0

ဘုရားသခင်သည် အဘယ်သူနည်း WHO IS GOD?


ဘုရားသခင်သည် အဘယ်သူနည်း WHO IS GOD?

Unicode & Zawgyi
ခရစ်တော်၌လူသစ် အခန်း (၂)
“ဘုရားသခင်ကို အဘယ်သူမျှ မမြင်စဖူး ...” ဟု ဖော်ပြထားသည် ဖြစ်ရာ ဘုရားသခင်အကြောင်း သိလို၍ ဘုရားသခင်သည် အဘယ်သူနည်းဟု မေးမြန်းလာသူအား လူÓဏ်ကို အားကိုး၍ အဖြေပေးရန် အလွန်ခက်ခဲလှပါသည်။ သို့သော် သမ္မာကျမ်းစာ၌ ကွက်ကွက် ကွင်းကွင်း တိတိကျကျ ဖော်ပြအဖြေ ပေးထားသည်ကို တွေ့နိုင်ပါသည်။


(က) ဘုရားသခင်သည် အရာခပ်သိမ်းကို ဖန်ဆင်းသူဖြစ်သည်
(GOD IS THE CREATOR OF THE UNIVERSE)
“ထာဝရဘုရားသခင်သည် ငါတို့ကို ဖန်ဆင်းတော်မူ၍ ငါတို့၏ အရှင်ဖြစ်တော်မူ၏။ ငါတို့သည်လည်း ဘုရားသခင်၏ လူဖြစ်ကြ၏”(ဆာလံ၊၁၀ဝး၃)။ “ထာဝရဘုရား မိန့်တော်မူသည်ကား
မိုးကောင်းကင်ကို ငါတစ်ပါးတည်း ကြက်လျက် မြေကြီးကို အဖော်မရှိဘဲ ခင်းလျက် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းသော ထာဝရဘုရားဖြစ်၏” (ဟေရှာ၊ ၄၄း၂၄)။ “ထိုဘုရားသခင်သည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာနှင့်တကွ အရပ်ရပ် ရှိသမျှတို့ကို ဖန်ဆင်းတော်မူ၏” (ဆာလံ၊ ၁၄၆း၆)။

ဘုရားသခင်သည် –
- လူကို မိမိပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းသူ (က၊ ၁း၂ရ။ ၅း၁)။
- ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းသူ (က၊၁း၁။ ၄ရာ၊ ၁၉း၁၅)။
- နေ၊ လ၊ ကြယ်တို့ကို ဖန်ဆင်းသူ (က၊ ၁း၁၄-၁၉)။
- သစ်ပင်၊ စပါးမျိုးစေ့တို့ကို ဖန်ဆင်းသူ (က၊ ၁း၁၁-၁၂)။
- ရွှေ၊ ငွေတို့ကို ဖန်ဆင်းပိုင်သသူ (ဟဂ္ဂဲ၊ ၂း၈)။
- ပင်လယ်နှင့် ငါးအမျိုးမျိုး ဖန်ဆင်းသူ (က၊ ၁း ၂၀-၂၃)။
- မြေပေါ်တွင် တွားတတ်သော တိရစ္ဆာန်မျိုးစုံကို ဖန်ဆင်းသူ (က၊ ၁း၂၄-၃၁)။

(ခ) ဘုရားသခင်သည် ထာဝရအသက်ရှင်သူဖြစ်သည် (GOD IS ETERNAL LIFE)
ဘုရားသခင်သည် ဖန်ဆင်းရှင်သာမဟုတ် ထာဝရအသက်ရှင်သူလည်း ဖြစ်ပေသည်။ “ထိုသူသည် မှန်သောဘုရားသခင် ဖြစ်တော်မူ၏။ ထာဝရအသက်လည်းဖြစ်တော်မူ၏” (၁ယော၊ ၅း၂၀)။ “အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူ၍ ပစု္စပ္ပန်၊ အတိတ်၊ အနာဂတ်ကာလ အစဉ်ရှိတော်မူသော ထာဝရအရှင် ဘုရားသခင်...” (ဗျာ၊ ၁း၈)။ “ရှေးဦးစွာမှစ၍ လူမျိုးအစဉ်အဆက်တို့ကို ခေါ်သောသူသည် အဘယ်သူနည်းဟူမူကား အဦးဆုံးသော သူဖြစ်၍ နောက်ဆုံးသော သူတို့နှင့် ရှိသော ငါထာဝရဘုရားပေတည်း” (ဟေရှာ၊၄း၄)။

(ဂ) ဘုရားသခင်သည် အနန္တတန်ခိုးရှင်ဖြစ်သည် (ALMIGTY DOD)
ဘုရားသခင်သည် အနန္တတန်ခိုးရှင် ဖြစ်သောကြောင့် အရာခပ်သိမ်းကို တတ်စွမ်းနိုင်ပါသည်။ “ငါသည် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်၏” (က၊ ၁ရး၁)။ “--အနန္တတန်ခိုးနှင့်ပြည့်စုံ၍ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ် ကာလအစဉ်ရှိတော်မူသော ထာဝရဘုရားသခင်သည်--”– (ဗျာ၊ ၄း၈)။

(ဃ) ဘုရားသခင်သည် မပြောင်းလဲသောအရှင်ဖြစ်သည်(GOD IS THE SAME YESTERDAY, TODAY, TOMORROW)
ဘုရားသခင်သည် ပြောင်းလဲခြင်း၊ ရွေ့လျော့ဖောက်ပြန်ခြင်းနှင့် အစဉ်ကင်းလွတ်ပါသည်။ “ကိုယ်တော်သည် ပြောင်းလဲတော်မမူပါ။ အသက်တော်လည်း မကုန်ဆုံးပါ” (ဆာလံ၊၁၀၂း ၂ရ)။ “-- မနေ့၊ ယနေ့၊ ဗနာက်ကာလ မပြောင်းမလဲ အစဉ်နေတော်မိူ၏” (ဗြဲ၊ ၁၃း၈)။

(င) ဘုရားသခင်သည် နေရာတိုင်း၌ ရှိသူဖြစ်သည် (GOD IS OMNIPRESENSE)
ဘုရားသခင်သည် တစ်ချိန်တည်း၌ နေရာတိုင်းတွင် တစ်ပြိုင်တည်းရှိတော်မူနိုင်ပါသည်။ “ကိုယ်တော် သည် အကျွနု်ပ်ကို ပတ်လည်ဝိုင်းထား၍ အကျွနု်ပ်အပေါ်မှာ လက်တော်ကို တင်တော်မူပြီ” (ဆာလံ၊ ၁၃၉း ၅)။ “ကောင်းကင်သို့တက်လျှင် ကိုယ်တော်ရှိတော်မူ၏။ မရဏနိုင်ငံ၌ အိပ်ယာခင်းလျှင် ကိုယ်တော်ရှိ တော်မူ၏။ သမုဒ္ဒရာထဲ၌ နေလျှင် ကိုယ်တော် ရှိတော်မူ၏။ ညအချိန်၊ နေ့အချိန်၌ ကိုယ်တော်ရှိတော်မူ၏” (ဆာလံ၊ ၁၃၉း၈-၁၂။ ယေရမိ၊ ၂၃း၂၃-၂၄။ တမန်၊ ၁ရး ၂၇-၂၈)။

(စ) ဘုရားသခင်သည် အရာခပ်သိမ်းကိုတတ်စွမ်းနိုင်သူဖြစ်သည် (GOD IS OMNIPOTENCE)
ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့ကို တတ်စွမ်းနိုင်သည် ဖြစ်ပါ၏။ “ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူကြောင်းကိုလည်းကောင်း၊ အကြံအစည်တော်ကို အဘယ်သူမျှမဆီးတားနိုင် ကြောင်းကိုလည်းကောင်း အကျွနု်ပ်သိပါ၏”(ယောဘ၊ ၄၁း၂)။ “ဘုရားသခင်သည် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်တော်မူသည်”(မဿဲ၊ ၁၉း၂၆)။

(ဆ) ဘုရားသခင်သည် အရာခပ်သိမ်းကို သိကျွမ်းသူဖြစ်သည် (GOD IS OMNISCIENCE)
ဘုရားသခင်သည် အရာခပ်သိမ်းကို သိကျွမ်းတော်မူပါသည်။ ဘုရားသခင် မသိဘဲလျက် ဖြစ်ပျက်သော အရာ မရှိပါ။ ဖြစ်ပြီးသောအရာ၊ ဖြစ်ဆဲအရာများနှင့် ဖြစ်ဦးမည့်အရာအားလုံးကို သိမြင်တော်မူပါသည်။ “အိုထာဝရဘုရား ကိုယ်တော်သည်အကျွနု်ပ်ကို စစ်ကြော၍ သိကျွမ်းတော်မူ၏။ အကျွနု်ပ် ထိုင်ခြင်း၊ ထခြင်း အရာတို့ကို သိတော်မူ၏။ ကျွနု်ပ်သည် စကားတစ်ခွန်းကိုမျှ မမြွက်သော်လည်း အို ထာဝရဘုရားကိုယ်တော် သည် အကြွင်းမဲ့ သိတော်မူ၏” (ဆာလံ၊ ၁၃၉း၁-၄)။ “ငါတို့ဘုရားရှင်သည်ကြီးမြတ်တော်မူ၏။ Óဏ်တော် သည်လည်း အနန္တဖြစ်၏” (ဆာလံ၊ ၁၄ရး၅)။ “မရဏနိုင်ငံနှင့် အဗဒ္ဒုန်နိုင်ငံသည် ထာဝရဘုရားရှေးတော်၌ ထင်ရှား၏” (ဆာလံ၊ ၁၄ရး၅)။ “ထိုမျှမက လူသားတို့၏ နှလုံးသားသည်သာ၍ ထင်ရှား၏” (သု၊ ၁၅း ၁၁)။

(ဇ) ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်သည် (GOD IS LOVE)
ဘုရားသခင်သည် မိမိ၌ တစ်ပါးတည်းသော သားတော်ကို စွန့်ပေးသည်အထိ လူသားတို့ကို တစ်ဘက်သတ်မေတ္တာဖြင့် ချစ်သောသူဖြစ်ပါ၏(ယော၊၃း၁၆)
“ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူသည်”(၁ယော၊ ၄း၈)။ မိမိအသက်ကို ပေးသည်အထိ လောကီအပြစ်သားတို့ကို ချစ်တော်မူပါသည်။ “ငါတို့သည် အပြစ်ရှိစဉ်တွင် ခရစ်တော်သည် ငါတို့အတွက် ကြောင့် အသေခံတော်မူသည်ဖြစ်၍ ဘုရားသခင်သည် ငါတို့ကို အဘယ်မျှလောက်ချစ်တော်မူသည်ကို ငါတို့အား ထင်ရှားစွာ ပြတော်မူ၏” (ရော၊ ၅း၈)။
“ဘုရားသခင်၏ ဂရုဏာတော်သည် အစဉ်အမြဲတည်တော်မူ၏”(ဆာလံ၊ ၁၀ဝး၅။ ၁၀၆း၁။ ၁၁၈း၁-၂။ ၁၃၆း၁-၂၆)။

(ဈ) ဘုရားသခင်သည် သန့်ရှင်းတော်မူသော ဘုရားဖြစ်သည် (GOD IS HOLY)
သန့်ရှင်းသည်ဟု ဆိုရာတွင် အပြစ်အညစ်အကြေးနှင့် လုံးဝ ကင်းစင်ခြင်းကို ဆိုလိုပါသည်။ “ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် သန့်ရှင်းတော်မူ၏၊ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏” (ဟေ၊ ၆း၃။ ဗျာ၊ ၄း၈)။ “ကိုယ်တော်တစ်ပါးတည်းသာလျှင် သန့်ရှင်းတော်မူ၏” (ဗျာ၊ ၁၅း၄)။ “သန့်ရှင်း တော်မူ သော အဘ ဖြစ်ခြင်း” (ယော၊ ၁ရး၁၁)။ “ငါသည် သန့်ရှင်းတော်မူ၏” (၁ပေ၊ ၁း၁၆)။

(ည) ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံသောဘုရားဖြစ်သည် (GOD IS TRUTH)
ဘုရားသခင်သည် သစ္စာနှင့်ပြည့်စုံသူဖြစ်ပါသည်။ သစ္စာတရား၏ အရှင်လည်းဖြစ်ပါ၏။ “ငါသည် လမ်းခရီးဖြစ်၏၊ သစ္စာတရားလည်းဖြစ်၏၊ အသက်လည်းဖြစ်၏” (ယော၊ ၁၄း၆)။
ဘုရားသခင်သည် သစ္စာတည်သောဘုရားဖြစ်သောကြောင့် –“--ကိုးကွယ်သောသူတို့သည် နာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း၊ ကိုးကွယ်ရမည် (ယော၊၄း၂၄)ဟု မိန့်တော်မူထား ပါသည်။ သမ္မာတရားသည်(သစ္စာတရား)ကို သိခြင်းဖြင့် လွတ်ခြင်းအခွင့်ကို ရနိုင်ပါသည် (ယော၊၈း၃၂)။ သစ္စာ(သမ္မာတရား)နှင့် ပြည့်စုံသော ဘုရားကို ယုံကြည်ခြင်းဖြင့် လွတ်ခြင်းအခွင့်ကို ရရှိနိုင်ပါသည်။
ယေရှုက “ငါအမှန်အကန်ဆိုသည်ကား--” ဟူ၍ မိန့်ဆိုလေ့ရှိတတ်ပါသည်။ ဤကဲ့သို့ မိန့်ဆိုခြင်းမှာ ကိုယ်တော်ကိုယ်တိုင် သမ္မာတရား (TRUTH) ဖြစ်ကြောင်း ဖော်ပြခြင်းဖြစ်ပါသည်။ (ယော၊ ၃း၃၊ ၃း၅။ ၂း၁၁၊ ၅း၂၄၊ ၂၅။ ၆း၃၂။ ၈း၄၆။ ၈း၅၁။ ၁၂း၂၄။ ၁၃း၃၈။ ၂၁း၁၈)။
“ကိုယ်တော်၏ နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ပါ၏”(ယော၊၁ရး၁၇)။ မိန့်တော်မူသော စကားတို့သည် ရွေ့လျော့ဖောက်ပြန်ခြင်းမရှိ။ ထာဝစဉ်မှန်ကန်တည်မြဲလျှက် ရှိကြောင်းကို သိရပါသည်။

(ဋ) ဘုရားသခင်သည် နာမ်ဝိညာဉ်ဖြစ်သည် (GOD IS SPIRIT)
သခင်ယေရှုကိုယ်တိုင်က “ဘုရားသခင်သည် နာမ်ဝိညာဉ် ဖြစ်တော်မူ၏”ဟု မိန့်တော်မူခဲ့သည် (ယော၊၄း၂၄)၊ ဘုရားသခင်သည် ကိုယ်ခန္ဓာနှင့် တည်နေတော်မူသည်မဟုတ်။ တစ်နေရာတစ်ဌာန၌သာ စိုးစံနေတော်မူသည်မဟုတ်ဘဲ နာမ်ဝိညာဉ်ဖြစ်သည့်အားလျော်စွာ နေရာတကာ၌ ရှိနေတော်မူပါသည် (ဆာလံ၊၁၃၉း၇-၁၀)။
“ဘုရားသခင်၏ ဝိညာဉ်တော်သည် ရေမျက်နှာပြင်ပေါ်မှာ လှုပ်ရှားတော်မူ၏”(က၊၁း၂)။ “ဘုရား သခင်၏ ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်တော်မူ--”(တော၊ ၂၄း၂။ လု၊ ၄း၁၈)။ “ဘုရားသခင် ဝိညာဉ်တော်သည် ငါ့ကို ဖန်ဆင်းတော်မူပြီ” (ယောဘ၊၃၃း၄)၊ “ဘုရားသခင် ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ဆင်းသက်--”(မဿဲ၊၃း၁၆)။

(ဌ) ဘုရားသခင်သည် ဖြောင့်မတ်သော ဘုရားဖြစ်သည် (GOD IS RIGHTEOUSNESS)
ဘုရားသခင်သည် ဖြောင့်မတ်တော်မူကြောင်းကို သမ္မာကျမ်းစာ၌ ဖော်ပြထားပါသည်။ ထာဝရဘုရား သည် ကျေးဇူးပြုတတ်သောသဘောဖြောင့်မတ်သော သဘောရှိတော်မူ၏။
(ဆာလံ၊ ၁၁၆း၅။ ၈၆း၁၅။ ၁၀၃း၈။ နေဟ၊၉း၈)။
“ကိုယ်တော်သည် ဖြောင့်မတ်တော်မူ၏”
(ဆာလံ၊ ၁၁၉း၁၃၇။ ၁၂၉း၄။ ၁၄၅း၁၇)။
“ဖြောင့်မတ်ခြင်းကို ပေးတော်မူသော ဘုရားဖြစ်၏”
(ယေရ၊ ၃း၅-၆။ ရော၊၃း၂၁-၂)။
“ဖြောင့်မတ်ခြင်းကို ပေးတော်မူသော ဘုရားဖြစ်၏” (၂ကော၊ ၅း၂၁)
“ဖြောင့်မတ်တော်မူသော သခင်ဖြစ်၏” (တမန်၊ ၃း၁၄)။
blog.shwecanaan.com

ဘုရားသခင္သည္ အဘယ္သူနည္း WHO IS GOD?

ခရစ္ေတာ္၌လူသစ္ အခန္း (၂)
“ဘုရားသခင္ကို အဘယ္သူမွ် မျမင္စဖူး ...” ဟု ေဖာ္ျပထားသည္ ျဖစ္ရာ ဘုရားသခင္အေၾကာင္း သိလို၍ ဘုရားသခင္သည္ အဘယ္သူနည္းဟု ေမးျမန္းလာသူအား လူÓဏ္ကို အားကိုး၍ အေျဖေပးရန္ အလြန္ခက္ခဲလွပါသည္။ သို႔ေသာ္ သမၼာက်မ္းစာ၌ ကြက္ကြက္ ကြင္းကြင္း တိတိက်က် ေဖာ္ျပအေျဖ ေပးထားသည္ကို ေတြ႕ႏိုင္ပါသည္။

(က) ဘုရားသခင္သည္ အရာခပ္သိမ္းကို ဖန္ဆင္းသူျဖစ္သည္
(GOD IS THE CREATOR OF THE UNIVERSE)
“ထာဝရဘုရားသခင္သည္ ငါတို႔ကို ဖန္ဆင္းေတာ္မူ၍ ငါတို႔၏ အရွင္ျဖစ္ေတာ္မူ၏။ ငါတို႔သည္လည္း ဘုရားသခင္၏ လူျဖစ္ၾက၏”(ဆာလံ၊၁၀ဝး၃)။ “ထာဝရဘုရား မိန္႔ေတာ္မူသည္ကား
မိုးေကာင္းကင္ကို ငါတစ္ပါးတည္း ၾကက္လ်က္ ေျမၾကီးကို အေဖာ္မရွိဘဲ ခင္းလ်က္ ခပ္သိမ္းေသာအရာတို႔ကို ဖန္ဆင္းေသာ ထာဝရဘုရားျဖစ္၏” (ေဟရွာ၊ ၄၄း၂၄)။ “ထိုဘုရားသခင္သည္ ေကာင္းကင္၊ ေျမၾကီး၊ သမုဒၵရာႏွင့္တကြ အရပ္ရပ္ ရွိသမွ်တို႔ကို ဖန္ဆင္းေတာ္မူ၏” (ဆာလံ၊ ၁၄၆း၆)။

ဘုရားသခင္သည္ –
- လူကို မိမိပံုသဏၭာန္ႏွင့္အညီ ဖန္ဆင္းသူ (က၊ ၁း၂ရ။ ၅း၁)။
- ေကာင္းကင္ႏွင့္ ေျမၾကီးကို ဖန္ဆင္းသူ (က၊၁း၁။ ၄ရာ၊ ၁၉း၁၅)။
- ေန၊ လ၊ ၾကယ္တို႔ကို ဖန္ဆင္းသူ (က၊ ၁း၁၄-၁၉)။
- သစ္ပင္၊ စပါးမ်ိဳးေစ့တို႔ကို ဖန္ဆင္းသူ (က၊ ၁း၁၁-၁၂)။
- ေရႊ၊ ေငြတို႔ကို ဖန္ဆင္းပိုင္သသူ (ဟဂၢဲ၊ ၂း၈)။
- ပင္လယ္ႏွင့္ ငါးအမ်ိဳးမ်ိဳး ဖန္ဆင္းသူ (က၊ ၁း ၂၀-၂၃)။
- ေျမေပၚတြင္ တြားတတ္ေသာ တိရစၦာန္မ်ိဳးစံုကို ဖန္ဆင္းသူ (က၊ ၁း၂၄-၃၁)။

(ခ) ဘုရားသခင္သည္ ထာဝရအသက္ရွင္သူျဖစ္သည္ (GOD IS ETERNAL LIFE)
ဘုရားသခင္သည္ ဖန္ဆင္းရွင္သာမဟုတ္ ထာဝရအသက္ရွင္သူလည္း ျဖစ္ေပသည္။ “ထိုသူသည္ မွန္ေသာဘုရားသခင္ ျဖစ္ေတာ္မူ၏။ ထာဝရအသက္လည္းျဖစ္ေတာ္မူ၏” (၁ေယာ၊ ၅း၂၀)။ “အနႏၱတန္ခိုးႏွင့္ ျပည့္စံုေတာ္မူ၍ ပစဳၥပၸန္၊ အတိတ္၊ အနာဂတ္ကာလ အစဥ္ရွိေတာ္မူေသာ ထာဝရအရွင္ ဘုရားသခင္...” (ဗ်ာ၊ ၁း၈)။ “ေရွးဦးစြာမွစ၍ လူမ်ိဳးအစဥ္အဆက္တို႔ကို ေခၚေသာသူသည္ အဘယ္သူနည္းဟူမူကား အဦးဆံုးေသာ သူျဖစ္၍ ေနာက္ဆံုးေသာ သူတို႔ႏွင့္ ရွိေသာ ငါထာဝရဘုရားေပတည္း” (ေဟရွာ၊၄း၄)။

(ဂ) ဘုရားသခင္သည္ အနႏၱတန္ခိုးရွင္ျဖစ္သည္ (ALMIGTY DOD)
ဘုရားသခင္သည္ အနႏၱတန္ခိုးရွင္ ျဖစ္ေသာေၾကာင့္ အရာခပ္သိမ္းကို တတ္စြမ္းႏိုင္ပါသည္။ “ငါသည္ အနႏၱတန္ခိုးရွင္ ဘုရားသခင္ျဖစ္၏” (က၊ ၁၇း၁)။ “--အနႏၱတန္ခိုးႏွင့္ျပည့္စံု၍ ပစၥဳပၸန္၊ အတိတ္၊ အနာဂတ္ ကာလအစဥ္ရွိေတာ္မူေသာ ထာဝရဘုရားသခင္သည္--”– (ဗ်ာ၊ ၄း၈)။

(ဃ) ဘုရားသခင္သည္ မေျပာင္းလဲေသာအရွင္ျဖစ္သည္(GOD IS THE SAME YESTERDAY, TODAY, TOMORROW)
ဘုရားသခင္သည္ ေျပာင္းလဲျခင္း၊ ေရြ႕ေလ်ာ့ေဖာက္ျပန္ျခင္းႏွင့္ အစဥ္ကင္းလြတ္ပါသည္။ “ကိုယ္ေတာ္သည္ ေျပာင္းလဲေတာ္မမူပါ။ အသက္ေတာ္လည္း မကုန္ဆံုးပါ” (ဆာလံ၊၁၀၂း ၂ရ)။ “-- မေန႔၊ ယေန႔၊ ဗနာက္ကာလ မေျပာင္းမလဲ အစဥ္ေနေတာ္မိူ၏” (ျဗဲ၊ ၁၃း၈)။

(င) ဘုရားသခင္သည္ ေနရာတိုင္း၌ ရွိသူျဖစ္သည္ (GOD IS OMNIPRESENSE)
ဘုရားသခင္သည္ တစ္ခ်ိန္တည္း၌ ေနရာတိုင္းတြင္ တစ္ျပိဳင္တည္းရွိေတာ္မူႏိုင္ပါသည္။ “ကိုယ္ေတာ္ သည္ အကြ်ႏု္ပ္ကို ပတ္လည္ဝိုင္းထား၍ အကြ်ႏု္ပ္အေပၚမွာ လက္ေတာ္ကို တင္ေတာ္မူျပီ” (ဆာလံ၊ ၁၃၉း ၅)။ “ေကာင္းကင္သို႔တက္လွ်င္ ကိုယ္ေတာ္ရွိေတာ္မူ၏။ မရဏႏိုင္ငံ၌ အိပ္ယာခင္းလွ်င္ ကိုယ္ေတာ္ရွိ ေတာ္မူ၏။ သမုဒၵရာထဲ၌ ေနလွ်င္ ကိုယ္ေတာ္ ရွိေတာ္မူ၏။ ညအခ်ိန္၊ ေန႔အခ်ိန္၌ ကိုယ္ေတာ္ရွိေတာ္မူ၏” (ဆာလံ၊ ၁၃၉း၈-၁၂။ ေယရမိ၊ ၂၃း၂၃-၂၄။ တမန္၊ ၁၇း ၂၇-၂၈)။

(စ) ဘုရားသခင္သည္ အရာခပ္သိမ္းကိုတတ္စြမ္းႏိုင္သူျဖစ္သည္ (GOD IS OMNIPOTENCE)
ဘုရားသခင္သည္ ခပ္သိမ္းေသာအရာတို႔ကို တတ္စြမ္းႏိုင္သည္ ျဖစ္ပါ၏။ “ကိုယ္ေတာ္သည္ အလံုးစံုတို႔ကို တတ္ႏိုင္ေတာ္မူေၾကာင္းကိုလည္းေကာင္း၊ အၾကံအစည္ေတာ္ကို အဘယ္သူမွ်မဆီးတားႏိုင္ ေၾကာင္းကိုလည္းေကာင္း အကြ်ႏု္ပ္သိပါ၏”(ေယာဘ၊ ၄၁း၂)။ “ဘုရားသခင္သည္ ခပ္သိမ္းေသာအမႈတို႔ကို တတ္ႏိုင္ေတာ္မူသည္”(မႆဲ၊ ၁၉း၂၆)။

(ဆ) ဘုရားသခင္သည္ အရာခပ္သိမ္းကို သိကြ်မ္းသူျဖစ္သည္ (GOD IS OMNISCIENCE)
ဘုရားသခင္သည္ အရာခပ္သိမ္းကို သိကြ်မ္းေတာ္မူပါသည္။ ဘုရားသခင္ မသိဘဲလ်က္ ျဖစ္ပ်က္ေသာ အရာ မရွိပါ။ ျဖစ္ျပီးေသာအရာ၊ ျဖစ္ဆဲအရာမ်ားႏွင့္ ျဖစ္ဦးမည့္အရာအားလံုးကို သိျမင္ေတာ္မူပါသည္။ “အိုထာဝရဘုရား ကိုယ္ေတာ္သည္အကြ်ႏု္ပ္ကို စစ္ေၾကာ၍ သိကြ်မ္းေတာ္မူ၏။ အကြ်ႏု္ပ္ ထိုင္ျခင္း၊ ထျခင္း အရာတို႔ကို သိေတာ္မူ၏။ ကြ်နု္ပ္သည္ စကားတစ္ခြန္းကိုမွ် မျမြက္ေသာ္လည္း အို ထာဝရဘုရားကိုယ္ေတာ္ သည္ အၾကြင္းမဲ့ သိေတာ္မူ၏” (ဆာလံ၊ ၁၃၉း၁-၄)။ “ငါတို႔ဘုရားရွင္သည္ၾကီးျမတ္ေတာ္မူ၏။ Óဏ္ေတာ္ သည္လည္း အနႏၱျဖစ္၏” (ဆာလံ၊ ၁၄၇း၅)။ “မရဏႏိုင္ငံႏွင့္ အဗဒၵဳန္ႏိုင္ငံသည္ ထာဝရဘုရားေရွးေတာ္၌ ထင္ရွား၏” (ဆာလံ၊ ၁၄၇း၅)။ “ထိုမွ်မက လူသားတို႔၏ ႏွလံုးသားသည္သာ၍ ထင္ရွား၏” (သု၊ ၁၅း ၁၁)။

(ဇ) ဘုရားသခင္သည္ ခ်စ္ျခင္းေမတၱာျဖစ္သည္ (GOD IS LOVE)
ဘုရားသခင္သည္ မိမိ၌ တစ္ပါးတည္းေသာ သားေတာ္ကို စြန္႔ေပးသည္အထိ လူသားတို႔ကို တစ္ဘက္သတ္ေမတၱာျဖင့္ ခ်စ္ေသာသူျဖစ္ပါ၏(ေယာ၊၃း၁၆)
“ဘုရားသခင္သည္ ခ်စ္ျခင္းေမတၱာျဖစ္ေတာ္မူသည္”(၁ေယာ၊ ၄း၈)။ မိမိအသက္ကို ေပးသည္အထိ ေလာကီအျပစ္သားတို႔ကို ခ်စ္ေတာ္မူပါသည္။ “ငါတို႔သည္ အျပစ္ရွိစဥ္တြင္ ခရစ္ေတာ္သည္ ငါတို႔အတြက္ ေၾကာင့္ အေသခံေတာ္မူသည္ျဖစ္၍ ဘုရားသခင္သည္ ငါတို႔ကို အဘယ္မွ်ေလာက္ခ်စ္ေတာ္မူသည္ကို ငါတို႔အား ထင္ရွားစြာ ျပေတာ္မူ၏” (ေရာ၊ ၅း၈)။
“ဘုရားသခင္၏ ဂရုဏာေတာ္သည္ အစဥ္အျမဲတည္ေတာ္မူ၏”(ဆာလံ၊ ၁၀ဝး၅။ ၁၀၆း၁။ ၁၁၈း၁-၂။ ၁၃၆း၁-၂၆)။

(ဈ) ဘုရားသခင္သည္ သန္႔ရွင္းေတာ္မူေသာ ဘုရားျဖစ္သည္ (GOD IS HOLY)
သန္႔ရွင္းသည္ဟု ဆိုရာတြင္ အျပစ္အညစ္အေၾကးႏွင့္ လံုးဝ ကင္းစင္ျခင္းကို ဆိုလိုပါသည္။ “ေကာင္းကင္ဗိုလ္ေျခအရွင္ ထာဝရဘုရားသည္ သန္႔ရွင္းေတာ္မူ၏၊ သန္႔ရွင္းေတာ္မူ၏။ သန္႔ရွင္းေတာ္မူ၏” (ေဟ၊ ၆း၃။ ဗ်ာ၊ ၄း၈)။ “ကိုယ္ေတာ္တစ္ပါးတည္းသာလွ်င္ သန္႔ရွင္းေတာ္မူ၏” (ဗ်ာ၊ ၁၅း၄)။ “သန္႔ရွင္း ေတာ္မူ ေသာ အဘ ျဖစ္ျခင္း” (ေယာ၊ ၁၇း၁၁)။ “ငါသည္ သန္႔ရွင္းေတာ္မူ၏” (၁ေပ၊ ၁း၁၆)။

(ည) ဘုရားသခင္သည္ သစၥာႏွင့္ျပည့္စံုေသာဘုရားျဖစ္သည္ (GOD IS TRUTH)
ဘုရားသခင္သည္ သစၥာႏွင့္ျပည့္စံုသူျဖစ္ပါသည္။ သစၥာတရား၏ အရွင္လည္းျဖစ္ပါ၏။ “ငါသည္ လမ္းခရီးျဖစ္၏၊ သစၥာတရားလည္းျဖစ္၏၊ အသက္လည္းျဖစ္၏” (ေယာ၊ ၁၄း၆)။
ဘုရားသခင္သည္ သစၥာတည္ေသာဘုရားျဖစ္ေသာေၾကာင့္ –“--ကိုးကြယ္ေသာသူတို႔သည္ နာမ္ဝိညာဥ္ႏွင့္လည္းေကာင္း၊ သစၥာႏွင့္လည္းေကာင္း၊ ကိုးကြယ္ရမည္ (ေယာ၊၄း၂၄)ဟု မိန္႔ေတာ္မူထား ပါသည္။ သမၼာတရားသည္(သစၥာတရား)ကို သိျခင္းျဖင့္ လြတ္ျခင္းအခြင့္ကို ရႏိုင္ပါသည္ (ေယာ၊၈း၃၂)။ သစၥာ(သမၼာတရား)ႏွင့္ ျပည့္စံုေသာ ဘုရားကို ယံုၾကည္ျခင္းျဖင့္ လြတ္ျခင္းအခြင့္ကို ရရွိႏိုင္ပါသည္။
ေယရႈက “ငါအမွန္အကန္ဆိုသည္ကား--” ဟူ၍ မိန္႔ဆိုေလ့ရွိတတ္ပါသည္။ ဤကဲ့သို႔ မိန္႔ဆိုျခင္းမွာ ကိုယ္ေတာ္ကိုယ္တိုင္ သမၼာတရား (TRUTH) ျဖစ္ေၾကာင္း ေဖာ္ျပျခင္းျဖစ္ပါသည္။ (ေယာ၊ ၃း၃၊ ၃း၅။ ၂း၁၁၊ ၅း၂၄၊ ၂၅။ ၆း၃၂။ ၈း၄၆။ ၈း၅၁။ ၁၂း၂၄။ ၁၃း၃၈။ ၂၁း၁၈)။
“ကိုယ္ေတာ္၏ ႏႈတ္ကပတ္ေတာ္သည္ သမၼာတရားျဖစ္ပါ၏”(ေယာ၊၁၇း၁၇)။ မိန္႔ေတာ္မူေသာ စကားတို႔သည္ ေရြ႕ေလ်ာ့ေဖာက္ျပန္ျခင္းမရွိ။ ထာဝစဥ္မွန္ကန္တည္ျမဲလွ်က္ ရွိေၾကာင္းကို သိရပါသည္။

(ဋ) ဘုရားသခင္သည္ နာမ္ဝိညာဥ္ျဖစ္သည္ (GOD IS SPIRIT)
သခင္ေယရႈကိုယ္တိုင္က “ဘုရားသခင္သည္ နာမ္ဝိညာဥ္ ျဖစ္ေတာ္မူ၏”ဟု မိန္႔ေတာ္မူခဲ့သည္ (ေယာ၊၄း၂၄)၊ ဘုရားသခင္သည္ ကိုယ္ခႏၶာႏွင့္ တည္ေနေတာ္မူသည္မဟုတ္။ တစ္ေနရာတစ္ဌာန၌သာ စိုးစံေနေတာ္မူသည္မဟုတ္ဘဲ နာမ္ဝိညာဥ္ျဖစ္သည့္အားေလ်ာ္စြာ ေနရာတကာ၌ ရွိေနေတာ္မူပါသည္ (ဆာလံ၊၁၃၉း၇-၁၀)။
“ဘုရားသခင္၏ ဝိညာဥ္ေတာ္သည္ ေရမ်က္ႏွာျပင္ေပၚမွာ လႈပ္ရွားေတာ္မူ၏”(က၊၁း၂)။ “ဘုရား သခင္၏ ဝိညာဥ္ေတာ္သည္ သူ႔အေပၚမွာ သက္ေရာက္ေတာ္မူ--”(ေတာ၊ ၂၄း၂။ လု၊ ၄း၁၈)။ “ဘုရားသခင္ ဝိညာဥ္ေတာ္သည္ ငါ့ကို ဖန္ဆင္းေတာ္မူျပီ” (ေယာဘ၊၃၃း၄)၊ “ဘုရားသခင္ ဝိညာဥ္ေတာ္သည္ ခ်ိဳးငွက္ကဲ့သို႔ ဆင္းသက္--”(မႆဲ၊၃း၁၆)။

(ဌ) ဘုရားသခင္သည္ ေျဖာင့္မတ္ေသာ ဘုရားျဖစ္သည္ (GOD IS RIGHTEOUSNESS)
ဘုရားသခင္သည္ ေျဖာင့္မတ္ေတာ္မူေၾကာင္းကို သမၼာက်မ္းစာ၌ ေဖာ္ျပထားပါသည္။ ထာဝရဘုရား သည္ ေက်းဇူးျပဳတတ္ေသာသေဘာေျဖာင့္မတ္ေသာ သေဘာရွိေတာ္မူ၏။
(ဆာလံ၊ ၁၁၆း၅။ ၈၆း၁၅။ ၁၀၃း၈။ ေနဟ၊၉း၈)။
“ကိုယ္ေတာ္သည္ ေျဖာင့္မတ္ေတာ္မူ၏”
(ဆာလံ၊ ၁၁၉း၁၃၇။ ၁၂၉း၄။ ၁၄၅း၁၇)။
“ေျဖာင့္မတ္ျခင္းကို ေပးေတာ္မူေသာ ဘုရားျဖစ္၏”
(ေယရ၊ ၃း၅-၆။ ေရာ၊၃း၂၁-၂)။
“ေျဖာင့္မတ္ျခင္းကို ေပးေတာ္မူေသာ ဘုရားျဖစ္၏” (၂ေကာ၊ ၅း၂၁)
“ေျဖာင့္မတ္ေတာ္မူေသာ သခင္ျဖစ္၏” (တမန္၊ ၃း၁၄)။
blog.shwecanaan.com

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...