0

ဖန်ဆင်း ခြင်း ၏သက် သေ များ အပိုင်း ၁ အပိုင်း ၂

 
ဖန်ဆင်း ခြင်း ၏သက် သေ များ
အပိုင်း ၁ အပိုင်း ၂

Unicode & Zawgyi Reshare-#9Dan
သိပ္ပံပညာ နောက်ခံ ရှိသူများသည် အများအားဖြင့် Evolution( ဆင့်ကဲတိုးတက် ဖြစ်ပေါ်ခြင်း) ကို လက်ခံကြသူများဖြစ်သည်။ ယခုမျက်မှောက် သိပ္ပံခေတ်၌ အခြေခံပညာြကျောင်းများမှာသော်လည်းကောင်း၊ တက္ကသိုလ် ကျောင်းကြီးများမှာသော်လည်းကောင်း၊ Evolution သီအိုရီကို အမှန်အဖြစ် ယူဆကာ သင်ကြား ပေးနေကြသည်။ Evolution သီအိုရီကို မှန်ကန်သည်ဟု ခံယူမှ သိပ္ပံ နည်းကျသည်ဟု ယခုမျက်မှောက်ခေတ် ပညာတတ်များစွာက လက်မ ထောင်ကာ ဝါကြွား နေကြသည်။

အသင်းတော်များ၌ သင်ကြားသော ဖန်ဆင်းခြင်း သီအိုရီသည် ဟောင်းနွမ်းဆွေးမြေ့နေသော၊ ခေတ်မမီတော့သော သင်ကြားချက်များအဖြစ် (ထုတ်ဖော် ပြောဆိုခြင်း မရှိသော်လည်း) မသိမသာ ခံယူထားကြသူများမှာ အများအပြား ရှိနေပေသည်။ စာရေးသူ ကိုယ်၌ကပင် မယုံကြည်သူ ဘဝက Evolutionist ဖြစ်ခဲ့ပြီး၊ Darwin ၏ သီအိုရီကို နှစ်နှစ်ကာကာ လက်ခံထားခဲ့သူ ဖြစ်လေသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ လုပ်ဆောင်မှုကြောင့် ယုံကြည်သူဘဝရောက်ခဲ့စဉ် အစောပိုင်းကာလက Evolutionist မှ Creationist သို့ရုတ်တရက် ၁၈၀ ဒီဂရီချိုး ပြောင်းလဲရမှုသည် ကြီးစွာသော အခက်အခဲဖြစ်ကြောင်းကို ဝန် ခံရပေမည်။ အဘယ်ကြောင့်ဆိုသော် ထို အယူဝါဒ နှစ်ခုသည် ဆန့်ကျင်ဘက် ဖြစ်သောကြောင့် ဖြစ်လေသည်။
ဤဆောင်းပါးကို မယုံကြည်သူများ၊ မယုံကြည်သူဘဝမှ ပြောင်းလဲလာသော်လည်း သိပ္ပံနောက်ခံရှိပြီး Evolution သီအိုရီကို ဆက်လက် ခံယူရ မလိုလို၊ စွန့့်လွှတ်ရ မလိုလို ချီတုံချတုံ ဖြစ်နေသူများ၊ ယုံကြည်သူဖြစ်ပါသော်လည်း သိပ္ပံခေတ်ကြီး၌ မွေးဖွားလာသောကြောင့် ဇဝေဇဝါ ဖြစ်နေကြသူများ၊ သိပ္ပံပညာကို စိတ်ဝင်စား သူများ ဖတ်ရှုနိုင်ပါသည်။ ဤသို့ မဟုတ်ပါက ဤနေရာတွင်ပင် ရပ်၍ တခြားသော ခွန်အားဖြစ်ဖွယ်ရာ ဆောင်းပါးများကို ဖတ်ရှုကြပါကုန်။
သက်ရှိ အစ အဘယ်ကနည်း။
၁ရ၀၀ ပြည့်လွန်နှစ်များက သိပ္ပံပညာရှင် အများစုသည် သက်ရှိများမှာ သက်မဲ့များမှ ပြောင်းလဲဖြစ်ပေါ်လာသည်ဟု ယုံကြည်ကြသည်။ ၁၈၀၀ နှစ်များသ့ို့ရောက်သောအခါ Louis Pasteur ဆိုသူက စမ်းသပ်ချက်များပြုလုပ်၍ ဤ အယူအဆသည် မှားယွင်းပြီး သက်ရှိများသည် ယခင်သက်ရှိ များမှသာ ပြောင်းလဲ ဖြစ်ပေါ်နိုင်ကြောင်း အဆိုပြု တင်ပြခဲ့သည်။ သို့ငြားသော်လည်း သိပ္ပံပညာရှင် အများအပြားက သက်ရှိများသည် သက်မဲ့များမှ ဖြစ်ပေါ်လာသည် ဟူသော အယူ အဆကို လက်မလွှတ်နိုင်ပဲ (မည်သို့မည်ပုံ ဖြစ်ပေါ်လာသည်ကို မသိပါပဲလျှက်) ဆက်လက် ဆွဲကိုင်ခဲ့ကြသည်။ ထိုသို့ဆက်လက်ဆွဲကိုင်နေကြခြင်းမှာ ဘုရား ဟူသော လူတို့၏ ဖန်ဆင်းရှင် (Creator/Designer) ရှိသည်ကို ဖယ်ရှားရန် ကြိုးစားလိုသောကြောင့် ဖြစ်သည်။
အရိုးရှင်းဆုံးသော သက်ရှိ ဆဲလ်တစ်ခုသည်ပင်လျှင် လွန်စွာမှ ရှုပ်ထွေးလှပေသည်။ ထို ဆဲလ် သည် မိမိ ဆဲလ် အတွင်း လုပ်ဆောင်မှုမှားယွင်းခြင်း(Malfunction) ကို တွေ့ရှိ သိရှိနိုင်ခြင်း၊ မိမိဘာသာ ပြန်လည်ပြင်ဆင်နိုင်ခြင်း၊ ဆဲလ်သစ်များကို မွေးဖွား ထုတ်လုပ်ပေးနိုင်ခြင်း ရှိပေသည်။ မည်သည့် လူသားတစ်ဦး တစ်ယောက်မျှ ထိုကဲ့သို့ရှုပ်ထွေးလှသော ဆဲလ် ကဲ့သို့သော စက်မျိုးကို တည်ဆောက်နိုင်သေးခြင်း မရှိသေးပေ။ သို့ပင်ဖြစ်ငြားသော်လည်း သိပ္ပံပညာရှင်များက သက်ရှိ များသည် သက်မဲ့များမှ အလိုအလျောက် ဖြစ်ပေါ်လာသည်ဟု ယုံကြည်နေကြတုန်းပင်။ ဥပမာ ဆိုရသော် စကာၤပူရှိ ဓါတ်အားပေး စက်ရုံသည် သူ့အလို အလျှောက် ဖြစ်ပေါ်လာသည်ဟု ယုံကြည်နေသည်နှင့် တူပေသည်။
၁၉၅၃ ခုနှစ်၌ Stanley Miller ဆိုသူသည် သူ့အလိုအလျှောက် ဖြစ်ပေါ်လာသည်ဟူသော ယုံကြည်ချက်ကို မှန်ကန်ကြောင်း သက်သေပြရန် ဓါတ်ခွဲခန်း၌ စမ်သပ်မှု တစ်ခုပြူလုပ်ခဲ့သည်။ ထိုစမ်းသပ်မှု၌ သက်ရှိ မဖြစ်ပေါ်မှီကာလက ပင်လယ် အခြေအနေကို ကိုယ်စားပြုရန် ရေ အနည်းငယ်ကို စမ်းသပ်ကရိယာ ဖန်ဘူးထဲ၌ ထည့်ထားပြီး ထိုအချိန်က လေထု အတွင်း၌ အတွေ့ရ အများဆုံးသော ဓါတ်ငွေ့များကို စမ်းသပ် ကရိယာထဲသို့သိပ်သွင်း၍ ထည့်လေသည်။ ထို့နောက် လျှပ်စီး လက်ခြင်း အခြေအနေကို ဖန်တီးရန် လျှပ်စစ် ဓါတ်အားကို အသုံးပြု၍ မီးပန်း မီးပွင့်များကို အထက်ပါ ကရိယာထဲရှိ ဓါတ်ငွေ့များထဲ၌ ဖြစ်ပေါ်စေလေသည်။ ထိုအခါ သက်ရှိတို့၏ အခြေခံ လိုအပ်ချက် ဖြစ်သော (Amino Acid) များသည် ဓါတ်ပြုခြင်း၏ ရလာဒ်အဖြစ် ဖြစ်ပေါ်လာလေသည်။ သက်ရှိတို့၏ အခြေခံသည် သက်မဲ့များမှ ဖြစ်ပေါ်နိုင်ကြောင်းကို Stanley Miller သည် အောင်မြင်စွာ သက်သေ ပြခဲ့လေသည်။ သို့ပါသော်လည်း ထိုစမ်းသပ်ချက်နှင့် ပါတ်သက်၍ မဖြေကြားနိုင်သော မေးခွန်း များစွာ ရှိနေပေသည်။

ပုံ(၁)။။ Stanley Miller

ပုံ(၂)။ သက်ရှိ မဖြစ်ပေါ်မီ ကာလ၌ ရှိသော အခြေအနေအတိုင်း ဖန်တီး စမ်းသပ်သော ကိရိယာ၏ Schematic Diagram
ဥပမာ ဆိုရသော် ဤစမ်းသပ်ချက်၌ အောက်စီဂျင်သည် လေထုအတွင်း၌ မရှိဟု ယူဆထားလေသည်။ ထိုသို့ယူဆရခြင်းမှာ အောက်ဆီဂျင်သည် Amino Acid ဖွဲ့စည်းဖြစ်ပေါ်မှုကို တားဆီးသောကြောင့် ဖြစ်ပေသည်။ အောက်စီဂျင်(O2)သည် လေထုအတွင်း၌ မရှိဟု ဆိုခြင်းမှာ အိုဇုန်း(O3) အလွှာ မရှိဟု ဆိုခြင်းနှင့် တူပေသည်။ အိုဇုန်းအလွှာ မရှိလျှင် ဖြစ်ပေါ်လာသော သက်ရှိများသည် သေကြရန်သာ ရှိပေသည်။ ဘူမိဗေဒ ပညာရှင်များသည် အောက်စီဂျင် ပါရှိသော ကျောက်များသည် ဘူမီဗေဒ မှတ်တမ်းများအရ တစ်လျှောက်လုံး ရှိနေသည်ဟု ဆိုသောကြောင့် အထက်ပါ စမ်းသပ်မှုသည် အောက်စီဂျင် လေထုအတွင်း၌ ရှိနေသည် ဆိုသော အချက်ကို လျစ်လျှူရှုထားလေသည်။ ထို့အပြင် စမ်းသပ်မှု၌ ပါရှိသော Amino Acid ကို ဖြစ်ပေါ်စေသော ဓါတ်ငွေ့များသည် နေရောင်ခြည်ကြောင့် ဓါတ်ပြုကြလျှက် လေထုအတွင်းမှ လျှင်မြန်စွာ ပျောက်ကွယ်သွားနိုင်ပေသည်။ သက်ရှိဖြစ်ပေါ်ရန် လုံလောက်သော အချိန် ရရှိနိုင်မည် မဟုတ်ပေ။
စမ်းသပ်ချက်၏ အကြီးဆုံးသော ပြဿနာမှာ ဖြစ်ပေါ်လာသော Amino Acid များသည် L နှင့် D အမျိုးအစား (၅၀%) စီပါရှိသော ဓါတ်ပေါင်းများဖြစ်သည်။L နှင့် D တို့သည် ပမာဆိုရသော် ဖိနပ်၏ ဘယ်နှင့် ညာ ကဲ့သို့ဖြစ်သည်။ သက်ရှိတို့၏ အခြေခံဖြစ်သော Amino Acid များသည် L အမျိုးအစားကိုသာ သုံးလေ သည်။ ပထမဆုံး သက်မဲ့မှ ဖြစ်ပေါ်လာသော သက်ရှိဆဲလ်သည် L အမျိုးအစားကိုသာ မည်ကဲ့သို့ရွေးချုယ် အသုံးပြုခဲ့သနည်း။ သက်ရှိ ဆဲလ် လိုအပ်သော အခြားသော Amino Acid အမျိုးအစားများသည်လည်း ဤစမ်းသပ်ချက်၌ ဖြစ်ပေါ်လာခြင်း မရှိပေ။
သက်ရှိ များသည် သက်မဲ့များမှ ဤစမ်းသပ်ချက်မှ နည်းအတိုင်း ပေါ်ထွက်လာခြင်း မဟုတ်နိုင်ပေ။ မည်သည့်သိပ္ပံစမ်းသပ်ချက်မှ သက်ရှိများသည် သက်မဲ့များမှ အလိုအလျှောက် ဖြစ်ပေါ်လာသည်ဟု သက်သေ မပြနိုင်ပေ။ အကောင်းဆုံးသော ဖြေရှင်းနိုင်ချက်မှာ သက်ရှိများသည် ယခင် ရှိနှင့်ပြီးသော သက်ရှိ အရင်းအမြစ် (Life Source)မှ ဖြစ်ပေါ်လာခြင်းသာ ဖြစ်ပေသည်။ ထိုသက်ရှိ အရင်းအမြစ် (Life Source)မှာ လူသားများ၏ ဖန်ဆင်းရှင်ဘုရားက လွဲ၍ မည်သည့် အရာ ဖြစ်နိုင်တော့မည်နည်း။ ။။
ဆက်ပါဦးမည်။
နာမတော်မြတ်၌-
ဖန်ဆင်းခြင်းသက်သေများ-၂ ။ ( လှမင်းသူ )
မကြာသေးမီ အချိန်များက သခင်မြတ်ဆိုင် ရေးသားသော ”ကျောက်ကွင်း အရေးတော်ပုံ” အမည်ဖြင့် ထုတ်ဝေသည့် စာအုပ်ငယ်ကို ဖတ်ရှု လိုက်ရသည်။ စာရေးသူသည် သာမာန်အားဖြင့် ထိုသို့သော စာပေများကို ဖတ်ရှုလေ့ မရှိပါ။ စာရေးသူ ဝါသနာပါသော စာပေများမှာ သိပ္ပံနှင့် ဆိုင်သော စာပေများနှင့် စုံထောက် ဝတ္ထုများ ဖြစ်ပေသည်။ သို့ပါသော်လည်း မယုံကြည်သူ တစ်ယောက်မှ ထိုစာအုပ်ငယ်ကို ဖတ်ရှုပါရန် တိုက်တွန်းလာသဖြင့် မရမက ရှာဖွေမည်ဟု စိတ်ထဲ ထားနေစဉ်မှာပင် အလျှင်းသင့်စွာ ဦးလေးတစ်ယောက်၏ အကူအညီဖြင့် ထိုစာအုပ်ငယ်ကို ဖတ်ရှုခွင့် ရခဲ့လေသည်။ စာအုပ်ကို မဖတ်မီကပင် စာပါ အကြောင်းအရာများကို အနည်းငယ်ခန့်သိရှိပြီးသား ဖြစ်လေသည်။ မယုံကြည်သူတို့နှင့် ယုံကြည်သူတို့ဝါဒ ယှဉ်ပြိုင်ပွဲကြီးပင် ဖြစ်လေသည်။
ထို့ကြောင့်ပင်လျှင် မည်ကဲ့သို့သော အကြောင်းအရာများကို ယှဉ်ပြိုင် ငြင်းခုန် နေကြသည်ကို သိရှိလို ဇောနှင့် ဖတ်ရှုလေသည်။ သို့ပါသော်လည်း မိမိ ထင်မှတ်ထားသကဲ့သို့ ပြိုင်ပွဲ၌ ပါဝင်သော ငြင်းခုံ ဖွယ်ရာ အကြောင်းအရာများမှာ အနည်းငယ်ခန့်သာ ပါရှိခဲ့ပြီး ပြိုင်ပွဲဖြစ်ရန် အကြောင်းဖန်လာပုံ၊ ထိုပြိုင်ပွဲဖြစ်ရန် ပြင်ဆင်ကြပုံနှင့် ပြိုင်ပွဲ ပြီးဆုံးသည်အထိ အဖြစ်အပျက်များကို ဇာတ်လမ်းသဖွယ် ရေးသားထားသည်ကို တွေ့ရလေသည်။
၁၉၃၆ ခုနှစ်က ပြည်ခရိုင် ဝက်ထီးကန်နယ်တွင် ကျောက်ကွင်းရွာ ဟုအမည်တွင်သော ရွာကြီးတစ်ရွာ ရှိလေသည်။ ထိုရွာတွင် ချင်းလူမျိုး ခရစ်ယာန် များလည်း နေထိုင်သလို ဗမာလူမျိုး မယုံကြည်သူများလည်း နေထိုင်ကြလေသည်။ ရွာသူကြီးဖြစ်သူ ဦးလှောင်မှာ မယုံကြည်သူ တစ်ဦးဖြစ်ပြီး ဇနီးသည်မှာမူ ယုံကြည်သူ ဖြစ်လေသည်။ ဘာသာရေးအမြင် မတူကြရကား မကြာခန ဆိုသလို သူကြီးဦးလှောင်နှင့် မယားဖြစ်သူတို့မှာ စကား အချေအတင် ဖြစ်ရလေသည်။ ထိုသို့ဖြစ်တိုင်း အရေမရ အဖတ်မရဖြင့် နိဂုံးချုပ်ဖန် များသောအခါ သူကြီးဖြစ်သူက မယားဖြစ်သူနှင့် တိုင်ပင်၍ မိမိမှ အကောင်းဆုံး ဆရာတော်များကို ခေါ်၍လည်းကောင်း၊ မယားဖြစ်သူ ဘက်မှလည်း အကောင်းဆုံး ဓမ္မဆရာများကို ခေါ်၍လည်းကောင်း အယူဝါဒ နှစ်ခုကို ပြိုင်ပွဲကြီး ခေါ်ယူ၍ ယှဉ်ပြိုင်ကြရန် သဘောတူညီကြလေသည်။ မဏ္ဌပ်ကြီးများ ထိုးယူ၍ အနီးအနား ရွာနီးချုပ်စပ်မှ ရွာသူရွာသားများ မကျန် လာရောက်ကြည်ရှုသော ကြီးမားသောယှဉ်ပြိုင်မှုကြီး ဖြစ်လေသည်။
အချုပ်ဆိုရသော် ထိုပြိုင်ပွဲတွင် ယုံကြည်သူများမှာ ရှုံးနှိမ့်ခဲ့ရလေသည်။ စာရေးသူသည် ရှုံးနှိမ့်ခြင်း၊ အနိုင်ရခြင်းများကို သိပ်စိတ်မဝင်စားလှပါ။ ခရစ်တော်က ”ငါသည် သမ္မာတရား ဖြစ်သည်“ ဟုဆိုလေသည်။ ဘုရားနှင့် တရားကို ခွဲထုတ်၍ မရ စကောင်းပါ။ ထို့ကြောင့် ဘုရားမှ တရားကို ခွဲထုတ်၍ ငြင်းခုံ ယှဉ်ပြိုင်ကြသော ထိုယှဉ်ပြိုင်ပွဲမျိုး၏ ရလဒ်ကို စိတ်မဝင်စားပါ။ စာရေးသူ စိတ်ဝင်စားသည်မှာ မည်သည့်အရာများကို အခြေအတင် ငြင်းခုန်ကြပါသနည်း။ အကြောင်းအရာ အနည်းငယ်ကို တင်ပြထားသော်လည်း တစ်ခုသော အကြောင်းအရာသည် စိတ်ဝင်စားဖွယ်ရာ ဖြစ်လေသည်။
မယုံကြည်သူ ဆရာတော်က ဆိုသည်မှာ ကျမ်းစာအရ ကမ္ဘာကြီးကို ခရစ်တော် မတိုင်မှီ ၄၀၀၄ ခုနှစ်ခန့်က ဖန်ဆင်းခဲ့ပြီး၊ ယခု ခရစ်တော်ပေါ်ထွန်းပြီး နှစ်ပေါင်း ၂၀၀၀ ခန့်ရှိ ပြီဖြစ်၍ ကမ္ဘာကြီး၏ သက်တမ်းသည် နှစ်ပေါင်း ၆၀၀၀ ကျော်မျှသာ ရှိသေးသည်။ သို့ပါသော်လည်း သိပ္ပံပညာများ အရမှု ကမ္ဘာကြီးသည် နှစ်ပေါင်း ဘီလီယံ ချီ၍ နေလေပြီ။ ထိုအချက်ကို မည်ကဲ့သို့ဖြေရှင်းပါမည်နည်း။ ဟုမေးလေသည်။ ယှဉ်ပြိုင်သော ဓမ္မဆရာလည်း ထိုမေးခွန်းကို မဖြေကြားနိုင်ပါ။ ထိုခေတ် ထိုအခါက Evolution Scientists များသာ ရှိခဲ့ပြီး ထိုသိပ္ပံရှင်များ ပြောချက်များသာ အမှန်ဟု ယူဆနေရလေသည်။ သို့ပါသော်လည်း ဘုရားသခင်၏ ကျေးဇူးတော်ကြောင့်ပင် ယခုအခါ Creation Scientists များပေါ်ထွန်းလာပေပြီ။ ထိုမေးခွန်းကို ပြန်လည် ချေပနိုင်သော အထောက်အထားများစွာကို ၎င်းတို့ကပင် ရှာဖွေထုတ်ဖော်ပြ၍ ဘုရားသခင် ဘုန်းတော်ကို ပိုမိုထင်ရှားစေခဲ့ပြီ။
စာရေးသူသည် ကျမ်းစာမှ လာသော တွက်ချက်မှု သက်တမ်းကို အသေးစိတ် မသိရှိပါ။ သို့သော် စာရေးသူသည် Evolution Scientists များ အခိုင်အမာ ပြောကြားသော ဘီလီယံနှင့် ချီသော ကမ္ဘာ့သက်တမ်းကို စောဒက တက်လိုပါသည်။ အောက်ပါ အထောက်အထားများကို ဆင်ခြင်ကြပါကုန်။
ကမ္ဘာ့လူဦးရေ

ပုံ(၁)။ ကမ္ဘာ့လူဦးရေ ဂရပ်။
ယနေ့ကမ္ဘာ့လူဦးရေသည် နှစ် ၅၀ ပြည့်တိုင်း နှစ်ဆခန့်တိုးပွားလျှက်ရှိသည်။ ရှေးယခင် နှစ်များက လူဦးရေ တိုးပွားနူန်းသည် ယခုနူန်းထက် ထက်ဝက်သာ ရှိသည် ဆိုလျှင်ပင် လူနှစ်ယောက်နှင့် စခဲ့သော ကမ္ဘာ့လူဦးရေသည် ယခုလက်ရှိ လူဦးရေသို့ရောက်ရှိရန် နှစ်ပေါင်း ၄၀၀၀ ခန့်သာ ကြာပေသည်။

ပုံ(၂)။ ပင်လယ်သေ တည်ရှိရာ မြေပုံ။
ပင်လယ်သေ သည် အစ္စရေး နိုင်ငံ၌ တည်ရှိပေသည်။ ဂါလိလဲ ပင်လယ်မှ ရေချိုုတို့သည် ယော်ဒန်မြစ်မှ တစ်ဆင့် ထိုပင်လယ်သေ ထဲသို့စီးဝင်လေသည်။ အများ သိကြသည့် အတိုင်း ပင်လယ်သေ၏ ဆား ပါဝင်မှု နှုန်းမှာ လွန်စွာမှ မြင့်မားလေသည်။ သို့ဆိုစေကာမှု ပင်လယ်သေ၏ ဆားပါဝင်မှု အချိုးအစားမှာ ဆက်လက် မြင့်တက်နေဆဲဖြစ်သည်။ ဝင်လာသမျှသော ဆားတို့သည် ပြန်ထွက်ရန် တစ်ပေါက်တည်းသော နည်းလမ်းမှာ အငွေ့ပျံခြင်းပင် ဖြစ်သည်။ သိပ္ပံ ပညာရှင်များသည် ယော်ဒန်မြစ်မှ နှစ်စဉ် ပင်လယ်သေထဲသို့စီးဝင်သော ဆားပမာဏကို တွက်ချက် နိုင်လေသည်။ ပင်လယ်သေ ထဲ၌ ယနေ့ရှိနေသော ဆားပမာဏ ကိုလည်း သိရှိလေသည်။ ထို အချက်အလက်များအားဖြင့် ပင်လယ်သို့ဆားများ ဝင်ရောက်နေမှု ဖြစ်စဉ်မှာ မည်မျှကြာနေသည်ကို တွက်ချက်နိုင်လေသည်။ ယခု သိရှိပြီဖြစ်သော ဆား ဝင်ရောက်မှုနုန်းကို အခြေခံ၍ ပင်လယ်သေ၌ ဆား တစ်စက်မှ မရှိသည့် အခြေအနေ၌ စသည်ဆိုလျှင်ပင် ယခုလက်ရှိ ဆားပါဝင်မှု အနေ အထားသို့ရောက်ရန် နှစ်ပေါင်း ၁၃၀၀၀ ခန့်သာ ကြာပေသည်။
Mary Schweitzer ၏ သိပ္ပံလောကကြီးအား တုန်လှုပ်သွားစေသည့် ရှာဖွေတွေ့ရှိချက်။

ပုံ(၃)။ Mary Schweitzer
မကြာသေးမှီကပင် T.Rex ဒိုင်နိုဆော အမျိုးအစား၏ အရိုး အကြွင်းစများကို အမေရိကန်ပြည်ထောင်စုတွင် တူးဖော်ရရှိခဲ့လေသည်။ ထိုအရိုး ကြွင်းစုများကို Montana State University ဓါတ်ခွဲခန်းများထဲသို့ပို့ဆောင်ခဲ့ပြီး သုတေသန ပြုလုပ်ခဲ့သည်။ ထိုဓါတ်ခွဲခန်းရှိ သုတေသနပြုသူ Mary Schweitzer သည် နှစ်သန်းပေါင်း ၆၅ သန်း ကြာမြင့်သည်ဟု ယူဆရသော ထိုအရိုးစုများ အနက် တစ်ခုသော အရိုးစုမှ DNA ပါရှိသော သွေးဆဲလ်(Blood Cells)များနှင့် သွေးကြောမျှင် အပိုင်းအစများကို အကောင်း ပကတိ ဖြစ်လျှက်ရှိနေသည်ကို အံ့သြဖွယ်ရာ တွေ့ရှိရလေသည်။ နှစ်ပေါင်း တစ်သောင်းထက် ပို၍ မခံဟုဆိုသော DNA များသည် နှစ်ပေါင်း ၆၅ သန်း ရှိပြီဟု ဆိုသော ဒိုင်နိုဆောကြီး၌ အဘယ်ကြောင့် အကောင်း ပကတိ ရှိနေပါသေးသနည်း။ Mary Schweitzer ကိုယ်တိုင် အောက်ပါအတိုင်း အံ့သြစွာ ဆိုလေသည်။
"I got goose bumps,"..."It was exactly like looking at a slice of modern bone. But ... I couldn't believe it. I said to the lab technician: 'The bones, after all, are 65 million years old. How could blood cells survive that long?'

မူ ရင်း မု ရန်

ဖန္ဆင္း ျခင္း ၏သက္ ေသ မ်ား
အပိုင္း ၁ အပိုင္း ၂

Unicode & Zawgyi Reshare-#9Dan
သိပၸံပညာ ေနာက္ခံ ရွိသူမ်ားသည္ အမ်ားအားျဖင့္ Evolution( ဆင့္ကဲတိုးတက္ ျဖစ္ေပၚၿခင္း) ကို လက္ခံၾကသူမ်ားျဖစ္သည္။ ယခုမ်က္ေမွာက္ သိပၸံေခတ္၌ အေျခခံပညာျေက်ာင္းမ်ားမွာေသာ္လည္းေကာင္း၊ တကၠသိုလ္ ေက်ာင္းၾကီးမ်ားမွာေသာ္လည္းေကာင္း၊ Evolution သီအိုရီကို အမွန္အျဖစ္ ယူဆကာ သင္ၾကား ေပးေနၾကသည္။ Evolution သီအိုရီကို မွန္ကန္သည္ဟု ခံယူမွ သိပၸံ နည္းက်သည္ဟု ယခုမ်က္ေမွာက္ေခတ္ ပညာတတ္မ်ားစြာက လက္မ ေထာင္ကာ ၀ါၾကြား ေနၾကသည္။

အသင္းေတာ္မ်ား၌ သင္ၾကားေသာ ဖန္ဆင္းၿခင္း သီအိုရီသည္ ေဟာင္းႏြမ္းေဆြးေျမ႔ေနေသာ၊ ေခတ္မမီေတာ့ေသာ သင္ၾကားခ်က္မ်ားအျဖစ္ (ထုတ္ေဖာ္ ေျပာဆိုျခင္း မရွိေသာ္လည္း) မသိမသာ ခံယူထားၾကသူမ်ားမွာ အမ်ားအျပား ရွိေနေပသည္။ စာေရးသူ ကိုယ္၌ကပင္ မယံုၾကည္သူ ဘ၀က Evolutionist ျဖစ္ခဲ့ၿပီး၊ Darwin ၏ သီအိုရီကို ႏွစ္ႏွစ္ကာကာ လက္ခံထားခဲ့သူ ျဖစ္ေလသည္။ သန္ ့ရွင္းေသာ ၀ိညာဥ္ေတာ္၏ လုပ္ေဆာင္မွုေၾကာင့္ ယံုၾကည္သူဘ၀ေရာက္ခဲ့စဥ္ အေစာပိုင္းကာလက Evolutionist မွ Creationist သို ့ရုတ္တရက္ ၁၈၀ ဒီဂရီခ်ိဳး ေျပာင္းလဲရမွဳသည္ ၾကီးစြာေသာ အခက္အခဲျဖစ္ေၾကာင္းကို ၀န္ ခံရေပမည္။ အဘယ္ေၾကာင့္ဆိုေသာ္ ထို အယူ၀ါဒ ႏွစ္ခုသည္ ဆန္ ့က်င္ဘက္ ျဖစ္ေသာေၾကာင့္ ျဖစ္ေလသည္။
ဤေဆာင္းပါးကို မယံုၾကည္သူမ်ား၊ မယံုၾကည္သူဘ၀မွ ေျပာင္းလဲလာေသာ္လည္း သိပၸံေနာက္ခံရွိၿပီး Evolution သီအိုရီကို ဆက္လက္ ခံယူရ မလိုလို၊ စြန္႔ ့လႊတ္ရ မလိုလို ခ်ီတံုခ်တံု ျဖစ္ေနသူမ်ား၊ ယံုၾကည္သူျဖစ္ပါေသာ္လည္း သိပၸံေခတ္ၾကီး၌ ေမြးဖြားလာေသာေၾကာင့္ ဇေ၀ဇ၀ါ ျဖစ္ေနၾကသူမ်ား၊ သိပၸံပညာကို စိတ္၀င္စား သူမ်ား ဖတ္ရွဳႏိုင္ပါသည္။ ဤသို ့ မဟုတ္ပါက ဤေနရာတြင္ပင္ ရပ္၍ တျခားေသာ ခြန္အားျဖစ္ဖြယ္ရာ ေဆာင္းပါးမ်ားကို ဖတ္ရွဳၾကပါကုန္။
သက္ရွိ အစ အဘယ္ကနည္း။
၁ရ၀၀ ျပည့္လြန္ႏွစ္မ်ားက သိပၸံပညာရွင္ အမ်ားစုသည္ သက္ရွိမ်ားမွာ သက္မဲ့မ်ားမွ ေျပာင္းလဲျဖစ္ေပၚလာသည္ဟု ယံုၾကည္ၾကသည္။ ၁၈၀၀ ႏွစ္မ်ားသ႔ို ့ေရာက္ေသာအခါ Louis Pasteur ဆိုသူက စမ္းသပ္ခ်က္မ်ားျပဳလုပ္၍ ဤ အယူအဆသည္ မွားယြင္းၿပီး သက္ရွိမ်ားသည္ ယခင္သက္ရွိ မ်ားမွသာ ေျပာင္းလဲ ျဖစ္ေပၚႏိုင္ေၾကာင္း အဆိုျပဳ တင္ျပခဲ့သည္။ သို ့ျငားေသာ္လည္း သိပၸံပညာရွင္ အမ်ားအျပားက သက္ရွိမ်ားသည္ သက္မဲ့မ်ားမွ ျဖစ္ေပၚလာသည္ ဟူေသာ အယူ အဆကို လက္မလႊတ္ႏိုင္ပဲ (မည္သို ့မည္ပံု ၿဖစ္ေပၚလာသည္ကို မသိပါပဲလွ်က္) ဆက္လက္ ဆြဲကိုင္ခဲ့ၾကသည္။ ထိုသို ့ဆက္လက္ဆြဲကိုင္ေနၾကျခင္းမွာ ဘုရား ဟူေသာ လူတို ့၏ ဖန္ဆင္းရွင္ (Creator/Designer) ရွိသည္ကို ဖယ္ရွားရန္ ၾကိဳးစားလိုေသာေၾကာင့္ ျဖစ္သည္။
အရုိးရွင္းဆံုးေသာ သက္ရွိ ဆဲလ္တစ္ခုသည္ပင္လွ်င္ လြန္စြာမွ ရွဳပ္ေထြးလွေပသည္။ ထို ဆဲလ္ သည္ မိမိ ဆဲလ္ အတြင္း လုပ္ေဆာင္မွဳမွားယြင္းျခင္း(Malfunction) ကို ေတြ ့ရွိ သိရွိႏိုင္ျခင္း၊ မိမိဘာသာ ျပန္လည္ျပင္ဆင္ႏိုင္ျခင္း၊ ဆဲလ္သစ္မ်ားကို ေမြးဖြား ထုတ္လုပ္ေပးႏိုင္ျခင္း ရွိေပသည္။ မည္သည့္ လူသားတစ္ဦး တစ္ေယာက္မွ် ထိုကဲ့သုိ ့ရွဳပ္ေထြးလွေသာ ဆဲလ္ ကဲ့သို႔ေသာ စက္မ်ိဳးကို တည္ေဆာက္ႏိုင္ေသးျခင္း မရွိေသးေပ။ သို ့ပင္ျဖစ္ျငားေသာ္လည္း သိပၸံပညာရွင္မ်ားက သက္ရွိ မ်ားသည္ သက္မဲ့မ်ားမွ အလိုအေလ်ာက္ ျဖစ္ေပၚလာသည္ဟု ယံုၾကည္ေနၾကတုန္းပင္္။ ဥပမာ ဆိုရေသာ္ စကာၤပူရွိ ဓါတ္အားေပး စက္ရုံသည္ သူ႔ ့အလို အေလွ်ာက္ ျဖစ္ေပၚလာသည္ဟု ယံုၾကည္ေနသည္ႏွင့္ တူေပသည္။
၁၉၅၃ ခုႏွစ္၌ Stanley Miller ဆိုသူသည္ သူ ့အလိုအေလွ်ာက္ ျဖစ္ေပၚလာသည္ဟူေသာ ယံုၾကည္ခ်က္ကို မွန္ကန္ေၾကာင္း သက္ေသျပရန္ ဓါတ္ခြဲခန္း၌ စမ္သပ္မွဳ တစ္ခုျပဴလုပ္ခဲ့သည္။ ထိုစမ္းသပ္မွဳ၌ သက္ရွိ မျဖစ္ေပၚမွီကာလက ပင္လယ္ အေၿခအေနကို ကိုယ္စားျပဳရန္ ေရ အနည္းငယ္ကို စမ္းသပ္ကရိယာ ဖန္ဘူးထဲ၌ ထည့္ထားၿပီး ထိုအခ်ိန္က ေလထု အတြင္း၌ အေတြ ့ရ အမ်ားဆံုးေသာ ဓါတ္ေငြ ့မ်ားကို စမ္းသပ္ ကရိယာထဲသို ့သိပ္သြင္း၍ ထည့္ေလသည္။ ထို ့ေနာက္ လွ်ပ္စီး လက္ျခင္း အေျခအေနကို ဖန္တီးရန္ လွ်ပ္စစ္ ဓါတ္အားကို အသံုးျပဳ၍ မီးပန္း မီးပြင့္မ်ားကို အထက္ပါ ကရိယာထဲရွိ ဓါတ္ေငြ ့မ်ားထဲ၌ ျဖစ္ေပၚေစေလသည္။ ထိုအခါ သက္ရွိတို ့၏ အေျခခံ လိုအပ္ခ်က္ ၿဖစ္ေသာ (Amino Acid) မ်ားသည္ ဓါတ္ျပဳျခင္း၏ ရလာဒ္အျဖစ္ ျဖစ္ေပၚလာေလသည္။ သက္ရွိတို ့၏ အေျခခံသည္ သက္မဲ့မ်ားမွ ျဖစ္ေပၚႏိုင္ေၾကာင္းကို Stanley Miller သည္ ေအာင္ျမင္စြာ သက္ေသ ျပခဲ့ေလသည္။ သို ့ပါေသာ္လည္း ထိုစမ္းသပ္ခ်က္ႏွင့္ ပါတ္သက္၍ မေျဖၾကားႏိုင္ေသာ ေမးခြန္း မ်ားစြာ ရွိေနေပသည္။

ပံု(၁)။။ Stanley Miller

ပံု(၂)။ သက္ရွိ မျဖစ္ေပၚမီ ကာလ၌ ရွိေသာ အေျခအေနအတိုင္း ဖန္တီး စမ္းသပ္ေသာ ကိရိယာ၏ Schematic Diagram
ဥပမာ ဆုိရေသာ္ ဤစမ္းသပ္ခ်က္၌ ေအာက္စီဂ်င္သည္ ေလထုအတြင္း၌ မရွိဟု ယူဆထားေလသည္။ ထိုသို ့ယူဆရၿခင္းမွာ ေအာက္ဆီဂ်င္သည္ Amino Acid ဖြဲ ့စည္းၿဖစ္ေပၚမွဳကို တားဆီးေသာေၾကာင့္ ျဖစ္ေပသည္။ ေအာက္စီဂ်င္(O2)သည္ ေလထုအတြင္း၌ မရွိဟု ဆိုျခင္းမွာ အိုဇုန္း(O3) အလႊာ မရွိဟု ဆိုျခင္းႏွင့္ တူေပသည္။ အုိဇုန္းအလႊာ မရွိလွ်င္ ျဖစ္ေပၚလာေသာ သက္ရွိမ်ားသည္ ေသၾကရန္သာ ရွိေပသည္။ ဘူမိေဗဒ ပညာရွင္မ်ားသည္ ေအာက္စီဂ်င္ ပါရွိေသာ ေက်ာက္မ်ားသည္ ဘူမီေဗဒ မွတ္တမ္းမ်ားအရ တစ္ေလွ်ာက္လံုး ရွိေနသည္ဟု ဆိုေသာေၾကာင့္ အထက္ပါ စမ္းသပ္မွဳသည္ ေအာက္စီဂ်င္ ေလထုအတြင္း၌ ရွိေနသည္ ဆိုေသာ အခ်က္ကို လ်စ္လွ်ဴရွဳထားေလသည္။ ထို ့အျပင္ စမ္းသပ္မွဳ၌ ပါရွိေသာ Amino Acid ကို ျဖစ္ေပၚေစေသာ ဓါတ္ေငြ ့မ်ားသည္ ေနေရာင္ၿခည္ေၾကာင့္ ဓါတ္ျပဳၾကလွ်က္ ေလထုအတြင္းမွ လွ်င္ျမန္စြာ ေပ်ာက္ကြယ္သြားႏိုင္ေပသည္။ သက္ရွိျဖစ္ေပၚရန္ လံုေလာက္ေသာ အခ်ိန္ ရရွိႏိုင္မည္ မဟုတ္ေပ။
စမ္းသပ္ခ်က္၏ အၾကီးဆံုးေသာ ျပႆနာမွာ ျဖစ္ေပၚလာေသာ Amino Acid မ်ားသည္ L ႏွင့္ D အမ်ိဳးအစား (၅၀%) စီပါရွိေသာ ဓါတ္ေပါင္းမ်ားျဖစ္သည္။L ႏွင့္ D တို ့သည္ ပမာဆိုရေသာ္ ဖိနပ္၏ ဘယ္ႏွင့္ ညာ ကဲ့သို ့ျဖစ္သည္။ သက္ရွိတို ့၏ အေျခခံၿဖစ္ေသာ Amino Acid မ်ားသည္ L အမ်ိဳးအစားကိုသာ သံုးေလ သည္။ ပထမဆံုး သက္မဲ့မွ ျဖစ္ေပၚလာေသာ သက္ရွိဆဲလ္သည္ L အမ်ိဳးအစားကိုသာ မည္ကဲ့သို ့ေရြးခ်ုယ္ အသံုးျပဳခဲ့သနည္း။ သက္ရွိ ဆဲလ္ လိုအပ္ေသာ အၿခားေသာ Amino Acid အမ်ိဳးအစားမ်ားသည္လည္း ဤစမ္းသပ္ခ်က္၌ ျဖစ္ေပၚလာျခင္း မရွိေပ။
သက္ရွိ မ်ားသည္ သက္မဲ့မ်ားမွ ဤစမ္းသပ္ခ်က္မွ နည္းအတိုင္း ေပၚထြက္လာျခင္း မဟုတ္ႏိုင္ေပ။ မည္သည္ ့သိပၸံစမ္းသပ္ခ်က္မွ သက္ရွိမ်ားသည္ သက္မဲ့မ်ားမွ အလိုအေလွ်ာက္ ျဖစ္ေပၚလာသည္ဟု သက္ေသ မျပႏိုင္ေပ။ အေကာင္းဆံုးေသာ ေျဖရွင္းႏိုင္ခ်က္မွာ သက္ရွိမ်ားသည္ ယခင္ ရွိႏွင့္ၿပီးေသာ သက္ရွိ အရင္းအျမစ္ (Life Source)မွ ျဖစ္ေပၚလာျခင္းသာ ျဖစ္ေပသည္။ ထိုသက္ရွိ အရင္းအျမစ္ (Life Source)မွာ လူသားမ်ား၏ ဖန္ဆင္းရွင္ဘုရားက လြဲ၍ မည္သည့္ အရာ ျဖစ္ႏိုင္ေတာ့မည္နည္း။ ။။
ဆက္ပါဦးမည္။
နာမေတာ္ျမတ္၌-
ဖန္ဆင္းျခင္းသက္ေသမ်ား-၂ ။ ( လွမင္းသူ )
မၾကာေသးမီ အခ်ိန္မ်ားက သခင္ျမတ္ဆိုင္ ေရးသားေသာ ”ေက်ာက္ကြင္း အေရးေတာ္ပံု” အမည္ျဖင့္ ထုတ္ေ၀သည့္ စာအုပ္ငယ္ကို ဖတ္ရွဳ လိုက္ရသည္။ စာေရးသူသည္ သာမာန္အားျဖင့္ ထိုသို ့ေသာ စာေပမ်ားကို ဖတ္ရွဳေလ့ မရွိပါ။ စာေရးသူ ၀ါသနာပါေသာ စာေပမ်ားမွာ သိပၸံႏွင့္ ဆိုင္ေသာ စာေပမ်ားႏွင့္ စံုေထာက္ ၀တၴဳမ်ား ျဖစ္ေပသည္။ သို ့ပါေသာ္လည္း မယံုၾကည္သူ တစ္ေယာက္မွ ထိုစာအုပ္ငယ္ကို ဖတ္ရွဳပါရန္ တိုက္တြန္းလာသျဖင့္ မရမက ရွာေဖြမည္ဟု စိတ္ထဲ ထားေနစဥ္မွာပင္ အလွ်င္းသင့္စြာ ဦးေလးတစ္ေယာက္၏ အကူအညီျဖင့္ ထုိစာအုပ္ငယ္ကို ဖတ္ရွဳခြင့္ ရခဲ့ေလသည္။ စာအုပ္ကို မဖတ္မီကပင္ စာပါ အေၾကာင္းအရာမ်ားကို အနည္းငယ္ခန္ ့သိရွိၿပီးသား ျဖစ္ေလသည္။ မယံုၾကည္သူတို ့ႏွင့္ ယံုၾကည္သူတို ့၀ါဒ ယွဥ္ၿပိဳင္ပြဲၾကီးပင္ ျဖစ္ေလသည္။
ထုိ ့ေၾကာင့္ပင္လွ်င္ မည္ကဲ့သို ့ေသာ အေၾကာင္းအရာမ်ားကို ယွဥ္ၿပိဳင္ ျငင္းခုန္ ေနၾကသည္ကို သိရွိလို ေဇာႏွင့္ ဖတ္ရွဳေလသည္။ သို ့ပါေသာ္လည္း မိမိ ထင္မွတ္ထားသကဲ့သို ့ ၿပိဳင္ပြဲ၌ ပါ၀င္ေသာ ျငင္းခံု ဖြယ္ရာ အေၾကာင္းအရာမ်ားမွာ အနည္းငယ္ခန္ ့သာ ပါရွိခဲ့ၿပီး ၿပိဳင္ပြဲျဖစ္ရန္ အေၾကာင္းဖန္လာပံု၊ ထိုၿပိဳင္ပြဲျဖစ္ရန္ ျပင္ဆင္ၾကပံုႏွင့္ ၿပိဳင္ပြဲ ၿပီးဆံုးသည္အထိ အျဖစ္အပ်က္မ်ားကို ဇာတ္လမ္းသဖြယ္ ေရးသားထားသည္ကို ေတြ ့ရေလသည္။
၁၉၃၆ ခုႏွစ္က ျပည္ခရုိင္ ၀က္ထီးကန္နယ္တြင္ ေက်ာက္ကြင္းရြာ ဟုအမည္တြင္ေသာ ရြာၾကီးတစ္ရြာ ရွိေလသည္။ ထိုရြာတြင္ ခ်င္းလူမ်ိဳး ခရစ္ယာန္ မ်ားလည္း ေနထိုင္သလုိ ဗမာလူမ်ိဳး မယံုၾကည္သူမ်ားလည္း ေနထိုင္ၾကေလသည္။ ရြာသူၾကီးျဖစ္သူ ဦးေလွာင္မွာ မယံုၾကည္သူ တစ္ဦးျဖစ္ၿပီး ဇနီးသည္မွာမူ ယံုၾကည္သူ ျဖစ္ေလသည္။ ဘာသာေရးအၿမင္ မတူၾကရကား မၾကာခန ဆိုသလို သူၾကီးဦးေလွာင္ႏွင့္ မယားျဖစ္သူတို ့မွာ စကား အေခ်အတင္ ျဖစ္ရေလသည္။ ထိုသို႔ ့ျဖစ္တိုင္း အေရမရ အဖတ္မရျဖင့္ နိဂံုးခ်ဳပ္ဖန္ မ်ားေသာအခါ သူၾကီးျဖစ္သူက မယားျဖစ္သူႏွင့္ တိုင္ပင္၍ မိမိမွ အေကာင္းဆံုး ဆရာေတာ္မ်ားကို ေခၚ၍လည္းေကာင္း၊ မယားျဖစ္သူ ဘက္မွလည္း အေကာင္းဆံုး ဓမၼဆရာမ်ားကို ေခၚ၍လည္းေကာင္း အယူ၀ါဒ ႏွစ္ခုကို ၿပိဳင္ပြဲၾကီး ေခၚယူ၍ ယွဥ္ၿပိဳင္ၾကရန္ သေဘာတူညီၾကေလသည္။ မဏၭပ္ၾကီးမ်ား ထိုးယူ၍ အနီးအနား ရြာနီးခ်ဳပ္စပ္မွ ရြာသူရြာသားမ်ား မက်န္ လာေရာက္ၾကည္ရွဳေသာ ၾကီးမားေသာယွဥ္ၿပိဳင္မွဳၾကီး ျဖစ္ေလသည္။
အခ်ဳပ္ဆိုရေသာ္ ထိုၿပိဳင္ပြဲတြင္ ယံုၾကည္သူမ်ားမွာ ရွဳံးႏွိမ့္ခဲ့ရေလသည္။ စာေရးသူသည္ ရွဳံးႏွိမ့္ျခင္း၊ အႏိုင္ရျခင္းမ်ားကို သိပ္စိတ္မ၀င္စားလွပါ။ ခရစ္ေတာ္က ”ငါသည္ သမၼာတရား ျဖစ္သည္“ ဟုဆိုေလသည္။ ဘုရားႏွင့္ တရားကို ခြဲထုတ္၍ မရ စေကာင္းပါ။ ထို ့ေၾကာင့္ ဘုရားမွ တရားကို ခြဲထုတ္၍ ျငင္းခံု ယွဥ္ၿပိဳင္ၾကေသာ ထိုယွဥ္ၿပိဳင္ပြဲမ်ိဳး၏ ရလဒ္ကို စိတ္မ၀င္စားပါ။ စာေရးသူ စိတ္၀င္စားသည္မွာ မည္သည့္အရာမ်ားကို အေျခအတင္ ျငင္းခုန္ၾကပါသနည္း။ အေၾကာင္းအရာ အနည္းငယ္ကို တင္ျပထားေသာ္္လည္း တစ္ခုေသာ အေၾကာင္းအရာသည္ စိတ္၀င္စားဖြယ္ရာ ျဖစ္ေလသည္။
မယံုၾကည္သူ ဆရာေတာ္က ဆိုသည္မွာ က်မ္းစာအရ ကမာၻၾကီးကို ခရစ္ေတာ္ မတိုင္မွီ ၄၀၀၄ ခုႏွစ္ခန္ ့က ဖန္ဆင္းခဲ့ၿပီး၊ ယခု ခရစ္ေတာ္ေပၚထြန္းၿပီး ႏွစ္ေပါင္း ၂၀၀၀ ခန္ ့ရွိ ၿပီၿဖစ္၍ ကမာၻၾကီး၏ သက္တမ္းသည္ ႏွစ္ေပါင္း ၆၀၀၀ ေက်ာ္မွ်သာ ရွိေသးသည္။ သို ့ပါေသာ္လည္း သိပၸံပညာမ်ား အရမွု ကမာၻၾကီးသည္ ႏွစ္ေပါင္း ဘီလီယံ ခ်ီ၍ ေနေလၿပီ။ ထိုအခ်က္ကို မည္ကဲ့သို ့ေျဖရွင္းပါမည္နည္း။ ဟုေမးေလသည္။ ယွဥ္ၿပိဳင္ေသာ ဓမၼဆရာလည္း ထိုေမးခြန္းကို မေျဖၾကားႏိုင္ပါ။ ထိုေခတ္ ထိုအခါက Evolution Scientists မ်ားသာ ရွိခဲ့ၿပီး ထိုသိပၸံရွင္မ်ား ေျပာခ်က္မ်ားသာ အမွန္ဟု ယူဆေနရေလသည္။ သို ့ပါေသာ္လည္း ဘုရားသခင္၏ ေက်းဇူးေတာ္ေၾကာင့္ပင္ ယခုအခါ Creation Scientists မ်ားေပၚထြန္းလာေပၿပီ။ ထိုေမးခြန္းကို ၿပန္လည္ ေခ်ပႏိုင္ေသာ အေထာက္အထားမ်ားစြာကို ၄င္းတို႔ ့ကပင္ ရွာေဖြထုတ္ေဖာ္ျပ၍ ဘုရားသခင္ ဘုန္းေတာ္ကို ပိုမိုထင္ရွားေစခဲ့ၿပီ။
စာေရးသူသည္ က်မ္းစာမွ လာေသာ တြက္ခ်က္မွဳ သက္တမ္းကို အေသးစိတ္ မသိရွိပါ။ သို ့ေသာ္ စာေရးသူသည္ Evolution Scientists မ်ား အခိုင္အမာ ေျပာၾကားေသာ ဘီလီယံႏွင့္ ခ်ီေသာ ကမာၻ ့သက္တမ္းကို ေစာဒက တက္လိုပါသည္။ ေအာက္ပါ အေထာက္အထားမ်ားကို ဆင္ျခင္ၾကပါကုန္။
ကမၻာ့လူဦးေရ

ပံု(၁)။ ကမာၻ ့လူဦးေရ ဂရပ္။
ယေန ့ကမာၻ ့လူဦးေရသည္ ႏွစ္ ၅၀ ျပည့္တိုင္း ႏွစ္ဆခန္ ့တိုးပြားလွ်က္ရွိသည္။ ေရွးယခင္ ႏွစ္မ်ားက လူဦးေရ တိုးပြားႏူန္းသည္ ယခုႏူန္းထက္ ထက္၀က္သာ ရွိသည္ ဆိုလွ်င္ပင္ လူႏွစ္ေယာက္ႏွင့္ စခဲ့ေသာ ကမာၻ ့လူဦးေရသည္ ယခုလက္ရွိ လူဦးေရသို ့ေရာက္ရွိရန္ ႏွစ္ေပါင္း ၄၀၀၀ ခန္ ့သာ ၾကာေပသည္။

ပံု(၂)။ ပင္လယ္ေသ တည္ရွိရာ ေျမပံု။
ပင္လယ္ေသ သည္ အစၥေရး ႏိုင္ငံ၌ တည္ရွိေပသည္။ ဂါလိလဲ ပင္လယ္မွ ေရခ်ိဳဳတို ့သည္ ေယာ္ဒန္ျမစ္မွ တစ္ဆင့္ ထိုပင္လယ္ေသ ထဲသို ့စီး၀င္ေလသည္။ အမ်ား သိၾကသည့္ အတိုင္း ပင္လယ္ေသ၏ ဆား ပါ၀င္မွဳ ႏွုန္းမွာ လြန္စြာမွ ၿမင့္မားေလသည္။ သို ့ဆိုေစကာမွု ပင္လယ္ေသ၏ ဆားပါ၀င္မွဳ အခိ်ဳးအစားမွာ ဆက္လက္ ျမင့္တက္ေနဆဲျဖစ္သည္။ ၀င္လာသမ်ွေသာ ဆားတို ့သည္ ျပန္ထြက္ရန္ တစ္ေပါက္တည္းေသာ နည္းလမ္းမွာ အေငြ ့ပ်ံၿခင္းပင္ ျဖစ္သည္။ သိပၸံ ပညာရွင္မ်ားသည္ ေယာ္ဒန္ျမစ္မွ ႏွစ္စဥ္ ပင္လယ္ေသထဲသို ့စီး၀င္ေသာ ဆားပမာဏကို တြက္ခ်က္ ႏိုင္ေလသည္။ ပင္လယ္ေသ ထဲ၌ ယေန ့ရွိေနေသာ ဆားပမာဏ ကိုလည္း သိရွိေလသည္။ ထို အခ်က္အလက္မ်ားအားျဖင့္ ပင္လယ္သို ့ဆားမ်ား ၀င္ေရာက္ေနမွဳ ၿဖစ္စဥ္မွာ မည္မွ်ၾကာေနသည္ကို တြက္ခ်က္ႏိုင္ေလသည္။ ယခု သိရွိၿပီၿဖစ္ေသာ ဆား ၀င္ေရာက္မွဳႏုန္းကို အေျခခံ၍ ပင္လယ္ေသ၌ ဆား တစ္စက္မွ မရွိသည့္ အေျခအေန၌ စသည္ဆိုလ်ွင္ပင္ ယခုလက္ရွိ ဆားပါ၀င္မွု အေန အထားသို ့ေရာက္ရန္ ႏွစ္ေပါင္း ၁၃၀၀၀ ခန္ ့သာ ၾကာေပသည္။
Mary Schweitzer ၏ သိပၸံေလာကၾကီးအား တုန္လွဳပ္သြားေစသည့္ ရွာေဖြေတြ ့ရွိခ်က္။

ပံု(၃)။ Mary Schweitzer
မၾကာေသးမွီကပင္ T.Rex ဒိုင္ႏုိေဆာ အမ်ိဳးအစား၏ အရုိး အၾကြင္းစမ်ားကို အေမရိကန္ျပည္ေထာင္စုတြင္ တူးေဖာ္ရရွိခဲ့ေလသည္။ ထိုအရုိး ၾကြင္းစုမ်ားကို Montana State University ဓါတ္ခြဲခန္းမ်ားထဲသို ့ပို ့ေဆာင္ခဲ့ၿပီး သုေတသန ျပဳလုပ္ခဲ့သည္။ ထိုဓါတ္ခြဲခန္းရွိ သုေတသနျပဳသူ Mary Schweitzer သည္ ႏွစ္သန္းေပါင္း ၆၅ သန္း ၾကာျမင့္သည္ဟု ယူဆရေသာ ထိုအရုိးစုမ်ား အနက္ တစ္ခုေသာ အရုိးစုမွ DNA ပါရွိေသာ ေသြးဆဲလ္(Blood Cells)မ်ားႏွင့္ ေသြးေၾကာမွ်င္ အပိုင္းအစမ်ားကို အေကာင္း ပကတိ ျဖစ္လွ်က္ရွိေနသည္ကို အံ့ၾသဖြယ္ရာ ေတြ ့ရွိရေလသည္။ ႏွစ္ေပါင္း တစ္ေသာင္းထက္ ပို၍ မခံဟုဆိုေသာ DNA မ်ားသည္ ႏွစ္ေပါင္း ၆၅ သန္း ရွိၿပီဟု ဆိုေသာ ဒိုင္ႏိုေဆာၾကီး၌ အဘယ္ေၾကာင့္ အေကာင္း ပကတိ ရွိေနပါေသးသနည္း။ Mary Schweitzer ကိုယ္တိုင္ ေအာက္ပါအတိုင္း အံ့ၾသစြာ ဆိုေလသည္။
"I got goose bumps,"..."It was exactly like looking at a slice of modern bone. But ... I couldn't believe it. I said to the lab technician: 'The bones, after all, are 65 million years old. How could blood cells survive that long?'

မူ ရင္း မု ရန္

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...