ကိုက်ညီခဲ့လို့ရှိရင် အဲဒီဂြိုလ်မှာ သက်ရှိတွေ ရှိနိုင်ဖို့ အခွင့်အလမ်းပိုများနိုင်ပါတယ်။ အဲဒီလိုယူဆနိုင်တာကလဲ ဓာတုဗေဒနိယာမများနဲ့ရူပဗေဒနိယာမများက ကမ္ဘာပေါ်မှာသာ မှန်တာမဟုတ်ပဲ စင်္ကြာဝဠာ မည်သည့်နေရာမှမဆို အမြဲမှန်နေလိုပဲဖြစ်ပါတယ်။ ဒါဖြင့်ရင် သက်ရှိတွေအတွက် အခြေခံလိုအပ်ချက်က ဘာတွေပါလဲ။
ရေရှိခြင်း
" ထမင်းအသက်ခုနှစ်ရက်၊ရေအသက်တမနက်" လို့ဆိုကြတဲ့အတိုင်း ရေဟာ သက်ရှိတွေအတွက် မရှိမဖြစ်လိုအပ်အရာဖြစ်ပါတယ်။ ရေ လို့ဆိုတဲ့အခါမှာ အရည်ဖြစ်နေတဲ့ ရေကို ဆိုလိုပါတယ်။ အခဲအသွင်ဖြစ်နေတဲ့ ရေခဲကို မဆိုလိုပါဘူး။ အခြားကမ္ဘာမှာ သက်ရှိများရှိမရှိ ရှာဖွေတဲ့အခါမှာ ပထမဦးဆုံး အဲဒီကမ္ဘာမှာ ရေရှိမရှိကို အရင်ရှာကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ရေမှာရှိတဲ့ ပျော်ဝင်သတ္တိဟာ ကာဗွန်နဲ့တည်ဆောက်ထားတဲ့ သက်ရှိတွေရဲ့ လိုအပ်တဲ့ ဓာတုပစ္စည်းတွေကို ထောက်ပံ့ဖြည့်စွက်ပေးနိုင်သလို ၊ ရေမှာရှိတဲ့ နေရောင်ခြည်အပူဒဏ်ကို စုပ်ယူနိုင်ထားစွမ်းကလည်း ကမ္ဘာမျက်နှာပြင်မှာ ညီမျှတဲ့ အပူချိန်ကို ဖြစ်ပေါ်စေပါတယ်။ ဂြိုလ်တခုမှာ ရေရှိနိုင်ဖို့အဲဒီဂြိုလ်ဟာ သူပတ်နေတဲ့ နေရဲ့ သင့်တင့်လျှောက်ပတ်တဲ့ ဇုံအတွင်းမှာ ရှိနေဖို့လိုပါတယ်။ အင်္ဂလိပ်လိုတော့ Habitable Zone (HZ) လို့ ခေါ်ပါတယ်။ အချို့ကတော့ Goldilocks Zone လို့လဲခေါ်ကြပါတယ်။ ကမ္ဘာကြီးဟာ နေမင်းကြီးကို ပတ်နေတဲ့ နေရာမှာ Habitable Zone ထဲမှာ ရှိနေပါတယ်။ ဒါကြောင့် ကမ္ဘာပေါ်မှာ ရေကိုပေါများစွာ တွေ့ရခြင်းဖြစ်ပါတယ်။ တကယ်လို့များ ကမ္ဘာကြီးဟာ အခုပတ်နေတဲ့ လမ်းကြောင်းထက် ၅% ပဲ ပိုနီးကပ်သွားလို့ရှိရင် နေနဲ့နီးကပ်စွာ ပတ်နေတဲ့ ဗီးနပ်ဂြိုလ် ရဲ့ ကြမ္မာမျိုး ကြုံရမှာ ဖြစ်ပါတယ်။ အခုရှိနေတဲ့ ရေတွေဟာ ပွက်ပွက်ဆူပြီး ဖာရင်ဟိုက် ၉၀၀ လောက်အထိ အပူချိန်တက်သွားနိုင်ပါတယ်။ အဲဒီလို ဖြစ်လာရင် ဘယ်သက်ရှိမှ ရှိနိုင်တော့မှာ မဟုတ်ပါဘူး။ အခြားတဖက်မှာလည်း ကမ္ဘာကြီးဟာ အခု ပတ်နေတဲ့ လမ်းကြောင်းထက် ၂၀% ပို ဝေးပြီး ပတ်နေခဲ့လို့ရှိရင် ကာဗွန်ဒိုင်အောက်ဆိုဒ် တွေဟာ လေထုအပြင်လွှာမှာ ဖြစ်ပေါ်လာပြီး ကမ္ဘာပေါ်မှာ ရှိတဲ့ ရေတွေဟာ အေးခဲသွားလို့ အဆုံးမှာ မား(စ်)ဂြိုလ်လို အဖြစ်မျိုး ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ မား(စ်)ရဲ့ နေရာတချို့မှာ ရေအချို့ကြွင်းကျန်နိုင်သေးမဲ့ မား(စ်)မှာ သက်ရှိတွေရှိနိုင်ဖို့အခြေအနေအလွန်မှ နည်းပါးပါတယ်။ ဘာကြောင့်မလို့လဲဆိုတော့ ရေဟာ သက်ရှိတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာဖြစ်ပေမဲ့၊ သက်ရှိတွေဖြစ်ပေါ်ရပ်တည်နိုင်ဖို့ရေတခုတည်းနဲ့မလုံလောက်လို့ပါပဲ။ သက်ရှိတွေဖြစ်ပေါ်ဖို့ လိုအပ်တဲ့ အချက်များစာရင်းကို ပြုစုရင်းနဲ့ပဲ အဲဒီလိုအပ်ချက်စာရင်းဟာ တဖြည်းဖြည်းများလာပါတယ်။
အပေါ်ယံမြေလွှာရှိခြင်း
ကမ္ဘာကြီးမှာ မာကျောတဲ့ အပေါ်ယံမြေလွှာရှိပါတယ်။ အဲဒီအပေါ်ယံမြေလွှာပေါ်မှာ သက်ရှိများ မှီတင်းနေထိုင်ကြခြင်း ဖြစ်ပါတယ်။ နေမိသားစုထဲက ဂြိုလ်ဖြစ်တဲ့ ဂျူပီတာဟာ ဓါတ်ငွေ့လုံးသာရှိပြီး မာကျောတဲ့ အပေါ်ယံမြေလွှာမရှိတဲ့ အတွက် အာကာသာယာဉ်များတောင် ဆင်းသက်လို့မရပါဘူး။ ကမ္ဘာကြီးရဲ့ အပေါ်ယံမြေလွှာကျောကို ရွေ့လျားနိုင်တဲ့ မြေလွှာပိုင်း (Tectonic Plates) ပေါင်း ၁၂ ခု နဲ့တည်ဆောက်ထားပါတယ်။ ဒီအပေါ်ယံမြေလွှာဟာ အပါးဆုံး ၄ မိုင်ရှိပြီး၊ အထူဆုံး မိုင် ၃၀ ခန့်ရှိပါတယ်။ တကယ်လို့များ ဒီမြေလွှာဟာ အနည်းငယ် ပိုပြီးထူခဲ့လို့ရှိရင် Tectonic Plates တွေဟာ ရွှေလျားနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကမ္ဘာ့မြေလွှာဟာ မှန်ကန်တဲ့အထူရှိတာကြောင့် Tectonic Plantes တွေ မကြာခဏဆိုသလို ရွေ့လျားနိုင်တဲ့အတွက် ကမ္ဘာအတွင်းပိုင်းက အပူချိန်ကို မျှတစေပြီး၊ ကာဗွန်ဓါတ်ကို လည်း ပြန်လည် အသုံးပြုနိုင်စေပါတယ်။ဒါ့အပြင် သက်ရှိတွေအတွက် လိုအပ်တဲ့ ဓါတ်တွေကို အချိုးအစားညီမျှအောင် ရောမွှေသမပေးသလို တိုက်ကြီးတွေရဲ့ ပုံသဏ္ဍန်ကိုလည်း ပြုပြင်ပေးပါတယ်။
မှန်ကန်သော သံလိုက်ဓါတ်အား ရှိခြင်း
ကမ္ဘာမြေကြီးအတွင်းပိုင်းမှာ သံရည်ပူတွေရှိပါတယ်။ အဲဒီသံရည်ပူတွေဟာ လှုပ်ရှားလည်ပတ်နေတာကြောင့် ကမ္ဘာကြီးရဲ့ ပတ်ပတ်လည်မှာ သံလိုက်စက်ကွင်းကြီး ဖြစ်ပေါ်လာပြီး တကမ္ဘာလုံးကို ခြုံလွှမ်းထားပါတယ်။ တကယ်လို့များ ကမ္ဘာကြီးဟာ အခုရှိနေတဲ့ အရွယ်အစားထက် အနည်းငယ်များ သေးသွားမယ်ဆိုရင် သံလိုက်စက်ကွင်းရဲ့ အားဟာ ပျော့သွားတဲ့ အတွက် နေကနေလာတဲ့ နေလှိုင်း( Solar wind) ဒဏ်ကို အကာအကွယ် မပေးနိုင်တော့ပါဘူး။ ကမ္ဘာကြီးရဲ့ လေထုလွှာဟာ နေလှိုင်းဒဏ်ကြောင့် တဖြည်းဖြည်းလျော့ပါးလာပြီး အဆုံးမှာ မား(စ်) ဂြိုလ်လိုမျိုး လေထုလွှာမရှိတဲ့ လွင်တီးခေါင် အခြေအနေမျိုး ရောက်သွားနိုင်ပါတယ်။
လေထုလွှာရှိခြင်း
ကမ္ဘာကြီးရဲ့ အရေးပါဆုံးအရာတခုကတော့ လေထုလွှာပဲ ဖြစ်ပါတယ်။ ဒီလေထုလွှာဟာ ကမ္ဘာရဲ့ အချင်းနဲ့စာရင် ၁%တောင် မရှိပါဘူး။ အောက်စီဂျင်၊ နိုင်ထရိုဂျင် နဲ့ကာဗွန်ဒိုင်အောက်ဆိုဒ် တွေ နဲ့ အချိုးအစားသင့်တင်စွာ ဖွဲ့စည်းထားတဲ့ ဒီလေထုလွှာကြီးဟာ နေရောင်ခြည်ရဲ့ အဆိပ်သင့်ရောင်ခြည်များမှ အကာအကွယ်ပေးတဲ့အပြင် ညီမျှတဲ့ ဥတုရာသီကို ဖြစ်ပေါ်စေပါတယ်။ သက်ရှိသတ္တဝါများ အတွက် လိုအပ်တဲ့ ဓါတ်ငွေ့များကို ဖြည့်ဆည်းပေးသလို ရေဖြစ်ပေါ်ဖွဲ့စည်းမှုကိုလည်း ထိန်းသိမ်းပေးပါတယ်။
ကြီးမားသည့် လရှိခြင်း
ကမ္ဘာကြီးရဲ့ အရွယ်နဲ့စာလို့ရှိရင် လဟာ လေးပုံတပုံလောက် အရွယ်ရှိတာကြောင့် ကြီးမားတဲ့ လလို့ဆိုနိုင်ပါတယ်။ လရဲ့ အတော်အတန်ကြီးမားတဲ့ ဆွဲငင်အားကြောင့် ကမ္ဘာကြီးဟာ ၂၃.၅ ဒီဂရီ တိမ်းစောင်းပြီး မိမိဝင်ရိုးကို လည်နေတဲ့ နေရာမှာ တည်ငြိမ်အောင် ထိမ်းထားပေးပါတယ်။ ဒီလိုတည်ငြိမ်တည့်မတ်စွာ လည်နေတာကြောင့် ရာသီဥတုဟာ ကြမ်းတမ်းလှခြင်းမရှိပဲ သာသာယာယာရှိနေတာကြောင့် သက်ရှိများ တည်ရှိနေခြင်းပဲဖြစ်ပါတယ်။
သင့်တင့်လျောက်ပတ်သည့် နေရှိခြင်း
ကမ္ဘာကြီးက ပတ်နေတဲ့ နေဟာ G-2 အမျိုးအစား ကြယ်တမျိုးဖြစ်ပါတယ်။ အဆင့်မြင့် သက်ရှိသတ္တဝါတွေ ဖြစ်ထွန်းဖို့အတွက် အခုရှိနေတဲ့ နေလိုမျိုး လိုအပ်ပါတယ်။ တကယ်လို့များ နေမင်းကြီးဟာ ဒီထက်များ အနည်းငယ်သေးသွားမယ်ဆိုရင် ( ဂလက်ဆီထဲမှာ ရှိတဲ့ ကြယ်များရဲ့ ၉၅% ဟာ နေထက်သေးငယ်ကြပါတယ်) Habitable Zone ဟာ နေနဲ့ပိုလို့နီးကပ်သွားပါတယ်။ အဲဒီအခါမှာ ကမ္ဘာဟာ ကြီးမားလာတဲ့ နေရဲ့ ဆွဲငင်အားကြောင့် မိမိဝင်ရိုးပေါ်မှာ လည်ပတ်မနေနိုင်တော့ပဲ အသေဖြစ်သွားနိုင်ပါတယ်။ အဲဒီလိုဖြစ်သွားရင် နေဖက်မျက်နှာမူနေတဲ့ ကမ္ဘာ့တဖက်ခြမ်းဟာ နေရောင်ခြည်ဒဏ်ကို အမြဲခံနေရပြီး၊ ကျန်တဖက်ကတော့ အမြဲအေးနေမှာ ဖြစ်ပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ ဘယ်သက်ရှိသတ္တဝါမှ ရှိနေနိုင်ကြတော့မှာ မဟုတ်ပါဘူး။
အထက်ဖော်ပြပါအချက်အလက်များအပြင် မီးလ်ကီးဝေးထဲမှာ ကမ္ဘာကြီးဟာ သင့်တင့်တဲ့ အရပ်မှာ တည်ရှိနေခြင်း၊ ကြယ်တံခွန်များ၊ဥကာပျံများရဲ့ အန္တာရယ်တွေကနေ ကြီးမားတဲ့ ဂြိုလ်များက အကာအကွယ်ပေးမှုကို ခံထားရခြင်း စတဲ့ အချက်အလက်များကို စုဆောင်းလိုက်တဲ့ အခါမှာ သက်ရှိများဖြစ်ပေါ်ဖို့အတွက် လိုအပ်တဲ့ အချက်အလက် စုစုပေါင်း ၂၀ ခန့်ကို သိပ္ပံပညာရှင်များ စုဆောင်းရရှိလိုက်ကြပါတယ်။
သုတေသနေပြုကြသူတချို့ ဒီအချက်အလက်တွေအားလုံးပြည့်စုံနိုင်ဖို့ ဖြစ်နိုင်ခြေကို တွက်ကြပါတယ်။ လိုအပ်ချက် တခု အတွက် ဖြစ်နိုင်ခြေကို သမားရိုကျ နည်းနဲ့ ဆယ်ပုံပုံ တပုံထားပြီး တွက်လိုက်တဲ့အခါမှာ လိုအပ်ချက် အားလုံးပြည့်စုံဖို့အတွက် ဖြစ်နိုင်ချေဟာ အရမ်းကို သေးငယ်လွန်းတာတွေ့ရပါတယ်။ ကိန်ဂဏန်းနဲ့ဖော်ပြရရင်
၁
---------------------------------
၁,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀
မီးလ်ကီးဝေး ဂလက်ဆီထဲမှာ ကြယ်ပေါင်း ၁၀၀ ဘီလီယံရှိပါတယ်။ ၁ ဘီလီယံဟာ ၁ နောက်မှာ သုံည ၉ လုံးရှိတာကြောင့် ၁၀၀ ဘီလံယံဟာ ၁ နောက်မှာ သုံည ၁၁ လုံးသာရှိပါတယ်။ ဒီအရေအတွက်ဟာ အထက်က ဖြစ်နိုင်ခြေကိန်းဂဏန်း နဲ့စာရင် အရမ်းကို ငယ်နေပါသေးတယ်။ ဆိုလိုတာကတော့ ဘီလီယံပေါင်းများစွာ ကြယ်တွေစုနေတဲ့ ဒီဂယ်လက်ဆီကြီးထဲမှာ ကမ္ဘာလိုမျိုး အဆင့်မြင့်သက်ရှိတွေ ရှိနေဖို့ဆိုတာ အလွန်မှ ကို မဖြစ်နိုင်တဲ့ အရာ ဖြစ်နေကြောင်းတွေ့ရပါတယ်။ တနည်းအားဖြင့်တော့ လူသားတွေနဲ့ သက်ရှိများဟာ ဒီဂယ်လက်ဆီကြီးထဲမှာ အလွန့်အလွန့်ကို ရှားပါးစွာ ဖြစ်တည်လာတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
"Rare Earth"(ရှားပါးသည့် ဤကမ္ဘာ) အမည်ရှိတဲ့ စာအုပ်ကို ရေးသားသူ၊ နာဆာအဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ Donald Brownlee က
" စင်္ကြာဝဠာတပြင်မှာ ရှိတဲ့ ဂြိုလ်တွေထဲမှာ အရိုးရှင်းဆုံးသက်ရှိသတ္တဝါတွေ ဖြစ်တဲ့ မိုက်ကရုပ်လို သက်ရှိမျိုး ရှိကောင်းရှိနိုင်ပေမဲ့ အဆင့်မြင့်လှတဲ့ လူလို သတ္တဝါတွေလို သက်ရှိများရှိနိုင်ဖို့ကတော့ အလွန့်အလွန်ကို မလွယ်ကူလှပါဘူး။ စင်္ကြဝဠာရဲ့ နေရာအတော်များများဟာ သက်ရှိတွေ အတွက် အန္တာရယ်များလှပါတယ်။ တခြားဂြိုလ်တွေဟာ ကျွန်တော်တို့ကမ္ဘာနဲ့ဘယ်လိုမှ ယှဉ်လို့မရပါဘူး။ ကျွန်တော်တို့လို ကမ္ဘာကြီးမျိုးဟာ တကယ့်ကို ရှားပါးလှပါတယ်။ ဒီကမ္ဘာကြီးဟာ သက်ရှိတွေ နေထိုင်ဖို့တမင်သက်သက်များ ဖန်တီးထားသလိုမျိုးပါပဲ။ ကျွန်တော်တို့သက်ရှိတွေ လိုအပ်တဲ့ လေက စလို့အစားအစား အဆုံး ပြီးပြည့်စုံစွာ ရှိနေပါတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ကျွန်တော်တို့တတွေပဲ ရှားရှားပါးပါး ဖြစ်ပေါ်လာရတာလဲ။ တိုက်တိုက်ဆိုင်ဆိုင် ကံကောင်းသွားလို့ပဲလား ။ ဒါမှမဟုတ် အခြားအကြောင်းတကြောင်းရှိလို့ပဲလား။"
ဖန်းဆင်းခြင်းလက်ရာများကို ဖော်ပြလိုခြင်းပေလော
လူသားတွေအပါအဝင် သက်ရှိသတ္တဝါတွေ ရှားရှားပါးပါးဖြစ်တည်နေတာဟာ အလွန့်အလွန့်ကံကောင်းစွာ တိုက်ဆိုက်သွားလို့လေပဲလား။ ဒါမှမဟုတ် ရည်ရွယ်ချက်ရှိစွာနဲ့ ဖန်တီးဖြစ်ပေါ်လာခြင်းပေပဲလား။ရည်ရွယ်ချက်ရှိခဲ့ရင်လည်း အဲဒီရည်ရွယ်ချက်က ဘာပါလဲလို့မေးစရာ ဖြစ်လာပါတယ်။
" ကျွန်တော်တို့သက်ရှိလူသားတွေ ဖြစ်ပေါ်တည်ရှိနိုင်ဖို့အတွက် အခြေအနေကောင်းတွေ အလွန်ကို ရှားပါးလှပါတယ်။ အဲဒီရှားပါးလှတဲ့ အခြေအနေတွေကလည်း လူတွေအတွက် သိပ္ပံဆိုင်ရာအချက်အလက်တွေ ရှာဖွေတွေ့ရှိဖို့အတွက် အကောင်းဆုံးအခြေအနေတွေလည်း ဖြစ်နေတာကို တွေ့ရပြန်ပါတယ်။"
Guillermo Gonzalez
လူသားများအပါအဝင် သက်ရှိတွေ ဖြစ်ပေါ်ဖို့ခက်ခဲလှကြောင်း သိလာကြပါတယ်။ ဒီလို ရှားပါးစွာ ဖြစ်တည်မှုနဲ့အတူ သက်ရှိတွေအတွက် ရည်ရွယ်ချက်က စင်္ကြဝဠာကြီးကို လေ့လာနိုင်ဖို့ပဲ ဖြစ်ပါတယ်။ အဲဒီရည်ရွယ်ချက်ကို နေကြတ်ခြင်းဖြစ်စဉ် လေ့လာရာက အစပြုပြီး နားလည်လာကြပါတယ်။
နေကြတ်ခြင်း
၁၉၉၅ ခု အောက်တိုဘာ ၂၄ ရက်နေ့မှာ အိန္ဒိယပြည်မှာ နေကြတ်ခြင်း ဖြစ်ပေါ်ခဲ့ပါတယ်။ နေကြတ်ခြင်းကို အလွန့်အလွန် ရခဲလှတဲ့ အခွင့်အရေးတရပ်အနေနဲ့ သိပ္ပံပညာရှင်များ အိန္ဒိယကို အပြေးအလွှား သွားရောက်လေ့လာခဲ့ပါတယ်။ နေကြတ်ခြင်းဆိုတာ နေနဲ့ကမ္ဘာကြားမှာ လကရောက်ရှိသွားတာကြောင့် နေဝန်းကို လက ဖုံးအုပ်သွားတာဖြစ်ပါတယ်။ အဲဒီအချိန်မှာ နေရဲ့အလင်းကို လကဖုံးကာသွားတာကြောင့် ညပမာဖြစ်သွားပြီး နေအလင်းရောင်ကို ဖြိုးဖြိုးဖြဖြလေးသာ မြင်ရပါတော့တယ်။ ဒါပေမဲ့ လုံးလုံးဖုံးအုပ်သွားတာတော့ မဟုတ်ပါဘူး။ နေရဲ့ အဝန်းဝိုင်းကို လရဲ့ အဝန်းပတ်လည်မှာ ငွေနားရေးလို မြင်ရပါသေးတယ်။ နေဟာ လထက် အဆ လေးရာကြီးပေမဲ့ လက နေကနေ အဆလေးရာကွာတဲ့ နေရာမှာ ရှိနေတာကြောင့် လုံးဝဖုံးအုပ်သွားခြင်းမဟုတ်ပဲ အံကိုက်ဖုံးအုပ်သွားတာကို တွေ့ရပါတယ်။ ဒီအချက်ကို သိပ္ပံပညာရှင်များက တိုက်ဆိုင်မှုတစ်ရပ်အဖြစ် နှစ်ပေါင်းများစွာကတည်းက သတိထားမိခဲ့ကြပြီး အံ့သြခြင်းများစွာ ဖြစ်ခဲ့ကြပါတယ်။
နေကြတ်ချိန်မှာ နေရဲ့အလင်းရောင်ကို သုံးမြှောင့်ဖန်တုံး(Prism) နဲ့ကြည့်လိုက်တဲ့အခါမှာ သက်တန့်လို ရောင်စဉ်တန်းကို ရရှိပါတယ်။ အဲဒီရောင်စဉ်တန်းကို လေ့လာတဲ့အခါမှာ နေကို ဟီလီယံ ဓါတ်ငွေ့နဲ့ဖွဲ့စည်းထားတာကို လေ့လာနိုင်ခဲ့ကြပါတယ်။ ကြယ်တစ်ခုဖြစ်တဲ့ နေအကြောင်းကို သိရှိလာတာနဲ့အတူ ကျန်တဲ့ စင်္ကြာဝဠာတခွင်က ကြယ်တွေအကြောင်းကိုလည်း ပိုမိုသိရှိလာဖို့ အခွင့်အလမ်းများစွာရရှိခဲ့ကြပါတယ်။ တကယ်လို့များသာ လရဲ့အရွယ်ပမာဏဟာ အနည်းငယ်သေးသွားမယ်ဆိုရင် နေကြတ်ချိန်မှာ နေရဲ့အလင်းရောင်များလွန်းသွားတာကြောင့် နေဖွဲ့စည်းပုံကို လေ့လာနိုင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ အရာပါ။ လဟာ အနည်းငယ်ကြီးသွားမယ်ဆိုရင်လည်း နေကြတ်ချိန်မှာ နေတခုလုံးပိတ်သွားတာကြောင့် နေဖွဲ့စည်းပုံကို လေ့လာဖို့ဆိုတာ မဖြစ်နိုင်ပြန်ပါဘူး။ ဒါပေမဲ့ လအရွယ်နဲ့အကွာအဝေးဟာ အခုလို အံ့ကိုက်ဖြစ်သွားတာကြောင့် နေအကြောင်းကို လေ့လာနိုင်ခြင်းပဲဖြစ်ပါတယ်။ နေကြတ်တဲ့အချိန်မှာပဲ အနီးအနားက ကြယ်တွေကနေ လာတဲ့အလင်းကို လေ့လာနိုင်ခဲ့ပါတယ်။ အဲဒီကြယ်တွေရဲ့အလင်းရောင်ကနေ အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီဖြစ်တဲ့ " အလင်းရောင်သည် ဆွဲငင်အားကြောင့် ကွေ့ကောက်သွားနိုင်တယ်" ဆိုတဲ့ အချက်ကိုလည်း အတည်ပြုနိုင်ခဲ့ပါတယ်။
ကမ္ဘာကို ၂၃.၅ ဒီဂရီ စောင်းပြီး မိမိဝန်ရိုးပေါ်မှာ လည်နေနိုင်စေဖို့ လက အကူအညီပေးပါတယ်။ အဲဒီလိုလည်ပတ်နေခြင်းအားဖြင့် သင့်တင့်မျှတတဲ့ရာသီဥတုကို လက ဖြစ်ပေါ်စေပါတယ်။ ကမ္ဘာဟာ နေနဲ့ သင့်တင့်မျှတတဲ့ အကွာအဝေးမှာ ရှိနေတာကြောင့် ကမ္ဘာပေါ်မှာ ရေရှိနိုင်ပြီး သက်ရှိတွေ မြောက်မြားစွာ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ နေနဲ့လ တို့က သက်ရှိတွေကို ရပ်တည်နိုင်ဖို့ ဖန်တီးပေးသလို တချိန်တည်းမှာပဲ နေကြတ်ခြင်းလို ဖြစ်စဉ်ကနေ စင်္ကြဝဠာအကြောင်း တစေ့တစောင်း လေ့လာနိုင်ဖို့ အခွင့်ပေးထားခြင်းလည်း ဖြစ်ပါတယ်။
ကြည်လင်သည့် လေထုလွှာ
ကမ္ဘာကြီးကို ထွင်းဖောက်မြင်နိုင်တဲ့ ကြည်လင်တဲ့ လေထုလွှာနဲ့ ရစ်ပတ်ခြုံလွှမ်းထားပါတယ်။ ပြီးခဲ့တဲ့ နှစ်လေးဆယ်အတွင်းက အာကာသယာဉ်များနဲ့ အခြားဂြိုလ်တွေကို သွားရောက်လေ့လာတော့မှပဲ လူသားတွေ နေထိုင်တဲ့ ကမ္ဘာကြီးရဲ့ လေထုလွှာရဲ့ တန်ဖိုးကို နားလည်ကြပါတော့တယ်။ နေမိသားစုရဲ့ ဂြိုလ်အလုံးပေါင်း ၇၀ ထဲမှာ ကမ္ဘာကြီးအပါအဝင် ဂြိုလ် ၇ လုံးသာလျှင် လေထုလွှာ ရှိပါတယ်။ အဲဒီ ၇ လုံးထဲမှာမှ ကမ္ဘာ့လေထုလွှာသာလျှင် သက်ရှိဖြစ်ပေါ်မှုကို အထောက်အပံ့ဖြစ်စေပြီး ထွင်းဖောက်မြင်နိုင်တဲ့ လေထုလွှာဖြစ်ပါတယ်။ တကယ်လို့များ ကမ္ဘာ့လေထုလွှာမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓါတ်ငွေ့တွေ ယခုရှိနေတာထက် အချိုးအစား ပိုမိုများပြားစွာ ရှိနေမယ်ဆိုရင် တိုင်တန်လို့ ခေါ်တဲ့ ဂျူပီတာဂြိုလ်ကြီးရဲ့ လလိုမျိုး အဖြစ်ကို ကြုံရမှာ ဖြစ်ပါတယ်။ တိုင်တန်လမှာ ကောင်းကင်တခုလုံးဟာ ကာဗွန်ဓါတ်ငွေ့များနဲ့သာ ဖုံးအုပ်ထားတာကြောင့် ကြယ်များကို တွေ့မြင်လေ့လာနိုင်ဖို့ မဆိုထားနဲ့ နေကိုတောင် ကောင်းကောင်းမမြင်ရပါဘူး။ လူသားကမ္ဘာရဲ့ လေထုက လိုအပ်တဲ့ ဓါတ်ငွေ့တွေကို အချိုးအစား ကျနစွာ ပေါင်းစပ်ဖွဲ့စည်းထားတာကြောင့် သက်ရှိတွေရပ်တည်နိုင်ပြီး ထိုးဖောက်မြင်နိုင်ခြင်းကြောင့် စင်္ကြာဝဠာတခွင်ကို မှန်ပြောင်းများနဲ့ လေ့လာနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
နေအလင်းရောင်ခြည်
လူသားကမ္ဘာဟာ စင်္ကြာဝဠာကြီးထဲမှာ တိုးဝင် သွားလာနေတဲ့ အခါ နေအပါအဝင် အနီးအနားက ကြယ်တွေရဲ့ ရောင်ခြည်တွေ ရိုက်ခိုက်မှုကို ခံရပါတယ်။ အဲဒီရောင်ခြည်တွေဟာ ဂါမာ၊ အိပ်(စ)ရေး ကနေ အနီအောက်ရောင်ခြည်၊ ရေဒီယိုလှိုင်းများအထိ ပါဝင်ပါတယ်။ အဲဒီရောင်ခြည်အများအပြားထဲမှာ ရောင်ခြည်တွေရဲ့ သေးငယ်လှတဲ့ အစိတ်အပိုင်း လေးသာ သက်ရှိတွေအတွက် အရေးပါပါတယ်။ သက်ရှိတွေကို မျက်စိအလင်းကို မြင်နိုင်စေတဲ့ အဲဒီရောင်ခြည်တွေက အပင်များအစာချက်ခြင်းလို သက်ရှိဖြစ်စဉ်တွေ အတွက် အရေးပါပါတယ်။ အမြင်အာရုံကို ဖြစ်ပေါ်စေတဲ့ အဲဒီရောင်ခြည်များကပဲ ပတ်ဝန်းကျင်ကို လေ့လာဖို့ ဖြစ်စေနိုင်ပါတယ်။ visible region လို့ ခေါ်တဲ့ အဲဒီ ရောင်ခြည်စဉ်ကို လူသားကမ္ဘာကို အလင်းပေးနေတဲ့ နေက ပေါများစွာ ဖြည့်ဆည်းပေးနေခြင်းဟာ အံ့သြစရာ ကောင်းလွန်းလှပါတယ်။
ဂလက်ဆီမှာ တည်နေရာ
လူသားများရဲ့ နေမိသားစုဟာ Milky Way လို့ ခေါ်တဲ့ ကြယ်စုဝေး ဂလက်ဆီထဲမှာ ရှိပါတယ်။ မီးလ်ကီဝေးဂလက်ဆီဟာ အထက်ကနေကြည့်ရင် ခရုခွေလို ပုံစံရှိပြီး ဘေးတိုက်ကနေကြည့်ရင် အလယ်မှာ လုံးဝန်းတဲ့ စက်ဝိုင်းပုံသဏ္ဍန်ရှိပါတယ်။ အလယ်က စက်ဝိုင်းလုံးထဲမှာတော့ ကြယ်အစင်းပေါင်းများစွာ သိပ်သည်းစွာ တည်ရှိနေပြီး Super Nova လို ကြယ်များ မကြာခဏ ပေါက်ကွဲနေတဲ့ အရပ်လည်း ဖြစ်ပါတယ်။ အလယ်ဗဟိုတည့်တည့်မှာ တွင်းနက်ကြီးရှိပြီး အနီးအနားက ကြယ်တွေကို စုပ်ယူ ဝါးမျိုလေ့ရှိပါတယ်။ လူသားကမာရဲ့ နေဟာ ဂလက်ဆီရဲ့ အလယ်ဗဟိုမှာ ရှိခဲ့မယ်ဆိုရင် သေချာပေါက် ပျက်စီးသွားနိုင်ပါတယ်။
ဂလက်ဆီရဲ့ အစွန်အဖျားဟာ ခရုခွေပုံသဏ္ဍန် လက်တံများနဲ့ဖွဲ့စည်းထားပါတယ်။ အဲဒီနေရာတွေအနီးအနား တလျှောက်မှာ အန္တာရယ် ဖြစ်စေနိုင်တဲ့ ဓါတ်ငွေ့များ ဖုံးလွှမ်းလျက်ရှိပြီး သက်ရှိများအတွက် လိုအပ်တဲ့ ဆီလီကွန်၊ မဂ္ဂနီဆီယံ ဓါတ်သတ္တုတွေ ရှားပါးပါတယ်။ လူသားများရဲ့ နေအဖွဲ့အစည်းဟာ အန္တာရယ် ဓါတ်ငွေ့များ ဖုံးလွှမ်းနေတဲ့ နေရာမှာ ရှိနေမယ်ဆိုရင် သက်ရှိများ ဖြစ်ပေါ်နိုင်ဖို့ အလားအလာ မရှိတော့ပါဘူး။ ဒါပေမဲ့ လူသားတို့ရဲ့နေဟာ မီးလ်ကီးဝေး ဂလက်ဆီရဲ့ အလယ်ဗဟိုနဲ့ ဝေးကွာစွာ တည်ရှိနေပြီး အန္တာရယ်များလှတဲ့ အစွန်အဖျားနားနဲ့လည်း ဝေးကွာစွာ တည်ရှိနေပါတယ်။ လူသားတို့ရဲ့ နေဟာ Galatic Habitable Zone( GZH) လို့ ခေါ်တဲ့ သက်ရှိများဖြစ်ပေါ်နေထိုင်ရာဇုံအတွင်းမှာ ရှိပါတယ်။
GHZ ဇုံအတွင်းမှာပဲ ဓါတ်ငွေ့များကင်းစင်ပြီး ကြည်လင်တဲ့ နေရာမှာ လူသားတို့ရဲ့ နေမိသားစု တည်နေပါတယ်။ ကြည်လင်တဲ့အရပ်မှာ ဖြစ်တာကြောင့် စင်္ကြဝဠာ ကို လေ့လာနိုင်ခွင့် ရကြခြင်းလည်း ဖြစ်ပါတယ်။ မီးလ်ကီးဝေး ဂလက်ဆီရဲ့ အလယ်မှာများသာ ရှိနေမယ်ဆိုရင် ဓါတ်ငွေ့တွေ ကြယ်တွေ နဲ့ ကာဆီးထားတာကြောင့် မြင်နိုင်တွေ့နိုင်ဖို့ရန် မဖြစ်နိုင်ပါဘူး။ ဓါတ်ငွေများ ကင်းစင်ကြည်လင်တဲ့ အရပ်ဖြစ်လို့သာ မီးကီးဝေးဂလက်ဆီရဲ့ ပုံသဏ္ဍန်ကို တွေ့မြင်နိုင်ပြီး အခြားသော ဂလက်ဆီများကို လေ့လာနိုင်ကြခြင်း ဖြစ်ပါတယ်။
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&
ပန်းပေါင်းများစွာ ရှိပေမဲ့ အချို့သောပန်းများသာ လှပစွာ ဖူးပွင့်ကြပါတယ်။ မျိုုးစေ့ပေါင်းများစွာ ရှိပေမဲ့ မျိုးစေ့တခုတည်းသာ အသက်တချောင်း ဖြစ်လာပါတယ်။ လူမျိုးပေါင်းများစွာရှိပေမဲ့ လူမျိုးတမျိုးတည်းကိုသာ ဘုရားက ရွေးချယ်အသုံးပြုခဲ့ပါတယ်။ နေ၊လ၊ကြယ်နဲ့ဂြိုလ်ပေါင်းများစွာ ရှိပေမဲ့ ကမ္ဘာကြီးကိုသာ လူသားများအတွက် ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်ဆင်းခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီလိုဖန်ဆင်းခဲ့ရာမှာလည်း သူ့ရဲ့ လက်ရာတော်များကို ငေးမောအံ့သြစွာ မြင်တွေ့စေလိုပါတယ်။ ခန်းနားထည်ဝါလွန်းလှတဲ့ သဘာဝလောကကြီးဆိုတဲ့ ပထမစာအုပ်မှာ ဖန်ဆင်းရှင်ဘုရားသခင်က သူ့လက်ရာတော်ကို ဖွင့်ပြခဲ့ခြင်းအား ကျွန်တော်တို့လူသားများ ကောင်းစွာ သဘောပေါက်နားလည် နိုင်ကြပါစေလို ဆုမွန်ကောင်းတောင်းရင်းနဲ့ ဒီဆောင်းပါးကို နိဂုံးချုပ်အပ်ပါတယ်။ ဖတ်ရှုကြသူ လူသားများအားလုံးကို ဘုရားသခင်ကောင်းကြီးပေးပါစေ။
နာမ တော် မြတ် ၌
လှမင်းသူ
မူ ရင်း မု ရန်
အသက္ရွင္ေနေသးေသာ ေက်ာက္ျဖစ္ရုပ္ၾကြင္းမ်ား
အပိုင္း ၅ အပိုင္း ၆
ပံု(၁)။။ မထင္မွတ္ပဲ ဖမ္းဆီးရမိခဲ့ေသာ Cœlacanth ငါးႏွင့္ ၄င္း၏ ေက်ာက္ျဖစ္ရုပ္ၾကြင္း။ (၄င္းကို ေတြ႔ရျခင္းသည္ ဒိုင္ႏိုးေဆာကို အရွင္လတ္လတ္ေတြ႔ရသည္ႏွင့္တူသည္။)
ေမ်ာက္ကေနလူျဖစ္သတဲ့လား ဆိုတဲ့ေဆာင္းပါးမွာ စာဖတ္သူတို႔႔ကုိ Evolution နဲ႔ ပတ္သက္ျပီး အနည္းငယ္ ေျပာျပခဲ့ျပီးပါျပီ။ ဒါေပမဲ့ က်ဳပ္အခု ျပန္ျပီး ေျပာျပပါအံုးမယ္။ ပထမဆံုး ပင္လယ္ထဲမွာ ဆဲလ္တစ္ခု တည္းနဲ႔ အေကာင္ေလးေတြနဲ႔ စ ျဖစ္တယ္။ ႏွစ္ေပါင္းမ်ားစြာ ၾကာတဲ့အခါမွာ အဲဒီ အေကာင္ေလးေတြဟာ ဆဲလ္ေပါင္းမ်ားစြာနဲ႔ ဖြဲစည္းထားတဲ့ အတန္ငယ္အဆင့္ျမင့္ သတၱ၀ါမ်ားျဖစ္လာျပီး ပိုျပီးၾကာျမင့္လာတဲ့အခါမွာ ငါးကဲ့သို႔ေသာ သတၱ၀ါေတြျဖစ္လာတယ္။ အဲဒီေနာက္ပိုင္း ဒီငါးေတြဟာ ပင္လယ္ကေန ကုန္းေပၚကို တက္ဖို႔ ၾကိဳးစားရင္း တြားသြား သတၱ၀ါေတြ ျဖစ္လာတယ္။ အဲဒီကမွ တျဖည္းျဖည္း ႏို႔တိုက္သတၱ၀ါ၊ ျပီးမွ ေမ်ာက္ အဲဒီကေနတဆင့္ လူျဖစ္လာတယ္ေပါ့။ ဒါကေတာ့ က်ဳပ္ အက်ဥ္းခ်ဳပ္ျပီး ေျပာတာပါ။
ဒီလို အဆင့္ဆင့္ေျပာင္းလဲဖို႔အတြက္ ႏွစ္ေပါင္း သန္းေပါင္းမ်ားစြာ ၾကာျမင့္ပါတယ္။ မ်ဳိးစိတ္တစ္ခုကေန ေနာက္မ်ိဳးစိတ္တစ္ခုကို ေျပာင္းဖို႔အတြက္ သဘာ၀ပတ္၀န္းက်င္က အဓိကျပဳျပင္သူျဖစ္ပါတယ္။ Natural Selection လို႔ Evolution သမားေတြက ေခၚပါတယ္။
၁၉၃၈ ခုႏွစ္မွာ အာဖရိကရဲ့ ေတာင္ဖက္ကမ္းရုိးတန္းတစ္ေလွ်ာက္ က်င္လည္က်က္စားေနတဲ့ ငါးဖမ္းေလွငယ္ေလးတစ္စင္းဟာ မထင္မွတ္ပဲ ထူးဆန္းတဲ့ငါးတစ္ေကာင္ကို ဖမ္းမိပါတယ္။ ရုပ္အဂၤါအသြင္အျပင္ဟာ ထူးဆန္းတာေၾကာင့္ ငါးဖမ္းတဲ့ တံငါေတြက နီးစပ္ရာ အာဏာပိုင္ေတြကေနတဆင့္ ငါးအေၾကာင္း ကြ်မ္းက်င္တဲ့ ပညာရွင္ေတြနဲ႔ ဆက္သြယ္ခဲ့ပါတယ္။ အဲဒီငါးကို ေတြ႔တာနဲ႔ ပညာရွင္ေတြဟာ အရမ္းအ့ံၾသျခင္းမက အံ့ၾသခဲ့ရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီငါးဟာ ဆီးလားကန္႔ (Cœlacanth) ငါးအမ်ိဳးအစားျဖစ္ျပီး လြန္ခဲ့တဲ့ ႏွစ္သန္းေပါင္း ရ၀ ခန္႔က ဒိုင္ႏိုးေဆာမ်ားနဲ႔ အတူ အသက္ရွင္ေနထိုင္ခဲ့တယ္။ သူ႔ရဲ့ ေက်ာက္ျဖစ္ရုပ္ၾကြင္း (Fossils) ကိုသာတူးေဖာ္ရရွိခဲ့ျပီး မ်ိဳးတုန္းေပ်ာက္ကြယ္သြားျပီ လို႔ ထင္မွတ္ခဲ့ပါတယ္။ ဒါေပမဲ့ ဒီငါးမ်ိဳးကို မ်က္၀ါးထင္ထင္ အသက္ရွင္လ်က္ ယခုေခတ္မွာ ျပန္ေတြ႔ရေတာ့ မအ့ံၾသဘဲ ဘယ္ေနႏိုင္ၾကပါ့လဲ။ အဲဒီလို ေက်ာက္ျဖစ္ရုပ္ၾကြင္းသာရွိျပီး မ်ိဳးတုန္းေပ်ာက္ကြယ္ျပီလို႔ ထင္မွတ္ရတဲ့ သတၱ၀ါ၊အပင္ ေတြဟာ ယခုေခတ္အထိ အသက္ရွင္ေနေသးတယ္ဆိုရင္ သူတို႔ကို (Living Fossil) အသက္ရွင္ေနေသးေသာ ေက်ာက္ျဖစ္ရုပ္ၾကြင္းမ်ားလို႔ ေခၚပါတယ္။
ဒီငါးကို ျပန္လည္ ေတြရွိလိုက္ရေတာ့ Evolution သမားေတြဟာ အရွဳိက္ကို အထိုးခံလိုက္ရသလိုပဲ အေတာ္ခံရခက္သြားပါတယ္။ ဒါကလဲ အေၾကာင္း ႏွစ္ရပ္ရွိပါတယ္။
ပထမအေၾကာင္းကေတာ့ ဒီငါးကို အခုလို အသက္ရွင္လ်က္မေတြ႔ရခင္က ဒီငါးရဲ့ ေက်ာက္ျဖစ္ရုပ္ၾကြင္းသာၾကည့္ျပီး Evolution သမားေတြက ဘာေျပာခဲ့သလဲဆိုေတာ့၊ ဒီငါးဟာ ငါးတပိုင္း၊တြားသြားသတၱ၀ါတစ္ပိုင္း ျဖစ္တဲ့ missing link ျဖစ္တယ္။ ဒီငါးဟာ ကုန္းေပၚကို တက္ေရာက္ေနထိုင္ဖို႔ ၾကိဳးစားေနတဲ့ စပ္ၾကားသတၱ၀ါ ( Transitional Form ) ျဖစ္တယ္။ ဒီငါးဟာ ကုန္းေပၚမွာ တက္ျပီး ေနထိုင္ႏိုင္ဖို႔ အတြက္ အဆုတ္ကေလးပါ ရွိေနျပီလို႔ အေကာင္အထည္မျမင္ရခင္ေသးတံုးက ေက်ာက္ျဖစ္ရုပ္ၾကြင္းကိုသာ ၾကည့္ျပီး အထင္နဲ႔ ရမ္းသမ္းေျပာခဲ့ၾကတယ္။ ဒီငါးအေၾကာင္းကို သိပၸံစာေစာင္ေတြ၊ မဂၢဇင္းေတြမွာ ဟိုးေလးတစ္ေက်ာ္ ေဖာ္ျပခဲ့ၾကျပီးေတာ့ Evolution ဟာ မွန္ေၾကာင္း ဒီငါးက သက္ေသျပေနတယ္လို႔လဲ အၾကီးအက်ယ္ မွတ္တမ္းတင္ခဲ့ၾကတယ္။ အခုလို သက္ရွိထင္ရွားဖမ္းမိေတာ့ သူတို႔ ေျပာခဲ့သလို ဟုတ္မဟုတ္ စစ္ေဆးလိုက္တဲ့ အခါမွာ အထင္နဲ႔အျမင္ ပါစင္ေအာင္လြဲခဲ့ရပါတယ္။ သူတို႔ေျပာခဲ့တဲ့ အဆုတ္ဆိုတာကလည္း တကယ္ေတာ့ အဆီေတြနဲ႔ ျပည့္ေနတဲ့ ေလအိတ္ငယ္ေလးေတြသာ ျဖစ္ေနတယ္။ ဒီေလအိတ္ငယ္ေလးေတြက ငါးကို ေရထဲမွာ ေပၚႏိုင္ဖို႔ အေထာက္အကူျပဳပါတယ္။ ျပီးေတာ့ ဒီငါးဟာ ကုန္းေပၚတက္ျပီး ေနဖို႔ေနေနသာသာ ပင္လယ္ေရနက္ထဲမွာပဲ ၾကမ္းျပင္နားကပ္ျပီး သြားလာတတ္တာကို Evolution သမားမ်ား စိတ္ပ်က္စြာ ေတြ႔လိုက္ရပါတယ္။
ပံု(၂) သက္ရွိ Cœlacanth ငါးႏွင့္ ႏွစ္သန္း ၁၄၀ သက္တမ္းၾကာေသာ ၄င္း၏ေက်ာက္ျဖစ္ရုပ္ၾကြင္း။ (အတူတူျဖစ္ေၾကာင္းကို ေတြ႔ရစဥ္)
ဒုတိယ အေၾကာင္းကေတာ့ ဒီငါးရဲ့ ေက်ာက္ျဖစ္ရုပ္ၾကြင္းနဲ႔ ဒီငါးကို တိုက္ဆိုင္စစ္ေဆးလိုက္တဲ့အခါမွာ ဘာမွ ၾကီးၾကီးက်ယ္က်ယ္ အေျပာင္းအလဲ မရွိတာကို ေတြ႔လိုက္ရတယ္။ ဒိုင္ႏိုးေဆာ သတၱ၀ါေတြက ငွက္ေတြျဖစ္လိုျဖစ္၊ ေမ်ာက္ကေန လူျဖစ္လို ျဖစ္ (Evolution သမားမ်ားအေျပာ) ေနတဲ့ ႏွစ္သန္းေပါင္းမ်ားစြာအခ်ိန္အတြင္းမွာ ဒီငါးကေတာ့ ဘာမွ အေျပာင္းအလဲမရွိပဲ အရင္အတိုင္းက အရင္အတိုင္းပါပဲ။ ဒီအတိုင္းမေျပာင္းမလဲပဲ ႏွစ္သန္းေပါင္းမ်ားစြာ ရွိေနတာကို Evolutionist ေတြက အေျဖရွာမရေတာ့ စကားလံုးလွလွေလး တစ္လံုးကို သံုးျပီးေတာ့ ဘယ္လိုေျပာတယ္မွတ္သလဲ။ Stasis တဲ့။ သေဘာက ပတ္၀န္းက်င္ အေျခအေနက အေျပာင္းအလဲမရွိတာေၾကာင့္ ဒီငါးလည္း အေျပာင္းအလဲ မရွိဘူးေပါ့ဗ်ာ။ ေရွ ႔စကား ေနာက္မညီတာကေတာ့ မၾကာေသးခင္ကပဲ ဒီငါးဟာ ကုန္းေပၚကိုတက္ေနထိုင္ဖို႔ ၾကိဳးစားေနတဲ့ ငါးမက်၊ တြားသြားသတၱ၀ါမက် စေကာစက သတၱ၀ါလို႔ ေျပာခဲ့ၾကတာပါပဲ။ ဆီးလားကန္႔လို ငါးမ်ိဳးပဲ ႏွစ္ေပါင္းမ်ားစြာ ၾကာေပမဲ့လည္း ဘာ Evolution မွ မျဖစ္ပဲ အရင္ပံုစံအတိုင္း ရွိေနတဲ့ living fossils ေတြ အမ်ားၾကီး ရွိပါတယ္။ စာဖတ္သူတို႔ စိတ္ရွဳပ္သြားမွာ စိုးလို႔ အက်ယ္ခ်ဲ ႔ျပီး ေဖာ္ျပမေနေတာ့ပါဘူး။ အက်ဥ္းျခံဳးျပီးပဲ ေဖာ္ျပလိုက္ပါတယ္။ ကိုင္း Evolution ဟာ မွန္လား၊မမွန္ဘူးလားဆိုတာကို စာဖတ္သူတို႔ ကိုယ္တိုင္ပဲ စဥ္းစားဆံုးျဖတ္ၾကပါ ကုိယ္ခ်င့္ယံု၊မခ်င့္ယံုတို႔ေရ။
ပံု(၃)။ ႏွစ္သန္းေပါင္း ၃၀၀ ေက်ာက္က ပိုးဟပ္ႏွင့္ ယခုေခတ္ပိုးဟပ္။ (မည္သည့္ Evolution မွ မျဖစ္ခဲ့ပါ)
ပုံ(၄) ဂ်ာမဏီ၌ ေတြ႔ခဲ့ေသာ ႏွစ္သန္း ၁၄၀ သက္တမ္း ပုစဥ္းေက်ာက္ျဖစ္ရုပ္ၾကြင္း။ ယခုေခတ္ ပုစဥ္မ်ားႏွင့္ အတူတူျဖစ္သည္။ မည္သည့္ Evolution မွ မျဖစ္ခဲ့ပါ။
ပံု(၅)။ ႏွစ္ေပါင္း ၂၅ သန္း သက္တမ္းၾကာ ဖားသည္ ယခုေခတ္ဖားႏွင့္ အတူတူပင္။ မည္သည့္ Evolution မွ မျဖစ္ခဲ့ပါ။
ပံု(၆)။။ ျမင္းခြာပံု ဂဏန္းသည္လည္း ႏွစ္သန္း ၄၅၀ အတြင္း မည္သည့္ အေျပာင္းအလဲမွ မရွိခဲ့ပါ။ ဒီပံုစံအတိုင္းပင္။
ပံု(၇) Maple ရြက္ျဖစ္သည္။ ၄င္းသည္လည္း ႏွစ္သန္းေပါင္းမ်ားစြာ ၾကာသည့္တိုင္ေအာင္ အေျပာင္းအလြဲ မရွိ။
ပံု(၈) ႏွစ္သန္းေပါင္း ၂၅၀ခန္႔က ငါးလိပ္ေက်ာက္ႏွင့္ ယခုေခတ္ ငါးလိပ္ေက်ာက္။ ဘာအေျပာင္းအလဲမွ မရွိ။ Evolution ျဖစ္သည္ဆိုသည္မွာ စိတ္ကူးယာဥ္ျဖစ္သည္။
ပံု(၉)။ ။ ႏွစ္သန္း ၁၆၀ ကင္းလိပ္ေခ်ာ ႏွင့္ ယေန႔ ကင္းလိပ္ေခ်ာ။ ဘာမွမေျပာင္းလဲ။
ပုံ(၁၀)။။ စေကာ့တလန္၌ ေတြ႔ခဲ့ေသာ ႏွစ္သန္း ၃၂၀ ကင္းျမီးေကာက္သည္ ယခုေခတ္ ကင္းျမီးေကာက္ႏွင့္ မျခား။
(ပုံ)(၁၁)။။ ႏွစ္သန္းေပါင္း ၁၇၀ သက္တမ္း ပုဇြန္ ေက်ာက္ျဖစ္ရုပ္ၾကြင္း။ ယခုေခတ္ပုဇြန္ႏွင့္ ဘာမွ မထူးမျခားနား။
ပံု(၁၂) ။ ေျမြသည္လည္း ႏွစ္သန္းေပါင္းမ်ားစြာ ၾကာသည့္တိုင္ေအာင္ ဘာမွ မေျပာင္းလဲခဲ့။
ပံု(၁၃) ။။ ႏွစ္သန္းေပါင္းမ်ားစြာ ၾကာျမင့္ေသာ ဂဏန္းႏွင့္ ၾကယ္ငါးသည္လည္း ထို႔နည္းတူ ဘာမွ မေျပာင္းလဲ
ဖန္ဆင္းျခင္းသက္ ေသ မ်ား၆
ခြင့္ထူးခံစား လူသားကမာၻ
"ဘုရားသခင္ဟာ သူ ့အေၾကာင္းနားလည္သိရွိႏိုင္ဖို ့ လူသားမ်ားကို စာအုပ္ႏွစ္အုပ္ ေပးထားပါတယ္။ ပထမစာအုပ္ကေတာ့ သဘာ၀ေလာကၾကီး ျဖစ္ျပီး ဒုတိယစာအုပ္ကေတာ့ သမၼာက်မ္းစာ ျဖစ္ပါတယ္"
ဘီလီဂေရဟမ္
ဘုုရားသခင္က ပထမစာအုပ္ျဖစ္တဲ့ သဘာ၀ေလာကၾကီးမွာ သူ ့ရဲ့ ဖန္ဆင္းထားျခင္းလက္ရာေတြကို လူသားေတြ ျမင္ေတြ ့ဖတ္ရွဳေစခ်င္ပါတယ္။ ဒုုတိယစာအုုပ္ျဖစ္တဲ့ သမၼာက်မ္းစာထဲမွာေတာ့ သူရဲ့ အေၾကာင္းနဲ ့သားေတာ္ ေယရွဳ ခရစ္ အေၾကာင္းကိုု လူသားေတြ သိရွိဖတ္ရွဳေစခ်င္ပါတယ္။ ေခတ္အဆက္ဆက္မွာ လူသားမ်ားဟာ ပထမစာအုုပ္ျဖစ္တဲ့ သဘာ၀ေလာကၾကီးကို ဖတ္ရွဳ ခဲ့ၾကပါတယ္။ အဲဒီလိုု ဖတ္ရွဳခဲ့သူေတြထဲမွာ အခ်ိဳ ့ကေတာ့ သဘာ၀ေလာကၾကီးနဲ ့ စၾကၤာ၀ဠာၾကီးဟာ ရည္ရြယ္ခ်က္ရွိရွိနဲ ့ အဓိပၸါယ္ရွိစြာ တည္ေဆာက္ထားတာကို ေတြ ့ျမင္သြားၾကေပမဲ့၊ အခ်ိုဳ ့ေသာသူမ်ားကေတာ့ ရည္ရြယ္ခ်က္မရွိပဲ မေတာ္တဆ ျဖစ္ေပၚလာတဲ့ အဓိပၸါယ္မဲ့ သဘာ၀ေလာကၾကီးလို႔ ထင္ျမင္သြားၾကသူမ်ားလည္းရွိပါတယ္။ ရည္ရြယ္ခ်က္ရွိရွိနဲ ့တည္ေဆာက္ထားတယ္လို ့ေတြ ့ျမင္သူမ်ားအေနနဲ ့ကေတာ့ ဘုရားဆိုုတာ ရွိတယ္လို ့ခံယူသြားၾကျပီး၊ ဘုရားက သူ ့အေၾကာင္း ေဖာ္ျပထားတဲ့ သမၼာက်မ္းစာကို ဆက္လက္ဖတ္ရွဳၾကရင္းနဲ ့ကယ္တင္ျခင္းဆုေက်းဇူးကို ရရွိသြားတတ္ၾကပါတယ္။ ဒါေပမဲ့ ပထမစာအုပ္ကိုု ဖတ္တဲ့ေနရာမွာ ရည္ရြယ္ခ်က္မဲ့စြာ ျဖစ္လာပါတယ္လိုု ့မွားယြင္းစြာ ခံယူမိတဲ့ သူမ်ားအတြက္ကေတာ့ ဒုတိယစာအုပ္ျဖစ္တဲ့ သမၼာက်မ္းစာကို ဖတ္ရွဳဖို ့စိတ္ေတာင္မကူးၾကေတာ့ပါဘူး။ အဲဒီလိုလူမ်ိဳးမ်ားအတြက္ ပထမစာအုပ္မွာကိုု ေအာင္ျမင္စြာ မဖတ္ႏိုင္လို ့ဆံုးရွဳံးရတာထက္၊ ဒုတိယစာအုပ္ကို ဆက္ဖတ္ၾကဖို ့စိတ္မကူးတာေၾကာင့္ လက္လႊတ္သြားတဲ့ ဆံုးရွဳံးမွဳၾကီးဟာ ပိုလို႔ကို ၾကီးမားလွပါတယ္။ ဒါေၾကာင့္ ပထမစာအုုပ္ျဖစ္တဲ့ သဘာ၀ေလာကၾကီးကိုု ေအာင္ျမင္စြာ ဖတ္ရွဳႏိုင္ဖို ့ရန္ အင္မတန္မွ အေရးၾကီးလွပါတယ္။
ရည္ရြယ္ခ်က္မဲ့ ျဖစ္တည္လာသည့္ ကမာၻၾကီးေလာ?
လူသားမ်ားဟာ ေလ့လာစူးစမ္းတတ္ၾကသူမ်ား ျဖစ္ပါတယ္။ မိမိပတ္၀န္းက်င္မွာရွိတဲ့ ကုုန္းေျမျပင္၊ေရျပင္၊ေလျပင္ ထဲက သက္ရွိသက္မဲ့ အရာေတြအားလံုးကို မနားတမ္း ေလ့လာစူးစမ္းခဲ့ၾကပါတယ္။ ကမာၻေျမၾကီးေပၚကအရာေတြကို ေျမလွန္ရွာေဖြ ေလ့လာလို ့မကုန္ျဖစ္ေနတဲ့ ၾကားထဲကပဲ ကမာၻေျမၾကီးထက္မွာရွိတဲ့ အာကာသ ဟင္းလင္းျပင္ကို ေလ့လာစူးစမ္းခ်င္စိတ္ကလဲ ျဖစ္ေပၚလာၾကျပန္ပါေသးတယ္။ လူသားေတြဟာ စူးစမ္းခ်င္စိတ္နဲ ့ၾကိဳးစားတီထြင္ခဲ့တာေၾကာင့္ အာကာသထဲကို ေရာက္ႏိုင္မဲ့နည္းလမ္းမ်ားကို ရွာေဖြေတြ ့ရွိခဲ့ၾကပါတယ္။ ဒံုးပ်ံေတြ၊ အာကာသယာဥ္ေတြကို တည္ေဆာက္ခဲ့ျပီး အာကာသ နယ္ေျမသစ္ထဲကို ေျခဆန္ ့ႏိုင္ခဲ့ၾကပါတယ္။ ၁၉၆၁ ခုႏွစ္မွာ ယူရီ ဂါဂါရင္ ဟာ vostok အမွတ္စဥ္(၁) အာကာသယာဥ္ကို စီးနင္းျပီး ပထမဆံုးအၾကိမ္ အာကာသထဲကို တိုး၀င္ႏိုင္ခဲ့ပါတယ္။ ေနာက္ႏွစ္မ်ားမၾကာမွီမွာပဲ အေမရိကန္ျပည္ေထာင္စုက အပိုလို အာကာသယာဥ္ အမွတ္စဥ္(ဂ) ကို လကမာၻဆီကို လႊတ္တင္ခဲ့ပါတယ္။ အပိုလို(၈) အာကာသယာဥ္ အဖြဲ ့သားမ်ားဟာ လကမာၻပတ္လမ္းေၾကာင္းမွာ ပတ္ေနစဥ္အတြင္း လွပလြန္းလွတဲ့ ကမာၻၾကီးကို ရင္သပ္ရွဳေမာ ေတြ ့ျမင္ခဲ့ၾကပါတယ္။ ခန္းနားၾကီးက်ယ္လြန္းလွတဲ့ အဲဒီျမင္ကြင္းကို ေတြ႕ျမင္လိုက္ရတဲ့ အာကာယာဥ္ အဖြဲသားမ်ားဟာ ကမာၻဦးက်မ္း ၁း ၁-၁၀ ကို စိတ္လွဳပ္ရွားျခင္းၾကီးမားစြာနဲ ့ တလွည့္စီ ရြတ္ဆိုခဲ့ပါတယ္။ ( အာသာသယာဥ္ အဖြဲ ့သားမ်ား ကမာၻဦးက်မ္းမွ က်မ္းပိုဒ္မ်ား ရြတ္ဆိုခဲ့သည့္ အသံမ်ားကို နားေထာင္ရန္ ႏွိပ္ပါ။)
အပိုလို အမွတ္စဥ္(၈) ေနာက္ပိုင္းမွာ အပိုလို (၁၁) ကို လႊတ္တင္ခဲ့ပါတယ္။ အာကာသယာဥ္မွဳး အမ္းစထေရာင္းဟာ လကမာၻေပၚကို ပထမဦးဆံုး ေအာင္ျမင္စြာ ေျခခ်ႏိုင္ခဲ့ျပီး ဘုရားသခင္ကို အမွတ္ရ ေက်းဇူးေတာ္ခ်ီးမြမ္းတဲ့အေနနဲ ့လကမာၻေပၚမွာပဲ ပြဲေတာ္စားခဲ့ပါတယ္။ လူလိုက္ပါစီးနင္းတဲ့ အာကာသယာဥ္မ်ား လႊတ္တင္အျပီးမွာေတာ့ အေမရိကန္ျပည္ေထာင္စုဟာ လူမဲ့ အာကာယာဥ္မ်ားကို ဆက္တိုက္ လႊင့္တင္ခဲ့ပါတယ္။ ဗိြဳင္ေယဂ်ာ (၁) နဲ ့ (၂) ကို ေနမိသားစု၀င္ ျဂိဳလ္မ်ားကို ေလ့လာစူးစမ္းဖို ့ ၂၀၀၄ ခုႏွစ္ထဲကစျပီး အာကာသထဲ လႊတ္တင္ခဲ့ပါတယ္။ အဲဒီယာဥ္ႏွစ္စီးဟာ ေနမိသားစုထဲက ျဂိဳလ္မ်ားကို အနီးကပ္ေလ့လာခဲ့ျပီး ျဂိဳလ္မ်ားရဲ့ အခ်က္အလက္နဲ ့ဓါတ္ပံုမ်ားကို ျပန္လည္ေပးပို ့ခဲ့ပါတယ္။ ယခုႏွစ္ ၂၀၁၁ မွာ ဗိြဳင္ေယဂ်ာ (၁) ဟာ ေနမိသားစုၾကီးရဲ့ အစြန္အဖ်ားမွာ ေရာက္ရွိေနပါျပီ။ ဗိြဳင္ေယဂ်ာ (၁) ဟာ အဲဒီ အစြန္အဖ်ား အရပ္ကေန လူသားေတြရွိတဲ့ ကမာၻဘက္ ကင္မရာကို လွည့္ျပီး ဓါတ္ပံုမ်ားကို ရုိက္ကူး ျပန္ပို ့ခဲ့ပါတယ္။ ေပးပို ့ခဲ့တဲ့ ပံုေတြထဲမွာ ကမာၻၾကီးကိုု ေနရဲ့ အလင္းေရာင္ျခည္တန္းေလးထဲမွာ ေသးငယ္လြန္းလွတဲ့ အျပာေရာင္ အစက္အေပ်ာက္တခုေလးအျဖစ္သာ ျမင္ရပါေတာ့တယ္။ အဲဒီ ဓါတ္ပံုမ်ားကို ျမင္လိုက္ရတဲ့အခါ ကမာၻေပၚက လူသားမ်ားရဲ့ စိတ္ထဲမွာ "ေသးငယ္လြန္းလွတဲ့ ဒီကမာၻၾကီးဟာ ဘုရားသခင္အတြက္ အေရးပါတာမွ ဟုတ္ပါေလစ" ဆိုတဲ့ အေတြးေတြ ျဖစ္ေပၚလာခဲ့ပါတယ္။ ဒါ့အျပင္ " ဒီေသးငယ္လြန္းလွတဲ့ ကမာၻၾကီးေပၚမွာ မွီတင္းေနထိုင္ၾကတဲ့ လူသားမ်ားကိုေကာ ဘုရားသခင္ ဂရုစိုက္ပါ့မလား " ဆိုတဲ့ သံသယဟာလည္း ၾကီးထြားလာခဲ့ၾကပါတယ္။
" လက္ညိဳးေတာ္အလုပ္တည္းဟူေသာ ကိုယ္ေတာ္၏ မိုဃ္းေကာင္းကင္ကို၎၊ ျပင္ဆင္ေတာ္မူ ေသာလႏွင့္ ၾကယ္မ်ားကို၎၊ အကြၽႏု္ပ္ဆင္ျခင္ေသာ္၊
လူသည္အဘယ္သို႔ေသာသူျဖစ္၍ ကိုယ္ေတာ္သည္ ေအာက္ေမ့ေတာ္မူရသနည္း။"
(ဆာလံ ၈း၄)
ႏွစ္ေပါင္းမ်ားစြာက ဆာလံဆရာရဲ့ အေတြးကို ၂၁ရာစု လူသားမ်ား တေၾကာ့ျပန္ ေတြးေတာလာၾကပါတယ္။ လူသားေတြဟာ စၾကၤာ၀ဠာၾကီးထဲမွာ တကယ္ပဲ အေရးပါၾကပါရဲ့လား။
ဘီစီ ၄၀၀ ေက်ာ္ႏွစ္မ်ားက နာမည္ၾကီး ဂရိေတြးေခၚပညာရွင္မ်ားျဖစ္သူ အရစ္တိုုတယ္(လ္) နဲ႔ တိုုလမီ တိုု ့က ေန၊လ နကၡတ္တာရာမ်ားဟာ ကမာၻၾကီးကို ဗဟိုျပဳျပီး လည္ပတ္ေနတယ္လို ့ ဆိုခဲ့ပါတယ္။ Geocentric View လို ့ေခၚတဲ့ အဲဒီအျမင္မွာ ကမာၻဟာ ေရြ ့လ်ားမွဳမရွိပဲ တေနရာတည္းမွာသာ ရပ္ေနျပီး၊ က်န္တဲ့ ေကာင္းကင္ထက္က အရာေတြဟာ ကမာၻကို လည္ပတ္ေနရတယ္လို ့လဲ ဆိုပါတယ္။ အဲဒီအျမင္ေၾကာင့္ လူသားေတြဟာ စၾကၤာ၀ဠာတခြင္မွာ အေရးပါအေရာက္ဆံုးသူမ်ား ျဖစ္ၾကတယ္လို ့ သူတိုု ့ကိုုယ္သူတိုု ့ခံယူခဲ့ၾကပါတယ္။ အဲဒီအျမင္ကိုု ရာစုႏွစ္ေပါင္း ၁၈ ရာစုၾကာေအာင္ ကိုုင္ဆြဲထားခဲ့ၾကပါတယ္။ ဒါေပမဲ့ ၁၅၄၃ ခုႏွစ္ေရာက္ေတာ့ ေကာ့ပါးနီးကပ္ ဆိုသူက ေန၊လ၊နကၡတ္ေတြဟာ ကမာၻကို ၀န္းရံလည္ပတ္ေနတာ မဟုတ္ပဲ၊ ကမာၻအပါအ၀င္ က်န္တဲ့ ျဂိဳလ္မ်ားကသာ ေနကို လွည့္ပတ္ေနေၾကာင္း လူသိရွင္ၾကား ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ ကမာၻၾကီးဟာ သာမာန္ျဂိဳလ္တလံုးသာျဖစ္ျပီး မိမိ၀န္ရုုိးအေပၚမွာ လည္ေနသည္သာမက အျခားေသာျဂိဳလ္မ်ားႏွင့္အတူ ေနကို လွည့္ပတ္သြားလာေနပါတယ္ဆိုတဲ့ ေကာ့ပါးနီကပ္ရဲ့ အဆိုဟာ ပိုမိုမွန္ကန္လာေၾကာင္း သိလာတာနဲ ့အမွ် စၾကၤာ၀ဠာၾကီးမွာ မိမိတို ့ဟာ အေရးပါသူမ်ားျဖစ္တယ္ဆိုတဲ့ လူသားေတြရဲ့ ခံယူခ်က္ဟာ ျပိဳၾကသြားျပီး ေသးသိမ္သြားသလို ခံစားလိုက္ရၾကပါတယ္။ မိမိတိုု ့ဟာ အျခားေသာ ေနစၾကၤာ၀ဠာထဲက ျဂိဳလ္မ်ားထက္ ဘာမွ ပိုုလိုု ့မထူးျခားတဲ့ ျဂိဳလ္ငယ္ေလးတလံုုးေပၚမွာ မထင္မရွားေနရတာပါလားလိုု ့လည္း ထင္ျမင္လာၾကပါတယ္။
ဒီထက္ပိုုျပီး ဆိုုးသြားတာကေတာ့ အက္ဒြင္ဟာဘယ္(လ္)ဟာ နကၡတ္တာရာၾကည့္မွန္ေျပာင္းကိုု တီထြင္လိုုက္ျခင္းပဲ ျဖစ္ပါတယ္။ အက္ဒြင္ဟာ သူ ့ရဲ့ အားေကာင္းလွတဲ့ နကၡတ္ၾကည့္မွန္ေျပာင္းကေနတဆင့္ အာကာသတခြင္ကို ၾကည့္ရွဳ ့ေလ့လာလိုက္တဲ့အခါမွာ၊ ကမာၻၾကီးနဲ ့အျခားျဂိဳလ္ေတြ အတူတကြ ဗဟိုုျပဳျပီး ပတ္ေနတဲ့ ေနဟာ ၾကယ္တခုုသာျဖစ္ျပီး၊ မစ္လ္ကီးေ၀းလိုု ့ေခၚတဲ့ ဂလက္ဆီၾကယ္စုုၾကီးထဲက ဘီလီယံေပါင္းမ်ားစြာရွိတဲ့ ၾကယ္စုုမ်ားအနက္ တစ္ခုုေသာ ၾကယ္သာ ျဖစ္ေၾကာင္း သိလိုုက္ရပါေတာ့တယ္။ ဒါ့အျပင္ မစ္လ္ကီးေ၀းလိုု ဂလက္ဆီၾကယ္စုမ်ိဳးဟာ စၾကၤာ၀ဠာၾကီးထဲမွာ ဘီလီယံနဲ ့ခ်ီျပီး ရွိေနေၾကာင္းေတြ ့လိုုက္ရေတာ့ စၾကာ၀ဠာၾကီးရဲ့ ၾကီးမားမွဳဟာ လူေတြရဲ့ ဥာဏ္နဲ ့ေတြးယူလို ့မရေအာင္ ၾကီးမားလွေၾကာင္း သိရွိလိုုက္ရပါတယ္။ မီးလ္ကီးေ၀းဂလက္ဆီကလည္း အျခားအျခားေသာ ဂလက္ဆီမ်ားထက္ ဘာမွ ပိုုျပီး မထူးျခားလွတဲ့ ၾကယ္စုေ၀းၾကီးသာျဖစ္ေၾကာင္း သိလုုိက္ၾကရတဲ့ အခ်ိန္မွာေတာ့ "ကမာၻေျမၾကီးနဲ ့လူသားေတြဟာ ရည္ရြယ္ခ်က္ရွိရွိနဲ ့ျဖစ္တည္လာတာမွ ဟုုတ္ပါရဲ့လား၊ မေတာ္တဆ တိုုက္ဆိုုက္စြာ အဓိပၸါယ္မဲ့ ျဖစ္ေပၚလာတာလား " ဆိုုတဲ့ ေမးခြန္းၾကီးဟာ ၂၁ ရာစုုႏွစ္ ေခတ္မွီလူသားေတြရဲ့ အေတြးထဲမွာ နက္ရွိဳင္းစြာ ျဖစ္ေပၚလာၾကပါေတာ့တယ္။
စၾကာ၀ဠာၾကီးထဲမွာ အျခားေသာ သက္ရွိမ်ား ရွိၾကပါ၏ေလာ?
" စၾကာ၀ဠာၾကီးမွာ ကမာၻလိုမ်ိဳး ျဂိဳလ္ေတြဟာ မေရမတြက္ႏိုင္ေအာင္ရွိျပီး၊ မေရမတြက္ႏိုင္တဲ့ သက္ရွိပံုစံမ်ိဳးစံု ရွိေကာင္းရွိႏိုင္ပါတယ္။"
Robert Jastrow
စၾကၤာ၀ဠာၾကီးမွာ ၾကယ္ေတြ၊ ျဂိဳလ္ေတြ သန္းေပါင္း ေထာင္ေပါင္းမ်ားစြာ ရွိေနေၾကာင္း သိရွိလာတဲ့ အခ်ိန္မွာ၊ ကမာၻလို ျဂိဳလ္ေတြဟာ မေရမတြက္ႏိုင္ေအာင္ ရွိႏိုင္တယ္ဆိုတာကို လူသားေတြ ခန္ ့မွန္းလာၾကပါတယ္။ ဒါ့အျပင္ ကမာၻေပၚကလိုမ်ိဳး အသိဥာဏ္အဆင့္ျမင့္တဲ့ အျခားသက္ရွိသတၱ၀ါေတြလည္း စၾကၤာ၀ဠာၾကီးထဲမွာ ျပန္ ့ႏွံ ့ေနတဲ့ ျဂိဳလ္ေတြထဲမွာ ရွိေကာင္းရွိႏိုင္တယ္လို ့ယူဆလာၾကပါတယ္။ ဒါေၾကာင့္လည္းပဲ SETI (Search for Extra Terrestrial Intelligence) လို ့ဆိုတဲ့ ကမာၻ႕ျပင္ပမွာ ရွိတဲ့ အဆင့္ျမင့္သက္ရွိမ်ားကို ရွာေဖြတဲ့ စီမံကိန္းကို ၁၉၆၀ ႏွစ္မ်ားမွာ စတင္ခဲ့ပါတယ္။ အဲဒီစီမံကိန္းက တျခားျဂိဳလ္သားေတြက အာကာသယာဥ္ေတြ စီးနင္းျပီး ကမာၻကို လာေရာက္လည္ပတ္ဖို ့ေစာင့္ေနျခင္းမဟုတ္သလို လူသားေတြက အျခားျဂိဳလ္ေတြ သြားေရာက္လည္ပတ္မယ့္ အစီအစဥ္မ်ိဳးလည္း မဟုတ္ပါဘူး။ အားေကာင္းလွတဲ့ ေရဒီယို တယ္လီစကုပ္ေတြကို ၾကယ္စုေတြဆီ ခ်ိန္ရြယ္ျပီး အျခားေသာ ျဂိဳလ္မ်ားၾကယ္မ်ားဆီက အဆင့္ျမင့္သက္ရွိေတြရဲ့ ေရဒီယိုအခ်က္ျပလွိဳင္းေတြကို ရလိုရျငား ဖမ္းယူ ေလ့လာျခင္းပဲ ျဖစ္ပါတယ္။ ယခုအခ်ိန္ထိ အျခားကမာၻကသက္ရွိေတြရဲ့ ေရဒီယိုအခ်က္ျပလွိဳင္းေတြကို ဖမ္းယူရရွိခဲ့ျခင္း မရွိၾကေပမဲ့လည္း လူေတြရဲ့ စိတ္ထဲမွာ အျခားသက္ရွိေတြ ရွိေကာင္းရွိမယ္ဆိုတဲ့ စိတ္ကူးယာဥ္မွဳကေတာ့ ေပ်ာက္ဆံုးမသြားခဲ့ပါဘူး။
" စၾကာ၀ဠာၾကီးဟာ ျဂိဳလ္ေပါင္း၊ ေနအစင္းေပါင္း ေျမာက္ျမားစြာ နဲ ့ ျပည့္ႏွက္ေနပါတယ္။ တကယ့္လို ့မ်ားသာ ကမာၻၾကီးဟာ အလြန္ ့အလြန္ ထူျခားျခင္းမက ထူးျခားစြာ တည္ေဆာက္ထားတာ မဟုတ္ရင္ ကမာၻၾကီးမွာ ျဖစ္ပ်က္ခဲ့သလိုမ်ိဳး အျခားျဂိဳလ္ေတြမွာလည္း ျဖစ္ပ်က္ႏိုင္ေျခရွိျပီး သက္ရွိမ်ားလည္း ရွိေကာင္းရွိႏိုင္တယ္။ မစ္လ္ကီးေ၀းဂလက္ဆီထဲမွာတင္ပဲ ၾကယ္ေပါင္း သန္းေပါင္းေထာင္ေပါင္းမ်ားစြာရွိတာေၾကာင့္ မီးလ္ကီးေ၀းထဲမွာ ကမာၻလို ျဂိဳလ္မ်ိဳး ရာနဲ ့ခ်ီျပီး ရွိေနႏိုင္တယ္" ဆိုျပီးေတြးဆခ်က္ မ်ိဳးေတြနဲ ့သက္ရွိမ်ားကို ရွာေဖြေနျခင္းေတြကို ဆက္လက္လုပ္ကိုင္လ်က္ ရွိပါတယ္။ SETI စီမံကိန္းနဲ ့ျပီးတဲ့ေနာက္ ထပ္ျပီး ေပၚထြက္လာတာကေတာ့ Astrobiology လို ့ေခၚတဲ့ သက္ရွိတို ့ရဲ့ မူလဇစ္ျမစ္ကို ရွာေဖြတဲ့ သုေတသနျပဳ ပညာရပ္ပါပဲ။ ၁၉၉၅ခုႏွစ္ေလာက္မွာ အစျပဳ သေႏၶတည္ခဲ့တဲ့ အဲဒီပညာရပ္က ေနစၾကၤာ၀ဠာမိသားစုမွာ ရွိေနတဲ့ ျဂိဳလ္မ်ားမွာ သက္ရွိမ်ားကို ရွာေဖြခဲ့ၾကသလို အျခားေသာ ၾကယ္မ်ားကို ၀ိုင္းရံလည္ပတ္ေနတဲ့ ျဂိဳလ္မ်ားမွာလည္း သက္ရွိမ်ားကို ရွာေဖြခဲ့ၾကပါတယ္။ အဲဒီလိုရွာေဖြခဲ့ရာမွာ ျဂိဳလ္ေပါင္း ၁၀၀ ခန္ ့ကို ရွာေဖြေတြ ့ရွိခဲ့ေပမဲ့ အမ်ားကေတာ့ ဂ်ဴပီတာျဂိဳလ္လိုမ်ိဳး ဓါတ္ေငြ ့လံုးၾကီးသာျဖစ္ျပီး မိုက္ကရုပ္လို အရိုးရွင္းဆံုးသက္ရွိေလးေတြေတာင္ ရွိႏိုင္ဖို ့ရန္ မလြယ္ကူလွပါဘူး။ အဲဒီလို ကမာၻကလြဲလို ့အျခားေသာ ျဂိဳလ္ေတြမွာ သက္ရွိမ်ားကို ရွာေတြ ့ရွိဖို ့ရန္ ခက္ယဥ္းလာတာေၾကာင့္ "ဒီကမာၻၾကီးဟာ သက္ရွိေတြ ေနထိုင္ဖို ့ထူးျခားစြာတည္ေဆာက္ထားတာမ်ား ျဖစ္ေလမလား" ဆိုတဲ့ အေတြးမ်ားက လူသားေတြကို ျပန္လည္လႊမ္းမိုးလာခဲ့ပါတယ္။
သက္ရွိမ်ားျဖစ္တည္ႏိုင္သည့္ အေျခအေန
ေနစၾကၤာ၀ဠာရဲ့ အျခားေသာျဂိဳလ္မ်ားမွာ သက္ရွိမ်ား ရွိမရွိသိႏိုင္ဖို ့အတြက္ အရင္ဦးဆံုး သက္ရွိမ်ား ျဖစ္ေပၚရပ္တည္ႏိုင္ဖို ့အေျခခံလိုအပ္ခ်က္မ်ားကို ဒီကမာၻၾကီးမွာပဲ ရွာေဖြခဲ့ၾကပါတယ္။ ဒီကမာၻမွာရွိတဲ့ သက္ရွိေတြအတြက္ အေျခခံလိုအပ္ခ်က္ေတြက အျခားေသာ ျဂိဳလ္ကမာၻတခုမွာ ျပည္စံု ကိုက္ညီခဲ့လို ့ရွိရင္ အဲဒီျဂိဳလ္မွာ သက္ရွိေတြ ရွိႏိုင္ဖို ့ အခြင့္အလမ္းပိုမ်ားႏိုင္ပါတယ္။ အဲဒီလိုယူဆႏိုင္တာကလဲ ဓာတုေဗဒနိယာမမ်ားနဲ ့ရူပေဗဒနိယာမမ်ားက ကမာၻေပၚမွာသာ မွန္တာမဟုတ္ပဲ စၾကၤာ၀ဠာ မည္သည့္ေနရာမွမဆို အျမဲမွန္ေနလိုပဲျဖစ္ပါတယ္။ ဒါျဖင့္ရင္ သက္ရွိေတြအတြက္ အေျခခံလိုအပ္ခ်က္က ဘာေတြပါလဲ။
ေရရွိျခင္း
" ထမင္းအသက္ခုႏွစ္ရက္၊ေရအသက္တမနက္" လို ့ဆိုၾကတဲ့အတိုင္း ေရဟာ သက္ရွိေတြအတြက္ မရွိမျဖစ္လိုအပ္အရာျဖစ္ပါတယ္။ ေရ လို ့ဆိုတဲ့အခါမွာ အရည္ျဖစ္ေနတဲ့ ေရကို ဆိုလိုပါတယ္။ အခဲအသြင္ျဖစ္ေနတဲ့ ေရခဲကို မဆိုလိုပါဘူး။ အျခားကမာၻမွာ သက္ရွိမ်ားရွိမရွိ ရွာေဖြတဲ့အခါမွာ ပထမဦးဆံုး အဲဒီကမာၻမွာ ေရရွိမရွိကို အရင္ရွာၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေရမွာရွိတဲ့ ေပ်ာ္၀င္သတၱိဟာ ကာဗြန္နဲ ့တည္ေဆာက္ထားတဲ့ သက္ရွိေတြရဲ့ လုိအပ္တဲ့ ဓာတုပစၥည္းေတြကို ေထာက္ပံ့ျဖည့္စြက္ေပးႏိုင္သလို ၊ ေရမွာရွိတဲ့ ေနေရာင္ျခည္အပူဒဏ္ကို စုပ္ယူႏိုင္ထားစြမ္းကလည္း ကမာၻမ်က္ႏွာျပင္မွာ ညီမွ်တဲ့ အပူခ်ိန္ကို ျဖစ္ေပၚေစပါတယ္။ ျဂိဳလ္တခုမွာ ေရရွိႏိုင္ဖို ့အဲဒီျဂိဳလ္ဟာ သူပတ္ေနတဲ့ ေနရဲ့ သင့္တင့္ေလွ်ာက္ပတ္တဲ့ ဇံုအတြင္းမွာ ရွိေနဖို ့လိုပါတယ္။ အဂၤလိပ္လိုေတာ့ Habitable Zone (HZ) လို ့ ေခၚပါတယ္။ အခ်ိဳ ့ကေတာ့ Goldilocks Zone လို ့လဲေခၚၾကပါတယ္။ ကမာၻၾကီးဟာ ေနမင္းၾကီးကို ပတ္ေနတဲ့ ေနရာမွာ Habitable Zone ထဲမွာ ရွိေနပါတယ္။ ဒါေၾကာင့္ ကမာၻေပၚမွာ ေရကိုေပါမ်ားစြာ ေတြ ့ရျခင္းျဖစ္ပါတယ္။ တကယ္လို ့မ်ား ကမာၻၾကီးဟာ အခုပတ္ေနတဲ့ လမ္းေၾကာင္းထက္ ၅% ပဲ ပိုနီးကပ္သြားလို ့ရွိရင္ ေနနဲ ့နီးကပ္စြာ ပတ္ေနတဲ့ ဗီးနပ္ျဂိဳလ္ ရဲ့ ၾကမၼာမ်ိဳး ၾကံဳရမွာ ျဖစ္ပါတယ္။ အခုရွိေနတဲ့ ေရေတြဟာ ပြက္ပြက္ဆူျပီး ဖာရင္ဟိုက္ ၉၀၀ ေလာက္အထိ အပူခ်ိန္တက္သြားႏိုင္ပါတယ္။ အဲဒီလို ျဖစ္လာရင္ ဘယ္သက္ရွိမွ ရွိႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ အျခားတဖက္မွာလည္း ကမာၻၾကီးဟာ အခု ပတ္ေနတဲ့ လမ္းေၾကာင္းထက္ ၂၀% ပို ေ၀းျပီး ပတ္ေနခဲ့လို ့ရွိရင္ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ ေတြဟာ ေလထုအျပင္လႊာမွာ ျဖစ္ေပၚလာျပီး ကမာၻေပၚမွာ ရွိတဲ့ ေရေတြဟာ ေအးခဲသြားလို ့ အဆံုးမွာ မား(စ္)ျဂိဳလ္လို အျဖစ္မ်ိဳး ၾကံဳေတြ ့ရမွာ ျဖစ္ပါတယ္။ မား(စ္)ရဲ့ ေနရာတခ်ိဳ ့မွာ ေရအခ်ိဳ ့ၾကြင္းက်န္ႏိုင္ေသးမဲ့ မား(စ္)မွာ သက္ရွိေတြရွိႏိုင္ဖို ့အေျခအေနအလြန္မွ နည္းပါးပါတယ္။ ဘာေၾကာင့္မလို ့လဲဆိုေတာ့ ေရဟာ သက္ရွိေတြအတြက္ မရွိမျဖစ္လိုအပ္တဲ့ အရာျဖစ္ေပမဲ့၊ သက္ရွိေတြျဖစ္ေပၚရပ္တည္ႏိုင္ဖို ့ေရတခုတည္းနဲ ့မလံုေလာက္လုိ ့ပါပဲ။ သက္ရွိေတြျဖစ္ေပၚဖို႔ လိုအပ္တဲ့ အခ်က္မ်ားစာရင္းကို ျပဳစုရင္းနဲ ့ပဲ အဲဒီလိုအပ္ခ်က္စာရင္းဟာ တျဖည္းျဖည္းမ်ားလာပါတယ္။
အေပၚယံေျမလႊာရွိျခင္း
ကမာၻၾကီးမွာ မာေက်ာတဲ့ အေပၚယံေျမလႊာရွိပါတယ္။ အဲဒီအေပၚယံေျမလႊာေပၚမွာ သက္ရွိမ်ား မွီတင္းေနထိုင္ၾကျခင္း ျဖစ္ပါတယ္။ ေနမိသားစုထဲက ျဂိဳလ္ျဖစ္တဲ့ ဂ်ဴပီတာဟာ ဓါတ္ေငြ ့လံုးသာရွိျပီး မာေက်ာတဲ့ အေပၚယံေျမလႊာမရွိတဲ့ အတြက္ အာကာသာယာဥ္မ်ားေတာင္ ဆင္းသက္လို ့မရပါဘူး။ ကမာၻၾကီးရဲ့ အေပၚယံေျမလႊာေက်ာကို ေရြ ့လ်ားႏိုင္တဲ့ ေျမလႊာပိုင္း (Tectonic Plates) ေပါင္း ၁၂ ခု နဲ ့တည္ေဆာက္ထားပါတယ္။ ဒီအေပၚယံေျမလႊာဟာ အပါးဆံုး ၄ မိုင္ရွိျပီး၊ အထူဆံုး မိုင္ ၃၀ ခန္ ့ရွိပါတယ္။ တကယ္လို ့မ်ား ဒီေျမလႊာဟာ အနည္းငယ္ ပိုျပီးထူခဲ့လို ့ရွိရင္ Tectonic Plates ေတြဟာ ေရႊလ်ားႏိုင္ေတာ့မွာ မဟုတ္ပါဘူး။ ဒါေပမဲ့ ကမာၻ႕ေျမလႊာဟာ မွန္ကန္တဲ့အထူရွိတာေၾကာင့္ Tectonic Plantes ေတြ မၾကာခဏဆိုသလို ေရြ ့လ်ားႏိုင္တဲ့အတြက္ ကမာၻအတြင္းပိုင္းက အပူခ်ိန္ကို မွ်တေစျပီး၊ ကာဗြန္ဓါတ္ကို လည္း ျပန္လည္ အသံုးျပဳႏိုင္ေစပါတယ္။ဒါ့အျပင္ သက္ရွိေတြအတြက္ လိုအပ္တဲ့ ဓါတ္ေတြကို အခ်ိဳးအစားညီမွ်ေအာင္ ေရာေမႊသမေပးသလို တုိက္ၾကီးေတြရဲ့ ပံုသ႑န္ကိုလည္း ျပဳျပင္ေပးပါတယ္။
မွန္ကန္ေသာ သံလိုက္ဓါတ္အား ရွိျခင္း
ကမာၻေျမၾကီးအတြင္းပိုင္းမွာ သံရည္ပူေတြရွိပါတယ္။ အဲဒီသံရည္ပူေတြဟာ လွဳပ္ရွားလည္ပတ္ေနတာေၾကာင့္ ကမာၻၾကီးရဲ့ ပတ္ပတ္လည္မွာ သံလိုက္စက္ကြင္းၾကီး ျဖစ္ေပၚလာျပီး တကမာၻလံုးကို ျခံဳလႊမ္းထားပါတယ္။ တကယ္လို ့မ်ား ကမာၻၾကီးဟာ အခုရွိေနတဲ့ အရြယ္အစားထက္ အနည္းငယ္မ်ား ေသးသြားမယ္ဆိုရင္ သံလိုက္စက္ကြင္းရဲ့ အားဟာ ေပ်ာ့သြားတဲ့ အတြက္ ေနကေနလာတဲ့ ေနလွိဳင္း( Solar wind) ဒဏ္ကို အကာအကြယ္ မေပးႏိုင္ေတာ့ပါဘူး။ ကမာၻၾကီးရဲ့ ေလထုလႊာဟာ ေနလိွဳင္းဒဏ္ေၾကာင့္ တျဖည္းျဖည္းေလ်ာ့ပါးလာျပီး အဆံုးမွာ မား(စ္) ျဂိဳလ္လိုမ်ိဳး ေလထုလႊာမရွိတဲ့ လြင္တီးေခါင္ အေျခအေနမ်ိဳး ေရာက္သြားႏိုင္ပါတယ္။
ေလထုလႊာရွိျခင္း
ကမာၻၾကီးရဲ့ အေရးပါဆံုးအရာတခုကေတာ့ ေလထုလႊာပဲ ျဖစ္ပါတယ္။ ဒီေလထုလႊာဟာ ကမာၻရဲ့ အခ်င္းနဲ ့စာရင္ ၁%ေတာင္ မရွိပါဘူး။ ေအာက္စီဂ်င္၊ ႏိုင္ထရိုဂ်င္ နဲ ့ကာဗြန္ဒိုင္ေအာက္ဆိုဒ္ ေတြ နဲ ့ အခ်ိဳးအစားသင့္တင္စြာ ဖြဲ ့စည္းထားတဲ့ ဒီေလထုလႊာၾကီးဟာ ေနေရာင္ျခည္ရဲ့ အဆိပ္သင့္ေရာင္ျခည္မ်ားမွ အကာအကြယ္ေပးတဲ့အျပင္ ညီမွ်တဲ့ ဥတုရာသီကို ျဖစ္ေပၚေစပါတယ္။ သက္ရွိသတၱ၀ါမ်ား အတြက္ လိုအပ္တဲ့ ဓါတ္ေငြ ့မ်ားကို ျဖည့္ဆည္းေပးသလို ေရျဖစ္ေပၚဖြဲ ့စည္းမွဳကိုလည္း ထိန္းသိမ္းေပးပါတယ္။
ၾကီးမားသည့္ လရွိျခင္း
ကမာၻၾကီးရဲ့ အရြယ္နဲ ့စာလို ့ရွိရင္ လဟာ ေလးပံုတပံုေလာက္ အရြယ္ရွိတာေၾကာင့္ ၾကီးမားတဲ့ လလို ့ဆိုႏိုင္ပါတယ္။ လရဲ့ အေတာ္အတန္ၾကီးမားတဲ့ ဆြဲငင္အားေၾကာင့္ ကမာၻၾကီးဟာ ၂၃.၅ ဒီဂရီ တိမ္းေစာင္းျပီး မိမိ၀င္ရုိးကို လည္ေနတဲ့ ေနရာမွာ တည္ျငိမ္ေအာင္ ထိမ္းထားေပးပါတယ္။ ဒီလိုတည္ျငိမ္တည့္မတ္စြာ လည္ေနတာေၾကာင့္ ရာသီဥတုဟာ ၾကမ္းတမ္းလွျခင္းမရွိပဲ သာသာယာယာရွိေနတာေၾကာင့္ သက္ရွိမ်ား တည္ရွိေနျခင္းပဲျဖစ္ပါတယ္။
သင့္တင့္ေလ်ာက္ပတ္သည့္ ေနရွိျခင္း
ကမာၻၾကီးက ပတ္ေနတဲ့ ေနဟာ G-2 အမ်ိဳးအစား ၾကယ္တမ်ိဳးျဖစ္ပါတယ္။ အဆင့္ျမင့္ သက္ရွိသတၱ၀ါေတြ ျဖစ္ထြန္းဖို ့အတြက္ အခုရွိေနတဲ့ ေနလိုမ်ိဳး လိုအပ္ပါတယ္။ တကယ္လို ့မ်ား ေနမင္းၾကီးဟာ ဒီထက္မ်ား အနည္းငယ္ေသးသြားမယ္ဆိုရင္ ( ဂလက္ဆီထဲမွာ ရွိတဲ့ ၾကယ္မ်ားရဲ့ ၉၅% ဟာ ေနထက္ေသးငယ္ၾကပါတယ္) Habitable Zone ဟာ ေနနဲ ့ပိုလို ့နီးကပ္သြားပါတယ္။ အဲဒီအခါမွာ ကမာၻဟာ ၾကီးမားလာတဲ့ ေနရဲ့ ဆြဲငင္အားေၾကာင့္ မိမိ၀င္ရိုးေပၚမွာ လည္ပတ္မေနႏိုင္ေတာ့ပဲ အေသျဖစ္သြားႏိုင္ပါတယ္။ အဲဒီလိုျဖစ္သြားရင္ ေနဖက္မ်က္ႏွာမူေနတဲ့ ကမာၻ ့တဖက္ျခမ္းဟာ ေနေရာင္ျခည္ဒဏ္ကို အျမဲခံေနရျပီး၊ က်န္တဖက္ကေတာ့ အျမဲေအးေနမွာ ျဖစ္ပါတယ္။ အဲဒီလိုအေျခအေနမ်ိဳးမွာ ဘယ္သက္ရွိသတၱ၀ါမွ ရွိေနႏိုင္ၾကေတာ့မွာ မဟုတ္ပါဘူး။
အထက္ေဖာ္ျပပါအခ်က္အလက္မ်ားအျပင္ မီးလ္ကီးေ၀းထဲမွာ ကမာၻၾကီးဟာ သင့္တင့္တဲ့ အရပ္မွာ တည္ရွိေနျခင္း၊ ၾကယ္တံခြန္မ်ား၊ဥကာပ်ံမ်ားရဲ့ အႏာၱရယ္ေတြကေန ၾကီးမားတဲ့ ျဂိဳလ္မ်ားက အကာအကြယ္ေပးမွဳကို ခံထားရျခင္း စတဲ့ အခ်က္အလက္မ်ားကို စုေဆာင္းလိုက္တဲ့ အခါမွာ သက္ရွိမ်ားျဖစ္ေပၚဖို႔အတြက္ လိုအပ္တဲ့ အခ်က္အလက္ စုစုေပါင္း ၂၀ ခန္ ့ကို သိပၸံပညာရွင္မ်ား စုေဆာင္းရရွိလိုက္ၾကပါတယ္။
သုေတသေနျပဳၾကသူတခ်ိဳ ့ ဒီအခ်က္အလက္ေတြအားလံုးျပည့္စံုႏိုင္ဖို ့ ျဖစ္ႏိုင္ေျခကို တြက္ၾကပါတယ္။ လိုအပ္ခ်က္ တခု အတြက္ ျဖစ္ႏိုင္ေျခကို သမားရုိက် နည္းနဲ ့ ဆယ္ပံုပံု တပံုထားျပီး တြက္လိုက္တဲ့အခါမွာ လိုအပ္ခ်က္ အားလံုးျပည့္စံုဖို ့အတြက္ ျဖစ္ႏိုင္ေခ်ဟာ အရမ္းကို ေသးငယ္လြန္းတာေတြ႕ရပါတယ္။ ကိန္ဂဏန္းနဲ ့ေဖာ္ျပရရင္
၁
---------------------------------
၁,၀၀၀,၀၀၀,၀၀၀,၀၀၀,၀၀၀
မီးလ္ကီးေ၀း ဂလက္ဆီထဲမွာ ၾကယ္ေပါင္း ၁၀၀ ဘီလီယံရွိပါတယ္။ ၁ ဘီလီယံဟာ ၁ ေနာက္မွာ သံုည ၉ လံုးရွိတာေၾကာင့္ ၁၀၀ ဘီလံယံဟာ ၁ ေနာက္မွာ သံုည ၁၁ လံုးသာရွိပါတယ္။ ဒီအေရအတြက္ဟာ အထက္က ျဖစ္ႏိုင္ေျခကိန္းဂဏန္း နဲ ့စာရင္ အရမ္းကို ငယ္ေနပါေသးတယ္။ ဆိုလိုတာကေတာ့ ဘီလီယံေပါင္းမ်ားစြာ ၾကယ္ေတြစုေနတဲ့ ဒီဂယ္လက္ဆီၾကီးထဲမွာ ကမာၻလိုမ်ိဳး အဆင့္ျမင့္သက္ရွိေတြ ရွိေနဖို ့ဆိုတာ အလြန္မွ ကို မျဖစ္ႏိုင္တဲ့ အရာ ျဖစ္ေနေၾကာင္းေတြ ့ရပါတယ္။ တနည္းအားျဖင့္ေတာ့ လူသားေတြနဲ ့ သက္ရွိမ်ားဟာ ဒီဂယ္လက္ဆီၾကီးထဲမွာ အလြန္ ့အလြန္ ့ကို ရွားပါးစြာ ျဖစ္တည္လာတယ္လို ့ ဆိုရမွာျဖစ္ပါတယ္။
"Rare Earth"(ရွားပါးသည့္ ဤကမာၻ) အမည္ရွိတဲ့ စာအုပ္ကို ေရးသားသူ၊ နာဆာအဖြဲ ့မွာ တာ၀န္ထမ္းေဆာင္ေနတဲ့ Donald Brownlee က
" စၾကၤာ၀ဠာတျပင္မွာ ရွိတဲ့ ျဂိဳလ္ေတြထဲမွာ အရိုးရွင္းဆံုးသက္ရွိသတၱ၀ါေတြ ျဖစ္တဲ့ မိုက္ကရုပ္လို သက္ရွိမ်ိဳး ရွိေကာင္းရွိႏိုင္ေပမဲ့ အဆင့္ျမင့္လွတဲ့ လူလို သတၱ၀ါေတြလို သက္ရွိမ်ားရွိႏိုင္ဖို ့ကေတာ့ အလြန္ ့အလြန္ကို မလြယ္ကူလွပါဘူး။ စၾကၤ၀ဠာရဲ့ ေနရာအေတာ္မ်ားမ်ားဟာ သက္ရွိေတြ အတြက္ အႏာၱရယ္မ်ားလွပါတယ္။ တျခားျဂဳိလ္ေတြဟာ ကြ်န္ေတာ္တို ့ကမာၻနဲ ့ဘယ္လိုမွ ယွဥ္လို ့မရပါဘူး။ ကြ်န္ေတာ္တို ့လို ကမာၻၾကီးမ်ိဳးဟာ တကယ့္ကို ရွားပါးလွပါတယ္။ ဒီကမာၻၾကီးဟာ သက္ရွိေတြ ေနထိုင္ဖို ့တမင္သက္သက္မ်ား ဖန္တီးထားသလိုမ်ိဳးပါပဲ။ ကြ်န္ေတာ္တို ့သက္ရွိေတြ လိုအပ္တဲ့ ေလက စလို ့အစားအစား အဆံုး ျပီးျပည့္စံုစြာ ရွိေနပါတယ္။ ဒါေပမဲ့ ဘာျဖစ္လို ့ကြ်န္ေတာ္တို ့တေတြပဲ ရွားရွားပါးပါး ျဖစ္ေပၚလာရတာလဲ။ တိုက္တိုက္ဆိုင္ဆိုင္ ကံေကာင္းသြားလို ့ပဲလား ။ ဒါမွမဟုတ္ အျခားအေၾကာင္းတေၾကာင္းရွိလို ့ပဲလား။"
ဖန္းဆင္းျခင္းလက္ရာမ်ားကိုု ေဖာ္ျပလိုုျခင္းေပေလာ
လူသားေတြအပါအ၀င္ သက္ရွိသတၱ၀ါေတြ ရွားရွားပါးပါးျဖစ္တည္ေနတာဟာ အလြန္ ့အလြန္ ့ကံေကာင္းစြာ တိုက္ဆိုက္သြားလို ့ေလပဲလား။ ဒါမွမဟုတ္ ရည္ရြယ္ခ်က္ရွိစြာနဲ ့ ဖန္တီးျဖစ္ေပၚလာျခင္းေပပဲလား။ရည္ရြယ္ခ်က္ရွိခဲ့ရင္လည္း အဲဒီရည္ရြယ္ခ်က္က ဘာပါလဲလိုု ့ေမးစရာ ျဖစ္လာပါတယ္။
" ကြ်န္ေတာ္တိုု ့သက္ရွိလူသားေတြ ျဖစ္ေပၚတည္ရွိႏိုုင္ဖိုု ့အတြက္ အေျခအေနေကာင္းေတြ အလြန္ကိုု ရွားပါးလွပါတယ္။ အဲဒီရွားပါးလွတဲ့ အေျခအေနေတြကလည္း လူေတြအတြက္ သိပံၸဆိုုင္ရာအခ်က္အလက္ေတြ ရွာေဖြေတြ ့ရွိဖိုု ့အတြက္ အေကာင္းဆံုုးအေျခအေနေတြလည္း ျဖစ္ေနတာကိုု ေတြ ့ရျပန္ပါတယ္။"
Guillermo Gonzalez
လူသားမ်ားအပါအ၀င္ သက္ရွိေတြ ျဖစ္ေပၚဖိုု ့ခက္ခဲလွေၾကာင္း သိလာၾကပါတယ္။ ဒီလိုု ရွားပါးစြာ ျဖစ္တည္မွဳနဲ ့အတူ သက္ရွိေတြအတြက္ ရည္ရြယ္ခ်က္က စၾကၤ၀ဠာၾကီးကိုု ေလ့လာႏိုုင္ဖိုု ့ပဲ ျဖစ္ပါတယ္။ အဲဒီရည္ရြယ္ခ်က္ကို ေနၾကတ္ျခင္းျဖစ္စဥ္ ေလ့လာရာက အစျပဳျပီး နားလည္လာၾကပါတယ္။
ေနၾကတ္ျခင္း
၁၉၉၅ ခု ေအာက္တိုဘာ ၂၄ ရက္ေန႔မွာ အိႏၵိယျပည္မွာ ေနၾကတ္ျခင္း ျဖစ္ေပၚခဲ့ပါတယ္။ ေနၾကတ္ျခင္းကို အလြန္႔အလြန္ ရခဲလွတဲ့ အခြင့္အေရးတရပ္အေနနဲ႔ သိပၸံပညာရွင္မ်ား အိႏၵိယကို အေျပးအလႊား သြားေရာက္ေလ့လာခဲ့ပါတယ္။ ေနၾကတ္ျခင္းဆိုတာ ေနနဲ႔ကမာၻၾကားမွာ လကေရာက္ရွိသြားတာေၾကာင့္ ေန၀န္းကို လက ဖံုးအုပ္သြားတာျဖစ္ပါတယ္။ အဲဒီအခ်ိန္မွာ ေနရဲ့အလင္းကို လကဖံုးကာသြားတာေၾကာင့္ ညပမာျဖစ္သြားျပီး ေနအလင္းေရာင္ကို ျဖိဳးျဖိဳးျဖျဖေလးသာ ျမင္ရပါေတာ့တယ္။ ဒါေပမဲ့ လံုးလံုးဖံုးအုပ္သြားတာေတာ့ မဟုတ္ပါဘူး။ ေနရဲ့ အ၀န္း၀ိုင္းကို လရဲ့ အ၀န္းပတ္လည္မွာ ေငြနားေရးလို ျမင္ရပါေသးတယ္။ ေနဟာ လထက္ အဆ ေလးရာၾကီးေပမဲ့ လက ေနကေန အဆေလးရာကြာတဲ့ ေနရာမွာ ရွိေနတာေၾကာင့္ လံုး၀ဖံုးအုပ္သြားျခင္းမဟုတ္ပဲ အံကိုက္ဖံုးအုပ္သြားတာကို ေတြ႕ရပါတယ္။ ဒီအခ်က္ကို သိပၸံပညာရွင္မ်ားက တိုက္ဆိုင္မႈတစ္ရပ္အျဖစ္ ႏွစ္ေပါင္းမ်ားစြာကတည္းက သတိထားမိခဲ့ၾကျပီး အံ့ၾသျခင္းမ်ားစြာ ျဖစ္ခဲ့ၾကပါတယ္။
ေနၾကတ္ခ်ိန္မွာ ေနရဲ့အလင္းေရာင္ကို သံုးေျမွာင့္ဖန္တံုး(Prism) နဲ႔ၾကည့္လိုက္တဲ့အခါမွာ သက္တန္႔လို ေရာင္စဥ္တန္းကို ရရွိပါတယ္။ အဲဒီေရာင္စဥ္တန္းကို ေလ့လာတဲ့အခါမွာ ေနကို ဟီလီယံ ဓါတ္ေငြ႕နဲ႔ဖြဲ႕စည္းထားတာကို ေလ့လာႏိုင္ခဲ့ၾကပါတယ္။ ၾကယ္တစ္ခုျဖစ္တဲ့ ေနအေၾကာင္းကို သိရွိလာတာနဲ႔အတူ က်န္တဲ့ စၾကၤာ၀ဠာတခြင္က ၾကယ္ေတြအေၾကာင္းကိုလည္း ပိုမိုသိရွိလာဖို႔ အခြင့္အလမ္းမ်ားစြာရရွိခဲ့ၾကပါတယ္။ တကယ္လို႔မ်ားသာ လရဲ့အရြယ္ပမာဏဟာ အနည္းငယ္ေသးသြားမယ္ဆိုရင္ ေနၾကတ္ခ်ိန္မွာ ေနရဲ့အလင္းေရာင္မ်ားလြန္းသြားတာေၾကာင့္ ေနဖြဲ႕စည္းပံုကို ေလ့လာႏိုင္ဖို႔ဆိုတာ မျဖစ္ႏိုင္တဲ့ အရာပါ။ လဟာ အနည္းငယ္ၾကီးသြားမယ္ဆိုရင္လည္း ေနၾကတ္ခ်ိန္မွာ ေနတခုလံုးပိတ္သြားတာေၾကာင့္ ေနဖြဲ႕စည္းပံုကို ေလ့လာဖို႔ဆိုတာ မျဖစ္ႏိုင္ျပန္ပါဘူး။ ဒါေပမဲ့ လအရြယ္နဲ႔အကြာအေ၀းဟာ အခုလို အံ့ကိုက္ျဖစ္သြားတာေၾကာင့္ ေနအေၾကာင္းကို ေလ့လာႏိုင္ျခင္းပဲျဖစ္ပါတယ္။ ေနၾကတ္တဲ့အခ်ိန္မွာပဲ အနီးအနားက ၾကယ္ေတြကေန လာတဲ့အလင္းကို ေလ့လာႏိုင္ခဲ့ပါတယ္။ အဲဒီၾကယ္ေတြရဲ့အလင္းေရာင္ကေန အိုင္းစတိုင္းရဲ့ ႏႈိင္းရသီအိုရီျဖစ္တဲ့ " အလင္းေရာင္သည္ ဆြဲငင္အားေၾကာင့္ ေကြ႕ေကာက္သြားႏိုင္တယ္" ဆိုတဲ့ အခ်က္ကိုလည္း အတည္ျပဳႏိုင္ခဲ့ပါတယ္။
ကမာၻကို ၂၃.၅ ဒီဂရီ ေစာင္းျပီး မိမိ၀န္ရိုးေပၚမွာ လည္ေနႏိုင္ေစဖို႔ လက အကူအညီေပးပါတယ္။ အဲဒီလိုလည္ပတ္ေနျခင္းအားျဖင့္ သင့္တင့္မွ်တတဲ့ရာသီဥတုကို လက ျဖစ္ေပၚေစပါတယ္။ ကမာၻဟာ ေနနဲ႔ သင့္တင့္မွ်တတဲ့ အကြာအေ၀းမွာ ရွိေနတာေၾကာင့္ ကမာၻေပၚမွာ ေရရွိႏိုင္ျပီး သက္ရွိေတြ ေျမာက္ျမားစြာ ျဖစ္ေပၚေနတာ ျဖစ္ပါတယ္။ ေနနဲ႔လ တို႔က သက္ရွိေတြကို ရပ္တည္ႏိုင္ဖို႔ ဖန္တီးေပးသလို တခ်ိန္တည္းမွာပဲ ေနၾကတ္ျခင္းလို ျဖစ္စဥ္ကေန စၾကၤ၀ဠာအေၾကာင္း တေစ့တေစာင္း ေလ့လာႏိုင္ဖို႔ အခြင့္ေပးထားျခင္းလည္း ျဖစ္ပါတယ္။
ၾကည္လင္သည့္ ေလထုလႊာ
ကမာၻၾကီးကို ထြင္းေဖာက္ျမင္ႏိုင္တဲ့ ၾကည္လင္တဲ့ ေလထုလႊာနဲ႔ ရစ္ပတ္ျခံဳလႊမ္းထားပါတယ္။ ျပီးခဲ့တဲ့ ႏွစ္ေလးဆယ္အတြင္းက အာကာသယာဥ္မ်ားနဲ႔ အျခားျဂိဳလ္ေတြကို သြားေရာက္ေလ့လာေတာ့မွပဲ လူသားေတြ ေနထိုင္တဲ့ ကမာၻၾကီးရဲ့ ေလထုလႊာရဲ့ တန္ဖိုးကို နားလည္ၾကပါေတာ့တယ္။ ေနမိသားစုရဲ့ ျဂိဳလ္အလံုးေပါင္း ၇၀ ထဲမွာ ကမာၻၾကီးအပါအ၀င္ ျဂိဳလ္ ၇ လုံးသာလွ်င္ ေလထုလႊာ ရွိပါတယ္။ အဲဒီ ၇ လံုးထဲမွာမွ ကမာၻ႕ေလထုလႊာသာလွ်င္ သက္ရွိျဖစ္ေပၚမႈကို အေထာက္အပ့ံျဖစ္ေစျပီး ထြင္းေဖာက္ျမင္ႏိုင္တဲ့ ေလထုလႊာျဖစ္ပါတယ္။ တကယ္လို႔မ်ား ကမာၻ႕ေလထုလႊာမွာ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ဓါတ္ေငြ႕ေတြ ယခုရွိေနတာထက္ အခ်ိဳးအစား ပိုမိုမ်ားျပားစြာ ရွိေနမယ္ဆိုရင္ တိုင္တန္လို႔ ေခၚတဲ့ ဂ်ဴပီတာျဂိဳလ္ၾကီးရဲ့ လလိုမ်ိဳး အျဖစ္ကို ၾကံဳရမွာ ျဖစ္ပါတယ္။ တိုင္တန္လမွာ ေကာင္းကင္တခုလံုးဟာ ကာဗြန္ဓါတ္ေငြ႕မ်ားနဲ႔သာ ဖံုးအုပ္ထားတာေၾကာင့္ ၾကယ္မ်ားကို ေတြ႕ျမင္ေလ့လာႏိုင္ဖို႔ မဆိုထားနဲ႔ ေနကိုေတာင္ ေကာင္းေကာင္းမျမင္ရပါဘူး။ လူသားကမာၻရဲ့ ေလထုက လိုအပ္တဲ့ ဓါတ္ေငြ႕ေတြကို အခ်ိဳးအစား က်နစြာ ေပါင္းစပ္ဖြဲ႕စည္းထားတာေၾကာင့္ သက္ရွိေတြရပ္တည္ႏိုင္ျပီး ထိုးေဖာက္ျမင္ႏိုင္ျခင္းေၾကာင့္ စၾကၤာ၀ဠာတခြင္ကို မွန္ေျပာင္းမ်ားနဲ႔ ေလ့လာႏိုင္ခဲ့ျခင္း ျဖစ္ပါတယ္။
ေနအလင္းေရာင္ျခည္
လူသားကမာၻဟာ စၾကၤာ၀ဠာၾကီးထဲမွာ တိုး၀င္ သြားလာေနတဲ့ အခါ ေနအပါအ၀င္ အနီးအနားက ၾကယ္ေတြရဲ့ ေရာင္ျခည္ေတြ ရိုက္ခိုက္မႈကို ခံရပါတယ္။ အဲဒီေရာင္ျခည္ေတြဟာ ဂါမာ၊ အိပ္(စ)ေရး ကေန အနီေအာက္ေရာင္ျခည္၊ ေရဒီယိုလိႈင္းမ်ားအထိ ပါ၀င္ပါတယ္။ အဲဒီေရာင္ျခည္အမ်ားအျပားထဲမွာ ေရာင္ျခည္ေတြရဲ့ ေသးငယ္လွတဲ့ အစိတ္အပိုင္း ေလးသာ သက္ရွိေတြအတြက္ အေရးပါပါတယ္။ သက္ရွိေတြကို မ်က္စိအလင္းကို ျမင္ႏိုင္ေစတဲ့ အဲဒီေရာင္ျခည္ေတြက အပင္မ်ားအစာခ်က္ျခင္းလို သက္ရွိျဖစ္စဥ္ေတြ အတြက္ အေရးပါပါတယ္။ အျမင္အာရုံကို ျဖစ္ေပၚေစတဲ့ အဲဒီေရာင္ျခည္မ်ားကပဲ ပတ္၀န္းက်င္ကို ေလ့လာဖို႔ ျဖစ္ေစႏိုင္ပါတယ္။ visible region လို႔ ေခၚတဲ့ အဲဒီ ေရာင္ျခည္စဥ္ကို လူသားကမာၻကို အလင္းေပးေနတဲ့ ေနက ေပါမ်ားစြာ ျဖည့္ဆည္းေပးေနျခင္းဟာ အံ့ၾသစရာ ေကာင္းလြန္းလွပါတယ္။
ဂလက္ဆီမွာ တည္ေနရာ
လူသားမ်ားရဲ့ ေနမိသားစုဟာ Milky Way လို႔ ေခၚတဲ့ ၾကယ္စုေ၀း ဂလက္ဆီထဲမွာ ရွိပါတယ္။ မီးလ္ကီေ၀းဂလက္ဆီဟာ အထက္ကေနၾကည့္ရင္ ခရုေခြလို ပံုစံရွိျပီး ေဘးတိုက္ကေနၾကည့္ရင္ အလယ္မွာ လံုး၀န္းတဲ့ စက္၀ိုင္းပံုသ႑န္ရွိပါတယ္။ အလယ္က စက္၀ိုင္းလံုးထဲမွာေတာ့ ၾကယ္အစင္းေပါင္းမ်ားစြာ သိပ္သည္းစြာ တည္ရွိေနျပီး Super Nova လို ၾကယ္မ်ား မၾကာခဏ ေပါက္ကြဲေနတဲ့ အရပ္လည္း ျဖစ္ပါတယ္။ အလယ္ဗဟိုတည့္တည့္မွာ တြင္းနက္ၾကီးရွိျပီး အနီးအနားက ၾကယ္ေတြကို စုပ္ယူ ၀ါးမ်ိဳေလ့ရွိပါတယ္။ လူသားကမာရဲ့ ေနဟာ ဂလက္ဆီရဲ့ အလယ္ဗဟုိမွာ ရွိခဲ့မယ္ဆိုရင္ ေသခ်ာေပါက္ ပ်က္စီးသြားႏိုင္ပါတယ္။
ဂလက္ဆီရဲ့ အစြန္အဖ်ားဟာ ခရုေခြပံုသ႑န္ လက္တံမ်ားနဲ ့ဖြဲ႕စည္းထားပါတယ္။ အဲဒီေနရာေတြအနီးအနား တေလွ်ာက္မွာ အႏာၱရယ္ ျဖစ္ေစႏိုင္တဲ့ ဓါတ္ေငြ႕မ်ား ဖံုးလႊမ္းလ်က္ရွိျပီး သက္ရွိမ်ားအတြက္ လိုအပ္တဲ့ ဆီလီကြန္၊ မဂၢနီဆီယံ ဓါတ္သတၱဳေတြ ရွားပါးပါတယ္။ လူသားမ်ားရဲ့ ေနအဖြဲ႕အစည္းဟာ အႏာၱရယ္ ဓါတ္ေငြ႕မ်ား ဖံုးလႊမ္းေနတဲ့ ေနရာမွာ ရွိေနမယ္ဆိုရင္ သက္ရွိမ်ား ျဖစ္ေပၚႏိုင္ဖို႔ အလားအလာ မရွိေတာ့ပါဘူး။ ဒါေပမဲ့ လူသားတို႔ရဲ့ေနဟာ မီးလ္ကီးေ၀း ဂလက္ဆီရဲ့ အလယ္ဗဟိုနဲ႔ ေ၀းကြာစြာ တည္ရွိေနျပီး အႏာၱရယ္မ်ားလွတဲ့ အစြန္အဖ်ားနားနဲ႔လည္း ေ၀းကြာစြာ တည္ရွိေနပါတယ္။ လူသားတုိ႔ရဲ့ ေနဟာ Galatic Habitable Zone( GZH) လို႔ ေခၚတဲ့ သက္ရွိမ်ားျဖစ္ေပၚေနထိုင္ရာဇံုအတြင္းမွာ ရွိပါတယ္။
GHZ ဇံုအတြင္းမွာပဲ ဓါတ္ေငြ႕မ်ားကင္းစင္ျပီး ၾကည္လင္တဲ့ ေနရာမွာ လူသားတို႔ရဲ့ ေနမိသားစု တည္ေနပါတယ္။ ၾကည္လင္တဲ့အရပ္မွာ ျဖစ္တာေၾကာင့္ စၾကၤ၀ဠာ ကို ေလ့လာႏိုင္ခြင့္ ရၾကျခင္းလည္း ျဖစ္ပါတယ္။ မီးလ္ကီးေ၀း ဂလက္ဆီရဲ့ အလယ္မွာမ်ားသာ ရွိေနမယ္ဆိုရင္ ဓါတ္ေငြ႕ေတြ ၾကယ္ေတြ နဲ႔ ကာဆီးထားတာေၾကာင့္ ျမင္ႏိုင္ေတြ႕ႏိုင္ဖို႕ရန္ မျဖစ္ႏိုင္ပါဘူး။ ဓါတ္ေငြမ်ား ကင္းစင္ၾကည္လင္တဲ့ အရပ္ျဖစ္လို႔သာ မီးကီးေ၀းဂလက္ဆီရဲ့ ပံုသ႑န္ကို ေတြ႕ျမင္ႏိုင္ျပီး အျခားေသာ ဂလက္ဆီမ်ားကို ေလ့လာႏိုင္ၾကျခင္း ျဖစ္ပါတယ္။
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&
ပန္းေပါင္းမ်ားစြာ ရွိေပမဲ့ အခ်ိဳ႕ေသာပန္းမ်ားသာ လွပစြာ ဖူးပြင့္ၾကပါတယ္။ မ်ိုဳးေစ့ေပါင္းမ်ားစြာ ရွိေပမဲ့ မ်ိဳးေစ့တခုုတည္းသာ အသက္တေခ်ာင္း ျဖစ္လာပါတယ္။ လူမ်ိဳးေပါင္းမ်ားစြာရွိေပမဲ့ လူမ်ိဳးတမ်ိဳးတည္းကိုသာ ဘုရားက ေရြးခ်ယ္အသံုးျပဳခဲ့ပါတယ္။ ေန၊လ၊ၾကယ္နဲ႕ၿဂိဳလ္ေပါင္းမ်ားစြာ ရွိေပမဲ့ ကမာၻၾကီးကိုသာ လူသားမ်ားအတြက္ ရည္ရြယ္ခ်က္ရွိရွိနဲ႕ ဖန္ဆင္းခဲ့ျခင္းျဖစ္ပါတယ္။ အဲဒီလိုဖန္ဆင္းခဲ့ရာမွာလည္း သူ႕ရဲ့ လက္ရာေတာ္မ်ားကို ေငးေမာအံ့ၾသစြာ ျမင္ေတြ႕ေစလိုပါတယ္။ ခန္းနားထည္၀ါလြန္းလွတဲ့ သဘာ၀ေလာကၾကီးဆိုတဲ့ ပထမစာအုပ္မွာ ဖန္ဆင္းရွင္ဘုရားသခင္က သူ႕လက္ရာေတာ္ကို ဖြင့္ျပခဲ့ျခင္းအား ကြ်န္ေတာ္တို႕လူသားမ်ား ေကာင္းစြာ သေဘာေပါက္နားလည္ ႏိုင္ၾကပါေစလို ဆုမြန္ေကာင္းေတာင္းရင္းနဲ႕ ဒီေဆာင္းပါးကို နိဂံုးခ်ဳပ္အပ္ပါတယ္။ ဖတ္ရွဳၾကသူ လူသားမ်ားအားလံုးကို ဘုရားသခင္ေကာင္းၾကီးေပးပါေစ။
နာမ ေတာ္ ျမတ္ ၌
လွမင္းသူ
မူ ရင္း မု ရန္
0 comments:
Post a Comment