သခင်ယေရှု၏ ဘုရားဖြစ်ခြင်း (ဘုရားဂုဏ်တော်) နှင့် မောမွန်၊ ရဟိုးဝါအဖွဲ့များ မတူညီခြင်း
Unicode & Zawgyi
Share #9Dan
ခရစ်ယာန် အ ယူ ဝါ ဒ များ ထဲ တွင် ခ ရစ် တော် ၏ ဘု ရား ဖြစ် ခြင်း အ ယူ ဝါ ဒ သည် အ ရေး အ ကြီး ဆုံး သော အ ချက် ဖြစ် သည်။ အ ဘယ့် ကြောင့် ဆို သော် သ ခင် ယေ ရှု သည် သုံး ပါး တစ် ဆူ တွင် တပါး အပါ အဝင် ဖြစ် သည်။ ခရစ် တော် အကြောင်း လေ့ လာ ခြင်း အပိုင်း (၁) တွင် သုံး ပါး တ ဆူ အကြောင်း ပါ ပီး ဖြစ် သည့် အတွက် ထပ် မံ မ ရှင်း ပြ တော့ ပါ။
ယေ ရှု ခရစ် ၏ ဘု ရား ဖြစ် ခြင်း ကို ငြင်းပယ် ခြင်း သည် နောက် ဆုံး သော ကာ လ တွင် အ ကြီး မား ဆုံး သော န မိတ် လက္ခ ဏာ ဖြစ် သည်။ လက် ရှိ က မ္ဘာ လော က တွင် ယေ ရှု ခ ရစ် ကို ငြင်း ပယ် ပြီး မှ မိ မိ ကိုယ် ကို ခ ရစ် ယာန် ဟု ပြော နေ သော အ ဖွဲ့ အ စည်း များ ရှိ သည်။ ထို အ ဖွဲ့ အ စည်း များ တွင် အ ထင် အ ရှား ဆုံး အ ဖွဲ့ အစည်း ကြီး (၅) ခု ကို ရှင်း ပြ သွား ပါ မည်။
၁။ မော် မွန် အ ယူ ဝါ ဒ Mormonism
မော် မွန် အ ယူ ဝါ ဒ ကို အ မေ ရိ ကန် လူ မျိုး တ ဦး က တည် ထောင် ခဲ့ သည်။ ထို ပု ဂ္ဂိုလ် မှာ အ စ္စ လမ် ဝါ ဒ ကဲ့ သို့ ပင် သူ့ ကိုယ် သူ ယေ ရှု ခ ရစ် ဟု ထင် မှတ် သည်။ မော် မွန် အယူ ဝါ ဒ လက် ခံ ယုံ ကြည် သူ များကို အမေရိကန် တွင် ရှိ နှင့် ပြီးသား ဂိုဏ်းဂဏ အဖွဲ့ အစည်း များက ညှင်းပမ်း နှိပ် စက် သဖြင့် န ယူး ယောက် မြို့တွင် နေ ၍ မ ရ သော ကြောင့် အမေရိကန် အ နောက် ပိုင်း ယူတာ Utah ပြည် နယ် တွင် သွား ရောက် နေ ထိုင် ခဲ့ ကြသည်။ ယူတား ပြည်နယ် သည် ရှမ်းပြည်နယ် ကဲ့ သို့ တောတောင် ထူ ထပ်သော ပြည် နယ် ဖြစ် သည်။ ထူး ခြား ချက် မှာ ပြည်နယ် အုပ်ချုပ် ရေး မှုး များ သည် မော်မွန် ဂိုဏ်း ဝင် များ ဖြစ် ပြီး၊ သူ တို့ ၏ အ ယူ ဝါ ဒ အ ရ ယောင်္ကျား တစ် ယောက် သည် မိန်းမ တစ်ယောက် ထက် ပ ို ယူ ခွင့် ပေး ထား သည်။
အ မေ ရိကန် တွင် ယူ တား ပြည်နယ် တစ်ခုထဲ၌ သာ လျှင် ဇနီး တစ်ဦး ထက် ပို ယူ ခွင့် ရှိသည်။ တ က္က သိုလ် ဘွဲ့ ရ ကျောင်း သား များ တိုင်း က မော် မွန် သာ သနာ ပြု ရသည်။ သာ သနာ မ ပြု လို ၍ ငြင်း ပယ် လျင် ထို သူ သည် တက္ကသိုလ် မအောင် မြင်နိုင်။ ဘွဲ့ လည်း မ ရ နိုင် ပါ။ မော်မွန် သာ သ နာ ပြု များ စွာ တကမ္ဘာ လုံး သို့ သာ သ နာ ပြု စေ လွှတ် ကြသည်။ မြန်မာ ပြည်တွင်း ၌ လည်း မော် မွန် သာ သ နာ ပြု များ ရောက် နေ ပြီ ဖြစ် သည်။ သူ တို့ က ပထမ ဆုံး ခြေ လှမ်း အဖြစ် အ င်္ဂ လိပ် စာ ကို သင် ပေး သည်။ သူ တို့ က အ လွန် ပါး နပ် သည်။ လူ တိုင်း က အ င်္ဂလိပ် စာ တတ် မြောက် လို သည်ကို သိ သော ကြောင့် အ င်္ဂ လိပ် စာ သင် ပေး ပြီး မှ နောက် မှ မော် မွန် အ ယူ ဝါ ဒ ကို သင် ပေး လေ့ ရှိ ကြ သည်။
မော် မွန် သာ သ နာ ပြု လူ ငယ် များ က တစ် ပုံ စံ တည်း အနက်ရောင် ဝတ်စုံ အပြည်ဝတ်ပြီး၊ ဆံ ပင် ကို အ တို သပ် သပ် ရပ် ရပ် ဝတ် ဆင် ထား သည့် စ တိုင် ဖြစ် သည်။ ယ ခု အ ခါ ရန် ကုန် နှင့် မန္တလေး တွင် ခြေ ကုပ် စ ခန်း ယူ ထား ကြ သည်။ သူ တို့ ၏ အ ဓိ က ရည် မှန်း ချက် မှာ ခရစ်ယန် ဖြစ် ပီး သူ များကို မော် မွန် အ ယူ ဝါ ဒ အ တွင်း သို့ ဝင် ရောက် လာ အောင် ဆွဲ ဆောင် ခြင်း ဖြစ် သည်။ ထို့ ကြောင့် မော် မွန် တို့ ၏ တိုက် ခိုက် မှု ကို တွန်း လှန် ရှောင် လွှဲ နိုင် ရန် ယေရှု ခရစ် ၏ ဘုရား ဖြစ် ခြင်း ၊ ဘု ရား ဂုဏ် တော်ကို တိ တိ ကျ ကျ သိ နိုင် ရန် လို အပ် သည်။
.
၂။ ယူ နစ် တေး ရီး ယန်း နီးဇင် Unitarianism
ယူနစ် Unit သည် တစ် ခု တည်း ဟု အ ဓိ ပ္ပါယ် ရ သည်။ ထို ဂိုဏ်း ဂ ဏ သည် သုံး ပါး တစ် ဆူ ကို ငြင်း ပယ်ပြီး ထာ ဝ ရ ဘုရား တစ် ဆူ တည်း ကို သာ ကိုး ကွယ် သည့် အ ယူ ဝါ ဒ ဖြစ် သည်။ အ မေ ရိ ကန် အ ရှေ့ မြော်က ၊ န ယူး အင်္ဂလန် New England တို့ တွင် လွှမ်း မိုး ကြီး စိုး သည်။ က မ္ဘာ ပေါ် တွင် ထင် ရှား ကျော် ကြား သည့် ဟား ဗတ် တက္ကသိုလ် တွင် ဤ ဝါ ဒ ကို သင် ပေး သည်။ ဤ ဂိုဏ်း ၏ အား နည်း ချက် မှာ ပင် လယ် ရပ် ခြား သာ သ နာ ပြု များ မ စေ လွှတ် နိုင် ပါ။ ထို့ ကြောင့် သူ တို့ ကို ကြောက် စ ရာ မ လို ပါ။
၃။ ယေ ဟော ဝါ သက် သေ ခံ များ Jehovah Witnesses
သူ တို့ သည် အထက် ပါ ယူ နီ တေး နီး ယန်း နှင့် ဆင် တူ သည်။ ခ မည်း တော် တ ပါး တည်း ကို သာ ကိုး ကွယ် ကြ သည်။ သူ တို့ တွင် ကိုယ် ပိုင် ဂိုဏ် ဂ န ကြီး ရှိ သည်။ အာရီး ယမ် နီ ဇင်း Arius က စ တင် တည် ထောင် ခဲ့ သည်။ ယေ ဟော ဝါ သက် သေ ခံ များ ကို တ က မ္ဘာ လုံး သို့ အ မြောက် အ များ စေ လွှတ် ထား သဖြင့် တ တိ ထားရမည်။ ယေ ဟော ဝါ များ မှာ မော် မွန် များ ထက် အင် အား တောင့် တင်း သဖြင့် ပို၍ သတိ ထား ရ မည်။ ယေ ဟော ဝါ များ ၏ အ ဓိ က ဆွဲ ဆောင် သူ များ မှာ ခရစ်ယာန် ဖြစ် ပီး သူ များ ကို စွဲ ောင် ပြောင်း လဲ ရန် ဖြစ် သည်။ ထို့ ကြောင့် ယေရှု အကြောင်း ကို ဂဃနဏ မ သိ သော ခရစ်ယာန် အ များ စု က ယ ဟော ဝါ သက်သေ ခံ များ စွဲ ဆောင် မှု နောက် သို့ လိုက်ပါ သွား ကြ သည်။ ထို့ ကြောင့် ခရစ်ယာန် တစ်ယောက် အနေ ဖြင့် ခ ရစ် တော် အကြောင်း ဂဃနဏ သိ ထား ရ မည်။ သင်းအုပ် ဆရာ များ က မိ မိ တို့ ၏ အသင်း သား များ အား၊ ဤ အကြောင်း ကို အ မြဲ တမ်း သင် ကြား ပေး စေ လို သည်။
မော် မွန် နှင့် ယေ ဟောဝါ သက်သေခံ များ ထို ကဲ့သို့ ရဲရဲဝံ့ဝံ့ သက် သေ ခံ ရ ခြင်း အ ကြောင်း မှာ အ ခြား သော ခရစ်ယန် များကို မသိမ်း သွင်း နိုင် လျင် ကယ် တင် ခြင်း စိတ် ချ မှု မ ရှိ နိုင် ဟု သွန် သင် ပေး ထား သော ကြောင့် ဖြစ် သည်။ ကယ် တင် ခြင်း ဆုံး ရှုံး မှာ စိုး ရိမ် သော ကြောင့် ခရစ် ယန် များကို သိမ်း သွင်း မှ သာ ကယ် တင် ခြင်း စိတ်ချ ရ သည် ဟု မှတ် ယူ ကြ သည်။ ကျေး ဇူး တော် ကြောင့် ကယ် တင် ခြင်း ရ ရှိ သည် မ ဟုတ် ပဲ အလုပ် လုပ် မှ ကယ် တင် ခြင်း ရ မည် ဖြစ် သော ကြောင့် စိတ် ပျက် စ ရာ ကောင်း လှသည်။ ထို့ ကြောင့် ရ ဟိုး ဝါ သက် သေ ခံ တစ်ဦး သည် အ ခြား သော သူ တစ်ဦး အား ယေဟိုးဝါ သက် သေ ခံ ခရစ်ယာန် တစ်ဦး ဖြစ် လာ ဖို့ ရန် သည် သေရေး ရှင်ရေး တမျှ အရေး ကြီး လွန်း လှ ပါသည်။
ယေဟိုးဝါ တစ် ယောက် သည် အ ခြား သော ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘသာ ထဲ မှ ယေဟိုးဝါ ဖြစ်လာခြင်း ထက် ခရစ်ယာန် ဘာသာ ထဲ မှ ယေ ဟိုး ဝါ ဖြစ် လာ ခြင်း ကို ပို ၍ အ လေး ထား သည်။ ခ ရစ် ယန် များ ကို တန် ဖိုး ကြီး သည့် ငါး များ အ ဖြစ် သတ် မှတ် ကြ ပီး အ ဓိ က ပစ် မှတ် အ ဖြစ် ထား ကြ သည်။ ထို့ ကြောင့် သင်းအုပ် ဆရာ များ အနေ ဖြင့် အထူး သတိ ထားရ မည် မှာ မိတ် ဆွေ ၏ အ သင်း သား တစ် ယောက် သည် ယေ ဟိုး ဝါ သက် သေခံ တစ် ယောက် ဖြစ် သွား လျင် ဘုရား သခင် ၏ အပြစ် တင် ခြင်း သင့် ပေါ် ကျ ရောက် လာ မည် ဟု စိုးရိမ် စ ရာ ရှိ သည်။
၄။ ယူနီဖီကေးရှင်း အသင်း တော် Unification Church
ဤ အသင်း တော် ကို ဆန် မြောင် မွန်း Sun Myong Moon ခေါ်သော ကိုးရီးယား လူမျိုး တဦး က တည် ထောင် သည်။ ယ ခု အ ချိန်တွင် ဆန် မြောင် သည် အသက် ၈၀ ခန့် (၂၀၁၀) ရှိ ပီ ဖြစ် သည်။ သူ သည် တ ချိန် က ပ ရက်စ် စီ ဘေး ရီး ယန်း အသင်း တော် လူ ကြီး တစ်ဦး ဖြစ် ခဲ့ သည်။ နောင် တွင် ဆန် မြောင် က ယေရှု သည် လူ များကို ကယ် တင် ရန် လာ ရာ တွင် ကယ် တင် ခြင်း အ လုပ် ကို မ လုပ် နိုင် သော ကြောင့် လက် ဝါး ကပ် တိုင် တွင် အသက် ဆုံး ရသည်။ ထို့ ကြော်င့ ဒု တိ ယ အကြိမ် မ ကြွ လာမီ စပ်ကြား ကယ် တင် ခြင်း အ လုပ်ကို လုပ် ကိုင် နိုင် ရန် အတွက် ဆန် မြောင်ကို စေလွှတ် သည် ဟု ခံ ယူ သော ကြေငြာ ချက် စာ တစောင် ကို ထုတ် ပြန် ခဲ့ သည်။ ထို အသင်း တော် သည် တ ဖြေး ဖြေး ကျယ် ပြန့် လာ ပြီး၊ ဥ ရော ပ တိုက် သား မာျး ၊ အ မေရိ ကန်များ နှင့် ကို ရီး ယန်း၊ ဂျပန် လူ မျိုး မြောက် များ စွာက သူ့ နောက် သို့ လိုက် ကြသည်။ တခါတရံ စည်း ဝေး ပွဲ ကျင့် ပ ပြီး ထို စည်း ဝေး တွင် ကမ္ဘာ တဝှမ်း လုံး ရှိ ဝန် ကြီး ချုပ် များ၊ သမ္မတ များ ကို ပင် တက် ရောက် စေ သည်။ သူ သည် အ လွန် ပါး နပ် သော လိမ္မာသူ တစ် ဦး ဖြစ် သည်။ ထို အ စည်း အ ဝေး ကို လည်း ယူနီဖိကေးရှင်း အစည်း အ ဝေး ဟု ခေါင်းစဉ် မတပ်ပဲ၊ ကမ္ဘာ့ ငြိမ်း ချမ်း ရေး စည်း ဝေး ပွဲ ဟု အ မည် တပ် သည်။ ဤ ဂိုဏ် ၏ အကြီးမား ဆုံး သော သြ ဇာ လွှ်မ်း မိုး မှု အရှိ ဆုံး စာ တိုက် ဖြစ် သည့် ဝါ ရှင် တန် ပို့စ် The Washington Post ကို ဆန် မြောင် ပိုင် သည်။ အမေရိက ရှိ အမြင့် ဆုံး အင်ပါယာ စတိတ် ကို လည်း ပိုင် ဆိုင် သည်။ အမေရိကန် ပီး လျှင် ဒုတိယာ အများဆုံး သာသနာ ပြု စေလွှတ် သော နိုင်ငံ မှာ ကိုးရီးယား နိုင်ငံ ဖြစ် သည်။ သို့သော် စစ်မှန် သော သာသနာပြု များ စေလွှတ်သကဲ့သို့ လွှဲမှားသော သာသနာပြု များကို လည်း စေလွှတ်သည်။ ယူနီဖိကေးရှင်း အသင်း တော် များ သည် ခွင့် ပြုချက် မပါ ပဲ မင်္ဂလာ ဆောင်နှင်းခွင့် မရှိ၊ အသင်းတော် က သာ စီ မံ ပေး ထား ရ သည်။ တံခါး ပိတ် ဝါဒ ဖြစ်ပီး အသင်း သား များကို ချုပ် ကိုင် ထား သည်။ အ သင်း သား များ တွင် ဇနီး လောင်း များ အ တွက် ရွေး ချယ် ရာ ၌ ဆုံး ဖြတ် ပိုင် ခွင့် မရှိ၊ လက်ထပ် မည့် သူ နှစ် ဦး ကိုယ် တိုင် ပင်လျှင် ကြိုက် သည် ဖြစ် စေ၊ မကြိုက် သည် ဖြစ် စေ အသင်းတော် ကိ စီစဉ် ပေး သည့် အတိုင်း လက်ထပ် ရ သည်။ အုပ် စု လိုက် မင်္ဂလာ ဆောင် ကြ သည်။ နှစ် စဉ် တနှစ် လျင် နှစ်ကြိမ်၊ သုံးကြိမ် အုပ်စုလိုက် မင်္ဂလာ ဆောင် ကြသည်။ အသင်းတော်က ထို ဇနီး မောင်နှံကို ကွဲကွာ စေလို လျင် ကွဲကြရသည်။ အယူဝါဒမှာ လက်မထပ် မှီ အ သင်း တော် ခေါင်း ဆောင် နှင့် လိင် ဆက် ဆံ မှု ပြု လျင် ထို မိန်း ကလေး သည် အမြင့် ဆုံး သော ကောင်း ကြီး မင်္ဂလာ ခံ အပ် သော သူ ဟု လွဲမှား စွာ ယုံကြည် ကြသည်။ ဆန်မြောင် မွေး ဖွား ရာသည် ကိုးရီးယား မြေကို သန့်ရှင်း မြင့် မြတ် သည့် နယ် မြေ ဟု သတ်မှတ် ကြသည်။ ကောင်း ကြီး ရလို သူများ ကိုးရီးယား သို့ အလည် လာကြသည်။ ပန်းရောင်းသော လူငယ်များကို ကမ္ဘာအနှံ သွားစဉ် တွေ့ပါက ယူနီဖီကေးရှင်း မှ ဟု နားလည် ရသည်။
၅။ ဘာသာအများ အယူဝါဒ Religious Pluralism
ဘာသာအများ ကိုးကွယ် မှု အ ယူ ဝါ ဒ ကို ယ နေ့ ဂိုဏ် ဂဏ အသင်း တော် များ က လက် ခံ ကျင့် သုံး ကြသည်။ အ ထူး သ ဖြင့် လစ် ဘရယ် များ က ခံ ယူ ကြ သည်။ သူ တို့ ၏ ခံ ယူ ချက် ယုံ ကြည် ချက် မှာ ဘာ သာ တိုင်း တွင် ယေရှုသည် အခြား အမည် တစ် မျိုး ဖြင့် ပါ ဝင် နေ သည်။ အ ထက် ပါ ဂိုဏ် ဂ ဏ ၄ ခု သည် အပြင် ဘက်မှ တိုက် ခိုက် လျက် ရှိပြီး။ ဘာ သာ အများ အယူ ဝါ ဒ သည် အ တွင်း ၌ တိုက် ခိုက် နေသည်။ ယနေ့ ခရစ်ယန် ၈၀ ရာနှုန်း ဘာသာ အများ အယူဝါဒကို ယုံကြည် လာ ကြ သည်။ ပြ င် ပ တွင် ရှိ သော လွဲ မှား သော အယူ ဝါ ဒ ထက် အ တွင်း ၌ ရှိ သော အယူဝါဒ က ပို ၍ ဆိုး ရွား သည်။ နောက် ဆုံး သော ကာ လ တွင် ဤ သို့ သော န မိတ် လက္ခဏာ များ ဖြစ် လာ လိမ့် မည် ဟု သခင် ယေရှု မိန့် တော် မူ ခဲ့ သည်။
ထို့ ကြောင့် ခရစ် တော် အကြောင်း ကို လေ့လာရန် အထူး အရေးတကြီး လို အပ် လှ ပါ သည်။
AMT ခရစ်တော်အကြောင်း လေ့လာခြင်း စာ၁၈၂-၁၈၆
Christology
by
Dr Thomas Hwang
http:// burmesebible2008.blogspot.n o/2015/07/blog-post.html
Unicode & Zawgyi
Share #9Dan
.